YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Doctor.Lawyer.E13.720p.YK(CM).mp4

364.77 MB N/A video/mp4 3360 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Guilty
7.3

IMDb rating 7.7 ရထားတဲ့ ဒိန်းမတ်ကားလေးတစ်ကား တင်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်က thriller အမျိုးအစားပါ သည်းထိတ်ရင်ဖိုလေး ကြည့်ရမှာပေါ့။ ဒီကားက ထူးခြားပါတယ်။ သရုပ်ဆောင် တစ်ယောက်ထဲကိုပဲ ပြသွားတာ။ ကျန်တာအားလုံးက လိုက်ပြီး စိတ်ကူးနဲ့ မြင်ယောင်ကြည့်ရတာ။ တကယ်ကို feel ပါပဲ။ ဇာတ်လမ်းအကျဉ်း ============ အက်စ်ဂါဆိုတဲ့ ရဲတစ်ယောက်ဟာ အရေးပေါ်ဖုန်းလိုင်းမှာ တာဝန်ကျနေတယ်။ သူ့ဆီကို ဆေးသမားတွေ ဓားပြတိုက်ခံရတဲ့သူ ရန်ဖြစ်တဲ့သူ ကကြိုးကကြောင် မျိုးစုံ ဖုန်းဆက်ကြတယ်။ သူက ဖြေရှင်းပေးရတယ်။ အဲဒီဖုန်းတွေကြားမှာ မိန်းမတစ်ယောက်ရဲ့ ဖုန်းသံဝင်လာခဲ့တယ်။ ဒါပေမယ့် အဲဒီမိန်းမက သူ့သမီးကိုပဲ ဖုန်းပြောနေတဲ့ပုံပဲ ဖြစ်နေတော့ ဖုန်းမှားနေတာလားဆိုပြီး ဖုန်းချတော့မလိုပဲ။ ဒါပေမယ့် ဘေးမှာ ပြန်ပေးဆွဲထားတဲ့လူရှိလို့ ဟန်ဆောင်ပြောနေတာလားဆိုတာ သံသယဝင်သွားတယ်ပေါ့။ ဒါကြောင့် yes or no မေးခွန်းတွေကို ပါးပါးနပ်နပ်မေးပြီး ရဲနဲ့သူနဲ့ အဆက်အသွယ်လုပ်ကြတယ်။ အက်စ်ဂါက သူ့လိပ်စာ၊ ပြန်ပေးသမားလိပ်စာ နောက်ကြောင်းတွေလိုက်ပြီး နီးစပ်တဲ့ ရဲကားတွေ ဌာနတွေနဲ့ ချိတ်ပြီးလိုက်ခိုင်းတယ်။ ဒီကားမှာ အခြားရဲတွေ အဓိကဇာတ်ကောင် မိန်းမ ယောက်ျား ကလေးတွေ ဘာကိုမှ မပြသွားပါဘူး။ အက်စ်ဂါရဲ့ ဖုန်းထဲက အမေးအဖြေတွေ အသံတွေအစုံပြပြီး ပရိသတ်ကို ကိုယ်တိုင် မျက်စိနဲ့ လိုက်မြင်ယောင် ခံစားအောင် ဆွဲဆောင်သွားတာပါ။ မထင်ထားတဲ့ လှည့်ကွက်တွေနဲ့ ရင်တုန်စရာ ကောင်းအောင် ရိုက်ပြထားပါတယ်။ တကယ်တမ်းပြောရရင် ဒီလို ဇာတ်ညွှန်းမျိုးကို မြန်မာတွေသာ စဉ်းစားမိခဲ့တဲံလူရှိရင် ကောင်းကောင်းရိုက်နိုင်ပါတယ်။ အသံတွေ ဖမ်းဖို့နဲ့ လူတစ်ယောက် ရုံးခန်းတစ်ခုပဲ လိုသလောက်ရှိမှာပါ။ ဒါပေမယ့်ပေါ့လေ မပြောတော့ပါဘူး အာလည်းပေါက်လှပါပြီ။ ဒိန်းမတ်ကားလေးပဲ စိတ်ချမ်းသာအောင် ကြည့်ကြပါတော့။ Quality          :     Bluray rip Duration       :     1 hr 25 min Translator     :     Littleneo Encoder         :     Than Htike Zaw

Action • Crime • Mystery
7.3 2018 86 mins
The Guilty
Spider-Man: Far From Home
7.5

