YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Demi-Gods.And.Semi-Devils.EP08.mp4

399.85 MB N/A video/mp4 266 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Reunion
5.4

The Reunion (2011) ============== IMDb Rating - 5.8/10 ဒီဇာတ်ကားလေးကတော့ ဒိန်မတ်ဟာသဇာတ်ကား လေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၂၅ နှစ်ပြည့် အထက်တန်းကျောင်းတွေ့ဆုံပွဲကိုတက်ဖို့အတွက် တစ် တန်းလုံးကိုဖိတ်ကြားထားပါတယ်။ အသက်လေးဆယ်ကျော် လူလတ်ပိုင်းများဖြစ်နေကြတာ ကြောင့် နယ်ပယ်အသီးအသီးမှာအောင်မြင်နေကြသူတွေ ပေါ့၊ ဒီထဲမှာ နေးစ်ကတော့ တွေ့ဆုံပွဲကိုမသွားချင်ဘူး ၊မိန့် ခွန်းပြောရမှာဖြစ်တဲ့အတွက် တစ်ချိန်လုံးစိတ်ဖိစီးနေတယ်။ နေးစ်ရဲ့သူငယ်ချင်းအဆိုတော်သောမတ်စ်က သူနဲ့အတူသွားဖို့ စည်းရုံးနေတယ်။ သူတို့သူငယ်ချင်း အန်ဒရေးအက်စ် အိမ်ထောင်အဆင်မပြေ တာကိုနှိမ့်သိမ့်အနေနဲ့ရော မစုံတာကြာပြီဖြစ်တဲ့ သူငယ်ချင်း သုံးယောက်အတူတူ တွေ့ဆုံပွဲသွားမယ့်မတိုင်ခင်တစ်ရက်မှာ အတူတူခရီးထွက်ဖို့တိုင်ပင်လိုက်ကြပါတယ်၊ ဒီလိုနဲ့ သူငယ် ချင်းသုံးယောက် သောက်စားမူးယစ်ပြီးတလွဲတွေလုပ်ကြတဲ့ အခါမှာတော့..... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size..........(2.0 GB) / (800 MB) / (472 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 30Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Tin Myo Lwin Encoder..........SWM

Drama • Romance
5.4 2011 96 mins
The Reunion
Rocketry: The Nambi Effect
7.8

IMDb...9.2 Rocketry: The Nambi Effect ဟာအိန္ဒိယရဲ့ဂုဏ်ထူးဆောင် သိပ္ပံပညာရှင်၊ လေကြောင်း၊ အာကာသယာဉ်တည်ဆောက်မှုအင်ဂျင်နီယာကြီး Nambi Narayanan ရဲ့ဘ၀ဇာတ်ကြောင်းကို အခြေခံထားတဲ့ biographical drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Narayanan ရဲ့ပရင်စတန်တက္ကသိုလ်ဘွဲ့ရကျောင်းသားဘ၀၊ သိပ္ပံပညာရှင်တစ်ဦးမဖြစ်ခင်ဘ၀နဲ့ သူ့အပေါ်သူလျှိုမှုနဲ့လုပ်ကြံစွဲချက်တင်ခံခဲ့ရပုံတွေနဲ့ ဒီလောကဓံတွေကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ပုံတွေကိုရှုစားရမှာဖြစ်ပါတယ်။ Nambi Narayanan အဖြစ် 3 Idiots ဇာတ်ကားနဲ့မြန်မာပရိသတ်တွေရင်းနှီးကြတဲ့ R. Madhavan ကခေါင်းဆောင်ပါဝင်ထားတဲ့အပြင် ဇာတ်လမ်းဇာတ်ညွှန်းဒါရိုက်တာအဖြစ်ပါတာဝန်ယူခဲ့တာပါ။ ဝေဖန်သူတွေရော ပရိသတ်တွေပါ အကြိုက်တွေ့အောင်မြင်ခဲ့ပြီး ကိန်းရုပ်ရှင်ပွဲတော်မှာပြသဖို့ရွေးချယ်ခံခဲ့ရတဲ့ ရုပ်ရှင် ၆ ကားထဲမှာတစ်ကားအပါအဝင်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာကျော်ဘောလိဝုဒ်မင်းသားကြီး Shah Rukh Khan နဲ့ ထိပ်သီးတမီလ်မင်းသားကြီး Suriya တို့ကလဲ Cameo ပါဝင်ပေးထားပါသေးတယ်။ အတ္တုပတ္တိဇာတ်ကားတစ်ကားဆိုပေမယ့် ပျင်းစရာမကောင်းပဲနစ်မျောသွားအောင် သေသပ်တဲ့တင်ဆက်ပုံ၊ပီပြင်တဲ့ ဇာတ်ပို့ဇာတ်ရံတွေရဲ့ အင်အားနဲ့အဆုံးအထိဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File Size : (980 MB) and (380 MB) Quality : WEB-DL 1080P5.1Ch,720p Format…mp4 Duration…02:37:00 Genre : Action , Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu, Alias & Hnin Wut Ye Encoded by Phyo Pyae

Action • Crime • Thriller
7.8 2022 154 mins
Rocketry: The Nambi Effect
Kumanthong
5.1

