YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Dreaming of Freaking Fairytale 2024 - Episode 04 - 1080p [RMC].mp4

564.01 MB 1080p video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Legend of 1900
8.3

နာမည်က နံပါတ်ဖြစ်နေတဲ့ထူးချွန်ပေမယ့် ထူးဆန်းတဲ့လူတစ်ယောက်ရဲ့ဇာတ်လမ်းလေးပါ။ ဗာဂျင်နီးယန်းသင်္ဘောပေါ်မှာပဲ မွေးပြီးစွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးလေးကို စိတ်သဘောကောင်းတဲ့လူမည်းအလုပ်သမားတစ်ယောက်က မွေးစားပြီး သင်္ဘောပေါ်မှာပဲ ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး ၁၉၀၀လို့ နာမည်ပေးခဲ့ပါတယ်။ မိဘမဲ့ကလေး၁၉၀၀ဟာ တစ်သက်လုံးဗာဂျင်နီးယန်းသင်္ဘောကြီးပေါ်ကမဆင်းဖူးဘဲ စန္ဒရားတီးပညာကို တစ်ဖက်ကမ်းကျွမ်းကျင်လာပါတယ်။ ၁၉၀၀ရဲ့ ထူးဆန်းလှတဲ့ဘ၀ဇာတ်ကြောင်းကို သူ့ရဲ့သူငယ်ချင်းဖြစ်သူက ပြန်ပြောပြရင်း ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးပါ။ ဂုဏ်သတင်းကျော်စောမှုနဲ့ ချမ်းသာမှုကို မမက်မောဘဲ သင်္ဘောပေါ်ကမဆင်းရဲတဲ့ ၁၉၀၀ ရဲ့ဘ၀ကို ဒါရိုက်တာ Giuseppe Tornatoreက ရိုက်ကူးပြီး Tim Roth, Pruitt Taylor Vince တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ File size…(3.2 GB)/(1.6 GB)/(898 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:50:00 Genre...Drama, Music, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Drama • Horror
8.3 1998 170 mins
The Legend of 1900
Buffy the Vampire Slayer
5.6

90s ခုနှစ်တွေဆီက Vampire ကားဟောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Rating တွေ သိပ်မကောင်းလှပေမဲ့ Cult Classic အနေနဲ့ နောင်ခေတ်တွေထိ သက်ရောက်မှုကြီးခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ကားလေးပါပဲ။ ဘတ်ဖီဆိုတဲ့မိန်းကလေးဟာ သာမန်အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူပေါ့။ အဲဒီအချိန်မှာပဲ သွေးစုတ်ဖုတ်ကောင်တွေ တစ်ဖန်ပြန်လည်ထကြွလာခဲ့ပြီး ဘဝအဆက်ဆက် Slayer တွေကို လေ့ကျင့်ပေးတဲ့ မဲရစ်ဟာ ဘတ်ဖီဆီကို ရောက်လာခဲ့တယ်။ သောင်းကျန်းနေတဲ့ ဖုတ်ကောင်တွေကို သုတ်သင်ဖို့တာဝန်ဟာ ဘတ်ဖီဆီကို တန်းတန်းမတ်မတ် ရောက်လာတယ်။ သွေးစုပ်ဖုတ်ကောင် ခေါင်းဆောင် လိုသို့စ်ကို နှိမ်နင်းနိုင်ဖို့ လွတ်လပ်တဲ့ဘဝကနေ နေ့ချင်းညချင်းလိုလို သတ်ဖြတ်သူတစ်ယောက်အဖြစ် အရည်အချင်းပြည့်ဝလာအောင် အပြင်းအထန်ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ... ၁၉၉၇-၂၀၀၃ အတွင်း ထွက်ရှိခဲ့တဲ့ စီးရီးလည်း ရှိခဲ့ပြီး စီးရီးကတော့ ရုပ်ရှင်နဲ့မတူဘဲ လုံးဝကိုလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ စီးရီးကိုကျ တင်ဖို့ မလွယ်တာမို့ ရုပ်ရှင်ကိုပဲ ခံစားနိုင်ဖို့ရာ တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1GB Quality - 1080p, 720p Format - mp4 Duration - 1H 26Min Genre - Action, Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Drama • Family • Fantasy
5.6 1992 86 mins
Buffy the Vampire Slayer
Once a Thief
6.7

