YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

12.Feet.Deep.2017.BluRay,1080p5.1CH(CM).mp4

1.46 GB N/A video/mp4 260 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Man with Two Brains
6.2

ဇာတ်လမ်းအကျဥ်းကတော့ ဇနီးသည်ကွယ်လွန်ထားလို့ ပူပူနွေးနွေး မုဆိုးဖိုဖြစ်နေတဲ့ ဦးနှောက်ခွဲစိတ်ဆရာဝန်တစ်ဦးဟာ မိန်းမလှလေး တစ်ယောက်ကို ကားနဲ့တိုက်မိပြီး အဆိုပါမိန်းမ‌လှ‌လေးက‌ ဦးခေါင်းဒဏ်ရာရသွားလို့ သူကိုယ်တိုင်တီထွင်ထားတဲ့ ဦးခေါင်းခွဲစိတ်နည်းနဲ့ အသက်ကယ်ပေးလိုက်ပါတယ်။ ဇာတ်လိုက်ကျော် ဦးနှောက်ခွဲစိတ်ဆရာဝန်ဟာ မိန်းမလှလေး သတိရလာတဲ့နောက်မှာ သူမရဲ့ စရိုက်မှန်ကိုမသိဘဲ ချစ်မိသွားပြီး လက်ထပ်လိုက်ပါတော့တယ် ။ ပျားရည်ဆမ်းခရီးအနေနဲ့ ဩစတြီးယားနိုင်ငံကို ခရီးထွက်သွားပြီး ထူးဆန်းတဲ့ဆရာဝန်တစ်ယောက်နဲ့ စကားစပ်မိရာက‌နေ ထူးဆန်းတဲ့ လူသတ်မှုတွေအကြောင်း ၊ အသတ်ခံရတဲ့ သူ့သူငယ်ချင်းဆရာဝန်အကြောင်း‌ သိရှိခဲ့ရတဲ့အပြင် စကား‌ပြောတတ်တဲ့ ဦးနှောက်တစ်လုံးနဲ့ပါ တွေ့ဆုံခဲ့ပါ‌တော့တယ်။ ဒါ့အပြင် သူ့ဇနီးရဲ့ စရိုက်မှန်တွေကို သိသွားပြီးနောက်မှာ ဘယ်လိုတွေ ဆက်လက်ဖြေရှင်းမလဲဆိုတာကတော့ .... IMDb rating 6.4 ရရှိထားပြီး ထေ့လုံး၊ ငေါ့လုံး၊ ဟာသလေး‌တွေပါ ညှပ်ထည့်ထားလို့ ပေါ့ပေါ့ပါးပါးကြည့်ရှူရမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ခန္ဓာကိုယ်ဗလာအသားပေးပြကွက်တွေနဲ့ လိင်ပိုင်းဆိုင်ရာစကားလုံးတွေ ပါဝင်တာကြောင့် အသက် 18 နှစ်အောက် ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး File size…(1.4 GB)/( 900MB )/( 500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:31:00 Genre...Comedy, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Max

Horror • Thriller
6.2 1983 93 mins
The Man with Two Brains
Fullmetal Alchemist: The Final Alchemy
6.3

မန်ဂါအနေနဲ့ရော Animeအနေနဲ့ ရောအောင်မြင်ခဲ့တဲ့ Full Metal Alchemist ကို ၂၀၁၇မှာ Live Action တစ်ကားထုတ်ခဲ့ပြီး 2022မှာမှ သူ့အဆက်ကို ဆက်ထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက တင်ခဲ့တဲ့ Fullmetal Alchemist: Final Chapter - The Avenger Scarပါ။ အဲဒီကားမှာ ကောင်းခန်းမှာမှ ဖြတ်သွားပြီ တစ်လအကြာမှာ ဇာတ်သိမ်းခန်း Final Alchemist ထပ်ထွက်လာပါတယ်။ Animeသမားတွေတော့ ကြိုက်လောက်မှာ မဟုတ်ပေမဲ့ ဒီတိုင်းကြည့်ရင်တော့ ဒီအပိုင်းက ပထမ၂ပိုင်းထက်တောင် တော်တော်လေးကြည့်ကောင်းပါတယ်။ Main Bossပါလာပြီဆိုတော့ Battle Sceneအကြမ်းစားတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ Plot Twistကလေးတွေတောင် ပါပါသေးတယ်။ ဒီသုံးကားဟာ ဇာတ်ကောင်တွေရဲ့ Friendship တွေ ၊ Brotherhood တွေ ၊ Comradeship တွေနဲ့ Battle Scenes တွေ တစ်ပုံတပင်နဲ့ တော်တော်မိုက်တဲ့ကားပါပဲ။ ရှေ့၂ကားလည်းတင်ပြီးပြီဆိုတော့ ဇာတ်ကြောင်းတော့မရေးတော့ပါဘူး။ အစိမ်းသက်သက်ဖြစ်နေရင်တော့ ကျန်တဲ့ကားတွေလင့်ပါထည့်ပေးထားပါတယ်။ အဲဒီမှာ ဇာတ်လမ်းအကျဉ်းကို ဖတ်ရှုနိုင်ပါတယ်။ ၃ကားလုံးကို အောက်ပါလင့်မှာ ဒေါင်းယူ ကြည့်ရှုနိုင်ပါတယ်။ https://channelmyanmar.org/?s=Full+metal+alchemist ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__02:23:00 Type__Action, Adventure, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Drama
6.3 2022 143 mins
Fullmetal Alchemist: The Final Alchemy
Alive
6.9

