YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

2.Good.2.Be.True.2022.EP19.WEB-DL720P(CM).mp4

239.4 MB N/A video/mp4 198 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Whale
8

ဖြစ်စေချင်ဝာာကတော့ ဘာမှဆက်ဖတ်မနေပါနဲ့။ ဒီတိုင်းသာ ကောက်ကြည့်လိုက်ပါ။ ပေါင်၆၀၀လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ "ဝေလငါး ( သို့ ) ဝမ်းနည်းခြင်းအက်ဆေး" ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်လို့ စကားဦးပျိုးလိုက်ရင် မှန်ပါ့မလား။ ဟင့်အင်း... မမှန်တာ သေချာတယ်။ ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်ထင်ရပေမဲ့ တကယ်တမ်းကျ လူဝကြီးက ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ လူဝကြီးအကြောင်းပြောပြရရင် လူဝကြီးက အလေးချိန် ပေါင်၆၀၀ရှိတယ်။ ဇနီးဟောင်းတစ်ယောက်၊ သမီးတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ရှိတယ်။ လူဝကြီးမှာ ကောင်လေးတစ်ယောက်ရှိခဲ့ပေမဲ့ အခုတော့ မရှိတော့ဘူး။ လူဝကြီးစကားအရတော့ အဲဒါကြောင့်ပဲ သူ့ကိုယ်အလေးချိန် တက်လာခဲ့တယ်တဲ့။ လူဝကြီးရဲ့ အ၀လွန်နေတဲ့ကိုယ်ပေါ်မှာ ဖက်ခွက်နာ၊ ပြည်တည်နာ၊ အဆီကျိတ်၊ အသားဆွေး အရေပြားရောဂါမျိုးစုံ ကျက်စားနေကြတယ်။ လူဝကြီးအကြောင်းဆက်မပြောခင် ကျွန်တော် လူဝကြီး အကြိုက်ဆုံး အက်ဆေးတစ်ပုဒ်ကို အရင်ပြချင်တယ်။ " မိုဗီဒစ်ဆိုတဲ့စာအုပ်မှာ စာရေးဆရာက ပင်လယ်ပြင်က သူ့အတွေ့အကြုံတွေကို ပြန်ပြောင်းပြောပြထားတယ်။ ဒီစာအုပ်ဟာ စာရေးဆရာနဲ့ သူ့သူငယ်ချင်းတို့ရဲ့ ကပ္ပတိန်အာဟတ်လို့ခေါ်တဲ့ ခြေထောက်တစ်ဖက်မရှိတဲ့ ပင်လယ်ဓားပြနဲ့အတူ ဝေလငါးဖမ်းထွက်တဲ့အကြောင်းပေါ့။ အာဟတ်ရဲ့ ဘဝပန်းတိုင်က ဝေလငါးကြီးကို သတ်ဖို့ပဲ။ ဒီအဖြစ်က ဝမ်းတော့ဝမ်းနည်းစရာပဲ။ အာဟတ်က သူ့ကို ဘယ်လောက်တောင် သတ်ချင်နေလဲ အဟိတ်တိရိစ္ဆာန် ဝေလငါးကြီးမှ မသိရှာပဲလေ။ သနားစရာသတ္တဝါကြီးပါပဲ။ တကယ်တမ်းဆို အာဟတ်လည်း သနားစရာကောင်းပြန်တာပါပဲ။ ဝေလငါးကြီးကို သတ်လိုက်နိုင်ရင် သူ့ဘဝကြီး အဓိပ္ပာယ်ရှိသွားမယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေခဲ့တာကိုး။ တကယ်တမ်းကျ ဘာတစ်ခုမှ ထူးခြားသွားမှာမဟုတ်ဘူး။ အင်မတန်ဝမ်းနည်းဖို့ကောင်းတဲ့စာအုပ်ပေါ့။ ဇာတ်ကောင်တွေဟာလည်း အင်မတန် သနားစရာကောင်းတယ်။ ဝမ်းနည်းစရာအကောင်းဆုံးဇာတ်ဝင်ခန်းကတော့ ဝေလငါးကြီး ဘယ်လိုဘယ်ပုံပါလို့ ပုံဖော်ထားတာကလွဲ ဘာမှမပါတဲ့ ပျင်းစရာဇာတ်ဝင်ခန်းတွေပေါ့။ စာရေးဆရာဟာ စာဖတ်သူ ရှေ့မှာကြုံလာရမယ့် သူပြောပြမယ့် ဝမ်းနည်းစရာဇာတ်လမ်းကနေ ခဏလောက်ဖြစ်ဖြစ် ဆိုင်းငံ့ပေးဖို့ ကြိုးစားနေတာကို သိနှင့်နေခဲ့တာကိုး " လူဝကြီးဟာ ဒီအက်ဆေးကို သိပ်ကြိုက်တယ်။ သေတော့မလိုလိုဖြစ်တဲ့ အချိန်တိုင်းမှာ လူဝကြီးနောက်ဆုံးတောင်းဆိုတာက ဒီအက်ဆေးကို ဖတ်ပြပေးဖို့ပဲ။ ဒီအက်ဆေးကို ခင်ဗျားသေချာဖတ်ကြည့်ပြီးပြီဆို လူဝကြီး ဒီအက်ဆေးကို ဘာလို့ကြိုက်လဲ ခင်ဗျားနားလည်လောက်ပြီ။ လူဝကြီးပြောခဲ့တဲ့ စကားတွေထဲ တော်တော်လှတဲ့ စကားတစ်ခွန်းရှိတယ်။ " လူတွေဟာ လူတွေကို ဂရုမစိုက်ဘဲ မနေနိင်ပါဘူး "တဲ့။ လူဝကြီးသိပ်ကြိုက်တဲ့ အက်ဆေးမှာ ရေးသူဟာ မိုဗီဒစ်အကြောင်းပြောပြတယ်။ ဒါပေမဲ့ သူ့ပြောပြပုံက စာရေးဆရာအပါအဝင် မိုဗီဒစ်ထဲက ဇာတ်ကောင်တိုင်းကို နားလည်ပေး ဂရုစိုက်ပေးနေတဲ့ ပြောပြပုံမျိုး။ ဒီအက်ဆေးကို ဘယ်သူရေးလဲဆိုတဲ့ အချက်ကို ဖယ်ထားလိုက်ရင်တောင် ဒီအက်ဆေးဟာ သိပ်ချစ်စရာကောင်းနေတယ်။ ဒီလိုနဲ့ပဲ ပေါင်၅၈၀လုံး ချစ်ခြင်းတွေနဲ့ ပြည့်နေတဲ့ လူဝကြီးဟာ ဒီအက်ဆေးကို သိပ်ချစ်ခဲ့တယ်။ လူဝကြီးဟာ အင်္ဂလိပ်စာဆရာဖြစ်တယ်။ လူဝကြီးဟာ အင်္ဂလိပ်စာကိုချစ်တယ်။ ဘာသာစကားတစ်ခုကိုချစ်ရင် အရေးအသားကိုလည်းချစ်ရမှာပေါ့။ ဒီတော့ လူဝကြီးဟာ အက်ဆေးတွေကို ချစ်တယ်။ လူဝကြီးဟာ စကားလုံးတွေကို ချစ်တယ်။ လူဝကြီးဟာ အက်ဆေးနဲ့ အသက်မွေးတယ်။ အက်ဆေးနဲ့ ပတ်သက်ပြီး လူဝကြီးရဲ့ ခံယူချက်ကရှင်းတယ်။ " ဒီအဆိုင်းမန့်လည်း အရေးမကြီးဘူး။ ဒီသင်ခန်းစာလည်း အရေးမကြီးဘူး။ အရေးကြီးတာက မင်းတို့ရေးတဲ့ စာတွေရိုးရိုးသားသားနဲ့လှနေဖို့ပဲ " တဲ့။ တော်တော်သဘောကျဖို့ကောင်းတဲ့ စကားပဲ။ ဘယ်စာမျိုးမှာမဆို စကားလုံးထက် ရိုးသားမှုက ပိုအရေးကြီးတယ်မလား။ ဒါပေမဲ့ ရိုးသားဖို့က အခက်ဆုံးပဲ။ လူဝကြီးကိုယ်တိုင်တောင် အမြဲမရိုးသားနိုင်ခဲ့ဘူး။ လူဝကြီးရဲ့ သမီးလေးကတော့ သိပ်ရိုးသားတယ်လို့ပြောရမလား သိပ်ရက်စက်တယ်လို့ပြောရမလား။ လူဝကြီးရဲ့ သမီးလေးဟာ လူဝကြီးပုံကိုရိုက်ပြီး " ငရဲမှာ သူ့ကိုမီးရှိ့တဲ့အချိန်ကျရင် ဝက်ဆီတွေထွက်လာလိမ့်မယ် "လို့ တင်လိုက်တယ်။ ဒီပို့စ်ကို လူဝကြီးက " ငါ့သမီးက စာအရေးအသားကောင်းချက် "လို့ တုံ့ပြန်တယ်။ လူဝကြီးဟာ သူမသေခင်မှန်တာတစ်ခုခုတော့ လုပ်သွားချင်ခဲ့တယ်။ သူ့သမီးကို " လူတွေက သူ့ကို ဂရုစိုက်ပြီး သူက လူတွေကို ဂရုစိုက်မယ့် "အရပ်မှာ နေစေချင်ခဲ့ခြင်းနဲ့ပေါ့။ ဒီလိုနဲ့ လူဝကြီးဟာ ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ ရှောင်လွှဲလို့မရနိုင်တဲ့အရာတွေထဲ မလိုချင်တဲ့ဇာတ်ဝင်ခန်းတွေ, ရက်စက်တဲ့ဇာတ်သိမ်းတွေ ပါကောင်းပါနေပါလိမ့်မယ်။ လူဝကြီးသိပ်ကြိုက်တဲ့ အက်ဆေးထဲကလို ပြန်ပြောင်းပြောပြသူဟာ လာမယ့်ရက်စက်ခြင်းတွေကနေ ကယ်တင်ပေးချင်လည်းပဲ တစ်ကွေ့ကွေ့မှာတော့ တည့်တည့်ကို လာမှန်တာပါပဲ။ The Whale ဟာ သိပ်ရက်စက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပေးပြီး သိပ်လှတဲ့ ဇာတ်ဝင်ခန်းတွေ ပေါင်းထည့်ပေးသွားတယ်။ ဒါပေမဲ့လည်း ဒီရုပ်ရှင်ဟာ ပေါင်၆၀၀ လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ မှတ်မိသလောက်ဆို ဒီကားလောက် မျက်ရည်ကျအောင်လုပ်နိုင်တဲ့ ရုပ်ရှင် မရှိခဲ့ဖူးပါဘူး။ ဒီမျက်ရည်ဟာ ဝမ်းသာခြင်းလား ဝမ်းနည်းခြင်းလားတော့ အခုထက်ထိလည်း မသည်းကွဲသေးပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 930MB Quality - 1080p, 720p IMDb Rating - 7.9/10 Format - mp4 Duration - 1H 57Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Family
8 2022 116 mins
The Whale
DJ: Duvvada Jagannadham
6.1