အနောက်တိုင်းက မာစတာပိစ်ကားတွေလို သတ်မှတ်ခဲ့ကြတဲ့ Léon: The Professional တို့ The Departed တို့လို ကားတွေရဲ့ မြစ်ဖျားခံရာလို့ ပြောလည်းမမှားတဲ့ Heroic Bloodshed Genre ရဲ့ ပဲ့ကိုင်ရှင်နဲ့ ဒီ Genre ကို ပိုထင်ရှားအောင် လုပ်ပေးခဲ့တဲ့သူဖြစ်တဲ့ ဂျွန်ဝူးရိုက်ခဲ့တဲ့ ကားတွေထဲကမှ ဟောင်ကောင် Heroic Bloodshed ကားတွေကို မနှစ်ကတည်းက တဖြည်းဖြည်းချင်းတင်ဆက်ပေးခဲ့တာ A Better Tomorrow ကားတွေ၊ The Killer, Hard Boiled, Bullet in the Head စသဖြင့် အတော်များခဲ့ပါပြီ။ စတီဖင်ချောင်ပါပါတဲ့ Just Heroes နဲ့ အခု Once a Thief ပဲကျန်ပါတယ်။ ဒါပြီးရင်တော့ ဂျွန်ဝူးရဲ့ ဟောင်ကောင် Heroic Bloodshed Collections ပြည့်ဖို့ Just Heroes ပဲလိုပါတော့မယ်။ ဟောလိဝုဒ်တက်ပြီး ဂျွန်ဝူးရိုက်ခဲ့တဲ့ ကားတစ်ချို့ကလည်း Heroic Bloodshed စာရင်းဝင်တာတွေလည်းရှိပေမဲ့ ဟောင်ကောင်မှာ သူရိုက်ခဲ့တာတွေလောက်တော့ အားရစရာမကောင်းပါဘူး။ Once a Thief မှာတော့ ဂျွန်ဝူးရဲ့လက်စွဲတော်လိုဖြစ်ခဲ့တဲ့၊ ဒီ Genre အစကတည်းက လက်တွဲခဲ့တဲ့ ချောင်ယွန်ဖတ်နဲ့ လတ်စလီချောင်တို့ပဲ သရုပ်ဆောင်ထားပါတယ်။ နောက်မင်းသမီးတစ်ယောက်နဲ့ Trio ရိုက်ထားတာပါ။ သူတို့သုံးယောက်ဟာ ငယ်ငယ်ကတည်းက လူဆိုးတစ်ကောင်က လက်သပ်မွေးခံခဲ့ရတဲ့ မိဘမဲ့ကလေးတွေ။ နောက်ကျ နာမည်ကျော် သူခိုးသုံးကောင်ဖြစ်လာတယ်။ သူတို့ခိုးတာက ဈေးကြီး အနုပညာပစ္စည်းတွေချည်း။ လတ်စလီကတော့ စွန့်စားလုပ်တတ်ပေမဲ့ ချောင်ယွန်ဖတ်က စွန့်စားလည်းလုပ်တတ်သလို ခေါင်းလည်းကောင်းတယ်။ တစ်နေ့ကျ သူတို့ တော်တော်ခိုးရခက်တဲ့ ပန်းချီကားကို ခိုးရင်း ချောင်ယွန်ဖတ်ဒုက္ခိတဖြစ်သွားတယ်။ အဲဒီနောက် သူတို့ကို မွေးစားထားတဲ့ အဖေနဲ့ အတိုက်အခံဖြစ်လာတယ်ပေါ့။ ဒီကနေမှ အမှန်နဲ့အမှားရဲ့စည်းကြား သူတို့နင်းလျှောက်ကြပုံတွေကို ဆက်ပြသွားတယ်။ ဒီကားက ဂျွန်ဝူးကိုယ်တိုင်ရိုက်တဲ့ Heroic Bloodshed ကားတော့ ဟုတ်ပေမဲ့ Comedy ပါနှောထားတော့ ရှေ့က ကြည့်ဖူးတဲ့ကားတွေနဲ့ နည်းနည်းတော့ကွဲတယ်။ Heroic Bloodshed ကားတွေရဲ့ ဟန်တွေလည်း ပါသေးပေမဲ့ ချောင်ယွန်ဖတ်က ချရင်းပါ ဟာသတွေပြောနေ လုပ်နေတတ်တော့ စတီဖင်ချောင်ဆန်သလိုလို အငွေ့အသက်လည်းရပါတယ်။ သို့ပေမဲ့ ဒီကားစရိုက်တုန်းကတော့ ချောင်တောင် ကားသိပ်မရှိသေးဘူးပေါ့။ ဘာနေနေပါ နည်းနည်းတော့ ဂျွန်ဝူးကားမဆန်သလိုလိုဖြစ်သွားပေမဲ့ ဂျွန်ဝူကားဖြစ်နေဆဲဆိုတဲ့ အရသာမျိုးကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။ [တစ်နေ့နေ့မှာတော့ ဂျွန်ဝူးရဲ့ ဟောင်ကောင် Heroic Bloodshed တွေထဲ လိုနေတဲ့ နောက်ဆုံးကားဖြစ်တဲ့ စတီဖင်ချောင်ပါတဲ့ Just Heroesကို ဆက်လက်တင်ဆက်သွားပါမယ်...] (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.22GB, 1.01GB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 48Min Genre - Action, Comedy, Crime Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller
6.7 1991 103 mins
Once a Thief
Tarla
7

Tarla(2023) CM ပရိသတ်တွေကို ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ကားလေးကတော့ IMDb 7/10 ရရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။ လူသားမဆန်တဲ့ အိမ်ထောင်ရေးရယ်လို့ ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံရဲ့အိမ်ထောင်ရေးဆိုင်ရာဓလေ့တွေကလည်း ထိပ်ဆုံးကပြေးမြင်မိတဲ့ထဲ ပါနေလိမ့်မယ်ထင်ပါတယ်။ ဘာအတတ်ပညာတွေတတ်ထာ:တတ်ထား အချိန်တန်သတို့သားအိမ်လာကြည့်တာနဲ့ ဟင်းချက်စွမ်းရည်နဲ့ အိမ်ထောင်မှုနိင်နင်းတဲ့အကြောင်းပဲ အသားပေးပြပြီးလက်ထပ်။ ဒီလိုနဲ့ အိမ်ထောင်ကျ ကလေးမွေးရင်း ချက်ပြုတ်ကျွေးမွေး၊ တစ်ဖက်က ယောကျာ်းလေးကလည်း မိုးလင်းတာနဲ့ သံပတ်ပေးထားသလို အိပ်ယာထ၊ အလုပ်သွား၊ ပြန်အိပ် စတဲ့ ဒုံရင်းသောတစ်နေ့တာနဲ့ ငြီးငွေ့လောက်စရာ အိမ်ထောင်ရေးတွေကိုလည်း တော်တော်များများမြင်ဖူးကြမှာပါ။ ဒီကားလေးမှာတော့ တာလာဟာ ဘဝမှာ ငါတစ်ခုခုတော့ဖြစ်ရမယ်ဆိုတဲ့ ဉာဏ်ကောင်းကောင်း ဟင်းချက်လက်ရာကောင်းကောင်းနဲ့ကောင်မလေးတစ်ယောက်ပါ။ ဒါပေမယ့် သူဖြစ်ချင်တာ ဘာရယ်လို့ ကွဲကွဲပြားပြားမသိသေးခင်မှာပဲ အိမ်ထောင်ရေးဆိုတဲ့ရထားကြီး သူမဆီဆိုက်ရောက်လာပါတော့တယ်။ သားသတ်လွတ်သမားမင်းသမီးနဲ့ အသားဟင်းသိပ်မစွဲလန်းတဲ့မင်းသားတို့ တစ်နေ့တာတွေကို ဘာရယ်မသိဖြတ်သန်းလာရင်း နှစ်ချီလာတဲ့နောက် နောက်ကွယ်မှာ အသားခိုးစားနေတဲ့ ယောကျာ်းကိုမိသွားတဲ့အခါ ...။ ချောင်ထိုးထားတဲ့ တီထွင်နိုင်စွမ်းတွေ အစွမ်းကုန်အသုံးချလို့ ယောကျာ်းအသားမစားရေးလှုပ်ရှားမှုကြီး စပြီး ဟင်းတွေကို တီထွင်ပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ဆန်းသစ်တဲ့ဟင်းချက်လက်ရာအစွမ်းနဲ့ သူတို့တိုက်ကကောင်မလေးကိုပါ အိမ်ထောင်ချပေးလိုက်နိုင်ပြီးတော့ နာမည်ကြီးသွားပြီး သင်တန်းတွေပါဖွင်လိုက်ရတဲ့သူမ..။ မမျှော်လင့်တဲ့ အချိုးအကွေ့တွေနဲ့ကြုံလာတဲ့အခါ ဘယ်လိုတွေ ရုန်းကန်မလဲ၊ ရင်ဆိုင်မလဲ ၊ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေးကြည့်ရှုနိုင်မယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းသစ်လေးကို Cm Bollywood Team မှ Aditi, V နဲ့ ZWE တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…1.9GB / 800MB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 7m Subtitle….Myamar Subtitle (Hard Sub) Encoder….YK Translated by  Aditi~  V ~ ZWE

