YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

dexter.s01e02.720p.(CM).mp4

688.92 MB N/A video/mp4 2628 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bakasuran
4.2

Bakasuran (2023) ************************** IMDb-6.3/10 Mohan G. Kshatriyan ရဲ့ ဘဝမှာ တကယ်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ကိုယ်တိုင် ဇာတ်ညွှန်း‌ရေး ဒါရိုက်တာလုပ် ထုတ်လုပ်ရိုက်ကူးခဲ့တာဖြစ်ပါတယ် အာရူလ်ဗာမာဆိုတာ စစ်မှုထမ်းအငြိမ်းစား Crime YouTuber တစ်ယောက် နိုင်ငံအတွင်းကဖြစ်ပျက်သမျှကို YouTube မှာသူ့ရဲ့ သဘာတွေဝါတွေပါပေါင်းပြီး တင်ဆက်ပညာပေးနေသူပါ ရဲအမှုတွေကိုလည်း မကြာမကြာဝင်ကူတတ်ပါသေးတယ် တစ်နေ့တော့ သူ့ရဲ့တူမအရင်းသတ်သေတယ်ဆိုတဲ့သတင်းရပါတော့တယ် ပေးစားတဲ့သူကိုမလိုချင်လို့ သတ်သေတယ်ယူဆရာက သူ့လက်ထဲဖုန်းရောက်လာချိန်မှာတော့ WhatsApp ကနေ သိလာရ‌တာတွေကတော့ ရိုးရှင်းမနေပါဘူး ဇာတ်လမ်းဆန်ဆန် အပြင်မှာဖြစ်ခဲ့ကြတာတွေကို ရိုက်ကူးပြထားတာမို့ မှုခင်းကားကြိုက်သူတွေ အပျင်းပြေတာထက်ပိုတဲ့ ခံစားမှုရစေမဲ့ကားလေးဖြစ်ပါတယ် အညွှန်းရေးသားသူကတော့ BpL ဖြစ်ပြီး ဘာသာပြန်သူတွေကတော့ Bpl,Yunni,Thaik San,Nyein, Zwe Yanနဲ့ chiclon3တို့ပဲ ဖြစ်ပါတယ်။ File size…3.6GB  / 1.3GB Quality…1080p AMZ WEB DL  / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl~ Yunni~ Thaik San~ Nyein ~ Zwe Yan ~chiclon3

