YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Dr. 56 (2022) Kannada TRUE WEB-DL .720p(CM).mp4

705.41 MB N/A video/mp4 3346 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
John Wick: Chapter 4
7.9

IMDb Rating (8.3)/ Rotten Tomatoes (94%) ဒါရိုက်တာကတော့ Chad Stahelski ပါပဲ။ ဒီရုပ်ရှင်ထဲမှာပါတဲ့ ပြင်သစ်မြေအောက်ဘူတာနေရာကိုတော့ "Porte des Lilas" လို့ခေါ်ပြီး ရုပ်ရှင်သမားတွေကို ငှားရမ်းဖို့သီးသန့် ပြင်ဆင်ထားတဲ့ ဘူတာပဲဖြစ်ပါတယ်။ ပြီးတော့ ဇာတ်လမ်းအစရဲ့ သဲကန္တာရကိုလည်း အထူးပြုလုပ်ချက်မသုံးဘဲ နေရာအစစ်မှာ သွားရောက်ရိုက်ကူးထားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာ ဂျွန်ဝစ်ဟာ စကားလုံး ၃၈၀ ပဲ ပြောခဲ့ပြီး အရှည်ဆုံးစကားဆိုလို့ "မင်းနဲ့ငါ ဘဝကောင်းကို ထားခဲ့တာ ကြာလှပါပြီ" ဆိုတာလေးပါပဲ။ ၃ ပုံတစ်ပုံလောက်ကတော့ "Yeah" ဆိုတဲ့စကားလုံးတွေပဲဖြစ်လို့ ဘာသာပြန်သူကို အကြိုက်တွေ့စေခဲ့ပါတယ်။ ဇာတ်ပို့တွေထဲမှာ Scott Adkins လည်းပါဝင်ခဲ့ပြီး သူက ကီအာနူးရိဗိရဲ့ အမာခံဖြစ်တာကြောင့် ဒီရုပ်ရှင်မှာပါခွင့်ရတာ အရမ်းကို ပျော်နေခဲ့ပါတယ်။ ဒွန်နီယန်းလည်းပါဝင်ခဲ့ပြီး ဒါရိုက်တာက ပြင်သစ်ရေဒီယိုနာမည်ကို Wuxia လို့ပေးပြီး တရုတ်သိုင်းလောကကိုလည်း အသိအမှတ်ပြုခဲ့ပါသေးတယ်။ ဒါ့အပြင် I am groot ကို နောက်ပြောင်ပြီး I am Klaus ဆိုတဲ့ ကာရိုက်တာကိုပါ ထည့်သွားပေးထားပါသေးတယ်။ ဒီရုပ်ရှင်က ဇာတ်လမ်း အက်ရှင်အားလုံးပြည့်စုံတာမို့ ကောင်းကောင်းကြီး အရသာခံလို့ရမယ့်ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအဆုံးမှာပါတဲ့ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဆိုတဲ့ သီချင်းကိုလည်း ဒီရုပ်ရှင်ထဲက ဂျပန်မင်းသမီး Rina Sawayama ကပဲ ပြန်လည်သီဆိုပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ကြေးစားလူသတ်သမားလောကရဲ့ ဒဏ္ဍာရီတစ်ယောက်ဖြစ်တဲ့ ဂျွန်ဝစ်ဟာ ကြေးစားလောကကနေ အနားယူပြီးခွေးလေးတစ်ကောင် ကားတစ်စီးနဲ့ အေးအေးဆေးဆေး ဘဝကိုဖြတ်သန်းနေသူပါ။ ဒါပေမဲ့ သူ့အတွက် အရမ်းအဓိပ္ပါယ်ရှိတဲ့ခွေးလေးကို သတ်ပြီး ကားကိုခိုးသွားတဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့သားကြောင့် လူသတ်သမားလောကထဲကို ကလဲ့စားချေဖို့ ပြန်ဝင်လာခဲ့ရပါတော့တယ်။ သူ့ရဲ့မိတ်ဆွေ ဘုံနယ်မြေဟိုတယ်ပိုင်ရှင် ဝန်စတန်ကတော့ သူ့ကို သတိပေးခဲ့ပါတယ်။ ဒီရေကန်မျိုးထဲကိုလက်သန်းလေးပဲ ပြန်နှစ်ကြည့်ရင်တောင် မင်းတကိုယ်လုံးကို ဆွဲချသွားလိမ့်မယ်တဲ့။ တကယ်လည်း ဂျွန်ဝစ်ပြန်ထွက်မရခဲ့ပါဘူး။ လက်စားချေစရာတွေပြီးတော့ လက်စားချေစရာတွေ ထပ်ပေါ်လာတယ်။ ပြန်ရုန်းထွက်ဖို့ ကြိုးစားရင်း ထပ်ထပ်နစ်ဝင်လာပြီး နောက်ဆုံးမှာတော့ ကြေးစားလောကတစ်ခုလုံးရဲ့ အစိုးရလို့ ခေါ်လို့ရတဲ့ အထက်ကောင်စီရဲ့ အလိုအရှိဆုံးရန်သူပါဖြစ်လာခဲ့ပါပြီ။ အပိုင်း ၃ မှာတုန်းက ဝင်စတန်ရဲ့ လက်ချက်ကြောင့် တိုက်ပေါ်က ပြုတ်ကျသွားခဲ့ပြီး အပိုင်း ၄ မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါ။ ဂျွန်ဝစ်လိုချင်တဲ့ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို ဒီအပိုင်းမှာ ရှာနိုင်ပါ့မလားဆိုတာ...။ File size…(7.91GB)(3.3GB)&(1.3GB) Quality….4K.HEVC,WEB-DL1080p5.1Ch,720P Format…mp4 Duration….02:41:01 Subtitle….Myanmar Subtitle (Hardsub) Encoder…. Phyo Pyae Translated by Mr.Anderson