Drama
7 2023 127 mins
Tarla
Only
5.5

ကျွန်တော်တို့ ကိုဗစ်ကာလကို ပြန်တွေးကြည့်ကြရအောင် တစ်နေရာရာကို သွားမယ်ဆို Mask တွေတပ်ကြ၊ တစ်ခုခုကိုင်ပြီးရင် လက်ကို HandGel နဲ့ အရေလန်မတတ်ပွတ်ကြ၊ ပြင်ပက ပစ္စည်းတစ်ခုခု ရောက်လာရင် ပိုးသတ်ဆေးနဲ့ တရှူးရှူး ဖြန်းကြနဲ့။ တစ်နေ့တစ်နေ့ တဝီဝီမြည်နေတဲ့ ဆေးရုံကားသံတွေ၊ ဘယ်သူတော့ ဆုံးသွားပြီ ဆိုတဲ့ သတင်းတွေကြားထဲမှာ အိမ်မှာ ကိုယ့်ဟာကိုယ် ပြန်အကျဉ်းချထားရတာလည်း အသက်ရှင်မဝစရာ၊ ရူးချင်စရာပေါ့၊၊ ဒီကားထဲက ဗိုင်းရပ်(စ်)ကတော့ အဲ့ထက်ဆိုးတယ်၊၊ အဲ့ထက်လည်း ရက်စက်ပြင်းထန်တယ်၊၊ ကမ္ဘာပေါ်ကို ကြယ်တံခွန်တစ်ခုဖြတ်သန်းအပြီးမှာ ဘ ာမှန်းမသိတဲ့ မြူမှုံတွေဟာ ကမ္ဘာ့လေထုကိုဖုန်းလွှမ်းသွားတယ်၊၊ အဲ့ဒီ မြူမှုံတွေထဲမှာ HNV 21 လို့ခေါ်တဲ့ ဗိုင်းရပ်(စ်)တစ်မျိုးပါပြီး အဲ့ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသမီးတွေကို ဦးတည်ထိခိုက်စေတယ်၊၊ ဘယ်လောက်ပြင်းထန်လဲဆို ပိုးကူးခံရတဲ့ အမျိုးသမီးဟာ (၄)ရက်အထိ အသက်ရှင်နိုင်ရင် ကံကောင်းတယ်လို့ ဆိုရတဲ့အထိပဲ၊၊ ဒါပေမယ့် ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသားတွေကိုတော့ ကြီးမားတဲ့ အန္တရာယ်မပေးနိုင်ဘူး၊၊ ဒီလိုနဲ့ ဗိုင်းရပ်(စ်)လက်ချက်နဲ့ ကမ္ဘာပေါ်က အမျိုးသမီးတွေ နေ့စဉ် သန်းနဲ့ချီသေဆုံးပြီး မျိုးသုဉ်း လုဖြစ်ကုန်တယ်၊၊ မိန်းမဆိုတာ ဘယ်လိုမျိုးလဲလို့ မေးယူရတဲ့အထိ ဖြစ်ကုန်တယ်၊၊ အစိုးရတွေအနေနဲ့လူဦးရေပြန်လည်တိုးပွါးရေးအတွက် အမျိုးသမီးတွေကို ဖမ်းပြီး စမ်းသပ်ရတဲ့အထိ ဖြစ်လာတယ်၊၊ အမျိုးသမီးတစ်ဦးကို ဖမ်းမိရင် ဒေါ်လာနှစ်သန်းအထိ ထုတ်ထားတာကြောင့် အမျိုးသမီးတွေကို အသဲအသန်လိုက်ရှာကြတဲ့ အမျိုးသမီးမုဆိုးတွေလည်း ပေါ်လာကြတယ်၊၊ အဲ့ဒီရိုက်ခတ်မှုတွေကို တစ်ကမ္ဘာလုံးက စုံတွဲတွေနည်းတူ ဝီ(လ်)နဲ့ အေဗာဆိုတဲ့ စုံတွဲလေးတစ်တွဲကလည်း ခံရတယ်၊၊ ကမ္ဘာပျက်ကိန်းစကတည်းက သတိကြီးတဲ့ ဝီ(လ်)ဟာ အေဗာကို ရောဂါပိုး အန္တရာယ်၊အစိုးရရဲ့ စမ်းသပ်မှုတွေ အန္တရာယ်၊ လူသားမုဆိုးတွေအန္တရာယ်ကနေ ဖွက်ထားပြီး ကာကွယ်ပေးခဲ့တယ်၊၊ ဒါပေမယ့် နှစ်တွေချီကြာလာတဲ့ အခါမှာ အေဗာတစ်ယောက် မွန်းကြပ်လာတယ်၊၊ ဝီ(လ်)အနေနဲ့လည်း ရောဂါပိုး carrier ဖြစ်နေတာကြောင့် အေဗာနဲ့ ဝီ(လ်)ဟာ တစ်အိမ်ထဲ နေရပေမယ့် စည်းတွေခြားနေကြတယ်၊၊ ဒီစုံတွဲလေး ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့လား၊သူတို့ ဆက်ဆံရေးဟာ လေးလံတဲ့ဝန်ထုပ်ဝန်ပိုးတွေနဲ့ ဘယ်လိုခရီးဆက်ကြမလဲစတာတွေကို ဒီဇာတ်ကားမှာ past apocalyptic romance အနေနဲ့ ခံစားတွေ့ရှိရမှာဖြစ်ပါတယ်၊၊