Crime • Drama • Mystery
4.2 2023 155 mins
Bakasuran
About Fate
5.8

About Fate (2022) ~ Rotten Tomatoes – 60% ~ လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ အချစ်၊ ဟာသ၊ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး နာမည်ကျော်ဝတ္ထုတစ်အုပ်ဖြစ်တဲ့ The Irony of Fate ကိုအခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်ကားရဲ့ အငွေ့အသက်က ဘယ်လိုလဲဆိုရင် Holidate တို့ She’s Out of My League တို့နဲ့ ဆင်တူပါတယ်။ Romance / Comedy ဇာတ်ကားသစ်တွေငတ်နေတဲ့ပရိသတ်အတွက်တော့ ပိတ်ရက်မှာ အပျင်းပြေကြည့်ဖို့ ဇာတ်ကားကောင်းတစ်ကားရလိုက်တာပါပဲ။ တစ်ခါတစ်ရံမှာ Right person ကို Wrong time မှာရလိုက်တာမျိုးရှိသလို Wrong person က Right time မှာရောက်လာတာမျိုးလည်း ရှိတတ်ပါတယ်။ နှစ်မျိုးစလုံးကတော့ ထပ်တူဆိုးရွားပေမယ့် ဒီနေရာမှာဒုတိယတစ်မျိုးအကြောင်းကို အဓိကပြောချင်ပါတယ်။ မှန်ကန်တဲ့အချိန်မှာ မှားယွင်းတဲ့လူရောက်လာတဲ့ဖြစ်စဥ်မျိုးပေါ့။ မှန်ကန်တဲ့အချိန်ဆိုတာ အကြမ်းဖျဥ်းအားဖြင့်ပြောရရင် ကျွန်တော်တို့လူတစ်ယောက်ကို နှစ်နှစ်ကာကာချစ်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန်ပေါ့ဗျာ။ ဒီတော့ အဲဒီအချိန်မှာရောက်လာတဲ့သူကို Right person လို့ပဲထင်မှတ်မှားမိတတ်ကြပါတယ်။ မှန်ကန်တဲ့အချိန်ဆိုတာ အကြာကြီးတည်တံ့နေတဲ့အရာမဟုတ်တာကြောင့် နှလုံးသားကတည်ငြိမ်သွားတဲ့အချိန်မှ ကိုယ့်ဘေးကလူဟာ Right person ဟုတ်မနေမှန်းသိရတာမျိုးပါပဲ။ အဲဒီအချိန်မှာ သံယောဇဥ်တွေပါလာတဲ့အတွက် ပူလောင်နေမှန်းသိလျက် ဆုပ်ကိုင်ထားမိတဲ့သူတွေလည်းရှိသလို မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချပြီး လွှတ်ချလိုက်နိုင်တဲ့လူတွေလည်းရှိကြပါတယ်။ ”Life is like a box of Chocolates, you never know what you’re going to get.” ဆိုတဲ့စကားလေးလည်းရှိတယ်မလား။ ဆိုလိုတာက ဘဝဆိုတာကံစမ်းမဲနှိုက်ရသလိုပါပဲ။ ကိုယ်ဘာရမလဲဆိုတာကိုယ်မသိနိုင်ပေမယ့် ပထမဆုံးအကြိမ်နှိုက်လိုက်တဲ့ မဲကမကောင်းဘူးဆိုရင် အဲဒီတစ်စောင်ကိုပဲ ဖက်တွယ်နေစရာမလိုပါဘူး။ လူတိုင်းမှာကြိုက်သလောက် ကံစမ်းပိုင်ခွင့်ရှိတဲ့အတွက် တစ်ကြိမ်ကြိမ်မှာတော့ ကိုယ်နဲ့လည်းကိုက်ညီသလိုကိုယ်လည်းလိုချင်နေတဲ့မဲလေးတစ်စောင်ကိုရလာမှာပါ။ ဇာတ်ကားလေးရဲ့နာမည်အတိုင်းပဲ… ကံကြမ္မာဆိုတာက ဆန်းကြယ်တာကြောင့် သူမှသူ ကိုယ်မှကိုယ်ဆိုတဲ့အစွဲတွေကိုချွတ်ပြီး ကိုယ့်အပေါ်ဝန်ထုပ်ဖြစ်နေရင် လွှတ်ချလိုက်ပါ။ လူတိုင်းဟာ ပျော်ရွှင်မှုနဲ့ထိုက်တန်ပါတယ်။ ဇာတ်လမ်းအညွှန်းကလည်း ဒါပါပဲ။ စကားချပ်အနေနဲ့ပြောရရင် ဝတ္ထုကိုပြန်ရိုက်တဲ့ရုပ်ရှင်ကားဖြစ်တာကြောင့် တချို့သော plot တွေဟာအနည်းငယ်ယုတ္တိမတန်သလို ခံစားရတာမျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့ ရုပ်ရှင်တစ်ကားလိုမကြည့်ပဲ ဝတ္ထုတစ်အုပ်ဖတ်နေသလို ခံစားကြည့်ရှုမယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ Fancy drama ကားလေး တစ်ကားလို့ပဲဆိုလိုက်ပါရစေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Khant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 740MB Quality – 1080p, 720p, 480p IMDb Rating – 5.8/10 Format – mp4 Duration – 1H 40Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Min Khant Bo Encoded by Y