Action • Comedy • Mystery
7.9 2023 170 mins
John Wick: Chapter 4
Romance
5.5

အချစ်နဲ့ တဏှာအ‌ေကြာင်း တမူထူးခြားတဲ့ ခံစားချက်တွေကို ဆင်ဆာမပါ ဘွင်းဘွင်းရှင်းရှင်း ပုံဖေါ်ထားတဲ့ ပြင်သစ် ခေတ်နှောင်းကားလေးပါ အချစ်နဲ့ ကာမတဏှာ ကအဆက်အစပ်မရှိဘူးဆိုတာ ဒီဇာတ်ကားက သက်သေခံနေသလိုပဲ မယ်ရင်းတစ်ယောက် မော်ဒယ်ကောင်လေးတစ်ယောက်နဲ့ အချစ်တစ်ခုတည်းကို ဦးစားပေးပြီးလက်ထပ်ခဲ့ပါတယ်။ နောက်ပိုင်းအချိန်တွေမှာစိလိုက်ရတာကတော့ သူ့လင် ပေါလ်က သူ့အပေါ် ကာမစိတ်မရှိဘူးဆိုတာပဲ။ အစတုန်းကတော့အဆင်ပြေပေမဲ့ နောက်ပိုင်းတော့ပြဿနာတွေဖြစ်လာပါတယ် မယ်ရင်းက ဆန္ဒရှိပေမဲ့ ပေါ်လ်က လက်နဲ့တောင်အထိမခံချင်အောင် ဖြစ်နေပါတယ် မယ်ရင်း ကိုယ်တိုင်ကလည်း လိင်ကိစ္စပေါ်မှာ သူများနဲ့မတူတဲ့ ခံယူချက်‌ရှိနေပါတယ် သူ့ခံယူချက်တွေနောက်လိုက်ရင်း အဖိုးကြီးတစ်ယောက်နဲ့တွေ့သွားချိန်မှာတော့ ဇာတ်လမ်းဇာတ်ကွက်လေးရော ဖေါ်ကျူးချက်တွေကရော မရိုးမရွဖြစ်စေတာမို့ DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…1.8GB / 960MB Quality…1080p Blu Ray / 720p Format…mp4 Duration….1h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi

Drama • War
5.5 1999 99 mins
Romance
Dakota
5.9

ခွေးချစ်သူတို့အတွက် 2022 ခုနှစ်ထွက် ဇာတ်လမ်းကောင်းလေး တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် လောလောလတ်လတ် ရှေ့တန်းမှာ ယောကျာ်းကို ဆုံးရှုံးလိုက်ရတဲ့ “ကိတ်စလင်ဒါ”ဟာ သူ့သမီးလေး “အဲလက်စ်”နဲ့အတူ ဂျော်ဂျီယာပြည်နယ်က မိသားစုပိုင် မွေးမြူရေးခြံမှာ နေပါတယ် ကိတ်ဟာ မွေးမြူရေးခြံအလုပ်အပြင် မီးသတ်တပ်ဖွဲ့မှာပါ လုပ်အားပေးအဖြစ် လုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ အဲဒီမြို့က နယ်ထိန်းရဲ “ဂျက်”ကတော့ ကိတ်တို့ခြံရဲ့ လျှို့ဝှက်ချက်ကို သိထားပြီး အဲဒီအဖိုးတန်မြေကို အပိုင်ရဖို့ ကြိုးစားနေသူပါ အဲဒီလို အခြေအနေမှာ ကိတ်ရဲ့အမျိုးသားဖြစ်သူနဲ့ ရှေ့တန်းမှာ တာဝန်အတူတူ ထမ်းဆောင်ခဲ့တဲ့ စီဂျေက “ဒါကိုတာ” ဆိုတဲ့ ခွေးလေးနဲ့အတူ ရောက်လာပါတယ် ကိတ်ရဲ့သမီး အဲလက်စ်နဲ့ ရှေ့တန်းပြန်ခွေးလေး “ဒါကိုတာ” တို့ မွေးမြူရေးခြံရဲ့ လျှို့ဝှက်ချက်ကို ဘယ်လိုဖော်ထုတ်ကြမလဲ အကျင့်မကောင်းတဲ့ နယ်ထိန်းရဲကို ဘယ်လို ပညာပေးကြမလဲဆိုတာကို ကြည့်ရှူအားပေးလိုက်ကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre.....Family Quality….1080p | 720p| 480p File size…1.43GB | 774MB | 289MB Format…mp4 Duration…. 1h 37min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder ..... August

Comedy • Family • Music
5.9 2022 96 mins
Dakota
The Road to Galena
5.6

The Road to Galena(2022) ဝါရှင်တန် အထက်တန်းလွှာမှာ ဝင်ဆံ့တဲ့သူတစ်ယောက် ဖြစ်တဲ့ ကိုးလ်ဘဲရပ်တ်ဟာ အလားအလာရှိပြီး အောင်မြင်တဲ့ရှေ့နေတစ်ယောက် ဖြစ်ပြီး လှပပြီးထက်မြက်တဲ့ ဇနီးသည်၊ ကားအလန်းစား အိမ်အမိုက်စားနဲ့ ပြီးပြည့်စုံတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားသူပါ ဒါပေမဲ့ ဒီလို ပြီးပြည့်စုံတဲ့ ဘဝဟာ ကိုးလ် အမှန်တကယ် လိုလားတောင့်တခဲ့တဲ့ ဘဝ ဟုတ်ပါရဲ့လား တစ်ချိန်က ကိုးလ်ရဲ့ အိပ်မက်က ငယ်ချစ်ဦးနဲ့ အတူ ဂယ်လီနာက မြေမှာ အောင်မြင်တဲ့ စိုက်ပျိုးရေးသမားတစ်ယောက် ဖြစ်လာဖို့ပါ ဒါပေမဲ့လည်း ဖြစ်ချင်တာတွေထက် မဖြစ်ချင်တာတွေပဲ ပိုဖြစ်လေ့ရှိတဲ့ လောကသဘာဝအတိုင်း စိုက်ပျိုးရေးသမား ဖြစ်ချင်တဲ့ ကိုးလ်ဟာ ရှေ့နေတစ်ယောက်ဖြစ်လာပြီး ငယ်ချစ်ဦးနဲ့ လွဲခဲ့ရပါတယ် ဇနီးချောနဲ့ တိုက်နဲ့ ကားနဲ့ အထက်တန်းကျကျ နေနိုင်နေပြီဖြစ်တဲ့ ကိုးလ်ရဲ့ ဘဝထဲကို ဖုန်းတစ်ကောလ် ဝင်လာပြီးတဲ့နောက် ကိုးလ်ရဲ့ ငယ်ဘဝ အိပ်မက်တွေ ပြန်လည် လှုပ်ရှား အသက်ဝင်လာပါတော့တယ် အဲဲဒီနောက်မှာတော့ အောင်မြင်တဲ့ဘဝကိုပဲ ဆက်ပြီး လျှောက်လှမ်းမလား ငယ်ဘဝ အိပ်မက်ကို အကောင်အထည်ဖော်မလား ကိုးလ် ဘာကို ရွေးချယ်မလဲ ကိုးလ်နဲ့အတူ သူ့ရဲ့တစ်ချိန်က ငယ်ချစ်ဦးနဲ့ ငယ်ဘဝအိပ်မက်တွေကို လိုက်ပါခံစားရင်း လမ်းလျှောက်ရင်း လမ်းပျောက်သွားတဲ့ လူတစ်ယောက်အကြောင်းကို ကြည့်ရှုကြရမှာပါ IMDb – 5.6/10, Rotten Tomatoes – 95% ရရှိထားတဲ့ ဒရာမာကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size…1.17GB | 597MB | 285MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Roman NoX Encoder ….. August

