YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

[18+]One On One (2017).WEB-DL720P(DS).mp4

841.37 MB N/A video/mp4 5154 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Nim's Island
5.9

Gerard Butler ကြီးရဲ့ နောက်ထပ် စွန့်စားခန်း ကားတစ်ကားဖြစ်ပါတယ်... လူသူမသိပေမယ့် အရမ်းလှပတဲ့သီးသန့်ကျွန်းလေးမှာ နှစ်ယောက်တည်းနေကြတဲ့ နင်းမ်နဲ့သူ့အဖေဂျက်ခ်။ နှစ်ယောက်လုံး စွန့်စားရတာဝါသနာပါကြပြီး ဂျက်ခ်ကတော့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ နင်းမ်ကိုတစ်ယောက်တည်းထားခဲ့ပြီး ဂျက်ခ်တစ်ယောက် ပင်လယ်ထဲရှာဖွေရေးခရီးထွက်သွားတာကနေ မုန်တိုင်းမိပြီး လမ်းပျောက်သွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း နင်းမ်တို့သီးသန့်ကျွန်းကို အပျော်စီးသဘေႅာပေါ်ကရှာတွေ့ပြီ ကျွန်းကိုစီးပွားဖြစ်လုပ်မလို့ကြံစည်ပါတော့တယ်။ ထိုအချိန် တစ်ယောက်တည်းကျန်ခဲ့တဲ့နင်းမ်ကလည်း စာရေးဆရာမအလက်စ်ဇန်းဒြားနဲ့ အဆက်အသွယ်သွားရပါတယ်။ နာမည်ကြီးစွန့်စားသမားဇာတ်ကောင် "အဲလက်စ်ရိုဗာ"စာအုပ်ရေးခဲ့တဲ့သူဖြစ်ပေမယ့် အပြင်မှာကျ အိမ်အပြင်တောင်မထွက်ရဲတဲ့သူဖြစ်နေပါတယ်။ ဒါပေမဲ့ နင်းမ်အကူအညီတောင်းလာတဲ့အခါမှာတော့... သူတို့သီးသန့်ကျွန်းလေးပေါ် ကျူးကျော်လာတဲ့သူတွေကို နင်းမ်တစ်ယောက် အောင်အောင်မြင်မြင်မောင်းထုတ်နိုင်ပါ့မလား..နင်းမ်အဖေကရော ပြန်လာနိုင်ပါ့မလား.. အလက်စ်ဇန်းဒြားကရော ရောက်လာနိုင်ပါ့မလားဆိုတာကတော့.. File Size :(2.3GB)(1.2GB) and (224MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:36:00 Genre :Adventure, Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae

Comedy • Family
5.9 2008 96 mins
Nim's Island
Bound by Blackmail
6

ပိရမစ်လိမ်နည်းဆိုလား MLM လား ဘာလား ဘာညာသရာကာ အဲဒါမျိုးကို အားလုံးရင်းနှီးပြီးသားပဲမလား။ ဒီကားကတော့ တက်ကျမ်းတွေဟောတဲ့ ဘဲက ပိရမစ်လိမ်နည်းနဲ့ စိတ်ဓာတ်မြှင့်တင်ရေးအတန်းတွေဖွင့်၊ လူခေါ်အောင် မက်လုံးပေး၊ ထွက်မရအောင် အကြပ်ကိုင်တာတွေ လုပ်တဲ့ကားပေါ့။ ထူးတာက ဒီကားက အကောင်းစားကားလို့တော့ ပြောမရပေမဲ့ Thriller ကား ပီသတယ်။ စစချင်းမှာ ခင်ဗျား ဘာတွေဖြစ်နေတာလဲ တွေးမိမယ်။ နောက်ကျ ဇာတ်ရည်တဖြည်းဖြည်းလည်လာမယ်။ ဘယ်သူလုပ်နေတာလဲ ဆိုတဲ့ အချက်ကို ပြောင်းတွေးမိလာမယ်။ အဆုံးကျ ခင်ဗျား ဘယ်လိုဖြစ်သွားမလဲဆိုတဲ့ အဖြေကို သိချင်လာရင်း ရင်တသိမ့်သိမ့်နဲ့ ကြည့်ရမယ့် ရုပ်ရှင်ကလေးပါပဲ။ အကောင်းစားမဟုတ်ပေမဲ့ သင့်ရာတော်ရာကားကောင်းလေးပေါ့။ ပေါ့ပေါ့ပါးပါး ရင်တအေးအေးနဲ့ ကြည့်လို့ကောင်းမယ့် ရုပ်ရှင်လေးဆိုလည်းမမှားဘူး။ ဒီရုပ်ရှင်ဟာ လိုးဘတ်ဂျက် တီဗီမူဗီကားတစ်ကားဖြစ်ပေမဲ့လည်း သူမနိုင်တာတွေ ဘာမှမလုပ်ထားဘဲ သူနိုင်တဲ့အပိုင်းကိုပဲ သေချာပြပြီး ဇာတ်ညွန်းကိုလည်း Thriller ကား ပီပီသသ ရင်တဖိုဖိုဖြစ်ရအောင် သိချင်စိတ်ကိုဆွပြီး တဖြည်းဖြည်းချင်း သူ့ဇာတ်သူပုံဖော်သွားသလို သရုပ်ဆောင်တွေကလည်း ခက်ခက်ခဲခဲမဟုတ်တဲ့ ဇာတ်ရုပ်တွေကို အဆင်ပြေပြေသရုပ်ဆောင်သွားခဲ့ပါတယ်။ အကောင်းကြီးမဟုတ်လှတဲ့ကားပေမဲ့ သူသုံးထားတဲ့ ဘတ်ဂျက်အနေအထားအရ စုတ်ပြတ်မသွားတဲ့ ခြောက်ပြစ်ကင်းတယ်ဆိုတာ ရိုးရှင်းခြင်းမှာရှိတယ်ဆိုတာကို တစ်နည်းတစ်ဖုံသက်သေပြသွားတဲ့ ရုပ်ရှင်လေးပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 680MB Quality - 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 23Min Genre - Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Crime • Drama • Thriller
6 2022 85 mins
Bound by Blackmail
[18+] 5 in 1
6.5

