YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

doom.patrol.s04e03.720p.(CM).mp4

350.99 MB N/A video/mp4 71 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Adventures of Sharkboy and Lavagirl
5.1

ကျွန်တော်တို့ငယ်ငယ်က တိတ်ခွေခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံးကားက Lion King ဖြစ်ခဲ့တယ်။ အဲဒီခေတ်က ငှားကြည့်ကြတဲ့ခေတ်ဆိုတော့ ဘယ်ကလဲမသိလက်ဆောင်ရခဲ့တဲ့ အဲဒီအခွေကိုပဲ ခဏခဏပြန်ထိုးကြည့်ဖြစ်နေတာကိုး။ နောက် VCD ခေတ်စစရောက်လာတော့ ရုပ်ရှင်ကြည့်တာတို့ ကာတွန်းစာအုပ်ဖတ်တာတို့က နိစ္စဓူဝအလုပ်တစ်ခုဖြစ်လာခဲ့ပြီ။ အဲဒီတုန်းက ပဲခူးမှာ တစ်ဆိုင်တည်းရှိတာလား။ ကျွန်တော်ပဲမသိခဲ့တာလားမသိပေမဲ့ နာမည်အကြီးဆုံးအခွေဆိုင်က လိပ်ပြာကန်ထောင့်က Happy ဆိုတဲ့ အခွေဆိုင်ပေါ့။ အိမ်နဲ့လည်းသိပ်မလှမ်းတော့ နေ့တိုင်းဆိုသလို သွားသွားငှားကြည့်ဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ ဘာကားငှားရမလဲမသိရင် ကျွန်တော်တို့တော့ အခွေဆိုင်ကို ဘာကားကောင်းလဲ မေးလိုက်ကြတာပဲ။ တစ်ခါသား အဲဒီလိုမေးတော့ ဟက်ပီးက အခွေငှားတဲ့အစ်ကိုကြီးတွေက Sharkboy and Lavagirl ကားလေးထုတ်ပေးလိုက်တယ်။ သူ့ဇာတ်က ကလေးဇာတ်ပေမဲ့ စိတ်ကူးယဉ်တတ်တဲ့ ကျွန်တော်တို့ကို စိတ်ကူးယဉ်တာကို မစွန့်လွှတ်ဖို့ ပြောထားတဲ့ ရုပ်ရှင်ဆိုတော့ တော်တော်လည်းထိခဲ့လို့နေမယ်။ ဒီကားကို ခဏခဏကိုပြန်ပြန်ငှားကြည့်ဖြစ်ခဲ့တော့ VCDခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံး ရုပ်ရှင်လည်းဖြစ်ခဲ့တာပေါ့။ နောက်ကျ ခဏခဏပြန်ငှားကြည့်ရလွန်းလို့ အခွေဆိုင်ကို လျော်ပြီး ကားကို အပိုင်သိမ်းထားပြီးကို ကြည့်ခဲ့ကြတယ်။ နောက်ပိုင်း သူ့ထက်တော့ ပိုကောင်းတဲ့ ဘရန်ဒန်ဖရေဆာပါတဲ့ Looney Tunes: Back in Actionတို့ ဂျင်ကာရေးရဲ့ A Series Of An Unfortunate Eventsတို့ ကြည့်ခဲ့ရပေမဲ့ သူတို့ကိုကျော်ပြီး Sharkboy and Lavagirlက ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့တာပါပဲ။ DVD ခေတ်မှာ မတူတဲ့ ကားတွေ ဖောခြင်းသောခြင်းကြည့်လာရတဲ့အချိန်ကျတော့ Harry Potter တို့ Lord Of The Ring တို့လိုကားတွေကလွဲ ရုပ်ရှင်တစ်ကားတည်းကို ခဏခဏပြန်ပြန်မကြည့်ဖြစ်ခဲ့ဘူး ဒီလိုနဲ့ အဲဒီကနေ အခုထိ ဒီရုပ်ရှင်ကို ကျွန်တော်ပြန်မကြည့်ဖြစ်ခဲ့ဘူး။ ဒီကားက မှတ်ဉာဏ်ထဲကတော့ ပျောက်မသွားဘူး။ ဒါပေမဲ့ အမှတ်ရစရာကောင်းနေတာနဲ့ တစ်ချိန်တည်းမှာပဲ ဒီကားကို ပေါတယ် CGI တွေ ညံ့တယ်ဆိုတဲ့ အသိကြီးက မသိမသာကြီးစိုးနေခဲ့တယ်။ ဒီလိုနဲ့ သတိရပေမဲ့ ပြန်ကြည့်လိုက်ရင် မှတ်ဉာဏ်တွေ ပျက်စီးသွားမှာစိုးတာကြောင့် ပြန်မကြည့်ဖြစ်ခဲ့ဘူး။ ဒီနေ့တော့ ဒီကားကို ပြန်ရေးရင်း ပြန်ကြည့်ဖြစ်တော့ ထင်ထားတာနဲ့ တက်တက်စင်အောင်တော့လွဲနေတယ်။ ကျွန်တော့်ကိုယ်ပိုင်အမှတ်တရကြောင့်လားတော့မသိပေမဲ့ ဒီကားကို ပြန်ကြည့်ရတဲ့ အရသာက အစောကထင်ခဲ့သလို ပေါလည်းမပေါသလို စုတ်လည်း မစုတ်ပြတ်နေခဲ့ဘူး။ ဇာတ်လမ်းဇာတ်အိမ်ကိုပြောပါတယ်။ ဟိုးတုန်းက အရသာမျိုးရှိနေတုန်းပဲလို့ ပြောရမှာပဲ။ တော်တော်လေးလည်း သဘောကျသွားခဲ့တယ်။ အခုအချိန်ထိလည်း ကျွန်တော်က စိတ်ကူးယဉ်တတ်ဆဲမို့လည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ အားလုံးတော့ ကြိုက်ကြမှာမဟုတ်ပေမဲ့ ၉၇ ၉၈ ၉၉ကာလက ကလေးတော်တော်များများအတွက်တော့ ဒီရုပ်ရှင်ဟာ အမှတ်တရတစ်ခုဖြစ်နေမှာပါပဲ။ ကောင်လေးတစ်ယောက်ရှိတယ်။ သူကအရမ်းစိတ်ကူးယဉ်တတ်တယ်။ သူ့စိတ်ကူးယဉ်တွေထဲက ကမ္ဘာကြီးမှာ သူ့မှာသူငယ်ချင်း၂ယောက်ရှိတယ်။ Sharkboy နဲ့ Lavagirlပေါ့။ ဆရာတွေ မိဘတွေကတော့ သူ့ကို စိတ်ကူးမယဉ်ဘဲ လက်တွေ့ဘဝမှာ ရှင်သန်ဖို့ ပြောကြပေမဲ့ သူက သူ့စိတ်ကူးအိပ်မက်တွေကို မစွန့်လွှတ်နိုင်တော့ အားလုံးကြားထဲ ငကြောင်လိုလိုဖြစ်နေခဲ့တာပေါ့။ တစ်နေ့ လက်တွေ့ဘဝနဲ့ သူ့စိတ်ကူးယဉ်တွေက အသားကျမနေတဲ့အခါ သူ့ဟာ သူ့စိတ်ကူးယဉ်တွေကို စွန့်လွှတ်လိုက်ဖို့ အကြောင်းဖန်လာခဲ့တယ်။ အဲဒီမှာ Sharkboy နဲ့ Lavagirlဟာ ကမ္ဘာပေါ်ရောက်လာပြီး သူ့ကို သူ့စိတ်ကူးယဉ်တွေကနေ ဖြစ်တည်လာတဲ့ ဂြိုဟ်ကြီး ပျက်စီးတော့မှာမို့ လာပြန်ပြင်ပေးဖို့ ခေါ်သွားကြတယ်။ ဒီလိုနဲ့ သူ့စိတ်ကူးတွေက တကယ်ဖြစ်နေတာကို သူမျက်မြင်တွေ့လိုက်ရတဲ့ အခါမှာတော့.... အသစ်ပြန်ဖြစ်တတ်တဲ့ နှလုံးသားတွေအတွက်တော့ ဒီရုပ်ရှင်ဟာ မအိုမင်းနိုင်တဲ့ နေ့ရက်တွေအကြောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Actino, Adventure, Comedy Quality…. 1080p | 720p | 480p File size… 2.4GB | 1.1GB | 515MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... Aaron

