YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

2 Good 2 Be True.2022.EP95.WEB-DL.720P(CM).mp4

252.31 MB N/A video/mp4 93 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Last Kind Words
4.7

Last Kind Words (2012) ================= Horror, mystery စိတ်ဝင်စားစရာ အပြည့်နဲ့ Horror ကားဟောင်းလေးဖြစ်ပါတယ်။ အီလိုင်ဆိုတဲ့ ကောင်လေးတို့ မိသားစုဟာ ကန်တက်ကီနယ်မြေက မြို့ငယ်လေးကိုပြောင်းလာ ခဲ့ပါတယ်။ သူတို့ပြောင်းလာတဲ့အိမ်က အမေရိကန်ပြည်တွင်းစစ်ပွဲကြီးဖြစ်ခဲ့ပြီး လူမည်းကျွန်များစွာကို ကြိုးပေးခဲ့တဲ့ခြံကြီးပါ။ အီလိုင်က အထီးကျန်တိုင်းတော ထဲကို သွားလေ့ရှိတယ်။ သူ့နားမှာလည်း အမန်ဒါဆိုတဲ့ မိန်းကလေးတစ်ယောက်က အမြဲရှိနေတဲ့အတွက် အမန်ဒါနဲ့ခင်သွားပါတယ်။ တကယ်တော့ အမန်ဒါက လွန်ခဲ့တဲ့နှစ်(၅၀)လောက်က သူတို့ခြံထဲမှာပဲ ကြိုးပေး ခံခဲ့ရတဲ့ ကောင်မလေးဖြစ်ပြီး အီလိုင်ရဲ့အဖေနဲ့ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ မကျွတ် လွတ်သေးတဲ့ အမန်ဒါနဲ့ သူ့ရဲ့လူ့ဘဝက ဇာတ်လမ်းကို အီလိုင်သိသွားတဲ့အခါ ဘ တွေဆက်ဖြစ်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(1.3 GB) / (550 MB) / (344 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Mystery Translator.......Thiha Yan Naing Encoder..........SWM

Crime • Drama • Mystery • Romance • Thriller
4.7 2012 85 mins
Last Kind Words
Jacked
4.8

Jacked (2022) =========== ဒီတစ်ခါမှာတော့ LGBT ကောင်လေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ Jacked ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ အီသန်ဆိုတဲ့ LGBT ကောင်လေးဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ အမေ့လက်ထဲမှာကြီးပြင်းလာခဲ့ရပါတယ်။ သူ့အမေကတော့ သူ့သားဒီလိုဖြစ်နေတာကို လက်မခံနိုင်ဘဲ နင်ဂေးတာရပ်ရင်ရပ် မရပ်ရင် အိမ်ပေါ်ကဆင်းဆိုပြီး နှင်ချလိုက်တာ အီသန်ကလည်း စုထားတဲ့ငွေထုပ်လေးပိုက်ပြီး တကယ်ကြီးအိမ်ပေါ်ကဆင်းချ လာခဲ့ပါတော့တယ်။ သူ့အိမ်မက်က ဟောလိဝုဒ်မှာ ကြယ်ပွင့် တစ်ယောက်ဖြစ်ချင်တာပါ။ တစ်ခါတလေ ကံတရားကြီးဟာ ပိတ်ကန်ပစ်ချင်စရာကောင်းပုံ များကတော့ အီသန်ကြိုးစားပမ်းစားစုထားတဲ့ ဒေါ်လာ၄၀၀၀ဟာ ဘက်စ်ကားပေါ်မှာကျပျောက်ပြီး ဆီပုံး(ဆုံးပြီ)ဖြစ်သွားပါတော့တယ်။ သူ့ခမျာ အခန်းဖော်အယ်လ်ဆီမှာကပ်နေရင်း ကြားထဲကနေ မရှိမဲ့ ရှိမဲ့အလုပ်ကလေးပါ ပြုတ်သွားပါသေးတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အယုံလွယ်လို့ဒီ့ထက်ကံဆိုးတာတွေကြုံရဦးမှာပါ။ တစ်ဖက်မှာတော့ အီသန်တို့လို ဒုက္ခရောက်နေတဲ့ အိမ်ပြေးလေးတွေကို ပြန်လိုက်ကယ်ပေးတဲ့ ဘဲကြီးရေမွန်တို့အဖွဲ့ရှိပါတယ်။ အီသန်တစ်ယောက် ဘယ်လိုဒုက္ခတွေနဲ့ကြုံရမှာလဲ။ သူ့ကိုယ်သူပြန်အဖက်ဆယ်နိုင်ပါ့မလား။ ကျွန်တော်တို့အားလုံး ရည်မှန်းချက်တွေ၊အိပ်မက်တွေကို အကောင် အထည်ဖော်ဖို့ကြိုးစားနေကြတာချည်းပါပဲ။ အိပ်မက်သေရင်ဘဝသသ လိုပါပဲ။ အိပ်မက်တွေပြည့်ဝတဲ့သူလည်းရှိသလို မပြည့်ဝတဲ့သူလည်ရှိပါ လိမ့်မယ်။ အီသန်ဟာသူ့အိပ်မက်သေခဲ့ပေမယ့် သူ့ဘဝတော့မသေအောင် ရုန်းထနိုင်ခဲ့ပါတယ်။ ဖြစ်ရပ်မှန်အကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ၁နာရီကြာ ဒီဇာတ်ကားလေးဟာ သင်ခန်းစာယူစရာ၊ တွေးစရာတွေလည်း ပါတာမို့ တစ်နာရီဆိုတဲ့ ပေးရတဲ့အချိန်နဲ့တော့ တန်မယ်ထင်ကြောင်း ညွှန်း လိုက်ပါရစေဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.25 GB) / (450 MB) / (288 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 02mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM

