YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Delta.2022.720p.(CM).mp4

1021.72 MB 720p video/mp4 73 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kadina Kadoramee Andakadaham
4.8

Kadina Kadoramee Andakadaham (2023) IMDb-6.6/10 ၂၀၁၉ နှစ်ကုန် ၀ူဟန်ကနေ စလိုက်တဲ့ ကိုဗစ်၁၉ဆိုတဲ့ ကိုရိုနာရောဂါပိုးက တကမ္ဘာလုံးကို ရက်ရက်စက်စက် ဒုက္ခပေးသွားခဲ့တယ်။အဲဒီ ကိုရိုနာပိုးက ကျွန်တော်တို့မြန်မာနိုင်ငံဆီကိုလဲ ၂၀၂၀နှစ်ဦးပိုင်းမှာ ဝင်လာခဲ့တယ်။ စစချင်းတော့ Social Distance ပေါ့၊သတ်မှတ်ထားတဲ့ အကွာအဝေးမှာ တဦးနဲ့တဦးခပ်ခွာခွာနေရ။ လက်မှန်မှန်ဆေးရ။ကွာရာန်တင်းတွေဝင်ကြရနဲ့။တဖြည်းဖြည်းဆိုးလာတော့ စီးပွားတွေပျက်ကြ။ မိသားစုဝင်တွေဆုံးရှုံးကြရ။တချို့တွေဆို မိသားစုလိုက် အသက်ဆုံးရှုံးလိုက်ကြရတမျိုးတွေထိ။ဒီကြားထဲမှာ ဝိသမလောဘသားတွေက နှာခေါင်းစည်းမကောင်းတာတွေ ဆေးမကောင်းတာတွေရောင်းကြတာမျိုး စျေးအဆမတန်တင်ရောင်းကြတာမျိုးတွေက ရှိသေးတယ်။ ခု တင်ဆက်ပေးမဲ့ မလေယာလမ်စကားပြော ဇာတ်ကားဟာဆိုရင်လည်း ကိုဗစ်ကာလအတွင်း အပေါ်ကလိုမျိုး အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့ ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်း ဘာချူးတယောက် ကိုဗစ်ကာလအတွင်းမှာပဲ စီးပွားရေးလုပ်ငန်းရှင်တယောက် ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်နေပါတယ်။ အဖေဖြစ်သူက တခြားမြို့မှာ အလုပ်လုပ်တာကြာပြီဖြစ်ပြီး သူ့အနားမှာ မရှိလို့ဆိုပြီး အဖေကို စိတ်နာနေတဲ့သူတယောက်လည်းဖြစ်တယ်။စီးပွားရေးလုပ်ငန်းရှင် ဖြစ်ချင်ပါတယ်ဆိုနေမှ သူကုန်သွယ်တဲ့ နှာခေါင်းစည်းတွေက မကောင်းတာတွေဖြစ်နေရော။အဲလို ပြဿနာတွေကြားထဲမှာမှ တခြားမြို့မှာ ရှိတဲ့ အဖေဖြစ်သူကဆုံး။အလောင်းကို မွေးရပ်ပြန်သယ်ဖို့ကျလည်း ကိုဗစ်ကာလဆိုတော့ သိတဲ့အတိုင်း။အဲဒီလို အဖြစ်အပျက်တွေ၊အစိုးရချမှတ်ထားတဲ့ အတားအဆီးတွေ ဥပဒေတွေ၊ အလုပ်လုပ်ကိုင်ရ ခက်ခဲတဲ့ကိစ္စတွေကို မတမ်းတကောင်းသော်ငြား ပြန်ပြောင်းအောက်မေ့ဖွယ် ဇာတ်လမ်းလေးတပုဒ်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni~Saii~chiclon3~YH~Aditi တို့ပဲဖြစ်ပါတယ်) File size…1.68GB / 838MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 58m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Yunni~Saii~chiclon3~YH~Aditi

Drama • Mystery
4.8 2023 120 mins
Kadina Kadoramee Andakadaham
Fast & Feel Love
7.2

