YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

10 Dance (2025) HTV 1080p WEB-DL.mp4

1.62 GB N/A video/mp4 9 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
M3GAN
7.3

ဒီရုပ်ရှင်ကတော့ ၂၀၂၂ ထွက် သိပ္ပံစိတ်ကူးယဉ် ဟော်ရာ အမျိုးအစားပါပဲ။ ဒီအရုပ်ကတော့ ချက်ကီလိုပဲ ကြောက်စရာ အရုပ်ပါပဲ။ မက်ဂန်ဟာ အရုပ်ကုမ္ပဏီတစ်ခုက သိပ္ပံပညာရှင် မိန်းကလေးတစ်ယောက်ကနေ ဖန်တီးထားတဲ့အရုပ်ပါပဲ။ မူရင်း ပရိုဂရမ်ကတော့ ကလေးတွေကို အဖော်ပြုပေးရင်းနဲ့ အမူအကျင့်တွေသင်ယူပြီး ကလေးတွေကို သင်ပေးနိုင်အောင်၊ ကာကွယ်နိုင်အောင်ဖန်တီးထားတာပါ။ အရုပ်ရဲ့ ပထမဆုံး အဖော်ပြုရမယ့်ကလေးကတော့ ကေဒီဆိုတဲ့ ကလေးမလေး ဖြစ်ပြီး ကေဒီဟာ မိဘနှစ်ပါးလုံး ကားအက်ဆီးဒန့်နဲ့ ဆုံးသွားတာကြောင့် မိဘမဲ့ ဖြစ်လာတဲ့ ကလေးပါ။ ဒီတော့ သူကလည်း မက်ဂန်အရုပ်ကို အရမ်းကို သံယောဇဉ်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကလေးကို ကာကွယ်ဖို့ အဓိကပရိုဂရမ်က အရမ်းအားကောင်းလာတဲ့အခါ မက်ဂန်ဟာ ကလေးအတွက် အန္တရာယ်ဖြစ်လာနိုင်တဲ့ အရာရာကို ရှင်းပစ်ဖို့ ကြိုးစားလာပါတော့တယ်.... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mr Anderson ပဲဖြစ်ပါတယ်) File size…  2.33 GB /  531 MB Quality… Blu-Ray 1080p 5.1CH / 720p Format… mp4 Duration…. 1h 42m Genre .....  Horror , Sci-Fi , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mr Anderson

Action • Crime • Thriller
7.3 2022 102 mins
M3GAN
Lord Eagle

ရွှယ်ရင်း အရှင်သခင်လို့ အမည်တွင်တဲ့ တုန်းပေါ်ရွှယ်ရင်းဟာ မျိုးနွယ်စုရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ဖောက်ဖျက်ပြီး အကျဥ်းချခြင်းခံနေရတဲ့ မိခင်ကို ကယ်တင်ဖို့ ကြိုးစားနေသူ တစ်ဦးပါ ။ အဲဒီအချိန်မှာပဲ ရွှယ်ယင်း(နှင်းသိန်းငှက်နတ်ဘုရား)မျိုးနွယ်စုရဲ့ မျိုးဆက်ဖြစ်တဲ့ ယွီကျင့်ချို ၊ ပြီးတော့ မိန်းကလေး ခုန်းယိုးယွဲ့ နှင့် တစ်ခြားအဖွဲ့သားတွေ အတူပူးပေါင်းကာ မတရားမှုတွေရဲ့ အဖြစ်မှန်ကိုရှာဖွေပြီး / တာဝန်ကို လုပ်ကိုင်ဖြေရှင်းကြဖို့ စီစဥ်ခဲ့ကြပါတယ် ။ ဒီတော့...- ❏ တစ်လမ်းလုံး အခက်အခဲတွေ အဆက်မပြတ် ကြုံတွေ့လာကြပြီးနောက်မှာ အောင်မြင်မှုတွေကိုအရယူနိုင်ကြပါ့မလား ? ❏ သူတို့ရှာနေတဲ့ အမှန်တရားတွေကိုရှာတွေ့ပြီး အညှိုးတွေ လက်စားချေမှုတွေကို ခဝါချနိုင်မလား ? ❏ အခက်အခဲကြားတွေထဲကမှ စစ်မှန်တဲ့ ချစ်ခြင်းတရားလေးကိုရော ရှာတွေ့သွားနိုင်မလား / မိခင်ဖြစ်သူကိုရော ကယ်တင်နိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy • Drama
0 2022 84 mins
Lord Eagle
The VelociPastor
5

စူပါပါဝါလည်းရှိ၊ ဒိုင်နိုဆောလည်းပါပြီး၊ နင်ဂျာတွေနဲ့ပါချတဲ့ ရုပ်ရှင်မျိုး မရှိဘူးထင်ရင် မှားသွားပါမယ်။ Social mediaတွေမှာတွေ့နေကြ memeရုပ်ရှင်လေးလာပါပြီ။ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဟာ သူ့မိဘတွေဆုံးပါးသွားတဲ့အချိန်မှာ စိတ်ပြေလက်ပျောက်ဖြစ်အောင် တရုတ်ပြည်ဘက် ခရီးထွက်လာပါတယ်။ တရုတ်ပြည်သွားရာကနေ မထင်မှတ်ပဲ ဒိုင်နိုဆောအဖြစ်ပြောင်းနိုင်တဲ့အစွမ်းတွေရရှိလာပါတော့တယ်။ ဒိုင်နိုဆောအစွမ်းတွေရှိလာတဲ့အချိန် ကာရိုဆိုတဲ့ အပျော်မယ်လေးနဲ့တွေ့ဆုံမိချိန်မှာ သူ့ရဲ့ ဒိုင်နိုဆောပြောင်းနိုင်တဲ့ အစွမ်းတွေကို ဘယ်လိုအသုံးချသွားမလဲဆိုတာကြည့်ရှု့ရမှာပါ။ File size…(1.63GB)  / (837MB) / (483MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:15:00 Genre...Action / Adventure / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Comedy
5 2018 75 mins
The VelociPastor
Sharmaji Namkeen
6.6

