YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Detective K-Secret of Virtuous Widow (2011) Blu-ray 1080p (CM).mp4

3.5 GB N/A video/mp4 418 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Wetlands
5.2

ဒီဇာတ်လမ်းထဲမှာတော့ ထူးခြားတဲ့ ၁၈နှစ်အရွယ် ဟယ်လင် ဆိုတဲ့ ကောင်မလေးက သူ့ဇာတ်ကြောင်းလေးကို ပြန်ပြော ပြပေးနေတာပါ။ ငယ်ငယ်လေးတည်းက မိဘအုပ်ထိန်းမှုတွေ ထူးဆန်းတာရယ်၊ မိဘတွေ အဆင်မပြေဖြစ်တာတွေ ရန်ဖြစ် တာတွေ နောက်ဆုံးကွာရှင်းတာအထိ ကြုံတွေ့ဖူးထားတာရယ်နဲ့ အခု ဟယ်လင်တစ်ယောက်ဟာ တကယ်ကို ထူးထူးခြားခြား နေထိုင်နေသူဖြစ်ပါတယ် (မိုက်မိုက်ရူးရူးနေတယ်လို့ပြောရင် ပိုမှန်မလား)။ သူ့ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုအပေါ်မှာ မသန့်ရှင်းတဲ့ အရာတွေနဲ့ စမ်းသပ်မှုတွေလုပ်နေပြီး ဆယ်ကျော်သက်လေး တစ်ယောက်ဖြစ်သည့်အလျောက် သူ့ရဲ့လိင်ပိုင်းဆိုင်ရာအပေါ်မှာလည်း ပုံမှန်လူတွေနဲ့မတူတဲ့ သဘောထားတွေ ရှိတဲ့သူပါ။ သူ့မှာ လိပ်ခေါင်း ရောဂါလည်းရှိပြီး တစ်နေ့တော့ အမွေးရိတ်တာကနေ anal fissure လို့ခေါ်တဲ့ စအိုကအရေးပြားမှာ ပေါက်သွားပြီး ဆေးရုံရောက်သွားတယ်။ ဆေးရုံမှာ သူ့မိဘတွေအတူ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ကြိုးစားတာတွေ၊ သူ့ရဲ့ သူနာပြုကောင်လေး ရော်ဘင်ကို ချစ်မိသွားတာလေးတွေ ကြည့်ရှုရမှာပါ။ ဒီဇာတ်လမ်းဟာ 2008 ခုနှစ်တုန်းက ဂျာမနီမှာ ထုတ်ဝေခဲ့တဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို “စာအုပ်တစ်အုပ်အနေနဲ့ဖတ်ဖို့ရော ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ရော ကြည့်ရှုဖို့က မသင့်တော်ပါဘူး၊ ဝမ်းနည်းဖွယ်ရာလူ့အဖွဲ့အစည်းရဲ့ ရောင်ပြန်သက်သက်ပြသခြင်းဖြစ်ပါတယ်”တဲ့။ ညစ်ညမ်းမှုတွေ လိင်အသားပေးမှုတွေနဲ့ မိဘတွေကို ပြန်လည်ပေါင်းစည်းပေးချင်တဲ့ ဆယ်ကျော်သက်လေးအကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ ပုံမှန်လူ့အဖွဲ့အစည်းမှာ တွေ့ရခဲတဲ့ ဆယ်ကျော်သက်လေးအကြောင်းကို “အို ဘယ်လိုကြီးလဲ …. Omg“ ဒါမျိုးတပြီး ကြည့်ရမယ့် ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ (လိင်အသားပေးမှုများတာကြောင့် ၁၈နှစ်အောက် ကလေးများ ကြည့်ရှုရန်မသင့်တော်ပါ၊ မိဘများနဲ့ ကြည့်ရှုရန်မသင့်တော်ပါ။ ဒီဇာတ်လမ်းထဲမှ ကျန်းမာရေးနဲ့မညီညွှတ်သည့်အကြောင်းအရာ များကို တုပလုပ်ဆောင်ရန် မသင့်တော်ပါ။) ( ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသူက Orika ဖြစ်ပါတယ် ) File size…1.67GB / 674MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 49m Genre ..... Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

