YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Don Q (2024) WEB-DL,1080p HEVC (CM).mkv

1.74 GB N/A video/x-matroska 82 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
AUM!
5

Aum! (2021) ခုရက်ပိုင်းမှာ Mockumentary တွေ ဓာတ်ကျနေတဲ့ပရိသတ်တို့အတွက် Indonesia Mockumentaryလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Western Mockumentary တွေလို Hypeနေတာမျိုးမဟုတ်ပေမဲ့ ကြည့်လို့အဆင်ပြေတဲ့ comedy movieလေးတစ်ခုတော့ ဖြစ်မှာပါ။ ဒီကားလေးထဲမှာတော့ Part 1 နဲ့ Part 2 ဆိုပြီး 2 ပိုင်းခွဲထားတာကို မြင်ရမှာပါ။ Part 1 မှာတော့ အစိုးရသစ်ပြန်လည်ဖွဲ့စည်းရေးအတွက် တိုက်ပွဲ‌ဝင်နေတဲ့ တက်ကြွလှုပ်ရှားသူ ဆထရီယာအကြောင်း ရိုက်ကူးထားတဲ့ Low Budget movieလေးတစ်ခုကို ပြထားတာဖြစ်ပြီး Part 2 ကမှ ရုပ်ရှင်လောကကို ထေ့ငေါ့ပြီးလှောင်ထားတဲ့ Mockumentary တစ်ဖြစ်လဲ Part 1 က ရုပ်ရှင်ကို ရုပ်လုံးပေါ်လာအောင် ရိုက်ကူးခဲ့တဲ့ဖြစ်စဉ်ကို ဖော်ပြထားတာပါ။ Low Budget ကလည်းဖြစ် နိုင်ငံရေးတွေပါနေတော့ ခိုးကြောင်ခိုးဝှက်ကရိုက်ရ၊ အာဏာပြတတ်တဲ့ဒါရိုက်တာနဲ့ ရုပ်ရှင်အဖွဲ့သားတွေကြားက ပဋိပက္ခ၊ အကြောင်းအရာကိုပဲအဓိကထားချင်တဲ့ ထုတ်လုပ်သူနဲ့ ဆန်းသစ်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေကို ကွန့်ပြီးထည့်ချင်တဲ့ အတွေးသမားဒါရိုက်တာကြားက အားပြိုင်မှု၊ Limited resourcesဖြစ်နေမှပဲ ဖန်တစ်ရာလွဲနေတဲ့ ရုပ်ရှင်အဖွဲ့သားတွေရဲ့ ဟာသဖြစ်ရပ်တွေကို သရော်ပြီး ရိုက်ကူးထားတာဖြစ်လို့ Asian Mockumentary အကြောင်း တစေ့တစောင်းရှုစားချင်ရင်တော့ ဒီရုပ်ရှင်လေးကိုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Adventure, Biography, Drama Quality…. 1080p | 720p | 480p File size… 1.75GB | 1.3GB | 358MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... Aaron