ဂျေ အဖြစ် YaYa Urassaya ဂေါင်ဝ် အဖြစ် Nat Kitcharit ဇာတ်လမ်းအကျဉ်း ပညာရေးစနစ်အရ အထက်တန်းပြီးတာနဲ့ တက္ကသိုလ် မေဂျာရွေးနိုင်ဖို့ ဝင်ခွင့်စာမေးပွဲတွေ ဖြေရလေ့ရှိတယ် အားလုံးနဲ့မတူဘဲ Sport stacking ကိုမှ စိတ်ဝင်စားတဲ့ ကျောင်းသား ဂေါင်ဝ် နဲ့ အိပ်မက်ရယ်လို့ မရှိတဲ့ သာမန်ဘဝနဲ့ပဲ နေထိုင်ချင်တဲ့ ကျောင်းသူလေး ဂျေတို့ ခင်မင်ခဲ့ကြတယ် ဂျေအနေနဲ့ သူမရဲ့ ထူးခြားစွမ်းအင်က စိတ်ထားကောင်းမှုလို့ ပြောခဲ့တဲ့ ဂေါင်ဝ်အပေါ် ငြိတွယ်ခဲ့ပြီး သူဝါသနာပါတဲ့ sport stackingကို ကစားနိုင်ဖို့ ပါရမီ ဖြည့်ခဲ့ပါတော့တယ် အချိန်တွေကြာလာတာနဲ့ အမျှ ဂျေ့ဘက်ကို မကြည့်ဘဲ ဝါသနာကိုပဲ ရှေးရှုလုပ်နေခဲ့တဲ့ ဂေါင်ဝ်ကို ဂျေတစ်ယောက် လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ် ဂျေမပါဝင်တော့တဲ့ ဘဝကြီးမှာ ပတ်ဝန်းကျင်နဲ့နေသားကျအောင် ကြိုးစားနေရတဲ့ ဂေါင်ဝ် တစ်ယောက် sport stacking ချန်ပီယံနေရာကို ချိိန်းခြောက်နိုင်တဲ့ သူတစ်ယောက် ပေါ်လာချိန်မှာတော့.... အပြောင်းအလဲတွေဖြစ်လာတဲ့ နှလုံးသားရေးရာ ၊ တွယ်တာနေရတဲ့ အားကစား ၊ မက်မောခဲ့ရတဲ့ ချန်ပီယံနေရာကြား ဂေါင်ဝ် တစ်ယောက် ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရှုကြရအောင်ပါ ။ ( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) File Size__(2.3GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.2/10 Format__mp4 Duration__02:10:00 Type__Action, Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Kyi Nue Zin & Nang Mwe Kham Encoded by Naing Aung Latt

Comedy • Family • Music • TV Movie
7.2 2022 132 mins
Fast & Feel Love
Feeling Butterflies
6.8

အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်က မြို့‌လေးတစ်မြို့မှာ အမ်မလီမယ်ရီပိုဆာ ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ဦးက သူမရဲ့သူငယ်ချင်းနဲ့အတူ လိပ်ပြာ‌လေးတွေကိုမွေး၊ ပြီးရင် မွေးနေ့ပွဲတို့ မင်္ဂလာဆောင်တို့လို ပွဲတွေမှာ လိပ်ပြာလေးတွေကိုလွှတ်ပေးရတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်တယ်။ အတိတ်အချစ်ရေးကံဆိုးခဲ့သူတစ်ယောက်ဖြစ်လို့ ထပ်ပြီးရင်ခုန်ဖို့မလွယ်‌ကူတော့တဲ့ သူမဘ၀ဟာ မွေးနေ့ပါတီတစ်ခုမှာ လိပ်ပြာလွှတ်ပေးဖို့ စပြီးတာဝန်ယူရာကနေ single dad လူချောလေး ဂဲရက်နဲ့တွေ့ပြီးနောက်မှာ ပြောင်းလဲသွားခဲ့တယ်။ အကြောင်းဖန်ချင်တော့ နာမည်ကြီးမော်ဒယ်တစ်ယောက်ရဲ့မင်္ဂလာပွဲအတွက် လိပ်ပြာအကောင်ရေ ၅၀၀ လွှတ်ဖို့အတွက် ဂဲရက်တို့သားအဖက ဝင်ရောက်ကူညီပေးလာတဲ့အခါမှာ‌တော့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေး စတင်လာနိုင်ပါ့မလားဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ နောက်ပြီး သဘာဝတရားကြီးနဲ့ အင်းဆက်နွယ်မျိုး လိပ်ပြာတွေရဲ့ဆက်စပ်နေပုံတွေ၊ လိပ်ပြာလေးတွေကို ဂရုတစိုက်စောင့်ကြည့်မွေးမြူရပုံတွေ၊ အရောင်အသွေးစုံလင်တဲ့လိပ်ပြာအမျိုးအစားလေးတွေကို မျက်စိပသာဒဖြစ်စွာနဲ့ ကြည့်ရှုရမှာဖြစ်လို့ အချစ်ကားအေးအေးလေးတွေကို နှစ်သက်ကြတဲ့ပရိသတ်များ လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ကြောင်း ညွှန်းဆိုပါရစေ။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Yadi ဖြစ်ပါတယ်) Genre.....Comedy, Drama, Romance Quality….WEB-DL 1080p and 720p File size…1.3GB and 650MB Format…mp4 Duration….1h 23min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thwal Yadi Encoder .....August

