YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

2 good 2 be true .2022.EP126.WEB-DL.1080(CM).mp4

643 MB N/A video/mp4 52 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Fault
8.3

My Fault (2023) ~ IMDb - 6.3/10, Rotten Tomatoes - 94% ~ စိတ်ဒဏ်ရာကိုယ်စီရှိတဲ့ သူနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာပါ။ နစ်ရဲ့အဖေနဲ့ နိုအာရဲ့အမေတို့ နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ နိုအာတို့ ၂ယောက်က မောင်နှမတွေအဖြစ် ပတ်သက်ရပါတော့တယ်။ အစပိုင်းတည်းက သူတို့ ၂ယောက်ကအဆင်မပြေပါဘူး။ နိုအာက သူ့အမေ လူချမ်းသာနဲ့ယူတာကို သဘောမတူပါဘူး။ နစ်က ငယ်ငယ်တည်းက အဖေနဲ့အမေကွာရှင်းထားလို့ စိတ်ဒဏ်ရာရပြီး ဖအေရှေ့မှာ ပြည့်စုံတဲ့သားလိမ္မာလိုနေပေမယ့် တကယ်က ပြိုင်ကားမောင်းပြိုင် ပါတီတွေတက် ရန်ဖြစ်ပြီး ဆိုးနေတာပါ။ နိုအာကတော့ ဖခင်က သူတို့သားအမိကိုနှိပ်စက်တဲ့အတွက် စိတ်ဒဏ်ရာရနေပြီး သူ့အဖေကို အရမ်းကြောက်ပါတယ်။ နိုအာရဲ့အဖေက‌ သူ့သက်သေခံထွက်ဆိုချက်ကြောင့် ထောင်ကျနေပါပြီ။ စရိုက်ချင်းမတူတဲ့ သူတို့၂ယောက်က တစ်ယောက်လမ်းတစ်ယောက် ၀င်မရှုပ်ဖို့ သဘောတူထားပေမဲ့ တစ်ချိန်မဟုတ်တစ်ချိန် တွေ့နေရတာပါ။ နစ်ရဲ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးထားတဲ့အတွက် နစ်သွားတဲ့ ပါတီတွေ ကားမောင်းပြိုင်ပွဲတွေမှာ နိုအာပါရှိနေပါတယ်။ သူတို့ ၂ဦးစိတ်ထဲမှာလည်း အချင်းချင်းစိတ်၀င်စားသလိုဖြစ်နေပါပြီ။ သူတို့ မသိကြတဲ့အချက်က နိုအာ့အဖေက ပြိုင်ကားမောင်းသမားဖြစ်ပြီး နိုအာကလည်း ဖအေ သင်ပေးထားလို့ ပြိုင်ကားကို ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်ပါတယ်။ ဒီလိုနဲ့ ပွဲတစ်ခုမှာ မထင်မှတ်ဘဲ နိုအာ နစ်ရဲ့ကားနဲ့ပြိုင်မောင်းမိရာကနေ တစ်ဖက်ကညစ်တဲ့အတွက် ကားပေးလိုက်ရပါတယ်။ အဲ့နောက်ပိုင်းမှာ နိုအာ့ဆီခြိမ်းခြောက်စာတွေ ရောက်ရောက်လာပါတယ်။ နိုအာ့ဆီ စာတွေပို့နေတာ ဘယ်သူဖြစ်မလဲ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ၊ သူတို့ ၂ယောက်ရဲ့အချစ်ရေးကရော ဖြောင့်ဖြူးပါ့မလား...စတာတွေကတော့ မင်းသားချောချော မင်းသမီးချောချောကို ငမ်းရင်း ကိုယ်တိုင်သာ ဆက်ကြည့်လိုက်ကြပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 910MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 57Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Animation • Family • Fantasy • Romance
8.3 2023 117 mins
My Fault
Detective Dee and the Mystery of the Phantom Flame
6.6

