YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Don't.Dare.To.Dream.S01E15.720p(CM).mp4

606.23 MB 720p video/mp4 938 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Eismayer
7.3

အရာခံဗိုလ်ကြီး အက်စ်မေယာဟာ ဩစတီးယားတပ်ဖွဲ့ရဲ့တပ်သားသစ်တွေကြားမှာ ကြမ်းလွန်းတင်းကြပ်လွန်းတယ်လို့ နာမည်ကြီးနေတဲ့သူပါ.. အဲ့လိုတင်းကြပ်လွန်းတဲ့အပြင် ဇနီးနဲ့သားတစ်ယောက်လည်း ရှိတဲ့အက်စ်မေယာဟာတစ်ဖက်မှာတော့ လိင်တူစိတ်ဝင်စားတဲ့သူတစ်ယောက်ဖြစ်နေပြီး အဲ့ဒီစိတ်ကိုထိန်းချုပ်ရင်းနဲ့နေထိုင်နေတဲ့သူပဲ ဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့တပ်သားသစ် မာရီယိုဖာလက်နဲ့တွေ့ဆုံမိပြီး ထိန်းချုပ်ထားတဲ့ စိတ်တွေပွင့်ထွက်လာခဲ့ပြီး ဖာလက်နဲ့ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ အက်စ်မေယာကင်ဆာရောဂါကိုခံစားနေရချိန်မှာလည်း ဖာလက်ကပြုစုပေးနေရင်းနဲ့ သူတို့ကြားကသံယောဇဉ်တွေက တစ်စတစ်ကြီးထွားလာခဲ့ပါတယ်။ ဒါပေမယ့်အဲ့ဒီကိစ္စကို အနားကလူတွေမရိပ်မိအောင်နေထိုင်နေရင်း ဖာလက်ကတရားဝင်လူရှေ့ထွက်ဖို့ပြောလာတဲ့အခါမှာတော့... ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကိုအခြေခံထားတာဖြစ်ပြီး အချစ်ဟာအချစ်ပဲဆိုတာကို အများကနားလည်လာအောင် တင်ဆက်ထားတဲ့ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။ File Size :(1.3GB) and (469MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:56:00 Genre : War , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  APP Encoded by Phyo Pyae

Comedy • Drama
7.3 2022 86 mins
Eismayer
Aa Ammayi Gurinchi Meeku Cheppali
3.5

IMDb-6.4/10 ဒီတစ်ခါ CM ပရိသတ်ကြီး ရှုစားရမှာကတော့ Uppena နဲ့ ပရိသတ်ရင်ထဲရောက်လာတဲ့ မင်းသမီးချောလေးပါ၀င်ထားတဲ့ အချစ်ဇာတ်ကားကောင်းလေးပါ ရိုက်သမျှ ကြော်ငြာတွေ တစ်နှစ်တည်း 6 ကြိမ် ဆက်တိုက်ပေါက်လာတဲ့ တက်သစ်စလူငယ်ဒါရိုက်တာ နာဗင်းတစ်ယောက် တစ်နေ့ သူ့ပရိုဂျူဆာအိမ်က အပြန် အမှိုက်ကားနဲ့တိုက်မိပြီး လွန်ခဲ့တဲ့ 6 နှစ်လောက်က ရိုက်ခဲ့ဟန်တူတဲ့ ဖလင်ဟောင်းလေး တစ်ခု ကောက်ရခဲ့တယ် ဖလင်ထဲမှာပါတဲ့ ကောင်မလေးရဲ့ ရုပ်ရည်နဲ့သရုပ်ဆောင်ကို ကြွေသွားပြီး သူ့ရဲ့ပွဲဦးထွက် ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီး‌တင်ရိုက်ဖို့ လိုက်ရှာတော့တာပေါ့ ဒါပေမယ့် ဖြစ်ချင်တော့ မင်းသမီးက ရုပ်ရှင်မရိုက်ဖူးတဲ့အပြင် ရုပ်ရှင်ကို တစ်ခါမှမကြည့်ဖူးတဲ့ မျက်စိဆရာ၀န်တစ်ယောက် ဖြစ်နေတယ် မင်းသမီးအပါအ၀င် မင်းသမီးရဲ့မိသားစုကပါ ရုပ်ရှင်ဆိုတဲ့ စကားကို မကြားချင်လောက်အောင် ခါးခါးသီးသီး မုန်းနေကြတယ် ရုပ်ရှင်ခါးခါးသီးသီးမုန်းတဲ့သူကို ခေါင်းဆောင်မင်းသမီး တင်ရိုက်‌နိုင်အောင် တက်သစ်စ ဒါရိုက်တာလေး ဘယ်လိုကြိုးစားမလဲ ရုပ်ရှင်မုန်းတဲ့သူက ဘယ်လိုလုပ် ဖလင်ထဲမှာ ပါနေတာလဲဆိုတော့ ပရိသတ်ကြီးပဲ ကြည့်ရှုခံစားကြည့်ပါတော့ File size…2.09GB / 924MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL & Jerrica & Kham Mon & Kevin Ag

