YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Dr.Brain.2021.EP4(WEB-DL720P).mp4

521.12 MB N/A video/mp4 1309 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Vive L'Amour
7.1

~ IMDb - 7.4/10, Rotten Tomatoes - 86% ~ Directed by "Tsai Ming-liang" ထိုင်ဝမ်ရဲ့ ပထမနယူးဝေ့ကို ၁၉၈၂ နှောင်းပိုင်းတွေမှာ Edward Yang တို့ Hou Hsiao-hsien တို့နဲ့ တခြားဒါရိုက်တာတချို့ရဲ့ ရုပ်ရှင်တွေနဲ့ စတင်ခဲ့ပြီးတဲ့နောက် Tsai Ming-liang တို့ Ang Lee တို့အပါအဝင် ၁၉၉၀နှောင်းပိုင်း ဒါရိုက်တာတစ်ချို့က သူတို့ရုပ်ရှင်တွေနဲ့ ဒုတိယနယူးဝေ့ကို အသက်သွင်းခဲ့ကြပါတယ်။ အားလုံးဟာ ဟောင်ကောင် ပြည်မတို့နဲ့မတူတဲ့ ထိုင်ဝမ်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်တစ်ခု သီးခြားခံစားရအောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာကောင်းတွေချည်းပါပဲ။ သူတို့ထဲမှာ Tsai Ming-liang ရဲ့ ရုပ်ရှင်တွေဟာ တင်ပြပုံ အထူးခြားဆုံးလို့ပြောရမှာပါပဲ။ Ang Lee ကတော့ အမေရိကန်ရောက်သွားပြီး ပေါကားပေါင်းစုံပါရိုက်လာပေမဲ့ Tsai Ming-liang ဟာ နှစ်ပေါင်းများစွာကနေ ပြီးခဲ့တဲ့ ၂၀၂၀အထိလည်း ဒီလိုပုံစံကားမျိုးတွေကို ရိုက်တုန်းပါပဲ။ သူ့ရဲ့ပထမဆုံးရုပ်ရှင် Rebels of the Neon God မှာ သူ့ရုပ်ရှင်ဟာ ထိုင်ပေမြို့အငွေ့အသက် တော်တော်လေးလွှမ်းထားတယ်လို့ဆိုလို့ရပေမဲ့ အဲဒီနောက်ပိုင်းရုပ်ရှင်တွေမှာတော့ သူဟာ နေရာအစွဲကင်းတဲ့သူလို့ သူပြောဖူးတဲ့စကားနဲ့အညီပဲ သူ့ရုပ်ရှင်တွေဟာ ဒေသအပိုင်းအခြားမရွေးတဲ့ မြင်နေကြုံနေခက်ခဲခြင်းတွေ အာသီသတွေကို ပုံဖော်တဲ့ ရုပ်ရှင်တွေပိုဆန်လာတယ်။ သိသလောက်တော့ သူဟာ ဇာတ်လမ်းတစ်ခုတည်းထဲ နောက်ဇာတ်လမ်းပိစိလေးတွေကို ယက်ဖွဲ့တတ်တဲ့ဒါရိုက်တာမျိုးဖြစ်ပြီး အဲဒီဇာတ်လမ်းတွေမှာလည်း သေချာတဲ့ပြချင်တာတစ်ခု ရှိနေတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာဆိုရင်လည်း Main Story ဖြစ်တဲ့ မသိလိုက်ပါဘဲ တစ်ခန်းတည်း နေဖြစ်သွားကြတဲ့ လူသုံးယောက်ရဲ့ ဇာတ်လမ်းသုံးခုကို ပေါင်းစပ်ပေးထားပြီး တခြားဇာတ်လမ်းပိစိလေးပါထည့်ထားပါသေးတယ်။ သူ့ရုပ်ရှင်တွေဟာ ကင်ကီဒွပ်ရဲ့တစ်ချို့ကားတွေလောက်တော့ လုံးဝစကားမပြောတဲ့ ကားတွေတော့မဟုတ်ပေမဲ့ တော်တော်လေး စကားနည်းပြီး အပြကို ဦးစားပေးတဲ့ ရုပ်ရှင်တွေပါပဲ။ သူ့အပြတွေဟာလည်း တစ်ခါတလေကျ နိမိတ်ပုံဆန်ပြီး တစ်ခါတလေကျ တော်တော်လည်းစားပါတယ်။ ဒီထဲမှာဆို ဒီကားရဲ့ Theme ကို အရိုးအိုးရောင်းတဲ့နေရာနဲ့ ထပ်ဆင့်ပုံဖော်သွားခဲ့သလို ဖရဲသီးတစ်လုံးနဲ့ အာသီသကိုပုံဖော်သွားခဲ့သလိုပေါ့။ နားလည်ရတော့ခက်တဲ့အခန်းတွေလည်း ပါတတ်ပါတယ်။ အရေးတော့မကြီးလှပါဘူး။ သူပြတာကို ကြည့်လိုက်တယ်၊ ကြည့်နေတုန်း အဲဒီခပ်ဆန်းဆန်းအပြတွေကို သဘောကျနေမယ်၊ ကိုယ့်စိတ်နဲ့ကိုယ် အဓိပ္ပာယ်ကောက်ပြီး တစ်ခုခုခံစားလိုက်ရမယ်၊ အရသာရှိနေမယ်ဆို ပြီးပြီပဲမလား။ ကိုယ့်စက္ခုနဲ့ သိစိတ်ကရတဲ့ အရသာကိုမခံစားဘဲ ဒါရိုက်တာ တကယ်တမ်းပြချင်တာဘာလဲ ထိုင်ခေါင်းစားနေမယ်ဆို Art House ကားကြည့်ပေမဲ့ Art House ကား အရသာမရသလို ဖြစ်သွားမလားပဲ။ ဒီတော့ ဒီရုပ်ရှင်ဟာလည်း တစ်ခုခုကိုနားလည်ချင်စိတ်နဲ့ကြည့်ရမယ့် ရုပ်ရှင်မျိုးလို့တော့ ကျွန်တော်တော့မထင်ဘူး။ သူ့အရသာကို ခင်ဗျား ဒီတိုင်းခံစားလိုက်ရမယ့် ရုပ်ရှင်မျိုးပါပဲ။ အရင်နှစ်က သူ့ပထမဆုံးကားဖြစ်တဲ့ Rebels of the Neon God ကို တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခု Vive L'Amour ကတော့ သူ့ရဲ့ ဒုတိယကားပါ။ အနောက်တိုင်း ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရခဲ့သလို Art Film ကောင်းတွေကို ပြန်လည်ထိန်းသိမ်းထုတ်ဝေပေးတဲ့ Criterion Collection ကလည်း ဒီကားကို ပြန်ထုတ်ပေးထားခဲ့ပါတယ်။ Vive L'Amour ဆိုတဲ့ ပြင်သစ်စကားရဲ့ အဓိပ္ပာယ်ကတော့ ချစ်သက်ရှည်စေလို့ အဓိပ္ပာယ်ရနေပြီး တစ်ချို့ရုပ်ရှင်တွေလို ရုပ်ရှင်ရဲ့အပြနဲ့ ဒီစကားလုံးကို တွဲဖက်ခံစားကြည့်ဖို့ကလည်း တော်တော်တော့နားလည်ရခက်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ရဲ့ Theme လို့ ခံစားရတဲ့အရာနဲ့ တော်တော်မဆီမဆိုင်ဖြစ်နေတာကိုး။ ယူသလိုပဲ ရမှာပါပဲ။ တစ်ချို့အတွက်တော့ အကြိုက်ဆုံးကားဖြစ်သွားနိုင်တာပါပဲ။ တစ်ချို့အတွက်ကလည်း ဖြစ်ခဲ့ပြီးပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 820MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 58Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.1 1995 118 mins
Vive L'Amour
PULAU (2023)
6

