YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

2.Good.2.Be.True.2022.EP28.WEB-DL720P(CM).mp4

254.31 MB N/A video/mp4 173 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bad Behind Bars: Jodi Arias
7.5

မိန်းမလည်သိန်းကြွယ် ဆိုတဲ့စကားပုံတစ်ခု မြန်မာစကားမှာရှိပါတယ်။ မိန်းမတွေလည်လာတဲ့အခါ ကောင်းတဲ့ဘက်မှာအရမ်းထူးချွန်ထက်မြက်ကြသလို ဆိုးတဲ့ဘက်မှာဆိုရင်လည်း တစ်ဖက်ကမ်းခတ်ယုတ်မာကောက်ကျစ်တဲ့သဘောကို ဖော်ပြတဲ့စကားပုံပါ။ အခုဇာတ်ကားလေးကိုကြည့်မိရင် ဒီစကားပုံကိုသွားအမှတ်ရမိမှာပါ။ လူ့သဘာဝအရ ထောင်ကျရင် ဆိုးမိုက်လို့လို့ ယေဘုယျသတ်မှတ်လို့ရပေမယ့် အချို့ကျတော့လည်း မှားယွင်းစွပ်စွဲခံရတတ်တာမျိုးလည်းရှိပါတယ်။ ဒီသဘောသဘာဝကြောင့် ထောင်တွင်းရောက်နေတဲ့ အကျဥ်းသားအချင်းချင်းတောင် မှားယွင်းယုံစားမိတာမျိုး၊ အခွင့်အရေးယူအသုံးချခံရတာမျိုး၊ လှည့်စားခံရတာမျိုးတတ်ရှိပါတယ်။ ဒီသဘောသဘာဝကို အခွင့်ကောင်းယူပြီး ကိုယ့်ပြစ်မှုအတွက်ပြစ်ဒဏ်သက်သာအောင် ကလိမ်တိငြမ်းစင် အကျဥ်းသားအချင်းချင်းလှည့်စားပြီး နှစ်ကျပ်ကွက်နင်းတဲ့အဖြစ်ကို ရိုက်ပြထားတဲ့ ၂၀၂၃ ခုနှစ်ထွက် crime- thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဒိုနာဗန်ဘယ်ရင်း၊ ထရေစီဘရောင်း တို့ဟာ တစ်ဆောင်တည်းနေကြတဲ့ အကျဥ်းသူအချင်းချင်းဖြစ်သလို မိန်းမချင်းကြိုက်နေတဲ့ lesbian အတွဲလည်းဖြစ်ပါတယ်။ ထရေစီဟာ ဆတ်ဆတ်ထိမခံ ထောင်တွင်းဖိုက်တာတစ်ယောက်မို့ သူနဲ့ပတ်သက်သူတွေဟာ ထောင်တွေရဲ့ထုံးစံအတိုင်း တခြားအကျဥ်းသားတွေ၊ နှစ်ကြီးသမားတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေကနေ သက်သာရာရပါတယ်။ ထရေစီရဲ့ချစ်သူဖြစ်တဲ့ အကျဥ်းသူ ဒိုနာဗန်ကတော့ ယောကျ်ားလျာပုံစံဖြစ်ပေမယ့် ရိုးရိုးအေးအေးနေတတ်ပြီး သဘောကောင်းတဲ့သူဖြစ်သလို ထရေစီလောက်လည်း ပြစ်မှုမကြီးတဲ့အတွက် ထောင်ထဲမှာအချိန်ခဏပဲကုန်ဆုံးရမှာပါ။ အဲ့လိုနဲ့ သူတို့နှစ်ယောက်ဟာ ထောင်တွင်းအကျဥ်းသူဘဝကို အေးအေးဆေးဆေးဖြတ်သန်းနေစဥ်မှာပဲ ထောင်ထဲထပ်ရောက်လာတာကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကျော် ဂျိုဒီအာရီးယပ်စ်ပါ။ သူမဟာ ချစ်သူကောင်လေးဖြစ်တဲ့ ထရာဗစ်အလက်ဇန္ဒားကို ရက်ရက်စက်စက်သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ ထောင်ထဲရောက်လာပြီး တရားသူကြီးရဲ့အပြီးသတ်အမိန့်ချမှတ်မှုကို စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ အကျဥ်းသူအသစ်ဖြစ်တဲ့အတွက် အခန်းလွတ်နေတဲ့ ထရေစီ့အခန်းမှာပဲ ထောင်ဝါဒါတွေကနေရာချပေးတဲ့အချိန်မှာ ဂျိုဒီကိုမြင်ကတည်းကကြည့်မရတဲ့ ထရေစီနဲ့ပြသနာတက်ပါတော့တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဂျိုဒီတတ်ကျွမ်းတဲ့တက်တူးပညာကြောင့် ထရေစီနဲ့သာမက သူမချစ်သူဖြစ်တဲ့ ဒိုနာဗန်ဘယ်ရင်းနဲ့ပါ ခင်မင်သွားကြပြီး သုံးယောက်သားတတွဲတွဲဖြစ်လာပါတော့တယ်။ ဒီလိုအေးဆေးစွာဖြတ်သန်းနေတဲ့အချိန်မှာပဲ အခြေအနေပြောင်းလဲဖို့ဖြစ်လာတာက ဒိုနာဗန်ဘယ်ရင်းအပြီးသတ်အမိန့်ချမှတ်ခံရပြီး လျှော့ရက်တွေနှုတ်ပြီး ထောင်ထဲကအစောကြီး လွတ်ဖို့အကြောင်းဖန်လာတာပါ။ တစ်ဖက်မှာလည်း မိန်းမချင်းချစ်ကြိုက်မှုကြောင့် ထရေစီနဲ့ဒိုနာဗန်ကို လူချင်းခွဲပြီး ထရေစီကိုထောင်ပြောင်းပေးလိုက်ပါတယ်။ အဲ့အချိန်မှာပဲ အေးဆေးတယ်လို့ထင်ရတဲ့ ဂျိုဒီတစ်ယောက် ဇာတိတွေပြလာပါတယ်။ တီဗီအင်တာဗျူးတွေမှာ သူ့အမှုနဲ့ပတ်သက်ပြီး သူအပြစ်မရှိကြောင်း တင်ပြတာ၊ ထောင်ဝါဒါတွေနဲ့ ခြေရှုပ်တာကအစ မျိုးစုံအလုပ်ရှုပ်လာပါတယ်။ အဲ့အချိန်မှာ ဘယ်ရင်းတစ်ယောက် လွတ်သွားပြီဖြစ်လို့ သူကနေတစ်ဆင့် သူမသက်သာရာသက်သာကြောင်း၊ ပြစ်ဒဏ်လျော့ရာလျော့ကြောင်းတွေကို ဂျိုဒီတစ်ယောက်နည်းမျိုးစုံသုံးပြီးချိတ်ဆက်လှုပ်ရှားဆောင်ရွက်လာပါတော့တယ်။ အဲ့အချိန်ကျမှ ဘယ်ရင်းလည်း ဂျိုဒီတကယ်ပဲအမှုကျူးလွန်ခဲ့လား၊ မကျူးလွန်ခဲ့ဘူးလားဆိုတာ မျက်မြင်ကိုယ်တွေ့သိလာရပါတော့တယ်။ ဂျိုဒီတစ်ယောက် တကယ်ပဲအပြစ်ကင်းခဲ့သလား… ထရေစီ၊ ဂျိုဒီနဲ့ ဘယ်ရင်းတို့သုံးယောက် တကွဲတပြားဖြစ်ပြီးတဲ့နောက် အရင်လိုပဲတတွဲတွဲဖြစ်ဦးမလား… အပြင်ရောက်သွားတဲ့ ဒိုနာဗန်ဘယ်ရင်းတစ်ယောက်ရော ဘာတွေဆက်ကြုံရမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးကြည့်ရင်း ရှုစားလိုက်ရအောင်ပါ။ ထရေစီယာဘလက်ခ်၊ ဆယ်လီနာဆင်းဒန်၊ လင်းရက်ဖာတီတို့ခေါင်းဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ IMDd rating 5.9 ရရှိထားပြီး ဇာတ်ကားကြာမြင့်ချိန်က ၁နာရီ ၃၀ မိနစ်ဖြစ်ပါတယ်။ File size…(1.15GB)  / (591.95MB) /488MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...Crime / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

