YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Devil The British Secret Agent (2023) TRUE WEB-DL - 4K SDR - HEVC - YK{CM}.mkv

8.33 GB N/A video/x-matroska 386 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Nutty Professor
5.6

1996 ကထွက်ရှိခဲ့တဲ့ နာမည်ကျော်ဟာသမင်းသားကြီး Eddie Murphy ရဲ့ Comedy ဇာတ်ကားလေးပါ။ ထူးချွန်ထက်မြတ်ပေမယ့် မျိုးရိုးအလိုက် အ၀လွန်နေတာကြောင့် စိတ်ဓာတ်ကျနေတဲ့သိပ္ပံပညာရှင် ရှားမန်းဟာ သူ့ဉာဏ်ရည်ဉာဏ်စွမ်းကိုအသုံးချပြီး ၀စေတဲ့ဗီဇကိုပြောင်းစေတဲ့ ဆေးရည်ကိုထုတ်ဖော်နိုင်ခဲ့ပါတယ်။ ဒီဆေးရည်ကိုအသုံးချပြီး ရှားမန်းလည်း အရင်ကမရခဲ့တဲ့လေးစားမှု ချစ်ခြင်းမေတ္တာတို့ကို ပိုင်ဆိုင်နိုင်ဖို့ကြိုးစားရာကနေ ဆေးရည်ရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် တလွဲတွေဖြစ်ကုန်ရပါတယ်။ ၁၉၉၀ ကျော်ကထွက်ရှိတဲ့ Eddie Murphy ကားထုံးစံအတိုင်း၀က်၀က်ကွဲရယ်ရတဲ့ကားလေးဖြစ်ပြီး Jada Pinkett, James Coburn နဲ့ Dave Chappelle တို့လည်းပါ၀င်ထားပါတယ်။ File size…(902.69MB)  / (764MB)  Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:35:00 Genre...Comedy / Romance /Sci-Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  SP

Drama • History
5.6 1996 95 mins
The Nutty Professor
Lost in Saigon

Lost in Saigon ဆိုတဲ့ ဗီယက်နမ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ဇာတ်လမ်း အကျဉ်းလေးကတော့ မိသားစု တစ်စုမှာ မိန်းမက ကလပ်မှာ သီချင်းဆိုပြီး အိမ်ထောင်ဦးစီးလုပ်ပြီး ယောကျာ်းဖြစ်သူမှာ ကလေးထိန်း ဟင်းချက် အဝတ်လျော်ကာ အိမ်ရှင်မ ရာထူးကို ယူထားကြပါတယ်။ မိန်းမဖြစ်သူမှာလည်း သူငယ်ငယ်က အဆိုတော်ကြီးဖြစ်ချင်တဲ့ အိပ်မက်ကို စပွန်ဆာဘဲကြီး တစ်ပွေက စပွန်ဆာပေးမည်ဟု ပြောလာပါတယ်။ ဒါနဲ့ပဲ မိန်းမ ဖြစ်သူဟာ နာမည်မကြီးခင် စနေနှစ်ခိုင် အရင်ကြီးအောင်လုပ် ဆိုတဲ့ ထုံးကို နှလုံးမူပြီး ခွဲစိတ်ဖို့ အတွက် ပိုက်ဆံလိုလာပါတယ်။ ဒါနဲ့ အိမ်ကယောကျာ်းပေးထားတဲ့ လက်ထပ်လက်စွပ်ကို ရောင်းပြီး စနေနှစ်ခိုင်ကြီးအောင် လုပ်မယ်ဆိုပြီး လုပ်ရာကနေ ယောကျာ်းနဲ့စကားများပြီး အရောင်းဆိုင်ကို ရောက်သွားပါတော့တယ်။ ကံဆိုးချင်တော့ ရွှေဆိုင်ကို ဓားပြလာတိုက်တာနဲ့ကြုံပြီး မျက်မြင်သက်သေတွေဖြစ်ကာ သူတို့မိသားစုလေးနဲ့ဓားပြတွေ ဘယ်လိုတွေ နှစ်ပါးသွားပြီး တွေ့ကြမလဲ သူတို့ရဲ့ အိမ်ထောင်ရေးကကော ဘယ််လိုတွေဖြစ်ကြမလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေ အရွှန်းဖောက်ကာ ရယ်စရာကောင်းတဲ့ မိသားစု ကားလေးဖြစ်ပါတယ်။ ဗီယက်နမ်ကားဆိုတော့လဲ လူတိုင်းနဲ့ မစိမ်းတဲ့ပုံစံမျိုးလေး တင်ဆက်ထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre.....Comedy Quality…. 1080p | 720p | 480p File size…2.2GB | 1.2GB | 522MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... August

Comedy • Drama
0 2016 100 mins
Lost in Saigon
The SpongeBob Movie: Sponge Out of Water
6.1

SpongeBob Squarepants ကိုတော့အားလုံးသိကြပြီးသားဖြစ်မှာပါ 2015 ခုနှစ်ကထွက်ရှိထားတဲ့ action & adventure movie ဖြစ်ပြီး IMDb 6/10 ရရှိထားပါတယ် ဒီတစ်ခေါက်မှာတော့ Mr. Krabs ရဲ့လျှို့ဝှက်ဟင်းချက်နည်းက ရုတ်တရက်ပျောက်သွားရာကနေအစပြုပြီး Krabby Patties တွေလည်းထပ်မရှိတော့တာကြောင့် Bikini Bottom ကြီးတစ်ခုလုံးပရမ်းပတာတွေဖြစ်ပြီး ကပ်ဘေးကြီးဆိုက်သွားပါတော့တယ် SpongeBob တို့သူငယ်ချင်းတစ်စုသားလျှို့ဝှက်ဖော်မြူလာကိုရှာရင်းကုန်းပေါ်အထိပါတက်သွားရတဲ့အထိပါပဲ သူတို့ကုန်းပေါ်မှာ လျှိူ့ဝှက်ဖော်မြူလာကိုပြန်ရှာဖို့စွန့်စားခန်းတွေဖွင့်ရင်း Bikini Bottom ကိုကယ်တင်ဖို့ကြိုးစားကြတာတွေကိုပျော်ပျော်ကြီးကြည့်ရှုရမှာပါ