သရဲကားခပ်ကောင်းကောင်းကြိုက်သူတွေအတွက် လူသူမဲ့ကျွန်းပေါ်ကို အလည်ခေါ်သွားမဲ့ မလေးရှားသရဲကားကောင်းကောင်းလေးတစ်ကားပါ။ ဇာတ်ကြောင်းကတော့ ခက်တို့ သူငယ်ချင်း၇ယောက် အားလပ်ရက်အပန်းဖြေခရီးထွက်ရင်း လူသူမဲ့ကျွန်းကြီးတစ်ခုအနီးမှာရေသွားကူးဖြစ်ကြပါတယ်။ နယ်ခံလှေဆရာကြီးပြောပြတာတော့ အဲ့ဒီကျွန်းဟာ တားမြစ်ထားတဲ့ကျွန်း၊ လူသူမနေတဲ့အပြင် ကျွန်းရဲ့ သမိုင်းကလည်းမကောင်းလှဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက် အဲ့ကျွန်းပေါ်ကနေထိုင်သူတိုင်းဟာ ကျိန်စာမိသွားပြီး သေဆုံးသွားကြတာ အလောင်းတောင်ရှာမရဘူးတဲ့....။ ခက်တို့က လူငယ်တွေပီပီ စူးစမ်းသွားကြည့်ချင်ပေမယ့် လှေဆရာကြီးက လိုက်မပို့ရဲတာနဲ့မရောက်ဖြစ်ခဲ့ဘူး...။ ဖြစ်ချင်တော့ ဒီပုံပြင်ကိုမယုံတဲ့ အခြားလူငယ်အုပ်စုတစ်ခုနဲ့ စကားအချေအတင်ဖြစ်ရင်း အလောင်းအစားတစ်ခုလုပ်မိတယ်...။ လောင်းကြေးကတော့ ရှုံးတဲ့အဖွဲ့ အဲ့ကျွန်းမှာ တစ်ညသွားအိပ်ကြေး....။ ကံဆိုးချင်တော့ ခက်တို့အဖွဲ့ရှုံးသွားပြီး အဲဒီကျိန်စာသင့်လူသူမဲ့ကျွန်းမှာ တစ်ညသွားအိပ်ရပါတော့တယ်...။ မလေးရှားသရဲကားဖြစ်လို့ ကြောက်ဖို့မကောင်းမှာ မပူရတဲ့အပြင် သရုပ်ဆောင်လူငယ်တွေကလည်းအဆင်တွေချည်းပါ။ ခက်တို့ အုပ်စုရော အဲ့ကျွန်းပေါ်ကနေ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ပါ့မလားဆိုတော့....။ File Size : 2.36GB,1009MB Quality : WEB-DL 1080P,720p Format : mp4 Duration : 01:51:00 Genre : Horror, Thriller, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Tiff

Comedy • Horror • TV Movie • Thriller
6 2023 111 mins
PULAU (2023)
The Haunting of the Tower of London
6.2

