YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Dongjae, the Good or the Bastard 2024 - Episode 05 - 720p [RMC].mp4

341.43 MB N/A video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Me Before You
7.9

Datshin Review : Me Before You (2016) Drama, Romance --- Plot --- . အသက် ၂၆ နှစ်အရွယ်ရှိ Louisa Clark ဟာ စားပွဲထိုးအလုပ်ကနေ ပြုတ်သွားပြီး အတူနေ မိဘနဲ့ ညီမသားအမိကို ထောက်ပံ့ဖို့ လိုတဲ့အတွက် အလုပ်သစ်တစ်ခု အသည်းအသန်ရှာရတဲ့အခါမှာ မသန်စွမ်းတစ်ယောက်ကို စောင့်ရှောက်ရမယ့် အလုပ်ကို လက်ခံခဲ့ပါတယ်။ သူစောင့်ရှောက်ရတဲ့သူက လွန်ခဲ့တဲ့ နှစ်နှစ်က မော်တော်ဆိုင်ကယ် မတော်တဆမှုမှာ တစ်ကိုယ်လုံးသေ (လက်ချောင်းတစ်ချောင်းနှစ်ချောင်းနဲ့ ခေါင်းလောက်ပဲ လှုပ်နိုင်တော့တဲ့) Will Traynor ပါ။ Will ဟာ မတော်တဆမှု မတိုင်ခင်က အောင်မြင်နေတဲ့ လူငယ် ဘဏ်လုပ်ငန်းရှင်လဲဖြစ်ပြီး ချမ်းသာတဲ့မိဘက ပေါက်ဖွားလာလို့ ရုပ်လဲချော ပညာလဲတတ် ကျားကျားယားယားလဲရှိနဲ့ အရာအားလုံး ပြည့်စုံနေတဲ့သူ ဖြစ်ခဲ့သူပေါ့။ ကို့ယို့ကားယား ကြောင်တောင်ကျားတား ဝတ်စားတတ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သူ Lou နဲ့ အရာရာကို စိတ်အချဉ်ပေါက်ပြီး တစ်ချိန်လုံးဒေါသထွက် လောကကြီးကို မကောင်းမြင်နေတဲ့ Will တို့နှစ်ယောက်ရဲ့ ကံကြမ္မာဟာ သူတို့ထင်ထားတာထက်ပိုပြီး ယှက်နွယ်လာခဲ့ကြပါတယ်။ . --- Review --- . Jojo Moyes ရဲ့ Best seller ဝတ္တုကို ပြန်ရိုက်ထားတဲ့ ဒီကားကို သေချာပေါက် ကြိုက်မယ့်လူ ၂မျိုးရှိပါလိမ့်မယ်။ ၁) The Fault in Our Stars လို မငိုငိုအောင် လုပ်ထားတဲ့ ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေရယ် ၂) British accent ကို ကြိုက်ပြီး အင်္ဂလန်တောတောင်ရေမြေသဘာဝအလှကို ကြိုက်တဲ့သူတွေရယ်။ . ဘယ်နေရာကိုမဆို သွားနိုင်လာနိုင်တဲ့အခွင့်အရေးရှိနေပါရက်နဲ့ ဒီမြို့လေးကလွဲရင် ဘယ်ကိုမှ မသွားချင် မသွားဖူးတဲ့ မိန်းကလေးနဲ့ ကမ္ဘာကြီးရဲ့ အလှအပတွေကို ကိုယ်တိုင်မြင်ဖူးခဲ့ပြီးမှ ဘယ်မှ သွားလို့မရပဲ ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ အချိန်ကုန်နေရတဲ့ အမျိုးသားတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အားကျနေကြရတာပေါ့။ လူတိုင်းက သူ့ဆို ငပေါ ဉာဏ်ထိုင်းလို သဘောထားတဲ့အပေါ် အသားကျနေတဲ့ Lou ကို အမြဲတမ်းထိပ်ဆုံးမှာပဲ နေချင်တဲ့ Will က အားမရဖြစ်၊ ချမ်းသာပြီး အရာအားလုံးပြည့်စုံ (ကျန်းမာရေးကလွဲ)နေရဲ့သားနဲ့ အားလုံးကလဲ ဝိုင်း ဂရုစိုက်နေရဲ့သားနဲ့ ဂျစ်ကန်ကန်ဖြစ်နေရလားဆိုပြီး Lou က သိပ်သည်းမခံချင်။ ဒါပေမယ့် သံယောဇဉ်တွေ အပြန်အလှန်တွယ်ခဲ့ပြီး Lou ရဲ့ အမြင်တွေ တဖြည်းဖြည်း ပြောင်းလဲလာပြီးမှ ဘာကြောင့် သူ့ကို ခြောက်လပဲ ငှားရမ်းရလဲ ဆိုတာရဲ့ အကြောင်းပြချက်ကို သိသွားတဲ့အခါမှာ Lou ဘက်ကကော Will Traynor ရဲ့ စိတ်ကို ပြောင်းလဲနိုင်ပါ့မလားဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ပါတော့။ . အင်္ဂလိပ်ကားတို့ ထုံးစံအတိုင်း ရှုခင်းလှလှလေးတွေ မြင်ကွင်းလှလှလေးတွေနဲ့ လှတပတလေး ရိုက်ထားတာပါ။ နောက်တစ်ခုက မင်းသားမင်းသမီးတွေက မြင်ဖူးနေကြမျက်နှာတွေပါပဲ။ Louisa Clark အဖြစ် GOT ရဲ့ အသည်းကျော် နဂါးမေမေ Emilia Clarke ဖြစ်ပြီး Will Traynor အဖြစ် hottie လေး Sam Claflin တို့ပါ။ နောက် Harry Potter ထဲက Neville Longbottom ဖြစ်တဲ့ Matthew Lewis၊ နောက် Doctor Who series ထဲက Doctor’s Companion လေး Clara Oswald ဖြစ်တဲ့ Jenna Coleman တို့လဲ ပါဝင်ပါတယ်။ နဂါးမေမေပါတယ်ဆိုပြီး GOT ထဲကလိုတော့ မထင်ထားကြပါနဲ့ဦး။ Emilia Clarke တို့ ဒီကားထဲမှာ လုံခြုံချက်များ ဘာဆို ဘာမှ မပေါ်ပါဘူး။ . အချစ်ဇာတ်လမ်းလို့ပြောပေမယ့် ဖက်ရမ်းနမ်းရှုံ့အခန်းတွေတောင် မပါမဖြစ်နေရာလောက်လေးပဲ ပါတဲ့အတွက် ကလေးတွေကြည့်လို့ရပါတယ်။ တစ်ခုပဲ… British accent နဲ့ဆိုတော့ သူတို့ပြောတာတွေ ဖမ်းမိဖို့ တော်တော်မလွယ်။ စာတန်းထိုးနဲ့ ကြည့်မှပဲ ဇာတ်ကားအရသာကို ကောင်းကောင်း ဖမ်းမိမယ် ထင်ပါတယ်။ . အစမှာ ပြောခဲ့သလိုပဲ ဝမ်းနည်းလာတာ ဝမ်းနည်းလာတာဆိုတာ မျက်ရည် ဘူးသီးလုံးလောက်ကျရပါတယ်။ သရုပ်ဆောင်ကောင်းလွန်းလို့တော့ မဟုတ်လှဘူး။ မင်းသားကော မင်းသမီးကောက ကားစ ကားဆုံး ရုပ်သေနေသလိုပဲ။ မင်းသားကတော့ ထားပါတော့ သူ့ဇာတ်ကောင်ကိုက တစ်ကိုယ်လုံးသေနေတာဆိုတော့။ ဇာတ်လမ်းကပေးချင်တဲ့ message ကိုက ဝမ်းနည်းစရာကောင်းနေတာဆိုတော့ ဘာပဲဖြစ်ဖြစ် ငိုရမယ်ဆိုသလိုပါပဲ။ ဒီကားပြီးရင်တော့ စဉ်းစားစရာလေးတွေ ကျန်ခဲ့မှာပါ။ အသက်ရှင်နေထိုင်ဖို့ ဘာလိုလဲ။ ဘဝကို ဘယ်လိုနေမလဲဆိုတာ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိရင် ဘယ်လိုသေမလဲဆိုကော ရွေးချယ်ခွင့် ရှိပါ့မလား။ စိတ်ဒဏ်ရာပေးခဲ့တဲ့ အတိတ်ရဲ့ အရိပ်ဆိုးတွေကို လက်မြှောက်အရှုံးပေးလိုက်တော့မှာလား။ Will ပြောသလို “Will you let this moment define you?”.. စသဖြင့် စသဖြင့် မေးခွန်းတွေ ကိုယ့်ကိုကိုယ်ပြန်မေးမိမှာပါ။ ဒဿနိကပိုင်းအရ အရမ်းနက်နဲလှတယ် မဆိုနိုင်ပေမယ့် အသက်ရှင်နေရခြင်းကို bite size စဉ်းစားစရာလေးတွေ ပေးမှာပါ။ စာအုပ်ဖတ်ပြီးသားလူတွေကတော့ ဖြစ်နေကြအတိုင်း သိပ် စိတ်တိုင်းကျမယ် မထင်ပါဘူး။ . --- Movie Info --- Director: Thea Sharrock Top-billed Cast: Emilia Clarke, Sam Claflin Runtime: 1 hour 50 min Screenplay: Jojo Moyes, Scott Neustadter, Michael H. Weber Distribution : Warner Bros. Budget : $20 Million Box Office : $157.8 Million --- Ratings --- Datshin: 3.5/5 IMDb: 7.6/10 Rotten Tomatoes: 43% -Jen (ရုပ်ရှင်အညွှန်းကို DatShin Facebook Page မှ ကူးယူဖော်ပြပါသည်။) File size…(3.2 GB)/(1.3 GB)/ (830 MB) Quality….WEB-DL 4K HEVC /1080p HEVC/720p Format…mkv/mp4 Duration….01:50:12 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by ^May^