Detective Dee and the Mystery of the Phantom Flame (2010) IMDb Rating (6.6) / Rotten Tomatoes (80%) စုံထောက် ဒီး ... တရုတ်ပြည် ဂန္ဓာလရာဇ်ရဲ့ ကျော်ကြားတဲ့ အမှုလိုက်၊ အကြံပေး သက်‌တော်ရှည် အမတ်ကြီး။ အမည်ရင်းက ဒီးလျန်ကျယ် ပါ။ တရုတ်အမည်ကို မြန်မာလိုဖလှယ်တာဖြစ်လို့ မူကွဲတွေ၊ ခြားနားချက်တွေရှိပါတယ်။ အဲဒါတွေထဲကမှ မြန်မာနား၊ မြန်မာပါးစပ်နဲ့ အာထိလျှာထိရှိလှတဲ့ ဒီး ကို ကျွန်တော်အကြိုက်ဆုံးပါပဲ။ မင်းမှုထမ်းမျိုးရိုးကနေဆင်းသက်ပြီး စာပေလေ့လာရေးအားကောင်းတဲ့၊ ဉာဏ်ပညာကြီးမားတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ ခက်ခဲနက်နဲတဲ့အမှုတွေကို အမှုစစ်တစ်ယောက်အနေနဲ့ စုံစမ်းဖော်ထုတ်နိုင်သူ၊ တရားမမှုတွေကို မှန်ကန်စွာအဖြေထုတ် ဆုံးဖြတ်နိုင်တဲ့ တရားသူကြီး၊ ဘုရင်လုပ် အုပ်ချုပ်သူတွေအဆက်ဆက် အကြံပေးနိုင်တဲ့ သက်တော်ရှည်အမတ်၊ သမိုင်းမှာ ကျော်ကြားထိုက်သူပါပဲ။ တိုင်းပြည်အတွက် သူထမ်းခဲ့တဲ့အကျိုးကျေးဇူးတွေများလွန်းလို့ ဂန္ဓာလရာဇ်ရဲ့ ဂန္ဓဝင်အမတ်ကြီး ပေါင်ကျင်းထျန်း နဲ့ထပ်တူ ဂုဏ်ပြုရသူကြီးပါ။ ကိုယ်ကျိုးမဖက် အမှန်တရားသက်သက်အတွက်နဲ့ သက်ဦးဆံပိုင်ဧကရာဇ်ဘုရင်တွေကို အလိုမလိုက်၊ မှန်ရာကိုလျှောက်တင်ရဲ၊ လုပ်ရဲကြတဲ့နေရာမှာ ပန်းအတူဝင်ကြတဲ့ ပြိုင်မြင်းနှစ်ကောင်လိုပါပဲ။ တိမ်တောင်သဖွယ် မင်းရေးကျယ်တဲ့ ဇာတ်ရှုပ်လောက ထီးနန်းထက်က သပွတ်အူကိစ္စတွေမှာ ဒီး ရဲ့ လိမ္မာပါးနပ်မှု၊ မျက်စိတစ်ဆုံးကြည့်တတ်မှု၊ တိုင်းပြည်အရေးကို ရှေ့တန်းတင်တတ်မှုတွေကြောင့် တိုင်းပြည်သမိုင်း မရိုင်းခဲ့တာတွေရှိပါတယ်။ ဧကရာဇ်မင်းသုံးဆက်တိုင်တိုင် အမှုထမ်းခဲ့ပြီး တန်ဖိုးရှိလှတဲ့ သက်တော်ရှည်အမတ်ကြီးပေါ့။ ဧကရာဇ်မင်း ရွတ်ကျုံးလက်ထက်မှာ ဘုရင်မင်းမြတ်ကိုယ်တော်တိုင်က ဒီး ကို အဆင့်မြင့်လက်နက်တစ်ခုဖြစ်တဲ့ ကျိုင်းတစ်ခု နှင်းအပ်ခဲ့ပါတယ်။ ဒီး ရဲ့ ဝိသေသတစ်ခုဖြစ်လာခဲ့ပြီး နဂါးနိုင်ဓားလို့လည်း ခေါ်ကြပါသေးတယ်။ ဒါပေမဲ့ ဧကရာဇ် ရွတ်ကျုံး ကို အရာချပြီး တရုတ်သမိုင်းရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လာမယ့် ဝူ နန်းတက်လာပါတယ်။ ဒီဇာတ်လမ်းဟာ အဲဒီအချိန်မှာ ဖြစ်ပျက်ခဲ့တာပါ။ ပလ္လင်ပေါ် မိန်းမရောက်နေတာ မကြိုက်တဲ့ ဆွေမျိုးတော်တွေ၊ မူးမတ်တွေ တထွေးကြီးကို သွေးချောင်းစီးသတ်ဖြတ်ခဲ့လို့ ဒီး က ဧကရာဇ် ဝူ ကို အာဏာဖီဆန် ပုန်ကန်ခဲ့ပါသေးတယ်။ ဒါက ဇာတ်လမ်းထဲမှာ ဖြစ်ပျက်တာကို ပြောတာပါ။ ပုန်ကန်သူအဖြစ် အရုဏ်တက် လည်ဖြတ်အပြစ်ဒဏ်ကို မခံရတာတော့ တွေးစရာရှိပါတယ်။ အကျဉ်းထောင်မှာ ၈ နှစ်ပဲ နေခဲ့ရပါသတဲ့။ စုံထောက် ဒီး နဲ့ ဆန်းကြယ် တစ္ဆေမီးတောက်အမှုဇာတ်ကားက ဧကရာဇ် ဝူ နန်းသိမ်းပွဲတက်ကာနီးအချိန်ကို အခြေတည်ထားပါတယ်။ ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့ပြီး Andy Lau က ဒီး အဖြစ်သရုပ်ဆောင်တဲ့ တစ်ကားတည်းသောဇာတ်ကားမလို့ လူသိများပြီး အကြိုက်တွေ့ကြတဲ့ရုပ်ရှင်ပါ။ မကြည့်ဖူးတဲ့သူ ရှားလိမ့်မယ်လို့ထင်ပါတယ်။ ဧကရာဇ် ဝူ ဟာ ပထမဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လို့ ပြည်သူထောက်ခံမှုရအောင် နန်းတွင်းထဲက ကွမ်ရင်မယ်တော်ရုပ်တုတွေရဲ့မျက်နှာမှာ သူ့မျက်နှာပုံစံတူတွေ ထုလုပ်ခဲ့ပါတယ်။ နန်းတော်ထဲမှာလည်း ကြီးမားလှတဲ့ ကွမ်ရင်မယ်တော် မတ်တပ်ရုပ်ပွားတော်ကို သူနဲ့မျက်နှာတူ ထုလုပ်ပြီး သူဟာ ကွမ်ရင်မယ်တော်ဝင်စားသူအဖြစ် သတင်းဖြန့်ခဲ့ပါတယ်။ ရုပ်ပွားတော် တည်ထားနေတဲ့ကာလမှာပဲ ရုပ်ပွားတော်တည်ဆောက်ရေး စစ်ဆေးရေးမှူး အဆင့်လေး ရာထူးရှိ အရာရှိမင်းတစ်ယောက် နေရောင်အောက်မှာ အလိုလိုမီးထလောင်ပြီး သေသွားတဲ့အခန်းနဲ့ ဇာတ်လမ်းစပါတယ်။ လူတစ်ယောက်ကိုယ်တွင်းကနေ အစပျိုးလောင်မြိုက်သေရတဲ့အမှုဖြစ်လို့ ဖြေရှင်းနိုင်မယ့် အမှုစစ်တစ်ယောက် လိုလာပါပြီ။ ပုန်ကန်သူအဖြစ် အကျဉ်းကျနေတဲ့ စုံထောက် ဒီး ကို ဧကရာဇ် ဝူ မဖြစ်မနေပြန်ခေါ်ပြီး ရာထူးပြန်ပေးခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ နောက်ထပ် အဆင့်‌သုံး ရာထူးရှိ စစ်ဆေးရေးမှူးတစ်ယောက် အမှုဖော်ထုတ်နေဆဲ အရင်အရာရှိမင်းလို မီးလောင်သေရပြန်တာကြောင့်ပါ။ စုံထောက် ဒီး က စုံစမ်းရေးမှူးတာဝန်ယူပြီး များမကြာခင်မှာ အဆိပ်တစ်မျိုးမိလို့ အဲဒီအဆိပ်က နေရောင်အောက်မှာ မီးလောင်စေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဧကရာဇ် ဝူ နန်းတက်မယ့်အခမ်းအနားမတိုင်မီ ပြီးစီးအောင် တည်ဆောက်နေတဲ့ ကွမ်ရင်မယ်တော် ရုပ်ပွားတော်ကြီးရယ်၊ ဧကရာဇ် ဝူ နန်းတက်မှာကို အသည်းအသန် တားမြစ်လိုကြတဲ့ သဘောထားမညီသူတွေရယ်၊ ထီးနန်းကို သွေးချောင်းစီးပလ္လင်အထိ အရသိမ်းမယ့် ဧကရာဇ် ဝူ ရယ်၊ နက်နဲလှတဲ့အမှုကို အမှုမှန်ပေါ်အောင် အသက်အန္တရာယ်ကြားက စုံစမ်းရတဲ့ စုံထောက် ဒီး ရယ်တို့ရဲ့ အရှုပ်တော်ပုံကို အရသာရှိရှိ မြည်းစမ်းနိုင်တဲ့ဇာတ်ကားပါပဲ။ သမိုင်းအရတော့ ဒီး ဟာ ဧကရာဇ် ဝူ လက်ထက်မှာ စစ်တပ်အကြံပေးတပ်မှူးပါဖြစ်ခဲ့ပြီး ခီတန် တွေနဲ့တိုက်ပွဲမှာ အစွမ်းပြနိုင်ခဲ့ပါတယ်။ နောက်ဆုံး ဝူ လက်ထက်မှာ သေဆုံးတဲ့အထိ သက်တော်ရှည်အမတ်ကြီးအဖြစ် တာဝန်ထမ်းသွားပါတယ်တဲ့။ ဒီး ဇာတ်ကားတွေ အရေအတွက်တစ်ခုထိရှိပေမဲ့ Andy Lau သရုပ်ဆောင်တဲ့ဒီဇာတ်ကားက လူကြိုက်အများဆုံးပါ။ စုံထောက်ဒီးရဲ့ ငယ်ဘဝအကြောင်းရိုက်ကူးထားတဲ့ မင်းသား Mark Chao  ဒီးအဖြစ် သရုပ်ဆောင်ထားတဲ့ Young Detective Dee: Rise of the Sea Dragon (2013) နဲ့ Detective Dee: The Four Heavenly Kings (2018) ဇာတ်ကားများကိုလည်း ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(3.1 GB)/(1.2 GB) Quality….BluRay 1080p HEVC/ 720p Format…mkv/mp4 Duration….02:03:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Thriller
6.6 2010 123 mins
Detective Dee and the Mystery of the Phantom Flame
The Point Men
6.6

