YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Devil’s Vendetta (Ping Yao Zhi Ru Yi Tian Shu) [2019] (MM Sub).mp4

776.55 MB 720p video/mp4 700 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cobweb
6.8

The Boys, Banshee စီးရီးတို့နဲ့ လူသိများတဲ့ မင်းသား Antony Starr ရဲ့ ဟော်ရာ ရုပ်ရှင်အသစ်လာပါပြီ။ ဇာတ်လမ်းကောင်းသလို ကြောက်ဖို့လည်း ကောင်းပါတယ်။ မင်းသမီးကတော့ Now You See Me ထဲက Lula အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Lizzy Caplan ပါပဲ။ ဇာတ်လမ်းအကျဉ်း - မာ့ခ် နဲ့ ကယ်ရိုးဆိုတဲ့ လင်မယားမှာ ပီတာ ဆိုတဲ့သားလေး တစ်ယောက်ရှိ တယ်။ သူတို့မိသားစုက အိမ်ဟောင်းတစ်ခုထဲမှာ နေကြတယ်။ ပီတာက ညတိုင်း နံရံထဲကနေ ကောင်မလေးတစ်ယောက်ရဲ့ အသံကို ကြားနေရတယ်။ ကြားပြီး လန့်နိုးတိုင်း သူ့မိဘတွေက အိပ်မက်ဆိုးဖြစ်ကြောင်း ပြောပြီး ပြန်သိပ် ပေးကြတယ်။ ဒါပေမဲ့ အဲဒီအသံနဲ့သူနဲ့ ပိုပိုပြီး ဆက်သွယ်မိလာတဲ့အခါ အသံ ရှင်က ပီတာ့ကို ကြောက်စရာလျှို့ဝှက်ချက်ကြီးတွေတွေ ပြောပြပြီး အကူအညီ တောင်းပါတော့တယ်... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.7 GB) / (810 MB) / (330 MB) Quality............WEB-DL 4K / 1080p / 720p Duration.........1Hr 28Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator......Mr.Anderson Encoder..........Zin Phyo Aung

Action & Adventure • Crime • Drama
6.8 2023 88 mins
Cobweb
The Unspoken Stories: Legend of Green Fish
5.9

ဒီတစ်ခေါက်မှာတော့ VFX ကောင်းကောင်းနဲ့ မိန်းကလေးချောချောလေးတွေပါတဲ့ တရုတ်မှော်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် အရမ်းဆိုးသွမ်းလွန်းတဲ့ နဂါးနီကို ဖမ်းဖို့ ပု၀ူဂိုဏ်းရဲ့ဂိုဏ်းချုပ်ဆရာကြီးဟာ ကိုယ့်ကိုကိုယ် စတေးပြီး နှစ်တစ်ရာလောက် နဂါးနီကို လှောင်ထားခဲ့ပါတယ်။ နှစ်တစ်ရာလုံး အဲ့ဒီနေရာကို ဘယ်သူမှ ရှာလို့မတွေ့ပေမယ့် နှစ်တစ်ရာပြည့်တဲ့အချိန်မှာတော့ မိစ္ဆာအဖြစ်ကနေ နဂါးဖြစ်ချင်တဲ့ မချောလေးရယ် ပု၀ူဂိုဏ်းက မိစ္ဆာနှိမ်နင်းတဲ့ဆရာရယ် ပေါင်းပြီး နဂါးနီရှိတဲ့နေရာကို ရှာဖို့ အကြောင်းဖန်လာပါတော့တယ်… သူတို့နှစ်ဦး နဂါးနီဖမ်းထားတဲ့နေရာကိုရှာတွေ့မလား ဘယ်လိုအကြောင်းအရာတွေပေါ်ထွက်လာဦးမလဲဆိုတာတော့ ရုပ်ရှင်ထဲမှာစီးမျောခံစားလိုက်ပါဦး

Drama • Thriller
5.9 2022
The Unspoken Stories: Legend of Green Fish
5000 Blankets
6.1

5000 Blankets (2023) IMDb ~ 6.3 တက္ကဆက်ပြည်မြောက်ပိုင်း ဖို့တ်ဝေါ့သ်မှာ အိမ်ခြေရာမဲ့တွေကို ကူညီပေးနေတဲ့ “Philip’s Wish” ဆိုတဲ့ အဖွဲ့ကြီးတစ်ဖွဲ့ ရှိပါတယ်။ အိမ်ခြေရာမဲ့တွေကို စောင်၊ စားစရာနဲ့ အခြေခံ လူသုံးပစ္စည်းတွေ သိန်းနဲ့ချီပြီး ထောက်ပံ့ပေးနေတဲ့ အဖွဲ့ကြီးပါ။ အဲဲဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့သူတွေကတော့ စင်ဒီနဲ့ဖေးလ်လစ်ဆိုတဲ့ သားအမိနှစ်ယောက်ပါ။ ဒီသားအမိက စိတ်ကစဉ့်ကလျား ရောဂါဖြစ်ပြီး အိမ်က ထွက်သွားတဲ့ စင်ဒီရဲ့ယောကျာ်း၊ ဖေးလ်လစ်ရဲ့အဖေ ဘော်ဘီကို လိုက်ရှာဖို့ ကြိုးစားရင်း ဖို့တ်ဝေါ့သ်က အိမ်ခြေရာမဲ့တွေရဲ့ ညတာရှည်ပြီး ချမ်းအေးလှတဲ့ ဘဝကို သိရှိခဲ့ရပါတယ်။ ဘော်ဘီလည်း သူတို့လို ဖြစ်နေမလားဆိုတဲ့စိတ်နဲ့ ဖို့တ်ဝေါ့သ်က အိမ်ခြေရာမဲ့ ၅၀၀၀ ထောင်ကျော်အတွက် စောင်တွေ လိုက်ဝေပေးဖို့ စိတ်ကူးမိရာကနေ ဒီဖောင်ဒေးရှင်းကြီး ပေါ်ပေါက်လာတာပါ။ ဒီဇာတ်လမ်းက အဲဒီဖြစ်ရပ်မှန်ကို အသက်သွင်းပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းက Plot twist တွေလည်း မရှိသလို တင်ပြပုံကလည်း ရိုးရိုးရှင်းရှင်းပါပဲ။ ဒါပေမဲ့ အကြင်နာတရား ကင်းမဲ့ပြီး ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ဒီကမ္ဘာကြီးမှာ ချစ်ခြင်းမေတ္တာတွေလည်း ရှိသေးကြောင်း လှလှပပ ပုံဖော်ပြထားပါတယ်။ ဖြစ်ရပ်မှန်လည်း ဖြစ်တာကြောင့် အသက်ဝင်ပြီး တစိမ့်စိမ့်ကြည့်ရင်း ခံစားလို့ကောင်းတဲ့ ဇာတ်ကားမျိုးပါ။ စင်ဒီတို့သားအမိ ဘော်ဘီကို ရှာတွေ့ခဲ့လားဆိုတာကို ဇာတ်ကားထဲမှာ အဖြေရှာရင်း မေတ္တာတရားနဲ့ ယုံကြည်ချက်တွေအကြောင်း ကြည့်ရှုခံစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.93GB | 673MB | 328MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Roman NoX Encoder ….. Aaron