7.5 2023 88 mins
Bad Behind Bars: Jodi Arias
The Little Mermaid
6.3

The Little Mermaid (2023) ဒစ္စနေးရဲ့ နောက်ဆုံးထွက် ကာတွန်းကနေ လူရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ ရေသူမလေး လာပါပြီ။ လူမည်းမင်းသမီးသုံးတဲ့အတွက် မျိုးစုံဝေဖန်ခံနေရတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ လူမျိုးရေးကြောင့်မဟုတ်ဘဲ မူရင်းဇာတ်ကောင်တွေကို အတင်းလူမည်းပြောင်းတဲ့အတွက်ပါ။ ထောက်ခံသူတွေ ကြိုက်သူတွေလည်း ရှိကြပါတယ်။ ကိုယ်တိုင်ကြည့်ကြည့်လိုက်ကြတာ ကောင်းပါတယ်။ ဇာတ်လမ်းကတော့ မူရင်းကာတွန်းပုံပြင်အတိုင်းပါပဲ။ ပင်လယ်ဘုရင်ကြီးရဲ့အငယ်ဆုံးသမီးလေး သတ္တမမြောက်သမီးတော် ရေသူမလေး အယ်ရီရယ်ဟာ လူသားကမ္ဘာကို အရမ်းစိတ်ဝင်စားနေသူပါ။ ဒါကြောင့် သင်္ဘောပျက်တွေထဲမှာ လူသားပစ္စည်းတွေကိုရှာပြီး အမြဲ စုထားတတ် စပ်စုတတ်တဲ့သူပါ။ တစ်နေ့မှာတော့ လှေမှောက်ပြီး ရေထဲနစ်လာတဲ့ မင်းသားလေးအဲရစ်ကို ကယ်ရင်းနဲ့ ချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ ရေဘုရင်ကြီးက ကုန်းပေါ်ကို သွားဖို့ တားမြစ်ထားတာကြောင့် အခက်တွေ့နေပါတယ်။ အဲဒီအချိန်မှာပဲ ရေဘုရင်ကြီးရဲ့ ညီမ ပင်လယ်စုန်းမ အာဆူလာက အယ်ရီရယ်နဲ့အပေးအယူလုပ်လိုက်ပါတယ်။ အယ်ရီရယ့်ကို လူအဖြစ်ဖန်ဆင်းပေးပြီး သုံးရက်အတွင်း မင်းသားလေးနဲ့ အချစ်စစ်အနမ်းရခဲ့ရင် လူအဖြစ် အမြဲနေရမှာဖြစ်ပြီးမရခဲ့ရင်တော့ အယ်ရီရယ်ရဲ့ အရမ်းလှတဲ့အသံကို သိမ်းပိုက်ပြီး အယ်ရီရယ်ကိုပါ ကျွန်အဖြစ် အပိုင်ရမှာဖြစ်ပါတယ်။ ဒီတော့ အယ်ရီရယ်နဲ့မင်းသားလေးတွေဘာဆက်ဖြစ်မလဲ စုန်းမကြီးအာဆူလာကရောဘယ်လိုနှောင့်ယှက်မလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။

