YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Dhoom Dhaam (2024) Telugu TRUE WEB-DL - 1080p - AVC - YK(CM).mkv

2.79 GB N/A video/x-matroska 159 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sky High
6.1

IMDb Rating - 5.6/10 ဘဝကို ရိုးသားစွာ ကြိုးစားနေသူတစ်ယောက်ဖြစ်တဲ့ အန်ဂဲလ်။ အမှတ်မထင် မရိုးမသား ဖိုးသခွား လုပ်နေတဲ့ ပိုလီနဲ့ ကောင်မလေး ကိစ္စအချင်းချင်း ဖြစ်ပွားရာကနေ တစ်စတစ်စ ဒုစရိုက်လောကထဲ ကို ခြေကျွံလာပါတယ်။ ပိုလီကတော့ ခြေစွမ်းကိုမြင်လို့ အန်ဂဲလ်ကို တဖြည်းဖြည်း ခေါ်ယူလာရင်း တဖြည်းဖြည်းနဲ့ သူ့ထက် လက်စောင်း ထက်လာတာကို မြင်ရမှာပါ။ တစ်ဖက်မှာလည်း အန်ဂဲလ်က အထက် တန်းကျောင်းတုန်းက ငယ်ချစ် ဆိုးလေးကို ခုတုံးလုပ်ရင်း သူ့အဖေ ဖြစ်တဲ့ ရိုဟီလီယိုကို ချည်းကပ် ဝင်ရောက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ အန်ဂဲလ်တစ်ယောက် သူမုန်းတီးတဲ့ ဆင်ခြေဖုံးဘဝကို မေ့ပြစ် ဖို့ ကြိုးစားရင်း ဆရာဖြစ်ခဲ့ဖူးတဲ့ ရိုဟီလီယိုကို ကျော်ခွကာ တစ်ဖက် ကလည်း ရည်းစားပြိုင်ဖက် ပိုလီကို ကျော်ခွကာ ဘယ်လိုတွေ သူရောက် ချင်တဲ့ အထက်တန်းစားဘဝကို ရောက်အောင်လုပ်မလဲ ကြည့်ရမှာပါ။ ဆိုတော့ကား တစ်ခုရှိတာက လောဘတွေပါတဲ့ ဒီလို ဖြတ်လမ်းတွေကို လိုက်မလား၊ လိုက်ခဲ့ရင်လည်း ဘယ်လို အခက်အခဲတွေကြုံပြီး အောင် မြင်နိုင်ပါ့မလား၊ ဒါမှမဟုတ် အလွယ်နည်းကို လိုက်ခဲ့သလား စသဖြင့် ဖော်ပြထားတဲ့ စပိန်အက်ရှင်တွေကို ခံစားရမှာပါ။ ခုဆိုရင် သူ့ရဲ့နောက် ဆက်တွဲ စီးရီးပါ ထွက်ရှိနေပြီး CM က တင်ဆက်ပေးထားတာမို့ အား လုံးပဲကြည့်ရှုအားပေးနိုင်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(2.2 GB) / (820 MB) / (517 MB) Quality............Webrip 1080p / 720p / 480p Duration.........2Hrs 01Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Crime Translator.......Thura Aung Encoder..........Zin Phyo Aung

Horror • Mystery
6.1 2020 121 mins
Sky High
My True Friends The Begining
1

ထိုင်း Action, Drama အသစ်လေး လာပါပြီ။ လူငယ်သဘာဝကို ပေါ့ပေါ့ပါးပါးရိုက်ကူးပြသထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ဖြစ်ရပ်မှန်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းလေးမှာတော့ ရဲဘော်ရဲဘက်လို သူငယ်ချင်းကောင်းတွေက ဘဝအတွက် ဘယ်လောက်အရေးပါလဲ? သူတို့ကြောင့် ကိုယ့်ဘဝမှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်သွားမလဲဆိုတာ ရိုက်ကူးပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်း ... မိဘနှစ်ပါး သေဆုံးသွားတဲ့နောက်မှာ အဘိုးအဘွားရဲ့ အုပ်ထိန်းမှုနဲ့ ညီငယ်တွေကို စောင့်ရှောက်နေတဲ့ ဂန်း ... ကျောင်းမှာ ညီဖြစ်သူ ဂိုင်းကို အနိုင်ကျင့်တဲ့သူတွေနဲ့ အမြဲရန်ဖြစ်လေ့ရှိတဲ့ ဂန်း ... ခဏခဏရန်ဖြစ်တဲ့အဆုံးမှာ ကျောင်းထုတ်ခံရပြီး အစိုးရအထက်တန်းကျောင်းကို စာသင်နှစ်ဝက်မှာ ကျောင်းပြောင်းခဲ့ရတယ်။ ကျောင်းပြောင်းလာတဲ့ ပတ်ဝန်းကျင်အသစ်မှာလည်း ထုံးစံအတိုင်း သူ့မှာသူငယ်ချင်းမရှိပြန်ဘူး။ သူငယ်ချင်း မလိုအပ်ဘူးလို့ အမြဲပြောတတ်တဲ့ ထောင့်မကျိုးတဲ့ဂန်းကို အပေါင်းအသင်းလုပ်ချင်တဲ့သူ နည်းတယ်။ ဒါပေမယ့် ပင့်ဆိုတဲ့ အတန်းခေါင်းဆောင်ကောင်မလေးက နောက်ဆုံးမှာ သူငယ်ချင်းဖြစ်လာခဲ့တယ်။ ဂန်းကိုဆို အမြဲကြည့်မရဖြစ်နေတဲ့ အတန်းထဲက ဂါနဲ့ သူ့သူငယ်ချင်းတွေက ရောက်ရာအရပ်မှာ ရန်စတတ်တယ်။ ဒါပေမယ့် မထင်မှတ်ထားတဲ့အခြေအနေမှာ ဂန်းကို ကြည့်မရတဲ့သူတွေက ဂန်းနဲ့ရင်းနှီးသွားကြတယ်။ ဂန်းတစ်ယောက် သူငယ်ချင်းတွေရလာတဲ့နောက် သူငယ်ချင်းတွေနဲ့အတူ ဘယ်လိုဆိုးမလဲ? ရန်သူများတဲ့ဂန်းနဲ့ သူတို့သူငယ်ချင်းတစ်စု ဘယ်လိုတွေဆက်ဖြစ်မှာလဲ? သူတို့ရဲ့ သူငယ်ချင်းဘဝစတင်မှုလေးကို ဒီဇာတ်လမ်းလေးမှာ ဆက်ပြီး ကြည့်ရှုလိုက်ကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Hay Thar Oo က ရေးပေးထားတာပါ။) File Size : 2.1GB, 1GB, 473MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 40mins Genre : Action, Drama Translated by Hay Thar Oo & Shoon Encoded by Kinnov

