YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

10.000.BC.2008.480p.CM.mp4

486.98 MB N/A video/mp4 288 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Alive
6.9

~ IMDb - 7.1/10, Rotten Tomatoes - 59% ~ ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီ‌စ်ရေခဲတောင်တန်းတွေပေါ်ကို ‌အင်ဂျင်နှစ်လုံးတပ် လေယာဉ်တစ်စင်းနဲ့ ဖြတ်ပျံခဲ့ပါတယ်။ အဲဒီလေယာဉ်က အမြီးပိုင်းတခြား ကိုယ်ထည်တခြား ပျက်ကျခဲ့တာဗျ။ ပျက်ကျရခြင်းအကြောင်းကို စိစစ်လေ့လာတော့ လေယာဉ်မှူးရဲ့အမှားလို့ ကောက်ချက်ချပါတယ်။ ရှင်သန်သူတွေအနေနဲ့ ပထမဆုံးရင်ဆိုင်ရတာကတော့ ထိခိုက်ဒဏ်ရာတွေကို ကုသဖို့နဲ့ ရေခဲမှတ်အောက်ကျနေတဲ့ အအေးဒဏ်ပါ။ မြင်မြင်သမျှက ကျောက်သားနဲ့ နှင်းပွင့်ရေခဲဖတ်တွေပဲ ရှိတဲ့နေရာမှာ စားစရာဆိုတာ လေယာဉ်ပေါ်ပါလာတဲ့ ချောကလက်၊ ဝိုင်ပုလင်းအချို့နဲ့ စီးကရက် ထောင်ဂဏန်းပဲရှိပါတယ်။ ဒီတော့ ရက်အနည်းငယ်ကြာလာလို့ ငတ်မွတ်လာကြတဲ့အခါ ခိုနားရာ လေယာဉ်ကိုယ်ထည်ဘေးက နှင်းပွင့်တွေထဲမြုပ်နေတဲ့ အလောင်းတွေကို ချင်ခင်ရသူတွေရဲ့ ရုပ်ကြွင်းရယ်လို့ သဘောမထားနိုင်တော့ဘဲ အဆီတထပ် အသားတဖပ် စားစရာကြီးတွေလို့ မြင်လာတော့တာပေါ့ဗျာ။ ပထမဆုံး လှီးဖြတ်ပြီး ပါးစပ်ထဲ ထိုးထည့်လိုက်တဲ့ အသားဖပ်က အခက်ခဲဆုံး၊ အပင်ပန်းဆုံး နဲ့ မျက်ရည်မဆည်နိုင်တ‌ဲ့ ခဏတာ အခိုက်အတန့်ပါ။ နောက်တော့လည်း နောက်တော့ ဖြစ်သွားတာပါပဲ။ ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ၁၉၉၃ ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ သရုပ်ဆောင်များအနေနဲ့လည်း The Magnificent Seven (remake), Predestination, Before Trilogy အပြင် Boyhood ထဲက မင်းသားကြီး Ethan Hawke ရယ်၊ The Walking Dead ဇာတ်လမ်းတွဲထဲက Joshua Cole Hamilton ရယ်ဆိုတော့ တော်တော်မိုက်ပါတယ်။ သူတို့တွေရဲ့ နုနယ်ပျိုမြစ်မှုကိုလည်း တွေ့ရတာပေါ့။ ဒီတော့ ရှာဖွေရေးတွေ လက်လျှော့သွားတဲ့ သူတို့အဖွဲ့လေး ဘယ်လိုပုံစံနဲ့ ရေခဲတောင်တန်းပေါ်က ဆင်းနိုင်မလဲ၊ ဘယ်သူတွေက သူရဲကောင်းလဲ၊ ဘယ်သူတွေက နောက်လိုက်လဲ၊ ဘယ်သူတွေက လွယ်လွယ်အလျှော့ပေးသွားပြီး ဘယ်သူတွေက နောက်ဆုံးအထိ အားတင်းလျှောက်လှမ်းခဲ့လဲဆိုတာ တွေ့မြင်ရမှာပါ။ ရေခဲတောင်ပေါ်မှာ ရက် (၇၀) ကျော်ကြာ လူသားစားပြီး အသက်ဆက်ခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးမလို့ ခံစားကြည့်ရှုကြပါစို့။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 3GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H Genre - Biography, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama
6.9 1993 127 mins
Alive
Reign of Fire
6.2