Comedy • Drama
5.5 2020 98 mins
Only
Official Secrets
7.2

လူတွေဟာ ရာထူးနေရာတစ်ခု ရသွားတဲ့အခါ အဲဒီနေရာကိုစွန့်စားပြီး အခြားသူတွေအကျိုးအတွက် အမှန်ကိုထုတ်ပြောရဲဖို့ သတ္တိတွေ ပျောက်ဆုံးသွားတတ်ကြပါတယ်။ ဒီရုပ်ရှင်ကတော့ ဒီလိုသတ္တိရှိခဲ့သူ တစ်ယောက်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ လူတိုင်းတစ်ခေါက်လောက်တော့ ကြည့်ဖူးသင့်တဲ့ အမျိုးအစားပါပဲ။ အကြောင်းအရာကတော့ အီရတ်ကို ဗြိတိန်နဲ့အမေရိကန်တို့ ဝင်တိုက်တော့မယ် ကာလမှာ ဖြစ်ခဲ့တာပါ။ အီရတ်မှာ လူအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့လက်နက်တွေ ရှိတယ်လို့ သက်သေမပြနိုင်သေးချိန်။ ကုလသမ္မဂသဘောတူညီချက် မရသေးခင်အချိန်ပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ အီရတ်ကို တရားဝင်ကျူးကျော်ပြီး ဆဒမ်ဟူစိန်ကို ဖြုတ်ချဖို့အတွက်ဆို ကုလရဲ့ သဘောတူညီချက်လိုပါတယ်။ မဟုတ်ရင် အမေရိကန်နဲ့ဗြိတိန်ကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံရနိုင်ပါတယ်။ ဒီကာလမှာ ဗြိတိန်ထောက်လှမ်းရေး GCHQ ရဲ့ ဝန်ထမ်း ကတ်သရင်း ထရီဆာ ဂန်းဆီကို အမေရိကန် NSA က စာတိုတစ်စောင်ဝင်လာပါတယ်။ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံငယ်တွေက ကိုယ်စားလှယ်တွေကို အကြပ်ကိုင်ဖို့ပါပဲ။ ဒါကိုလက်မခံနိုင်တဲ့ ကတ်သရင်းက ဒီစာကိုခိုးထုတ်ပြီး ဖြန့်လိုက်ချိန်မှာ ဆက်ဖြစ်လာတဲ့ ပြဿနာတွေကို ဆက်ကြည့်ကြည့်လိုက်ပါ။ အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး အသုံးလေးတွေ မှားတာရှိရင် သည်းခံပေးကြပါ။ အတတ်နိုင်ဆုံး နားလည်အောင် ဘာသာပြန်ပေးထားပါတယ်။ File Size : (1 GB , 396 MB ) Quality :  WEB-DL 720p Running Time : 1 hr 52 min Format : Mp4 Genre : Biography , Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Drama • Romance
7.2 2019 112 mins
Official Secrets
Easter Sunday
5.3

Easter Sunday Netflix နဲ့ Comedy Central တို့ရဲ့နာမည်ကျော် Comedian ကြီး Joe Koy ရဲ့ဟာသရုပ်ရှင်လာပါပြီ။Joe Koy ဟာ Joe Valencia ဆိုတဲ့ရုန်းကန်နေတဲ့ Comedian နေရာသရုပ်ဆောင်ထားပါတယ်။Joe ဟာသူ့သားဖြစ်သူကိုကောင်းကောင်းမွန်မွန်ပျိုးထောင်နိုင်ဖို့ ရုန်းကန်ရင်း တစ်ဖက်မှာလည်း မိသားစုကိုအချိန်ပေးနိုင်ဖို့ လုံးပန်းနေရပါတယ်။ ကက်သလစ်ဘာသာ၀င်ဖိလစ်ပိုင်လူမျိူးတွေအတွက် အထွတ်အမြတ်ဖြစ်တဲ့ အီစတာအတွက် မိသားစုရှိရာမြို့ကိုပြန်လာတဲ့အခါ Asian မိသားစုထုံးစံအတိုင်း အမျိုးတွေအများကြီးနဲ့ ‌ဗြောက်သောက်တွေဖြစ်လာပုံကို ဟာသမြောက်စွာကြည့်ရှု့ရမှာပါ။ နာမည်ကျော် Comedian ကြီးJoe Koy အပြင် Jimmy O Yang,Lou Diamond Phillips တို့လို နာမည်ကြီး Asian သရုပ်ဆောင်တွေလည်းပါ၀င်ပါတယ်။ File size…(2.05GB)/(1013MB)/(532MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Drama
5.3 2022
Easter Sunday
Motion Detected