Drama
5.1 2005 92 mins
The Adventures of Sharkboy and Lavagirl
How About Adolf?
6.8

ဒီကားလေးကတော့ ၂၀၁၈ ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb မှာ Rating - 7/10 ရရှိထားတဲ့ ဂျာမန်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ တစ်ညမှာ စတက်ဖန်နဲ့ အဲလိဇဘက်လင်မယားတို့ ဘွန်းမြို့ကသူတို့အိမ်မှာ မိသားစုညစာစားပွဲလေးတစ်ခုလုပ်ဖို့ အဲလိဇဘက်ရဲ့မွေးစားအစ်ကို၊ သူ့မောင်နဲ့ သူ့မောင်ရည်းစား ကိုယ်ဝန်သည်ကောင်မလေးတို့ကိုဖိတ်ထားကြတယ်။ ဇာတ်လမ်းအစမှာ‌တော့ အလယ်တန်းပြဆရာမ အဲလိဇဘက်တစ်ယောက် ညစာစားပွဲအတွက်ပြင်ဆင်ရင်း အလုပ်ရှုပ်နေပြီး အခြားမြို့မှာနေနေတဲ့ သူမရဲ့မိခင် ဒေါ်ရိုသီယာနဲ့ ဖုန်းပြောနေတာကို အစချီရိုက်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့နေ့ညမှာပဲ ကလေးအဖေဖြစ်တော့မယ့် အဲ့လိဇဘက်ရဲ့မောင် သောမက်စ်က သူ့သားလေးကိုပေးထားတဲ့နာမည်ကြောင့် မိသားစုတွေငြင်းခုန်ရာကနေ ယောက်ဖနှစ်ယောက် ကတောက်ကဆတ်တွေဖြစ်နေချိန်မှာ သောမက်စ်ရဲ့‌ကိုယ်ဝန်နဲ့ကောင်မလေးက လူရွေးပွဲကနေညစာစားပွဲကိုရောက်လာပြီး စကားဝိုင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာပါတော့တယ်။ စနောက်၊ ငြင်းခုံ၊ စကားနိုင်လုမှုတွေကနေအစပြုပြီး တစ်ယောက်ချင်းစီရဲ့လျှို့ဝှက်ချက်‌၊ မကျေနပ်ချက်တွေ တစ်စပြီးတစ်စထွက်လာတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 730MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 31Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