Crime • Drama
5 2021 83 mins
AUM!
Love In A Pandemic
5.3

Love in a Pandemic (2023) ************************* (၂၀၂၀) ခုနှစ် မတ်လမှာစတင်ခဲ့တဲ့ ကိုဗစ်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြီးကြောင့် ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ အလုပ်တွေအားလုံး ပိတ်ချပစ်လိုက်ရပြီး လော့ဒေါင်းကာလကြီးတစ်ခု စတင်ခဲ့ပါတယ်။ ဒီလော့ဒေါင်းကာလကြီးက တော်တော်ကိုကြာမြင့်ခဲ့တာကြောင့် New normal အနေနဲ့ ကျောင်းသားတွေ online class တက်ကြတာ၊ ဝန်ထမ်းတွေ Work from home အလုပ်ဆင်းကြတာ ဒါမျိုးတွေပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် လူလူချင်းထိတွေ့ခွင့်မရှိလို့ ဆဲလ်ဖုန်း လိုမျိုး electronic devices တွေက တစ်ဆင့်စတင်တဲ့ ပုံပြင်လေးတွေလည်း အများကြီးပေါ်ပေါက်ခဲ့ပါတယ်။ ကိုဗစ်လို့ပြောလိုက်တာနဲ့ လူတိုင်းလူတိုင်းမှာ ပြောစရာပုံပြင်လေးတွေ ကိုယ်စီရှိကြမှာပါ။ ပြင်းထန်တဲ့ကိုဗစ်လှိုင်းအတွင်း ချစ်ရသူတွေကို ဆုံးရှုံးလိုက်ရတဲ့သူတွေအနေနဲ့ကတော့ ဝမ်းနည်းစရာပုံပြင်တွေ၊ ချစ်ရတဲ့သူတွေနဲ့ တွေ့ခွင့်ရခဲ့တဲ့သူတွေအတွက်တော့ ပျော်စရာဇာတ်လမ်းလေးတွေ အစရှိသဖြင့်ပေါ့။ ဒီဇာတ်ကားမှာဆိုရင်လည်း ဇာတ်ဆောင်ဖြစ်သူဘိုလန်လီက သူ့ရဲ့ကိုဗစ်ပုံပြင်လေးကို ဆွဲဆောင်မှုရှိရှိ ပြန်ပြောင်းပြောပြသွားတာကို တွေ့မြင်ရမှာပါ။ အထီးကျန်ရမှာကိုကြောက်တဲ့ဘိုလန်လီအတွက်ချစ်ရသူက ကိုဗစ်ကာလအတွင်း ရှေ့တန်းကတိုက်ပွဲဝင်ရမဲ့ ဆရာဝန်တစ်ယောက်ဖြစ်နေခဲ့တဲ့အပြင် ထင်မှတ်မထားတဲ့ဖောက်ပြန်မှုတွေကိုပါ လုပ်နေခဲ့တဲ့အခါမှာတော့ ဘိုလန်လီ့အနေနဲ့ ဒီထဲကရုန်းထွက်ဖို့ ဘယ်လိုတွေကြိုးစားရမလဲ။ သူ့ဘဝရဲ့အချစ်စစ်ကို ဘယ်လိုများရှာတွေ့သွားမလဲ။ လော့ဒေါင်းကာလအတွင်း သူ့ဘဝအတွက်တက်လမ်းတစ်ခုကို ရှာဖွေနိုင်ပါ့မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ဇာတ်ကားကတော့ Love in A Pandemic ကပ်တွင်းကချစ်ခြင်းလို့အမည်ရပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ Romance comedy အမျိုးအစားဖြစ်တာကြောင့် ဇာတ်ကားလေးကြည့်ရင်း မိမိရဲ့ကိုဗစ်ကာလအမှတ်တရတွေကို စမြုံပြန်လွမ်းနိုင်ကြပါစေဗျ File Size :(1.1GB)& (519MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:28:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Mariposa Encoded by Phyo Pyae