ခေတ်မီသူတိုင်း AIကြိုက်ကြတဲ့ ITခေတ်ကြီးမှာ လူတိုင်းဟာ ကိုယ်နဲ့သက်ဆိုင်တဲ့fieldတစ်ခုစီမှာ AIကိုမှီခိုနေကြပါတယ်။ ဒါကြောင့်လည်းပဲ လူသားတွေတီထွင်ခဲ့တဲ့ AIက overpowering ဖြစ်လွန်းပြီး လူသားတွေကို ကျော်လွန်တော့မှာလားဆိုတဲ့မေးခွန်းတွေ၊ ဒီAIသာ စနစ်တစ်ခုခုချို့ယွင်းခဲ့ရင် errorတက်ခဲ့ရင် human best friend ကနေ အဆိုးဆုံးလူသတ်သမားဖြစ်လာမှာလားဆိုတဲ့ idea‌တွေ ထွက်ပေါ်လာပါတယ်။ ဒီရုပ်ရှင်လေးကလည်း American Horror stories ရဲ့ Alexaအကြောင်းရိုက်ထားတဲ့ရုပ်ရှင်လိုပဲ Diablo Controlsဆိုတဲ့ကုမ္ပဏီက AI security system အကြောင်း ရိုက်ကူးထားတာပါ။ အဲဗာဟာ အိမ်ဖောက်ထွင်းအကြမ်းဖက်မှုတစ်ခုရဲ့ ထူးဆန်းစွာ အသက်ရှင်ကျန်နေခဲ့တဲ့လူပေါ့။ ထူးဆန်းစွာလို့ပြောရတာကတော့ အတော်ကိုသွေးဆာနေတဲ့လူသတ်သမားက အဲဗာတို့အိမ်ထဲကို ဖောက်ဝင်ပြီး အဲဗာကိုအကြမ်းဖက်ခဲ့ပေမဲ့ သူ့ကိုမသတ်ဘဲကျော်သွားပြီး တခြားအမျိုးသမီး 2 ယောက်ကိုပဲ သတ်သွားတာပါ။ ဒါပေမဲ့လည်း အဲဗာတစ်ယောက် PTSDနဲ့ သံသယလွန်ကဲရောဂါတွေကြောင့် ဆွေးနွေးကုသမှု ခံယူနေရပြီးတော့ ခင်ပွန်းဖြစ်သူကလည်း အဲဗာကို နေရာသစ် အိမ်သစ် ပတ်ဝန်းကျင်သစ်မှာ စိတ်သစ်လူသစ်နဲ့နားနေနိုင်ဖို့ ကယ်လီဖိုးနီးယားကအိမ်တစ်လုံးကို ခေါ်လာခဲ့ပါတယ်။ အတော်လေး နေရာကျယ်တဲ့ အိမ်ကြီးတစ်လုံးဖြစ်တဲ့အပြင် အဆင့်မြင့်ပရိဘောဂနဲ့ စက်ပစ္စည်းတွေကိုသုံးထားတဲ့ဒီအိမ်ကြီးဟာ အဲဗာတို့ဇနီးမောင်နှံအတွက်တော့ သဘောကျစရာဖြစ်နေတာပေါ့။ အထူးသဖြင့် အိမ်မှာတပ်ဆင်ထားတဲ့ Diablo Controlsရဲ့အဆင့်မြင့်လုံခြုံရေးစနစ်က အိမ်ဖောက်ထွင်းခံရဖူးတဲ့ စိတ်ဒဏ်ရာရှိနေတဲ့အဲဗာအတွက် အသင့်တော်ဆုံးလို့ မီဂေးလ်ကတထစ်ချတွက်နေတာပေါ့။ သူတို့ထက်အရင် ဒီအိမ်မှာနေသွားတဲ့မိသားစုက ပျောက်ချင်းမလှပျောက်သွားတယ်ဆိုတဲ့အချက်ကတော့ ဘဝင်မကျစရာဆိုပေမဲ့ အိမ်ကမျက်စိကျစရာကောင်းလောက်အောင် ခမ်းနားပြီးဆန်းသစ်နေတဲ့အတွက် ငှားဖြစ်သွားပါတော့တယ်။ ဒါပေမဲ့ အိမ်ငှားပြီးပြီးချင်းညမှာပဲ ချက်ချင်းဆိုသလို အရင်မြို့ကို အလုပ်ကိစ္စနဲ့ ပြန်သွားရဖို့ဖြစ်လာတဲ့ ခင်ပွန်းဖြစ်သူကြောင့် အဲဗာတစ်ယောက် 3 ထပ်အိမ်ကြီးထဲမှာ တစ်ယောက်တည်းကျန်နေခဲ့တဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ပဲ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…(1.1 GB)/(600 MB)/(290 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:20:00 Genre…Thriller, Science Fiction, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

0 2023
Motion Detected
North by Northwest
8.3

ဒီတစ်ခါမှာတော့ ၁၉၅၉ ခုနှစ်က စပိုင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Thriller/Mystery အမျိုးအစားဖြစ်ပြီး IMDB 8.3/10, Rt 97% ရရှိထားပြီး မင်းသားကြီး Cary Grant နဲ့ မင်းသမီးကြီး Eva Marie Saint တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရော်ဂျာက နယူးယောက်က ကြော်ငြာအမှုဆောင်တစ်ယောက်ဖြစ်ပြီး အလုပ်ကိုတန်ိဖုးထားကာ ဘဝကို ကြိုးကြိုစားစား ဖြတ်သန်းနေသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ သူ့ကို ကတ်ပ်လန်ဆိုတဲ့လူလို့ အခိုင်အမာ စွပ်စွဲပြီး ပြန်ပေးဆွဲခံလိုက်ရပါတယ်။ သူက သူ့ကို ပြန်ပေးဆွဲထားသူတွေကို သူက ရော်ဂျာဖြစ်ကြောင်း၊ ကတ်ပ်လန်မဟုတ်ကြောင်း ဘယ်လောက်ပဲ ရှင်းပြပြောဆိုပေမဲ့ တစ်ဖက်ကလူတွေက လက်မခံဘဲ သူ့အသက်ကို ရန်မူဖို့ ကြိုးစားခဲ့ရာမှာတော့.. သူက တကယ်ပဲ သူတို့ပြောသလို ကတ်ပ်လန်ဆိုတဲ့လူလား၊ အသတ်ခံရမှာစိုးလို့ ဟန်ဆောင်နေတာလား၊ တကယ်လို့ သူက ကတ်ပ်လန်မဟုတ်ဘူးဆိုရင်ရော သူတို့က ဘာလို့ သူ့ကို မယုံတာလဲ။ အဲဒီလူတွေရဲ့ လက်ထဲကနေရော သူ အသက်ရှင်လျက် ထွက်ပြေးနိုင်ပါ့မလား။ ငိုအားထက် ရယ်အားသန်လို့ ဆိုရမလား၊ ရယ်အားထက် ငိုအားသန်လို့ပဲ ခေါ်ရမလား မသိနိုင်ရှာတဲ့ သူ့အဖြစ်က ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (အညွန်းနဲ့ ဘာသာပြန်က Emily ပါ။) File size…(2.3 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:16:00 Genre… Action, Adventure, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

