YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

2 Moons The Ambassador (2022) (Ep4)_720p.mp4

286.08 MB N/A video/mp4 58 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Secret Life of Walter Mitty
7.2

အမှန်အတိုင်းပြောရရင် ဒီဇာတ်ကားကို အစပိုင်း မိနစ်(၂၀)လောက်အထိ သူ ဘာကိုပြချင်မှန်း နားမလည်ခဲ့ဘူး။ ဒီအတိုင်း ပေါကြောင်ကြောင် ဇာတ်ကားကြီးပါလားလို့ ထင်ခဲ့မိတယ်။ ဒီဇာတ်ကားဟာ 1939 ခုနှစ်က အရမ်းကို နာမည်ကြီးခဲ့တဲ့ ဟာသ/ကာတွန်း/စာရေးဆရာကြီး James Thurber ရဲ့ ဝတ္ထုတို The Secret Life of Walter Mitty ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး 1947 ခုနှစ်မှာ တစ်ကြိမ် The Secret Life of Walter Mitty နာမည်နဲ့ပဲ ရုပ်ရှင်ရိုက်ကူးထားပါသေးတယ်။ အစောပိုင်းမှာ ကြည့်ရတာတစ်မျိုးကြီးဖြစ်နေပေမယ့် အဆုံးထိ ဆက်ကြည့်ဖြစ်ခဲ့ပြီး.. ကြည့်ရကျိုးနပ်ရုံမက မကြည့်ရသေးတဲ့ သူတွေကိုပါ ကြည့်ဖို့ညွှန်းချင်လောက်အောင်ပဲ ကြိုက်သွားခဲ့ပါတယ်။ လူတော်တော်များများပါပဲ.. (ကျွန်တော်အပါအဝင်) သမားရိုးကျ နေ့စဉ်ဘဝကို ကျင်လည်နေကြပါတယ်။ ပညာသင်မယ် .. ပိုက်ဆံရှာမယ်.. ဘဝကို ပုံမှန်ပဲ ကြိုးစားရုန်းကန်တည်ဆောက်မယ်ပေါ့။ ငယ်စဉ်က စိတ်ကူးယဉ်အိမ်မက်တွေ.. စွန့်စားချင်စိတ်တွေက ..အသက်အရွယ်ရလာတာနဲ့အမျှ.. စိတ်ကူးထဲမှာပဲ တဖြေးဖြေးတိမ်မြုပ်သွားကြတယ်။ တစ်ခါတစ်လေမှာတော့ ရုပ်ရှင်တွေထဲမှာ ဆက်လက်စိတ်ကူးယဉ်ကြတယ်။ တစ်ခါတစ်လေမှာတော့ ရုပ်ရှင်ထဲကအတိုင်း အပြင်မှာ ဆက်ပြီးစိတ်ကူးယဉ်ကြတယ်။ ဒီလိုနဲ့ အသက်တွေတဖြည်းဖြည်းကြီး သက္ကရာဇ်တွေက တိုက်စားရင်း လူတွေ လုံးပါး ပါးလာကြာတာပဲ မဟုတ်ပါလား.. Walter Mitty ဆိုတဲ့ လူကလည်း ထိုနည်းလည်းကောင်းပါပဲ… အသက်ကြီးနေတဲ့ အမေအိုတစ်ဦးရယ် ညီမတစ်ယောက်ရယ်နဲ့ ပုံမှန်အလုပ်သွားအလုပ်ပြန်ရင်း ..အချိန်တွေကုန်လာလိုက်တာ အသက်(၄၁)နှစ်ကိုရောက်လာရော… သူက Life မဂ္ဂဇင်းရဲ့ ဓာတ်ပုံဌာနက နဂ္ဂတစ်ဖလင်တွေစုဆောင်းထားတဲ့ ဌာနရဲ့ မန်နေဂျာတစ်ဦး.. သူ့ဌာနမှတဆင့် နဂ္ဂတစ်ဖလင်တွေကနေ ဓာတ်ပုံအဆင့်ကိုဖြတ်သန်းပြီးမှ မဂ္ဂဇင်းအတွက်အသုံးပြုရတာပါ။ သူစိတ်ဝင်စားနေတဲ့ အမျိုးသမီးကလည်း သူတို့ Life မဂ္ဂဇင်းမှာ လွန်ခဲ့တဲ့ (၁)လ လောက်ကမှ ရောက်လာတဲ့ ဝန်ထမ်းတစ်ဦး ၊ အသက်(၄၀)ကျော်လာတဲ့အထိ ဖခင်ကွယ်လွန်ပြီး (သူဆယ်ကျော်သက်အရွယ်ကတည်းက) မိသားစုအတွက် အစ်ကိုကြီးအဖရာ အနေနဲ့ ဘဝတစ်လျှောက်လုံးကြိုးစားရုန်းကန်လာခဲ့ပြီး ငွေကြေးကိုစနစ်တကျသုံးစွဲက မချမ်းသာပေမယ့် ပုံမှန်လည်ပတ်နေတဲ့ လခစားဝန်ထမ်းတစ်ယောက်အနေနဲ့ ရိုးသားအေးဆေးစွာနေလာခဲ့တဲ့သူ… မွေးနေ့မှာ ကံကောင်းခြင်းတွေထက် ကံဆိုးဖို့တွေသာဖြစ်လာခဲ့တာကတော့… သူတို့ မဂ္ဂဇင်းက ဒီလအတွက် နောက်ဆုံးထုတ်ဝေခြင်းပါတဲ့ ... ဝန်ထမ်းတွေလည်း ရုတ်တရက် ဆွံ့အသွားခဲ့ကြပါတယ်။ ဒါပေမယ့် သူဘာများတတ်နိုင်ဦးမှာလဲ… နောက်ထပ် တကယ့် လတ်တလောပြသနာကတော့ …သူ့ဌာနကို ရောက်လာတဲ့ တစ်ကိုယ်တော် စွန့်စားသွားလာ ဓာတ်ပုံရိုက်ကူးနေတဲ့ Sean O’ Connell က ပို့လိုက်တဲ့ နဂ္ဂတစ်ဖလင် (၂၅)ကွက်နဲ့ သူ့အတွက် မွေးနေ့လက်ဆောင် ပိုက်ဆံအိတ်ကလေးပါ။ ဖလင် (၂၅)ကွက်မှာ (၂၅)ကွက်မြောက် ဖလင်က ပါမလာပါဘူး။ ဒါပေမယ့် အထက်လူကြီးဆီကို ရောက်နေတဲ့ သတင်းကတော့ ဒီတစ်ပတ်နောက်ဆုံးထုတ်မဂ္ဂဇင်းရဲ့ အဖုံးကို ဖလင်နံပါတ်(၂၅) ကို အသုံးပြုဖို့ Sean O’ Connell က မှာလိုက်ပါသတဲ့…. အဲဒီတော့ Sean O’ Connell ကိုအရေးတကြီး ဆက်သွယ်မေးမြန်းဖို့ လိုအပ်လာပါပြီ.. ဒါပေမယ့် အဲ့ဒီတစ်ကိုယ်တော်ဓာတ်ပုံဆရာ လူစွန့်စားကြီးက Mobile Phone / Email / internet social media account ဘာတစ်ခုမှ မသုံးပါဘူး။ (၂၅)ကွက်မြောက် ဖလင်ကို ရရှိဖို့ကလည်း Walter Mitty အတွက် သေရေးရှင်ရေးတမျှအရေးကြီးပါတယ်။ ဒီတော့ ဘယ်လို ဆက်လုပ်ကြမလဲဗျ ??? Zoolander (2001) မင်းသားကြီး Ben Stiller ကိုယ်တိုင် ရိုက်ကူးသရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပြီး IMDb 7.3/10 ရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက… ကျွန်တော်တို့ ဘဝ နေ့တဓူဝ ရုန်းကန်နေထိုင်ခြင်းရဲ့ အဓိပ္ပာယ်တွေ.. ရုပ်ဝတ္ထုတွေရဲ့ အရေးပါပုံတွေ… အလှတရားတွေ .. သဘာဝအလှ/ရုပ်အလှ ပြီးတော့ စိတ်ဓာတ်ခွန်အားရဲ့ ကြီးကျယ်ခန်းနားတဲ့ အလှ တွေကို ပြန်လည်သုံးသပ်မိစေအောင် လှုံ့ဆော်ပေးပါလိမ့်မယ်။ အညွှန်းရေးသားထားသူကတော့ (Nucleon_Content #Admin_N) မှဖြစ်ပါတယ် ။ File size__(1.9GB) and (950MB) Quality__1080p, 720p IMDb Rating__7.3/10 Format__mp4 Duration__01:54:35 Type__Comedy, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Drama
7.2 2013 114 mins
The Secret Life of Walter Mitty
Brothers