Drama • Thriller
1 2022 100 mins
My True Friends The Begining
Kelly's Heroes
7.4

~ IMDb - 7.6/10, Rotten Tomatoes - 78%~ စစ်ကားဗျ စစ်ကား... စိန်ပြောင်းနဲ့ပစ်တာပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာပါတယ်။ တင့်ကားချင်း ယှဉ်ချတာပါတယ်။ စက်သေနတ်ရော လက်ပစ်ဗုံးတွေရော။ ထူးထူးဆန်းဆန်း သေဆုံးသူ သင်္ဂြိုလ်ရေးတပ်ခွဲတောင် ရှိတယ်ဆိုပဲ။ ဒါပေမဲ့ စစ်ကားဆန်တဲ့ စစ်ကားတော့ မဟုတ်ဘူး။ မင်းသားက ကလင့်တ် အိစ်ဝုဒ်။ ဒုတိယကမ္ဘာစစ်။ မဟာမိတ်တပ်သားတွေ အိုမာဟာကမ်းခြေကနေ ကမ်းတက်လာပြီးတော့ ပြင်သစ်နယ်စပ်မှာ အထိုင်ချတဲ့အချိန်။ ဖက်ဆစ်နာဇီ ဂျာမန်တွေနဲ့ ရင်ဆိုင်စစ်ပြင်ထားကြတာပေါ့။ ဒါပေမဲ့ ဒီဇာတ်ကားက သမိုင်းကြောင်းကို မလှန်၊ နိုင်ငံသူရဲကောင်းကိုမဖော်ကျူး၊ လူထဲက လူတွေရဲ့လောဘနဲ့ ဖျံကျတတ်ကြတဲ့ လူသားပီသသူ လူသားများအကြောင်း ရိုက်ကူးထားလို့ သူ့အရသာက တမျိုးပါပဲနော်။ ကယ်လီ တို့ စစ်သားတစ်စုက နိုင်ငံအတွက် စစ်မတိုက်ခဲ့ကြပါဘူး။ စစ်ရည်ဝနေတဲ့၊ စစ်ကိုမုန်းတဲ့၊ စစ်ရဲ့အနှစ်သာရမရှိမှုကို သိကြတဲ့ အခြားအဆင့် (အရာရှိမဟုတ်) စစ်သားကြီးတွေပါ။ ဆာဂျင် (တပ်ကြပ်ကြီး) အုပ်ချုပ်တဲ့ တပ်စိတ်လေးပါပဲ။ ရန်သူ့ဘက်က ဗိုလ်မှူးကြီးတစ်ဦးကို ဖမ်းမိခဲ့ပြီးနောက်ပိုင်း ဒေါ်လာ ၁၆ သန်း တန်ဖိုးရှိတဲ့ ရွှေချောင်း သောင်းလေးထောင်ရဲ့အနံ့ကိုရသွားတဲ့ တပ်စိတ်လေးက ဗြိတိသျှ သံချပ်ကာတပ်ရင်းက ရှားမန်းတင့်ကားလေးသုံးစင်း အကူအညီနဲ့ ရန်သူစစ်မျက်နှာ အနောက်ဘက် မိုင် ၃၀ အကွာက မြို့ကလေးရဲ့ဘဏ်တစ်လုံးထဲက ရွှေချောင်းတွေ သွားလုကြတဲ့ ဇာတ်ကြောင်းလေးပါ။ နိုင်ငံအတွက်မဟုတ်၊ တရားဝင်စစ်ဆင်ရေးလည်း မဟုတ်ပါဘူးလေ။ ဆိုင်ရာပိုင်ရာတွေကို ဖမ်းဆီးရမိတဲ့ ရွှေချောင်းအနည်းငယ်ပြပြီး စည်းရုံးလို့ လက်နက်ကျည်ရိက္ခာတွေထုတ်၊ ရူးရူးမိုက်မိုက် ရန်သူ့နယ်မြေထဲ တိုးဝင်သွားကြလေရဲ့။ ဘာတွေဆက်ဖြစ်လဲ လူကြီးမင်းတို့ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.6GB, 1.4GB, 791MB Quality - 1080p, 720p, 480p IMDb Rating - 7.6/10 Format - mp4 Duration - 2H 24Min Genre - Adventure, Comedy, War Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Horror • Thriller
7.4 1970 144 mins
Kelly's Heroes
Bad Guy
6.6

