YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Demon (2023) (Ep1).mp4

553.76 MB N/A video/mp4 164 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ripper Untold
6.2

ဘယ်သူမှမလုံခြုံပါဘူးတဲ့။ ဟုတ်ပါတယ်... သေခြင်းဆိုတာ အချိန်မရွေး၊ နေရာမရွေး ဖိတ်မခေါ်ဘဲ ရောက်လာတတ်တာမျိုးပါ။ ဒါပေမဲ့ ဒီကားထဲကလို ဝွိုက်ချက်ပယ်လ်က မိန်းကလေးတချို့ ကြုံခဲ့ရတဲ့သေခြင်းမျိုးကတော့ ဆိုးရွားလွန်းပါတယ်။ ရက်ရက်စက်စက် လည်လှီးအသတ်ခံရတဲ့မိန်းကလေးတွေ၊ နေ့စဉ်ရက်ဆက် ရင်ခွဲစစ်ဆေးခန်းဆီ၀င်လာတဲ့ အလောင်းတွေ၊ အဲဒီမိန်းကလေးအလောင်းတွေကို စစ်ဆေးအစီရင်ခံရတဲ့ ရဲမှုခင်းဆေးဘက်ဆိုင်ရာစစ်ဆေးရေးမှူး သောမတ်စ်၊ အမှုလိုက်နေရတဲ့ အင်စပက်တာရီးစ်၊ နည်းမျိုးစုံနဲ့သတင်းရအောင်ယူတဲ့ သတင်း ထောက်တစ်ယောက်၊ ဒေသခံလူမှုအဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင် ဒေါက်တာ လောင်ရီ၊ ပြည့်တန်ဆာအိမ်က မစ္စလဗီးန်၊ သောမတ်စ်ရဲ့ အထီးကျန်ဇနီးသည် အဲလိဇဘတ်.... သူတို့တွေဟာ ဝွိုက်ချက်ပယ်လ်မှာဖြစ်ပျက်နေတဲ့ သန်းခေါင်ယံလူသတ်မှုတွေနဲ့ ဘယ်လိုပတ်သက်နေမလဲ၊ အသတ်ခံရသူတွေဟာ ညဉ့်ငှက်မလေးတွေချည်း ဘာလို့ဖြစ်နေရသလဲ၊ တရားခံဘယ်သူဖြစ်မလဲဆိုတာ တကယ်ကို သည်းထိတ် ရင်ဖိုကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ လူ့စိတ်ဟာဖောက်ပြန်လာရင် ဘယ်လောက်ထိကြောက်စရာကောင်းလဲဆိုတာ ဒီကားထဲမှာ ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပါတယ်။ မှုခင်း/စုံထောက်ဇာတ်လမ်း ကြိုက်သူတွေရော သည်းထိတ်ရင်ဖိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ အတွက်ပါ ဒီဇာတ်လမ်းကို ညွှန်းပေးလိုက်ပါတယ်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.0 GB) / (400 MB) / (220 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 25mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......C'mon Encoder..........SWM

Action • Adventure • Fantasy • Horror • Thriller
6.2 2021 85 mins
Ripper Untold
Shanghai Knight
1