အင်္ဂလန်ရဲ့ Tudorအိမ်တော်က ဘုရင်တွေလက်ထပ်က ဇာတ်လမ်းပါ။ အင်္ဂလန်နန်းတွင်းကားကိုမှ Horror vibeနဲ့ ရိုက်ပြထားတဲ့ဇာတ်လမ်းပါ။ အတ်ဒဝတ်ဘုရင် လက်ထပ်မှာ အယ်လီဇဘက်မိဘုရားရဲ့ သားတော်နှစ်ပါးသေဆုံးသွားပါတယ်။ နန်းတော်ထဲက ထွက်ခဲလှတဲ့ သားတော်နှစ်ပါးသေဆုံးသွားတဲ့ တရားခံက နန်းတော်ထဲမှာပဲရှိမယ်ယူဆပြီး ရှာကြပါတယ်။ အတ်ဒဝတ်ရဲ့ ထီးနန်းကို လိုချင်နေတဲ့ ရစ်ချက်ဟာ နာမကျန်းဖြစ်နေတဲ့ အတ်ဒတ်ရဲ့ သားတော်နှစ်ပါးမရှိတော့တဲ့နောက် ထီးနန်းကို သူရမှာသေချာသလောက်ဖြစ်နေတဲ့အတွက် တရားခံကိုရစ်ချက်လို့ အယ်လီဇဘက်ရဲ့ အစေခံက ထင်ထားပါတယ်။ ဒါပေမဲ့ ဘာသက်သေမှမရှိခဲ့ပါဘူး။ ဒီတော့ အယ်လီဇဘက်ရဲ့အစေခံဟာ နန်းတော်ပြင်ပက သရဲတစ္ဆေတွေကို မြင်နိုင်တဲ့ စကားပြောနိုင်တဲ့ သူတစ်ယောက်အကြောင်း သဲ့သဲ့ကြားပြီး အဲဒီလူကို နန်းတော်ကိုခေါ်လာပြီး မင်းသားလေးတွေရဲ့ ဝိညာဉ်နဲ့ စကားပြောခိုင်းပြီး တရားခံဖော်ဖို့လုပ်တဲ့အခါမှာတော့..... သရဲကားလည်းဟုတ်သလို နန်းတွင်းကားလည်းဟုတ်သလို နှိပ်စက်ခန်းတွေလည်း မနည်းပါပါတယ်။ လိင်ဆက်ဆံခန်းတစ်ချို့လည်းပါတာကြောင့် မိသားစုနဲ့ ကြည့်လို့ အဆင်မပြေပါဘူး။ ရှေးခေတ်မှာ ဇာတ်အမ်တည်ထားလို့ ဆန်းပြားသလို ဇာတ်အိမ်ကလည်း အကွက်လေးတွေနဲ့ ကြည့်လှပါတယ်။ သရဲကားကြိုက်တဲ့ လူတွေအတွက်တော့ ကြည့်ကောင်းကြမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(1.6GB) / (800MB) Quality__1080p, 720p IMDb Rating__5.1/10 Format__mp4 Duration__01:30:00 Type__History, Horror Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Comedy • Drama • Romance
6.2 2022 89 mins
The Haunting of the Tower of London
Somewhere in Time
7.5

Somewhere in Time (1980) ~ IMDb rating - 7.2/10 ~ အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 1980 ရဲ့ Old but Gold ကားကောင်းတစ်ကားဖြစ်ပြီး Time Travel, Romance အမျိုးအစားဖြစ်ပါတယ်။ ဟိုးတုန်းက Original Superman မင်းသား Christopher Reeve ပါဝင်သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့... 1972 မှာ ရစ်ချတ်ကော်လီယာဆိုတဲ့ဘဲဟာ ပြဇာတ်တစ်ခုကို စီစဉ်ကပြနေတုန်း ထူးထူးဆန်းဆန်း အဖွားကြီးတယောက်ရောက်လာပြီး ခေတ်ဟောင်းနာရီတလုံး ပေးသွားတယ်။ ပြီးတော့ သူ့ဆီပြန်လာခဲ့ပါဆိုပြီး ရစ်ချတ်ကို ပြောသွားတယ်။ ၈နှစ်လောက်ကြာပြီး တစ်ရက်မှာ ရစ်ချတ်က Grand Hotel ကို ရောက်လာရင်းနဲ့ ဟိုးတုန်းက မင်းသမီးတယောက်ရဲ့ပုံကိုတွေ့ပြီး စွဲလမ်းသွားတယ်။ မင်းသမီးရဲ့အကြောင်းကို လိုက်ရှာရင်းနဲ့ အသက်ကြီးသွားတဲ့ပုံကိုတွေ့တော့ အဲဒီမင်းသမီးက သူ့ကိုနာရီလာပေးသွားတဲ့အဖွားကြီးဖြစ်မှန်းသိလိုက်ရတယ်။ တစ်နည်းနည်းနဲ့ မင်းသမီးကို သွားပြန်တွေ့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ရစ်ချတ်ဟာ အိပ်မွေ့ချတဲ့နည်းနဲ့ 1912 ကို အချိန်နောက်ပြန်သွားလိုက်ပါတယ်။ အဲဒီမှာ မင်းသမီး အဲလိစ်နဲ့တွေ့ပြီး နှစ်ယောက်သား ချစ်မိသွားတယ်ဆိုပေမဲ့ အဲလိစ်ရဲ့မန်နေဂျာက မကျေနပ်ပဲ ကန့်ကွက်ပါတယ်။ မန်နေဂျာရဲ့ သဘောမတူတဲ့ကြားက သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက ခိုင်မြဲပါ့မလား... ရစ်ချတ်ကရော 1912 မှာ ဆက်ရှိနေနိုင်မှာလား... နှစ်​ယောက်သားရဲ့အချစ်ရေးက ဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာကတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.95GB, 795MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 43Min Genre - Drama, Fantasy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Action & Adventure • Sci-Fi & Fantasy
7.5 1980 103 mins
Somewhere in Time
Sayen
6.7