မွေးကင်းစတည်းက ပင်လယ်ကမ်းစပ်က ကောက်ရခဲ့ပြီး ​မွေးစားအဖွားနဲ့ တူတူ​နေထိုင်ရင်း က​လေးဘဝတည်းက တခြားက​လေး​တွေရဲ့ အနိုင်ကျင့်ခြင်းကိုသည်းခံရင်း လူလား​မြောက်လာတဲ့ကွာ​ဟောင်တစ်​ယောက် အဖွားဖြစ်သူ ဆုံးပါးသွားတဲ့​နောက် တစ်​ကောင်ကြွက်ဘဝနဲ့ နိုင်ငံခြားထွက်ကာ အလုပ်လုပ်ဖို့ ကြံပါ​တော့တယ် သူရဲ့အလုပ်က ၃နှစ်တိတိအလုပ်လုပ်ရုံနဲ့ ယွမ်၁သန်းရမယ်လို့ မက်လုံး​ပေးထားတဲ့ ကုန်တင်သင်္ဘောလုပ်ငန်းတစ်ခု ဖြစ်ပါတယ် တကယ်​တော့ ကုန်တင်သင်္ဘောနဲ့ မက်လုံး​တွေရဲ့ ​နောက်ကွယ်မှာ ကုမ္ပဏီကြီးတစ်ခုကိုအမည်ခံပြီး လုပ်အား​ခေါင်းပုံဖြတ်မှု​ လုပ်နေတာပါ ​နောက်ကွယ်ကလူက ဥက္ကဌမိသားစုရဲ့ အနီးကပ်လူယုံတစ်ဦးပါ တစ်​နေ့ သင်္ဘောလုပ်ငန်းကို ဥက္ကဌကိုယ်တိုင်စစ်​ဆေးရင်း လူယုံရဲ့ လျှို့ဝှက်ချက်ကို သိသွားတဲ့​နောက် ဥက္ကဌကြီးကို ရှင်းပြီး သူ့​​နေရာမှာ လူစားထိုးဖို့ ရုပ်ချင်းဆင်တဲ့တစ်​ယောက်ကို ရှာရပါ​တော့တယ်။ အဲဒီရုပ်ချင်းဆင်တဲ့သူက ကွာ​ဟောင်ဖြစ်​နေပြီး ဥက္ကဌ​နေရာကို ဘုမသိဘမသိ လူစားဝင်ကာ အ​​ယောင်​ဆောင်ရပါ​တော့တယ် တကယ့်ဥက္ကဌအစစ်က အသက်မ​သေဘဲ ကွာ​ဟောင်တို့ရဲ့ဇာတိမြို့ကို​ ရောက်သွားပြီး အဖြစ်မှန်ကို ​တစ်ဆင့်ချင်း​ဖော်ထုတ်ဖို့ ကြိုးစားရာ ကွာ​ဟောင်၊ဥက္ကဌနဲ့ လူယုံတို့ အားပြိုင်မှု​တွေဖြစ်လာတဲ့အခါ... ( အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.6GB) / (800MB) Quality__WebDL_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:31:00 Type__Action, Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Comedy
null 2022 91 mins
Brothers
Chor Nikal Ke Bhaga
7.2