အခုတစ်ခါ တင်ဆက်ပေးမယ့်ကားလေးကတော့ စတိုင်ကျတဲ့ မင်းသားချောလေး အက်လူးအရ်ဂျွန်ရဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် မင်းသမီးအနေနဲ့ကလည်း ဆွဲဆောင်မှုအပြည့်ရှိပြီး ချစ်စရာမျက်နှာလေးနဲ့ ပူဂျားဟစ်ဂဒေလေးဆိုတော့ မိုက်ပြီပေါ့နော်... ဇာတ်လမ်းကိုပြောရမယ်ဆိုရင် မင်းသားက ငယ်ငယ်လေးကတည်းက မတရားမှုမြင်ရင် လက်ပိုက်ကြည့်မနေနိုင်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး ရာဇဝတ်သားကို တွေ့တိုင်း သတ်ပစ်ချင်လောက်အောင် မုန်းတီးနေတဲ့သူ ဖြစ်ပါတယ်... သူ့ အဖိုးရဲ့ပြောစကားကို မှတ်သားထားပြီး ဤကမ္ဘာမြေပေါ်ကနေ ရာဇဝတ်သားရှင်းလင်းရေးစစ်ဆင်ရေးကို ရဲအရာရှိတစ်ယောက်နဲ့ပူးပေါင်းပြီး လျှို့ဝှက်လုပ်ဆောင်ခဲ့ပါတယ်... ဒီစစ်ဆင်ရေးမှာ သားကောင်ဖြစ်ရတဲ့ ရာဇဝတ်သားတွေကတော့ အသက်ရှင်လမ်းမရှိဘူးပေါ့... မိသားစုက ဧည့်ခံကျွေးမွေးရေးလုပ်ငန်းလုပ်တော့ လူတွေအမြင်မှာ သူဟာ ပုဏ္ဍားမျိုးရိုးတစ်ယောက်ဖြစ်ပြီး အရမ်းကိုအပြစ်ကင်းစင်တဲ့ လူသားတစ်ယောက်ပေါ့နော်... ဒီလိုနဲ့ လူထောင်ချီရဲ့ငွေတွေကို လိမ်လည်အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်နဲ့ ငြိစွန်းလာခဲ့တယ်... ဟိုကလည်း ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့လူစားမျိုး သူ့လမ်းမှာနှောင့်ယှက်လာတဲ့လူမှန်သမျှကို အပြတ်ရှင်းပစ်တဲ့ လူစားမျိုး... ကဲ..သူတို့နှစ်ဦးထိပ်တိုက်တွေ့လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ....။ File size…2.8GB / 1.5GB Quality…1080p WEB DL /720p Format…mp4 Duration….2h 32mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Action • Adventure • Drama • Thriller
6.1 2017 160 mins
DJ: Duvvada Jagannadham
Rise of the Teenage Mutant Ninja Turtles: The Movie
7.3

Rotten tomatoes 78% Metacritic 6.2/10 ဒါကတော့ အားလုံးသိကြတဲ့ TMNT ရဲ့နောက်ဆုံးထွက်လာတဲ့Animation ရုပ်ရှင်ပါ။ 2018 ကထွက်ရှိလာတဲ့ ပြန်ဆန်းသစ်ထားတဲ့ Nickelodeon tv series ရဲ့အဆက်ပါ။ လိပ်နင်ဂျာညီအစ်ကိုလေးဦးတို့ Shredder ကိုနှိမ်နင်းပြီး နှစ်နှစ်အကြာမှာ အနာဂတ်ကပြန်ရောက်လာတဲ့ Casay Jonesနဲ့ပူပေါင်းပြီး အစွမ်းထက်လှတဲ့ ဂြိုလ်သားKrangတွေကို တားဆီးဖို့ကြိုးစားကြပါတယ်။ ဒီ Rise of the Teenage Mutant Ninja Turtles ကတော့ Family dynamicတွေနဲ့တချို့ Character တွေကို ပုံစံတစ်မျိုးနဲ့ပြန်ဖန်တီးထားပါတယ်။ ဥပမာ ဒီVersion မှာLeo ကအကြီးဆုံးမဟုတ်တော့ဘဲ Ralph ကအကြီးဆုံးဖြစ်နေပါတယ်။ ဒါပေမယ့် Animation style ကပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းပြီး Action sequence တွေကလည်း တော်တော်မိုက်ပါတယ်။လိပ်နင်ဂျာ ညီအစ်ကိုတွေကြားက ဆက်ဆံရေးကလည်း စိတ်၀င်စားစရာပါပဲ။ File size…1.6GB / 855MB Quality…1080p WEB DL AAC5.1CH / 720p  Format…mp4 Duration….1h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by SP

Action • Crime • Thriller
7.3 2022 86 mins
Rise of the Teenage Mutant Ninja Turtles: The Movie
Moonfall
6.4

ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ‌ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။ လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ‌ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ နောက် လက သူ့ဂြိုလ်ပတ်လမ်းကနေ ချော်နေတာကို နာဆာကို သတိပေးဖို့လုပ်ပေမဲ့ နာဆာက နားမထောင်ခဲ့ပါဘူး။ ဒီလိုနဲ့ လကြီး ကမ္ဘာပေါ် ပြိုကျဖို့ မှန်းခြေ၃ပတ်ပဲလိုတော့တဲ့ အချိန်ကိုရောက်လာပါတယ်။ ဇာတ်လမ်းက ဒီလောက်တင်ပဲမဟုတ်ပါဘူး။ လကြွေကျတာအပြင် အများကြီးပိုရှုပ်ထွေးတဲ့ အ‌ကြောင်းအရာအလန်းတွေပါပါသေးတယ်။ မြင်သာအောင်ပြောရရင် ကောင်းခြင်းမကောင်းခြင်းကို ဖယ်ပြီး ဇာတ်လမ်းအကျယ်ကိုပဲ ပြောရရင် Don't look up သုံးဆလောက်ကျယ်ပါတယ်။ အက်ရှင်ခန်းတွေလည်းပါတာမို့ ကြည့်ကောင်းတဲ့ရုပ်ရှင်လို့ ဆိုလို့ရပါလိမ့်မယ်။ Conjuring ကားတွေရဲ့မင်းသား Patrick Wilson, နာမည်ကျော်မင်းသမီးဖြစ်တဲ့ Halle Berry, GoT က Samwell Tarly အဖြစ်သရုပ်‌ဆောင်ခဲ့တဲ့ John Bradley တို့က အဓိကသရုပ်ဆောင်ထားပြီး တရုတ်မလှလှလေး Kelly Yu လည်းပါ၀င်ထားပါတယ်။ သိပ္ပံသီအိုရီတစ်ချို့နဲ့ သိပ္ပံယုံတမ်းစကားတစ်ချို့ကို သိရမယ့်အပြင် စိတ်နယ်လွန်အကြောင်းအရာ အဆန်းကြီးတွေပါ အများကြီးပါဦးမှာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ပေါ့ဗျာ... (ဇာတ်ကားကို Jim X နဲ့ 666 တို့မှ ပြန်ဆိုပေးထားပါတယ်) Size - 2.01GB, 1GB, 600MB Quality - Blu-ray 1080p, 720p, 480p IMDb Rating - 5.3/10 Format - mp4 Duration - 2H 10Min Genre - Action, Adventure, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Jim X & 666 Encoded by Y

Drama
6.4 2022 130 mins
Moonfall
tick, tick... BOOM!
7.7

စပိုက်ဒါမန်းနိုးဝေးဟုမ်းမှာ မပါပါဘူးဆိုတဲ့ လူလိင်ကြီး အန်ဒရုး ဂါဖီးရဲ့ Musical ရုပ်ရှင်အသစ်ထွက်ပါပြီ။ တိုနီဆုရှင် ပူလစ်ဇာဆုရှင် အမေရိကန် တေးရေးဆရာ ဂျိုနသန်လာဆန်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူး ထားတာဖြစ်ပါတယ်။ အန်ဒရူးရဲ့ အော်စကာနဲ့တောင်တန်တဲ့ သရုပ်ဆောင်ချက်တွေကို ထပ်ပြီးတွေ့ရဦးမှာပါပဲ။ ဇာတ်လမ်းအကျဉ်း ဂျိုနသန်ဟာ အသက်သုံးဆယ်ပြည့်တော့မှာဖြစ်ပြီး နာမည်ကျော် ပြဇာတ်ဂီတတေးရေးဆရာဖြစ်ဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ဆီမှာ နာမည်ကြီး ပရိုဂျူဆာ ဒါရိုက်တာများစွာရဲ့ ငြင်းပယ်စာတွေလည်း ရှိပြီးနေပါပြီ။ သူ ရှစ်နှစ်တိတိအချိန်ယူရေးသားထားတဲ့ ပြဇာတ်သီချင်းနဲ့ ဘရော့ဝေးပြဇာတ်ရုံမှာ ဖျော်ဖြေခွင့်ရဖို့ ကြိုးစားနေဆဲပါပဲ။ ဒါပေမဲ့ သူ့မှာ မီတာခ နဲ့ စားစရာတောင် အနိုင်နိုင်ဖြစ်နေပါပြီ။ ချမ်းသာတာဆိုလို့ သူငယ်ချင်းကောင်းတစ်ယောက်နဲ့ ချစ်သူတစ်ယောက်ပဲ ကျန်ပါတော့တယ်။ ဒီလိုအခြေအနေကနေ သူ့အိပ်မက်တွေကို မလျှော့တမ်းဘယ်လိုကြိုးစားသွားမလဲ ဆိုတာကို သီချင်းလှလှ သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ တန်ဆာဆင်ထားတာပဲဖြစ်ပါတယ်။ ဒီနှစ်အတွက် Musical ကောင်းကောင်းလေး ငတ်နေတဲ့လူတွေတော့ အဝကို ခံစားကြည့်ရှုလို့ရပါပြီ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။ ) File Size - (1.16 GB ) Quality – WebDL 1080p, 720p Duration - 1hrs 55min Subtitle – Myanmar Hardsub Format – MP4 Genre : Biography, Drama, Musical Translator – CM Team Encoder – San Win Maung

Action & Adventure • Drama • Mystery
7.7 2021 120 mins
tick, tick... BOOM!
Ingrid Goes West
6.4