Sayen(2023) ************ လီတောင်ပိုင်းမှာ မူချီလူမျိုးတွေဟာ မြို့ပေါ်ကလူတွေနဲ့ ဆက်ဆံမှုကင်းဝေးပြီးသစ်တောထဲမှာ တစ်သီးတစ်သန့်နေထိုင်ကြတယ်၊ ဆိုင်ရန်ဟာ ဝင်ကာလို့ခေါ်ကြတဲ့မြို့ပေါ်မှာ ပညာဆည်းပူးပြီး နေရပ်ကိုပွဲတော်ရက်အမှီပြန်လာခဲ့ပါတယ်၊ ခြောက်နှစ်လောက်ဝေးကွာနေတဲ့ အဖွားဖြစ်သူကလည်းသူမြေးပြန်လာတော့ဝမ်းသာနေတာပေါ့၊ တစ်နေ့မှာ အက်တွန်ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင်စောင့်ရှောက်ရေးကုမ္ပဏီက လူတစ်စုသူတို့ဆီကို မြေတွေရောင်းချဖို့အတွက်လာကမ်းလှမ်းတယ်။ အဖွားဖြစ်သူ အီဝမ်က နှစ်ပေါင်းများစွာနေနေတဲ့ ဒီမြေတွေမရောင်းနိုင်တဲ့အကြောင်းပြောပြီးနှင်လွှတ်လိုက်တယ်၊ ဆိုင်ရန်ဟာ မသကႅာတာနဲ့နောက်ယောင်ခံလိုက်ကြည့်တဲ့အခါ သစ်တောထဲက သဘာဝအရင်းအမြစ်တွေကို ခိုးဝှက်တူးဖော်လုပ်ကိုင်နေတဲ့ကုမ္ပဏီမှန်းသိသွားပြီးတော့ မှတ်တမ်းပါယူလာလိုက်တယ်၊ ကုမ္ပဏီအဖွဲ့ကလူတွေ သူမှတ်တမ်းတင်တာသိသွားတော့လိုက်လံဖမ်းဆီးတဲ့အခါမှာတော့……. File Size :(2.7GB)(1.1GB) and (380 MB) Quality : WEB-DL 1080p5.1Ch,720p Format…mp4 Duration…01:34:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

6.7 2023 94 mins
Sayen
Ugly
7.9

Ugly (2013) “အကျည်းတန်” ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb 7.9/10, Rotten Romatoes 60% ရရှိထားတဲ့ ဘောလိဝုဒ်ကားလေးပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း အိန္ဒိယနိုင်ငံဟာ ခိုးမှု၊ လုယက်မှု၊ ကိုယ်ထိလက်ရောက်ပြုလုပ်မှု၊ လိင်ပိုင်းဆိုရာ‌စော်ကားမှု၊ ပြန်ပေးဆွဲမှု အစရှိသည်ဖြင့် ရာဇဝတ်မှုဖြစ်ပွါးမှုနှုန်း အတော်လေးမြင့်တဲ့ နိုင်ငံတစ်ခုပါ။ ခေတ်ကာလတိုးတတ်လာနဲ့အမျှ အမှုဖြေရှင်းနှုန်း ပိုကောင်းလာသော်ငြား တပြိုင်ထဲမှာပဲ ပြစ်မှုကျူးလွန်မှုဟာလည်း လျော့သွားခြင်းမရှိပါဘူး။ ဒါမျိုးနိုင်ငံမှာ ကလေးတစ်ယောက်ပျောက်တယ်ဆို ဘယ်‌လိုတောင် ပူပန်နေရမလဲ တွေးသာကြည့်ပါတော့။ မင်းသားရူးရူးနေတဲ့အဖေနဲ့ တီဗီကလွဲ လောကကြီးကိုစိတ်ပျက်နေတဲ့အမေတို့ရဲ့ တစ်ဦးတည်းသောသမီး ကာလီဟာ စနေနေ့တိုင်းအဖေနဲ့ သွားတွေ့ခွင့်ရပါတယ်။ ဒီလိုနဲ့တနေ့ ကားပေါ်မှာ ကာလီတစ်ယောက်တည်းချန်ခဲ့ပြီး ဇာတ်ညွှန်းသွားယူတဲ့အဖေဖြစ်သူ ပြန်လာတဲ့အချိန်မှာတော့ ကာလီလေးရဲ့အရိပ်အယောင်တောင်မတွေ့ရတော့ပါဘူး။ ဖြစ်ချင်တော့ တစ်ခုတည်းသောသဲလွန်စဖြစ်တဲ့ လူကလည်း လိုက်ဖမ်းရင်း အသက်ဆုံးသွားခဲ့တယ်။ လူပျောက်မှုထက် လူသေမှုကိုပဲစိတ်ဝင်စားတဲ့ရဲတွေဟာလည်း ကလေးကို ဖိဖိစီးစီးမရှာပေးကြတဲ့အခါ ကာလီ့ရဲ့ပထွေးဖြစ်တဲ့ အမှုစစ်ကပါ ဝင်ပါလာရပါတော့တယ်။ ရှာရင်းဖွေရင်း အမှုလိုက်ရင်းနဲ့ သမီးဇောကပ်လာတဲ့အခါ ဒီအဖေနှစ်ယောက်လည်း အချင်းချင်းသံသယမကင်းဖြစ်လာပါတော့တယ်။ အမျိုးမျိုးသော ရှုထောင့်တွေကနေ အကွက်ကျကျရိုက်ကူးထားတဲ့ကားလေးမို့ စိတ်ဝင်စားဖို့ကောင်းမှာ အသေအချာပဲမို့ ကြည့်ရကျိုးနပ်တဲ့ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ (အညွှန်းနဲ့ ဘာသာပြန်ထားတာကတော့ Aditi~Cherry~KKKZ~V~BpLတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.9 2013 128 mins
Ugly
The Butterfly Effect 2