Comedy • Drama
5.2 2013 109 mins
Wetlands
Gangs of Wasseypur - Part 2
7.9

လမ်းမတော်ဖိုးတုတ်တို့လို လူမိုက်ဇာတ်လမ်းတွေကြိုက်တယ်ဆိုရင် ဒီဇာတ်ကားက အနှစ်ပါပဲ။ ဘောလိဝုဒ်ရဲ့အကောင်းဆုံးဇာတ်ကားများစာရင်းကိုပြုစုမယ်ဆိုရင် Gangs of Wasseypur က မပါမဖြစ်ပါ။မှတ်မှတ်ရရဆိုရရင် Oscar ရထိုက်သော Bollywoodကားများ စာရင်းထဲမှာလည်း GOW ဟာ ထိပ်ဆုံးက ပါဝင်နေတာပါ။ IMDB 8.6/10 နဲ့Rotten Tomatoes 96% ထိ ရရှိထားပါတယ်။ 2012လိုခုနှစ်မျိုးမှာ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကြားထဲကမှ မျက်နှာသစ်အများစုနဲ့ပွဲထုတ်ခဲ့ပြီး အမှန်အကန် အောင်မြင်မှုတွေရရှိခဲ့ကာ Bollywood ရုပ်ရှင်လောကကို တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။အဲ့တုန်းက မျက်နှာသစ်သရုပ်ဆောင်တွေဟာ GOW ရဲ့ အောင်မြင်မှုအရှိန်နဲ့အစလိုက်ပြုလိုက်တာ ခုချိန်မှတော့ အောင်မြင်တဲ့သရုပ်ဆောင်တွေအဖြစ် ရပ်တည်နိုင်ခဲ့ကြပါပြီ။ ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ပိုင်းတွေ၊ ဇာတ်လမ်းအသွားအလာတွေ နောက်ခံသီချင်းတွေ၊ သွေးအေးအေးနဲ့ လူသတ်ရဲတဲ့ အက်ရှင်ခန်းတွေ၊ အထူးသဖြင့် Casting ပိုင်းပေါ့ ====================================================== 1942 ကနေ 2004 ခုနှစ်ထိ အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်က Wasseypur မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အကောင်းဆုံး ပုံဖေါ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံအတိုင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ ကျောက်မီးသွေးတွေက အဓိကသွင်းအားစုဖြစ်နေတဲ့ အချိန် နေရာတကာမှာ ကျောက်မီးသွေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန်ပြန့်လုပ်ကိုင်နေကြပြီး တောမီးလောင် တောကြောင် လက်ခမောင်းခက်ဆိုတဲ့အတိုင်း တောပုန်းဓားပြတွေ ပေါများတဲ့ခေတ်မှာ အဆိုးရွားဆုံး ဓားပြဗိုလ်က ဆူလ်တာနာ့ ဆူလ်တာနာ နာမည်ကိုအသုံးချပြီး လက်တလုံးခြား ဆူလ်တာနာကို မလိမ့်တပ်လုပ်ကာ ဖြတ်လုနေတာက ရှဟီးဒ်ခန်းမ် အလည်လွန်တဲ့ဘီး ချေးနင်းမိဆိုသလို ဆူလ်တာနာနဲ့ ထိပ်တိုက်တွေ့တဲ့အခါ အသက်လုပြေးလာခဲ့ရတယ် နောက်မွေးလာမယ့်ကလေးအတွက် ဒီလိုခိုးဆိုးနှိုက်အလုပ်ကို မလုပ်တော့ဘဲ ရှဟီးဒ်ခန်းမ် တစ်ယောက် တခြားနေရာကို ပြောင်းသွားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရာမာဒီးရ်ဆိုတဲ့ ခရိုနီတစ်ယောက်ရဲ့ တိုက်ခိုက်ရေးသမား ဖြစ်လာခဲ့တယ့် " ဒီခွေးအင်္ဂလိပ်တွေက ရိုတီတစ်ချပ်လောက်ကို ပစ်ကျွေးခဲ့တာ ဒီကမျောက်အုပ်လိုက်က လုနေကြတယ်၊ ရာမာဒီးရ်ကိုရော ဒီပိုင်ဆိုင်မှုတွေ သူ့အဖေပေးခဲ့တာလား သူလည်း ဒီအတိုင်းယူလိုက်တာပဲ မနက်ဖြန်ဆို သူ့အလောင်းပေါ်ကနေ ရှဟီးဒ်ခန်းမ်ဆီ ရောက်လာလိမ့်မယ်" သူ့အကြံအကောင်ထည်မဖေါ်နိုင်ခဲ့ပေ ရာမာဒီးရ်ရဲ့ အလုပ်တစ်ခုကို လုပ်ပေးရင်း ရှဟီးဒ်ခန်းမ် ပြန်ရောက်မလာတော့ဘူး သူ့သား ဆဒါးရ်ခန်းမ်ကို တပည့်ဖြစ်သူ နဆီးရ်က စောင့်ရှောက်ခဲ့ပြီး အဖေ့အတွက်အကြွေးကို သားတစ်ယောက်က ပြန်သိမ်းဖို့အထိ ဖြစ်လာခဲ့ပါတယ် " ငါ့ဘဝမှာ ရည်မှန်းချက်တစ်ခုပဲရှိတယ် ... ကလဲ့စားချေဖို့ " သူ့ရည်မှန်းချက်က ပြည့်ဝပါ့မလားဆိုတာကိုတော့ ======================================================= ဇာတ်လမ်းကို ဒီလောက်ပဲပြောထားတာ အကြောင်းရှိပါတယ်၊ ကိုယ်တိုင်ခံစားကြည့်ကြပါခင်ဗျာ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုက အားကောင်းလှသလို ဇာတ်လမ်းကလည်း အစအဆုံးဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ် Castတွေအနေနဲ့ ဆဒါးရ်ခန်းမ် အနေနဲ့ Manoj Bajpayee ဖိုက်ဇဲလ်ခန်းမ် အနေနဲ့ Nawazuddin Siddiqui နဂ်မား ခါတွန် အနေနဲ့ Richa Chadda မိုဟ်ဆီးနား အနေနဲ့ Huma Qureshi ရာမာဒီးရ်ဆင့် အဖြစ် Tigmanshu Dhulia နဲ့ တခြားနာမည်ကျော် သရုပ်ဆောင်များလည်း ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းက ၅ နာရီခွဲလောက်ကြာမြင့်တာမို့ Part(1)နဲ့(2) ခွဲထုတ်ထားပြီး နှစ်ကားလုံးကို ဒီမှာ https://channelmyanmar.org/?s=Gangs+of+Wasseypur ကြည့်လို့ရပါတယ်။ File Size : (3.3 GB)/ (1.3 GB)  Quality : Blu-Ray 1080p/720p Running Time : 2hr 39min Format : mkv/mp4 Genre :Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zaw Htoo Encoded by Thanhtike Zaw,Nyeinsaeya Aung

Action • Crime • Thriller
7.9 2012 160 mins
Gangs of Wasseypur - Part 2
As I Am
6