Drama • Romance
6.1 2015 93 mins
The SpongeBob Movie: Sponge Out of Water
S.O.S Mamis 2: Mosquita Muerta
Quo Vadis, Aida?
7.6

IMDb Rating. = 7.9/10 Rotten Tomatoes = 100% July 1995မှာ Srebrenicaက မွတ်စလင် 8373ယောက်ဟာ လူမျိုးသုဉ်းသတ်ဖြတ် ခံခဲ့ရတယ်။ 2005မှာ ကုလအထွေထွေ အတွင်းရေးမှူးချုပ် ကိုဖီအာနန်က ဆရီဘရီနီကာမြို့က အစုအပြုံလိုက်သတ်ဖြတ်မှုဟာ ဥရောပမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အဆိုးရွားဆုံးဖြစ်ရပ်လို့ ကြေညာခဲ့ရတဲ့အထိကို ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ အဖြစ်ဆိုးတစ်ခုပါပဲ။ဥရောပရဲ့ နှလုံးသား‌ ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ UNသမိုင်းက အမဲစက်ကြီးဆိုပြီး ကျော်ကြားခဲ့တယ်။ဒီသတ်ဖြတ်မှုကို လူမျိုးသုဉ်းသတ်ဖြတ်မှုလို့လည်း ခေါ်ကြပေမဲ့ ဆားဘီးယားသမ္မတကတော့ လူမျိုးသုဉ်း သတ်ဖြတ်မှုမဟုတ်ပါဘူးလို့ ငြင်းဆိုထားတယ်။ဒီရုပ်ရှင်ဟာ ဆရီဘရီနီကာက Genocideဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ဇာတ်လမ်းကတော့ ဆာ့ဗ်‌တွေက ဆ‌ရီဘရီနီကာကို စသိမ်းလုဆဲဆဲ အချိန်ကစထားတယ်။ မြို့ပေါ်ကို လက်နက်ကြီးတွေ စက္ကန့်တိုင်းမှာ သုံးခုစီ ကျနေတယ်။ UN က ဆရီဘရီနီကာမှာ အခြေစိုက်စခန်းချပြီး ဆရီဘရီနီကာကို လုံခြုံရေးဇုန် (ဝါ) UN ကာကွယ်မှုရဇုန်အဖြစ် ကြေညာထားတယ်ပေါ့။ ဆာ့ဗ်တွေဘက်က လက်နက်ကြီးတွေကို မရုတ်သိမ်းရင် နေတိုးရဲ့လေကြောင်းတိုက်ခိုက်မှုတွေ စလုပ်မယ်လို့ UNကနေ ရာဇသံပေးထားတယ်။ ထုံးစံအတိုင်းပေါ့ ဆာ့ဗ်တွေမြို့နားကပ်လာကတည်းက UN က တစ်လက်မမှ ထပ်မကပ်လာစေရဘူး ဘာညာကတိ‌တွေပေးတယ်။ ဟိုဘက်ကတပ်တွေက မြို့ကိုသိမ်းသွားတဲ့အထိကို နေတိုးရဲ့ လေကြောင်းတိုက်ခိုက်မှုလည်းမလာ ရိက္ခာတောင်မလာဘူး။အခြေစိုက်စခန်းက အရာရှိတွေပြောတဲ့ "ကျုပ်တို့ လုပ်နိုင်တာ အကုန်လုပ်နေပါတယ်"ဆိုတဲ့စကား ကြားရတာကလွဲ ဘာမှဖြစ်မလာခဲ့ဘူး။နောက်ဆုံး သူတို့ အခြေစိုက်စခန်းထဲ ၀င်သောင်းကြမ်းသွားတဲ့ အထိကို UNက ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဒီကနေမှ ယူအမ်အခြေစိုက်စခန်းချထားတဲ့ ဆာဘရီနီကာမှာ UNကြီးငုတ်တုတ်ရှိနေလျက်နဲ့ UNရဲ့အဆိုးရွားဆုံးကျရှုံးမှု (ဝါ) UN သမိုင်းရဲ့ အကြီးဆုံးအမဲစက်ဖြစ်တဲ့ ဆရီဘရီနီကာ Genocide ဘယ်လိုဖြစ်သွားခဲ့လဲဆိုတာကို ရိုက်ပြထားတယ်။ဒီလူမျိုးသုဉ်းသတ်ဖြတ်မှုရဲ့ တရားခံဖြစ်တဲ့ ဘော့စနီးယား သားသတ်သမားလို့ အမည်တွင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ရတ်ကို မလာဒစ်ချ်ဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရပြီးတဲ့ ၁၉၉၅ ခုနှစ် ကတည်းက စပြီး ထွက်ပြေး တိမ်းရှောင်နေခဲ့တယ်။ 2017 မှာ လူမျိုးသုဉ်းသတ်ဖြတ်မှု အပါအ၀င် စွဲချက် ၁၁ ခုနဲ့ ထောင်ဒဏ် တစ်သက်ချမှတ်ခံခဲ့ရပြီး ပြစ်ဒဏ်စီရင်ချက်ကိုဖတ်ကြားတဲ့အချိန်မှာ အသတ်ခံရသူများ၏မိခင်များက လက်ခုပ်သြဘာပေးကြတယ်လို့ဆိုတယ်။ Quo Vadis ,Aida? ကို ဘော့စနီးယားဒါရိုက်တာ Jasmila Žbanićက ရေးသား ရိုက်ကူးထားပြီး 2021 အော်စကာဆုပေးပွဲမှာ Best International Feature Filmဆုအတွက် ဆန်ခါတင်၀င်ခဲ့တယ်။ ဆုကိုတော့ သိတဲ့အတိုင်း ဇိုးဘဲရုပ်ရှင်က ရသွားခဲ့တာပါ။ BAFTAအပါအ၀င် တခြားဆုပေးပွဲတွေမှာ ဆန်ခါတင် အတော်များများ၀င်ခဲ့ပြီး ဆုအချို့လည်းရထားခဲ့တယ်။ Ratingပိုင်းမှာလည်း ပေးချင်တဲ့သူပေးပြီး မကောင်းလည်း မြင့်ချင်သလိုမြင့်သွားနိုင်တဲ့ IMDbလည်း 7.9 ပါ။ 100%ပေးတဲ့ကား အရမ်းများနေလို့ ဖြတ်ရိုက်ချင်စရာ ကောင်းနေတဲ့ Rotten Tomatoes ကလည်း100% ပါပဲ။ နောက် သူတို့ထဲတော့ ကျွန်တော်အယုံဆုံး Rating ဖြစ်တဲ့ Metacritic Ratingက 97% ပါ။ Meta 97%ရတဲ့ကား အတော့်ကိုရှားပါတယ်။ အသေကောင်းပါတယ်ဆိုတဲ့ ကားတွေတောင် 95%မရောက်ပါဘူး။‌ နောက် ဒီရုပ်ရှင်ဟာ Metacriticက စာရင်းလုပ်ထားတဲ့ 2021 ရဲ့ ထွက်ပြီးသမျှ အကောင်း‌ဆုံး ကားစာရင်းမှာ နံပါတ်တစ်နေရာယူထားတယ်။ ဆိုတော့ကာ စိတ်ချလက်ချ ကြည့်လို့ရပါတယ်။ခေတ်ကာလအခြေနဲ့လည်း ကိုက်ညီတာကြောင့် Criticတွေထက်တောင် ကောင်းကောင်းကြီး ပိုခံစားလို့၀င်ကြမှာပါ။ Ref , BBC and Other News Medias (တန်ဖိုးရှိတဲ့ ဒီဇာတ်ကားအတွက် တန်ဖိုးရှိတဲ့ ရုပ်ရှင်အညွှန်းကို WiRa Aung က ဖန်တီးပေးထားတာပါ။) File size…(1.8 GB) / (900 MB) / (441 MB) Quality…WEB-DL 1080p / 720p / 480p Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….d3mon Translated by WiRa Aung

