YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Desperate.Lies.S01E08.1080p.WEB.h264.YK(CM).mp4

519.98 MB 1080p video/mp4 55 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Under His Influence
4.5

လူမှုကွန်ရက်ဆိုတာ မသမာသူတွေအတွက်သားကောင်ရှာတဲ့နေရာတစ်ခုဖြစ်ပါတယ်။ မိန်းခလေးတွေအနေနဲ့ လူမှုကွန်ရက်ကို အရမ်းမယုံကြည့်ဖို့ ပညာသားပါပါနဲ့ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ပေးလိုက်ရတဲ့အချိန်နဲ့ တန်အောင် မက်ဆေ့တွေအများကြီးပေးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဒိုင်းမွန်းကော်လဝေးဆိုတဲ့ IG မော်ဒယ် တစ်ယောက်ဟာ နေ့စဉ်နဲ့အမျှ မိဘရဲ့ချမ်းသာကြွယ်ဝမှုတွေနဲ့ ပျော်ပါးနေခဲ့ပါတော့တယ်။ တစ်ရက်ကျ သူ့ IG မှာ စာတွေပို့ထားတာကို ဖတ်ကြည့်လိုက်ရင်း စဒစ်ခ် ဟဲရစ်စ် ဆိုတဲ့ ထောင်ထဲကကောင်လေးနဲ့ စ‌ကားတွေပြောဖြစ်ကြပါတော့တယ်။ စဒစ်ခ်က သူထောင်ကျနေတာဟာ မှာယွင်းစွပ်စွဲခံရလို့ဆိုပြီး ဒိုင်းမွန်းကို သူ့ကိုထောင်ကနေလွတ်အောင် အကူ အညီ တောင်းပါတော့တယ်။ ဒီတော့ အယုံလွယ်တဲ့ ဒိုင်းမွန်းဟာ စဒစ်ခ်ကို ကူညီရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ကြပါခင်ဗျာ...... File Size :(2.1GB) and (740MB) Quality :AMZN Web-Dl 1080P,720p Format…mp4 Duration…01:28:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Proxy Encoded by Phyo Pyae

Horror • Thriller
4.5 2023 88 mins
Under His Influence
Hum Dil De Chuke Sanam
6.3

ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်အချစ်တော် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဆလ်မန်းခန်း၊အာဂျေးဒေ့ဗ်ဂန်ဒ်နဲ့ မင်းသမီးချောလေး အက်ရှ်ဝါးရွိုင်တို့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ Romance/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating ကလည်း 7.4အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း နန္ဒနီနဲ့ ဗန်ရား(ဂ်ျ)ဟာ မိဘတွေ ပေးစားတဲ့အတွက်ကြောင့် လက်ထပ်ခဲ့ရပါတယ်။ဗန်ရား(ဂ်ျ)နဲ့ လက်မထပ်ခင် နန္ဒီမှာ ဆမီး(ရ်)ဆိုတဲ့ ချစ်သူတစ်ယောက် ရှိခဲ့ပါတယ်။ နန္ဒီဟာ ဗန်ရား(ဂ်ျ)နဲ့ လက်ထပ်လိုက်ရပေမဲ့လည်း သူ့ရဲ့အချစ်ဟောင်းကို မမေ့နိုင်ပဲ တလွမ်းလွမ်းတဆွေးဆွေး ဖြစ်နေခဲ့ပါတယ်။ ဒီအကြောင်းကို ဗန်ရား(ဂ်ျ)တစ်ယောက် သိသွားတဲ့အခါမှာတော့ နန္ဒီကို သူ့ရဲ့အချစ်ဟောင်း ဆမီး(ရ်)ရှိတဲ့ အီတလီကို လိုက်ပို့ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဗန်ရား(ဂ်ျ)နဲ့ နန္ဒီတို့ရဲ့ အိမ်ထောင်ရေး ပြိုကွဲသွားမှာလား ... နန္ဒီ့အနေနဲ့ လက်ရှိခင်ပွန်းနဲ့ အချစ်ဟောင်း နှစ်ယောက်ထဲက ဘယ်သူ့ကို ရွေးချယ်မှာလဲ .... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူပေးကြပါလို့ ... အချစ်၊အလွမ်း၊အဆွေးနဲ့ ဟာသတွေပါရောနှောထားပြီး ရသစုံစုံလင်နဲ့ ကြည့်ရမှာမလို့ ဘောလိဝုဒ် ပရိတ်သတ်များ လုံးဝလက်မလွှတ်သင့်ပါကြောင်း ... ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe Kalayarတို့ပဲ ဖြစ်ပါတယ်။ File size…3.5GB / 1.7GB Quality…1080p WEBDL / 720p Format…mp4 Duration….3h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Thaik San,Intelligence & Soe Kalayar