Crime • Thriller
5.3 2023
Love In A Pandemic
Hunt
4.3

မကြာသေးခင်မှထွက်ရှိထားပြီး Rating ကောင်းလှတဲ့ တယ်လဂူဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ပါဝင်သရုပ်ဆောင်သူအရမ်းမများပေမယ့် plot အသားပေးရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ Bromance ခိုင်မာလှတဲ့ ဟိုက်ဒရာဘတ်ရဲဌာနရဲ့ ရဲမှူးချုပ်ဖြစ်တဲ့မိုဟန်၊ ဒုတိယရဲမှူးချုပ်တွေဖြစ်တဲ့ အာဂျွန်နဲ့ အာဟန်တို့ဟာ ဌာနတစ်ခုတည်း တာဝန်ထမ်းဆောင်ပြီး သိပ်ကိုရင်းနှီးကြတဲ့မိတ်ဆွေတွေဖြစ်ပါတယ်။ တစ်ရက်မှာ အာဟန်ဟာ နိုင်ငံတော်ကပေးတဲ့ ဂုဏ်ပြုဆုပေးပွဲမှာ ဆုယူပြီးမိန့်ခွန်းပြောနေတုန်း စနိုက်ပါနဲ့ လုပ်ကြံခံလိုက်ရပါတယ်။ ဒီတော့ မိတ်ဆွေနှစ်ယောက်ဖြစ်တဲ့ အာဂျွန်နဲ့မိုဟန်တို့ဟာ သူတို့မိတ်ဆွေအသတ်ခံရမှုကိုဖော်ထုတ်ဖို့ အသည်းအသန်ကြိုးစားပါတော့တယ်။ တစ်ညမှာ အာဂျွန်ဟာ အမှုမှန်ကိုဖော်ထုတ်လိုက်နိုင်ခဲ့ပေမယ့် ကားတိမ်းမှောက်မှုဖြစ်ခဲ့ပြီး အတိတ်မေ့သွားပါတော့တယ်။ ဒီလိုနဲ့ အာဂျွန်တစ်ယောက်နဲ့ မိုဟန်ရဲ့ လမ်းညွှန်မှုတွေနဲ့အတူ အမှုကို အစကပြန်လိုက်ရပါတော့တယ်။ ရက်ပိုင်းအနည်းငယ်အတွင်း မွန်ဘိုင်းမြို့ကိုပြောင်းရတော့မယ့် အာဂျွန်တစ်ယောက် သူ့မိတ်ဆွေအသတ်ခံရမှုရဲ့တရားခံကို အချိန်မှီ ဖမ်းမိနိုင်ပါ့မလား။ တရားခံကဘယ်သူများဖြစ်နေမလဲဆိုတာကတော့ မေးခွန်းပေါင်းများစွာနဲ့ Plot twist ကောင်းလှတဲ့ဇာတ်ကားဖြစ်တာမို့ အချိန်ပေးကြည့်ရှုရတန်မဲ့ဇာတ်ကားအဖြစ်ညွှန်ပေးလိုက်ရပါစေ။ အာဂျွန်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Sudheer Babu ဖို့ ဇာတ်ကောင်သစ်ဖြစ်နေပေမယ့် ပီပြင်လှတဲ့သရုပ်ဆောင်မှုတွေကိုမြင်တွေ့ရမဲ့အပြင် ချီးကျူးမှုများစွာခံထားရတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…2.02GB/ 928MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko

Horror • Mystery • Thriller
4.3 2023 132 mins
Hunt
Liger
4.8

ဒီတစ်ခါတော့ Arjun Reddy, World Famous Lover ဆိုတဲ့ တေလဂူဇာတ်ကားတွေနဲ့ ပျိုမေတွေရဲ့အသည်းကိုကိုင်လှုပ်ခဲ့တဲ့ဲ ဗီဂျေးဒေဗရာကွန်ဒါရဲ့ပထမဦးဆုံး Bollywood ဘက်ကိုစတင်ခြေလှမ်းတဲ့ ဟင်ဒီဘာသာစကားပြော ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသမီးအနေနဲ့တော့ Student of the Year 2 ထဲက မင်းသမီးချောလေး အာနန်ယားပန်ဒေးပဲဖြစ်ပါတယ်... ဒီဇာတ်ကားမှာ ဗီဂျေးက စကားထစ်တယ် ဆင်းရဲတယ် အဖေဆုံးသွားလို့ အမေနဲ့အတူ လမ်းဘေးလက်ဖက်ရည်ဆိုင်လေးဖွင့်ပြီး အသက်မွေးဝမ်းကျောင်းပြုနေရတယ်.. သူတို့သားအမိရဲ့ရည်မှန်းချက်က ဆုံးသွားတဲ့သူ့ဖခင်ရဲ့ဆန္ဒအတိုင်း ဗီဂျေးကို MMA ဖိုက်တာ ချန်ပီယံတစ်ယောက်ဖြစ်စေချင်တယ်... အာနန်ယားကတော့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာပြီး ဘဝမှာ လုပ်ချင်တာမှန်သမျှ စိတ်ကြိုက်လုပ်ခွင့်ရနေသူပေါ့... သူတို့နှစ်ယောက်ငြိသွားကြတဲ့အခါ ဇာတ်လမ်းက ဘယ်လိုဖြစ်လာမလဲ...။ MMA ဖိုက်တာတစ်ယောက်ဖြစ်ချင်တဲ့ သူ့ဆန္ဒတွေရော ပြည့်ဝလာပါ့မလား...။ ဒီဇာတ်ကားလေးက ဗီဂျေးရဲ့ Muscle အလန်းစားတွေနဲ့ ပျိုမေတွေကို ဖမ်းစားနိုင်တဲ့အပြင် အာနန်ယားရဲ့အလန်းစားဖက်ရှင်တွေကြောင့် ပုရိသတွေလည်း အကြိုက်တွေ့စေမှာ အမှန်ပဲဖြစ်ပါတယ်... လက်ဝှေ့ထိုးသတ်ချက်တွေကိုလည်း များများစားစားဖော်ပြပေးထားလို့ ချခန်း ဖိုက်ခန်းကြိုက်နှစ်သက်တဲ့သူတွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်...။ File size…8.4GB / 3.98GB / 1.8GB Quality…4k HEVC WEB DL /1080p AVC AAC5.1CH / 720p  Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Drama • Thriller
4.8 2022 138 mins
Liger
Texas Chainsaw Massacre
5.2