Adventure • Animation • Family • Fantasy
3.5 2022 142 mins
Aa Ammayi Gurinchi Meeku Cheppali
Back To The Devil

CM ကနေ ဒီတစ်ခါမှာတော့ ခေတ်ရေစီးကြောင်းအလိုက် မကောင်းမှုတွေကျူးလွန်တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကတော့ အက်တာနက်ပေါ်ကနေ လိမ်လည်မှုတွေကို လိုက်လံဖမ်းဆီးမှုတွေ တင်းကြပ်လာတဲ့အချိန်မှာတော့ မကောင်းမှုကျူးလွန်သူတွေကတော့ လုပ်နေကျအတိုင်း မလုပ်ရမနေနိုင်ဘဲ ဆက်လက်လုပ်ကိုင်ရာကနေမှ နောက်ဆုံးမှာ ဘဝနိဂုံးချုပ်သွားရတဲ့အကြောင်း မကောင်းမှုကျူးလွန်ရတဲ့အကြောင်းရင်းအမြောက်အမြားရှိသော်ငြားလည်း မကောင်းမှုပြုသူတို့ဟာ မကောင်းမှုမှန်သမျှတို့ရဲ့ အကျိုးဆက်ကို ပြန်လည်ခံစားသွားရတဲ့အကြောင်းကို ရိုက်ကူးပြသထားတာဖြစ်ပြီးတော့ ဒီကားလေးကနေတစ်ဆင့် ယနေ့ခေတ်မှာဖြစ်ပျက်နေတဲ့ နည်းပညာပိုင်းဆိုင်ရာလိမ်လည်မှုတွေကို သင်ခန်းစာယူလို့ရတာဖြစ်လို့ ကြည့်ရှုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်....... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded by LK

Adventure • Fantasy
null 2020
Back To The Devil
Race Gurram
6.8

၂၀၁၄ခုနှစ်က ထွက်ခဲ့တဲ့ မင်းသားအာလူးအာဂျွန်ရဲ့အက်ရှင်ဇာတ်လမ်းကောင်းတပုဒ်ပါ.... အက်ရှင်ခန်းအလန်းတွေ မင်းသားအာလူးရဲ့သရုပ်ဆောင်မိုက်ချက်တွေကြောင့် CMကနေ တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းအကျဉ်း အားလူးနဲ့သူ့အကိုရမ်က ညီအကိုရင်းဆိုပေမယ့် အကျင့်စရိုက်က တစက်မှမတူတဲ့ညီအစ်ကိုနှစ်ယောက်ပေါ့ အားလူးက ခေတ်ရှေ့ပြေး လူငယ်ဆန်တဲ့စရိုက်နဲ့ ကောင်လေး ရမ်ကတော့ စည်းကမ်းကြီးပြီး စနစ်တကျနေတတ်တဲ့လူပေါ့... ညီအစ်ကိုနှစ်ယောက်လုံးရဲ့ စရိုက်ခြားနားမှုနဲ့ မင်းသမီးလေး ရှရှုတီယာရဲ့ ချစ်စရာအမူအရာလေးတွေကြား ဘောလိဝုဒ်ပရိတ်သတ်တို့အကြိုက်တွေ့စေမှာမို့ တင်ဆက်ပေးလိုက်ပါတယ်... File size…3.4GB / 1.4Gb  Quality…1080p AMZ WEB DL / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (hard sub) Encoder….X - Cross Translated by Chan Myae