Drama
6.3 1999 178 mins
Hum Dil De Chuke Sanam
Ghost Is All Around
6.2

သာ့ အဖြစ် Weir Sukollawat Kanarot ခက် အဖြစ် Gypso Ariigantha Mahapreukping အော့တ် အဖြစ် Best Nathasit Kotimauswanich မွတ် အဖြစ် Jesse Mekwattana ဇာတ်လမ်းအကျဉ်း ဒီကားထဲမှာတော့ ထိုင်းသင်္ကြန်ပိတ်ရက်ရှည် 11.12.13 ကို ဇာတ်လမ်း ၃ ခုပေါင်းပြီးပြသထားတာပါ 11 မှာတော့ သာ့ဆိုတဲ့ပလေးဘွိုင်းဟာ သူ့ရဲ့လက်ရှိစော်နဲ့ပြတ်ချင်နေပေမယ့် မပြတ်သားနိုင်တဲ့ကောင်မလေးဘက်က သူနဲ့ပြတ်ရင် ကိုယ့်ကိုယ်ကိုသတ်သေမယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့တော့တယ် ဒီလိုကနေကောင်မလေးကသတ်သေသွားပြီး သူ့ကိုဘယ်လိုတွေလိုက်ပြီးခြောက်လှန့်နေဦးမလဲ.... 12 မှာတော့ မွတ် ဒိန် ကေ အော့တ်တို့သူငယ်ချင်းတစ်ဖွဲ့ဟာ အတူနေအတူစားတဲ့ကျောင်းနေဖက်သူငယ်ချင်းတွေပေါ့ တစ်နေ့မှာ မွတ်ကားမတော်တဆဖြစ်ပြီး သူ့သူငယ်ချင်းတွေက သူ့ကိုသေသွားပြီထင်ကြပြီးကြောက်လန့်နေခဲ့ကြတယ် ဒီလိုနဲ့သူတို့သူငယ်ချင်းကိုကောင်းရာမွန်ရာရောက်အောင် ဘယ်လိုလုပ်ပေးရမှာလဲ နည်းလမ်းရှာကြရင်း ဘယ်လိုတွေထိတ်လန့်စရာတွေကြုံကြရမလဲ မွတ်ကရောတကယ်ပဲသေသွားသလား.... 13 မှာတော့ ဂျိန်နဲ့ခက်ဆိုတဲ့သူငယ်ချင်းနှစ်ယောက်ဟာ ချင်းမိုင်သင်္ကြန်သွားလည်ဖို့ချိန်းဆိုကြရင်း ဂျိန်ကလေဆိပ်အသွားမှာ ကားမတော်တဆဖြစ်ပြီးပွဲချင်းပြီးသေသွားပါတယ် ဒါပေမဲ့ ဂျိန်ဟာ သူ့ကိုယ်သူသေသွားတာလဲမသိပါဘူး သူ့သူငယ်ချင်းမလေးခက်နဲ့ချင်းမိုင်ထိလိုက်သွားလည်ခဲ့တာပေါ့ သရဲကြောက်တတ်တဲ့ခက်က သူ့သူငယ်ချင်းသေသွားပြီး သရဲဖြစ်နေတယ်ဆိုတာဘယ်အချိန်မှာဘယ်လိုသိသွားမလဲ သူတို့တည်းတဲ့ဟိုတယ်မှာရော ဘယ်လောက်တောင်ကြောက်ဖို့ကောင်းပြီးခြောက်ခြားနေရမလဲဆိုတာတွေကိုဇာတ်လမ်းထဲကြည့်ရှုလိုက်ရအောင်နော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ ) File Size__(1.9GB) / (850MB) Quality__1080p, 720p IMDb Rating__7.3/10 Format__mp4 Duration__01:39:00 Type__Horror, Supernatural Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Comedy • Fantasy
6.2 2016 94 mins
Ghost Is All Around
Cyber Heist
5.1

ဒီနေ့မှာတော့ ဟောင်ကောင် မင်းသား ၊ အဆိုတော် ၊ Dancer Aaron Kwok Fu-shing ရဲ့ ၂၀၂၃ ခုနှစ်ထွက် ဇာတ်ကားကောင်းလေးနဲ့ CMကပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ ။ နည်းပညာတွေတိုးတတ်နေတဲ့ ယနေ့ခေတ်ကြီးမှာ Enter လေးတစ်ချက်ခေါက်လိုက်ယုံနဲ့ အရာအားလုံးကို ခိုင်းစေလို့ရနေတာ အမှန်ပါပဲ။ ဒီလိုခေတ်ကြီးအတွင်း ဟောင်ကောင်နယ်မြေမှ နိုင်ငံတကာ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ ထျန်းကျီဟာလဲ ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းပြီး နည်းပညာတွေကို တီထွင်လျှက်ရှိနေပါတယ် ။ အဲဒီအထဲမှာမှ-သူ့ရဲ့လက်ထဲမှာ ကွန်ပျူတာတစ်လုံးရှိယုံနဲ့ ဘယ်အရာမဆိုလုပ်ကိုင်နိုင်သူ ၊ နှလုံးမကောင်းတဲ့ သမီးငယ်လေးကို ပိုးမွေးသလိုမွေးကာ စောင့်ရှောက်နေရသူ ၊ ထျန်းကျီ ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ တာဝန်ခံ နည်းပညာရှင် - ကျိုးကျားကျွင့် ကလဲ အပါအဝင်ပါပဲ ။ ဒီလိုနဲ့ ဟောင်ကောင်ဘဏ်တွေကို အွန်လိုင်းကနေ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ ဖြေရှင်းလာပေးခဲ့တာ နှစ်တိုင်းလိုဖြစ်နေခဲ့ပါတယ် ။ ဒီလိုကိစ္စတွေကို အမြဲတစေ ဖြေရှင်းလာခဲ့ရင်း မထင်မှတ်ထားတဲ့ကိစ္စတစ်ခုက ဖြစ်သွားလို့လာခဲ့ပါတယ်။ ဘဏ်တွေကိုဟက်ခ်တဲ့ ကြိုးကိုင်သူဟာ ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ အတွင်းလူဖြစ်နေခဲ့သောအခါမှာ ? ကိစ္စတွေတွေရှုပ်ထွေးနေစဥ်မှာပဲ ထျန်းကျီမှနည်းပညာရှင် ကျိုးကျားကျွင့်ဟာလဲ ကြိုးကိုင်သူရဲ့ ကြော့ကွင်းထဲကို ကျရောက်သွားပြီး ရောဂါသည်သမီးလေးရဲ့ အသက်အန္တရာယ်တွေအထိ ခြိမ်းခြောက်မှုတွေ ခံလာခဲ့ရတဲ့ အခါမှာ? ကျိုးကျားကျွင့်တစ်ယောက် သူတတ်တဲ့ နည်းပညာတွေနဲ့ ဘယ်လိုပြန်လည် တိုက်ခိုက်မှာလဲ ? အထင်လွဲမှားမှူတွေ လှည့်စားမှုတွေကြားကနေပြီး သမီးငယ်လေးကို ကယ်တင်ကာ နောက်ကွယ်က ကြိုးကိုင်သူကို ဘယ်လိုကိုင်တွယ် ဖြေရှင်းသွားမလဲ ? ဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ နည်းပညာတိုးတတ်နေတဲ့ခေတ်ကြီးမှာ AI နည်းပညာတွေကို သုံးပြီး ဘယ်လိုတွေ မိမိုက်စွာနဲ့ ပဟေဋိပုစ္ဆာတွေကို ဖြေရှင်းသွားမလဲဆိုတာ သိရဖို့ ဒီကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 4K , 1080p , 480p Format : mp4 Genres : Family , Drama Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy
5.1 2023 111 mins
Cyber Heist
We Couldn't Become Adults
6.2