ကျောင်းသားဘဝ (၁) ပတ်သာ ကျန်တော့တဲ့ ကိုင် နဲ့ သူငယ်ချင်းတစ်သိုက်တို့ နောက်ဆုံးစာမေးပွဲဖြေဖို့ လုံးပမ်းရင်းနဲ့မှ သူတို့အတွက် ဒဏ္ဍာရီတွင်စရာ ကိစ္စတစ်ခုတော့ ကျန်ခဲ့အောင် ကြိုးစားဖို့ တိုင်ပင်ကြပါတော့တယ်. Coming-of-Age Movie အမျိုးအစားလေးဖြစ်တဲ့ ဒီဇာတ်လမ်းလေးမှာတော့ အဓိကဇာတ်ကောင် ကိုင်ရဲ့ ဘဝရွေးချယ်မှုတွေ၊ ဘဝတစ်ဆစ်ချိုးအချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲများကို ဖြတ်သန်းရင်း ဘဝရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းရပုံတွေကို ပေါ့ပေါ့ပါးပါး အခိုက်အတန့် များ နဲ့ လေးနက်အရေးကြီးတဲ့ ဇာတ်ကွက်များ ပေါင်းစပ်ထားတာကို တွေ့နိုင်ပါတယ်၊ ဇာတ်လမ်းအနေနဲ့ ပြောရရင်လည်း ဇာတ်ရှိန်အတက်နှေးပေမယ့် နောက် ဘာဆက်ဖြစ်မလဲဆိုတာကို မခန့်မှန်းနိုင်တဲ့အချက်ကပဲ ဒီဇာတ်လမ်းလေးကို စီးမျောစေတဲ့အချက်လို့ ဆိုရပါလိမ့်မယ်. အချုပ်အနေနဲ့ ပြောရရင် အင်္ဂလန်ကျေးလက်ဒေသကို အခြေခံထားတဲ့ ဒီဇာတ်လမ်းကတော့ ကျောင်းသားဘဝ အချစ်ရေးကိုလည်း အလှည့်အပြောင်း၊ ရှုပ်ထွေးမှုတွေ နဲ့ တင်ဆက်ထားတဲ့အပြင် ကိုင်ရဲ့ တည်ငြိမ်လေးနက်တဲ့ ဒဿနတွေ နဲ့ တစ်ဖက်ကကျောင်းသားဘဝရဲ့ ပေါ့ပါးမှု၊ လွတ်လပ်မှု၊ အရိုင်းဆန်မှု၊ ဗရုတ်ကျမှုများကိုလည်း အချိုးကျစွာ ဟာသနှောသရုပ်ဖော်ထားနိုင်တာကို တွေ့ရပါတယ်. File size… 1.74 GB / 752 MB Quality… WEB Dl 1080p / 720p Format… mp4 Duration…. 2h Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

6 2019
As I Am
Red Sandal Wood
9

Red Sandal Wood (2023) IMDb – 9.0/10 2021 ခုနှစ်ရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အာလူးအာဂျွန်နဲ့ ရာရှ်မီကားတို့ရဲ့ Pushpaရုပ်ရှင်လို စန္ဒကူးနီမှောင်ခိုလုပ်ငန်းအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။ ဒီကားမှာတော့ ဇာတ်လိုက်ကျော်မင်းသားကို စန္ဒကူးနီမှောင်ခိုဂိုဏ်းကို ဖော်ထုတ်မယ့် လက်ဝှေ့‌ကျော်လေးပရာဘာအဖြစ် မြင်တွေ့ရမှာပါ။ Pushpa 2 လည်း ပြသဖို့ရက်ဝေးသေးတာဆိုတော့ ကိုအာလူးကိုစောင့်ရင်းနဲ့ အလွမ်းပြေကြည့်ရှုလိုက်ရအောင်ပါ။ ဇာတ်လမ်းအကျဉ်း အန်ဒရာမြို့အတွက်တော့ စန္ဒကူးဆိုတာ မြေဆီမြေနှစ်ကထွက်တဲ့ ရတနာတစ်ပါးပါပဲ။ ကြီးမားကျယ်ပြန့်လှတဲ့ တီရူပသီက စန္ဒကူးနီတောအုပ်ကြီးဟာ အန်ဒရာသားတွေအတွက် ဂုဏ်ယူစရာဖြစ်သလို ဝိသမ‌လောဘသားတွေအတွက်လည်း အသင့်ယူသုံးလို့ရတဲ့ ရွှေတွင်းကြီးဆိုလည်းမမှားပါဘူး။ ‌ဘယ်လောက်ပဲ ဥပဒေနဲ့ထိန်းနေပါစေ စန္ဒကူးနီမှောင်ခိုမှုတွေကတော့ တောကြီးအနှံ့မှာ ရှိနေဆဲပါပဲ။ ကာရုနာတစ်ယောက် အရွယ်ရောက်လာပြီး မိသားစုတာဝန်ကိုထမ်းရတော့မယ်ဆိုပေမဲ့ အလုပ်ကရှာမရတာကြောင့် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေရသူပါ။ သားကြီးတစ်ယောက်ပီပီ အဖေ့ကိုလည်း အလုပ်တွေကနေ နားစေချင်၊ အလုပ်ကလည်းမရ။ ဒီကြားထဲ လူတွေ့ကပါအဆင်မပြေပြန်တော့ ရရာအလုပ်ကိုဝင်လုပ်ဖို့ စိတ်စောနေပါပြီ။ ဒါပေမဲ့ ကာရုနာရဲ့မိဘတွေကတော့ တင့်တောင့်တင့်တယ် အစိုးရအလုပ်ကိုသာ လုပ်စေချင်တာကြောင့် စိတ်ပြေလက်ပျောက်ဖြစ်အောင် ဦးလေးဆီကို ပို့လိုက်ရာကနေ စန္ဒကူးမှောင်ခိုဂိုဏ်းနဲ့ ပတ်သက်မိတဲ့အခါ… ဒီအချိန်မှာ ကာရုနာရဲ့အဖေကလည်း မတော်တဆဖြစ်ပြီး သတိလစ်နေတာတောင် သားချစ်တဲ့အဖေပီပီ သားကိုပဲ တမ်းတရေရွတ်နေတဲ့အပြင် အဖေစိတ်နဲ့ အမေကပါ အိပ်ရာထဲလဲနေတော့ ကာရုနာကိုရှာပေးဖို့ သူ့ညီမက ပရာဘာကို တောင်းဆိုပါတော့တယ်။ ဒီတော့ ပရာဘာတစ်ယောက် ကာရုနာကိုရှာဖို့ထွက်လာရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex, ToMo, Yunni, Deeနဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here!)