Game of Thrones ထဲက နဂါးကြီးတွေကို သဘောကျ နှစ်ခြိုက်ကြတဲ့သူတွေ အများအပြားရှိပါလိမ့်မယ်။ ဝံ့ကြွားလှပတဲ့ကိုယ်ဟန်နဲ့၊ ဝါညီးထွန်းတောက်တဲ့ မီးတောက်တွေ မှုတ်ထုတ်လို့ ခံ့ညားလှတဲ့ သတ္တဝါကြီးတွေပေါ့။ ဒီတော့ လူကြီးမင်းရဲ့ အိမ်အောက်မှာ အ‌ပေါက်တစ်ခုတွေ့လို့ ဆင်းကြည့်ရင်း နဂါးကြီးတစ်ကောင်နဲ့ ပက်ပင်းတိုးမိတယ်ဆိုပါစို့။ အကြံပေးချင်တာကတော့ Game of Thrones ကို မေ့လိုက်ပြီး ဖနောင့်နဲ့တင်ပါး တသားတည်းကျအောင်သာပြေးပါ။ ဘာလို့လဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရှုစားနိုင်ပါတယ်။ ခေတ်မီစက်မှုကာလ မျက်မှောက်ခေတ်၊ လူတွေဟာ ငွေနောက်လိုက်ရင်း ငွေရှာရင်း အသက်ကြီးလာ၊ ငွေနောက်လိုက်ရင်းပဲ သေကြရတဲ့အချိန်ပေါ့။ ဒီတော့ လောကဇာတ်ဆရာက ပျင်းရိငြီးငွေ့လာပုံရပါတယ်။ မြေကြီးထဲမှာ အိပ်ပျော်နေတဲ့ နဂါးတစ်ကောင်ကို နိုးထစေလိုက်တယ်။ သံချပ်ကာ အကြေးခွံချပ်တွေနဲ့၊ နိုက်ထရို နက်ဖလင်းမီးတောက်တွေမှုတ်ထုတ်နေတဲ့ နဂါးကြီးဟာ လှပသလောက် အန္တရာယ်မ‌ျားလှပါသတဲ့။ စာရေးဆရာက ဘယ်လောက်တောင် ညွှန်းလိုက်သလဲဆိုရင် ဒိုင်နိုဆောတွေကို မီးလောင်တိုက်သွင်းခဲ့တာ သူတို့ပါတဲ့။ သူတို့ကြောင့် ရေခဲခေတ်ကိုရောက်၊ သူတို့က သက်ရှိမှန်သမျှ စားပစ်ကြပြီး စားစရာမရှိ ငတ်မွတ်လာတဲ့အခါမှာ မြေအောက်ကိုဝင်ပြီး တစ်ရေးအိပ်နေကြပါသတဲ့။ ကမ္ဘာပေါ်မှာ သက်ရှိတွေ ပြန်ပြည့်လာမယ့်အချိန်ကို စောင့်နေကြတာပေါ့။ နဂါးကြီးဟာ အဖော်အပေါင်းတွေနဲ့ ပြန်လည်နိုးထလာပြီး လူ့လောကကို သိမ်းပိုက်လိုက်ပါတယ်။ တွေ့သမျှကို မီးလောင်တိုက်သွင်း၊ အသက်ရှိသမျှ စားလာလိုက်တာ လူ့ပြည်ပျက်တဲ့အထိပေါ့။ ရှိသမျှလက်နက်တွေ နျူတွေနဲ့ ခုခံခဲ့ပေမဲ့ သူတို့ဘက်ကနေ ကမ္ဘာကို ကူဖျက်ပေးမိသလိုပဲ ဖြစ်ခဲ့တယ်ဆိုပဲ။ ဂွတော့အကျသားဗျ။ ဒီတော့ လူအနည်းငယ်သာ ထွက်ပြေးလွတ်မြောက်လာပြီး အကာအကွယ်နေရာတွေမှာ စားစရာကြံဖန်ပြီး မြေအောင်းကြွက်တွေလို နေရတဲ့ခေတ် ရောက်သွားတာပေါ့လေ။ ဒီတော့ နဂါးအုပ်စိုးတဲ့ နဂါးတို့ပလ္လင်ကို လူတွေ ဘယ်လိုပြန်လုကြမလဲဆိုတာ ကြည့်ရမယ့် ဇတ်ကားတစ်ကားပါ။ ခေတ်မီကာလမှာ ခေတ်ဟောင်းသတ္တဝါကို ထည့်ရိုက်ထားတဲ့ ကမ္ဘာပျက်ကားတစ်ကားပေါ့။ Cast တွေကလည်း မညံ့လှဘူးဗျ။ Interstellar ဇာတ်ကားရဲ့မင်းသားကြီး McConaughey က အဓိကသရုပ်ဆောင်ထားပြီး ၊ Christian Bale , Gerard Butler တို့လို မင်းသားကြီးတွေနဲ့ အလန်းပါပဲ။ IMDb 6.2 ဆိုတော့ apocalypse ကားတစ်ကားအတွက် တော်တော်မြင့်နေပါပြီ။ ပြန်လည်ရှုစားကြပါစို့။ File size…(2.4 GB)/(700 MB) Quality….BluRay 1080p / 720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Drama • Romance
6.2 2002 101 mins
Reign of Fire
The King's Man
6.8

