YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

10E.2019.720p.WEBRip.x264.AAC-[Movie.Man].mp4

865.77 MB 720p video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hounded
5.5

တစ်ခါတလေ ကိုယ့်ရဲ့အိပ်မက်တွေထဲမှာ နောက်ကလိုက်ဖမ်းတဲ့သူတွေ လက်ထဲကနေ လွတ်အောင်တရစပ်ပြေးနေရတာမျိုး မက်ဖူးကြမယ် ထင် ပါတယ်။ တချို့ဆို မောဟိုက်ပြီးတော့တောင် လန့်နိုးလာတတ်ကြပါသေးတယ်။ ဒီဇာတ်ကားကတော့ အိပ်မက်ကမ္ဘာထဲမှာတင်မဟုတ်ဘဲ အပြင်လောကမှာပါ ကိုယ်ပြေးနိုင်မှ ကိုယ်ရှင်သန်ကျန်ရစ်မယ့် ဇာတ်ကားလေးပါ။ လီယွန်၊ ချားဇ်၊ ဗစ် နဲ့ တော့ဒ် တို့လေးယောက်က ရှေးဟောင်းပစ္စည်းတွေကို လိုက်ခိုးပြီး ရောင်းစားကြတဲ့ သူခိုးလက်သစ်လေးယောက်ပါ။ တစ်နေ့မှာ အခမ်း အနားသုံးဓား လို့ နာမည်ကျော်ပြီး အရမ်းတန်ဖိုးရှိတဲ့ဓားတိုလေးတစ်လက်ကို ခိုးယူဖို့ ရွာတစ်ရွာမှာရှိတဲ့ အိမ်ကြီးတစ်ခုဆီ ရောက်လာခဲ့ကြပါတယ်။ အဲဒီဓားကို မခိုးယူနိုင်ခင်မှာပဲ အိမ်ရှင်အမျိုးသမီးရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး အဲဒီဒေသရဲ့ ထူးဆန်းတဲ့ အမဲလိုက်ခြင်းကို ခံရပါတော့တယ်။ ကွင်းပြင်ကျယ်တွေ တောအုပ်တွေထဲ ကြိုက်သလောက်ပြေး သတ်မှတ်တဲ့အချိန်ရောက်ရင် နောက်ကနေ အမဲလိုက်ခွေးတွေနဲ့ လိုက်ပြီး လူတွေကို လိုက်သတ်တဲ့ ကျောချမ်းဖွယ်ရာ အမဲ လိုက်ခြင်းမျိုးပါ။ ဒီအမဲလိုက်ခြင်းကနေ ဘယ်သူအသက်ရှင်ကျန်ရစ်မလဲဆိုတာကိုတော့ ထိတ်လန့်ခြောက်ခြားဖွယ်ရာများနဲ့ အတူ ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.6 GB) / (627 MB) / (390 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Horror Translator.......May Thet Khine Soe Encoder..........SWM

Action • Drama
5.5 2022 94 mins
Hounded
[18+]Flirting in the Air
6

၂၀၁၄ ခုနှစ်ကနေ မင်မင်းဆက်ခေတ်ကို ခုန်ကူးသွားမယ့် ကမ္ဘာပတ်တဲ့ကပ္ပတိန်ကူး... လေယာဉ်ကိုအရမ်းရူးသွပ်တဲ့ ကပ္ပတိန်ကူး... မိန်းကလေးတွေဆို အရမ်းချစ်တဲ့ ကပ္ပတိန်ကူး... ၂၁ ရာစုမှာ ပွေရှုပ်တာအားမရလို့ ‌မင်မင်းဆက်အထိသွားရှုပ်မယ့် ကပ္ပတိန်ကူး... ကပ္ပတိန်ကူးရဲ့ဂေါ်ချက်ကတော့ သူဌေးရဲ့မိန်းမနဲ့မှ ဆတ်ဆတ်လူးနတ်ပူးမိပါတော့တယ် ။ သူဌေးက သိသွားပြီး အလုပ်ထွက်ခိုင်းခဲ့တာကြောင့် နောက်ဆုံးတစ်ခါလေယာဉ်မောင်းရင်း လေယာဉ်ပေါ်မှာလည်း လေယာဉ်မယ်တွေကို အလွတ်မပေးခဲ့ပါဘူး။ မိုးမမြင်လေမမြင်ကဲနေကြတုန်း လေယာဉ်ကြီးက သံလိုက်စက်ကွင်းထဲဝင်ရောက်သွားတဲ့အခါ... ‌ရှေးဘုရင် မင်မင်းဆက်ဆီ ဝုန်းခနဲရောက်သွားပါတော့တယ်။ ကပ္ပတိန်ကူးပဲလေ... ငြိမ်ငြိမ်ဘယ်နေပါ့မလဲ။ မင်မင်းဆက်မှာ နှာဘူးလိုက်ထရင်း မင်မင်းဆက်သမိုင်းရဲ့ အရေးပါဆုံးဖြစ်ရပ်ထဲမှာ သူဝင်ပါမိသွားတဲ့အခါ.... ပေါ့ပေါ့ပါးပါးလေးကြည့်ဖို့ အဆင်ပြေတဲ့ကားလေးဖြစ်ပေမယ့် မိသားစုနဲ့တော့အတူတူမကြည့်နဲ့နော်။ တော်ကြာနေ နရင်းအုပ်ခံနေရမှာစိုးလို့ပါ ။ ပါ၀င်ထားတဲ့သူတွေကလည်း ရှောင်လင်ဘောလုံးကားထဲက ဖက်တီးတို့ တကယ့် ဟာသနဲ့ ငဘူးအုပ်စုဖြစ်တဲ့သူတွေ အပြင် ဒါရိုက်တာကလည်း Sex and Zen ရိုက်တဲ့သူဆိုတော့ ရှယ်ပေ့ါ ။ File Size__(1.1GB) Quality__720p IMDb Rating__5/10 Format__mp4 Duration__01:33:00 Type__Adult, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt

Adventure • Animation • Family
6 2014 94 mins
[18+]Flirting in the Air
[18+] Blonde
6.1

ကဲ Biography ဒရာမာရုပ်ရှင်လေးကြည့်ရအောင်။ နာမည်ကျော် ရုပ်ရှင်မင်းသမီး မယ်ရီလင် မွန်ရိုးရဲ့အကြောင်းပါပဲ။ မွန်ရိုးဟာ သမိုင်း တလျှောက် နာမည်အကြီးဆုံး လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်မင်းသမီးတွေ ထဲကတစ်ယောက်ပါပဲ။ ၁၉၅၀-၆၀ ကာလများရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ်လည်း သတ်မှတ်ကြပါတယ်။ မွန်ရိုးဟာ နာမည်ကျော်ကြားသလောက် ဘဝအစမလှပခဲ့သလို ဘဝ ဇာတ်သိမ်းလည်းမလှပခဲ့ပါဘူး။ မိဘမဲ့ဂေဟာကနေ အနုပညာလောက ထဲကိုဝင်လာပြီး ၁၆ နှစ်နဲ့အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်သုံးဆက်အထိ ရှိခဲ့ပြီး။ ကြားထဲမှာလည်း အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီနဲ့ အပါအဝင် မရေတွက်နိုင်တဲ့ ကောလဟာလတွေ အများကြီးရှိခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီတုန်းက မွန်ရိုးဟာ တစ်နိုင်ငံလုံးရဲ့ အိပ်မက်မင်းသမီးဖြစ်ခဲ့တာပါ။ သူ့ရဲ့ ဂါဝန်လေးလေလွင့်နေတဲ့ပုံဟာလည်း သမိုင်းဝင်လောက်အောင်ကို ကျော်ကြား ခဲ့တာပါ။ မွန်ရိုးဟာ အသက် ၃၆ နှစ်အရွယ်မှာ ဆေးလွန်သေဆုံးခဲ့ပြီး ဒါကို မတော်တဆမှုအဖြစ်ဖော်ပြခဲ့ပေမဲ့ လူပေါင်းများစွာက ကိုယ့်ကိုယ်ကိုယ်သတ် သေတယ်လို့ ယူဆခဲ့သလို လုပ်ကြံခံရတယ်ဆိုတဲ့ ထင်ကြေးတွေလည်းပေါ် ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ သူကို ဟောလိဝုဒ်ရွှေခေတ်ရဲ့ အကျော်ကြားဆုံး မင်းသမီးစာရင်းမှာ နံပါတ်-၆ နေရာမှာ သတ်မှတ်ထားခဲ့တုန်းပါပဲ။ နံပါတ်တစ် ကတော့ Little Women (1933) မင်းသမီး ကတ်သရင်းဟိဘန်းပါပဲ။ ဒီရုပ်ရှင်ကတော့ မွန်ရိုးရဲ့ အတ္ထုပ္ပတ္တိဆိုတာထက် ကောလဟာလတွေကိုရော တကယ့်အခိုင်အမာအဖြစ်အပျက်တွေကိုရော ရောမွှေပြီး စိတ်ကူးယဉ်ရေးသား ထားတဲ့ဇာတ်လမ်းနဲ့ပိုတူပါတယ်။ မွန်ရိုးနေရာမှာသရုပ်ဆောင်ထားတဲ့ မင်းသမီး အန်နာဒီအားရ်မက်စ်ကိုတော့ ပရိသတ်တွေ Knives Out, No time to die, blade runner, knock knock တို့လို ရုပ်ရှင်ကြီးတွေမှာ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဗင်းနစ် ရုပ်ရှင်ပွဲတော်မှာ ၁၄ မိနစ်ကျော် အားလုံးမတ်တပ်ရပ် လက်ခုပ်တီးပေးခဲ့တဲ့အထိ ပြောင်မြောက်တဲ့ ရုပ်ရှင်လို့လည်းပြောကြပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ပွဲတော်တွေကတော့ ဘာကားလာလာ မတ်တပ်ရပ်တီးနေကျဆို‌တော့ အဲဒီအတွက်တော့ အရမ်းမကိုး ကားတော့ပါဘူး။ ဒါပေမဲ့ ဘယ်လိုအနုပညာဆန်ဆန်ရိုက်ကူးပြီး ဘယ်လိုပီပြင်အောင် သရုပ်ဆောင်ထားလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုနိုင်ပါတယ်။ မင်းသားကြီး ခရစ်စ် အီဗန်ကတော့ အန်နာကို ဒီကားနဲ့ အော်စကာရရချည်သေးရဲ့လို့ ချီးကျူးသွားပါတယ်။ နောက်ဆုံးသတိပေးချင်တာကတော့ အန်နာရဲ့ အိပ်ရာခန်းတွေ တုံးလုံးခန်းတွေ တစ်ခန်း ထက်မနည်းပါဝင်နေတာမို့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ဘူးဆိုတာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(2.11 GB) / (920 MB) Quality............WEB-DL 1080p / 720p Duration.........2Hrs 46mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Romance Translator.......Mr.Anderson Encoder..........SWM