~ IMDb - 7.1/10, Rotten Tomatoes - 59% ~ ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီ‌စ်ရေခဲတောင်တန်းတွေပေါ်ကို ‌အင်ဂျင်နှစ်လုံးတပ် လေယာဉ်တစ်စင်းနဲ့ ဖြတ်ပျံခဲ့ပါတယ်။ အဲဒီလေယာဉ်က အမြီးပိုင်းတခြား ကိုယ်ထည်တခြား ပျက်ကျခဲ့တာဗျ။ ပျက်ကျရခြင်းအကြောင်းကို စိစစ်လေ့လာတော့ လေယာဉ်မှူးရဲ့အမှားလို့ ကောက်ချက်ချပါတယ်။ ရှင်သန်သူတွေအနေနဲ့ ပထမဆုံးရင်ဆိုင်ရတာကတော့ ထိခိုက်ဒဏ်ရာတွေကို ကုသဖို့နဲ့ ရေခဲမှတ်အောက်ကျနေတဲ့ အအေးဒဏ်ပါ။ မြင်မြင်သမျှက ကျောက်သားနဲ့ နှင်းပွင့်ရေခဲဖတ်တွေပဲ ရှိတဲ့နေရာမှာ စားစရာဆိုတာ လေယာဉ်ပေါ်ပါလာတဲ့ ချောကလက်၊ ဝိုင်ပုလင်းအချို့နဲ့ စီးကရက် ထောင်ဂဏန်းပဲရှိပါတယ်။ ဒီတော့ ရက်အနည်းငယ်ကြာလာလို့ ငတ်မွတ်လာကြတဲ့အခါ ခိုနားရာ လေယာဉ်ကိုယ်ထည်ဘေးက နှင်းပွင့်တွေထဲမြုပ်နေတဲ့ အလောင်းတွေကို ချင်ခင်ရသူတွေရဲ့ ရုပ်ကြွင်းရယ်လို့ သဘောမထားနိုင်တော့ဘဲ အဆီတထပ် အသားတဖပ် စားစရာကြီးတွေလို့ မြင်လာတော့တာပေါ့ဗျာ။ ပထမဆုံး လှီးဖြတ်ပြီး ပါးစပ်ထဲ ထိုးထည့်လိုက်တဲ့ အသားဖပ်က အခက်ခဲဆုံး၊ အပင်ပန်းဆုံး နဲ့ မျက်ရည်မဆည်နိုင်တ‌ဲ့ ခဏတာ အခိုက်အတန့်ပါ။ နောက်တော့လည်း နောက်တော့ ဖြစ်သွားတာပါပဲ။ ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ၁၉၉၃ ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ သရုပ်ဆောင်များအနေနဲ့လည်း The Magnificent Seven (remake), Predestination, Before Trilogy အပြင် Boyhood ထဲက မင်းသားကြီး Ethan Hawke ရယ်၊ The Walking Dead ဇာတ်လမ်းတွဲထဲက Joshua Cole Hamilton ရယ်ဆိုတော့ တော်တော်မိုက်ပါတယ်။ သူတို့တွေရဲ့ နုနယ်ပျိုမြစ်မှုကိုလည်း တွေ့ရတာပေါ့။ ဒီတော့ ရှာဖွေရေးတွေ လက်လျှော့သွားတဲ့ သူတို့အဖွဲ့လေး ဘယ်လိုပုံစံနဲ့ ရေခဲတောင်တန်းပေါ်က ဆင်းနိုင်မလဲ၊ ဘယ်သူတွေက သူရဲကောင်းလဲ၊ ဘယ်သူတွေက နောက်လိုက်လဲ၊ ဘယ်သူတွေက လွယ်လွယ်အလျှော့ပေးသွားပြီး ဘယ်သူတွေက နောက်ဆုံးအထိ အားတင်းလျှောက်လှမ်းခဲ့လဲဆိုတာ တွေ့မြင်ရမှာပါ။ ရေခဲတောင်ပေါ်မှာ ရက် (၇၀) ကျော်ကြာ လူသားစားပြီး အသက်ဆက်ခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးမလို့ ခံစားကြည့်ရှုကြပါစို့။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 3GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H Genre - Biography, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama
6.9 1993 127 mins
Alive
Detective Dee’s Ghost Blood Hand
6

ဖုံလိုင်ခရိုင်မှ ခရိုင်မှူး ၃ ဦးဆက်တိုက် ထူးခြားစွာသေဆုံးသွားကြရာမှာ သက်သေရှာမရလိုက်လို့ အစိုးရတစ်ခုလုံး တုန်လှုပ်နေခဲ့တယ်။ အဲ့အချိန်မှာပဲ အမှုလိုက်ရာမှာ နာမည်ကြီးတဲ့ ဒီးရန်ကျယ်က တလီစစ်မှ ထွက်ခွါပြီး ဖုံလိုင်ခရိုင်မှာ ဒီအမှုကို စစ်ဖို့ ရောက်လာပါတယ်။ ဖုံလိုင်ခရိုင်သို့ ရောက်ရှိပြီးနောက်မှာလဲ တူညီတဲ့ သေဆုံးပုံနဲ့ နောက်ထပ် လူတွေ သေနေပါသေးတယ်။ ထို့အပြင် ထိုလူသတ်သမားက ဒီးရန်ကျယ်ရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာပါတယ်။ ဖုံလိုင်ခရိုင်က ထူးခြားတဲ့ သေဆုံးမှုတွေနဲ့ မိစ္ဆာဒဏ္ဍာရီတွေနဲ့ ပြည့်နှက်နေတဲ့ မြူဝင်္ကပါတောကြီးနဲ့ ဒီးရန်ကျယ်တစ်ယောက် လူသတ်တရားခံကို ဘယ်လို ရှာတွေနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ အဖြေရှာလိုက်ရအောင်နော်။