Drama
5.6 2022 110 mins
The Road to Galena
One Day
7

One Day (2011) ~ IMDb rating – 7/10 ~ One Day ကို တော်တော်ရိုမန့်တစ်ဆန်တဲ့ရုပ်ရှင်လို့ ပြောရင် ယုံချင်မှလည်း ယုံကြမယ်။ ဘယ်နားက ရိုမန့်တစ်ဆန်နေတာလဲလို့ ထမေးချင်စရာလည်း ဖြစ်ကောင်းဖြစ်သွားမယ်။ One Day ကိုယ်တိုင်ကလည်း ရိုမန့်တစ်ကို မရမကဖော်ကျူးထားတဲ့ ရိုမန့်တစ်ကားမျိုးမဟုတ်ဘူး။ ဘဝနှစ်ခုရဲ့ အစ အနိမ့် အမြင့်အတက်အကျတွေကြားက လူ၂ယောက်ရဲ့ ဆက်ဆံရေးကိုပဲ ပိုအသားပေးပြသွားတယ်။ ဒါကြောင့်ပဲ One Day ဟာ ပိုရိုမန့်တစ်ဆန်သွားခဲ့တာပဲ။ ဘာလို့ဆို One Day ဟာ လက်တွေ့နဲ့အနီးစပ်ဆုံး ရိုမန့်တစ်ကားမို့ပါပဲ။ ပါရီမှာ လက်ထပ်ခွင့်တောင်းတဲ့ ရိုမန့်ခန်းမျိုး ခင်ဗျားဘဝမှာ ကြုံလာရဖို့ မရှိနိုင်ပေမဲ့ လွဲချော်မှုများစွာ ဝေးကွာခြင်းတွေနဲ့ အချစ်တွေကတော့ ကျိန်းသေပေါက်ရှိနေခဲ့မှာပဲ။ One Day ဟာ ထိုနည်း၎င်း အချစ်တွေအကြောင်းပေါ့။ သက္ကရာဇ် နှစ်လတွေမှာ မြင်နိုင်ဆဲအချစ်တွေဟာ အိပ်မက်တစ်ခုထဲ ချဉ်းနင်းဝင်သွားခဲ့တယ်။ အိပ်မက်တို့ရဲ့ အတ္ထုပ္ပတ္တိကို ကျွန်တော်ပြန်ကြည့်တဲ့အခါ တစ်ခုတည်းသောအဖြေဟာ မနိုးထချင်သူဟာ မမက်မိဖို့သာပဲ။ “အချစ်ဆိုတာ အကြောင်းတရားလား။ အကျိုးတရားလား။ အကြောင်းတရားဆိုရင် အကျိုးသက်ရောက်မှုရှိရမယ်။ အကျိုးတရားဆိုရင်လည်း အကြောင်းဘက်က အရင်းခံရှိရမယ်။ နှစ်ခုလုံးမရှိတဲ့ အချစ်ဟာ အဲဒီနှစ်ခုလုံး မဟုတ်တော့ဘူး…” ဒါကိုကောင်းကောင်းနားမလည်သေးရင်လည်း အဖြေမရှာမကြည့်ကြနဲ့ပေါ့။ ဇော်ဇော်အောင်ပြောခဲ့သလိုပဲ ရင့်ကျက်လာတဲ့တစ်နေ့တော့ ခင်ဗျားသိလာလိမ့်မှာပဲ။ အဲဒီအချိန်မှာ တစ်ဦးတစ်ယောက်ကို ကျေးဇူးတင်လာရခြင်းတွေကလည်း ချစ်ခြင်းများဖြစ်လာလိမ့်မယ်။ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကျွန်တော်တို့ဘဝကို ပုံသွင်းသွားခဲ့တဲ့ သိပ်ချစ်ရသော မနှစ်သက်နိုင်တော့သော ချစ်ခြင်းတွေဟာလည်း ကျေးဇူးတရားများ ဖြစ်လာလိမ့်မှာပဲ။ မှားယွင်းမှုများစွာ… ချစ်ခြင်းများစွာ… ကျေးဇူးများစွာ… အဲဒီအိပ်မက်ထဲမှာ စီးဝင်နေကြတယ်။ မရှိတော့ပြီဖြစ်သော အိပ်မက်များကို အရှိလုပ်တတ်လာခြင်းဟာလည်း ချစ်ခြင်းရဲ့ချစ်ခြင်းများပါပဲ။ မမြင်သာ မခင်သာသူတို့ကြားလည်း မထင်သာ မမြင်သာနိုင်လည်း တစ်နည်းတစ်လမ်းနဲ့တော့ ရှိနေလိမ့်ဦးမယ်။ မဟောင်းတော့ပြီဖြစ်သော ဒဏ္ဍာရီလာ ခွဲခွာခြင်းများစွာမှာ… ဘယ်တော့မှ မနာကျင်နိုင်ခဲ့တဲ့ ဒဏ်ရာတွေကို ချစ်တတ်လာအောင်လည်း အချစ်တို့ကပဲ သင်ပေးသွားလိမ့်မယ်။ ဒီလိုနဲ့ပဲ… “ငါနဲ့ ငါ့အနာဟောင်းကလည်း ဘဝတစ်ခုဖြစ်ခဲ့တယ်…” Goodbye ကမ္ဘာရဲ့အတွင်းထဲ နစ်ဝင်သွားသလို သိပ်ရင်းနီးဖူးသော ဘဝကို နှစ်ဦးသားရဲ့တစ်ရံတခါဆီမှာ အမှားတွေဟာလည်း လွမ်းစရာရယ်လို့ ဒီလိုတိုင်းသာဆို… ငါဟာ မင်းအမှားဖြစ်နေခဲ့တာ ရှေးလွန်လေခဲ့ပြီးသော ဘဝများစွာ။ Ref – ” ” – ကတ္တီပါလွမ်းချင်းမှ ” ” – မေမြို့မိုးမှ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 630MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 47Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7 2011 107 mins
One Day
Arachnophobia
6.5