6.1 2023 105 mins
5000 Blankets
Father & Soldier
5.9

Father & Soldier (2022) ~ IMDb – 5.9/10, Rotten Tomatoes – 86% ~ ဒီရုပ်ရှင်နာမည်က ပြင်သစ်လိုဆိုရင် “Tirailleurs” လို့ခေါ်ပါတယ်။ အဓိပ္ပာယ်အရဆိုရင် အဲဒီခေတ်က ရှေ့တန်းမှာသုံးတဲ့ အာဖရိကတပ်သားတွေကို ရည်ညွှန်းတာပေါ့။ သူတို့တာဝန်က ရှေ့တန်းမှာကင်းစောင့်ရတယ်၊ ပစ်စရာရှိရင်ရှေ့ဆုံးကပစ်ရတယ်၊ ကျဆုံးစရာရှိရင်လည်း ဒုတိယမဟုတ်ခဲ့ကြဘူး။ အကြမ်းသုံးစစ်သည်တွေလို့ ယူဆလို့ရပါတယ်။ ပထမကမ္ဘာစစ်ကာလတုန်းက ပြင်သစ်ဟာ သူတို့ရဲ့အာဖရိကန်ကိုလိုနီနိုင်ငံတွေဆီကနေ အဲဒီလိုအကြမ်းခံစစ်သားတွေကို ခေါ်သုံးခဲ့ပါတယ်။ အကြမ်းနည်းတဖုံ အနုနည်းတဖုံပေါ့။ အကြမ်းနည်းဆိုရင် အာဖရိကန်ရွာတွေကို ဝင်စီးတယ်။ လူငယ်တွေကို ပေါ်တာဆွဲတယ်။ တပ်ထဲထည့်တယ်။ အနုနည်းဆိုရင် မင်းတို့ဒီတိုက်ပွဲအပြီးမှာ ပြင်သစ်နိုင်ငံသားဖြစ်ပြီး အဆင့်အတန်းမြင့်မြင့်နေရမယ်လို့ဆွယ်တယ်။ ရည်ရွယ်ချက်က တစ်ခုတည်းပါပဲ။ ပြင်သစ်အလံတော်အောက်မှာ စတေးကြဖို့။ ဒီရုပ်ရှင်ကတော့ အဲဒီလို အမေ့လျော့ခံအာဖရိကန်စစ်သားတွေကို အမှတ်ရသောအားဖြင့်ရိုက်ကူးထားတဲ့ War, Drama ကားကောင်းလေးပါ။ ရုပ်ရှင်အကျဉ်းကတော့… ဆီနီဂေါက ရွာတစ်ခုမှာ ဘာကရီတို့မိသားစုလေးနေတယ်။ ပြင်သစ်တွေ ပေါ်တာစဆွဲပြီလို့ သတင်းတွေကြားတော့ ရွာက အဖေတွေက သူတို့သားတွေကို ပြင်သစ်တွေလာတဲ့အချိန်မှာ ဖွက်ထားကြဖို့ စီစဉ်ကြတာပေါ့။ ဒါပေမဲ့ ဘာကရီတစ်ယောက် ကံမကောင်းခဲ့ပါဘူး။ သူ့သားလေး သီယာနို ပေါ်တာဆွဲခံလိုက်ရတယ်။ ကိုယ့်သားသမီးအသက် ၆၀ ဖြစ်နေရင်တောင် မိဘဆိုတာ ကလေးလေးလိုပဲ မြင်တတ်ကြတာမဟုတ်လား။ ပေါ်တာဆွဲခံလိုက်ရတဲ့သားကို အဖေဖြစ်တဲ့သူက ဘယ်စိတ်ချပါ့မလဲ။ အဲဒါနဲ့ ဘာကရီတစ်ယောက် သားကိုကယ်ထုတ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူ့ဖာသာစစ်ထဲဝင်ဖို့ စာရင်းပေးလိုက်တယ်။ သူ့သားလေး ရှေ့တန်းမထွက်ရအောင် နည်းမျိုးစုံကြံတယ်။ တပ်ထဲဝင်ခါစကနေ သူလွတ်လမ်းရတဲ့အထိ သူ့သားလေးကို စစ်ပွဲထဲက အမြန်ဆုံးခေါ်ထုတ်သွားဖို့ကိုပဲ စိတ်လောခဲ့တယ်။ ဒီလိုနဲ့ သူတို့သားအဖ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ 2022 ကိန်းစ်ရုပ်ရှင်ပွဲတော်မှာပြသခဲ့ပြီး 2023 မှာမှ ပြင်သစ်မှာ စတင်ရုံတင်ပြသခဲ့ပါတယ်။ ဒါဟာ စစ်ပွဲအနိဋ္ဌာရုံတွေ၊ မိဘမေတ္တာတွေကိုဖော်ကျူးထားတဲ့ရုပ်ရှင်ဖြစ်ရုံတင်မကပါဘူး။ စစ်ပွဲရဲ့ မှောင်မိုက်တဲ့ဘက်ခြမ်းကိုပါ မီးမောင်းထိုးပြထားပြီး ချစ်ရသူတို့နဲ့ခွဲခွာရခြင်းအပြင် စစ်မြေပြင်မှာ ပြင်သစ်အလံတော်အောက်စတေးခဲ့ရသူ အမေ့လျော့ခံအာဖရိကန်စစ်သည်တို့အတွက် အောက်မေ့သတိရအထိမ်းအမှတ်တစ်ခုလည်းဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 38Min Genre – Action, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