Action • Drama
9 2023
Red Sandal Wood
Burning Betrayal

ဒီရုပ်ရှင်ကတော့ 365 Days နဲ့တူပါတယ်။ မင်းသား မင်းသမီးအလန်းတွေကိုရွေး အဖော်အချွတ် အိပ်ရာခန်းတွေကို ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျ ဖောဖောသီသီထည့်ထားတဲ့ ရုပ်ရှင်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လှည့်ကွက်လေးတွေနဲ့ Crime, Drama အမျိုးအစားပါပဲ။ ဘာဘီဟာ သူ့ရဲ့ချစ်သူ ကိုင်အိုနဲ့လက်ထပ်ဖို့ ပြင်နေပါပြီ။ လက်မထပ်ခင် အပျိုညမှာပဲ သူ့ဆီကို ကိုင်အိုဖောက်ပြန်နေတဲ့ ဓာတ်ပုံတွေရောက်လာလို့ အရမ်းဒေါသထွက်သွားပြီး ပြတ်စဲလိုက်ပါတယ်။ သူ့ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ ပက်တီ နဲ့ သီရာဂို တို့အကူအညီနဲ့လည်း သူ့ကို လက်စားချေဖို့ ကြိုးစားပါတယ်။ အဲဒီမှာ တရားသူကြီးတစ်ယောက်နဲ့ ထပ်ညှိသွားပါတယ်။ သူ့ရည်းစားကို ရိုးရိုးလက်စားချေဖို့ ကြိုးစားရာကနေ ရာဇဝတ်မှုတွေနဲ့ပါ ဆက်နွယ်လာတဲ့အခါ…. File size…(1.3GB) / (707 MB) Quality….1080p / 720p Format…mp4 Duration….01:39:00 Genre…Romance, Mystery, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Andreson

0 2023
Burning Betrayal
Black Dynamite

IMDb 7.4/10, Rt 83 % ရရှိထားတဲ့ Action/Comedy ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကိုတော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ပြီး ဒါရိုက်တာ Scott Sanders က ရိုက်ကူးထားတာပါ။ Michael Jai White (Never Back Down) က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဝေဖန်သူတွေရဲ့ ကောင်းမွန်တဲ့မှတ်ချက်တွေနဲ့ ချီးကျူးမှုတွေကို ရရှိထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဗီယက်နမ် စစ်ပြန်ကြီးတစ်ဖြစ်လည်း စီအိုင်အေ အေးဂျင့်ဟောင်းကြီးဖြစ်တဲ့ ဘလက်ဒိုင်းနမိုက်ရဲ့ညီ ဂျင်မီအသတ်ခံရမှုမှာ အစပြုထားတာပါ။ သူ့ရဲ့တစ်ဦးတည်းသော ညီလေးက အသတ်ခံလိုက်ရတာကြောင့် ဘလက်ဒိုင်းနမိုက်တစ်ယောက် အကုန်လုံးကိုမြေလှန်ပြီး စုံစမ်းလိုက်ရာကနေ မထင်မှတ်ထားတဲ့ စစ်ဆင်ရေးကြီးတစ်ခုထဲ ထဲထဲဝင်ဝင် ပတ်သက်မိသွားပါတော့တယ်။ သူ့ညီကို သတ်တဲ့လူဘယ်သူလဲသိအောင် လိုက်စုံစမ်းရင်း သိလိုက်ရတဲ့ စစ်ဆင်ရေးကြီးက ဘယ်လောက်ကြီးကျယ်လဲ.. သူ့ညီက ဘ အကြောင်းကြောင့် ဘယ်သူသတ်လို့များ သေသွားရတာလဲ.. အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်းလို့ဆိုကြသလို ဘလက်ဒိုင်းနမိုက်ကရော ဘာမတော်.. ဘာ..ဖြစ်မလဲဆိုတာ.. ဒီစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ကို သိသွားပြီးနောက် ပရိသတ်ကြီးရော ဘာလာလာ ကစ်ဖို့ သတ္တိရှိဦးမလားဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(2.4 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Comedy, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Action • Thriller • Crime
0 2009
Black Dynamite
24 Weeks
7.2