Chor Nikal Ke Bhanga(2023) ***************************************** IMDb-8/10 Glow & Lovely (Fair & Lovely)ရဲ့ ကြော်ငြာမင်းသမီးချောလေးယန်မီဂေါ်သမ်က လေယာဉ်မယ်အဖြစ် ၊ မင်းသားချောနှစ်ယောက်ဖြစ်တဲ့ ဆန်နီကောရှလ်နဲ့ ရှရားဒ်ကဲလ်ကရ် တို့အဓိကပါ၀င်ထားတဲ့ လေယာဉ်ပြန်ပေးဆွဲကားပါ ။ ဇာတ်လမ်းအကျဉ်း သက်သတ်လွတ်သမားအန်ကစ်နဲ့ လေယာဉ်မယ်နေဟာတို့ သက်သတ်လွတ်ဟင်းပွဲကိစ္စကအစပြုပြီး တွေ့ဆုံရင်းချစ်မိသွားကြရာက နေဟာကိုယ်၀န်ရသွားတဲ့အထိနီးစပ်သွားကြပါတယ်။ နှစ်ယောက်လုံးကအရမ်းချစ်ကြသူတွေမို့ လက်ထပ်ဖို့ဆုံးဖြတ်ပြီးသာယာကြည်နူးနေချိန်မှာ အန်ကစ်လုပ်ငန်းတစ်ခုကအမှားအယွင်းကြောင့် အန်ကစ်ဟာ သူ့ကုမ္မဏီကစိန်ကို သူကိုယ်တိုင်ပြန်ခိုးရမယ့်အဖြစ်ရောက်သွားပါတယ်။ ကြင်ယာလောင်းအတွက် နေဟာပါအဆစ်ပါပြီး နှစ်ယောက်ပေါင်း အကြံအစည်အကောင်အထည်ဖော်ခါနီးမှာပဲ အဲဒီလေယာဉ်ကြီးကိုပြန်ပေးဆွဲခံရပြီး နှစ်ယောက်လုံးဓားစာခံဖြစ်သွားပါတော့တယ်။ သူတို့က ဘာကြောင့်လေယာဉ်ကိုပြန်ပေးဆွဲရတာလဲ... အန်ကစ်ကရော ဒီကိစ္စတွေကြားမှာမှ သူ့အစီအစဉ်ကိုအကောင်အထည်ဖော်နိုင်ပါ့မလား... နောက်ထပ်အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရှရားဒ်ကဲလ်ကရ် ကရော ဘယ်နားကနေဘယ်လိုပေါ်လာမလဲ ရင်တထိတ်ထိတ်ခံစားကြည့်ပါဦးလို့ .... ဘာသာပြန်တွေကတော့ Bpl,Yunniနဲ့ Thaik Sanတို့ ဖြစ်ပါတယ် File size…1.2GB / 540MB Quality…1080p WEB DL /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~ Thaik San

Comedy
7.2 2023 110 mins
Chor Nikal Ke Bhaga
Godspeed
4.6

ယခုတစ်ခေါက် CM ရဲ့ပရိသတ်တွေအတွက် မင်းသားချောလေး Fan Cheng Cheng နဲ့ မင်းသမီးချောလေး Zhang Jingyi တို့ရဲ့ ပေါ့ပေါ့ပါးပါးဟာသကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ကုန်ကားအဖွဲ့ခေါင်းဆောင် ကျိုးတုန်းဟိုင်နဲ့ သူ့ဇနီး ဟော့မေမေတို့ဟာ ကိစ္စတချို့ကြောင့် သမီးဖြစ်သူ ကျိုးဝေးယွီနဲ့ သမီးရဲ့ရည်းစား ဝမ့်ရိဖန်နဲ့အတူ ကားမောင်းခရီးနှင်ခဲ့ပါတယ်။ လူမသိလမ်းမသိတဲ့ ခရီးကို စတင်ပြီး ကျိုးတုန်းဟိုင်ဟာ အခွင့်အရေးရတုန်း သားမက်လောင်းကို ဘက်ပေါင်းစုံကနေ စစ်ဆေးကြည့်ရှုဖို့ ဆုံးဖြတ်ထားပါတယ်။ ဝမ့်ရိဖန်ကလည်း အမှားပေါင်းစုံကို လုပ်နေခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ ကျိုးတုန်းဟိုင်ရဲ့ ရန်သူကြီး ဌာနမှူးကျာရဲ့ အပန်းဖြေကားပြဿနာကြီးဖြစ်ခဲ့ပြီး ဝေးယွီရဲ့ ငယ်သူငယ်ချင်းကွမ်းကျီရဲ့ တောကြက်စံအိမ်မှာ အရက်မူးပြီး ပြဿနာကြီးဖြစ်ခဲ့ပါတယ်။ လမ်းပေါ်က ဆီသူခိုးအဖွဲ့ကို ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပါသေးတယ်။ ဒီလိုရှုပ်ထွေးနေတဲ့ ခရီးလမ်းမှာ ကျိုးတုန်းဟိုင်တစ်ယောက် ဝမ့်ရိဖန်ကို သဘောကျနိုင်ပါ့မလားဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရှုခံစားကြရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Drama Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK

Drama
4.6 2023 100 mins
Godspeed
Critical Eleven
7.2

Critical Eleven (2017) ၂၀၁၇ ခုနှစ်တုနးက ထွက်ရှိထားတဲ့ အင်ဒို အချစ်အိမ်ထောင်ရေး ဇာတ်ကားကောင်ုးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းကတော့ လေယာဉ်ပေါ်မှာ ဆုံတဲ့ ဖူးစာ လို့ ပြောရမှာပါပဲ။ အယ်လီဆိုတဲ့အမျိုးသားနဲ့နှင့် အာဉာဏ်လို့ခေါ်တဲ့အမျိုးသမီးတစ်ဦးဟာ Jakarta ကနေ Sydney ကို သွားတဲ့လေယာဉ်ပေါ်မှာပထမဆုံးတွေ့ဆုံကြပါတယ်။ မြင်မြင်ချင်းအချစ်လို့ခေါ်ရမလိုပဲ သူတို့တစ်ယောက်ကိုတစ်ယောက်‌ လေယာဉ်‌ပေါ်မှာတင်ချစ်သွားကြပါတယ်။ အဲဒီနောက်မှာ‌ေတာ့ အိမ်ထောင်ကျပြီး ကိုယ်ဝန်ရှိလာပါတယ်။ ဘ၀ဆိုတာ အမြဲတမ်း‌ေဖြာင့်ဖြူး‌ေနတာမဟုတ်ပါဘူး အချိုးအကွေ့အလှည့က်အ‌ေပြာင်းဆိုတာရှိပါတယ်။ တစ်‌နေ့မှာတော့ သူတို့နှစ်ယောက်ရဲဆက်ဆံရေးကို သွေးတိုးစမ်းတဲ့ ဖြစ်ရပ်ဆိုးတစ်ခု ပေါ်ပေါက်လာပါတာ့တယ်။ အဲဒီ ဖြစ်ရပ်ဆိုးရဲ့ နောက်ကွယ်မှာ ဘာတွေ ဆကဖြစ်မယ် ဆိုတာတော့ …. အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyal Sin Yati Ko ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 1.75Gb | 982MB | 547MB Format… mp4 Duration…. 2h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kyal Sin Yati Ko Encoder ….. August

Drama • History • Thriller
7.2 2017
Critical Eleven
She’s The One
6.3

She is the one (2013) IMdb Rating (6.3) ဖိလစ်ပိုင် romance ကားကောင်းလေးတွေကို မျှော်ကြတဲ့သူတွေအတွက် တစ်ဖက်သတ်အချစ် နဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသား မင်းသမီးတွေကလည်း မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့ဖြစ်ပြီး မင်းသမီးကတော့ Bea Alonzo ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…. “ကတ်”လို့ခေါ်တဲ့ကောင်မလေးက သူငယ်စဉ်တည်းကပေါင်းခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း “ဝါကီ”ကို သဘောကျနေခဲ့တာ ကြာပါပြီ။ သူတို့ကြားမှာ စိတ် စနိုးစနောင့်ဖြစ်စရာ အဖြစ်အပျက်တစ်ခု ဖြစ်ပြီးတဲ့နောက်မှာ “ကတ်”က ဝါကီကို move onလုပ်ခဲ့ပြီးပါပြီ။ “ဝါကီ”က အစီအစဉ်တင်ဆက်သူ ဖြစ်ပြီးတော့ ကောင်မလေးတွေကို ထည်လဲတွဲတဲ့ playboyအကြီးစားပါ။ အသက်၃၀လောက်ထိ အတည်တကျရည်းစားမရှိဘဲ ရည်းစားအရေအတွက်က အသက်ထက်များပါတယ်။ဒါပေမဲ့ “ကတ်”အပေါ်တော့ မှီခိုတတ်ပြီး သူ့ရဲ့ ကိစ္စအတော်များများကို ကတ်က နောက်ကလိုက်ရှင်းပေးရလေ့ရှိပါတယ်။ တစ်နေ့မှာတော့ “ကတ်”က မိုးရွာထဲမှာ ကားပျက်သွားလို့ပြင်နေတုန်း “ဒေးဗစ်”ဆိုတဲ့ကောင်လေးက ကူညီဖို့ရောက်လာခဲ့ပါတယ်။ ကတ်က အကူအညီကိုငြင်းလိုက်ပေမဲ့ မိုးရေထဲမှာ ကိုယ်တိုင်ကားပြင်နေတဲ့ မမ”ကတ်”ကို သဘောကျသွားခဲ့ပါတယ်။ ဒါကြောင့် လိုင်းပေါ်မှာ “ကတ်”ကိုရိုက်ထားတဲ့ videoကိုတင်လိုက်တာ ပေါက်သွားပြီး ကြည့်ရှုသူ သန်းချီသွားပါတယ်။ ဝါကီတို့အစီအစဉ်ကလည်း “ဒေးဗစ်”ကို ခေါ်ရိုက်ပြီး ကတ်နဲ့ပေးတွေ့နိုင်ဖို့အတွက် “ဝါကီ”ကိုစီစဉ်ခိုင်းပါတော့တယ်။ ဒီလိုနဲ့ ဒေးဗစ်က ကတ်ကိုချစ်မိသွားပြီး ကြိုးစားလိုက်နေတဲ့အချိန်မှာ ဝါကီကိုယ်တိုင်က သူ့ရဲ့ ခံစားချက်အစစ်တွေထွက်လာတဲ့အခါ….။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Ingyin San မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/58 မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(2.6 GB)/(1.1 GB) Quality…WEB-DL 1080p / 720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Ingyin San