သစ်ပင်တစ်ပင်အောက်မှာ ကောင်လေးရယ် သူ့အမေရယ် ရပ်နေကြတယ်။ မြွေတစ်ကောင်က အဲဒီနားရောက်လာပြီး ကောင်လေးအမေကိုပေါက်ဖို့လုပ်တဲ့အချိန်မှာ ကောင်လေးက အစားအပေါက်ခံလိုက်တယ်။ ကောင်လေးသေသွားပေမဲ့ နတ်ဆရာအဖြစ်ရွေးချယ်ခံရပြီး အသက်ပြန်ဝင်လာခဲ့တယ်။ ဒါပေမဲ့ သူ့အမေကတော့ သူ့သားအတွက် ဖြေမဆည်နိုင်ဖြစ်ပြီး သတ်သေသွားခဲ့တယ်။ သူ့အမေကို ပြန်ရဖို့ ကောင်လေးဟာ နတ်နဲ့အပေးအယူလုပ်ပြီး ... ရှားရှားပါးပါးကြည့်ရခဲတဲ့ ဗီယက်နမ်ရုပ်ရှင်ပါ။ Genreကလည်း Horror / Thrillerပါ။ ဗီယက်နမ်ရဲ့ ပထမဆုံးကွင်းဆက်လူသတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ဒါရိုက်တာ ဉာဏ်ကွန့်မြူးထားတဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ရှေးနတ်အယူအဆတွေ ယာဇ်ပူဇော်တာတွေနဲ့ ကွင်းဆက်လူသတ်တာကို ချိတ်ဆက်ပြီး ပုံဖော်သွားပြီး ဇာတ်အိမ်ကိုလည်း စိတ်ဝင်စားစရာကောင်းအောင် ပြထားပါတယ်။ နတ်ဆရာတွေ ဆေးကုပုံဘာညာကလည်း တွတ်ပီစာအုပ်တွေ ထဲက အတိုင်းပါပဲ။ ဗီယက်နမ်ဟန်ကို မြင်ရမှာပါ။ စုန်းလည်းဆန်သလိုလိုဖြစ်ပေမဲ့ နတ်ကားပါပဲ။ စပွိုင်လာဖြစ်မှာစိုးလို့ ဇာတ်လမ်းတော့ အများကြီးမပြောတော့ပါဘူး။ ဇာတ်လမ်းသက်သက်ချည်းလည်း ကြည့်ကောင်းသလို Thriller အငွေ့ လွှမ်းထားတဲ့ ဇာတ်ဝင်ခန်းတွေလည်း မိုက်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.8GB) / (900MB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:43:00 Type__Horror, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Mystery • Thriller
5.1 2019 100 mins
Kumanthong
Palm Springs
7.3

IMDb Rating - 7.4/10 အကယ်၍ ကျွန်တော်တို့သာ ဒီနေ့ကိုပဲနေ့တိုင်းဖြတ်သန်းရမယ်ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ဖြတ်သန်းနေကြမလဲ။ မနက်အိပ်ယာကနိုးလာတိုင်း ဒီနေ့ပဲဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီဇာတ်ကားလေးထဲမှာတော့ နိုင်းလ်စ်ဟာ အချိန်ပတ်လမ်းကြောင်းတစ်ခုမှာပိတ်မိနေပြီး တစ်နေ့တည်းကိုပဲ နေ့စဉ်ဖြတ်သန်းနေရပါတယ်။ တစ်နေ့တော့ ဆာရာဆိုတဲ့ ကောင်မလေးကိုမထင်မှတ်ပဲ ဆွဲထည့်မိလိုက်တဲ့အခါ ကျတော့ သူရဲ့ တစ်နေ့တာ ဖြတ်သန်းမှုမှာ ဆာရာပါ ပါဝင်လာပြီး နှစ်ယောက်အတူတူအလွဲပေါင်းစုံနဲ့တစ်နေ့တာကိုပဲ နေ့တိုင်းဖြတ်သန်းနေရတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဇာတ်ကားလေးက အချစ်ဟာသဇာတ်ကားလေးဖြစ်လို့ ပေါ့ပေါ့ပါးပါးဖြစ်ပြီ….. ဖောင်းဒိုင်းရှူးရှဲချင်ယောင်ဆောင်ထားတဲ့ အခန်းလေးတွေတော့ပါတာမလို့ သတိပြုကြည့်ရှူ ကြပါလို့တော့ ပြောချင်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ရဲ့ အချစ်တော် စူပါမန်း မင်းသား ကလပ် (Tyler Hoechlin) လည်း ဇာတ်ဝင်ခန်းတစ်ချို့မှာ ပါဝင်ထားတယ်ဆိုတာလည်း ထပ်လောင်းပြောပါရစေ။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CH Duration - 1h 30min Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy, Fantasy, Mystery Source : 1080p.WebRip Translator – Chit Tee Encoder – SWM

Action • Thriller
7.3 2020 90 mins
Palm Springs
Painted Heart: Twin Tribulations
5.9

CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ နတ်ဘုရားနဲ့ကြာပန်းလေးရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စစ်နတ်ဘုရားရွှမ်ထျန်းရဲ့ပေါ့ဆမှုကြောင့် မကောင်းဆိုးဝါးဘုရင်ကမိစ္ဆာကြာပန်းကို လုယူဖို့ကြိုးစားရင်းလူ့ပြည်ကို ထွက်ပြေးလွတ်မြောက်လာခဲ့တယ်။ စစ်နတ်ဘုရားနဲ့မကောင်းဆိုဝါးဘုရင်တို့ တိုက်ခိုက်ကြရင် သူချစ်မြတ်နိုးတဲ့ကြာပန်း စတေးသွားခဲ့တာပေါ့။နတ်ဘုရားတို့မည်သည် ကာမဂုဏ်တွေရှောင်ကြဉ်ရတယ်ဆိုပေမဲ့ စစ်နတ်ဘုရားကမရှောင်ကြဉ်မိတာကြောင့် မိုးနတ်မင်းသိသွားပြီးလူ့ပြည်ကိုစေလွှတ်ကာ မကောင်းဆိုးဝါးမိစ္ဆာတွေ အပြီးတိုင်ရှင်းလင်းတဲ့နေ့မှနတ်ပြည်ကိုပြန်လာဖို့ အမိန့်ပေးခဲ့တယ်။ ဒီလိုနဲ့ကြာပန်းလေးက ချီအာနဲ့ယောင်အာဆိုပြီး နှစ်ကိုယ်ခွဲထွက်တာလူသားအဖြစ်ပြောင်းလဲဖို့ ကျင့်ကြံရင်းနဲ့ ယောင်အာကအောင်မြင်ပြီးလူ့ပြည်ကိုဆင်းကာ မကောင်းဆိုးဝါးမိစ္ဆာတွေကိုဖမ်းဆီးခဲ့တယ်။ အဲ့အချိန်မှာပဲ ငယ်ရွယ်ပြီးလက်ရုံးရည်ပြည့်ဝတဲ့ ဝမ်ထျန်းရှန်းစစ်သူကြီးကလည်း မကောင်းဆိုးဝါးမိစ္ဆာတွေကို လိုက်လံရှင်းလင်းရင်း ယောင်အာနဲ့အမှတ်တမဲ့တွေ့ဆုံခဲ့တာပေါ့။ အမှတ်တမဲ့ကနေတစ်ဘဝစာဆိုတဲ့အတိုင်း နှစ်ဦးသား တဖြည်းဖြည်းဘယ်လိုသံယောဇဉ်တွေတွယ်လာကြလဲ။ ဘယ်လိုမျိုးမကောင်းဆိုးဝါးမိစ္ဆာတွေကို ဖမ်းကြမလဲ။မကောင်းဆိုးဝါးဘုရင်ကကော ဘယ်ရောက်သွားတာလဲဆိုတာကိုတော့……….