အခုတစ်ခါမှာတော့ Channel Myanmar ကနေ Sharmaji Namkee လို့အမည်ရတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ ဒီရုပ်ရှင်ကတော့ ဘောလီဝုဒ်ရုပ်ရှင်လောကအတွက် စိတ်မကောင်းဖွယ်ရာဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုလည်း မမှားပါဘူး ရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ B.G. Sharma နေရာကို မူလပထမက ဘောလီဝုဒ်ရဲ့နာမည်ကြီး မင်းသား Ranbir Kapoor တို့ရဲ့ဖခင် မင်းသားကြီး Rishi Kapoor ကနေ ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ် စိတ်မကောင်းစွာနဲ့ပဲ မင်းသားကြီး Rishi ဟာ ရုပ်ရှင်ရိုက်ကူးနေဆဲအချိန်မှာပဲ ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့အတွက် အခြားမင်းသားကြီးတစ်လက်နဲ့ အစားထိုးကာပြန်လည်ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ် အစားထိုးရိုက်ကူးမဲ့မင်းသားကြီးကလည်း အခြားသူမဟုတ်ပါဘူး နာမည်ကြီး Oh My God ရုပ်ရှင်မှာ ဘုရားသခင်ကိုတရားစွဲခဲ့တဲ့ မင်းသားကြီး Paresh Rawal ပဲဖြစ်ပါတယ် ဒီတော့ ဇာတ်လမ်းအညွှန်းလေးကို သွားလိုက်ကြရအောင် B.G.Sharmaji ဟာ အိမ်သုံးပစ္စည်းအရောင်းဆိုင်ကနေ အနားယူပြီးတဲ့နောက် အိမ်မှာ ဟိုနားမတ်တပ် ဒီနားငုတ်တုတ်နဲ့ ယောင်ခြောက်ဆယ်ဖြစ်နေတဲ့ဘဝကို အားမလိုအားမရဖြစ်ပြီး သူဝါသနာပါရာ ဟင်းချက်အလုပ်ကို တစိုက်မတ်မတ် စပြီး လုပ်ဆောင်ပါတော့တယ် မီးဖိုချောင်ထဲက မထွက်စတမ်းဟင်းချက်နေတဲ့ Sharma ရဲ့လက်ရာတွေကလည်း စားဖူးသူတိုင်း လျှာလည်သွားလောက်အောင် အင်မတန်ကောင်းမွန်လှပါတယ် ဒီလိုနဲ့ တစ်နေ့ Sharma ရဲ့သူငယ်ချင်းဖြစ်သူ Chadda က ဘာသာရေးပွဲတစ်ခုမှာဟင်းချက်ရမယ်ပြောပြီး Sharma ကို အမျိုးသမီးတစ်ဖွဲ့ရဲ့ ရန်ပုံငွေပါတီပွဲမှာ ချက်ဖို့ခေါ်သွားရာကနေ အဲ့ဒီအမျိုးသမီးတွေက Sharma ရဲ့ဟင်းချက်လက်ရာတွေကို အကြိုက်တွေ့ပြီး သူတို့ရဲ့ ရန်ပုံငွေပါတီပွဲတွေမှာ Sharma တစ်ယောက် ပင်တိုင်စားဖိုမှူးဖြစ်လာခဲ့ပါတယ် ဒါပေမဲ့ အခုလိုတွေ ပါတီပွဲတွေမှာ ဟင်းလိုက်ချက်နေတာကို Sharma က သူ့သားတွေကိုမပြောပြဘဲဖုံးကွယ်ထားတဲ့အခါ.... သူ့သားတွေက အဲ့ဒီလျှို့ဝှက်ချက်ကို သိရှိသွားတဲ့အခါ.... သားဖြစ်သူရဲ့ ကန့်ကွက်မှုနဲ့ ပတ်ဝန်းကျင်အမြင်တွေကို Sharma တစ်ယောက် ဘယ်လိုကျော်လွှားမလဲ.... သူ့ရဲ့ဝါသနာပါရာ ဟင်းချက်တာကိုရော ဆက်လုပ်နိုင်ဦးပါ့မလား... မင်းသားကြီး Rishi ရဲ့သရုပ်ဆောင်လက်ရာကို နှမြောစွာနဲ့ မခံစားလိုက်ရပေမဲ့လည်း မင်းသားကြီး Paresh ရဲ့ ဟန်ပန်တွေက ပရိသတ်အားလုံးရဲ့အကြိုက်ကို ကျေနပ်စေမှာမလို့ ဒီရုပ်ရှင်လေးမှာ လိုက်ပါခံစားရင်း အားပေးကြည့်ရှုပေးကြပါဦးနော် File size…2.62GB / 1Gb Quality…1080p WEB RIP AAC 5.1CH / 720p Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pyae & Shwe Pwint & Poe & Jerrica