Action • Crime
5.8 2022
About Fate
Locke

IMDb – 7.1 , RT – 91% ဒီဇာတ်ကားက ကျွန်တော်တို့ရဲ့ အချစ်တော် Venom ကြီး Tom Hardyနဲ့ Spidyလေး Tom Holland တို့ရဲ့ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒါ့အပြင် Heart Stopper၊ The Crown၊ Puss in boots တို့ထဲမှာ သရုပ်ဆောင်ဖူးတဲ့ Olivia Colmanလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဇာတ်လမ်းလေးကို မပြောခင် သင်ဟာ One Night Stand ကို ဘယ်လိုမြင်ပါသလဲ။ သင်ဟာ One Night Stand လုပ်နေသူလား၊ လုပ်ခဲ့သူလား၊ လုပ်ဖို့ကြံရွယ်နေတဲ့လူလားဆိုတာကို သုံးသပ်စေလိုပါတယ်။ အိုင်ဗန်လော့ခ်ဆိုတဲ့ အမျိုးသားက ကက်ထရီနာ၊ အက်ဒီ၊ ရှောင်တို့နဲ့ ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ထောင်ထားတဲ့ အောင်မြင်တဲ့ ဆောက်လုပ်ရေး မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ အရာရာအဆင်ပြေလှတဲ့ သူ့ရဲ့ဘဝထဲကို သူ တစ်ညတာ One Night Stand ခဲ့ဖူးတဲ့ ဗေသန် မက်ဂွားယားဆိုတဲ့ အမျိုးသမီးတစ်ယောက်က အိုင်ဗန်နဲ့ရတဲ့ ကလေးကို မွေးဖို့ သားဖွားခန်းထဲရောက်နေတယ်ဆိုပြီး ဖုန်းဝင်လာခဲ့တဲ့အခါမှာတော့ …. ။ အဖေက သူ့ကိုမွေးပြီး ပစ်သွားခဲ့တဲ့ အဖေ့အပေါ် နာကျည်းချက်တွေရှိနေတဲ့ အိုင်ဗန်တစ်ယောက် သူ့အဖေ အမှားမျိုး ထပ်မမှားအောင် ကိုယ်ဝန်ကိုတာဝန်ယူပါ့မလား၊ ကက်ထရီနာ၊ အက်ဒီ၊ ရှောင်တို့နဲ့တည်ထောင်ထားတဲ့ မိသားစုဘဝလေးနဲ့ ဗေသန် အကြား ဘယ်သူ့ကိုရွေးချယ်သွားမလဲ။ ပုဂ္ဂိုလ်ရေး ပြဿနာတက်နေတဲ့သူ့အဖို့ အလုပ်မှာပါ ပြဿနာ တက်လာသောအခါ …..အိုင်ဗန်တစ်ယောက် မိသားစုရေး၊ One Night Standခဲ့တဲ့အမျိုးသမီးနဲ့ရတဲ့ ကလေးအရေး၊ အလုပ်အရေးတွေကို သူဘယ်လိုများစီမံမလဲဆိုတာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကလေ ဘာသာပြန်သူအဖို့တော့ တော်တော်လေး ပညာရတဲ့ဇာတ်လမ်းလို့ ဆိုချင်ပါတယ်။ အမှားတစ်ခုကနေ အရာရာဟာ ဖြစ်တတ် ပျက်တတ်တဲ့ သဘောကို ပေါ်လွင်အောင်ရိုက်ပြထားတာ အဆုံးထိကို ပြီးလို့ပြီးသွားမှန်းကို မသိလိုက်ဘူး။ ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဆုံးတာနဲ့ ရင်ထဲမှာ တစ်ခုခုကို ကျန်ခဲ့တဲ့ဇာတ်ကားကို့ပြောရင်း Reviewလေးကို အဆုံးသတ်ပရစေ။ File size…(1.4 GB)/(677 MB)/(323 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Drama • Family
0 2013
Locke
Trumbo
7.4

ဒီတစ်ခါမှာတော့ စာရေးဆရာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတဲ့ Trumbo ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးထဲမှာ Breaking Bad ထဲမှမင်းသားကြီး Bryan Cranstonကပါဝင်သရုပ်ဆောင်ထားပြီး Malificent ထဲက မင်းသမီးလေး Elle Fanning လည်းပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ထရမ်ဘိုဟာ 1947 မှာဟောလိဝုဒ်ရဲ့အအောင်မြင်ဆုံးထိပ်သီးစာရေးဆရာတစ်ယောက်ပါ ဒါပေမဲ့ သူနဲ့အတူ အခြားအနုပညာရှင်တချို့ဟာ ကွန်မြူနစ်တွေအဖြစ် စုံစမ်းစစ်ဆေးခံရပြီး တရားရင်ဆိုင်ရပါတယ် နောက်ပြီး သူတို့တွေကို နာမည်ပျက်စာရင်းသွင်းပြီး သပိတ်မှောက်ကြပါတယ်။ ထရမ်ဘိုတို့ဟာလည်း အလုပ်သမားအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားမှုတွေမှာထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး ထောင်ကျခဲ့ပါတယ်။ ထောင်ကထွက်လာပြီးနောက်မှာ သူ့ကိုဘယ်သူကမှအလုပ်တွဲမလုပ်ကြတော့ပါ မခေါ်မပြောနဲ့ဝိုင်းပြီးခွဲခြားခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့လိုအခြေအနေမှာတောင် ဒေါ်လ်တန်တစ်ယောက် စကားလုံးနဲ့ဥာဏ်ပညာကိုအသုံးချပြီး အကယ်ဒမီဆုနှစ်ဆုကိုရအောင်ယူပြခဲ့ပါတယ် အဲ့နောက်မှာတော့ နာမည်ပျက်စာရင်းဆိုတာကြီးကို ဖျောက်ဖျက်ဖို့သူဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို ပုံဖော်ရိုက်ကူးထားပါတယ် ဒီဇာတ်ကားဟာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ အတ္ထုပ္ပတ္တိကိုရိုက်ကူးထားတဲ့ Biography Film အမျိုးအစားလေးပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre…Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