War • Drama • Action
5.9 2023
Painted Heart: Twin Tribulations
High and Low
8.4

High and Low (1963) ~ IMDb – 8.4/10, RT – 96%, Meta – 90% ~ အကီရာကူရိုဆာဝါရဲ့ အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပေါ့။ Rashomon, Ran, Throne of Blood, Dreams တို့မှာ တော်တော်ပြောခဲ့ပြီးပြီဆိုတော့ ကူရိုဆာဝါရဲ့ ဘုန်းတော်ဘွဲ့တွေအကြောင်း ထပ်မိတ်ဆက်ပေးဖို့မလိုလောက်တော့ဘူး။ ကူရိုဆာဝါရုပ်ရှင်ဆိုတာနဲ့ ရုပ်ရှင်ကောင်းပဲဆိုတာ အကုန်လုံးသိပြီးသားဖြစ်နေမှာ သေချာတယ်။ ဒါပေမဲ့ ထူးတာကတော့ ဒီရုပ်ရှင်က ရှေ့ကပြောခဲ့တဲ့ ကားတွေနဲ့မတူတော့ဘူး။ ဇာတ်က သူထွက်ခဲ့တဲ့ မျက်မှောက်ခေတ်သီးသန့်မှာပဲ အခြေတည်ထားသလို ဇာတ်ကလည်း စလိုက်ပြီဆိုတာနဲ့ တော်တော်လေး စိတ်ဝင်တစား ဆက်ကြည့်ချင်စရာကောင်းနေတယ်။ ထူးတာက ဒီရုပ်ရှင်က သူ့နာမည်အတိုင်း ကောင်းကင်နဲ့ ငရဲလို ကွာခြားနေတဲ့ ဘဝတွေအကြောင်း ရိုက်ပြထားပေမဲ့ တစ်ချိန်တည်းမှာပဲ တော်တော်လေး သပ်ရပ်တဲ့ စုံထောက်ကားတစ်ခုအဖြစ်ပါ ထပ်ပေါင်းအသက်ဝင်နေတယ်။ ဒီနှစ်ခုရဲ့အချိုးမှာ ဘယ်ဟာက ပိုသာမလဲတော့ မပြောတတ်ဘူး။ ဒါပေမဲ့ နှစ်ဘက်စလုံးအနေနဲ့ အရသာရှိတာတော့ အမှန်ပဲ။ နောက်တစ်ခုက ဒီကားကို ကောင်းကင်နဲ့ငရဲလို့ ပေးထားတာကို နားလည်နိုင်ပေမဲ့ ဇာတ်ကားအဆုံးမှာ နည်းနည်းတော့ တစ်မျိုးဖြစ်နေမိကောင်းဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ဒီကားရဲ့ ဂျပန်နာမည်က ကောင်းကင်မှ ငရဲသို့လို့ ပေးထားတာကို သိထားရင် အဆင်ပြေလောက်ပြီလို့ ထင်ရတာပဲ။ သူ့နာမည်နဲ့ဇာတ်ကားက အဟကို ကျွန်တော့်လို စိတ်မတင်မကျဖြစ်ကောင်းဖြစ်နေနိုင်မယ့်လူတွေအတွက် ကြိုပြောပြထားခြင်းပါပဲ။ ဆိုခဲ့သလို ဇာတ်က စစဖွင့်လိုက်ပြီဆိုတာနဲ့ တော်တော်လေးစိတ်ဝင်စားစရာကောင်းနေတယ်။ နာမည်ကျော်ဖိနပ်ကုမ္ပဏီက ဒါရိုက်တာလူကြီးတစ်ယောက်အိမ်ကို တခြားဒါရိုက်တာတွေလာပြီး နားချတယ်။ ချမရတော့ အဲဒီဒါရိုက်တာကို ဖြုတ်ဖို့ ကြံကြတယ်။ အဲဒီဒါရိုက်တာကလည်း မခေဘူး။ နောက်ကွယ်မှာ ရှယ်ယာတွေခိုးဝယ်ထားတာတွေရော ထပ်ဝယ်ဖို့ ပြင်ထားတာတွေရောက ကုမ္ပဏီတစ်ခုလုံးရဲ့ ရှယ်ယာထက်ဝက်လောက်ဖြစ်တော့မယ်။ သူအပိုင်သိမ်းတော့မယ်ပေါ့။ ကံဆိုးချင်တော့ သူကျန်တဲ့ရှယ်ယာတွေအတွက် ငွေချေရမယ့်ညမှာပဲ သူ့သားကို ပြန်ပေးဆွဲပြီး ယန်း သန်း၃၀တောင်းခံရတယ်။ သားသမီးဇောနဲ့ သူက ပေးမယ်။ ငွေကအများကြီးထပ်ရှာလို့ရတယ် ဘာညာလုပ်တာပေါ့။ ပြီးမှသိလိုက်ရတာက သူ့သားမဟုတ်ဘဲ သူ့ဒရိုင်ဘာရဲ့သားကို ပြန်ပေးဆွဲသွားတာဖြစ်နေတယ်။ သူပေးရမယ့်ငွေဆိုတာကလည်း သူရှယ်ယာဝယ်ချင်လို့ ရှိသမျှအကုန်‌ပေါင်နှံထားတဲ့ငွေတွေ။ ဒီတော့ ဒီငွေမရှိရင် သူဘဝပျက်မယ်။ သူ့သားအတွက်တော့ ပေးလိုက်နိုင်ပေမဲ့ ဒရိုင်ဘာရဲ့သားအတွက်ကျ သူပေးဖို့ လက်တွန့်နေတယ်။ ပြန်ပေးသမားကလည်း ကလေးမှားမှန်းသိသွားပေမဲ့ သူမပေးရင် ဘာဖြစ်ဖြစ် သတ်မှာပဲလို့ ခြိမ်းခြောက်လာတယ်။ ဇာတ်ကားနာမည်နဲ့ ဒီဇာတ်အဖွင့်ကို ပေါင်းစပ်ကြည့်လိုက်ရင် ဘယ်လိုဇာတ်မျိုးဖြစ်မလဲ ခင်ဗျားသိနေပြီလို့ ရေးတေးတေးထင်လာစရာအကြောင်းရှိကောင်းရှိမယ်။ ဒါပေမဲ့ ဒီဇာတ်က ဒီထက်အများကြီး အကွေ့အကောက်များသလို သူ့တင်ပြချင်တဲ့ အကြောင်းအရာကလည်း တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီထိရေးပြခဲ့တာက ဇာတ်ရဲ့အစပဲရှိသေးတယ်။ နောက်မှာ ဒီထက်စိတ်ဝင်စားဖို့ကောင်းတဲ့ ဆုံးဖြတ်ချက်တွေအကြောင်းကို ခင်ဗျားမြင်လာရလိမ့်မယ်။ ရဲတွေက ပြန်ပေးသမားကို ဖမ်းဖို့ကြိုးစားတာကလည်း စုံထောက်ရုပ်ရှင်တစ်ကားလို စိတ်ဝင်စားဖို့ကောင်းသလို ပြန်ပေးသမားနဲ့ ဒါရိုက်တာ အဓိကကာရိုက်တာနှစ်ယောက် ငရဲနဲ့ကောင်းကင်ကြား အားပြိုင်ကြတာကလည်း သူတို့ချမယ့်ဆုံးဖြတ်ချက်တွေ လုပ်ရပ်တွေကိုလိုက်ကြည့်ရင်း အသည်းလန့်ချင်စရာကောင်းတယ်။ High and Low ကို အကောင်းဆုံး သည်းထိတ်ရင်ဖိုစုံထောက်ကားတစ်ကားလို့ ဆိုကြတယ်။ လွန်တော့မလွန်ပါဘူး။ မင်းသားတွေကလည်း ကူရိုဆာဝါထုံးစံအတိုင်း သူသုံးနေကျ လက်ရှိမှာ ဂျပန်ဂန္ထဝင်မင်းသားကြီးတွေ ဖြစ်သွားကြတဲ့ဘဲတွေချည်းပဲ။ Toshiro Mifune လို ဂန္ထဝင်မင်းသားကြီးရော၊ Ran ထဲက Tatsuya Nakadai ရော၊ To Live ထဲက Takashi Shimura ရောသုံးထားတယ်။ ဒီရုပ်ရှင်ကို မက္ကဘတ်ကို ကူရိုဆာဝါရိုက်ပြထားတဲ့ Throne of Blood မဟုတ်တဲ့ နောက်ထပ် ဗားရှင်းတစ်မျိုးလို့ တစ်ချို့က ဆိုကြတယ်။ ကူရိုဆာဝါရဲ့ တင်ပြပုံကြောင့် ဒီဇာတ်ဟာ ပိုမိုကျယ်ပြန့်သွားတယ်လို့လည်း ဆိုကြတယ်။ High and Low ကို မာတင်စကောဆဲစီက 39 Essential Foreign Films for a Young Filmmaker စာရင်းထဲ ထည့်ထားသလို အကောင်းဆုံးဂျပန်ရုပ်ရှင်ကားများစာရင်းမှာလည်း နံပါတ်၁၃ချိတ်ထားခဲ့တယ်။ ဒီဘာတွေညာတွေအသာထားပါဦး… ကူရိုဆာဝါတင်ပြတဲ့ စုံထောက်ကားတစ်ကားကို ဘယ်လိုဘယ်ပုံနဲ့ မြင်ရမလဲ တွေးကြည့်ရုံနဲ့တင် High and Low ဟာ တော်တော်လေး ရင်ခုန်စရာကောင်းနေပါပြီ။ နောက်ဆုံးတစ်ချက်အနေနဲ့တော့ ဒီရုပ်ရှင်ဟာ တခြားကူရိုဆာဝါရုပ်ရှင်တွေထက် ပရိသတ်မရွေးတဲ့ တင်ပြပုံမျိုးလည်း ပိုင်ထားပါတယ်။ စုံထောက်ကားပရိသတ်တွေကြည့်လည်းအဆင်ပြေသလို ရုပ်ရှင်ကောင်းကြိုက်သူတိုင်းအတွက်လည်း ကြည့်လို့ ကောင်းတယ်ဆိုတာထက် အများကြီးပိုစေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.65GB, 1.15GB Quality – 1080p, 720p IMDb Rating – 8.4/10 Format – mp4 Duration – 2H 23Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.4 1963
High and Low
Water Lilies
6.7

Water lilies (2007) IMDb rating – 6.7 ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းမှာ “မာရီ”၊ “ဖလော်ရီယန်”နဲ့ “အန်နီ”ဆိုတဲ့ ၁၅နှစ်အရွယ် ကလေးမလေးသုံးယောက်ပါဝင်ပါတယ်။ မာရီက တစ်ခုခုဆိုရင် မဝံ့မရဲတဲ့သူ၊ စကားနဲပြီး အနေအေးတဲ့ကောင်မလေးပါ။ မာရီရဲ့သူငယ်ချင်း ‘အန်နီ’ကတော့ ဝဝတုတ်တုတ် ချစ်စရာကလေးမလေးဖြစ်ပြီး ‘ဖရန်ဆွာ’ဆိုတဲ့ ကောင်လေးဆီက ပထမဆုံးအနမ်းရချင်နေသူလေးပါ။ ဖလော်ရီယန်ကတော့ ဘယ်သူ့ကိုမှထည့်မထွက်တတ်တဲ့သူ၊ ရေထဲဘဲလေးအကအဖွဲ့ ခေါင်းဆောင်၊ ကောင်လေးတွေပါးစပ်ဖျားမှာ တသသဖြစ်ရတဲ့အလှဘုရင်မလေးပါ၊ ဒါကြောင့် ယောကျ်ားတိုင်းနဲ့အိပ်တဲ့အပျက်မလို့ သတင်းတွေထွက်နေတဲ့သူလည်း ဟုတ်ပါတယ်။ မာရီက ရေထဲဘဲလေးအကဖျော်ဖြေပွဲကိုကြည့်ပြီးတဲ့နောက်မှာ ဖလော်ရီယန်ဆီ ချဉ်းကပ်လာခဲ့ပါတယ်။ ကောင်မလေး ၃ယောက်ရယ် သုံးပွင့်ဆိုင်နေတဲ့ပြဿနာလေးရယ်က ဘယ်လိုဖြစ်သွားမလဲ။ သူတို့တစ်ဦးချင်းဆီရဲ့ ပထမဆုံးအနမ်း၊ ပထမဆုံးအထမြောက်နိုင်ဖို့ဆိုတာတွေ အဆင်ပြေပြေဖြစ်လာနိုင်ပါ့မလား။ ဒီဇာတ်လမ်းမှာ ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေးတွေရဲ့ မြီးကောင်ပေါက်အရွယ် စိတ်ကစားတတ်တဲ့သဘောသဘာဝလေးတွေ၊ ပျိုဖော်ဝင်စ လိင်စိတ်နိုးကြွားမှုအကြောင်းတွေကို လှလှပပနဲ့ သဘာဝကျအောင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းက အေးအေးညိမ့်ညိမ့်လေး ကြည့်ရမှာဖြစ်ပြီး runtime ကလည်း မိနစ် ၈၀ စာလောက်ပါပဲ။ awards တွေလည်း သိမ်းပိုက်ထားတဲ့ ဇာတ်လမ်းလေးမို့ ကြည့်ရှုလိုက်ကြပါဦး။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size… 2.1 GB / 854 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