Drama
7.6 2021 104 mins
Quo Vadis, Aida?
Hold the Dark
5.4

သားရဲ တိရစ္ဆာန်တစ်ကောင်ဖြစ်တဲ့ ဝံပုလွေတစ်ကောင်ရဲ့ နေထိုင်မှုပုံစံဟာ ကျွန်တော်တို့အမြင်မှာတော့ ရက်စက်ကြမ်းယုတ်နေတယ်...တစ်ခုတော့ရှိတော့ ဝံပုလွေတစ်ကောင်ရဲ့ နှလုံးသားကို ကျွန်တော်တို့တစ်ခါမှမြင်အောင် မကြည့်ခဲ့ကြသလို ဖေးမစာနာစရာလိုတယ်လို့လည်း တစ်ခါမှ မစဉ်းစားခဲ့ကြဘူး.... ဝတ္ထုအနေနဲ့ အောင်မြင်ခဲ့တဲ့ Hold the Dark ကိုရုပ်ရှင်အဖြစ်အသက်သွင်းထားတဲ့ Hold the Dark (2018) ဇာတ်ကားဟာ ဝံပလွေတွေနဲ့ အဓိက ဇာတ်အိမ်တည်ထားတယ်... Medora Sloaneဆိုတဲ့အမျိုးသမီးမှာ သိပ်ချစ်ရတဲ့ သား(၃)ယောက်ရှိတယ်...ကံဆိုးစွာပဲ ဒီသားလေးတွေဟာ ဝံပုလွေဆွဲလို့ အသက်ဆုံးရှုံးသွားတယ်... မိခင်ဖြစ်သူအတွက် ဝံပလွေတွေဟာ နာကျဉ်းစရာ စက်ဆုတ်စရာပေါ့... အမေဖြစ်သူဟာ ဝံပုလွေကို အမုန်းကြီးမုန်းလေတော့ ဝံပုလွေအကြောင်းကိုလေ့လာနေသူစာရေးဆရာလည်းဖြစ် မုဆိုးလည်းဖြစ်တဲ့ Russell Core ကို အကူအညီတောင်းတယ်..အဲ့ဒါကတော့ ဝံပုလွေတွေကိုလက်စားချေ သတ်ဖြတ်ပေးဖို့ပါပဲ... Russell တစ်ယောက် ဝံပုလွေရှာပုံတော်ဖွင့်ရင်း ဘာတွေဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး...ဒီကားက ရှုံထောင့်စုံကနေ ကြည့်ရှုသူကို ဆွဲခေါ်သွားရင်း တွေးစရာလေးတွေပေးသွားတဲ့ကားလေးလည်းဖြစ်ပါတယ်... ဇာလမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်... File Size : (850 MB) and (376 MB) Quality : 720p WEBRip, Format…mp4 Duration…02:05:00 Genre :  Adventure , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by  May Tharaphi Lwin Encoded by Phyo Pyae