စစ်​အေး​ခေတ် ဗြိတိသျှ​နေမဝင်အင်ပါယာနဲ့ ဂျပန်အင်ပါယာတို့ အာရှတိုက်တစ်ဝန်း နယ်ချဲ့ကျွန်ပြုထားတဲ့ ​ခေတ်ကာလတစ်ခုမှာ တရုတ်ပြည်မကြီးမှာလည်း မျက်နှာဖြူနဲ့ ဂျပန်​တွေ ကြီးစိုး​​နေတဲ့ အချိန်​ပေါ့၊ ရှန်ဟိုင်းမြို့Bundအရပ်မှာ ဂျင်ဂွမ်ယုံဆိုတဲ့ သူ​ဌေးက ဆိပ်ကမ်း ၇ခုပိုင်ဆိုင်ပြီး ကုန်တင်ကုန်ချလုပ်ငန်းက​နေ စီးပွားရှာနေသူ​ပေါ့၊ သူနဲ့စီးပွားပြိုင်ဖက်က​တော့ အုချီယမဆိုတဲ့ ဂျပန်ပြည်ကလာတဲ့ သူ​ဌေးတစ်​ယောက်ပါ၊ ဆိပ်ကမ်းပိုင်သူ​ဌေးနဲ့ သွင်းကုန်လုပ်ငန်းရှင်တို့ ဖြစ်တာနဲ့အညီ ရန်ပွဲ၊တိုက်ပွဲ​တွေ ပဋိပက္ခ​တွေအမြဲဖြစ်​လေ့ရှိတဲ့ ကမ္ဘာ့ရန်​သဖွယ် ဖြစ်​နေကြသူ​တွေပါ။ ဒီလိုစီးပွားပြိုင်၂ဦးလုံးက တိုက်တိုက်ဆိုင်ဆိုင် မြင်းပွဲကို​တော့ အထူးခုံမင်ကြပါတယ်၊ ဒီလိုနဲ့ပဲ နှစ်ရှည်လများ ဖြစ်တည်လာတဲ့ သူတို့ရဲ့ ပြိုင်ဆိုင်မှုကို မြင်းပွဲတစ်ပွဲနဲ့ စည်းစိမ်ကုန် ​​လောင်း​ကြေး ထပ်ကာ အဆုံးသတ်ဖို့သ​ဘောတူခဲ့ကြပါတယ်၊ မြင်းပွဲရှိပြီဆိုရင် ကိုယ့်ပြိုင်မြင်းကို အ​ကောင်းဆုံးထိန်း​ကျောင်းနိုင်တဲ့ ​ဂျော်ကီကို လိုလာစမြဲပါ၊ ဒီလို စည်းစိမ်ကုန်၊ ဂုဏ်သိက္ခာကုန် ​အ​လောင်းစား လုပ်ထားတဲ့ပွဲမှာ ​ဂျော်ကီ​ကောင်းရှိဖို့ ပိုလိုအပ်လာပါတယ်။ အဆိုပါ​ဂျော်ကီ​နေရာကို​ လုပ်ငန်းရှင်၂ဦးက မာယွန်​ဖေးဆိုသူ ဆိပ်ကမ်းအလုပ်သမားတစ်ဦးကို မျက်စိကျလာပါတယ်၊ သူက လူရိုးလူ​ဖြောင့်ဖြစ်သလို အလုပ်သမား​တွေရဲ့ နစ်နာဆုံးရှူံးမှု​တွေတန်ရာတန်​ကြေးပြန်ရ​ဖို့ ဂျင်ဂွမ်ယုံနဲ့ မကြာခဏ ထိပ်တိုက်​တွေ့​ဖြေရှင်းတတ်တဲ့ သူတစ်​ယောက်ပါ၊ မြင်းစီးပညာလည်း ​ထူးချွန်တာဖြစ်လို့ ဂျင်ဂွမ်ယုံ​ရော အုချီယမ​ရောက သူ့ကို ​ဂျော်ကီအဖြစ်​ခေါ်ယူချင်​နေတာပါ။ အ​လောင်းအစားတစ်ခုနဲ့ အရာအားလုံးရင်းထားတဲ့ ဒီမြင်းပွဲမှာ ဘယ်သူကဗိုလ်ဝင်ခံမှာလဲ ၂ဖက်လုံး​ခေါ်ယူချင်​တဲ့ မာယွန်​ဖေးက ဘယ်သူ့ဘက်က ရပ်တည်မလဲ ​မြွေ​မြွေချင်း​​ ခြေမြင်၊ ကတုံး​ပေါ် ထိပ်ကွက်ဖို့ပဲ ကြံ​နေတဲ့ ဒိတ်ဒိတ်ကြဲ သူ​​ဌေး၂ဦးရဲ့ အားပြိုင်ပွဲမှာ ဘယ်လိုလှည့်ကွက်​တွေ၊ ​နောက်​ကျောဓါးထိုးမှု​တွေ ရှိမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ၊ တရုတ်ကားဆို CGI အများကြီး ပါဝင်တဲ့ သိုင်းကား​တွေပဲ အထွက်များ​နေတဲ့အချိန် ကိုလိုနီ​ခေတ် ဂိုဏ်းအားပြိုင်မှု​တွေ ပြန်မြင်​တွေ့ခွင့်ရတာတမျိုးထူးခြားတာမို့ ကြည့်ရှူခံစားကြည့်လိုက်ပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.6GB) / (750MB) Quality__WebDL_1080p, 720p IMDb Rating__7.5/10 Format__mp4 Duration__01:30:00 Type__Action, Crime, History Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Comedy • Drama • Family
1 2022 88 mins
Shanghai Knight
(18+) The Scarlet Letter
6.6