Drama
6.8 2014 162 mins
Race Gurram
One Missed Call 2
5.3

One Missed Call 2 (2005) ဂျပန် horror movie လေးဖြစ်တဲ့ One Missed Call 2 ဟာဆိုရင် ရင်သည်းထိတ်ရင်ဖိုစရာကောင်းတဲ့ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ် ဒီကားလေးမှာဆိုရင်ဂျပန်စားသောက်ဆိုင်ပိုင်ရှင်ရဲ့ သမီးဖြစ်သူဖုန်းကို ထူးဆန်းတဲ့ဖုန်းတစ်ခုဝင်လာပြီးနောက် ဆိုင်ရှင်ကသေဆုံးသွားခဲ့တာကနေစသွားတဲ့ဇာတ်လမ်းလေးပါ ကိုယ့်နာမည်နဲ့ကိုယ့်ဖုန်းထဲကို ထူးဆန်းတဲ့သ ringtone သံနဲ့ဝင်လာပီးနောက် ဖုန်းလက်ခံရှိတဲ့သူတစ်ယောက်ပီးတစ်ယောက်ထူးဆန်းစွာနဲ့ နာနာကျင်ကျင်သေဆုံးခဲ့ရတယ် ဂျပန်မှာလိုမျိုးအလားတူထိုင်ဝမ်မှာလည်း ဒီလိုအဖြစ်အပျက်မျိုးဖြစ်နေတာကို ဘယ်လိုဖြေရှင်းသွားကြမှာလဲ ဘယ်လိုအငြှိုးတွေရှိနေလို့ဒီလိုမျိုးလူတွေကိုလိုက်သတ်နေရတာလဲ ဖုန်းလက်ခံရရှိတဲ့သူတွေကရောကံကြမ္မာကိုရှောင်လွှဲနိုင်ပါ့မလားဆိုတာကို ရင်ခန်စွာနဲ့ကြည့်ရှုလိုက်ရအောင်ပါနော် တရုတ်မင်းသားချော Peter Ho လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကြတော့ Yong Hom ပဲ ဖြစ်ပါတယ်။ Genre….. Horror, Mystery Quality…. 1080p | 720p | 480p File size… 2.11GB | 864MB | 429MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Yong Hom Encoder ….. August

Action • Adventure • Fantasy
5.3 2005
One Missed Call 2
Island of Fire – The Prisoner

ဒီကားလေးကတော့ ဟောင်ကောင်စတားတွေဖြစ်တဲ့ Jackie Chan ရယ် Andy Lau ရယ် Sammo Kam-Bo Hung (ဖက်တီးမင်းသား)တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းလေးတစ်ကားပါပဲ…….. ဇာတ်လမ်းလေးထဲမှာတော့ သူတို့တွေဟာ အကြောင်း အမျိုးမျိုးနဲ့ ထောင်ထဲကို ရောက်သွားကြတဲ့သူတွေပါ။ တစ်ယောက်ကို ပြဿနာတစ်ခုကြုံနေကြရတဲ့ သူတွေပေါ့။ ထောင်မှူးနဲ့ ထောင်စောင့်တွေကလည်း ထောင်သားတွေအပေါ် အနိုင်ကျင့်နှိပ်စက်လာဘ်စားနေကြတာပါ…. ဒီလိုနဲ့ ပြဿနာပေါင်းစုံတဲ့ ထောင်ကြီးထဲမှာ ပြဿနာပေါင်းစုံဖြစ်ကြပြီး တစ်ယောက်ပြီးတစ်ယောက် သေမိန့်ပေးခံလိုက်ရတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးလို့…….. File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:05:00 Genre…Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Translated & Encoded by Garfield

