YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Divine Destiny 2023 E33 1080p WEB-DL CM.mp4

561.37 MB 1080p video/mp4 73 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Johnny
7.3

ဖြစ်ရပ်မှန်ကိုဇာတ်အိမ်တည်ထားပြီး လူတိုင်းဒုတိယအခွင့်အရေးနဲ့ထိုက်တန်တာမလို့ အားလုံးအပေါ်မေတ္တာတရားထားပေးသင့်ကြောင်းကို ရိုးရိုးရှင်းရှင်းရိုက်ကူးပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ ဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်အဖြစ် ဘုန်းတော်ကြီးတစ်ပါးနဲ့ ရာဇဝတ်သားတစ်‌ယောက်ပါဝင်ပါတယ်။ ဒီဘုန်းတော်ကြီးဟာ မိမိယုံကြည်ရာကို တစ်စိုက်မတ်မတ်လုပ်တတ်တဲ့သူ၊ လူသားတိုင်းအတွက်အနစ်နာခံ ပေးဆပ်သူပေ့ါ။ တစ်နေ့ကျတော့ ဘုန်းတော်ကြီးဆီကို ရာဇဝတ်သားဟာ သူ့ရဲ့ပြစ်မှုစောင့်ကြည့်ကာလအတွင်း လူထုအကျိုးပြုအလုပ်လုပ်ဖို့ဆိုပြီး အလုပ်လာတောင်းပါတော့တယ်။ ဒီလိုနဲ့ပဲ လူတစ်ယောက်ဟာ ဘဝရဲ့ တန်ဖိုးအရှိဆုံးအရာတွေထဲကတစ်ခုဖြစ်တဲ့ ဒုတိယအခွင့်အရေးကိုအသုံးချပြီး ဘယ်လောက်အထိပြောင်းလဲပစ်နိုင်လဲဆိုတာမြင်တွေ့ရမယ့် Biographyကားကောင်းလေးတစ်ကားဖြစ်ပါတယ်.. File Size :(1.8GB) and (714MB) Quality : WEB-DL1080P5.1Ch,720p Format…mp4 Duration…01:59:00 Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Crime • Drama
7.3 2022 120 mins
Johnny
Funeral in Berlin
6.8