~ IMDb - 6.5/10, Rotten Tomatoes - 67% ~ မရင့်ကျက်ခြင်းများအကြောင်း အလွမ်းသစ်တို့ အဆင့်ဆင့်မြင့်မျောနေသော တိမ်စိုင်တို့ မျောကာလွင့်ကာနေကြ၏။ အချို့တိမ်တို့က ရေခိုးရေငွေ့တို့ကို ထုပ်ပိုးသိမ်းဆည်းထားကြပြီး အချို့တိမ်တို့က အတိတ်မြစ်တို့ကို ထုပ်ပိုးသိမ်းဆည်း ထားကြသည်။ တိမ်ညိုကာမိုးသော မိုးနေ့များတွင် ရွာသွန်းဖြိုးတတ်သော ထိုတိမ်တိုက်တို့ကို မနေ့ကကောင်မလေးနဲ့ အတူ ကျွန်တော် ထားခဲ့လိုက်ချင်ပါသည်။ အတိတ်ကို ထူးထွေစွာ တမ်းတမက်မောမနေတော့ခြင်းသည်လည်း ရင့်ကျက်လာခြင်း၏ ဂုဏ်သတ္တိများထဲမှ တစ်ခုဟု ဆိုကြသည်သာ။ မရှိတော့ပြီထင်ရသော တစ်ပိုင်းတစ်စ မှတ်ဉာဏ်ဟောင်းများ ငွေ့ရည်ဖွဲ့လာချိန်တွင် အတိတ်တို့သည် အတိတ်မဟုတ်တော့ပြီ။ ဟောင်းနွမ်းခဲ့ပြီထင်ရသော ရုတ်တရက်အသစ်ဖြစ်သွားတတ်သည့် မှတ်ဉာဏ်များထဲတွင် လွန်လေခဲ့ပြီးသော မနက်ဖြန်တစ်ခုတုန်းကလိုပင် သူမသည် ကျွန်တော့်ဘေး ရှိနေခဲ့သည်ပင်။ "ပြန်တွေ့ကြဦးမယ်နော်"လို့ သူမပြောခဲ့ချိန်သည် ကျွန်တော်တို့ချင်း နောက်ဆုံးဆုံတွေ့ကြချိန် ဖြစ်လာလိမ့်မည့်ကြောင်း ကျွန်တော်မသိခဲ့ပါ။ အနှစ်၂၀ကျော်အချိန်သည် အရာရာကို တိုက်စားခဲ့လေပြီ။ ကျွန်တော်တို့ အတူသွားခဲ့ဖူးသော လမ်းများ၊ အဆောက်အဦးများ တဖြည်းဖြည်းချင်း ပြောင်းလဲသွားကြပြီ။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော့်မှတ်ဉာဏ်ထဲတွင် သူမသည် ထိုနေ့ကလိုပင် မပြောင်းမလဲ ထိုနေ့ကလိုပင် ဒီလမ်းကြားလေးထဲ ကျွန်တော့်ကို ပြုံးပြနေသေးသည်။ မှတ်ဉာဏ်များထဲတွင်၊ သူမထံမှ ကူးစက်လာခဲ့သော ကျွန်တော့်အမူအကျင့်များထဲတွင်၊ မဟောင်းသော လမ်းက‌လေးထဲတွင် "အခုသူမ" မဟုတ်သော "အရင်ကသူမ" သည် ရှင်သန်နေသေးသည်။ ပြက္ခဒိန်၂၅အုပ်၊ ပို့စကတ်တစ်ခု၊ ဝါရီရော်စာရွက်များ၊ ချိုသောအပြုံးများ၊ စီးကရက်မီးခိုးငွေ့များ၊ လမ်းမများထဲတွင် ရင့်ကျက်ပြီထင်သော ကျွန်တော်၏ မရင့်ကျက်ခြင်းများကို ပြန်တွေ့ခဲ့ရ၏။ မကုန်နိုင်အောင် ရှည်လျားသောလမ်းမကြီးထက်တွင် ကျွန်တော်တို့အတူ လျှောက်ခဲ့ကြဖူးသည်။ ဒီလမ်းသည် ဘယ်လိုမှ မဆုံးတော့သလိုပင်။ ကျောတွင် တစ်စုံတစ်ရာသော ၀န်ထုပ်ကိုလွယ်ရင်း တဖြည်းဖြည်းနောက်ကောက်ကျလာသည် ထင်သည်။ ကျွန်တော် သတိတရကြည့်မိချိန်တွင် မကုန်နိုင်အောင် ရှည်လျားသော လမ်းမကြီးမှအပ ဘာဆိုဘာမှ မရှိတော့ပါ။ သူမသည် အတိတ်ဖြစ်သွားပြီ။ သူမသည် မှတ်ဉာဏ်တစ်ခုဖြစ်သွားပြီ။ ပသို့ပဲဆိုဆို "တစ်ခါကသူမ"သည် ရှင်သန်နေသေးသည်။ ၂၀၂၀၏ ကမ္ဘာကြီးသည် တဖြည်းဖြည်းချင်း ပျက်ယွင်းလာခဲ့ပြီ။ အစစပြိုယိုင်လွင့်ပါးလာသော ကမ္ဘာတွင် မိုးတိမ်တွေပြာ သာခဲ့ဖူးသောကမ္ဘာကို ပြန်လည်မက်မောမိလာခြင်းသည် သဘာ၀သာ၊ လူသားဆန်မှုသာ။ ခံစားချက်မမဲ့နိုင်မချင်း လူသည် ဘယ်သောအခါမှ မရင့်ကျက်လာနိုင်ပြီ ထင်သည်။ သူမကို ကျွန်တော် မမေ့ပျောက်ချင်တော့ပါ။ ကျွန်တော် မရင့်ကျက်ချင်တော့ပါ။ ကျွန်တော်တို့အားလုံး မရင့်ကျက်လာနိုင်ကြသူများသာ။ ကျွန်တော်တို့အားလုံးသည် မရင့်ကျက်ခြင်းကို ပွေ့ပိုက်ထားကြသူများသာ။ P.S - ဒီရုပ်ရှင်ဟာ စာပါအတိုင်း မရင့်ကျက်လာနိုင်သူတို့အကြောင်း သက်သက်သာ။ (ဇာတ်ကားကို Phoo Lin မှ ပြန်ဆိုထားပြီး အညွှန်းကိုတော့ WiRa Aung က ရေးသားပေးထားပါတယ်) Size - 1.4GB, 720MB Quality - Web-rip 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 2H 4Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Phoo Lin Encoded by Y