0 1990
Island of Fire – The Prisoner
Noryang: Deadly Sea
7

Noryang: Deadly Sea(2023) ************************* စစ်သူကြီး လီဆွန်းရှင်းဆိုတာ ကိုရီးယားသမိုင်းလေ့လာသူတွေရော စစ်ကားကြိုက်တဲ့ ကိုရီးယားပရိတ်သတ်တွေရော သူ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ ထူးချွန်တဲ့အရည်အချင်းများကြောင့် မသိတဲ့သူခပ်ရှားရှားပါပဲ…. ဒီကားကတော့ ဂျပန်တွေ ကိုရီးယားကို ကျူးကျော်စစ်ဆင်နွှဲတဲ့ ဒုတိယအကြိမ်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲကိုရိုက်ပြထားတာပါ…ဂျပန်တွေဟာ ကိုရီးယားကို ၁၅၉၂ မှ ၁၅၉၅ အထိတစ်ကြိမ် နှင့် ၁၅၉၆ မှ ၁၅၉၈ အထိ တစ်ကြိမ် စုစုပေါင်း ၂ကြိမ်ကျူးကျော်စစ်ဆင်နွှဲခဲ့တယ်.. ပထမကျူးကျော်စစ်မှာ စစ်သူကြီး လီဆွန်းရှင်းတို့ ရဲ့ ဟာဆန်းဒိုသမိုင်းဝင်တိုက်ပွဲဖြစ်တဲ့ Hansan : Rising Dragon(2022)ကတော့ ကျွန်တော်တို့ cmမှာလည်း တင်ဆင်ပြီးပါပြီ.. အခုတိုက်ပွဲကတော့ ဒုတိယ ကျူးကျော်စစ်မှာဖြစ်ပွားခဲ့တာပါ… အဲဒီကာလတုန်းက တရုတ်နဲ့ ကိုရီးယားဟာမဟာမိတ်ဖြစ်လေတော့ ပေါင်းညှပ်တိုက်ခိုက်မှုမှာ ဂျပန်ရေတပ်ဟာ အတော်အထိနာတယ်ပြောရမယ်..ဒါ့ကြောင့် ဂျပန်တပ်တွေဟာ လမ်းကြောင်းပိတ်ထားတဲ့ တရုတ်ကိုလမ်းဖွင့်ပေးဖို့ ညှိတယ်….ဒါကို လီဆွန်းရှင်းတို့က သဘောမတူဘူး.. သူတို့က ဂျပန်တပ်တွေကိုအပျောက်တိုက်ချင်နေတာ.. ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး…Box Office မှာ ၃၄သန်းထိပြန်ဝင်ခဲ့တဲ့ကားဆိုတော့ ဒေါင်းကြည့်ရမှာတန်ပါတယ်ဗျို့… File Size : (3.02GB) and (1.1GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:32:00 Genre : Action, Drama , History Translated by : Miri,Stary, Emily, Hnin Wai Oo & Treasure Htet Encoded by Phyo Pyae

Comedy
7 2023 153 mins
Noryang: Deadly Sea
[18+] Wife’s Friend Reunion

******************************* အီဂျီယောင်းဆိုတဲ့ မိန်းကလေးက ယောက်ျားနှိပ်စက်တာ ခံ‌နေရပြီးတော့ တစ်ကိုယ်တည်း အာမခံလုပ်ငန်းကို လုပ်ကိုင်ရင်း ရုန်းကန်နေရရှာတယ် ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အာမခံသွင်းမဲ့သူကို မရလို့ ကြံရာမရဖြစ်နေခဲ့တယ် တစ်နေ့မှာ သူ့ငယ်သူငယ်ချင်း ဒယ်ချောဆိုသူနဲ့ တွေ့ပြီးတော့ သူက ဖိတ်တဲ့အတွက် ကျောင်းသားဟောင်း တွေ့ဆုံပွဲကို သွားဖြစ်ခဲ့တယ် အဲဒီမှာ မင်ဂီဆိုတဲ့ လုပ်ငန်းရှင်နှာဘူး တစ်ယောက်နဲ့ တွေ့ပြီးတော့ သူနဲ့ အိပ်ပေးရင် အာမခံသွင်းပေးမယ်ဆိုပြီးတော့ အညှိခံရခဲ့တယ် တစ်ဖက်မှာလည်း နှိပ်စက်နေတဲ့ ယောက်ျားက ပိုက်ဆံ သိန်း ၅၀၀ ပေးရင် ကွာပေးမယ်လို့ ပြောလာတဲ့အခါမှာ ဂျီယောင်းလည်း ကြံရာမရတဲ့အဆုံး မင်ဂီနဲ့ သွားအိပ်လိုက်တယ် အဲဒီလိုနဲ့ မရပ်တန့်နိုင်တော့ ဂျီယောင်းတစ်ယောက် ဘယ်အချိန်ထိ လမ်းမှားကို ဆက်လျှောက်သွားဦးမလဲ ကယ်တင်ရှင် ပေါ်လာဦးမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် ဇာတ်လမ်းလေးလည်းမိုက် အခန်းလေးလည်းကြိုက်ချင်နေတဲ့သူတွေအတွက်တော့ရှယ်ပါဗျို့ File Size 1.1GB & 487MB Quality : WEB-DL1080p, 720p Format…mp4 Duration…01:27:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2017
[18+] Wife’s Friend Reunion
8 A.M. Metro
7