5.9 2022
Father & Soldier
Coco Before Chanel
6.7

Chanelဆိုတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုကို မွေးဖွားပေးခဲ့တဲ့ Coco Chanel။ ကမ္ဘာမှာလွှမ်းမိုးမှုအရှိဆုံး ဖက်ရှင်ဒီဇိုင်နာလို့ ရှာလိုက်ရင်ပဲ အခုချိန်ထိ Coco Chanelက ထိပ်ဆုံးမှာ နေရာယူထားဆဲပါ။ Coco Chanelဆိုတာ ပြင်သစ်အမျိုးသမီး Gabrielle Bonheur Chanelပဲဖြစ်ပါတယ်။ သူ့ကို ၁၈၈၃ခုနှစ် ဩဂုတ်လ ၁၉ရက်နေ့မှာ မွေးဖွားခဲ့တယ်။ ကလေးဘ၀မှာပဲ မိခင်ဖြစ်သူကွယ်လွန်သွားခဲ့ပြီး အဖေဖြစ်သူက သူတို့ညီမနှစ်ယောက်ကို မိဘမဲ့ဂေဟာမှာ စွန့်ပစ်ထားခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အချိန်မှာတော့ မိဘမဲ့ဂေဟာက တတ်မြောက်လာခဲ့တဲ့ အပ်ချုပ်ပညာရပ်နဲ့ အလုပ်လုပ်ရပြီး ညဘက်တွေဆို စားသောက်ဆိုင်တွေမှာ သီဆိုဖျော်ဖြေရင်း ဘ၀ကိုခက်ခက်ခဲခဲနဲ့ ရုန်းကန်ခဲ့ရပါတယ်။ စစချင်းမှာ ဦးထုတ်တွေကို ဒီဇိုင်းထုတ်ပြီး ရောင်းချရာကနေစတင်ခဲ့တယ်။ စတိုင်လ်ဘောင်းဘီတွေဟာ အမျိုးသမီးတွေအတွက်လို့ မထင်ကြတဲ့ခေတ်တစ်ခုကို Coco Chanelက ပြောင်းလဲပေးခဲ့ပြီး ဖက်ရှင်လောကမှာ အောင်မြင်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီလိုကမ္ဘာ့ဖက်ရှင်လောကရဲ့ အကျော်ကြားဆုံးအမျိုးသမီးတစ်ယောက်ရဲ့ ကလေးဘ၀ကစလို့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လာတဲ့အထိ ဖြတ်သန်းခဲ့ရတဲ့ဘ၀အဖုံဖုံကို ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုကြပါဦး။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by PT

6.7 2009 110 mins
Coco Before Chanel
Alien Xmas
6.2

Alien Xmas (2020) =============== IMDb Rating – 6.2/10 Christmas လည်းနီးလာပြီဆိုတော့ CM ပရိတ်သတ်ကြီးတို့အတွက် IMDb rating 6.2/10နဲ့ ခရမ်းချဉ်သီးအလုံး၁၀၀ရရှိထားတဲ့ Christmas Animation ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးပါမယ်။ ဇာတ် လမ်းအစအမှာတော့ ခရစ္စမတ်ဘိုးဘိုးကြီးက ပုံပြင်ပြောပြနေတာနဲ့ အစပြုထားပါတယ်။ ဟိုးရှေးရှေးတုန်းက ခလက်စ်ဆိုတဲ့ ဂြိုဟ်သားမျိုးနွယ်စုတစ်ခုရှိတယ်။ အစကတော့ ခလက်စ်တွေဟာ အရောင်အသွေးစုံကြတယ်။ ဒါပေမဲ့ သူတို့ရဲ့အမိဂြိုဟ်ပေါ်က သယံဇာတတွေကို လောဘတကြီးသုံးဖြုန်းရင်း ကြာတော့ ဂြိုဟ်ကြီးလည်းပြောင်၊ သူတို့ရဲ့အရောင်တွေလည်း မှောင် ကုန်ကြတယ်။ အဲလိုနဲ့ ခလက်စ်တွေဟာ တစ်ဂြိုဟ်ပြီးတစ်ဂြိုဟ်ကူးပြီး ပစ္စည်းတွေခိုးဝှက်အလစ်သုတ်ကြတော့တယ်။ တစ်ရက်ကျ ကမ္ဘာဂြိုဟ် ကို မျက်စိကျသွားတော့ ကမ္ဘာ့မြေဆွဲအားကိုဖျက်ဆီးပြီး အာကာသထဲ လွင့်လာတဲ့ ပစ္စည်းတွေကို လုယက်ဖို့စီစဉ်ကြပါလေရော။ အဲ့အတွက် မြေဆွဲအားဖျက်ဆီးမဲ့ ဂျိုင်ရိုထရွန်ဆိုတဲ့ စက်ကြီးကို မြောက် ဝင်ရိုးစွန်းမှာ သွားဆောက်ဖို့ ဂြိုဟ်သားတွေက အရွယ်အသေးဆုံးလေး ဖြစ်တဲ့ အိက်စ်ကို တာဝန်ပေးလိုက်တယ်။ အိက်စ်က အသေးဆုံးသာဖြစ် တာ အခိုးဆုံးပဲ။ သိပ်တော်တဲ့သူခိုးပိစိလေး မြောက်ဝင်ရိုးစွန်းကိုရောက် လာပြီး ဆန်တာတို့ရဲ့ခရစ္စမတ်မြို့တော်ကို ဘယ်လိုဝင်မွှေမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(750 MB) / (300 MB) Quality…………WEB-DL 1080p / 720p Duration………40Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure Translator…….Ngwe Zin Encoder……….SWM