Drama
4.8 2022
Jacked
The Cable Guy
6.1

The Cable Guy (1996) ~ IMDb – 6.1/10, RT – 55%, Meta – 56% ~ လူတွေဆိုတာ မွေးရာပါ အထီးကျန်ဆန်တဲ့ သတ္တဝါတွေပါတဲ့။ အဲဒါကြောင့် လူတွေက အထီးကျန်မနေရအောင် တစ်စုံတစ်ရာ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ဘဝထဲမှာ ရှိနေအောင် ကြိုးစားကြတယ်။ The Greatest Showman ဇာတ်ဝင်သီချင်းဖြစ်တဲ့ Never Enough ထဲက စာသားလေးလိုပဲပေါ့။ တစ်ကမ္ဘာလုံးကို ဆုပ်ကိုင်ထားနိုင်တဲ့ အစွမ်းရှိရင်တောင် ဝေမျှစရာလူမရှိရင် ဘယ်အရာကမှ မတင်းတိမ်နိုင်ဘူးလေ။ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ ကေဘယ်သမားလေးက လောကမှာ အရာရာကို လိုချင်တာရနိုင်နေတဲ့ အစွမ်းရှိနေပေမဲ့ ဝေမျှခံစားနိုင်တဲ့သူ မရှိတဲ့အတွက် သူ့ဘဝမှာ လိုအပ်နေတဲ့ တစ်ခုတည်းသောအရာက သူနဲ့ဝေမျှခံစားပေးဖို့လူတစ်ယောက်ပါပဲ။ ခုခေတ်လို အင်တာနက်တွေခေတ်မစားခင်က တီဗီဟာ တစ်ကမ္ဘာလုံးမှာ အကြီးဆုံး ဖျော်ဖြေရေးစနစ်ကြီးဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ တီဗီလိုင်းတွေဆိုတာ ခုခေတ် Netflix တို့လို ပိုက်ဆံပေးမှ ကြည့်လို့ရတဲ့ စနစ်တွေပါ။ အဲဒီတော့ လိုင်းတစ်လိုင်းကို ကြည့်ချင်တယ်ဆိုရင် ကြည့်ချင်တဲ့လိုင်းရဖို့ ကေဘယ်သမားခေါ်ပြီး ချိန်ခိုင်းရပါတယ်။ ကေဘယ်သမားကို ပီရင်တော့ လိုင်းပေါင်းစုံကြည့်လို့ရနိုင်တဲ့ အခွင့်အရေးရှိတော့ ကေဘယ်သမားတွေ မျက်နှာပွင့်တဲ့ခေတ်ပေါ့ဗျာ။ ရည်းစားက နှင်ချလိုက်လို့ အိမ်ပေါ်က ဆင်းလာရတဲ့ စတီဗင် တစ်ယောက် အိမ်အသစ်မှာနေပြီး သူတို့ခေတ်က တစ်ခုတည်းသော ဖျော်ဖြေရေးကြီးဖြစ်တဲ့ တီဗီလိုင်းတွေကို ဆင်ဖို့ ကေဘယ်သမားခေါ်ရတာပေါ့။ သဘောကောင်းတဲ့ စတီဗင်က ကေဘယ်သမားကို ပိုက်ဆံပေးပြီးခိုင်းရတဲ့ အလုပ်သမားလို သဘောမထားဘဲ တူတူတန်တန်ဆက်ဆံတော့ အမြဲတမ်း မတူမတန် ဆက်ဆံခံနေရပြီး စွန့်ပစ်ခံထားရမှာကိုကြောက်တဲ့ ကေဘယ်သမားက စတီဗင်ကို အရမ်းခင်သွားပြီး အတင်းလိုက်ကပ်ပြီး သူငယ်ချင်းဖြစ်ဖို့ ကြိုးစားတဲ့ ဇာတ်လမ်းလေးပါ။ The Cable Guy (1996) ဟာ Comedy, Satire ဆိုတဲ့အတိုင်း ရယ်စရာတွေ ပေါချင်းသောချင်းပါသလို တွေးစရာတွေလည်း အများကြီးပေးမယ့် ဇာတ်ကားပါ။ Cast တွေဆိုတာကလည်း ဟာသအကျော်အမော်တွေဖြစ်တဲ့ Jim Carrey, Ben Stiller, Matthew Broderick, Jack Black နဲ့ Owen Wilson တို့တင်မဟုတ်ဘဲ အခြား နာမည်ကျော် သရုပ်ဆောင်တွေလည်း အများကြီးပါဝင်ပါသေးတယ်။ မင်းသမီးက အသက်ကြီးတဲ့ထိတောင် မပျက်စီးသေးတဲ့ Leslie Mann ဆိုတော့ သူ့ရဲ့ ငယ်ဘဝက အလှကိုလည်း ခံစားလို့ရနိုင်ပါတယ်။ ဒါရိုက်တာကလည်း အားလုံးနဲ့ ရင်းနှီးပြီးသား Ben Stiller ဆိုတော့ ရယ်ချင်တဲ့သူတိုင်းအတွက် ကွက်တိပဲပေါ့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.65GB, 780MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 36Min Genre – Comedy, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Crime • Thriller
6.1 1996 96 mins
The Cable Guy
Lamya’s Poem