5.4 2018 126 mins
Hold the Dark
The Novelist’s Film
7

The Novelist’s Film (2022) ~ IMDb – 7/10, Rotten Tomatoes – 100% ~ Directed by Hong Sang-soo ဟုံဆန်ဆူးဟာ မနှစ်ကထွက်တဲ့ ၂ကားကနေ အခုထိ ဒါရိုက်တာတွေ မင်းသမီးတွေ စာရေးဆရာတွေအကြောင်းချည်း ရိုက်လာတာပါ။ ဇာတ်ညွှန်းနဲ့ ဇာတ်လမ်းတင်ဆက်ပုံအရဆို In Front of Your Face က ပိုသာတယ် ထင်ကောင်းထင်ရပေမဲ့ ကျွန်တော်တော့ ဒီသုံးကားထဲ The Novelist’s Film ကို အကြွေဆုံးပါပဲ။ In Front of Your Faceထဲက သရုပ်ဆောင်တွေရော၊ Introduction ထဲက သရုပ်ဆောင်တွေရော ပြန်သုံးထားပါတယ်။ ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်းပါပဲ စာရေးဆရာရိုက်တဲ့ ရုပ်ရှင်အကြောင်းပေါ့။ နာမည်ကြီးစာရေးဆရာမတစ်ယောက်ရှိတယ်။ သူစာမရေးနိုင်တာ နည်းနည်းကြာပြီ။ သူစာမရေးနိုင်တဲ့ သဘောက သူက ပုံမှန်ဆို ဘာမှမဟုတ်တဲ့ အကြောင်းအရာလေးတွေကို တစ်ခုခုခံစားရအောင် ရေးနိုင်စွမ်းရှိတဲ့ သူမျိုးပေါ့။ အရင်ကတော့ ဒီလိုရေးနိုင်တာက သူ့အတွက် ပါရမီလိုလို ဘာလိုလို သူခံစားခဲ့ရတယ်။ ကြာတော့ သူ့ဘာသာ ဒါကြီးက ဟန်များပြီး မရိုးသားဘူးလို့ မြင်လာရော။ စာရေးဆရာရဲ့ အလုပ်က စာဆက်ရေးနေဖို့ပဲလေ။ ဒီတော့ သူဆက်ရေးတယ်။ မကြိုက်ဘူး။ ဖြဲပစ်တယ်။ ဒီလိုနဲ့လည်နေတာပဲ။ ဒီလိုနဲ့စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း သူသိပ်ကြိုက်တဲ့၊ ကားမရိုက်တာကြာပြီဖြစ်တဲ့ မင်းသမီးနဲ့တွေ့တယ်။ ဂင်မင်ဟီးပေါ့။ သူနဲ့တွေ့တဲ့အခန်းမှာ ဂင်မင်ဟီး အပြင်ဘဝနဲ့ ခပ်ဆင်ဆင်စကားတွေသုံးပြီး ဂင်မင်ဟီး ကားသိပ်မရိုက်ရတဲ့ အကြောင်းရင်းကိုတောင် ရှင်းသွားတယ်။ ပြီးကျ စာရေးဆရာမက သူစာရေးမရလို့ ဇာတ်ကားတစ်ကားရိုက်ကြည့်ချင်တဲ့အကြောင်း ဂင်မင်ဟီးကိုပြောပြီး အတူတူရိုက်ကြတယ်။ စာကျတော့ ရေးလို့မရဘူး။ ရုပ်ရှင်ကိုကျ ဇာတ်ညွှန်းပါရေးပြီး ရိုက်ဖို့လုပ်တာက နည်းနည်းတော့ မဆီလျော်ဘူးထင်စရာပဲ။ ဒါကိုလည်း သူက သူရိုက်ချင်တဲ့ ပုံစံကိုပြောပြပြီး ပြန်ရှင်းသွားတယ်။ သူ့ရုပ်ရှင်ရိုက်နည်းက ဇာတ်ညွှန်းမရှိတာလည်း မဟုတ်ဘူး။ ရှိတယ်။ ဒါပေမဲ့ သူတည်ဆောက်ထားတဲ့ ဇာတ်ညွှန်းထဲ သူ့အလိုလို ဆင့်ပွားဖြစ်လာတဲ့အရာတွေကိုလည်း ဇာတ်ညွှန်းအတိုင်းကိုက်အောင် ပိတ်ဆို့ပစ်တာမျိုးမရှိတဲ့ပုံစံမျိုးပေါ့။ စာရေးတာမှာလည်း ဒီလိုမျိုး ခပ်ဆင်ဆင်တော့ရှိပေမဲ့ ရုပ်ရှင်မှာလောက်တော့ မလွတ်လပ်ဘူးပေါ့။ စာရေးတာမှာက ကိုယ့်ဇာတ်ကောင်တွေကို ကိုယ်မထိန်းနိုင်တော့တာမျိုး သူ့ဘာသာ အသက်ဝင်လာတာမျိုးပေါ့။ မင်းလူတော့ အမှာစာတစ်ခုမှာ ဒီလိုဖြစ်ဖူးတယ်လို့ ရေးထားတာပဲ။ ခပ်ဆင်ဆင်ပြောရရင် ဇာတ်ညွှန်းက ပန်းပွင့်တစ်ပွင့်ပွင့်တာကို ရိုက်မယ်ထား။ ဒါရိုက်တာက ပန်းပွင့်လာတာကို ထိုင်ရိုက်တယ်ထား။ သူရိုက်နေတုန်း ပွင့်ပွင့်ချင်း ပန်းကတစ်လွှာ အလိုလိုကြွေသွားတယ်ထား။ ဒါရိုက်တာက သူ့ဇာတ်ညွှန်းအရ ပွင့်တဲ့အထိပဲဖြစ်ရမယ်ဆိုပြီး တစ်လွှာကြွေတာကို ကန့်သတ်ပြီး ဖယ်မပစ်တဲ့ပုံစံမျိုး ရိုက်တယ်ပေါ့။ ဒီရုပ်ရှင်ဟာ စာရေးသားခြင်းမှာ သူမရတဲ့ လွတ်လပ်ခြင်းမျိုးကို စာရေးဆရာမက ရုပ်ရှင်ရိုက်ပြီး ပြန်ရှာတဲ့ အကြောင်းပါပဲ။ ဟုံဆန်ဆူးဟာ သူပြချင်တဲ့ပွိုင့်ကို တော်တော်လှလှပပကို ပြသွားပါတယ်။ မနှစ်ကအကောင်းဆုံးကားတွေထဲ ဟုံဆန်ဆူးရဲ့ In Front of Your Face ကို ထည့်ခဲ့ရသလို ဒီနှစ်လည်း ဟုံဆန်ဆူးရဲ့ The Novelist’s Film ကို ဒီနှစ်ရဲ့အကောင်းဆုံးကားတွေ စာရင်းထဲ ထည့်ရဦးမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.73GB, 1.13GB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 32Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Biography • Drama • History
7 2022 92 mins
The Novelist’s Film
Betty Blue (1986) 18+
7.3