Drama
6.3 2023 135 mins
The Little Mermaid
Sicario: Day of the Soldado
6.9

Genre – Action, Crime, Thriller IMDB – 7.0/10 ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ ပထမဆုံး Sicario ကားကို ကြည့်ဖူးပြီး ကြိုက်တယ်ဆိုရင်တော့ ဒီကားကလည်း ရွှေပေါ့ဗျာ။ ပထမကား Rating 7.6 ကို မမှီပေမဲ့ ကြည့်ရတာ လုံးဝ အရသာ မလျော့သွားပါဘူး။ ဒါတောင် ဒါရိုက်တာက ပထမကားက Denis Villeneuve မဟုတ်တော့ပဲ Stefano Sollima ပြောင်းသွားတာပါ ဒါပေမဲ့ ဒီ အငွေ့အသက်အတိုင်းပါပဲ။ သရုပ်ဆောင်တွေကလည်း ရှေ့ကားထဲက ဘဲကြီးနှစ်ပွေ Josh Brolin နဲ့ Benecio Del Toro တို့ပဲ ပြန်ပါဝင်ထားပါတယ်၊ Emily Blunt ရဲ့ ဇာတ်ကောင်ကတော့ ဒီဇာတ်လမ်းအတွက် မလိုအပ်တော့လို့ ဖြုတ်ထားခဲ့ပါတယ်တဲ့။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆို ရှေ့ကားရဲ့အဖြစ်အပျက်တွေ ဖြစ်ပြီး နှစ်နည်းနည်းမှာ တည်ဆောက်ထားတဲ့ပုံပါပဲ။ အစိုးရရဲ့ လူသိမခံချင်တဲ့ ပြဿနာတွေ ဒိုင်ခံဖြေရှင်းတဲ့ မက်တစ်ယောက်လည်း အာဖရိကကို ရောက်နေပါပြီ။ အာလေဟန်ဒရိုကလည်း ပထမကားထဲမှာ လုပ်စရာရှိတာလုပ်ပြီးတော့ ကိုလမ်ဘီယာမှာ သွားအနားယူနေပါပြီ။ အဲဒီမှာပဲ အမေရိကန်နိုင်ငံမှာ အသေခံဗုံးခွဲပြီး အကြမ်းဖက် တိုက်ခိုက် တာတွေ ပြုလုပ်လာပါတော့တယ်။ ဒီတိုက်ခိုက်ရေးသမားတွေကို အမေရိကန်ထဲ မှောင်ခိုသွင်းပေးတာက မက်ဆီကန်မူးယစ်ဂိုဏ်းတွေ ဖြစ်နေတော့ အစိုးရအနေနဲ့ လက်မည်းကြီးလုပ်ပြီး နောက်ကွယ်ကနေ ဖြေရှင်းချင်တော့ကျ မက်ကို လှမ်းခေါ်ရပါတော့တယ်။ ဒီမှာ အမေရိကန် အနေနဲ့ ဒီဂိုဏ်းတွေကို အကြမ်းဖက်စာရင်းသွင်းပြီး ချေမှုန်းချင် တော့ကျ သူများနိုင်ငံထဲ ဖြစ်တဲ့အတွက် သူ့ခြံထဲက ကြက်အချင်းချင်း ပြန်ခွပ်ခိုင်းတဲ့အကွက် ဂိုဏ်းချင်းရန်တိုက်ပေးပြီး စစ်ဖြစ်အောင် ဖန်တီးပေးဖို့ မက်တို့ တာဝန်ကျလာပါတော့တယ်။ ဒီမှာတင် မက်ကလည်း သူ့လူဟောင်း အာလေဟန်ဒရိုကို ပြန်ခေါ် တပ်ဖွဲ့တစ်ခု ဖန်တီးပြီး ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးဖြစ်သူကို ပြိုင်ဖက်ဂိုဏ်းက ပြန်ပေးဆွဲသယောင်နဲ့ အယောင်ဆောင်လုပ်ပြီး စစ်ပွဲ ဖန်တီးဖို့ ကြိုးစားချိန်မှာတော့ အောင်မြင်သွားမလား ဘာတွေဆက်ဖြစ်မလဲ စသဖြင့် သည်းထိတ်ရင်ဖိုစွာနဲ့ Sicario ထုံးစံအတိုင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ သွေးအေးအေးနဲ့ စည်းလွတ်ဝါးလွတ် ကြမ်းတတ်တဲ့ မက်တစ်ယောက်နဲ့ လုပ်ရည်ကိုင်ရည်အလန်းစားနဲ့ သောက်ရမ်းကြမ်းတဲ့ Sicario ကြီး အာလေဟန်ဒရိုတို့ကို ပြန်ခံစားရမှာပဲ ဖြစ်ပါတယ်။ File size…5.60 GB / 1.95 GB / 747 MB Quality… Blu-Ray 4K HEVC /  1080p / 720p Format…mp4 Duration….2h 2m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

6.9 2018 122 mins
Sicario: Day of the Soldado
[18+] Deseo

********************** ဒီကားက lesbian sex ရော straight sex ရောပါလို့ မိသားစုနဲ့လုံးဝမကြည့်သင့်ပါဘူး.. ဇာတ်လမ်းကတော့ သဘော်သားတစ်ယောက်က သူ့ချစ်သူအတွက် ကုန်းပေါ်တက်လာတဲ့အချိန် သူမျှော်လင့်ထားသလို မဖြစ်လာခဲ့ဘဲ အချစ်က လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလား ဇာတ်လမ်းဖြစ်ပါတယ်.. နောက်ပြီးတော့ Mexico ဇာတ်ကားဖြစ်သည့်အလျှောက် မင်းသမီးတွေက မျက်ခုံးမွေးကောင်းကောင်းနဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့မျက်လုံးတွေ ပိုင်ဆိုင်ထားတဲ့အပြင် ညိုညက်ညက်အသားအရေတွေကြောင့် အရမ်းကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပါကြောင်း… File Size :(3.07GB) (1.07 GB) and (359MB) Quality : Blu-Ray1080p,72p Format…mp4 Duration…01:37:00 Genre : Comedy , Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Kit Encoded by SD