Funeral In Berlin (1966) ~ IMDb – 6.8/10, Rotten Tomatoes – 60% ~ The Ipcress File (1965) ရဲ့ Sequel ပါ။ Len Deighton ရဲ့ စာအုပ်အပေါ် အခြေခံထားတာချင်းတူပေမဲ့ ဒါရိုက်တာကတော့မတူတော့ဘူး။ ဒီကားကတော့ Guy Hamilton လက်ရာပေါ့။ Gold Finger, Live and Let die, Diamonds Are Forever နဲ့ The Man With The Golden Gun တို့လို Bond ရုပ်ရှင် ၄ ကားအပြင် တခြားရုပ်ရှင်ပေါင်းမနည်း ရိုက်ခဲ့တာဆိုတော့ လက်ရာကိုတော့ ပြောစရာလိုမယ်မထင်ဘူး။ ဒါကတော့ သူ့ရဲ့လက်ရာကောင်း တခုပေါ့။ Sequel လို့ဆိုပေမဲ့ ပထမကားနဲ့‌ ပြန်ချိတ်ထားတာတွေ အများကြီးမရှိဘဲ သူ့ထုံးစံအတိုင်း ဇာတ်လမ်းကို အေးအေး ငြိမ့်ငြိမ့်ပဲသွားထားတယ်။ ဇာတ်ကြောင်းကတော့ ဘာလင်တံတိုင်းခတ်ထားတဲ့ကာလမှာ အရှေ့ဘာလင်ရဲ့ ဗိုလ်မှူးကြီးစတော့ခ်က ဘက်ပြောင်းချင်ကြောင်း ဗြိတိသျှဘက်ကိုအကြောင်းကြားလာတယ်။ သူ့ကိုကယ်ထုတ်ဖို့အတွက် ဟယ်ရီဟာ ဘာလင်ကိုခရီးဆက်ရတယ်။ အဲဒီအချိန်မှာ ဘာလင်တံတိုင်းကိုကျော်ပြီးထွက်ပြေးတဲ့အမှုတွေ အတော်များများဖြစ်နေတယ်။ အဲဒီကိစ္စအတွက် ဟယ်ရီတို့ ခေါ်ထုတ်ရမယ့် ဗိုလ်မှူးကြီးစတော့ခ်က အကြပ်ရိုက်နေတာပေါ့။ အဲဒီလို လွတ်မြောက်မှုတွေကြောင့် သူတို့ရဲ့ ဌာနကလည်းစောင့်ကြည့်ခံနေရပြီ၊ သူကလည်းစောင့်ကြည့်ခံနေရပြီ။ ဒါကြောင့် သူက သူထွက်တဲ့အချိန်မှာတော့ လုံးဝ ပြီးပြည့်စုံတဲ့ အစီအစဉ်ပဲဖြစ်ချင်တယ်။ အဲဒီလို လူတွေ ခဏခဏ လွတ်သွားတဲ့ကိစ္စတွေကို နောက်ကွယ်က စီစဉ်ပေးနေတဲ့ ခရိုက်ဇ်မန်းဆိုတဲ့ လူတယောက်ရှိတယ်။ ဗိုလ်မှူးကြီးစတော့ခ်ကလည်း သူ့အစီအစဉ်ကို အမှားအယွင်းမဖြစ်ချင်တဲ့အတွက် သိပ်တော်ပါတယ်ဆိုတဲ့ ခရိုက်ဇ်မန်းကို ဟယ်ရီကတဆင့် ဈေးညှိပြီး အစီအစဉ်ဆွဲခိုင်းတယ်။ အစီအစဉ်အရ လူနာမည်ကိုပြောင်းဖို့ စာရွက်စာတမ်းတွေထုတ်ရတယ်ဆိုတော့ သေဆုံးသွားပြီဖြစ်တဲ့ ပေါလ်လူဝီဘရူးမ်ဆိုတဲ့လူရဲ့ စာရွက်စာတမ်းတွေကို သုံးကြမယ်ပေါ့။ လူသေကို အသက်ပြန်သွင်းတဲ့သဘောမျိုးပဲ။ ဒါပေမဲ့ အဲဒီ ပေါလ်လူဝီဘရူးမ်ဆိုတဲ့လူရဲ့ စာရွက်စာတမ်းတွေကို လိုက်နေတဲ့ လူတွေ ရှိနေတယ်။ ဘာကြောင့်လိုက်နေရတာလဲ၊ အဲဒီစာရွက်စာတမ်းကကော ဘာအရေးပါလို့လဲ၊ ဘာလင်တံတိုင်းကို ခိုးဖြတ်မယ့်ကိစ္စကကော အောင်မြင်ပါ့မလား။ ရုပ်ရှင်ရဲ့ နာမည် “ဘာလင်က ဈာပန” ဆိုတာ ဘာကိုရည်ညွှန်းသလဲ။ ဒါတွေကို အဖြေထုတ်မယ့်အပြင် အချင်းချင်း ပတ်လှည့်စားပြီး မြိုင်မြိုင်ကြီး ကွက်ကျော်တွေရိုက်ကြမယ့် ရုပ်ရှင်ပါ။ ဒါရိုက်တာ Guy Hamilton ဆိုတာ အရင်က သူလျှိုဖြစ်ခဲ့ဖူးတော့ သူ့ရဲ့အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ဒိုင်ယာလော့ဂ်တွေကို ထပ်ဖြည့်ရေးထားတယ်လို့ Sir Michael Caine ကလည်း အင်တာဗျူးတခုမှာဖြေထားတယ်။ အဲဒါကြောင့် ဒိုင်ယာလော့ဂ်တွေဟာ လေယူလေသိမ်းကအစ လက်တွေ့ဆန်တယ်။ ရုပ်ရှင်ကို ရိုက်ကူးခဲ့တာကလည်း ဘာလင်မှာပါပဲ။ ရုပ်ရှင်ရိုက်နေရင်းတောင် အရှေ့ဘာလင် အစောင့်စစ်သားတွေက ကင်မရာတွေကို မှန်နဲ့ မီးလှမ်းလှမ်းထိုးပြီး နှောက်ယှက်ကြတယ်လို့ပြောတယ်။ မင်းသမီးအဖြစ်ပါတဲ့ Eva Renzi ကလည်း ဒါရိုက်တာကို ဟိုလိုရိုက်၊ ဒီလိုရိုက် ဘာညာ ဆရာကြီးလုပ်လွန်းလို့ ဒါရိုက်တာတောင် ရုပ်ရှင်မပြီးခင် ဆက်မရိုက်ချင်စိတ်ပေါက်ပါတယ်တဲ့။ ဒါတွေကတော့ ရိုက်ကွင်းအခက်အခဲလေးတွေပေါ့လေ။ စပိုင်ကားကြိုက်တဲ့လူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်မျိုးပါပဲ။ ဒီရုပ်ရှင်မှာလည်း Sequel အနေနဲ့ Billion Dollar Brain (1967) ထပ်ထွက်ထားပါတယ်။ တစ်နှစ်တစ်ကားရိုက်ပြီး ကွာလတီမြင့်နေတာကတော့ အတော်ကိုလက်ဖျားခါလောက်စရာအချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 885MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 42Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
6.8 1966 102 mins
Funeral in Berlin
Cat Person
6.2

ဒီဇာတ်လမ်းလေးကတော့ ဆယ်ကျော်သက်အရွယ် ကောလိပ်ကျောင်းသူလေးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို thrillerဆန်ဆန်မြင်တွေ့ရမယ့် ဇာတ်ကားလေးပါ….။ အဓိကဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီး Emilia Jonesကလည်း ခုမှ အသက် ၂၁နှစ်ပဲရှိသေးတာမို့ ငယ်ရွယ်လှပတဲ့ ဒီဇာတ်ရုပ်နဲ့ ကွက်တိကျနေမှာပါ…။ ဇာတ်လမ်းအကျဥ်းလေးကတော့ မာဂေါ့ဟာ ကောလိပ်ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး၊ ရုပ်ရှင်ရုံမှာ အချိန်ပိုင်းအလုပ်လုပ်တဲ့ အလုပ်သမလေးပေါ့…။ ငယ်ရွယ်သူတိုင်းမှာ အချစ်ဇာတ်လမ်းကိုယ်စီရှိကြသလို မာဂေါ့ဟာလည်း ရုပ်ရှင်လာကြည့်နေကျ လူကြီးတစ်ယောက်ကိုမှ သဘောကျသွားမိပါတယ်….။ ဒီလိုနဲ့ အသက် ၂၀အရွယ်ကောင်မလေးတစ်ယောက်နဲ့ အသက် ၃၀ ဝန်းကျင် လူကြီးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးစခဲ့ပါတယ်…။ အစပိုင်းမှာတော့ အချင်းချင်း အချင်းချင်းစာပို့ရင်း ကြည်နူးကြရင်းနဲ့ နောက်ပိုင်းမှာချိန်းတွေ့မိသွားတဲ့အခါ… ဘယ်သူက ဘယ်လို redflagဖြစ်နေမလဲဆိုတာကို Drama၊ thrillerဆန်ဆန် ကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်…။ File size…1.08GB / 519MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 58m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.2 2023
Cat Person
Adire
6.6