တံကောက်ကြောဖြတ်ထားခံထားရတဲ့မြင်းရိုင်းတစ်ကောင်လို မိန်းကလေးကိုမှ ချစ်မိတဲ့အမျိုးသားတစ်ယောက်ရဲ့ သုခ ၊ ဒုက္ခ ၊ ချစ်ဒုက္ခ။ ကံကြမ္မာရဲ့မျက်နှာသာမပေးမှုတွေကြောင့် ကမ္ဘာကြီးရဲ့လှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့ ပန်းကလေးလို ၊ မြင်းရိုင်းလို ၊ စိတ်ရူးဖောက်နေတဲ့အမျိုးသမီးတစ်ယောက်လို.. မတရားမှုကို ဆတ်ဆတ်ထိမခံ တုံ့ပြန်တဲ့အရိုင်းလေး ဘက်တီရဲ့ဘဝအတုံ့အလှည့်တွေအကြောင်း။ အဖြစ်အပျက်တွေအကြောင်း။ ဒီလိုမိန်းကလေးကိုမှ ချစ်မိတဲ့အမျိုးသားအတွက်တော့ ဒါဟာ ဝဋ်ကြွေးလို့လည်းခေါင်းစဥ်မတပ်ရက်တဲ့ လှလှပပ စိတ္တဇနာမ်လေးတစ်ခုလို့ပဲ ဆိုရမလား။ အရူးမကိုမှ ရွေးချစ်မိတယ်လို့ပဲ ဆိုရမလား။ ဘာပဲဖြစ်ဖြစ် ချစ်မိပြီဆိုမှတော့ သူ့အတွက် အရာအားလုံး လုပ်ပေးချင်ခဲ့တာပါပဲ။ ကြယ်တွေ ခူးပေးတာပဲဖြစ်ဖြစ်။ ဓားပြတိုက်ပေးတာပဲဖြစ်ဖြစ်။ သူ့အတွက်နဲ့ တပါးသူကို အမှိုက်ပီဇာ ဖုတ်ကျွေးမိတာပဲဖြစ်ဖြစ်။ အချစ်ဆိုတာ ဒီလိုပဲလားလို့တွေးမိရင် ဒါက အချစ်ပါပဲလို့ညွှန်းရမယ့်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဘက်တီဆိုတဲ့အမျိုးသမီးလေးက Zorg ဆိုတဲ့ယောကျာ်းတစ်ယောက်ဆီကို နေသာတဲ့နေ့တစ်နေ့မှာ ရောက်လာခဲ့ပါတယ်။ သူတို့အတူ ချစ်ရည်လူး တစ်တီတူးနေတာကို မြင်ပြင်းကတ်လှတဲ့လူတွေ သို့မဟုတ် တစ်ဆင့်စကားတွေကြောင့် ဇုရဲ့ အလုပ်ရှင်နားကို ပြန်လည်ပေါက်ကြားသွားတဲ့အခါ… Zorg နေတဲ့တဲကို အလုပ်ရှင်ရောက်လာပြီး ဘက်တီ့ကို နှင်မထုတ်စေချင်ရင် တဲတွေကို ဆေးလိုက်သုတ်ပေးဖို့ ပြောသွားခဲ့ပါတယ်။ ဘန်ဂလို ၅၀၀ ကို အလကား ဆေးသုတ်ခိုင်းတဲ့အလုပ်ရှင် ၊ ငြိမ်ခံနေတဲ့ Zorg နဲ့ မဟုတ်မခံ ဆတ်ဆတ်ကြဲ ဘက်တီတို့​ ထိပ်တိုက်တွေ့ကြရာကနေ ရန်ဖြစ်ကြပြီး ပစ္စည်းတွေပစ်ပေါက်ရင်း ဘက်တီဟာ Zorg ရဲ့လက်ရေးမူဝတ္ထုတစ်ပုဒ်ကို မတော်တဆတွေ့သွားခဲ့ပါတယ်။ ဒီကစလို့ Zorg ကို စာရေးဆရာဖြစ်စေချင်လွန်းလှတဲ့ ဘက်တီရဲ့စိတ်အားထက်သန်မှု ၊ ကြိုးစားအားထုတ်မှု ၊ ကံကြမ္မာအလှည့်အပြောင်းတွေကို ရသမျိုးစုံ ခံစားရနိုင်မယ့်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ဘက်တီဟာ မြင်းရိုင်းတစ်ကောင်ဆိုရင် Zorg ကိုရော ဘယ်လိုမျိုးသတ်မှတ်နိုင်မလဲဆိုတာ ကိုယ်တိုင်သာ ကြည့်ရှုစေချင်ပါတယ်။ တစ်ယောက်လက်ကို တစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပေမဲ့လည်း ကံကြမ္မာက မျက်နှာသာမပေးခဲ့ရင်ရော ဘယ်လို​ဖြေရှင်းမလဲ..။ ချစ်ခြင်းတရားကတော့ သိပ်လှပါတယ်။ ဒါပေမဲ့ ဘက်တီရယ်.. လောကကြီးမှာ မကောင်းတဲ့ကောင်တွေ မျိုးသုဉ်းသွားမှာလည်း မဟုတ်သလို ၊ မျှော်မှန်းသလို မဖြစ်တဲ့အဖြစ်အပျက်တွေ၊ အချိန်ကိုက် ချော်လွဲရတဲ့ဖြစ်ရပ်တွေ ရှိနေဦးမှာပါပဲ..။ (လိင်အင်္ဂါများကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားပါသဖြင့် မိသားစုနှင့်ကြည့်ရှုရန် မသင့်ပါ) File size…(4.29GB) / (`1.94GB) / (1.01GB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:59:00 Genre… Drama /Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shinn Man Htet Myat