8 A.M Metro (2023) ရှစ်နာရီမက်ထရို Saithan၊ Hate Story နဲ့Hunterrr တို့ရဲ့မင်းသား Gulshan Devaiah နဲ့ Ghoomerမင်းသမီး Saiyami Kherတို့ရဲ့ ဒရာမာကားလေးပါ. ဘဝဟာ ရထားတစ်စင်းနဲ့တူတယ်လို့ပြောကြတယ်။ ဘဝတစ်လျှောက် မောင်းနှင်သွားလိုက်ရတာ ကိုယ်ဆင်းမယ့် ဘူတာမရောက်ခင်ထိပေါ့။ ရထားပေါ်မှာ လူအမျိုးမျိုး အဖြစ်အပျက်အမျိုးမျိုးကို တွေ့ကြုံရတတ်ကြတယ်။ မြင်ရခံစားရတယ်။ ကိုယ့်ကိုကိုယ်ပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့သူအဖို့တော့ ရထားဟာလည်း ဗလာပါပဲ။ အီရာဟာ သာမန်အိမ်ထောင်ရှင်မတစ်ယောက်ပါ။ အရမ်းအလုပ်များတဲ့ ခင်ပွန်းနဲ့ ကလေးနှစ်ယောက်နဲ့ ပြည့်စုံတဲ့မိသားစုလေးနဲ့ပါ။ အတိတ်ကဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာရပြီး ရထားစီးရမှာ ကြောက်နေတဲ့ အီရာဟာ ဆေးရုံတက်နေတဲ့ ညီမဖြစ်သူကိုပြုစုဖို့အတွက် နှစ်ပတ်လောက် မက်ထရို(ရထား) စီးရဖို့ ဖြစ်လာပါတယ်။ အဲဒီမှာ သူ့လိုပဲ လူသိပ်မရောတတ်တဲ့ ပရီတမ်နဲ့ ဆုံခဲ့တယ်။ အီရာလိုပဲ ပရီတမ်မှာလည်း အတိတ်ဒဏ်ရာတွေနဲ့ပါ။ ဝါသနာအရ ကဗျာရေးတဲ့ အီရာဟာ ကဗျာချစ်သူပရီတမ်နဲ့ ရထားပေါ်မှာပဲ ပိုရင်းနှီးလာခဲ့တယ်။ အိမ်ထောင်ကိုယ်စီရှိကြတဲ့ နှစ်ယောက်သား၊ ကဗျာရေးတဲ့သူနဲ့ ကဗျာဖတ်တဲ့သူနှစ်ယောက်ကြား ခင်မင်ရုံပဲလား။ အဲဒီထက်ပိုလာမလား။ နှလုံးသားချင်းနီးစပ်ရင် အချိန်တွေဟာ အလကားပါဆိုတဲ့ စကားအတိုင်း တစ်ယောက်နဲ့ တစ်ယောက် စာနာနားလည်ကြတဲ့ သူတို့အတွက် ဘာတွေဆက်ဖြစ်လာကြမလဲဆိုတာကတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ Alex ~ToMo ~ V ~ Suri ဖြစ်ပါတယ်)