Horror
8.3 1959
North by Northwest
Alfie

IMDb 6.2 ရရှိထားပါတယ်။ Comedy / Romance အမျိုးအစားလေးပါ။ ဇာတ်အိမ်ကတော့ အယ်လ်ဖီဆိုတဲ့ ဒရိုက်ဘာတစ်ယောက်ကိုတည်ထားတာ။ အယ်လ်ဖီက လီမိုကားမောင်းတဲ့ ဒရိုက်ဘာတစ်ယောက်။ သူ့ရုပ်ရည်က စွဲဆောင်မှုရှိတဲ့အထဲပါတယ်ပေါ့။ စော်ကြည်ဘဲပေါ့။ အယ်လ်ဖီရဲ့အားသာချက်က တော်ကီကောင်းပြီး မိန်းမတွေကိုညှို့ယူဆွဲဆောင်ရမလဲဆိုတာကို ကောင်းကောင်းသိတာ။ စော်ကြည်ဘဲအယ်လ်ဖီက လီမိုကားဒရိုက်ဘာလုပ်ပြီး၀န်ဆောင်မှုပေးရတဲ့ အထက်တန်းလွှာအသိုင်းအဝိုင်းထဲက မိန်းမတွေနဲ့ငြိတယ်ပေါ့။ ဒီလို၀မ်းနိုက်စတန်းတွေနဲ့ စားချင်တိုင်းစားနိုင်နေတဲ့အယ်လ်ဖီရဲ့ မကောင်းတဲ့အကျင့်က မိန်းကလေးတစ်ယောက်ကို စိတ်ရှိသလိုအသုံးချပြီးရင် တာ၀န်ယူမှုတာ၀န်ခံမှုကျ မရှိတာပဲ။ သူက သူ့ရဲ့မကောင်းတဲ့လုပ်ရပ်တွေကို ဆင်ခြေဆင်လက်ပေါင်းစုံနဲ့ အပြစ်လွတ်အောင် အကြောင်းပြပြီး ရှောင်ပြေးနေကျ။ ဒါပေမဲ့ လည်လွန်းတဲ့ဘီး ချေးသင့်ဆိုတဲ့စကားအတိုင်း အယ်လ်ဖီက သူ့ရပ်တွေရဲ့ ကြောက်စရာအကျိူးဆက်တွေကို တဖြည်းဖြည်းခံစားလာ‌ရတော့တယ်။ ဒီရုပ်ရှင်ထဲမှာ ဇာတ်လိုက် အယ်လ်ဖီကိုယ်တိုင်က ‌ဇာတ်ကြောင်းပြော‌တဲ့‌‌သူနေရာကနေလည်း သရုပ်ဆောင်ထားတာကြောင့် သူက ဇာတ်၀င်ခန်းတွေမှာ ပရိတ်သတ်ကြည့်ပြီး စကားလှမ်းလှမ်းပြောတဲ့ပုံစံက ရုပ်ရှင်ကိုနည်းနည်းဆန်းသွားစေတယ်လို့ဆိုရမယ်။ ရုပ်ရှင်ကပေါ့ပေါ့ပါးပါးပါပဲ လိင်ကိစ္စ၊ ဖိုမသဘာ၀ ဟာသလေးတွေနဲ့ရောပြီး မက်ဆေ့ခ်ျလေးတွေကိုပေးသွားတာမလို့ အေးဆေးကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးပါ။ အဖော်အချွတ်ခန်းတွေပါ၀င်တာကိုတော့ သတိချပ်ပေးပါ။ File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Comedy, Romance , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2004
Alfie
Home on the Range

Disney ရဲ့ ဇာတ်​ကား​ဟောင်း​လေး တစ်ကားဖြစ်တဲ့ Home​on the Range ဆိုတဲ့​ ဟာသ animation ရုပ်ရှင်​လေးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့ old but gold ဇာတ်​ကား​ဖြစ်​ပြီး ရုပ်ရှင်​ရဲ့​အမည်​Home​ on the Range​ က အမေရိကန်​တောင်​ပိုင်း​ဒေသ​ရဲ့ ဂန္တဝင်​သီချင်း​ကနေ ယူထားတာဖြစ်ပါတယ်။ အမေရိကရဲ့ Wild Wild West လို့ခေါ်တဲ့ အနောက်​ဘက်​ဒေသ​ရဲ့ ကောင်း​ဘွိုင်​ခေတ်​မှာ အခြေ​ပြု​ထားတာဖြစ်ပေမဲ့ အဓိက​ဇာတ်​ကောင်​တွေက ကောင်း​ဘွိုင်​တွေ မဟုတ်​ဘဲ နွား​မတွေပါ။ ဇာတ်လမ်း​အကျဥ်း​ကတော့ နီဘရာစကားပြည်နယ်တစ်နေရာမှာ ကောင်း​ကင်​ဘုံ​စား​ကျက်​မြေ ဆိုတဲ့ ယာတောလေးတစ်ခုရှိပြီး အဲဒီခြံမှာနေတဲ့ တိရစ္ဆာန်​တွေ​ကို ခြံရှင်ဖြစ်သူ မစ္စ​ပါးလ်က မိသားစု​ဝင်တွေလို သဘော​ထား​ပြီး အတူပျော်ရွှင်စွာ နေထိုင်​ကြပါ​တယ်။ ဒါပေမဲ့​ ပြည်နယ်​တဝိုက်မှာ အလာမီဒါဆလင်း ဆိုတဲ့​ နာမည်​ကျော်​နွားခိုးသမား လက်​ချက်​ကြောင့် ခြံရှင်လယ်သမား အတော်များများ​ ဒုက္ခ​ရောက်​နေကြ​ပါတယ်။ အလာမီဒါဆလင်း​ရဲ့ ပယောဂ​ကြောင့်​ မစ္စ​ပါး​လ်ရဲ့ ကောင်း​ကင်ဘုံ​စား​ကျက်မြေ ခြံ​လေးလည်း ဘဏ်ကြွေးနဲ့ အသိမ်း​ခံရတော့မှာဖြစ်ပါတယ်။ ဒါကြောင့်​ ခြံထဲက နွား​မသုံးကောင်ဖြစ်တဲ့ မက်​ဂီ၊ ဂရေ့စ်နဲ့ ကယ်​လို​ဝေး တို့​သုံး​ကောင်​က လူဆိုး​ကြီးဆလင်းကို ဖမ်းဆီး​ပြီး ရတဲ့​ဆုငွေ​နဲ့ ခြံ​ကိုပြန်ရွေးမယ်လို့ ဆုံးဖြတ်​လိုက်ပြီး သုံးကောင်သား ဗရုတ်သုတ်ခ​ စွန့်​စား​ခန်း​တွေဖွင့်ကြပုံကို ကြည့်​ရှု​ရမှာပါ။ ပျော်ရွှင်​ကြည်​နူး​စရာ​ကောင်း​သလို မိသားစု၊ မိတ်ဆွေ​တို့အကြား သံယောဇဉ်​တွေကိုလည်း ဟာသ​ရုပ်ရှင်​ဖြစ်ပေမဲ့ လှလှ​ပပ ထည့်သွင်းပေးထားတဲ့အပြင် ဒစ္စနေထုံးစံအတိုင်း happy ending လည်း​ဖြစ်တာမလို့ rating နည်း​တာတွေခဏမေ့ထားပြီး အချိန်​တစ်နာရီ စွန်းစွန်းပဲ ကြာတဲ့ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်လို့ နောင်​တရမယ်လို့ မထင်​ပါဘူး။ File size…(1.7 GB)/(915 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:16:00 Genre… Animation, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