7.4 2015
Trumbo
Ganjil Genap
7.6

(function(f,b,n,j,x,e){})(); စက်ဘီးပဲဝယ်ဖို့တတ်နိုင်တဲ့သူကို ကိုယ်ရောင်းချင်တာကကားဖြစ်နေရင် ကိုယ့်ရဲ့ကားကဘယ်လိုမှရောင်းထွက်မှာမဟုတ်ပါဘူး။ ဇာတ်လမ်းအကျဥ်းလေးက မိခင်တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ဂါလာက ချစ်သူနဲ့လက်ထပ်ပြီးမိသားစုဘဝလေးတစ်ခုကိုပိုင်ဆိုင်ချင်ခဲ့တာပါ။ ဒါကြောင့်လည်း ၈နှစ်ကြာတွဲလာခဲ့တဲ့ချစ်သူဘက်ကလက်ထပ်ခွင့်တောင်းလာဖို့ကို အမြဲမျှော်လင့်နေခဲ့တဲ့သူပေါ့။ ဒါပေမဲ့ ဉာဏ်ကောင်းတဲ့သူတွေမှကြာကြာချစ်နိုင်တယ်ဆိုတဲ့စကားအတိုင်းပဲ ဂါလာ့ရဲ့ချစ်သူဘာရာက ဂါလာ့ကိုဆက်မချစ်နိုင်တော့ပဲ အကြောင်းရင်းမည်မည်ရရမရှိတိုင် ထားသွားခဲ့ပါတယ်။ ဒီလိုနဲ့ ဂါလာလည်းအသည်းကွဲခဲ့ပြီး ရှေ့ဆက်ဘာတွေဆက်ဖြစ်လာမလဲ….။ ဒီဇာတ်ကားထဲမှာတော့ တခြားရိုမန့်စ်ကားတွေနဲ့မတူဘဲလက်တွေ့ဘဝက RS ပြဿနာတွေကိုပါထည့်ရိုက်ပြထားလို့ စိတ်ကူးယဥ်ဆန်တဲ့ရိုမန့်စ်ကားတွေနဲ့ ကွဲထွက်နေပြီး realityဆန်ဆန်ကြည့်ရမယ့် အင်ဒိုနီးရှား romance comedyကားတစ်ကားပဲဖြစ်ပါတယ်။ File size…(1.6 GB)/(810 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre…Drama,Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

7.6 2023
Ganjil Genap
The Voices
6.3

The Voice (2014) Horrer/Thriller Imdb 6.3/10 ဒီတစ်ခါဇာတ်ကားကတော့မင်းသားကြီး Ryan Reynolds ရဲ့နာမည်ကြီးသင့်သလောက်မကြီးခဲ့တဲ့ကားလို့ပဲပြောရမယ်ဗျ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်ငယ်ငယ်ထဲကမိသားစုပြဿနာတွေကြောင့်ထရော်မာတွေရပြီးဆိုးဝါးလွန်းတဲ့စိတ်ဒဏ်ရာတွေကိုမျိုသိပ်ထားရတဲ့သနားစရာဂျယ်ရီဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပါပဲ။ နဂိုစိတ်ထားကဖြူစင်ပြီးသာမန်လူတွေလိုလူတန်းစေ့နေနိုင်ပေမယ့် ဆွေးနွေးကုသမှုခံယူနေရဆဲဖြစ်တာကြောင့်အရွယ်ရောက်တဲ့ထိ စိတ်အခြေအနေကပုံမှန်တော့မဖြစ်နေခဲ့ပါဘူး။ ဇာတ်လမ်းကိုဒီထက်ပိုပြောရင်စပွိုင်လာဖြစ်မှာစိုးတာကြောင့်ရုပ်ရှင်ရဲ့အရည်အသွေးဘက်ကိုသွားကြည့်တာပေါ့။ ဇာတ်လမ်းကကျောရိုးခိုင်ပြီး ကာရိုက်တာတည်ဆောက်ပုံတွေလည်းအပြစ်ပြောစရာမရှိတဲ့အပြင် မင်းသားရဲ့သရုပ်ဆောင်မှုကလည်းလိုလေသေးကိုမရှိအောင်ပါပဲ။ ဘက်ဂျက်ကြောင့်ပဲလားဒါရိုက်တာတွေရဲ့လိုအပ်ချက်ကြောင့်လားတော့မသိပေမယ့် Cinematography တွေ ကင်မရာရိုက်ချက်တွေ အထူးပြုလုပ်မှုတွေကိုခုထက်အားထည့်လိုက်မယ်ဆိုရင် ဒီဇာတ်ကားဟာ မင်းသားတောင်အော်စကာရသွားနိုင်တဲ့ကားမျိုးဆိုတာရဲရဲပြောနိုင်ပါတယ်။ ကြာမြင့်ချိန်နှစ်နာရီနီးပါးဆိုပေမယ့်လည်းတစ်ဝက်ကျော်လောက်ကစပြီးဇာတ်လမ်းကို Rush ထားသလိုခံစားရတာရယ်၊ဇာတ်အိမ်ကောင်းပြီးသား၊သရုပ်ဆောင်တွေလည်းကောင်းပြီးသားဒီထက်အများကြီးကောင်းအောင်ရိုက်လို့ရတာကို အနည်းငယ်ပြီးစလွယ်လုပ်လိုက်သလိုခံစားချက်မျိုးဖြစ်နေလို့သိပ်အားမရဘူးပဲဆိုပါတော့ဗျာ။ ဒါဟာကျွန်တော်တစ်ယောက်ထဲအမြင်လည်းဖြစ်နိုင်ပါတယ်။ အချုပ်ပြောရရင်တော့ Psycho thriller တွေကြိုက်တတ်ရင်မဖြစ်မနေကြည့်ရှုသင့်ပြီး Ryan Reynolds ဖန်ဆိုရင်တော့ပိုလို့တောင်လက်မလွှတ်သင့်ပါဘူး။ ပေးချင်တဲ့မက်ဆေ့ချ်ရယ်လို့ပြောရရင် ကလေးတစ်ယောက်ရဲ့စိတ်ကျန်းမာရေးနဲ့အနာဂတ်ကို မိသားစုရဲ့လွှမ်းမိုးမှုကဘယ်လောက်ထိသက်ရောက်နိုင်လဲဆိုတာသင်ခန်းစာယူစရာပါ။ စိတ်မနှစ်မြို့ဖွယ်သွေးထွက်သံယိုအခန်းတွေ၊ သတ်ဖြတ်ခန်းတွေပါဝင်တာကြောင့် ကလေးသူငယ်တွေနဲ့ စိတ်မခိုင်သူတွေကြည့်ရှုဖို့တော့သိပ်အဆင်မပြေနိုင်ပါဘူး။ File size…(1.84GB)/(871MB)/(429MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre…Comdey / Crime / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Bo