Drama • Romance
0 2013 97 mins
[18+] Deseo
Nobody’s Fool

ဇာတ်လမ်းအကျဥ်းကတော့ Donald Sullivan(Sully) ဆိုတဲ့အဘိုးကြီးက သူ့သူငယ်ချင်းRubအတူ Carl Roebuckရဲ့ဆောက်လုပ်ရေးလုပ်ငန်းမှာအလုပ်လုပ်ပါတယ်။ အလုပ်လုပ်တုန်းကရခဲ့တဲ့ဒူးဒဏ်ရာအတွက်တရားရုံးကတစ်ဆင့်Carlဆီကလျော်ကြေးကိုလည်းခြေထောက်တစ်ဖက်ပဲရှိတဲ့ရှေ့နေသူငယ်ချင်းနဲ့တောင်းကြတာငြင်းခံရတယ်။ သူ့ရဲ့သားPeterတို့မိသားစုကိုပြန်တွေ့တော့ သူ့မိန်းမနဲ့သားကိုထားခဲ့တဲ့Sullyအတွက် မထင်မှတ်ထားတဲ့တာဝန်တွေကိုကြုံလာရပါတော့တယ်။ အဲ့တစ်ချိန်ထဲမှာပဲ သူ့အိမ်ရှင်အမျိုးသမီးBerylရဲ့သားကSullyကိုအိမ်မှာဆက်မထားဖို့ သူ့အမေကိုတွန်းအားပေးတဲ့အခါ Sullyဘယ်လိုဖြေရှင်းမလဲ Carlရဲ့မိန်းမကိုကြုံရင်ကြုံသလိုအီစီကလီလုပ်ရင်း Carlနဲ့တစ်ယောက်တစ်လှည့်ဘယ်လိုအနိုင်ယူကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ရမယ့်ကားလေးပါ ဒီကားလေးကအော်စကာနှစ်ဆုအပြင်တခြားဆုပေါင်းများစွာအတွက်လည်းNominationဝင်ထားပါတယ် ဒီဇာတ်ကားရဲ့Directorနဲ့Screenplayကတော့ Kramer vs. Kramer(1979)နဲ့ ScreenplayရောDirectorရော အော်စကာရခဲ့တဲ့Robert Bentonပါ။ ဒါ့အပြင်Bonnie and Clyde(1967)နဲ့Superman(1978)အတွက်ရောတွဲဖက်ရေးပေးခဲ့ပါသေးတယ်။ Sully အနေနဲ့ကတော့အော်စကာဆုရှင်မင်းသားကြီးPaul Newmanနဲ့ Berylနေရာမှာတော့အော်စကာဆုရှင်မင်းသမီးကြီးJessica Tandy၊ Carlအနေနဲ့ကတော့လူတိုင်းသိတဲ့Bruce Willisကသရုပ်ဆောင်ထားပေးပါတယ်။ Sullyရဲ့သားPeterနေရာမှာတော့Superman & Lois မှာ Sam Laneအနေနဲ့သရုပ်ဆောင်တဲ့ Dylan Walshပါ။ File size…(1.9 GB)/(1.1 GB)/(580 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiha

Horror • Crime • Thriller
0 1994
Nobody’s Fool
I Like Movies
6.8

I Like Movies (2023) ဒီဇာတ်ကားကိုတော့ ဆယ်ကျော်သက်တွေကြည့်ဖို့ အထူးညွှန်းပေးချင်ပါတယ်။ ဆယ်ကျော်သက်ကားဆိုလို့ ဖျော်ဖြေရေးပုံစံ ဆယ်ကျော်သက်ကျောင်းသားကားတွေလို ပျော်ကြမြူးကြဒိတ်ကြရယ်ဆိုတဲ့ ဇာတ်လမ်းမျိုးတော့မဟုတ်ပါဘူး။ လေးနက်တဲ့သင်ခန်းစာလေးတွေကို အထက်တန်းကျောင်းသားလေးဆီမှာ ပေါ့ပေါ့ပါးပါးလေးပုံဖော်သွားတဲ့ဇာတ်လမ်းမျိုး။ ရုပ်ရှင်ပရိသတ်တွေနဲ့အလှမ်းဝေးလွန်းတဲ့ဇာတ်ကောင်မျိုးမဟုတ်ဘဲ ဒီဇာတ်ကောင်က ကိုယ့်စာသင်ခန်းထဲကသူငယ်ချင်းတစ်ယောက်ယောက်ဖြစ်နေနိုင်သလို ကိုယ်ကိုယ်တိုင်လဲဖြစ်နေနိုင်ပါတယ်။ လူတွေက အထက်တန်းအရွယ်လောက်မှာ ကိုယ့်အားနည်းချက်အားသာချက်တွေကို စသိလာကြတယ်။ ကိုယ့်အားနည်းချက်ကို သဘောပေါက်ဖို့ဆိုတာတကယ်တော့မလွယ်ပါဘူး။ သိသွားပြီးရင်လဲ လက်မခံချင်သေးဘူး။ လက်ခံပြီးရင်လဲ မပြင်ချင်သေးဘူး ပြင်ရလဲခက်တယ်လေ။ ဒီဇာတ်လမ်းထဲက လောရန့်စ်ဆိုတဲ့ကောင်လေးက ရုပ်ရှင်တွေသိပ်ကြိုက်တယ်။ အထက်တန်းပြီးရင်လဲ NYU မှာရုပ်ရှင်ပညာကိုလေ့လာဖို့အားခဲထားသူပါ။ သူက ကျောင်းပညာရေးမှာလဲထူးချွန်တယ်။ ဒါပေမဲ့ သူ့အားနည်းချက်တွေလဲရှိတာပေါ့။ သူကတစ်ကိုယ်ကောင်းဆန်တယ် အဆိုးဆုံးကတော့ သူ့ကိုယ်သူအထင်ကြီးတတ်သလို သိပ်သနားတတ်တာပဲ။ သူများတွေသူ့ကိုသနားအောင်လဲ သူ့အဖေကသူ့ကိုယ်သူသတ်သေသွားတာ ဆိုတဲ့ကဒ်ကိုမကြာမကြာထုတ်သုံးတတ်သေးတယ်။ ဒါပေမဲ့လောရန့်စ်တစ်ယောက် တက္ကသိုလ်မတက်ခင်ပဲ အချိန်ပိုင်းအလုပ်လုပ်ရင်း လက်တွေ့လောကကြီးနဲ့ထိစပ်မိချိန်မှာ သူ့အားနည်းချက်တွေကထင်းထင်းကြီးပေါ်လွင်လာပြီး လောရန့်စ်ရဲ့ကလေးဘဝကနေ လူကြီးဘဝအကူအပြောင်းကို လက်တွေ့လောကအတိုင်းမြင်ရမယ့် သဘာဝကျတဲ့ဇာတ်လမ်းကောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p | 480p File size… 1.1GB | 915MB | 282MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. Aaron