Action & Adventure • Animation • Comedy • Sci-Fi & Fantasy
7.9 2016 110 mins
Me Before You
Murder, Anyone?
2

IMDb 6/10 ခုတစ်ခေါက် CM ပရိသတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ Murder, Anyone? ဆိုတဲ့ Comedy ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ ပြဇာတ်ရေးဆရာနှစ်ယောက်ဟာ တစ်မူထူးခြားပြီး ရသအပြည့်အဝပေးနိုင်မဲ့ ပြဇာတ်တစ်ပုဒ်ကို ပူးပေါင်းဖန်တီးကြတဲ့အကြောင်းပဲဖြစ်ပါတယ်။ အဲလိုရေးကြရင်း ရုပ်ရှင်နဲ့ ပြဇာတ်လောကရဲ့ အကြောင်းအကျိုး အကောင်းအဆိုးတွေ၊ အနုပညာအကြောင်း၊ ဘာသာစကားအကြောင်း အကောင်းအဆိုး အကြောင်းအကျိုးတွေကို ဟာသရောပြီး တင်ပြထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ သူတို့ရေးနေတဲ့ ပြဇာတ်ထဲက ဇာတ်လမ်းကိုလည်း တစ်ခါတည်း အသက်သွင်းပြထားလို့ ဇာတ်ကြောင်းနှစ်ခုတစ်ပြိုင်တည်း ကြည့်ရူရမှာဖြစ်ကြောင်း... File size…(1 GB)/(600 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:21:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho

2 2022 81 mins
Murder, Anyone?
Neelavelicham
4.5

IMDb 6.5 ဟောင်းနွမ်းပြီး ချုံနွယ်ပိတ်ပေါင်းတွေနဲ့ လျှောက်လမ်းကိုတောင် ဖုံးအုပ်နေတဲ့ ခြံကြီးတစ်ခြံ... ဒီခြံကြီးထဲမှာ နွယ်တွေရစ်ပတ်နေတဲ့အိမ်အိုကြီးနဲ့ ရေတွင်းပျက်တစ်လုံး...ညဘက်အမှောင်ထဲကြည့်လိုက်မိရင် သရဲကြီးတစ်ကောင် ငုတ်တုတ်ထိုင်နေသလိုမျိုး ချောက်ချားဖွယ်အတိပေါ့ အဲဒီမြိုထဲကလူတွေဆို ဒီခြံရှေ့ နေ့ခင်းကြောင်တောင်တောင် ဖြတ်မသွားရဲလောက်အောင် အခြောက်အလှန့်ကလည်း ကြမ်းမှကြမ်း.. ဒီအိမ်ကြီးမှာ ဇာတ်လမ်းကလည်းရှိခဲ့တာကိုး အချစ်ကို ဆုံးရှုးခဲ့ရလို ခြံပိုင်ရှင်သမီးလေးတစ်ယောက် ရေတွင်းထဲခုန်ချပြီး အစိမ်းသေသေခဲ့ရတယ် အဲဒီနောက်ပိုင်း ယောကျာ်းတွေကို မုန်းတီးပြီး သရဲအနေနဲ့ ခြံကိုလည်း စောင့်ရှောက် တွေ့သမျှလူတိုင်းလည်း ခြောက်လှန့်တယ်လို ဆိုကြတယ် ဒီခြံကို မအူမလည်နဲ့ ငှားမိသွားတာက စာရေးဆရာပေါက်စ ..ဈေးကလည်းအတော်တန်တော့ ၂လစာငွေချေပြီး ငှားလိုက်မိတယ် သူဒီခြံထဲကို ပြောင်းလာတာပါလိုမိတ်ဆက်လိုက်တိုင်း လူတွေက ကြောက်လန့်ကုန်ကြတယ် ဒီလိုနဲ့ သူတစ်စတစ်စတွေ့တွေ့လာရတဲ့ ချောက်ခြားမှုတွေ...ခြံကလည်းထပ်ငှားဖိုရာ ပိုက်ဆံမရှိလေတော့ ဒီခြံထဲက မမြင်ရတဲ့ အစိမ်းသေနဲ့သူဘယ်လိုနှစ်ပါးသွားမလဲ...ဇာတ်လမ်းက မပေါ့သွားမဲ့ဇာတ်လမ်းဖြစ်တာမို သရဲကားကြိုက်ပရိတ်သတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားပါပဲရှင် (အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni,Khin နဲ့ BpL တိုပဲဖြစ်ပါတယ်) File size…1.52GB/624MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ Khin Khin~ BpL Reviwed by Yunni