Adire (2023) ============ IMDb Rating – 6.6/10 မြို့ကြီးတစ်မြို့မှာ “နင်တို့တွေကေသီ့ကို ကျော်ဖို့မစဉ်းစားနဲ့”ဆိုတဲ့ စာသားနဲ့လိုက်ဖက်လောက်အောင် ဦးစားပေးခံရတဲ့ ညငှက်မလေး တစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူဟာ ညငှက်ဘဝကိုစိတ်ကုန်နေပြီ။ သူ့ဝါသနာက အမျိုးသမီးအတွင်းခံဒီဇိုင်နာ။ တစ်နေ့ကျ သူ့ရဲ့စားကျက် နယ်ထဲကနေ ခေါင်းဆောင်ရဲ့ခွင့်ပြုချက်မရဘဲ ထွက်ပြေးလာတယ်။ သူ့ရဲ့ဦးတည်ရာက သူ့ဘဝအခြေချလို့ရမဲ့ မထင်မရှားမြို့ငယ်လေးတစ်ခု။ အဲဒီမြို့ငယ်လေးဟာ သိပ်မဖွံ့ဖြိုးသေးဘူး။ မြို့ခံအမျိုးသမီးတွေဟာလည်း လိင်အသိပညာဗဟုသုတတွေ နည်းပါးပြီး ရှေးရိုးစွဲဆန်ကြတယ်။ အမျိုး သမီးတွေဟာ အရှက်အကြောက်ကြီးပြီး လင်ယူသားမွေးဖို့ပဲ ဖြစ်တည်နေ သလိုမျိုး၊ အိပ်မက်တွေကိုစွန့်လွှတ်ထားရတဲ့အမေတွေ၊ ဗိုင်းကောင်းကျောက် ဖိလွန်းအားကြီးပြီး လွတ်ထွက်သွားတဲ့သမီးပျိုတွေ၊ အဲလိုမြို့လေးကို အိပ် မက်သစ်စမဲ့ ရဲရင့်တဲ့ညငှက်မလေးရောက်လာတယ်။ ‌သူ မသိတာကတော့ သူ့ကိုပြန်ခေါ်ဖို့ လိုက်လာကြတဲ့သူတွေရှိတယ်ဆိုတာကိုပေါ့။ အဲလိုမျိုးနဲ့ ဇာတ်လမ်းကအဆုံးထိဆွဲခေါ်သွားမှာပါ။ ဇာတ်ကောင်တစ်ကောင်ချင်းစီတိုင်း ရဲ့စိတ်နေစိတ်ထားနဲ့ လူ့သဘောလူ့သဘာဝကို ရှုထောင့်မျိုးစုံကနေ မီးမောင်း ထိုးပြထားတာဖြစ်လို့ ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.9 GB) / (682 MB) Quality…………WEB-DL 1080p / 720p Duration………2Hr 04Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM

6.6 2023
Adire
Five Feet Detective

ဒါကတော့အရမ်းကိုတော်လှတဲ့စုံထောက်ကြီးတစ်ယောက်ရဲ့ နယ်မြို့လေးမှာသွားပြီးတာဝန်ထမ်းဆောင်ရတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူကတော့ ၅ပေနတ်စုံထောက်လို့ နာမည်တွင်းတဲ့မြို့တော်ကလူဆိုးထိန်းကြီးဖြစ်ပါတယ်။ ဟုတ်ပါတယ် အရပ်၅ပေပဲရှိပေမယ့် အထင်သေးလို့မရတဲ့ အမှုပေါင်းများစွာကိုဖော်ခဲ့တဲ့စုံထောက်ကြီးပဲဖြစ်ပါတယ်။ စုံထောက်ကြီးကအသက်ကြီးလာတော့ မြို့တော်မှာအရင်လိုအမှုတွေမဖော်နိုင်ပဲ ပြဿနာတွေပဲရှာနေမိတယ်။ မြို့တော်ကသူ့ကိုဘယ်လိုမှဆက်လက်မခံနိုင်တော့ ဝုမြို့လေးကိုပို့လိုက်တယ်။ အဲဒီမှာအမှုကြီးတစ်ခုကိုဖော်နိုင်ခဲ့မယ်ဆိုရင် မြို့တော်ကိုပြန်လာခွင့်ပေးမယ်ဆိုပြီးတော့ပေါ့။ မြို့လေးကိုရောက်သွားတဲ့အချိန်မှာ မြို့လေးကသာမန်နဲ့မတူပဲ အရမ်းကိုအေးချမ်းတည်ငြိမ်နေခဲ့တယ်။ အမှုလိုက်ချင်တဲ့ဆရာကြီးအတွက်အခက်တွေ့တော့တာပေါ့။ ဒီလိုနဲ့အရေမရအဖတ်မရအမှုတွေလိုက်ရင်း တစ်နေ့မှာ လူသေမှုတစ်ခုဖြစ်လာခဲ့တယ်။ မြို့တော်ပြန်ချင်တဲ့စုံထောက်ကြီးအတွက် သဘောကျစရာပဲပေါ့။ အဲဒီအမှုကိုလိုက်ရင်နဲ့ လူသေမှုတွေကဆက်တိုက်ဖြစ်လာခဲ့တယ်။ ဒီအပေါ်ယံအမြင်မှာအေးချမ်းနေတဲ့မြို့လေးရဲ့လျှို့ဝှက်ချက်ကဘာတွေရှိနေမလဲ။ ၅ပေစုံထောက်ကြီးက ဒီဆန်းကြယ်တဲ့အမှုကိုရအောင်ဖော်နိုင်မလားဆိုတာကို ဟာသလေးတွေနဲ့ရိုက်ထားတာကြောင့် ပေါ့ပေါ့ပါးပါး အပန်းဖြေရင်းကြည့်လိုက်ပါဦး။