Drama
6 2020
Detective Dee’s Ghost Blood Hand
Cast Away
7.8

2000 ခုနှစ်က ထွက်ရှိခဲ့တဲ့ Cast Away ဇာတ်ကားမှာဆိုရင် မင်းသားကြီး Tom Hank ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ဒီဇာတ်ကားဟာ. အောင်မြင်မှုတွေများစွာရရှိခဲ့ပါတယ် ပါဝင်ရိုက်ကူးသမျှ ဇာတ်ကားတိုင်းကို အောင်မြင်စေသည့် မင်းသားတစ်လက်ဟုပင် တွမ်ဟန့်ခ်စ်ကို ညွှန်းဆိုရမှာဖြစ်ပါတယ်… Forrest Gum၊ Big၊ Sleepless in Seattle၊ Apollo 13၊ Saving Private Ryan၊ Catch Me If You Can၊ The Green Mile၊ Cast Away၊ Toy Story အစရှိသည့် ဇာတ်ကားများတွင် ဟန့်ခ်စ်ပါဝင်ခဲ့ပြီး ယင်းရုပ်ရှင်များ ရုံတင်ရာမှ ရရှိသည့် ရုံဝင်ကြေးသည် အမေရိကန် တစ်နိုင်ငံတည်းတွင်ပင် ဒေါ်လာ ၄.၂ ဘီလီယံမျှ ရှိခဲ့ပါတယ်.. တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ဆိုလျှင်မူ အဆိုပါ ငွေပမာဏ၏ နှစ်ဆအထိ တိုးသွားမည်ဖြစ်ပါတယ်… အော်စကာနှစ်ဆုရှင် ဟန့်ခ်စ်ကို ဟောလိဝုဒ် သမိုင်းတွင် အကျိုးအမြတ် အဖြစ်ထွန်းဆုံး စာရင်းဝင် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံထားရပြီး သူ့ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်ကြွယ်ဝမှုမှာမူ ဒေါ်လာသန်းပေါင်း ၃၅၀ ကျော်မျှ ရှိပါတယ်… Cast Away ကြည့်ခဲ့သမျှတွေထဲက စိတ်ထဲ စွဲနေအောင်ကျန်ရစ်ခဲ့တဲ့ကားတွေကို ပြောရမယ်ဆိုရင် Tom Hanks သရုပ်ဆောင်ထားတဲ့ Cast Away ကို ပထမဆုံး ပြောချင်ပါတယ်။ တစ်ကားလုံးမှာ ကျွန်းတစ်ကျွန်းပေါ်က ဇာတ်ကောင်တစ်ယောက်တည်း သရုပ်ဆောင်သွားတယ်။ တစ်ယောက်တည်း သရုပ်ဆောင်သွားတယ်ဆိုပေမဲ့ လုံးဝရိုးအီသွားခြင်းမရှိဘူး။ အဲ့ကားထဲမှာ မင်းသားက ပစ္စည်းတွေပို့တဲ့ ကုမ္ပဏီတစ်ခုမှာလုပ်တယ်။ သင်္ဘောနဲ့ ပစ္စည်းသွားပို့တဲ့အခါ သင်္ဘောပျက်ပြီး လူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို တစ်ယောက်တည်း ရောက်သွားခဲ့တယ်။ သူလွတ်မြောက်ဖို့ အမျိုးမျိုး ကြိုးစားပေမဲ့ လုံးဝမရဘူး။ ၈ လလောက်ထိကြာ လာတယ်ပေါ့။ အဲဒီမှာ ဘယ်လောက်ထိ ကာရိုက်တာကိုလုပ်ပစ်လိုက်လဲဆို ခန္ဓာကိုယ်ကအစ အကုန်လုံး ပိန်ခြောက်သွားတဲ့အထိ လုပ်ချပစ်လိုက်တယ်။ နောက်ဆုံး သွေးပေသွားတဲ့ ဘောလုံးလေးကို လက်နဲ့ မျက်နှာပုံစံလေးဆွဲပြီး စကားပြောရတာ။ အရမ်းအထီးကျန်နေရတဲ့ ဘဝကိုပြလာတာ။ ဘာမှမရှိတဲ့ဟာကို အရှိလုပ်ပြီး ပြောနေတာ အိုက်တင်အရမ်းကိုကောင်းတယ်။ ကြာလာတဲ့အခါ ငါးတွေဘာတွေကစ မီးမကင်တော့ဘဲ အစိမ်းလိုက်စားလာတာ။ ဖြစ်သလိုနေတတ်လာတာ။ အာဟာရဖြစ်ဖို့အတွက်ပဲ လုပ်တော့တာပေါ့။ နောက်ဆုံး ဒီကနေမဖြစ်ဖြစ် အောင်ထွက်မယ်ဆိုပြီး လှေတစ်စင်းနဲ့ ဇွဲမလျှော့ဘဲ ထွက်ခဲ့တာပေါ့။ နောက်ဆုံး သူပြန်ရောက်လာ တာကို ကြိုဆိုတဲ့အနေနဲ့ ပွဲလုပ်တာ။ အဲဒီမှာ ဈေးကြီးတဲ့ ပင်လယ်စာ အစားအစာတွေ ပုစွန်တွေကျွေးတာပေါ့။ ဟိုမှာသူကအစိမ်းလိုက်စားလာတာတွေဆိုတော့ သူ့အတွက် ရယ်စရာမျိုးလေး ဇာတ်သိမ်းထားတာ။ မှတ်မှတ်ရရဇာတ်ဝင်ခန်း တွေဆိုရင် ဘောလုံးလေးနဲ့ စကားပြောတဲ့အခန်း တွေ အရမ်းကြိုက်တယ်။ ကြည့်နေရင်းနဲ့ ကိုယ်ပါ လိုက်ပြီးအထီးကျန်မှုကို ခံစားလာရတယ်။ တစ်ကားလုံးအရမ်းကို perfect ပါ။ တစ်ယောက်တည်း နဲ့ တည်ဆောက်ထားတဲ့ ဇာတ်လမ်းက အရမ်းကိုဆန်းကြယ်တယ်။ ပြီးတော့ ဖျော်ဖြေရေးသက်သက် မဟုတ်ဘဲ ဇွဲရှိဖို့တွေ၊ ဘဝမှာ မရောင့်ရဲ မတင်းတိမ်နိုင်ဘဲ စိတ်ဓာတ်ကျမနေဖို့တွေ၊ စဉ်းစားတွေးခေါ် စရာတွေ ထည့်ပေးထားတဲ့ ကားပါပဲ။ (ရုပ်ရှင်အညွှန်းများကို 7daydaily မှ စာပိုဒ် တချို့နှင့် သရုပ်ဆောင်မင်းသွေး ပြောကြားထားသော အင်တာဗျူးမှ ကောက်နုတ်တင်ပြထားသည် ) File size… 7.15 GB / 3.32 GB / 1.7 GB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 2h 23m Genre ….. Adventure, Drama , Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Hades