Drama • Science Fiction • Thriller
4.5 2023 134 mins
Neelavelicham
White Men Can't Jump
6.6

Sports Type နဲ့ Basketball ကြိုက်တဲ့ဘရားသားတို့အတွက် ဇာတ်ကားကောင်းလေးလာပါပြီ။ 1992 ကထွက်ထားတဲ့ White Men Can't Jump ကို remake ပြန်လုပ်ထားတဲ့ကားပါ။ 1992 ရုပ်ရှင်မှာတော့ Zombieland မင်းသားကြီး Woody Harrelson နဲ့ Blade မင်းသားကြီး Wesley Snipesတိုက အတွဲမိမိတင်ဆက် သွားခဲ့ပါတယ်။ ရုပ်ရှင်နာမည်တူနေတာကလွဲလို ဇာတ်လမ်းဇာတ် အိမ်ကတော့ ပြောင်းလဲသွားတယ် အရင်ကားက လူတွေလည်း ပြန်မပါလာဘူး ပထမကားလောက် အောင်မြင်မှုမရခဲ့ပေမယ့် သူ့ပုံ စံနဲ့သူ ကွဲထွက်နေပြီး ကြည့်လိုအဆင်ပြေပါတယ်။ ဒီဇာတ်ကားရဲ့တွဲဖက်နှစ် ယောက်က Jeremy အဖြစ်နဲ့အမေရိကန် ရက်ပ်ပါ Thomas Harley၊ ပြီးတော့ Kamal အဖြစ် Sinqua Walls တို့ သရုပ်ဆောင်ထားပါတယ်။ Kamal Allan ရဲ့ဘတ်စကတ်ဘောစကေးက NBA မှာကစားခွင့်ရဖို့ အထိ ရေပန်းစားနေသလို အောင်မြင်မှုအမြောက်အမြားရထားတဲ့ ဆယ်ကျော်သက် တက်သစ်စအထက်တန်း ကျောင်းသားလေးပါ။ သူရဲ့အဖေရဲ့ စနစ်တကျပျိုးထောင်ပေးမှုနဲ့ ဒီလိုအခြေအနေအထိ တက် လှမ်းလာနိုင်ခဲ့တယ်။ ဒါပေမယ့် အရာရာက မျှော်လင့်ထားသလိုဖြစ် မလာဘဲ သူ့ဘဝရဲ့အမှောင်နေ့ရက်တွေကို ဖြတ်သန်းဖိုဖြစ်လာခဲ့တယ်။ တစ်ဖက်က Jeremy၊ သူလည်း အထက်တန်းကျောင်းလက်ရွေးစင် ဟောင်းဒူးဒဏ်ရာကြောင့် ဆက်ကစားနိုင်ခြင်းမရှိတော့ဘဲ လူငယ်လေး တွေကို ထရိန်နင်ပေးနေတဲ့ ထရိန်နာတစ်ယောက်၊ သူတို့စိတ်ထဲက တူ ညီတဲ့အချက်တစ်ခုကြောင့် ထိပ်တိုက် တွေ့ဖိုဖြစ်လာပါတယ်။ သူတို့ ဘဝကို ပြောင်းလဲသွားစေမယ့်ပြိုင်ပွဲတစ်ခုက သူတိုနှစ်ယောက်ကို တ တွဲတွဲဖြစ်စေဖိုအကြောင်းဖန်လာပါတော့တယ်။ ဒီဇာတ်ကားမှာ မိသားစုဘဝဇာတ်အိမ်လေးတွေ၊ ရဲဘော်ရဲဘက်စိတ် ဓါတ်၊ အဖေတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေအပြင် တခြားသောရသ မျိုးစုံကိုပါ ခံစားရစေစေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size..........(2.11 GB) / (971 MB) / (580 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 41Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Sport Translator.......ZWT Encoder..........Zin Phyo Aung

TV Movie • Thriller
6.6 2023 101 mins
White Men Can't Jump
How to Train Your Dragon 2
7.7