Drama • History • Thriller • War
6.3 2013 110 mins
She’s The One
Il Boemo
6.5

Il Boemo (2022) ဂီတပညာရှင်ကြီးမိုးဇက်ဆိုရင်တော့ မကြားဖူးတဲ့သူ မရှိသလောက် ရှားမှာပါ။ ဒါပေမဲ့ Il Boemo လို့ အီတလီမှာ လူသိများတဲ့ ဂျိုးဇက်ဖ် မိစလက်ဗစ်ချက်ကိုတော့ ကြားဖူးတဲ့သူ သိပ်ရှိလောက်မယ်မထင်ဘူး။ တကယ်ဆို သူက ၁၈ ရာစုနှောင်းပိုင်းရဲ့ ဂန္ထဝင်ဂီတအင်အားစုကြီးတစ်ခုမှာ အားဖြည့်ခဲ့တဲ့ တေးရေးဆရာတစ်ယောက်ပါ။ မိုးဇက်ကိုယ်တိုင်တောင် ငယ်ငယ်လေးကတည်းက ခင်မင်လေးစားအားကျရတဲ့ ချက်လူမျိုး ဂီတပညာရှင်တစ်ယောက်ဖြစ်ခဲ့တာပါ။ ဒီရုပ်ရှင်ဟာ သူ့အကြောင်းပဲဖြစ်ပါတယ်။ မွေးရပ်မြေ ချက်နိုင်ငံ ပရဂ်မြို့ကိုခွာပြီး အီတလီအော်ပရာစင်မြင့်တွေမှာ သူ့လက်ရာတွေ ထွန်းတောက်ခဲ့တဲ့ ပုဂ္ဂိုလ်ထူးတစ်ဦးပါပဲ။ အသက်ရှင်စဉ်ကာလမှာ လျှမ်းလျှမ်းတောက်ခဲ့သလို သေဆုံးသွားပြီးနောက်ပိုင်းလည်း ဂန္ထဝင်ဂီတလေ့လာသူတွေကြားမှာ မှေးမှိန်မသွားပါဘူး။ ဒါပေမဲ့ သူ့မိသားစု သူ့အိုးအိမ်အကြောင်း၊ သူ့မေတ္တာရေးရာအကြောင်း၊ ကိုယ်ပိုင်ဘဝအကြောင်းတွေကိုတော့ မှတ်တမ်းမှတ်ရာ မတွေ့ရှိရပါဘူး။ ဒီရုပ်ရှင်ဟာ ခေတ်ကိုအခြေခံပြီး စိတ်ကူးနဲ့ ပြန်လည်ရေးဖွဲ့ပုံဖော်ထားတာဖြစ်လို့ ဒီထဲက သူ့အချစ်ရေးအချစ်ရာတွေ ပတ်သက်နေတဲ့ မိန်းမတွေဟာ အမှန်ဖြစ်မယ်လို့ ယူဆလို့မရပါဘူး။ ဒါပေမဲ့ မိုးဇက်ရဲ့ လက်ရာတွေမှာ သူလွှမ်းမိုးမှုရှိပြီး ငယ်စဉ်ကတည်းက အကြံပေးခဲ့ဖူးသူဆိုတာကတော့ အမှန်တရားပါပဲ။ ဘာလို့ဆို သူနဲ့ပတ်သက်ပြီး မိုးဇက်တို့ မိသားစုက မကြာခဏထုတ်ပြောဖူးခဲ့ကြတာကြောင့်ပါ။ နောက်တစ်ခုက ဒီကားထဲမှာ သူ့နာမည် ဂျိုးဆက်ဖ်ကို အီတလီအသံထွက်နဲ့မို့ထင်ပါတယ်… ဂီဆက်ဖ်လို့ပဲ ခေါ်ကြပါတယ်။ ဒီကားကို လက်ရှိမှာ ချက်နိုင်ငံက အကယ်ဒမီအတွက် အမည်စာရင်းသွင်းထားပါတယ်။ ၁၈ရာစုခေတ်ရဲ့ ဥရောပကို ပီပီပြင်ပြင် ရှုစားရမှာဖြစ်ပြီး ဂန္ထဝင်ဂီတတွေကိုပါ တစ်ပါတည်း အခမဲ့ နားဆင်ရဦးမှာဆိုတော့ မလိုင်အပြည့်နဲ့ နို့တစ်ခွက်လိုပဲနေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1GB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 2H 10Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.5 2022 141 mins
Il Boemo
Tinnitus
6.1

Tinnitus (2022) နားအူဖူးကြပါသလား။ နားထဲစူးနေတဲ့အသံတွေကြောင့် အိပ်မရဖြစ်ဖူးပါသလား။ ကျွန်တော်တို့အားလုံး တစ်သက်မှာတစ်ခါလောက်တော့ကြုံဖူးမယ်ထင်ပါတယ်။ Tinnitus ဆိုတာဟာ နားထဲအဆက်မပြတ်အသံစူးစူးကြားရတဲ့ရောဂါလို့အဓိပ္ပာယ်ရပါတယ်။ သူ့ကိုတော့ စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်သလား၊ ရုပ်ပိုင်းဆိုင်ရာကြောင့်လား လေ့လာနေဆဲပါ။ ခံစားရသူတွေတချို့က သူတို့အနေနဲ့ စိတ်ဖိစီးမှုများတယ် လို့ပြောကြသလို တချို့ကလည်း နားရောဂါတစ်ခုခုရဲ့ လက္ခဏာလို့ဆိုကြပါတယ်။ ဒီဇာတ်ကားကတော့ နားအဆက်မပြတ်အူတဲ့ရောဂါခံစားနေရတဲ့ ‌ဒိုင်ဗင်မယ် မာရီနာနဲ့စထားပါတယ်။ သူ့လိုတခြားသူတွေလည်းရှိနေပြီး သူတို့တွေခံစားနေရတာကိုပါရိုက်ကူးထားပါတယ်။ ကျွန်တော်တို့တွေ တစ်ရက်လောက်နားတွေအူပြီးအိပ်မရရင်တောင် တော်တော်ခံရခက်ပါတယ်။ တစ်ရက်မက နှစ်ရက်မက ခံစားရတဲ့အခါ ခေါင်းတွေပေါက်ထွက်တော့မယ့်အထိ ခံစားရမှာ‌အသေအချာပါပဲ။ ဒီလိုနဲ့ မာရီနာဟာ သည်းမခံနိုင်တဲ့အ‌ဆုံး ဒိုင်ဗင်အားကစားကိုစွန့်လွှတ်ပြီး နားအူ‌ခြင်းကိုပဲဆက်ကုပါတော့တယ်။ ဒါပေမဲ့ ဝါသနာဆိုတာ စွန့်လွှတ်ရခက်တဲ့အတိုင်း သူဒိုင်ဗင်အားကစားကိုပြန်လုပ်နိုင်ဖို့ ကြိုးစားပါတော့တယ်။ သူချစ်တဲ့အားကစားကိုဆက်လုပ်နိုင်မလား။ နားအူတာကကော ဘယ်လောက်တောင်ဆိုးသလဲဆိုတာကို ရိုက်ကူးထားတာ‌ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဘရာဇီးလ်ကားဖြစ်ပြီး ဘရာဇီးလ်ဟာ လက်တင်အမေရိကမှာ အကြီးဆုံးနိုင်ငံတစ်ခုဖြစ်တဲ့အတိုင်း သူတို့ရဲ့ရုပ်ရှင်အဆင့်အတန်းကလည်း နိုင်ငံတကာကို တန်းညှိနိုင်တဲ့အထိရှိပါတယ်။ ရုပ်ရှင်ရိုက်ကွက်တွေက လှတယ်လို့ပြောနိုင်တဲ့အပြင် အသံပိုင်းကိုလည်း သေချာဂရုစိုက်ထားတာတွေ့ရပါတယ်။ Body Horror/Thriller အမျိုးအစားလို့ပြောပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ကြောက်စရာအခန်းတွေသိပ်မပါဘဲ ငြိမ့်ငြိမ့်လေးပဲ ဆွဲသွားတဲ့ကားလို့မြင်ပါတယ်။ နားအူ‌သံတွေကိုပါ သရုပ်ဆောင်တွေနဲ့အတူလိုက်ခံစားချင်ရင်တော့ နားကြပ်လေးတပ်ရင်း အနှောက်အယှက်ကင်းကင်း ကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 790MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 45Min Genre – Drama, Horror, Sport Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.1 2022 105 mins
Tinnitus
Ghost Friend Forever

