YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Dream.Wedding.2023.1080p.WEBRip.(CM).mp4

1.71 GB N/A video/mp4 95 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Phone
6.1

Ha Ji-won ရဲ့ 2002 က ထွက်ရှိခဲ့တဲ့ Horror ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်..ဒီကားလေးလေးဟာဆိုရင် ကွာလတီက ဒီလောက်ပဲရနိုင်လို့ ရနိုင်သမျှ အကောင်းဆုံး ကွာလတီနဲ့တင်ဆက်ပေးလိုက်ရပါတယ် ဂျီဝန်းတစ်ယောက် သတင်းထောင်ဘဝကနေအနားယူချိန်ကစပြီး အမည်မသိခြိမ်းခြောက်ဖုန်းတွေ ဝင်လာခြင်းကိုကြုံရပါတော့တယ် စာရေးဆရာမဖြစ်ချင်တဲ့သူ့ရဲ့စိတ်ကူးကိုအ​ကောင်အထည်ဖော်ဖို့ သူငယ်ချင်းဖြစ်သူရဲ့အိမ်မှာ စာရေးရင်း အမည်မသိဖုန်းနံပါတ်ကနေ မိန်းကလေးတစ်ဦးရဲ့အသံကိုကြားခဲ့ရပါတယ် တစ်နေ့ ဖုန်းလာတဲ့အချိန် ဂျီဝန်းသူငယ်ချင်းရဲ့သမီးဖြစ်သူက ဖုန်းကိုကိုင်လိုက်ရာကနေ သူတို့မိသားစုမှာ ထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေ စပြီးဖြစ်လာတော့တာပဲ ဂျီဝန်းတစ်ယောက် ဖုန်းရဲ့နောက်ကွယ်ကအကြောင်းကိုလိုက်စုံစမ်းရင်း ဘယ်လိုထူးဆန်းတဲ့လှည့်ကွက်တွေကို ရင်ဆိုင်တွေ့ရမလဲဆိုတာ ကျောချမ်းချမ်းနဲ့စောင့်ကြည့်လိုက်ကြပါဦး [ Reviewed By Shoon Thu Thu Chain ] Quality : DvdRip Format : mp4 Genres : Horror , Mystery , Thriller Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy • Romance
6.1 2002 103 mins
Phone
The Shawshank Redemption
8.7

91% Rotten Tomatoes 9.3/10 IMDb မိတ်ဆွေတို့ Google မှာ IMDb rating အမြင့်ဆုံးကားများ လို့ ရိုက်ရှာကြည့်ချင်ပါသလား? Rotten Tomatoes ရဲ့ အကောင်းဆုံးကားများလို့ ရိုက်ရှာကြည့်ချင်ပါသလား? ရုပ်ရှင်သမိုင်းတလျှောက်အကောင်းဆုံးကားများ.....မသေခင်ကြည့်သင့်သော ကားများ....ဘာညာသာရကာ အစုံရိုက်ပြီး ရှာကြည့်လိုက်ပါ။ ဒီဇာတ်ကားကတော့ ထိပ်ပိုင်းတစ်နေရာမှာ အမြဲပါနေပါလိမ့်မယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့ ရိုးရှင်းပါတယ်။ လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက် ၂ ခါ ကျခံရပြီး ရှောရှန့်ခ် ထောင်ထဲကို ရောက်လာတဲ့ ဘဏ်စီးပွားရေးသမား အန်ဒီ ဒူဖရင်း(Tim Robbins) နဲ့ တကျွန်းသမားဟောင်းကြီး ရက်ဒ်(Morgan Freeman) တို့ ရဲ့ ထောင်ထဲက အခက်အခဲတွေနဲ့ မိတ်ဆွေဘဝ၊ အန်ဒီရဲ့ ငရဲလို မျှော်လင့်ချက်မရှိတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ဘယ်လိုတည်ဆောက်ပြီး နေထိုင်သွားလဲ၊ လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသွားလဲ ဆိုတဲ့အကြောင်းလေးပါပဲ။ ရုပ်ရှင်လေးက ရိုးရှင်းပေမယ့်....ဒါရိုက်တာတိုင်း အိပ်မက်မိမယ့် အောင်မြင်မှုတွေ ရရှိသွားခဲ့ပါတယ်။ အော်စကာ လျာထားမှု (၇) နေရာ တခြား ဆုပေါင်းများစွာ နဲ့ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုပေါင်းများစွာနဲ့ အောင်မြင်ခဲ့ပါတယ်။ ခင်ဗျားတို့ဆီက မျက်ရည်တွေ ချူနိုင်ပါလိမ့်မယ်။ ခင်ဗျားတို့ ဘဝတွေကို ဘယ်လိုရှင်သန်ခဲ့မိပြီလဲလို့ ပြန်တွေးမိစေပါလိမ့်မယ်။ ဘဝရဲ့ အချိန်ကောင်းတွေကို ဖြုန်းတီးမိသွားပြီလားလို့ သံသယဖြစ်လာပါလိမ့်မယ်။ တခါမှ မတွေးမိသေးတာ ဖြစ်နိုင်မယ့် လက်ရှိဘဝရဲ့ လွတ်လပ်မှုတန်ဖိုးကို တွေးမိကောင်း တွေးမိကြပါလိမ့်မယ်။ နောက်ဆုံးမှတော့ ပျော်ရွင်မှုလေး တစ်ခု ခံစားရင်း အဆုံးသတ်သွားပါလိမ့်မယ်လို့.....။ File size…(5.3 GB)/(2.1 GB)/(900 MB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 Duration….02:22:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Sherlock