0 2024
Five Feet Detective
Mercy Falls

Thriller suspense vibeအပြည့်နဲ့ တောနက်ထဲလမ်းပျောက်တဲ့ လူသတ်ကားမျိုး ကြည့်ချင်သူတွေအတွက် Mercy Falls ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ထုံးစံအတိုင်းပဲ လူသူမရှိတဲ့တောအုပ်ထဲကို စပ်စပ်စုစုနဲ့သွားမယ့် သူငယ်ချင်းတစ်စုနဲ့ ဇာတ်လမ်းလေးကို အစပျိုးထားပါတယ်။ တစ်ချိန်ကဖြစ်ရပ်တစ်ခုကြောင့် အဖေနဲ့ဝေးကွာခဲ့ရတဲ့ ရိုနာဆီကို ရောက်လာတာကတော့ အဖေကအမွေပေးခဲ့တယ်ဆိုတဲ့ မာစီရေတံခွန်ရှိတဲ့ တောထဲက သစ်လုံးအိမ်တစ်လုံး၊ အဖေနဲ့ပတ်သက်တဲ့အမှတ်တရတွေရှိခဲ့တဲ့ တောအုပ်လေးလည်းဖြစ်၊ အဖေ့ရဲ့တစ်ခုတည်းသောအမွေလေးဆိုတော့ ရိုနာတစ်ယောက် ဒီသစ်လုံးအိမ်လေးကို သွားကြည့်ချင်စိတ်တွေ တဖွားဖွားပေါ့။ ဒီလိုနဲ့ပဲ ရိုနာတို့သူငယ်ချင်းတစ်စု မာစီရေတံခွန်နဲ့ မိုင် ၂၀ အကွာ တောအုပ်ထဲက သစ်လုံးအိမ်ကိုရှာဖို့ ခရီးစထွက်ဖြစ်ကြတာပေါ့။ ဒါပေမဲ့ ရိုနာတစ်ယောက် ဒီတောအုပ်လေးကိုစွန့်ခွာခဲ့တာ နှစ်တွေကြာပြီဆိုတော့ သစ်လုံးအိမ်ဆီမရောက်ဘဲ ထုံးစံအတိုင်းပဲ တောထဲလမ်းပျောက်ကြပါတော့တယ်။ ဒီလိုဒုက္ခရောက်နေချိန်မှာ ကယ်တင်ရှင်ကာလာဆိုတဲ့မိန်းကလေးပေါ်လာပြီး သူတို့ကို သစ်လုံးအိမ်ကို လမ်းပြခေါ်ဆောင်ပေးမယ်လို့ ပြောလာပါတယ်။ ဘယ်နေရာမှန်းမသိတဲ့နေရာမှာပေါ်လာတဲ့ ဘယ်သူမှန်းမသိတဲ့သူဖြစ်ပေမဲ့ လမ်းပျောက်နေတဲ့သူတစ်စုအတွက်တော့ ကန္တာရထဲ တံလျှပ်ပေါ်သလို အပျော်ကြီးပျော်ကြတာပေါ့။ ဒါပေမဲ့ ပြဿနာကိုယ်စီနဲ့ အချိတ်အကောက်လေးတွေနဲ့ ဘုရားစူးသူငယ်ချင်းလေးတွေဆိုတော့ ကတောက်ကဆဖြစ်ရင်း စတော့တ်တစ်ယောက် အန်ဒီကို ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင် လုပ်မိသွားတဲ့အခါ… အကူအညီလည်းတောင်းမရ ဖုန်းလိုင်းကမမိ ဘယ်ရောက်လို့ရောက်နေမှန်းမသိရတဲ့ထဲ မချိမဆံ့ဝေဒနာခံစားနေရတဲ့အန်ဒီကို ကာလာတစ်ယောက် ဘယ်သူမှမထင်ထားတဲ့လုပ်ရပ်တစ်ခု လုပ်ချလိုက်တဲ့အခါမှာတော့…. အတော်လေးနောက်ကျမှပဲ သံသယဝင်ဖို့သတိရသွားတဲ့ ဒီလူတစ်စု ယုံမှားလို့ပုံအပ်မိတဲ့တန်ကြေးကို ဘယ်လိုပေးဆပ်ရမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ File size…(1.7 GB)/(825 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Darcy