IMDb Rating - 6.7/10 2021 ပြီးဆုံးခါနီးမှာ အားလုံးပဲမျှော်လင့်ခဲ့ကြတဲ့ King's Man ရုပ်ရှင်ကတော့ ထွက်ရှိလို့လာခဲ့ပါပြီ။ ထုံးစံအတိုင်းပဲ ကင်းစ်မန်းရုပ်ရှင်တွေကတော့ ကျွန်တော်တို့ကို စိတ်မပျက်စေရပါဘူး။ ဒီရုပ်ရှင်လည်းအတော်ကြီးကို ကောင်းပါတယ်။ အရင် ကင်းစ်မန်းနှစ်ကားရဲ့ အဆက်မဟုတ် ပါဘူး။ ကင်းစ်မန်းအဖွဲ့ဖြစ်ပေါ်လာပုံ ဇစ်မြစ်ကိုပြတဲ့ဇာတ်ကားပါ။ ပထမကမ္ဘာစစ် အင်္ဂလန် ရုရှား ဂျာမနီ အမေရိကန် စစ်ပွဲသမိုင်းကို အခြေခံပြီး ကင်းစ်မန်းတွေရဲ့ စစ်ဆင်ရေးကို ပြသထားတာပါပဲ။ အားရပါးရကို ကြည့်လို့ကောင်းပါတယ်။ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။) File Size - (3.94 GB) / (1.59 GB) / (814 MB) / (531 MB) Quality – WebRip - (4K HEVC) / (1080p) / (720p) / (480p) Duration - 2hr 11min Subtitle – Myanmar Hardsub Format – MP4 Genre : Action, Adventure, Thriller Translator – Mr.Anderson Encoder – Mr.Anderson / San Win Maung / Nyein Saeya Aung

6.8 2021 131 mins
The King's Man
The Devil’s Deal
6.7

The Devil’s Deal(2023) ********************* ဂျွန်ဟယ်၀န်းဟာဆိုရင်တော့ ဘူဆန်မှ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး ရွေးကောက်ပွဲမှာ ကိုးရီးယားဒီမိုကရက်တစ်ပါတီကနေတစ်ဆင့် ပါ၀င်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေသူလည်း ဖြစ်ပါတယ်… ဒါပေမဲ့ ကိုယ်စားလှယ်လောင်းဆန်ကာတင်စာရင်း ကြေညာဖို့ နှစ်ရက်အလိုမှာပဲ ပါတီကနေပြီး ဂျွန်ဟယ်၀န်းကို ဆန်ကာတင်စာရင်းကနေ ဖြုတ်ချလိုက်ပါတယ်… ပါတီရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ ဂျွန်ဟယ်၀န်းတစ်ယောက် လူမိုက်ခေါင်းဆောင် ဂင်ဖီးလ်ဒိုဆီကနေ မဲဆွယ်ရန်ပုံ‌ငွေအတွက် ပိုက်ဆံချေးပြီး တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲ၀င်ပြိုင်တဲ့အခါမှာတော့… Cast တွေအနေနဲ့ မင်းသားကြီးတွေဖြစ်ကြတဲ့ Cho Jin Woong , Lee Sung Min , Kim Moo Yul တို့က အဓိက ပါ၀င်သရုပ်ဆောင်ထားပြီး နိုင်ငံရေးအားပြိုင်ကြပုံ မဲမသမာမှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတာမို့ နိုင်ငံရေးဇာတ်ကား ကြိုက်သူများအဖို့ must watch ပါလို့ ညွှန်းဆိုချင်ပါတယ်…. File Size :(1.7GB) and (713MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:56:00 Genre : Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Miri & Hnin Wai Oo Encoded by Phyo Pyae