Endgame အပြီးမှာ ထွက်လာတဲ့ကားတွေကို ကြည့်ရတာ သိပ်အားရပါတော့မလားလို့ တွေးမိပေမယ့် မာဗယ်ကတော့ ပိုပိုကောင်းအောင် လုပ်ပြနိုင်တုန်းပါပဲ။ ဒီစပိုက်ဒါမန်းကားကို အကြိုက်တွေ့ကြမှာပါ။ ဇာတ်လမ်းအကျဉ်း… သားနို့စ်နဲ့တိုက်ပွဲအပြီးမှာ ကမ္ဘာကြီးဟာ အပြိုင်စကြဝဠာတွေနဲ့ ချိတ်ဆက်တဲ့ ဝင်ပေါက်တွေ ပေါ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ခုက သူရဲကောင်း မစ်စ်တီးရီယိုဟာ သူ့ရဲ့ကမ္ဘာကို ဖျက်ဆီးသွားတဲ့ သတ္တဝါဆိုးတွေ လက်ရှိ စပိုက်ဒါမန်းတို့ ကမ္ဘာကို ရောက်လာတာကြောင့် လိုက်လံတိုက်ခိုက်ရင်း နစ်ခ်ဖြူရီ၊ စပိုက်ဒါမန်းတို့နဲ့ မိတ်ဆွေဖြစ်လာပါတယ်။ စပိုက်ဒီနဲ့ မစ်စ်တီးရီယိုတို့ ပေါင်းပြီး ဒီအန္တရာယ်တွေကို ရင်ဆိုင်ရပါလိမ့်မယ်…… (ဘာသာပြန်ပေးထားသူကတော့ Littleneo ပါ) File size…(5.7 GB)/(2.1 GB)/(1 GB) Quality….IMAX 4K HEVC/ DS4K 1080p / 720p Format…mkv/mp4 Duration….02:09:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Action • Crime
7.5 2019 129 mins
Spider-Man: Far From Home
Paterson
7.1

Patersonဇာတ်ကားဟာ အချစ် ကဗျာစာပေ နဲ့ မျှော်လင့်ချက်အိမ်မက် တွေအကြောင်း အသားပေးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်တယ်။ Patersonမြို့ရဲ့အလှအပကိုကဗျာဆန်ဆန် ခံစားပြထားသလို Paterson အမည်ရှိဇာတ်ကောင်က နေ့စဉ်ကြုံတွေ့ရသမျှကိုလည်း ကဗျာ ဆန်ဆန်တွေးပြီးခံစားပြထားပါတယ်။ ကဗျာခံစားတတ်သူတို့ရဲ့နူးညံ့တဲ့စိတ်သဘောထားနဲ့ တခြားသာမန်လူတွေရဲ့နေ့စဉ်ဘဝအပေါ်မှာတုန့်ပြန်မှုစိတ်သဘောထားကို ယှဉ်ပြီးပြထားတယ်။ ရိုးရှင်းတဲ့ဘဝပုံစံနဲ့ ဇနီးမောင်နှံနှစ်ဉီးရဲ့အပြန်အလှန်ချစ်ခင်ဖေးမမှုတွေကို ဇာတ်လမ်းထဲမှာကြည်နူး ဖွယ်တွေ့နိုင်တယ်။ မျှော်လင့်ချက်တွေဟာ လက်တွေ့လုပ်ရင်ဖြစ်လာကြောင်းကို ပညာပေးဆန်ဆန် ပြထားပါတယ်။ အဆိုးတွေကြုံလာသည့်တိုင်အောင် အေးဆေးတည်ငြိမ်စွာတုံ့ပြန်တတ်တဲ့ ကဗျာဆရာတစ်ဉီးရဲ့လှပတဲ့နှလုံးသားကိုမြင်တွေ့ရမှာပါ။ မင်းသားကြီးAdam Driverအဓိကသရုပ်ဆောင်ထားပြီး ကဗျာဆရာRon Padgettရဲ့ကဗျာတွေကိုအသုံးပြုထားတဲ့ စိတ်နှလုံးအေးချမ်းမှုရသ ကိုပေးစွမ်းနိုင်တဲ့ စွဲမက်စရာဇာတ်ကားကောင်းလေးပါ။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Mya Phyo Nandar ပဲဖြစ်ပါတယ်။) Quality –  1080p, 720p BluRay Duration - 1hr 49min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Romance Source : 1080p. BluRay Translator – Mya Phyo Nandar Encoder – SWM