ကားနာမည်ကြားတာနဲ့တင် ဆွဲဆောင်မှုအပြည့်ရှိနေတာကတော့ ဒီဇာတ်ကားပါပဲ ဒီဖိလစ်ပိုင်ကားမှာတော့ Johnny Dick Jordi ဆိုတဲ့ ဘဲကြီးက 5 in 1 coffee ဆိုပြီး သောက်ဆန်းကြီးကို‌တည်ထောင်ပြီး ဥစ္စာပေါရုပ်ချောရေလျှံနေတဲ့ ဘဲကြီးတစ်ပွေဖြစ်ပါတယ်။ ဒါပေမဲ့ ရေလျှံတဲ့ဘဲတွေထုံးစံအတိုင်းသူက ကော်ဖီကိုတင် 5 in 1 လုပ်ခဲ့တာမဟုတ်ပါဘူး ဒီလိုနဲ့ဖိလစ်ပိုင်ကျော်ကြီးတစ်ယောက် ကံဆိုးစွာနဲ့ ရောဂါကြောင့်ငယ်ငယ်ရွယ်ရွယ်သေဆုံးသွားချိန်မှာတော့ သူ့ရဲ့ချမ်းသာကြွယ်ဝမှုကိုအမွေဆက်ခံဖို့ သူ့ရည်းစားဟောင်း ၅ ဦး ဖြစ်တဲ့ လာနာ ရို့စ်၊ မီယာ ကာလီဆာ၊ မာရီယာ အိုဆာကာ၊လက်ဆီ လောရိုက်စ်၊ ရီလေ ရတ်ပါဆိုတဲ့ ဆော်အလန်းလေးတွေကို သူ့အသုဘကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့သူတို့ထဲက ဘယ်သူကများ မစ္စတာ Dick ရဲ့ အမွေကိုဆက်ခံနိုင်မှာလဲ... ဒီလိုနဲ့ စားဘဲကြီးနဲ့ သူတို့ရဲ့အမှတ်တရအတိတ်နေ့ရက်လေးတွေကို ပြန်ပြောပြရင်း စားဘဲကြီးရဲ့ဆော် ၅ယောက်ကို တစ်ပြိုင်နက်ထဲဘယ်လို အ‌ကွက်ရွှေ့ပြီးတွဲသွားလဲ ဘယ်လိုတော်ကီတွေ tactics တွေသုံးသွားလည်းဆိုတာကို ညိုကီတို့နည်းနာယူရမှာပဲဖြစ်ပါတယ် ဒါပေမဲ့လည်း ‌စားဘဲကြီးဖြစ်ပေမဲ့ စားဖို့လောက်ပဲသိတဲ့ ဘဲကြီးလို့တော့မထင်လိုက်ပါနဲ့ ‌ အမျိုးသမီးတွေရဲ့ဘဝဒုက္ခကိုကူညီပေးရင်း အလင်းလမ်းကိုပြသတဲ့ ကျော်ကြီးရဲ့ဖြူစင်တဲ့နှလုံးသားကူညီတတ်ပုံတွေကိုလည်း မြင်တွေ့ရမှာပါ ဒါပေမဲ့ ၁၈ အပေါင်း မြင်ကွင်းတွေလည်း ၅ ဆ ပါဝင်တာကြောင့် မိသားစုလူကြီးသူမတွေနဲ့ကြည့်ရှုဖို့မသင့်တော်ပါခင်ဗျ အကိတ်အလန်း ဖိလစ်ပိုင်သူလေးတွေ ပါဝင်တာကြောင့် အကိတ်ကြိုက်တဲ့ဘရိုတို့အတွက် recommend ပါတယ်ဗျာ ။ ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Dark Knight ပဲ ဖြစ်ပါတယ်။ Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.3GB | 673MB | 340MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Dark Knight Encoder ..... Blank

Romance
6.5 2022 102 mins
[18+] 5 in 1
Whiskey Tango Foxtrot
6.3

ကင်မ်ဘေကာဟာ သတင်းဌာနတစ်ခုမှာ သူများတွေရေးတဲ့သတင်းတွေ၊ ဆောင်းပါးတွေကို စာချော အောင် ပြင်ပေးရတဲ့အလုပ်ကိုလုပ်ကိုင်သူပါ။ တစ်ရက် အမေရိကန်တို့ အီရတ်ကိုဝင်တိုက်တော့ အီရတ်ကို သတင်းဌာနက လူတွေအများကြီးလွှတ်လိုက်ရတဲ့အတွက် ဘယ်သူမှ သိပ်မသွားချင်တဲ့ အာဖဂန်နစ္စတန်ကို စစ်သတင်းထောက် အနေနဲ့ ဌာနက လွှတ်လိုက်ပါတော့တယ်။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို အာဖဂန်နစ္စတန်ရဲ့ ချီးနံ့ ယင်နံ့တလှောင်လှောင် လေထု၊ လိမ်တောင်းတဲ့သူတောင်းစား၊ မိန်းမတွေကိုခွဲခြားမှုတွေ စကြုံပါတော့တယ်။ ဒါပေမယ့် မူလက ၃လပဲနေဖို့ စိတ်ကူးခဲ့တဲ့ ကင်မ်ဘေကာဟာ တကယ်တမ်းမှာ (၃)နှစ်ကျော် အာဖဂန်မှာ စစ်သတင်းထောက်လုပ်ဖြစ်ခဲ့ပြီး နာမည်လည်းကြီးသွားခဲ့ပါတယ်။ ဒီလိုဖြစ်သွားအောင် ဘယ်လို စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ၊ ဘယ်လိုစိတ်ဒုက္ခတွေ၊ ဘယ်လိုမွန်းကြပ်မှုတွေက သူ့ကို တွန်းအားပေး စေ့ဆော်ခဲ့လဲဆိုတာ ဇာတ်ကားထဲမှာ ရှုစား ရမှာပါ။ ဒီဇာတ်ကားဟာ အပြင်မှာတကယ်ရှိတဲ့ စစ်သတင်းထောက် ကင်မ် ဘေကာ (Kim Baker)ရဲ့ စာအုပ်ကို မှီးပြီးရိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည်ဖြစ်တဲ့ Whisky.Tango.Foxtrot ဆိုတာက အမေရိကန် မရိန်းတပ်ဖွဲ့တွေ စကားပြောစက်ထဲမှာသုံးတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ စိတ်အရမ်းရှုပ်တဲ့အခါ၊ အလွန်အမင်းအံအား သင့်တဲ့အခါမှာ ပြောလေ့ရှိတဲ့ (Wtf) What The Fuck ဆိုတာပါပဲ။ File Size : (2.1GB)(945 MB) and (543MB) Quality : Blu-Ray  1080P, 720p Format…mp4 Duration…01:52:00 Genre : Biography, Comedy, Drama , War Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo (kop) Encoded by Phyo Pyae