Drama • Music
6.6 2022 119 mins
Sharmaji Namkeen
Gifted
8

ဒီကားလေးကို ရုပ်ရှင်ရုံထဲမှာ ထရေလာ မြင်မိကတည်းက စိတ်ဝင်စားနေတာပါ။ မင်းသားက ခရစ်စ် အီဗန်။ ဒါရိုက်တာကလည်း 500 days of summer ထဲက မာ့ခ် ဝဘ် ဆိုတော့ အတော်တော့ကောင်းလိမ့်မယ် တွက်ထားပါတယ်။ အခုထွက်လာတော့ ကြည့်လိုက်တော့လည်း ကျေနပ်စရာပါပဲ။ ကျွန်တော်အရမ်းကြိုက်လို့ ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ rating ကတော့ IMDb မှာ 7.6 ပါ။ ဇာတ်လမ်းအကျဉ်းလေး နည်းနည်းပြောပြပါမယ်။ မထင်ထားတာလေးတွေ ပါလို့ spoiler မဖြစ်အောင် လျှော့ပြောပါရစေ။ နယ်မြို့လေးတစ်ခုမှ ဖရန့် နဲ့ မေရီဆိုတဲ့ သားအဖ ၂ ယောက်တည်း အတူနေကြတယ်ဗျာ။ သမီးလေး ၇ နှစ်ပြည့်ချိန်မှာ ကျောင်းကိုလွှတ်တာကနေ စပါတယ်။ သူတို့ ၂ ယောက်ကို သံယောဇဉ်ဖြစ်နေတဲ့ အိမ်နီးချင်းမိန်းမကြီးကတော့ တားပါတယ် ကလေးကို ကျောင်းကိုမလွှတ်ပါနဲ့ပေါ့။ ဘာလို့ပါလိမ့်။ ကျောင်းမှာအဖြေပေါ်လာတာပါပဲ ကလေးက ပါရမီရှင် master brain ဖြစ်နေလို့ပါ။ ကလေးအကြောင်းသိသွားရင် သူတို့ ၂ ယောက်ကို ခွဲမယ့်သူတွေ ပေါ်လာမှာ စိုးရိမ်လို့ တားမိတာပါပဲ။ တကယ်လည်း ကလေးကို ခွဲမယ့်သူ ပေါ်လာပါတယ်၊ အဲဒါကတော့ သူတို့ကို ၇နှစ်လုံး ပစ်ထားခဲ့တဲ့ မေရီရဲ့အဘွားပါပဲ။ တကယ်တော့ မေရီလေးရဲ့ အမေဟာ သချာင်္ဉာဏ်ကြီးရှင်ပါပဲ။ မပြီးဆုံးသေးတဲ့ အလုပ်တစ်ခုကို ထားခဲ့ပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တာပါ။ မေရီအမေ ထားခဲ့တဲ့ ပုစ္ဆာဟာ millennium problems တွေထဲက တစ်ခုပါ။ Millennium problems တွေဆိုတာ ၂၀၀၀ ခုနှစ်တုန်းက Clay သချာင်္တက္ကသိုလ်ကြီးကနေ သက်သေပြပေးဖို့ ထုတ်ခဲ့တဲ့ ပုစ္ဆာ ၇ ပုဒ်ပါ။ အဖြေရှာနိုင်သူဟာ ဒေါ်လာသန်းချီပြီး ဆုရရှိမယ့်အပြင် ဆုတံဆိပ်တွေနဲ့ နိုဘယ်ဆုအထိကို မှန်းနိုင်ပါလိမ့်မယ်။ လက်ရှိ ၂၀၁၇ အထိကို တစ်ပုဒ်ပဲ အဖြေရှာနိုင်သူရှိပါသေးတယ်။ ဒီဇာတ်လမ်းမှာတော့ မေရီလေးကို သူ့အဘွားက ဒီပုစ္ဆာတွေရှင်းနိင်ဖို့နဲ့ သူ့လက်အောက်မှာ ပျိုးထောင်ဖို့ ဖရန့်ဆီကနေ လာခေါ်ပါတယ်။ ဖရန့်ကတော့ သူ့အမေရဲ့ ဖြစ်ခဲ့သလို မေရီ့ကို မဖြစ်စေချင်ဘဲ သာမာန်ကလေးဘဝနဲ့ ကြီးပြင်းစေချင်တာမို့ လုံးဝငြင်းဆန်လိုက်တဲ့အခါ သားအမိနှစ်ယောက် ကလေးလုဖို့အတွက် ရှေ့နေကိုယ်စီနဲ့ တရားရုံးမှာ ရင်ဆိုင်တွေ့ရပါတော့တယ်။ ဖရန့်က ကလေးတက်လမ်းအတွက် မေရီ့ကို လက်လွှတ်နိုင်မလား၊ ဆက်ခေါ်ထားဖို့ ဆုံးဖြတ်မလား။ မေရီကို ပိုင်ဆိုင်တဲ့သူက အနိုင်လား အရှုံးလား၊ လက်လွှတ်ရတဲ့သူက အနိင်လား အရှုံးလား။ မေရီအတွက်ကရော ဘယ်လမ်းက အမှန်လည်း ဘယ်လမ်းကအမှားလည်း။ ပြိုင်ပွဲတစ်ခုဆိုတာ အနိုင်အရှုံး ရိုးရှင်းပေမယ့် မေတ္တာတရားနဲ့ ရောယှက်လာရင်တော့ ဒီမေးခွန်းတွေဟာ အင်မတန်ကို ဖြေရခက်ပါလိမ့်မယ်။ မထင်ထားတဲ့ဟာတွေနဲ့ လှည့်ကွက်တွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ခံစားကြည့်ပါလို့ ညွှန်းချင်ပါတယ်။ File Size     :   725 MB Duration    :   1 : 36: 54 Quality       :   Bluray rip 720p Translator  :  Littleneo Encoder      :  Littleneo

Comedy • Crime • Drama
8 2017 101 mins
Gifted
Department Q: A Conspiracy of Faith
7

IMDB – 7.0/10 Q ဌာနရဲ့ တတိယအမှုတွဲကား စောင့်မျှော်နေသူတွေအတွက် ပြန်လာခဲ့ပါပြီ။ ဒီအမှုမှာတော့ ဘာသာရေးတွေ ယုံကြည်မှုတွေရဲ့ အစွန်းရောက်ခြင်းရဲ့ ဆိုးကျိုးတွေကို မေးခွန်းထုတ် ပညာပေးထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ ပင်လယ်ထဲမှာ ၈ နှစ်ကြာ မျောလာတဲ့ ပုလင်းလေးတစ်လုံး အထဲမှာ စာတစ်စောင်ပါတယ် ဘယ်သူကမှ မတွေ့ခဲ့ကြဘူး ခုချိန်က လွဲလို့ပေါ့။ အထဲက စာလေးကလည်း ကလေးတစ်ယောက် ရေးသားထားတဲ့စာ သူအဖမ်းရလို့ လာကယ်ပါဆိုပြီး အကူအညီ တောင်းတဲ့စာလေး ဒီစာလေးဟာ ၈ နှစ်အကြာမှာ Q ဌာနကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ အဲဒါနဲ့ Q ဌာန ဇာတ်လိုက်ကျော်တွေ ဒီစာလေးကို အဖြေလိုက်ရှာ နေတဲ့အချိန်မှာပဲ နယ်ဖက်က ဘာသာရေးကိုင်းရှိုင်းတဲ့ လယ်သမား မိသားစုရဲ့မိသားစု ပြဿနာကလည်း တစ်ချိန်တည်းမှာ ကြုံတွေ့ လာရပါတော့တယ်။ ဒီအမှုနှစ်ခုဟာ ဆက်စပ်နေမလား နောက်ထပ် အမှုတွေရှိနိုင်သေးလား ဘာလို့ ဘာသာရေးကိုင်းရှိုင်းတဲ့ကလေးတွေကို ဖမ်းဆီးပြီး ဘာတွေလုပ်ခဲ့တာလဲ ဒီလိုလုပ်ရခြင်းရဲ့နောက်ကွယ်ကရော ဘယ်လိုအတိတ်ဆိုးက ရှိနေမလဲ စသဖြင့် Q ဌာနရဲ့ ထုံးစံအတိုင်း ပဟေဠိတွေ အဖြေရှာပြီး ဉာဏ်ကြီးရှင် လူဆိုးနဲ့ သူတင်ကိုယ်တင် နွဲရတဲ့အမှု ဖြစ်ခဲ့ပါတယ်။ ဒီကားထဲမှာတော့ ကျွန်တော်တို့ စုံထောက်ကြီးကားလ်က ခါတိုင်းထက် အခြေအနေဆိုးနေတဲ့ပုံစံပါ ဘာယုံကြည်မှုမှ မရှိတဲ့ စုံထောက်တစ်ယောက် အာဆတ်နဲ့ ယုံကြည်မှုကိစ္စတွေ ရိုးရာမပြတ် ရန်သတ်ပြီး ဘယ်လိုဖော်ထုတ် ကြမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။ ဒီကားမှာပါဝင်လာတဲ့ အဓိကနောက် ဇာတ်ကောင်ကတော့ ကျွန်တော် CM မှာ ပြန်ဆိုထားတဲ့ ပင်လယ်ထဲကို ဖောင်နဲ့ စွန့်စွန့်စားစား အပြင်မှာ တကယ်သွားခဲ့တဲ့ Kon Tiki ရုပ်ရှင်ထဲ သော်ရ်နေရာ သရုပ်ဆောင်ထားတဲ့ မင်းသားလည်း အထူးသရုပ်ဆောင်ထားပါသေးတယ်။ File size…1.74GB / 674.8MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 52m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Comedy • Drama
7 2016 108 mins
Department Q: A Conspiracy of Faith
You Can’t Escape Me
5.6