တစ်ခါတလေကျ ကျွန်တော် ကင်ကီဒွပ်ကားတွေ ကြည့်မိရင် ရံဖန်ရံခါဆိုသလိုတော့ ဒီဘဲက လိင်မှုကိုအသားပေးလွန်းတယ်ထင်မိပေမဲ့ ရံဖန်ရံခါဆိုသလိုပဲ ဒီဘဲ ဒီလိုပြတာကိုက လက်တွေ့ကျနေတယ်လို့ ထင်မိတယ်။ မကင်းနိုင်ကြဘူးကိုး။ ကင်ဟာ ဒီရုပ်ရှင်မှာလည်း လူ့အသိုင်းအဝိုင်းအပြင်ဘက်က ဇာတ်ကောင်တစ်ကောင်ကိုပဲ အဓိကထား ပုံဖော်သွားခဲ့တယ်။ သူ့ကားတွေများလွန်းလို့ အကုန်တော့ မကြည့်ဖူးသေးပေမဲ့ ကြည့်ဖူးသမျှထဲ Spring, Summer, Fall, Winter... and Spring နဲ့ 3-Iron ပြီးရင် ဒီကားကို သဘောအကျမိဆုံးပဲ။ ဇာတ်လမ်းက ဆန်းတယ်ပြောရမလား၊ မဆန်းဘူးပြောရမလားပဲ။ ဖာခန်းစောင့်တဲ့ လူဆိုးတစ်ကောင်က မောလ်တစ်ခုရှေ့ ကောလိပ်ကျောင်းသူလေးကို အတင်းနမ်းပစ်တယ်။ ဒီတော့ ကောင်မလေးက ပါးရိုက်ပြီး သူ့မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ်။ ဒီတော့ ဟိုဘဲက မကျေမနပ်ဖြစ်ပြီး ကောင်မလေးကို ပခြုပ်သည်မဘဝရောက်အောင် လုပ်ချလိုက်တယ်။ ပြီးတော့ ပခြုပ်သည်မ ဖြစ်လာတဲ့ကောင်မလေးနဲ့ လူဆိုးကောင်ကြားက အမုန်းသီထားတဲ့ချစ်ခြင်းပါးပါးကို ပုံဖော်ရင်း ပခြုပ်သည်မတွေဘဝကိုပြတယ်။ နောက်အကန့်အသတ်နည်းနည်းလွန်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပြတယ်။ အိပ်ခန်းတွေ မနည်းမနောနဲ့ သွေးထွက်သံယိုအခန်းတွေကို မနည်းမနောပြသွားပေမဲ့ အချစ်လို့တောင် ပြောရခက်မယ့် အချစ်တစ်ခုကိုလည်း ခပ်ပါးပါးပြသွားတယ်။ ကြည့်ဖူးသလောက် ကင်ကီဒွပ်ကားတွေလိုပဲ မပြောင်းလဲတဲ့အချက်ကတော့က ကင် သီကျူးတဲ့အချစ်ဟာ ထုံးစံအတိုင်း သန့်စင်တဲ့အချစ်ဟုတ်မနေခဲ့ဘူး၊ လိင်စိတ်ကနေ ကူးလာတဲ့ အချစ်ကိုပဲ သီကျူးသွားတယ်။ ကင်ဟာ အနုပညာနောက်ခံလုံးဝမရှိတဲ့သူ။ ကျောင်းတစ်ပိုင်းတစ်စနဲ့ထွက် စက်ရုံတွေမှာအလုပ်လုပ်၊ စစ်ထဲဝင်၊ ဒီလိုဘဝနဲ့နေလာခဲ့တဲ့သူ။ ကင်ဟာ အရိုင်းဆန်သလိုပဲ သူ့ရုပ်ရှင်တွေကလည်း ဘာအကန့်အသတ်မှ မရှိဘဲ အရိုင်းဆန်တယ်။ ဒီရုပ်ရှင်မှာလည်း သူ့ရှေ့ရှေ့က Art House ဒါရိုက်တာတွေလိုပဲ တစ်ခုခုကိုပြချင်တဲ့စိတ်နဲ့ ရိုက်တာမဟုတ်ဘဲ တစ်စုံတရာကိုမေးခွန်းထုတ်ချင်တဲ့ စိတ်နဲ့ ရိုက်တာလို့ ဖြေခဲ့ပါတယ်။ သူပြောတာတော့ လူတွေဟာ မွေးတုန်းက အခွင့်အရေးဘာညာ တန်းတူညီမျှနဲ့ မွေးလာခဲ့ပေမဲ့ ကြီးလာတဲ့နောက် ရုပ်ရည် ငွေစတာတွေနဲ့ ပိုင်းခြားခံကြရတယ်။ ဒီငွေတို့ ရုပ်တို့က အရေးကြီးလို့လား။ ဒီကမ္ဘာနှစ်ခုကို ပေါင်းစည်းပြီး မတူညီတဲ့ အဆင့်အတန်းလို့ ဆိုကြတဲ့အရာနှစ်ခု အဆင်ပြေပြေ အမြင်ကြည်ကြည်ဖြစ်နိုင်ဖို့က မဖြစ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းကို မေးချင်ခဲ့တာလို့ဆိုပါတယ်။ ကင်ရဲ့ တခြားသော ရုပ်ရှင်များလိုပဲ ဒီရုပ်ရှင်မှာလည်း အဓိကဇာတ်ကောင်က ဘာစကားမှမပြောလှတဲ့ ဇာတ်ကောင်ပါပဲ။ ဒီအတွက် ကင်က ဒီလိုဖြေပေးခဲ့ပါတယ်... "ကျုပ်ရုပ်ရှင်ထဲက လူတစ်ချို့ တိတ်ဆိတ်နေရတဲ့အကြောင်းရင်းက‌တော့ သူတို့ရင်ထဲ ဒဏ်ရာအကြီးကြီးရှိနေခဲ့လို့ဆိုရမယ်။ လူတွေအပေါ် သူတို့ရဲ့ ယုံကြည်မှု ပျက်ယွင်းသွားခဲ့လို့ပေါ့" တဲ့။ ဒီရုပ်ရှင်ကို ကင်က Semi-abstract လို့ Genre သတ်မှတ်ထားခဲ့ပါတယ်။ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ကင်က... "ကျုပ်အတွက်တော့ Semi-abstract ဆိုတာ အရှိတရားကိုတင်ပြတာထက်ပိုတဲ့ တင်ပြပုံမျိုးကို ဆိုလိုတာပေါ့။ အရှိတရားကိုမှ ကိုယ်ပိုင်အမြင်တွေ ခံစားချက်တွေ ပေါင်းထည့်ထားတာမျိုးပေါ့" လို့ ဆိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.83GB, 930MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 40Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Music
6.6 2001 100 mins
Bad Guy
Northern Shade
6.3