Adventure • Drama • Family
6.2 2021 124 mins
We Couldn't Become Adults
Orion and the Dark
6.7

Orion and the Dark (2024) ~ IMDb – 6.7/10, RT – 87%, Meta – 74% ~ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို့ အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချို့အရောင်တွေကို ပိုတောက်ပစေတယ်။ အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြို့ပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။ လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ အကြောက်တရားမျိုးလည်းရှိတယ်။ ဒီကာတွန်းကတော့ အရာရာကို ကြောက်နေတဲ့ အိုရီယွမ်ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ အိုရီယွမ်က ခြင်ကိုက်တာကအစ အိမ်သာဆို့ပြီး တစ်ကျောင်းလုံးရေမြုပ်မှာအဆုံး အရာအားလုံးကို ကြံဖန်ကြောက်နေတဲ့ကောင်လေးပေါ့။ ယုတ်စွအဆုံး သူချစ်တဲ့ကောင်မလေးကို စကားသွားပြောဖို့ပါ ကြောက်နေတဲ့ကောင်။ သူအကြောက်ဆုံးအရာကတော့ သူ ညတိုင်း ကြုံနေရတဲ့အရာ… အမှောင်ထု။ အမှောင်ကို သူကြောက်တာကတော့ အမှောင်ကို သူနားမလည်လို့ ကြောက်တယ်ပြောရမယ်။ အမှောင်ထုက သူထင်သလောက်ဆိုးနေတဲ့ကောင်တော့ မဟုတ်ဘူး။ ဆိုးဖို့ဝေးစွ ခင်တတ်မင်တတ်တဲ့ တော်တော်ကောင်းတဲ့လူလို့ပြောရမယ်။ အမှောင်ထုက အိုရီယွမ်ကို သူ့ကို မကြောက်ဖို့ပြောပြီး ကမ္ဘာကြီးအတွက် သူဘယ်လိုတာဝန်တွေ ထမ်းဆောင်နေလဲပြဖို့ ညကမ္ဘာကြီးကိုလိုက်ပြတယ်။ ဒါပေမဲ့ သိပ်ကြောက်တတ်တဲ့ အိုရီယွမ်ကတော့ ကြောက်နေမြဲပဲ။ ဒီတော့ အမှောင်ထုက အိီုရယွမ်ကို ညကမ္ဘာကြီးထဲက တခြားညဖြစ်တည်မှုတွေဆီ ခေါ်သွားတယ်။ အဲဒီအရာတွေကတော့… အိပ်မက်ကောင်း, အိပ်စက်ခြင်း, အိပ်မပျော်ခြင်း, တိတ်ဆိတ်ခြင်း, အမျိုးအမည်မသိဆူညံသံများ တို့တတွေပေါ့။ တစ်နည်းပြောရရင် ညဘက်မှာပဲ ရှိနေတတ်တဲ့ အရာတွေပါပဲ။ အမှောင်ထုဟာ အိုရီယွမ်တစ်ယောက် သူတို့အုပ်စုတွေ ညဘက်မှာ ကမ္ဘာကြီးအတွက် ဘယ်လိုတာဝန်တွေ ဘယ်လိုပုံနဲ့ ထမ်းဆောင်နေလဲကြည့်ရင်း သူတို့ကို အကောင်းမြင်လာပြီး သူ့အကြောက်တရားကို သူကျော်လွှားပြီး ပျော်ပျော်ကြီးရှင်သန်သွားနိုင်စေဖို့ ရည်ရွယ်ခဲ့တာပေါ့။ ဒီလောက်ပဲ ဖတ်ရင်ကို ဒီကား ဘာဆက်ဖြစ်မလဲ ခင်ဗျားတို့မှန်းမိနေလောက်ပြီ။ ကလေးကြည့် ကာတွန်းကားပဲလေ။ ထုံးစံအတိုင်း အိုရီယွမ်လေးတစ်ယောက် အမှောင်ကို မကြောက်တော့ဘဲ အကြောက်တရားကို ကျော်လွှားနိုင်သွားပြီး ဇာတ်ကောင်တွေအတူတူပျော်ပျော်ပါးပါးနဲ့ ပြီးပါပြီ စာတန်းထိုးသွားမှာပေါ့။ ဒီလိုထင်ရင် ခင်ဗျား အမှားကြီးမှားပါလိမ့်မယ်။ မှားဆို ဇာတ်ညွှန်းဆရာက Charlie Kaufman ကိုး။ Eternal Sunshine of the Spotless Mind ကို ရေးခဲ့တဲ့သူ… Being John Malkovich နဲ့ Adaptation တို့ကိုရေးခဲ့တဲ့သူ… I’m Thinking of Ending Things ကို ရေးခဲ့ရိုက်ခဲ့တဲ့သူပါပဲ။ သူ့အကြောင်းသိတဲ့လူတွေကတော့ Charlie Kaufman ရေးတာဆိုတာနဲ့တင် ဒီကာတွန်းကားကို ပြေးကြည့်ကြမှာပဲ။ ဒီဇာတ်လမ်းဟာ ကျွန်တော်ထင်သလို မြင်နေကျ ကာတွန်းဇာတ်လမ်းမျိုး မဟုတ်ခဲ့သလို ကာတွန်းကားတွေရဲ့စံကိုလည်း အများကြီး ကျော်မသွားဘူး။ လတ်တလောထွက်ထားတဲ့ထဲ ကောင်းတာလည်း မရှိသေးတော့ လတ်တလောထဲတော့ အကောင်းဆုံးအမေရိကန်ကာတွန်းကားလို့ပြောရမှာပဲ။ Wish တို့ ဘာတို့ထက်လည်း အများကြီးသာတယ်။ ဘာတွေဆက်ဖြစ်မလဲတော့ မသိတာပိုကောင်းလိမ့်မယ်။ Charlie Kaufman ဟာ ကလေးကာတွန်းကိုမှ ဖြစ်တည်မှုဒဿနလို ဖလော်စာသားတွေကိုတော့ အဆစ်ထည့်သွားသေးတော့ ကာတွန်းကားသက်သက်ဆိုပြီး သိပ်တော့ အထင်သေးမရဘူး။ တစ်ခု ကျွန်တော်သေချာတာက Charlie Kaufman ဟာ ဒီဘက်ခေတ်ကလေးတွေကို ကောင်းကောင်းနားလည်တယ်ဆိုတာပဲ။ ဘာလို့လဲတော့ ကားကြည့်ရင်သိလိမ့်မယ်။ အိုရီယွမ်ကို သူ့အဖေနဲ့အမေပြောခဲ့တဲ့စကားလိုပေါ့… လူတိုင်း ကြောက်တတ်ကြတာပဲ ကြောက်တတ်တာက ဘာမှမဖြစ်ဘူး ရတယ် ကြောက်နေလို့ ဘာမှမလုပ်မှဘဲ မှားသွားမှာတဲ့။ ဒီဇာတ်လမ်းဟာ “လူတိုင်းကြောက်တတ်ကြတဲ့အကြောင်း” ပါပဲ။ Orion and the Dark ဟာ ကျွန်တော်တို့ကို ညခင်းရဲ့ အလှတရားတွေအကြောင်း ပြောပြပေးမယ့် ဇာတ်လမ်းတစ်ပုဒ်လို့ဆိုလည်းမမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 715MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 30Min Genre – Adventure, Animation, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.7 2024 90 mins
Orion and the Dark
The Bridge Curse: Ritual
5.7