တက်သစ်ပန်းချီဆရာမတစ်ဦးဖြစ်သူ အယ်ရင်ကာဗာနဲ့ ရှေ့နေတစ်ဦးဖြစ်သူ ဂျဲရက်ကာဗာတို့ဟာ အိမ်ထောင်ကျခါစလင်မယားတွေပါ။ ဂျဲရက်ဟာ တရားသူကြီးမျိုးရိုးထဲက ဆွေးကြီးမျိုးကြီးတစ်ယောက်ဖြစ်ပေမယ့် အယ်ရင်ကတော့ မိဘနှစ်ပါးလုံးဆုံးပါးသွားပြီဖြစ်ပြီး ကိုယ့်ဒူးကိုယ်ချွန်ဖို့ကြိုးစားနေရတဲ့ ပန်းချီဆရာမတစ်ယောက်ပါ။ ဂျဲရက်ဟာ မိန်းမဖြစ်သူအပေါ်ကိုအရမ်းချုပ်ချယ်ပြီး အချိန်ပြည့် သူ့စိတ်တိုင်းကျ သူထားလိုရာမှာထားလို့ရမဲ့ အရုပ်တစ်ခုအဖြစ် လွှမ်းမိုးချုပ်ကိုင်ချင်သူတစ်ယောက်ပါ။ အိမ်ထောင်ကျပြီးနောက်ပိုင်း ယောင်္ကျားဖြစ်သူရဲ့ မနာလို၀န်တိုမှုကြီးမားပုံတွေ၊ အဆိပ်အတောက်ဆန်တဲ့ အပြောအဆို အပြုအမူတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေကို အယ်ရင်တစ်ယောက် တွေ့ကြုံခံစားလိုက်ရတဲ့အခါမှာတော့ သူ့သူငယ်ချင်းရဲ့အကူအညီနဲ့ ပေါ့လန်းမြို့ကိုပြောင်းပြေးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပေါ့လန်းမြို့မှာ အခြေချပြီး ၅လအကြာမှာတောင် အယ်ရင်တစ်ယောက် မလုံခြုံသေးတာကို သိလိုက်ရတဲ့နောက်မှာတော့ သူခံစားနေရတဲ့စိတ်ဒဏ်ရာတွေ၊ ခြိမ်းခြောက်မှုတွေကနေ ဘယ်လိုရုန်းထွက်ဖို့ကြိုးစားမလဲ၊ ဂျဲရက်သူ့မျက်စိရှေ့ကိုပြန်ရောက်လာခဲ့ရင် ပြန်ရင်ဆိုင်ဖို့ရာသူဘယ်လိုကြိုးစားမလဲ၊ ဂျဲရက်ရဲ့လက်ထဲကနေရော သူလွတ်မြောက်နိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ Format…mp4 Duration….01:30:00 Genre…TV Movie, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Drama • Romance
5.6 2023
You Can’t Escape Me
The Breach

The Breach (2022) ~ Rotten Tomatoes – 82% ~ မိုးအေးအေးနဲ့ လိုက်ဖက်မယ့် Horror ကားလေးတစ်ကား လာပါပြီ။ ဂျွန်ဟောကင်းဟာ ခပ်ခေါင်ခေါင်ဒေသက မြို့ငယ်လေးတစ်မြို့ရဲ့ ရဲမှူးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူလူသူသူအားကျရာအရပ်ဆီကို ပြန်လို့ပြောင်းမိန့်ကျထားပြီဖြစ်တာကြောင့် သူ ပြောင်းရတော့မယ့်ရက်ကို စောင့်စားရင်းနေနေသူ တစ်ဦးဖြစ်ပါတယ်။ တစ်ရက်မှာတော့ ထူးထူးဆန်းဆန်းဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အလောင်းတစ်လောင်းဟာ မြစ်စပ်မှာ မျောလို့ တင်လာပါတယ်။ ဒီလိုနဲ့ပဲ ဂျွန်ဟောကင်းတစ်ယောက် သူ့အတွက် ဒီမြို့လေးရဲ့ နောက်ဆုံးဖြေရှင်းရမယ့်အမှုအဖြစ် စတင်ကိုင်တွယ်ရပါတော့တယ်။ Horror ကားဆိုတဲ့အတိုင်း များများပြောပြလို့ မကောင်းတာမို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။ လူသားတစ်ဦးရဲ့ နားလည်နိုင်စွမ်းအလွန်က ကြောက်မက်ဖွယ်ပဟေဠိထဲ ဂျွန်ဟောကင်းတစ်ယောက် ဘယ်လိုတွေ ရင်ဆိုင်ရဦးမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါ။ ဒီရုပ်ရှင်ဟာ ကောင်းလှတယ်လို့ မဆိုသာပေမယ့် Best FX Makeup (အထူးပြုလုပ်ချက်မိတ်ကပ်ဆု)ကို ဆွတ်ခူးထားသမို့တော့ သက်ဝင်ကြွရွ အလောင်းလှလှလေးတွေ မြင်ချင်ရင်တော့ လက်မနှေးဘဲ ဒေါင်းလိုက်ကြပါဦးနော့်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 745MB Quality – 1080p, 720p Format – mp4 Duration – 1H 32Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