IMDb - 7.8/10_____Rotten - 91% နဂါးတွေနဲ့ ပြေလည်မှုရသွားပြီး နဂါးတွေရဲ့ လုပ်အားနဲ့ ပြန်လည်တိုးတက်လာခဲ့တဲ့ Berk ရွာလေးဟာ နဂါးပြိုင်ပွဲ ကျင်းပနေပါတယ်။ ဒါပေမယ့် Hiccup ကတော့ သူရဲ့ နဂါးလေး Toothless နဲ့အတူ နယ်မြေသစ် ရှာဖွေမှုတွေ ပြုလုပ်ရင်း အေးအေးလူလူပဲ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရွယ်လွန်လာပြီဖြစ်တဲ့ Stoick ကတော့ သူ့သား Hiccup ကို ရွာသူကြီးလုပ်ဖို့ ဖိအားပေးစ ပြုနေပါပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသေးတဲ့ Hiccup အတွက်တော့ ဒီကိစ္စဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။ အပြောကျယ်တဲ့ မြေကမ္ဘာမှာ လျှောက်သွားရင်း Hiccup နဲ့ Astrid တို့ဟာ အလွန်ကြီးမားတဲ့ အစိမ်းရောင် ရေခဲတုံးကြီး တစ်ခုကို တွေ့ပါတယ်။ အဲဒီရေခဲတုံးကို လေ့လာနေဆဲမှာ Eret လို့ခေါ်တဲ့ နဂါးဖမ်းတဲ့မုဆိုးတစ်ယောက်က သူတို့ရဲ့ နဂါးတွေကို ဖမ်းဖို့ ကြိုးစားပါတယ်။ Eret ဟာ သူ့ရဲ့ ရွာပျက်သွားတာကြောင့် နဂါးတွေကို ကြည့်မရသူဖြစ်ပြီး Drago Bludvist လို့ခေါ်တဲ့ နဂါးနိုင်မင်းတစ်ယောက်အတွက် နဂါးတွေ လိုက်ဖမ်းပေးနေတာပါ။ ဒီကိစ္စကို အသိပေးဖို့ Hiccup နဲ့ Astrid တို့ဟာ ရွာကို ပြန်ခဲ့ကြပါတယ်။ Hiccup နဲ့ Astrid တို့ဆီက သတင်းစကား ကြားရပြီးနောက်မှာတော့ Stoick က တစ်ရွာလုံးကို တပ်လှန့်လိုက်ပါတယ်။ Stoick ဟာ အရင်က Drago နဲ့ ရင်ဆိုင်ဖူးပြီး ရူးသွပ်နေတယ်လို့ ဆိုပါတယ်။ Drago ဟာ ရွာကို နဂါးတွေနဲ့ မီးလောင်တိုက်သွင်းဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် Hiccup ကတော့ အဲဒီ သုံးသပ်ချက်ကို လက်မခံပဲ Drago ကို သူဖြောင်းဖြရင် ရနိုင်မယ်လို့ ယုံကြည်ပြီး Eret ဆီမှာ သွားအဖမ်းခံလိုက်ပါတယ်။ အဲဒီလို အဖမ်းခံပေမယ့်လည်း Hiccup ကို တကယ်တမ်း မဖမ်းနိုင်ပဲ လွတ်မြောက်သွားပြီး Hiccup နဲ့ Astrid တို့ဟာ တခြားသူတစ်ယောက် ဖမ်းဆီးတာ ခံလိုက်ရပါတယ်။ ဖမ်းလိုက်တဲ့သူကတော့ တခြား နဂါးစီးသူ တစ်ယောက်ဖြစ်ပြီး Valka လို့ အမည်ရပါတယ်။ သူဟာ Alp့ha အမျိုးအစား ဧရာမ နဂါးကြီးကို နိုင်နင်းသူဖြစ်ပြီး အဲဒီ Alpha နဂါးကြီးဟာ ကျန်တဲ့ နဂါးလေးတွေကို စောင့်ရှောက်သူ ဖြစ်ပါတယ်။ နောက်မှ သိရတာက Valka က Hiccup ရဲ့ မိခင်ဖြစ်ပြီး သူငယ်စဉ်က နဂါးတွေနဲ့အတူ ရွာကနေ ထွက်သွားခဲ့တာပါ။ Hiccup ဟာ သူ့မိခင်ကို ပြန်တွေ့ရပေမယ့် Drago ရဲ့ အန္တရာယ်ကနေ လွတ်မြောက်ခြင်း မရှိသေးပါဘူး။ ဗိုက်ကင်းကြီး Stoick ကလည်း Hiccup နောက်ကို လိုက်လာပါတယ်။ Hiccup တို့ မိသားစု ပြန်လည်ဆုံတွေ့ကြမှာလား။ Drago ကရော ဘာတွေ ကြံစည်ထားလဲ ဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ။ Kung Fu Panda ကနေ တောက်လျှောက် 3D နဲ့ အောင်မြင်မှု ရခဲ့တဲ့ DreamWorks Animation ဟာ ၂၀၁၀ ပြည့်နှစ်က အောင်မြင်ခဲ့တဲ့ How to Train Your Dragon ရဲ့ ဒုတိယမြောက် ဇာတ်ကားကို ဆက်လက်ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ စာရေးဆရာမ Cressida Cowell ရဲ့ How to Train Your Dragon ဝတ္ထုကို သုံးပိုင်းခွဲ ရိုက်ကူးတဲ့ထဲက ဒုတိယမြောက် ဇာတ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Dean DeBlois ရိုက်ကူးပြီး Jay Baruchel ၊ Cate Blanchett ၊ Gerald Butler ၊ Craig Ferguson ၊ America Ferrera နဲ့ Djimon Hounsou တို့က အသံနဲ့ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ IMDb မှာ Rating 7.8 ရရှိထားပြီး Rotten Tomatoes မှာတော့ Tomatometer 91% ထိ ရရှိထားပါတယ်။ နဂါးတွေ အရောင်စုံနဲ့ ရုပ်ထွက်လှပမှုကလည်း Rio 2 နဲ့ အပြိုင်ပါပဲ။ ဗိုက်ကင်းတွေရဲ့ ဇာတ်အိမ်နဲ့ ခိုင်မာတဲ့ ဇာတ်ကြောင်းကိုလည်း ပရိသတ်နှစ်သက်မှာပါ။ (အညွှန်းကို myanmar movie guide မှ ကူးယူပါသည် ) Filesize : 4.1GB /2.04GB / 1.07GB Quality : 1080p BluRay AAC5.1CH / 720p Format : mp4 Running Time : 1h 42 min Translator - V Subtitle : Myanmar Subtitle (Hardsub ) Encoder : Thit San Khant

Comedy
7.7 2014 102 mins
How to Train Your Dragon 2
Prince of Persia: The Sands of Time
6.3