ဒီတစ်ခါမှာတော့ Horror ဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် CM ကနေ ထိုင်ဝမ်သရဲကားကောင်းကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ။ တရုတ်ပြည်သူ့သမ္ပတနိုင်ငံတည်ထောင်ပြီး နှစ် ၅၀ ပြည့်နှစ် ထိုင်ဝမ်က ယဉ်ကျေးမှုတက္ကသိုလ်မှာ တာ့ရမ်လို့အမည်ရတဲ့အဆောက်အဦးတစ်ခုတည်ဆောက်ခဲ့ပါတယ် ။ အဲဒီအဆောက်အဦးကို မူလကတော့ တစ္ဆေသရဲတွေမလာနိုင်အောင် အတိတ်နမိတ်ကောင်းအောင် ယင်ဓာတ်ယန်ဓာတ်ဆုံတဲ့နေရာမှာ ရှစ်ထောင့်မှော်စက်ဝန်းပုံစံဒီဇိုင်းဆွဲပြီးတည်ဆောက်ဖို့လုပ်ခဲ့ပါတယ် ။ ဒါပေမဲ့အဆောက်အဦးရဲ့ ဗိသုကာပညာရှင်က ကျောင်းနဲ့ငွေရေးကြေးရေးညှိနှိုင်းမှုအဆင်မပြေဖြစ်ပြီး မူလက သရဲတစ္ဆေတွေမကပ်အောင်ဒီဇိုင်းဆွဲထားတဲ့ ရှစ်ထောင့်မှော်စက်ဝန်းပုံစံအဆောက်အဦးကို သရဲတစ္ဆေတွေကိုဆွဲဆောင်တဲ့ ရှစ်ထောင့်မှော်စက်ဝန်းပြောင်းပြန်ပုံစံတည်ဆောက်ပေးခဲ့ပါတော့တယ် ။ အဲဒီနောက်ပိုင်းကစပြီး‌ ကျောင်းမှာ သဘာလွန်မတော်တဆမှုတွေတစ်ခုပြီးတစ်ခုဖြစ်လာပြီး ဘယ်လိုမတော်တဆမှုတွေဖြစ်မလဲ ဘာတွေနဲ့သက်တိုင်နေမလဲ ကျိန်စာသင့်နေတဲ့အဆောက်အဦးမှာရော ဘယ်လိုကပ်ဆိုးတွေဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး

5.7 2023
The Bridge Curse: Ritual
Free Willy: Escape from Pirate’s Cove
5

ဒီ ၄ကားမြောက် Free Willy ကတော့ ပထမ သုံးကားနဲ့ လုံးလုံးမဆိုင်တော့တဲ့ ဇာတ်ကောင်၊ ဇာတ်ကြောင်းနဲ့ပဲဖြစ်ပါတယ်။ ရှေ့၃ကားရဲ့ မိသားစုတွေ ပြန်ပါမှာ မဟုတ်တော့သလို ဒီထဲက ဝီလီဟာလည်း မတူညီတဲ့ နောက်ထပ် ဝီလီအသစ်တစ်‌ကောင်ဖြစ်ပါတယ်။ တူတာဆိုလို့က အဲ့ဒီ ဝီလီ့ကို ပြန်လွှတ်ပေးဖို့ ဆိုတဲ့ ကြိုးစားမှုအပိုင်းပဲဖြစ်ပါတယ်။ ၁၂ နှစ်အရွယ် ချစ်စရာ ကလေးမလေး ကီရာဟာ ဖခင်ဖြစ်သူ တိမွေးကုဆရာဝန်ကြောင့် ငယ်ငယ်လေးကတည်းက တိရစ္ဆာန်တွေနဲ့ မစိမ်းသူလေးဖြစ်ပါတယ်။ ဖအေတစ်ခု သမီးတစ်ခုအနေနဲ့ နေလာကြရင်း တစ်ရက်တော့ သူ့အဖေဟာ မတော်တဆတစ်ခုဖြစ်ပြီး ဆေးရုံမှာ ရက်ရှည်နေရဖို့ ဖြစ်လာတဲ့အခါ ကီရာလေးကို အာဖရိကမှာနေတဲ့ အဖိုးဖြစ်သူဆီ ပို့လိုက်ပါတော့တယ်။ ဒီကားထဲမှာကော ဝီလီဖြစ်လာမယ့် ဝေလငါးနဲ့ ကီရာလေးတို့ ဘယ်လိုစတွေ့တာဖြစ်မလဲ၊ ဘယ်လို အခက်အခဲတွေကို ဖြတ်သန်းရမလဲ၊ အခုတစ်ခါမှာရော ဘယ်လိုပြန်လွှတ်ပေးကြမလဲဆိုတာတွေတော့ ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါဦးနော့်။ File size… 2.1 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 41 m Genre ….. Family/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Z