ကဗျာ၊ စာပေဆိုတာ နှလုံးသားရဲ့အာဟာရလို့ ဆိုတတ်ကြပါတယ်။ ချစ်ခြင်းရဲ့အတိမ်အနက်၊ မေတ္တာရဲ့သဘောတရားကို စာသားတွေ လင်္ကာကာရံတွေနဲ့ ချိန်ထိုးပြတတ်သူတွေအဖို့တော့ ကဗျာ စာပေဆိုတာ အသွားထက်တဲ့ ဓားတစ်လက်နဲ့ ညီမလားမသိနိုင်ဘူးပေါ့။ ‌ကာရန်တွေ နဘေတွေ ညီနေမှ ကဗျာဖြစ်တာမဟုတ်သလို ချစ်ခြင်းအကြောင်း ဖွဲ့သီတာဆိုမှလည်း ကဗျာမည်တာ မဟုတ်ပါဘူး။ နေ့စဉ်ဘဝအကြောင်း၊ စစ်ပွဲတွေအကြောင်း၊ ကုန်ဈေးနှုန်းအကြောင်း၊ လူတွေရဲ့အကြောင်း ဘယ်လိုအကြောင်းအရာမျိုးမဆို ကဗျာကိုတင်ပြသူနဲ့ ဖတ်ရှုသူရဲ့ စိတ်ခံစားချက်ကို လိုက်ပြီး ယူဆချက်လည်း ကွဲပြားသွားနိုင်တာမျိုးပါပဲ။ အမေ့ပါးက သနပ်ခါးလေးကလည်း ကဗျာတစ်ပုဒ်ဖြစ်သွားနိုင်သလို ပုရွတ်ဆိတ်လေးတွေ အစာရှာရင်း တရွေ့ရွေ့သွားနေပုံလေးက‌လည်း အတွေးနယ်ချဲ့တတ်တဲ့သူအဖို့ အိပ်မပျော်တဲ့ညကို ကုန်လွန်စေမယ့်အကြောင်းပြချက် ဖြစ်သွားနိုင်တာမျိုးမဟုတ်ပါလား။ စိတ်ပျက်အားငယ် ဝမ်းနည်းနေချိန်မှာ သီချင်းလေးတစ်ပုဒ်၊ ကဗျာလေးတစ်ကြောင်းက ခံစားချက်ကို ပြောင်းလဲပေးနိုင်တယ်ဆိုရင် ဘဝရဲ့အခက်ခဲ အပင်ပန်းဆုံးအချိန်ရောက်တဲ့အခါ ထူးခြားဆန်းကြယ်တဲ့ ဆုံးဖြတ်ချက်တွေကိုချတဲ့နေရာမှာရော အထောက်အကူ ဖြစ်စေနိုင်လေမလား။ ကဗျာလေး တစ်ပုဒ်သာဖြစ်ပေမယ့် ရင်ထဲရောက်အောင်သာ သွားနိုင်မယ်ဆိုရင် သိမြင်နိုင်ဖို့ အခဲယဉ်းဆုံးဖြစ်တဲ့ ကိုယ့်ရဲ့အတ္တနဲ့ မာနကို ဘယ်လိုရှာတွေ့နိုင်မလဲဆိုတာ တင်ပြထားတဲ့၊ IMDB 7/10, Rotten Tomatoes 90% ရရှိထားတဲ့ Lamya’s Poem ဆိုတဲ့ ကာတွန်းကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စာကြိုးစားပြီး စကားနားထောင်တတ်တဲ့ လန်မ်ရာက Syria က ၁၂အရွယ်ကလေးမလေးပါ။ စာတော်တဲ့သူ့ကို ဆရာဖြစ်သူက ရှေးရှေးတုန်းက ကဗျာပညာရှင် ဂျလာအာဒင်ရူမီရဲ့ ကဗျာစာအုပ်လေးတစ်အုပ်ကို ပေးခဲ့ပါတယ်။ စာပေကိုမြတ်နိုးသူ လန်မ်ရာလေးက ရူမီ့ရဲ့ကဗျာစာအုပ်လေးကို ရရှိအပြီးမှာပဲ မထင်မှတ်ထားတဲ့အရာတွေ ဖြစ်ပျက်ခဲ့ပါတော့တယ်။ အဲဒါကတော့ ကဗျာစာအုပ်လေးကတစ်ဆင့် လန်မ်ရာက ညစဉ်ညတိုင်း အိပ်မက်ထဲမှာ ၁၃ ရာစုနှစ်က လူငယ်လေး ရူမီနဲ့ တွေ့ဆုံခဲ့တာပါပဲ။ သူနဲ့ အိပ်မက်ထဲမှာတွေ့တဲ့ ကဗျာဆရာလေး ရူမီကတော့ သူတို့နေတဲ့မြို့ကို မွန်ဂိုတွေဝင်တိုက်လို့ ဒုက္ခသည်လေးဖြစ်နေရှာသူပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ အမှတ်မထင်ဘဲ လန်မ်ရာ့ဆီကိုလည်း တူညီတဲ့ကံကြမ္မာက ကျရောက်ခဲ့ပါတော့တယ်။ အဲဒါကတော့ Syria ပြည်တွင်းစစ်ပါပဲ။ နေ့ချင်းညချင်း အိမ်ခြေရာမဲ့ဖြစ်သွားရှာတဲ့ လန်မ်ရာတို့သားအမိနှစ်ယောက်က နယ်မြေသစ်ကိုသွားရင်း တကွဲတပြားစီဖြစ်သွားခဲ့ရပြီး လန်မ်ရာ့အတွက် အားထားစရာဆိုလို့ ရူမီ့ရဲ့ကဗျာစာအုပ်လေးသာကျန်ရစ်ခဲ့တော့တာပေါ့။ ဒီလိုနဲ့ လန်မ်ရာက ၁၃ရာစုနှစ်က ဒုက္ခသည်လေး ရူမီနဲ့ ကဗျာစာအုပ်လေး တစ်အုပ်အရင်းပြုလို့ ညစဉ်ညတိုင်း အိပ်မက်ထဲမှာ တွေ့ဆုံရင်း ထပ်တူညီတဲ့အခြေအနေမှာ ဒုက္ခတွေကို အတူဖြတ်ကျော်နိုင်မလားဆိုတာ.. ဘာအကြောင်းကြောင့်များ ၂၀ရာစုက လန်မ်ရာနဲ့ ၁၃ရာစုက ရူမီတို့ ကဗျာစာအုပ်လေးကနေတစ်ဆင့် အိပ်မက်ထဲမှာ သွားတွေ့ကြတာလဲဆိုတာ.. လက်တွေ့ဘဝမှာရော သူတို့နှစ်ယောက် အတူရှိနိုင်မလားဆိုတာ.. ကဗျာလေးတွေက သူတို့နှစ်ယောက်ကြား ဘယ်လိုဖြစ်တည်မှုတွေကို ဖန်တီးပေးမလဲဆိုတာ.. စတာတွေကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.3 GB)/(700 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:29:00 Genre…Drama, Adventure, Animation, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2021
Lamya’s Poem
Bloodstone: Subspecies II
5.9

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Subspecies 2: Blood Stone ကားလေးပါ။ ပထမကားမှာ မီရှယ်တို့ သူငယ်ချင်း ၃ယောက် သုတေသနလုပ်ရင်း ၂ယောက်ကသေ၊ မီရှယ်က သွေးစုပ်ဖုတ်က‌ကောင်ဖြစ်သွားတဲ့နေရာမှာ ဆုံးသွားခဲ့တာပါ။ ဒီကားထဲမှာတော့ ရာဒူးက မီရှယ် နဲ့ သူ့ရဲ့ချစ်သူ စတတ်ဖန် တို့ အိပ်နေတဲ့အချိန် စတတ်ဖန်ကို သတ်ပြီး သွေးကျောက်တုံး ခိုးမဲ့နေရာကနေ ပြန်စထားပါတယ်။ စတတ်ဖန် နဲ့ မီရှယ့် ကို ရာဒူးက သတ်ပြီး သွေးကျောက်တုံးကို ခိုးဖို့ကြံစည်ထားပေမဲ့ စတတ်ဖန်ကို သတ်ပြီး မီရှယ့်ကို သတ်မဲ့အချိန်ကျမှ နေထွက်လာတာကြောင့် မခိုးလိုက်နိုင်ခဲ့ပါဘူး။ အဲဒါနဲ့ မီရှယ်လည်း သွေးကျောက်တုံး ခိုးပြီး ထွက်ပြေးသွားပါတယ်။ အဲဒီသွေးကျောက်တုံးရော မီရှယ့်ကို ပါ လိုချင်နေတဲ့ ရာဒူးကတော့ မရမကလိုက်ရှာရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့ ဆက်လက်ရှုစားအားပေးလိုက်ကြပါဦးလို့…….. File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Horror, Thriller, Fantasy Subtitle….Myanmar Subtitle (Hardsub) Translated & Encoded by Garfield