0 2022 93 mins
The Breach
Funeral in Berlin
6.8

Funeral In Berlin (1966) ~ IMDb – 6.8/10, Rotten Tomatoes – 60% ~ The Ipcress File (1965) ရဲ့ Sequel ပါ။ Len Deighton ရဲ့ စာအုပ်အပေါ် အခြေခံထားတာချင်းတူပေမဲ့ ဒါရိုက်တာကတော့မတူတော့ဘူး။ ဒီကားကတော့ Guy Hamilton လက်ရာပေါ့။ Gold Finger, Live and Let die, Diamonds Are Forever နဲ့ The Man With The Golden Gun တို့လို Bond ရုပ်ရှင် ၄ ကားအပြင် တခြားရုပ်ရှင်ပေါင်းမနည်း ရိုက်ခဲ့တာဆိုတော့ လက်ရာကိုတော့ ပြောစရာလိုမယ်မထင်ဘူး။ ဒါကတော့ သူ့ရဲ့လက်ရာကောင်း တခုပေါ့။ Sequel လို့ဆိုပေမဲ့ ပထမကားနဲ့‌ ပြန်ချိတ်ထားတာတွေ အများကြီးမရှိဘဲ သူ့ထုံးစံအတိုင်း ဇာတ်လမ်းကို အေးအေး ငြိမ့်ငြိမ့်ပဲသွားထားတယ်။ ဇာတ်ကြောင်းကတော့ ဘာလင်တံတိုင်းခတ်ထားတဲ့ကာလမှာ အရှေ့ဘာလင်ရဲ့ ဗိုလ်မှူးကြီးစတော့ခ်က ဘက်ပြောင်းချင်ကြောင်း ဗြိတိသျှဘက်ကိုအကြောင်းကြားလာတယ်။ သူ့ကိုကယ်ထုတ်ဖို့အတွက် ဟယ်ရီဟာ ဘာလင်ကိုခရီးဆက်ရတယ်။ အဲဒီအချိန်မှာ ဘာလင်တံတိုင်းကိုကျော်ပြီးထွက်ပြေးတဲ့အမှုတွေ အတော်များများဖြစ်နေတယ်။ အဲဒီကိစ္စအတွက် ဟယ်ရီတို့ ခေါ်ထုတ်ရမယ့် ဗိုလ်မှူးကြီးစတော့ခ်က အကြပ်ရိုက်နေတာပေါ့။ အဲဒီလို လွတ်မြောက်မှုတွေကြောင့် သူတို့ရဲ့ ဌာနကလည်းစောင့်ကြည့်ခံနေရပြီ၊ သူကလည်းစောင့်ကြည့်ခံနေရပြီ။ ဒါကြောင့် သူက သူထွက်တဲ့အချိန်မှာတော့ လုံးဝ ပြီးပြည့်စုံတဲ့ အစီအစဉ်ပဲဖြစ်ချင်တယ်။ အဲဒီလို လူတွေ ခဏခဏ လွတ်သွားတဲ့ကိစ္စတွေကို နောက်ကွယ်က စီစဉ်ပေးနေတဲ့ ခရိုက်ဇ်မန်းဆိုတဲ့ လူတယောက်ရှိတယ်။ ဗိုလ်မှူးကြီးစတော့ခ်ကလည်း သူ့အစီအစဉ်ကို အမှားအယွင်းမဖြစ်ချင်တဲ့အတွက် သိပ်တော်ပါတယ်ဆိုတဲ့ ခရိုက်ဇ်မန်းကို ဟယ်ရီကတဆင့် ဈေးညှိပြီး အစီအစဉ်ဆွဲခိုင်းတယ်။ အစီအစဉ်အရ လူနာမည်ကိုပြောင်းဖို့ စာရွက်စာတမ်းတွေထုတ်ရတယ်ဆိုတော့ သေဆုံးသွားပြီဖြစ်တဲ့ ပေါလ်လူဝီဘရူးမ်ဆိုတဲ့လူရဲ့ စာရွက်စာတမ်းတွေကို သုံးကြမယ်ပေါ့။ လူသေကို အသက်ပြန်သွင်းတဲ့သဘောမျိုးပဲ။ ဒါပေမဲ့ အဲဒီ ပေါလ်လူဝီဘရူးမ်ဆိုတဲ့လူရဲ့ စာရွက်စာတမ်းတွေကို လိုက်နေတဲ့ လူတွေ ရှိနေတယ်။ ဘာကြောင့်လိုက်နေရတာလဲ၊ အဲဒီစာရွက်စာတမ်းကကော ဘာအရေးပါလို့လဲ၊ ဘာလင်တံတိုင်းကို ခိုးဖြတ်မယ့်ကိစ္စကကော အောင်မြင်ပါ့မလား။ ရုပ်ရှင်ရဲ့ နာမည် “ဘာလင်က ဈာပန” ဆိုတာ ဘာကိုရည်ညွှန်းသလဲ။ ဒါတွေကို အဖြေထုတ်မယ့်အပြင် အချင်းချင်း ပတ်လှည့်စားပြီး မြိုင်မြိုင်ကြီး ကွက်ကျော်တွေရိုက်ကြမယ့် ရုပ်ရှင်ပါ။ ဒါရိုက်တာ Guy Hamilton ဆိုတာ အရင်က သူလျှိုဖြစ်ခဲ့ဖူးတော့ သူ့ရဲ့အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ဒိုင်ယာလော့ဂ်တွေကို ထပ်ဖြည့်ရေးထားတယ်လို့ Sir Michael Caine ကလည်း အင်တာဗျူးတခုမှာဖြေထားတယ်။ အဲဒါကြောင့် ဒိုင်ယာလော့ဂ်တွေဟာ လေယူလေသိမ်းကအစ လက်တွေ့ဆန်တယ်။ ရုပ်ရှင်ကို ရိုက်ကူးခဲ့တာကလည်း ဘာလင်မှာပါပဲ။ ရုပ်ရှင်ရိုက်နေရင်းတောင် အရှေ့ဘာလင် အစောင့်စစ်သားတွေက ကင်မရာတွေကို မှန်နဲ့ မီးလှမ်းလှမ်းထိုးပြီး နှောက်ယှက်ကြတယ်လို့ပြောတယ်။ မင်းသမီးအဖြစ်ပါတဲ့ Eva Renzi ကလည်း ဒါရိုက်တာကို ဟိုလိုရိုက်၊ ဒီလိုရိုက် ဘာညာ ဆရာကြီးလုပ်လွန်းလို့ ဒါရိုက်တာတောင် ရုပ်ရှင်မပြီးခင် ဆက်မရိုက်ချင်စိတ်ပေါက်ပါတယ်တဲ့။ ဒါတွေကတော့ ရိုက်ကွင်းအခက်အခဲလေးတွေပေါ့လေ။ စပိုင်ကားကြိုက်တဲ့လူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်မျိုးပါပဲ။ ဒီရုပ်ရှင်မှာလည်း Sequel အနေနဲ့ Billion Dollar Brain (1967) ထပ်ထွက်ထားပါတယ်။ တစ်နှစ်တစ်ကားရိုက်ပြီး ကွာလတီမြင့်နေတာကတော့ အတော်ကိုလက်ဖျားခါလောက်စရာအချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 885MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 42Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
6.8 1966 102 mins
Funeral in Berlin
The Day We Lit Up The Sky
5.6