Adventure • Animation • Comedy • Family
6.8 2018 91 mins
How About Adolf?
Mudbound
7.4

IMDb Rating - 7.4/10 ဒီကားက သရုပ်ဆောင်တွေက တော်တော်တော့မိုက်ပါတယ်။ ပထမဆုံးတစ်ယောက်အနေနဲ့ ဂတ်စ်ဘီကားနဲ့ အားလုံးအချစ် ခံခဲ့ရတဲ့ ဒေစီတစ်ဖြစ်လဲ Carey Mulliganဟာ တကယ့်ထိပ် တန်းမင်းသမီးလို့‌ ပြောလို့ရပါ့မလား သေချာတော့မသိပေမဲ့ သရုပ်ဆောင်အရာမှာတော့ အခုထိလည်း ကိုယ့်ကိုယ်ကိုယ် တစ်စထက်တစ် သွေးနေတုန်း၊ စိတ်နှစ်ကိုယ်နှစ်သရုပ်ဆောင် တဲ့ မင်းသမီးဆိုတာတော့ သေချာပါတယ်။ နောက် ဂတ်စ်ဘီကားမှာပဲ ဒေစီ့ယောက်ျားနဲ့ ဖောက်ပြန်တဲ့ မိန်းမရဲ့ ယောက်ျားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jason Clarke လည်းပါပါတယ်။ သံသရာတစ်ပတ်လည်ပြီး ဒီထဲမှာတော့ သူတို့၂ယောက်လင်မယားဖြစ်လာခဲ့တာပါ။ နောက် Tron မင်းသား Garrett Hedlundနဲ့ လူမဲဘဝသရုပ်ဖော်ကားဆိုတော့ သရုပ်ဆောင်ကောင်းတဲ့ လူမဲတွေတော်တော်ပါပါတယ်။ ဇာတ်ပို့ ဇာတ်ဆောင်အကောင် သရုပ်ဆောင်တာတွေက သူ့နည်းသူ့ဟန်နဲ့ အံဝင်ခွင်ကျဖြစ်နေတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်ကတော့ ဒုတိယကမ္ဘာ စစ်ကာလရယ် လူမဲဖိနှိပ်ခံဘဝရယ်ကို ဖော်ပြဖို့ ကျေးလက်ဒေသက လယ်ယာစိုက်ပျိုးရေးနဲ့ တွဲဖက်ပုံဖော်သွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မီးက သူ့ဘာသာလောင် လူတွေကလည်း သူ့အပူနဲ့ သူ့စားဝတ်နေရေး သူ့အတ္တအတွက် သူ့ဘာသာလောင်နေတဲ့ကာလ တစ်ခုပေါ့။ လူဖြူလယ်လုပ်ငန်းရှင်တစ်ယောက်ဟာ လူမဲမိသားစု တစ်စုကို လူငှားချပြီး အနိုင်ကျင့်တာတွေကို ကျွန်တော်တို့မြင်ရတယ်။ လူဖြူမိသားစုက ညီငယ်က ဒုတိယကမ္ဘာစစ်ပွဲအပြီး ပြန်လာတဲ့အချိန် လူမဲမိသားစုက သားကြီးကလည်း ပြန်လာခဲ့တယ်။ သူတို့၂ယောက်မှာ တူညီတာက စစ်ရဲ့အနိဠာရုံတွေကို‌ ‌ကြောက်တဲ့စိတ် အခုထိကျန်နေ သေးတာပဲ။ မတူညီတာကတော့ ဘဝတွေပေါ့။ စိတ်ဒဏ်ရာတူညီတဲ့ သူတို့က သူငယ်ချင်းတွေဖြစ်လာကြတယ်။ ဒါပေမဲ့ လူမဲကိုနိမ့်ကျတယ် ထင်တဲ့ လူဖြူတွေက မကြည်ကြဘူး။ ဒီလိုနဲ့ နောက်ဆက်တွဲတွေဖြစ်လာ တယ်။ ဒီဇာတ်လမ်းကိုမှ တော်တော်ကြည့်ကောင်းအောင် ရက်ရက်စက် စက်ပုံဖော်ထားတာပါ။ ခရမ်းချဉ်သီး ၉၇လုံးရထားတဲ့ဇာတ်မို့ မကောင်းမှာ တော့ ပူစရာမရှိပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(1.7 GB) / (685 MB) / (397 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........2Hr 14Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, War Translator.......WiRa Aung Encoder..........Zin Phyo Aung