Prince of Persiaဟာ ကျွန်တော်တို့ ဟိုးငယ်ငယ် နာရီပေးနဲ့ဆော့ခဲ့ရတဲ့ P2ခေတ်ကတည်းက နာမည်ကြီးခဲ့ပါတယ်။ နောက်ပိုင်း Mobile Game အထိ ရှိခဲ့သလို ဒီနှစ်ထဲလည်း Ubisoftက remakeပြန်ထုတ်ဖို့ အထိလုပ်ထားပါတယ်။ Prince of Persiaဟာ ဒီလို ခေတ်အဆက်ဆက်အထိ မမှေးမှိန်သေးတဲ့ နာမည်ကျော်ဂိမ်းစီးရီးတစ်ခုပါပဲ ဒီရုပ်ရှင်ကတော့ Prince of Persia , Sand of time ဂိမ်းTrilogy က အချက်အလက်တွေကို သုံးပြီး 2010မှာ ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ legend actorကြီး Jake Gyllenhaalနဲ့ Ben Kingsley တို့အပြင် ဆွဲဆောင်မှုအပြည့်နဲ့ မမGemma Artertonတို့က သရုပ်ဆောင်ထားပါတယ်။ ရုပ်ရှင်က ပါရှားတွေရဲ့ စစ်မက်တွေ မတည်ငြိမ်တဲ့ ခေတ်ကာလမှာ တည်ထားတာဆိုတော့ နန်းဆောင်ကြီးတွေ ၊ စစ်တပ်‌တွေ ၊ ကန္တာရ‌တွေ ၊ မြို့တော်ကြီးတွေနဲ့ ရုပ်ထွက်ကောင်းကောင်းနဲ့ ကြည့်ရင် တော်တော်လှတဲ့ ရုပ်ရှင်ပါပဲ။ ရှေးတုန်းက ပါရှားဘုရင်ကြီးတစ်ပါးရှိခဲ့တယ်။ သူ့မှာ သားတော်နှစ်ပါးနဲ့ ညီတော်တစ်ယောက်ရှိပြီး သူ့ညီနဲ့ သူ့ ညီအစ်ကိုသံယောဇဉ် ခိုင်မာနေမှ ဒီတိုင်းပြည်ကြီး အေးချမ်းမယ်လို့ ယုံကြည်ထားခဲ့တယ်။ အပြင်ရန် ထားဦး အတွင်းမီးတော့ ငြိမ်းနေမှ တိုင်းပြည်သာယာမယ်မို့လား။ သူ့သားနှစ်ယောက်ကိုလည်း သူက သူတို့လိုပဲဖြစ်စေချင်ခဲ့တယ်။ တစ်နေ့မှာ သတ္တိနဲ့ ကိုယ်ကျိုးစွန့်စိတ်ကို တန်ဖိုးထားတဲ့ ဘုရင်ကြီးဟာ ဒီစိတ်၂ခုရှိတဲ့ လမ်းပေါ်ကကောင်လေးတစ်ယောက်ကို သားအဖြစ်မွေးစားခဲ့တယ်။ သူ့သားတွေရဲ့ ညီအစ်ကိုသံယောဇဉ်ကိုလည်း သူက ခိုင်မြဲစေချင်ခဲ့တယ်။ ဒီလိုနဲ့ သူတို့ညီအစ်ကိုသုံးယောက်ဟာ အထွတ်အမြတ်ထားရတဲ့ မြို့တစ်မြို့ကို သိမ်းပိုက်မိပြီး အဲဒီမြို့က နတ်ဘုရားတွေရဲ့ အချိန်နောက်ပြန်သွားလို့ရတဲ့ ဓားကို တွေ့လိုက်ရတဲ့ အချိန်မှာတော့..... ဒီရုပ်ရှင်ဟာ သူ့ခေတ်က အတော် Flopခဲ့ပါတယ်။ အက်ရှင်ကားကောင်းတွေ ရှားလာတဲ့ ဒီဘက်ခေတ်ကြီးမှာ ပြန်ကြည့်ရင်တော့ တော်တော်ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ မင်းသားတွေနဲ့တင်လည်း တန်ပါတယ်။ ဒီရုပ်ရှင်ကို ကြည့်ကိုကြည့်သင့်တဲ့ အကြောင်းပြချက်တစ်ခုပေးရရင်တော့... ပြင်သစ်ဒါရိုက်တာကြီးတစ်ယောက်ပြောဖူးတယ်။ ရုပ်ရှင်တစ်ကားရိုက်ဖို့ သေနတ်တစ်လက်နဲ့ မိန်းမလှလှတစ်ယောက်ပဲလိုတယ်တဲ့။ သည်းထိတ်ရင်ဖို နဲ့ လိင်ဆွဲဆောင်မှုကို ဆိုလိုတာ ဖြစ်ပါလိမ့်မယ်။ ဒီရုပ်ရှင်က မမGemma Artertonရဲ့ အလှဟာ ဒုတိယတစ်ချက်အတွက် ပြည့်စုံတာထက် ပိုပါတယ်။ မှော်တို့ အက်ရှင်တို့ အချိန်ခရီးသွားတာတို့ ဖိုက်တင်ခန်းတွေတို့ ဂျိတ်တို့ ထားလိုက်ပါဦး။ ရုပ်ရှင်ထဲက အယ်လမတ်မြို့က မင်းသမီးလေးရဲ့ ညိုစိမ့်စိမ့်အလှနဲ့တင် Prince Of Persiaဟာ ဟိုးငယ်ငယ်ကတည်းက ဒီနေ့အထိ မှော်ဆန်တဲ့ရုပ်ရှင်ဖြစ်နေခဲ့တာပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။) File size…(2.3 GB)/(1.2 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:55:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WiRa Aung

History • Horror
6.3 2010 116 mins
Prince of Persia: The Sands of Time
Twilight Dinner

အချစ်ကြမ်းကြတဲ့အထဲမှာ သွေးစုပ်ဖုတ်ကောင်တွေလည်းပါတယ်နော်။ အချစ်လည်းကြမ်းသလို အငြိုးလည်းကြီးကြပါတယ်။ ဒါပေမဲ့ ဒီကားလေးထဲမှာပါတဲ့ Vampire လေးတွေချစ်တာကိုတော့ ဘယ်သူမှမရှောင်နိုင်လောက်ပါဘူး ။ အချစ်ကြမ်းကြမ်းတွေမို့ နားကြပ်လေးနဲ့ခံစားဖို့ ကြိုတင်သတိပေးပါရစေဗျ ။ မျက်နှာချင်းဆိုင်ကတိုက်ခန်းဘက်ကို လူသစ်ပြောင်းလာတာကြောင့် သွားနှုတ်ဆက်ရင်းနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ညီအစ်မနှစ်ယောက်နဲ့ ကာဇူဟီကိုတစ်ယောက် ရင်းနှီးခွင့်ရခဲ့ပါတယ် ။ သူတို့နဲ့ချိန်းတွေ့ချင်ပေမယ့် နေရောင်နဲ့အထိမခံနိုင်တဲ့ အရေပြားရောဂါရှိလို့ ခဏခဏငြင်းပယ်ခံရပြီးနောက်မှာတော့ ညီမဖြစ်သူ မာရာကိုနဲ့ ညဘက်ချိန်းတွေ့ဖို့ အကြောင်းဖန်လာပါတော့တယ်။ ညီမနဲ့လည်းချိန်းတွေ့ရင်း အစ်မနဲ့လည်း ခိုးစားဖြစ်သွားတဲ့အခါမှာတော့ ကာဇူဟီကိုဆီမှာ ပြောမပြတတ်အောင် ပြောင်းလဲမှုကြီးတစ်ခု စတင်ခံစားရပါတော့တယ်။ ကိုယ့်ကိုကိုယ်လည်း ထိန်းချုပ်လို့မရနိုင်အောင် ဘာမြင်မြင်အကုန်လုံးဆွဲစားချင်တော့တာပါပဲ။ ကာဇူဟီကိုတစ်ယောက် ဘာတွေပြောင်းလဲသွားတာလဲ? ဘာတွေများဆွဲစားခဲ့တာလဲဆိုတာတွေကို တစ်ဝကြီးခံစားလိုက်ပါတော့နော်.... File size…200MB Quality…HD DVD RIP Format…mp4 Duration….1h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by  Dark V