Drama • Romance
6.3 2014
The Voices
Drowning Love
5.8

Drowning Love (2016) IMDb – 5.8 My Drama List – 7.2 “လမ်းခွဲလိုက်တာက နှစ်ဖက်စလုံး မနာကျင်ရမယ့်နည်းလမ်းပဲ” ဆယ်ကျော်သက်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ မိုချိဇုကိနာဆုမဲက အဘိုးရဲ့ကျန်းမာရေးကြောင့် မော်ဒယ်ဘဝကနှုတ်ထွက်ပြီး နယ်ဘက်ကိုပြောင်းလာခဲ့ရပါတယ်။ နယ်ဘက်ကိုပြောင်းလာရလို့ ဝမ်းနည်းနေတဲ့နာဆုမဲက တစ်ရက်မှာတော့ ပင်လယ်နားမှာ ခိုးလို့ခေါ်တဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့ပြီး စိတ်ဝင်စားခဲ့ပါတယ်။ တစ်ရက်တော့ မော်ဒယ်ဘဝကအနားယူလိုက်တဲ့ နာဆုမဲကို နာမည်ကျော်ဓာတ်ပုံဆရာဖြစ်တဲ့ ဟီရိုနိုအုရှိူးဂိုက photo book ရိုက်ဖို့ ကမ်းလှမ်းလာပါတယ်။ ခိုးရဲ့အာရုံစိုက်မှုကိုရဖို့အတွက် နာဆုမဲက photo book ရိုက်ဖို့ သဘောတူခဲ့ပါတယ်။ ဒီလိုနဲ့ ခိုးနဲ့ရင်းနှီးလာခဲ့ပြီး တစ်ရက်မှာတော့ ဟီရိုနိုအုက ရုပ်ရှင်ရိုက်ဖို့ပါ ကမ်းလှမ်းလာခဲ့ပါတယ်။ ရုပ်ရှင်အတွက် စဉ်းစားနေတုန်းမှာ မုဒိမ်းမှုနဲ့ကြုံရပြီး အနုပညာလောကကနေ အပြီးတိုင်နှုတ်ထွက်၊ ခိုးနဲ့လည်း လမ်းခွဲခဲ့တဲ့ နာဆုမဲတစ်ယောက် ဘယ်လိုမျိုး အားတင်းပြီး ‌ အနုပညာလောကထဲကို ပြန်ဝင်မလဲ… ခိုးနဲ့နာဆုမဲတို့ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်လာမလဲ… File size… 2.4 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 51m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