Arachnophobia (1990) ~ IMDb – 6.5/10, Rotten Tomatoes – 93% ~ ကြောက်ဖို့ကောင်းတဲ့ အကောင်ကားတွေ၊ ထိတ်လန့်ဖို့ကောင်းတဲ့ အကောင်ကားတွေများများစားစားရှိတဲ့ထဲကမှ ခု Arachnophobia ဆိုတဲ့ရုပ်ရှင်ထဲမှာတော့ မင်းသားကိုယ်တိုင် ပင့်ကူကိုကြောက်နေရတာဖြစ်ပါတယ်။ Arachnophobia ဆိုတဲ့စာလုံးကိုက ပင့်ကူကိုကြောက်လန့်ခြင်းဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် သုတေသနလုပ်တဲ့လူတစ်စုက ဗင်နီဇွဲလားမှာ ပင့်ကူမျိုးစိတ်သစ်ကိုသွားရောက်ရှာဖွေရင်း သူတို့ရဲ့အပြန်လမ်းမှာ ဓာတ်ပုံဆရာတစ်ယောက်နဲ့အတူ ပင့်ကူဘုရင်ကြီးက ကပ်ပါလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဆရာ၀န်ဖြစ်သူ မင်းသားဟာ ပင့်ကူကပ်ပါလာတဲ့ ဓာတ်ပုံဆရာရဲ့နယ်မြို့‌လေးဆီကို ပြောင်းလာခဲ့တယ်။ ဓာတ်ပုံဆရာကတော့ ပင့်ကူကိုက်လို့သေဆုံးသွားပေမဲ့ အဲဒီနယ်မြို့လေးမှာတော့ ပင့်ကူဟာ စတင်နယ်ချဲ့ပါတော့တယ်။ ဆရာ၀န်ခမျာ နယ်မြို့လေးမှာ အထိုင်ကျဖို့ကြိုးစားရင်း ပင့်ကူရဲ့ပြဿနာတွေကိုလည်း အဖြေရှာရပါသေးတယ်။ ဇာတ်ကားလေးက အကောင်ကားသီးသန့်မဟုတ်ဘဲ ဟာသလေးနှောလိုက်၊ ဗဟုသုတလေးပေးလိုက်နဲ့ အကြောက်တရားကို ဘယ်လိုကျော်လွှားမလဲဆိုတာကိုပါ ပညာပေးသွားတဲ့အတွက် မိုးအေးအေးနဲ့ ဇိမ်ခံကြည့်လို့ရမယ့် ရုပ်ရှင်ကားလေးဖြစ်တဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 970MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 49Min Genre – Comedy, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

6.5 1990 109 mins
Arachnophobia
ReBroken

ဒီဇာတ်ကားလေးကတော့ Los Angeles မှာကျင်းပတဲ့ Playhouse West Film Festival မှာဆုနှစ်ခုဆွတ်ခူးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Rotten tomatoes မှာလည်း Audience score 90%အထိရရှိထားတဲ့ budget အရမ်းမများတဲ့ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လိုက်ကြီး Will က ကွယ်လွန်သွားတဲ့လူတစ်ယောက်ကို လွမ်းဆွတ်နေရသူတစ်ဦးပါ။ သူဟာအကြောင်းကြောင်းကြောင့် တရားရုံးအမိန့်အရ ပူဆွေးနေသူတို့ဖို့ အုပ်စုဖွဲ့ကုထုံးတစ်ခုကို မတက်မဖြစ်တက်ရောက်နေရသူပါ။ ထိုကုထုံးမှာသူ လျှို့ဝှက်ဆန်းကြယ်တဲ့သူစိမ်းနှစ်ယောက်နဲ့ဆုံတွေ့ပြီးနောက် သူ့အတွက်ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတော့တယ်။ ထိုပြောင်းလဲမှုတွေဟာ ကောင်းသောပြောင်းလဲမှုတွေလား ဆိုးသောပြောင်းလဲမှုတွေလားဆိုတာတော့ သူကိုယ်တိုင်တောင်နားမလည်နိုင်ခဲ့ဘူး။ ဆန်းကြယ်တဲ့သူစိမ်းတွေရဲ့လမ်းညွှန်မှုအောက် Will တစ်ယောက်သူရှာနေတာကို ပြန်တွေ့နိုင်မှာလားဆိုတာကို ဇာတ်ကွက်အလှည့်အပြောင်းလေးတွေနဲ့ကြည့်ရှုခံစားရမယ့် psychological thriller ဇာတ်ကားလေးဖြစ်ပါတယ်။ Psychological thriller တို့ထုံးစံအတိုင််း လည်ထွက်သွားမယ့် plot twist လေးတွေနဲ့ပါ။ File size…(1 GB)/(431 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Drama, Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zayar Maw

Thriller • Crime
0 2023
ReBroken
Broken Mission
5.9

ဟောင်ကောင်ရဲကားလေးတင်ဆက်ပေးလိုက်ပါတယ်။ တရားဥပဒေဆိုတာ ပြည်သူတွေကိုအကျိုးပြုဖို့အတွက်ဆိုပေမယ့် ကိုယ်ကျိုးအတွက်အာဏာပါဝါကိုအသုံးချပြီးတော့ တရားဥပဒေအပြင်ဘက်မှာနေနေတဲ့လူတွေဟာရှိနေတတ်စမြဲပါပဲ။ တရားဥပဒေကိုအားကိုးလို့မရတော့ ကိုယ်တိုင်တရားစီရင်ဖို့လုပ်လာတဲ့ Batman လိုလူမျိုးပေါ်လာပါတယ်။ ကိုယ့်ကိုယ်ကိုတရားသောဘက်ကနေပြီး အလုပ်လုပ်နေတယ်လို့ထင်ပေမယ့် တကယ်တော့ သူကလက်စားချေဖို့အတွက် ပြစ်မှုတွေဆက်တိုက်ကျူးလွန်နေတာပါ။ ဒီလျို့ဝှက်ပြီး အင်အားတောင့်တဲ့တရားခံကို ဟောင်ကောင်ရဲတွေက ဘယ်လိုကြိုးစားပြီးဖော်မလဲဆိုတာကို ရိုက်ထားတာပဲဖြစ်ပါတယ်။ ဒီအမှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေနဲ့ပတ်သက်နေမလဲ ….. ပိပိရိရိအကွက်ချပြီး ကျူးလွန်နေတဲ့ တရားခံကိုဘယ်လိုဖမ်းကြမလဲ…… ဝါရင့်သရုပ်ဆောင်တွေချည်းပဲမလို့ အားလုံးရဲ့သရုပ်ဆောင်ချက်တွေက အပိုအလိုမရှိ ကွက်တိကျပြီး ကြည့်ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