နစ် လာဆင်ဟာ သူ့ရဲ့ကောင်မလေး ဂျူလီ မီလာကို မတော်တဆမှုတစ်ခုမှာ ဆုံးရှုံးခဲ့ရပြီး သူ့ရဲ့ အောင်မြင်နေတဲ့ အလုပ်အကိုင်တွေနဲ့ ပျော်ရွှင်ဖွယ်ရာ ဘဝတစ်ခုဟာ ကွဲကြေပျက်ဆီးခဲ့ရပါတယ်. အဲဒီလိုနဲ့ သူ့ကိုယ်သူအပြစ်ရှိတဲ့ စိတ်နဲ့ရှင်သန်နေပြီး တစ်နှစ်လောက်အကြာမှာတော့ နစ်ဟာ သူ အချိန်နောက်ပြန်သွားနိုင်တယ်ဆိုတာကို မထင်မှတ်ပဲ သိသွားခဲ့ပါတယ်. သူက အဲဒီ့အစွမ်းကိုသုံးပြီးတော့ သူ့ကောင်မလေးဂျူလီ မသေဆုံးရအောင် ကာကွယ်ပါတော့တယ်. ကံမကောင်းစွာနဲ့ နစ်ရဲ့ အဲဒီလို အချိန်နောက်ပြန်သွားခြင်းဟာ အနာဂတ်မှာ ဖြစ်လာမယ့် အရာတွေကိုပါ ထိခိုက်လာပါတော့တယ်. နစ် တစ်ယောက် ဘာမှဆိုးဆိုးရွားရွားမဖြစ်ပဲ သူချစ်ရတဲ့ ဂျူလီကို ကယ်နိုင်မလား…. ဒါမှမဟုတ် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းတစ်ခုလုံးကို စီးမျောပြီး အချိန် တစ်နာရီခွဲလောက် ကုန်လို့ကုန်သွားမှန်းမသိအောင်ကို ဆွဲဆောင်ထားနိုင်တဲ့ Mystery Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်. နာမည်ကျော် The Mask ရုပ်ရှင်, Child’s Play 3 ရုပ်ရှင်တွေအပြင် အခြားနာမည်ကြီး Horror ကားတွေဖြစ်တဲ့ Insidious, The Conjuring နဲ့ Annabelle တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ John R. Leonetti ရိုက်ကူးထားတာဖြစ်လို့ တစ်ကယ်ကို ကြည့်ရတာတန်တဲ့ ဇာတ်ကားတစ်ကားဖြစ်မှာ အသေအချာပါပဲ… File size…(1.7 GB)/(849 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Drama, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jo Joe

Action • Comedy
0 2006
The Butterfly Effect 2
Starfish
8.6

Starfish (2023) “ပင်လယ်အောက်က လမ်းပျောက်ကြယ်” =========================================== IMDb 8.7/10 Dhokha: Round D Corner ဆိုတဲ့ ၂၀၂၂ ထွက် ရုပ်ရှင်ထဲမှာ တမီလ်မင်းသားကြီး အာရ်မာဒေဗန်းနဲ့ အပြိုင်သရုပ်ဆောင်ပြီး အနီရောင်ဆာရီတစ်ထည်တည်းနဲ့ ပရိသတ်တွေကို ပြုစားခဲ့တဲ့ မင်းသမီးချော ခူရှားလီကူးမားရ်ရဲ့ Starfish ဆိုတဲ့ ရုပ်ရှင်လေးထွက်ရှိလာပါပြီ။ ဒီရုပ်ရှင်ဟာဆိုရင် မင်းသမီးခူရှားလီကူးမားရ်ရဲ့အလှတွေနဲ့အတူ ပင်လယ်ရေအောက်ကမ္ဘာကြီးရဲ့ ပဟေဠိဆန်တဲ့အလှအပတွေကိုပါ သေချာပုံဖော်ပြထားလို့ ပရိသတ်တွေအတွက် မျက်စိပဒါသဖြစ်စေမှာ အမှန်ပါပဲ။ ပင်လယ်ဆိုတာ အပေါ်ယံမှာ လှပေမဲ့ ဘယ်သူမှမမြင်နိုင်တဲ့အတွင်းပိုင်းမှာတော့ လျှို့ဝှက်ချက်တွေပြည့်နေပါတယ်။ တာရာ့ဘဝဟာလည်း အဲဒီလိုပါပဲ။ အပြင်ပိုင်းမှာ စင်းလုံးချောလှတဲ့ ရေငုပ်သမလေးဆိုပေမဲ့ လူတွေမသိတဲ့အတွင်းပိုင်းမှာတော့ မှောင်မိုက်ရှုပ်ထွေးမှုတွေ မတည်ငြိမ်မှုတွေ ပြည့်နှက်နေပါတယ်။ ပင်လယ်ကြီးလိုမျိုး နားလည်ရခက်တဲ့တာရာဟာ သူချစ်တဲ့ယောက်ျားတစ်ယောက်နဲ့ သူ့ကိုချစ်တဲ့ ယောက်ျားတစ်ယောက်ကြားမှာ ဘဝရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ချရင်း သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းအတူ စိတ်ဒဏ်ရာတွေကို ဖွင့်လှစ်ပြပုံကို တာရာ့ရဲ့ အလှအပတွေနဲ့အတူ ဒီရုပ်ရှင်လေးထဲမှာမြင်ရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.6 2023
Starfish
The Vampire Next Door
4.4

ဒီတစ်ခေါက်မှာတော့ ဒီနှစ်မှာမှ ထွက်ရှိထားတဲ့ Horror ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကမ်မရွန်က အနေအေးတဲ့ introvert လေးတစ်ယောက်ဖြစ်ပြီး လှပ ဆွဲဆောင်မှုရှိတဲ့ ဒိုင်ယန့်ကို အထက်တန်းကျောင်းကတည်းက ကြိတ် crush နေရသူပါ။ ဒိုင်ယန့်ကို သဘောကျပေမဲ့ ဖွင့်မပြောဖြစ်ဘဲ သူငယ်ချင်းစည်းထဲမှာပဲ နေနေရာကနေ သူ့ဘေးအိမ်ကို ကောင်မလေးတစ်ယောက် ပြောင်းလာခဲ့ပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ အဲဒီကောင်မလေးက တကယ်တမ်း ဗန်ပိုင်းယားတစ်ယောက်ဖြစ်နေခဲ့ပြီး သူနဲ့ပါ ပတ်သက်ဆက်နွယ်လာခဲ့ချိန်မှာတော့… ကမ်မရွန်တစ်ယောက် crush အလှလေးဒိုင်ယန်နဲ့ အိမ်နီးချင်း အကိတ်ဗန်ပိုင်းယား မမ နှစ်ယောက်ကြားမှာ ဘယ်လိုတွေ ဗျာများရမလဲဆိုတာနဲ့ ဘေးအိမ်ကဗန်ပိုင်းယားက သူနဲ့ဒိုင်ယန့်အတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.7 GB)/(861 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