Comedy • Romance
7.4 2017 135 mins
Mudbound
The Mummy
6.9

ဒီရုပ်ရှင်ဇာတ်ကားဟာ 1932 ခုနှစ်ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားကို Remark ပြန်လုပ်ထားတာဖြစ်ပြီး ခေတ်သစ် Mummy ဇာတ်ကားတွေ နှိုးထလာစေဖို့ အစပျိုးခဲ့တဲ့ ကနဦးဇာတ်ကားလဲဖြစ်ခဲ့ပါတယ်။ မင်းသား Brendan Fraser နဲ့ မင်းသမီးချောလေး Rachel Weisz တို့ကို Mummy ဇာတ်ကားတွေနဲ့ တွဲဖက်မှတ်မိစေတဲ့အထိ သူတို့နှစ်ယောက်အတွဲက လိုက်ဖက်လွန်းခဲ့ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်က ချစ်လျှက်နဲ့ မပေါင်းခဲ့ကြရတဲ့ချစ်သူနှစ်ဦး... အီဂျစ်ဘုရင်တို့ရဲ့ ရှေးဟောင်းကျိန်စာများကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ချစ်သူ နှစ်ဦးအကြောင်းကိုအစပြုလို့..... ဒီဖက်ခေတ် စာကြည့်တိုက်မှူးမိန်းကလေးတစ်ယောက်နဲ့ ကြေးစားစစ်သားကြီး အိုကော်နယ်တို့ရဲ့ စိတ်ဝင်စားဖွယ်ရာစွန့်စားခန်းများအကြောင်းနဲ့ ရှေးဟောင်းကျိန်စာများနိုးထလာတဲ့အခါ ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးများနောက်ဆက်တွဲပါလာပုံတို့ကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတာပါ။ File size…(4.3 GB) /(1.2 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….02:04:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo

Comedy • Drama
6.9 1999 124 mins
The Mummy
Fracture
7.3

IMDb...7.2 ဆရာကြီးတွေဖြစ်တဲ့ Anthony Hopkins နဲ့ Ryan Gosling တို့ အဓိကပါဝင်ထားတဲ့အပြင် ဇာလမ်းကလည်း ရှယ်ကြီးဆိုတော့ကား... ထက်မြက်ထူးချွန်လွန်းတဲ့ လူတစ်ယောက်ဟာ ရာဇဝတ်သားဖြစ်သွားခဲ့ရင် ဘယ်လောက်အန္တရာယ်များသွားနိုင်မလဲ... လေယာဉ်ကုမ္ပဏီတစ်ခုပိုင်ဆိုင်ထားတဲ့ တက်ဒ်ခရောဖော့ဆိုတဲ့လူကြီးမှာ မိန်းမငယ်ငယ်ချောချောလေးတစ်ယောက်ရှိတယ် သူ့မိန်းမဟာ စုံထောက်တစ်ယောက်နဲ့ဖောက်ပြန်နေတာကိုလည်းသူသိတယ်... ဒီလိုနဲ့တစ်ညမှာတော့ သူ့မိန်းမကိုသေနတ်နဲ့ပစ်သတ်လိုက်တယ်... ဒါပေမဲ့ ပေါ်တင်ပဲ "ငါ့မိန်းမကို ငါပစ်သတ်လိုက်ပြီ သက်သေပြနိုင်ရင်ပြကြ" တဲ့.... တစ်ဖက်မှာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးရှေ့နေအဖွဲ့ဆီရောက်နေတဲ့ ဝီလီယမ်ဆိုတဲ့ရှေ့နေတစ်ယောက်ရှိတယ် ဒီရှေ့နေလေးကပဲ ဉာဏ်ကြီးရှင်ရာဇဝတ်သားကြီးနဲ့ တရားခွင်မှာသွားရင်ဆိုင်မိတဲ့အခါမှာတော့... File Size :(1.9GB) (638 MB) and (380 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:53:00 Genre : Crime ,Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Horror
7.3 2007 113 mins
Fracture
New Seven Heroes and Five Gallants

ဒီကားလေးကတော့ မှုခင်းရေးရာနဲ့သိုင်းဇာတ်လမ်းကို ပေါင်းစပ်ထားတဲ့ဇာတ်လမ်းလေးပါ 2016ကထွက်ရှိထားတဲ့ Three Heroes and Five Gallantsကို movieအနေနဲ့ပြန်ရိုက်ကူးထားတာပါ ~နန်ရီရွာ~ လူတွေမရှုမလှသေဆုံးမှုတွေကြောင့် ကလေးတွေကြားမှာပင် တဘောင်လင်္ကါတွေနဲ့ကျော်ကြားနေသောမြို ဟုတ်ပါတယ် တစ်နှစ်ထဲမှာတင် လူ၁၂ယောက်ပျောက်ဆုံးသေဆုံးပြီး သေဆုံးသူတွေကလည်း ဒုက္ခသည်တွေ ဆင်းရဲတဲ့မိသားစုဝင်တွေဖြစ်တာကြောင့် လူသေဆုံးမှုကိုအဲ့လောက်အရေးအရာမလုပ်ခဲ့ကြပါဘူး တဖြည်းဖြည်းအစောင့်တွေပါ သေဆုံးလာတဲ့အခါမှာ တေ ာ့ ရုံး တော်က ပညာရှိလူကြီးမင်းပေါင်ကိုစေလွှတ်ကာ ထိုကိစ္စကိုစစ်ဆေးစေခဲ့ပါတယ် ပညာရှိပေါင်ဟာ သူ့တပည့်ပေါင်ရှင်းနဲ့အတူတူသွားရင်း ထိုကိစ္စကိုစစ်ဆေးဖိုလုပ်ရင်း သူရဲကောင်းနန်ရှ ကျန်းတာ့ရှနဲ့တွေ့ဆုံခဲ့ပါတော့တယ် အဲ့လိုနဲ့သူတိုသုံးယောက်ဟာ စုံစမ်းရေးကိစ္စတွေလုပ်ရင်း သံသယရှိသူလုရိသောင်ကို စစ်ဆေးတဲ့အခါ ကူညီပေးမဲ့ သူရဲကောင်းနောက်တစ်ယောက် ပိုင်ယွီထန်းနဲ့ထပ်တွေ့ကြုံခဲ့ပါတယ် အဆင်ပြေပြေတွေ့ကြုံခဲ့တာတော့မဟုတ်ပါဘူး အခက်အခဲတွေကိုသူတိုလေးယောက်ဘယ်လိုကျော်ဖြတ်မလဲ? ဘယ်လိုတွေကြုံတွေ့ရမလဲ? နောက်ကွယ်မှာ ဘယ်လိုလှည့်စားမှုတွေရှိမလဲဆိုတာ ဇာတ်လမ်းလေးကိုကြည့်ရှူလိုက်ရအောင်နော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Historical , Crime Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama
0 2018 98 mins
New Seven Heroes and Five Gallants
Pu-239
6.7