Drama
5.8 2016 111 mins
Drowning Love
Antwone Fisher

IMDB….. 7.3 ဒီတစ်ခေါက်တော့ မင်းသားကြီး Denzel Washington သရုပ်ဆောင် ထားတဲ့ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်ကြည့်ပရိသတ်တွေ အတွက်ဆိုရင် Training Day, Equailizer, Man on fire ရုပ်ရှင်တွေနဲ့ လူသိများတဲ့ Denzel Washington က တကူးတက မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသားကြီးပါပဲ။ ဒီရုပ်ရှင်ဟာ Denzel Washington ရဲ့ ပွဲဦးထွက် ဒါရိုက်တာ အဖြစ်ပါ လက်စွမ်းပြထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အန်တွမ်ဖစ်ရှာ ဆိုတဲ့ ရေတပ်ထဲက တပ်သားတစ်ယောက်ဟာ အရည်အချင်းရှိသလောက် ထစ်ခနဲရှိ တခြားတပ်သားတွေနဲ့ ရန်ဖြစ်ပြီး ပြဿနာများတဲ့ သူတစ်ယောက်ပါ။ မကြာခဏ ပြဿနာတက်ပြီးတဲ့ နောက်မှာတော့ စိတ်ကုဆရာဝန် နဲ့တွေ့ရဖို့ ဖြစ်လာပါတော့တယ်။ အန်တွမ်ဖစ်ရှာ တစ်ယောက် စိတ်ကုဆရာဝန် ရဲ့ အကူအညီ နဲ့ သူ့ဘဝ ကို၊ သူ့စိတ်ကို ခြောက်လှန့်နေခဲ့တဲ့ အတိတ်က ထရော်မာများစွာကို ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်။ အမ်တွမ်ဖစ်ရှာဟာ တကယ့်အဖြစ်အပျက်ကို အခြေခံထားတာဖြစ်ပြီး ပြင်ပဘဝက အန်တွမ်ဖစ်ရှာ ကိုယ်တိုင် ဇာတ်ညွှန်းရေးသားထားတာလည်းဖြစ်ပါတယ်။ ထရော်မာတွေ၊ ကလေးဘဝက အဖြစ်ဆိုးတွေကို ကျော်ဖြတ်ခဲ့နိုင်ပြီး ဘဝမှာ အောင်မြင်ခဲ့တဲ့ လူတစ်ယောက်ရဲ့ ဇာတ်လမ်းလည်း ဖြစ်တာကြောင့်စိတ်ခွန်အားရစေမယ့် ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ File size…(1.8 GB)/(808 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Drama, History, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Marco

0 2002
Antwone Fisher
Sye Raa Narasimha Reddy
7.2

Sye Raa Narasimha Reddy 2019 (မသေမျိုး နာရက်ရှီမာရက်ဒီ) IMDb – 7.2/10 ယခုတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် ၂၀၁၉ တုန်းက ထွက်ရှိထားခဲ့တဲ့ ဗြိတိသျှတွေ အိန္ဒိယကို အုပ်စိုးစဉ်အချိန် အိန္ဒိယတွေဘက်ကနေ တွန်းလှန်တိုက်ခိုက်ခဲ့တဲ့အကြောင်းကိုရိုက်ကူးထားတဲ့ သမိုင်းကြောင်းဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒီကားမှာဆိုရင် အမီတာဘချမ်းပါဝင်သရုပ်ဆောင်ထားပြီး မင်းသားအနေနဲ့ Chiranjeevi ကပါဝင်ထားပြီး အရန်နေရာမှာလည်း နာမည်ကြီးတွေ အများကြီးကို ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ကောင်းမယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။ အိန္ဒိယနိုင်ငံကို ဗြိတိသျှတွေ ကျူးကျော်လာစဉ်အချိန်က ပြန်လည်တိုက်ခိုက်ပုန်ကန်မှုတွေ ရှိခဲ့ပါတယ်။ ဒီပုန်ကန်မှုတွေထဲမှာ အကျော်ကြားဆုံးကတော့ ၁၈၅၇ခုနှစ်တုန်းက ဆီဖိုမူတီနီပုန်ကန်မှုပဲဖြစ်ပါတယ်။ ဒီပုန်ကန်မှုရဲ့ အဓိကခေါင်းဆောင်ကတော့ ဂျန်စီလက်ရှမီဖြစ်ပြီးတော့ သူတို့တွေ စတင်တိုက်ခိုက်တုန်းက လူပေါင်း ၂ထောင်လောက်နဲ့ စတင်ခဲ့ပေမယ့် ၃လလောက်လည်းကြာရော လူအယောက်၁၀၀လောက်ပဲ ကျန်ခဲ့တဲ့အတွက် စိတ်အားလျော့ကုန်ကြပါတယ်။ နယ်မြေလေးတွေကို သီးသန့်အုပ်ချုပ်တဲ့ အကြီးအကဲတွေရယ်လို့ သီးသန့်ရှိခဲ့ပါတယ်။ နယ်မြေပေါင်း ၆၁ခုရှိပြီးတော့ ဒီနယ်မြေတွေကိုလည်း ဗြိတိသျှက သိမ်းပိုက်ဖို့အတွက် ကြံစည်နေတဲ့အချိန်မှာ ကိုယ့်လူမျိုးတွေကို မတရားသတ်ဖြတ်ခံနေရတာကို မကြည့်နိုင်တဲ့ နာရက်ရှီမာရက်ဒီဟာ နယ်မြေ ၆၁ခုလုံးက အကြီးအကဲတွေကို ဖိတ်ကြား ပူဇော်ပွဲလုပ်ရင်း ဗြိတိသျှတွေကို တွန်းလှန်ဖို့အတွက် လူစုပါတော့တယ်။ နာရက်ရှီမာရက်ဒီဆိုတာလည်း နှယ်နှယ်ရရတော့မဟုတ်ပါဘူး။ မွေးခါစမှာပဲ အသက်ရှူရပ်တန့်ခဲ့ပြီး အချိန်အတော်ကြာမှ ပြန်လည်ရှင်သန်လာတဲ့အတွက် မသေမျိုးလို့ သတ်မှတ်ခံထားရသူ၊ နိုဆမ်ခံတပ်မှာ ဆက်ခံသူမရှိတဲ့အတွက် အဘိုးဖြစ်သူက မွေးစားပြီး အရိုက်အရာကို ဆက်ခံခိုင်းသူ၊ ရေနာဒူရဲ့ အနာဂတ်အတွက် ရွေးချယ်ခံထားရသူတစ်ဦးဖြစ်ပါတယ်။ ဒီလိုနဲ့ နာရက်ရှီမာရက်ဒီတစ်ယောက် ဗြိတိသျှတွေကို ဘယ်လိုတွန်းလှန်ပုန်ကန်တိုက်ခိုက်သွားမလဲ ဆိုတာကို ကြည့်ရှုရမယ့် သမိုင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Action • Comedy
7.2 2019 169 mins
Sye Raa Narasimha Reddy
Summer Night In Lost City
5.8