7.8 2000
Cast Away
Pencils Vs Pixels
6.7

Pencils Vs Pixels (2023) ~ IMDb – 6.7/10, Rotten Tomatoes – 100% ~ ဒီမှတ်တမ်းရုပ်ရှင်လေးမှာတော့ ကျွန်တော်တို့တွေ အခု​ခေတ် ကြည့်ရှု​နေရတဲ့ ကာတွန်းကား​တွေဖြစ်​ပေါ်လာပုံအဆင့်ဆင့်နဲ့ အဲဒီကာတွန်း​တွေရဲ့​နောက်ကွယ်က လူ​တွေအ​ကြောင်း​ကို Detail ကျကျဖော်ပြထားပြီး ကာတွန်းရုပ်ရှင်လောကရဲ့ နာမည်ကျော် ဂန္ထဝင်ပုဂ္ဂိုလ်တွေပါ ပါဝင်ထားပါတယ်။ ဒီ Documentary ​လေးကိုကြည့်လိုက်တာနဲ့ ကာတွန်းဘယ်လိုဖြစ်​​ပေါ်လာလဲက​နေစပြီး ဒီ​ဘက်ခေတ်ကာတွန်းတွေရဲ့ အရည်​အ​သွေးရောက်အောင်ထိဘယ်လိုကြိုးစားလာရလဲဆိုတာ​တွေကို ​​​အလုံးစုံသိသွား​စေရုံတင်မကဘဲ နည်းပညာ​​တွေမတိုးတက်​သေး ကာတွန်းကိုလက်နဲ့သာ​ရေးပြီး ထုတ်လုပ်ရတဲ့​ခေတ်မှာ ကြုံ​တွေ့ရတဲ့ အခက်အခဲ​တွေ၊ ငယ်ငယ်က​ခေတ်စားခဲ့တဲ့ ဂန္ထဝင်ကာတွန်းကားကြီး​တွေဘယ်လိုဖြစ်တည်လာလဲ အဲ့ဒီ​နောက်ကွယ်ကလူ​တွေရဲ့ကြိုးစားမှု​တွေကိုသိရှိရပါလိမ့်မယ်။ အဲဒီလိုကနေ ​နောက်ပိုင်း​ခေတ် ကွန်ပြူ​တာဖန်တီးမှု​တွေဝင်​ရောက်လာတဲ့အခါ ကာတွန်း​လောကကြီး​ပြောင်းလဲသွားပုံ၊ သုံးဖက်မြင်(3D)ကာတွန်း​တွေ ထွက်လာ​တော့ လက်​ရေးနှစ်ဖက်မြင်(2D) ကာတွန်း​လောကလူ​တွေ ဘယ်​​လောက်​တောင်ရုန်းကန်ခဲ့ရလဲ… ​ခေတ်ကြီးက​ရော နှစ်ဖက်မြင်ကာတွန်းဘက်ကိုဘယ်လို​ပြန်ပြောင်း​ရွှေ့သွားလဲ… ဆိုတာ​တွေကို ကာတွန်း​လောကရဲ့ အ​တောက်ပဆုံး အချိန်​တွေပါရောစပ်ထည့်သွင်းရိုက်ပြထားတဲ့၊ ကာတွန်းပရိသတ်တို့ကြည့်ရှုသင့်တဲ့ မှတ်တမ်းရုပ်ရှင်ကား​ကောင်း​လေးပဲဖြစ်ပါတယ်။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 735MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 23Min Genre – Documentary, Biography Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

History • Drama • War
6.7 2023 72 mins
Pencils Vs Pixels
Relax, I’m from the Future