Action • Drama • War
6.1 2022 167 mins
[18+] Blonde
Throw Down
6.9

Throw Downဟာ ဟောင်ကောင်ရုပ်ရှင်ဂုရုကြီးတစ်ပါးဖြစ်တဲ့ Johnnie Toရဲ့ မာစတာပိစ်အဖြစ်သတ်မှတ်ကြတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ တစ်ချို့ကလည်း Throw Downကို သူ့ရဲ့မာစတာပိစ်အကျဆုံး ရုပ်ရှင်အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ဖန်အချို့ရဲ့ သဘောအကျဆုံး Johnnie Toကားလည်းဟုတ်ပါတယ်။ ဇာတ်ကတော့ မိန်းကာရိုက်တာ သုံးယောက်ကို လှည့်ပတ်ပြထားတဲ့ ဇာတ်ပါပဲ။ Louis kooနဲ့ Aaron Kwokတို့ရဲ့ ကာရိုက်တာတွေက ဂျူဒိုကစားသမားတွေ။ Louis kooကတော့ တစ်ချိန်က ဂျူဒိုလောကရဲ့နာမည်ကျော် ဒီတော့ သိုင်းပြိုင်ရတာ စိတ်အားထက်သန်တဲ့ Aaron Kwokက Louis kooကို လာစိန်ခေါ်တယ်။ သို့ပေမဲ့ Louis Kooက အဲဒီအချိန်မှာ ဘာမှမလုပ်ချင် မကိုင်ချင်နဲ့ လောင်းကစားပဲလုပ်နေတဲ့အချိန် ဒီတော့ ကောင်းကောင်းမပြိုင်ဘူး။ အကြွေးဆပ်စရာတွေကလည်း ပုံနေတယ်။ Aaron Kwokက သူပုံမှန်ဖြစ်တဲ့အထိ သူ့အရက်ဆိုင်မှာ ကူပေးပြီးမှ ပြိုင်ဖို့လုပ်တယ်။ သူတို့ရဲ့ ကာရိုက်တာChemistryထဲ ဝင်လာတဲ့ နောက်ကာရိုက်တာက Cherrie Yingရဲ့ မိုနာ။ သူလည်းရှေ့က ၂ကောင်လို ဗရုတ်သုတ်ခဘဝထဲ နေနေတာပဲ။ အဆိုတော်ဖြစ်ချင်ပေမဲ့ အသံကမကောင်း အေးဂျင့်က အောကားရိုက်ခိုင်းဖို့လုပ်ရာက အေးဂျင့်နဲ့ ပြဿနာတက်နေတဲ့ ကောင်မလေးပါပဲ။ သူ့ကာရိုက်တာက တစ်မျိုးတော့ဆန်းတယ်။ အိမ်လခမပေးနိုင်တာ ၆လရှိပြီမို့ အိမ်ရှင်ကမောင်းချတာကို ခေါက်ဆွဲစားရင်း မထုံတတ်သေး လမ်းပေါ်ရပ်နေတာလည်း ဂကြောင်နဲ့ကို တော်တော်ဆွဲဆောင်မှုရှိတဲ့အခန်းပါပဲ။ တိုနီလျောင်ခဖိုင်ကတော့ ခပ်ကြမ်းကြမ်းဇာတ်ပို့သက်သက်ပေါ့။ ဒီရုပ်ရှင်ဟာ ဇာတ်အိမ်ထက် ဇာတ်ကောင်တွေကို ဦးစားပေးထားတယ်ဆိုပေမဲ့လည်း ဂျပန်သိုင်းပညာဖြစ်တဲ့ ဂျူဒိုကို အဓိကအခရာအဖြစ် ဇာတ်အိမ်တည်ထားပြီး ကူရိုဆာဝါရဲ့ ပွဲဦးထွက်ရုပ်ရှင် Sanshiro Sugataအကြောင်းလည်း ထည့်ပြောရင်း အဲဒီရုပ်ရှင်လိုပဲ စိန်ခေါ်သိုင်းချတဲ့အခန်းတွေကို ဦးစားပေး ရိုက်ကူးထားသလို ကူရိုဆာဝါကိုလည်း ဂုဏ်ပြုကြောင်း ထည့်သွင်းရေးထားတဲ့ ကူရိုဆာဝါကို Homage ပေးထားတဲ့ ရုပ်ရှင်ပါပဲ Throw Downဟာ Johnnie Toအရိုက်များတဲ့ ခပ်ကြမ်းကြမ်းပုံစံကနေ နည်းနည်းခွဲထွက်ပြီး သူ့မူလထက် နည်းနည်းပေါ့ပါးတဲ့ ပုံစံနဲ့ ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ သို့ပေမဲ့ သူရဲ့ဟန်လိုဖြစ်နေတဲ့ Darkဆန်တဲ့ ဟန်ကနေတော့ ခွဲမထွက်သွားပါဘူး။ ဟောင်ကောင်ရုပ်ရှင်လောကရဲ့ ရှေးဆရာကြီးတွေဖြစ်ခဲ့တဲ့ Louis kooတို့ တိုနီလျောင်ခဖိုင်တို့အပြင် တရုတ်ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ Aaron Kwok တို့ကတော့ main castအဖြစ် သရုပ်ဆောင်ထားပါတယ်။ Aaron Kwokဟာ သရုပ်ဆောင်ကောင်းလှတဲ့သူ မဟုတ်ပေမဲ့ Johnnie Toဟာ အကောင်းဆုံးဖြစ်အောင် ထည့်သွင်းနိုင်ခဲ့တယ်လို့လည်း ပြောကြပါတယ်။ ဟုတ်မှာပါ။ ဒီထဲက Aaron Kwok ကာရိုက်တာဟာ တော်တော်လေး သဘောကျစရာကောင်းပါတယ်။ 2021မှာ art filmကားကောင်းတွေကိုပဲ ကွာလတီကောင်းကောင်းနဲ့ ပြန်ထုတ်ပေးတဲ့ The Criterion Collectionက throw downကို 4kပြန်ထုတ်ပေးခဲ့ပြီး တရုတ်ရှပ်ရှင်ဆုပေးပွဲတွေမှာ Best Pictureတို့ Best Directorတို့ ဆန်ခါတင်ဝင်ခဲ့တဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ Johnnie Toလည်း ကားမရိုက်တာကြာပြီဖြစ်တဲ့အတွက် ဟောင်ကောင်ရွှေခေတ်က ရုပ်ရှင်တွေကို ကြိုက်တဲ့လူတွေအတွက် Throw Downဟာ ကြည့်ကိုကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.9GB) / (750MB) Quality__BluRay_1080p, 720p IMDb Rating__6.8/10 Format__mp4 Duration__01:35:00 Type__Action, Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Comedy • Drama • Family
6.9 2004 95 mins
Throw Down
Wolf
5.4