Ghost Friend Forever (သူငယ်ချင်းသရဲမလေး) အိမ်အသစ်ကိုပြောင်းလာတဲ့ ဒေးဆိုတဲ့ကောင်မလေးဟာ အိမ်ကိုပြောင်းပြီးတဲ့နောက်မှာ အရိပ်လိုလိုတွေ မြင်နေရပေမဲ့ စိတ်ထဲထင်တာပါလေဆိုတဲ့စိတ်နဲ့ပဲ ဆက်နေနေရာကနေ တစ်ရက်တော့ အိပ်မက်လိုလို အပြင်မှာလိုလိုနဲ့ ကောင်မလေးတစ်ယောက်ကို မြင်ရပါတော့တယ်။ အဲဒီကောင်မလေးကို လိုက်ရှာကြည့်ပေမယ့် ဘယ်မှာမှ ရှာမတွေ့ခဲ့ပါဘူး။ ဒီလိုနဲ့ တစ်ရက်မှာ အိပ်နေရင်း ရုတ်တရက်လန့်နိုးလာရာကနေ ရှေ့မှာ သူအရင်က အိပ်မက်ထဲမှာမြင်လိုက်ရတဲ့ ကောင်မလေးကို တွေ့လိုက်ရပါတော့တယ်။ ဘယ်သူလဲ ဘယ်ကလဲမေးရင် သူမြင်နေရတဲ့ကောင်မလေးဟာ သရဲမလေးဖြစ်နေတာကို သိလိုက်ရတဲ့အချိန်မှာတော့ ……. အိမ်တစ်အိမ်ထဲမှာ လူကောင်မချောချောလေးနဲ့ သရဲမချောချောလေးတို့နှစ်ယောက်တည်း ဘယ်လိုတွေ နှပါးသွားကြမလဲ ဆိုတာကို ကြည့်ရှုရမယ့် GL ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Mary, Su Myat, Dao Phyo တို့ပဲ ဖြစ်ပါတယ်။ Genre….. GL, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 923MB | 450MB Format… mp4 Duration…. 1h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Char Ou, Mary, Su Myat, Dao Phyo Encoder ….. Aaron

Comedy
0 2024
Ghost Friend Forever
The Yellow Duck El Batta El Safra
5

The Yellow Duck (2023) IMDb Rating (5.0) ဒါရိုက်တာ Essam Nassar စီစဥ်ရိုက်ကူးပြီးတော့ IMDb rating 5 ရရှိထားတဲ့ ဒီဇာတ်ကားကတော့ Romantic Comedy ရုပ်ရှင်အမျိုးအစားပါ။ ငွေကြေးလိုအပ်မှုကြောင့် အတူမနေရတဲ့ စုံတွဲဟာ သူတို့ကြားထဲမှာ တဖြည်းဖြည်းနဲ့ အနေအေးလာကြပါတယ်။ သဘောထားတွေ မတိုက်ဆိုင်ကြတော့ဘဲ တနေ့တော့ အမျိုးသမီးဘက်က ခဏ ခွဲနေဖို့ပြောလာရတဲ့အထိပါပဲ။ အဲဒီကနေမှ တဖြည်းဖြည်းနဲ့ အမျိုးသမီးဘက်က သူ့ကို အကိုကြီးလိုပဲ သဘောထားလာတဲ့အခါမှာတော့ တစ်ဖက်မှာ ဝါဖစ်ခ်က စွန့်စားရမှာတွေ ရှိလာပါတယ်။ ဒီစွန့်စားစရာတွေကပဲ သူ့ကို ပြန်ပြီးတော့ ရှင်သန်လာစေပါတော့တယ်။ သူ့ကို စိတ်လှုပ်ရှားတတ်တဲ့သူ ပြန်ဖြစ်လာစေပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(2.3 GB) / (830 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:36:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thy Santa