Ingrid Goes West(2017) ဇာတ်ကားလေးကတော့Social Media တွေမှာဖြစ်တတ်တဲ့ သဘောသဘာဝလေးတွေကို ဟာသနှောပြီး ရိုက်ပြထားတာပါ။ လေ့လာချက်တွေအရ Social Media တွေကြောင့် လူတွေက မနာလိုစိတ်တွေ စိတ်ဖိစီးမှုတွေ စိတ်ကျရောဂါတွေ ပိုခံစားလာရပါတယ်တဲ့။ သင်ကိုယ်တိုင်ရော အဲ့လိုတွေခံစားနေရရင်တော့ ဒီကားလေးကိုကြည့်ကြည့်ပါ။ လက်တွေ့ဘဝနဲ့ ကွာဟမှုတွေ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုတွေ စွဲလမ်းမှုတွေ ကို ဒီကားထဲမှာကောင်းကောင်းကြီး ပြသထားနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အင်ဂရစ်ဆိုတဲ့ကောင်မလေးက အမေသေသွားပြီးနောက်ပိုင်း အင်စတာဂရမ်ကိုသာအဖော်ပြုနေခဲ့ရတာပါ။ ကြာလာတော့ အပေါင်းအသင်းမရှိပဲ အကုန်လုံးနဲ့ကင်းကွာသွားချိန်မှာ အမေ့အမွေ ဒေါ်လာ ၆သောင်းကျော်ကို ရလိုက်ပါတော့တယ်။ အဲ့အချိန်မှာ ဘဝအသစ်ကိုစတင်တော့မယ်ဆိုပြီး LA ကိုထွက်လာပါတော့တယ်။ အင်စတာဂရမ်ထဲက နာမည်ကြီးcele တွေလို စိတ်တိုင်းကျနေထိုင်ခွင့်သူ့မှာရှိလာတဲ့အခါ ဘာဆက်ဖြစ်မလဲ ဆိုတာကတော့စိတ်ဝင်စားစရာပါ။ ကြည့်ပြီး တစ်ခုခုတော့မှတ်သားစရာရသွားမှာပါ။ Rating တွေအနေနဲ့ကတော့ Imdb 6.9/10 Rotten Tomatoes 86ရရှိထားတာမို့ကားကောင်းလေးပါလို့ပဲ ညွှန်းလိုက်ပါတော့တယ် (ဘာသာပြန်သူကတော့ အေးမွန်ကျော်ပါ) File Size : (750 MB) and (340 MB) Quality : Blu-Ray 720p Running Time : 1hr 38min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Thanhtike Zaw

Comedy • Drama
6.4 2017 97 mins
Ingrid Goes West
Saathiya
6.8

IMDb rating – 6.8/10 မင်းသား Vivekနဲ့ မင်းသမီးRani Mukerjiတို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားရှရွတ်ခန်ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ဇာတ်လမ်းကောင်းတပုဒ်ပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက် တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ အာဒီတီနဲ့ ဆူဟာနီတို့ရဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်… သူတို့နှစ်ယောက်ဟာ လူငယ်သဘာဝချစ်ကြိုက်မိကြပြီး မိဘချင်းသဘောမတူတဲ့ကြားက လူကြီးတွေမသိအောင် ခိုးပြီးလက်ထပ်ထားကြပါတယ်… အဲ့ဒီလက်ထပ်ပွဲအကြောင်းကို မိဘတွေသိသွားတဲ့အခါ ဘာတွေဖြစ်လာမလဲ… အချစ်စိတ်နဲ့လက်ထပ်ခဲ့ကြတဲ့လူငယ်တွေ လောကဓံတရားနဲ့ ကြုံတွေ့ရတဲ့အခါ ခံနိုင်ရည်ရှိပါ့မလား …ဘာတွေဆက်ဖြစ်လာကြမလဲဆိုတာ ဒီကားလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုပေးပါဦးရှင်

Comedy • Romance
6.8 2002 143 mins
Saathiya
The Silent Forest
5.3

The Silent Forest (2022) ဒီကားရဲ့ Genre က Crime, Drama, History, Mystery, Thriller ပါတဲ့။ ဒီ Genreနဲ့လိုက်အောင်ပဲ ဒီအချက်တွေ အားလုံး ဒီကားမှာပြည့်စုံတယ်ပြောရမယ်။ စစချင်း ခင်ဗျားကို ဒီကားက တောတွင်းတစ်နေရာမှာ ဘာတွေဖြစ်နေလဲမသိတဲ့ သစ်တောဝန်ထမ်းမလေးနဲ့ သစ်တောထဲက လူရဲ့အဖြစ်ကို Mystery ဆန်ဆန်ပြလိမ့်မယ်။ ဒီနောက် ဒီကိစ္စတွေကို Crime ဆန်ဆန် ကောင်မလေးငယ်ငယ်က ဒီတောမှာ ပျောက်သွားတဲ့ ကောင်မလေးအဖေဘာဖြစ်သွားလဲ ကောင်မလေး ခြေရာခံတာတွေလာလိမ့်မယ်။ နောက် မြို့ခံလူတွေကြားက Drama တွေနဲ့ ကောင်မလေးကို ဒီအဖြစ်ရဲ့အဖြေကို မရှာဖြစ်အောင် တားတာတွေက Thriller ဆန်လာမယ်။ နောက်ဆုံးမှာ ဒီကားရဲ့အဖြေကို History ထဲက ဂျာမန်အကျဉ်းစခန်းတစ်ခုနဲ့ ဆက်စပ်ပြီး ပြသွားတယ်။ သူတင်ပြထားတဲ့ အကြောင်းအရာလေးက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသလို ကားအစအဆုံး သစ်တောကြီးတစ်ခုထဲ ဘာတွေဖြစ်နေလဲ ရင်တမမနဲ့ ကြည့်ရမယ့် ရသစုံကားလေးပါပဲ။ အမှန်ပြောရရင် ဒီဇာတ်လမ်းက သူ့နောက်က သမိုင်းကိုပါ ထည့်ပြောပြရင် တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသွားမှာပါ။ ဒါပေမဲ့ Thriller ကားတစ်ကားရဲ့သော့ချက်ကိုက ဘာဆက်ဖြစ်မလဲ စိတ်ဝင်စားအောင်လုပ်နိုင်ခြင်း (ဝါ) အဖြေကို သိချင်လာအောင်လုပ်နိုင်ခြင်းဖြစ်နေတော့ ဒီသမိုင်းကို ပြောပြလို့တော့ အဆင်မပြေပါဘူး။ ကြည့်ကြည့်ကြပါ… ကြည့်လို့တန်တဲ့ ကားကောင်းလေးပါပဲ။ သို့လောသို့လောဖြစ်နေရင်း တစ်ကားလုံးကို ထိုင်ရာမထ ကြည့်မိအောင် ဆွဲဆောင်နိုင်တဲ့ Thriller ကားဆိုတာတော့ အာမခံလို့ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 740MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 40Min Genre – Crime, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Romance • Drama
5.3 2022
The Silent Forest
Field of Dreams
7.5