ရုရှားရဲ့လျှို့ဝှက်နျူကလီးယားစက်ရုံတစ်ခုမှာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး နည်းပညာရှင်တစ်ယောက်ဖြစ်တဲ့ တီမိုဖေးဟာ ရေဒီယို သတ္တိကြွမှုအဆင့် Rems 100 နဲ့ထိတွေ့ခံခဲ့ရပါတယ်။ ဒီပမာဏဟာ ကာယကံရှင်နဲ့ပတ်ဝန်းကျင်ကိုထိခိုက်နိုင်မှုနည်းပါးပေမယ့် စက်ရုံ ဒါရိုက်တာက ဖြစ်စဉ်တစ်ခုလုံးအတွက် တီမိုဖေးကိုအပြစ်ပုံချပြီး ခံစား ခွင့်တွေမှန်သမျှရုတ်သိမ်းခဲ့ပါတယ်။ တစ်ခုခုသိထားပုံရတဲ့ တီမိုဖေးဟာ ပလူတိုနီယမ် နည်းနည်းခိုးယူလာပြီးမြို့ပေါ်တက် ရောင်းချဖို့ကြိုးစား ရင်းနဲ့သူ့ဇနီး သူ့သားတို့နောင်ရေးတို့စိတ်အေးရအောင် စီစဉ်ပါတော့ တယ်။ အဲ့ဒီမှာပဲ သူ ရှစ်ဇ်နဲ့စတွေ့ပါတယ်။ရှစ်ဗ်ဆိုတာကတော့ လူဆိုးဂိုဏ်းတစ် ခုရဲ့ ငွေကောက်တဲ့လူမိုက်အဆင့်တွေထဲကတစ်ယောက်ဖြစ်ပြီး လောလော ဆည်တော့ သူတို့ဂိုဏ်းနဲ့ပြိုင်ဘက်ဂိုဏ်နယ်မြေထဲက ဆိုင်တစ်ဆိုင်ကို လိပ် စာမှားပြီး ငွေဝင်ကောက်ရင်း ဆိုင်ကိုမီးရှို့ပစ်မိလို့ သူ့ဘော့စ်က လျော်ကြေး တောင်းထားတဲ့အတွက် အဲ့ဒီလျော်ကြေးကို နည်းပေါင်းစုံနဲ့ရှာနေရပါတယ်။ သတ်မှတ်ချိန်အတွင်း သတ်မှတ်ပမာဏမရရင် အသတ်ခံရမှာဖြစ်တဲ့အတွက် သူလည်းအသည်းအသန်ဖြစ်နေတာပါ။ ဒီတော့ လက်ကျန်ဘဝသက်တမ်း အချိန်အကန့်အသတ်နဲ့ ငွေသိပ်လိုနေတဲ့လူနှစ်ယောက် နျူကလီးယားဗုံးထုတ် နိုင်တဲ့အဆင့် ပလူတိုနီယမ်တွေကိုတစ်ညအတွင်း အမြန်ရောင်းထွက်ဖို့နည်း ပေါင်းစုံနဲ့ကြိုးစားကြတာတွေကိုမြင်တွေ့ရမှာပါ။ Drama ဆိုပေမယ့် ရှစ်ဗ် ပါဝင်လာတဲ့အပိုင်းကစပြီး Crime/Thriller ဆန်ဆန်နဲ့မြူးမြူးသွက်သွက် ဆွဲခေါ်သွားတာဖြစ်တဲ့အတွက် အဆုံးထိဆွဲဆောင်မှုရှိတဲ့ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size..........(2.13 GB) / (842 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Alias Encoder..........SWM

Horror • Thriller
6.7 2006 97 mins
Pu-239
Ghost Blowing Lantern: Return of the South China Sea
5.9