Western • Drama • History • TV Movie • War
5 2010 101 mins
Free Willy: Escape from Pirate’s Cove
Noah’s Ark
4.3

Noah’s Ark (2024) ဘိုင်ဘယ်စာအုပ်ထဲက နိုးအာ့ ပုံပြင်ကို စိတ်ခံစားမှုတွေနဲ့ ပြန်လည်ဖန်တီးပြုထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ရုပ်ရှင်မှာ နိုးအာ့က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မျိုးစိတ်တွေကို မုန်တိုင်းကြီးမှ ကာကွယ်ဖို့ လုပ်ဆောင်တဲ့ ကမ္ဘာအကြီးဆုံး အုတ်မြစ်တစ်ခုဖြစ်လာမယ့်ပုံစံကို ဖော်ပြထားသည်။ ရုပ်ရှင် အနုပညာအပိုင်းကတော့ ထူးထူးခြားခြားဖြစ်ပြီး တိရစ္ဆာန်တွေကို ပြတဲ့ အခန်းတွေမှာတော့မိုက်တယ်။ ရုပ်ရှင်က ယုံကြည်မှု၊ အသက်ရှင်ခြင်းနှင့် လူ့သဘာဝတွေ သေချာစဉ်းစားသင့်တဲ့အကြောင်းအရာတွေကို ရှင်းပြထားတာပါ။ ရုပ်ရှင်က အနုပညာနှင့် ယုံကြည်မှုဆက်စပ်တဲ့ အရာတွေကို အဓိက ထင်ဟပ်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2.4 GB) / (1.4 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Animation, Comedy, Family, Musical Duration….01:33:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

Science Fiction • Horror • Thriller
4.3 2024 96 mins
Noah’s Ark
Rally Caps
6.5

ဒီ ဇာတ်ကားလေးကတော့ အမေရိကန် ဘေ့စ်ဘောလိဂ် (မေဂျာလိဂ်) မှာ တစ်ဦးတည်းသောာ နားမကြားရတဲ့ ကစားသမားအဖြစ် ထင်ရှားတဲ့ Curtis Pride က ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဂျော်ဒီ တို့ မိသားစုက မိသားစုအစဥ်အဆက် ဘေ့စ်ဘောအားကစားကို ဝါသနာပါသူတွေပါ … ဂျော်ဒီရဲ့ အစ်ကိုဖြစ်သူကလည်း ကောလိပ်အသင်းမှာ ကစားနေပြီး လက်စွမ်းကောင်းတယ်လို့ အများက သတ်မှတ်ထားပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ‌ဂျော်ဒီ တစ်ယောက်လည်း အငယ်တန်းလိဂ်အတွက် လက်ရည်အစမ်းသပ်ခံဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ လက်ရည်စမ်းသပ်မှု လုပ်နေရင်းမှာပဲ ဘတ်တံတစ်ချောင်းက ဘောလုံးရိုက်တဲ့သူ လက်ထဲက လွတ်ထွက်သွားပြီး ဂျော်ဒီ ရဲ့ မျက်နှာကို ထိသွားတာကြောင့် ဒဏ်ရာအကြီး အကျယ်ရသွားပါတော့တယ်။ ထရော်မာတွေ ရသွားတဲ့ ဂျော်ဒီ ဟာ ဘေ့စ်ဘောအားကစားကိုလည်း ဆက်မကစားတော့ဘဲ တစ်နေ့တစ်နေ့ အခန်းတွင်းပုန်းကာ မှိုင်တွေလို့နေပါတော့တယ်။ သားဖြစ်သူရဲ့ အဖြစ်ကို ကြည့်ရင်း စိတ်မကောင်းတဲ့ အမေ ဖြစ်သူက ဂျော်ဒီရဲ့ အစ်ကို ရော့ ရှိတဲ့ ဘေ့စ်ဘောကမ့် ကို နွေရာသီမှာ ‌ဂျော်ဒီ့ကို ပို့လိုက်ပါတော့တယ်။ ဒီလိုနဲ့ ကမ့်ရောက်တဲ့အခါမှာတော့ ဂျော်ဒီ တစ်ယောက် ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲ၊ သူ့ စိတ်ထဲက စိတ်ဒဏ်ရာတွေကိုရော ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ သူငယ်ချင်းအသစ်တွေနဲ့ အတူတူ ဒီနွေရာသီမှာ ‌ဂျော်ဒီတစ်ယောက် ဘာတွေ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုလိုက် ကြရအောင်ပါခင်ဗျာ။ File size… (1.71GB) / (944MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Drama
6.5 2024 96 mins
Rally Caps
The Unborn Child
6