ဒီဇာတ်လမ်းကို စကြည့်လိုက်တာနဲ့ ဂျေကော့ဆိုတဲ့ ကောင်လေးနဲ့အတူ ခင်ဗျားတို့ကို ထူးဆန်းတဲ့အရပ်ကို ခေါ်ဆောင်သွားလိမ့်မယ်။ သာယာခမ်းနား၊ လှပတင့်တယ်နေတဲ့ နေရာတော့ မဟုတ်လေဘူး။ ခင်ဗျားတို့ ရောက်သွားမှာ စိတ္တဇဆေးရုံပဲ။ (စိတ္တဇလို့ ရာနှုန်းပြည့်မခေါ်နိုင်ပေမဲ့ ဒီလိုပဲ ခေါ်လိုက်ရအောင်ဗျာ) စိတ္တဇဆေးရုံကိုမှ ကိုယ့်ကိုယ်ကိုယ် တိရစ္ဆာန်လို့ ထင်နေကြတဲ့ စိတ်ရောဂါရှင်ရှိရာ စိတ္တဇဆေးရုံပါ။ တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ကြက်တူးရွေးလို့ထင်ပြီး သူ့ကိုပြောသမျှ အကုန်လိုက်ပြောတယ်။ တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ခွေးလို့ထင်ပြီး အချိန်ပြည့် တဝုတ်ဝုတ်၊ တစ်ယောက်က သူ့ကိုယ်သူ ရှဉ့်မဟုတ်လို့ ရှဉ့်ဖြစ်ခွင့်ပေးပါဆိုပြီး ထိုင်ငိုနေတယ်၊ တစ်ယောက်က ပန်ဒါ၀က်ဝံ၊ တစ်ယောက်က မြင်းနဲ့ တိရစ္ဆာန်တွေမှ စုံလို့ဗျာ။ ဒီတော့ ဒီနေရာကို ရောက်လာသူ ဂျေကော့ကလည်း ပုံမှန်မဟုတ်တာ ရိပ်မိလောက်ကြပြီထင်ပါရဲ့။ သူကတော့ ကိုယ့်ကိုယ်ကိုယ် ဝံပုလွေလို့ ထင်နေသူပေါ့။ ညဘက်တွေရောက်ရင် သူဖောက်ပြီး ထအူပါပြီ။ ဒီလူတွေကို ဒီနေရာပို့ရတဲ့ အကြောင်းရင်းကတော့ ကိုယ့်ကိုယ်ကိုယ် လူဆိုတာ လက်ခံပြီး သာမန်ဘ၀နဲ့ နေနိုင်အောင်ပါ။ ဒီ တိရစ္ဆာန်ပေါင်းစုံကို အဓိက ထိန်းချုပ်ကုသပေးနေသူတွေက ဒေါက်တာမန်းနဲ့ သူ့အဖွဲ့သားတွေပေါ့။ ထိန်းချုပ်ရခက်တာတွေရှိသလို အခြေအနေတိုးတက်သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဝံပုလွေဂျေကော့ကတော့ အခြေအနေ ကောင်းပုံမရ။ ထိန်းမရတဲ့နောက် အကြမ်းနည်းတွေဘက် လှည့်လာတဲ့ ဒေါက်တာတွေကတစ်ဖက်၊ ဝံပုလွေလေးကိုမှ ချစ်လှပါချည်ရဲ့ဆိုပြီး ကြား၀င်၀င်ရှုပ်တဲ့ ကြောင်မလေးနဲ့ တွေ့တဲ့အခါ အခြေအနေက ဆိုးသည်ထက်ဆိုးပါတော့တယ် .... ဒီဇာတ်လမ်းမှာ မင်းသား George Mackay က ဂျေကော့အဖြစ် သရုပ်ဆောင်ထားပြီး Johnny Depp ရဲ့ သမီး Lily Rose Depp က စီစီလီ ကြောင်မလေးအဖြစ် စိတ်၀င်စားဖွယ် ပါ၀င် သရုပ်ဆောင်ထားကြပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Yoon Sandi Aung ဖြစ်ပါတယ်။) File Size - (960 MB) Quality – WEBDL- (1080p)/(720p)/(480p) Duration - 1hr 40min Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Mystery, Thriller Translator – Yoon Sandi Aung Encoder – San Win Maung