Crime
7.3 1900 120 mins
Betty Blue (1986) 18+
April Story
7.1

April Story (1998) ~ IMDb – 7.1/10, Rotten Tomatoes – 81% ~ Directed by “Shunji Iwai” ဂျပန်စီနီမာရဲ့ အားသာချက်က ဘာမှမဟုတ်တဲ့ တစ်နေ့တာအဖြစ်လေးတွေမှာ အလှတရားထင်ဟင်အောင် အလှဆုံးပြနိုင်တာလို့ ဆိုကြတယ်။ ဂျပန်ရုပ်ရှင်တွေကို ကြိုက်တတ်တဲ့ အိုဇုကို သိပ်ချစ်တဲ့ Wim Wenders တောင် Perfect Days ကို အဲဒီဘောင်ထဲ ဝင်အောင် ရိုက်ပြသွားနိုင်ခဲ့တယ်။ အင်တာနေရှင်နယ်ရုပ်ရှင်လောကမှာ အီတလီတို့ ပိုလန်တို့ ပြင်သစ်တို့ ဟောင်ကောင်တို့ ထိုင်ဝမ်တို့က ဘဲတွေ ဟောလိဝုဒ်တက်ရိုက်လိုက်၊ ဂျပန်က ဘဲတွေ ကိုရီးယားကားရိုက်လိုက်၊ ဂျာမန်ကဘဲက ဂျပန်တက်ရိုက်လိုက်ဖြစ်တာက ဆန်းတော့မဆန်းပါဘူး။ ပြဿနာက အဲဒီလိုရိုက်လိုက်တဲ့အခါတိုင်း သူတို့အငွေ့အသက်တွေကျန်ရင်တောင် အပြည့်အဝမရတော့တာပဲ။ ဂျွန်ဝူးတို့ ဝေါင်ကာဝေးတို့ အန်းလီတို့တက်ရိုက်လိုက်တဲ့ ဟောလိဝုဒ်ကားတွေ၊ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားနဲ့ အီဝေကိုယ်တိုင် ရိုက်ထားတဲ့ တရုတ်ကားကို ကြည့်ရင်ကို ဒါက မြင်သာတယ်။ ကျွန်တော်တို့ရဖူးတဲ့ သူတို့အရသာတွေ အပြည့်အဝမရတော့ဘူး။ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားကားဆို ဂျပန်ကားလို့ပြောရမှာလည်း အဆင်မပြေသလို ကိုရီးယားလို့တပ်ဖို့လည်း မဖြစ်နိုင်ဘူး။ Wim Wenders ကတော့ ဂျပန်ကားကို အောင်မြင်အောင်ရိုက်နိုင်ခဲ့တယ်။ အိုဇုနဲ့ ဂျပန်စီနီမာကို ချစ်တာကြောင့် ဒီစီနီမာနဲ့သိပ်ရင်းနှီးနေတာကြောင့်လားတော့ မသိနိုင်ဘူး။ ဆိုလိုရင်းကတော့ ဂျပန်ရုပ်ရှင်တွေရဲ့ အငွေ့အသက်က သီးခြားရပ်တည်နေတယ်။ တခြားနိုင်ငံက သရုပ်ဆောင်တွေသုံးပြီး ဂျပန်ရဲ့ထိတ်ထိတ်ကြဲ ဒါရိုက်တာတွေရိုက်တောင် ဂျပန်ရုပ်ရှင်အငွေ့အသက် အပြည့်ရမှာမဟုတ်ဘူး။ Shunji Iwai ကတော့ အဲဒီဂျပန်ရုပ်ရှင်ရဲ့ အငွေ့အသက်ကို အပေးနိုင်ဆုံး ဒါရိုက်တာလို့ ကျွန်တော်တော့ ပုဂ္ဂလိက အမြင်အရ မြင်တာပဲ။ အီဝေရဲ့ ရုပ်ရှင်အားလုံးနီးပါးဟာ ရိုးရှင်းတယ်။ လှပတယ်။ ဒါပေမဲ့ ထိခတ်တယ်ဆိုတဲ့ အမျိုးအစားတွေပဲ။ ဧပရယ်စတိုရီမှာဆိုလည်း ဇာတ်လမ်းကြာချိန်က ၆၇မိနစ်။ အကြောင်းအရာက ကောင်မလေးတစ်ယောက် အေးချမ်းအေးစိမ့်တဲ့ ဟော့ခိုင်ဒိုကနေ နွေးထွေးစည်ကားတဲ့ တိုကျိုကို တက္ကသိုလ်သွားတက်တဲ့ ကနဦးအချိန်ကို ရိုက်ပြထားတာ။ တိုကျိုရောက်တယ်။ နေရာချတယ်။ ကျောင်းတက်တယ်။ သူငယ်ချင်းတွေတွေ့တယ်။ ကျောင်းမှာနည်းနည်းဖြတ်သန်းပြတယ်။ တိုကျိုမှာ တစ်ကိုယ်ရေနေနေတဲ့ သူ့ဘဝကိုပြတယ်။ ဒါပဲ။ ဘာမှမပိုဘူး။ အဲဒီကောင်မလေးနေရာက Takako Matsu က သရုပ်ဆောင်ထားတယ်။ သူ့ရဲ့ဓာတ်ရယ် အီဝေရဲ့ဓာတ်ရယ် ပေါင်းလိုက်တဲ့အခါ ဒီရိုးရှင်းတဲ့ဇာတ်လမ်းက ဘာမှပြစရာမရှိတော့တာတောင် တိုလွန်းတယ် ခံစားရတဲ့အထိ အရသာပေါ်လာတယ်။ တစ်ခန်းမှာ ကျွန်တော်ပြေးမြင်တာက ကိုရီးယားရိုမန့်တွေထဲ ကျွန်တော်အကြိုက်ဆုံးဖြစ်ဖူးတဲ့ဖြစ်နေဆဲဖြစ်တဲ့ The Classic က အလှဆုံးအခန်းကိုပဲ။ အဲဒီအခန်းဟာ The Classic ကို အလှပဆုံးဖြစ်စေခဲ့သလိုပဲ ဧပရယ်စတိုရီမှာလည်း အလားတူအခန်းက ဒီဇာတ်လမ်းကို ကြည့်လို့မဝနိုင်ဖြစ်သွားစေတယ်။ ၂ကားလုံးကြည့်ဖူးရင်တော့ သတိထားမိကြမှာပါပဲ။ သေချာတာတော့ April Story (1998) ဟာ အီဝေရဲ့အပြတွေကို လူ့ပြည်မှာ နိဗ္ဗာန်တည်ထားသလိုလို့ ပြောကြတာမလွန်ကြောင်း သက်သေတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 650MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 7Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Drama
7.1 1998 67 mins
April Story
[18+] Kabit
6.7