5.9 2024
Broken Mission
Carrot Cake Murder: A Hannah Swensen Mystery
6.2

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်…စာရေးဆရာမ Joanne Fluke ရဲ့ Hannah Swensen Mysteries စာအုပ်တွဲထဲက Carrot cake murder ဆိုတဲ့စာအုပ်အပေါ်အခြေခံထားပါတယ်… ဇာတ်လမ်းအကြောင်းကတော့ ဟန်နာစွင်ဆန်ကကွတ်ကီးဆိုင်ပိုင်ပါတယ်….ဇာတ်လမ်းရဲ့အစမှာဟန်နာက သူမရဲ့သူငယ်ချင်းဖြစ်သူ နော်မန်ရဲ့အမေအတွက် မွေးနေ့ပွဲကျင်းပဖို့စီစဉ်နေကြတာပါ….မွေးနေ့ပွဲကိုနော်မန်ကိုထိန်းကျောင်းခဲ့တဲ့ ယူဂျင်းဆိုတဲ့လူပိုင်တဲ့စားသောက်ဆိုင်မှာကျင်းပဖို့စီစဉ်ခဲ့ကြပါတယ်….ထိုစားသောက်ဆိုင်ရဲ့ဘေးကပ်ရပ်မှာ‌တော့ စတိုင်နာအဆောက်အဦးရှိပါတယ်…စတိုင်နာအဆောက်အဦးကိုဖြိုချဖို့နဲ့ပတ်သက်ပြီး အဆောက်အဦးရဲ့ရှေ့မှာဆန္ဒပြတာတွေလည်းရှိပါတယ်…. နော်မန်ရဲ့အမေအတွက်မွေးနေ့ပွဲကျင်းပပြီးစီးပြီး ညဘက်နော်မန်ကဟန်နာကိုပစ္စည်းတွေလိုက်ပို့ပေးတဲ့အချိန် စတိုင်နာအဆောက်အဦးရဲ့အရှေ့ကိုရောက်တော့ အဆောက်အဦးထဲကဗုံးပေါက်ကွဲသံကိုကြားလိုက်ရပါတယ်…ထိုအခါ နော်မန်နဲ့ဟန်နာတို့နှစ်ယောက်အဆောက်အဦးထဲပြေးဝင်ကြည့်တဲ့အခါမှာတော့ အဆောက်အဦးရဲ့ဓါတ်လှေကားအောက်ခြေမှာ အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတယ်…. ဟန်နာရဲ့ရည်းစားဖြစ်သူ မိုက်ခ်ကစုံထောက်ဆိုတော့ ဟန်နာကအလောင်းတွေ့ရာနေရာကိုတိတ်တိတ်လေးဝင်ရှာရင်း သော့တစ်တွဲ၊ချိန်းကြိုးတစ်ခုနဲ့ အဝတ်စတစ်စတို့ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်…. ထိုသက်သေတွေအပေါ်မူတည်ပြီး ဟန်နာနဲ့မိုက်ခ်နဲ့လူသတ်သမားကိုဘယ်လိုရှာဖွေဖော်ထုတ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ…. File size…(760 Mb) Quality….Webrip 720p Format…mp4 Duration….01:24:00 Genre… Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

Adventure • Action • Fantasy
6.2 2023
Carrot Cake Murder: A Hannah Swensen Mystery
Blackmail
7.2

IMDb Rating (7.2) မင်းသားကြီး Irrfan Khan ရဲ့ ဒီဇာတ်ကားလေးကတော့ Comedy/Thriller အမျိုးအစားဖြစ်ပြီး တွေ့ရခဲတဲ့ပေါင်းစပ်မှုတချို့နဲ့ စိတ်ဝင်စားစရာရုပ်ရှင်ကားမျိုးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… သာမန်ရုံးတစ်ခုမှာ သာမန်အလုပ်တွေလောက်ပဲလုပ်ကိုင်နေရပြီး အကြွေးတွေပတ်ချာလည်နေတဲ့ လင်ယောကျာ်းတစ်ယောက် မိသားစုအတွက် ရုန်းကန်ကြိုးစားနေတဲ့ အိမ်ထောင်ဦးစီးယောကျာ်းတစ်ယောက်၊ စီးပွားရေးမပြေလည်သလို အိမ်ထောင်ရေးလဲမသာယာတဲ့ လင်ယောကျာ်းတစ်ယောက်၊ သူများမစားတဲ့အသီးကို ထိုးကျွေးခံလိုက်ရပြီး ကိုယ့်အတွက်လည်းဘာမှအကျိုးမရှိဘဲ ဝဋ်ခံနေရတဲ့လင်ယောကျာ်းတစ်ယောက်အဖြစ် Dav… အိမ်ထောင်ရေးမသာယာတာကြောင့် အိမ်ကိုစောစောမပြန်ဖြစ်ပဲ ရုံးမှာအနေများတဲ့ Dav တစ်ယောက် ကိုယ့်မိန်းမနောက်မီးလင်းနေမှန်းသိရတော့ တော်တော်စိတ်ထိခိုက်သွားပါတယ်။ အရာအားလုံးမအောင်မြင်နေရတဲ့ကြားထဲ မိန်းမဖြစ်သူကပါ စည်းမစောင့်တော့တာ သိရှိသွားချိန်မှာတော့ Dav တစ်ယောက် ဘယ်လိုတွေလက်စားပြန်ချေဖို့ကြိုးစားမလဲဆိုတာ…။ ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အတွက် ရယ်လည်းရယ်ရပါတယ်။ Irrfan Khan ရဲ့ ထိမိတဲ့ ထုံပေပေမျက်နှာပေးနဲ့ သက်ဝင်ထားတဲ့ Dav တစ်ယောက် ဘယ်လိုတွေအကွက်ချမလဲဆိုတာ ကြည့်လိုက်ကြပါဦး။