6.7 2007 85 mins
Water Lilies
Blue Jay
7.3

ဒီတခေါက်တင်ဆက်ပေးထားတာကတော့ American Horror Story, Ocean’s 8 စတဲ့ ဒိတ်ဒိတ်ကြဲရုပ်ရှင်တွေထဲက နာမည်ကြီးမင်းသမီး Sarah Paulson ရဲ့ ရိုမန့်စ်ဒရာမာရုပ်ရှင်လေးပဲ ဖြစ်ပါတယ် မင်းသားကလည်း Creep (2014),(2017) တို့ရဲ့ ဇာတ်ညွှန်းရေးဆရာ/သရုပ်ဆောင်ဖြစ်တဲ့ Mark Duplass ပါ IMDB rating 7.3 နဲ့ ခရမ်းချဉ်သီးပုပ် 92% တောင်ရထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေးဆိုလည်း မမှားပါဘူး ဒီဇာတ်ကားက ကာရိုက်တာတွေအများကြီးမပါဝင်ဘဲနဲ့ အဓိကဇာတ်ဆောင် မင်းသား မင်းသားမင်းသမီး ၂ယောက်ရယ် အဘိုးကြီး ၁ဦးရယ်ပဲ ပါဝင်ပါတယ် ပြီးတော့လည်း တမူထူးစွာ ရုပ်ရှင်ကို B&W အဖြစ်ရိုက်ထားပါတယ် ဇာတ်လမ်းလေးရဲ့နာမည်ကလည်း Blue Jay ငှက်ခါး တဲ့ စည်ကားဆူညံမှု‌တွေမရှိတော့တဲ့ သက်ကြီးပိုင်းနဲ့ သက်လတ်ပိုင်းလူတွေပဲ ကျန်ခဲ့တဲ့ နယ်မြို့လေးတမြို့မှာ ဇာတိကို ခဏပြန်လာကြတဲ့ ငယ်သူငယ်ချင်းတဖြစ်လဲ ရည်းစားဟောင်းနှစ်ဦးရဲ့ မတွေ့တာကြာတဲ့ စကားဝိုင်းလေးကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ နားဝင်ချိုတဲ့နောက်ခံတီးလုံးလေးတွေနဲ့ ဒီကားကို ဖန်တီးထားပါတယ် အတက်အကျကြမ်းတဲ့ ဇာတ်ဝင်ခန်းရယ်လို့ အထွေအထူးမပါပေမဲ့ ကြည့်ရတဲ့သူရဲ့ရင်ထဲ တချိန်က ရှိခဲ့ကြဖူးမဲ့ ဆက်ဆံရေးလေးတွေကို ပြန်တွေးအမှတ်ရစေပြီး ကြည်နူးမိစေပါတယ် Before Sunrise လို ဇာတ်လမ်းသွားမျိုးကို သဘောကျတဲ့သူတွေ စမ်းကြည့်သင်ပါတယ် ဇာတ်ကြောင်းလေးကတော့… ဂျင်မ်တယောက် သူ့မိခင်ဆုံးသွားတော့ အိမ်ကပစ္စည်းတွေကိုရှင်းရင်း အိမ်ကိုပြန်ပြင်ပြီး ရောင်းဖို့အတွက် ဇာတိမြို့လေးကိုပြန်လာခဲ့ပါတယ် တနေ့ ဈေးဝယ်ထွက်ရင်း ဆိုင်မှာ သူ့အချစ်ဦးဖြစ်တဲ့ ငယ်သူငယ်ချင်း အမန်ဒါနဲ့ ပက်ပင်းတိုးပါတော့တယ် နှစ်ယောက်သား ပြန်နှုတ်ဆက်ကြရင်း တယောက်အကြောင်းတယောက်မေးကြရင်းကနေ ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ကြပါဦးနော် File size… 1.3 GB / 578 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio

7.3 2016 81 mins
Blue Jay
The Watcher in the Woods

ဒစ္စနေးကနေ ထုတ်ပေမဲ့ အရမ်းကြောက်ဖို့ကောင်းတဲ့ ဟော်ရာကား အမေရိကန်မိသားစုဖြစ်တဲ့ ပေါလ်နဲ့ဟယ်လင်တို့ဟာ သမီးနှစ်ဦးနဲ့အတူ အင်္ဂလန်ကျေးလက်ပိုင်းက စံအိမ်ကြီးတစ်ခုကိုပြောင်းရွှေ့လာခဲ့ကြပါတယ်။ရောက်ရောက်ချင်းနေ့မှာပဲ သမီးနှစ်ယောက်ဟာ ပတ်လည်ဝိုင်းနေတဲ့ တောအုပ်ထဲမှာသွားကစားကြရင်းထူးခြားတဲ့ အမျိုးအမည်မသိတဲ့ခံစားချက်ကိုရရှိခဲ့သလို သမီးကြီးဖြစ်တဲ့ ဂျန်က အိမ်ကြီးပေါ်ကိုရောက်တော့လည်း မှန်ထဲမှာ သူ့အရိပ်ပေါ်မလာဘဲ မျက်လုံးစည်းခံထားရတဲ့ မိန်းကလေးတစ်ယောက်အရိပ်ပေါ်လာတာကိုမြင်တွေ့ခဲ့ရပါတယ်။ တဖြည်းဖြည်းပတ်ဝန်းကျင်နဲ့ရင်းနှီးလာရင်း သိခဲ့ရတာက သူတို့ခြံဝင်းကြီးထဲက ဧည့်သည်ဆောင်မှာနေထိုင်တဲ့ သူတို့ရဲ့အိမ်ရှင် အယ်လ်၀ုဒ်ဆိုတဲ့အမျိုးသမီးကြီးမှာ တစ်ချိန်က ဂျန်နဲ့ရွယ်တူဆယ်ကျော်သက်သမီးလေးရှိခဲ့ပြီး ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တယ်ဆိုတာကိုပါပဲ။ ဒီလိုနဲ့ ဂျန်ရော သမီးငယ် အယ်လီပါ ထူးခြားတဲ့ အရိပ်အယောင်တွေအသံတွေရဲ့ခြောက်လှန့်မှုကိုဆက်တိုက် တွေ့ကြုံခံစားလာရပြီး မမြင်နိုင်တဲ့တစုံတရာဟာ သူတို့ကိုဆက်သွယ် အကူအညီတောင်းနေတယ်ဆိုတာကိုသိလာရပါတော့တယ်။ သူတို့ကိုခြောက်လှန့်နေတဲ့အရာဟာ ပျောက်ဆုံးနေတဲ့မိန်းကလေးရဲ့တစ္ဆေဖြစ်မလား? အဲ့ဒီခြောက်လှန့်မှုတွေဟာ သူတို့ညီအစ်မနဲ့ဘယ်လိုပတ်သက်နေမလဲ? သူတို့ကိုဆက်သွယ်တောင်းခံလာတဲ့ အကူအညီကိုရောပေးအပ်နိုင်ပါ့မလားဆိုတာကို ဆက်လက်ရှုစားကြပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Fantasy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