ဒါရိုက်တာ Lawrence Fajardo ဟာကိုယ်တိုင်ပြဇာတ်သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့ဖူးသလို၊ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပွဲတိုးတဲ့ ဆုတွေအများကြီးရခဲ့ဖူးတဲ့သူပါ။ အဲ့ဒီလိုပဲ ကျနော်တို့ပရိသတ်တွေနဲ့ရင်းနှီးပြီးသား Nerisa, Mahjong Nights,Reroute, Scorpio Nights 3 တို့လိုကားတွေ ရဲ့ဖန်တီးရှင်လည်းဖြစ်ပါသေးတယ်။ ဒီဇာတ်ကားမှာတော့ သူအကျွမ်းကျင်ဆုံးဘာသာရပ်ဖြစ်ပုံရတဲ့ ပြဇာတ်လောကကို အခြေခံထားပါတယ်။ နာမည်ကျစပြုနေတဲ့ (သူ့ကိုယ်သူတော့ အနုပညာမှာဆရာတစ်ဆူလို့ထင်နေပုံရတဲ့)ပြဇာတ်ဒါရိုက်တာတစ်ယောက်၊ ငယ်စဉ်ကတည်းက အနုပညာလောကထဲရောက်ခဲ့ပေမယ့် အခုချိန်ထိရှေ့တန်းမရောက်နိုင်တဲ့ မင်းသားငယ်တစ်ဦး ပြီးတော့ သူပါဝင်ခဲ့သမျှရုပ်ရှင် role တွေကို မကျေနပ်ပဲ အခုချိန်မှ ပြဇာတ်လောကကို ခေါင်းဆောင်အနေနဲ့တိုးဝင်မယ့် မျက်နှာသစ်မင်းသမီး အစရှိတဲ့သူတွေဟာ သူတို့အားလုံးအတွက် အောင်မြင်ပေါက်ရောက်စေမယ့် ပြဇာတ်တစ်ခုကိုဖန်တီးကြမှာပါ။ ပြဇာတ်ရဲ့ဇာတ်လမ်းသွားကတော့ ၉၉ ကထွက်ခဲ့တဲ့ Ang kabit ni Mrs. Montero သို့မဟုတ် Lady chatterley’s lover နဲ့ကျောရိုးအတူတူပါပဲ။ အောက်ပိုင်းသေနေတဲ့သူဌေးကြီး၊ သူ့ကိုအားမရတော့တဲ့ ဇနီးနဲ့ သူတို့လယ်တောက အားကောင်းမောင်းသန်သူရင်းငှားလေးတို့ကြားကဇာတ်ရှုပ်ဖြစ်ပါတယ်။ အဲ့ဒီလိုဇာတ်ကို ဇာတ်ခုံပေါ်မှာတင်ဆက် ကပြမှာဖြစ်တဲ့အတွက် public sex ဝါသနာရှင်တွေအတွက်တော့ ရှယ်ပါပဲ။ ဇာတ်လမ်းက ကြောက်စရာကောင်းလောက်အောင်ကိုကြမ်းပါတယ်။ရှုစားကြပါ။ ( အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_( 1.3GB)/( 680MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

6.7 2024 124 mins
[18+] Kabit
Karataka Damanaka
6.5

Karataka Dhamanaka (2024) “ဆရာနှစ်ပါး” IMDb 6.5 အသစ်ထွက် ကန်နားဒါး ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ရွာလေးတစ်ရွာမှာ မိုးခေါင်ရေရှားမှုတွေ နှစ်ချီကြာညောင်းခဲ့ပြီး အဆင်မပြေကြလို့ ပြောင်းရွှေ့သွားတဲ့သူတွေလည်း ဒုနဲ့ဒေးပါ နိုင်ငံရေးသမားတွေရဲ့ အကျင့်ပျက်ချစားမှုကြောင့် မြေစာပင်ဖြစ်ရတဲ့ ရွာသားတွေမှာ အံတကြိတ်ကြိတ်ပေါ့ တစ်ချိန်တည်းမှာပဲ လိမ်လည်ခြင်းအတတ်ကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်းတဲ့ နိုင်ငံကျော်လူလိမ်နှစ်ယောက်ဟာ နိုင်ငံရေးသမားတစ်ဦးကို မလှိမ့်တစ်ပတ်လုပ်ပြီး အရှက်ရစေခဲ့တဲ့အတွက် ထောင်ထဲရောက်လာတယ် သူတို့ရဲ့ အရည်အချင်းကို သိသွားတဲ့ ထောင်မှူးဟာဆိုရင် လူလိမ်နှစ်ယောက်ကို မိုးခေါင်ရေရှား ရွာလေးကို လွှတ်လို့ အထူးတာဝန်တစ်ခု ပေးလာတဲ့အခါ … ဘယ်လိုအလွဲတွေ ဆက်ဖြစ်မှာလဲ လူလိမ်နှစ်ယောက်ကရော ရွာလေးအတွက် ကယ်တင်ရှင်ဖြစ်လာမှာလား ဆိုတာကတော့ …… အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