Adventureကိုကြိုက်နှစ်တဲ့ပရိတ်သတ်တွေအတွက် ဇာတ်လမ်းကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် မင်းသားကတော့ ဆုတံဆိပ်တွေအများကြီးရထားတဲ့ Pan YueMing နဲ့ X Sister နဲ့ပွဲထွက်ထားတဲ့ နာမည်ကြီးမင်းသမီး Zhang YuQiနဲ့ဆိုတော့ ဇာတ်လမ်းကတော့အလွန်ကိုကောင်းလွန်းပါတယ် ရှေးဟာင်းပစ္စည်းတွေကိုရှာဖွေရတာကြိုက်တဲ့ မောကျင်းအဖွဲ့ ဝင် ဟူပါးယီးတို့အဖွဲ့က ကောင်းချင်းအုတ်ဂူမှာအရဲစွန့်ပြီးနောက် အဖွဲ့ကွဲသွားကြတယ် အမေရိကန်ပါမောက္ခချိန်က နန်းဟိုင်းရဲ့သန္တာကျောက်တန်းမှ ချင်ဝမ်အရိုးမှန်ကိုရှာဖွေဖို့အတွက် မောကျင်းအဖွဲ့ ဟူပါးယီးတို့ကိုဖိတ်ခေါ်ခဲ့တယ် ကောင်းချင်းအုတ်ဂူမှာကျိန်စာမိခံရတဲ့ဟူပါးယီးက သွားဖို့ငြင်းဆိုခဲ့ပေမဲ့ အဖွဲ့ဝင်တွေကြောင့် လိုက်ပါခဲ့ပြန်တယ် နန်းဟိုင်းပင်လယ်ကိုသွားတဲ့အချိန်မှာ နှင်းမိုးလေးတွေကျပြီးတော့ ထူးဆန်းတဲ့အရာတွေ အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုပေါ်လာခဲ့တယ် မောကျင်းတို့အဖွဲ့က ဒီအခက်အခဲတွေကိုကျော်ဖြတ်နိုင်မလား? ရတနာပစ္စည်းကိုဆယ်ယူနိုင်မလား? အဲ့နေရာမှာပဲသေဆုံးကြမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ်

Action • Thriller
5.9 2022
Ghost Blowing Lantern: Return of the South China Sea
Just Say Yes
4.5

Just Say Yes (2022) =============== လမ်းခွဲခံရဖူးတဲ့သူတွေ ရှိကြမှာပါ။ တချို့တွေက မက်ဆေ့ချ်တစ်စောင်နဲ့ လမ်းခွဲခံရမယ်။ တချို့ကတော့ ဖုန်းထဲမှာပဲ လမ်းခွဲခံရမယ်။ တချို့ကတော့ လူကိုယ်တိုင် စသည်ဖြင့် မျိုးစုံပဲပေါ့။ ဒီဇာတ်လမ်းထဲက လော့တာဆိုတဲ့ producerမလေးကတော့ တီဗီမှာ တိုက် ရိုက်ထုတ်လွှင့်နေတုန်းမှာပဲ သူနဲ့စေ့စပ်ထားတဲ့ ချစ်သူဆီက လမ်းခွဲစကား ပြောခံလိုက်ရပါသတဲ့။ ဒီလိုမျိုး တိုင်းသိပြည်သိ ဘဲပစ်ခံလိုက်ရလို့ ကြေကွဲ လူငယ်လေးဖြစ်နေတဲ့လော့တာက သူ့လိုမျိုး producerတစ်ယောက်ဖြစ်တဲ့ ခရစ်နဲ့အတူ သူ့ဘဲပြန်လာအောင် လုပ်ဖို့ စီစဉ်ကြပါတော့တယ်။ ဒီလိုစီစဉ်ရင်းမှာပဲ လော့တာတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ ကောင်း တာတွေဖြစ်လာမလား အဆိုးတွေနဲ့ပဲတွေ့ရမလားဆိုတာကို ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါး Comedy, Romance ကားလေးကို ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ် ပါတယ်) File Size……….(1.85 GB) / (753 MB) / (461 MB) Quality…………WEB-DL 1080p / 720p / 480P Duration………1Hr 37Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….EL Encoder……….SWM

4.5 2022 97 mins
Just Say Yes
Maria Full of Grace
7.4

IMDB 7.4 ရရှိထားတဲ့ ကိုလံဘီယာဘတ်ဂျတ်ရုပ်ရှင်တစ်ကားပါ။ ဘတ်ဂျတ်ရုပ်ရှင်ဆိုပေမဲ့ သရုပ်ဆောင်ချက်တွေက လက်ဖျားခါစရာပါပဲ။ ကိုလံဘီယာက အမှီအခိုကင်းပြီး စိတ်ဓာတ်ပြင်းတဲ့ ၁၇ နှစ်အရွယ် မာရီယာဟာ ထိုက်သင့်သလောက် လခမရတဲ့ ပန်းထုပ်ပိုးတဲ့အလုပ်မှာ လုပ်နေတဲ့ ကောင်မလေးတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ဘဝက အသုံးမကျတဲ့ရည်းစား ဝမ်ကြောင့် စိတ်ပျက်စရာကောင်းသလို မျှော်လင့်မထားဘဲ ကိုယ်ဝန်ရသွားပြီး အလုပ်ရှင်နဲ့ ဆက်ဆံရေးအဆင်မပြေလို့ အလုပ်ထွက်လိုက်ပြီးတဲ့နောက်မှာ ပိုဆိုးလာတော့တယ်။ အစ်မနဲ့အမေဖြစ်သူရဲ့ ဖိအားကြောင့်ရော ငွေကြေးအခက်အခဲရောကြောင့် မာရီယာဟာ မူးယစ်ဆေးတို့လိုမျိုး တရားမဝင်ပစ္စည်းတွေပို့ဆောင်ပေးတဲ့ ကောင်မလေးတစ်ယောက်ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အမေရိကားကိုသွားရတဲ့ သူ့ရဲ့ပထမဆုံးပို့ဆောင်မှုမှာတင် အခြေအနေက ထင်သလိုဖြစ်မလာခဲ့ဘဲ အဆိုးဘက်ကိုပဲ ဆက်သွားနေတဲ့အခါ နောက်ဆုံးမှာ မာရီယာနဲ့ သူ့ကလေးဟာ ဘေးကင်းတဲ့အနာဂတ်တစ်ခု ရလာနိုင်မလားဆိုတာကိုတော့… File size… 2 GB / 958 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 41m Genre ….. Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