0 1980
The Watcher in the Woods
Easy Money III: Life Deluxe
6.2

Easy Money 3 (2013) IMDB – 6.2 ဒီဇာတ်လမ်းကတော့ မူးယစ်ခေါင်းဆောင်ကြီး ရာဒိုဗန်ရဲ့ ကျရှုံးခန်းပါ။ ဂိုဏ်းအဖွဲ့အချင်းချင်း ရန်ပွဲတွေကြောင့် ရာဒိုဗန်တစ်ယောက် လုပ်ကြံခံလိုက်ရတယ်။ ကျည်ကာအင်္ကျီနဲ့ဆိုတော့ မသေပေမယ့် သူ့နိုင်ငံမဟုတ်တဲ့ ဆွီဒင်နိုင်ငံမှာ ဒီလိုရန်ငြှိုးတွေက သူ့အတွက်ကြီးမားတဲ့ အန္တရာယ်ဆိုတာသူနားလည်သွားတယ်။ ကျန်တာကိုဂရုမစိုက်ပေမယ့် တစ်ယောက်တည်းကျန်ခဲ့မယ့် သူသမီးလေးကိုသူအရမ်းစိတ်ပူသွားတယ်။ သူ့သမီးနားမှာ ယုံကြည်ရတဲ့သူဖြစ်တဲ့ မာတင် ဆိုတဲ့လူငယ်ကိုထားခဲ့တယ်။ မာတင်ဟာ ရဲအဖွဲ့ကလွှတ်ထားသူလျှိုဖြစ်ပြီး တစ်ချိန်က ရာဒိုဗန်ရဲ့လူဟောင်းဟောရုဟဲ အကူအညီနဲ့ အဖွဲ့ထဲကိုဝင်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရာဒိုဗန်ရဲ့ မိသားစုအတွင်းက ရာထူးအာဏာလိုချင်တဲ့ လက်ထောက်ကလည်းရှိနေတဲ့အခါမှာတော့ ရာဒိုဗန်တစ်ယောက် ဘယ်လိုကျရှုံးသွားမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး… File size…1.78GB / 818 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 7m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Drama • Romance
6.2 2013
Easy Money III: Life Deluxe
11th Hour Cleaning

ဒိုင်လန်တို့ဟာ​ အခင်းဖြစ်နေရာတွေကို သန့်ရှင်းရေး လိုက်လုပ်ပေးကြတဲ့အဖွဲ့ဖြစ်ပြီး သူတို့အဖွဲ့နာမည်ကို 11th hour cleaning လို့ပေးထားပါတယ် သူတို့ပေးထားတဲ့နာမည်အတိုင်းပဲ​ ရှင်းလင်းရေးတွေကို သန်းခေါင်ယံအချိန်တွေမှာပဲလိုက်လုပ်ရလေ့ရှိပါတယ် တစ်နေ့မှာ​တော့​ ဒိုင်လန်တို့အဖွဲ့ဟာ ကိုယ့်မိသားစုဝင်တွေကို သတ်ပြီး ကိုယ့်ကိုယ်ကိုပါသတ်သေသွားတဲ့အခင်းဖြစ်အိမ်ကို သွားရှင်းရဖို့အလုပ်အပ်ခံရပါတော့တယ်. သူတို့အဖွဲ့ဟာ အဲဒီအခင်းဖြစ်နေရာမှာ​အလုပ်လုပ်နေကြရင်းနဲ့ အိမ်ထဲမှာထူးဆန်းစွာပိတ်မိသွားကြပြီးပြန်ထွက်လို့မရကြတော့ပါဘူး. ဒိုင်လန်ကတော့သူတို့ပိတ်မိနေတာ အိမ်ရဲ့တည်ဆောက်ပုံမှာ အိမ်ကိုအလုံပိတ်ဖြစ်အောင်လုပ်လို့ရတဲ့စနစ်ဆင်ထားတာကြောင့်လို့ သူ့အဖွဲ့သားတွေ​ကိုပြောခဲ့ပေမယ့် တကယ့်အမှန်တရားကသက်သက် ရှိနေပါတယ် အဲဒီအမှန်တရားကဘာလဲ သူတို့အဖွဲ့ကရောလွတ်မြောက်နိုင်မှာလားဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်ပါ… File size…867MB / 358MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 13m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