Drama • Family
6.7 2023 116 mins
The Devil’s Deal
The Kite Runner
7.6

The Kite Runner (2007) ================== IMDb Raitng – 7.6/10 လူတွဟာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးတဲ့။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ် ကိုယ်ထက် သူတပါးကို ပိုချစ်လိုက်မိရင် အရှုံးသမားလုံးလုံး ဖြစ်ရတာ ကြောင့်ပဲပေါ့။ အချစ်ဆိုတာ အသက်အရွယ် လိင်မခွဲခြားတတ်ပါဘူး။ လည်ပင်းဖက်ပေါင်းတယ်ဆိုတဲ့ ငယ်စဉ်တောင်ကျေး ကလေးဘဝက ကိုယ့် သူငယ်ချင်းဟာ နှလုံးသားတစ်တောင့်မှာတော့ အနက်ရှိုင်းဆုံး နေရာယူ သွားတတ်ကြတယ်မဟုတ်လားဗျာ။ ဒါကလည်း သူငယ်ချင်းအပေါ်ထားရ တဲ့ သူငယ်ချင်းအချစ်ပေါ့။ ကိုယ့်ကိုသိပ်ချစ်ပြီး ကိုယ့်အတွက် အစစအရာရာ အနစ်နာခံ၊ ကိုယ့်အတွက်ဆို မြေကြီးခဲကောက်စားရ ကောက်စားရ၊ စွန်ကလေးတစ်ခုအတွက် အစစ အရာ ရာစွန့်စားပေးဆပ်ပြီး ကိုယ့်အတွက်ပြန်ယူလာတဲ့ သူငယ်ချင်းကိုမှ ကိုယ်က နှင် ထုတ်ရက်ရတာလား။ အပြစ်ကို ရှောင်လွဲချင်စိတ်၊ ကိုယ့်ကိုယ်ကိုယ် သတ္တိကြောင်သူအဖြစ် အားမလို အားမရစိတ်ကို ကိုယ်နိုင်တဲ့ဘက်ကို ဖောက်ခွဲခဲ့တဲ့ လူတွေထဲက လူယုတ်မာလေး တစ်ယောက်နဲ့၊ ကိုယ့်မျက်နှာကိုပဲ တကြည့်ကြည့်နေတတ်တဲ့ ချစ်တတ်သူလေးတို့ လောကတစ်ကွေ့မှာ တွေ့ဆုံခဲ့ဖူးသတဲ့။ ဇာတ်လမ်းလေးက ရိုးရှင်းပါတယ်။ သူငယ်ချင်းနှစ်ယောက်ရဲ့ ရိုးသားဖြူစင်တဲ့မေတ္တာ ကို လူ့သဘာဝနဲ့ရောယှက်ပြီး တင်ပြသွားတာပါ။ ကောင်းမွန်တဲ့ ဝေဖန်ချက်တွေရခဲ့ပြီး ငွေကြေးအားဖြင့်လည်း မြတ်စွန်းခဲ့ပါတယ်။ အာဖကန်နစ်စတန်နိုင်ငံရဲ့ မူစလင်ဇာတ် လမ်းလေးတစ်ပုဒ်ကို ဇာတ်နာနာနဲ့ ကြည့်ရမှာပါ။ အမေရိကန်မှာ အသားကျနေတဲ့ လူရွယ်တစ်ယောက်ဆီကို ပါကစ်စတန်က ဦးလေးတစ် ယောက်က ဖုန်းဆက်ပြီး တာလီဘန်လက်အောက်ရောက်နေ‌တဲ့ ကာဘူးလ် ကို ပြန်လာ ခိုင်းပါတယ်။ လာခိုင်းတာကလည်း ကလေးတစ်ယောက်ကို မိဘမဲ့ကျောင်းက ကယ်ထုတ် နိုင်ဖို့ပါ။ အမေရိကန်ကနေ ပါကစ်စတန်၊ အဲဒီနောက် အာဖကန်နစ်စတန် ကာဘူးလ်အထိ ခရီးကြမ်းနှင်၊ အသက်အန္တရာယ်စွန့်ခဲ့တဲ့ အကြောင်းက ဘာကြောင့်လဲ။ ဘယ်သူတွေလဲ ဆိုတာ ဒီဇာတ်ကားလေးမှာ ကြည့်ရှုရမှာပါ။ စွန်ကလေးတွေ ကောင်းကင်မှာ ပျံဝဲနေတဲ့အချိန်မှာ လေနီကြမ်းဆင်လာတော့၊ စွန်ကလေးတွေ တကွဲတပြား လွင့်ထွက်ရခဲ့တယ်။ ဒါပေမဲ့ ကြည်လင်တဲ့ကောင်းကင်မှာ စွန်ကလေးတွေ တစ်နေ့ ပြန်ပြီး ပျံဝဲခွင့် ရဦးမှာပါလေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(2 GB) / (755 MB) Quality…………BLU-RAY 1080p / 720p Duration………2Hr 08Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator……Arr Khun Winchester Encoder……….SWM