Science Fiction • Thriller
null 1988 80 mins
Twilight Dinner
Diabolik – Ginko Attacks
5.5

Diabolik – Ginko Attacks (2022) ၂၀၂၁ ခုနှစ်မှာထွက်ခဲ့တဲ့ Diabolik ရုပ်ရှင်ရဲ့ အဆက်ပါ။ ဇာတ်လမ်းကတော့ ဖောက်ထွင်းဝိဇ္ဇာ Diabolik ဟာ အာမန်သရဖူကိုခိုးပြီး အာမန်‌ကျောက်မျက်အားလုံးကို ခိုးဖို့ ကြံစည်တာကနေ စတင်ထားပါတယ်။ ဒါပေမဲ့လည်း ရတနာတွေဟာ စုံထောက်ဂျင်ကိုရဲ့ ငါးစာတွေဖြစ်နေတဲ့အခါ Diabolik တစ်ယောက် ဒုက္ခရောက်ပါတော့တယ်။ ဒုက္ခရောက်ရတဲ့အထဲ ချစ်ရသူဖြစ်တဲ့ အေဗာကပါ ကျောခိုင်းသွားပြီး Diabolik ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ရဲတပ်ဖွဲ့က သိမ်းယူသွားခဲ့ပါတယ်။ Diabolik ဟာ ပြေးပေါက်ပိတ်နေပါပြီ။ ဒီလိုခက်ခဲတဲ့အခြေ‌အနေတွေကြားထဲမှာ စုံထောက်ကြီးဂျင်ကိုကပဲ အနိုင်ရပြီး Diabolik ကိုဖမ်းမိသွားမလား။ Diabolik ကပဲ လက်မတင်လေး လွတ်သွားဦးမလားဆိုတာကို စုံထောက်ကားပီပီ လှည့်ကွက်တွေနဲ့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားမှာတော့ ပုရိသတွေအားလုံးရဲ့ အသည်းစွဲ ဂန္ထဝင်မမကြီး Monica Bellucci ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 930MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 56Min Genre – Action, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Adventure • Comedy • War
5.5 2022
Diabolik – Ginko Attacks
The Starling
6.4

The Starling (2021) ~ IMDb rating – 6.4/10 ~ ရှင်သန်ရတဲ့လူ့ဘဝတလျှောက်မှာ လောကဓံမျိုးစုံနဲ့ကြုံတွေ့ကြရတယ်။ ဒီထဲမှာ ချစ်ရတဲ့သူတွေနဲ့ သေကွဲကွဲရတာလည်းအပါအဝင်ပေါ့။ ဒါပေမဲ့ နာကျင်စရာအဖြစ်အပျက်တွေကိုပဲ ပြန်တွေးပြီး အတိတ်မှာနစ်မျောနေမလား သွားနှင့်သူတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့သတိရရင်း ဘဝကို ရှေ့ဆက်မလားဆိုတာတော့ ရွေးချယ်ခွင့်ရှိပါတယ်။ ၂၀၂၁ စက်တင်ဘာမှာ Netflix ကထုတ်လွှင့်ခဲ့တဲ့ The Starling ဆိုတဲ့ ရုပ်ရှင်လေးကတော့ ​ကြည့်ရှုသူတွေကို ဘဝနဲ့ပတ်သက်တဲ့ရသတစ်ခုခု ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။ အရမ်းချစ်ကြတဲ့ဇနီးမောင်နှံဖြစ်တဲ့ ဂျက်နဲ့လီလီဟာ သမီးဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်းမှာ ပုံမှန်အတိုင်းပြန်နေနိုင်ဖို့ ရုန်းကန်နေကြရပါတယ်။ ဇနီးဖြစ်သူလီလီကတော့ ခက်ခက်ခဲခဲနဲ့ပြန်ရပ်တည်လာနိုင်ပေမဲ့ ခင်ပွန်းဖြစ်သူဂျက်ကတော့ စိတ်ကျရောဂါနဲ့ စိတ်ကျန်းမာရေးဆေးရုံမှာ ဆေးကုသမှုခံယူနေခဲ့ရပါတယ်။ ဒီဆုံးရှူံးမှုကြီးအပြီးမှာ တစ်ယောက်တစ်နေရာစီ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ရုန်းကန်ရင်း အချင်းချင်းဝေးကွာလာသလိုဖြစ်ပြီး ကတောက်ကဆတွေလည်းဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အရမ်းချစ်ကြတဲ့ဇနီးမောင်နှံတွေပီပီ လောကဓံကိုဘယ်လိုအနိုင်ယူကြမလဲ။ ဒီဇာတ်ကားလေးရဲ့ထူးခြားချက်ကတော့ ကိုယ်ချစ်ရတဲ့သူတွေ ချစ်ရတဲ့အရာတွေသာအနားမှာရှိရင် ကြမ်းတမ်းတဲ့လောကကြီးမှာ ရှေ့ဆက်ဖို့ခွန်အားတွေရလာနိုင်တယ်ဆိုတာကို စတားလင်းငှက်ကလေးနဲ့ ပုံဖော်သွားတာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 715MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 23Min Genre – Drama, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Drama • Romance
6.4 2021 102 mins
The Starling
Memory Journey
5.7