Drama
6.8 2023
I Like Movies
Joe Dirt
6

ဟောင်းသွားပေမယ့် ကောင်းနေဆဲရုပ်ရှင်ကားတွေကတော့ ယခုထိတိုင်ရှိနေဆဲပါ။ အခုတင်ဆက်ပေးမယ့် ကားလေးကလည်း ၂၀၀၁ တုန်းကထွက်ရှိခဲ့တဲ့ Old But Gold ဇာတ်ကားလေးဖြစ်တဲ့ Joe Dirt ပဲဖြစ်ပါတယ်။ IMDb Rating 6.0 ရရှိထားပြီးဇာတ်ကားနာမည်အတိုင်း ဂျိုးဒတ်ဆိုတဲ့ ဇာတ်ကောင်တစ်ယောက်ကိုအဓိကထားပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားလေးက ဟာသကားဆိုပေမဲ့ ကြည့်တတ်ရင်တကယ်ပညာရတဲ့ ကားလေးပါ။ ကိုယ့်ဘ၀မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုပြုံးပြုံးလေးရင်ဆိုင်ပြီး အကောင်းမြင်စိတ်နဲ့ ဘ၀ကိုသွားရင် ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုအရောက် လှမ်းနိုင်တယ်ဆိုတာကို အဓိကပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဂျိုးဒတ်ဆိုတဲ့ ကောင်လေးတစ်ယောက်က အသက် ၈ နှစ်မှာမိဘတွေနဲ့ ခရီးသွားရင်းတစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး လမ်းပျောက်နေခဲ့ပါတယ်။မိဘတွေကလည်း သူ့ကိုပြန်လာမရှာတာနဲ့ သူ့အားသူကိုးပြီး သူ့ဘ၀ကိုဆက်လျှောက်လှမ်းခဲ့ပါတယ်။ကျန်းမာရေးအခြေအနေကြောင့် ဆံပင်တုကို ခေါင်းနဲ့တွဲ ချုပ်ထားရတဲ့အတွက် အဲ့ဒီပုံစံခပ်ဆန်းဆန်းဆံပင်တုကြီးကို လှောင်ပြောင်ဟားတိုက်ခံခဲ့ရတာလည်း အသက်ကြီးတဲ့အထိပါပဲ။မိဘမဲ့ဂေဟာတွေ တစ်ခုပြီးတစ်ခုပြောင်းခဲ့ရပြီး သူ့ဘ၀မှာ အိမ်လို့ခေါ်လို့ရတဲ့နေရာဆိုတာမရှိခဲ့ပါဘူး။ သူ့မိဘတွေကို သူ့ကိုပြန်လာမရှာပေမယ့် သူကတော့မိဘတွေကိုရှာဖို့ရည်မှန်းချက်ရှိ နေတုန်းပါ။တစ်နေ့မှာတော့ နာမည်ကြီးရေဒီယိုအစီအစဉ်တစ်ခုမှာ ကံကောင်းပြီးတော့ ပါဝင်ခွင့်ရခဲ့ပါတယ်။သူ့ဘ၀ဇာတ်ကြောင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့အတွက် အဲ့ဒီအကြောင်းကို ရေဒီယိုမှာနားထောင်ကြသူတွေများလာကြပြီး သူလည်းနာမည်ကြီး လာခဲ့ပါတော့တယ်။ဒီလိုနဲ့အခက်အခဲတွေအများကြီးကို အမြဲတမ်းကြုံတွေ့နေရပေမယ့် အရာရာကိုအကောင်းမြင်စိတ်နဲ့ မြင်တတ်တဲ့ ဂျိုးဒတ်တစ်ယောက်မိဘတွေကိုပြန်တွေ့ သွားမလား။သူ့ဘ၀မှာအလိုချင်ဆုံး အိမ်ဆိုတဲ့အရာကိုရောပိုင်ဆိုင်သွားရမလားဆိုတာကို ကြည့်ရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.67GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 31m Genre ….. Comedy , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6 2001
Joe Dirt
Exiled
7.2