Fantasy
8.7 1994 142 mins
The Shawshank Redemption
Fighter
6.1

ရုပ်ရှင်တော်တော်များများရဲ့ ခံစားချက်ကို ရနိုင်တဲ့ တရုတ်ကားလေးများ ကြည့်ချင်ပါသလား။ မြန်မာလို မင်္ဂလာပါလို့ အသံဝဲဝဲလေးနဲ့ နှုတ်ဆက်တာကို ကြားချင်ပါသလား၊ တရုတ်မလေးတွေ မြန်မာ ဘီယာဗူးကိုဖွင့်ပြီး ချီးယားကမ်းပေ့ လုပ်တာကိုတွေ့ချင်ပါသလား။ ဒါဆိုရင်တော့ ဒီကားလေးက သင့်အတွက်ဖြစ်လာမှာပါ။ ဇာတ်လမ်းအကျဉ်း တရုတ်လက်ဝှေ့ဖိုက်တာ တစ်ယောက်ဟာ အမေရိကန်ဖိုက်တာတစ်ဦးရဲ့ ညစ်ပတ်စွာတိုက်ခိုက်မှုကြောင့် MMA ပွဲမှာသေဆုံးသွားခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ အဲ့ဒီပွဲကို စီစဉ်ပေးခဲ့တဲ့ မိန်းကလေးရဲ့ကုမ္မဏီဟာ MMA ကိုတရုတ်မှာ စျေးကွက်တိုးချဲ့ဖို့အတွက် ပြိုင်ဖက်ကုမ္မဏီတစ်ခုနဲ့အတူ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် အလောင်းအစား တစ်ခုလုပ်ဖို့ ရှိပြီး အဲ့ဒီအလောင်းအစားကို နိုင်မှ အလုပ်ကိုဆက်လုပ်ခွင့်ရမှာပါ။ ဒီတော့ အလောင်းအစားက ဘာများလဲ။ အဲ့ဒီအမျိုးသမီးကရော နိုင်အောင် လုပ်နိုင်မှာလား သေဆုံးသွားတဲ့ တရုတ်လူမျိုး MMA သမားမှာရော ဘယ်လိုနောက်ဆက်တွဲတွေရှိနိုင်မလဲ ဆိုတာ ရုပ်ရှင်မှာပဲ စီးမျောခံစားလိုက်ပါ။ ဒီကားကိုစကြည့်လိုက်တော့ ထိုင်းနာမည်ကျော် ဝမ်းဘတ်မင်းသားကို သတိရသွားပါတယ် နောက်တစ်ချက်က အရှေ့တောင်အာရှမှာ အခြေတည်တာကိုရိုက်ပြထားတော့ မြန်မာလိုလေးတွေပါတာကိုသဘောကျတယ်။ MMA သဘောကျတဲ့လူတွေအတွက်လဲ ကျေနပ်လောက်ဖွယ်ရာပါပဲ။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 97 mins Subtitle : Myanmar Subtitle ( Hardsub ) Translated by Lwin Htoo Aung Encoded by LK

Action • Science Fiction • Thriller
6.1 2022 95 mins
Fighter
Rockin’ on Heaven’s Door
7