Crime • Thriller
6.3 2016 112 mins
Whiskey Tango Foxtrot
Bloody Summer Camp
4

1986 ခုနှစ်ဝန်းကျင်၊ Trustfall ဆိုတဲ့နွေအပန်းဖြေစခန်းတစ်ခုမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုပါတော့။ အပန်းဖြေစခန်းပိုင်ရှင်တွေနဲ့ဝန်ထမ်းတွေက အသစ်ရောက်လာမယ့်နွေရာသီအတွက် ပြင်ကြဆင်ကြ လူအသစ်ခန့်ကြပေါ့။ လူအသစ်လေးတွေနဲ့စခန်းအတွက်ပြင်ကြဆင်ကြရင်း ကံဆိုးမိုးမှောင်တစ်ခုကျရောက်လာခဲ့ပါတယ်။ ဝန်ထမ်းတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်နေတဲ့ကိစ္စပါပဲ။ ဟိုးအရင်အပန်းဖြေစခန်းရဲ့ကြောက်စရာဒဏ္ဍာရီဇာတ်လမ်းနဲ့ ဒီဝန်ထမ်းတွေပျောက်နေတဲ့ကိစ္စက ပတ်သက်မှုများရှိနေမလား။ လူတွေပျောက်နေတဲ့ကိစ္စကဘယ်လိုအဖြေပေါ်လာမှာလဲ။ အဖြေကရောရှာလို့တွေ့နိုင်ပါ့မလား စတာတွေကိုကြည့်ရမယ့် Horror ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။ File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:02:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Encoded by Naing Aung Latt

Action • Adventure • Comedy • Family • Fantasy
4 2021 125 mins
Bloody Summer Camp
Shaadi Mein Zaroor Aana
7.1

ဒီဇာတ်ကားလေးကတော့ IMDb rating 7.6အထိ ရရှိထားပြီး Rajkummar Raoနဲ့ Kriti Kharbanda တို့ရဲ့ Romance/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားတစ်ကား ဖြစ်ပါတယ် ယခုလို ကျောင်းတွေပြန်ဖွင့်တော့မယ်ဆိုတဲ့အချိန်မှာ မိဘက တွန်းအားပေးနေတာကို မလွန်ဆန်နိုင်သေးတဲ့သူတွေ ကြည့်သင့်တဲ့ဇာတ်ကားတစ်ခု ညွှန်းပေးပါရစေ။ တကယ်က မိန်းကလေးဖြစ်ရင် အလုပ်မလုပ်ရဘူးဆိုတဲ့ ရှေးရိုးစွဲအယူကို ခုထိလက်ကိုင်ထားတဲ့သူတွေ ကမ္ဘာပေါ်ရှိနေပါသေးတယ်။ ဒီဇာတ်ကားထဲက မင်းသမီးဖြစ်သူ Aarti ရဲ့အဖေက အဲဒီလိုလူမျိုးပေါ့။ သူ့သမီးကို အလုပ်လုပ်ခွင့်မပေးဘဲ ယောက်ျားပဲအတင်းပေးစားချင်တာပါ။ Aarti ကလည်း အဖေ့ကိုမလွန်ဆန်တဲ့အဆုံး Blind Date မှာ မင်းသားကိုသွားတွေ့ပြီး လက်ထပ်ဖို့ဆုံးဖြတ်လိုက်တယ်ပေါ့။ ဘာလို့လဲဆိုတော့ Aarti ကို အလုပ်လုပ်ခွင့်ပေးမယ်လို့ မင်းသားကသဘောတူလိုက်လို့ပါ။ ဒါပေမယ့်လည်း မင်းသားရဲ့အမေကလည်း Aarti ရဲ့အဖေလိုပဲ ရှေးရိုးစွဲနေမှန်း သူမသိခဲ့ပါဘူး။ သိပ်စိတ်ညစ်ဖို့ကောင်းတဲ့ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေ၊ ကျားမခွဲခြားဆက်ဆံတတ်တဲ့ ဓလေ့တွေ၊ မိဘလောင်းရိပ်အောက်က မထွက်နိုင်ခဲ့ခြင်းတွေကြားက Aarti တစ်‌ယောက် ဘယ်လိုတွန်းလှန် ရုန်းထွက်နိုင်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်ဗျ။ တခြားအရာတွေက နှစ်ခါလာနိုင်ပေမယ့် လွတ်လပ်ခွင့်ကတော့ အခွင့်အရေးရတုန်း မဖမ်းဆုပ်နိုင်ရင် တစ်သက်လုံး လက်လွှတ်လိုက်ရမယ်ဆိုတာကိုလည်း ဒီဇာတ်ကားထဲမှာ သတိပေးထားပါသေးတယ်။ ဘာသာပြန်သူတွေကတော့ Htoo Aungနဲ့ Intelligenceတို့ဖြစ်ပြီး ဘာသာပြန်လိုအပ်ချက်များကို ဖြည့်စွက်ပြင်ဆင်ထားတာကတော့ Thaik Sanပဲ ဖြစ်ပါတယ်။ File size…(2 GB) / (1 GB) Quality…WEB-DL 1080p/720p Format…mp4 Duration….02:11:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htoo Aung & Intelligence Fixed by Thaik San

Action • Crime • Thriller
7.1 2017 137 mins
Shaadi Mein Zaroor Aana
It’s a Wonderful Life
8.6