ဂျက်စတင်ဟာ အမေရိကန်စစ်ပြန်ကြီးတစ်ယောက်ဖြစ်ပြီး အာဖဂန်စစ်ပွဲတွေမှာ တာဝန်ထမ်းခဲ့သူပါ။ သူ့ရဲ့စစ်ပွဲအတွေ့အကြုံကတော့ ကောင်းမွန်တဲ့အတွေ့အကြုံတစ်ခုတော့ မဟုတ်ခဲ့တဲ့အလျောက် ဒီစစ်ပွဲမှာပဲ အရင်းနီးဆုံးသူငယ်ချင်းကိုဆုံးရှုံးခဲ့ရပြီး ကြေကွဲစိတ်တွေ၊ စစ်ပွဲရဲ့ စိတ်ဒဏ်ရာတွေနဲ့ အသက်ရှင်နေရသူပေါ့…။ တစ်ခါတလေဆို သေဆုံးသွားတဲ့သူ့သူငယ်ချင်းရဲ့ ဝိညာဥ်ကိုပါမြင်ယောင် မိတတ်ပါတယ်။ အဲ့လိုနဲ့စစ်ပြန်ဘဝနဲ့ ၇နှစ်တာ တစ်ကိုယ်တည်းနေခဲ့ရင်းနဲ့ တစ်နေ့ကျတော့ သူ့ရဲ့ညီဖြစ်သူဟာ အဆက်အသွယ်မရပျောက်ဆုံးသွားမှန်းသိလိုက်ရပါတယ် ဒါကြောင့် ညီဖြစ်သူကို ပြန်ရှာဖို့ စုံစမ်းခဲ့ရင်းက လက်နက်ကိုင် ဂိုဏ်းတစ်ခုထဲ ရောက်သွားကြောင်းသိလိုက်ရတဲ့နောက်မှာ….၊ စစ်ပွဲဆိုတာ နောက်ပြန်ဆုတ်လို့မရတဲ့အရာတွေမှန်း ကိုယ်တွေ့ကိုယ်ကျ ကြုံတွေ့ခဲ့ရတဲ့သူမို့ ညီအရင်းဖြစ်သူကိုပါ ထပ်အဆုံးရှုံးမခံရစေဖို့ ဘယ်လို ရှာဖွေကယ်ဆယ်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုနိုင်ပါပြီ…။ File size…1.21 GB / 535 MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Thriller
6.3 2022 96 mins
Northern Shade
Round and Round
7.2

ဇာတ်လမ်းလေးကိုတော့ ရေချယ်က မိဘဖြစ်သူတွေရဲ့ပထမဦးဆုံးတွေ့ဆုံချစ်ကြိုက်ခဲ့တဲ့နှစ်ပတ်လည်ဖြစ်တဲ့ ဟာနူကာပွဲတော် ခုနစ်ရက်မြောက်နေ့ကို သွားရောက်ဆင်နွှဲတာကို အစပြုထားပါတယ်။ ရေချယ်တစ်ယောက် သူတန်ဖိုးထားတဲ့ မိဘများရဲ့တွေ့ဆုံမှု အထိမ်းအမှတ်ဖြစ်တဲ့ ဂျယ်လီဒိုးနပ်တွေကို သွားယူပြီးနောက်မှာ ဆက်တိုက်ဆိုသလို တစ်နေ့လုံး စိတ်အနှောင့်အယှက်ဖြစ်စရာတွေနဲ့သာ ကြုံနေရပါတော့တယ်။ နောက်တော့ သူမကို အဘွားဖြစ်သူက ကောင်လေးတစ်ယောက်နဲ့မိတ်ဆက်ပေးပြီး မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ ရှေးဟောင်းဒရေတယ်ကိုလည်းလက်ဆောင်ပေးလိုက်ပါတယ်။ ရေချယ်တစ်ယောက် မောင်နှမတွေရဲ့တိုက်တွန်းမှုကြောင့် ဒရေတယ်ကစားနည်းကို အဘွားဖြစ်သူပေးထားတဲ့ ဒရေတယ်ဖြင့် ဝင်ရောက်ကစားရာမှ တူညီတဲ့တစ်ရက်တည်းကိုပဲ ထပ်ခါထပ်ခါဖြတ်သန်းနေရတဲ့ ထူးဆန်းဖြစ်ရပ်တစ်ခုဖြစ်လာပါတယ်။ ဒီအံ့ဖွယ်ဖြစ်ရပ်ကို ကျော်လွှားဖို့ သူ ဘယ်လိုအဖြေရှာမလဲ။ ဒီအဖြစ်အပျက်ရော ဘာကြောင့်ဖြစ်လာတာလဲ။ တရက်တည်းကိုပဲ ထပ်ခါထပ်ခါဖြတ်သန်းပြီးနောက်မှာ ရေချယ်တစ်ယောက် သူမရဲ့အခက်အခဲတွေကိုရော ဖြေရှင်းနိုင်ပါ့မလား စသဖြင့် အရွယ်ရောက်ပြီးသူတိုင်းတွေ့ရလေ့ရှိတဲ့ အခက်အခဲတွေကို အံ့ဖွယ်ဖြစ်ရပ်နဲ့ အချစ်ဟာသရောပြိီး ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒါ့အပြင် ဂျူးလူမျိုးတွေရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ဟာနူကာပွဲတော်ဓလေ့ကိုလည်း တစေ့တစောင်းလေ့လာခွင့်ရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.5 GB)/(840 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

7.2 2023
Round and Round
Dust to Glory
7.3

Dust to Glory (2005) Genre – Documentary, Action, Adventure IMDB – 7.3/10 မက်ဆီကိုနိုင်ငံ ဘာဟာဆိုတဲ့နေရာမှာ နှစ်စဉ်ကျင်းပနေကြ မိုင်ပေါင်းတစ်ထောင်မောင်းရတဲ့ Off-road ပြိုင်ပွဲကြီးအကြောင်းကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးထားတာဖြစ်ပါတယ်။ ကားမောင်းဝါသနာ ပါသူတွေ ဆိုင်ကယ်မောင်း ဝါသနာပါသူတွေ ဘယ်သူမဆို ဘယ်လိုယာဉ်နဲ့မဆို ယှဉ်ပြိုင်ခွင့်ရှိပြီး လူတွေအများကြီးနဲ့ ပျော်ပျော်ပါးပါးကြီး စွန့်စားခန်းထွက်ကြတာပဲ ဖြစ်ပါတယ်။ ယှဉ်ပြိုင်ကြတဲ့လူတွေနဲ့ အဖွဲ့တွေအကြောင်းပါမယ် လမ်းမှာရပ်နားစခန်းတွေ လုပ်ရတဲ့အကြောင်းပါမယ် Off-road ပြိုင်ရတာဖြစ်လို့ လမ်းပန်းအခက်အခဲ စက်ပစ္စည်းအခက်အခဲတွေ ထိခိုက်ဒဏ်ရာ ကြုံရတာတွေပါမယ်။ တရားဝင်ပြိုင်ပွဲဆိုပေမဲ့ နိုင်ငံက လမ်းပန်းဆက်သွယ်ရေးကို မပိတ်ပင်ထားလို့ သာမန်အရပ်သားတွေနဲ့ရော ရဲတွေနဲ့ရော ပြဿနာဖြစ် ပြိုင်ရတာမျိုး။ ဆိုင်ကယ်ကစပြီး ၃ ဘီး ၄ ဘီးပေါင်းစုံနဲ့ ထရပ်ကားတွေအစ ဗောက်စ်ဝပ်ဂွန်အဆုံး ပါဝင်ပြီး အသက်အရွယ်ဆိုလည်း အိုအိုပျိုပျို ရှိတဲ့အပြင် အမျိုးသမီးအသင်းတွေပါ ပါဝင်တာကိုတွေ့ရမှာပါ။ File size… 2.3 GB / 789 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Documentary/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