0 2023
Mercy Falls
[18+] Vampires
6.1

ဒါရိုက်တာ John Carpenter ရိုက်ကူးထားတဲ့ 1998 ခုနှစ်ထွက် သွေးစုပ်ဖုတ်ကောင် ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်ဆိုရင် သွေးစုပ်ဖုတ်ကောင်တွေကို ကြက်သွန်ဖြူကြောက်ပြီး လင်းနို့အဖြစ်လည်းပြောင်းနိုင်တဲ့အပြင် လက်ဝါးကပ်တိုင်ကိုကြောက်တဲ့ မကောင်းဆိုးဝါးတွေအဖြစ် ဖန်တီးပုံဖော်ကြပေမဲ့ ဒီရုပ်ရှင်ရဲ့ သွေးစုပ်ဖုတ်ကောင်တွေကတော့ နေရောင်ခြည်နဲ့ သစ်သားချောင်း နှလုံးထဲထိုးစိုက်ခံရမှာကိုပဲ ကြောက်ကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – ဂျက်ခ် ခရိုး ဦးဆောင်တဲ့ သွေးစုပ်ဖုတ်ကောင်အမဲလိုက်အဖွဲ့ဟာ သွေးစုပ်ဖုတ်ကောင်အသိုက်တစ်ခုကိုဝင်ရှင်းရင်း ကျေးကျွန်တွေအကုန် ရှင်းလိုက်နိုင်ပေမဲ့ သခင်ဖြစ်တဲ့ သွေးစုပ်ဖုတ်ကောင်ကိုတော့ ရှာမတွေ့ခဲ့ပါဘူး။ အဲဒီနေ့ ည သူတို့တည်းနေတဲ့ မိုတယ်မှာ အောင်ပွဲခံနေတုန်းမှာပဲ သူတို့ရှာမတွေ့ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင် သခင်တိုက်ခိုက်တာခံလိုက်ရလို့ တစ်ဖွဲ့လုံးအသတ်ခံလိုက်ရပြီး ဂျက်ခ်နဲ့ သူ့ရဲ့တွဲဖက် မွန်တိုယာပဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ဂျက်ခ်လည်း သူနဲ့တွေ့ဖို့ ဗာတီကန်ကနေ လွှတ်လိုက်တဲ့ ကာဒီနယ် အယ်ဘာနဲ့တွေ့ပြီး သူ့အဖွဲ့တစ်ဖွဲ့လုံးကို သတ်သွားတဲ့ သွေးစုပ်ဖုတ်ကောင်က ယန် ဗဲလက်ခ်လို့ခေါ်တဲ့အပြင် ပထမဆုံးသွေးစုပ်ဖုတ်ကောင်ဖြစ်နေတာကိုပါ သိလိုက်ရတဲ့အခါမှာတော့ ဒီ‌ဗဲလက်ခ်ဆိုတဲ့ သွေးစုပ်ဖုတ်ကောင်သခင်က ဘာလို့ဒီလောက် စွမ်းအားကြီးနေရတာလဲ၊ သူ့ရဲ့ရည်ရွယ်ချက်အစစ်ကတော့ ဘာလဲဆိုတာကိုသိအောင်လုပ်ရင် ဂျက်ခ်ကလည်း သူ့အဖွဲ့အတွက်လက်စားပြန်ချေဖို့ကြိုးစားတာကို သဲထိတ်ရင်ဖိုကြည့်ရှုကြရမှာပါ။ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူးဗျ။ File size…(2.1 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:48:00 Genre… Action, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

6.1 1998 108 mins
[18+] Vampires
Excursion
6.5

ဒီတစ်ခါမှာတော့ Excursion ဆိုတဲ့ နာမည်အတိုင်းပဲ ကျောင်းလေ့လာရေးခရီးတစ်ခုနဲ့ပတ်သက်လို့ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ အဓိက ဇာတ်ဆောင်ကတော့ အလယ်တန်းကျောင်းသူလေး တစ်ယောက်ဖြစ်တဲ့ Iman ပါပဲ။ ကျောင်းသားအချင်းချင်း truth or dare ကစားရင်းကနေ Iman က အိမ်နီးချင်းဖြစ်တဲ့ Damir နဲ့ အတူအိပ်ခဲ့တယ်ဆိုတဲ့ အလိမ်စကား တစ်ခွန်းကိုပြောလိုက်မိပါတော့တယ် ။ ကောလဟလဆိုတဲ့အတိုင်း သတင်းတွေက တဖြည်းဖြည်းနဲ့ ချဲ့ကားလာပြီး အမျိုးမျိုး ဝေဖန်နေတဲ့ အချိန်မှာ မီးလောင်ရာ လေပင့်လိုက်တာကတော့ Iman ကျောင်းမှာ အန်တဲ့ကိစ္စပါပဲ ။ ဒါကိုလည်း သူ့အလိမ်တွေ ခိုင်မာဖို့အတွက် သူ့မှာ ကိုယ်ဝန်ရှိနေသယောင်ယောင် ဇာတ်လမ်းဆင်ပါတော့တယ် ။ အလယ်တန်းကျောင်းသူလေးတစ်ယောက်ရဲ့ အလိမ်စကားက ဘယ်လောက်ထိ တာသွားနိုင်လဲ ။ Iman က ဒီလိုကိစ္စကို ဘာလို့ လိမ်ပြောခဲ့တာလဲ ။ သူ့အလိမ်ရဲ့ အကျိုးဆက်တွေက သူ့ကို ဘယ်လို ထိခိုက်မှုမျိုးတွေ ဖြစ်လာနိုင်သလဲဆိုတာကိုတော့ Excursion ရုပ်ရှင်မှ ာ အတူတူကြည့်ရှုလိုက်ရအောင်နော် ။ ဒီဇာတ်လမ်းလေးမှာတော့ ခေတ်ရှေ့ပြေးလွန်းနေတဲ့ လူငယ်တွေကြားက ပြဿနာတွေနဲ့ သူငယ်ချင်းဆက်ဆံရေးတွေကိုပါ ထည့်သွင်းရိုက်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ် ။ File size…2.99GB / 872MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 33m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

6.5 2023 93 mins
Excursion
Rode College
6.9

Rode College (2024)”ရိုဒီကောလိပ်” ============================ ပန်ချာပီစကားပြော အက်ရှင်ရုပ်ရှင်ကောင်းတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ရိုဒီကောလိပ်ဆိုတာကတော့ ပန်ဂျပ်ပြည်နယ်ရဲ့ အဝေးပြေးကားလမ်းမဘေးမှာရှိတဲ့ သက်တမ်းရင့် ကောလိပ်ကြီးတစ်ခုပဲဖြစ်ပါတယ်။ အဲဒီကောလိပ်မှာ တက်ရောက်နေတဲ့ ကျောင်းသားတွေဟာ အကောင်ကြီးကြီး နိင်ငံရေးသမားတွေရဲ့ ကာဗာရှိတဲ့ မိုက်ရိုင်းဆိုးသွမ်းကျောင်းသားတွေပါ။ ကောလိပ်နားက လမ်းမပေါ်က ဖြတ်သွားဖြတ်လာ ခရီးသွားကားတွေကို ကြုံရာအုတ်ခဲနဲ့ ဘလိုင်းကြီးပေါက်ပြီး အုတ်စုလိုက်ဝိုင်းရိုက် ဆဲဆိုတဲ့ထိ မိုက်ရိုင်း ဆိုးသွမ်းကြသူတွေပါ။ ဒီလို အကျင့်ပျက်ခြစားမှုတွေနဲ့ပြည့်နေတဲ့ ကျောင်းကြီးထဲကို ကျောင်းသားသစ်တစ်ယောက် ရောက်လာချိန်ကစပြီး ပြောင်းလဲမှုတွ တဖြည်းဖြည်းဖြစ်လာပုံကို ဒီရုပ်ရှင်ထဲမှာ တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Action • Crime • Comedy
6.9 2024 168 mins
Rode College
Baadshaho
5.6