Korea ကားကို Korea ကားနဲ့မတူအောင် ရိုက်ပြထားနိုင်တဲ့ The Point Men! ဇာတ်လမ်းအကျဉ်းကတော့ အာဖဂန်နစ္စတန်ဘက်ကို ခရီးသွားရင်း တာလီဘန်လက်နက်ကိုင်တွေရဲ့ဓားစာခံဖြစ်သွားခဲ့တဲ့ ကိုရီးယားလူမျိုး ၂၃ ဦးကို ကြိုးစားကယ်တင်မယ့် သံတမန်တစ်ဦးနဲ့ NIS Agent တစ်ဦးတို့အကြောင်းကို ရိုက်ကူးထားတာပါ။ အာဖဂန်နစ္စတန်နိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရပ်တွေကို မီးမောင်းထိုး ပြပေးထားတဲ့အပြင် သံတမန်ရေးရာရဲ့ ရှုပ်ထွေးတဲ့အကြောင်းတရားတွေ၊ အာဖဂန်ဒေသရဲ့ ဘာသာရေးယုံကြည်ချက်တွေ၊ လူမျိုးရေးအစွဲအလမ်းကြီးမှုတွေကိုပါ အနုစိတ် ရိုက်ကူးတင်ပြပေးထားတာဖြစ်လို့ အက်ရှင်စစ်စစ်ကြိုက်တဲ့ ပရိသတ်ကြီးအတွက် လုံးဝကြည့်ပျော်စေမယ့် ဇာတ်ကားတစ်ကားပါပဲ။ Casts တွေအနေနဲ့ကလည်း မင်းသားကြီး Hyun Bin, Hwang JungMin နဲ့ Kang Ki-Young တို့လို ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေပဲ ပါဝင်ထားတာဆိုတော့ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ ပြောချင်ပါတယ်။ အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Action, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 706MB | 354MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... August