Horror • Comedy • Thriller
5.9 1993
Bloodstone: Subspecies II
Handphone
6.6

Handphone (2009) ဖုန်းလေးတစ်လုံး ပျောက်သွားတယ်ဆိုတာ ဘဝတစ်ခုလုံးနဲ့ ယှဥ်ရင်တော့ တကယ့်ကို ပြဿနာ သေးသေးလေးပါ… ပုံမှန် ပြဿနာလေးတစ်ခုဖြစ်ပေမဲ့ အဲဒီပျောက်သွားတဲ့ ဖုန်းထဲမှာ တက်သစ်စ မင်းသမီးလေးရဲ့ HD ပါနေတဲ့အခါ… ကိုယ့် အေဂျင်စီက တင်ပေးထားတဲ့ မင်းသမီးလေးရဲ့ HD ထွက်မှာ စိုးတာကြောင့် ပျောက်သွားတဲ့ ဖုန်းကို အမိအရ ပြန်လည် ရယူဖို့ လုပ်ခဲ့ရာမှ အခက်အခဲပေါင်းများစွာ ဆက်တိုက် ကြုံတွေ့ရတဲ့ အိုဆွန်းမင်း (Uhm_Tae-woong) အိုဆွန်းမင်းတင်မက အဲဒီဖုန်းလေးတစ်လုံးက လူဘယ်နှယောက်ရဲ့ ဘဝတွေကို ဘယ်လိုတွေ ဖျက်ဆီးပစ်ခဲ့သလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ထင်နေခဲ့ပေမဲ့ ကိုယ်တိုင်က လူဆိုးဖြစ်နေတတ်တာမျိုး၊ လူတွေရှေ့ လူမြင်ကောင်းအောင် နေနေရပေမဲ့ နောက်ကွယ်မှာ ဘဝတွေက ဆိုးရွားနေတာမျိုးကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ပြသသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်မို့လို့ ဇာတ်အိမ်ခိုင်ခိုင်ကြည့်ချင်တဲ့သူတွေ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kppks ပဲ ဖြစ်ပါတယ်။ Genre….. Thriller Quality…. 1080p | 720p File size… 2.2GB | 1GB Format… mp4 Duration…. 2h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kppks Encoder ….. Aaron

6.6 2009
Handphone
The Conjuring
7.5

သရဲကားကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်အတွက် ဒီနှစ်ထဲမှာ ထွက်ထားတဲ့ ပရိသတ်တော်တော်များများ စိတ်ဝင်စားတဲ့ The Conjuring နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက ၁၉၇၁ ခုနှစ်က Rhode Island မှာရှိတဲ့အိမ်မှာ ထိတ်လန့်ခြောက်ခြားမှုတွေ ဖြစ်ခဲ့တာကိုပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ ဒီအိမ်ကြီးက ယနေ့တိုင် ရှိပြီး ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်စရာ နေရာအဖြစ်ရှိဆဲပါ ပရောဂဆရာမ Lorraine Warren နဲ့ သူ့အမျိုးသား Ed Warren တို့ဟာ Carolyn and Roger Perron တို့ မိသားစု (သမီး ၅ယောက်နဲ့အတူ) ဒီအိမ်ကို ပြောင်းရွှေ့ပြီးကတည်းက ခြောက်ခြားစရာတွေ ဆက်တိုက်လို ကြုံတွေရတာတွေကို ကူညီပေးရင်း ဘဝတစ်ပါးသို့ မကူးပြောင်းဘဲ အိမ်မှာ ကျန်ရစ်နေတဲ့ ၀ိဉာဏ်ဥစ္စာစောင့်နတ်ဆိုးက မိသားစုဝင်အားလုံးကို ဘယ်လိုအနှောင့်အယှက်ပေးတယ်၊ ထိတ်လန့်မှုတွေပေးတယ်၊ နောက်ဆုံးအသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဒုက္ခပေးလာတယ် ဆိုတာ ရိုက်ပြထားတာပါ။ ဇာတ်လမ်းအစမှာထဲက အရုပ်တရုပ်ကထူးဆန်းစွာ သွားလာပြုမူနေတာကို ရှုစားရမှာပါ။ ဒီအရုပ်က အပြင်မှာ တကယ်ရှိခဲ့တဲ့ အရုပ်ပါပဲ။ သရဲကားတွေရဲ့ ထုံးစံအတိုင်း တခါးက သူ့အလိုလို ဝုန်းခနဲ ပိတ်သွားတာ၊ သူ့အလိုလို တအိအိ ပွင့်သွားတာမျိုး၊ အိပ်နေရင်း တယောက်ယောက်က ခြေထောက်ကို ရုတ်တရက် စောင့်ဆွဲသလိုမျိုး ပြကွက်တွေကို တွေ့ရမှာပါ။ ဒီကားရဲ့ အဓိက ထူးခြားချက်ကတော့ လက်ခုပ်တီးတာပါပဲ။ ကြည့်ရှုသူ ပရိသတ်တော်တော်များများ မျက်စိထဲမှာ စွဲကျန်အောင် လက်ခုပ်သံရဲ့ ခြောက်ခြားစရာကောင်းပုံကို ရိုက်ပြနိုင်တာက ဒီကား ဒါရိုက်တာ တော်တယ်လို့ ပြောလို့ရပါတယ်။ Rated R ဆိုပေမဲ့ ဒီဇာတ်ကားမှာ သမီးရည်းစားခန်း အဖော်အချွတ်ခန်း တစ်ခန်းမှ မပါပါဘူး။ သာမန်ရိုးရှင်းတဲ့ ဇာတ်လမ်းတပုဒ်ပါပဲ။ စုန်းမပူးတဲ့အခန်းတွေ၊ သွေးထွက်သံရဲရဲဇာတ်ကွက်တွေကဇာတ်သိမ်းပိုင်းနားမှာ အတော်လေးပါတာမို့ အသက် (၁၈)နှစ်အောက်မကြည့်သင့်တဲ့ စာရင်းထဲ ဝင်သွားတာပါ။ မိသားစုတူတူကြည့်ဖို့ အဆင်ပြေပါတယ်။ ဇာတ်စ၊လယ်၊ဆုံး ဆွဲဆောင်မှုရှိပါတယ်။ အဆုံးပိုင်းကို သိပ်သဘောမတွေ့ပေမဲ့ ရိုက်ချက်တွေက အတော်ကောင်းတာမို့ လူကြိုက်များတဲ့ ဇာတ်ကားဖြစ်ပါတယ်။ သရဲကား ပရိတ်သတ်တွေလက်မလွှတ်သင့်တဲ့ကားတစ်ကားပါ။ (ရုပ်ရှင်အညွန်းကို Movies For Myanamrမှ ကူးယူဖော်ပြသည်) File size… 3.72 GB / 1.34 GB / 662 MB Quality… Web-DL 4K / 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Hein Thet Naing