7.4 2004 101 mins
Maria Full of Grace
Ninja vs Shark
6.8

Ninja vs Shark (2023) *********************** Serious ဖြစ်တဲ့ကားကြီးတွေပဲကြည့်ရတာပျင်းလာပြီး ပေါ့ပေါ့ပါးပါးကားလေးတွေပဲကြည့်ချင်သူတွေအတွက် ဂျပန်ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Ninja Vs Shark ဖြစ်ပြီး IMDb Rating 6.8 အထိရရှိထားပါတယ်။ ဇာတ်လမ်းနာမည်ကြည့်ပြီးတော့ဇာတ်ကားရဲ့အရိပ်အမြွက်ကိုတော့ နည်းနည်းပါးပါးသိနေလောက်မှာပါ။ အိုကစ်ဆူဆိုတဲ့တံငါရွာလေးမှာထူးဆန်းလှတဲ့ကံဆိုးမိုးမှောင်ကျမှုတစ်ခုကိုကြုံတွေ့နေရပါတယ်။ အဲ့ဒါကတော့ဘယ်သူမှငါးထွက်မျှားလို့မရသလို သူတို့ဆီမှာထွက်တဲ့အဖိုးတန်ရတနာဖြစ်တဲ့ပုလဲတွေကိုလည်းဆင်းရှာလို့မရတာပဲဖြစ်ပါတယ်။ ဒီတော့တံငါရွာဆိုပေမဲ့ငါးဖမ်းစားလို့မရတဲ့တံငါရွာဖြစ်နေခဲ့တာပေါ့။ အဲ့လိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ သူတို့ဆီကိုကြက်သွေးရောင်မိစ္ဆာဂိုဏ်းရောက်ရှိလာပြီး သူတို့ရဲ့ပုလဲတွေကိုလိုချင်တဲ့အတွက်ကျိန်စာတိုက်ခဲ့လို့ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်မလို့ရွာသူကြီးကရွာကိုကာကွယ်ဖို့အတွက် ကိုယ်ရံတော်တစ်ယောက်ငှားခဲ့ပါတော့တယ်။ ဒါပေမယ့်အဲ့ဒီကိုယ်ရံတော်ကသာမန်လူမဟုတ်ဘဲနင်ဂျာတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့ ကြက်သွေးရောင်မိစ္ဆာဂိုဏ်းနဲ့အိုကစ်ဆူရွာကြားမှာဘယ်လိုအရာတွေဆက်ဖြစ်ကြမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Size – 2.54GB, 1.02GB Quality – 1080p, 720p Format – mp4 Duration – 1H 17Min Genre – Action, History, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Saw Lay Encoded by Phyo Pyae

6.8 2023
Ninja vs Shark
Twitches Too
5.7

ဒီဇာတ်ကား က​တော့ Coventry လို့​ခေါ်တဲ့​မှော်တိုင်းပြည်မှာရှိတဲ့ Alex နဲ့ Camryn လို့​ခေါ်တဲ့ အမွှာစုန်းမနှစ်​ယောက်ရဲ့ ​မှော်စွန့်စားခန်းပဲဖြစ်ပါတယ်။ သူတို့နှစ်​ယောက်ဟာ လွန်ခဲ့တဲ့ ၂၁နှစ်ကနှိမ်နင်းခဲ့တဲ့ အ​မှောင် စွမ်းအား​တွေပြန်လည်နိုးထဖို့ကြိုးစားလာတဲ့အချိန် ဘယ်လိုတားဆီးကြမလဲကိုကြည့်ရှု့ရမှာဖြစ်ပါတယ်။ အမွှာနှစ်​ယောက်ရဲ့ အလွဲအ​ချော်​တွေ ငြင်းခုံမှု​တွေကို ရယ်စရာအ​နေနဲ့မြင်ရမယ့်အပြင် သူတို့ရဲ့ မှော်စွမ်းအား​တွေကိုထိန်းနိုင်​အောင်ဘယ်လို​လေ့ကျင့်ကြမလဲဆိုတာကို ကြည့်ရှု့ကြပါဦးခင်ဗျာ။ File Size : 2.2 GB, 930 MB Quality : WEB-DL 1080p / 720p Running Time : 1hr 23min Format : Mp4 Genre : Drama,Family, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by : Jack Encode by : Thit San Khant