Drama
6.6 2023 108 mins
The Point Men
Jail
3

အ​သေးစားသူခိုးတစ်​ယောက်ဖြစ်တဲ့ ကာန ​ထောင်ထွက်တစ်​ယောက်ဖြစ်တဲ့ ကာလီ ​ဆေး​​ခြောက်​ရောင်းဝယ်သူတစ်​ယောက်ဖြစ်တဲ့ ရက်ကီ ချန်နိုင်းမြို့​ပေါ်က သူတို့ရဲ့ဆင်းရဲသားရပ်ကွက်​လေးကို အစိုးရက ပြန်လည်​နေရာချထား​ရေးနဲ့ ​ရွှေ့​ပြောင်းလိုက်တယ် ကာဗရီနဂါး ​ရွှေ့​ပြောင်းခံရတဲ့သူမှန်သမျှ အဲဒီကို​ရောက်လာကြတာ လူဦး​ရေနှစ်သိန်းခွဲရှိ​​နေပါပြီ ကာဗရီနဂါးက လူမှန်သမျှ ဘယ်အလုပ်ကမှလည်းမ​ခေါ်ကြသလို ရဲ​တွေကလည်း ပြစ်မှုအများဆုံးဇုန်အဖြစ် သတ်မှတ်ထားကြတာပါ ၂၄နာရီလုံး cctv အပြည့်နဲ့​စောင့်ကြည့်ခံရပြီး ပြစ်မှုကျူးလွန်သူ​တွေကလည်း အ​တော်အများသားပါ တာဝန်ကျတဲ့ ရဲအုပ်ကိုယ်တိုင်ကလည်း လာဘ်စားမှုနဲ့ တာဝန်ဆိုင်းငံ့ခံရပြီး လာဘ်ထိုးလိုက်လို့ အလုပ်ပြန်ရလာတဲ့သူ ​ဆေး​ခြောက်​ရောင်းဝယ်တဲ့ ဂိုဏ်းနှစ်ဂိုဏ်းရဲ့ မပြယ်​​သောရန်စများနဲ့ သူငယ်ချင်းသုံး​​​ယောက်အကြားက ခင်မင်မှု​တွေ မိသားစုအ​ရေး​တွေနဲ့ ကြည့်ရတာအချိန်ကုန်ရကျိုးနပ်မယ့် ရုပ်ရှင်မို့ညွှန်း​ပေးလိုက်ပါတယ် File size…2.67GB / 1.3GB / 700MB Quality…1080p WEB DL AAC 5.1CH / 720p / 480p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Kyi Kyi & San Thu Aung

Comedy • Drama • Science Fiction
3 2021 134 mins
Jail
Love Strikes Twice
7

Love Strikes Twice (2022) ဒီကားလေးကတော့ ငြိမ့်ငြိမ့်လေးကြည့်ချင်သူများအတွက် romance, drama ကားလေးပါ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ … Maggieက အောင်မြင်တဲ့ရှေ့နေတစ်ယောက်ဖြစ်ပြီး နာမည်ကြီး ရှေ့နေအကျိုးဆောင်ရုံးမှာ အလုပ်လုပ်ပါတယ်။ သူ့အတွက် အားလုံးက အဆင်ပြေအောင်မြင်နေပေမဲ့ ယောကျ်ားဖြစ်သူ Josh နဲ့ ဆက်ဆံရေးကတော့ စိမ်းသက်သက်ဖြစ်နေပါတယ်။ Maggie ရဲ့မိဘတွေ နှစ် ၄၀ ပြည့် anniversary ပွဲကိုသွားရင်း accident တခုဖြစ်ပြီး Maggie က လွန်ခဲ့တဲ့ ၁၅နှစ်ကို ပြန်ရောက်သွားပါတယ်။ တက္ကသိုလ်မတက်ခင် နွေကိုရောက်သွားပြီး အရင်ချစ်သူနဲ့ တွဲနေတဲ့အချိန်ပါ။ Josh နဲ့လည်း စမတွဲသေးဘဲ သူငယ်ချင်းဖြစ်ရုံဆိုတော့ ဘယ်လိုတွေကြုံရမလဲ? Maggie အနာဂတ်ကို ရောက်အောင် ဘယ်လိုပြန်သွားမလဲ? အနာဂတ်ကိုရောက်ဖို့ ဖြစ်နိုင်ပါ့မလား? ဆိုတာတော့ ဆက်ပြီး ကြည့်ရှုရင်း အဖြေရှာလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Marie ပါ။) File Size : 1.5GB, 610MB, 327MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 24mins Genre : Drama, Mystery, Romance Translated by Marie Encoded by Kinnov

Adventure • Animation • Comedy • Family
7 2022 84 mins
Love Strikes Twice
Expecting (or) Gus
5.1