ဒီဇာတ်ကားရဲ့နာမည်ကို The Scarlet Letter ဆိုတဲ့စာအုပ်ကို အစွဲပြုပြီး ​ပေးထားတာဆို​ပေမယ့် ဇာတ်လမ်းနဲ့ အလိုက်ဖက်ဆုံးနာမည်ကို ​စဉ်းစားရရင် "အချစ်​ကြောင့် ပျက်သုဉ်းရသူများ"လို့ ကင်ပွန်းတပ်ရင် မှားမယ်မထင်ပါဘူး။ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Mystery Drama ရုပ်ရှင်ဖြစ်ပြီး တစ်​ခေတ်တစ်ခါက အ​တော်​ရေပန်းစားခဲ့တဲ့ ကိုရီးယားရုပ်ရှင်ပါ၊ IMDb 6.4အထိရရှိထားပြီး ဇာတ်လမ်းသွားနဲ့ plot twist​တွေက အ​တော်​လေးမိုက်ပါတယ်၊ အ​​​ဖော်အပြလည်း ကြမ်းသလို ​သွေးသံရဲရဲ​တွေလည်း ပါဝင်လို့ 18+လို့ ​ပြောလို့ရပါတယ်။ မထင်ထားတဲ့plot twistအဆန်း​​တွေကြိုက်ရင် ဒီဇာတ်ကားကို ​သေချာ​ပေါက် ညွှန်းလို့ရပါတယ်။ သရုပ်​ဆောင်​​တွေအ​​နေနဲ့ အားလုံးရင်းနှီးပြီးသား Dr. Romantic ထဲက မင်းသားကြီး Han Suk Kyu နဲ့ တချိန်က နာမည်ကြီးခဲ့တဲ့ မင်းသမီး Lee Eun Juတို့ အဓိကပါဝင်ထားသလို ဒီဘက်​ခေတ် ဒရာမာ​တွေမှာ မကြာခဏတွေ့​နေကျ မင်းသား၊မင်းသမီးကြီး​တွေ ပါဝင်ထားပါ​သေးတယ်၊ ဒီဇာတ်ကားက မင်းသမီးLee Eun Juရဲ့ ​နောက်ဆုံးဇာတ်ကား ဖြစ်ပြီး ​အညွန့်တလူလူနဲ့ ​ အောင်မြင်ကာစ ၂၄နှစ်အရွယ်မှာပဲ Suicide caseနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ဇာတ်လမ်းအစကို ဓါတ်ပုံတိုက်ပုံရှင်အသတ်ခံရမှုနဲ့ စဖွင့်ထားပြီး စုံ​ထောက်အီဂီဟွန်းက ဒီအမှုကို ဦး​​ဆောင် စုံစမ်းစစ်​​​ဆေးရသူပါ၊ ​​သေဆုံးသူမှာ ဇနီးတစ်​ယောက်ကျန်ခဲ့ပြီး အသက်အာမခံ​ကြေးက ဝမ်သန်း၆၀၀​​အထိဖြစ်​နေလို့ ဇနီးသည်ကို သံသယတရားခံအ​ဖြစ် သတ်မှတ်ထားခဲ့ကြတာပါ၊ စုံ​ထောက်အီဂီဟွန်းကလည်း လူမှု​ရေး ​ဖောက်ပြန်နေသူဖြစ်ပြီး ကိုယ်ဝန်သည်ဇနီးရှိရဲ့သားနဲ့ တခြားသူနဲ့ ​နောက်မီးလင်း​နေခဲ့တာပါ၊ ဆိုးတာက ဇနီးဖြစ်သူနဲ့ ​မယားငယ်က အထက်တန်း​ကျောင်း သူငယ်ချင်း​တွေ ဖြစ်​နေတာပါ။ မိန်းမဖြစ်သူမှာလည်း လျှို့ဝှက်ချက်​တွေရှိ​နေပြီး အီဂီဟွန်းမသိဘဲ ကိုယ်ဝန်ဖျက်ချဖူးတဲ့သူပါ၊ ဒီလိုနဲ့ တစ်​နေ့မှာ အ​​မြှောင်မယားကပါ ကိုယ်ဝန်ရှိလာတဲ့​နောက် အီဂီဟွန်းအ​နေနဲ့ သူငယ်ချင်းနှစ်​ယောက်၊ မယားကြီးနဲ့မယားငယ်ကြား ၂​ယောက်စလုံးကိုချစ်၊ ၂​ယောက်လုံး ကလည်း ပြန်ချစ်တဲ့ကိန်း ဆိုက်လာသလို တစ်ဖက်က လူသတ်မှုကလည်း လွယ်မ​ယောင်နဲ့ခက်၊ တိမ်မ​ယောင်နဲ့နက်​နေတဲ့အခါ.... အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Mystery, Thriller Quality….1080p | 720p| 480p File size…2.1GB | 901MB | 281MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator .....JimX Encoder .....Blank

Drama • Thriller
6.6 2004 115 mins
(18+) The Scarlet Letter
The Exit Row
2

သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို သဘောကျတတ်တဲ့ Thriller ပရိသတ်ကြီးအတွက် (၂၀၂၃) ထွက် The Exist Row ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင် ဆာရှာဒေ့ဒ်က ခင်ပွန်းသည်ရယ် သားတစ်ယောက်ရယ်နဲ့အတူ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး စီးပွားရေးလောကမှာလည်း အောင်မြင်တဲ့ ကြော်ငြာလုပ်ငန်းရှင်တစ်ယောက် ဖြစ်ပါတယ်။ ကလင့်ထ်မိုင်ရာကတော့ နာမည်ကြီးအိမ်ခြံမြေအကျိုးတော်ဆောင်တစ်ယောက်ဖြစ်ပြီး ဘဝကိုအေးအေးဆေးဆေး တစ်ယောက်တည်းဖြတ်သန်းနေသူဖြစ်ပါတယ်။ သီးခြားစီဖြစ်တည်နေတဲ့ သူတို့နှစ်ယောက်ရဲ့ကမ္ဘာနှစ်ခုဟာ လေယာဉ်ခရီးစဥ်တစ်ခုမှာ ဝင်ရောက်တိုက်မိခဲ့ပြီး ကလင့်ထ်က ဆာရှာ့ကို ရူးရူးမူးမူးစွဲလမ်းသွားခဲ့ပါတယ်။ ဆာရှာကတော့ အဆင်မချောခဲ့တဲ့ ဒီလေယာဉ်ခရီးစဉ်အပြီးမှာ စိတ်ဒဏ်ရာရသွားခဲ့ပြီး စိတ်ဖိစီးမှုလျော့ကျဆေးတွေ သောက်ရတဲ့အပြင် သူ့နောက်ကိုလူတစ်ယောက်က လိုက်နေပါတယ်ဆိုတဲ့ ခြောက်ခြားစရာစကားတွေကိုလည်း ပြောလာခဲ့ပါတယ်။ အိမ်ထောင်ရေးအဆင်မပြေမှုတွေလည်း ဖြစ်လာခဲ့ပြီး အရာရာအဆင်ပြေနေခဲ့တဲ့သူ့ဘဝလေးက ကမောက်ကမဖြစ်လာပါတော့တယ်။ ဆာရှာကြုံနေရတဲ့ ခြောက်ခြားစရာဖြစ်ရပ်တွေက ကလင့်ထ်ရဲ့စွဲလမ်းမှုနဲ့ ဘယ်လိုသက်ဆိုင်နေမလဲ။ ဆာရှာကပဲ စိတ်ကယောင်ခြောက်ချားဖြစ်နေခဲ့တာလား။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားပေးပါဦးခင်ဗျာ။