4.4 2024
The Vampire Next Door
The Merchant of Venice

အလယ်ခေတ် ၁၆ ရာစု ဝန်းကျင်မှာ ဥရောပဒေသတစ်လျှောက် ဖြန့်ကျက်နေထိုင်တဲ့ ဂျူးတွေက ဘာသာရေးအရ ခွဲခြားဖိနှိပ်ခြင်းကို ခံရပါတယ်။ ဖွံ့ဖြိုးလွတ်လပ်လှပါချည်ရဲ့ဆိုတဲ့ ဗင်းနစ်မြို့မှာတောင် ဂျူးဘာသာဝင်တွေက ခရစ်ယာန်ဘာသာဝင်တွေနဲ့ တန်းတူအခွင့်အရေး မရကြပါဘူး။ ဗင်းနစ်ရဲ့ ‘ဂက်တို’ လို့ခေါ်တဲ့ ရှေးဟောင်းဒေသတစ်ခုမှာပဲ ဂျူးလူမျိုးတွေကို စုစည်းနေထိုင်ခိုင်းပြီး ညနေ နေဝင်တာနဲ့ အဲဒီဒေသရဲ့ ဂိတ်တံခါးကို ခရစ်ယာန်တပ်တွေနဲ့ ပတ်လည်ဝိုင်း ပိတ်ချပါတယ်။ နေ့ဘက်ဆိုရင် ဂက်တိုဒေသကနေ ထွက်ခွာတဲ့ ဘယ်ဂျူးမဆို ဂိတ်ရိုးကို ကျော်တာနဲ့ အနီရောင်ဦးထုပ်ကို ဝတ်ဆင်ရပါတယ်။ ခရစ်ယာန်တွေနဲ့ မရောသွားအောင်ပေါ့။ အဲဒီနည်းနဲ့ ဗင်းနစ်ရဲ့ ဥပဒေထဲမှာ ဂျူးတွေကို တရားဝင်ခွဲခြားထားတာပါ။ နောက်ပြီး ဘယ်ဂျူးမဆို စည်းစိမ်ဥစ္စာ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ဒီတော့ ဗင်းနစ်မြို့မှာ နေတဲ့ ဂျူးဘာသာဝင်တွေက ဘာစီးပွားမှ လုပ်မရမဲ့ တူတူဆိုပြီး ရှိတဲ့ငွေကို အတိုးချေးစားကြပါတယ်။ အဲဒီငွေတိုးချေးစားတာကိုလဲ ခရစ်ယာန်ဘာသာမှာ တားမြစ်ပညတ်ထားပြန်တယ်။ ဗင်းနစ်မြို့က ကုန်သည် – The Merchant of the Venice ရုပ်ရှင်က နာမည်ကျော် ဝီလျံရှိတ်ခ်စပီးယားရဲ့ ပြဇာတ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ၂၀၀၄ ခုနှစ်က ရုပ်ရှင်ပါ။ အလယ်ခေတ် ၁၆ ရာစုဝန်းကျင်က ဗင်းနစ်မြို့ကို အခြေတည်ပြီး ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းက အန်တိုနီယိုလို့ခေါ်တဲ့ ဗင်းနစ်က နာမည်ကြီး ကုန်သည်တစ်ဦးက သူ့မိတ်ဆွေ ဘာဆန်နီယို အကူအညီတောင်းလို့ ရှိုင်းလော့ခ်လို့ ခေါ်တဲ့ ဂျူးလူမျိုးသူကြွယ်ဆီမှာ ငွေချေးပါတယ်။ ဘာဆန်နီယိုက ပေါ်တီယာလို့ခေါ်တဲ့ မိန်းမလှလေးတစ်ဦးကို တင်တောင်းသွားချင်တာမို့ အဲဒီငွေကို လိုတာပါ။ ဂျူးကြီးကလဲ ငွေကို အတိုးမယူဘဲ ချေးလိုက်ပါတယ်။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ အဲဒီငွေကို အချိန်မီ မဆပ်နိုင်ခဲ့ရင် အန်တိုနီယို့အသားတစ်ပေါင်ကို လှီးယူမယ်လို့ ကတိကဝတ်တောင်းလိုက်တာပါ။ ဒါပေမဲ့ အန်တိုနီယိုက ပြန်မဆပ်နိုင်ခဲ့ပါဘူး။ ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုတွေကို ကာလအဆက်ဆက် ခံလာရတဲ့ ဂျူးကြီးရဲ့ လက်စားချေချင်ဇော အဟုန်တွေက ဘယ်လောက်ပြင်းလဲ၊ ချေးထားတဲ့ ငွေကို အန်တိုနီယို တစ်ယောက် ပြန်မဆပ်နိုင်တော့တဲ့ အခါ ဘာဆက်ဖြစ်မလဲ၊ ဘာဆန်နီယိုနဲ့ ပေါ်တီယာတို့ ကြားက အချစ်ကကြိုးကရော ဘယ်လိုနှစ်ပါးသွားမလဲနဲ့ ဗင်းနစ်မြို့ရဲ့ ဥပဒေက ဂျူးတွေကို ဘယ်လိုဘယ်ပုံနဲ့ ခွဲခြားထားလဲ . . . စတာတွေကို ဥရောပအလယ်ခေတ်ရဲ့ ပြယုဂ်ကို အမိဖမ်းရင်း တစ်စိမ့်စိမ့်နဲ့ အရသာခံကြည့်ရှုနိုင်မဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ အဓိက ဇာတ်လိုက်ဖြစ်တဲ့ ဂျူးကြီး ရှိုင်းလော့ခ်ကိုတော့ The Godfather ရုပ်ရှင်တွေထဲ မိုက်ကယ်ကော်လီယွန်အဖြစ် မြင်တွေ့နေကျဖြစ်တဲ့ ဂန္ထဝင်မင်းသားကြီး Al Pacino က ပါဝင်သရုပ်ဆောင်ထားပါတယ်။ အန်တိုနီယိုနေရာမှာတော့ Kingdom of Heaven နဲ့ The Man in the Iron Mask တို့မှာ ပါဝင်ခဲ့တဲ့ Jeremy Irons က အားဖြည့်ပေးထားသလို အချစ်သူရဲကောင်း ဘာဆန်နီယိုဇာတ်ကောင်ကိုတော့ Enemy at the Gate က Joseph Fiennes က ယူထားပါတယ်။ အသက်ရှူမှားအောင်ကို လှပြီး တစ်ကားလုံး မျက်တောင်မခတ်တမ်း ငမ်းရမဲ့ ရှုမငြီး အလှပဂေးလေး ပေါ်တီယာနေရာမှာတော့ X-Men, John Carter နဲ့ Walking Dead တို့မှာ ပါဝင်ဖူးတဲ့ မင်းသမီးချောလေး Lynn Collins ကို တွေ့ရပါလိမ့်မယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:12:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Thukha Min