1975-1977 နှစ်တွေမှာ အိန္ဒိယနိုင်ငံဟာ အရေးခင်းကာလဖြစ်ပြီး အရေးပေါ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပြီး တိုင်းပြည်ရဲ့ လူဦးရေ တစ်ဝက်လောက်က ဆန္ဒတွေပြ သပိတ်တွေ မှောက်ပြီး ထောင်ထဲတွေ ရောက်နေပါတယ်။ အစိုးရဆိုတာ နာမည်သာ ရှိပြီး ပြည်သူလူထုကို ကြည့်ရှုစောင့်ရှောက်နိုင်တာကလည်း ဆိုင်ရာ ဆိုင်ရာ အကြီးအကဲတွေ ဘုရင်မျိုးရိုးဟောင်းတွေပဲ တာဝန်ယူစောင့်ရှောက်ပေးနေတာပါ။ ရာဂျစ်တန် မြို့ကိုလည်း ဘုရင်ကြီး ဆုံးပါးသွားပေမယ့် အသက်အရွယ်နဲ့ မလိုက်အောင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ မင်းသမီး ဂီတန်ဂျလီက ကူညီပေးနေပါတယ်။ ဘုရင်စနစ်က ဖြတ်သိမ်းလိုက်ပြီ့ ဘုရင့်အခွန်ထမ်း စနစ်လည်း မရှိတောပေမယ့် မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာတဲ့ ဘဏ္ဍာတွေနဲ့ပဲ ပြည်သူတွေကို ထောက်ပံ့နေပါတယ် ပြသနာရဲ့ အစပဲ ပြောရမလား ပါတီတစ်ခုမှာ အစိုးရအာဏာကို လွဲအပ်ထားတဲ့ ဆန်ဂျီးဒ်ဆိုတဲ့ အာဏာပိုင်က အမျိုးသမီးတစ်ဦးတည်း ဖြစ်တဲ့ ဂီတန်ဂျလီကို ထိကပါးယိကပါးလုပ်မယ်ကြံပေမယ့် ဘုရင့်သွေးဖြစ်တဲ့ ဂီတန်ဂျလီကို ထိလို့တောင် မရခဲ့ပါဘူး ပါတီပွဲက လူပုံအလယ်မှာ အရှက်ကွဲခဲ့ရတဲ့ ဆန်ဂျီးဒ်က ရှက်ရမ်းရမ်းပြီး ယုတ်မာဖို့ ကြံစည်ပါတော့တယ့် ဘုရင်စနစ်ဖြတ်သိမ်းပြီး ဘုရင့်အခွန်စနစ် ဖြတ်သိမ်းလိုက်ရင် ဘုရင်မျိုးရိုးတွေက ပိုင်ဆိုင်သမျှ ဘဏ္ဍာအားလုံးကို အစိုးရလက်ထဲကို ပြန်အပ်ရပါတယ်။ ဂီတန်ဂျလီကတော့ တိုင်းရေးပြည်ရေး အခက်အခဲတွေမှာ သူ့လက်အောက်က ပြည်သူတွေ အတွက် အသုံးချဖို့ ဘဏ္ဍာတွေကို မအပ်ခဲ့ပါဘူး ဒီဘဏ္ဍာတွေရှိတာကို သိပြီး ဆန်ဂျီးဒ် ယုတ်မာပါတော့တယ့် အာဏာကို အလွဲသုံးစားလုပ်ပြီး ဘဏ္ဍာတွေကို အပိုင်သိမ်းပြီး ဂီတန်ဂျလီကို ဖမ်းချုပ်ခဲ့ပါတော့တယ့် ဘဏ္ဍာအားလုံးကို ဒေလီက ဆန်ဂျီးဒ်ဆီကို ပို့ပေးဖို့ တာဝန်ပေးခဲ့ပါတယ့် ဒီအချိန်မှာတော့ ဂီတန်ဂျလီရဲ့ အခက်အခဲဖြေရှင်းပေးဖို့ ဘဝါးနီးဆင့် တစ်ယောက် ရောက်လာခဲ့ပါတော့တယ့် ” လေးရက်တာ ဘဝပဲ့ ဒီနေ့က လေးရက်မြှောက်နေ့ ဒီလို တွေးခေါ်ပြီး နေထိုင်တာ ” ဘဝါးနီးဆင့်ဆိုတာ ဂီတန်ဂျလီရဲ့ သက်တောင်စောင့်ဟောင်း တစ်ယောက်နုနယ်တဲ့ အတွေ့အကြုံနဲ့ သူ(မ)ကို အကောင်းဆုံး ကူညီပေးပြီး အဖက်ဖက်က ပံ့ပိုးပေးခဲ့သူ အကြောင်းအမျိုးအမျိုးကြောင့် ဂီတန်ဂျလီနားက ထွက်သွားခဲ့ရပေမယ့် သူ(မ) ဒုက္ခရောက်နေတော့ အပြေးရောက်လာတဲ့ လူမျိုး ဂီတန်ဂျလီက သူ့လွတ်ဖို့ထက့် ဒေလီကို ပို့မယ့် ဘဏ္ဍာတွေကိုသာ ပြန်အရယူခိုင်းခဲ့ပါတယ့် ဘဝါးနီးတစ်ယောက် ဘဏ္ဍာတွေကို လမ်းက ဖြတ်လုဖို့ အစီအစဉ်ဆွဲရပါတော့တယ့် ဒီအချိန်မှာတော့ သူ့ရဲ့ ဘော်ဒါတွေ ဖြစ်တဲ့ ဂူရုကြီးနဲ့ ဒလီယားတို့နဲ့ အတူ ဘဏ္ဍာတွေကို ပြန်လုပါတော့တယ် ဘဝါးနီး ဂူရုကြီးနဲ့ ဒလီးယားတို့ အပြင် ဂီတန်ဂျလီရဲ့ လူယုံတစ်ယောက်ဖြစ်တဲ့ ဆန်ဂျနာကပါ ဝင်ရောက်ကူညီပေးခဲ့ပြီး ဘဏ္ဍာတွေသယ်သွားတဲ့ကို လုဖို့ ဖြစ်လာပါတော့တယ့် သူတို့စီစဉ်ထားသလို အလွယ်တကူပဲ ဖြစ်မလားး ဒါပေမဲ့ ဒီကားကို တာဝန်ယူ ပို့ဆောင်ပေးမယ့်သူကတော့ မေဂျာ ဆဟဲရ် ဆင့် ဘဝါနီး(အဂျေးဒီဗန်) , ဒလီယား (အင်မရန်းဟက်ရှ်မီး) မေဂျာဆဟဲရ်ဆင့် (ဗစ်ဒ်ရွှတ်ဂျမာဝဲလ်) တို့ရဲ့ ထိပ်တိုက်တွေ့မှုကြီးကို အက်ရှင်အလန်းစားတွေနောက်ခံအသံအမှန်အကန်ကြီးတွေနဲ့ ခံစားကြည့်လိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ကိုဇော်ထူးပါ)