မြို့ပြမှာပျောက်ဆုံးသွားခဲ့တဲ့ နွေရာသီရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ…… အဲဒီနှစ်နွေရာသီမှာ ချစ်ရတဲ့သူနဲ့တွေ့ဆုံခဲ့တယ် သူမရဲ့ အဲဒီနှစ်နွေရာသီဟာ ပျော်စရာအကောင်းဆုံးဖြစ်ခဲ့တယ်…… ဒါပေမယ့် သူပျောက်သွားပြီးနောက်ပိုင်းမှာ သူမရဲ့ဘဝမှာနွေရာသီဆိုတာမရှိတော့ပါဘူး…… အခက်အခဲတွေအတူကျော်ဖြတ်ပြီး အိပ်မက်တွေအတူရှိခဲ့တဲ့ချစ်သူနဲ့ ဘဝကိုအတူဖြတ်သန်းသွားဖို့ဆုံးဖြတ်ခဲ့ကြပေမယ့် ချစ်သူက ရုတ်တရက်ပျောက်သွားပြီးနောက်ပိုင်းမှာ ဇာတိမြို့ကနေထွက်ခွာပြီး ရှန်ဟိုင်းမှာနေထိုင်လာခဲ့တယ်။ ရင်ထဲကဒဏ်ရာတွေကြောင့် အိမ်ခဏခဏပြောင်းတဲ့သူမဟာ တစ်နေ့မှာတော့ စားသောက်ဆိုင်လေးတစ်ဆိုင်ရဲ့ အပေါ်ထပ်ကိုပြောင်းလာခဲ့တယ်။ အဲဒီစားသောက်ဆိုင်မှာ သူ့ငယ်ဘဝရဲ့နွေရာသီအရသာတွေကိုပြန်ရလာခဲ့တဲ့အခါ….. ပထမဆုံးတွေ့ဖူးတဲ့ဆိုင်ရှင်လေးကိုရင်းနီးသလိုခံစားမိလာခဲ့တယ်။ ရင်းနီးတဲ့သူစိမ်းတစ်ယောက်ချက်ကျွေးတဲ့ အချစ်ရဲ့အရသာတွေကိုစားသုံးရင် သူမဟာ ဒဏ်ရာတွေကိုကုစားရင်း အတိတ်ရဲ့အရိပ်ထဲကနေ တဖြည်းဖြည်းချင်းထွက်လာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