Drama
7.1 2016 118 mins
Paterson
The Travelling Cat Chronicles
6.8

The Travelling Cat Chronicles (2018) “ခုနစ်ရောင်သက်တံ ဆိုတာ နန ရဲ့သက်တံပေါ့”တဲ့။ ဒါကတော့ ကျွန်တော့်သခင် ဆတိုးရု ပြောခဲ့တဲ့စကားပါ။ နန ဆိုတဲ့ ကျွန်တော့်နာမည်က ဂျပန်လိုဆို ခုနစ်မလို့တဲ့လေ။ ဆတိုးရုက သိပ်ကို ကြံကြံဖန်ဖန်တွေးတတ်တာပဲနော်။ပြီးတော့ ကျွန်တော့်ကို သိပ်ချစ်ရှာပြီး ကျွန်တော့်အတွက်ဆို ငိုပါငိုကြွေးတဲ့ လူသားပေါ့။ ဆတိုးရုနဲ့ ကျွန်တော်နဲ့ စတွေ့ခဲ့ပုံကို ပြောပြပါဦးမယ်။ကျွန်တော်ဆိုတာ အရင်တုန်းက လမ်းပေါ်မှာ လေလွင့်နေတဲ့ ကြောင်တေလေတစ်ကောင်ပေါ့ဗျာ။အဲဒီလိုကျွန်တော့်ကိုမှ တယုတယနဲ့ အစာလာကျွေးနေကျဖြစ်တဲ့ လူသားကတော့ အခု ကျွန်တော့်သခင်ဖြစ်လာတဲ့ ဆတိုးရုပေါ့။ သိတဲ့အတိုင်း စတွေ့တဲ့အချိန်တုန်းက ကျွန်တော်ဟာ ကြောင်လောကမှာလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတဲ့ ဆရာကြီးဆိုတော့ မာနကလည်းတစ်ခွဲသားနဲ့ဗျ။ စားစရာရှိတာစားပြီးရင် သံယောဇဥ်တွေအတွယ်မခံ၊ ပွတ်သပ်လည်း မခံဘူး။ဝတ်ကျေတန်းကျေလောက်ပဲ ဆက်ဆံတာပေါ့။ ဒါပေမဲ့ တစ်နေ့မှာတော့ ခါတိုင်းလို ကြောင်အစည်းအဝေးပွဲ သွားရမယ့်ညမှာ ကျွန်တော့်ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်ဗျ။ ဒါကတော့ လမ်းဖြတ်ကူးနေတုန်း ကားတိုက်ခံလိုက်ရတာပါ။ အမှားလေး တစ်ချက်​ကအသက်ကို နှုတ်ယူသွားနိုင်တဲ့ လေလွင့်ကြောင်တွေရဲ့ဘဝပေါ့ဗျာ။ ကျွန်တော်တစ်ကောင်တည်း လမ်းမကြီးထက်မှာ ကူရာကယ်ရာမဲ့ ဝေဒနာခံစားနေရပြီး သိပ်နာကျင်လွန်းလို့ သေရတော့မှာပါလားလို့ တွေးမိတဲ့အချိန်မှာ ကျွန်တော့်အတွေးထဲ ပေါ်လာတာက သူပါပဲ။ ဟုတ်တယ် သူ၊ ကျွန်တော့်ကို ကြင်နာယုယပေးတဲ့သူ၊ ကျွန်တော်အသံကုန်ခြစ်ပြီး အော်ခေါ်ခဲ့တယ်။ ကယ်ပါဦး၊ ငါ့ကို လာကယ်ပါဦး ဆိုပြီးတော့လေ။ တကယ်လည်း သူ ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင် ဆတိုးရုဆိုတဲ့ကောင်လေးက ကျွန်တော့်သခင်ဖြစ်လာတာပေါ့ဗျာ။ သူနဲ့ ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နေလာခဲ့ပြီး တစ်နေ့မှာတော့ ဆတိုးရုက ထူးထူးဆန်းဆန်း ကျွန်တော့်ကို ခေါ်ပြီး ခရီးထွက်ပါလေရော။ ကျွန်တော်ကတော့ ဘာကြောင့်မှန်းမသိပေမယ့် ဆတိုးရုနဲ့အတူ မမြင်ဖူးမတွေ့ဖူးတဲ့ နေရာအသစ်အဆန်းတွေကို သွားရလို့ပျော်နေတာပေါ့ဗျာ။ ပြီးတော့မှ ဘယ်ဟုတ်မလဲ ဆတိုးရုက ကျွန်တော့်ကို သူများဆီမှာ ထားခဲ့ဖို့လုပ်နေတာဗျ။ ဘယ်လိုမှ နားမလည်နိုင်တော့ဘူး ကျွန်တော်က ဆတိုးရုရဲ့ကြောင်လေ။ တစ်သက်လုံး သူနဲ့ပဲနေမှာကို သူ့နားကနေ တစ်ဖဝါးမှခွာမှာ မဟုတ်ဘူးဆိုတာ အဲဒီအရူးကြီး မသိဘူးထင်တယ်။ ခင်ဗျားတို့ရော ဆတိုးရုကို ဘ ာလို့ကျွန်တော့်ကို သူများဆီပေးဖို့ လုပ်နေတာလဲ သိကြလားဟင်။ …………………….. ဂျပန်စာရေးဆရာမ Hiro Aikawa ရဲ့ ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့ 「旅猫リポート」ကြောင်လေးရဲ့ ခရီးသွားမှတ်တမ်း ဝတ္ထုစာအုပ်ကို ဇာတ်လမ်းအနေနဲ့ ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မြန်မာဘာသာပြန် စာအုပ်လည်းထွက်ရှိထားပြီး ဇာတ်ကားအနေနဲ့လည်း ကြောင်ချစ်သူတွေသာမက အားလုံးအတွက် အချိန်ပေးရတာနဲ့တန်တဲ့ ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။