Rockin’ on Heaven’s Door(2013) ***************************** Hong-ki Lee နဲ့ Ma Dong-seok တို့ အဓိကပါဝင်ထားတဲ့ဒီဇာတ်ကားဟာ တစ်ခါကြည့်ပြီး တစ်သက်မမေ့နိုင်ဖို့ ဒီတစ်ခေါက် CMပရိသတ်ကြီးအတွက် ထင်မထားရလောက်အောင် ရင်ထဲမှာစွဲကျန်ရစ်ခဲ့မယ့် “Rockin On Heaven’s Door”ဆိုတဲ့ ဒီဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းကိုတော့ ထင်ရာဆိုင်းတတ်တဲ့ ခပ်ဆိုးဆိုးအိုင်ဒေါအနုပညာရှင်လေး ချွန်အွီနဲ့ အစချီထားပါတယ် တစ်နေ့ ချွန်အွီတစ်ယောက် ကလပ်မှာပြဿနာရှာမိပြီး စေတနာ့ဝန်ထမ်းအဖြစ်နဲ့ အပြစ်ပြန်ဆပ်ရဖို့ အကြောင်းဖန်လာပါတယ် ချွန်အွီလုပ်ပေးရမယ့်နေရာကတော့ နယ်မြို့လေးတစ်ခုက “ဒုံးဟျွန်း”ဆိုတဲ့ဆေးရုံတစ်ခုမှာပေါ့ ဆေးရုံကို မုန်းပါတယ်ဆိုတဲ့ ချွန်အွီအတွက် အဲဒီဆေးရုံက လူတွေကလည်း ထူးဆန်းနေပြန်ပါတယ် နောက်ဆုံးထွက်သက်ရောက်တော့မယ့် လူနာအဘွားအိုကို အသက်ရှူစက်တပ်မပေးတာမျိုး… လူနာတွေကို ဆေးလိပ်သောက်ခွင့်ပေးတာမျိုး ကလပ်သွားခွင့်ပေးတာမျိုး.. စသည်ဖြင့်ပေါ့ အဲဒီလိုဆေးရုံက လုပ်ရပ်တွေကို သဘောမကျလို့ ချွန်အွီ ထွက်ခဲ့မယ်လို့ကြံမယ့်နေ့မှာပဲ .. နောက်ကွယ်ကအကြောင်းအရာတွေကို အန်နာဆိုတဲ့ စေတနာ့ဝန်ထမ်းကောင်မလေးပြောလို့ ချွန်အွီသိသွားခဲ့တဲ့အခါ… File Size :(1.9GB)&(685MB) Quality : Blu-Ray 1080P5.1Ch,720P Format :mp4 Duration : 01:39:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai Encoded by Phyo Pyae

7 2013 99 mins
Rockin’ on Heaven’s Door
How Do You Know
6.7

How Do You Know(2010) *********************** 2010 ခုနှစ်က ထွက်ခဲ့တဲ့ Reese Witherspoon, Paul Rudd, Owen Wilson တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ How do you know ဆိုတဲ့ romance/comedy ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဆော့ဖ်ဘောအမျိုးသမီး ကစားသမားဖြစ်တဲ့ လီဆာဟာ အသက်အရွယ်ကြောင့် အသင်းကနေ ထွက်ရတော့မယ့်အချိန်ဟာ သူ့ဘဝအတွက် တဆစ်ချိုးဖြစ်နေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာပြိုလဲနေတဲ့ အချိန်လို့ပြောလို့ရပါတယ်။ ဒီအချိန်မှာပဲ အမျိုးသားနှစ်ယောက်နဲ့ တချိန်တည်းမှာ ဆုံတွေ့ခဲ့ပြီး ဘယ်တယောက်ကို ရွေးချယ်ရမလဲဆိုတာ ခက်ခက်ခဲခဲ ဆုံးဖြတ်ရဖို့ဖြစ်လာပါတယ် တယောက်ကတော့ ဘေ့စ်ဘော ကစားသမား အကျော်အမော်ဖြစ်ပြီး ဥစ္စာပေါရုပ်ချော တယောက်ဖြစ်ပါတယ် ကျန်တဲ့တယောက်ကတော့ လိမ်လည်မှုနဲ့ စွပ်စွဲခံရပြီး အစိုးရရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံနေရတဲ့ ကုမ္ပဏီပိုင်ရှင်သားဖြစ်ပါတယ်။ ဘဝရဲ့ အလှည့်အပြောင်းတခုမှာ သူတို့ သုံးယောက် ဆုံတွေ့ခဲ့ပြီး အချစ်စစ်ဆိုတာ ဘယ်လိုမျိုးလဲလို့ လီဆာက ရွေးချယ်ရတော့မှာဖြစ်ပါတယ်။ File size… 2.1GB& 1.1GB Quality… Blu-Ray1080p,720p Format…mp4 Duration….2hr 03min Genre ….. Romance , Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Zuel Thwin