အနာဂတ်သွားတာတွေ အတိတ်ကိုပြန်သွားတာတွေ ဗေးရီးယန့်လိုမျိုးတွေကို ဟာသနှောထားတဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမဲ့ ငပြောင်ကားတစ်ကားပါ။ အေးဆေးနော်…ငါက အနာဂတ်ကလာတာဆိုတာကြီးကို တွေ့သမျှလူ လျောက်ပြောနေတဲ့ ဘဲကြီးတစ်ဗွေ။ သူဘာလို့ အချိန်ခရီးသွားရလဲဆိုတော့ တယောက်တည်း ငေါင်နေရတာပျင်းလို့ပါတဲ့။ အဲဒါနဲ့ ၂၁ရာစုကာလဆီကို အပျင်းများပြေမလား အချိန်ခရီးသွားကြည့်တာတဲ့။ တစ်ခုရှိတာက နည်းပညာအခက်အခဲကြောင့် ပစ္စုပ္ပန်ကိုပြန်သွားလို့မရပါဘူး။ ဒီမှာတင်ပဲ အနာဂတ်ကဆိုတဲ့အတွက်ကြောင့် ထွက်မဲ့ထီဂဏန်းတွေကြိုသိဘာညာနဲ့ ကျေးဇူးရှိတဲ့ မိတ်ဆွေသစ်တွေကိုကူညီရင်း သူ့အကြောင်းကိုသိပြီး လိုက်ဖမ်းတဲ့လူတွေကို ရှောင်ရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဟာသနှောတင်ဆက်ထားတာမို့ အပျင်းပြေစေမဲ့ကားတစ်ကားပါပဲ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ PTပဲဖြစ်ပါတယ်) File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Comedy, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by PT

Drama • Romance
0 2023 94 mins
Relax, I’m from the Future
Cassadaga
5.5

လီလီဟာ ငယ်စဉ်ကတည်းက အကြားအာရုံချို့တဲ့ခဲ့တဲ့ ပန်းချီ ဆရာမတစ်ဦးဖြစ်ပါတယ်။ သူမတက္ကသိုလ်ရှိရာ ကာဆာဒက်ဂါမြို့လေးကို ပြောင်းရွှေ့လာကာစမှာပဲ ဝိဉာဉ်ခေါ်ဆရာဆီသွားပြီး သေဆုံးသွားတဲ့ ညီမဖြစ်သူရဲ့ ဝိဉာဉ်နဲ့ဆက်သွယ်ဖို့ကြိုးစားပါတယ်။ ဝိဉာဉ်ခေါ်ပွဲမှာ ကမောက်ကမအဖြစ်အပျက်တစ်ခုကြောင့် မဆိုင်တဲ့ဝိဉာဉ်ပါရောက်လာပြီး လီလီကိုလိုက်လံခြောက်လှန့်ပါတော့တယ်။ ဝိဉာဉ်ရဲ့ခိုင်းစေချက်အရ လီလီဟာ စိတ္တဇလူသတ်သမားတစ်ယောက် အကြောင်း စုံစမ်းထောက်လှမ်းမိလျက်သားဖြစ်သွားပြီး အဲဒီဝိဉာဉ်ကိုယ်တိုင် ဟာလည်း အဆိုပါလူသတ်သမားရဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံထားရသူ တစ်ယောက်ဆိုတာ သိလာရပါတယ်။ စိတ္တဇလူသတ်သမားဟာ အမျိုးသမီး ငယ်လေးတွေကို လူသားရုပ်သေးရုပ်ဖြစ်အောင် ဖြတ်တောက်ပြီး အမျိုးမျိုး နှိပ်စက်ညှင်းပန်းတတ်သူဖြစ်ကြောင်း ထင်ရှားလာတဲ့အပြင် လီလီကိုယ်တိုင် ဟာလည်း လူသတ်သမားရဲ့လက်ထဲကျရောက်ရမယ့်အဖြစ်မျိုး ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိလာပါတော့တယ်။ လီလီဟာ လူသတ်သမားလက်ကလွတ်နိုင်ပါ့မလား.. လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ဖော်ထုတ်နိုင်ပြီး သေဆုံးသွားတဲ့ အမျိုးသမီးငယ်လေးရဲ့ ဝိဉာဉ်အတွက် လက်စားချေပေးနိုင်ပါ့မလား… လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ကကော ဘာတွေရှိမလဲ.. လီလီကကော သူ့ကိုခြောက်လှန့်နေတဲ့ ဝိဉာဉ်ရဲ့လက်က လွတ်မြောက်နိုင်ပါ့မလား ဆိုတာ Cassadaga ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။ R rated ဖြစ်တာကြောင့် သွေးထွက်သံယိုနဲ့ ထိတ်လန့်စရာ ဇာတ်ဝင်ခန်းများ ပါဝင်မှာဖြစ်ပါတယ်… File size… 1.87 GB / 805 MB Quality… Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 8m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