Family • Drama
5 2023
The Yellow Duck El Batta El Safra
Coffee With A Killer

Coffee with A Killer (2025) “လူသတ်သမားနဲ့ အတူသောက်မိတဲ့ ကော်ဖီတစ်ခွက်” ကော်ဖီဆိုင်ဆိုတာ လူမျိုးစုံက အကြောင်းပေါင်းစုံနဲ့ လာတတ်တဲ့နေရာမျိုးပါ။ ကော်ဖီဆိုင်တစ်ဆိုင်မှာထိုင်ရင်း လူတွေအကြောင်းလေ့လာကြည့်မယ်ဆိုရင် ဇာတ်လမ်းပေါင်းစုံကို တစ်နေရာတည်းမှာ တွေ့ရတတ်ပါတယ်။ ဒီလိုပါပဲ… ဒီဇာတ်လမ်းကလည်း ကော်ဖီဆိုင်တစ်ဆိုင်ကို အခြေခံပြီး ဇာတ်ကောင်မျိုးစုံကို ဖန်တီးထားမို့ ကြည့်နေကျပုံစံနဲ့ နည်းနည်းကွဲပြားနေမှာတော့ အမှန်ပဲ။ ‌ဇာတ်လမ်းထဲက ကော်ဖီဆိုင်မှာတော့ မန်နေဂျာဖြစ်သူက မြာပွေပြီး တစ်ချိန်လုံး ဖုန်းနဲ့ကြူနေတဲ့သူပေါ့။ ကော်ဖီဆိုင်တွေရဲ့ထုံးစံအတိုင်း စုံတွဲတွေ၊ အလုပ်ကိစ္စရှိသူတွေအပါအ၀င် လူပေါင်းစုံ လာနေတဲ့ထဲမှာ ထူးခြားတဲ့သူတစ်ယောက် ပါလာပါတယ်။ အဲဒါကတော့ ကြေးစားလူသတ်သမားတစ်ယောက်ပါ။ ဘယ်သူကမှတော့ လူသတ်သမားတစ်ယောက်နဲ့ တစ်ဆိုင်တည်း ကော်ဖီထိုင်သောက်ရမယ်လို့ တွေးကြည့်ဖူးမယ်တောင် မထင်ပါဘူး။ ပိုဆိုးတာက အဲဒီလူသတ်သမားဟာ ကော်ဖီဆိုင်ကို လူသတ်ဖို့ရောက်လာတဲ့ အဖြစ်ပါပဲ။ သူသတ်ရမဲ့သူဟာ ကော်ဖီဆိုင်ထဲမှာ ရှိနေပါတယ်။ အဲဒီလိုနဲ့ သူသတ်ရမဲ့သူက ဘယ်သူဖြစ်နေမလဲ၊ လူသတ်သမားရောက်နေတဲ့ ကော်ဖီဆိုင်က ဇာတ်လမ်းပေါင်းစုံကြားမှာ ဘယ်လိုဇာတ်ရှုပ်တွေ ဖြစ်လာဦးမလဲဆိုတာဟာသလေးတွေပါနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Animation • Comedy • Family • Mystery
0 2025
Coffee With A Killer
Eldritch, USA

Eldritch USA ကတော့ zombie ဇာတ်လမ်းကိုမှ musical comedy ဇာတ်လမ်းပုံစံမျိုးဖန်တီးရိုက်ကူးထားတဲ့ ထူးထူးခြားခြားဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂျက်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာ အမြဲတမ်းသူ့အကိုရဲ့အနိုင်ကျင့်မှုကိုခံရပြီး သူရသင့်ရထိုက်တဲ့အခွင့်အရေးတွေကိုအမြဲတမ်းလုယူခံရလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူလုပ်လိုက်တဲ့မတော်တဆမှုတစ်ခုကြောင့် သူ့အကိုရဲ့အသက်ဆုံးရှုံးသွားခဲ့ရတယ်။ အရမ်းထိတ်လန့်သွားတဲ့ဂျက်ဟာ သူ့အမှားကိုဖုံးကွယ်ဖို့ကြိုးစားရင်း သူ့အကိုကိုအသက်ပြန်သွင်းဖို့ကြိုးစားပါတော့တယ်။ အလွဲပေါင်းများစွာနဲ့ ရင်ဆိုင်ပြီးနောက် ပြန်ရောက်လာတာဟာသူ့အစ်ကိုလား တခြားတစ်ယောက်လား။ အဲဒီအလွဲတွေရဲ့နောက်ဆက်တွဲကဘာတွေဖြစ်မလဲ။ ဒီအရာတွေကိုဂျက်နဲ့သူ့အချစ်ဆုံးသူငယ်ချင်းတို့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ထူးထူးခြားခြားတင်ဆက်ရိုက်ကူးထားတဲ့ musical ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားကြည့်လိုက်ကြပါဦး။ File size… (1.3 GB) / (837 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy, Horror, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Senju