6.7 2010
How Do You Know
The First Day of My Life
6.7

“ကိုယ့်ဘ၀ရဲ့ ပထမဆုံးနေ့”ဆိုတဲ့အတိုင်း ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို သေချာ မီးမောင်းထိုး ရိုက်ကူးပြထားတဲ့ အီတလီဒရာမာကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိုးတွေသည်းတဲ့ညတစ်ညမှာ ဘယ်ကမှန်းမသိတဲ့ အမည်မသိ အဖိုးကြီးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ကြိုးစားနေတဲ့ လူလေးယောက်ကို အသက်ဘေးကကယ်တင်ပေးခဲ့ပြီး စတေရှင်ဝက်ဂန်ကားလေးနဲ့ ခေါ်လာခဲ့ပါတယ်။ ဒီ အဆုံးစီရင်ဖို့ကြိုးစားခဲ့တဲ့ လူလေးယောက်ကတော့ နပိုလီယွန်လို့အမည်ရတဲ့ယောင်္ကျားကြီးရယ်၊ အာရီယာနာဆိုတဲ့ သက်လတ်အရွယ် မိန်းမကြီးရယ်၊ အမ်မီလီယာလို့ခေါ်တဲ့ မိန်းမပျိုလေးရယ်၊ ဒန်နီရယ်ဆိုတဲ့ ကလေးလေးတစ်ယောက်ပါ။ ဒီအဖိုးကြီးဟာ သူတို့လေးယောက်ကို ခုနစ်ရက်အချိန်ပေးလိုက်ပြီး သူတို့မရှိတော့တဲ့နောက်ပိုင်း သူတို့ဘ၀တွေဟာ ဘယ်လိုဖြစ်ဆက်သွားမလဲဆိုတာကို ခုနစ်ရက်တာကာလအတွင်း စတေရှင်ဝက်ဂန်လေးနဲ့ လိုက်လံပြသပေးပြီးတော့ သေဆုံးမှုထက် ရှင်သန်မှုကိုပဲရွေးချယ်ဖို့ရာကို တိုက်တွန်းဖို့ကြိုးစားပေးပါတော့တယ်။ ရုပ်ရှင်တလျှောက် လူလေးယောက်ရဲ့ မတူညီတဲ့ ဇာတ်လမ်းတွေကို အသေးစိတ်ပုံဖော်ထားပြီး စိတ်ခံစားမှုကို လှုပ်ခတ်‌စေအောင် နောက်ခံတေးတွေကိုလည်း သေချာအသုံးပြုထားတာကိုတွေ့ရပါမယ်။ ဒီလိုနဲ့ ခုနစ်ရက်ပြည့်တဲ့အချိန် သူတို့ဟာအသက်ရှင်နေခဲ့‌သေးရင် သူတို့ရဲ့အနာဂတ်နေ့ရက်မှာ သူတို့ကိုစောင့်မျှော်နေမယ့်သူတွေ၊ အဆုံးစီရင်ဖို့မကြိုးစားခင်က အထင်အမြင်လွဲမှားနေခဲ့တဲ့အရာတွေကို သိရှိသွားခဲ့ကြပြီးနောက်မှာတော့ သေကြောင်းကြံဖို့ ကြိုးစားနေခဲ့တဲ့ ဒီလူလေးယောက်ထဲမှာ ဘယ်သူတွေကဆက်ရှင်သန်ဖို့ လမ်းကို ရွေးချယ်မလဲ၊ ဘယ်သူတွေက‌ ကယ်တင်မှုကို လက်မခံဘဲ မူလရွေးချယ်မှုကိုပဲ ပြုလုပ်သွားကြမလဲဆိုတာကိုတော့ စိတ်ခံစားမှုကို ကိုင်လှုပ်‌ပေးမယ့် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီရုပ်ရှင်ဟာ စိတ်ဓာတ်ရေးရာ ဒရာမာကားဆိုပေမဲ့ တစ်ကားလုံး စိတ်ညစ်စရာတွေချည်းထိုင်ပြနေတာမဟုတ်ဘဲ ဘ၀မှာ ဘယ်လောက်ပဲ အခက်အခဲတွေနဲ့ ကြုံတွေ့ရပြီး ဆင်းရဲဒုက္ခခံစားနေရပါစေ ကိုယ့်ဘ၀ကိုရှေ့ဆက်‌နိုင်စေမယ့် အကြောင်းရင်း၊ ပျော်ရွှင်မှုတစ်စုံတရာ ရှိစမြဲဖြစ်ကြောင်းကို မက်ဆေ့ခ်ျပေးရင်း တချို့နေရာလေးတွေမှာ dark humor လေးတွေပါထည့်ထားပြီး ရိုက်ကူးထားပါတယ်။ ရုပ်ရှင်အပြီးမှာတော့ ကြည့်ရှုသူကိုယ်တိုင်လည်း ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်နဲ့ ပတ်သက်ပြီး ခေါင်းထဲမှာ အတွေးတစ်ခုခုတော့ ကျန်ရစ်ခဲ့မှာမလို့ ရုပ်ရှင်ကြည့်ပရိတ်သတ်အနေနဲ့ ဒရာမာကားကောင်းတစ်ကားကို ကြည့်ချင်နေတယ်ဆိုရင်တော့ သေချာပေါက်မြည်းစမ်းကြည့်ဖို့ ညွှန်းဆိုရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။ File size…(1.4 GB)/(764 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy, Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Drama • Comedy
6.7 2023
The First Day of My Life
A Christmas Serenade

ခရစ္စမတ်လည်းနီးလာပြီးဆိုတော့ အသစ်ထွက်ထားတဲ့ ခရစ္စမတ်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် Agents Of S.H.i.E.L.D ထဲကမင်းသား B.J.Britt နဲ့ Lucifer ဇာတ်လမ်းတွဲထဲက မင်းသမီး Skye Townsend တို့အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့ Romance/Holiday ဇာတ်ကားလေးတစ်ကားပါ အလုပ်နဲ့ ကမ္ဘာပတ်နေရပြီး အိမ်ကိုပြန်မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ အနုပညာသမားတစ်ယောက်ဖြစ်တဲ့ ဂျရာမိုင်း တစ်ယောက် ခရစ္စမတ်အကြိုမှာ အလုပ်ကိစ္စနဲ့ မွေးရပ်မြို့လေးဆီကိုပြန်လာဖြစ်ဖို့ အကြောင်းဖန်လာတာပေါ့ အရင်ရည်းစားဟောင်းဖြစ်တဲ့ ဝယ်လို ဆိုတဲ့ သူ့အဖေရဲ့ဧဝံဂေလိဘုရားကျောင်းက ဓမ္မတေးဆရာမလေးတစ်ယောက်နဲ့ ပြန်ဆုံပြီး ပြန်ပေါင်းထုပ်တဲ့အကြောင်းလေးပါ ဇာတ်ကားထဲမှာ မင်းသားရော မင်းသမီးရော သီချင်းဆိုတာ အသံတွေအရမ်းကောင်းကြပါတယ် ဇာတ်ဝင်သီချင်းလေးကတော့ အမိုက်ဆုံးပါပဲ ဒီတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည်နူး ခံစားကြည့်လိုက်ကြပါဦးနော်……… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.4 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