5.8 2025
Summer Night In Lost City
Red Land
5.7

နျူကလီယားစစ်ပွဲကြီးသာတကယ်ဖြစ်သွားခဲ့ရင် ကမ္ဘာကြီးကဘယ်လိုဖြစ်သွားမလဲဆိုတာကို စိတ်ကူးယဉ်ပုံဖော်ထားတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ မထင်မှတ်ပဲနျူကလီယားစစ်ပွဲဖြစ်သွားပြီးတဲ့နောက်မှာ ကမ္ဘာကြီးကပျက်စီးသွားပြီးတော့ လူသားတွေကမြေအောက်မှာပဲရှင်သန်ကြရတဲ့ကာလတစ်ခုကို စိတ်ကူးယဉ်ဖန်တီးပြီး ပုံဖော်ထားတာပဲဖြစ်ပါတယ်။ မြေပြင်ပေါ်ကကမ္ဘာကြီးပျက်စီးသွားပြီးနောက်ပိုင်းမှာ အရင်ကမြေအောက်ရထား ဘူတာဟောင်းဖြစ်တဲ့ အနီရောင်မြေဆိုတဲ့နေရာမှာ အသက်ရှင်ကျန်သူတွေက စုဝေးပြီးတော့ မြို့တစ်မြို့တည်ထောင်ပြီး နေကြတယ်။ မြေအောက်မှ ာအသက်ရှင်နေတာလူသားတွေတင်မကပဲ ခူမျိုးနွယ်စုဆိုတဲ့ လူသားကိုမျိုုးရိုးဗီဇပြောင်းထားတဲ့မျိုးနွယ်စုတစ်စုလဲရှိပါတယ်။ လူသားတွေနဲ့ခူမျိုးနွယ်စုဟာ မြေအောက်အရင်းအမြစ်တွေလုရင်း အမြဲတိုက်ခိုက်နေကြပါတယ်။ တစ်နေ့မှာတော့ ခူမျိုးနွယ်မိန်းကလေးတစ်ယောက်ဟာ အနီရောင်မြေထဲကိုဝင်လာပြီးတော့ မြို့ဝန်ကိုလုပ်ကြံဖို့ကြိုးစားပါတယ်။ အဲဒီအချိန်မှာ အနီရောင်မြေရဲ့ကြီးမားတဲ့လျှို့ဝှက်ချက်ဟာတစ်ဖြည်းဖြည်းနဲ့ပေါ်လာခဲ့ပါတယ်…… 4K & 1080p Quality >> Only On CM App ( www.cmapp.tv )

Drama • Horror
5.7 2025
Red Land
Oh Bhama Ayyo Rama
6.4

Oh Bhama Ayyo Rama (2025) “အနာဂတ်ကိုဖန်တီးတဲ့ချစ်ခြင်း” ဒီတစ်ခေါက်မှာ မိသားစု၊ဟာသ၊ရသ ပေးနိုင်တဲ့ဇာတ်လမ်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ဆောင်မင်းသား ရမ် သူ့အမေနှင့်နှစ်ယောက်တည်းနေထိုင်ကြပြီး အမေဖြစ်သူ အလုပ်အလွန်အကျွံလုပ်သောကြောင့် ရုတ်တရက်သေဆုံးခဲ့ရပါတယ် ။ သူ့အမေကိုသာ ဘဝတစ်ခုလုံးဟုမှတ်ယူထားသော ရမ်ရဲ့ဘဝ ရည်မှန်းချက်တွေပျက်စီးခဲ့ရပါတယ်။ နောက်မကြာခင်မှာ သူ့အမေဖြစ်စေချင်တဲ့ ရည်မှန်းချက်တွေနောက်လိုက်ရင်း ရုပ်ရှင်တွေကိုမုန်းတီးတဲ့ရမ်တစ်ယောက် ရုပ်ရှင်ရူးသွပ်သူဆတ်တယာဘာမာနဲ့တွေ့ဆုံခဲ့ပြီး ပျော်ရွှင်မှုတွေပြန်လည်စတင်ပေါ်ပေါက်လာပါတယ်။ ဘာတွေပဲဖြစ်နေဖြစ်နေ ရမ်ရဲ့အတိတ်က အချစ်ရေးဒဏ်တွေ မိခင်ဆုံးရှုံးခဲ့ရတဲ့ဒဏ်တွေကြောင့် ရမ် ကောင်းစွာမပျော်ရွှင်နိုင်ခဲ့ပါဘူး။ ဒါတွေကို ရမ် ဆတ်တယာဘာမာနဲ့အတူ ဘယ်လိုတွေကျော်ဖြတ်ကြမလဲ။ ရုပ်ရှင်မုန်းတီးသူ ရမ်တစ်ယောက် သူ့အမေဖြစ်စေချင်တဲ့ အောင်မြင်တဲ့ဒါရိုက်တာတစ်ယောက်ရော ဖြစ်လာနိုင်မလား။ အတိတ်ကဒဏ်ရာတွေကိုရော ရမ်ဘယ်လိုကုစားပြီး ပျော်ရွှင်စွာနေထိုင်သွားမလဲဆိုတာ ကြည့်ရှုပေးပါဦး ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ် )

Crime • Drama • Thriller
6.4 2025
Oh Bhama Ayyo Rama