ဘဝမှာ ကိုယ့်ကိုသူများတွေက ဘယ်လိုပဲမြင်မြင် ဘယ်လိုပဲပြောပြော ဘယ်လိုပဲ ပျက်ရယ်ပြုပြု ကိုယ်ပျော်နေဖို့က အဓိကပါပဲ ကျွန်တော်တို့သာ လောကကြီးမှာ လေလာရာယိမ်းနေတဲ့ မြက်ပင်လေးလို ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကိုယ့်စိတ်ကြိုက်သာ နေလိုက်မယ်ဆိုရင် ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲလို့ တွေးမိတယ် ခံစားမိတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော် ဇာတ်လမ်းအကြောင်းအရာလေးကတော့ ရှောင်ဟွမ်ဟာ အရမ်းကို အကတော်ပြီး ကချင်ပေမဲ့လည်း အသားညိုပြီးအရပ်ပုတာကြောင့် ငါးခြောက်မလို့ အခေါ်ခံရကာ မိန်းကလေးကျောင်းမှာ အနှိမ်ခံရတဲ့လူတစ်ပါ တစ်နေ့ ကျောင်းဖွင့်ပွဲအခမ်းအနားတစ်ခုမှာ အကအဖွဲ့တစ်ဖွဲ့လုံး ညီညီညာညာကနေချိန်မှာ ရှောင်ဟွမ်က သူ့​စိတ်ကြိုက်စည်းချက်နဲ့ အတိုင်း ဘေးကနေ ပျော်မြူးကာ ကနေတာကို လောင်ကော်ဆိုတဲ့ကောင်လေးက တွေ့သွားပြီး စိတ်ဝင်စားသွားပါတော့တယ် လောင်ကော်ကတော့ ရှောင်ဟွမ်တို့ကျောင်းမျက်နှာချင်းဆိုင်က ယောကျာ်းလေးကျောင်းကို ပြောင်းလာတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပါတယ် ​လောင်ကော်ဟာလည်း အကြောင်းအမျိုးမျိုးကြောင့် သူ့သူငယ်ချင်းသုံးယောက်နဲ့အတူ အရှုံးသမားလိုဆက်ဆံခံနေ ​ရတာပါ ဒါကို ဆက်သည်းမခံနိုင်ဘဲ သူတို့တွေ တစ်ခုခုကြီးကြီးကျယ်ကျယ်လုပ်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ် နောက်ဆုံးလုပ်ဖို့ဆုံးဖြတ်လိုက်တာကတော့ ပျော်နေတဲ့အချိန်မှာ ပိုပျော်ရွှင်မှုပေးနိုင်ပြီးတော့ ဝမ်းနည်းအားငယ်နေချိန်မှာတော့ နှစ်သိမ့်မှုပေးနိုင်တဲ့ အက ကဖို့ပါပဲ ဒီလိုနဲ့ ရှောင်ဟွမ်နဲ့ လောင်ကော်တို့ သူငယ်ချင်းလေးယောက် ပေါင်းမိသွားပြီး လူတွေကိုသက်သေပြဖို့ သူမတူတဲ့နည်းလမ်းတွေကို သုံးကာ သူတို့ရဲ့ ဖြစ်တည်မှုကို ဘယ်လိုမျိုးရှာဖွေမလဲဆိုတာကို သီချင်း အကလေးတွေ ဟာသတွေ တပုံကြီးနဲ့ နှောပြီးတော့ ဆက်လက်ကြည့်ရှုကြရမှာပါ