Comedy • Drama • Sci-Fi & Fantasy
2 2023 91 mins
The Exit Row
Too Cool to Kill
6.1

ရုပ်ရှင်သရုပ်ဆောင်ဖို့ အရူးအမူးဖြစ်တဲ့သူတွေ ဒီကားလေးက ကြည့်သင့်တဲ့ကားလေးပါ။ ရုပ်ရှင်ရိုက်ကွင်းအကြောင်းကို ပါးပါးလေးရှင်းပြထားတဲ့အပြင် ကင်မရာအယူအဆတွေကိုပါ ဒိုင်ယာလော့မှာပြောပြသွားတာမို့ ယူတတ်ရင်ပညာရပါတယ်။ ပြီးတော့ ပေါ့ပေါ့ပါးပါးလေးဖြစ်တဲ့ လူသတ်သမားကားကိုကြည့်ချင်ရင်လည်း ဒီကားကိုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ပြုံးစိပြုံးစိဖြစ်နေပါလိမ့်မယ် …. ရုပ်ရှင်သရုပ်ဆောင်ကို အရမ်းစွဲလန်းတဲ့ ဖြတ်လျှောက်တစ်ယောက်က လူသတ်သမားအဖြစ် အဓိကမင်းသားနေရာမှာသရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရပါတယ်။ လူသတ်သမားကားလ် အဖြစ်သရုပ်ဆောင်ရာမှာ ဇာတ်ညွှန်းလည်းမရှိပါဘူး။ ကင်မရာတွေလည်း ဖွက်ထားပါမယ်တဲ့။ ရုပ်ရှင်လောကကို တစ်ခေတ်ဆန်းစေမယ့်နည်းပညာအသစ်နဲ့ ရိုက်ကူးထားတာပါတဲ့… အဲ့ဒါနဲ့ပဲ ပီတိတွေဖြာ အီးအီးတွေပါပြီး ဝမ်းသာအားရ လက်ခံလိုက်ပါတယ်။ သူလုံးဝမသိတာက သူသရုပ်ဆောင်တဲ့ လူသတ်သမားကားလ် ဆိုတာအပြင်မှာတကယ်ရှိနေပြီး သူကိုယ်တိုင်ကလည်း ဒုစရိုက်ဂိုဏ်းထဲမှာ အမှန်တကယ် ဝင်ရောက်သွားတာကိုပါ။ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်က လူသတ်သမားအဖြစ်ဘယ်လိုသရုပ်ဆောင်မလဲ.. ပြီးတော့ သူကိုယ်တိုင်ပါဝင်ထားတဲ့ ဇာတ်လမ်းကရော ဘယ်လိုအလှည့်အပြောင်းတွေလာဦးမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော် … ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ ) File Size__(1.9GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__01:49:00 Type__Comedy Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt

Adventure • Animation • Comedy • Family • Fantasy
6.1 2022 109 mins
Too Cool to Kill
Paper Lives
6.6