24 Weeks (2016) လူ့ဘဝဆိုတာ နတ်ပြည်ကအပ်တစ်ချောင်နဲ့ငရဲပြည်ကအပ်တစ်ချေင်း ထိပ်ချင်းတိုက်ပြီးဆုံဖို့ကလွယ်လိမ့်မယ် လူ့ဘဝကရဖို့မလွယ်ဘူးဆိုပြီး ပြောကြဟောကြခဲ့တာကို ကြားဖူးကြမှာပါ။ ဒါပေမဲ့ ဒီလူ့ဘဝဆိုတာလဲ သန္ဓေတည်တဲ့အချိန်ကစပြီး အချိန်တိုင်းဟာ သေခြင်းတရားကိုရင်ဆိုင်နေကြရတာပဲလေ။ အထူးသဖြင့် ခုခေတ်လို ကလေးတွေကိုလွယ်လွယ်မွေးပြီး လွယ်လွယ်စွန့်ပစ်တာတွေ ကိုယ်ဝန်ဖျက်ချတာတွေ ဒီလိုတွေများလာတော့ ဘဝတွေဟာ စတောင်မစရသေးဘူး အဆုံးသတ်သွားကြရတာများလာပါတယ်။ ဒါတွေက တာဝန်ယူလိုစိတ်နည်းပါးလာမှုတွေကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေပါ။ ဒါပေမဲ့လဲ ဒါတွေကိုအပြစ်တွေလိုက်ပြောနေမဲ့အစား ဒီလိုတွေမဖြစ်အောင် အသိပညာပေးမှ အလုပ်ဖြစ်မှာပါ။ လူတိုင်းဟာ ကိုယ်တိုင်မကြုံရသရွေ့ ကိုယ်ချင်းစာစိတ်ဆိုတာ ဘယ်လိုမှ ပေါ်မလာနိုင်ပါဘူးတဲ့။ ကိုယ်ချင်းစာတယ်ဆိုတာ အပြောနဲ့တင်မဟုတ်ပဲ ကိုယ်တိုင်ကြုံဖူးမှ ကိုယ်ချင်းစာနိုင်တာပါ။ တခြားနိုင်ငံတွေမှာတော့ မလိုချင်တဲ့ကိုယ်ဝန်ရသွားပြီဆိုရင် ဖျက်ချပိုင်ခွင့်ရှိပါတယ်။ ဒါကတော့ နောက်ဆုံးနည်းလမ်းပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ လူ့ဘဝဟာရဖို့မလွယ်သလို လူစဉ်မှီအောင်မွေးလာဖို့ဆိုတာလဲ မလွယ်ပါဘူး။ လူစဉ်မှီဦးတော့ မွေးရာပါ ရောဂါတွေနဲ့ဆို မွေးပေးတဲ့ မိဘတွေကိုဒုက္ခပေးသလိုတောင်ဖြစ်နေပါသေးတယ်။ ဒီလို ပုံမှန်လူတစ်ယောက်အဖြစ်မွေးဖွားလာတဲ့အတွက်ကို ကံတော်တော်ကောင်းနေပါပြီ။ ဒီလိုဘဝမျိုးကို လိုချင်မဲ့သူတွေ သူများတွေလို လူတန်းစေ့နေနိုင်ချင်သူတွေ ဒုနဲ့ဒေးဆိုတာ သတိရပြီး ကိုယ့်ဘဝကို ကျေးဇူးတင်ရမှာပါပဲ။ ခုတင်ဆက်ပေးတဲ့ ဂျာမနီဇာတ်ကားလေးကိုကြည့်ရင်းနဲ့ လူ့ဘဝမှာ လူစဉ်မှီပြီး ခုချိန်ထိအသက်ရှင်ကာ လူ့ဘဝရဲ့ ဒုက္ခသုခတွေခံစားနေရတာကို ကျေးဇူးတင်မိကြမှာအမှန်ပါပဲ။ ဇာတ်လမ်းအကျဉ်း အက်စ်ထရစ်ဆိုတာ အောင်မြင်နေတဲ့ ဟာသပညာရှင်တစ်ယောက်ပါ။ သူ့အလုပ်မှာလဲ အောင်မြင်နေသလို လူချစ်လူခင်လဲများပါတယ်။ ကိုယ့်ကိုချစ်တဲ့ ယောကျာ်းနဲ့ ချစ်ရတဲ့သမီးလေးတစ်ယောက်ကိုလဲ ပိုင်ဆိုင်ထားတဲ့သူပေါ့။ အေးချမ်းပျော်ရွှင်ရတဲ့ မိသားစုလေးပါ။ ဒုတိယကိုယ်ဝန်ကိုလဲ လွယ်ထားပြီး အမျိုးသမီးတိုင်းအားကျရတဲ့ စံပြအမျိုးသမီးတစ်ယောက်ပေါ့။ ဒါပေမဲ့ ကိုယ်ဝန်ကို အာထရာဆောင်းရိုက်ပြီး စစ်ကြည့်တဲ့အချိန်မှာ သန္ဓေသားရဲ့ နှလုံးမှာ မွေးရာပါ အပေါက်ပါလာပါတယ်။ ဒီနှလုံးကို မွေးပြီးပြီးချင်းခွဲစိတ်မှသာ ကလေးဟာဆက်လက်အသက်ရှင်မှာပါ။ ဒါနဲ့တင်မပြီးသေးပါဘူး ကလေးကိုအမြဲစောင့်ကြည့်ပြီး ခွဲစိတ်မှုတွေက လိုအပ်တိုင်းလုပ်မှအသက်ရှင်မှာပါ။ ပြောရရင် မွေးကတည်းကဆေးရုံမှာပဲ အသက်ရှင်နိုင်မဲ့အခြေအနေပေါ့။ ဒါကိုက တော်တော်ကိုအခြေနေကောင်းမှ ခွဲနေတုန်းတင်လဲ သေသွားနိုင်တယ်။ ဒီလိုအဖြစ်ဆိုးကြီးကို ကြုံရမဲ့မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ကလေးကို ဆေးရုံမှာပဲနေပြီး ဒုက္ခခံခိုင်းရမလား စောစောစီးစီးအဆုံးသတ်လိုက််ရမလား တော်တော်ကိုမှကျဉ်းထဲကြပ်ထဲ အခြေအနေပါ။ ကိုယ့်ရဲ့ကလေးကို သေမလားရှင်မလားရွေးရမဲ့ မိခင်တစ်ယောက်ရဲ့ အဖြစ်ကို စာနာပြီးကြည့်ရှုအားပေးလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.6GB | 677MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Romance • Comedy • Drama
7.2 2016
24 Weeks
A Serious Man
7

IMDb 7 / Rotten Tomatoes 89% အပြင် ဆုပေါင်း ၁၇ ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး အော်စကာ ၂ ဆုအတွက်ပါ ဆန်ကာတင်ရွေးချယ်ခံခဲ့ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ခင်ဗျားတို့ဘ၀မှာ တချိန်တည်းမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ရမယ်ဆိုရင် ခင်ဗျားတို့ဘယ်လိုများရင်ဆိုင်ကျော်လွှားဖို့ကြိုးစားကြမလဲ။ ဒီရုပ်ရှင်ထဲက ဂျူးလူမျိုး ရူပဗေဒပါမောက္ခတစ်ဦးဖြစ်တဲ့ လယ်ရီဂေါ့ပ်နစ်ခ်ကလည်း သူ့ရဲ့သာယာနေတဲ့ဘ၀လေးထဲကို ပြဿနာပေါင်းစုံ၀င်လာလို့ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့သူပါ။ လယ်ရီဂေါ့ပ်နစ်ခ်က တက္ကသိုလ်မှာ ရူပဗေဒဘာသာရပ်ကိုသင်ကြားရင်း မိသားစုကိုဦးဆောင်နေတဲ့ ကလေးနှစ်‌ယောက်အဖေ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ တစ်ရက်မှာတော့ လယ်ရီ့ရဲ့ ပါဆင်နယ်ရော ပရော်ဖက်ရှင်နယ်ဘ၀ထဲကိုပါ မထင်မှတ်ထားတဲ့ ပြဿနာအရှုပ်ထုပ်ပေါင်းစုံက တချိန်တည်းမှာဆိုက်ဆိုက်မြိုက်မြိုက်ကြီး၀င်ရောက်လာတဲ့အခါမှာတော့ လယ်ရီတစ်ယောက် ရရာကောက်ရိုးလေးတမျှင်ကိုဆွဲပြီး ဒီအခက်အခဲတွေကို အံတုရင်ဆိုင်ဖြေရှင်းဖို့ ကြံရပါတော့တယ်။ လယ်ရီနေရာမှာသရုပ်ဆောင်ထားတဲ့ Michael Stuhlbarg ဟာဆိုရင်လည်း ၁၉၉၀ နဲ့ ၂၀၀၀ခုနှစ်ကျော်အတွင်းမှာ ရုပ်ရှင်ကားကောင်းတွေကိုရိုက်ကူးခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီးဆိုတော့ အက်တင်ဘာညာကတော့ ကြည့်မကောင်းမှာမပူရပါဘူး။ ရုပ်ရှင်ပြီးသွားတဲ့အထိကို ဘာဆက်ဖြစ်မလဲဆိုတာကို ပရိတ်သတ်ကိုဆက်ပြီး အတွေးနယ်ချဲ့ခိုင်းစေပြီး ချန်ထားခဲ့မယ့်ရုပ်ရှင်မျိုးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေနှောပြီးရိုက်ကူးထားတဲ့ ရူပဗေဒပါ‌မောက္ခကြီးရဲ့အလွဲတွေကို သေချာပေါက် အချိန်ပေးရှုစားကြည့်ဖို့တန်ကြောင်း အကြံပေးလိုက်ရင်းနဲ့ပဲ… File size…(1.8 GB)/(830 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:46:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7 2009
A Serious Man
The Night Of The Peak
5.7