It’s a Wonderful Life (1946) ~ IMDb – 8.6/10, RT – 93%, Meta – 89% ~ It’s a Wonderful Life ကို တချို့က အကောင်းဆုံး ခရစ္စမတ်ကားလို့ သမုတ်ကြတယ်။ သူက Greatest Films of All time လို့ သမုတ်ကြတဲ့ကားတွေထဲက တစ်ကားအပါအဝင်လည်းဟုတ်တယ်။ 100 best American Films Ever Made စာရင်းထဲလည်းဝင်သလို American Film Institute ရဲ့ Greatest Movie List တွေထဲလည်း အမြဲပါတယ်။ Classic မှ ရေမရောတဲ့ ကလပ်စစ်စစ်စစ် ခရစ္စမတ်ကားဆိုလည်း ဟုတ်တယ်။ ခရစ္စမတ်ရုပ်ရှင်တွေထဲကမှ ခရစ္စမတ်အဆန်ဆုံး ရုပ်ရှင်ဆိုလည်း ဟုတ်တယ်။ ဒီကားကို Philip Van Doren Stern ရဲ့ The Greatest Gift လို့ခေါ်တဲ့ ဝတ္တုတိုကလေးကနေ Frank Capraက ရိုက်ထားတာ။ Frank Capraက It Happened One Night တို့ You Can’t Take It with You တို့ကို ရိုက်ခဲ့တဲ့သူ။ ဂန္ထဝင်ဒါရိုက်တာကြီးလို့ပြောရင်လည်း မမှားဘူး။ ဘာလို့ဆို ဒီကားတွေက ကလပ်စစ်ဖြစ်ကုန်ကြသကိုး။ ဒီဝတ္တုကလည်း ခရစ္စမတ်အငွေ့အသက်အပြည့်ရသဆို ခရစ္စမတ်ရဲ့အကျော်ကြားဆုံး ဝတ္တုဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကို ပါးပါးလေးအခြေတည်ထားသကိုး။ ဒီခရစ္စမတ်ကားဟာ ဒါရိုက်တာကိုယ်တိုင်ကလည်း သူရိုက်ခဲ့သမျှကားတွေထဲ အကြိုက်ဆုံးဖြစ်ခဲ့သလို ဒီရုပ်ရှင်ရဲ့မင်းသား James Stewart ရဲ့ အကြိုက်ဆုံးကားလည်းဟုတ်ခဲ့တယ်။ သူတို့လက်ရာတွေထဲ သူတို့အကြိုက်ဆုံးဖြစ်ခဲ့တဲ့ကားဆိုတော့ စဉ်းစားကြည့်ပေါ့။ ဒီရုပ်ရှင်ကို ခေတ်အဆက်ဆက်ဗားရှင်းပေါင်းစုံအဖြစ် ကာလာသွင်းလိုက် ဘာလုပ်လိုက် ညာလုပ်လိုက်အသက်သွင်းခဲ့ကြသလို ဖိုးကေအထိပြန်လုပ်ခဲ့ကြပြီးပေမဲ့ မူလအရသာအတိုင်းပဲ ရစေချင်တာမို့ အဖြူအမဲဗားရှင်းကိုပဲ ရွေးချယ်ထားပါတယ်။ ထူးတာက It’s a Wonderful Life ဟာ ခရစ္စမတ်ကားဆိုပေမဲ့ ဆန်တာကလော့မပါ ဘာမပါ အကျိုးနည်းခရစ္စမတ်ကားပါလို့ ပြောရမယ့် ခရစ်စမတ်ကားပါပဲ။ It’s a Wonderful Life ဆိုပြီး စထားပုံကလည်း သတ်သေတော့မယ့် လူတစ်ယောက်နဲ့ စထားတယ်။ ပြီးတော့ ကျွန်တော်တို့ကို မြို့လေးတစ်မြို့က ဂျော့ဘိုင်လေလို့ခေါ်တဲ့လူတစ်ယောက်ရဲ့ ဘဝသမိုင်းကို ဖန်သားပြင်ထက် တရိပ်ရိပ်ပြတယ်။ အဲဒီလူနာမည်က ဂျော့ဘိုင်လေ။ ဒီလူက သာမန်လူတော့ သာမန်လူပါပဲ။ဒါပေမဲ့ သူ့ဘဝကတော့ သာမန်ဟုတ်မနေခဲ့ဘူး။ သူဟာ ကျွန်တော်တို့အားလုံးလိုပဲ အိပ်မက်တစ်ခုနဲ့လူပေါ့။ အရွယ်ရောက်လာရင် ကမ္ဘာကြီးကိုပတ်မယ် အသစ်အဆန်းတွေကို ရှာဖွေမယ်ဆိုတဲ့ လူမျိုး။ ဒါပေမဲ့ သူ့မိသားစုတွေ မိတ်ဆွေရဲ့ အကျိုးနဲ့ယှဉ်လာရင် သူ့အိပ်မက်တွေကို သူနောက်ဆုတ်ပေးရင်းပေးရင်း အချိန်တွေရယ်ကုန်ဆုံးလို့သာ အရွယ်လွန်လာခဲ့တဲ့ လူတစ်ယောက်ပေါ့။ သူ့အဖေရဲ့ပရဟိတလုပ်ငန်းလိုဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အိမ်ရာနဲ့ချေးငွေလုပ်ငန်းကို အမွေဆက်ခံပြီး ဒီလုပ်ငန်းအတွက် ပြဿနာပေါင်းများစွာကို လူတော်တစ်ယောက်အနေနဲ့ ကျော်လွန်နိုင်ခဲ့ပေမဲ့လည်း သူ့မှာ စုမိဆောင်းမိဆိုလို့ ဒေါ်လာ၅၀၀တန် အသက်အာမခံကလွဲ ဘာမှမရှိခဲ့ဘူး။ တခြားမရှိဆင်းရဲသားတွေအတွက် ချေးငွေနဲ့အိမ်ပေါင်းများစွာကို ဖြစ်အောင် ဆောက်ပေးခဲ့ပေမဲ့ သူ့အပိုင်အိမ်ဆိုတာလည်း မရှိခဲ့ဘူး။ ဒါပေမဲ့လည်း သူဟာ သူ့မိတ်ဆွေတွေအတွက် သူချစ်တဲ့သူတွေအတွက် သူ့ဘဝကို သူကျေနပ်လိုက်ရင်း နေခဲ့တာပါပဲ။ တစ်ခုသော ခရစ္စမတ်အကြိုညမတိုင်ခင်အထိပေါ့။ တစ်ခုသော ခရစ္စမတ်အကြိုညမှာ သူ့ဘဝ ပြောင်းပြန်လန်သွားတဲ့ အဖြစ်မျိုးဖြစ်ခဲ့တယ်။ ဘာနည်းလမ်းမှမရှိတော့တဲ့နောက် ခရစ္စမတ်ညမှာ သတ်သေပစ်ဖို့ရွေးရတဲ့အထိ သူလမ်းဆုံးသွားခဲ့တယ်။ ဒါပေမဲ့ ဒီညက ခရစ္စမတ်ညပဲလေ။ ခရစ္စမတ်ဟာ နေ့တာအတိုဆုံး အအေးစက်ဆုံးလထဲက ရက်တစ်ရက်မှာ တည်နေတဲ့ အနွေးထွေးဆုံး ချစ်ခြင်းတွေအရှည်ကြာဆုံး ရက်တစ်ရက်ပဲမလား။ ခရစ္စမတ်ဟာ အားလုံးရဲ့ ရင်ထဲ ချစ်စိတ်တွေဖြည့်ပေးနိုင်တဲ့နေ့ပေါ့။ ခရစ္စမတ်ဟာ အဆိုးဆုံးလို့ခေါ်တဲ့လူတွေကို စိတ်ကောင်းဝင်စေနိုင်တဲ့နေ့။ ခရစ္စမတ်ဟာ အတွန့်တိုဆုံးလူတွေရဲ့နှလုံးသားကို ပြောင်းလဲစေနိုင်တဲ့နေ့လည်း ဟုတ်တယ်။ မပြေလည်ခဲ့သမျှတွေကိုလည်း ခရစ္စမတ်ဟာ သူ့ထဲက ချစ်ခြင်းတွေနဲ့ ခဝါချပေးနိုင်တယ်။ ခရစ္စမတ်ဟာ ဘာမဆိုဖြစ်နိုင်တယ်။ ဘာလို့ဆို ခရစ္စမတ်ဟာ ခရစ္စမတ်ကိုး။ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ဟာ ဆန်တာကလော့ဆီမှာမဟုတ်ဘဲ ကျွန်တော်တို့ကိုချစ်တဲ့လူတွေ ကျွန်တော်တို့ကချစ်တဲ့လူတွေဆီမှာရှိနေတယ်။ ဒီရုပ်ရှင်ဟာ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုအကြောင်းပေါ့။ ဂျော့ဘိုင်လေလို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ တစ်ပြားမှမရှိပေမဲ့ အဖိုးအတန်ဆုံးဘဝအကြောင်းဆိုလည်း ဟုတ်တယ်။ ဘဝတွေဟာ လှပချင်မှလည်း လှပမယ်။ အကျည်းတန်ခြင်းက ပိုများနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကချစ်တဲ့လူတွေအတွက် ကျွန်တော်တို့ကိုချစ်တဲ့လူတွေအတွက် ကျွန်တော်တို့မသိကြသည်ဖြစ်စေ သူတို့မသိကြသည်ဖြစ်စေ ဘဝတွေဟာ It’s a Wonderful Life လို့ ပြောရမယ့် ဘဝတွေချည်းပေါ့။ ဒီရုပ်ရှင်ဟာ ခင်ဗျားဘဝကို It’s a Wonderful Life လို့ ရဲရဲကြီးပြောမိစေနိုင်မယ့် ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ခရစ္စမတ်ဟာ ကျွန်တော်တို့ ယဉ်ကျေးမှုလို့ ပြောလို့မရပေမဲ့ ခရစ္စမတ်ကာတွန်းတွေ ခရစ္စမတ်စာအုပ်တွေ ခရစ္စမတ်ရုပ်ရှင်တွေကို ကျွန်တော်တို့ ဘဝထဲက ပိုင်းခြားပစ်လို့မရတော့ ခရစ္စမတ်ဟာ ကျွန်တော်တို့ရဲ့ အရင်းနှီးဆုံးသူစိမ်းလိုဖြစ်နေတဲ့အရာပါပဲ။ ဒါပေမဲ့ ခရစ္စမတ်ရောက်လို့ ခရစ္စမတ်ကားတစ်ကားကြည့်လိုက်မိပြီဆိုရင် ခရစ္စမတ်ပီသစွာပဲ ချစ်တဲ့စိတ်တွေနဲ့ ပြည့်လာတတ်တာပါပဲ။ ဒီလောကမှာ မျှဝေဖို့ အကောင်းဆုံးအရာဟာ ချစ်ခြင်းမေတ္တာပဲမလား။ ချစ်ခြင်းတွေလွှမ်းနေတဲ့ ခရစ္စမတ်တွေကိုလည်း မျှဝေယူလိုက်ကြတာပေါ့။ ဒီဇင်ဘာဆိုတဲ့ နေ့တာအတိုဆုံး ဒက္ခိဏယဉ်စွန်းချိန်ရဲ့လမှာ ကမ္ဘာရဲ့ဝင်ရိုးတစ်ဖက်ဟာ နေရဲ့ဟိုးအဝေးဆုံးကို ရောက်ရှိသွားတတ်တယ်။ အအေးစက်အမှောင်မိုက်ဆုံး အချိန်လို့ပဲ ယေဘုယျဆိုလိုက်ကြတာပေါ့။ ဒုက္ခတွင်းထဲက အချိန်တွေဟာ ချစ်ခြင်းတွေရဲ့ အထင်ရှားဆုံး အချိန်ပဲမလား။ ဒီရုပ်ရှင်ဟာလည်း အလားတူအကြောင်းအရာပါပဲ။ နောက် အမှောင်မိုက်ဆုံးအချိန်ကို အလင်းလက်ဆုံးဖြစ်စေမယ့် ညတစ်ညအကြောင်းရောပေါ့။ အဲဒီညဟာ ခရစ္စမတ်ညပါပဲ။ အားလုံးပဲ မယ်ရီခရစ္စမတ်ပါ… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.2GB, 615MB Quality – 1080p, 720p, 480p IMDb Rating – 8.6/10 Format – mp4 Duration – 2H 10Min Genre – Drama, Family, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
8.6 1946 130 mins
It’s a Wonderful Life
Pride and Prejudice and Zombies
6

ယခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Cinderella (2015)ထဲက မင်းသမီးချော Lily James နဲ့ Maleficent ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Sam Riley တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇွန်ဘီကားလေးပဲဖြစ်ပါတယ်။ ဒီဇွန်ဘီကားဟာ 19 ရာစုမှာအ‌ခြေတည်ထားပြီး ထူးဆန်းတဲ့ ဇွန်ဘီပလိပ်ရောဂါကြောင့် အင်္ဂလန်နိုင်ငံဟာ စစ်တလင်းဖြစ်ခဲ့ရပုံကိုပြသထားပါတယ်။ ဒီဇာတ်ကားထဲက ဇွန်ဘီတွေက သာမာန်ဇွန်ဘီကားတွေထဲကလို တွေ့ကရာအကုန်လိုက်ကိုက်နေတာမျိုးမဟုတ်ပဲ သူတို့မှာလည်း ဦးနှောက်ရှိတဲ့အတွက် ဉာဏ်ပြေးကြပါတယ်။ ဝူးရှူးဝါးတွေမလုပ်ပဲ လူ့ ဦးနှောက်စားရဖို့အတွက် ထောင်ခြောက်လည်းဆင်တတ်သလို လူတွေကြားထဲလည်း သွားလာတတ်ကြပါသေးတယ်။ ဒီလိုဉာဏ်ကောင်းတာကြောင့်ပဲ ဇွန်ဘီတွေက တ‌ဖြေးဖြေးနဲ့အင်အားကောင်းလာတာမို့ လူသားမျိုးနွယ်တွေအတွက် ခြိမ်း‌ခြောက်မှု ကြီးတစ်ရပ်ဖြစ်လာပါတော့တယ်။ ဒီလိုတွေကြားထဲမှာမှ လူသဘောလူ့သဘာဝ လူမှုရေး ချစ်ရေးကြိုက်ရေး နိုင်ငံရေး ဒါမျိုးတွေကိုရောထည့်ပေါင်းစပ်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ ဇွန်ဘီကားကြိုက်တဲ့ ပရိတ်သတ်တွေအတွက်ကတော့ အမြင်တစ်မျိုးထူးခြားနေမှာဖြစ်လို့ ကြည့်သင့်တဲ့ဇာတ်ကားဖြစ်တယ်လို့ညွှန်းလိုက်ပါရစေ။ File size…1.59 GB / 750MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Action , Comedy , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