Field of dreams ဟာ 1989 ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Sport/ Fantasy drama film ဖြစ်ပြီး IMDB rating 7.5၊ Rotten tomatoes 88% ထိရရှိထားပါတယ်။ ဒါရိုက်တာ Phil Alden Robinson ရဲ့ လက်ရာဖြစ်ပြီး Kevin Costner က ရေးလ်ကင်ဆယ်လာအဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားပါတယ် ရေးလ်ဟာ အမျိုးသမီးဖြစ်သူအန်နီနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အိုင်အိုဝါကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် အန်နီရဲ့ အကြံအရ သူတို့နှစ်ဦးဟာ ပြောင်းဖူးခင်းတစ်ခင်း ဝယ်ခဲ့ပါတယ် ညနေခင်းတစ်ခုမှာ ရေးလ်ဟာ ထိုပြောင်းခင်းထဲမှ “မင်းအဲဒါကိုဆောက်ရင် သူလာလိမ့်မယ်”ဆိုတဲ့ ထူးဆန်းတဲ့အသံကို ကြားခဲ့ပါတယ် ရေးလ်က ဒီအသံဟာ သူ့ကို ဘေ့‌စ်ဘောကွင်းဆောက်ဖို့ ပြောတာလို့ အခိုင်အမာ ယုံကြည်ခဲ့ပြီး လက်တွေ့အကောင်အထည် ဖော်ပါတော့တယ် ၁၉၁၉ခုနှစ် ကမ္ဘာအဆင့် ဘေ့စ်ဘောပြိုင်ပွဲမှာ တမင်အရှုံးပေးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ခြေဗလာဂျိုးဂျက်ဆန်နဲ့ တခြားကစားသမားရှစ်ယောက်ဟာ ထိုကွင်းဆောက်ပြီးချိန်မှာ ရောက်လာပါတော့တယ် ဒီ‌ဘေ့စ်ဘောကွင်းကြီးဟာ သူတို့တွေ လူ့ဘဝတုန်းက မဖြစ်မြောက်ခဲ့ရတဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးနိုင်မလား ရေးလ်ကရော ပြောင်းခင်းထဲကနေ အသံတွေထပ်ကြားရဦးမှာလား ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…(2.1 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Melody

Drama
7.5 1989
Field of Dreams
Moonwalkers
6.1

၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ လူသားသမိုင်း တစ်လျှောက်အကြီးမားဆုံး အောင်မြင်မှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။အဲ့ဒါကတော့ အမေရိကန်နိုင်ငံက လွှတ်တင် လိုက်တဲ့ အာကာသယာဉ် အပိုလို ၁၁ ပေါ်က အာကာသယာဉ်မှူး နှစ်ယောက်က ကမ္ဘာ့ပထမဆုံးလပေါ်ခြေချဖူးတဲ့ လူ ၂ ယောက် အနေနဲ့ ဆင်းသက်ခဲ့လို့ပဲဖြစ်ပါတယ်။ဒါပေမယ့် အဲ့လို ဖြစ်လာဖို့ ဆိုတာကတော့ လွယ်ကူတဲ့အရာမဟုတ်ခဲ့ပါဘူး။ ကမ္ဘာ့ ပထမဆုံးလပေါ် ခြေချနိုင်တဲ့ နိုင်ငံဖြစ်နိုင်ဖို့ အမေရိကန် နိုင်ငံက ရှရှားနိုင်ငံနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။အဲ့လို လပေါ် အဲ့လို ဆင်းသက်ဖို့ ကြိုးစားခဲ့ကြတဲ့တကယ့် အကြောင်းအရာတွေနဲ့ စိတ်ကူးယဉ် ဟာသဇာတ်လမ်းဇာတ်ကွက်တွေကိုပေါင်းစပ်ပြီး Harry Potter ထဲကမင်းသား Rupert Grint နဲ့ ဇာတ်ကြမ်း မင်းသားကြီး Ron Perlman တို့အဓိကပါဝင်ရိုက်ကူးထားတဲ့ ၂၀၁၅ တုန်းကထွက်ရှိခဲ့တဲ့ဟာသ အက်ရှင်ဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ လကမ္ဘာသွားတဲ့အကြောင်းကို အခြေခံပြီးရိုက်ထားတာဖြစ်တဲ့အတွက် Moonwalkers ဖြစ်ပြီး IMDb Rating ကတော့ 6.1 အထိရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ ပေါတောတောရော့ခ်တီးဝိုင်း တစ်ခုရဲ့ မန်နေဂျာဖြစ်တဲ့ ဂျွန်နီကအကြွေးလည်ပင်းနစ်နေပြီး သူ့ကို ပိုက်ဆံရှာပေးနေတဲ့ တီးဝိုင်းကလည်း သူ့ကို မန်နေဂျာရာထူးကနေ ထုတ်တော့မယ်ဆိုတော့ အကြံအိုက်ပြီး ဘာလုပ်လို့လုပ်ရမှန်း မသိ သောကပတ်လည်ဝိုင်းနေပါတော့တယ်။တစ်ဖက်မှာလည်း အပိုလို ၁၁ ကိုလပေါ်လွှတ်တင်တော့မဲ့ အမေရိကန်က မအောင်မြင်မှာကို စိုးရိမ်တာက တစ်ကြောင်း ရှရှားကလည်း အသည်းအသန်လပေါ်လူလွှတ်တင်ဖို့ ကိစ္စလုပ်နေတာက တစ်ကြောင်းနဲ့ အကြံအိုက်နေကြပါတော့တယ်။အဲ့ဒါကြောင့် မပြောကောင်းမဆိုကောင်း အခုလွှတ်တင်မဲ့ အာကာသယာဉ် မအောင်မြင်ခဲ့ရင်တောင်မှ တစ်ကမ္ဘာလုံးကိုဂျင်းထည့်ပြသဖို့ အတွက် မကြာသေးခင်ကမှစိတ်ကူးယဉ်အာကာသသိပ္ပံရုပ်ရှင် ရိုက်ကူးထားတဲ့ နာမည်ကြီး ဒါရိုက်တာကျူးဘရစ်ကို လပေါ် ဆင်းသက်တဲ့ ရုပ်ရှင်ရိုက်ခိုင်းဖို့ကြံပါတော့တယ်။ဒီလိုနဲ့ CIA အေးဂျင့်ကစ်ဒ်မန်းကို ပိုက်ဆံတစ်ထုပ်နဲ့ ဒါရိုက်တာကျူးဘရစ်နဲ့ တွေ့ဖို့ လွှတ်လိုက်ပါတော့တယ်။တိုက်ဆိုင်ချင်တော့ အေးဂျင့် ကစ်ဒ်မန်းဒါရိုက်တာကျူးဘရစ်နဲ့တွေ့ဖို့ ရောက်လာတဲ့အချိန်မှာ ဂျွန်နီကလည်း ပိုက်ဆံချေးဖို့ အဲ့ဒီရုံးခန်းထဲကို ရောက်နေတာနဲ့ တိုးပါလေရော။အေးဂျင့်ကစ်ဒ်မန်းကလည်း ဂျွန်နီ့ကို ဒါရိုက်တာ လက်ထောက် ထင်ပြီးပိုက်ဆံထုတ်ကြီး ပြလိုက်တော့ ဂျွန်နီ ကလည်း ဂျင်းထည့်မဲ့ အစိုးရကို တစ်ဖန်ပြန်ဂျင်းထည့်ရင်းနဲ့ ဂျင်းသံသရာတွေ လည်ကုန်ပြီး ဘယ်လိုရယ်မောစရာ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို တွေ့ရဦးမလဲဆိုတာကို ကြည့်ရမဲ့ ဟောင်းပေမဲ့ကောင်းနေဆဲ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.39GB / 682MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 36m Genre ….. Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Thriller • Drama
6.1 2015 107 mins
Moonwalkers
Gangster High
6.6