Thriller • Drama • Mystery
7.5 2013
The Conjuring
Troy
7.2

Troy (2004) ရုပ်ရှင်ခံစားမှု Troy ရုပ်ရှင်ဟု ဆိုလိုက်တာနှင့် ဂရိဘက်မှ မြင်းရုပ်ကြီးအား ထရိုဂျန်စစ်သားများက ကြိုးများဖြင့်ချည်နှောင်ကာ အီလီယွန်(Iliad)မြို့ထဲကို သယ်ဆောင်သွားတဲ့အကြောင်းတွေကို ကြားဖူးနားဝရှိကြပါလိမ့်မည်။ထင်ရှားကျော်ကြားသော စစ်ပွဲတွေအကြောင်း ညွှန်းဆိုပြောဆိုကြမည်ဆိုလျှင်လည်း ထရိုဂျန်စစ်ပွဲအကြောင်းကို ချန်ထား၍ ရမည်မထင်ပေ။ ကမ္ဘာ့အစောဆုံးဂန္တဝင် စာပေလက်ရာတစ်ခုအဖြစ် သမုတ်ထားကြသည့် ဂရိစာဆိုတော်ကြီးဟိုးမား၏ အိလီယက်နှင့် အိုဒက်ဆီ ကဗျာရှည်နှစ်ပုဒ်အနက် အီလီယက်ကဗျာမှာ ဂရိလူမျိုးတို့၏ ထရွိုင်မြို့အောင်ပွဲအကြောင်းကို ပြန်ပြောင်းဂုဏ်ပြုစိမ့်သောငှာ ဂုဏ်တင်ရေးဖွဲ့ထားသည့်ကဗျာရှည်တစ်ပုဒ်ဟု ပြောဆို၍ ရနိုင်ပါမည်။ ထရိုဂျန်စစ်ပွဲကို အောင်နိုင်ဖို့ရာအတွက်လည်း ဂရိနိုင်ငံနှင့် ထရွို င်မြို့နိုင်ငံတို့ ကိုးနှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည်။လူသားတွေသာမကပဲ နတ်ဘုရားတွေကပါ ကူညီတိုက်ခိုက်ကြသည်။ စစ်ပွဲဖြစ်ပွားရပုံ ကနဦးအကြောင်းရင်းကို ဖောက်သည်ချရလျှင် ထရွိင်ဘုရင်သားတော်ငယ် ပဲရစ်က ဂရိဘုရင်ကြီးအက်ဂါမန်မနွင်၏ ညီ မက်နယ်လော့ မိဖုရား ဟယ်လင်အား ခိုးယူသွားပုံကနေ စတင်ခြင်းဖြစ်သည်။ထရွိုင်နိုင်ငံအား တိုက်ခိုက်အောင်မြင်ဖို့ရာအတွက် စစ်သူကြီး အာချိလိ ဖြစ်သူကပါ ဦးစီးတိုက်ခိုက်ရသည်။ထိုသို့ ဂရိနှင့်ထရွိုင်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြသော အကြောင်းကို ကဗျာရှည်အဖြစ် မှတ်တမ်းတင်ခဲ့ရာကနေ (အခြားသော သမိုင်းဆရာတွေကလည်း စစ်ပွဲနှင့်သက်ဆိုင်သော အကြောင်းအရာတွေ။အာချိလိ၏ အကြောင်းတွေကိုလည်း တစ်နည်းတစ်ဖုံဖြင့် ရေးသားခဲ့ကြသည် ။သို့ဖြစ်စေကာမူ ဟိုးမား၏ ကဗျာနှစ်ပုဒ်မှာ အအောင်မြင်ဆုံးဖြစ်ခဲ့သည်ဟု မှတ်ယူရပေမည်)နှောင်းလူတွေကနေ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြသည်။ ဟောလိဝုဒ်ရုပ်ရှင်နယ်မြေကလည်း ဇာတ်လမ်းဇာတ်ကွက်အမျိုးမျိုးဖြင့် ထရိုဂျန်စစ်ပွဲများအကြောင်းကို ရိုက်ကူးတင်ဆက်ခဲ့ကြသည်။ ထို့သို့ ထရိုဂျန်မြို့ပုံပြင်အား 2003 ခုနှစ်တွင် ဟောလိဝုဒ်ရုပ်ရှင်နယ်မြေကနေ ထပ်မံ၍ သရုပ်ဆောင် အကျော်အမော်များ|ကြီးကျယ်ခမ်းနားသော ဆက်တင်များဖြင့်ရိုက်ကူးထုတ်လုပ်ခဲ့ကြတော့သည်။ဘရက်ပစ် |အော်လန်ဒိုဘလွန်း စသည့် သရုပ်ဆောင်များပါဝင်သည်။သန်းပေါင်း၁၈၀ကျော် အကုန်ကျခံ ရိုက်ကူးသည်။လက်ရှိ အကုန်အကျအများဆုံး ရုပ်ရှင်ဇာတ်ကားများစာရင်းထဲတွင် မှတ်တမ်းဝင်ခဲ့သည်။ မူရင်းဇာတ်လမ်းတည်ဆောက်ပုံသည် သဘာဝကျသော ဖြစ်တည်မှုကို ကျော်လွန်၍ ရေးသားထားတာဖြစ်သော်လည်း ဒါရိုက်တာကြီး ဝုဖ်ဂန်းပီတာဆင်ကမူ လက်တွေ့ကျသည့် အနေအထားဆီကို ရောက်ရှိအောင် ပြန်လည်ဖန်တီးခဲ့သည်။ကနဦးဖွဲ့စည်းပုံအရဆိုလျှင် ယခုဇာတ်ကား၏ အဓိက ဇာတ်ဆောင်ဖြစ်သူ အာချိလိမှာ သာမန်လူသားတစ်ယောက်မဟုတ်ချေ ။နတ်ဘုရား ပီလိယပ်နှင့် ပင်လယ်စောင့်နတ်ဘုရားမ သီးထစ်တို့ကနေ မွေးဖွားသန့်စင်ထားသည့် စွမ်းအားတန်ခိုးရှင် တစ်ပါးဖြစ်၏။ထို့အတူ စစ်ပွဲတိုက်ခိုက်ရာတွင်လည်း ကောင်းကင်ပေါ်က နတ်ဘုရားတွေကပါ နှစ်ဘက်စလုံးကနေ ပါဝင်တိုက်ခိုက်ကြကြောင်း ရေးသားထားသော်လည်း ဒါရိုက်တာကြီးကမူ ထိုသို့သော အချက်အလက်တွေကို မျက်ကွယ်ပြုပြီး သာမန်လူသားတွေအဖြစ်သာ ယုတ္တိကျကျ ပြန်လည်ဖန်တီးခဲ့သလို ကိုးနှစ်ကျော်ကြာစစ်ပွဲအားလည်း ရက်သတ္တပတ်မျှသာ ကြာမြင့်သောကာလဆီကို ပြောင်းလဲပစ်ခဲ့ပါသည်။ထို့အတူ အာချိလိမှာလည်း တိုက်ရည်ခိုက်ရည်ပြည့်ဝသည့် စစ်သူရဲတစ်ဦးအဖြစ်သာ မြင်တွေ့ခဲ့ရကာ ဇာတ်သိမ်းပိုင်းတွေကိုလည်း အခြားကဗျာဆရာကျော်တစ်ဦးဖြစ်သည့် ဗစ်ဂျေးလ်၏ အီနီးယပ် လက်တင်ကဗျာရှည်က ဇာတ်ကွက်များဖြင့် ပြုပြင်ပေါင်းစပ်ခဲ့ကြ၏။ ဇာတ်လမ်းအကျဉ်းကို တင်ပြရပါမူ ဟယ်လင်နှင့်ပဲရစ်တို့၏ ချစ်ခြင်းကနေ နှစ်ပြည်ထောင်ခင်းကျင်းသော စစ်ပွဲကြီးတစ်ပွဲစတင်ခဲ့သည်ဟု ဆိုရပေမည်။ပဲရစ်၏အကိုတော် ဟက်တာအနေဖြင့် ညီခိုးယူလာသည့် မိန်းကလေးသည် ဂရိနိုင်ငံက ဘုရင်ကြီးခယ်မမှန်းမသိခဲ့ချေ ။သိရှိချိန်မှာမူ နောက်ကျခဲ့လေပြီ။ အာချိလိအမှူးပြုသော ဂရိအင်ပါယာတပ်မကြီးသည် ထရွိုင်မြို့နိုင်ငံအား သိမ်းပိုက်ဖို့ချီတက်ခဲ့တော့သည်။သို့ဖြစ်စေကာမူ ခံစစ်အားတောင့်တင်းလှသည့် အီလီယွန်မြို့အား သိမ်းပိုက်ဖို့မလွယ်လှချေ ။ ထို့နောက်တွင် စစ်သူရဲ အာချိလိနှင့် ထရွိုင်မြို့မှ မင်းသား ဟက်တာနှင့် ပဲရစ်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြပုံအား ရှုစားရမှာဖြစ်ပါသည်။ ဒါရိုက်တာကြီး ပီတာဆင်အနေဖြင့် အာချိလိ ဇာတ်ရုပ်အား ပိုမိုရုပ်လုံးကြွစေရန်အတွက် သူရဲကောင်း ဇာတ်ရုပ်တိုင်း ပုံစံသေဖွဲ့စည်းလေ့ရှိသည့် ထီမထင်သူ။ရာထူးဂုဏ်သိမ်မမက်မောသူ။ပင်ကို ဖွဲ့စည်းပြီးသား စရိုက်ဖြစ်သည့် ဒေါသခက်ထန်သူတစ်ဦးအဖြစ် အာချိလိဇာတ်ရုပ်ရုပ်လုံးအား ပီပြင်စွာ တင်ဆက်ပေးနိုင်ခဲ့သလို သူနှင့် ဆန့်ကျင်ဘက် ရန်သူဖြစ်သွားရှာတဲ့ ပဲရစ် အကိုတော် ဟက်တာဇာတ်ရုပ်ကိုလည်း လက်ရုံးရည် နှလုံးရည်ပြည့်ဝသူတစ်ဦးအဖြစ်သာမကပဲ စစ်ထက်ငြိမ်းချမ်းရေးသာအလိုရှိသူ။အာဏာဂုဏ်သိမ်အား မမက်မောသူ။မိသားစုအပေါ်ဖခင်ကောင်းပီသရှာသူ။အနိုင်မရနိုင်မှန်းသိသော်လည်း သူရဲကောင်းပီသစွာ နောက်မဆုတ်ပဲ တိုက်ခိုက်သူတစ်ဦးအဖြစ် မင်းသားတော်ဟက်တာကိုလည်း လေးစားဂရုဏာသက်ဖွယ်ခံစားခဲ့ရသည့် စံပြဇာတ်ကောင်အသွင်ဖြင့် ပေါင်းစပ်ပေးနိုင်ခဲ့ပါသည်။ ရာဇဝင်များထဲမှာ အခိုင်အမာထည့်သွင်းထားသည့် နတ်ဘုရားအရှိန်အဝါသရုပ်ဖော်ပုံတွေကိုလည်း မှေးမှိန်ပစ်ရုံသာမက ထိုသို့ယုံကြည်မှု သည် အချည်းနှီးအမြင်သာဖြစ်ကြောင်း (ဆရာချစ်ဦးညို ၏ လင်္ကာဒီပချစ်သူ ဝတ္ထုလိုမျိုး) ကောင်းကင်ကအရာကို မြေကြီးပေါ် ပစ်ချပစ်ခဲ့သည်။အာချိလိ၏ အပိုလိုနတ်ဘုရားရုပ်တုဦးခေါင်းကို ဓါးဖြင့်ခုတ်ချလိုက်မှု ပုံရိပ်ဖြင့် ပြောင်းပြန်လှန်ပစ်လိုက်သည်။ထို့အတူ အာချိလိ၏ အားနည်းချက်တစ်ခုဖြစ်သော ခြေဖနောင့် နေရာကိုလည်း လူသားမှန်လျှင် ဒဏ်ရာသင့်ပါက သေဆုံးရမည်ဆိုသည့် မူလဖန်တီးမှု ကိုလည်း မသွေဖီသလို လက်တွေ့သရုပ်ကျမှု ဖြင့်လည်း အံဝင်ဂွင်ကျဖြစ်အောင် အကောင်းဆုံးပေါင်းစပ်ခဲ့သည်ကိုလည်း ရှု့မြင်ရပါမည်။ သူရဲကောင်းမှန်သူတိုက်ပါက စစ်ပွဲတိုင်း အောင်နိုင်သည် တရားသည်ဟု ဝါဒဖြန့်လေ့ရှိတဲ့ အမြင်ဆာလောင်မှု ကိုလည်း စစ်ပွဲ၏ကြောက်မက်ဖွယ် သွေးသံရဲရဲ ခြေပြတ်လက်ပြတ် သေဆုံးကြရမှုများဖြင့် အားကျဖွယ်ရာ မရှိကြောင်း ။စစ်ပွဲမှန်သမျှသည် နာကျင်ဆုတ်ယုတ်ဖွယ်ရာတွေကိုသာ ခံစားရတာဖြစ်ကြောင်းကို သေကျေနေကြသည့် အလောင်းကောင်တွေ ။ပြိုပျက်လောင်မြိုက်နေကြသည့် အဆောက်အဦမြင်ကွင်းများနှင့် သွေးပျက်ဖွယ်ခံစားမှု ဆီကို ပြောင်းလဲမြင်ယောင်မိမှာ သေချာပါသည်။ ဇာတ်လမ်းအဆုံးသတ်မှာ ပဲရစ်၏ မလျော်ကန်သော အထားအသိုမှားသော ချစ်ခြင်းမေတ္တာအတွက် အော့နှလုံးနာမိသလို အာချိလိနှင့် ဟက်တာတို့၏ ယုံကြည်ရာကောင်းကင်ပြာအောက်မှ တဖွဲဖွဲလွင့်ကြွေကျလာကြတဲ့ ကြက်သွေးရောင် မိုးစက်ပွင့်များ လွင့်ပါးသွားရာနောက်ကိုလည်း နာကျင်ကြေကွဲစွာဖြင့် ငေးရီနေမိခဲ့တာ သေချာသည်။ ထရွိုင်မြို့အောင်ပွဲဟာ ပြုသူရော ဖြစ်သူရော မှန်ကန်တဲ့ရလဒ်တွေကို ပိုက်ထွေးရရှိခဲ့တာ သေချာခဲ့ပါသလား ဆိုတာကိုတော့ ။ IMDb Rating 7.2/10 Rotten Tomatoes 54% (ရုပ်ရှင်အညွှန်းကို Nyi Linn Eain FB မှ ကူးယူဖော်ပြပါသည်။) 4K နဲ့ 1080p Quality ကို www.cmapp.tv မှာ member ဝင်ပြီး လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို Download လဲ ပြုလုပ်နိုင်ပါတယ်။