6.2 2020
Alien Xmas
BloodRayne

ဒီ Action/Fantasy/Horror ဇာတ်ကားထဲမှာတော့ မင်းသမီး Kristanna Loken (Terminator 3 ထဲက T-X)နဲ့ Michelle Rodriguez (Fast & Furious ထဲက Letty Ortiz) အပြင် မင်းသား Michael Madsen (Kill Bill ထဲက Budd)နဲ့ Matthew Davis (Blue Crush)တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ သွေးစုပ်ဖုတ်ကောင်တွေကို ဗန်ပိုင်းယားလို့ခေါ်ဆိုတယ်ဆိုရင် လူတစ်ပိုင်း သွေးစုပ်ဖုတ်ကောင်တစ်ပိုင်းကိုတော့ ဒန်ဖီးယားလို့ ခေါ်ဆိုပါသတဲ့။ ဒန်ဖီးယားတွေက ခံရည်နိုင်စွမ်းမြင့်မားလွန်းတာမို့ မွေးစကတည်းက သုတ်သင်ရှင်းလင်းခံခဲ့ကြရတာပါ။ သို့ပေမဲ့ ဒန်ဖီးယားမလေး ရိန်းကတော့ စွမ်းအားမြင့် သွေးစုပ်ဖုတ်ကောင်ကြီးတစ်ကောင်ရဲ့ ယုတ်မာတဲ့အကြံအစည်နဲ့ လူသားမိခင်ကနေ မွေးဖွားလာနိုင်ခဲ့ပါတယ်။ ရိန်းကို အစွမ်းထက်လက်နက်အဖြစ် အသုံးချလိုတဲ့ ယုတ်မာတဲ့ဖခင်ရဲ့အကြံအစည်ကို ရိပ်မိပြီး သမီးဖြစ်သူကို အသုံးချခံမဖြစ်စေလိုတဲ့ မိခင်ရဲ့ ဉာဏ်ပညာကြီးမှုနဲ့ အစတေးခံမှုကြောင့် ရိန်းက သွေးစုတ်ဖုတ်ကောင်ကြီးလက်ကနေ လွတ်မြောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတဲ့အခါ သူ့မိခင်ကို သတ်တဲ့ သူ့ဖခင်တစ်ဖြစ်လည်း စွမ်းအားမြင့် သွေးစုပ်ဖုတ်ကောင်ကြီးကို ရှင်းလင်းဖို့ နည်းလမ်းတွေကို ရှာဖွေခဲ့ရင်း လူသားမျိုးနွယ်တွေနဲ့ လက်တွဲဖို့ ကြိုးစားခဲ့ရာမှာ သူတို့ရဲ့ရည်ရွယ်ချက်အတိုင်း အောင်အောင်မြင်မြင် သုတ်သင်နိုင်ပါ့မလားဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Horror • Comedy • Thriller
0 2005
BloodRayne
Wild Strawberries
8.1