တူရကီရုပ်ရှင်တွေထဲက Netflixမှာ လူကြည့်အများဆုံးနဲ့ နိုင်ငံတကာရုပ်ရှင်ဝေဖန်ရေးသမားတွေကအစ ချီးကျူးထားတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ iMDbကိုယ်တိုင်ကိုက အော်စကာနဲ့ထိုက်တန်တဲ့ရုပ်ရှင်ကားလို့ ညွှန်းထားပြန်ပါတယ်။ လူတွေဟာ ကိုယ်မရခဲ့တဲ့အရာဆို သူများအတွက်ဖြည့်ပေးချင်ကြတာချည်းပါပဲ။ Mehmetဟာ အစ္စတန်ဘူးဆင်းရဲသားရပ်ကွက်မှာ ဘူးခွံပလုံးခွံတွေ ကတ်ထူစက္ကူတွေကို အမှိုက်ပုံးထဲကလိုက်ကောက်ရင်း ပိုက်ဆံစုကာ ကျောက်ကပ်အစားထိုးဖို့ အလှူရှင်ကိုစောင့်ဆိုင်းနေသူပေါ့။ တွယ်တာစရာ သိပ်မရှိလှပေမဲ့ ဘဝတူဆင်းရဲသားတွေနဲ့ ညီအစ်ကိုလိုနေရင်း ပတ်ဝန်းကျင်ကို ကူညီတတ်သူဖြစ်ပြီး အသက်ရှင်နေဖို့ သိပ်စိတ်ပါလှတယ်တော့မဟုတ်ပါဘူး။ တစ်နေ့တော့ ဆာလာအိတ်ထဲမှာ ၈နှစ်အရွယ်ကောင်လေးတစ်ယောက်ပါ လာပါတယ်။ ကောင်လေးကို ဘယ်ကလာလဲ မင်းအိမ်ဘယ်မှာလဲမေးပေမဲ့ ခေါင်းတွင်တွင်ခါရင်း ကျွန်တော်ပိုက်ဆံရှာချင်တယ် အမေ့ကိုကယ်မယ်ပဲ ပြောနေပါတယ်။ Mehmetလည်း ကောင်လေးကို ခဏခေါ်ထားပြီး နောက်မှ သူ့အမေဆီပြန်ပို့မယ်ဆိုတဲ့အကြံနဲ့ ခဏတာလက်ခံထားပြီးနောက်မှာ သူ့ဘဝဟာ ပြောင်းလဲသွားပါတော့တယ်။ Spoilerမမိစေချင်တာကြောင့် ဒီအထိပဲပြောပြပါရစေ။ ငယ်ဘဝစိတ်ဒဏ်ရာတွေ၊ ဆေးသုံးစွဲမှုတွေ၊ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ စိတ်အခြေအနေတွေ၊ ဆင်းရဲနွမ်းပါးမှုတွေနဲ့ပုံဖော်လို့ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်တင်မက ရုပ်ရှင်ဓာတ်ပုံပိုင်းကပါ ဒီဇာတ်ကားကို အပြည့်ဖြည့်ပေးထားပါတယ်။ ပြောစရာတစ်ခုရှိတာကတော့ သီချင်းတစ်ပုဒ်ကို စောစီးစွာအသုံးပြုထားခြင်းပါပဲ။ ဒါပေမဲ့ ဒီဇာတ်လမ်းကို ဆုံးအောင်ကြည့်မယ်ဆိုရင် ဒီသီချင်းကို ဘာလို့သုံးခဲ့လဲဆိုတာကို နားလည် ပေးနိုင်မယ်ထင်ပါရဲ့။ ရုပ်ရှင်အဆုံးဟာ လုံးဝကိုခမ်းနားပြီး အစပိုင်းမှာ နားမလည်နိုင်ခဲ့တဲ့သရုပ်ဆောင်မှုတွေကို ဒါကဒီလိုပါလာဆိုပြီး စေ့စေ့တွေး ရေးရေးပေါ်စေပါလိမ့်မယ်။ ဒီ ၁ နာရီနဲ့ ၃၇ မိနစ်ဟာ လုံးဝနောင်တမရစေမယ့်အချိန်လို့ အာမခံပါတယ်ခင်ဗျာ။ File size…1.47GB / 737MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Drama • Romance • Comedy
6.6 2022 96 mins
Paper Lives
Khoobsurat
6.4

Khoobsurat (2014) “ကန့်လန့် ချစ်သူ” IMDb 6.5 ရထားတဲ့ ဟင်ဒီကားဟောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် Fawad Khan နဲ့ မင်းသမီးချောလေး Sonam Kapoor တို့ ပါဝင်ထားတဲ့ romantic comedy ကားလေးပဲဖြစ်ပါတယ် ရုံတင်ဝင်ငွေ ရူပီး သန်း ၈၀၀ နီးပါးပြန်ရခဲ့တဲ့ ကားကောင်းလေးတစ်ကားပါ ဇာတ်လမ်းအကျဥ်းကတော့ မီလီချက်ကရာဗာတီဆိုတဲ့ သွက်လက်ချက်ချာ ကောင်မလေးဟာ အိန္ဒိယ ခရစ်ကတ်ပရီးမီးယားလိဂ်မှာ အကြောပြင် ဆရာဝန် Physiotherapist အဖြစ် လုပ်ကိုင်တာဖြစ်ပြီး နာမည်ကြီးအသင်းရဲ့ ကစားသမားတစ်ယောက်ကို ပွဲချိန်တွင်း ပြန်ကစားလို့ရအောင် ကုသပေးလိုက်နိုင်တာကြောင့် တော်ဝင်မိသားစုတစ်စုက သူ့ကို ခေါ်ပါတော့တယ် မီလီရဲ့ အမေကလည်း မီလီ့နည်းတူ ခေတ်ဆန်ပြီး ပေါ့ပေါ့ပါးပါးနေတတ်ပြီး သူ့သမီးကိုလည်း သမီးစိတ်ကြိုက်ယောကျာ်းတစ်ယောက် အမြန်ရစေချင်သူပါ တော်ဝင်မိသားစုက ဝှီးချဲလ်ပေါ်က သိပ်ခေါင်းမာလွန်းတဲ့ ဘုရင်ကြီးကို ကုပေးရမှာဖြစ်ပြီး သူ့ရဲ့ ကတော်ကလည်း ဟိတ်ဟန်ဆန်လွန်းပြီး သားတော် မင်းသား ဗစ်ကရမ်ကပါ အမေနဲ့ တစ်ပုံစံတည်းပါ စရောက်တဲ့နေ့ကတည်းက ဒေါက်တာမလေး မီလီတစ်ယောက် အလွဲလွဲအချော်ချော်ဖြစ်နေပြီး သူ့ရဲ့ ရွှတ်နောက်နောက် ကာရိုက်တာနဲ့ တော်ဝင်မိသားစုဝင်တွေရဲ့ အပေါက်အလမ်းမတည့်မှုက သူ့အတွက် တော်တော်လေး ဒုက္ခရောက်စေပါတယ် အနေနီးလို့ သူချစ်မိသွားတဲ့ ရေခဲတုံးမင်းသားလေးရဲ့ အချစ်ကို ရယူချင်ပေမယ့် မင်းသားမှာ ပိုင်ရှင်ရှိနေတာမို့ ဒေါက်တာ မလေးခင်ဗျာ ချစ်သူနဲ့ ပေါင်းဖက်နိုင်ပါ့မလား… ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး ဒီထဲက ဒေါက်တာမလေးရဲ့ အပြုံးအရယ် အလှနဲ့တင် သိပ်ကိုကြည်နူးစရာကောင်းနေပြီမို့ ကြည့်ရတာ တန်မယ့်ကားတစ်ကားပါ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thaik San နဲ့ KKKZ တို့မှ တင်ဆက်ထားပါတယ်။)