5.7 2007 83 mins
Twitches Too
A Long Shot
6

CM ရဲ့ တရုတ်ကားချစ် ပရိသတ်တို့အတွက် ဇာတ်ကားဆန်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… တစ်ချိန်တစ်ခါက အဝေးပစ် သေနတ်ပစ်အားကစားသမားဟောင်းတစ်ယောက်… တစ်နေ့မှာ အာရုံကြောထိခိုက်ပြီး နားတစ်ဖက်မကြားတဲ့အနေအထားကို ရောက်သွားခဲ့တယ်… ဆာလောင်မွတ်သိပ်မှုက ငြိမ်မနေနိုင်တော့ ဘဝဝမ်းစာအတွက် အလုပ်ထွက်လုပ်ခဲ့ရာကနေ… အများပြောတဲ့ အရပ်ထဲက နားလေးပါးလေး စက်ရုံဟောင်းက လုံခြုံရေးဝန်ထမ်းကြီးဖြစ်လာတာပေါ့… ဒီလိုနဲ့ စက်ရုံကို ညတိုင်းလိုလို ပစ္စည်းလာလာခိုးနေတဲ့ ဗရုတ်တစ်ဖွဲ့က ကောင်လေးတစ်ယောက်နဲ့ ဆုံပြီး… တိုက်တိုက်ဆိုင်ဆိုင် ဒီကောင်လေးက သူကြိုးစားနေတဲ့ ဖူးစာကြင်ဖော်အမျိုးသမီးရဲ့ အရင်အမျိုးသားနဲ့ရတဲ့သားဖြစ်နေလေရဲ့… အဖေတစ်ဝမ်းကွဲဖြစ်တော့မှာဆိုတော့ ဒီလမ်းမှားနေတဲ့ သားတစ်ဝမ်းကွဲကို ဆုံးမရင်းနဲ့ပဲ… သူမသိသေးတဲ့ သူအလုပ်လုပ်နေတဲ့ စက်ရုံရဲ့ လျို့ဝှက်ချက်ကို သိခဲ့သလို…. တစ်ချိန်က မေ့ထားခဲ့တဲ့ သေနတ်ကို လက်ထဲ ပြန်ကိုင်လိုက်ရတဲ့အထိ ဖြစ်သွားခဲ့တာပါပဲ… ကဲ ဘယ်လို ဇာတ်အိမ်နဲ့ တည်ဆောက်ထားတဲ့ ဇာတ်လမ်းလဲဆိုတာ ကြည့်လိုက်ရအောင်နော်..

Horror • Science Fiction
6 2025
A Long Shot
Rekhachithram
7.4

Rekhachithram (2025) အတိတ်ရဲ့ပဲ့တင်သံ မှုခင်း သည်းထိတ်ရင်ဖို ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီနေ့ရဲ့သတင်းဌာနတိုင်းမှာ Facebook live တစ်ခုက နေရာတိုင်းမှာ ကြားနေရပါတယ်။ လူတစ်ယောက်က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူကျူးလွန်ခဲ့တဲ့အမှုကို ဝန်ခံပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခြင်းပါ။ ၁၈ တောင်မပြည့်သေးတဲ့ကလေးမလေးကို ဖျာလိပ်နဲ့ပတ်လို့ မြေမြှုပ်ခဲ့တဲ့နေရာမှာပဲ သူ့ဘဝကို အဆုံးသတ်သွားပါတယ်။ သူက သူနဲ့အတူ ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေကိုပါ ဖော်ထုတ်သွားလေရဲ့။ ဒီလိုနဲ့ရဲတွေက သူဖော်ထုတ်သွားတဲ့သူတွေကို လိုက်လံစုံစမ်းရင်း အလောင်း‌မြှုပ်ခဲ့တဲ့နေရာကိုတူးဖော်ရာမှာ‌တော့ အရိုးစုနဲ့အတူ ခြေချင်းဝတ်လေးတစ်ခုကို တွေ့ပါတော့တယ်။ Live မှာပြောခဲ့တဲ့နာမည် ရှိသူတိုင်းကို နေရာအနှံ့လိုက်လံမေးမြန်းရင်း တူးဖော်ရတဲ့အရိုးနဲ့အတူ ခြေချင်းဝတ်ပိုင်ရှင်ကိုပါလိုက်ရှာရာမှ ဖခင်တစ်ဦးက သူ့သမီးခြေချင်းဝတ်ပါလို့ ပြောလာတဲ့အချိန်မှာတော့…….. သူတို့ကျူးလွန်ခဲ့တာ ဘာပြစ်မှုပါလဲ၊ ကောင်မလေးကရော ဘာဖြစ်ခဲ့တာလဲ၊ အတူကျူးလွန်ခဲ့တဲ့သူတွေက ဘယ်လိုဆက်စပ်လို့ ဘယ်သူတွေလဲဆိုတာ ရုပ်ရှင်လေးကိုကြည့်ရှုရင်း အဖြေထုတ်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

7.4 2025 139 mins
Rekhachithram
OOP Saga – Time’s Opposite Path

ရည်းစားဟောင်းရဲ့ လက်ထပ်ပွဲကိုတက်ခဲ့ပြီးနောက် ဆန်မျူရယ်ဟာ သူရဲ့ချစ်သူလော်ရာနှင့်အတူပြောင်းနေဖို့ တောင်းဆိုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူစိမ်းအမျိုးသမီးတစ်ယောက်က မယ်ရီတော်ကို အကူအညီတောင်းတဲ့ ဖုန်းတွေဆက်တိုက်ခေါ်နေခဲ့ပါတယ်။ ချစ်သူနှစ်ဦးတို့ အထင်လွဲနေတာကို ဖြေရှင်းဖို့ သူငယ်ချင်းတွေနဲ့ အပျော်ခရီးထွက်ရင်း ထူးဆန်းတဲ့အမှန်တရားတစ်ခုကို သိလိုက်ကြရပါတယ်။ ထို ထူးဆန်းတဲ့ဖြစ်ရပ်မှန် သူတို့ဘဝတွေ ဘယ်လိုဆက်စပ်နေမလဲ။ ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1 GB)/(481 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Eunice

Drama
0 2025
OOP Saga – Time’s Opposite Path