Drama
0 2024
Eldritch, USA
Cheer to Life
6

“အတွေ့အကြုံဆိုတာ ကျွန်မတိုရဲ့အမှားတွေကို လူကြားကောင်းအောင်လို သုံးနှုန်းတဲ့ ဝေါဟာရတစ်ခုပါပဲ။ အဲ့ဒီအတွေ့အကြုံလိုခေါ်နေကြတဲ့ အမှားတွေကြောင့်ပဲ ကျွန်မတိုရဲ့ဘဝဟာ ထူးခြားသွားတယ်.. တန်ဖိုးရှိသွားတယ်။ ကျွန်မတိုရဲ့အမှားတွေကြောင့် ကျွန်မတိုနာကျင်ခံစားရမယ်.. ဒါပေမယ့် အဲ့ဒီအမှားတွေကနေပဲ ကျွန်မတိုသင်ယူစရာတွေရလိုက်တယ်။ ပြင်စရာရှိတာပြင်ပြီး ရှေ့ဆက်ကြရတယ်လေ..။” ဟုတ်ပါတယ်.. တကယ်တော့ ကျနော်တိုရဲ့အတွေ့အကြုံတွေကိုပြောတဲ့အခါ ကျနော်တိုလွဲဖူးတဲ့အလွဲလေးတွေကိုလည်း ချန်ထားပြီးပြောလိုမရပါဘူး။ Viva a Vida(Cheers to Life)တဲ့ ရုပ်ရှင်နာမည်က..။ Viva a Vida ဆိုတာက ပေါ်တူဂီဘာသာစကားပါ။ အခက်အခဲတွေကိုရင်ဆိုင်ဖိုကြုံလာတဲ့အခါမှာလည်း အချင်းချင်းအားပေးစကားအနေနဲ့ Viva a Vida ဆိုပြီးပြောကြတယ်။ သူတိုရဲ့ပျော်ပွဲရွှင်ပွဲတွေ ရိုးရာအထိမ်းအမှတ်ပွဲတွေမှာလည်း ဖန်ခွက်ချင်းတိုက်တဲ့အခါ “Cheers”ဆိုတဲ့အဓိပ္ပာယ်နဲ့ သုံးကြတယ်။ ဆုတောင်းပေးတဲ့သဘောကိုလည်းဆောင်သလို အားပေးနှစ်သိမ့်ပေးတဲ့သဘောကိုလည်းဆောင်တယ်။ “ရှင်သန်နေသ၍ ပျော်ရွှင်နေပါစေ”လို အနီးစပ်ဆုံး ဗမာမှုပြုလိုရပါတယ်။ ဇာတ်လမ်းကိုပြောပြရရင် ဇာတ်လမ်းက ရိုးရိုးလေးနဲ့ဆန်းပါတယ်။ ဂျက်ဆီကာဆိုတဲ့ ဘရာဇီးနိုင်ငံသူ တစ်ကောင်ကြွက်မလေးက ရှေးဟောင်းပစ္စည်းအရောင်းဆိုင်မှာအလုပ်လုပ်နေတဲ့ အရောင်းစာရေးမလေးတစ်ဦးပါ။ သူ့ရဲ့ခံယူချက်ကတော့ရှင်းတယ်.. လူတွေကအနှေးနဲ့အမြန်ပဲ သူတိုသရုပ်မှန်တွေပေါ်လာမှာတဲ့.. ဒါကြောင့်မို တစ်ယောက်တည်းနေတာပဲကောင်းတယ်.. တစ်ယောက်တည်းအထီးကျန်နေတယ်ဆိုတာ လူကြိုက်မများသေးတဲ့ အရသာကောင်းတစ်ခုပဲတဲ့။ တစ်နေ့ကျတော့ သူတိုဆိုင်ကို ပိုလိုက်တဲ့ ရှေးဟောင်းပစ္စည်းတွေကိုစစ်ရင်း လည်ဆွဲလေးတစ်ခုကိုအမှတ်မထင်သွားတွေ့လိုက်ရတယ်။ အဲ့ဒီလည်ဆွဲလေးက သူကလေးဘဝတုန်းက သူ့အဘွားပေးခဲ့တဲ့ လည်ဆွဲလေးနဲ့ သွားတူနေတယ်။ အဲ့ဒီပစ္စည်းတွေပိုလိုက်တဲ့သူဆီ ဆက်သွယ်စုံစမ်းကြည့်တော့ သူ့ဝမ်းကွဲအစ်ကိုတော်နေမှန်းသိလိုက်ရတယ်။ အဲ့လိုနဲ့ သူတိုနှစ်ယောက် ဒီလည်ဆွဲရဲ့ရာဇဝင်ကို အတူတူပြန်တူးဆွဖိုအတွက် လည်ဆွဲပိုင်ရှင်ကိုရှာဖွေဖို အစ္စရေးနိုင်ငံအထိ ခရီးနှင်ခဲ့ကြပါတယ်။ ဟုတ်ပါတယ် ဇာတ်လမ်းက ရိုးရိုးလေးပါ။The Hero’s Journey Archetype တွေအတိုင်းပဲ ဇာတ်ကောင်တွေရဲ့ ခရီးတစ်လျှောက်မှာ ရင်သပ်ရှုမောစရာတွေ.. ရယ်စရာတွေ..နာကျင်စရာတွေ..ဝမ်းနည်းစရာတွေ..ကြုံရမယ်။ အခက်အခဲတွေကိုကျော်ဖြတ်မယ်။ ဒါပေမယ့် တခြားရုပ်ရှင်တွေနဲ့မတူတာက ဒီရုပ်ရှင်ကတော်တော်လေး လက်တွေ့ဆန်ပါတယ်။ အလွဲလွဲအချော်ချော်တွေနဲ့ ပရမ်းပတာတွေဖြစ်လေ့ဖြစ်ထရှိတာကိုလည်း သေသေချာချာကြီးပြထားတယ်။ ကျနော်တိုရဲ့ ဘဝတွေကိုပုံမှန်လည်ပတ်ဖိုကြိုးစားရင်း ကျနော်တိုရဲ့စွန့်စားလိုစိတ်တွေ တဖြည်းဖြည်းခမ်းခြောက်လာတယ်။ အဲ့လိုဖြစ်လာတဲ့အခါ အချိန်နည်းနည်းလောက် ကိုယ့်ဘာသာကိုယ်ပြန်သုံးသပ်ဖိုလိုအပ်တယ်ဆိုတာကိုလည်း ဒီရုပ်ရှင်က ပြောပြသွားပါတယ်။ နောက်ပြီး လူမှုစံနှုန်းတွေရဲ့လောင်းရိပ်အောက်ကနေ.. ရှင်သန်ပွင့်လန်းလာတဲ့ အချစ်..မေတ္တာ..သံယောဇဉ်တိုအကြောင်းကိုလည်း ပါးပါးလေးမြင်ရပါလိမ့်မယ်။ ကျနော်တို ဘယ်လိုလူတွေလဲဆိုတာကို သတ်မှတ်ပေးနေတာက ကျနော်တိုဘာတွေလုပ်ခဲ့လဲဆိုတဲ့အရာတွေပါပဲ။ ကျနော််တို ဖန်တီးပြုလုပ်လိုက်တဲ့အရာတွေကပဲ ကျနော်တိုရဲ့အနာဂတ်ကိုပုံဖော်သွားပါလိမ့်မယ်။ ဒီလို Random(ဖြစ်ချင်တိုင်း)ဖြစ်နေတဲ့ လောကကြီးရဲ့ အဖြစ်အပျက်တွေတိုင်းမှာ သူ့ရည်ရယ်ချက်နဲ့သူရှိပါတယ်။ “လူတွေက သူတိုဘယ်ကနေလာခဲ့လဲဆိုတာကိုတောင်မသိရင် သူတိုဘယ်ကိုဆက်သွားရမလဲဆိုတောကို ဘယ်လိုလုပ်ပြီးသိနိုင်တော့မှာလဲ..။ ကျွန်မတိုရဲ့ အတိတ်ကိုကောင်းကောင်းကြီးနားလည်ထားမှသာ ကျွန်မတိုရဲ့ အနာဂတ်ကို ခပ်ရေးရေးမြင်နိုင်မှာမလား..။” ( အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Hein Kyaw ဖြစ်ပါတယ်) File Size… (1.61 GB) / ( 938 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 44m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Pyae Hein Kyaw

Action • Horror • Thriller
6 2024
Cheer to Life