6.4 2014 130 mins
Khoobsurat
The Art of Fighting
5.4

Art of Fighting (2020) ဂွန်းဝူက ငယ်ရွယ်စဥ်ကတည်းက တိုက်ကွမ်ဒိုကို သင်ယူခဲ့သူဖြစ်ပြီး တိုက်ကွမ်ဒိုပြိုင်ပွဲမှာ ဝင်ပြိုင်ရာမှ ဒိုင်လူကြီး၏ မမျှတမှုကြောင့် ဒိုင်လူကြီးကို ပြန်ခံပြောရင်း သူ့ရဲ့တိုက်ကွမ်ဒိုအားကစားသမားဘဝကို အဆုံးသတ်ခဲ့ရပါတယ်။ ဒေါ်လေးဖြစ်သူနဲ့ နေထိုင်တဲ့ ဂွန်းဝူဟာ ငယ်ငယ်တည်းက သင်ယူခဲ့ရတဲ့ အားကစားကို စွန့်လွှတ်ပြီး သာမန်အထက်တန်းကျောင်းသားအဖြစ် စာသင်ယူဖို့ ကျောင်းပြောင်းလာခဲ့ရပါတယ်။ တိုက်ကွမ်ဒိုကို စွန့်လွှတ်ပြီး ရိုးရိုးကျောင်းတက်ရင်း အေးအေးဆေးဆေးနေထိုင်ချင်တဲ့ ဂွန်းဝူအတွက်တော့ ကျောင်းအသစ်က ဆုံးဖြတ်ချက်မှားတစ်ခုပါပဲ။ ဂွန်းဝူရဲ့ကျောင်းအသစ်မှာ ကျောင်းသားချင်း ပိုက်ဆံလု၊ ရိုက်နှက်အနိုင်ကျင့်တဲ့ အုပ်စုဆိုပြီး တစ်ဖွဲ့သက်သက်ရှိပြီး အဲဒီအုပ်စုရဲ့ခေါင်းဆောင်နေရာကို အတိုက်အခိုက်အတော်ဆုံးသူက ရရှိတဲ့သဘောပါ။ ကျောင်းသားသစ်ဆိုပြီး ဂွန်းဝူကို အနိုင်ကျင့်ချင်တဲ့ အဲဒီအဖွဲ့က ဂွန်းဝူကို သွေးတိုးလာစမ်းပေမဲ့ သူတို့ထက်တော်တဲ့ ဂွန်းဝူနဲ့ တွေ့တဲ့အချိန်မှာတော့ သူတို့ပဲ ပညာပြန်ပေးခံလိုက်ရပြီး ဂွန်းဝူက ကျောင်းတွင်းအနိုင်ကျင့်မှုတွေကို ရပ်တန့်သွားအောင် ကြိုးစားတဲ့ ကျောင်းသားကားလေးပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kppks ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1.3GB | 577MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator …..Kppks Encoder ….. Aaron

5.4 2020
The Art of Fighting
Băieți Deștepți

Baieti Destepti (2023) ရုပ်ရှင်ကြည့်ပရိသတ်တို့ကို အရသာတစ်မျိုး ပေးစွမ်းနိုင်မဲ့ ရိုမေးနီးယားအက်ရှင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ (လီယို)မိန်းမသေသွားပြီးကတည်းက အရက်ပဲနေ့စဉ်သောက်နေလို့ ဆိုင်းငံ့ခံထားရတဲ့သူ။ (ကိုစတီ)ဒေါသတအားကြီးပြီး ရုံးမှာ မိတ္တူစက်ထဲက စာရွက်ထွက်မလာလို့ သေနတ်နဲ့ ပစ်ချလိုက်တဲ့အတွက် ဆိုင်းငံ့ခံထားရတဲ့သူ။ (အက်လက်စ်)အဆဲတအားသန်ပြီး ရဲကားထဲမှာ အိပ်ပျော်နေတုန်း ရေဒါခိုးခံလိုက်ရလို့ ဆိုင်းငံ့ခံထားရတဲ့သူ။ သူတို့အကုန်လုံးကို ပြန်စုစည်းစေတာက အရာရှိမအယ်လ်နာ။ နာဆစ်ဆိုတဲ့ မူးယစ်ကုန်သည်တစ်ဦးက ဘယ်လိုမှဖမ်းမရတာကြောင့် နာဆစ်နဲ့ အနီးစပ်ဆုံးထိရောက်ဖူးတဲ့ သူတို့သုံးဦးကို အထူးအဖွဲ့အဖြစ် ပြန်လည်စုစည်းပြီး နာဆစ်ရဲ့ ကိုကင်းအချီကြီးကူးမဲ့ကိစ္စကို လိုက်ကြပါတယ်။ အလွဲလွဲအချော်ချော်တွေနဲ့ ဟာသ-အက်ရှင်ဇာတ်လမ်းလေးကို ခံစားကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3hanဖြစ်ပါတယ်) Genre….. Action, Comedy, Romance Quality…. 1080p | 720p File size… 1.7GB | 868MB Format… mp4 Duration…. 1h 8min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