Gangster High (2006) ******************** CM ပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ 2006 ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Gangster High ဆိုတဲ့ ကျောင်းသားအက်ရှင်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Hospital Playlist ထဲက မင်းသားကြီး Jung Kyung-Hoက ဆန်းဟိုအဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပြီး ကျောင်းသားဖိုက်တာဇာတ်ကားတွေမှာ တွေ့ရလေ့ရှိတဲ့ မင်းသား Lee Tae-Sungက ဂျယ်ဂူအဖြစ် ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ .. ဆန်းဟိုတို့ သူငယ်ချင်းတစ်စုဟာ ကျောင်းမှာ“တိုက်ဂါး”ဆိုတဲ့ နာမည်နဲ့ ဘောလုံးအသင်း ဖွဲ့ထားပါတယ်။ ကျောင်းမှာအငယ်တွေကို အနိုင်ကျင့်တဲ့ စီနီယာကျောင်းသားတွေပါ တိုက်ဂါးအဖွဲ့ဝင် ဖြစ်လာတဲ့နောက်ပိုင်းမှာတော့ အခြားကျောင်းသားတွေရဲ့အမြင် စတင်ပြောင်းလဲလာခဲ့ပါတယ် .. ဒီလိုနဲ့ အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်က အခြားကျောင်းက ဂိုဏ်းခေါင်းဆောင်ရဲ့ ရည်းစားဟောင်းကို စပြီးမေတ္တာသက်ဝင်မိရာက တိုက်ဂါးအဖွဲ့ဟာ ဂိုဏ်းစတားတိုက်ပွဲကြားထဲကို ရောက်ရှိသွားခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ သူငယ်ချင်းတစ်သိုက် ဘယ်လိုဒုက္ခတွေရောက်ပြီး ပြဿနာပေါင်းစုံကို ဖြေရှင်းကြမလဲဆိုတာ ကားလေးထဲမှာ ကြည့်ရှုခံစားကြပါဦးနော် .. (အညွှန်းကို Zuri Htoo မှ ရေးသားပေးထားပါတယ်။) File size…1.97GB / 773MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Action, Crime, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by May Thet & Zuri Htoo Encoded by AHtet