Romance • Comedy
0 2004
Home on the Range
Christmas on Cobbler Street

IMDb – 7.1/10 နော်ဝေမှာ ခုနစ်ပတ်ဆက်တိုက် နံပါတ်တစ်နေရာယူခဲ့တဲ့ ဒါရိုက်တာ Mikal Hovlandရဲ့လက်ရာ ခရစ္စမတ်ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အန်နာဆိုတဲ့ ကောင်မလေးတစ်ယောက် ရထားခိုးစီးလာရင်း မြို့ကလေးတစ်မြို့ကဘူတာမှာ ခုန်ဆင်းခဲ့ရာကစပါတယ်။ စစ်ပွဲကြီးပြီးကာစ ခရစ္စမတ်အချိန်ကာလကိုရောက်တော့မှာဖြစ်လို့ စစ်ပွဲကြီးအပြီး ပြန်လည်ကျင်းပရမဲ့ ခရစ္စမတ်ကို အားလုံးစောင့်မျှော်နေကြချိန်လည်းဖြစ်။ စစ်ပွဲပြီးကာစအချိန်ဆိုတော့ ရထားပေါ်မှာခိုးစီးရင်း ခုန်ချနေခဲ့တဲ့ ကလေးမလေးကို ရဲတွေကလည်း မသင်္ကာလို့ လိုက်ရှာနေကြပါတယ်။ ခိုကိုးရာမဲ့နေတဲ့ အန်နာလေး အသိမပေးဘဲဝင်တည်းခိုမိတာကတော့ ဖိနပ်ချုပ်သမားကြီး အန်ဒါဆန်ရဲ့အိမ်။ အန်ဒါဆန်ဆိုတာက နှစ်နဲ့ချီအောင် အိမ်ထဲကအိမ်ပြင်မထွက်၊ ဘယ်သူနဲ့မှအဆက်အဆံမလုပ်တဲ့လူ့ဂွစာကြီး။ ဒီလိုနဲ့ အန်နာတစ်ယောက် လူ့ဂွစာကြီးမစ္စတာအန်ဒါဆန်ရဲ့ ဖိနပ်ချုပ်တဲ့အလုပ်ရုံလေးမှာ ခဏတာတည်းခိုဖို့ တောင်းဆိုရာကစ ကြည်နူးလွမ်းဆွတ်ဖွယ်ရာ ခရစ္စမတ်ရုပ်ရှင်လေးတစ်ကားဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.4 GB)/(712 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre… Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

Romance • Drama
0 2023
Christmas on Cobbler Street
The Keeper
7.5

The Keeper(2018) IMDb….7.5 ခင်ဗျားတို့ဘဝမှာ အလုပ်တစ်ခု ဒါမှမဟုတ် ဖြစ်တည်မှုတစ်ခုကို ဘယ်လောက်ထိ ရူးသွပ်ဖူးလဲ ဘယ်လောက်ထိ ရူးမိုက်ဖူးလဲ… ကျွန်တော်ပြောတာကို ယုံလိုက်ပါ… ဘယ်လောက်ပဲရူးသွပ်ပါတယ်ပြောပြော ဒီဖြစ်ရပ်မှန်ဇာတ်လမ်းထဲက မန်စီးတီးဂိုးသမားကြီးလောက်တော့ ခင်ဗျား မရူးသွပ်နိုင်ပါဘူး… သူ့နာမည်က ထရော့မန်း…ဂျာမန်လူမျိုး… ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ထဲဝင်ခဲ့ပြီး အင်္ဂလန်တို့နဲ့ တိုက်ခိုက်ခဲ့သူ… ငယ်စဉ်ကလေးဘဝတုန်းက ဘောလုံးကန်ရင်ဘယ်သူမှမလုပ်ချင်တဲ့ ဂိုးသမားနေရာမှာ ကစားရင်း မန်စီးတီးလိုအသင်းမှာ ပင်တိုင်စံဂိုးသမားဖြစ်လာခဲ့တာ… ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှုံးရာကနေ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားခံရပြီး လေ့ကျင့်ရေးစခန်းတစ်ခုမှာ ပုံစံသွင်းခံရရှာတယ်…အဲ့ဒီကနေတဆင့် မြို့တွင်းဘောလုံးအသင်းတစ်ခုရဲ့ နည်းပြက သူ့ကိုသဘောကျလို့ အဲ့ဒီအသင်းမှာ ဂိုးဖမ်းခွင့်ရတယ်…အဲ့တာဟာ မန်စီးတီးဂိုးသမားတစ်ယောက်ဖြစ်လာဖို့အတွက် သူ့ရဲ့ အကောင်းဆုံး ခြေလှမ်းတစ်ခုပေါ့… ဒါပေမဲ့လည်း ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး…ဂျာမန်လူမျိုးတစ်ယောက်ဖြစ်တဲ့ ထရော့မန်းဟာ အင်္ဂလန်မြေမှာတော့ လွယ်လွယ်မဝင်ဆန့်ခဲ့…အစစအရာရာ အခက်အခဲများစွာကိုကျော်ဖြတ်လို့ ဝါသနာအရင်းခံပြီး ကံကြမ္မာလှည့်ကွက်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကတော့ ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးကိုပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါလို့… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်… File Size : 2.14GB / 930MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:00:00 Genre : Biography Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Tiff