Crime • Drama • Thriller
5.4 2021 100 mins
Wolf
Tumse Na Ho Payega
7.6

Tumse Na Ho Payega 2023 (imdb 9.2/10) ငယ်ငယ်တုန်းက မိဘတွေက နင်ဒီလောက်ညံ့နေတာ အတန်းထဲက အဆင့်တစ်ချီးစားပါလားတို့ဘာတို့ဆိုပြီး အဆူခံရဖူးတဲ့ ပရိသတ်တွေရှိကြလား ဆိုရှယ်မီဒီယာပေါ်မှာ ခရီးသွားလိုက် ဘားကလပ်သွားလိုက် အိုင်ဖုန်းကြီးဝယ်ကိုင်ပြလိုက်နဲ့ သူငယ်ချင်းတွေကိုကြည့်ပြီး စိတ်ဓာတ်ကျဖူးလား အဲဒီလိုခံစားချက်မျိုးတွေရှိဖူးတယ်ဆိုရင် ဒီဇာတ်ကားလေးက ပရိသတ်တို့အတွက် ကိုယ့်ဘဝကိုယ်ရောင်ပြန်ဟပ်စေမဲ့ ပုံမှန်အလုပ်လေးလုပ် တခါတလေဘားသွား crush ကပြန်မကြိုက် ကိုယ့်ဘဝကြီးကိုစိတ်ကုန် စသဖြင့် ကိုယ့်အကြောင်းရိုက်ပြနေသလိုကို ခံစားစေရမှာပါ အဲဒီလိုမျိုး မိဘကပေးတဲ့ ပရက်ရှာတွေ ပတ်ဝန်းကျင်ကပရက်ရှာတွေ ဆိုရှယ်မီဒီယာဘာညာစသဖြင့် ပရက်ရှာပေါင်းများစွာနဲ့ လူငယ်ခြေကျဘဝကို ပုံဖော်ပြထားတာမို့ စော်မရှိစာမလာ ဘူကောင် မန်ယူဖန်တွေကြည့်သင့်ကြောင်း ညွှန်းဆိုပေးပါရစေ ဇာတ်လမ်းအကျဉ်းလေးကတော့ အဓိကမင်းသားဂေါ်ရာဗ့်ဟာ သူ့ရဲ့နိစ္စဒူဝနေ့စဉ်ဘဝကြီးကိုစိတ်ကုန် သူ့ရဲ့ crush လေး ဒေဗစ်ကာကလည်း သူ့ဘဝရဲ့အမုန်းဆုံးကျောင်းသားဘဝထဲက ပြိုင်ဘက် အာဂျွန်နဲ့တွဲနေတော့ စိတ်ဓာတ်ကျပြီး အလုပ်မှာမပျော်တော့လို့ အလုပ်ထွက်လိုက်တာကနေ သူ့ဘဝကြီးက ပိုပဲအဆင်ပြေသွားမလား မိဘ ချစ်ရတဲ့သူ ပတ်ဝန်းကျင်စတဲ့ ပရက်ရှာတွေအောက်မှာ ဘယ်လိုအဆင်ပြေအောင် ရှေ့ဆက်မလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့တင်ဆက်ထားတာမို့ ပရိသတ်တို့ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်

Drama
7.6 2023 132 mins
Tumse Na Ho Payega
Cabin Fever

ကောလိပ်ကျောင်းသား ငါးယောက်ဟာ စာမေးပွဲအပြီး တောအုပ်ထဲကသစ်လုံးအိမ်လေးမှာ စုပြီးအနားယူဖို့ထွက်လာကြပါတယ် ညဘက်မီးပုံပွဲလေးလုပ်ပြီး စကားစမြည်ပြောဆိုနေကြတုန်းမှ ထူးဆန်းတဲ့ရောဂါကူးစက်ခံနေရသူတစ်ယောက်က အကူအညီတောင်းလာပါတယ်။ အားလုံးကလည်း ကြောက်လန့်တကြားနဲ့ အကူအညီပေးဖို့ ငြင်းဆန်ရာမှရုန်းရင်းဆန်ခတ်တွေဖြစ်ကာ သူတို့ပါလာတဲ့ကားပျက်စီးသွားပါတော့တယ်။ နောက်တစ်နေ့မနက် ကားပြင်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲ။ ထူးဆန်းတဲ့သူကရော ဘယ်သူလဲ။ ထူးဆန်းတဲ့ရောဂါကရော ကုသနိုင်မှာလား။ သူတို့ သူငယ်ချင်းအုပ်စုကို ရောဂါကူးစက်မခံရဘဲနဲ့ အိမ်ပြန်လာနိုင်မလား စသဖြင့် ကြည့်ရှုခံစားရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ File size…(1.8 GB)/(969 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