Action • Crime • Thriller
6.8 2018
The Travelling Cat Chronicles
Captive

“Night of the living dead” ဆိုတဲ့ဇာတ်ကားကို မှီငြမ်းရိုက်ကူးထားပြီး horror ဆိုပေမဲ့ horror အရမ်းမဆန်တဲ့ပေါ့ပေါ့ပါးပါး ဗန်ပိုင်းယားဇာတ်ကားတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း….. Horror ကားတွေထုံးစံအတိုင်း လူငယ်တစ်စုဟာ ပိုင်ရှင်မရှိတဲ့အိမ်ထဲခိုးဝင်ကြရာကနေ ဇာတ်လမ်းစပါတော့တယ် ပိတ်ရက်မှာ အိမ်ပိုင်ရှင်တွေခရီးသွားနေတုန်း အိမ်ထဲခိုးဝင်ပြီး‌အေးအေးဆေးဆေး ဇိမ်ခံကြမယ်လို့တွေးထားပေမဲ့ မမျှော်လင့်ပဲ မြေအောက်ခန်းထဲမှာအချုပ်ခံထားရတဲ့လူတစ်ယောက်ကို တွေ့လိုက်ရပါတော့တယ် သူ့ရဲ့သရုပ်မှန်နဲ့ သူဘာလို့ဒီအိမ်မှာအချုပ်ခံထားရတာလဲဆိုတာကိုမသိ‌ပေမဲ့ သူငယ်ချင်းအုပ်စုကသူ့ကိုလွှတ်ပေးလိုက်ကြပြီး ပုံမှန်အတိုင်းပဲ သတိလက်လွှတ်ထားလိုက်ပါတော့တယ် တကယ်တမ်းအဲဒီလူက သွေးစုတ်ဖုတ်ကောင်တစ်ကောင်ဖြစ်နေပြီး သူတို့သူငယ်ချင်းတွေကို စားဖို့ချောင်းနေတာပါ ကံမကောင်းတဲ့လူငယ်လေးတွေ သွေးစုတ်ဖုတ်ကောင်စာမိသွားမလား သူတို့ဘယ်လိုထွက်ပြေးလွတ်မြောက်ကြမလဲဆိုတာကိုကြည့်ရှုရမှာပါ File size…(1.2 GB)/(626 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Adventure • Drama • Documentary
0 2023
Captive
Altered
5.6

Altered 2006 ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ခုခေတ်မှာရှားသွားပြီဖြစ်တဲ့ ဂြိုလ်သားကားပါ ဟာ ဒီလောက်ဂြိုလ်သားကားတွေပေါနေတာ ဘာကိုရှားတာလဲဆိုတော့ ဟုတ်ပါတယ် ဒီကားမှာက ခုခေတ်လို နည်းပညာမြင့်လက်နက်တွေနဲ့ ဂြိုလ်သားတွေကိုပြန်ကြိတ်ရမှာ မဟုတ်ပါဘူး လက်ဗလာနီးပါးနဲ့ပြန်ခံချရင်း အသဲတထိတ်ထိတ်နဲ့ ဖြစ်မှဖြစ်ပါ့မလားလို့ကြည့်ရမှာပါ ပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးနဲ့လည်း ယှဉ်မချကြပါဘူး ဇာတ်လမ်းကိုက ဘော်ဒါငါးယောက် ကလေးဘဝမှာ တောထဲအမဲလိုက်သွားတဲ့အချိန် ဂြိုလ်သားတွေကဖမ်းပြီးစမ်းသပ်ပါတယ် အဲ့ငါးယောက်ထဲမှာ လေးယောက်ပဲပြန်လွတ်လာပြီး တစ်ယောက်က သေဆုံးသွားပါတယ် အဲ့ဒါကိုဂြိုလ်သားဆိုတာ ဘယ်သူမှမယုံဘဲ ထောင်ကျတဲ့သူကျနဲ့ ဘဝတွေပျက်ကုန်ပါတယ် ဒါပေမဲ့ ၁၅ နှစ်ကြာပြီးနောက်မှာ ဂြိုလ်သားဆိုတာဂျိုနဲ့လားဆိုပြီး မိုက်မိုက်ကန်းကန်း ဒီလေးကောင်နဲ့ပဲပြန်သွားချကြပါတော့တယ် အဲ့တော့ လူသားလေးယောက်နဲ့ ဂြိုလ်သားတစ်အုပ် ဘယ်လိုတီးကြမလဲဆိုတာ Horror-Thrillerကားကောင်းကြိုက်တဲ့ ပရိသတ်တွေအဖို့ တင်ဆက်ပေးလိုက်ပါတယ် သွေးထွက်သံယို R-rated အခန်းတွေများတာကိုတော့ ကြိုတင်သတိပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ် Genre….. Horror, Sci-fi, Thriller Quality…. 1080p | 720p File size… 1.6GB | 655MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