Comedy • Action • Drama
7.3 2005
Dust to Glory
Moonwalkers
6.1

၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ လူသားသမိုင်း တစ်လျှောက်အကြီးမားဆုံး အောင်မြင်မှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။အဲ့ဒါကတော့ အမေရိကန်နိုင်ငံက လွှတ်တင် လိုက်တဲ့ အာကာသယာဉ် အပိုလို ၁၁ ပေါ်က အာကာသယာဉ်မှူး နှစ်ယောက်က ကမ္ဘာ့ပထမဆုံးလပေါ်ခြေချဖူးတဲ့ လူ ၂ ယောက် အနေနဲ့ ဆင်းသက်ခဲ့လို့ပဲဖြစ်ပါတယ်။ဒါပေမယ့် အဲ့လို ဖြစ်လာဖို့ ဆိုတာကတော့ လွယ်ကူတဲ့အရာမဟုတ်ခဲ့ပါဘူး။ ကမ္ဘာ့ ပထမဆုံးလပေါ် ခြေချနိုင်တဲ့ နိုင်ငံဖြစ်နိုင်ဖို့ အမေရိကန် နိုင်ငံက ရှရှားနိုင်ငံနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။အဲ့လို လပေါ် အဲ့လို ဆင်းသက်ဖို့ ကြိုးစားခဲ့ကြတဲ့တကယ့် အကြောင်းအရာတွေနဲ့ စိတ်ကူးယဉ် ဟာသဇာတ်လမ်းဇာတ်ကွက်တွေကိုပေါင်းစပ်ပြီး Harry Potter ထဲကမင်းသား Rupert Grint နဲ့ ဇာတ်ကြမ်း မင်းသားကြီး Ron Perlman တို့အဓိကပါဝင်ရိုက်ကူးထားတဲ့ ၂၀၁၅ တုန်းကထွက်ရှိခဲ့တဲ့ဟာသ အက်ရှင်ဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ လကမ္ဘာသွားတဲ့အကြောင်းကို အခြေခံပြီးရိုက်ထားတာဖြစ်တဲ့အတွက် Moonwalkers ဖြစ်ပြီး IMDb Rating ကတော့ 6.1 အထိရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ ပေါတောတောရော့ခ်တီးဝိုင်း တစ်ခုရဲ့ မန်နေဂျာဖြစ်တဲ့ ဂျွန်နီကအကြွေးလည်ပင်းနစ်နေပြီး သူ့ကို ပိုက်ဆံရှာပေးနေတဲ့ တီးဝိုင်းကလည်း သူ့ကို မန်နေဂျာရာထူးကနေ ထုတ်တော့မယ်ဆိုတော့ အကြံအိုက်ပြီး ဘာလုပ်လို့လုပ်ရမှန်း မသိ သောကပတ်လည်ဝိုင်းနေပါတော့တယ်။တစ်ဖက်မှာလည်း အပိုလို ၁၁ ကိုလပေါ်လွှတ်တင်တော့မဲ့ အမေရိကန်က မအောင်မြင်မှာကို စိုးရိမ်တာက တစ်ကြောင်း ရှရှားကလည်း အသည်းအသန်လပေါ်လူလွှတ်တင်ဖို့ ကိစ္စလုပ်နေတာက တစ်ကြောင်းနဲ့ အကြံအိုက်နေကြပါတော့တယ်။အဲ့ဒါကြောင့် မပြောကောင်းမဆိုကောင်း အခုလွှတ်တင်မဲ့ အာကာသယာဉ် မအောင်မြင်ခဲ့ရင်တောင်မှ တစ်ကမ္ဘာလုံးကိုဂျင်းထည့်ပြသဖို့ အတွက် မကြာသေးခင်ကမှစိတ်ကူးယဉ်အာကာသသိပ္ပံရုပ်ရှင် ရိုက်ကူးထားတဲ့ နာမည်ကြီး ဒါရိုက်တာကျူးဘရစ်ကို လပေါ် ဆင်းသက်တဲ့ ရုပ်ရှင်ရိုက်ခိုင်းဖို့ကြံပါတော့တယ်။ဒီလိုနဲ့ CIA အေးဂျင့်ကစ်ဒ်မန်းကို ပိုက်ဆံတစ်ထုပ်နဲ့ ဒါရိုက်တာကျူးဘရစ်နဲ့ တွေ့ဖို့ လွှတ်လိုက်ပါတော့တယ်။တိုက်ဆိုင်ချင်တော့ အေးဂျင့် ကစ်ဒ်မန်းဒါရိုက်တာကျူးဘရစ်နဲ့တွေ့ဖို့ ရောက်လာတဲ့အချိန်မှာ ဂျွန်နီကလည်း ပိုက်ဆံချေးဖို့ အဲ့ဒီရုံးခန်းထဲကို ရောက်နေတာနဲ့ တိုးပါလေရော။အေးဂျင့်ကစ်ဒ်မန်းကလည်း ဂျွန်နီ့ကို ဒါရိုက်တာ လက်ထောက် ထင်ပြီးပိုက်ဆံထုတ်ကြီး ပြလိုက်တော့ ဂျွန်နီ ကလည်း ဂျင်းထည့်မဲ့ အစိုးရကို တစ်ဖန်ပြန်ဂျင်းထည့်ရင်းနဲ့ ဂျင်းသံသရာတွေ လည်ကုန်ပြီး ဘယ်လိုရယ်မောစရာ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို တွေ့ရဦးမလဲဆိုတာကို ကြည့်ရမဲ့ ဟောင်းပေမဲ့ကောင်းနေဆဲ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.39GB / 682MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 36m Genre ….. Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Thriller • Drama
6.1 2015 107 mins
Moonwalkers
Left Behind