0 2023
A Christmas Serenade
Ali Topan

အချစ်ဒရာမာ ဇာတ်ကားကောင်းကောင်းလေးတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် အင်ဒိုဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Ali Topan ဖြစ်ပြီး IMDb Rating 5.5 ရရှိထားပါတယ်။လူငယ်အချစ်ဇာတ်လမ်း ပေါ့ပေါ့ပါးပါးလေးတစ်ကားဖြစ်ပြီးတော့ ယနေ့ခေတ်မှာ အဖြစ်များတဲ့ မိဘကသားသမီးအပေါ်တင်းကြပ်မှုတွေ ပျော်ရွှင်မှုနဲ့ အချစ်ကိုလိုအပ်တဲ့လူငယ်တွေရဲ့ကြားက အကြောင်းအရာတွေတွေကို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ ပုံဖော်ထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ အာလီဆိုတဲ့ ကောင်လေးရဲ့ မိသားစုကစီးပွားရေး အဆင်ပြေတယ်ဆိုပေမဲ့ မိဘတွေအချင်းချင်းအဆင်မပြေ မိဘတွေနဲ့ သူနဲ့လည်းအဆင်မပြေကြတဲ့အတွက် အာလီက သူ့သူငယ်ချင်းတွေရဲ့ တီးဝိုင်းနဲ့ပဲအချိန်ပြည့်ရှိနေသူ တစ်ယောက် ရှိပါတယ်။တစ်နေ့မှာတော့ သူတို့တီးဝိုင်းရှိရာကို ကောင်မလေး တစ်ယောက်ရောက်လာပြီး အာလီကလည်းမြင်မြင်ချင်း ကြွေသွားပါတော့တယ်။လူငယ်ချင်းဆိုတော့ စကားတွေ ပြောရင်း ရင်းနှီးသွားကြပြီး ကောင်မလေးက ဝန်ကြီးသမီး အန်နာဖြစ်ကြောင်းကို သိခဲ့ရပါတော့တယ်။အန်နာရဲ့ မိသားစုက သူ့အပေါ်အရမ်းတင်းကြပ်ပြီး လူကုံထံအသိုင်းအဝိုင်းမှာပဲ မွန်းကြပ်စွာနဲ့ ရှင်သန်နေရတဲ့အတွက် အာလီနဲ့တွေ့ခဲ့ရတဲ့ အချိန်တွေက သူအတွက် အရမ်းပျော်စရာကောင်းနေပါ တော့တယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်အာလီတို့လုပ်မဲ့ရှိုးပွဲမှာ ထပ်တွေ့ဖို့ အကြောင်းဖန်လာခဲ့ကြပြီး အဲ့ဒီညမှာပဲကြိုက်သွား ကြပါတော့တယ်။အဲ့ဒီတစ်ညတာက သူတို့အတွက်ပျော်စရာ ကောင်းခဲ့ပေမဲ့ ပွဲလုပ်တဲ့ အာလီတို့နေရာမှာ ပြဿနာတွေ အကြီးအကျယ်ထဖြစ်ပြီး လူတွေလည်းအများကြီးထိခိုက်ခဲ့ ပါတယ်။အာလီလည်း အဲ့ဒီကိစ္စနဲ့စိတ်တွေညစ် အန်နာလည်း အိမ်ကြောင့်နဲ့ စိတ်တွေညစ်နေကြပြီး စိတ်ပြေလက်ပျောက် ဖြစ်သွားအောင် ငယ်ငယ်ကတည်းက အိမ်ကထွက်သွားခဲ့တဲ့ အန်နာ့အစ်မဆီကို နှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့ အတူ ခရီးထွက်ခဲ့ကြပြီးနောက်မှာတော့ ကျန်နေခဲ့တဲ့အန်နာ့မိဘတွေက ပြဿနာအကြီးအကျယ်ထရှာပြီး ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရမဲ့ ဒရာမာဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.60GB / 749MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Adventure , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023
Ali Topan
The Wendigo