တက္ကဆက်ရဲ့ လွှစက်ကြီးနဲ့ လူအရေခွံမျက်နှာဖုံးနဲ့ လူသတ်သမားဟာ ဟော်ရာရုပ်ရှင်ကြိုက်သူတိုင်းရဲ့ အသည်းစွဲပါပဲ။ အတော်များများရဲ့အိပ်မက်ထဲကိုလည်း အလည်လာဖူးမှာပါ။ စုစုပေါင်း ရှစ်ကား ထွက်ရှိဖူးပြီး ဒါကတော့ ၉ ကားမြောက်ပါပဲ။ ဟော်ရာပရိသတ်တွေအကြိုက်တွေ့တာမို့ rating လည်းအတော်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း တက္ကဆက်ရဲ့ လူမနေတော့သလောက်ဖြစ်နေတဲ့ ဟာလိုမြို့လေးကို အင်တာနက်ပေါ်က နာမည်ကြီးလူငယ်တစ်သိုက်က ပရိုမိုးရှင်းဆင်းပြီး ဆိုင်ခန်းတွေ အိမ်ခန်းတွေ ရောင်းချဖို့ ကြိုးစားလာပါတယ်။ အဲဒီမှာ သူတို့ပထမဆုံး ဝယ်ထားတဲ့ အိမ်က အကြွေးမပေးနိုင်လို့ ဘဏ်က သိမ်းထားတဲ့အိမ်ဖြစ်နေပြီ မူလအိမ်ပိုင်ရှင်အဘွားကြီးတစ်ယောက်နေထိုင်ပါတယ်။ အဘွားကြီးမှာတော့ ထူးဆန်းတဲ့ သားတစ်ယောက် ရှိတာပေါ့။ လူငယ်အဖွဲ့ရောက်လာပြီး အဘွားကြီးကို နှင်ထုတ်ဖို့ ကြိုးစားရင်နဲ့ မထင်မှတ်တာတွေ ဖြစ်လာတဲ့အခါ... File size…571MB /  1,5GB Quality…720p AAC 2.0CH  / 1080p AAC 5.1CH Format…mp4 Duration….1h 21min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson

5.2 2022 83 mins
Texas Chainsaw Massacre
Salamat Daks
3

[19+]Salamat Daks(2023) *********************** အိပ်ရာခန်းအမိုက်စားတွေ လွန်စွာများပြားလွန်းသဖြင့် မိသားစုနဲ့အတူမကြည့်သင့်ပါ... မာရီကာ ဆိုတဲ့အသက်ငါးဆယ်အရွယ်အမျိုးသမီးကြီးဟာ သူ့ဘဝတစ်လျှောက်လုံးမိခင်ဖြစ် သူကိုပြုစုစောင့်ရှောက်ရင်းကုန်ဆုံးခဲ့ရပြီး သူ့မိခင်ဆုံးပါးသွားတဲ့နောက်မှာတော့ အဓိပ္ပါယ်မဲ့လမ်းပျောက်သွားသလို အထီးကျန်စိတ်ဓာတ်ကျနေရပါတယ်။သူငယ်ချင်းဖြစ်သူရဲ့ အားပေးမှုနဲ့ပျော်စရာ စိတ်တက်ကြွစရာတွေကိုရှာဖွေရင်း သူ့ဘဝရဲ့အဓိပ္ပါယ်သစ်လေးတစ်ခုအဖြစ်တွေ့ရှိခဲ့ရတာကတော့ တစ်တော့ဆယ်လီ မစ်ကိုဆိုတဲ့လူငယ်လေးတစ်ယောက်ပါပဲ။ တကယ်တမ်း မစ်ကိုဘဝထဲဝင်တိုးဖို့ကတော့ အသက်အရွယ်ကွာခြားလွန်းတဲ့အတွက်ကြံရာမရဖြစ်နေရင်းက ကြေငြာကောင်းတဲ့ ပလက်စတစ်ဆာဂျရီဆေးခန်းတစ်ခုကိုတွေ့ခဲ့မိပါတယ်။ အဲ့ဒီမှာပဲ အရူးအမူးဖြစ်နေတဲ့ မာရီကာဟာရှိသမျှစည်းစိမ်တွေပုံအောပြီး သူ့ထက်အသက်ထက်ဝက်လောက်ငယ်ရွယ်တဲ့ တက်သစ်စမင်းသမီးလေး အယန်နာမီဆိုလာနဲ့တူအောင်အသွင်ပြောင်းလိုက်ပါတော့တယ်။ ဒီလိုပဲ သူတွက်ဆမိတဲ့အတိုင်းပြောင်းယူထားတဲ့အသွင်သစ်နဲ့ မစ်ကိုရဲ့အချစ်ကိုလည်းရရှိခဲ့ပြီး မိုးမမြင်လေမမြင်ဖြစ်နေခဲ့တဲ့နောက်မှာတော့..။ သူ့ရဲ့အိမ်မက်လေး ဘယ်လောက်အထိတည်မြဲနိုင်မလဲ? အသက်ချင်းကွာခြားလွန်းတဲ့ လူငယ်လေးမစ်ကိုရဲ့အလိုဆန္ဒတွေကို စိတ်သွားတိုင်းကိုယ်ပါနိုင်ပါ့မလား? မုသားနဲ့စခဲ့တဲ့ အချစ်တစ်ခုဟာ အစစ်အမှန်ဖြစ်နိုင်ပါ့မလား? ဆက်လက်ရှုစားကြပါ။ Vivamax မင်းသမီးချောလေး ayanna misola (Bugso,Bula) ကိုယ်တိုင်ကပဲ ayanna misola /carrie အဖြစ်ခေါင်းဆောင်ပါဝင်ထားပါတယ်။ File Size :(1.4GB) and (685MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:31:00 Genre : Adult , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by sd Encoded by ds

Adventure • Fantasy
3 2023 91 mins
Salamat Daks
The Hobbit: The Desolation of Smaug
7.6

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ The Hobbit ဇာတ်ကားတွေကတော့ LotR ရဲ့နောက်မှ ထွက်ရှိခဲ့ပေမယ့် တကယ်တော့ LoTR မစခင်က အခြေအနေတချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ File size…(7.9 GB) and (3.4 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….03:06:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aung Ko Khant

Action & Adventure • Drama
7.6 2013 161 mins
The Hobbit: The Desolation of Smaug
Dilan 1991
6.5

Dilan 1991(2019) IMDb~ 6.5/10 အင်ဒိုနီးရှားနိုင်ငံရဲ့ ရိုမန့်တစ်အဆန်ဆုံး အချစ်ဇာတ်လမ်းလို့ ပြောလိုက်ရင် စာရေးဆရာ Pidi Baiq ရဲ့ Dilan စီးရီးက မပါမဖြစ်ပါ Dilan 1990(2018)၊ Dilan 1991(2019) နဲ့ Milae(2020) ဆိုပြီး ဇာတ်ကား သုံးကား ထွက်ရှိထားပါတယ် အခု တင်ဆက်ပေးမှာကတော့ 2019 မှာ ထွက်ခဲ့တဲ့ Dilan 1991 ပဲ ဖြစ်ပါတယ် (ကျန်တဲ့ နှစ်ကားကိုလည်း CM မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်) ဒါကတော့ Dilan 1990 (2018) ပါ Dilan 1990 (2018) ဒါကတော့ Milae (2020) ပါ Milea (2020) Dilan 1990(2018) မှာတုန်းက ဒီလန် နဲ့ မီလယ်ရာတို့ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ် ချစ်သူတွေဖြစ်ပြီးတဲ့နောက် ပေပေတေတေနေတတ်တဲ့ ဆိုင်ကယ်ဂန်းစတားလေး ဒီလန် နဲ့ ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သက်စေချင်တဲ့ မီလယ်ရာတို့အကြား ပဋိပက္ခတွေ၊ အထင်အမြင်လွဲမှားမှုတွေ ပေါ်ပေါက်လာပါတော့တယ် အဲဒီပဋိပက္ခတွေ ကြားထဲမှာ ဒီလန် နဲ့ မီလယ်ရာတို့ ချစ်ခြင်းမေတ္တာကို ဆက်လက် ပုံဖော်နိုင်ပါ့မလားဆိုတာကတော့…. အချစ်ဇာတ်လမ်းကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်တတ်တဲ့သူဆိုရင်တော့ ဒီဇာတ်လမ်းလေးကို လက်လွတ်မခံသင့်ပါဘူး အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size…1.5GB | 841MB | 305MB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Roman NoX Encoder ….. August