7.6 2007 128 mins
The Kite Runner
Bedeviled
4.2

Bedeviled (2016) ============= ယနေ့ခေတ်ကမ္ဘာဟာ နည်းပညာတွေထွန်းကားလာတာနဲ့အမျှ လူတွေဟာလည်း နည်းပညာနောက်ကိုလိုက်ရင်း အမှားမှားအယွင်းယွင်းတွေ ဖြစ်လာကြပါတယ်။ အခု ဒီ Bedeviled ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ ထူးဆန်းတဲ့ သရဲကားလို့ ပြော ရမှာပါ။ မစ္စတာ ဘီဒီဗယ်လ်ဆိုတဲ့ အက်ပ်ပလီကေးရှင်းက သူ့ကို အင်စတောလုပ် ထားတဲ့ ဖုန်းပိုင်ရှင်တွေကို အကြောက်တရားတွေပေးပြီး သုတ်သင်တာမျိုးပေါ့။ ဇာတ်လမ်းအကျဥ်းကတော့ နစ်ကီဆိုတဲ့ ဆယ်ကျော်သက် အရွယ်ကောင်မလေး တစ်ယောက် ထူးဆန်းစွာသေဆုံးခြင်းကစတင်ပါတယ်။ သူသေဆုံးသွားပြီးနောက် မှာ သူ့သူငယ်ချင်းတွေရဲ့ စမတ်ဖုန်းထဲ အက်ပ်ပလီကေးရှင်းတစ်ခု အင်စတောလုပ် မလားဆိုပြီး အင်ဗိုက်ရောက်လာပါလေရော။ သူငယ်ချင်းတွေကလည်း အမှုမဲ့အ မှတ်မဲ့နဲ့ အင်စတောရာကနေ မဖြစ်သင့်တာတွေဖြစ်ပြီး အကြောက်တရားရဲ့ လွှမ်း မိုးမှုကို ခံရတော့တာပါပဲ။ Bedeviled ဟာ နာမည်ကြီးသရဲကားတွေလောက် ကြောက်စရာမကောင်းဘူးဆို ပေမယ့် သူ့နေရာနဲ့သူ အဆင်ပြေတဲ့ ရုပ်ရှင်ကားလို့ဆိုရမှာပါ။ ဇာတ်လမ်းကလည်း ထူးဆန်းပြီး တချို့ Jump Scare နေရာလေးတွေဆို တော်တော်ကို သေသပ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ အပျင်းပြေသရဲကားတစ်ကားဖွင့်ထားချင်တယ်၊ ကြည့်ချင်တယ်ဆိုရင်တော့ Bedeviled က သင့်တော်တဲ့အကြောင်း ညွှန်းလိုက်ပါ ရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size……….(1.4 GB) / (500 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Mystery, Thriller Translator……Mugiwara Ya Encoder……….SWM

4.2 2016 91 mins
Bedeviled
Intruders
5.4

မက်ဒရစ်မှာ နေထိုင်တဲ့ ဂျူအန်ဆိုတဲ့ကလေးလေးဟာ ကြောင်လေးမပြန်လာသေးလို့ဆိုပြီး ညဘက်မှာ ပြူတင်းပေါက်ကို ဖွင့်ထားပြီး အိပ်ရာဝင်ခဲ့ပါတယ်၊ ဒီအချိန်မှာ မျက်နှာမရှိ အကောင်အထည်မရှိတဲ့အရာကြီးက ဂျူအန်ကို လာပြီး ဖမ်းခေါ်သွားဖို့ ကြိုးစားခဲ့ပါတယ်၊ တစ်ဖက်မှာလည်း လန်ဒန်မှာနေထိုင်တဲ့ မီယာဆိုတဲ့ကောင်မလေးကိုလည်း ဒီမျက်နှာမရှိ အကောင်အထည်မရှိတဲ့အရာကြီးက လာလာပြီးခြောက်လှန့်လျက်ရှိပါတယ်။ ဒီမှာ တစ်ခုတူညီတဲ့အချက်က ဒီမျက်နာမရှိတဲ့အရာကြီးက ဂျူအန်နဲ့ မီယာရဲ့ မျက်နှာတွေကို ခိုးယူဖို့ ခြောက်လှန့်ကြိုးစားနေတာပါ။ ဒီတော့ ဒီအရာကြီးက တစ်ကယ်အပြင်မှာရှိတာလား၊ စိတ်ကထင်ရုံသက်သက်ပဲလား၊ စိတ်ထင်ရုံသက်သက်ပဲဆိုရင် ဘာလို့နေရာမတူ ဒေသမတူ အရွယ်မတူတဲ့ ကောင်လေးနဲ့ ကောင်မလေးကို ဘာလို့လိုက်လံခြောက်လှန့်နေတာလဲဆို ရင်ဖိုသည်းလှိုက်စွာ ခန့်မှန်းရင်း စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ File size…(1.3 GB)/(608 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Thriller, Horror, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