6 2016
Pride and Prejudice and Zombies
He Went That Way
5.1

ချစ်သူကမုန်း၊ ဖဲကရှုံး… ကံဆိုးမသွားရာ၊ မိုးလိုက်လို့ရွာ… ဒါတွေကတော့ တစ်ခါတစ်လေ စာရေးသူတို့လူ့လောကကြီးမှာ မဖြစ်ချင်ဘဲဖြစ်ရတဲ့၊ အတောမသတ်နိုင်လွဲချော်နေရတဲ့အခြေအနေတစ်ခုကို ထင်ဟပ်ဖော်ပြတဲ့ စကားပုံတွေပဲဖြစ်ပါတယ်။ ကံမကောင်းလို့ ကိစ္စတစ်ခုခုမှာလွဲချော်ပြီးတာတောင် အားမရသေးဘဲ ကံတရားက ထပ်နှိပ်စက်တဲ့အခြေအနေ၊ လောကဓံသရုပ်ကို ပြောချင်တာပါ။ ဒါပေမဲ့လည်း တခါတလေမှာ အဲ့လိုကံဆိုးမိုးမှောင်ကျမှုတွေ၊ အဆင်မပြေလွဲချော်မှုတွေကြားထဲကနေပဲ စာရေးသူတို့တွေဟာ အကောင်းဆုံးရုန်းကန်ကြိုးစားထွက်မြောက်ပြီး အောင်မြင်သွားတတ်ကြသလို အဲ့လိုအဆိုးဆုံးအခြေအနေတွေကြားထဲမှာပင်လျှင် စာရေးသူတို့ဘဝအတွက် သင်ခန်းစာယူစရာတွေ၊ ဆင်ခြင်သုံးသပ်စရာတွေ၊ ဘဝအတွက်ဒဿနတွေ ရှိနေတတ်တယ်ဆိုတာ သတိမူမိဖို့လိုပါတယ်။ တခါတလေမှာ အခြေအနေတစ်ရပ်၊ လူတစ်ယောက်ရဲ့ သရုပ်မှန်ကို အကျပ်အတည်းကြားမှာမှတွေ့ရတတ်သလို အဆိုးဆုံးဆိုတဲ့ အခြေအနေ၊ လူတစ်ယောက်မှာလည်းပဲ သူ့ရဲ့အကောင်းမြင်စရာအနေအထားတစ်ခုတော့ ရှိတတ်စမြဲဆိုတာကို တွေ့ရတတ်ပါတယ်။ ဒါတွေကတော့ အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကိုကြည့်ရင်း စာရေးသူစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ အတွေးစုတွေဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ပေးချင်တဲ့ message က တခြားဟာဖြစ်ကောင်းဖြစ်ပေမယ့် ဒါတွေကတော့ စာရေးသူဆက်စပ်တွေးဖြစ်တဲ့ဟာလေးတွေပါ။ အခုဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်ထွက် အမေရိကန် crime drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Jacob Elordi နဲ့ နာမည်ကြီး Star Trek ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ Zarchari Quinto တို့ အဓိကဦးဆောင်ပါဝင်ထားပါတယ်။ ဒါရိုက်တာကတော့ Jeffrey Darling ဖြစ်ပြီး အမေရိကန်စာရေးဆရာ Conrad Hilberry ရဲ့ ၁၉၈၇ ခုနှစ်ထွက် မှုခင်းဝတ္တု Luke Karamazov ဝတ္တုထဲကဇာတ်ကောင်ပေါ်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုတော့ Evan M Wiener ကရေးသားပေးထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဂျင်မ်ဟာ တောရိုင်းတိရစ္ဆာန်တွေလေ့ကျင့်ပေးပြီး ပြစားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လောလောဆယ်မှာ စပန်ကီဆိုတဲ့ ချန်ပန်ဇီတစ်ကောင်ကို လေ့ကျင့်မွေးမြူထားပြီး ဝယ်လက်တစ်ယောက်ဆီ သွားပို့ဖို့ ထွက်လာတာဖြစ်ပါတယ်။ မျောက်ဝံပြစားတာ ယခင်လိုအလုပ်အကိုင်မကောင်းလို့ စပန်ကီကို ဝယ်လက်ဆီသွားပို့ကာမှ လမ်းမှာကားကပါပျက်ပါတော့တယ်။ ကားပျက်တာပြင်ပြီးလို့ ပြန်အထွက်မှာ ကားကြုံလိုက်မယ့် လူငယ်တစ်ယောက်ကို သနားစိတ်ဝင်ပြီး တင်မိရာကနေ အဲ့လူငယ်ဟာ သူထင်ထားသလို သာမန်ကောလိပ်ကျောင်းသားချာတိတ်မဟုတ်ဘဲ လူငါးယောက်ကိုပူပူနွေးနွေးသတ်လာတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်နေတဲ့အခါ၊ သူ့ကိုပါ အနုကြမ်းစီးပြီး ပါတာလေးတွေ ယူလိုက်တဲ့အခါ ဂျင်မ်တစ်ယောက် စုပ်လည်းဆူး၊ စားလည်းရူးအခြေအနေနဲ့ အဆိုပါလူငယ်နဲ့ ရှေ့ဆက်ဖို့ အတော်လေးအခက်ကြုံလာရပါတော့တယ်။ File size…(1.3GB)/(633 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre… Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Drama • Thriller • Action
5.1 2023
He Went That Way
The Berlin File
6.6