The Unborn Child (2011) *********************** ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ The Unborn Child ဆိုတဲ့ ထိုင်း Horror ဇာတ်ကားကောင်းလေးကို CM ပရိသတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်…ဒီဇာတ်လမ်းလေးကတော့ ထိုင်းမှာဖြစ်ပွားခဲ့တဲ့ အရက်စက် အဆိုးရွားဆုံး ဖြစ်ရပ်မှန်တစ်ခုကို ကျောရိုးယူပြီး ရိုက်ကူးထားတာဖြစ်ပါတယ်… ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခုရဲ့ ရေခဲတိုက်လိုအခန်းတစ်ခုမှာ တရားမဝင် ကိုယ်ဝန်ဖျက်ချပေးတဲ့ ဆေးခန်းတွေကပို့ပေးထားတဲ့ သေဆုံးပျက်စီးနေပြီးသား သန္ဓေသားလောင်း ၂,၀၀၂ လောင်း ရှာဖွေတွေ့ရှိတဲ့ ဖြစ်စဉ်ကြောင့်…ပညာပေးတဲ့အနေနဲ့ရော နောက်ထပ်ဒီလိုမျိုးဖြစ်ရပ်တွေ ပပျောက်သွားဖို့ ရည်ရွက်ချက်နဲ့ ဒါရိုက်တာက ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း ————- သတင်းဓာတ်ပုံဆရာ ထရီနဲ့ သူ့ရဲ့ဇနီးဖြစ်သူ ကျောင်းဆရာမ ဖင်မ်တို့နှစ်ယောက်ဟာ သမီးဖြစ်သူ ယယ်မိုင်လေးကို ကျောင်းပို့ကျောင်းကြိုတဲ့အချိန်မှာ ယယ်မိုင်လေးက ထူးဆန်းတဲ့စကားတွေ ပြောလာခဲ့ပါတယ်… မောင်လေးကို အိမ်ခေါ်လာချင်တယ်လို့ တဖွဖွပြောဆိုနေတဲ့ သမီးဖြစ်သူကြောင့် ကလေးရဲ့စိတ်ကျန်းမာရေးကို မိဘတွေ စိတ်ပူပန်လာခဲ့ရပါတယ်…တစ်ချိန်တည်းမှာပဲ ဖင်မ်ရဲ့ ကျောင်းသား‌တွေဖြစ်တဲ့ ဘုံနဲ့ခမ်တို့ကလည်း မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတဲ့အခါ လူငယ်တွေ ထုံးစံအတိုင်း အတွေ့အကြုံရှိတဲ့ သူငယ်ချင်းကို အကူအညီတောင်းပြီး တရားမဝင်ကိုယ်ဝန်ဖျက်ချခဲ့ပါတယ်…အကုသိုလ်ကို မမြင်နိုင်သော်ငြား ပြုထားတဲ့မကောင်းမှုတွေစုပြုံလာတဲ့ တစ်ချိန်မှာ ကိုယ့်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဆိုတဲ့ လောကဓမ္မတာတရားအတိုင်း ကျူးလွန်သူတွေဆီကို အပြစ်ဒဏ်ဟာ တစ်နည်းနည်းနဲ့ ပြန်ရောက်လာပါတော့တယ်…ဒါပေမဲ့လည်း မဆီမဆိုင် ထရီနှင့်ဖင်မ်တို့ရဲ့ သမီးလေးဆီမှာမှ ဘာလို့ ဒီလိုထူးဆန်းတဲ့ ထိတ်လန့်ဖွယ်ရာတွေ တွေ့ကြုံလာရတာလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးကြည့်ရင်း ဆက်လက်အဖြေရှာလိုက်ရအောင်နော်… ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Reddy ဖြစ်ပါတယ်… File Size : 1.47GB / 482MB Quality : Blu-Ray 1080p 5.1ch / 720p Duration : 01:39:00 Genres : Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Reddy Encoded by Heather Oo

Action • Adventure
6 2011 92 mins
The Unborn Child
Hi,Mon
7

IMDb 7.0 အထိ ရရှိထားတဲ့ဇာတ်ကားကောင်းလေးပါဒီကားလေးကတော့ ဟာသကားလေးပေါ့ ဒါပေမဲ့ ခံစားတတ်တဲ့နှလုံးသားရှိရင်မျက်ရည်တွေနဲ့ ရယ်ကြရမယ့်ကားလေးပါ ဒီကားလေးက ဖြစ်ရပ်မှန်ကိုအခြေခံတာထက်ပိုတယ်ဘာလို့လဲဆိုတော့ ဒီကားလေးက​ေဒါရိုက်တာရဲ့ မပြီးမြောက်ခဲ့တဲ့ ဆန္ဒကိုမှန်းဆပုံဖော်ရိုက်ကူးတဲ့ကားမလို့ပါ… ဒီကားလေးထဲ သေသွားခဲ့တဲ့ သူချစ်ရတဲ့ခွေးလေး…အမေ့ကိုပြောချင်ခဲ့တဲ့စကားတွေနဲ့ နောက်ဆုံး မပေးဖြစ်ခဲ့တဲ့ အနွေးထည်လေးကိုပါထည့်ပြီး ရိုက်ကူးခဲ့တာပါ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်…ငယ်ငယ်တုန်းက ကျောင်းမှာ ချီးပါချလို့ အမေ့မှာအရှက်ကွဲရစာမတော် အမှတ်မကောင်းလို့ ကိုယ်နဲ့အတူ ဆရာမဆူတာခံရတဲ့အမေသူ့မိတ်ဆွေ အသိုင်းအဝိုင်းတွေကြား သားသမီးချင်းဂုဏ်ပြိုင်ရင်မျက်နှာငယ်ရတဲ့အမေဒီလိုအမေနဲ့ အတူစက်ဘီးစီးရင်း မတော်တဆဖြစ်တာတောင်အမေကဆေးရုံပေါ်မှာနောက်ဆုံးအချိန်ကိုစောင့်နေရချိန် ကိုယ်ကဘာမှမလုပ်ပေးနိုင်ဘဲ သေမှာကိုထိုင်ကြည့်နေရတဲ့ ကောင်မလေးတစ်ယောက်… ဆေးရုံမှာလူနာစောင့်ရင်း တီဗီကကြေညာသံတွေနောက်လိုက်ရင်း ၁၉၈၁ ခုနှစ် အမေအပျိုအချိန်ကို ရောက်သွားခဲ့တယ်… အဖက်ဖက်က ကြိုးစားရင်း အမေ့ဘဝကိုပိုကောင်းအောင် ကြိုးစားပေး…. အမေ့ပျော်အောင် ကြိုးစားပေးရင်း…နောက်ဆုံး အမေမွေးတာ ငါမဟုတ်ရင် အမေ့ဘဝပိုသာယာမလားလို့ တွေးမိပြီးတခြားသူနဲ့အောင်သွယ်ပေးတဲ့အထိ ကြိုးစားနေတဲ့ ရှောင်လင်… အတိတ်ကိုပြင်ဖို့ကြိုးစားတာ အောင်မြင်မလားကြားထဲ ဘာတွေဖြစ်မလဲ နောက်ပြီး သူမသိတဲ့တခြားဘာကိစ္စတွေရှိဦးမှာလဲဆိုတာဇာတ်လမ်းလေးကိုကြည့်ရင်း ခံစားကြည့်လိုက်ပါ