Wild Strawberries ( 1957 ) အတိတ်မှာ ငါတို့မေ့ထားခဲ့တဲ့ အပွင့်တစ်ပွင့်ရှိနေလိမ့်မယ်။ တစ်ခါတလေ မသိလိုက်ဘာသာ ငါတို့အတိတ်ထဲမှာ အပွင့်တစ်ပွင့်ပွင့်နေလိမ့်မယ်။ တစ်နည်းပြောင်းပြောရရင် ဆူးကလေးတစ်ချောင်း ရှိကောင်းရှိနေနိုင်တယ်။ ဘဝဟာ ရှုပ်ယှက်လိုက်ပုံများ အပင်ကိုမြင်လို့ အပွင့်ကိုမမြင်နိုင်ခဲ့တဲ့ နေ့တွေ, ငါတို့အတ္တဟာ မြူတွေလိုရစ်သိုင်းလို့ အဲဒီအပွင့်ကို ဖုံးလွှမ်းထားတဲ့နေ့တွေ ရှိကောင်းရှိနေမှာပဲ။ ငါတို့အတွက် မေ့မေ့ပျောက်ပျောက် စကားတစ်ခွန်းက ဆူးတွေရစ်သီလို့ အဲဒီအပင်မှာ ဆိုင်းနေချင်လည်းဆိုင်နေလိမ့်မယ်။ မြင်နိုင်ခြင်းနဲ့ မမြင်နိုင်ခြင်းကြား အချိန်ကာလတစ်ခု ခြားထားတယ်။ မြင်နိုင်ခြင်းနဲ့ မမြင်နိုင်ခြင်းကြား အစွဲတစ်ခု ခြားထားတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကြား အလင်းနှစ်တွေခြားထားတယ်။ အနေကြာလာရင် မင်းသိမှာပါ။ ဘဝဟာ အခိုင်မာဆုံး စိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်တဲ့။ ငါတို့ဟာ မျက်ရည်တွေခန်းခြောက်နေတဲ့ မဟာယောက်ျားသားတွေလို့ ငါတို့ကိုယ်ငါတို့ တံဆိပ်ကပ်ကြတယ်။ လိုအပ်ချက်တွေပါပဲလို့ ငါတို့ကိုယ်ငါတို့ နားချကြတယ်။ အလှဆုံးအပြုံးတွေ အဖန်တစ်ရာမကပါဘူး အသက်ရယ်။ စွဲလမ်းတွေသော အငွေ့အသက်တွေ အဖန်တစ်ရာမကပါဘူး အသက်ရယ်။ အလံကို တလူလူလွှင့်လို့ အမှားတွေကြားမှာ အားလုံးကိုယ့်အကြောင်းပဲလို့ ငါတို့ယုံကြည်ဖူးကြတယ်။ တစ်ခုခုအပေါ် အခြေခံပြီးတော့ “ငါ”ဆိုတာကို တည်ဆောက်ကြတယ်။ ငါဟာ လက်တံမရှိတော့တဲ့ နာရီတစ်လုံးပေါ့။ ငါဟာ အပင်ကိုခုတ်လို့ အပွင့်ကိုမမြင်ခဲ့တဲ့ အပြစ်သားပါပဲ။ ကမ္ဘာကြီးက တင်ကြိုခွင့်လွှတ်ပြီးသားတဲ့ ။ ဒါပေမဲ့ အထီးကျန်ခြင်းကိုအမွေလိုပေးလို့ ကမ္ဘာကြီးက ငါ့ကိုပစ်ပယ်။ ဒီဘဝတွေဟာ တစ်ကြိမ်တစ်ခါပဲ ဖြစ်ခဲ့ကြတယ်။ ဒီအဖြစ်တွေဟာ တစ်ကြိမ်တစ်ခါပဲ ရှိခဲ့ကြတယ်။ ဘာမှထပ်ပေးစရာမရှိတော့တဲ့အခါ ကမ္ဘာက ငါတို့ကို နှင်တတ်လား။ ခွေးအဖြူလေးတစ်ကောင် ငါမြင်ဖူးတယ်။ အဲဒီခွေးလေးက ခွေးတစ်ကောင်အနေနဲ့ ရနိုင်တဲ့ အဆုံးစွန်သောအရာကို သွားခဲ့တယ်လို့ ငါထင်ပါတယ်။ သူနာကျင်နေတဲ့အချိန်တစ်ခုမှာ ထပ်တူလိုမျိုး ဖက်ငိုပေးခဲ့တဲ့ မေတ္တာတရားကို သူပိုင်ခဲ့ရတယ်။ သိပ်တော့ မကြာလိုက်ပါဘူး။ ကမ္ဘာကြီးကနေ အဲဒီခွေးကလေး ထွက်သွားခဲ့တယ်။ ကမ္ဘာကြီးမှာ သူဘာမှ ထပ်ရစရာမရှိတော့ပုံပါပဲ။ အကောင်းဘက်ကလှည့်တွေးကြည့်ရင်း ငါလည်း အဲဒီလိုပဲထင်လိုက်တယ်။ ကျွန်တော်တို့ဇာတ်ကောင်ကြီးကတော့ သိပ်များများစားစားမရခဲ့သလို သိပ်များများစားစားလည်း မယူခဲ့ဖူးဘူး။ သက်ဆိုးလို့ပြောရလေမလား… ရှည်တယ်။ သူ့အတိတ်က အပွင့်တွေဟာ သီးချိန်တန်မှာ အခုတော့ စတော်ဘယ်ရီရိုင်းတွေဖြစ်လို့ အဲဒီအသီးကို သူစားရတော့မယ်။ ကဲပါလေ ဘယ်လောက်ထိအတ္တတွေများများ စက်ဝိုင်းပတ်လည်တွေလည်လို့ ငါတို့သမိုင်းမှာ အဲဒီစတော်ဘယ်ရီရိုင်းတွေကို ငါတို့ပြန်လှည့်ကြဖို့ကောင်းတယ်။ ဒါဟာ ပြန်လှည့်မကြည့်ဖြစ်ခဲ့တဲ့ စတော်ဘယ်ရီရိုင်းတစ်ချို့အကြောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.66GB | 1.44GB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