5.4 2011
Intruders
Friends: The Reunion
8.7

Friends: The Reunion (2021) ===================== IMDb Rating – 8.7/10 FRIENDS တီဗီရှိုး ပြီးဆုံးပြီး ၁၇ နှစ်အကြာမှာတော့ Friends Reunion ပြန်လာခဲ့ပါပြီ။ Friends စီးရီး(စ/ဆုံး) Season 10 ခုစလုံးကို ဒီမှာ https://channelmyanmar.to/?s=friends+1994 ကြည့်ပါ။ ဒီ Reunion က ကျွန်မတို့တွေထင်ထားသလို အပိုင်းအသစ်မဟုတ်ပါဘူးနော် သူတို့တွေ ပြန်ဆုံကြပြီး talk show တခုလို စကားဝိုင်းဖွဲ့ပြောကြရင်း flashback တွေကို ပြန်ခံစားကြတာမျိုးပါ။ အဲတာကြောင့် Ross တို့ Rachel တို့လို character တွေကို မြင်ရမှာမဟုတ်ပဲ David Schwimmer, Jennifer Aniston စသဖြင့် မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီ reunion ဟာ ဇာတ်လမ်းတွဲအစအဆုံးကို ပြန်ပြီး reflect လုပ်မှာဖြစ်တဲ့အတွက် မကြည့်ရသေးသူတွေ အနေနဲ့ major spoiler အကြီးကြီးတွေမိနိုင်သလို တချို့နေရာတွေကို နားမလည်နိုင်တာမျိုးတွေ ကြုံရနိုင်ပါတယ်။ အဲတာကြောင့် အညွှန်းလေးသေချာဖတ်ပြီးမှ ကြည့်ကြဖို့အကြံပေးချင်ပါတယ်။ သိပြီးသားသူတွေအတွက်ကတော့ ဒီဇာတ်ဆောင် ၆ ယောက်အပြင် Gunther တို့ Janice တို့လို အခြားသရုပ်ဆောင်တွေ အများကြီးကိုလဲ စုံစုံလင်လင်ပြန်မြင်တွေ့ကြရမယ့်အပြင် အထင်ကရဖြစ်တဲ့ အခန်းတွေ ဒိုင်ယာလော့တွေအကြောင်း ဇာတ်လမ်းတွဲနောက်ကွယ်က ပုံပြင်တွေ အကြောင်းစသဖြင့်ကို ရယ်မောစရာ လွမ်းဆွေးစရာကောင်းအောင် ပြန်လည်ခံစား ကြည့်ရှုကြရမှာပါ။ ဒါ့အပြင် ဧည့်သည်သရုပ်ဆောင်တွေလဲဖြစ်/Fan တွေလဲ ဖြစ်တဲ့ David Beckham, Lady Gaga, Justin Bieber, BTS စတဲ့ အခြားအနုပညာရှင်တွေရဲ့ cameo ကိုလဲတွေ့မြင်ရမှာပါ။ ၁၇ နှစ်ကြာမှ ပထမဆုံးပြန်ဆုံကြရတာဖြစ်တဲ့အတွက် တကယ်ကို emotional ဖြစ်ရတဲ့အပြင် ပျော်စရာကောင်းတာတွေလဲ အများကြီး ပါဝင်တာမို့ Friends Fan ဆိုရင် တကယ်ကိုကြည့်သင့်တယ်လို့ညွှန်းပါရစေနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Pan Pwint Phyu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ idiot Myoko, Pan Pwint Phyu, Han Htoo Zaw တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration – 1h 40min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Source : 1080p.WebRip Translator – idiot Myoko, Pan Pwint Phyu, Han Htoo Zaw Encoder – SWM