Action • Crime • Thriller • Drama
7 2021 128 mins
Hi,Mon
Like Friends
6.5

Like Friends (2025) IMDb Rating (6.5) အာချီလီလို့ခေါ်တဲ့ စတော့ကစားသမားတစ်ယောက်ဟာ ကမ္ဘာ့စတော့ကစားသမားထဲမှာ ထိပ်တန်း ၁၀ ဝင်သူဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အားနည်းချက်တစ်ခုက လူမှုဆက်ဆံရေးမကောင်းတာပါ။ သူ့နားကို တော်ရုံမိန်းမတွေကပ်တာမခံသလို သူနဲ့ဇာတ်လမ်းဖြစ်ခဲ့ဖူးတဲ့မိန်းမတွေဆိုရင်လည်း သူနဲ့ကြာကြာမခံပါဘူး။ ဒါပေမဲ့ တစ်နေ့မှာပဲ ထူးဆန်းစွာနဲ့ သူ့ဆီကိုအီးမေးလ်တစ်စောင်ရောက်လာပါတယ်။ အီးမေးလ်ထဲမှာ သူ့ကို လူသားတုပဉာဏ်နဲ့ပြုလုပ်ထားတဲ့ အဖော်မွန်စက်ရုပ်တစ်ရုပ်ကို လက်ဆောင်ရထားကြောင်းပြောလာပါတယ်။ ဒါကိုတွေ့ပြီး စိတ်ဝင်စားသွားတဲ့ အာချီလီဟာ အတည်ပြုလိုငြားဆိုပြီးတော့ အီးမေးလ်ပို့လာတဲ့ကုမ္ပဏီကိုပြန်ဆက်သွယ်ပြီး ရက်ချိန်းယူခဲ့ပါတယ်။ တကယ်လည်း စက်ရုပ်ကြီးတစ်ရုပ်သူ့အိမ်ရောက်လာတဲ့အချိန် အာချီလီတစ်ယောက် အံ့အားသင့်သွားရပါတယ်။ ဒီလိုနဲ့ အာချီလီနဲ့ သူ့အတွက်အဖော်မွန်ဖြစ်မယ်လို့ ကြော်ငြာခံထားရတဲ့ စက်ရုပ်မတို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဟာသသဆန်ဆန်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (2.1 GB) / (840 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:24:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Horror • Action • Thriller
6.5 2025 83 mins
Like Friends
The Balconettes Les femmes au balcon
6

The Balconettes (2024) IMDb Rating (6.0) အမျိုးအစားကတော့ ဟော်ရာနဲ့ကော်မဒီကို တွဲစပ်ထားပေမဲ့ ဒရာမာကားလိုအရသာပေးတဲ့ ထူးထူးခြားခြားရုပ်ရှင်ပါ။ သူငယ်ချင်းမ ၃ယောက် ရှိတယ်။ တစ်ယောက်က စာရေးဆရာမဖြစ်ချင်တယ်။ တစ်ယောက်က တီဗီမူဗီ မင်းသမီး။ တစ်ယောက်က ဆက်ချက်ပြီး ငွေရှာတယ်။ စာရေးဆရာမလုပ်ချင်တဲ့ တစ်ယောက်က လသာဆောင်ကနေ အိမ်ရှေ့တိုက်က အမြဲမြင်နေရတဲ့ ကောင်လေးကို စိတ်ဝင်စားနေတယ်။ ကောင်လေးကို နေ့စဉ်မပြတ်သူငန်းနေတုန်းမှာပဲ တစ်နေ့မှာ တိုက်အောက်မှာရပ်ထားတဲ့ ကားတစ်စီးကို တခြားကားက ဝင်တိုက်တဲ့အသံကြားလို့ကြည့်လိုက်တော့ မင်းသမီးလုပ်နေတဲ့ သူ့သူငယ်ချင်းရောက်လာတာဖြစ်နေတယ်၊ သူတို့သုံးယောက်လူစုံသွားကြတာပေါ့။ သူ့သူငယ်ချင်းတိုက်မိတာက သူကြိုက်နေတဲ့ကောင်လေးရဲ့ကား။ ဒီတော့ ဟိုကောင်လေးကို ကားအတွက် အလျော်ပေးဖို့လုပ်ရင်း ဆက်ချက်တဲ့သူ့သူငယ်ချင်း အဲဒီကောင်လေးငြိမလိုဖြစ်သွားရာကနေ သူတို့၃ယောက်စလုံး ကောင်လေးအိမ်က ပါတီကိုသွားဖြစ်ကြတယ်။ နောက်နေ့မှာတော့ ကောင်လေးက သေသွားပြီး သူ့သူငယ်ချင်းက မုဒိန်းကျင့်ခံလိုက်ရတာကို သိခဲ့ရာကနေ အရှုပ်ကြီးကို သူတို့တွေဘယ်လိုရှင်းကြမလဲ ကြည့်ရမယ့် ဇာတ်လမ်းပါပဲ။ ဝတ်လစ်စလစ်အခန်းတချို့ ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.4 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Fantasy,Horror Duration….01:44:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by W

Action
6 2024 105 mins
The Balconettes Les femmes au balcon