0 2022
11th Hour Cleaning
Bad Caller

Bad Caller (2016) အခုဖြစ်နေတဲ့ကိစ္စတစ်ခုကို အရင်ကလဲဖြစ်ခဲ့ဖူးသလိုစိတ်ထဲမှာထင်မိကြတဲ့သူတွေရှိလား နေရာသစ်တစ်ခုကိုရောက်ရင် အရင်ကရောက်ခဲ့ဖူးသလိုမျိုး စကားတစ်ခွန်းပြောလိုက်ရင်တောင် အရင်က ဒီလိုအချိန် ဒီလိုနေရာမျိုးမှာ ဒီလိုစကားပြောခဲ့ဖူးတဲ့ ခံစားချက်မျိုး ကြုံဖူးကြလား ဒါဆို ဒီကားလေးကိုကြည့်ကြည့်ပါ ဒီကားကတော့ ၂၀၁၆ မှာဒါရိုက်တာ AI Carretta ကိုယ်တိုင်ရိုက် ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဖြစ်ခဲ့ဖူးပြီးသားအကြောင်းအရာတစ်ခု ထပ်ဖြစ်မှာကိုမလိုလားတာကြောင့် ရှောင်လွှဲဖို့အမျိုးမျိုးကြိုးစားခဲ့ကြတဲ့အချိန်မှာ တာရန်စပရင်းဆိုတဲ့မင်းသမီးက နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဘဝကနေ အရင်ဘဝကလူဝင်စားတစ်ယောက်လို့သက်မှတ်ခံရပြီး Studio တစ်ခုထဲမှာဖမ်းခံခဲ့ရတဲ့အချိန်မှာတော့ … တကယ့်ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားလို့ အပြင်မှာလဲ ကိုယ့်အတွက်မထင်မှတ်တဲ့အမှားလေးက ကိုယ့်ဘဝတစ်ခုလုံးကိုတစ်ကယ်ပြောင်းလဲစေမယ် ဆိုရင် ပရိတ်သတ်ကြီးရော ဘယ်လိုနေမလဲ စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအမျိုးသမီးတစ်ဦးနဲ့ စကားများရန်ဖြစ်ရာကနေ ဇာတ်အိမ်စတည်ထားပြီးတော့ အစပိုင်းမှာ နားလည်ဖို့ခက်ပေမယ့် နောက်ပိုင်းမှာ သနားတာ ကိုယ်ချင်းစာတာတွေရောပြီးတော့ တကယ့်ကို ရင်သက်ရှုမောရမယ့်ကားလေးဖြစ်ပါတယ် ဇာတ်အိမ်ခိုင်ခိုင်မာမာလေးရှိနေတော့ ကြည့်လို့ကောင်းပါတယ် ဒါပေမယ့် ဇာတ်ကားက ဘတ်ဂျက် အရမ်းကို ချွေတာပြီး ရိုက်ထားတာမို့ အများကြီးမျှော်လင့်မထားဖို့ ကြိုတင်ပြောပြထားပါရစေ Carbon Fox ကားထဲကမင်းသမီး Freya Parson ကိုကြည့်ရတာနဲ့တင်တန်နေပါပြီ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.2GB | 489MB Format… mp4 Duration…. 1h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Comedy • Science Fiction • Horror
0 2016
Bad Caller
Back to Black

Amy Winehouse ကိုတော့ လူတော်တော်များများသိကြမယ်ထင်ပါတယ် မသိရင်တောင် သူ့သီချင်းတွေတော့ တစ်နေရာရာမှာကြားဖူးနေပါလိမ့်မယ် 2008 မှာ Grammy 5 ဆုဆွတ်ခူးနိုင်ခဲ့ပြီး 2006-2008 ဝန်းကျင်မှာ US ထိထိုးဖောက်နိုင်ခဲ့သူလည်းဖြစ်ပါတယ် စိတ်မကောင်းစွာနဲ့ဘဲ 2011 Amy အသက် 27 မှာတော့ alcohol အဆိပ်သင့်ပြီး နေအိမ်မှာပဲသေဆုံးခဲ့ပါတယ် ဇာတ်ကား နာမည် Back To Black ဆိုတာကတော့ သူ့ချစ်သူနဲ့ လမ်းခွဲထားချိန် ထွက်ရှိခဲ့တဲ့သီချင်း အမည်ဖြစ်ပြီး သူ့ဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်တွေဆီ ရောက်ရှိခဲ့တဲ့အကြောင်းပါ၊ ဒီဇာတ်ကားက 2024 မှာထွက်ရှိထားပြီး သူ့ရဲ့ biography ကို Musical/Biography အနေနဲ့ ပြန်ရိုက်ထားတာပါ ဒီဇာတ်ကားမှာ Amy ရဲ့ စတင်အောင်မြင်လာတဲ့အချိန် ဖြတ်ကျော်ရတဲ့အခက်အခဲတွေ မူးယစ်ဆေးနဲ့ alcohol စွဲသွားတာတွေ Relationship ပြဿနာတွေအကြောင်း သေချာမီးမောင်းထိုးပြထားပါတယ် Marisa Abela က Amy Winehouse အဖြစ်သရုပ်ဆောင်ထားပါတယ် ။ File size…(1.8 GB)/(888 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre… History, Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by P Andrew

0 2024
Back to Black
The White Storm
6.7

Line Walker မင်းသားပါဝင်တဲ့Nick Cheung ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာ imdb6.6ရထားတဲ့ ဟောင်ကောင်အက်ရှင် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်..အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Ching Wan Lao,Louis Kooနဲ့ Nick Chengတို့ မင်းသားကြီးသုံးယောက်ပါဝင်တဲ့အတွက် သဘောတွေ့စေမှာပါ… ဇာတ်လမ်းအကျဉ်းလောကတော့ ဟောင်ကောင်ရဲအရာရှိသုံးယောက်ဟာ မူးယစ်ရာဇာတွေကိုဖော်ထုတ်နိုင်ဖို့အတွက် သူတို့ထဲကတစ်ယောက်ကိုသူလျိူအဖြစ် မူးယစ်ဂိုဏ်းထဲဝင်စေပြီး စုံစမ်းရာကနေ အရှေ့တောင်အာရှ မူးယစ်ဂိုဏ်းတစ်ခုလုံးကိုအုပ်စိုးနေတဲ့ ရှစ်မျက်နှာဘုရားလို့ နာမည်ပေးထားတဲ့ ခေါင်းဆောင်ကို ဘယ်လိုတွေ ရင်ဆိုင်ကြမလဲ…ဘယ်လိုအခက်အခဲတွေနဲ့ အလှည့်အပြောင်းတွေကိုကြုံရမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ.. ဒီကားရဲ့အဆက်ဖြစ်တဲ့ The White Storm 2 ကိုလည်း မကြာခင်မှာ တင်ဆက်သွားမှာပဲဖြစ်ပါတယ်

6.7 2013 140 mins
The White Storm