IMDb Rating (6.6) မင်းသားကြီး Ha Jung-woo နဲ့ မင်းသမီး Jun Ji-hyun တို့အပြင် အခြားသောသရုပ်ဆောင်များစွာပါဝင်ထားတဲ့ ကိုရီးယား Action,Thriller ရုပ်ရှင်ဇာတ်လမ်းကြီးပါ။ ဇာတ်လမ်းအကျဉ်းကတော့… မြောက်ကိုးရီးယားရဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်သူ ပြုံးဂျောင်ဆုံဟာ ဘာလင်မှာ အာရပ်တော်လှန်ရေးတပ်ဖွဲ့နဲ့ လက်နက်အရောင်းအဝယ်လုပ်ဖို့ တာဝန်ပေးခံရတာကနေ အရောင်းအဝယ်ပျက်သွားတဲ့နောက်မှာတော့ ဒီဘာလင်အရှုပ်တော်ပုံထဲ ရောက်သွားပါတော့တယ်။ သူနဲ့ မြောက်ကိုးရီးယားသံရုံးက စကားပြန်ဖြစ်သူ သူ့ဇနီးတို့ဟာ ဒီအရှုပ်တော်ပုံမှာ တိုင်းပြည်ကို သစ္စာဖောက်တဲ့သူတွေအဖြစ် အကွက်ချ အစွပ်စွဲခံလိုက်ရတဲ့အခါ…. အေးဂျင့်ပြုံးဂျောင်ဆုံတစ်ယောက် ပြသနာတွေကြားထဲကနေ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ….။

6.6 2013
The Berlin File
Srimulat: Hidup Memang Komedi
7.1

Srimulat.Hidup.Memang.Komedi ဆရီမူလတ် လူရွှင်တော်အဖွဲ့အကြောင်း ရိုက်ထားတဲ့ ဒုတိယအဆက်ကားလေးကိုပါ ပရိသတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါတယ် ပထမကားထဲကအကြောင်းအရောတွေဖြစ်တဲ့ လူရွှင်တော်အဖွဲ့ကို မြို့တော်ကြီးမှာ ဖျော်ဖြေဖို့ ဂျာဗားကျွန်းကနေ သွားရောက်ကြပုံတွေ ကြိုးစားကြပုံတွေ ဘာသာစကားအခက်အခဲတွေ အဓိကဇာတ်ကောင်တွေရဲ့ အချင်းချင်း မိသားစုလိုနေရင်း တလွဲတွေလုပ် ဆူပူငေါက်ငမ်းကြရင်းနဲ့ တစ်နိုင်ငံလုံးသဘောကျအောင် ဖျော်ဖြေပေးနိုင်မှာလားဆိုတာ ဒီဒုတိယကားမှာ ဆက်ရှုစားရမှာပဲဖြစ်ပါတယ် ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပဲဖြစ်ပြီး ဘဝမှာတခါတလေ ဘာမှမစဉ်းစားပဲ ကိုယ်ချစ်ရသူရယ် ကိုယ့်ကိုချစ်တဲ့မိတ်ဆွေတွေရယ်သာရှိရင် ဘဝကြီးဆိုတာ ဒီလိုပဲနေပျော်စရာကြီးပါလားဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားနိုင်ဖို့ ဒီ heart warm ဖြစ်စေမယ့် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre….. Biography, Comedy, Drama Quality…. 1080p | 720p File size… 2.1GB | 921MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

Action • Drama • Mystery
7.1 2023
Srimulat: Hidup Memang Komedi
The Millionaires’ Express
6.9

ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ – တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။ ‌Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ‌ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။ နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်‌ပါတော့တယ် ။ အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ

Action • Drama • Romance • Thriller
6.9 1986
The Millionaires’ Express
Tera Jadoo Chal Gayaa