7.2 2004 163 mins
Troy
Saramsha
7

Saramsha 2024 (စာရေးဆရာနဲ့ ဇာတ်ကောင်ကြားက ဇာတ်လမ်းလေးတစ်ပုဒ်) မွေးစားမိဘတွေနဲ့အတူတူနေတဲ့ တေဂျက်စ်ဝီဆိုတဲ့ကောင်လေး၊ သူဟာ စာဖတ်ရတာကို ဝါသနာပါပြီးတော့ စာရေးဆရာဖြစ်ချင်နေခဲ့တဲ့သူတစ်ယောက်ပေါ့။ ငယ်ငယ်လေးကတည်းက ကဗျာတွေလည်းရေးရင်း စာလည်းကြိုးစားလို့ ကျောင်းမှာ ဆရာမတွေရဲ့အချစ်တော်လေး ဖြစ်ခဲ့သူတစ်ယောက်ပေါ့။ သူဟာ မိဘတွေအတွက် အရှင်ကပေးတဲ့လက်ဆောင်လို့ မှတ်ယူရင်း မိဘတွေစိတ်ချမ်းသာအောင်ပဲ အမြဲထားချင်တဲ့ ကလေးလေးတစ်ယောက်ပေါ့။ ဒီမှာ ထူးဆန်းတာက တေဂျက်စ်ဝီရဲ့ စာရေးခုံမှာရှိနေတဲ့ အရုပ်လေးနှစ်ရုပ်က သူနဲ့အတူတူ စကားပြောပေးတာပါပဲ။ ဒီလိုနဲ့ အသက်တွေကြီးလာတော့လည်း စာရေးဆရာဖြစ်ချင်တဲ့ ဝါသနာအရ စာတွေရေးရင်းနဲ့ သူ့ရဲ့ ဇာတ်လမ်းထဲက ဇာတ်ကောင်ဖြစ်တဲ့ အာဘေးနဲ့ အပြင်မှာ ထိပ်တိုက်တွေ့ကြတဲ့အခါမှာတော့ ……. စာရေးဆရာနဲ့ ဇာတ်ကောင်ကြား ဘာတွေဖြစ်လာမလဲ …… ဒီလို စိတ်ကူးရင်ဆန်တဲ့ ဖြစ်ရပ်တွေကြားမှာ ဘယ်လို စိတ်ခံစားချက်တွေနဲ့ ဘယ်လို ဒရာမာဇာတ်လမ်းတွေ ထွက်ပေါ်လာမလဲ …. တေဂျက်စ်ဝီကရော နောက်ဆုံးမှာ သူဖြစ်ချင်ခဲ့တဲ့ စာရေးဆရာ ဖြစ်လာမလား ….. ဆိုတာတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်)

TV Movie • Comedy • Romance
7 2024 132 mins
Saramsha
Saving Bikini Bottom: The Sandy Cheeks Movie

သားသားမီးမီးတို့အားလုံးကြိုက်ကြတဲ့ ရေမြုပ်ကောင်လေးကာတွန်းကားအသစ်ထွက်လာပါပြီ ဒီတစ်ခါမှာတော့ စပွန့်ချ်ဘော့ဘ်နဲ့သူ့သူငယ်ချင်း ရှဥ့်မလေးတို့ရဲ့ စွန့်စားခန်းတွေကိုကြည့်ရှုရမှာပါ ဘီကီနီဘော်တွန်လို့ခေါ်တဲ့သူတို့နေထိုင်ရာရေအောက်မြို့လေးကို သိပ္ပံပညာရှင်လူဆိုးတစ်သိုက်သိမ်းပိုက်သွားရာကနေ စပွန့်ချ်တို့နှစ်ယောက်ပြန်ကယ်ထုတ်ဖို့ကြိုးစားကြမှာပါ ””မင်းမျက်နှာကို သေခြင်းတရားကစိုက်ကြည့်လာတဲ့အခါ မင်းဘာလုပ်မလဲကွ”” ””ကျွန်တော်လား ဒီလိုကြည့်တာရိုင်းတယ် အခြားနေရာကိုကြည့်လို့ပြောလိုက်မှာပေါ့ဗျ”ဆိုတဲ့ စပွန့်ချ်ဘော့ဘ်ပါနော် ကလေးတွေရဲ့အကြိုက်ဟာသကာတွန်းကားလေးပါရှင်… File size…(1.5 GB)/(870 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:22:00 Genre… Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shwe Eain Si

Comedy • Drama
0 2024
Saving Bikini Bottom: The Sandy Cheeks Movie
[18+] Getting Any?
6.1