Horror • Thriller
0 2002
Cabin Fever
Full Moon
6.1

Full Moon (2023) ခြောက်ခြားပုံပြင် အိပ်ရာဝင်ပုံပြင်တွေဟာ လူတိုင်းရဲ့ငယ်ဘဝကို လှ‌ပစေတဲ့အရာဖြစ်သလို ဘဝရဲ့လက်ကျန်သက်တမ်းမှာ စိုးမိုးသွားတဲ့အရာဆိုလည်းမမှားဘူး အိပ်ရာဝင်ပုံပြင်တွေကနေ လူ့ဘဝကြီးမှာ ကျင့်ကြံနေထိုင်သင့် ပြုမူသင့်တဲ့အရာလေးတွေထည့်ပြောရင်းဆုံးမတတ်ကြတယ် ဒီဇာတ်လမ်းကတော့ အထက်ပါအကြောင်းအရာတွေနဲ့ ကွဲလွဲနေတဲ့အိပ်ရာဝင်ပုံပြင်တစ်ပုဒ်နဲ့အစပျိုးတယ် သမီးလေးအတွက် ဖခင်ဖြစ်သူပြောပြတဲ့အိပ်ရာဝင်ပုံပြင်ဟာ ခြောက်ခြားစရာဇာတ်လမ်းတစ်ပုဒ်ဖြစ်နေတယ် မထင်မှတ်ဘဲပြောမိတဲ့ အိပ်ရာဝင်ဇာတ်လမ်းတစ်ပုဒ်ပြောပြရင်း အဲဒီခြောက်ခြားစရာအရာက သူတို့အနားချဉ်းကပ်လာတာကိုသတိမထားမိခဲ့ကြဘူး ဒီမိသားစုကြား ခလောက်ဆန်လာမဲ့ အဲဒီခြောက်ခြားစရာတစ်ခုက….. အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6.1 2023
Full Moon
Noodles
6.9

Noodles (2023) သပွတ်အူ IMDb-7.7/10 Thrillers ကားကောင်းများစွာရေးသား ရိုက်ကူးဖူးတဲ့ Madhan Dhakshinamoorthy ရိုက်ကူးထားတဲ့ Family Thriller ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ် ပိတ်ရက်ညတစ်ည မိသားစုဝင် သူငယ်ချင်းတွေအိမ်နီးနားချင်းတွေ အတူစုပြီး နာမည်ဖွက်ဂိမ်းအပျော်တမ်းကစားနေကြချိန် ညကြီးသန်းခေါင်ဆူညံပွက်လောရိုက်နေတာပေါ့ ဒါကို လာသတိပေးတဲ့ရဲအရာရှိ ရဲအရာရှိရဲ့ မချေမငံပြောဆိုမှုတွေကြောင့် အစကရိုကျိုးနေကြတဲ့မိသားစုဝင်တွေက ပြန်ရန်တွေ့ကြနဲ့ အချေအတင်တွေဖြစ်လာကြတယ် အဲဒီနောက်မှာတော့ သူတို့စတိုးဆိုင်ကို ဝင်‌‌ရောက်စီးနင်းလာသူတွေရှိခဲ့ပြီး မတော်တဆဖြစ်ရပ်ကြောင့်နဲ့ စီးနင်းဝင် ရောက်လာသူထဲကတစ်ယောက် သေဆုံးသွားတဲ့‌‌နောက်မှာတော့ သူငယ်ချင်းဖြစ်သူမိတ်ဆက်ပေးတဲ့ရှေ့နေနဲ့အတူ ဒီကိစ္စကိုဘယ်လို တွေလက်စဖျောက်ပြီး ရှင်းထုတ်ကြမလဲ …… မကျေမနပ်ပြန်သွားရတဲ့ ရဲအရာရှိနဲ့ရော ဘယ်လိုဇယားတွေ ကပ်လာဦးမလဲ ဆိုတာတွေကို ရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ် အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ V ~ Yunni ~ Alex ~ ToMo ~ Thaik San တို့ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Comedy • Drama • Fantasy • Horror
6.9 2023 106 mins
Noodles
Doubao Magistrate
5.8

ဒီတစ်ခါCMကတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့ ရှေးခေတ်ဟာသကားလေးပဲဖြစ်ပါတယ် ဇာတ်ကားလေးကတော့ ခရိုင်လူကြီးမင်းဖြစ်သူ ငယ်နာမည်သုန့်ပေါင်းခေါ် ယွီချင်းဖုန်းနဲ့ သုန့်ပေါင်းပြောနေကြဖြစ်တဲ့ နတ်သမီးရှုံးအောင်လှပရတဲ့ သူ၏ဇနီး ကျောက်ယွီဖုန့်တို့ရဲ့ ပျော်ရွှင်စရာမိသားစုအကြောင်းကို အဓိကထားပြီးရိုက်ကူးပြသပေးထားတာဖြစ်ပါတယ် သူတို့လင်မယားနှစ်‌ယောက်ကတော့ ကလေးယူချင်တဲ့စိတ်ကြောင့် ဇနီးဖြစ်သူနှင့် အလုပ်အချိန်ပိုဆင်းမယ်ဆိုတဲ့အချိန်မှာ ကြုံတွေ့ရမဲ့ဟာသအနှောက်ယှက်လေးတွေနဲ့ ခရိုင်လူကြီးမင်းဖြစ်သူက ပြဿနာပေါင်းသောင်းခြောက်ထောင်ကို စည်းစနစ်ကျကျ ဟာသနှောပြီး ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အမောပြေဟာသကားလေးတကားဖြစ်ပါတယ်