Tera Jadoo Chal Gaya (2000) သုံးပွင့်ဆိုင်အချစ် ၂၀၀၀ ခုနှစ်များဆီက ဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းလေးတွေကို ကြိုက်တတ်တဲ့ CM ပရိသတ်ကြီးအတွက် အဘီရှိတ်ခ်ဘဂျမ်း ၊ ကီရ်သီရတ်ဒီနဲ့ ဟာသမင်းသားကြီးဂျွန်နီတို့ အဓိကပါဝင်ထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်တင်ဆက်ပေးလိုက်ပါတယ်။ ပူဂျာက အောင်မြင်တဲ့ဒါရိုက်တာကြီးအရမ်းဖြစ်ချင်တဲ့သူ ဒါပေမဲ့ အလုပ်မှာတော့အမြဲနောက်ကျတတ်လို့ ခဏခဏအဆူခံရတဲ့သူပေါ့ ၊ အများနဲ့မတူထူးခြားကောင်းမွန်တဲ့ သူ့အိုင်ဒီယာတွေကိုလည်း အလုပ်က စီနီယာတွေဆီမှာ ဖြတ်လုခံရနဲ့ ဒါရိုက်တာကြီးအိပ်မက်က အလှမ်းဝေးနေလေရဲ့။ တစ်နေ့သူငယ်ချင်းမင်္ဂလာဆောင်သွားရင် အာဂရာမြို့မှာတွေ့ခဲ့တဲ့ ကဘီးရ်က သူ့ကိုမြင်မြင်ချင်းစိတ်ဝင်စားသွားတော့တယ် ၊ ကဘီးရ်ဆိုတာလည်း သူ့မြို့မှာတောင် မသိသူမရှိ လူချစ်လူခင်များတဲ့သူ ၊ ကဘီးရ်ကသာ ပူဂျာ့ကိုစိတ်ဝင်စားပေမဲ့ ပူဂျာကတော့ ကဘီးရ်ရဲ့ အစွမ်းအစနဲ့ လူချစ်လူခင်များတာကိုသဘောကျရုံကလွဲ စိတ်ဝင်စားမှုရှိမလာပါဘူး၊ သူ့စိတ်ထဲမှာ သူ့လက်တွဲဖော်အတွက် ပုံဖော်ထားပြီးသားဖြစ်နေတာကြောင့်လည်းပါတယ် ပူဂျာအိပ်မက်ထဲက လက်တွဲဖော်ပုံစံနဲ့ထပ်တူကျတဲ့သူပေါ်လာချိန်မှာတော့ အိပ်မက်တွေကိုအလေးထားတဲ့ ပူဂျာနဲ့ သူတန်ဖိုးထားလိုချင်တဲ့အရာတွေကို ရအောင်ယူနိုင်စွမ်းရှိတဲ့ ကဘီးရ်တို့ကြားမှာ ဘယ်လိုအပြောင်းအလဲ ၊ အလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာ ရှုစားကြည့်ပါဦး အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

0 2000
Tera Jadoo Chal Gayaa
Honey Money Phony
6

သာမန်ကုမ္ပဏီဝန်ထမ်းမလေးတစ်ယောက်ဖြစ်တဲ့လင်ချင်လန်ဟာ သူ့ရဲ့ယုတ်မာတဲ့ရည်းစားလိမ်တာကိုခံရပါတယ်။ စိတ်ကူးယဉ်အချစ်တွေနဲ့ပြည့်နေတဲ့ဘဝနေပြီးတော့ တစ်နေ့အတွင်းမှာ ၂၀၁၃၁၄အကြွေးတွေအများကြီးတင်နေတဲ့သူဖြစ်သွားခဲ့ပါတယ်။ အကြွေးတွေကိုဆပ်ဖို့ အကုန်လုပ်တွေကုန်းရုန်းလုပ်ရင် ဘဝကိုစိတ်ပျက်လာတဲ့အချိန်မှာ အိုးရန်ဟွေးဆိုတဲ့လူလိမ်တစ်ယောက်နဲ့ထပ်တွေ့ပါတယ်။ အကြောင်းဖန်ချင်တော့ အိုးရန်ဟွေးကိုအသုံးချပြီးတော့ သူ့ရဲ့အရင်ရည်းစားလိမ်ယူသွားတဲ့ပိုက်ဆံတွေကို ပြန်လိမ်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ လင်ချင်လန်နဲ့ အိုးရန်ဟွေးတို့က လမ်းပေါ်မှာကားတိုက်ခံရယောင်ဆောင်ပြီးလိမ်စားနေတဲ့ ချန်လန်ရဲ့သူငယ်ချင်းရှောင်ဟွေ့ရယ် ပညာရှင်ဟောင်းအိုးရန်ဟွေးရဲ့ဦးလေးရယ် ပူးပေါင်းပြီးတော့လိမ်ဖို့စတင်လိုက်ပါတယ်။ အချစ်နဲ့ငွေလိမ်ယူသွားတဲ့ ရည်းစားဟောင်းကိုပြန်လက်စားချေဖို့ လိမ်ရင်းအလိမ်တွေကြားမှာအချစ်စစ်ဖြစ်လာနိုင်မလား နောက်ဆုံးမှာသူတို့ရဲ့လိမ်ပွဲဟာဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

6 2025
Honey Money Phony
Eleven
5.6

Eleven (2025) “အတိတ်ဆိုး” IMDb- 7.9/10 မှုခင်းရုပ်ရှင်ကြိုက်တဲ့သူတွေအတွက် ဇာတ်အလှည့်အပြောင်းများတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ သေခြင်းတရားဆိုတာ ကိုယ့်ဘ၀ထဲက ကျန်နေရစ်သူတွေအတွက်ချမှတ်လိုက်တဲ့ ကြောက်စရာပြစ်ဒဏ်တစ်ခု၊ လူတွေက ကျူးလွန်သူတွေအပေါ်မှာ ခွင့်လွှတ်ချင်ကြပြီး ခံရတဲ့သူတွေကိုတော့ မေ့ပစ်ချင်ကြတယ်။ ငါကတော့ မေ့လည်းမမေ့သလို ခွင့်လည်းခွင့်မလွှတ်ဘူးဆိုတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်။ ရဲအရာရှိရန်ဂျစ်က အဲဒီလူသတ်သမားကို စုံစမ်းနေပေမဲ့ သေဆုံးသူခြောက်ယောက်ထိ ရှိလာပြီး အမှုမှန်ပေါ်မလာခဲ့သေးပါဘူး။ အရာရှိရန်ဂျစ်နေရာမှာ ဒီကွင်းဆက်လူသတ်မှုကို ပြောင်းပြီးကိုင်ရတဲ့သူက ထူးချွန်ထက်မြတ်တဲ့ ရဲအရာရှိအာဗင်ဒန်။ သဲလွန်စတစ်ခုမှ ရှာမတွေ့တဲ့ထိ တစ်ယောက်ပြီးတစ်ယောက် ပစ်သတ်မီးရှို့ခံနေရတဲ့ ဒီအမှုကို အာဗင်ဒန်တစ်ယောက် ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

TV Movie • Comedy • Romance
5.6 2025 135 mins
Eleven