8.1 1957
Wild Strawberries
Virgin Theory

Virgin Theory (2014) ******************** Main Cast များအနေနဲ့ Hwang Woo Seul Hye ၊ Kim Sa Hee နဲ့ The Graceful Family ကားထဲမှ မင်းသား Kim JIn Woo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်း ————– ဂွန်မာဟီး (Hwang Woo Seul Hye) က ရည်းစားတစ်ခါမှ မထားဘူးတဲ့ ၃၃ နှစ်အရွယ် အပျိုကြီးဖြစ်ပါတယ် သူနဲ့ ငယ်ငယ်လေးကတည်းက ခင်လာတဲ့ ဆန်းအူ (Kim JIn Woo) ကို ကြိတ်သဘောကျနေပေမဲ့ ရည်းစားထားဖူးတဲ့ အတွေ့အကြုံ တစ်ခါမှ မရှိတာမို့ အခက်တွေ့နေပါတယ် တစ်နေ့ မာဟီးရဲ့ဖခင်ဖြစ်သူဆုံးပါးသွားပြီးနောက် သူတို့အိမ်ကို ဆယ်‌ယောင်း (Kim Sa Hee ) ဆိုတဲ့ မိန်းကလေး ရောက်လာခဲ့ပါတယ် ဆယ်ယောင်းကတော့ nude ရုပ်ပုံတွေဆွဲတဲ့ ပန်းချီဆရာမပါ ရည်းစားထားတဲ့နေရာမှာ ဆရာမကြီးဖြစ်တဲ့ ဆယ်ယောင်းက ဆန်းအူကိုအပိုင်ရအောင် လုပ်ရမဲ့နည်းလမ်းတွေ မာဟီးကိုသင်ပေးပါတော့တယ်… ဒါပေမဲ့ အပျိုးကြီးမာဟီးက သူ့ဆရာမဆယ်ယောင်းသင်ပေးတဲ့အတိုင်း လိုက်လုပ်နိုင်မလား ဘယ်လို အလွဲလေးတွေ ဟာသလေးတွေကြုံတွေ့ရမလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော် အညွှန်းကိုတော့ Aom မှ ရေးသားပေးထားပါတယ် File size…1.87GB / 725.50MB Quality…WEB-DL 1080p 720p Genres: Comedy, Romance Duration: 1 hr 40 mins Subtitle….Myanmar Subtitle (Hard Sub) Translated By Aom Encoded By Heather Oo

0 2014
Virgin Theory
A Witness Out of the Blue
6

1080pလွန်ခဲ့တဲ့သုံးလက လိရှင်းရတနာဆိုင်ကိုဓားပြတိုက်ခဲ့တဲ့ ရဲအလိုရှိဓားပြလေးယောက်အဖွဲ့ထဲကတစ်ယောက်ဖြစ်တဲ့ရွီခန်းအသတ်ခံရပြီးနောက် ရွီခန်းအခန်းထဲကရတနာထုပ်ကပါပျောက်သွားခဲ့ပါတယ်… အခင်းဖြစ်ပွားရာအခန်းထဲမှာကြက်တူရွေးတစ်ကောင်နဲ့ ကျန်အဖွဲ့သားသုံးဦးရဲ့လက်ဗွေရာကိုပဲတွေ့ခဲ့လို့သူတို့ကိုရဲတွေက လူသတ်မှုသံသယရှိသူတွေအဖြစ်စုံစမ်းစမ်းဆေးနေစဉ်အတွင်း ကျန်နေတဲ့ဓားပြအဖွဲ့မှာတစ်ယောက်ပြီးတစ်ယောက်အသတ်ခံနေရပြီး ဝမ်းရှင်းယွမ်တစ်ယောက်ပဲကျန်နေခဲ့ပါတော့တယ်…. သူတို့ကိုဘယ်သူကသတ်တာလဲ… ပျောက်သွားတဲ့ရတနာထုပ်ကရောဘယ်သူ့လက်ထဲမှာလဲ… အကြွေးတင်ခံရလောက်အောင်တိရစ္ဆာန်တွေကိုချစ်တဲ့ရဲအရာရှိလင်ဖာလျန် အခင်းဖြစ်ပွားရာမှာရှိနေခဲ့တဲ့ကြက်တူရွေးတစ်ကောင်နဲ့ ဘယ်လိုအမှုဖော်ကြမလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်..

Drama
6 2019
A Witness Out of the Blue
Sikandar Ka Muqaddar

Sikandar Ka Muqaddar (2024) “စိန်ခိုးမှု” ဘောလိဝုဒ်ပရိသတ်တို့အတွက် Netflix က အသစ်ထွက်ရှိလာတဲ့ သည်းထိပ်ရင်ဖိုရုပ်ရှင်တစ်ကားကို ထွက်ထွက်ချင်းဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်တွေအနေနဲ့ Avinash Tiwary, Jimmy Sheirgill နဲ့ မင်းသမီးချောလေး Tamannaah Bhatia တို့က ပါဝင်ထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်လမ်းအကျဉ်းကတော့ မွမ်ဘိုင်းက နာမည်ကြီးလက်ဝတ်ရတနာပြပွဲတစ်ခုမှာ လူလေးယောက် AK-47 တွေနဲ့ ဝင်စီးမယ်လို့ သတင်းပေးတစ်ယောက်က ဖုန်းဆက်လာပြီး အာဏာပိုင်တွေက လူတွေအားလုံး ပြပွဲခန်းမအပြင်ဘက် ဘေးလွတ်ရာကိုသွားခိုင်းကာ ဓားပြလေးယောက်ကို ထိန်းသိမ်းလိုက်နိုင်ပေမဲ့ အဲဒီလူတွေမရှိတဲ့ အခိုက်အတန့်လေးမှာပဲ တန်ဖိုးကြီးစိန်တွေပျောက်သွားတာ သိလိုက်ရတဲ့အချိန် စုံစမ်းစစ်ဆေးရေးအရာရှိ ဂျက်စ်ဝင်ဒါကို တာဝန်ပေးရပါတော့တယ် မျက်နှာထားတင်းတင်းနဲ့ လုပ်ရဲကိုင်ရဲတဲ့ ဂျက်စ်ဝင်ဒါက အပြစ်ရှိတယ်လို့ မထင်ရတဲ့ သံသယတရားခံ သုံးယောက်ကို ဆွဲထုတ်လိုက်တဲ့အခါမှာတော့ ဘယ်လိုတင်းမာမှုတွေဖြစ်လာမလဲ အမှန်တရားကို သိရဖို့အတွက် ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