8.7 2021
Friends: The Reunion
Dreamer: Inspired By a True Story
6.8

ဒီဇာတ်လမ်းမှာ ပြိုင်မြင်းလေ့ကျင့်ရေးသမားဖြစ်တဲ့ Benက အလုပ်များတာကြောင့် သူ့သမီးလေး Cale ကို လျစ်လျူရှုပြီး နေရင်းက အလုပ်မှာ ခြေထောက်ကျိုးသွားတဲ့ပြိုင်မြင်းမလေးတစ်ကောင်ဖြစ်တဲ့ Sonador ကိုကယ်ရင်း အလုပ်ပြုတ်သွားခဲ့တယ်။ Cale လေးက Sonador ကိုချစ်ပြီး Ben နဲ့အတူ အိမ်မှာ Sonador ခြေထောက်သက်သာအောင်ကူညီရင်းက သားအဖနှစ်ယောက် ပြန်လည်စည်းလုံးလာပြီး နွေးထွေးတဲ့ မိသားစုတစ်ခုပြန်လည်ရရှိခဲ့တယ်။ ဒါပေမဲ့ ပိုက်ဆံအကျပ်အတည်းဖြစ်နေတဲ့ Ben တို့မိသားစု ငွေကြေးအတွက် Sonador မြင်းမလေးနဲ့ ပြိုင်မြင်းလောင်း​ကြေးလောကမှာ ဘယ်လိုရုန်းကန်ရမလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ နွေးထွေးတဲ့ မိသားစုချစ်ခြင်းမေတ္တာနဲ့ ကလေးမလေး Cale ရဲ့ ကိုယ့်အိပ်မက်တွေအပေါ် ယုံကြည်မှုရှိတဲ့ အတုယူစရာစိတ်ဓာတ်နဲ့ သတ္တိကို ရင်ထဲနွေးထွေးပြီး​ အနှစ်သာရအပြည့်နဲ့ ကြည့်ရှုရမဲ့ အရမ်းကောင်းတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:46:00 Genre_Drama, Family, Sport Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

Crime • Thriller • Drama
6.8 2005 106 mins
Dreamer: Inspired By a True Story
Inside Job
8.2

Drama တွေ အက်ရှင်တွေရိုးနေတဲ့ လူတွေအတွက် Documentary type ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 2008ခုနှစ်မှာဖြစ်ခဲ့တဲ့အရာတွေအများကြီးထဲကမှ ၂၀၀၈ ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆိုရင် အတော်များများကြားဖူး သိဖူးမယ်လို့ထင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းနဲ့ အမေရိကက စီးပွားရေးလုပ်ငန်းနဲ့ အိမ်ခြံမြေအရောင်းအဝယ်နဲ့ ကြွေးမြီကိစ္စတွေ အတော်လေးကို ထိုးဆင်းပြီး အရှုံးတွေလည်း ဒေါ်လာ ထရီလီယံနဲ့ချီတယ်လို့ပြောကြပါတယ်။ ဒီ 2008 စီးပွားပျက်ကပ်အကြောင်းကို စိတ်ဝင်စားပြီး ဘယ်ကနေဘယ်လိုအစပြုလို့ ဘယ်လိုကိစ္စ ဘယ်လိုလုပ်ငန်းတွေမှာ တိုင်ပတ်ခဲ့သလဲ ဘယ်သူတွေအကျိုးအမြတ်ရသွားကြလဲ ဘယ်လောက်တောင်ရသွားကြလဲဆိုတာနဲ့ ဘယ်လိုတွေ ဖြေရှင်းခဲ့ကြသလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ File Size : 1.9 GB, 703 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 49min Format : Mp4 Genre : Crime, Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by : Ko Wunna Encode by : Thit San Khant