Left Behind (2014) မင်းသားကြီး Nicolas Cage ရဲ့ 2014 ခုနှစ်တုန်းကထွက်ရှိထားတဲ့ Sci-Fi ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရေးစတီးလ်လို့ခေါ်တဲ့လေယာဉ်မှူးတစ်ဦးရဲ့ မိသားစုအရှုပ်အထွေးတွေနဲ့ ခရစ်ယာန်ဘာသာထဲမှာပါတဲ့ Rapture (ချီဆောင်ခြင်း) အကြောင်းကို ရောယှက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ရေးစတီးလ်ဆိုတဲ့လေယာဉ်မှူးမှာ မိသားစုဝင်လေးယောက်ရှိပါတယ်။ သူကိုယ်တိုင်နဲ့ သမီးဖြစ်သူဟာ ဘာသာမဲ့ဝါဒီဘက်ကို အားသန်ပြီး အမေနဲ့ သားဖြစ်သူကတော့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကြပါတယ်။ ခံယူချက်တွေမတူတဲ့အတွက် ရေးနဲ့ သူ့သမီးက မိခင်ဖြစ်သူ သမ္မာကျမ်းစာထဲမှာပါတဲ့အကြောင်းတွေကို ပြောပြတိုင်း အငြင်းအခုန်ဖြစ်လေ့ရှိပါတယ်။ ကြာလာတော့ ရေးကော သူ့သမီးကောက အိမ်သိပ်မကပ်တော့ဘဲ ရေးဟာအပျော်အပါးပဲလိုက်စားလာပါတော့တယ်။ တစ်ရက်မှာ ရေးကသူမွေးနေ့ဖြစ်ရဲ့နဲ့ အိမ်မှာမိသားစုနဲ့မနေဘဲ အလုပ်ကိုအကြောင်းပြပြီး ခရီးစဉ်တစ်ခုလိုက်ရင်းပျော်ပါးဖို့စီစဉ်ပါတယ်။ ရေးရဲ့ လေယာဉ်မထွက်ခင်မှာ သမီးဖြစ်သူက ဖအေရဲ့မွေနေ့အတွက် စပရိုက်လုပ်ဖို့ တကူးတကလေယာဉ်ကွင်းမှာလာစောင့်နေတာကိုတောင် မုသားနဲ့အချိုသပ်ပြီး လေယာဉ်မောင်းထွက်သွားခဲ့ပါတယ်။ ဖအေ မအေနဲ့ သမီးဖြစ်သူကြား ဒွိဟဖြစ်ဖွယ်တွေများနေတဲ့အချိန်မှာ ရုတ်ချည်းဆိုသလို ကမ္ဘာတစ်ဝှမ်း မဖြစ်နိုင်ဖွယ်ကိစ္စတွေ ဖြစ်သွားခဲ့ပါတယ်။ အဲဒါကတော့ လူတွေရုတ်ချည်းဆိုသလို ထပျောက်သွားတာပါပဲ။ သာမန်ဖြစ်ရပ်တွေနဲ့ မတူဘဲ အံ့ဩဖို့ကောင်းတာကတော့ပျောက်သွားတဲ့လူတွေဟာ လူခန္ဓာချည်းပျောက်သွားပြီးတော့ သူတို့ရဲ့အဝတ်အစားတွေကျန်နေခဲ့တာပါပဲ။ ဒီလိုပျောက်ခြင်းမဆုံး ပျောက်ခြင်းတွေဖြစ်ပြီးနောက်ပိုင်း နေရာတစ်ဝှမ်းမှာ မတော်တဆမှုတွေဖြစ် အုတ်​အော်သောင်းနင်တွေ စပြီးဖြစ်လာပါတော့တယ်။ ~ ချီဆောင်ခြင်းအကျဉ်း ~ ခရစ်ယာန်တွေရဲ့ Holy Bible လို့ခေါ်တဲ့ သမ္မာကျမ်းစာအုပ်ရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းမှာ “Rapture” လို့ခေါ်တဲ့ ချီဆောင်ခြင်းဆိုတာရှိပါတယ်။ ချုံ့ပြောရရင်တော့ AD ခုနှစ် ၃၃ ခုနှစ်ဝန်းကျင် သခင်ယေရှုက ကောင်းကင်နိုင်ငံတော်ကို မပြန်ခင်မှာ ကမ္ဘာပေါ်ကို နောက်တစ်ကြိမ်ပြန်ကြွလာမယ်လို့ ပြောသွားပါတယ်။ ကျမ်းစာအတော့ သခင်ယေရှုကမ္ဘာပေါ်ကို ပြန်မကြွလာခင်မှာ ဒီရုပ်ရှင်ထဲက Rapture ဆိုတဲ့ဖြစ်စဉ်ကြီးကဖြစ်လာမှာပါ။ ကျမ်းစာထဲမှာ Rapture ဖြစ်မယ့်အချိန်ကို ကျွန်တော်တို့ အခုလက်ရှိသုံးနေတဲ့ ခရစ်သက္ကရာဇ်နဲ့အတိအကျ​တော့ မဖော်ပြထားပေမဲ့ Rapture မဖြစ်လာခင်မှာဖြစ်လာမယ့်နိမိတ်တွေကို ဟောကိန်းထုတ်ထားတာတွေရှိပါတယ်။ Covid လို ကာလနာကပ်ဆိုးတွေ၊ ကမ္ဘာပျက်ကပ်နီးကြောင်းပြနေတဲ့ ရာသီဥတုနဲ့ ပတ်ဝန်းကျင် ပျက်ကပ်တွေပါသလို အမေရိကန်နဲ့ ရုရှားတို့ တစ်ချိန်မှာ ရန်ဘက်ဖြစ်ပြီး သူတို့ရဲ့မဟာမိတ်တွေအချင်းချင်းနဲ့ ကမ္ဘာစစ်ဖြစ်လာမယ်ဆိုတဲ့အကြောင်းအပြင် တခြားကြောင်းတွေကိုပါ သမ္မာကျမ်းစာစတင်ပြုစုခြင်းခံရတဲ့အချိန်ကတည်းက ဟောကိန်းထုတ်ထားခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 1GB Quality – 1080p, 720p Format – mp4 Duration – 1H 50Min Genre – Action, Fantasy, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