Drama • Romance
6.6 2006
Gangster High
The Contract
5

ဒီဇာတ်ကားလေးကတော့ Comedy Family Drama အမျိုးအစားဖြစ်ပြီးတော့ အဓိကဇာတ်ဆောင်တွေအဖြစ် Gabrielle Dennis, Lil Duval, Caryn Ward တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ Dennis နဲ့ Anna တို့ရဲ့အိမ်ထောင်ရေးမှာ မိန်းမဖြစ်သူ Anna က ကလေးအရမ်း လိုချင်နေပြီးတော့ Dennis က ကလေးမယူချင်ပါဘူး။ အဲဒီအခါမှာ Anna အနေနဲ့ သူ့ယောကျ်ားလိုချင်တဲ့အရာတွေကို ဖြည့်ဆည်းပေးရင်းနဲ့ ကလေးယူချင်လာအောင် သိမ်းသွင်း ပါတယ်။ အဲဒီလိုနဲ့ သူတို့နှစ်ယောက်ကြားဆက်ဆံရေးက တဖြည်းဖြည်းပြောင်းလဲလာကာ နောက်ဆုံးမှာ ဘယ်လို ဖြစ်သွားလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ ဇာတ်လမ်းကို ဟာသဆန်ဆန်ရိုက်ကူးထားပြီးတော့ စကားအသုံး အနှုန်းတွေက နည်းနည်းညစ်ညမ်းတာကြောင့် မိသားစုနဲ့အတူ ကြည့်သင့်တဲ့ ဇာတ်ကားမျိုးတော့ မဟုတ်ပါဘူး။ File size… (1.26GB) / (735MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5 2024
The Contract
A Vilã das Nove
6.7

A.Vila.Das.Nove 2024ကားလေးကတော့ rating 6.7 ရရှိထားတဲ့ ဘရာဇီးကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးမှာတော့ Eugeniaဆိုတဲ့အမျိုးသမီးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့ပြီး သူ့အိမ်ထောင်ရေး ဘဝကိုမကျေမနပ်ဖြစ်ကာ အမြဲတမ်းလိုလို အရာအားလုံးကို စိတ်မကျေမနပ်ဖြစ်နေတဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ သူဘဝကိုအဆုံးသတ်ပြီးဘဝအသစ် စဖို့အတွက် သူ့သမီးနဲ့ယောကျာ်းကိုထားခဲ့ပြီးထွက်ပြေး သွားပါတော့တယ်။ အရွယ်ငယ်သေးတဲ့သူ့သမီးလေးဟာ စိတ်ဒဏ်ရာများနဲ့သာ ကြီးပြင်းခဲ့ရပါတယ်။ မိခင်မေတ္တာငတ်နေတဲ့သမီးလေးက သူ့အမေကိုမုန်းတီးပြီးကြီးလာတဲ့အခါမှာတော့ သူဘဝ ဇာတ်ကြောင်းကို ဇာတ်ညွှန်းရေးဆရာနဲ့ပေါင်းပြီး ရုပ်ရှင် ဇာတ်လမ်းတွဲတစ်ခုကိုရေးကာထုတ်လွင့်ပါတော့တယ်။ အဲ့ဒီနောက်မှာ သူ့အမေက ဇာတ်လမ်းတွဲကိုကြည့်မိပြီး ဘာတွေဆက်ဖြစ်သွားမှာလဲ………………. သူသမီးကိုပြန်သွားရှာမှာလား…………. ဘယ်လိုပြဿနာတွေနဲ့ကြုံတွေ့ရမလဲဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မဲ့ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးမှာတော့ မိခင်တစ်ယောက်ရဲ့စိတ်ကျဥ်းကြပ်မှုတွေ ကလေးတွေရဲ့စိတ်ဒဏ်ရာတွေနဲ့ မိသားစုဘဝပြဿနာတွေကို ကောင်းကောင်းကြီးရိုက်ပြသွားတာမို့ သင်တို့က ဘရားဇီး ကားတွေကြိုက်တဲ့သူဆိုရင်တော့ဒီကားလေးကမလွတ်တန်း ကြည့်သင့်တဲ့ကားလေးပဲ ဖြစ်ပါတယ်နော်။ File size… (1.92 GB) / (950 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 43m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Animation • Comedy • Family • Adventure
6.7 2024 103 mins
A Vilã das Nove
Odela 2
8.6

Odela 2 (2025) “မိစ္ဆာဝိညာဉ်” အသစ်ထွက်ရှိထားတဲ့ တေလဂူးဟော်ရာဇာတ်လမ်းကို ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်တွေအနေနဲ့ ဈေးအကြီးဆုံး တောင်ပိုင်းမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Tamanna Bhatia နဲ့အတူ KGF နဲ့ နာမည်ရလာတဲ့ ဗီလိန်မင်းသား Vasishta Niranjan Simha တို့ ပါဝင်ထားပါတယ် အိုဒယ်လာ အမည်ရ ရွာကလေးမှာ မင်္ဂလာဦးညမတိုင်ခင် သတို့သမီးပျိုတွေကို အဓမ္မကျင့်သတ်ဖြတ်တဲ့ တီရူပါတီဆိုတဲ့ လူယုတ်မာတစ်ယောက်ဟာ သူ့ရဲ့မိန်းမလက်ချက်နဲ့ ခေါင်းပြတ်ခဲ့ရပြီး ရွာသားတွေက စံပြအနေနဲ့ သေလူကို ကြီးလေးတဲ့ အပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ် အဲဒါကတော့ တီရူပါတီရဲ့ အလောင်းကို မကျွတ်မလွတ်စေဖို့ တစ်ရွာလုံးက အစီအရင်နဲ့မြေမြှုပ်လိုက်တာပါပဲ အယုတ်ညံ့ဆုံးနည်းလမ်းနဲ့ မြေမြှုပ်အပြစ်ပေးခံခဲ့ရတဲ့ တီရူပါတီ ပြန်လည်လွတ်မြောက်လာပြီးနောက်မှာ တစ်ရွာလုံးကို လက်စားချေပါတော့တယ် ဒါကို ရွာသားတွေ ဘယ်လိုအစီအရင်တွေနဲ့ အဖြေရှာကြမလဲ စိတ်ဝင်တစား ကြည့်ရှုရမယ့် ဟော်ရာရုပ်ရှင်လေးပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Horror • Thriller
8.6 2025
Odela 2