Horror • Thriller
7.5 2018
The Keeper
Paru Parvathy
6.2

Paru Parvathy 2025 (ပါရူပါဗာသီရဲ့ ခရီးစဉ်) သား ၅ယောက်ရဲ့ မိခင် ပါရူဟာ သားတွေရဲ့ အချစ်ကိုခံရပေမဲ့လည်း သားတွေနဲ့အတူ လိုက်နေရမဲ့အစား အိမ်ကြီးထဲမှာပဲ တစ်ယောက်တည်းနေရင်း အထီးကျန်တဲ့ဘဝကို နေထိုင်နေသူတစ်ယောက်ပါ။ သားတွေကလည်း အလုပ်ကိုယ်စီနဲ့ အလုပ်များပေမဲ့ ဖုန်းတစ်ဂွမ်ဂွမ်ဆက်ပြီး အမေ့ကို ဂရုစိုက်ကြရှာပါတယ်။ ပါရူ့မှာ ခရီးသွားဘလော့ကာမလေး ပါယယ်ဆိုတဲ့ မိတ်ဆွေတစ်ယောက်ရှိပါတယ်။ သူတို့ဟာ အသက်အရွယ်ကွာဟပေမဲ့လည်း သူငယ်ချင်းတွေလိုနေကြပါတယ်။ တစ်ရက်မှာတော့ ပါရူတစ်ယောက်ဟာ သိပ်မကြာခင်ရက်အတွင်းမှာ သူ့ယောက်ျားနဲ့ မင်္ဂလာနှစ်ပတ်လည် အနှစ်၅၀ပြည့်ရောက်တော့မှာမလို့ ခင်ပွန်းဖြစ်သူကို တွေ့ချင်ကြောင်း ပါယယ်ကို ပြောရင်း သူတို့နှစ်ယောက်အတူ အဝေးမှာရှိတဲ့ခင်ပွန်းဖြစ်သူဆီကို ခရီးထွက်ဖို့ ဖြစ်လာပါတော့တယ်။ ဒီအချိန်မှာပဲ ပါရူပြနေကြ ဒေါက်တာက ပါရူရဲ့သားကြီးကို ခေါ်ကာ ပါရူ့မှာ လူကီးမီးယားရောဂါဖြစ်နေပြီဖြစ်ကြောင်းပြောလာတဲ့အချိန် ပါရူကတော့ ပါယယ်နဲ့အတူ ကားတစ်စီးနဲ့ထွက်သွားပါပြီ။ ဘယ်သူ့ကိုမှ မပြောဘဲ ထွက်လာတာဖြစ်လို့ ပါရူ့သားတွေခမျာတော့ ခေါင်းမီးတောက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ပါရူတစ်ယောက် ပါယယ်နဲ့အတူ ခရီးထွက်ရင်း ဘာတွေ ကြုံတွေ့ရမလဲ ….. သူ့ရောဂါအခြေအနေကရော ပေါ်လာမလား ….. ဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Drama • Science Fiction
6.2 2025 159 mins
Paru Parvathy
The Ritual
4.6

The Ritual (2025) Exorcist movies တွေကြိုက်တတ်တဲ့ ပရိသတ်‌တွေတော့ ကြည့်သင့်ပါတယ်။ ဖြစ်ရပ်မှန်တွေကို အခြေခံထားကာ အမေရိကန်သမိုင်းတစ်လျှောက်မှာ ကူးယူဖော်ပြမှုအများဆုံးဖြစ်ခဲ့တဲ့ အဲမာရှမက်အပနှင်မှုကို ဒါရိုက်တာ David Midell မှမှီငြမ်းရိုက်ကူးထားပြီး မင်းသားကြီး Al Pacino ပါ၀င်ထားပါတယ် ။ ဇာတ်လမ်းအကျဉ်း အဲမာရှမက်ဆိုတဲ့ အမျိုးသမီးငယ်လေးက ဆေးပညာရှင်တွေအမည်ဖော်မရတဲ့ရောဂါဝေဒနာကို ခံစားခဲ့ရပြီး မရတော့တဲ့အဆုံးမှာတော့ ဘုရားကျောင်းလက်ထဲကိုပဲ အပ်လိုက်ရပါတော့တယ် ။ ဒီအမျိုးသမီးငယ်ကို ပယောဂနှင်ပေးဖို့ရန် တာ၀န်ကျတဲ့ ဖာသာ ဂျိုးဆက်စတိုင်ဂါ၊ ဖာသာသီအိုဖီးလစ်တို့ဟာ မိမိတို့ကိုယ်စီဒဏ်ရာတွေရှိပေမဲ့လဲ မိန်းမငယ်ကိုယ်တွင်းမှာ ကိန်းအောင်းနေတဲ့ ယုတ်ညံ့တဲ့နတ်ဆိုးကို ဘယ်လိုနှင်ထုတ်၊ ချိုးနှိမ်သွားကြမလဲကြည့်ရမှာပါ။ Exorcist ကားတွေမှာလိုမျိုးပဲ ရင်တထိတ်ထိတ်စောင့်ကြည့်ရမဲ့အခန်းတွေ၊ ဘုန်းတော်ကြီးနဲ့ နတ်ဆိုးကြား အပြန်အလှန်ပြောဆိုခန်းတွေပါ၀င်သလိုမျိုး ခြောက်ခြားစရာကောင်းတဲ့ရိုက်ကွက်တွေပါလို့ horror ကြိုက်တဲ့သူတွေအတွက်တော့ ကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size… (920 MB) / (640 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Horror, Thriller Duration…. 01:38:18 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phu Thet Khin

Adventure • Comedy • Romance
4.6 2025 98 mins
The Ritual