5.5 2011
Cassadaga
The Whistleblower
7.1

၂၀၁၀ ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ ကနေဒါမှတ်တမ်းရုပ်ရှင်ဒရမ်မာ အမျိုးအစားဖြစ်တဲ့ The Whistle Blower ကို ဒါရိုက်တာ Larysa Kondracki က ရိုက်ကူးပေးထားပြီး မင်းသမီး Rachel Weisz က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၉၉၉ ခုနှစ်က ဘော့စနီးယားမှာ စစ်ပွဲလွန်ကာလအတွင်း DynCrop International အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေး စောင့်ရှောက်သူအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ရဲ အရာရှိအမျိုးသမီး Kathryn Bolkovac ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ထွက်ရှိလာပြီးတဲ့နောက် အဲဒီအချိန်က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်တဲ့ဘန်ကီမွန်းက လူကုန်ကူးခြင်းနဲ့ပြည့်တန်ဆာ အဖြစ်အဓမ္မခိုင်းစေခြင်းတို့အပါအဝင် အမျိုးသမီးနဲ့ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကိုတိုက်ဖျက်ရေးအတွက် အဖွဲ့အစည်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ခေါ်ယူခဲ့ ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** အမေရိကန်ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ကတ်သီဟာ ဒီမိုကရာလို့ခေါ်တဲ့ပုဂ္ဂလိကကန်ထရိုက်တာအတွက် ကုလသမဂ္ဂနိုင်ငံတကာရဲတပ်ဖွဲ့နဲ့အတူ ဘော့စနီးယားမှာ တာဝန်ထမ်းဆောင်ဖို့ကမ်းလှမ်းချက်ကိုလက်ခံခဲ့ပါတယ်။ ဘော့စနီးယားကို ကတ်သီရောက်လာချိန်မှာတော့ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်နေတဲ့ ဒေသခံလူကုန်ကူးမှု အဖွဲ့တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအဖွဲ့ဟာ တကယ်တော့ ဒီမိုကရာကဝန်ထမ်းတွေကို ဝန်ဆောင်မှုပေးနေရတာဖြစ်ပြီး ဒီရဲတွေကိုယ်တိုင်က လူကုန်ကူးမှုမှာပါဝင်နေတာကို အံ့အားသင့်ဖွယ်သိရှိလိုက်ရပါတယ်။ ကတ်သီက ဒီအဖွဲ့ကို နှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အတွက် အလုပ်ဖြုတ်ခံခဲ့ရပြီး နိုင်ငံတွင်း ကနေလည်း နှင်ထုတ်ခံခဲ့ရပါတယ်။ နည်းလမ်းရှာမရတော့တဲ့ အဆုံးမှာ ကတ်သီက ဒီအကြောင်းအရာတွေကို ဒီမိုကရာ အခြေစိုက်ရာဗြိတိန်မှာ ဘီဘီစီသတင်းဌာနကိုဖွင့်ချခဲ့ပြီး မတရားအလုပ်ဖြုတ်ခံခဲ့ရတဲ့အတွက်လည်း ဒီမိုကရာကို အမှုအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ File size…1.56GB / 664MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre …..Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama
7.1 2010 112 mins
The Whistleblower
Immaculate
6.3

Immaculate (2024) IMDb Rating (6.3) / Rotten Tomatoes (70%) Sydney Sweeney လေးရဲ့ နာမည်ကျော် ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ ဒီရုပ်ရှင်ကို ဆစ်ဒနီက ၁၇ နှစ် သမီးကတည်းက လူရွေးပွဲဝင်ပြိုင်ဖူးပေမဲ့ မရိုက်ဖြစ်ခဲ့တာပါ။ အခု ဆယ်နှစ်လောက်နေတဲ့အထိ သူဒါကို စိတ်မကုန်ဘဲ ကိုယ်တိုင် ပရိုဂျူဆာအဖြစ်ပါပြီး ရိုက်ဖြစ်အောင် စီစဉ်ခဲ့တာပါ။ ဘာသာရေးအစွန်းရောက်တွေကို ရင်ဆိုင်ရတဲ့ ဖြူစင်ရိုးသားတဲ့ အချောအလှသီလရှင်လေးအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း Immaculate ဆိုတဲ့ခေါင်းစဉ်က သန့်ရှင်းစင်ကြယ်သောလို့ အနက်ရပါတယ်။ ဒီရုပ်ရှင်မှာ အမေရိကန်ကနေလာတဲ့ စစ္စတာဆယ်စီလီရာ ဟာ အီတလီရဲ့ ကျေးလက်ဒေသ သီလရှင်ကျောင်းတစ်ခုကို ရောက်လာပါတယ်။ အဲဒီနေရာက သီလရှင်ကြီးတွေရဲ့ နောက်ဆုံးအချိန်တွေအတွက် ပြုစုစောင့်ရှောက်ပေးတဲ့နေရာပါပဲ။ အဲဒီနေရာကို ရောက်ပြီး မကြာခင်မှာပဲ ဆယ်စီလီရာဟာ ကိုယ်ဝန်ရှိနေတာကို သိလိုက်ရပါတယ်။ အပျိုစင်အစစ်ကနေ ကိုယ်ဝန်ရှိလာတာဖြစ်ကြောင်း နည်းမျိုးစုံ စစ်ဆေးအပြီးမှာ ဘုရားကျောင်းတစ်ခုလုံးက ဆယ်စီလီရာဟာ ခရစ်တော်ကို ကိုယ်ဝန်ဆောင်ထားတဲ့ ဒုတိယမြောက် မယ်တော်မေရီဆိုပြီး လက်ခံလိုက်ကြပါတယ်။ ဒါပေမဲ့ ဟော်ရာကားပီပီ အဲဒီ ယုံကြည်မှုနောက်ကွယ်က ကြောက်စရာ အစွန်းရောက်ကိစ္စတွေကို ဆယ်စီလီရာတွေ့လာရပြီး သီလရှင်ကျောင်းကြီးထဲကနေ လွတ်မြောက်ဖို့ ကြိုးစားရပါတော့တယ်။

6.3 2024 89 mins
Immaculate
Batman: Mask of the Phantasm
7.8

IMDB 7.8 နဲ့ Rotten Tomatoes 88% ရရှိထားတဲ့ ဘတ်မန်းကားဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အချစ်တော်ဟီးရိုးကြီး ဘတ်မန်းဟာ မိသားစုရေးမှာတင်မကဘဲ အချစ်ရေးမှာလည်း ကံမကောင်းခဲ့ပါဘူး။ သူ့မိဘတွေရဲ့ သင်္ချိုင်းမှာဆုံတွေ့ခဲ့တဲ့ သူဌေးကြီးကားလ်ဘိုးမွန့်ရဲ့သမီးဖြစ်သူ အန်ဒရေရာဘိုးမွန့်နဲ့တွေ့ပြီး ချစ်ကြိုက်သွားပြီးနောက်မှာ ဘရု(စ်)ဝိန်းက လက်ထပ်ခွင့်ပါတောင်းခဲ့ပါတယ်။ အန်ဒရေရာကလက်ခံပြီး နောက်နေ့မှာပဲ အကြောင်းအမျိုးမျိုးကြောင့် အန်ဒရေရာဟာ စာတစ်စောင်သာပေးခဲ့ပြီး ပျောက်ခြင်းမလှပျောက်သွားပါတော့တယ်။ ဒါပေမဲ့ ငါးနှစ်ကြာတဲ့အခါမှာ အန်ဒရေရာဟာ ဂေါ့သမ်မြို့ထဲကိုပြန်ရောက်လာခဲ့ပေမဲ့ ပြဿနာတွေပါ ပါလာခဲ့ပါတယ်။ အဲဒီပြဿနာတွေဟာ အန်ဒရေရာနဲ့တင်မကဘဲ ဂျိုကာနဲ့ပါဘယ်လိုဆက်စပ်နေတယ်ဆိုတာကိုတော့ CM ပရိသတ်ကြီးတို့ စောင့်မျှော်ကြည့်ရှုလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။ File size… 2.8 GB / 892 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 16m Genre ….. Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