သဲထိတ်ရင်ဖိုရုပ်ရှင်ကို ကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် The night of the peak ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- အင်တာနက်စာရေးဆရာစူးဖေးဟာ ရည်းစားဖြစ်သူ အသတ်ခံရပြီးနောက် ပုံရိပ်ယောင်တွေကို ထင်ယောင်ထင်မှား မြင်မိနေပါတယ်။ အဲဒီနောက် သူဟာ စိတ်ပြေလက်ပျောက်အပန်းဖြေရအောင် တိတ်ဆိတ်အေးချမ်းတဲ့ စန်းကျားရွာကို ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ စန်းကျားရွာမှာ သူမဟာ တစ်ရက်မှ အေးချမ်းမှုကို မရခဲ့ဘဲ လူယုတ်မာရဲ့ ထောင်ချောက်ထဲကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။ တည်းခိုဆောင်မှာ လာရောက်တည်းခိုနေတဲ့ ပန်းချီဆရာနဲ့ တည်းခိုဆောက်ပိုင်ရှင် ရန်ပေါဆိုသူတို့ထဲမှာ ဘယ်သူက တရားခံအစစ်ဖြစ်မလဲ…… တရားခံကရော စူးဖေးကို ဘာလို့ လိုက်လံနှောင့်ယှက်နေရတာလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။

5.7 2024
The Night Of The Peak
True Romance
7.9

True Romance (1993) ~ IMDb – 7.9/10, Rotten Tomatoes – 93% ~ True Romance ဆိုတာက Boomers တို့ခေတ်တုန်းက နာမည်ကြီးခဲ့တဲ့ သဲထိတ်ရင်ဖို အက်ရှင် ဒရာမာ အချစ်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ဆောင်တွေအနေနဲ့ သူ့ခေတ်သူ့အခါက နာမည်ကြီးခဲ့တဲ့ မင်းသား Christian Slater နဲ့ Beyond Rangoon လိုကားနဲ့ မြန်မာပရိသတ်တွေ သိကြလောက်မယ့် မင်းသမီး Patricia Arquette တို့ ပါဝင်ထားတာဖြစ်ပြီး ယနေ့ခေတ်ရဲ့ ဝါရင့်ဂန္ထဝင်သရုပ်ဆောင်တွေဖြစ်တဲ့ Val Kilmer, Brad Pitt, Samuel L. Jackson, Gary Oldman နဲ့ Christopher Walken တို့က ဇာတ်ဆောင်အနေနဲ့ ပါဝင်အားဖြည့်ထားပေးပါတယ်။ ၁၉၈၆ ထွက် Tom Cruise ရဲ့ ပထမဆုံး Top Gun ဇာတ်ကားရဲ့ ဒါရိုက်တာ Tony Scott က ရိုက်ကူးထားတာဖြစ်တဲ့အပြင် Quentin Tarantino ကြီးကပါ ဇာတ်ညွှန်းဝင်ရေးထားတာဖြစ်တဲ့တွက် Quality Movie ကောင်းတစ်ခုဆိုတာ သေချာသလောက်ရှိနေပါပြီ။ ဇာတ်ရုပ်ပိုင်းကလည်း ၂၀ ရာစုရဲ့ အနုပညာလောကအတွင်းမှာ ဖြစ်ပျက်နေတဲ့ ဒုစရိုက်မှုတွေကို ပေါ်လွင်အောင်ရိုက်ပြနိုင်ခဲ့တဲ့အတွက် IMDB rating လည်း 7.9/10 အထိ ရရှိထားပါသေးတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ လူလတ်ပိုင်းအရွယ်ရောက်ခါစဖြစ်တဲ့ ကလဲရန့်ဆိုတဲ့သူက နှစ်တိုင်းလိုလို သူ့ရဲ့မွေးနေ့မှာ တစ်ယောက်တည်း ရုပ်ရှင်သွားကြည့်လေ့ရှိပါတယ်။ အဲဒီအချိန်မှာ ကလဲရန့်ဆိုတဲ့ ဒက်ထရွိုက်ရောက်ပြီး ညဉ့်ငှက်အသိုင်းအဝိုင်းထဲဝင်ခါစ အမျိုးသမီးငယ် အလဘားမားက အကြောင်းအမျိုးမျိုးကြောင့် ကလဲရန့် ထိုင်နေတဲ့ ထိုင်ခုံပေါ်ကို မတော်တဆ ပေါက်ပေါက်ဆုပ် မှောက်ချမိသွားပါတယ်။ ဒီလိုနဲ့ မြင်မြင်ချင်းစိတ်ဝင်စားသွားကြတဲ့ မင်းသားနဲ့မင်းသမီးဟာ တစ်ညတာ မတ်တပ်ရပ်ဖြစ်သွားပါတယ်။ ဆိုပေမဲ့ နှစ်ယောက်သား အတည်ချစ်ကြိုက်မိသွားတဲ့အတွက် အခြေချဖို့ ပြင်ဆင်ကြတဲ့အခါမှာ အလဘားမားရဲ့ အတိတ်ဆိုးက သူတို့ဘဝကိုစပြီးနှောင့်ယှက်လာပါတော့တယ်။ ဒါကို ကလဲရန့်က ရန်ကြိုးပြတ်ဖို့အတွက် စာရင်းသွားရှင်းတဲ့အခါမှာတော့ ထင်သလိုနဲ့ ကိစ္စတွေက မပြတ်သားလာခဲ့ဘဲ ပိုပိုပြီး ရှုပ်ထွေးလာပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 845MB Quality – 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 1H 59Min Genre – Drug Crime, Crime, Drama, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