7.2 2018 138 mins
Blackmail
Deck the Walls
5.9

Deck the walls (2024) IMDb Rating (5.9) ဒီဇာတ်လမ်းလေးကတော့ ခရစ္စမတ်vibeအပြည့်နဲ့ ခရစ္စမတ် decorationတွေအများကြီးနဲ့ကိုမှ ဆောင်တွင်းလေးမှာအေးအေးဆေးဆေးကြည့်လို့ကောင်းမဲ့ကားလေးပါ။ ၁၅၀၀အချစ်တင်မကပဲ၅၂၈မေတ္တာတွေကိုပါထည့်သွင်းရိုက်ကူးပြထားတာမို့လို့ မိသားစုလိုက်တူတူကြည့်လို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဓိက‌ဇာတ်ဆောင်တွေဖြသ်တဲ့ စဲလ်နဲ့ရိုစ့်ဆိုတဲ့မောင်နှမနှစ်ယောက်ဆီကစမှာပါ။ သူတို့နှစ်ယောက်လုံးဟာ ဆောက်လုပ်ရေးနယ်ပယ်မှာကျွမ်းကျင်ကြတဲ့သူတွေပါ။ စဲလ်ကတော့ဆောက်လုပ်ရေးတစ်ခုပိုင်ရှင်ဖြစ်ပြီး ညီမဖြစ်သူရိုစ့်ကတော့ ချီကာဂိုမှာ သူ့ကိုယ်ပိုင်အိမ်တွင်းအလှဆင်လုပ်ငန်းကိုလုပ်ဆောင်နေသူပါ။ သူတို့မိဘတွေဆုံးသွားချိန်မှာတော့ ရိုစ့်ဟာချီကာဂိုကိုထွက်လာခဲ့တာဖြစ်ပြီးတော့ သူ့အစ်ကိုကတော့ဆိုလန်းဆိုတဲ့မြို့လေးမှာပဲကျန်နေရစ်ပြီး သူ့မိဘခြေရာကိုနင်းခဲ့ပါတယ်။ ဒီလိုနဲ့တနေ့မှာတော့ ခရစ္စမတ်အတွင်းမှာသူတို့မို့လေးရဲ့စံပြဖြစ်တဲ့ကျောင်းအုပ်တစ်ယောက်ကိုမြို့တော်ဝန်ကနေ အိမ်တစ်လုံးပေးဖို့စီစဉ်ခဲ့ပြီးတော့ ဒါကိုစဲလ်ရဲ့ဆောက်လုပ်ရေးကတာဝန်ယူရမှာပါ။ ဒီလိုနဲ့ညီမဖြစ်သူနဲ့အတူတူအတွင်းခန်းအလှဆင်ဖို့အကြောင်းဖန်လာချိန်မှာတော့ ရိုစ့်ကသူတို့ရဲ့အရင်အိမ်ကိုပြန်လာခဲ့ပြီးတော့ ကူညီခဲ့ပါတယ်။ ဒီလိုနဲ့စဲလ်ရဲ့လုပ်ဖော်ကိုင်ဖက်ကတချိန်တုန်းကရိုစ့်ကြိတ်ကြိုက်နေရသူဖြစ်နေပြီး အိမ်ကိုခရစ္စမတ်မတိုင်ခင် ဘတ်ဂျက်အတတ်နိုင်ဆုံးချွေတာပြီး အခက်ခဲတွေကြားကနေ မရရအောင်ပြုပြင်‌တာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာမို့လို့ ကိုယ်တိုင်ပဲရှုစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ C.M Min Htike ဖြစ်ပါတယ်။) File size…(1.8 GB) / (890 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:24:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by C.M Min Htike

Drama • Comedy • Romance
5.9 2024 84 mins
Deck the Walls
High Ground
5.5

ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်တုန်းက ထွက်ရှိထားတဲ့ Action Thriller ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဒါရိုက်တာ James Bamford က ရိုက်ကူးထားပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် Charlie Weber, Katherine McNamara, မင်းသားကြီး Jon Voight တို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် မြို့ငယ်လေးတစ်မြို့ရဲ့ရဲမှူးဟာ တစ်နေ့မှာတော့ လျှို့ဝှက်ဆန်းကြယ်လူတစ်ယောက်ကို ထိန်းသိမ်းခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီလူက ဒုစရိုက်အဖွဲ့တစ်ဖွဲ့ရဲ့ လက်ကနေ ထွက်ပြေးလာတာဖြစ်ပြီးတော့ အဲဒီအဖွဲ့က သူ့ကို လိုက်သတ်နေကြတာပါ။ ဒီအကြောင်းကို ရဲမှူးသိသွားပြီးတဲ့နောက် သူ့မြို့လေးကို ကာကွယ်ဖို့အတွက် ဒုစရိုက်အဖွဲ့နဲ့ထိပ်တိုက် ရင်ဆိုင်ပါတော့တယ်။ သူတစ်ယောက်တည်းနဲ့ မြို့ကိုကာကွယ် ပေးနိုင်ပါ့မလား အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူကရော ဘာလို့ ထွက်ပြေးလာတာလဲ စတဲ့မေးခွန်းတွေရဲ့အဖြေကို သိချင် ရင်တော့ ဒီဇာတ်ကားကိုကြည့်ရှုလိုက်ပါ။ စိတ်လှုပ်ရှားစရာ Action scene တွေနဲ့ပြည့်နှက်နေပြီးတော့ ကြည့်ရှုသူတွေကို သည်းထိပ်ရင်ဖိုဖြစ်စေမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ File size… (1.37GB) / (773MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 32m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Action • Science Fiction • Comedy • Family
5.5 2025 92 mins
High Ground
Floating Weeds Ukigusa
7.9