Drama • Mystery • Thriller
5.8 2024
Doubao Magistrate
Desperado
6

ခွေးထိရင်ဓားကြည့်ဆိုတဲ့ John Wickကြီးလိုပဲ သမီးထိရင်မီးပွင့်သွားမယ်ဆိုတဲ့ အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက် လက်ဗလာနဲ့ လူဆိုးအုပ်ကြားမှာကြမ်းတဲ့ အက်ရှင်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ အရမ်းကိုထူးချွန်တဲ့အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက်က ဇာတ်မြှုပ်ပြီးတော့ လုံခြုံရေးကုမ္ပဏီလေးဖွင့်ပြီး ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနေချိန်မှာ မင်းသားကသူ့ဟာသူနေပေမယ့် ပြဿနာကသူ့ဟာသူမနေပဲ တံခါးဝထိရောက်လာပါတယ်။ ဒီလိုနဲ့သူကမိသားစုကိုဆုံးရှုံးလိုက်ရပြီးတော့ ထောင်(၉)နှစ်ကျသွားပါတယ်။ ထောင်ကထွက်လာတဲ့အချိန်မှာ သူ့ရဲ့မိသားစုကိုဖျက်ဆီးခဲ့တဲ့သူကို လိုက်ရှာတော့တာပေါ့။ သဲလွန်စတွေရဲ့အချိတ်အဆက်တစ်ခုဖြစ်တဲ့ ကလေးမလေးတစ်ယောက်ကို သမီးအရင်းလိုသဘောထားပြီးကာကွယ်ပေးရင်း သူ့ရဲ့ရန်ငြိုးကိုလက်စားချေဖို့ကြိုးစားတော့တာပေါ့။ လူကြမ်းကြီးတစ်ဖြည်းဖြည်းနဲ့ အဖြစ်မှန်အမှုကိုဖော်သွားတာကို ကြမ်းကြမ်းရမ်းရမ်းအက်ရှင်တွေနဲ့ ခံစားကြည့်လိုက်ပါနော်……

History • Comedy • Drama
6 2024
Desperado
Been There All Along
6

ကျွန်တော်တို့ဘဝမှာ တခါတလေ ကိုယ်ချစ်တဲ့သူတွေ အနားကနေ ထွက်ခွာသွားမှာစိုးတာနဲ့ ကိုယ့်ပုံစံအမှန်ကို ဖုံးကွယ်လိမ်ညာပြီး နေခဲမိတဲ့အခိုက်အတန့်ကို လူတိုင်းကြုံဖူးကြလိမ့်မယ်ထင်ပါတယ် အဲ့ဒီဆက်ဆံရေးတွေက တကယ်ပဲရေရှည်တည်တံ့ခဲ့ရဲ့လား ကျွန်တော်တို့ကိုယ်တိုင်ကရော သူတစ်ပါးရဲ့ပုံစံခွက်ထဲမှာ အံဝင်ဂွင်ကျဖြစ်ခဲ့ကျရဲ့လား ဒီဇာတ်ကားက အွန်လိုင်းက နေချစ်သူရှာတဲ့ အက်ပ်လီကေးရှင်းကုမ္မဏီရဲ့ စီအီးအို တစ်ယောက်ဖြစ်တဲ့ ချာလီကူးပါးတစ်ယောက် သူမရဲ့ချစ်သူနဲ့ လမ်းခွဲပြီးသွားတဲ့နောက် သူမရဲ့ဘဝနဲ့ကုမ္မဏီကို ပြန်လည်ကယ်တင်ဖို့ကြိုးစားပုံကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ Jim Cliffe ရိုက်ကူးပုံဖော်ထားပါတယ် ဒီဇာတ်ကားက rating 6/10 အထိရရှိထားပြီး မင်းသား Adam Hollick နဲ့ ၂၀၂၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ Cam with Caffs ဆိုတဲ့ ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင် ဆုကိုရရှိထားတဲ့ မင်းသမီး Mallin Collinsတို့က ပါဝင် သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအစမှာ ချာလီတစ်ယောက် သူမရဲ့ရည်းစားက သူတို့လမ်းခွဲပျက်စဲတဲ့အကြောင်းကို လိုင်းပေါ်မှာ တင်လိုက်တဲ့အတွက်ကြောင့် ကုမ္မဏီပြိုလဲတော့မယ့်အရေးနဲ့ ကြုံတွေ့လာပါတယ် ချာလီတစ်ယောက် စီးပွားရေးအကြံပေး တစ်ယောက်ဖြစ်တဲ့ လီယမ်ရဲ့အကူအညီနဲ့ ကုမ္မဏီနဲ့သူမရဲ့ပုံရိပ်ကို ပြန်လည်အဖတ်ဆယ်ဖို့နဲ့ ကုမ္မဏီရဲ့ အွန်လိုင်းကနေချစ်သူရှာတဲ့ အက်ပ်လီကေးရှင်းအသစ်က အမှန်တကယ်အလုပ်ဖြစ်ကြောင်း သက်သေပြဖို့ကြိုးစားရာမှာ ဘာတွေဆက်ဖြစ်မှာလဲ.. ဘယ်လိုအခက်အခဲတွေကိုကြုံတွေမလဲ.. ချာလီတစ်ယောက်တကယ်ပဲ အက်ပ်လီကေးရှင်းအကူအညီနဲ့ ကောင်လေးရသွားနိုင်မလား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဆိုတာကို ဒီ Been There All Along ဆိုတဲ့ romance ဇာတ်ကားလေးထဲမှာ ကြည့်ရှုသူ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ စီးမျောခံစားလိုက်ပါဦး.. ဒီဇာတ်ကားက ကြည့်ရှုသူပရိတ်သတ်ကြီးအတွက် အချိန်ကုန်ရကျိုးနပ်ပြီး ရင်ထဲမှာတစ်ခုခုကျန်ခဲ့စေမှာ အသေအချာပါပဲ File size…1.88 GB / 918MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 29m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