5.6 2017 136 mins
Baadshaho
Sex Tape
5.1

Sex Tape (2014) မင်းသမီး Cameron Diaz နဲ့ မင်းသား Jason Segel တို့ပါဝင်ပြီး ပွဲကြမ်းထားတဲ့ ဟာသဇာတ်ကားလေးပါ။ ဇာတ်လမ်းကတော့ လင်မယားတွေဖြစ်ကြတဲ့ Jay နဲ့ Annie တို့ဟာ ကလေးတွေမရှိတုန်း ငယ်မူပြန် ပွဲကြမ်းကြတာကို Video ရိုက်ထားမိကြပါတယ်… ဒီ Video ကြီးကို အမှတ်မထင်ဘဲ iPad တွေကို Sync လုပ်မိရာကတစ်ဆင့် Cloud ကနေ တခြားလူတွေဆီ ရောက်သွားပါတော့တယ်။ အစက ဒါကို သတိမထားမိသေးပဲ Jay ဖုန်းကို တစ်စုံတစ်ယောက်က အဲ့ဒါနဲ့ပတ်သတ်ပြီး စာပို့တော့မှ သတိထားမိတာပါ။ ဘယ်သူပို့လည်းတော့ မသိပါဘူး။ ဒါကြောင့် Annie နဲ့ Jay တို့ နှစ်ယောက် iPad ပေးထားတဲ့သူတွေဆီသွားပြီး အဲ့ဒီ ဗီဒီယိုဖိုင်ကို ဖျက်ဖို့ကြိုးစားကြရင်း message ကို ဘယ်သူပို့လည်းဆိုတာ စုံစမ်းပါတော့တယ်။ သူတို့နှစ်ယောက် iPad တွေ ပြန်ယူဖို့ကြိုးစားကြပုံကို ဟာသရောနှောကာ ရိုက်ကူးတင်ဆက်ထားပြီး အဲ့ဒီ စာပို့သူဟာ သူတို့ မထင်ထားတဲ့သူတစ်ယောက်ဖြစ်ပြီး ဘယ်လိုတွေဖြစ်ပျက်မလည်းဆိုတာကို ရယ်ကာမောကာကြည့်ကြရမှာပါ။ (R Rated ဇာတ်ကားမလို့ မိသားစုနဲ့ကြည့်ဖို့တော့ အဆင်မပြေလောက်ပါဘူး။)