နာမည်ကြီး ယူကျူဘာတစ်ယောက်ဖြစ်တဲ့ လိုဂန်တစ်ယောက် သူ့ပရိသတ်တွေရဲ့ မဲပေးတာကနေပြီး မြောက်ကယ်ရိုလိုင်းနားက တောအုပ်ထဲမှာ တစ်ယောက်ထဲစခန်းချသွားခဲ့ပါတယ်။ တောထဲကိုရောက်တဲ့ညမှာ တိုက်ရိုက်လွှင့်နေရင်းနဲ့ လိုဂန်တစ်ယောက် ကင်မရာရှေ့က ပျောက်သွားပြီး စူးစူးဝါးဝါးအော်ဟစ်သံတွေနဲ့အတူ တိုက်ရိုက်လွှင့်တာရပ်သွားခဲ့ပါတယ်။ လိုဂန်ပျောက်သွားတာကြောင့် သူ့ရဲ့သူငယ်ချင်း ယူကျူဘာတွေကလည်း ရဲမတိုင်ပဲ တောအုပ်ထဲကို ဗလော့ရိုက်ရင်းနဲ့ လာရှာခဲ့ကြပါတယ်။ တောအုပ်ထဲရောက်ပြီးသိပ်မကြာလိုက်ပဲ နေ့လည်ခင်းအချိန်မှာ တဖြည်းဖြည်းအမှောင်ကျလာခဲ့ပြီး တီးတိုးပြောသံတွေကြားလာရတဲ့အခါ လိုဂန်ကိုလိုက်ရှာကြတဲ့ သူငယ်ချင်းတစ်သိုက်ရော တောအုပ်ရဲ့ ကျိန်စာကိုဘယ်ရင်ဆိုင်ကြရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်းတမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။ File size…(1.4 GB)/(775 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:08:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

Thriller • Mystery • Romance • Crime
0 2022
The Wendigo
The Diary
5

စပိန်ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိုလ်ဂါနဲ့ဗစ်တာတို့ဟာလင်မယားအဖြစ်မှ ကွာရှင်းထားပြီးသမီးလေးဗဲရာကိုတစ်ပတ်တစ်ခါအလှည့်ကျ ကိုယ့်အိမ်မှာကိုယ်ခေါပြီးစောင့်ရှောက်ရပါတယ်။ ဗဲရာက ငယ်စဉ်ဘဝက စိတ်ဒဏ်ရာရနိုင်တဲ့အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ထားရတာကြောင့် မိခင်ဖြစ်သူအိုလ်ဂါကကားလို့စ်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်နဲ့ပြခိုင်းထားတယ်။ အဲ့ဒီစိတ်ဒဏ်ရာကြောင့် အိုလ်ဂါဟာ တစ်သက်လုံးစုဆောင်းထားတဲ့ ပိုက်ဆံတွေကိုသုံးပြီး အခြားတစ်နေရာမှာအိမ်တစ်လုံးဝယ်လိုက်ပြီး သမီးဖြစ်သူနဲ့အတူနေဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်ကိုသန့်ရှင်းရေး လုပ်ရင်းနဲ့ ထူးဆန်းတဲ့သေတ္တာတစ်လုံးတွေ့ခဲ့တယ်။ အရင်အိမ်ရှင်ဟောင်းတွေ ကျန်ခဲ့တယ်အထင်နဲ့ထားလိုက်ပေမယ့် စဝယ်တုန်းက ဒီနေရာမှာဘာမှမရှိဘူးဆိုတာတော့သူအသေအချာသိတယ်။ သေတ္တာထဲဖွင့်ကြည့်လိုက်တဲ့အခါ ဒိုင်ယာရီစာအုပ်တစ်အုပ်နဲ့ ထူးဆန်းတဲ့ပစ္စည်းတွေကိုရှာတွေ့တယ်။ စာအုပ်ထဲမှာ လူတွေကို ညှင်းပန်းနှိပ်စက်ပြီးရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာတွေကို အသေးစိတ်ရေးထားတာကိုတွေ့လိုက်တယ်။ ကြောက်လန့်ပြီး သေတ္တာကိုလွှင့်ပစ်လိုက်ပေမယ့် အိမ်ကိုပဲပြန်ရောက်နေတယ်။ အဲ့လိုနဲ့ ကားလို့စ်ကိုအကူအညီတောင်းပြီး ဖြေရှင်းကြတဲ့အခါမှာတော့…… File size…1.20GB / 630MB Quality…WEB-Rip 1080p HEVC / 720p Format…mkv / mp4 Duration….1h 22m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5 2024 82 mins
The Diary
100 Yen Love
7.1