Expecting (or) Gus (2013) =================== နှစ်တွေအကြာကြီး သူ့ခင်ပွန်းနဲ့ကလေးရဖို့ ကြိုးစားပေမဲ့မရခဲ့တဲ့ Lizzie နောက်ဆုံးတော့ သူ့ကလေးရဖို့အိပ်မက်ကို လက်လျှော့လု နီးပါးဖြစ်သွားတယ်။ အဲဒီအချိန် သူ့အချစ်ဆုံးသူငယ်ချင်း Andieက တော့ One night standနဲ့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားလေရဲ့။ နောက်တော့ Andie လည်း သူ့ကိုယ်ဝန်ကို မဖျက်ချချင်တာမို့ သူ့ ကလေးကို Lizzieတို့လင်မယားကိုပေးဖို့ ဆုံးဖြတ်လိုက်တယ်။ Lizzieတို့လည်း လက်ခံခဲ့ပြီး တစ်ခုရှိတာက Andie ကိုယ်ဝန်ဆောင် နေတဲ့အချိန်အတွင်း Lizzie တို့အိမ်မှာ လာနေခွင့်ပြုရမှာဖြစ်နေတယ်။ ဒီလိုနဲ့ Andieနဲ့ Lizzie တို့ သူငယ်ချင်းနှစ်ယောက်ကြားဆက်ဆံရေး က ကလေးမွေးပြီးတဲ့အထိ အဆင်ပြေနိုင်ပါ့မလားဆိုတာကိုတော့ ရယ်မောရင်းဆက်လက်ကြည့်ရှူရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(2.5 GB) / (550 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Thwal Htoo Zin Encoder……….SWM

Horror • Thriller
5.1 2013
Expecting (or) Gus
[18+] Sukdulan
6.7

Sukdulan (2003) အီလိန်းနဲ့အော်လေတို့ဟာ ချစ်ခင်လို့ယူခဲ့ကြတဲ့လင်မယားဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ အော်လေရဲ့အိပ်ယာပေါ်က စွမ်းဆောင်ရည်ကြောင့် အကြိတ်အခဲတစ်ချို့ဖြစ်နေခဲ့ပါတယ်။ အော်လေဟာ ဇနီးချောဇနီးလှလေးကိုရထားပေမယ့်လည်း အပြာကားကြည့်မှပဲ စိတ်ထပြီးယောက်ျားကိစ္စ စွမ်းဆောင်နိုင်တဲ့အနေအထားဖြစ်နေတာပါ။ ခင်ပွန်းသည်ကိုချစ်ခင်ပေမဲ့ မျိုသိပ်ထားရတဲ့ အီလိန်းရဲ့ဆန္ဒတွေဟာ သူ့ကို အိမ်ထောင်ရှိမှန်းသိရက်လာကြောင်တဲ့ သူဌေးသားလူလည် မီဂယ်နဲ့အတွေ့မှာ ပေါက်ကွဲထွက်ကုန်တော့တာပါပဲ။ မဖြစ်သင့်မှန်းသိပေမယ့် ရှေ့ဆက်တိုးရင်း တဖြည်းဖြည်းရုန်းမထွက်နိုင်ဖြစ်လာတဲ့အခါမှာတော့…။ အခုချိန်မှာအမေခန်းရိုက်နေပြီဖြစ်ပေမဲ့ လှသွေးကြွယ်တုန်းဖြစ်တဲ့ Katya Santos ရဲ့ငယ်မူငယ်သွေးအလှအပတွေကိုတွေ့မြင်ရမယ့် ဂန္ထဝင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.85GB, 790MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 43Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Drama • Crime • Thriller
6.7 2003
[18+] Sukdulan
Valentine
5