7.9 1993
True Romance
Crocodile Island
5.5

ဒီကားကတော့၂၀၂၀ထွက်သည်းထိတ်ရင်ဖို တရုတ်ဇာတ်ကားကောင်းလေးပါ Budget 8millionသာရှိပေမယ့် box office ဝင်ငွေ16.7millionထိရခဲ့ပါတယ် Devil`s Sea နယ်မြေတစ်ဝိုက်ကို Bermuda Triangleလို့ခေါလေ့ရှိကြတယ်… အဲ့နယ်မြေရောက်ရင် လျှပ်စစ်သံလိုက်စွမ်းအားနှောက်ယှက်မှုကြောင့် လေယာဉ်တွေမကြာခဏပျက်ကျလေ့ရှိပါတယ်… ဒီလိုနဲ့ လင်ဟောက်နဲ့ရီးရီးတို့သားအဖနှစ်ယောက်စီးလာတဲ့ GZ261လေယာဉ်ဟာ အဲ့နယ်မြေတစ်ဝိုက်မှာပျက်ကျသွားတဲ့အခါ အမည်မသိကျွန်းတစ်ခုပေါရောက်သွားပါတယ်.. အဲ့ကျွန်းပေါမှာ ဧရာမမိချောင်းကြီးအပြင် ပင့်ကူကြီးတွေ တွရှိနေတဲ့အခါ…. သူတို့တွေအသက်ရှင်နိုင်ဖို့ ဘယ်လိုတွေတိုက်ပွဲဝင်ကြရမလဲ.. နောက်ဆုံးမှာလွတ်မြောက်နိုင်ပါ့မလား.. ဇာတ်လမ်းတစ်ခုလုံးကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ

5.5 2020 86 mins
Crocodile Island
Misery
7.8

စာရေးဆရာကြီး Stephen Kingရဲ့ Miseryဝတ္ထုကိုပြန်ရိုက်ထားတဒီရုပ်ရှင်ဟာ Horrorရုပ်ရှင်တွေထဲမှာတော့ပြောစမှတ်တွင်ခဲ့တဲ့ရုပ်ရှင်ပါ။ ဒီဇာတ်ကားထဲက စိတ္တဇအမျိုးသမီးကြီးနေရာကသရုပ်ဆောင်တဲ့မင်းသမီးကြီး Kathy Batesလဲ ဒီဇာတ်ကားနဲ့ပဲ အော်စကာဆု၊ရွှေကမ္ဘာလုံးဆုတွေ ရခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း စာရေးဆရာ ပေါလ်ရှယ်ဒန်က မစ္စရီဆိုတဲ့အမျိုးသမီးဇာတ်ကောင်အကြောင်း အသားပေးရေးထားတဲ့လုံးချင်းဝတ္ထုတွဲတွေနဲ့ လူကြိုက်များအောင်မြင်တဲ့ စာရေးဆရာကြီးတစ်ယောက်ပေါ့။ ဒါပေမယ့် ကြာလာတော့ မစ္စရီအကြောင်းရေးရတာငြီးငွေ့လာလို့ ပေါလ်ရှယ်ဒန်က သူ့ရဲ့နောက်ဆုံးထွက် မစ္စရီဝတ္ထုမှာ မစ္စရီဇာတ်ကောင်ကို သတ်ပစ်လိုက်တယ်။ ပြီးတော့သူ့ရဲ့ ဝတ္ထုအသစ်ကို လူသူမနီးတဲ့ဟိုတယ်လေးမှာသွားရေးနေတုန်း သူ့သမီးလေးမွေးနေ့အတွက် နယူးယောက်ကိုပြန်အလာမှာ နှင်းမုန်တိုင်းမိပြီးကားမှောက်သွားခဲ့တယ်။ ခြေတွေလက်တွေနံရိုးတွေကျိုးပြီး နှင်းမုန်တိုင်းထဲမှာသတိလစ်ပြီးသေစစဖြစ်နေတဲ့ သူ့ကို အန်နီဝစ်ဆိုတဲ့ မိန်းမကြီးကကယ်ဆယ်ပေးခဲ့ပါတယ်။ သတိရလာတော့ သူ့ကိုကယ်ခဲ့တဲ့အန်နီဝစ်ကသူနာပြုဟောင်းတစ်ယောက်ဖြစ်တဲ့အပြင်သူ့ရဲ့မစ္စရီဝတ္ထုတွေကိုအရူးအမူးစွဲလမ်းအားပေးတဲ့ အကြီးစားပရိတ်သတ်တစ်ယောက် ဖြစ်နေတာကြောင့်စိတ်သက်သာရာရခဲ့ပေမယ့်လဲ…. စာရေးဆရာဟာ တဖြေးဖြေးနဲ့ဆိုသလိုအန်နီဝစ်ရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူတွေကို သတိထားမိလာပါတယ်။ ဒါ့အပြင် အန်နီဝစ်ဟာ မစ္စရီဇာတ်ကောင်ကိုပုံမှန်ထက်ပိုပြီးချစ်ခင်စွဲလမ်းနေတာကိုလဲသတိထားမိလာပြီး… နောက်ဆုံးထွက်မစ္စရီစာအုပ်မှာ မစ္စရီသေသွားတာကို အန်နီဝစ်တစ်ယောက်သိသွားချိန်မှာ… ဒီဇာတ်ကားဟာ သွေးသံရဲရဲအခန်းတွေကြမ်းတမ်းတဲ့အသုံးအနှုံးတွေ ပါဝင်တာကြောင့်R ratedသတ်မှတ်ထားပါတယ်။ Horrorရုပ်ရှင်တွေ မကြိုက်ရင်တောင်ဒီကားက Horror,Drama,psycho thrillerအချိုးကျကျပေါင်းစပ်ထားပြီး Kathy Batesရဲ့ လက်ဖျားခါလောက်တဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်ကြည့်ကိုကြည့်သင့်ပါတယ်။ ယုတ္တိမရှိ ပေါပေါပဲပဲ jump scareတွေတစ်ကွက်မှမပါပဲ ကြည့်ရတဲ့သူကို ရင်တလှပ်လှပ်ဖြစ်စေမှာပါ။ ဒါကြောင့် Horrorရုပ်ရှင်တွေကိုမြတ်နိူးသူတွေအဖို့Miseryဟာလုံးဝစိတ်ပျက်စေရမှာမဟုတ်ကြောင်း ကတိပေးလိုက်ရပါတယ် File Size : 14 GB, 3.3 GB, 1.5 GB Quality : WEB-DL HEVC 4K / 1080p / 720p Running Time : 1hr 47min Format : Mkv and Mp4 Audio : AAC and E-AC-3 Genre : Drama, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Kaung Khant Win Encode by : Thit San Khant