Animation • Family • Adventure • Science Fiction
0 2004
The Merchant of Venice
A Little Family Drama
7.1

A Little Family Drama (2024) IMDb Rating (7.1) 2024 ခုနှစ်ထွက်တဲ့ အမေရိကန် ဟာသ-ဒရာမာ ရုပ်ရှင်ဖြစ်ပြီး၊ မက္ကဆီကန်-အမေရိကန် မိသားစုတစ်စုရဲ့ ဘဝကို အခြေခံထားပါတယ်။ ဇာတ်လမ်းမှာ Sepulveda မိသားစုဟာ သူတို့ရဲ့ နာမည်ကြီးစားသောက်ဆိုင်ကို စောင့်ရှောက်နေကြပြီး၊ နှစ်စဉ်ကျင်းပတဲ့ မိသားစုပြန်လည်ဆုံဆည်းပွဲအတွက် ပြင်ဆင်နေကြပါတယ်။ ဒါပေမယ့်၊ သားဖြစ်သူ မာတီးရက်ရဲ့ တလွဲလုပ်ချက်တွေကြောင့် မိသားစုအတွင်းမှာ အငြင်းအခုန်တွေ၊ စိတ်ညစ်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဇာတ်လမ်းအကျဉ်း Taco မုန့်ကားအသစ်အဆန်းကြီးကို ကြော်ငြာခဲ့ပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေကို စိတ်ပျက်သွားစေလောက်အောင်ထိ မအောင်မြင်ခဲ့တဲ့ မာတီးရက် တစ်ယောက် အမေ မသိအောင် အဖွားနဲ့တိုင်ပင်ကာ မိသားစု စားသောက်ဆိုင်ကို ဘဏ်မှာအပေါင်ခံထားတာကြောင့် ဆုံးလုနီးနီးဖြစ်နေပါတယ်။ အဲ့နောက်မှာ မိသားစုညစာစားပွဲကလဲ နီးကပ်နေပြီမို့ အားလုံးလဲပြာယာခက်နေတဲ့ကြားက မတီးရက်တစ်ယောက် အဲ့အကြောင်းကို ဘယ်လိုများဖုံးကွယ်ထားမလဲ? မတီးရက်တစ်ယောက် အခုလက်ရှိဖြစ်နေတဲ့ ပြဿနာကို​ဘယ်လိုပြန်လည်ဖြေရှင်းမလဲဆိုတာနဲ့ မိသားစုအတွင်းမှာဖြစ်လာတဲ့ ငြင်းခုန်မှု၊ စိတ်ပူပန်မှုတွေကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာ ကြည့်ရှုရမည့် ဟာသကားလေးပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ KarmT ဖြစ်ပါတယ်။) File size… (1.4 GB) / (630 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Drama Duration…. 01:30:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by KarmT

Adventure • Romance
7.1 2024 88 mins
A Little Family Drama
Pariwar
7.8

Pariwar (2025) ‘လက်စွပ်တစ်ကွင်းပြဿနာ’ =============================== မလေယာလမ် ကျေးလက်ဟာသရုပ်ရှင်လေးတစ်ကားကို တင်ဆက်လိုက်ပါတယ် တစ်ချိန်က ဆင်တွေကိုတောင် ယဉ်အောင်လုပ်ပေးခဲ့တယ်ဆိုတဲ့ ဘာစကာရန်တစ်ယောက် အသက် ၉၉ နှစ်အရွယ်မှာ ပန်းနာနဲ့ အိပ်ရာထဲလဲနေပါတော့တယ် ဒီတော့မှပဲ သားလေးယောက် အိမ်ကိုရောက်ချလာပြီး လက်စွပ်တစ်ကွင်းကို လုကြတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် မကျေနပ်ချက်တွေပေါ်လာပြီး ဘာတွေဆက်ဖြစ်ကြမလဲ လူ့သဘာဝနဲ့ ရုပ်ဝတ္ထုစွဲလမ်းမှုအကြောင်းတိုကို ဟာသလေးနှောပြီး တင်ဆက်ထားတဲ့ ဒီမိသားစုဇာတ်လမ်းလေးမှာ ပရိသတ်တို ခံစားကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Romance • Drama
7.8 2025
Pariwar
Terror Firma
5.5