5.6 2006
Altered
Taste of Cherry
7.7

Taste of Cherry ဆိုတဲ့ ခေါင်းစဉ်ကို တွေ့တဲ့အချိန်မှာ ပထမဆုံး ပေါ်လာတဲ့အတွေးကတော့ Cherry onTop ဆိုတဲ့ စကားလေးပဲဖြစ်ပါတယ်။ ဘဝကို ထပ်ပြီးပြည့်စုံသွားစေတယ်၊ ကောင်းမွန်တဲ့အရာ အဖြစ်နဲ့Cherry ကို တင်စားကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ သူ့ရဲ့ဘဝဇာတ်သိမ်းကိုကိုယ်တိုင် အကောင်းဆုံးအဖြစ် အဆုံးသတ်နိုင်ဖို့ ချယ်ရီပင် အောက်ကို ရွေးချယ်ထားတဲ့ လူတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ ထိုလူလတ်ပိုင်းအရွယ် မစ္စတာဘာဒီး ဟာ သူ့အတွက် အလုပ်တစ်ခု လုပ်ပေးနိုင်မယ့် လူတစ်ယောက်ကို ကားတစ်စီးနဲ့ တယ်ရန်မြို့ထဲမှာ လိုက်ရှာနေခဲ့ပါတယ်။ အဲဒီအလုပ်အတွက်လည်းငွေကြေး အမြောက်အများပေးဖို့ စီစဉ်ထားပါတယ်။ သူ့ရဲ့အကြံကတော့ သူစိတ်ကြိုက်ရွေးချယ်ထားတဲ့လူတစ်ယောက်ကို သူစိတ်ကြိုက်ရွေးချယ် ထားတဲ့နေရာမှာ သူ့ကို မြှုပ်နှံပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ မစ္စတာဘာဒီး နဲ့ ကားလိုက်စီးရတဲ့သူတိုင်းဟာ ချယ်ရီပင်တစ်ပင်ရယ်၊ သူကိုယ်တိုင်တူးထားတဲ့ ကျင်းတစ်ကျင်း ရယ်၊ မက်မောလောက်ဖွယ် ငွေကြေးရယ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လုပ်ရမယ့်အလုပ်က မစ္စတာဘာဒီးအနေနဲ့ အိပ်ဆေးတွေ အကုန်သောက်ပြီး ကျင်းထဲမှာ ညကတည်းက လှဲနေမယ်။ အလုပ်လက်ခံသူအနေနဲ့ မစ္စတာဘာဒီးကို မနက် (၆) နာရီမှာ (၂)ခါလာခေါ်ရမယ်။ အသက်ရှိသေးရင် သူ့ကိုဆွဲထူမယ်၊ အသက်မရှိတော့ ရင်တော့ မြေဖို့ပေးဖို့ပါပဲ။ ဒီတစ်ရက်တည်းမှာပဲ မစ္စတာဘာဒီးဟာ စစ်သားတစ်ယောက်၊ ဓမ္မစာသင်သားတစ်ယောက် နဲ့ တိရစ္ဆာန်ရုပ်လုံးသွင်းသူ တစ်ယောက် တို့နဲ့ တွေ့ဆုံပြီး ကမ်းလှမ်းပြောဆိုခဲ့ပါတယ်။ ပထမဆုံး (၂)ယောက်က ကြောက်လန့်ငြင်းဆန်သွားကြပေမယ့် တိရစ္ဆာန်ရုပ်လုံးသွင်းသူ မစ္စတာဘာဂယ်ရီကတော့ သူ့ကလေးအတွက် ငွေကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မစ္စတာဘာဂယ်ရီကတော့ ချယ်ရီပင်သွားရာ လမ်းတလျှောက်မှာ မစ္စတာဘာဒီးကိုဖြောင့်ဖြပြောဆိုသွားခဲ့ပေးမယ့် မစ္စတာဘာဒီးရဲ့ သတ်သေလိုတဲ့အကြောင်းရင်းနဲ့ ပြဿနာကို အဖြေရှာမတွေ့ခဲ့ပါဘူး။ ဒါ့အပြင် မစ္စတာဘာဒီးရဲ့ ဘဝအပေါ်အတွေးအမြင်နဲ့ ခံယူချက်ကလည်း မေးခွန်းထုတ်ဖွယ်ဖြစ်နေတဲ့အတွက် ပရိသတ်ကို မေးခွန်းများစွာနဲ့ အတွေးများစွာ ထင်ကျန်စေမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size… 1.1 GB / 680 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