Getting Any? (1994) ~ IMDb – 6.1/10, Rotten Tomatoes – 59% ~ နှာဘူးကြီးတစ်ယောက် အကြောင်းရိုက်ထားတဲ့ ဂျပန်ကားပါ။ အောကားထဲက စော်ဘုလို့ရတဲ့နည်းလမ်းတွေကို အတည်မှတ်ပြီး တကယ်လုပ်ဖို့ ကြိုးစားရင်း ယာကူဇာထဲရောက်လိုရောက် ကိုယ်ပျောက်လိုပျောက်ဖြစ်ကုန်တော့တာပါပဲ။ ခင်ဗျားတို့ သွားသွားကြည့်နေတဲ့ ဇာတ်ကားတွေထဲက ရေချိုးခန်းထဲကို ကိုယ်ပျောက်ပြီး ဝင်ချောင်းတာမျိုးလည်း ပါပါသေးတယ်။ ကားရှိရင် စော်ဘုလို့ရတယ်လို့ အကြံရပြီး အဘိုးကိုရောင်းစား အမိုးဖွင့်ကားဝယ်တဲ့လူပါ။ သူ့ရဲ့ဘူးခရီးစဉ်ကို ပြောင်တောင်တောင်နောက်တောက်တောက် ပေါပေါပုံစံနဲ့ တင်ဆက်ထားပါတယ်။ တခြားဘာမှမကြည့်ဘဲ ရယ်ဖို့သက်သက်ကြည့်မယ်ဆိုရင်တော့ ဒီကားကိုကြည့်လိုက်ပါတော့။ တချို့အခန်းတွေကတော့ ၁၈ ပက်လက်တွေပါလို့ ရယ်မယ်ဆိုလည်း တစ်ယောက်တည်း ခိုးရယ်ကြဖို့ အကြံပေးချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 930MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 48Min Genre – Satire, Slapstick, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Mystery • Thriller • Action
6.1 1994 108 mins
[18+] Getting Any?
Seven Veils
5.8

Seven Veils (2025) IMDb Rating (5.8) / Rotten Tomatoes (77%) အချစ်ဦးလို့ပြောလို့ရတဲ့ မင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Amanda Seyfriedရဲ့ ရုပ်ရှင်အသစ်ပါ။ မမကို ငန်းရင်းတောင် တန်နေတဲ့ရုပ်ရှင်ကိုမှ ဇာတ်လမ်းသွားကလည်း ကြမ်းနေတော့ ဒီကားက ပြောစရာကို မလိုတဲ့ကားပါပဲ။ ဇာတ်ကတော့ အော်စကာဝိုင်းရဲ့ပြဇာတ်ကို အဓိကသုံးထားတယ်။ မင်းသမီးက ပြဇာတ်ဒါရိုက်တာ။ သူ့ဆရာပြဇာတ်ဒါရိုက်တာသေသွားပြီးတဲ့နောက် အဲဒီဆရာအတွက် အမှတ်တရ အဲဒီဆရာရဲ့ အကျော်ကြားဆုံးပြဇာတ်ကို ပြန်လည်ကပြဖို့ လုပ်ကြရာမှာ သူက ဒါရိုက်တာအဖြစ်ပါဝင်ရတယ်။ အော်ပရာပြဇာတ်တစ်ခုလုံး အသက်သွင်းဖို ကြိုးစားကြပုံတွေကို မြင်ရမယ့်အပြင် အော်စကာဝိုင်းရဲ့ပြဇာတ်နဲ့ မင်းသမီးရဲ့ဘဝက ဘယ်လိုဆက်စပ်နေလဲ။သူ့ဆရာနဲ့ သူ့ဆက်ဆံရေးက ဘာတွေဖြစ်ခဲ့လဲဆိုတာကို တော်တော်လေးစိတ်ဝင်စားဖို့ကောင်းအောင်ပြထားတယ်။ အော်စကာဝိုင်းရဲ့ မူရင်းပြဇာတ်ရဲ့ဇာတ်ကိုကလည်း တော်တော်လေး ထူးခြားပြီး အနုပညာမြောက်နေတဲ့အတွက် အဲဒီပြဇာတ်က ဇာတ်ကို အဓိကသုံးထားတဲ့ ဒီကားကလည်း မညံ့ခဲ့ပါဘူး။ အော်စကာဝိုင်းပြဇာတ်ထဲက စကားအတိုင်းဆို အချစ်ဆိုတာ သေခြင်းတရားထက် ပဟေဠိဆန်တယ်တဲ့။ ဒီရုပ်ရှင်မှာတော့ ချစ်ခြင်းနဲ့ သေခြင်းကြားက ပဟေဠိတွေကို တင်ဆက်ပြထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.7 GB) / (720 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:49:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Romance • Comedy • Drama
5.8 2025 107 mins
Seven Veils
The Attorney
6.3

ရှေ့နေလေယိုဟွေဟာ အမှန်တရားထက် အမှုသည်အတွက်အကျိုးရှိမဲ့ လျှောက်ထားချက်မျိုးကို တရားခွင်မှာ တင်ပြပြီး အရှုံးမရှိဘဲအမြဲတမ်း အမှုနိုင်တဲ့ ရှေ့နေတစ်ယောက်ပါ ရှေ့နေဟယ်ကတော့ ဥပဒေရှေ့မှောက်မှာ အပြစ်ရှိတယ်လို့ မဆုံးဖြတ်ရသေးသရွေ့ အဲ့ဒီလူကို ကြိုအကဲဖြတ်တာမျိုးမလုပ်ဘဲ အမှုသည်ဖက်ကနေ အလုံးစုံရပ်တည်ပေးပြီး လိုက်တဲ့အမှုတိုင်းရှုံးတဲ့ အမှန်တရားရဲ့ဘက်တော်သားရှေ့နေတစ်ယောက်ပါ ဒီလိုမျိုးဆန့်ကျင်ဖက်လူနှစ်ယောက် တစ်ရက်မှာ အမှုတစ်ခုကို တရားခံဖက်ကနေ အပြစ်မရှိကြောင်း အမှုလိုက်ပေးဖို့ဖြစ်လာခဲ့ပါတယ် ဒါ့အပြင် အဲ့ဒီအမှုဟာ အထက်အာဏာရှိသူတွေ ချမ်းသာတဲ့ သူဌေးအသိုင်းအဝိုင်းတွေနဲ့ ပက်သတ်ဆက်နွယ်နေတဲ့အခါမှာတော့… နောက်ကွယ်က အမှန်တရားတွေကိုတဖြည်းဖြည်းချင်းဖော်ထုတ်ပြီး သူတို့အမှုအနိုင်ရအောင် ဘယ်လိုတိုက်ခိုက်သွားမှာလဲဆိုတာ စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ရှုကြရမှာပါ

Drama
6.3 2021
The Attorney