Exiled (2006) ~ IMDb – 7.2/10, RT – 80%, Meta – 73% ~ Directed by “Johnnie To” ဂျွန်နီတိုရဲ့ ဒါရိုက်တာဘဝအစောပိုင်းမှာ ခုလို Crime Action ရုပ်ရှင်တွေကို စရိုက်ခဲ့တာတော့မဟုတ်ဘူး။ ကနဦးသူ့ရုပ်ရှင်တွေမှာ ဟာသနဲ့အက်ရှင်အရောကားတွေ ချောင်ကားတွေအထိ ရိုက်ခဲ့တယ်။ နောက်ကျ မှုခင်းအက်ရှင်ဘက် ပိုကူးလာတာတွေ့ရတယ်။ ဒါပေမဲ့ နှောင်းပိုင်းမှာတော့ Crime Action ကားတွေပဲ အရိုက်များလာခဲ့သလို အဲဒီကားတွေကလည်း သူ့မာစတာပိစ်ဖြစ်လာခဲ့တယ်။ ကနဦးအားဖြင့်တော့ သူက စတားတွေအသုံးများခဲ့တယ်။ ဒါပေမဲ့ သူ့တကယ့်မာစတာပိစ်ဆိုတာတွေကတော့ စတားတွေ မသုံးထားတာတွေပဲ။ သို့ပေမဲ့ သရုပ်ဆောင်ကောင်းတဲ့ သူသုံးနေကျလူတွေပါပဲ။ The Misson နောက်ပိုင်းကတည်းက ဒီလိုပုံစံမျိုးမှာ ဒီလူတွေကို သူခဏခဏသုံးလာခဲ့တယ်။ သူ့ကားတွေများပေမဲ့ ဒီလူတွေပါရင်ကို သူ့မာစတာပိစ်ကားလို့သတ်မှတ်လိုက်လို့ရတယ်။ Exiled (2006) ကလည်း ဂျွန်နီတို့ တစ်ချို့ရုပ်ရှင်တွေလိုမျိုး ရဲတွေဝင်မပါရဲတာကို ကောင်းကောင်းအသုံးချပြထားတဲ့ ဂျွန်နီတိုရုပ်ရှင်ပဲ။ ဒီဇာတ်အဖြစ်အပျက်တစ်ခုလုံးရဲ့ကြာချိန်ကို ဂိုဏ်းတွေပစ်ခတ်တဲ့ ကြားရောက်ရောက်လာတတ်တဲ့ ပင်စင်ယူတော့မယ့်ရဲအဘိုးကြီးကို သုံးပြီးပြသွားတယ်။ ဘယ်လိုပြလဲဆို‌တော့ သူတို့ပြဿနာစဖြစ်တဲ့အချိန်မှာ ရဲအဘိုးကြီးက သူပင်စင်ယူဖို့ ၃ရက်ပဲလိုတော့တယ် သူ့ဘာသာလေးနေပါရစေလို့ပြောတာကနေ စတယ်။ ဒီကနေ သူက ဂိုဏ်းတွေချပြီဆိုပေါ်လာတတ်တယ်။ သူပင်စင်ယူဖို့ ဘယ်နှနာရီပဲလိုတော့တယ် ထထအော်ပြီး လစ်လစ်သွားတယ်။ သူပင်စင်ယူမယ့်ညမှာ ဒီဇာတ်က ဆုံးသွားတယ်။ ဆိုတော့ အဖြစ်အပျက်တွေများပေမဲ့ ဒီဇာတ်က တကယ်တမ်း ၃ရက်ပဲ။ Exiled မှာ Anthony Wong, Francis Ng, Lam Suet, Nick Cheung, Richie Jen, Simon Yam တို့ပါထားတယ်။ ဒီလူတွေနဲ့ ဒီလိုကားတွေ လိုက်တယ်ဆိုတာ ထပ်ပြောဖို့မလိုလောက်တော့ဘူး။ Nick Cheung ရဲ့ ဇာတ်ကောင်က သူတို့ဘော့စ် Simon Yam ကို သတ်ဖို့ကြိုးစားခဲ့တယ်။ ဒီတော့ သူတို့ဘော့စ်က နစ်ရဲ့ဇာတ်ကောင်ကို သူ့လူတွေကို သတ်ခိုင်းတယ်။ သူ့လူတွေဆိုတာလည်း နစ်ရဲ့ ဘော်ဒါတွေချည်းပဲ။ ဒီတော့ သူတို့တွေ သတ်ဖို့သွားပေမဲ့ တကယ်တမ်းမသတ်ရက်ဘဲ အတူတူထွက်ပြေးကြဖို့ အကြောင်းဖန်လာတယ်။ ဒီမှာတစ်ခုရှိတာက ဒီအဖြစ်က ကိုရီးယားက ရိုက်တဲ့ Jang Dong-gun ပါတဲ့ Friend (2001) လို အဖြစ်မျိုးပဲ။ အဲဒီမှာတော့ ဘော်ဒါကိုသတ်လိုက်ပေမဲ့ ဒီမှာတော့ တော်တော်အားရစရာကောင်းတယ်။ နှစ်ခုယှဉ်ကြည့်လိုက်ရင် ဒီဇာတ်က တော်တော်အားရစရာကောင်းလိမ့်မယ်။ ဆိုခဲ့သလို သူတို့တွေ ပြေးဖို့ကြံရင်း ငွေရအောင် နောက်ဆုံးအလုပ်ကိုလုပ်ကြတယ်။ အဲဒီအလုပ်အဆင်မပြေသွားရာကနေ ဒီသုံးရက်အတွင်း ဘယ်လို ဂြိုဟ်တွေ ဝင်စီးလဲ ပြတယ်။ ဒါပဲ။ သူ့ထုံးစံအတိုင်း ဇာတ်အချိန်ကျဉ်းတယ်။ ကကျိုးကကြောင်အဖြစ်တွေလည်းပါတယ်။ ဂျွန်နီတိုအရသာအပြည့်ရတယ်။ ဒါမဲ့ တချို့အချက်တွေကြောင့် ဒီကားကို ဂျွန်နီတိုရဲ့အကောင်းဆုံးကားလို့ သတ်မှတ်ချင်မိတာမျိုးတော့ ရှိတယ်။ ဥပမာဆို နောက်ဆုံးပစ်ခန်း ပစ်ကြခတ်ကြတာတွေကို ကျွန်တော်တို့ကိုပြရင် အနည်းဆုံး ၅မိနစ်ဝန်းကျင်လောက်တော့ ကြည့်ရတယ်။ လူအုပ်လိုက်ကြီးပစ်ခတ်နေကြတာဆိုတော့ ထောင့်ပေါင်းစုံက ပတ်ပြနေတာကိုး။ ဒါပေမဲ့ ပစ်ခတ်ကြတဲ့အချိန်ဟာ ခဏလေးဆိုတာကို ကြည့်တဲ့သူ မြင်သာ‌အောင် ဂျွန်နီတိုက လှလှလေးပြသွားတယ်။ ဆိုင်မွန်ယန်းရဲ့ ဇာတ်ကောင် ဘော့စ်က ကျွဲရိုင်းဘူးကို ဝရန်တာက ပစ်ချပြီး သူ့လူတွေကို ပစ်ဖို့အချက်ပြတယ်။ ဘူးမကျခင် တစ်ကောင်က ဘူးကိုကန်ချလိုက်တယ်။ ပြီးတော့နောက်တစ်ကောင်ကကန်တယ်။ နောက်ဆုံးအန်သိုနီဝေါင်ထပ်ကန်လိုက်လို့ ဘူးလေထဲပြန်မြောက်သွားတဲ့အချိန်မှာ စပစ်ကြတယ်။ ပစ်တာခတ်တာကတော့ အကြာကြီးလိုလိုပဲ။ ဟိုကောင်ကပစ်တာပြလိုက် ဒီကောင်ကပစ်တာပြလိုက်နဲ့ပဲ။ အကုန်လည်းသေပြီးရော ဘူးက ကြမ်းပေါ်ပြုတ်ကျတာကိုပြတယ်။ တကယ်တမ်း သူတို့ပစ်နေကြတဲ့အချိန်က စက္ကန့်ပိုင်းပဲရှိခဲ့တာကို ဂျွန်နီတိုက ဇာတ်ထဲရှိနေပြီးသား အရာကိုပဲသုံးပြီး လှလှပပကို ပြသွားခဲ့တယ်။ Exiled (2006) ဟာ ကြည့်လို့တော်တော်အရသာရှိတဲ့ ဂျွန်နီတိုရုပ်ရှင်တွေထဲမှာတောင် ကြည့်လို့တော်တော်အရသာရှိနေတဲ့ ရုပ်ရှင်ပဲ။ ခုကြည့်ပြီး ခုနောက်တစ်ခေါက်ပြန်ကြည့်ချင်လောက်အောင်ကို ကြည့်ရ အရသာရှိလွန်းခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 910MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 50Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2006 108 mins
Exiled
Migrant Harvester
The Slick Guy
5.7