Valentine (2001) ================= ၁၉၈၈ တုန်းက ဂျူနီယာအထက်တန်းကျောင်းတစ်ကျောင်းရဲ့ဗယ်လင်တိုင်းနေ့ အထိမ်းအမှတ်ကပွဲဖြစ်ပါတယ်။ ဘယ်သူမှအရောမဝင်တဲ့ ဂျယ်ရမီဆိုတဲ့ကျောင်း သားလေးတစ်ယောက်ဟာ သူနဲ့တွဲကဖို့မိန်းကလေးတွေကို တစ်ယောက်ပြီးတစ် ယောက်လိုက်မေးနေခဲ့ပေမယ့် အားလုံးကလှောင်ပြောင်ငြင်းပယ်တာကိုခံခဲ့ရပါ တယ်။ အဲ့ဒီထဲကမှ သူဌေးသမီးတစ်ယောက်ဖြစ်တဲ့ ဒေါ်ရသီက သူ့ဖိတ်ကြားချက် ကို လက်ခံခဲ့သလိုနမ်းတာကိုလည်းလက်ခံခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းသားကြီးတစ်ချို့နဲ့ဒေါ်ရသီ သူငယ်ချင်းတွေ သူတို့နှစ်ယောက် ကိုမြင်သွားတဲ့အချိန်မှာတော့..ဒေါ်ရသီက သူ့ကို ဂျယ်ရမီက အတင်းဝင်လုံးတာ ဖြစ်ကြောင်းငြင်းတဲ့အတွက် အားလုံး၀ိုင်းပြီးထိုးကြိတ်ကန်ကြောက်တာကို ဂျယ် ရမီခံခဲ့ရပြီးကျောင်းကထွက်တဲ့အထိဖြစ်သွားခဲ့ပါတယ်။ လက်ရှိခေတ်ကာလမှာတော့ အဲ့ဒီတုန်းက ဒေါ်ရသီနဲ့သူငယ်ချင်းတွေဖြစ်တဲ့ ကိတ်၊ လီလီ၊ ပေ့ချ် နဲ့ ရှယ်လီတို့ဟာ တစ်ယောက်တစ်ယောက်နေရာစီမှာ ကိုယ့်ဘ၀နဲ့ ကိုယ်ဖြစ်နေကြပါပြီ၊ သူတို့ကိုပြန်လည်ဆုံဆည်းစေခဲ့တာကတော့ ရှယ်လီတစ် ယောက်ရက်ရက်စက်စက်အသတ်ခံရတဲ့အမှုကြောင့်ဖြစ်ပြီး ဒီအမှုဟာ အစပဲရှိ သေးတာကို သိလိုက်ကြရချိန်မှာတော့ မေ့ထားချင်တဲ့အတိတ်ကို ပြန်အစဖော်ဖို့ ဖြစ်လာပါတော့တယ်။ Slasher ကားတွေခေတ်စားတဲ့ကာလ၊ထွက်တိုင်းလည်းပေါက်ခဲ့တဲ့ ကာလက ဇာတ်ကားဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့ဇာတ်ကားမဟုတ်ပေမယ့် ဇာတ် လမ်းဇာတ်အိမ်၊ သရုပ်ဆောင်တွေနဲ့ twist တွေအရပါ ပေါ့ပေါ့ပါးပါးကြည့်ပျော် တာထက်ပိုတဲ့ကားပါ။ Denise richards ကလည်း အရမ်းလှပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.5 GB) / (700 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Mystery, Thriller Translator…….Alias Encoder……….SWM

5 2001
Valentine
Youngblood
6.2

ဟော်ကီကစားတာကို အပြင်းအထန် ကြိုက်နှစ်သက်ပြီး ဘဝကို ဟော်ကီကစားပြီးရှင်သန်ချင်တဲ့ ယန်းဘလတ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်လူငယ်‌လေးတယောက် ဟော်ကီအသင်းကြီးမှာ ချေစွမ်းပြဖို ဖိတ်ခေါ်ခံလိုက်ရတဲ့ အချိန်မှာတော့ အဲ့အခွင့်အ‌ရေးကို အမိအရဖမ်းပြီး သူထွက်သွားခဲ့ပါတယ် အသင်းကြီးရောက်တဲ့အချိန် သူထင်ထားတဲ့ ဟော်ကီကစားတာနဲ တကယ့်လက်တွေ့ကစားတာနဲ့ ကွဲလွဲနေတာကို သိလိုက်ရတဲ့ အချိန် ယန်းဘလတ်ဘယ်လိုတုံပြန်မလဲ နိုင်ငံကျော် ဟော်ကီကစားသမားပဲ ဖြစ်လာမလား ဒါမိုမဟုတ် လက်လျော့ပြီးအိမ်ပြန်လာမှာလားဆိုတာကို စောင့်ကြည့်ရမယ့် အားကစားကြိုက်သူတွေအတွက် သဘောကျချင်စရာ ဇာတ်ကားတစ်ကားပါ File size…(2.6 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:55:00 Genre… Drama, Romance, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

Drama • Romance
6.2 1986
Youngblood
The Day Shall Come
5.9

The Day Shall Come(2019) IMDb….5.9.,,,,Rotten….76% ဒီတစ်ခေါက်တော့ Channel Myanmarပရိသတ်ကြီးအတွက် Comedy,Thriller ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်က The Day Shall Come (2019) ပဲဖြစ်ပါတယ်။Imdb Rating 5.4/10 Rotten Tomatoes 75% တောင်ရရှိထားတဲ့ ဒီကားလေးကတော့ နိုင်ငံရေးကို သရော်တော်တော်ရိုက်ကူးထားတဲ့ ကားလေးလို့ပြောရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်တင်ပြလိုပါတယ်။ရှာဘတ်ဆိုတာက အလာအရှင်မြတ်ကို ကိုးကွယ်ယုံကြည်တဲ့ လူမည်းတစ်ဦးဖြစ်ပြီး ငြိမ်းချမ်းရေးကိုမြတ်နိုးသူ လယ်သမားတစ်ယောက်လဲဖြစ်ပါတယ်။ လူဖြူအစိုးရကို ဖြုတ်ချပြီး တစ်နေ့မှာတော့လူမည်းတွေအုပ်ချုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့ စစ်တပ်တစ်တပ်ကိုတည်ထောင်ထားပါတယ်။ စစ်တပ်ဆိုတာကလဲ သူ့ရဲ့အမျိုးလေးယောက်ရယ် သူရယ်ပါပဲ။သူကအဲလိုစည်းရုံးရေးတရားတွေပြောနေတာကို တစ်နေ့မှာတော့ FBI က မျက်စိကျကာ ရာထူးတိုးရေးအတွက် အကြမ်းဖက်သမားတံဆိပ်တပ်ကာအကွက်ချဖမ်းဆီးပါတော့တယ်။ သေနတ်တောင်မကိုင်တဲ့ ရှာဘတ်တို့တတွေ FBI ရဲ့လှည့်ကွက်တွေထဲမှာ ဘယ်လိုရှေ့ဆက်သွားကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဟာသဇာတ်လမ်းလေးပါ။ ဇာတ်လမ်းလေးရဲ့နာမည်ကတော့ The Day Shall Come(2019)ပါ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်….. File Size : 1.89GB / 750MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…01:28:00 Genre : Comedy, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Tiff