Thriller • Action
8.2 2010 109 mins
Inside Job
Diablo
6

Diablo (2025) ဒီရုပ်ရှင်က ကိုလံဘီယာ-အမေရိကန်ပူးပေါင်းထုတ်လုပ်ထားတဲ့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ဒါရိုက်တာ Ernesto Díaz Espinoza ရဲ့ လက်ရာပါ။ ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့ ထောင်ကပြန်လွတ်လာတဲ့ ကရစ်ချီနီ (Kris Chaney) အဖြစ် Scott Adkins က သရုပ်ဆောင်ထားပါတယ်။ ကရစ်ဟာ ထောင်ကထွက်လာပြီး သေဆုံးသွားတဲ့ မိခင်တစ်ဦးရဲ့ကတိတစ်ခုကို ဖြည့်ဆည်းဖို့ အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုကို စတင်ခဲ့ပါတယ်။ သူဟာ ကိုလံဘီယာဂိုဏ်းစတားခေါင်းဆောင် ဗင်ဆင့် (Vicente) ရဲ့သမီး အဲလီဆာ (Elisa) ကို ပြန်ပေးဆွဲခဲ့ပြီး ဒီလုပ်ရပ်က သူ့ဘဝကို ပိုမိုအန္တရာယ်များသွား​စေပါတယ်။ ဗင်ဆင့်ဟာ သူ့သမီးကို ပြန်ယူဖို့ ရာဇဝတ်လောကတစ်ခုလုံးကို လှုံ့ဆော်ပြီး စိတ္တဇလူသတ်သမား အဲလ်ကော်ဗိုကို ငှားရမ်းခဲ့ပါတယ်။ အဲလ်ကော်ဗိုဟာ ဗင်ဆင့်ရဲ့မိသားစုကို လက်စားချေဖို့ လိုက်လံခြိမ်းခြောက်နေသူပါ။ ကရစ်ဟာ အဲလီဆာကို ကာကွယ်ရင်း သူ့ရဲ့ကတိကို ထိန်းသိမ်းဖို့ ထောင်ထဲမှာရော အပြင်မှာပါ သင်ယူခဲ့တဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုအားလုံးကို အသုံးပြုရပါတယ်။ ဒီရုပ်ရှင်ဟာ ပြင်းထန်တဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ပြည့်နေပြီးတော့ Scott Adkins နဲ့ Marko Zaror တို့ရဲ့ လက်ချင်းယှဉ်ထိုးတဲ့ တိုက်ခိုက်ရေးပုံစံတွေကို အဓိကထားပြသထားလို့ ကြည့်ရတာ တကယ်ကို ကောင်းပါတယ်။ ဒါ့အပြင် လွတ်လပ်တဲ့ခံစားချက်၊ ပြန်လည်အဖတ်ဆယ်ယူ​တဲ့ ကတိ စတာတွေကိုလည်း နည်းနည်းထည့်သွင်းထားပါတယ်။ ဒီရုပ်ရှင်ကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက်မှာ ရုံတင်ပြသခဲ့ပြီး အခုချိန်မှာ​တော့ Channel Myanmar မှာ မြန်မာစာတန်းထိုးနဲ့ စတင်ကြည့်ရှုနိုင်ပါပြီဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size… (6 GB) / (2 GB) / (960 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Thriller Duration…. 01:32:50 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Min Khant

Drama • Horror • Thriller
6 2025 91 mins
Diablo
He Got Game

ဒီတစ်ခုကတော့ ကြာပြီပေမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။ Spike Lee ရိုက်ကူးထားပြီး American sports flim မျိုးပါ။ Plot အရဆိုရင် ဂျိတ်ခ်ရှက်တာဝေါ့ဆိုတဲ့လူက မိန်းမဖြစ်သူကို သတ်မှုနဲ့ အကျဉ်းကျနေတဲ့ထောင်သားတစ်ယောက်ပါ။ ဂျိတ်မှာ သားနဲ့သမီး နှစ်ယောက်ရှိပြီး သူ့ရဲ့သားဖြစ်သူဂျီးဆပ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘက်စကက်ဘောမှာ တော်တော်လေးကို တော်တဲ့ကစားသမားဖြစ်တာကြောင့် ကျောင်းအကုန်လုံးနီးပါးက သူ့ကိုမျက်စိကျနေကြပါတယ်။ ဂျီးဆပ်ကိုယ်တိုင်ကလည်း ဘ၀ရဲ့အရေးအကြီးဆုံးဆုံးဖြတ်ချက်ဆိုတဲ့စကားတွေကြားမှာ ဘယ်တက္ကသိုလ်တက်ရမလဲ ဝေခွဲမရဖြစ်နေတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးကဂျီးဆပ်က ဂျိတ်ခ်ရဲ့သားမှန်းသိတော့ သူတက်ခဲ့တဲ့ တက္ကသိုလ်ဘစ်စတိတ်ကို တက်ဖို့ သူ့သားကို သိမ်းသွင်းနိုင်ရင် ဂျိတ်ခ်ရဲ့ထောင်ဒဏ်သက်တမ်းလျှော့ချပေးမယ်ဆိုပြီး အပေးအယူလုပ်ခဲ့ပါတယ်။ ဂျိတ်ခ်က အဲဒါကိုလက်ခံလိုက်ပြီး ခံ၀န်တစ်ပတ်နဲ့လွတ်လာပြီး သူ့သားဖြစ်သူနဲ့ ဆက်ဆံရေးအဆင်မပြေတဲ့ကြားက ဘစ်စတိတ်ကို တက်ဖို့ သိမ်းသွင်းသွားနိုင်မှာလားဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ကြပါ။ File size…(2.7 GB)/(1.4 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet khin

Drama • Comedy
0 1998
He Got Game