TV Movie • Comedy • Romance
7.7 1997
Taste of Cherry
The End We Start From

အခြေအနေအကြောင်းကြောင့် မိုတီပျောက်နေသူတွေအတွက် reviewကောင်းတွေပိုင်ဆိုင်ထားတဲ့ The End We Start from ဆိုတဲ့ Survival ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့ဦးထူးဆန်းBenefict Cumberbatch လည်း supportingအနေနဲ့ ပါဝင်ထားတာဖြစ်လို့ မကြည့်ရသေးရင်တော့ tryကြည့်ဖို့ ညွှန်းလိုက်ပါတယ်။ မိန်းမတစ်ယောက်အတွက် အနာကျင်ရဆုံး သေမင်းနဲ့အနီးဆုံးကာလတစ်ခုဖြစ်တဲ့ မီးဖွားချိန်ကျမှပဲ ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုတဲ့အတိုင်းပဲ လန်ဒန်မြို့မှာ မုန်တိုင်းထန် ရေလွှမ်းပြီး ကပ်ဆိုက်ပါတော့တယ်။ သွေးနုသားနုမှာ ပြုစုယုယတာခံရမယ့်အစား ခင်ပွန်းဖြစ်သူနဲ့အတူ ရေဘေးကနေပြေးပြီး ယောက္ခမတွေနဲ့ အတူနေဖို့ဖြစ်လာတာပေါ့။ သဘာဝကပ်ဘေးနဲ့အတူလိုက်လာတဲ့ အစာရေစာရှားပါးခြင်းနောက်မှာ ခင်ပွန်းဖြစ်သူရဲ့မိဘနှစ်ပါးက အသက်ဆုံးသွားတာနဲ့အတူ ခင်ပွန်းကလည်း စိတ်ဓာတ်ကျပြီး သွေးနုသားနုဇနီးနဲ့သားလေးကိုထားရစ်ခဲ့တာခံရ၊ ကိုယ်တိုင်လည်း သေခြင်းတရားကို နဖူးတွေ့ဒူးတွေ့ကြုံထားရတော့ နှလုံးသားမှာ ကြောက်ရွံ့တုန်လှုပ်မှု အားငယ်မှုတွေပြည့်နေတဲ့တော့တာပေါ့။ ဒါပေမဲ့ သူကတော့ သူ့ကိုပဲအားကိုးရှင်သန်ရမယ့် ရင်ခွင်ပိုက်ကလေးငယ်လေးရဲ့မိခင်ဖြစ်နေတာကြောင့် ကြောက်ရွံ့တုန်လှုပ်ရင်း ပုန်းခိုနေလို့မရပါဘူး။ ဒီလို ငတ်မွတ်ခေါင်းပါးတဲ့ဘေး သူခိုးဓားပြတွေရဲ့ဘေးရန်အသွယ်သွယ်ကနေ အရရုန်းကန်လို့ ဒီကလေးငယ်လေးကို ကပ်ဘေးအသွယ်သွယ်ကနေအရကယ်ထုတ်မယ့် မိခင်တစ်ယောက်ရဲ့သတ္တိကို ဒီရုပ်ရှင်လေးကနေ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…(1.7 GB)/(845 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