0 2024 143 mins
Sikandar Ka Muqaddar
Miki
6.9

သမိုင်းနောက်ခံလည်းဖြစ် .. ဖြစ်ရပ်မှန် ဇာတ်ကားလည်းဖြစ်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက ၂၀၂၄ မှာ ထွက်ထားတဲ့ မာဖီးယား ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++++ ၁၉၉၀ ခုနှစ်ပိုင်း ကွန်မြူနစ်ခေတ်ကုန်ကာလ .. ဆလိုဗက်ကီးယားနိုင်ငံမှာ အကြောက်ရဆုံးဖြစ်တဲ့ မာဖီးယားခေါင်း‌ဆောင်တစ်ဦး ပေါ်ပေါက်ခဲ့ပါတယ်။ သူ့နာမည်က Miki။ Miki ဟာ အရင်က သစ်တောထဲမှာ အလုပ်လုပ်တဲ့ အလုပ်သမား တစ်ယောက်ပါ။ အရမ်းချမ်းသာချင်တဲ့ Miki ဟာ အဲဒီဘဝကနေ ရုန်းထွက်ဖို့ ကြိုးစားရင်း လောဘတက်ပီး အာဏာတွေ .. သစ္စာရှိ အရိုသေခံမှုတွေကို ရှာဖွေရင်း မာဖီးယားလောကထဲကို ရောက်သွားပါတယ်။ သူလုပ်နေတဲ့ မာဖီးယား အလုပ်တွေကို သူ့မိန်းမနဲ့ သူ့အမေ မသိအောင် ဘယ်လို ကျူးလွန်ခဲ့သလဲဆိုတာ ရင်တမောမောနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါလို့ ပြောရင်း .. ဘာတွေ ဆက်ဖြစ်မလဲဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှု ခံစားလိုက်ပါတော့။ ( ဘာသာပြန်နဲ့ အညွန်းကတော့ BZW ဖြစ်ပါတယ် ) File size… (1.26GB) / (773MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 47m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

6.9 2024 106 mins
Miki
The Wrong Track
6

The Wrong Track (2025) IMDb Rating (6.0) ငွေကြေးအခက်အခဲဖြစ်နေတဲ့ အလုပ်လက်မဲ့ single mother တစ်ယောက်ဖြစ်တဲ့ Emilie က သူ့ရဲ့သမီးလေး Lilith ကို သူ့ရဲ့အရင်ယောက်ျားဟောင်းနဲ့ တစ်ပတ်စီမျှပြီး ခေါ်နေတတ်တယ်။ အရင်ခင်ပွန်းဟောင်းကတော့ နောက်မိန်းမယူထားပြီးတော့ Emilie ကို ဝင်ငွေလည်းမရှိ ဘာကိုမှမလုပ်တဲ့ မိန်းမပျော့လို ဝေဖန်ပြီး Lilith ကို သူနဲ့ပဲအတူလာနေတာ အကောင်းဆုံးလိုမြင်ခဲ့တယ်။ Emilie လည်း အလုပ်အကိုင်အခြေတကျနဲ့ အဆင်ပြေနေတဲ့ သူ့အစ်ကိုဆီမှာ ထုံးစံအတိုင်းလာနေပေမယ့် သူ့အစ်ကိုရဲ့ဇနီးက ငြိုငြင်လာပြီမို့ Emilie ကို 54 ကီလိုမီတာရှည်တဲ့ နှင်းလျှောစီးမာရသွန်ပြိုင်ပွဲ Birkebeinerrennet မှာ ဝင်ပြိုင်ဖို ရာဇသံပေးလိုက်တယ်။ အရာရာကို နည်းနည်းလေးခက်ခဲလာတာနဲ့ လက်လျှော့တတ်တဲ့ Emilie တစ်ယောက် ပင်ပန်းကြမ်းတမ်းတဲ့ အပြေးလမ်းရှည်မာရသွန်ကြီးကို ပန်းတိုင်ရောက်အောင် ကြိုးစားနိုင်မလားဆိုတာကိုတော့ ဒီနော်ဝေးဟာသဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုရပါပြီ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.7 GB) / (940 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:34:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