တစ်ခါတုန်းကဘုရင်ကြီးတစ်ပါးဟာ ရောဂါအပြင်းအထန်ဖြစ်နေတဲ့အတွက် ရောဂါအားလုံးကိုပျောက်စေနိုင်တဲ့နတ်ဆေးလုံးဝူကော်ကို တော်ဝင်သမားတော်၂ယောက်ကိုရှာဖို့စေလွှတ်ခဲ့တယ်။ (၁၅)နှစ်ကြာမှ သမားတော်၂ယောက်ဟာပြန်ရောက်လာပြီ း ဝူကော်ဆေးလုံးဟာ ၂မျိုးရှိနေပါတယ်။ တစ်လုံးကတော့ ရောဂါအားလုံးကိုပျောက်စေနိုင်တဲ့နတ်ဆေးဖြစ်ပြီးတော့ နောက်တစ်လုံးကတော့ကုရာဆေးမရှိတဲ့ အဆိပ်ဆေးလုံးဖြစ်နေပါတယ်။ ဒီဆေးနှစ်လုံးကိုဘယ်သူမှမခွဲခြားနိုင်တော့ မင်းကြီးဟာစွန့်စားပြီး ဆေးကိုစမ်းသောက်ကြည့်ရာကနေပြီးတော့ အသက်ရှင်နေရက်လှုပ်မရတဲ့ ရှင်ရက်နဲ့သေတဲ့အဖြစ်ကိုရောက်သွားခဲ့ပါတယ်။ သမားတော်နှစ်ယောက်ဟာလဲ ပြစ်ဒဏ်ပေးခံလိုက်ရပါတယ်။ အဲဒီအချိန်ကစပြီး နတ်ဆေးလို့ယူဆရတဲ့ဝူကော်ဆေးလုံးက ပျောက်သွားခဲ့ပါတယ်။ နောက်(၁၅)နှစ်ကြာသွားတဲ့အချိန်မှာ နတ်ဆေးလုံးကို ပြန်ရှာဖို့ကြိုးစားကြတဲ့အခါ အတိတ်က ရန်ငြိုးတွေဟာ ပြန်အသက်ဝင်လာပါတော့တယ်။

Horror • Science Fiction
5.7 2024
The Slick Guy
Black Cab
4.2

Black Cab (2024) IMDb Rating (4.2) / Rotten Tomatoes (36%) ဒီတစ်ခေါက်ကတော့ Black Cab ဆိုတဲ့ ၂၀၂၄ ထွက် Horror ရုပ်ရှင် တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ရန်ဖြစ်ထားခါစ စုံတွဲတစ်တွဲဟာ ညစာစားပြီး တက္ကစီ နဲ့ ပြန်ရင်း တက္ကစီ ဆရာ ရဲ့ ပြန်ပေးဆွဲတာကို ခံလိုက်ရတာနဲ့ စ ထားပါတယ်။ စုံတွဲထဲက ကောင်မလေးဟာ ကိုယ်ဝန်သည် ဖြစ်နေပြီး သူတက္ကစီထဲ မဝင်ခင်မှာလည်း ကားနောက်ခန်းမှာ မိန်းမတစ်ယောက်ကို ဖြတ်ခနဲ မြင်လိုက်ရပါတယ်။ တက္ကစီသမားဟာ သူတို့ကို ဖမ်းခေါ်လာပြီး မေဘယ်ဟေး ဆိုတဲ့ နေရာကို သူတို့ကို ခေါ်သွားပါတယ်။ တက္ကစီသမားရဲ့ အကြံကဘာလဲ? ကားနောက်ခန်းမှာ ဖျက်ခနဲ မြင်လိုက်ရတဲ့ မိန်းမ ကရောဘယ်သူလဲ? သူတို့ကိုမှ ဘာလို့ ပြန်ပေးဆွဲရတာလဲ? ဆိုတဲ့ မေးခွန်းတွေနဲ့အတူ စိတ်ဝင်စားစွာ ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။) File size…(1.3 GB) / (640 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:27:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Marco