ဒီဇာတ်ကားလေးကတော့ duration တိုတိုလေးနဲ့ လူတွေရဲ့ မှတ်ဉာဏ်တွေနဲ့ပတ်သတ်ပြီး ဘယ်လိုသဘောတရားထားသင့်တယ်ဆိုတဲ့ အကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ မန်မိုရီ ( မှတ်ဉာဏ် ) ဟော်တယ်မှာ လူကြီးမင်းယန်က ဧည့်လမ်းညွှန်အဖြစ်လုပ်ကိုင်ပါတယ် ။ သူကဟော်တယ်ကို ရောက်လာတဲ့သူတွေကို သူတို့စိတ်ထဲကအရောက်ချင်ဆုံးနေရာတွေကို ဖော်ပြပေးတဲ့ မှတ်ဉာဏ်အခန်းတွေဆီ ခေါ်သွားပြီးတော့ ဟော်တယ်ဝန်ဆောင်မှုပေးတဲ့သူပါ ။ အဲဒီလိုနဲ့ ဟော်တယ်ကိုရောက်လာတဲ့ တည်းခိုသူတွေကို သူတို့မှတ်ဉာဏ်တွေဆီခေါ်သွားပေးတဲ့အချိန်မှာတော့… မှတ်ဉာဏ်နဲ့ပတ်သတ်ပြီး ထားသင့်တဲ့စိတ်နေသဘောထားတွေ လူတွေရဲ့နောင်တဲ့ဝမ်းနည်မှုအကျိုးဆက်တွေကို လိုတိုရှင်းလေး အဓိပ္ပာယ်ဖွင့်ဟထားလို့ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းလေးပဲဖြစ်လို့ လိုက်ပါကြည့်ရှုဖို့မမေ့ကြပါနဲ့နော် ။

5.7 2024
Memory Journey
Dearly Beloved
5.5

လူရယ်လို့ဖြစ်လာပြီးကတည်းက အသက်ရှင်နေထိုင်တဲ့ ဘ၀တစ်လျှောက်မှာ လူသားတိုင်းကရှုပ်ထွေးမှုပေါင်း များစွာကို ကြုံတွေ့နေရတာပါပဲ။ကလေးဘ၀ကတည်းက အသက်ကြီးလာတဲ့ အချိန်အထိ ရှုပ်ထွေးမှုတစ်ခုမဟုတ် တစ်ခုတော့ရင်ဆိုင်ရမှာပါပဲ။ဒီလို ရှုပ်ထွေးမှုပေါင်းများစွာ ထဲကမှ ပျော်ရွှင်မှုကို ရှာဖွေရင်းနဲ့ ကိုယ်ရဲ့အသက်ရှင်သန် နေတဲ့ ဘ၀ကို အဓိပ္ပာယ်ရှိအောင် ကိုယ်တိုင်ကြိုးစားရမှာပဲ ဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့ ဖိလစ်ပိုင်ဇာတ်ကားလေး ကလည်း ရှုပ်ထွေးမှုတွေကို ကျော်ဖြတ်ရင်း ဘ၀ရဲ့ပျော်ရွှင်မှု အစစ်အမှန်ကို ရှာတွေ့ခဲ့ကြတဲ့ ချစ်သူနှစ်ဦးအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ဒရာမာ မိသားစုဇာတ်လမ်း ကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်ကားနာမည်ကတော့ Dearly Beloved ပဲဖြစ်ပါတယ်။ ဒီနဲ့မီတို့နှစ်ယောက်စလုံးက အိမ်ထောင်ကွဲထားကြသူတွေ ဖြစ်ပြီး နှစ်ယောက်လုံးမှာ သားသမီးကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် အဲ့ဒီသားသမီးဆိုတဲ့ ရှုပ်ထွေးမှုတစ်ခုကို အတူကျော်ဖြတ်ကြရင်း သာယာတဲ့ အိမ်ထောင်လေး တစ်ခုကို တည်ထောင်ထားကြပါတယ်။ဒါပေမယ့် နှစ်ယောက်စလုံးက တရားဝင်မကွာရှင်းရသေးတဲ့အတွက် လက်တော့မထပ်ရသေးပါဘူး။ဒါပေမယ့် သူတို့နှစ်ယောက် ကြားက တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေ အပြည့်နဲ့ သားသမီးတွေကလည်း အဆင်ပြေနေတော့ သူတို့ရဲ့ ဘ၀လေးက ပျော်ရွှင်စရာကောင်းနေခဲ့ပါတော့တယ်။ ဒါပေမယ့် ဒီလိုရှုပ်ထွေးမှုတွေ များလွန်းတဲ့ အိမ်ထောင်ရေး တစ်ခုက တစ်ချိန်ချိန်မှာ ပေါက်ကွဲတော့မဲ့ ဗုံးတစ်လုံးကို လက်ထဲမှာ ကိုင်ထားရသလိုပါပဲ။ဒီလိုနဲ့ နောက်ပိုင်းမှာ ပြဿနာအသေးအမွှားလေးတွေကနေ ရှုပ်ထွေးမှုဗုံးကြီး ပေါက်ကွဲသွားတဲ့အခါမှာတော့ ပြဿနာအကြီးကြီးတွေ ဖြစ်လာပြီး ဒီနဲ့မီတို့ချစ်သူနှစ်ယောက်ရှေ့ဆက်ဘယ်လိုတွေ အတူတူကျော်ဖြတ်သွားကြမလဲဆိုတာကို ကြည့်ရှုရမဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…1.58GB / 726MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024
Dearly Beloved
Alien Apocalypse
3.3

Alien Apocalypse (2023) သိပ္ပံစိတ်ကူးယဥ်ရုပ်ရှင်ကားတစ်မျိုးပါ။ Proxima B ကနေ ပြန်လာတဲ့ယာဥ်ပေါ်မှာ ဂြိုလ်သားနမူနာ ပါလာပါတယ်။ ဒါကို စမ်းသပ်ချင်စောနဲ့ သိပ္ပံပညာရှင်စီလက်စ်က ယူစမ်းလိုက်တဲ့အခါမှာ သက်ရှိနေတဲ့စက်ရုပ်ဂြိုလ်သားဖြစ်နေတာကို သွားတွေ့ပါတယ်။ စမ်းသပ်နေရင်းနဲ့မှ အမှားတစ်ခုဖြစ်သွားပြီးတော့ ဒီဂြိုလ်သားဟာ ကမ္ဘာ့အော်ဂဲနစ်နဲ့ ထိတွေ့နိုင်သွားတဲ့အခါမှာတော့..။ ဓာတ်ခွဲခန်းက သိပ္ပံပညာရှင်တွေအနေနဲ့ ဒီဂြိုလ်သားကို ရသမျှနည်းလမ်းနဲ့ တားဆီးကြရပါတော့တယ်။ ဒီရုပ်ရှင်ကို ဒါရိုက်တာ Adrain Avila က စီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 3.3 ရရှိထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(1.4 GB) / (820 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Sci-Fi Duration….01:28:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa

Romance • Drama
3.3 2023
Alien Apocalypse
Vanangaan
6.4

Vanangaan 2025 (ဒေါသအိုးလေး ကိုလက်တစ်ဆစ်) IMDb – 6.6/10 ရွာတစ်ရွာမှာ စကားမပြောနိုင်ဘဲ နားလည်းသေချာမကြားရတဲ့ ကိုတီဆိုတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ သူဟာ စကားမပြောနိုင် သေချာမကြားရပေမဲ့ ဒေါသကတော့ လက်တစ်ဆစ်ပါပဲ။ ကိုတီ့မှာ ဒေဝီလို့ခေါ်တဲ့ ညီမလေးတစ်ယောက်လည်းရှိပါတယ်။ ဒေဝီဟာ ညီမဆိုပေမဲ့လည်း ဒေါသအိုးကိုတီ့ကို လိုက်ပြီးထိန်းပေးနေရသူလေးပေါ့။ တစ်ရက်မှာတော့ ကိုတီဟာ သင်္ဘောပေါ်မှာ လမ်းပြဂိုက်လေး တီနာနဲ့ဆုံတွေ့ခဲ့ပါတော့တယ်။ တီနာကတော့ ကိုတီနဲ့မတူဘဲ လမ်းပြဂိုက်တစ်ယောက်ပီပီ အသွက်မလေးပေါ့။ ဒီလိုနဲ့ သူတို့နှစ်ယောက် ဘယ်လိုကနေ ဘယ်လို ခင်မင်ရင်းနှီးသွားကြမလဲ ……. ကိုတီရဲ့ ဒေါသမထိန်းနိုင်လို့ ဖြစ်လာရတဲ့ ပြဿနာတွေကို ညီမလေး ဒေဝီတင်မကဘဲ တီနာလေးပါလိုက်ရှင်းပေးရတော့မှာလား ….. ဒေါသမထိန်းနိုင်တဲ့ ကိုတီတစ်ယောက် ဘယ်လိုပြဿနာတွေ ရင်ဆိုင်ကြုံတွေ့ရဦးမလဲ ….. ဆိုတာကို ကြမ်းကြမ်းတမ်းတမ်း ဖိုက်တင်ခန်းတွေနဲ့အတူ ကြည့်ရှုရမဲ့ အချစ်မှုခင်းဒရာမာကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~Cym~Star~ZweYan တို့ပဲဖြစ်ပါတယ်)

Science Fiction • Comedy • Drama
6.4 2025 121 mins
Vanangaan
Little Voice
7

Little Voice (1998) IMDb Rating (7.0) / Rotten Tomatoes (80%) ဒီတစ်ခါမှာတော့ Musical Film တစ်ခုဖြစ်တဲ့ Little Voice ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ Jane Harrocks, Brenda Blethyn, Micheal Caine နဲ့ Ewan Mcgregor တို့လိုနာမည်ကျော်သရုပ်တွေပါဝင်ထားပြီး ဒါရိုက်တာကတော့ Mark Hermanပါ။ Oscar Nominee အပါအဝင် ရုပ်ရှင်ဆုပေးပွဲအသီးသီးမှာလည်းဆန်ကာတင်တွေဝင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်း အယ်လ်ဗီ(ခေါ်) လစ်တဲဗွိုက်စ်ဟာ အရှက်အကြောက်ကြီးပြီး အိမ်ထဲကအိမ်ပြင်တောင်မထွက်တဲ့အိမ်တွင်းပုန်းလေးပါ။ စကားလည်းအရမ်းနည်းပြီး အိမ်မှာအတူနေတဲ့အမေဖြစ်သူနဲ့တောင် စကားဆယ်ခွန်းပြည့်အောင်မပြောပါဘူး။ ဒါကြောင့်မို့ အာကြမ်းလျှာကြမ်းအမေဖြစ်သူရဲ့ဆူပူကြိမ်းမောင်းအပြစ်တင်တာကိုအမြဲခံရပါတယ်။ အမေဖြစ်သူကတော့ သူမနဲ့ဆန့်ကျင်ဘက်ပါ အပျော်မက်တယ် သွက်လက်တယ် အိမ်ကိုမကပ်ပါဘူး။ အမေဖြစ်သူအပြင်ထွက်တိုင်း အိမ်မှာတစ်ယောက်တည်းကျန်ခဲ့ရတဲ့အယ်လ်ဗီလေးကတော့ အထီးမကျန်ပါဘူး ဆုံးသွားတဲ့သူ့အဖေစုဆောင်းထားတဲ့သီချင်းခွေအဟောင်းကြီးတွေကိုအဖော်ပြုပြီး သီချင်းတွေနဲ့ပျော်မွေ့နေတတ်ပါတယ်။ သီချင်းတွေကိုချစ်တဲ့အပြင် အဲ့သီချင်းတွေကိုလည်း မူရင်းအဆိုရှင်ကဲ့သို့သီဆိုနိုင်စွမ်းရှိပါတယ်။ တစ်ရက်မှာ သူ့အမေဟာ ချစ်သူဖြစ်သူ “ရေးဆေး”ဆိုတဲ့ အနုပညာပါရမီပါတဲ့ရွက်ပုန်းသီးလေးတွေကိုစင်တင်ပြီး အေးဂျင့်လုပ်တဲ့သူကို အိမ်ကိုအလည်ခေါ်လာရာကနေ “အယ်လ်ဗီ”ရဲ့သီချင်းဆိုသံကိုကြားသွားပြီး ပါရမီရှင်ဆိုတာကိုသိသွားပါတယ်။ အနုပညာလောကက အေးဂျင့်ပီပီ “ရေးဆေး”ဟာ အယ်လ်ဗီကိုငွေတွင်းကြီးလို့သတ်မှတ်ပြီး နာမည်ကြီးဖြစ်အောင်စင်တင်ဖို့လုပ်ပါတော့တယ်။ ရှက်တတ်ကြောက်တတ်တဲ့အယ်လ်ဗီတစ်ယောက် လူအများရှေ့ကစတိတ်စင်ပေါ်မှာ ဖျော်ဖြေရဲပါ့မလား ? အမေဖြစ်သူနဲ့ ရေးဆေးကရော သူ့ကိုဘယ်လိုဖိအားတွေပေးကြမလဲဆိုတာကိုကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။) File size… (2.5 GB) / (850 MB) Quality…. Blu-Ray 1080p / 720p Format…. mp4 Genre…. Comedy, Drama, Music, Romance Duration…. 01:37:24 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Rubyjane

Action • Crime • Drama
7 1998 97 mins
Little Voice