Drama • Comedy
6 2025 94 mins
The Wrong Track
Tune in for Love
7.2

Tune in for Love (2019) ********************** IMDb… 7.2 လမ်းကလေးတစ်ခုမှာ အတူဖြတ်လျှောက်မိကြတဲ့ သူစိမ်းနှစ်ယောက်ဟာ မတော်တဆ အဝတ်အစားအချင်းချင်း ပွတ်တိုက်မိခဲ့ရုံဆိုရင်တောင် အတိတ်ဘဝမှာ သူတို့ဟာ ရေစက်ဆုံခဲ့ကြဖူးလို့ ဖြစ်ပါတယ်။ အကယ်၍များ လူနှစ်ယောက်ဟာ ဖူးစားကံပါပြီး ဘဝတစ်သက်တာ အတူ ဖြတ်သန်းခွင့်ရခဲ့ရင်တော့ သူတို့ဟာ ဘဝပေါင်း ၈၀၀၀ လောက် ရေစက်ဆုံခဲ့ကြဖူးလို့ပါပဲတဲ့။ ချစ်ရသူနဲ့ပေါင်းဖက်ရဖို့က အဲဒီလောက်အထိ ရှားပါးခက်ခဲပါတယ်။ အကြောင်းတစ်စုံတစ်ခုကြောင့် မကိုင်မိတဲ့ ဖုန်းတစ်လုံး၊ မသွားခဲ့မိတဲ့နေရာလေးတစ်နေရာကြောင့် ဝေးရဖို့အကြောင်းဖန်လာခဲ့ရင် ခင်ဗျားတို့ ခံနိုင်ရည်ရှိပါ့မလား… နာမည်ကြီး ထိပ်တန်းမင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Jung Hae In နဲ့ Kim Go Eun တို့ကတော့ ဒီလိုသေးငယ်တဲ့ ရွေးချယ်မှုလေးတွေကြောင့် အတူလျှောက်မဲ့လမ်းတွေမှာ အဖော်မဲ့သွားနိုင်ကြောင်းကို ဆွေးမြေ့ချစ်ကြည်နူးဖွယ်ကောင်းအောင် Tune in for love မှာ အတူပုံဖော်ပေးထားကြပါတယ်။ ဇာတ်လမ်းအကြောင်းလေး ပြောပြရရင်တော့ “မီဆူ” ဟာ သူ့အစ်မဖြစ်သူနဲ့ မုန့်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားပါတယ်။ အဲဒီမုန့်ဆိုင်မှာပဲ လူငယ်ထိန်းသိမ်းရေးစခန်းက လွတ်မြောက်လာတဲ့ “ဟျွန်းအူ” နဲ့ တွေ့ဆုံကြတယ်ပေါ့နော်။ “ဟျွန်းအူ” တစ်ယောက် မုန့်ဆိုင်လေးမှာ အချိန်ပိုင်းဝင်လုပ်ရင်း “မီဆူ” နဲ့ ရင်းနှီးလာရာကနေ အချင်းချင်း ခံစားချက်တွေဖြစ်တည်လာခဲ့ကြပါတယ်။ သို့သော်လည်း “ဟျွန်းအူ” မှာ လူသိမခံချင်တဲ့ ဆိုးရွားတဲ့ အတိတ်တစ်ခုရှိနေပြီး တစ်နေ့မှာတော့ ရုတ်တရက် မုန့်ဆိုင်‌လေးကနေ ထွက်ခွာသွားရာက “မီဆူ” နဲ့ အဆက်အသွယ်ပြတ်သွားကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဇာတ်လမ်းက ဒီမှာတင် အဆုံးမသတ်သေးဘဲ တစ်နေ့မှာ ပြန်ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ရိုးရိုးရှင်းရှင်း အချစ်ဇာတ်လမ်းလေးဆိုပေမဲ့ နာမည်ကြီး မင်းသား မင်းသမီးတွေ ရွေးချယ်ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် ရုပ်ရှင်ကြည့်ပရိသတ်ကြီးတို့ စိတ်ပျက်ရမှာ မဟုတ်တာတော့ သေချာပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးရဲ့ အဆုံးသတ်ကို သိချင်ရင်တော့ အခုပဲ ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Lai Laii ပဲ ဖြစ်ပါတယ်။) File Size : 2.09GB/ 850MB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…02:02:50 Genre : Romance, Life, Drama, Melodrama Subtitle : Myanmar Subtitle (Hard Sub) Translated by Lai Laii Encoded by Tiff

Action • Horror • Mystery • Science Fiction • Thriller
7.2 2019 122 mins
Tune in for Love
The Secret Recipe aka Rahasia Rasa
7.2

The secret recipe 2025 အရသာရဲ့အရသာ ရေဆာဆိုတာ မဟာရာဆာစားသောက်ဆိုင်ရဲ့ စားဖိုမှူးကြီး၊ တစ်နည်းပြောရရင် နာမည်ကြီးအီတလီစားသောက်ဆိုင်ရဲ့ ခေါင်းဆောင်စားဖိုမှူးပေါ့။ သူ့ရဲ့အိပ်မက်ကတော့ အင်ဒိုကနေတစ်ဆင့် အီတလီမှာ စားသောက်ဆိုင်ဖွင့်ချင်တာဖြစ်ပြီးတော့ ဒီအတွက် အရင်းအနှီးထုတ်ပေးမယ့်သူကတော့ သူ့ရဲ့ချစ်သူလေးဒင်ဒါရဲ့အဖေ ဘရိုတို သူ့ရဲ့ယောက္ခထီးလောင်းလေးပေါ့။ ဒါပေမဲ့ ဟင်းလျာနဲ့ပတ်သက်ရင် ရေဆာနဲ့ မစ္စတာဘရိုတိုတို့ကြားမှာ ကွဲလွဲမှုက ကြီးမားနေပြန်ပါတယ်။ ရေဆာကတော့ အီတလီအစားအစာကို အားသန်ပြီး မစ္စတာဘရိုတိုကတော့ မျိုးချစ်ပီပီ အင်ဒိုအစားအစာကို တန်ဖိုးထားသူပေါ့။ ဒီလိုနဲ့ အီတလီစားသောက်ဆိုင်စာချုပ်အတွက် လက်မှတ်ထိုးမယ့်နေ့မှာ ဘရိုတိုက ရေဆာကို မူတီကာရာဆာဆိုတဲ့ လျှို့ဝှက်ဟင်းချက်နည်းစာအုပ်ပေးလိုက်ပါတယ်။ ဒီစာအုပ်က ဟင်းချက်နည်းတစ်ထောင်ရှိတာပေမဲ့ အခုတော့ တစ်ပိုင်းတစ်စပဲရှိတာပါ။ ‌ရေဆာအတွက် ဘရိုတိုရဲ့စမ်းသပ်မှုကတော့ မူတီကာရာဆာကို မှီငြမ်းပြီး မီနူးသစ်ထွင်ဖို့ပါပဲ။ ဒါပေမဲ့ ရေဆာတစ်ယောက် အဖြစ်ဆိုးတစ်ခုနဲ့ကြုံပြီး အရသာခံနိုင်စွမ်း ပျောက်ဆုံးသွားချိန်မှာတော့ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team မှပဲဖြစ်ပါတယ်)

Comedy • Drama • Romance
7.2 2025 121 mins
The Secret Recipe aka Rahasia Rasa