Comedy • Action • Romance
4.2 2024 88 mins
Black Cab
Jee Ve Sohneya Jee
6.6

Jee Ve Sohneya Jee (2024) ရှင်သန်နေထိုင်လိုက်ပါ အချစ် IMDb 6.6/10 အလီပါဗစ်ဇ်က ကမ္ဘာအနှံ့ခြေဆန့်လို့ သူ့ဆိုင်ကယ်လေးနဲ့ ဦးတည်ရာမရှိ ခရီးသွားချင်သူ ပါကစ္စတန်သား တစ်ဦးပါသူတစ်ခါခရီးထွက်ရင် လနဲ့ချီကြာလို့ မိသားစုနဲ့ပါ အဆက်အသွယ်ဖြတ်တတ်ပါတယ် တစ်နေ့တော့သူ့အိမ်က ဖုန်းဝင်လာလို့ ကိုင်လိုက်ချိန်မှာ သူ့အမေရဲ့စကားတစ်ခွန်းက သူ့ဘဝကိုအလှည့်အပြောင်း ဖြစ်စေလာပါတော့တယ် အဲဒါကတော့ သူတို့မိသားစုပိုင်စက်ရုံ မီးလောင်သွားဝာာပါ ပြာကလွဲလို့ဘာမှမရှိတော့တဲ့အခါ ပြန်လည်နလံထူဖို့ ခက်ခဲခဲ့ပါတော့တယ် အဲဒီလိုကြပ်တည်းနေချိန်မှာ သူ့ဖခင်ရဲ့စီးပွားရေး ပါတနာက သူ့သမီးလေးနဲ့ အလီပါဗစ်ဇ်ကို စေ့စပ်ပေးပြီးတော့ သူတို့စီးပွားရေးကိုလည်း ပြန်လည်ကူညီပေးခဲ့ပါတယ် အလီပါဗစ်ဇ်ကိုလည်း စေ့စပ်ပွဲပြီးရင် လန်ဒန်မှာကိုယ့်ဘာသာရပ်တည်နိုင်ဖို့ ကူညီပေးခဲ့ပြန်ပါတယ် ဒီလိုနဲ့ delivery သမားဘဝနဲ့ရုန်းကန်ဖို့ လန်ဒန်ကို ထွက်လာခဲ့ပါတော့တယ် အဲဒီအချိန် အလီပါဗစ်ဇ်နဲ့မယ်ဟာတို့နှစ်ဦး တွေ့ဖို့အကြောင်းဖန်လာပါတယ် မယ်ဟာက ပညာသင်ဆုရ ကျောင်းသူလေးတစ်ဦးဖြစ်သလို ကင်မရာတစ်လုံးနဲ့ တစ်ကိုယ်တည်း ခရီးသွားရတာ ကြိုက်နှစ်သက်သူ အိန္ဒိယသူလေးပေါ့ သူငယ်ချင်း‌တွေကြားထဲလည်း သူ့ကို ဟစ်ပီလို့ခေါ်ရတဲ့အထိ တစ်ကိုယ်တော်စွန့်စားချင်သူလေးပါ သူ့ဘဝမှာ စာအုပ်ရယ် ဂီတရယ် ခရီးထွက်ဖို့ဝါသနာအပြင်ကလွဲရင် တခြားစိတ်ဝင်စားမှု မရှိပါဘူး မိဘကအိမ်ထောင်ချပေးဖို့ စီစဉ်နေတာမို့လည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး အိမ်နဲ့အမြဲရန်ဖြစ်နေတုန်းပါ လူမျိုးဘာသာတွေမတူတဲ့အပြင် ဘဝအခြေအနေတွေပါ မတူကွဲပြားနေတဲ့သူတို့နှစ်ယောက် ဘယ်လိုဆုံစည်းလို့ ဘယ်လိုရှေ့ဆက်မှာလဲ သူတို့ရဲ့ဘဝအသီးသီးကရော ဘယ်လိုဆက်ဖြစ်မလဲ နိုင်ငံခြားတိုင်းပြည်မှာ ရုန်းကန်လှုပ်ရှားရတဲ့ဘဝကရော ဘယ်လိုဖြစ်မလဲ ဒါတွေကိုသိမြင်ခံစားရဖို့ ဒီဒရမ်မာလေးကို အတူစီးမြောကြည့်ရှုကြရအောင်ပါ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

6.6 2024 141 mins
Jee Ve Sohneya Jee
Kabuliwala
5.5

Kabuliwala (2024)”ကာဘူလီဝါလာ” ============================= အိန္ဒိယ ဂန္ထဝင်ကဗျာဆရာ၊ စာရေးဆရာကြီး ရာဘင်ဒြာနတ်တဂိုးရေးသားခဲ့တဲ့ ဝတ္ထုတိုကို ပြန်လည်အသက်သွင်းထားတဲ့ ဟင်ဒီစကားပြော ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းကိုပဲ ၁၉၆၁ ခုနှစ်တုန်းကလည်း ရုပ်ရှင်တစ်ခုထွက်ရှိခဲ့ပြီး အခုရုပ်ရှင်ကတော့ ၁၉၆၁ ခုနှစ်ရုပ်ရှင်ရဲ့ Remake ဖြစ်ကာ မင်းသားကြီး မီသွန်းချာကရာဘော်တီက ကာဘူလီဝါလာနေရာကနေ သရုပ်ဆောင်ပါဝင်ထားပါတယ်။ ရုပ်ရှင်နာမည်ဖြစ်တဲ့ ကာဘူလီဝါလာဆိုတာကတော့ အဝေးကြီးကနေ အိန္ဒိယကို အလုပ်လာလုပ်ကြတဲ့ အာဖဂန်နွယ်ဖွားတွေကို အိန္ဒိယကလူတွေခေါ်ကြတဲ့နာမည်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၆၀ ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားတာပါ။ အာဖဂန်နစ္စတန် နယ်စပ်မှာတည်ရှိပြီး ရွှံ့နဲ့လုပ်ထားတဲ့အိမ်လေးတွေရှိတဲ့ ရွာလေးတစ်ရွာမှာ ရာမတ်နဲ့ ရာဇီယာဆိုတဲ့သားအဖနှစ်ယောက်ရှိပါတယ်။ ရာဇီယာလေးဟာ ရာမတ်တို့ဇနီးမောင်နှံ အသက်ကြီးမှရတဲ့ သမီးဦးလေးဖြစ်ပြီး ရာမတ်ရဲ့ဇနီးကတော့ ဆုံးပါးသွားခဲ့ပါပြီ။ သူတို့ရွာလေးဟာ ကန္တာရထဲမှာရှိတဲ့ နယ်စပ်ရွာလေးဖြစ်တဲ့အတွက် အစာရေစာရှားပါးပြီး အသက်ရှင်ရပ်တည်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အဲဒီလိုနဲ့ ရပ်တည်ဖို့ကြိုးစားရင်း အကြွေးတွေတင်လာတဲ့အတွက် ရာမတ်ဟာ သူ့သမီးလေးကို အဘွားဖြစ်သူနဲ့ထားခဲ့ကာ ကာလကတ္တားကို အလုပ်သွားလုပ်ဖို့ဖြစ်လာပါတယ်။ အသက်ရှင်ရပ်တည်ရေးအတွက် သမီးလေးနဲ့ မိုင်ထောင်ချီအဝေးမှာ အလုပ်လုပ်နေရတဲ့ရာမတ်ဟာ သူ့သမီးလေးနဲ့တူတဲ့ မီနီဆိုတဲ့ကလေးမလေးနဲ့ သားအဖသံယောဇဉ်ဖြစ်လာပုံကို လွမ်းစရာကောင်းအောင်၊ ရင်နင့်စရာကောင်းအောင် ပုံဖော်ပြထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Western • Action • Drama • Romance • Thriller
5.5 2024 101 mins
Kabuliwala