7.8 1993
Batman: Mask of the Phantasm
Turtles All the Way Down
6.8

John Green ရဲ့ Turtle all the way down ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကတော့ မေလ ၂ ရက် နေ့တုန်းကမှ ထွက်ရှိထားတာဖြစ်ပြီး Rotten Tomatoes ဝက်ဘ်ဆိုက်မှာ မှတ်ချက်ကောင်းတွေ ရထားတဲ့ ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ် ။ ဒီရုပ်ရှင်မှာတော့ Obsessive Compulsive Disorder (OCD) ရောဂါရှိနေတဲ့ ၁၆ နှစ်အရွယ် မိန်းကလေး အေဇာရဲ့ ရှုထောင့်ကနေ သူ့အတွေးတွေ သူ့ခံစားချက်တွေကို မြင်တွေ့ရမှာပါ ။ အေဇာဟာ OCD ရှိတဲ့မိန်းကလေး တစ်ယောက်ဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားတွေကို အလွန်အမင်းကြောက်စိတ်ဝင်နေတတ်သူလည်း ဖြစ်ပါတယ် ။ သူ့မှာ ဒေစီနဲ့ မိုက်ကယ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပြီး တစ်ရက်မှာတော့ ဘီလီယံနာသူဌေးတစ်ယောက် ပျောက်သွားတဲ့ သတင်းကနေ သူ့ရဲ့ ငယ်သူငယ်ချင်း ဒေးဗစ်နဲ့ ပြန်လည်ဆုံစည်း လိုက်ရပါတော့တယ် ။ ဒီလိုနဲ့ အေဇာနဲ့ ဒေးဗစ်တို့ အချင်းချင်း မေတ္တာရှိလာကြတဲ့အခါ အဓိက အဟန့်အတားဖြစ်လာတာကတော့ အေဇာရဲ့ OCD ရောဂါပါပဲ ။ အေဇာရဲ့ အတွေးလွန်ဆွဲပုံတွေ ၊ ဒေးဗစ်ရဲ့ နားလည်ပေးနိုင်မှု တွေကိုတော့ သေချာလေး မြင်တွေ့ရမယ့်အပြင် အမေနဲ့သမီးရဲ့ ဆက်ဆံရေး ၊ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကြားက ပဋိပက္ခတွေကိုလည်း ရင်ထဲထိရလောက်တဲ့အထိ ကြည့်ရှု ခံစားရမှာပါ ။ အဆုံးကျရင်တော့ အေဇာရဲ့ အတွေးတိုက်ပွဲမှာ ဘယ်ဘက်က အနိုင်ရမလဲ ။ ဒေးဗစ်နဲ့ရော ဘယ်လိုဖြစ်သွားမှာလဲဆိုတာကတော့ Turtles all the way down ရုပ်ရှင်ရဲ့ Ending လှလှလေးမှာ အတူတူခံစားကြည့်ကြပါလို့ပဲ အကြံပေးချင်ပါတယ် ။ File size…3.19GB / 873 MB Quality… WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

6.8 2024 111 mins
Turtles All the Way Down
Taxi

ပထမတစ်ခုအနေနဲ့ပြောချင်တာက ဒီကားက ကြည့်ပျော်တဲ့ ဟာသကားကောင်းဖြစ်နေပေမယ့် Rating တွေအရမ်းနည်းနေတာပါပဲ။ နောက်တစ်ခုက Tonight Show ထဲကကျွန်တော်တို့အချစ်တော် Jimmy Fallon ခေါင်းဆောင်မင်းသားအဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဝါးလုံးကွဲမဟုတ်ရင်တောင် Jimmy Fallon ရဲ့ရုပ်တည်နဲ့ အရွှန်းဖောက်တာတွေကအတော်လေးသဘောကျစရာကောင်းပါတယ်။ ဇာတ်ညွှန်း: အန်ဒီ ဆိုတာ အတော်လေးကိုညံ့တဲ့ရဲတစ်ယောက်ဖြစ်ပါတယ်။ ဒါကတော့တခြားရဲတွေအမြင်ပေါ့လေ။ တကယ်တမ်း အန်ဒီဖြစ်နေတာက လွဲတာ။ ဘာလုပ်လုပ်လွဲတယ်။ ပြောရရင်ရဲဖြစ်နေပြီး ကားတောင်ကောင်းကောင်းမမောင်းတက်ဘူး။ ဇာတ်ကားအစအမှုစလိုက်ထဲကကိုလွဲတာ။ ကားမောင်းတာအရမ်းတော်လို့ကားလိုင်စင်အသိမ်းခံလိုက်ရတဲ့အချိန်မှာ သူ့အနီးအနား ဘဏ်ဓားပြမှုတစ်ခုဖြစ်ပါရော။ ပြဿနာကစပြီ သူက အခင်းဖြစ်တဲ့နေရာနဲ့အနီးဆုံး။ ဒါပေမယ့်လမ်းလျောက်မယ်ဆိုရင် သူများထက်နောက်မှရောက်မယ်။ အဲမှာ တကစီတစ်စီးကိုတားပြီး အခင်းနေရာကိုသွားတယ်။ ဖြစ်ချင်တော့ သူတားတဲ့တက္ကစီကလည်း မကြာသေးခင်ကမှ တက္ကစီလိုင်စင်ရထားတဲ့ ဘဲလ် ဆိုတဲ့ လူမည်းအမျိုးသမီးတစ်ယောက်။ တက္ကစီလိုင်စင်ခုမှရပေမယ့်အထင်တော့မသေးပါနဲ့။ ကားနဲ့ဖက်ပြီးကြီးလာတယ်လို့ပြောရလောက်အောင်ကားအကြောင်းနားလည်တဲ့လူ။ အရှုပ်တော်ပုံထဲကိုရောက်သွားတဲ့ ဘဲလ် နဲ့ တစ်မြို့လုံးမှာအချာဆုံးရဲ အရာရှိ အန်ဒီတို့ ဘယ်လိုမျိုး အမှုကိုဆက်လိုက်မှာလဲ။ Rating တွေနည်းပေမယ့်ကြည့်ရတန်တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre… Comedy, Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lucifer Maximoff