0 2014 110 mins
Left Behind
A House On Fire

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် စပိန်ဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်… ဇာတ်လမ်းကတော့ မွန်ဆယ်ဆိုတဲ့အမျိုးသမီးဟာ ကွဲကွာသွားခဲ့တာကြာပြီဖြစ်တဲ့ ခင်ပွန်းဟောင်း ကာလိုစ့်…သမီးဖြစ်သူ ဂျူလီယာ…သားဖြစ်သူ‌ ဒေးဗစ် တို့နဲ့အတူ ကမ်း‌ခြေကသူမပိုင်တဲ့အိမ်မှာ မိသားစုပြန်ဆုံစည်းဖို့ကြိုးစားတဲ့အကြောင်းကိုရိုက်ကူးထားတာပါ မွန်ဆယ်ကသူမရဲ့အမေကိုရိပ်သာပို့ဖို့ ပိုက်ဆံလိုလို့ ကမ်းခြေကအိမ်ကိုရောင်းဖို့အတွက် ပစ္စည်းတွေသိမ်းရင်းနဲ့ မိသားစုပြန်စုံစည်းဖို့စီစဉ်ခဲ့တာပါ… မိသားစုပြန်စုံစည်းတဲ့အခါမှာတော့ ပျော်စရာတွေအပြင် မိသားစုအကြားအချင်းပွားစရာတွေဖြစ်လာတဲ့အခါမှာတော့…. ဒီရုပ်ရှင်ကားလေးဟာ စပိန်မိသားစုတစ်ခုအကြား ချစ်ခြင်းမေတ္တာနဲ့အဆင်မပြေမှုတွေကို လှပသောကာရိုက်တာများဖြင့်ပုံဖော်ထားပြီး အဓိကအားဖြင့် မိခင်တစ်ယောက်ရဲ့ အချစ်ကြီးပုံနဲ့ ပေးဆပ်မှုတို့ကို တင်ဆက်ပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်…ခံစားကြည့်ကြပါခင်ဗျာ… File size…(1.5 GB)/(964 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by AKM

0 2024
A House On Fire
Adventures of the Naked Umbrella
5.2

Adventures of the Naked Umbrella (2023) Original ဆန်ပြီးတော့ ဇာတ်ကွက်ပိုင်း သိပ်မနက်နဲ့ဘဲ ပျော်ပျော်ပါးပါးကြည့်လို့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ မီးစိတ္တဇရောဂါသည်တစ်ဦးအကြောင်း ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဆမ်ဝတူစကီဆိုတဲ့ သူဟာ မီးမြင်ရင် စိတ်ထဖောက်ပြီး အပြစ်ကျူးလွန်တတ်တာကြောင့် အစိုးရကနေ သုံးကြိမ်တိုင်တိုင် ပစ်ဒဏ်ချတာခံရသူဖြစ်ပါတယ်။ ခံဝန်ကတိနဲ့ လွတ်လာတဲ့ဆမ်ဟာ နောက်ပိုင်းမှာ သူ့အိမ်ထဲမှာပဲနေပြီး အွန်လိုင်ပေါ်က သူ့ရဲ့စကားပြောပွဲကနေတစ်ဆင့် လုပ်ကြံဇာတ်လမ်းတွေ အရေမရမဖတ်မရတွေကို ထိုင်ပြီးပြောလာခဲ့ပါတယ်။ တစ်နေ့မှာ သူလုပ်နေကျ စကားပွဲကိုလုပ်နေတုန်း အိမ်က ရုတ်တရက်မီးပျက်သွားပါတယ်။ သူ့ရဲ့မီးစက်ပျက်လို့ ပြင်ဖို့လုပ်တဲ့အချိန်မှာပဲ သူ့နောက်တွဲအိမ်ထပေါက်သွားပြီး သူ့ရဲ့ကမ္ဘာကြီးပျက်စီးသွားပါတော့တယ်။ ဖြစ်ချင်တော့ သူ့ရဲ့စကားပြောပွဲမှာ ဂြိုဟ်သားတွေအကြောင်း တစ်စွန်းတစ်စထည့်ပြောခဲ့တာပါ။ ဒါကို တိုက်ဆိုင်မှုပေါင်းများစွာကြောင့် သံသယဝင်သွားတဲ့ ဆမ်ဟာ သူ့ရဲ့လုပ်ကြံဇာတ်လမ်းနဲ့ သူထောင်ချောက်ပြန်ဆင်ခံရတာလားဆိုတာကို အဖြေရှာဖို့ ရှာပုံတော်ထွက်ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.3 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Science-Fiction Duration….01:41:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

5.2 2023 97 mins
Adventures of the Naked Umbrella
The Woman in Black 2: Angel of Death
4.8

The Woman in Black 2: Angel of Death (2014) ဒီဇာတ်လမ်းကိုတော့ ပထမဇာတ်ကား (The Woman in Black (2012) က အဖြစ်အပျက်တွေနောက် နှစ် ၃၀ အကြာ London Blitz လို့လူသိကြတဲ့ လန်ဒန်မြို့ကြီးဗုံးကြဲတိုက်ခိုက်ခံရစဉ်ဒုတိယကမ္ဘာစစ်ကာလကိုအခြေခံထားပါတယ်။ ကျောင်းအုပ်ကြီး ဂျင်းန်ဟော့ဂ်နဲ့ဆရာမ အိဗ်ပါကင်းစ်တို့ဟာ ကျောင်းက ကလေးတစ်ချို့နဲ့အတူဝေးလံတဲ့ နယ်မြို့လေးတစ်မြို့ကိုစစ်ရှောင်ထွက်ခဲ့ကြပါတယ်။ သူတို့သွားရောက်တဲ့နေရာကတော့ ခရစ်သင်းဂစ်ဖိုဒ့်ရွာပဲဖြစ်ပြီး အခုချိန်မှာတော့ ရွာသားတွေ စွန့်ခွာထွက်ပြေးသွားတဲ့ ရွာပျက်ကြီးတစ်ခုဖြစ်နေပါပြီ။ တိုက်တိုက်ဆိုင်ဆိုင် သူတို့တည်းခိုဖို့စီစဉ်ထားတဲ့ နေရာကလည်း ဇာတ်လိုက်ကျော် အယ်လ် စိမ့်တောအိမ်ကြီးဖြစ်နေပါတယ်။ အိမ်ကြီးကိုရောက်ပြီးမကြာခင်မှာပဲ သူတို့ကျောင်းသားတွေထဲက မိဘတွေကိုလတ်တလောဆုံးရှုံးလိုက်ရလို့စိတ်ထိခိုက်နေတဲ့ ကျောင်းသားလေးအက်ဒွပ်ဟာ အမူအယာတွေထူးခြားလာခဲ့ပြီး သူ့ကိုအနိုင်ကျင့်တဲ့ ကျောင်းသားတစ်ယောက် စိမ့်တောထဲမှာသေဆုံးမှုစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဆရာမ ပါကင်းစ်ဟာလည်း ထူးခြားတဲ့ အရိပ်အယောင်တွေ အသံတွေကြားရတာတွေရှိလာတဲ့အတွက် ကျောင်းအုပ်ဆရာမကြီးကိုပြောပြပေမယ့် ခေါင်းမာတဲ့ ဆရာမကြီးက လက်မခံပါဘူး။ အမျိုးသမီးနှစ်ယောက်နဲ့ လူမမယ်ကျောင်းသားတစ်သိုက်၊ရွာပျက်အောင်စွမ်းတဲ့ တစ္ဆေတစ်ကောင်နဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ The Woman in Black: Angel of Death ဟာ ပထမဇာတ်ကားအခြေခံတဲ့၀တ္ထုရဲ့နောက်ဆက်တွဲနာမည်တူ၀တ္ထုကိုပဲအခြေခံထားတာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ရော ခြောက်လှန့်တဲ့အခန်းတွေပါ အတော်မိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)