5.6 2021
The Day We Lit Up The Sky
Ghost Cat Anzu
6.5

မနှစ်ကထွက်ရှိထားတဲ့ တစ်ကားတည်း Anime ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါရစေ။ Karin ဆိုတဲ့ ၁၁ နှစ်အရွယ် ကောင်မလေးဟာ ဖခင်ဖြစ်သူက ငွေတိုးချေးရင်း ပြန်မဆပ်နိုင်ပဲ အသေထွက်ပြေးနေရလို့ သားအဖနှစ်ယောက်သား နယ်မြို့လေးက အဘိုးရှိရာ ဘုရားကျောင်းကို ရောက်ချလာပါတယ်။ နောက်ကျတော့ အဘိုးလက်ကိုအပ်ပြီး ဖအေဖြစ်သူက လွတ်ရာကျွတ်ရာကို ထွက်သွားပြန်တော့မယ်။ အဲဒီမှာ Karin တစ်ယောက် အမေဖြစ်သူကလည်း ဆုံး အဖေကလည်း ပစ်ထားသွားတော့ အဘိုးနဲ့ ဘုရားကျောင်းမှာနေတုန်း လူအရွယ်လောက်ရှိပြီး လူစကားပြောတတ်တဲ့ ကြောင်ကြီး Anzu နဲ့ တွေ့ရပါတော့တယ်။ အဲဒီမှာ ဒီကြောင်ကြီးက ဘာကြီးတုန်း၊ Karin တစ်ယောက် မိတဆိုးဖတဆိုးလေး ဖြစ်နေတော့ ဘယ်လိုတွေ ဆိုးပေမလဲ၊ အမေဖြစ်သူ နှစ်ပတ်လည်ကို ရောက်မလာတဲ့ ဖအေကြောင့် စိတ်ဆိုးဆိုးနဲ့ ပုံပြောင်း ကြောင်သရဲကြီး Anzu နဲ့ အတူတူ ဘယ်လိုတွေ စွန့်စားခန်းထွက်ကြမလဲဆိုတာ ပေါ့ပေါ့ပါးပါ ကြည့်ရှုခံစားရမယ့် Anime ကားကောင်းလေး ဖြစ်ပါတယ်ဗျာ။ ဂျပန် Anime ထုံးစံအတိုင်း ဒီထဲမှာလည်း ဒဏ္ဍာရီလာ သတ္တဝါလေးတွေ ထည့်သွင်းထားတာပါ။ Ghost Cat (Bakeneko) ဆိုတာက ပုံသဏ္ဍာန်ပြောင်းနိုင်တဲ့ ကြောင်လိုလူလို မကောင်းဆိုးဝါးတစ်ကောင်တစ်မျိုးပေါ့။ ဒီထဲမှာတော့ ဂါဖီးလ်လိုရုပ်ကြီးနဲ့ ချစ်စရာကောင်းအောင် တင်ဆက်ထားပါတယ်။ Motion နေရာ Animation လေးတွေ အပြစ်နည်းနည်းဆိုချင်စရာ ရှိပေမဲ့ Background တွေက ခဲပန်းချီလေးလို လှနေတာရယ် ဇာတ်လမ်းလေးက မပျင်းရပဲ ခပ်မြူးမြူးနဲ့ သွက်တာကြောင့် အပျင်းပြေစေမှာတော့ သေချာပါတယ်။ စိတ်ကူးယဉ် ဇာတ်ကောင်လေးတွေ စိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမဲ့ ၁၀ နှစ်ကျော် ကလေးတစ်ယောက်ရဲ့ မိဘအပေါ် ဆုံးရှုံးမှုတွေ ပူဆွေးရမှုတွေ အကူအညီလိုတတ်ကြတာတွေကို ရှုထောင့်လေးတစ်ခုကနေ ပညာပေးထားတာဆိုရင်လည်း မှားမယ်လို့ မထင်ပါဘူးဗျာ..။ File size… 1.4 GB, 569 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Drama, Family, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

6.5 2024 94 mins
Ghost Cat Anzu
Salut d’Amour
7.2

Salut d’Amour (2015) ************************ IMDb….7.2 ကျွန်တော်တို့ CM ကနေ ယခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ Comedy, Romance နဲ့ Drama အမျိုးအစားလေးဖြစ်တဲ့ Salut D’ Amour လို့ အမည်ရတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ကျွန်တော်တို့ တော်တော်လေးရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Park Geung Hyung၊ မင်းသမီးကြီး Youn Yuh Jung၊ မင်းသား Jo Jin Woong၊ မင်းသမီး Han Ji Min၊ EXO အဖွဲ့ဝင် Park Chan Yeol နဲ့ မင်းသမီး Moon Ga Yeong တို့လို နာမည်ကြီးသရုပ်ဆောင် များစွာ ပါဝင်ထားပါသေးတယ်။ -ဇာတ်လမ်းအကျဉ်း- ဒေါသကြီးတဲ့ ရေတပ်သားဟောင်း စစ်ပြန်ကြီးတစ်ဦးဖြစ်တဲ့ ဂင်ဆောင်ချီး (Park Geung Hyung) ဟာ ဂင်ဂျန်ဆူ (Jo Jin Woong) ပိုင်တဲ့ မားကတ်တစ်ခုမှာ အလုပ်လုပ်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့ ဆောင်ချီးရဲ့ ဘေးအိမ်ကို ပန်းဆိုင်ပိုင်ရှင်ဖြစ်တဲ့ အင်မ်ဂွန်နင်း (Youn Yuh Jung) တစ်ယောက် အိမ်ပြောင်းလာခဲ့ကာ မိတ်ဖွဲ့ခဲ့ပါတယ်။ ဒေါသအိုးဆောင်ချီးတစ်ယောက် နူးညံ့တဲ့အင်မ်ဂွန်နင်းကြောင့် တဖြည်းဖြည်းပြောင်းလဲလာပြီး ခံစားချက်တွေ အရောင်ဆိုးလာတဲ့အခါ အသက်ကြီးစုံတွဲဖြစ်တဲ့အလျောက် ဂင်ဆောင်ချီးနဲ့ အင်မ်ဂွန်နင်းတို့ နှစ်ယောက် သူတို့ရဲ့ ဆက်ဆံရေးကို ဘယ်လိုရှေ့ဆက်ကြမလဲ.. သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို အင်မ်ဂွန်နင်းရဲ့ သမီးဖြစ်သူ ဂင်မင်ဂျောင်း (Han Ji Min) က ကန့်ကွက်လာတဲ့အခါမှာရော ထိုအခက်အခဲကို ဘယ်လိုကျော်လွှားကြမလဲဆိုတာကိုတော့ နွေးထွေးပြီး နှလုံးသားအရည်ပျော်ကျမတတ် ကြည့်လို့ကောင်းတဲ့ Salut D’ Amour ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်ရှုပေးပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Theint မှ ‌ရေးသားထားပါတယ်။) File Size : 1.93GB/ 930MB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…01:51:00 Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Theint, Hazelle & Esth Encoded by Tiff