Comedy
5.9 2019 87 mins
The Day Shall Come
The Cursed Village
5.6

ရွာလေးတစ်ရွာမှာ သူကြွယ်မိသားစုတစ်ခုဟာ ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုကြုံခဲ့ပြီးနောက်ပိုင်းမှာ ရွာလေးဟာကျိန်စာသင့်နေခဲ့တယ်။ ဖြစ်ရပ်ကတော့ သူဌေးမိသားစုရဲ့မင်္ဂလာဦးညမှာ သတို့သမီးကိုလူတစ်စုက အဓမ္မကျင့်ခဲ့ပြီးတော့ တစ်အိမ်လုံးမီးလောင်သွားပြီး မိသားစု(၁၃)ယောက်လုံးသေသွားခဲ့တယ်။ အဲဒါပြီးတဲ့နောက်မှာ တစ္ဆေသတို့သမီးက တရားခံတွေကိုသတ်ပြီးလက်စားချေခဲ့တယ်။ အဲဒီအချိန်ကစပြီးတော့ ရွာသားတွေကတစ္ဆေသတို့သမီးကိုကြောက်ရွံနေကြပြီး ထွက်သွားဖို့ကြံပေမယ့် ဘယ်သူမှအသက်ရှင်ရက်ထွက်မသွားနိုင်ကြဘူးလို့ဆိုကြတယ်။ တစ်နေ့မှာတော့ လူငယ်လေး၂ယောက်ဟာ လူတစ်ယောက်ကိုရှာဖို့အတွက် ကျိန်စာသင့်တဲ့ရွာလေးကိုရောက်လာခဲ့ကြတယ်။ လူပျောက်ရှာရင်း လူငယ်လေး၂ယောက်ဟာ ရွာရဲ့လျှို့ဝှက်ချက်ကိုမထင်မှတ်ပဲသိလိုက်ရတဲ့အခါ……

5.6 2025
The Cursed Village
My Dead Friend Zoe

IMDB Rating 7.2 / 10 အာဖဂန်နစ္စတန်စစ်ပြန် အမျိုးသမီးရဲဘော်ဖြစ်တဲ့ မဲရစ်ဟာ စစ်ပွဲရဲ့အနိဌာရုံတွေ ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း PDST ဆိုတဲ့ နှောင်းပိုင်းစိတ်ဒဏ်ရာကို ခံစားနေရပါတယ်။ သူမဟာ ဂိုဒေါင်တစ်ခုမှာ အလုပ်ဝင်လုပ်နေပြီးတော့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို အသက်အန္တရာယ်ထိခိုက်လုနီးပါး ဖြစ်အောင်လုပ်မိခဲ့တဲ့အတွက် တရားရုံးက အပြစ်ဒဏ်မချမှတ်ခင် အခွင့်အရေးပေးတဲ့အနေနဲ့ စစ်မှုထမ်းဟောင်းအဖွဲ့အစည်းရဲ့ အပတ်စဉ် စိတ်ကုထုံး စကားဝိုင်းကို သွားတက်ရောက်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ တခြားလူတွေရဲ့ စိတ်ဒဏ်ရာနဲ့ မတူတာက မဲရစ်က စစ်ပွဲမှာ စစ်မှုအတူထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တဲ့ သူအခင်ရဆုံး အမျိုးသမီးရဲဘော် ဇိုဝီကို မြင်နေရတာပါ။ အဲအချိန်မှာ မဲရစ်ရဲ့အဖိုးဖြစ်သူက အတိတ်မေ့ရောဂါ အစောပိုင်းအဆင့်ကို ခံစားရပြီး အသိစိတ်လွတ်ကာ ထွက်,ထွက်သွားတာကို သူမအမေဆီက သိလိုက်ရပြီးတော့ သူမဟာ သူ့အဖိုး စစ်ပြန်ကိုလည်း ဘိုးဘွားစောင့်ရှောက်ရေးစင်တာကို သွားပို့ပေးရဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ သူမဟာ သူ့အဖိုးကို ချက်ချင်း ဘိုးဘွားစင်တာကို မပို့နိုင်သေးပဲ သူနဲ့ ရက်ပိုင်းလောက် အချိန်ဖြုန်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီတော့ မဲရစ်က အတိတ်မေ့ဝေဒနာ ခံစားနေရတဲ့သူ့အဖိုးရယ်၊ စိတ်ဒဏ်ရာကြောင့်ပဲလား တကယ့်ဝိဉာည်ပဲလားမသိပေမဲ့ မြင်မြင်နေရတဲ့ သူ့သူငယ်ချင်း ဇိုဝီရယ်နဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ၊ သူမကရော စိတ်ဒဏ်ရာကို ကျော်လွှားနိုင်ပြီး လူ့အဖွဲ့အစည်းမှာ ပြန်ဝင်ဆံ့နိုင်ပါ့မလားဆိုတာကို ဆွတ်ပျံ့ဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.5 GB)/(796 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Act Molemy, Matteo