5.1 2014 94 mins
Sex Tape
Holiday in the Vineyards
6.2

Holiday in the Vineyards (2023) IMDb Rating (6.2) နာမည်းကြီး၀ိုင်ထုတ်လုပ်တဲ့ Baldwyn Wines လုပ်ငန်းဟာ သူတို့မပိုင်သေးတဲ့ Los Santos ကို စပျစ်ခြံတစ်ခုကို၀ယ်ယူဖို့ကြိုစားနေပါတယ်။ ဒီခြံဟာ လေလံတင်ထားတာကြောင့် ပိုင်ရှင်ဖြစ်တဲ့ Margo Baldwyn က သူ့သားဖြစ်တဲ့ Carter ကို စေလွှတ်ပြီး တိတ်တဆိတ်သတင်းတွေ နှိုက်ဖို့စေလွှတ်ခဲ့ပါတယ်။ ဒီတော့ Carter လည်း Los Santos ကိုရောက်ရှိသွားခဲ့ပြီး သူ့အလုပ်ကို အတွင်းလူအဖြစ်စတင်လှုပ်ရှားပါတော့တယ်။ သူကတော့ Val လို့ခေါ်တဲ့ အိမ်ခြံမြေအကျိုးဆောင်အေဂျင့်ရဲ့အိမ်မှာ လက်သမားဆရာအဖြစ်၀င်ရောက်လုပ်ကိုင်ပြီး သူတို့နဲ့ရင်းနှီးမှုယူခဲ့ပါတယ်။ Los Santos ရောက်တော့ Carter ဟာ ဒီလူအဖွဲ့အစည်းရဲ့ ၀ိုင်အပေါ်ကိုထားရှိတဲ့ စိတ်အားထက်သန်မှုတွေ, ကောင်းမွန်တဲ့၀ိုင်ထုတ်လုပ်မှုတွေကို တွေ့ရှိပြီးတဲ့နောက်မှာ စိတ်ပြောင်းလာပါတယ်။ Baldwyn Wines လုပ်ငန်းဟာ နာမည်သာရှိပြီး ကောင်းတဲ့၀ိုင်တွေမထုတ်လုပ်နိုင်ပါဘူး။ အဲဒါကြောင့်ဒီအကြံဟာ မသင့်တော်မှန်းအမြင်မှန်ရပြီးတဲ့နောက်မှာ သူအမေရဲ့အကြံကိုဆန့်ကျင်လာပါတော့တယ်။ စီပွားရေးကို စိတ်အားထက်သန်တဲ့သူ့အမေကို Carter နဲ့ Los Santos က ၀ိုင်ထုတ်လုပ်သူတွေက Baldwyn Wines လုပ်ငန်းကို ဘယ်လိုတွန်းလှန်မလဲဆိုတာ ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ဖြစ်ပါတယ်။) File size…(2.1 GB) / (890 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:49:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Son Gohan

6.2 2023 107 mins
Holiday in the Vineyards
River of Blood
5.5

အခုလက်ရှိနေထိုင်နေတဲ့ ကမ္ဘာကြီးပေါ်မှာ လူသား မျိုးနွယ်တွေက တော်တော်တိုးတက်လာပြီဆိုပေမဲ့ ဟိုးအရင်ခေတ်နှောင်းတွေမှာကျန်ခဲ့တဲ့ လူမျိုးနွယ်စု တွေလည်း ကမ္ဘာ့နေရာအနှံ့မှာ ဟိုတစ်ကွက် ဒီတစ်ကွက် အများအပြားတည်ရှိနေပါသေးတယ်။ အဲ့ဒီလူမျိုးနွယ်စုတွေထဲကမှ သူတို့ယဉ်ကျေးမှုနဲ့သူတို့ အေးအေးဆေးဆေးသာသာယာယာ နေထိုင်နေတဲ့ လူမျိုးစုတွေရှိသလို တစ်ခါတစ်လေကြားရတတ်တဲ့ လူသားစားမျိုးနွယ်စုတွေလည်း ပွင့်ပွင့်လင်းလင်းသာ ထုတ်ဖော်မပြောပြပေမဲ့ တကယ်ရှိနေပါသေးတယ်။ ဒီလိုမျိုးနွယ်စုတွေနဲ့ပတ်သတ်ပြီး ကြောက်စရာကောင်းတဲ့ မျက်လုံးနဲ့စေ့စေ့တောင်မကြည့်ရဲအောင်ဖြစ်ခဲ့တဲ့ ဇာတ်ကားတွေလည်းအများကြီးထွက်ရှိခဲ့ပြီး အခုအချိန် မှာလည်း အသစ်ထွက်ရှိလာတဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်ကားနာမည်ကတော့ River Of Blood ဖြစ်ပြီး လက်ရှိ IMDb Rating 5.5 အထိ ရရှိထားတဲ့အတွက် မဆိုးလှတဲ့အခြေအနေမှာရှိပြီး အပျင်းပြေကြည့်လို့ကောင်းမဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ တောထဲတောင်ထဲကို အပန်းဖြေ ခရီးထွက်လာတဲ့ စုံတွဲနှစ်တွဲကိုမြင်တွေ့ရမှာဖြစ်ပြီး ဂျက်စမင်နဲ့ ရစ်ချီတို့ကတစ်တွဲ အေဂျေနဲ့မာယာတို့ကတစ်တွဲဖြစ်ပါတယ်။ အေဂျေနဲ့ရစ်ချီတို့က ငယ်ငယ်ကတည်းက ခင်မင်လာကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အခုအချိန်အထိလည်း ခင်မင်နေဆဲ သူငယ်ချင်း ၂ ယောက်ဖြစ်ပါတယ်။ သူတို့က ကနူးလှေလှော်ပြီး မြစ်ကြောင်းအတိုင်းခရီးထွက်ဖို့ စီစဉ်ထားခဲ့ကြပြီး နစ်ခ်ဆိုတဲ့လမ်းပြတစ်ယောက်ကဦးဆောင် လိုက်ပို့ပေးခဲ့ပါတယ်။ဒါပေမယ့်တစ်ချက်သတိထားရမှာက အဲ့ဒီမြစ်နဲ့ကပ်လျက်တောအုပ်ထဲမှာ လူသားစားလူရိုင်းတွေ ရှိနေပြီး သူတို့ရှိတဲ့နေရာကိုသွားပြီးမကျူးကျော်မိဖို့ပဲ ဖြစ်ပါတယ်။ဒီလိုနဲ့စစချင်းမှာတော့ ပျော်ပျော်ပါးပါးခရီးသွားခဲ့ ကြပြီး ငြိမ်းချမ်းတဲ့သဘာ၀အလှတရားတွေကိုခံစားရာကနေ လူသားစားလူရိုင်းတွေနဲ့ ဘယ်လိုပတ်သတ်မိကုန်ကြမလဲ ဆိုတာကို ရှုစားရဦးမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size… (1.98 GB) / (1.19 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Action , Adventure, Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Thriller
5.5 2024 86 mins
River of Blood