Action
7.2 2015 112 mins
Salut d’Amour
Lost Souls
4.8

Lost Souls (2000) IMDb Rating (4.8) / Rotten Tomatoes (8%) ရုပ်ရှင်အကြောင်းမပြောခင် အခြေခံအကြောင်းအရာတချို့ကို ပြောပြချင်ပါတယ်။ ပထမတစ်ခုက စာတန်မာရ်နတ် (Satan)ပါ။ စာတန်သည် ဘုရားသခင်ကို ပုန်ကန်ခဲ့တဲ့ကောင်းကင်တမန်တစ်ပါးဖြစ်ပြီး အဆိုးယုတ်ဆုံးစွမ်းအားတွေရဲ့ အရင်းအမြစ်၊ လူသားတွေကို ဘုရားသခင်ထံမှ ခွဲထုတ်ဖို့ ကြိုးပမ်းသူ၊ လှည့်ဖြားမှုတွေ၊ ဖျက်ဆီးမှုတွေကို လုပ်ဆောင်သူဖြစ်ပါတယ်။ တပည့်တပန်းမိစ္ဆာတွေကို ကမ္ဘာမြေပေါ်လွှတ်ပြီး မကောင်းမှုတွေ ခိုင်းစေတတ်သူဖြစ်ပါတယ်။ နောက်တစ်ခုက ခရစ်တော်၏ ရန်သူတော် (Antichrist)ပါ။ သူကတော့ အန္တိမကာလ (End Times)မှာ ပေါ်ထွန်းလာမယ့် ယုတ်မာသော၊ အာဏာရှင်ဆန်သော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ လူသားတွေကိုလှည့်စားပြီး ဘုရားသခင်ကိုငြင်းပယ်အောင် လှုံ့ဆော်ပါလိမ့်မယ်။ ဗျာဒိတ်တော်ကျမ်း(Revelation) မှာ Antichrist ကို သားရဲကြီး (The Beast) လို့ ဖော်ပြထားပြီး စာတန်ရဲ့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပါလိမ့်မယ်။ ဇာတ်လမ်းကတော့ မာယာ (Winona Ryder)ဟာ ဘုန်းတော်ကြီးတစ်စုနဲ့အတူ နတ်ဆိုးနှင်ပွဲတစ်ခုမှာပါဝင်ခဲ့ရာကနေ စာတန်မာရ်နတ်ရဲ့ အနာဂတ်အကြံအစည်တွေကို ရိပ်မိသွားခဲ့ပါတယ်။ ပီတာကယ်ဆန် (Ben Chaplin)ကတော့ နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်ပြီး စိတ္တဇလူသတ်သမားတွေကို လေ့လာပြီး Bestseller စာအုပ်တွေရေးနေသူပါ။ သူမသိတာကတော့ သူလေ့လာနေတဲ့ လူသတ်သမားတွေဟာ မိစ္ဆာနတ်ဆိုးတွေ ပူးကပ်နေတယ်၊ သူ့ကိုလည်း စာတန်မာရ်နတ်က Antichrist လက်ရွေးစင်အဖြစ်ရွေးထားတယ် ဆိုတာတွေကိုပါ။ ဒါတွေကို ရိပ်မိသွားတဲ့ မာယာဟာ ပီတာ့ကို ကယ်တင်နိုင်ဖို့ ဘယ်လိုအတားအဆီးတွေ ကျော်ဖြတ်ရမလဲဆိုတာကတော့ ဆက်လက်ရှုစားကြည့်ပါ။ Nomination ၂ကြိမ်ဝင်ဖူးပေမယ့် ဆုတွေမရဖူးသလို ဝေဖန်ရေးတွေကြား မျက်နှာမလှခဲ့ပေမယ့် Stranger Things ကြယ်ပွင့် Winona Ryder ကိုတော့ ချီးကျူးထားကြပါတယ်။ Directorကတော့ Janusz Kaminskiဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(2.4 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Horror,Thriller Duration….01:38:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by T Lone

4.8 2000 97 mins
Lost Souls
Acoustic
6.9

Acoustic (2010) ***************** ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ High Kick ဇာတ်လမ်းတွဲတွေနဲ့ နာမည်ရလာခဲ့ကြတဲ့ မင်းသမီး Shin Se Kyung, Baek Jin Hee အပါအဝင် နာမည်ကြီး အဆိုတော်အဖွဲ့ 2 AM အဖွဲ့ဝင် Im Seul Ong ၊ CN Blue အဖွဲ့ဝင် Kang Min Hyuk နဲ့ အဖွဲ့ဝင်ဟောင်း Lee Jong Hyun တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဆယ်ဂယောင်းလို့ ခေါ်တဲ့ မိန်းကလေးဟာ အလွန်ရှားပါးတဲ့ ရောဂါဝေဒနာကို ခံစားနေရပြီး ခေါက်ဆွဲပြုတ်တစ်မျိုးတည်းကိုသာ စားလို့ရတဲ့သူဖြစ်ပါတယ်။ သူ့အတွက် နောက်ဆုံးလို့ဆိုရမယ့် သီချင်းတစ်ပုဒ်ကို လူတွေဆီ ချပြချင်တဲ့စိတ်နဲ့ ဆေးရုံကထွက်ပြေးလာတဲ့သူပါ။ ဆောင်းဝန်းနဲ့ ဟယ်ဝန်းတို့ ၂ ယောက်ဟာ ဂီတသမားတွေဖြစ်ကြပေမဲ့ စားဝတ်နေရေးခက်ခဲ လာတဲ့အတွက် သူတို့ရဲ့ဂီတာကို ရောင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သတိမေ့တတ်တဲ့ ဟယ်ဝန်းကြောင့် ဂီတာသွားရောင်းတဲ့လမ်းမှာပဲ ဂီတာပျောက်ခဲ့ပါတော့တယ်။ ဂျင်ဟီးဆိုတဲ့ မိန်းကလေးကတော့ အမှတ်တရသီချင်းတစ်ပုဒ်ကို ထိန်းသိမ်းထားချင်ပြီး ဂျီဟူကတော့ ဂျင်ဟီးကို သဘောကျနေတာပဲဖြစ်ပါတယ်။ အပိုင်း ၃ ပိုင်းပါဝင်တဲ့ ဒီဇာတ်ကားလေးကတော့ အချစ်၊ မျှော်လင့်ချက်နဲ့ ဂီတကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းပေါင်းချုပ်ပုံစံ ရိုက်ကူးထားတာမျိုးလေးပါ .. စိတ်ဝင်စားစရာ ဇာတ်လမ်းတွေနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ .. သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာကို .. ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါနော်။ (အညွှန်းကို Nyein Sandi မှ ရေးသားထားပါတယ်) File size…1.82GB / 739MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 27m Genre ….. Music, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by Nyein Sandi Encoded by AHtet

Action • Crime
6.9 2010 88 mins
Acoustic