7 2023
8 A.M. Metro
One Night
5

2024 မှာအသစ်စက်စက်ထွက်ထားတဲ့ အင်ဒိုဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ညတစ်ညမှာ ကာလာဟာ ဘားတစ်ခုမှာတစ်ယောက်တည်းသောက်နေတယ်။ သူနဲ့မလှမ်းမကမ်းမှာ အမျိုးသားတစ်ယောက်က သူ့ကို ခိုးကြည့်နေတယ်။ ဒါကိုကာလာလည်းသတိထားမိတယ်။ အချိန်အနည်းငယ်ကြာတော့ အဲ့အမျိုးသားဟာ ဘေရှင်းပြီး ပြန်ဖို့လုပ်တယ်။ ဒါပေမယ့်သူ့ပိုက်ဆံအိတ်က ကားပေါ်မှာ ကျန်ခဲ့တဲ့အတွက် ဝိတ်တာနဲ့အချင်းများနေတယ်။ ဒီအခြေအနေကို မကြည့်ဝံ့တဲ့ ကာလာလည်း ထိုအမျိုးသား အတွက်ပိုက်ဆံရှင်းပေးပြီး နှစ်ယောက်သားဘားကနေ ထွက်လာလိုက်တယ်။ ကျေးဇူးတင်တဲ့အနေနဲ့ ကာလာကို ကားပါကင်ဆီလိုက်ပို့ရင်းနှစ်‌ယောက်သား လမ်းလျှောက် ထွက်လာကြတယ်။ အပြန်အလှန်စကားပြောရင်းနဲ့ တစ်ည တာပဲ သိကျွမ်းခွင့်ရတဲ့အတွက် တစ်ယောက်အကြောင်း တစ်ယောက်သိအောင် ဘာလျှိုဝှက်ချက်မှ မထားဘဲအပွင့် လင်းဆုံး ရင်ဖွင့်ကြမယ်လို့ သဘောတူလိုက်ကြတဲ့အခါမှာတော့….. File size…1.13GB / 657MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5 2024 120 mins
One Night
One Piece: The Movie
6.9

One Piece: The Movie (2000) IMDB- 6.9/10, RT-86% —————————– ငဖီတို့ရဲ့ 2000 ခုနှစ်ကထွက်ရှိထားတဲ့ Movie ဖြစ်ပါတယ်။ Crew တ္ပေကတော့ Usopp join ပြီးတဲ့ကာလကို အခြေခံထားတာပေါ့။ ဇာတ်လမ်းက Woonan ဆိုတဲ့ ပင်လယ်ဓားပြကြီးဟာ ကမ္ဘာပေါ်မှာရှိတဲ့ ရွှေတွေအားလုံးရဲ့သုံးပုံတစ်ပုံ ပမာဏကို ရှာဖွေစုဆောင်းခဲ့ပါတယ်။ အဲဒါ ပြီးတော့ သူစုဆောင်းခဲ့တဲ့ တောင်ပုံယာပုံရွှေတွေကို ကျွန်းတစ်ကျွန်းမှာမြှုပ်နှံထားခဲ့တဲ့အတွက်… ဒီကျွန်းရဲ့ မြေပုံကိုရထားတဲ့ ပင်လယ်ဓားပြအဖွဲ့နဲ့ ကောက်ရိုးဦးထုပ်အဖွဲ့သားတွေ ထိပ်တိုက်တွေ့ကြတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မလဲ ရွှေတွေကိုရော ဘယ်သူတွေရသွားမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ One Piece ဇာတ်လမ်းတွဲမကြည့်ဖူးသေးတဲ့သူတွေလည်း ကြည့်လို့အဆင်ပြေပြီး… One Piece fan တွေအတွက်လည်း အလွမ်းပြေ ကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်နော်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Na Ei ဖြစ်ပါတယ်) File size… 2 GB / 650 MB Quality… Bluray 1080p / 720p Format… mp4 Duration…. 51m Subtitle….Myanmar Subtitle (Hardsub) Encoder…. Thit San Khant Translated by Na Ei