6.5 2024 156 mins
Karataka Damanaka
Collective Invention
6.2

Collective Invention (2015) ************************** အခုတစ်ခေါက် ချန်နယ်မြန်မာကနေ ပြန်လည်တင်ဆက်ပေးသွားမယ့် ဇာတ်လမ်းကတော့ ၂၀၁၅ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Collective Invention ဇာတ်ကားလေးပဲဖြစ်ပါတယ် Comedy, Sci-fi အမျိုးစားဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ကလည်း running man fanတွေရဲ့ အချစ်တော် အီဂွမ်ဆူအပြင်၊ မင်းသမီးဘတ်ဘိုယောင်းနဲ့ အီချွန်းဟီးတို့ဆိုတော့ မရယ်ရမှာတော့ စိုးရိမ်စရာမလိုပါဘူး ဇာတ်လမ်းအကြောင်းကတော့ ဆေး၀ါးစမ်းသပ်မှုတစ်ခုမှာ အစမ်းသပ်အခံအဖြစ် ၀င်ပါခဲ့တဲ့ ဘတ်ဂူဆိုတဲ့ အမျိုးသားတစ်ယောက် ထိုဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ပဲ လူစင်စစ်ကနေ ငါးတစ်ပိုင်းလူတစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ရာကနေစတင်ထားပါတယ်။ ထိုအကြောင်းကို ဘတ်ဂူရဲ့ချစ်သူဖြစ်တဲ့ ဂျူဂျင်ဆိုတဲ့မိန်းကလေးတစ်ယောက်က အွန်လိုင်းပေါ်ဖြန့်လိုက်ရာကနေ ဆောဆန်း၀မ်ဆိုတဲ့ သတင်းထောက်ဖြစ်ချင်နေတဲ့လူတစ်ယောက်က တွေ့သွားပြီး ငါးတစ်ပိုင်းလူတစ်ပိုင်းလည်းတစ်ဖြစ် ဘတ်ဂူရဲ့အကြောင်းကိုစတင်စုံစမ်းပါတော့တယ်။ ဒီလိုနဲ့ ငါးလူသားဘတ်ဂူနဲ့ ဆောဆန်း၀မ်တို့ ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ ငါးလူသားဘတ်ဂူကရော ပျော်စရာအဆုံးသတ်ကိုရသွားနိုင်ပါ့မလားဆိုတာကိုတော့ Collective Invention ဆိုတဲ့ဇာတ်လမ်းမှာ အဖြေရှာလိုက်ကြတာပေါ့။ File size…1.09 GB / 485 MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 34m Genre ….. Comedy, Drama, Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Translated by Double M Encoded by AHtet

6.2 2015
Collective Invention
Arthur and the Invisibles
6

ဒီကားလေးကတော့ တောင်းဆိုသူတွေလည်းများသလို CM မှာလည်း မတင်ဆက်ဖူးသေးတာကြောင့် ပရိသတ်ကြီး ပြန်လည်ခံစားရအောင် တင်ဆက်ပေးလိုက်ပါတယ်…… မီနီမွိုင်းဆိုတဲ့ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ အကောင်လေးတွေကို ၁၀နှစ်သားလေး အာဿ က ကူညီရင်း သူတို့အဖိုးအိမ်ဖောက်ခွဲခံရမဲ့ဘေးကနေ ကယ်တင်ပေးတဲ့ ကားလေးပါ….. စွန့်စားမှုတွေ စိတ်ကူးယဉ်မှုတွေ အန်နီမေးရှင်းလေးတွေနဲ့ဆိုတော့ စိတ်ကိုကြည်နူးစေပြီး ငယ်ဘဝလေးကို ပြန်ရောက်သွားစေနိုင်မှာမို့ ကြည့်ရှုလိုက်ပါဦး……ရုပ်ရှင်ကား ၃ကား ထွက်ရှိထားတာဖြစ်ပြီး ၃ ကားလုံး CM ကနေ တင်ဆက်ပေးလိုက်ပါတယ် (1) Arthur and the Invisibles (2006) (2) Arthur and the Revenge of Maltazard (2009) (3) Arthur 3: The War of the Two Worlds (2010) တို့ပဲဖြစ်ပါတယ် File size…(2.1 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:34:00 Genre… Adventure, Animation, Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Z

6 2006
Arthur and the Invisibles
Tuck Everlasting

ဒီဇာတ်လမ်းလေးကတော့ စာရေးဆရာမ Natalie Babbit ရဲ့ Tuck Everlasting ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ Tuck Family လို့ခေါ်တဲ့ မိသားစုလေးယောက်ဟာ မှော်ရေအိုင်ကလေးထဲကရေတွေကိုသောက်မိပြီး မသေမျိုးတွေဖြစ်သွားတဲ့အကြောင်းပါ။ ဒီလိုမသေမျိုးတွေဖြစ်သွားတဲ့အတွက်သူတို့ဟာ နှစ်ပေါင်းရာနဲ့ချီနေထိုင်ခဲ့သလို လူမြင်ကွင်းကနေပုန်းရှောင်ပြီးတောထဲမှာသာနေကြရပါတယ်။ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက် မင်းသမီးလေးဖြစ်တဲ့ Winifred ဆိုတဲ့ သူဌေးသမီးလေးဟာ အိမ်ကအရမ်းချုပ်ချယ်တဲ့အတွက် တောထဲထွက်ပြေးလာရင်း Tuck မိသားစုရဲ့အငယ်ဆုံးသားဖြစ်သူ Jessie နဲ့တွေ့ဆုံကာဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ရုပ်ရှင်ထဲမှာဆက်လက်ရှု့စားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ vibe ကတော့ Twilight တို့ Snow-white တို့လို Romance vibe လေးဖြစ်တဲ့အတွက် Disney ကိုကြိုက်နှစ်သက်တဲ့သူတွေကြည့်သင့်တဲ့ကားလေးပါပဲ။ IMDbမှာလည်း 6.6 အထိရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…(1.4 GB)/(841 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Family, Romance, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Saw Forlife

0 2002
Tuck Everlasting