Drama • History
0 2023
Băieți Deștepți
Barton Fink
7.6

တမူထူးခြားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို တင်ဆက်ပေးမှာ ဖြစ်ပါတယ် ဒါရိုက်တာက နာမည်ကြီး Coen ညီနောင်ဖြစ်တဲ့အပြင် ကိန်းရုပ်ရှင်ပွဲတော်က Palme d’Or လို ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ရုပ်ရှင်ပါ Writers Block ဆိုတဲ့ စာရေးဆရာတွေ အကြံဉာဏ်မထွက်တဲ့ အကြောင်းကို psychological comedy ဆန်ဆန်ပုံဖော်ထားပြီး ဒိုင်ယာလော့ခ်တွေကလည်း စိတ်ဝင်စားစရာကောင်းပါတယ် ဘာတွန်ဖင့်န်က နာမည်ကြီးပြဇာတ်ရေးဆရာဖြစ်ပြီး ဝေဖန်ရေးဆရာတွေ ချီးကျူးခံရတာကို မနှစ်မြို့ပဲ သူ့ရင်ဘတ်ခံစားချက်အတိုင်း လူလတ်တန်းစားတွေရဲ့ စိတ်ခံစားချက်ကို တင်ပြဖို့ကသာ အိပ်မက်ပါ ဒါပေမဲ့ မိတ်ဆွေတစ်ယောက်ညွှန်းမှုနဲ့ ဟောလိဝုဒ်ကိုရောက်သွားပြီး ရုပ်ရှင်ဇာတ်ညွှန်းရေးရဖို့ ဖြစ်လာပါတယ် သူ့အတွေးအခေါ်နဲ့ လုံးဝမကိုက်ညီတဲ့ ပရိုဂျူဆာတွေရဲ့ ဖိအားပေးမှုတွေ ကြုံရတဲ့အခါ……. စာရေးဖို့ အကြံက တစ်နေပြီး သူနေတဲ့ ဟိုတယ်မှာပါ ထူးထူးဆန်းဆန်းတွေ ကြုံလာရတဲ့အခါမှာ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ File size…(2.5 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:56:00 Genre… Comedy, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

7.6 1991
Barton Fink
The Dishwasher
7.2

ယခုအခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Le Plongeur ( The Dishwasher ) ဆိုတဲ့ ကနေဒါပြင်သစ် စကားပြောဇာတ်ကားလေးပဲဖြစ်ပါတယ်… ဒီဇာတ်ကားလေးဟာ ဝတ္ထုရေးဆရာ၊ စားသောက်ဆိုင်ပိုင်ရှင် Stephane Larue ရဲ့ Le Plongeur ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ဝတ္ထုရေးဆရာကိုယ်တိုင် ငယ်စဉ်က စားသောက်ဆိုင်မီးဖိုချောင် အတွင်း ပန်းကန်ဆေးရင်းကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံနဲ့ ကိုယ်တိုင်စားသောက်ဆိုင်ပိုင်ရှင် ဖြစ်လာချိန် အတွေ့အကြုံတွေကို အခြေခံကာ အရောင်အသွေးစုံစုံနဲ့ ဇာတ်အိမ်ဖွဲထားတဲ့ ဒီဝတ္ထုဟာ Prix des libraires du Québec ဆုနဲ့ Prix Senghor ဆုကို ၂၀၁၇ ခုနှစ်မှာ ရရှိထားတာလည်းဖြစ်ပါတယ်… မက်တယ်သီချင်းတွေကြိုက်တဲ့ ဂရပ်ဖစ်ဒီဇိုင်းကျောင်းသားလေး တစ်ယောက် မထင်မှတ်ဘဲလောင်းကစား စွဲလမ်းမိရာမှ ဖြစ်ပေါ် လာတဲ့လူမှုရေးပြဿနာတွေ၊ ငွေကြေးအခက်အခဲတွေ၊ လောင်းကစားခုံမင်သူတိုရဲ့ သဘာဝတွေအပြင် စားသောက်ဆိုင် မီးဖိုချောင်ထဲက စိတ်ဖိစီးစရာအခြေအနေတွေနဲ့ လူမျိုးပေါင်းစုံတို့ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ကြည့်ရှုခံစားနိုင်မယ့် ဒရမ်မာ ဇာတ်ကားကောင်းလေးဖြစ်လို ရုပ်ရှင်ချစ်ပရိသတ်များအနေဖြင့် လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်… File size… (1.60GB) / (960MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 7m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Horror • Thriller • Science Fiction
7.2 2023 128 mins
The Dishwasher
The Indian in the Cupboard
6