Adventure • Animation • Comedy • Family • Fantasy
6.5 2019 118 mins
Dilan 1991
My Sister’s Keeper
7.3

မမကြီး ကင်မရွန်းဒိုင်းယက်ဇ် ရဲ့ ၂၀၀၉ခုနှစ်ကဇာတ်ကားလေးပါ။ ဒီဇာတ်ကားလေးက စာရေးဆရာမ Jodi Picoult ရေးသားတဲ့ My sister ‘s keeper ဆိုတဲ့ ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ဒီဇာတ်လမ်းက အပြင်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ မော်လီနဲ့အဒန်မ်ဆိုတဲ့ ညီအစ်မနှစ်ယောက်အကြောင်းကိုအခြေခံထားတာဖြစ်ပါတယ် ဇာတ်လမ်းလေးက ဘရိုင်ယန်နဲ့ဆာရာတို့မှာ ဂျက်စီဆိုတဲ့သားလေးရယ် ကိတ်နဲ့အန်နာဆိုတဲ့သမီးနှစ်ယောက်ရယ်ရှိပါတယ် ဒါပေမဲ့ ကိတ်ဟာငယ်စဥ်ကတည်းက သွေးဖြူဥနည်းနေပြီး သွေးကင်ဆာစဖြစ်ခဲ့ပါတယ် ကိတ်ရဲ့သွေးကင်ဆာကိုကုသရာမှု လိုအပ်တဲ့ သွေးတစ်ရှူးတို့ ချဥ်ဆီရိုးတို့ပေးဖို့ကို ကိတ်ရဲ့မျိုးဗီဇနဲ့ကိုက်ညီတဲ့ အန်နာကပဲပေးရပါတယ် ဘရိုင်ယန်နဲ့ဆာရာဟာ ကိတ်နဲ့ကိုက်ညီမှုမရှိတာကြောင့် ကိတ်အတွက်ကိုယ်တွင်းအင်္ဂါလှူနိုင်မယ့်သူရှိအောင် အန်နာကိုထပ်မွေးခဲ့တာပါ အန်နာတစ်ယောက် မွေးကင်းစကတည်းကနေသူ့အစ်မအတွက် လှူပေးခဲ့ရတယ် နောက်တော့ ကျောက်ကပ်လှူရမယ်လုပ်တော့ သူမလှူချင်​တော့ပါဘူး ဒါကြောင့် သူမဟာ ဆေးကုသမှုနဲ့ပက်သက်ပြီး မိဘတွေရဲ့ထိန်းချုပ်မှုအောက်ကနေလွတ်မြောက်ဖို့အတွက် ရှေ့နေငှားပြီးတရားစွဲပါ​တော့တယ် ဒီဇာတ်ကားလေးမှာဆိုရင် အစ်မကိုအရေးပေးဂရုစိုက်လွန်းတဲ့မိဘတွေအကြားမှာအန်နာလေးရဲ့စိတ်ခံစားမှုတွေ ကိတ်ရဲ့ရောဂါခံစားနေရမှု အမေဖြစ်သူဆာရာရဲ့သမီးဇောနဲ့အတ္တကြီးမှုတွေကိုကြည့်ရှုရမှာပါ ဒီဇာတ်ကားလေးဟာ အဆုံးထိကြည့်ပြီးသွားပြီဆိုရင်တော့ စိတ်ထဲမှာတစ်ခုခုတော့ကျန်နေစေမယ့် ကားကောင်းလေးပါ။ File size…(1.5 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre…Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane

7.3 2009 109 mins
My Sister’s Keeper
Love Lies Bleeding
7.3

Love Lies Bleeding (2024) [18+] ==================== IMDb Rating – 7.3/10 (မာတုဂါမအချင်းချင်း မေထုန်မှီဝဲတာတွေ၊ ပါဏာတိပါတာ ကျူးလွန်တာတွေ အရှင်းကြီးပြထားလို့ မိသားစုနဲ့ ကလေးတွေနဲ့ မကြည့်သင့်ပါဘူး။) မင်းသမီး Kristen Stewart ရဲ့ မှုခင်း အက်ရှင်အသစ်တစ်ကား ရပါပြီ။ Thelma & Louise 1991 တုန်းကလို ၉၀ အငွေ့အသက်တွေနဲ့ ပျော်စရာလေးကနေ တလွဲ တွေဖြစ်ကုန်ပြီး အကြမ်းပတမ်းတွေ ပါလာတဲ့ဇာတ်လမ်းမျိုးပါပဲ။ ဂျက်ကီဟာ ဗေးဂတ်စ်မှာ ကာယအလှမယ်သွားပြိုင်မဲ့သူပါ။ လူလူရဲ့မြို့လေးမှာ ခရီးတထောက်ဝင်နားရင်း လူလူနဲ့ ချစ်ကြိုက်မိသွားပါတယ်။ လူလူရဲ့အစ်မကို သူ့ယောက်ျားက ဆေးရုံရောက်တဲ့အထိ ရိုက်နှက်လိုက်လို့ စိတ်မထိန်းနိုင်တော့ဘဲ လူလူနဲ့ ပြဿနာဖြစ်ရာကနေ မီးခိုးကြွက်လျှောက် အမှုတွေ တသီတတန်းကြီး ဖြစ်လာပုံကို ပြထားတာပါ။ ၉၀ ကာလ မှုခင်းအက်ရှင်တွေရဲ့ Vibe မျိုးအပြည့် ရမှာမို့ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(4.1 GB)/ (1.41 GB) / (650 MB) Quality…………WEB-DL 4K HEVC/1080p / 720p Duration………1Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Crime Translator…….Mr.Anderson Encoder……….SWM,Ka Naung

Adventure • Comedy • Drama
7.3 2024 104 mins
Love Lies Bleeding
Marei El Breemo
5.5

စိတ်တွေမွန်းကြပ်နေတဲ့အချိန်မှာ စိတ်ပြေလက်ပျောက် ဟာသကားလေး ကြည့်ချင်တယ်ဆိုရင် အခုတင်ဆက်ပေးမယ့် Marei The Primo ဆိုတဲ့အီဂျစ်ဟာသလေးကိုကြည့်ဖို့ ညွှန်းပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်တွေက မဆိုသလောက် မြန်မာကားလေးနည်းနည်းဆန်တယ်ဆိုပေမဲ့ Netflix တန်းဝင်ဖြစ်တဲ့အတွက် သူ့ဟာလေးနဲ့သူတော့ ကြည့်လို့အဆင်ပြေပါတယ်။ ဇာတ်လမ်းအစမှာတော့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီး တစ်ယောက်က ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ သူ့ရဲ့မြေးဖြစ်သူကို ရှာနေပုံကိုတွေ့ရမှာဖြစ်ပြီး ဥစ္စာလိုချင်ဇောနဲ့အကြံအဖန် လာလုပ်တဲ့ ဂျင်းကောင်တွေကို နောက်တစ်ခါဆိုတာ မရှိတော့အောင် သင်ခန်းစာပေးနေပုံကိုတွေ့ရမှာဖြစ်ပါတယ်။ဒီလိုနဲ့ နောက်တစ်ခန်း မှာတော့ မာရီဆိုတဲ့ ဖရဲသီးကုန်သည်တစ်ယောက်နဲ့ သူ့ဘ၀ကို ရိုက်ကူးပြသထားပါတယ်။နောက်ပိုင်းမှာတော့ ပရိသတ်ကြီးထင်တဲ့ အတိုင်းပါပဲ မာရီကခုနကသူဌေးကြီးရဲ့တကယ့်မြေးအရင်းဖြစ်နေပြီး အဖိုးဖြစ်သူနဲ့ သွားရောက်တွေ့ဆုံခဲ့ရပါတယ်။အဖိုးဖြစ်သူက သူ့မြေးနဲ့တွေ့တဲ့အခါမှာ သူ့ပိုင်ဆိုင်မှုတွေကို မျက်စိကျနေတဲ့ သူတွေရှိနေတဲ့အတွက် အချိန်တွေဆွဲမနေတော့ပဲ မာရီ့ကို ပိုင်ဆိုင်မှုတွေ အားလုံးပေါင်းထားတဲ့ စိန်တွေပေးလိုက်ပြီး ထိန်းသိမ်းထားခိုင်းလိုက်ပါတော့တယ်။မာရီကလည်း ဖရဲသီးကုန်သည် ပီပီ အိမ်မှာထားထားတဲ့ ဖရဲသီးတွေထဲကနှစ်လုံးထဲမှာ အဲ့ဒီစိန် တွေကိုဖွက်ထားလိုက်ပါတော့တယ်။ အဲ့ဒီအထိ ကိစ္စမရှိသေးပေမဲ့ နောက်နေ့မနက်နိုးလာတဲ့အချိန်မှာ သူ့မိန်းမကအိမ်က ဖရဲသီးတွေ အကုန်လုံးကိုရောင်းလိုက်ပြီဖြစ်တဲ့အတွက် စိန်တွေပါသွားတာက တစ်ကြောင်း သူ့အဖိုးရဲ့ပိုင်ဆိုင်မှုတွေကို တပ်မက်နေတဲ့လူတွေပါ အိမ်အထိရောက်ချလာပြီး ခြိမ်းခြောက်တောင်းယူတာက တစ်ကြောင်းနဲ့ ပြဿနာပေါင်းစုံကြုံတွေ့ပြီးအဲ့ဒီစိန်တွေကို ပြန်ယူနိုင်ဖို့ကြိုးစားရတဲ့ခရီးကြမ်းကြီးကို ဟာသပေါင်းများစွာနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.61GB / 1.3GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2023 105 mins
Marei El Breemo
Suddenly
6.1