Thriller • Crime
0 2023
The End We Start From
Free Willy
6

ငယ်ငယ်ရွယ်ရွယ်နဲ့ အမေက စွန့်ပစ်သွားလို့ ပေတေလေလွင့်နေတဲ့ ၁၂ သားလေး ဂျက်စီ … သူ့အုပ်စုထဲကနေ အဖမ်းခံလိုက်ရပြီး အပြစားခံထားရတဲ့ ၃တန်လောက်ကြီးတဲ့ ဝေလငါးကြီး ဝီလီ .. သူတို့ကြားက ချည်နှောင်မိသွားတဲ့ ယုံကြည်မှုတစ်ခုရယ်.. ဖွင့်ဖြစ်ခဲ့ကြတဲ့ စွန့်စားခန်းတစ်ခုရယ်ဟာ ဟောဒီ့ Free Willy ဆိုတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ Adventure genre ထဲ ပါတာမို့ ဇာတ်ကားအကြောင်းကိုတော့ ဒီ့ထက်ပိုပြောတော့ပါဘူး။ အဲ့ဒီ့အစား ဒီကားထဲက ဝီလီ့နေရာမှာ သုံးသွားခဲ့တဲ့ ခဲကို (keiko)ဆိုတဲ့ ဝေလငါးကြီးအကြာင်းကို ပြောပြချင်ပါတယ်။ ဘာလို့ဆို Free Willy ဟာ ၃ကား ထွက်ခဲ့တာဖြစ်ပေမယ့် Keiko သရုပ်ဆောင်ခဲ့တာက ဒီတစ်ကားထဲမို့လို့ပါ။ ဒီရုပ်ရှင်ထွက်လာပြီးတဲ့နောက်မှာ လူထုဟာ Keiko ရဲ့ နေထိုင်မှုအခြေအနေကို အာရုံစိုက်မိလာကြပါတယ်။ ဝေလငါးကြီးတစ်ကောင်အဖို့ သူ့အရွယ်နဲ့ မမျှတဲ့ ကန်ထဲမှာ နေ,နေရတာ၊ ကလိုရင်းတွေပါတဲ့ ဆားငန်ရေအတုနဲ့ နေရတာတွေကြောင့် Keiko ဟာ ခုခံအားစနစ် အားနည်းပြီး သူ့ရဲ့ ဆူးတောင်တွေတဝိုက်မှာ အရေပြားရောဂါ ခံစားနေရတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကြောင့်မို့ Keiko ကို ပြန်လွှတ်ပေးဖို့ဆိုတဲ့ ကြိုးပမ်းမှုတွေ ကြီးကြီးမားမားပေါ်လာခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ ရုပ်ရှင်ထွက်ပြီး ၃နှစ်အကြာ ၁၉၉၆ မှာတော့ ဝေလငါးကြီး Keiko ကို မက္ကဆီကိုကနေ အော်ရီဂွန်ကို ပြောင်းရွှေ့ပေးခဲ့ကြပြီး အော်ရီဂိုကမ်းခြေငါးပြတိုက်မှာ သူ့အတွက် အထူးသီးသန့်ပြုလပ်ထားတဲ့ ကန်ကြီးထဲမှာ နေစေခဲ့ပါတယ်။ Keiko ဟာ သက်သာလာခဲ့ပြီး ၂၀၀၂ ခုနှစ်မှာတော့ ၂၂ နှစ်ကြာ လှောင်ပိတ်ခံခဲ့ရာကနေ သဘာဝထဲကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ သဘာဝနဲ့ အသားမကျတော့တဲ့ Keikoဟာ ၂၀၀၃ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ File size… 2.5 GB / 1.4 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Family/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Z

Horror • Science Fiction • Thriller
6 1993
Free Willy
Dirty Politics

Dirty Politics 2015 Genre – Drama ဘောလိဝုဒ် နိုင်ငံရေးအကျင့်ပျက်ခြစားမှုကို ထုတ်ဖော်ရိုက်ကူးထားတဲ့ ဘောလိဝုဒ်ကားဟောင်းလေးကို CM Bollywood ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း အာနိုခီဒေဝီဆိုတဲ့ အမျိုးသမီးတစ်ယောက် ရက်အတော်ကြာပျောက်ဆုံးနေတဲ့ အမှုနဲ့ပတ်သက်ပြီး နာမည်ကြီးနိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ မစ္စတာ မူခီတယာဆင်းဂ် ကို အရာရှိနီဘေးနဲ့ အရာရှိနစ်ချေးတို့က ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့ အကျင့်ပျက်နိုင်ငံရေး အဖွဲ့အစည်းဖြစ်နေလေတော့ သူ့ထက်အကောင်ကြီးတွေအချင်းချင်း ရဲမင်းကြီးအထိ ဖုန်းနဲ့လှုပ်ရှားလိုက်ရာက မစ္စတာ မူခီတယာဆင်းဂ်တစ်ယောက် စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ပြန်လွှတ်သွားပါတယ်။ ဒါကို မကျေနပ်တော့ ဝန်ကြီးချုပ်ထိတင်ပြပြီး အိန္ဒိယအထူးစုံစမ်းရေးဌာနကို ကိုင်တွယ်ပေးဖို့တောင်းဆိုရင်း အထူးစုံစမ်းရေးသမားတစ်ဦးပါလာပြီး အမှုကိုစတင်ကိုင်တွယ်တာနဲ့ပဲ အကျင့်ပျက်အရာရှိတွေကို စကိုင်ပါတော့တယ်။ ဆိုတော့ အာနိုခီဒေဝီတစ်ယောက် ဘာဖြစ်သွားတာလဲ တကယ်ပဲ နိုင်ငံရေးသမားတွေနဲ့ပတ်သက်နေလားဆိုတာ စိတ်ဝင်စားစွာနဲ့ ဆက်လက်ကြည့်ရှုနိုင်မှာပါခင်ဗျာ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ။)