Comedy • Romance
6.9 2000 51 mins
One Piece: The Movie
Instinct

နာမည်ကြီးသရုပ်ဆောင် Anthony Hopkins ပါဝင်ထားတဲ့ Psychological Thriller အမျိုးအစားရုပ်ရှင် Instinct… နှစ်အနည်းငယ်လောက်ပျောက်ဆုံးသွားပြီး လူတွေနဲ့ဝေးရာ အာဖရိကတောနက်ထဲမှာ ဂေါရီလာမျောက်တွေနဲ့အတူသွားရောက်နေထိုင်ခဲ့တဲ့ မနုဿဗေဒပညာရှင် Ethan Powell လူသတ်မှုတွေနဲ့ တရားစွဲဆိုခံရပြီးနောက် စကားလုံးဝမပြောတော့တဲ့အခါ… စိတ်ရောဂါကုဆရာဝန် Dr. Theo Caulder တစ်ယောက်ကတော့ Powell ရဲ့အမှုကို အကဲဖြတ်ဆန်းစစ်မှုတွေပြုလုပ်ဖို့ အကြောင်းဖန်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံရာကတော့ Harmony Bay အကျဉ်းထောင်ထဲမှာ ဖြစ်လာပါတယ်။ Powell ကရော ဘာကြောင့် လူတွေကိုတိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့ရတာလဲ။ အမှုရဲ့နောက်ကွယ်မှာ ဘယ်လိုစိတ်ဝင်စားစရာတွေရှိနေလဲ။ Dr. Theo ကရော Powell ကို ကူညီပေးနိုင်မှာလား။ Harmony Bay က စိတ်ရောဂါလူနာအကျဉ်းသားတွေကို ဘယ်လိုထိန်းချုပ်ထားလဲ။ စိတ်လှုပ်ရှားရတာကိုသဘောကျပြီး စိတ်ပညာနဲ့ပတ်သက်တာကို စိတ်ဝင်စားတဲ့လူတွေအတွက် သဘောကျလောက်စရာ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ စဉ်းစားစရာတွေအများကြီးပါဝင်ပြီး ခင်မင်မှုနဲ့ သံယောဇဉ်တွေအကြောင်းကိုလည်း မီးမောင်းထိုးပြထားပါသေးတယ်။ Ethan Powell နေရာမှာ သရုပ်ဆောင်တဲ့ Anthony Hopkins ကတော့ ဆရာကြီးပီပီ ဇာတ်တစ်ခုလုံးကို ခံစားမှုရသအစုံရအောင် ဆွဲခေါ်သွားပါတယ်။ အဆုံးမှာ ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးမှာစီးမျောရင်း ခန့်မှန်းကြည့်လိုက်ဖို့ အကြံပြုချင်ပါတယ်။ File size… (1.8 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre..Drama , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Theint Waddy Lynn

Horror
0 1999
Instinct
Desperate
4.7

Desperate (2025) ဇာတ်ကားလေးကတော့ ရိုးရှင်းပါတယ်။ Donny တယောက်သူ့အမေဆုံးသွားတဲ့အခါ လမ်းစတွေပျောက်ရုံတင်မက လမ်းတွေပါလွဲပြီး ဘုရားသခင်ကို လျစ်လျူရူမိပါတော့တယ်။ သူ့ကိုဘုရားသခင်က လူကောင်းတွေလွှတ်ပြီး ကယ်ပါသော်လည်း အကိုတော်က ပိုက်ဆံလိုအပ်နေတယ်ဆိုပြီး နားမထောင်ပါဘူး။ လူတယောက်ဟာ သူတို့ချစ်တဲ့လူဆုံးရူံးရတဲ့အခါ လမ်းစတွေပျောက် လမ်းတွေမှားကုန်တဲ့အထိပါ အခြေအနေဆိုးကုန်တာပါ။ ဒီအခြေအနေကို Donny တယောက် ဘယ်လိုဖြတ်သန်းမလဲ။ နောက်ဆုံးဘုရားသခင်ဆီကို သူပြန်သွားမလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။) File size… (1.4 GB) / (670 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:27:29 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phyu Thwe Zaw

Comedy • Drama • Romance
4.7 2025
Desperate