Drama • Comedy
0 2024
My Dead Friend Zoe
Beautiful Audrey
8.3

Beautiful Audrey (2024) ********************** IMDb… 8.3 ဘယ်ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် တတ်နိုင်သမျှ လူတိုင်းကို တန်းတူညီမျှ ဆက်ဆံပေးနိုင်ဖို့လိုပါတယ်။ အထူးသဖြင့် သားသမီးတစ်ယောက်နဲ့အထက် မွေးထားတဲ့ မိသားစုတွေမှာပေါ့။ ဒီဇာတ်ကားလေးမှာလည်း ဒီလိုပါပဲ။ မိခင်ဖြစ်သူ အိုမီယွန်းမှာ သားဖြစ်သူ ဂန်ဂီဟွန်း နဲ့ သမီးဖြစ်သူ ဂန်ဂျီအွန်းဆိုပြီး သားသမီးနှစ်ယောက်ရှိတယ်။ ပညာရေးမှာလည်း ထူးချွန်ထက်မြက်သလို သားကြီးဩရသလည်းဖြစ်တဲ့ ဂီဟွန်းကို မိခင်ဖြစ်သူက သည်းသည်းလှုပ်ပဲပေါ့။ မောင်နှမနှစ်ယောက်ကို တမင်ခွဲခြားဆက်ဆံတာတော့မဟုတ်ပေမဲ့ ကိုယ်ကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ အရာရာ သားဖြစ်သူကိုပဲ ဦးစားပေးမိတဲ့အခါ သမီးငယ် ဂျီအွန်းရဲ့ စိတ်ထဲမှာ “မိသားစုက သူ့အစ်ကိုကိုပဲ​ဦးစားပေးတယ်” ဆိုတဲ့ စိတ်ဒဏ်ရာက တစ်စတစ်စ ကြီးထွားလာပါတော့တယ်။ ဒီလိုနဲ့ အရွယ်လေးရောက်လာကြတော့ အစ်ကိုဖြစ်တဲ့ ဂီဟွန်းက အမေနဲ့အတူတူ မွေးရပ်မြေမှာ ခေါက်ဆွဲဆိုင်လေးဖွင့်ထားပေမဲ့ ဂျီအွန်းကတော့ ဝါသနာပါရာ အိုင်ဒေါအလုပ်ကိုလုပ်ဖို့ အိမ်ကနေထွက်သွားပြီး မိသားစုကိုပါ သံယောဇဥ်ဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်ကျ မိခင်ဖြစ်သူ အိုမီယွန်းတစ်ယောက် အယ်ဇိုင်းမားဆိုတဲ့ မှတ်ဉာဏ်တွေ ဆုံးရှုံးရတဲ့ ဝေဒနာဆိုးကြီးကို ခံစားလိုက်ရတဲ့အခါမှာ ..။ Wanna One ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သလို သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်လှတာကြောင့် Weak Hero Class, Love Song for Illusion, Flower Crew: Joseon Marriage Agency စတဲ့ ဇာတ်ကားကောင်းတွေမှာပါဝင်ခွင့်ရရှိပြီး အောင်မြင်မှုတွေရရှိထားတဲ့ Park Ji Hoon ရဲ့ နောက်ထပ်ဇာတ်ကားကောင်းလေးလည်းဖြစ်ပါတယ်။ တခြား main cast တွေအနေနဲ့ မင်းသမီးကြီး Kim Jung Nan နဲ့ Kim Bo Young တို့ကလည်း အဓိက ပါဝင်သရုပ်ဆောင်ပေးထားတာမို့ ဒရာမာချစ်သူတွေ တစ်ရှူးဆောင်ပြီးကြည့်သင့်တဲ့ ကားကောင်းလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Lai Laii မှ ရေးသားထားပေးပါတယ်။) File Size : 1.08GB/ 530MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:41:31 Genre : Life, Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Lai Laii & Yati Naing Encoded by Tiff

Horror • Mystery • Thriller
8.3 2024 100 mins
Beautiful Audrey
Adharma Kadhaigal
5.1

Adharma Kadhaigal (2024) “စိတ်အမှောင်” ဒီတစ်ခါ‌တော့ CM Bollywood ပရိသတ်ကြီးအတွက် ထူးထူးခြားခြားတင်ဆက်ထားတဲ့ တမီလ်စကားပြောမှုခင်း-ဒရာမာ ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းရဲ့ထူးခြားချက်က အစအဆုံးဇာတ်လမ်းတစ်ပုဒ်တည်းမဟုတ်ဘဲ မတူတဲ့ဇာတ်ကြောင်း ၄ ခုကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကြောင်းမတူပေမဲ့ လေးပုဒ်လုံးတူညီတဲ့အချက်တွေကတော့ မတရားမှု၊ ကလဲ့စား၊ သစ္စာဖောက်မှုနဲ့ စိတ်ရဲ့အမှောင်ဘက်ခြမ်းကိုသွားတဲ့ dark side တွေကို တွေးတောဆင်ခြင်မိစရာဖြစ်အောင် ရိုက်ကူးထားတာပါ။ မတရားမှုတွေ၊ လူတွေရဲ့ဆိုးယုတ်မှုတွေ၊ လောကရဲ့ပျော်စရာ၊ ၀မ်းနည်းစရာတို့အပြင် အချစ်နဲ့ဘ၀ကို ရသစုံလင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတိုတွေပေမဲ့ တကယ်အနှစ်တွေမို့ အချိန်လေးတစ်ခုပေးပြီး ကြည့်ရှုခံစားလိုက်ကြပါဦး…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

Family • Drama
5.1 2024 131 mins
Adharma Kadhaigal