သင်္ဘောတစ်စီးနဲ့အတူ စွန့်စားခရီးထွက်လာကြတဲ့ လက်ဂ်နဲ့ လော်ရာတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ မူလ ပွယ်တိုအေဒင်မြို့ကို သွားဖို့လုပ်ထားပေမယ့် ယောကျ်ားဖြစ်သူက ရေခဲစိုင်ကြီးတွေကို မြင်ရတဲ့ အရမ်းလှတဲ့ကျွန်းလေးကို သွားချင်တယ်ဆိုတာနဲ့ပဲ တောင်ဝင်ရိုးစွန်းဘက်မှာရှိနေတဲ့ကျွန်းသေးလေးကို ထွက်လာခဲ့ ကြပါတော့တယ်။ အဲဒီကျွန်းလေးကိုရောက်တဲ့အခါ လှပတဲ့ရှုခင်းတွေကို ခံစားနေတုန်း မုန်တိုင်းတစ်ခုက သူတို့ဘက်ကိုတည့်တည့် ဝင်လာပါလေရော… အဲဒါနဲ့ပဲ ပါလာတဲ့ လေထိုးလှေနဲ့ သင်္ဘောဆီကိုပြန်သွားဖို့လုပ်ပေမဲ့ လှိုင်းလေထန်တာကြောင့် လက်လျှော့ပြီး ကျွန်းပေါ်မှာ တစ်ညတာ အိပ်စက်လိုက်ရပါတယ်… အဲဒီလိုနဲ့ မုန်တိုင်းစဲပြီး မနက်နိုးတဲ့အခါမှာတော့ ပင်လယ်ပြင်မှာ ကျောက်ချထားခဲ့တဲ့ သူတို့သင်္ဘောကို မမြင်ရတော့ပါဘူး သင်္ဘောကို လေထိုးလှေစီးကာ လိုက်ရှာရင်း ဒီကျွန်းကနေပြန်ထွက်ဖို့ လမ်းမရှိတော့ဘူးဆိုတာ သိရတဲ့အခါ သူတို့နှစ်ယောက် ဘယ်လို ကျော်ဖြတ်မလဲ… ဒီကျွန်းကနေ အသက်ရှင်ရက်နဲ့ ပြန်ထွက်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size… (1.21GB) / (710MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 53m Genre ….. Adventur , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

Drama • Science Fiction
6.1 2023
Suddenly