ပိတ်ရက်မှာ မိုးအေးအေးနဲ့ လမ်းမထွက်ဘဲ အပျင်းပြေ ကြည့်နိုင်ဖို့ Science Fiction Thriller ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်နိုင်ငံ လော့စ်အင်ဂျလိစ်မြို့အပါအဝင် နိုင်ငံတစ်ဝှမ်းကို အစိုးရအာဏာပိုင်တွေက ဘာကြောင့်ဆိုတာ အကြောင်းရင်း မပြောဘဲ နေအိမ်တွင်းမှာပဲ နေထိုင်ဖို့ လော့ဒေါင်းချဖို့ ပြင်ဆင်နေပါတယ်။ လိုလာဆိုတဲ့ ကောင်မလေးက လော့ဒေါင်းမချခင် သူမရဲ့ အစ်ကို ဖြစ်သူ နေထိုင်တဲ့ အိမ်ကို အထုပ်အပိုးတွေနဲ့ အရောက်သွားခဲ့ပါတယ်။ ဟိုမှာ သူ့အစ်ကိုနဲ့အတူ အခြားအခန်းဖော် ကေ့ချ်ဆိုတဲ့ အူကြောင်ကြောင် တစ်ယောက်လည်း အတူရှိနေတာပါ။ နေအိမ်ပြင်ပ ထွက်ခွင့်မပေးဘဲ တစ်ပတ်တစ်ခါ ရိက္ခာလာချသွားတဲ့ အထုပ်ကြီးထဲမှာ မျိုးစေ့တစ်ထုပ် ထူးဆန်းစွာနဲ့ ပါလာခဲ့ပါတယ်။ လိုလာဟာ အဲဒီမျိုးစေ့တွေကို ခြံထဲက မြေကွက်လပ်မှာ စိုက်လိုက်ပြီး နောက်နေ့မှာပဲ ထူးဆန်းစွာနဲ့ သူမပျိုးစေ့ထည့်ခဲ့တဲ့ မြေဟာ အပေါက်ကြီး ဖြစ်နေပြီး အဲဒီအထဲမှာ စေးကပ်ကပ် မွှေးပျံ့တဲ့ အရည်တစ်မျိုး ရှိနေပါတယ်။ အဲဒီအရည်တွေကို သူတို့သုံးယောက် စမ်းသပ်သောက်ကြည့်လိုက်တဲ့ အခါမှာတော့…..။ File Size… (1.33 GB) / ( 569 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 22m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Crime • Thriller
5.5 2024 94 mins
Terror Firma
Beloved

ဒီဇာတ်ကားက Toni Morrison ရဲ့ Pulitzer ဆုရထားတဲ့ ဝတ္ထုကို အခြေခံထားပြီး၊ ဒါရိုက်တာ Jonathan Demme က ရိုက်ကူးထားတဲ့ ဒရာမာနဲ့ သည်းထိတ်ရင်ဖိုမှုတွေ ပါဝင်တဲ့ ရုပ်ရှင်တစ်ခုပါ။ ၁၉ ရာစုနှစ် အမေရိကန်ပြည်တွင်းစစ်ပြီးခေတ် အိုဟိုင်းယိုးပြည်နယ် (Ohio) မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းက Sethe (Oprah Winfrey) ဆိုတဲ့ အာဖရိက-အမေရိကန် အမျိုးသမီးတစ်ယောက်အကြောင်းပါ။ သူမဟာ ကျွန်စနစ်ရဲ့ ရက်စက်မှုကနေ လွတ်မြောက်လာခဲ့ပြီး၊ သမီးဖြစ်သူ Denver (Kimberly Elise) နဲ့အတူ ဘဝသစ်တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် သူတို့ရဲ့အိမ်မှာ ထူးဆန်းတဲ့ ဝိညာဉ်တစ်ခုရဲ့ ခြောက်လှန့်မှုတွေ ရှိနေပြီး Sethe ရဲ့ အတိတ်က သေဆုံးခဲ့တဲ့ သမီးဖြစ်သူနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ထားပါတယ်။ တစ်နေ့မှာ Beloved (Thandiwe Newton) ဆိုတဲ့ ထူးဆန်းတဲ့ မိန်းမပျိုတစ်ယောက် သူတို့အိမ်ကို ရောက်လာပြီး Sethe နဲ့ Denver ရဲ့ဘဝထဲကို ဝင်ရောက်လာပါတယ်။ Beloved ရဲ့ ရောက်လာမှုက Sethe ရဲ့ အတိတ်က အကြမ်းဖက်မှုတွေ၊ ဆုံးရှုံးမှုတွေနဲ့ သူမရဲ့ သားသမီးတွေကို ကာကွယ်ဖို့ လုပ်ခဲ့ရတဲ့ နာကျင်ဖွယ် ဆုံးဖြတ်ချက်တွေကို ပြန်လည်အမှတ်ရစေပါတယ်။ Paul D (Danny Glover) ဆိုတဲ့ Sethe ရဲ့ အတိတ်က သူငယ်ချင်းတစ်ယောက်လည်း ဇာတ်လမ်းထဲမှာ ပါဝင်လာပြီး ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို ရင်ဆိုင်ကြရပါတယ်။ ဒီဇာတ်ကားက ကျွန်စနစ်ရဲ့ ရက်စက်မှု၊ မိသားစုရဲ့ ချစ်ခြင်းမေတ္တာ၊ စိတ်ဒဏ်ရာတွေကို ကျော်လွှားခြင်းနဲ့ လွတ်မြောက်မှုရဲ့ အဓိပ္ပါယ်ကို နက်ရှိုင်းစွာ စူးစမ်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ Oprah Winfrey နဲ့ Thandiwe Newton တို့ရဲ့ သရုပ်ဆောင်မှုတွေက ဇာတ်ကားရဲ့ အားသာချက်တစ်ခုဖြစ်ပြီး လူ့စိတ်နဲ့ သမိုင်းရဲ့ နာကျင်ဖွယ်အမှန်တရားတွေကို ပုံဖော်ထားပါတယ်။ အဓိက သရုပ်ဆောင်များ: Oprah Winfrey, Thandiwe Newton, Danny Glover, Kimberly Elise File size…(3.4 GB)/(2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Peter Tulot

Comedy • Drama • Romance
0 1998
Beloved