0 2004
Taxi
We Are Wolves

We Are Wolves က စာရေးဆရာ/ဒါရိုက်တာ Rich Mallery (Maid Droid) ရဲ့ သည်းထိတ်ရင်ဖိုစရာအသစ်ဖြစ်ပြီး 2024 ခုနှစ် ဖေဖော်ဝါရီလတွင် Tubi TV နှင့် Cinema Epoch မှ Prime Video တို့မှာ ပြသခဲ့တဲ့ကားပါ Savannah Mares၊ Fawn Winters၊ Lauren Kravchenko၊ Anthony Rainville နှင့် Via May တို့ ပါဝင်သရုပ်ဆောင်ထားပါတယ် ပျောက်ဆုံးသွားသော စိတ်ဝိညာဉ်က နောက်ထပ်တစ်ခုခုကို တောင့်တနေတဲ့ Fenix ​​(Savannah Mares)က သူမရဲ့ vanilla ဘဝကို ချန်ထားခဲ့ကာ သူမခံစားဖူးတဲ့ တစ်ခုတည်းသောနေရာကို ပြန်သွားရန် ရုတ်တရက် ဆုံးဖြတ်လိုက်တယ် သူမရွေးချယ်ထားသောမိသားစုသို့ ပြန်လည်ဝင်ရောက်ရန်မျှော်လင့်ချက်ဖြင့် Fenix ​​က ဝမ်းနည်းဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်သောလူမှုရေးသမားတစ်ဦးဖြစ်တဲ့ Needles (Fawn Winters) ရဲ့အိမ်တံခါးဝသို့ရောက်ရှိကာ အုပ်ချုပ်သူ Selena (Lauren Kravchenko) နှင့် အုပ်ချုပ်သူဖြစ်တဲ့နောက်…. File size_(1.3GB)/(660MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Action, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Moe Sett

Action
0 2024 90 mins
We Are Wolves
Shorts
4.7

Spy Kids ဇာတ်ကားတွေကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ ၂၀၀၈ ခုနှစ်က စွန့်စားခန်း ကလေးကား တစ်ကားဖြစ်ပါတယ်။ Black Box ဆိုပြီး အမည်းရောင်အတုံးလေးနဲ့ ဘာမဆို လုပ်နိုင်စွမ်းရှိတဲ့ အရာကို တီထွင်ထားတဲ့ Black Inc ကုမ္ပဏီဟာ သူတို့ ရုံးစိုက်ရာ အနားတဝိုက်မှာပဲ သူတို့ဝန်ထမ်းတွေကို အိမ်ရာလေးတွေနဲ့ အတူ ထားထားတဲ့ Black Fall အသိုင်းအဝိုင်းဆိုတာလေး ရှိပါတယ်။ အဲဒီ Black Fall ရပ်ကွက်လေးထဲကို သက်တန့်ရောင်ပုံစံရှိတဲ့ ကျောက်တုံးလေးတစ်ခု ရောက်လာတဲ့အချိန် အကုန်လုံး ကမောက်ကမတွေ ဖြစ်ကုန်ပါတယ်။ လင်မယားနှစ်ယောက် တစ်ကုမ္ပဏီတည်းဆိုပေမဲ့ အသင်းကွဲလို့ ရန်မတည့် သတ်ရတာတွေ၊ ပိုးမွှားကြောက်လို့ တစ်အိမ်လုံး ပလပ်စတစ်အုပ်ပြီး နေတဲ့ သားအဖတွေ၊ ကျောင်းမှာ ကောင်မလေးအနိုင်ကျင့်တာကို ခံရတဲ့ တိုဘီဆိုတဲ့ကောင်လေး၊ စွန့်စားခန်းတွေမှ ထွက်ချင်ပါတယ်ဆိုတဲ့ ညီအစ်ကိုတသိုက်၊ ဘဲနဲ့ အမြဲအဆင်မပြေဖြစ်နေတဲ့ ကောင်မလေးတစ်ယောက် စသဖြင့် လူပေါင်းစုံဟာ ဒီ ဆုတောင်းပြည့် ကျောက်တုံးလေးကို ဗဟိုပြုပြီး ပြဿနာတွေတက် ပေါက်ကရတွေ ဖြစ်ကြမှာပဲ ဖြစ်ပါတယ်။ File Size : 1.9 GB, 1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 29min Format : Mp4 Genre : Adventure, Comedy, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

4.7 2008 89 mins
Shorts