Drama
4.8 2014 98 mins
The Woman in Black 2: Angel of Death
Kutsal Damacana 5: Zombi!

Kutsal Damacana 5: Zombi (2025) (ကာသလွန်ရေဘူး ၅ ဇွန်ဘီ) ဇာတ်လမ်းအကျဉ်း ကွတ်စတယ် ဒါမာကာနာဟာ ပဋိပက္ခဇာတ်ကားအသစ်ဖြစ်ပြီး ဇွန်ဘီ ဇာတ်လမ်းနဲ့ ပျော်ရွှင်ဖွယ် ကောလာဟလများ ပါဝင်ပါတယ်။ နာမည်ကြီး မင်းသမီ၊ ဇာတ်ဆောင်တွေနဲ့ရိုက်ကူးထားတာပြီး ဟာသနဲ့ စွန့်စားမှုတွေ ပေါင်းစပ်ထားပါတယ်။ ဟာသနှင့် ကြောက်ရွံမှုကို ပေါင်းစပ်ထားတာကြောင့် လူကြိုက်လည်းအတော်လေးကိုမှ များပါတယ်။ ဇာတ်လမ်းမှာ ဇွမ်ဘီတွေက ကြီးပြင်းလာပြီး ပန်းခြံမြိုလေးတစ်ခုမှာ ဖျက်ဆီးနေကြပါတယ်။ ဇာတ်ဆောင်နဲ့ သူ့သူငယ်ချင်းတွေ ကြိုးစားကာ ကာကွယ်ကြရရင်း ဟာသအပြည့်နဲ့ စွန့်စားမှုတွေကြောင့် ကြောက်စရာမကောင်းပဲ ဟာ,သနဲ့ရယ်စရာတွေအလွန်ပဲပါဝင်နေပါတယ်။ လက်ရှိ လူကြိုက်များတဲ့ ဟာသဇာတ်ကားတစ်ခုဖြစ်ပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့ စိတ်အပန်းဖြေဖိုအတွက်ကြည့်ဖို သင့်တော်ပါတယ်။ ကြောက်စရာနည်းပြီး ဟာသကြိုက်တတ်တဲ့ သူတွေအကြိုက်ဖြစ်လို ကြည့်ကြည့်ဖိုကိုတိုက်တွန်းချင်ပါတယ်ဗျ။ အညွှန်းနဲ့ဘာသာပြန်ကိုတော့ Brian, Cym, Yunni, V, Honey တိုမှတင်ဆက်ပေးထားပါတယ်ခင်ဗျာ။

0 2025 97 mins
Kutsal Damacana 5: Zombi!
Oho Enthan Baby
7.9

Oho Enthan Baby (2025) အသည်းကွဲခြင်းမှသည် အချစ်ရှိရာသို့ အချစ်ဆိုတာဘာလဲသိနိုင်ဖို့ သီအိုရီတွေ စာပေတွေ ထုတ်ပြနေရုံနဲ့ မလုံလောက်ပါဘူး။ တကယ်ချစ်ဖူးတဲ့လူမှပဲ အချစ်ရဲ့အနှစ်သာရကို သေချာနားလည်နိုင်မှာပါ။ ဒါပေမဲ့ တစ်ခါချစ်မိရုံနဲ့ အချစ်ကိုနားလည်သွားနိုင်သူတွေက ကံကောင်းတဲ့သူတွေဖြစ်ပြီး တချို့တွေကတော့ ထပ်ခါတလဲလဲ ချစ်မိတာတောင် အချစ်ဆိုတာကို နားလည်ဖို့ဝေးကွာနေဆဲပါပဲ။ ဒီထဲမှာ ကျွန်တော်တို့ဇာတ်လိုက် အက်ရှ်ဝင်းလည်း အပါအဝင်ပေါ့။ ချစ်ရသူမီရာ ထားသွားတဲ့နောက် ‌ဇာတ်ညွှန်းဆရာလေးအက်ရှ်ဝင်းလည်း တစ်နေ့တစ်နေ့ လူသတ်ကား သရဲကားဇာတ်ညွှန်းတွေချည်း ချရေးဖြစ်နေတဲ့ စော်ပစ်ကောင်ဇိုးလေးဖြစ်နေလေရဲ့။ ဒါပေမဲ့ တစ်နေ့မှာ နာမည်ကြီးမင်းသားနဲ့ အလုပ်တွဲလုပ်ရရေးအတွက် အက်ရှ်ဝင်းတစ်ယောက် အချစ်‌ဇာတ်လမ်းတစ်ပုဒ် ချက်ပြုတ်ရဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ အသည်းကွဲသမားပီပီ ဒီဇာတ်လမ်းလေးကိုရော ရိုရိုချိုချိုစောင်ကိုက်အချစ်ဇာတ်လမ်းအဖြစ် ပုံဖော်မလား ဒါမှမဟုတ်…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Teamမှဖြစ်ပါတယ်)

Thriller
7.9 2025 129 mins
Oho Enthan Baby