100 Yen Love (2014) ~ IMDb – 7.1/10, RT – 100%, MyDramaList – 7.3/10 ~ အသက် ၃၂ နှစ်အရွယ် ဆိုင်းတိုအီချိကို (Saito Ichiko) ဟာ မိဘများရဲ့ ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ ထမင်းဘူးဆိုင်မှာ ကူလည်းမကူညီ၊ တစ်ခြားသူတွေနဲ့လည်း အပြင်ထွက်လျှောက်မလည်၊ အခန်းအောင်းပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားနေတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ သူ့ညီမဖြစ်တဲ့ အိမ်ထောင်ကွဲ ကလေးအမေ ဖူမီကို (Fumiko) ဟာ ခင်ပွန်းနဲ့ကွာရှင်းပြီး မိဘအိမ်ဆီ ပြန်လည်ရောက်ရှိလာမှ အီချိကိုနဲ့ ရန်တကျက်ကျက်ဖြစ်နေလို့ နောက်ဆုံးမှာ အီချိကိုတစ်ယောက် သည်းမခံနိုင်တော့ဘဲ အိမ်ပေါ်ကနေ တစ်ယောက်တည်းနေမယ်လို့ပြောပြီး ဆင်းချသွားတယ်။ ဘယ်အလုပ်မှ မယ်မယ်ရရမလုပ်ဖူးတဲ့ အီချိကိုဟာ နေရေးထိုင်ရေးစားရေးသောက်ရေး အဆင်ပြေဖို့ ယန်းတစ်ရာစတိုးဆိုင်မှာ အချိန်ပိုင်းဝင်ရောက်လုပ်ကိုင်ရပါတော့တယ်။ အဲဒီစတိုးဆိုင်နဲ့ သူငှားနေတဲ့တိုက်ခန်းကြားက အသွားအပြန်လမ်းပေါ်မှာ လက်ဝှေ့အားကစားရုံတစ်ခုရှိလို့ အဲဒီအရှေ့ရောက်တိုင်း တစ်ယောက်သောအမျိုးသား လက်ဝှေ့လေ့ကျင့်နေတာကို ဘာရယ်မဟုတ် ငေးကြည့်မိနေရာမှ အဲဒီလူနဲ့ မျက်မှန်းတန်းမိပြီး ရင်းနှီးခင်မင်သွားတယ်။ အဲဒီကနေစပြီး သူ့ဘဝဟာ ပြန်လည်ကောင်းမွန်သွားမလား ပိုမိုဆိုးဝါးသွားမလားဆိုတာ အီချိကိုကိုယ်တိုင် မှန်းဆမရတော့ပါဘူး။ ပြောရရင် ဇာတ်လမ်းတစ်ခုလုံးက အီချိကိုရဲ့ အကျများများ အတက်နည်းနည်းဖြစ်တဲ့ ဘဝထဲက တစ်စိတ်တစ်ပိုင်းကို စိတ်ညစ်ဖွယ်၊ စိတ်ပျက်ဖွယ်၊ စိတ်ဆင်းရဲဖွယ်၊ ဟားတိုက်ဖွယ်၊ အားတက်ဖွယ် ထိုင်ကြည့်နေရမှာဖြစ်ပါတယ်။ အစပိုင်းမှာ ဘာမှမလုပ်ချင်၊ လူတွေနဲ့လည်းမဆက်ဆံချင်၊ အိမ်တွင်းပုန်းနေတဲ့သူက အကြောင်းတစ်ခုခုကြောင့် အားကစားတစ်ခုခုကိုတွေ့ပြီး စိတ်ပါလက်ပါ ကစားရင်း သူ့ဘဝတစ်ခုလုံးက နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် ပြောင်းလဲသွားနိုင်မလားဆိုတာကို ဇာတ်ကားထဲမှာ ရှုစားလိုက်ကြပါခင်ဗျာ။ 100 Yen Love ရဲ့ ဇာတ်ဆောင်အမျိုးသမီးဖြစ်တဲ့ “အီချိကို” ကို ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်ခဲ့တဲ့သူကတော့ တစ်ခြားသူမဟုတ်ပါဘူး၊ ၄၇ ကြိမ်မြောက် ဂျပန်အကယ်ဒမီရုပ်ရှင်ဆုပေးပွဲမှာ Monster (2023), Godzilla Minus One (2023) တွေနဲ့ အကောင်းဆုံးသရုပ်ဆောင်မင်းသမီးဆုနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုတွေကို ရသွားတဲ့ Sakura Ando ပဲဖြစ်ပါတယ်။ 100 Yen Love ကို ၈၈ ကြိမ်မြောက် အော်စကာဆုပေးပွဲ (၂၀၁၅) မှာ ဂျပန်ဘက်ကနေ အကောင်းဆုံးနိုင်ငံခြားဘာသာစကားပြောရုပ်ရှင်အနေနဲ့ စာရင်းသွင်းဖို့ ရွေးချယ်ခံထားရပေမဲ့ ဆန်ကာတင်မဝင်ခဲ့ပါဘူး။ ဒါပေမဲ့ ဂျပန်ရုပ်ရှင်ပွဲတော်များများမှာတော့ သက်ဆိုင်ရာရုပ်ရှင်ဆုများစွာကို အောက်ဖော်ပြပါအတိုင်း ရခဲ့ပါတယ်။ – 27th Tokyo International Film Festival(2014) မှာ Japanese Cinema Splash Award – 88th Kinema Junpo (2015) မှာ 8th best Japanese film of the year နဲ့ Best Actress Award – 24th Japan Film Professional Awards (2015) မှာ Best Film Award နဲ့ Best Director Award – 57th Blue Ribbon Awards (2014) မှာ Best Actress Award ဒီ 100 Yen Love (2014) ထွက်ရှိပြီး ဆယ်နှစ်အကြာ ဒီနှစ်အတွင်းမှာ တရုတ်ဗားရှင်းအဖြစ် “YOLO (2024)” ဆိုပြီး ထွက်ရှိလာခဲ့ပါတယ်။ *** There will be one sexual assault scene and nudity scenes. *** (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 920MB Quality – BluRay 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 53Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