7.8 1990 107 mins
Misery
Risen
6.3

Rome နောက်ခံသမိုင်းဇာတ်လမ်းတွေကိုကြိုက်တတ်တဲ့သူတွေအတွက် Risen 2016 လာပါပြီ။ ဒီဇာတ်ကားရဲ့ထူးခြားချက်က တစ်ချိန်လုံး သ တ်နေ ဖြ တ် နေတာမဟုတ်ဘဲနဲ့ စုံထောက်ဆန်ဆန်ကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ AD 33 လောက်မှာ Jesus ‌(ခရစ်တော်ပေါ်လာချိန်) မှာ ဘာသာရေးစစ်ပွဲတွေဖြစ်ကြပါတယ်။ အဲ့ဒီကာလမှာ ရိုမန်အင်ပါယာက အင်အားကြီးနေချိန်ဖြစ်တဲ့အတွက် ဘုရင် Ceasar က Christianity ပေါ်မလာရေးအတွက် Jesus ကိုကွပ်မျက်ခဲ့ပါတယ်။ ဒီထဲကဇာတ်လိုက်ဖြစ်တဲ့ Roman Tribune (စစ်အရာရှိ) Clavius က Jesus ကို လက်ဝါးကပ်တိုင်ပေါ်တင်ပြီး ကွက်မျက်ခဲ့ရသူဖြစ်ပါတယ်။ Clavius ကိုယ်တိုင်က စိတ်ကောင်းရှိတဲ့သူဆိုပေမဲ့ အမိန့်ကျလာတဲ့အခါ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ရက်အနည်းငယ်ကြာတော့ သူကိုယ်တိုင် ‌ေ သ သွားတာကိုမြင်ခဲ့ရတဲ့ Jesus ဟာ သူ့ရဲ့အုတ်ဂူကနေ ပျောက်ချင်းမလှပျောက်သွားရတဲ့အကြောင်းကို လိုက်ရှာရပါတော့တယ်။ အလောင်းကိုလိုက်ရှာရင်း Clavius တစ်ယောက် ကိစ္စတော်တော်များများကို သဘောပေါက်လာပြီးနောက်… ဒီဇာတ်ကားလေးက Roman Vibe ကို စုံထောက်ဆန်ဆန်ကြည့်ရမဲ့အပြင် ခရစ်တော်ပေါ်လာခဲ့တဲ့ သမိုင်းကိုပါနောက်ခံထားတဲ့ Religious ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ IMDb မှာလည်း 6.3 အထိရရှိထားတဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.6 GB)/(830 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:47:00 Genre… Action, Drama, History, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by S4L

Drama • Romance
6.3 2016 107 mins
Risen
Night Mistress
5

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Philip Cable ရိုက်ကူးထားပြီး Rene Aranda, Philip Cable, Javier Cazares, Ray Quiroga စတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ revenge ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ရှယ်လီဆိုတဲ့ မင်းသမီးနဲ့ စတန်းဂိုးမန်းဆိုတဲ့ တက်သစ်စ ဒါရိုက်တာတို့ဟာ အရမ်းချစ်ကြတဲ့ စုံတွဲတွေဖြစ်ပါတယ်။ စတန်းဂိုးမန်းက ရှယ်လီ့အတွက်တော့ အမှောင်ထုထဲက အလင်းရောင်လို ဖြစ်တည်မှုမျိုးပါတဲ့။ ဒါပေမယ့် ရုပ်ရှင်လောကကို သိမ်းပိုက်ချင်တဲ့‌ကော့ဒ်ဆိုတဲ့ ဂိုဏ်းခေါင်ဆောင်နဲ့ ခေါင်းမာတဲ့စတန်းဂိုးမန်းတို့ ပြဿနာ တက်ကြရင်းကနေ စတန်းဟာ အသတ်ခံလိုက်ရပါတော့ တယ်။ အလင်းရင်းမြစ်ကို ဆုံးရှုံးလိုက်ရတဲ့ရှယ်လီတစ်ယောက် သူမဘဝမှာ အမှောင်ထုတွေ ပြန်လည်ဖုံးလွှမ်းလာပြီး လက်စားချေမယ့်ခရီးစဉ်ကို စတင်ပါတော့တယ်။ ဒေါသတွေနဲ့ ရူးသွပ်နေတဲ့ ရှယ်လီတစ်ယောက် ကော့ဒ်တို့ရဲ့ အင်အားတောင့်တင်းတဲ့ ဂိုဏ်းကြီးကိ ဘယ်လိုမျိုး လက်စား ပြန်ချေဖို့ အစီအစဉ်ချမှာလဲ…. ရဲအရာရှိပတ်စ်တွန်နဲ့ လစ်ပ်တွန်တို့ ပူးပေါင်းအဖွဲ့ကရော ဒီအမှုကိုအဆုံးအထိ လိုက်ပါဖြေရှင်းနိုင်ပါ့မလား…. ရှယ်လီရဲ့ လက်စားချေမှုက အောင်မြင်မှာလား… ကျရှုံးသွားမှာလား… ရှယ်လီကရော နောက်ဆုံးဘာဖြစ်သွားမလဲ…. ဒါတွေကို ဒီဇာတ်ကားလေးကို ကြည့်ရှုရင်း အဖြေရှာရမှာပါ။ File size… (1.12 GB) / (564 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Horror • Thriller
5 2025
Night Mistress