လက်ရှိအမေရိကန်ပြည်ထောင်စုရှိတဲ့ နေရာကြီးကို ဂျော့်ဝါရှင်တန် စပြီးတော့ ရှာမတွေ့ခင်ကတည်းက ဒီနေရာမှာနေနေတဲ့ Native American လူမျိုးတွေက ရှိပြီးသားပါ။ ယနေ့ခေတ် လူဖြူတွေများလာတဲ့အခါမှာတော့ ဒီ Native American တွေကို လူမျိုးတွေခွဲခြားဆက်ဆံတာတွေ နှိမ်ချင်တာတွေရှိကြပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီလိုမျိုး လူမျိုးရေးတွေကို ကလေးတစ်ယောက်အမြင်ကနေ ဘယ်လိုရှိလဲဆိုတာကို ပြသထားပါတယ်။ Native American တွေက လူမျိူးစုတွေ အများကြီးရှိပြီး လူမျိုးစု တစုနဲ့တစုနဲ့ရိုးရာတွေ နေထိုင်ပုံတွေက မတူကြပါဘူး ။ ဒီဇာတ်လမ်းထဲမှာ ရိုးရာမတူညီမှုတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် မတူညီမှုတွေကို ဘေးဖယ်ပြီးတော့ ဘယ်လို ပေါင်းစည်းရမလဲကို ပေါ့ပေါ့ပါးပါး ပြသထားပါတယ်။ ဇာတ်လမ်း အကျဉ်း အော်မရီ ဆိုတဲ့ ကောင်လေးက မွေးနေ့မှာ သစ်သားဗီရီုလေးတစ်လုံးကို လက်ဆောင်ရပါတယ် ဒီဗီရိုကိုသော့ခတ်ဖို့ သူ့အမေကလည်း သော့လေးတစ်ခုပေးပါတယ်။ သူဆီမှာရှိတဲ့ Native American အရုပ်ကလေးတစ်ရုပ်ကို ဗီဒိုထဲထည့်ဆော့ပြီးတော့ သော့ခတ်ပြီး ပြန်ဖွင့်လိုက်တဲ့အခါမှာတော့ ဒီအရုပ်လေးက လူဖြစ်ပြီးတော့ အသက်ဝင်လာခဲ့ပါတယ်။ အော်မရီ ကကလေးတစ်ယောက်မနေနဲ့ ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်မလဲ ဒီအရုပ်ကလေးကရောဘယ်သူလဲဆိုတာကိုဇာတ်လမ်းထဲမှာ ဆက်ကြည့်ရမှာပါ။ ဒီရုပ်ရှင်က The Indian In the Cupboard ဆိုတဲ့ Lynne Reid Banks ဆိုတဲ့ ဗြိတိန်စာရေးဆရာမရဲ့ ဝတ္ထုကိုပြန်ရိုက်ထားတာဖြစ်လို့ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုရမှာပါ။ File size… 1.7 GB / 836 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Family/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Nikobaby

Adventure • Action • Science Fiction
6 1995 96 mins
The Indian in the Cupboard
Mr. Church
7.6

Mr. Church (2016) ******************* သူ့ဘဝပေါ် အခြေခံပြီး McMartin ရေးသားထားတဲ့ ” The cook who came to live with Us” ဆိုတဲ့ ဝတ္ထုတိုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။ Mr. Church ဇာတ်ကားဟာ 7.6/10 IMDb ရရှိထားပြီး နာမည်ကြီး ဟာသသရုပ်ဆောင် Eddie Murphy (မစ္စတာချာချ့်) Britt Robertson (ချာလီ ဘရွတ်ခ်)တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ၁၉၅၀ ဝန်းကျင် အမေရိကားမှာ အခြေခံထားတာပါ။ ရိုးအီနေတဲ့အချစ်ဇာတ်လမ်းတွေပျင်းလာတဲ့အခါမှာ မိသားစုဇာတ်လမ်းကောင်းတစ်ခုကို ကြည့်ရှုချင်ရင်တော့ တစ်နေ့မှာ မထင်မှတ်ဘဲရောက်ရှိလာတဲ့ စားဖိုမှူးတစ်ယောက်က ဘရွတ်ခ်မိသားစုရဲ့ မျိုးဆက်သုံးခုအတွက် ဂရုစိုက်စောင့်ရှောက်ပေးသူဖြစ်လာတဲ့ ဒီကားကောင်းလေးကို ညွှန်းလိုက်ပါတယ်။ အဓိကသော့ချက်ကတော့ ၊ ကြည့်ရှုသူတွေသိလာပါလိမ့်မယ်၊ ဂျက်ဇ်သီချင်းတွေပါပဲ။ File Size – 3.49 GB/ 1.11 GB Quality – BluRay 1080p/ 720p Duration – 1h 44m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub)

Thriller • Crime • Horror
7.6 2016 104 mins
Mr. Church