7.1 2014 113 mins
100 Yen Love
Camp Crasher
5.5

ပတ်ထရီစီယာဆိုတဲ့ အမျိုးသမီးဟာ ဖခင်ဖြင်သူ သေဆုံးပြီး ခင်ပွန်းနဲ့လည်း ကွာရှင်းပြီးတဲ့အခါ မိမိဘဝထဲ ရာမီရိုဆိုတဲ့ သားလေးတစ်ယောက်ပဲ ကျန်ခဲ့တော့တယ်။ အလုပ်နဲ့ သားက လွဲလို့ ဘာမှမသိတဲ့ ပတ်ထရီဟာ သားလေးကို တုန်အောင်ချစ်တဲ့အလျောက် မျက်စိအောက်ကအပျောက်မခံဘဲ သေးသေးလေးကအစ စွက်ဖက်တတ်တဲ့ အမေမျိုးပါ။ ဒီလိုတွေကြောင့် ကျောင်းမှာ မားမားဘွိုင်းလို့ အစခံနေရတဲ့ ဆယ်ကျော်သက်ကောင်လေး ရာမီကတော့ အမေ့ကို နည်းနည်းမှ ကြည့်မရပါဘူး။ ပုန်ကန်တဲ့အရွယ်လေး ရောက်လာတာကြောင့် ရာမီဟာ တစ်အိုးတစ်အိမ်ထူထောင်နေပြီဖြစ်တဲ့ ဖခင်ဆီ သွားနေဖို့ ကြံစည်တော့တယ်။ ရာမီရဲ့အကြံကို တိတ်တခိုးသိသွားတဲ့ ပတ်ထရီဟာ ဘဝကြီးတစ်ခုလုံး တုန်လှုပ်သွားသလို ခံစားလိုက်ရပြီး သားလေးကို ဆုံးရှုံးရမှာ အရမ်းကြောက်သွားခဲ့တယ်။ ဒါကြောင့် သူမဟာ အမိုက်စားမေမေဖြစ်တယ်ဆိုတာ ရာမီကို ပြသဖို့အတွက် ရာမီရဲ့ ကျောင်းလေ့လာရေးခရီးမှာ ဒရိုင်ဘာအနေနဲ့ လိုက်လာပါတော့တယ်။ မိဘမေတ္တာကို ဖော်ကျူးတဲ့ မိသားစုဇာတ်လမ်းလေးဖြစ်တဲ့အလျောက် ကြည်နူးစရာ၊ စိတ်ဆိုးစရာ၊ ရယ်စရာတွေကို အလှည့်ကျ ရှူစားရမှာ ဖြစ်ပြီး ပိတ်ရက်မှာ ပေါ့ပေါ့ပါးပါးကြည့်နိုင်မဲ့ ဇာတ်ကားကောင်း တစ်ပုဒ်ဖြစ်ပါတယ်။ File size… (1.93GB) / (1.01GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

Drama • Mystery • Thriller
5.5 2024 95 mins
Camp Crasher
Straw Dogs
7.4

Straw Dogs(1971)ကို ကြည့်ပြီး နည်းနည်းတော့မှောင်သွားတယ်။ Rating ကို တစ်ချက်ရှိး ******Rating (4.5/5) လူတွေရဲ့ ရုပ်ရင်းကြမ်းတမ်းမှုတွေ အကြမ်းဖက်မှုတွေဟာလောကကြီးမှာ ဒီလိုပဲ ရှိနေတတ်တယ်ဆိုတာ မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်ကားလေးကောင်းတစ်ခုပါ။ ကျွန်မတို့ရော အကြမ်းဖက်မှုနဲ့ ကြုံလာခဲ့ရင်အေမီလိုပျော့ညံ့သွားမလား David Sumner (Dustin Hoffman) နဲ့ သူ့ဇနီး Amy တို့ဟာ ဆူညံပြီး အလုပ်များလှတဲ့ မြိုပြဘဝကနေ ထွက်ပြေးပြီး ကျေးလက်မှာ အေးချမ်းစွာ နေထိုင်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အိမ်အသစ်လေးဟာ ရက်စက်တဲ့ ဒေသခံများရဲ့ ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့် ကြောက်မက်ဖွယ် အိပ်မက်ဆိုးတစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။ နဂိုကတည်းမှာ ပျော့ညံ့တတ်တဲ့ David အနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့သူတွေလက်ကနေ သူ့မိန်းကို ကာကွယ်နိုင်မှာလားဆိုတာကတော့……. File size…(1.8 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by YDN

Horror • Thriller
7.4 1971 116 mins
Straw Dogs