0 2015 129 mins
Dirty Politics
The Dungeonmaster
4.6

ပေါလ်ဆိုတာက ကွန်ပြူတာတွေကို ပြင်ဆင်တဲ့အလုပ်လုပ်တယ်၊ ကိုယ်တိုင်လည်း AI တစ်ခု ဖန်တီးထားပြီး ချစ်သူလေးကို လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ ပရိုဂရမ်မာတစ်ယောက်။ ဒါပေမဲ့ လက်ထပ်ဖို့ ခွင့်တောင်းတဲ့ညမှာတင် သမီးရည်းစား နှစ်ယောက် အိပ်မက်လိုလိုဆိုပေမဲ့ တကယ့်တခြားဖြစ်တည်မှုပဲ ရောက်သွားပါတယ်။ အဲဒီမှာတင် နတ်ဆိုးမှော်ဆရာတစ်ယောက် ပေါ်လာပြီး မင်းကောင်မလေးကို ငါဖမ်းထားမယ်၊ မင်းကို စိန်ခေါ်မှု ၇ ရပ်နဲ့ ငါ စမ်းသပ်မယ်၊ မင်းရဲ့ ခေတ်မှီနည်းပညာနဲ့ ရအောင်ကျော်လွှားပေါ့၊ တစ်ခုရှုံးတာနဲ့ အကုန် စမုံတုံးမယ်ဆိုပြီး အတင်းအကျပ် စေခိုင်းခံရတဲ့အခါမှာတော့ ပေါလ်တစ်ယောက် ကောင်မလေးနဲ့ သူ့ကိုယ်သူ ကယ်တင်ဖို့ သူ့ AI လေးကို ဘယ်လိုအသုံးချပြီး စွန့်စားခန်း ၇ ရပ် ထွက်ရမလဲဆိုတာ ကြည့်ရမှာပါ။ ~ ပွင့်လင်း မြင်သာသော ကိုယ်လုံးတီးပြကွက်တချို့ ပါဝင်သောကြောင့် မိသားစု/ကလေးများနှင့် မကြည့်ရှုမိစေရန် သတိပေးလိုပါသည် ~ File Size : 2.2 GB, 1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 13min Format : Mp4 Genre : Fantasy, Horror, Sci-fi Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

Drama • Romance
4.6 1984
The Dungeonmaster
Wolfs

မင်းသားကြီး ဂျော့ကလူနီ နဲ့ ဘရက်ပစ်တို့ ပါဝင်ထားတဲ့ သည်းထိပ်ရင်ဖိုမှုခင်းကားအသစ်ပါ။ ဒါရိုက်တာကတော့ Spider-Man : No Way Home ကိုရိုက်ခဲ့တဲ့ Jon Watts ပါပဲ။ ဇာတ်လမ်းအကျဉ်း တိုင်းရှေ့နေမကြီးတစ်ယောက်က လူငယ်လေးတစ်ယောက်နဲ့ ဟိုတယ်မှာ ချိန်းတွေ့ရင်း လူငယ်လေးက ဆေးလွန်ပြီး သေသွားတယ်။ ဒီလိုကိစ္စမျိုးတွေကို ရှင်းပေးတဲ့ ပရော်ဖက်ရှင်နယ်ကြီးတစ်ယောက်ကို ဖုန်းဆက်ပြီးခေါ်လိုက်တယ်။ ဒါပေမဲ့ ဟိုတယ်ပိုင်ရှင်ကလည်း ဒီကိစ္စကိုရှင်းဖို့ ပရော်ဖက်ရှင်နယ်လေးတစ်ယောက်ကို ထပ်ပြီးခေါ်မိတယ်။ အဲဒီမှ ရှင်းလင်းရေးသမားနှစ်ယောက် ထိပ်တိုက်တိုးပြီး ဒီလူသေမှုကို အတူတူ အစဖျောက်ဖို့ကြုံလာတယ်။ ဒါပေမဲ့ ဒါက သာမန်အမှုမဟုတ်ဘဲ ဘိန်းဖြူဂိုဏ်းတွေနဲ့ပါ ပတ်သတ်နေတာမို့ နှစ်ယောက်လုံး ကြားညပ်ပြီး အစကနေအဆုံးထိ လိုက်ရှင်းရင်း အသက်ရှင်ဖို့ ကြိုးစားရပါတော့တယ်။ File size…(4.3 GB)/ (1.3 GB)/(707 MB) Quality….Webrip 4K HEVC/ 1080p / 720p Format…mp4 Duration….01:48:00 Genre… Action, Comedy, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet, Ka Naung Translated by Mr. Anderson

0 2024
Wolfs