Floating Weeds (1959) IMDb Rating (7.9) / Rotten Tomatoes (96%) ဒါရိုက်တာတိုင်းမှာ သေချာတဲ့ဟန်တစ်ခု ရှိဖို့တော့ မလွယ်ပေမဲ့ ဖလင်မိတ်ကာတိုင်းမှာတော့ ဟန်တစ်ခုက သိသိသာသာကို ရှိတယ်။ အိုဇုတို့ ခေတ်နဲ့ မရှေးမနှောင်းထဲတော့ ဟန်တစ်ခုလည်းရှိသလို ဂျပန်ရုပ်ရှင်ဆန်တယ်ဆိုတဲ့ ခံစားချက်ပါ တွဲပေးနိုင်တာ အိုဇုပဲ ရှိတယ်လို့ ကျွန်တော်တော့ မြင်တယ်။ ကူရိုဆာဝါကျ အိုဇုလောက် ဂျပန်ဟန် သိပ်အားမကောင်းလှဘူး။ ဒါက ဆန်းတော့လည်း မဆန်းလှပါဘူး။ အိုဇုရုပ်ရှင်တွေဟာ ဂျပန်လူနေမှု ဂျပန်ဘဝမှာပဲ အခြေခံပြီး ဂျပန်ရိုးရာယဉ်ကျေးမှုနဲ့ ဂျပန်အတွေးအခေါ်အပြည့်နဲ့ ရုပ်ရှင်တွေကိုပဲကိုး။ ကင်မရာအယူအဆကအစ တတမိဗျူးနဲ့ရိုက်တဲ့ အထိ သူ့ယဉ်ကျေးမှုကို သူ့ရုပ်ရှင်ထဲ သွတ်သွင်းနိုင်စွမ်းက အားကောင်းခဲ့တယ်။ တင်ဆက်ပုံပိုင်းမှာလည်း အိုဇုက ထူးတာတစ်ခုတော့ရှိတယ်။ တစ်ခါတလေကျ သူက ဇာတ်ရဲ့အရေးအပါဆုံးလို့ ထင်ရတဲ့ ဇာတ်ဝင်ခန်းတစ်ခုကို မပြတော့ဘူး။ အဲဒီနောက်မှာပဲ အရှေ့က မပြထားတဲ့အခန်းကို စကားနည်းနည်းနဲ့ သရုပ်ပြန်ဖော်တတ်တယ်။ အိုဇုလွှမ်းမိုးမှုအားကောင်းခဲ့တဲ့ Koreedaရဲ့ Still Walkingတို့ ဘာတို့မှာလည်း ဒီဟန်ကို သုံးထားခဲ့ပါသေးတယ်။ ဒီဟန်ကို ကျွန်တော်က စစက ဟဲမင်းဝေးရဲ့ စာရေးဟန်လိုမျိုး ထင်ခဲ့ပေမဲ့ ဒီနောက်မှသိလိုက်ရတာက တကယ်တမ်း ဒါကိုကလည်း ဂျပန်ယဉ်ကျေးမှုထဲ ရှိနေတဲ့အရာပါပဲ။ ဂျပန်လိုဆို (မ)လို့ခေါ်တယ်။ ဗမာဆိုလို ကွက်လပ်ပေါ့။ ဗလာတစ်နေရာပေါ့။ ဒေါက်တာသန်းထွန်း ဘာသာပြန်ထားတဲ့ ဂျပန်မှုတစ်ရာထဲ မနဲ့ပတ်သက်ပြီး ဒီလိုရေးထားတယ်။ မ (MA) – နေရာကွက်လပ် , စပ်ကြား , ခေတ္တရပ်ဆိုင်းခြင်း ဂျပန်တွေဟာ မိတ်ဆွေတွေနဲ့ ဆူဆူညံညံ စကားပြောရင်း တွေ့ဆုံသလို ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ရင်းလည်း တွေ့ဆုံလေ့ရှိတယ်။ စကားမပြောဘဲနဲ့ ငုတ်တုတ်ထိုင်နေရင် ပိုပြီးပြည့်စုံအောင် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လို့ရတယ်လို့လည်း ယုံကြည်တယ်။ ဒီလိုတွေ့ဆုံပြီး စကားမပြောဘဲ နေတဲ့သဘောကတော့ ဘေးလူကြားမှာ စိုးရတဲ့ လျှို့ဝှက်ကိစ္စကို အစပျိုးပြီး ကျန်တာ ဆက်စဉ်းစားပေတော့ဆိုတဲ့ သဘော။ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်းဆိုတဲ့ သိပ်စိတ်လှုပ်ရှားစရာကိစ္စကို ဆက်ပြောရင် ပေါက်ကွဲသွားမှာစိုးလို့ဆိုတဲ့ သဘောတွေ ပါတယ်။ ဂျပန်လူမှုဆက်ဆံရေး ဒဿနိကမှာ ဒီလိုပြုမူပုံမျိုးကို “လှိုင်းမထစေနဲ့”လို့ တင်စားပြီး ပြောလေ့ရှိပါတယ်။ ဘာမှဝန်မခံဘဲ အဖြေကို သူ့ဘက်ကိုယ့်ဘက်မျှပြီး စဉ်းစားယူပါတော့လို့ ဆိုရာလည်းရောက်တယ်။ အပြတ်ငြင်းရတယ်ဆိုတာ သိပ်မဟန်ဘူး။ ရုပ်မပျက်ဘူး။ ကျွန်တော် တစ်ခါက ကြုံဖူးတာက အတိအကျ ရှင်းရှင်းငြင်းမိပြီးမှ တစ်ဖက်က ဆိုလိုတာကို သဘောမပေါက်ဘဲ ခါးခါးသီးသီး ငြင်းမိတာပဲ အဖတ်တင်ပြီး ခိုးလုခိုးလု ဖြစ်ကျန်ရစ်တယ်။ တိုကျိုမှာ ကျွန်တော် စာသင်တုန်းက နှစ်နှစ်ကြာတော့ ကျွန်တော် အလုပ်ထွက်ချင်တယ်။ ဘယ်လိုပြောလို့မှ သဘောမပေါက်တဲ့အပြင် လခဆက်ပေးနေတာနဲ့ လေးနှစ်ဖြစ်သွားတယ်။ ဘာမှမပြောဘဲ အတန်းလည်းမယူ, စာလည်း မစစ်ပေးတော့မှ တက္ကသိုလ်အာဏာပိုင်တွေက ထွက်စာ ပို့ပါတယ်။ အဲဒါက အထက်က ပြောပြီးတာတွေအတွက် ဥဒါဟရုဏ်ပါပဲ။ သူတို့ဘာသာစကားကို လေ့လာလေ, သူတို့နဲ့ အတူနေတာကြာလေ, သူတို့ဓလေ့ကို ကြုံတွေ့ပါများလေ , သူတို့စကားလည်လည်ပတ်ပတ် တတ်ရုံနဲ့ မပြီးဘူးဆိုတာ သိလာလေပါပဲ။ သူတို့ဓလေ့မှာ တုံဏှိဘာဝေနေဖို့ စည်းချက်ညှိတတ်ရမှာပါကလားလို့ သိလာတယ်။ ဒီစည်းချက်ကို သိဖို့ ကိုယ်လိုသလို အသုံးချတတ်ဖို့ဟာ မဆိုတဲ့ တုံဏှိဘာဝေမှာ အလိုလားအပ်ဆုံး အခြင်းအရာဖြစ်ပါတယ်။။ ဒေါန်ကေနန်နီ အိုဇု ဒီဟန်ကို ယူရာမှာတော့ ပြလိုက်ရင် ပေါ့သွားမှာစိုးလို့ဆိုတဲ့ သဘောလည်းပါမယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ အဲဒီသဘောဆိုရင်တောင် အပေါ်က မရဲ့ လက္ခဏာတွေ အကျုံးဝင်နေသေးတာပါပဲ။ ဆိုတော့ အိုဇုရဲ့ ရုပ်ရှင်တွေမှာ ဟန်, ကင်မရာအယူအဆ, ဇာတ်အိမ်, ဇာတ်အဖြည့်ပစ္စည်း, သရုပ်ဆောင်တွေကအစ ဂျပန်ဆန်နေတယ်လို့ပြောရမယ်။ ဒီဓာတ်ကို ကားတိုင်းမှာရနေဖို့က ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေနဲ့ ရိုက်ပြနိုင်ဖို့ထက် ခက်လိမ့်မယ်။ ကျွန်တော့်အမြင်အရပေါ့။ အနုပညာဟာ ယဉ်ကျေးမှုကနေတစ်ဆင့်ပဲ နိုင်ငံတစ်ခုရဲ့ သီခြားဟန်ကို ပေါ်လွင်လာစေနိုင်တယ်။ လာခဲ့တဲ့လမ်းကို မမေ့ခြင်းပေါ့။ အိုဇုဟာ သူ့မြစ်ဖျားကို သူ သိပ်တွယ်တာတဲ့ ဖလင်မိတ်ကာတစ်ယောက်လို့ ပြောလို့ရတယ်။ ဒါကြောင့်လည်း သူ့ရုပ်ရှင်ဟူသမျှဟာ ရိုးရှင်းစွာနဲ့ အားကောင်းနေတာပါပဲ။ အိုဇုဟာ စစ်ကြိုခေတ်က ရိုက်ထားတဲ့ အသံတိတ်အဖြူအမဲကားတွေကို စစ်ပြီးခေတ်မှာ အသံတွေ အရောင်တွေနဲ့ ပြန်ရိုက်တာတွေ ပမာဏတစ်ခုအထိ လုပ်ခဲ့ပါတယ်။ Floating Weeds ( 1959 )ကလည်း အဲဒီလိုပြန်ရိုက်ခဲ့တဲ့ထဲက တစ်ကားပါပဲ။ ဒီဇာတ်လမ်းကိုပဲ နည်းနည်းကွဲလွဲပြီး ၁၉၃၄မှာ Story of Floating Weedsဆိုပြီး ရိုက်ခဲ့ဖူးတယ်။ ဒီမှာ တစ်ခုရှိတာက စုဗူးနဲ့ကလေး အခန်းကြည့်ချင်ရင်တော့ မူရင်း အသံတိတ်ကားကို ကြည့်ရမှာပါ။ ဒီကားကိုကြည့်ပြီး ၁၉၃၄ကားကို ကြည့်ရင်တော့ ဇာတ်လမ်းနားမလည်မှာ ပူစရာမလိုပါဘူး။ Youtubeနဲ့ တောရန့်ဆိုက်တွေမှာ အလွယ်တွေ့နိုင်ပါတယ်။ ဒီဇာတ်ကားရဲ့နာမည်ကိုက ရေယူရာမျောနေရတဲ့ပေါင်းမြက်ပင်တွေဆိုတဲ့ သဘောပါပဲ။ တင်ချင်လည်း တင်မယ်ပေါ့။ ဆိုတော့ နာမည်ကို ဘာသာပြန်ဖို့လိုလာရင်တော့ ဒီတိုင်းပြန်ဖို့ကလည်း မချောနေတော့ သူ့သဘောကလည်း ” ကမ်းကွေ့မှခွေ၊ ကမ်းပြေတော့စင်း” “လှိုင်းတက်ရာ ဗေဒါတက် ၊ လှိုင်းသက်ရာဆင်း” “ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ” ” ဒီချောင်း‌ရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့” စသဖြင့် ဗေဒါလမ်းရဲ့ Conceptတွေနဲ့လည်း တော်တော်တူနေတော့ ဗေဒါလမ်းလို့ ချရင်ချလို့ရတယ်။ ဇာတ်ကြောင်းကတော့ ဒီဗေဒါတွေလိုဖြစ်နေတဲ့ ဇာတ်သမားတွေရဲ့ ဘဝဇာတ်ကြောင်း ဘဝဇာတ်နာပေါ့။ ပြောရရင် အဲဒီဇာတ်ကြောင်းကိုကလည်း ယဉ်ကျေးမှုပဲဆိုတော့ အိုဇုက သူ့ဖရိန်ထဲ အပြည့်အဝင်တယ်။ ဇာတ်သမားဆိုတာ နယ်လှည့်က, ပွဲသာရာရွေ့ ဗေဒါတွေလိုမျောရင်း , အခါမကောင်းလို့ ဇာတ်ခေါင်းကွဲရင် ဗေဒါတွေ ကမ်းဆိပ်မှနေအိပ်သလို အိပ်ရတဲ့လူတွေပေါ့။ ကျားမ အလီလီနဲ့ နယ်လှည့်နေတဲ့နောက် ဘယ်အဖွဲ့အစည်းမှာမဆို အကောင်းရော အဆိုးရောရှိနေမှာဖြစ်တဲ့နောက် မကောင်းတဲ့လူတွေလည်း ရှိကြတော့ ဒါကိုပဲ မြင်ပြီး ဇာတ်သမား ဇာတ်သမဆိုတာ မကောင်းဘူးလို့ ရှက်စရာလို့ သတ်မှတ်ကြတဲ့ စံနှုန်းတွေရဲ့ ဒဏ်ကိုပါ ခံနေရတဲ့လူတွေလို့ပြောလို့ရတယ်။ ဒါက ဒီဘက်မှာလည်း တင့်တယ်ရဲ့ ချစ်မိသည့်ဝန်တို့, မောင်ဝဏ္ဏရဲ့ ခြေဖဝါးတော်နုနုတို့ ဘုန်းနိုင်ရဲ့ မိုးညအိပ်မက်မြူတို့, နောက် တွတ်ပီစာအုပ်တွေမှာပါ ပုံဖော်တတ်ကြပါတယ်။ အာရှနိုင်ငံတွေရဲ့ တစ်ချို့ ယဉ်ကျေးမှုတွေက သိပ်မကွာလှဘူးဆိုတော့ အခြေအနေတွေက တစ်ပုံစံတည်းနီးပါးလို့တောင် ပြောလို့ရတယ်။ ပြတဲ့ ဇာတ်တွေတော့ ကွာတာပေါ့။ ဂျပန်တွေရဲ့ ပြဇာတ်တွေက ၄၇ရိုနင်ဇာတ် ဝါ ချူရှင်ဂူရပြဇာတ်လို ဇာတ်တွေလို အမြင့်တွေဆို စံတစ်မျိုး တခြားဆို စံတစ်မျိုး Nohတို့ Kabukiတို့ Bunrakuတို့ ခွဲထားတာတွေရှိတယ်။ ဒီထဲတော့ ခါဘုခိပဲ ပြသွားတယ်။ ဇာတ်ကတာတောင် သိပ်မပြပါဘူး။ ဇာတ်သမားတွေရဲ့ လူနေမှုနဲ့ လူမှုဒဏ်ကို အဓိကပြထားတယ်။ ဇာတ်သမားဘဝရဲ့ အဆိုးဆုံးအဖြစ်လို့ ပြောရမယ့် ဇာတ်ခေါင်းကွဲတဲ့ အဆင့်အထိ ပြထားတယ်။ အိုဇုရဲ့ ထုံးစံအတိုင်း အဖေနဲ့သားကြားက ပဋိပက္ခနဲ့ မိသားစုရဲ့ထရာဂျဒီတွေနဲ့တော့ ဇာကွပ်ထားတယ်။ ကွဲပြားအောင် ပြောရရင်တော့ ဒီဇာတ်လမ်းဟာ ရေယူရာမျောရင်း ပွဲရှိရာ ခြေဦးလှည့်ရတဲ့, ဇာတ်ခေါင်းကွဲတဲ့အခါ ရေမျောရာကမ်းတင်ရတဲ့ ဗေဒါတွေလို ဇာတ်သမားတွေရဲ့ ဘဝအကြောင်းပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3.7 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:59:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Action • Drama • Thriller
7.9 1959 115 mins
Floating Weeds Ukigusa