6 2023
Been There All Along
The Babadook
6.8

Genre – Drama, Horror, Mystery IMDB – 6.8/10 ဒီကားလေးက ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Psychological horror/Mystery အမျိုးအစား ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ Horror ကားကောင်းတွေရှားတဲ့အနေအထားမှာ လွန်ခဲ့တဲ့၁၀နှစ်လောက်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးကတော့ ဟော်ရာဖန်တွေကို အကြိုက်တွေ့စေမှာပါ။ ဇာတ်လမ်းကတော့ အမ်မီလီရာဆိုတဲ့အမျိုးသမီးဟာ Single Mom တစ်ဦးဖြစ်ပြီး သူ့သားလေး ဆမ်မြူရယ်ကို သူတစ်ယောက်တည်း ပြုစုပျိုးထောင်နေတာပါ။ သူ့အမျိုးသားကတော့ သူ့သားဖြစ်သူ ဆမ်မြူရယ်မွေးတဲ့နေ့မှာပဲ ကားမတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ အမ်မလီရာဟာ ၇နှစ်ကျော်ပြီးဖြစ်ပေမဲ့ အဲဒီဆုံးရှုံးမှုကို လက်ရှိအချိန်အထိ ကြေကွဲတမ်းတနေသေးတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ သူ့သားလေးဖြစ်တဲ့ ဆမ်မြူရယ်က မျက်လှည့်ကို အရမ်းစိတ်ဝင်စားပြီး မကောင်းဆိုးဝါးတွေကိုလည်း ယုံကြည်တတ်တဲ့ကလေးတစ်ယောက်ပေါ့။ တစ်ညမှာ မိခင်ဖြစ်သူက သားဖြစ်သူကို အိပ်ရာဝင်ပုံပြင်ဖတ်ပြရင်း “မစ္စတာဘာဘာဒေါ့ခ်”လို့ ခေါ်တဲ့စာအုပ်ကိုဖတ်ပြမိခဲ့တယ်။ အဲဒီညကနေစပြီး သူတို့သားအမိနှစ်ယောက်ရဲ့အိမ်မှာ ကြောက်စရာအဖြစ်အပျက်တွေ ဇယ်ဆက်သလိုပဲ ဆက်တိုက်ပေါ်ပေါက်လာခဲ့တော့တယ်။ ဇာတ်လမ်းရဲ့အသက်ကတော့ သားအမိနှစ်ယောက်ရဲ့ ဆက်ဆံရေးနဲ့ချစ်ခြင်းမေတ္တာလို့ပဲပြောရမယ်။ သရုပ်ဆောင်မင်းသမီး Essie Davis ရဲ့ သရုပ်ဆောင်ချက်တွေကလည်း အတော်ပြောင်မြောက်တယ်။ ခင်ပွန်းသည်ကိုဆုံးရှုံးလိုက်ရလို့ စိတ်ဒဏ်ရာရပြီးကြေကွဲနေတဲ့ဇနီးသည်၊ သားဖြစ်သူကအရမ်းဆိုးပြီး ထိန်းရခက်ပေမဲ့လည်း အချစ်မလျော့တဲ့မိခင်နေရာကနေ သရုပ်ဆောင်ထားတာက အတော်မိုက်ပြီး ရင်ထဲထိစေမှာအသေအချာပါပဲ။ ထိတ်လန့်ခြောက်ခြားစရာအဖြစ်အပျက်တွေနဲ့ ကြည်နူးစရာချစ်ခြင်းမေတ္တာတို့ကို အချိုးကျပေါင်းစပ်လိုက်တဲ့အခါမှာ သိပ်ကိုလှပကောင်းမွန်တဲ့ Emotionally Investing ဖြစ်စေမယ့် ဟော်ရာကားတစ်ကားထွက်ပေါ်လာတော့တယ်။ File size… 1.3 GB / 637 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Drama/Horror/Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Vader

6.8 2014 94 mins
The Babadook
Bodyguard 3
5.6

သာမန်ရုပ်ရည်နဲ့ကောင်းထျန်းတစ်ယောက်ဟာ ရုပ်ချောချောကောင်မလေးတစ်ယောက်ကို ရည်းစားတော်ထားရတော့ သည်းသည်းလှုပ်အရမ်းချစ်ပါတယ်။ တစ်နေ့မှာ ကောင်မလေးကကျွန်းတစ်ကျွန်းပေါ်အပန်းဖြေခရီးထွက်နေတဲ့အချိန်မှာ လူတစ်စုဖမ်းသွားတာကိုခံရပါတယ်။ ကောင်မလေးကိုတစ်သက်လုံးစောင့်ရှောက်ပါမယ်လို့ ကတိပေးထားတဲ့ ကောင်းထျန်းဟာ ကောင်မလေးကိုရေကုန်ရေခန်းလိုက်ရှာပါတော့တယ် ရည်းစားလေးကိုလိုက်ရှာရင်းနဲ့မှ ဒီအဖွဲ့အစည်းက လူကုန်ကူး၊မူးယစ်ဆေးအရောင်းအဝယ်၊ ရှေးဟောင်းပစ္စည်းမှောင်ခိုအရောင်းအဝယ်စတဲ့ တရားမဝင်တဲ့အလုပ်တွေအကုန်လုပ်တဲ့အဖွဲ့ဆိုတာသိလိုက်ရပါတယ်။ ဒီလူဆိုးအဖွဲ့ကိုသက်တော်စောင့်လေးတစ်ယောက်ကဘယ်လိုအလွဲတွေကြားမှာ တွန်းလှန်နိုင်ပါ့မလားဆိုတာကို ကြည့်လိုက်ပါဦးနော်။

5.6 2025
Bodyguard 3