Comedy • Romance
6.8 2022 85 mins
Feeling Butterflies
Supercool
6.1

Best friends, Neil and Gilbert start their senior year of high school with high hopes and aspirations. Neil has always fantasized about being cool enough to date his long time crush and Gilbert has always dreamed of being a social media super star. After what is, by all accounts, a very disappointing and embarrassing first day in school, Neil makes a magical wish to be cool just at the magical moment when the clock strikes 11:11. The next morning, Neil wakes up to a reality that is straight from the comics of his dreams.အပျင်းပြေစရာ အခွီဇာတ်ကားလေးတွေကို မျှော်လင့်နေတဲ့ CM ပရိတ်သတ်တွေအတွက် ဒီတစ်ခါမှာတော့ Supercool ဆိုတဲ့ Teen Comedy ဇာတ်ကားလေးကို တင်ဆက်ပေးလိုက် ရပါတယ်။ Neil နဲ့ Gilbert တို့ဟာ အထက်တန်းကျောင်းတော်ကြီးမှာ အခင်ဆုံး သူငယ်ချင်းနှစ်ယောက် ဖြစ်ပါတယ် ဒါ့အပြင် အပေါင်းမသင်းမ၀င်ဆံ့တဲ့ အရှုံးသမားတွေလည်း ဖြစ်ကြလေရဲ့ ။ ကိုယ်တက်တဲ့ကျောင်းမှာ ပေါ်ပြူလာဖြစ်ချင်စိတ် ခပ်ဟော့ဟော့ နဲ့ စကီလေးတွေ ဝိုင်းနေတဲ့သူ ဖြစ်ချင်စိတ်မျိုးကတော့ လူတိုင်းမှာ ရှိခဲ့ကြမယ် ထင်ပါတယ် Neil နဲ့ Gilbert တို့ကလည်း သူတို့ရဲ့ အရှုံးသမားဘ၀ကြီးကို စိတ်ပျက်လွန်းကြပြီး ပေါ်ပြူလာ ဖြစ်ချင်ကြပါတယ်။ ဒါ့အပြင် Neil မှာ Summer ဆိုတဲ့ crush လေးကလည်း ရှိနေပြန်ပါတယ်။ သို့ပေမယ့် Summer နဲ့ နီးစပ်ဖို့ဝေးစွ ငနဲသားဟာ တစ်ခါမှတောင် စကားသွားမပြောဖူးပါဘူး ရှေ့တစ်ပတ်ထဲမှာ Summer လုပ်မယ့် မွေးနေ့ပါတီပွဲလေးကိုလည်း Neil တစ်ယောက် အရမ်းသွားချင်နေခဲ့တယ်။ ဒီလိုအဖြစ်မျိုးတွေကနေ Neil အတွက်တော့ ကံကြမ္မာအလှည့်အပြောင်းဖြစ်ဖို့အကြောင်းဖန်လာပါပြီ .... Neil ရဲ့ တစ်ညတာ ဆုတောင်းကြောင့် Neil ဟာ သူ့စိတ်ကူးထဲက ရုပ်ဖြောင့်ဖြောင့် ဗလတောင့်တောင့်နဲ့ ခပ်လန်းလန်း မော်ဒယ်ရုပ်နဲ့ကောင်လေး တစ်ယောက် ဖြစ်သွားပါတော့တယ်။ Neil က ဒီအခွင့်အရေးကြီးကို အမိအရဆုပ်ကိုင်ပြီး သူချစ်တဲ့ Summer လေးနဲ့ နီးစပ်ဖို့ ဘယ်လိုကြိုးစားမလဲ။ Neil ရဲ့ ရုပ်ရည်တစ်ခု အကြောင်းပြုပြီး Neil နဲ့ Gilbert တို့ နှစ်ကောင်သားပေါင်းပြီး ဘယ်လို အလွဲတွေလုပ်မလဲ အခွီတွေ ဖြစ်လာမလဲ။ Neil တစ်ယောက် Summer ရဲ့ မွေးနေ့ပွဲကိုရော တက်ခွင့်ရပါ့မလား ဆိုတာကို ဒိုင်ယာလော့ခ် အလန်းတွေနဲ့ ဒီဇာတ်ကားမှာ CM ပရိတ်သတ်တို့ ကြည့်ရှု စခွီထ လိုက်ကြပါဦး။ ( Teen movie ဖြစ်တဲ့အလျောက် dirty jokes တွေ naked scene တွေ‌ ဖောဖောသီသီ ပါတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့တော့ မသင့်ပါကြောင်း ) (ဒီဇာတ်လမ်းရဲ့အညွှန်းကို Chuck Chuck မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size - (1.41 GB) /(700 MB) / (484 MB) Quality – WebRip 1080p / 720p/480p Duration - 1h 40mins Subtitle – Myanmar Hardsub Format – MP4 Genre : Action, Comedy, Fantasy Translator – CM Team Encoder – SWM

Drama • Romance
6.1 2021 91 mins
Supercool
Altitude

ဇာတ်လမ်းက တစ်နေ့မှာ လူငယ်ငါးယောက်ပွဲတော်တစ်ခုကို လေယာဥ်နဲ့သွားကြတယ်ပေါ့ဗျာ အဲ့မှာ လေယာဥ်က ထူးထူးဆန်းဆန်း အလုပ်မလုပ်တော့တာကနေ ဇာတ်လမ်းက စတာပဲ လေယာဥ်ကိုမထိန်းချုပ်နိုင်တော့ အပျံတတ်ခါက လေယာဥ်မှုးလေးနဲ့ သူငယ်ချင်းလေးယောက် တိမ်တိုက်ကြီးတစ်ခုထဲကို အထိန်းအချုပ်မရှိဝင်ချသွားတာကနေ တိမ်တိုက်ကြီးထဲမှာ ဘယ်လို သဘာဝလွန်ဖြစ်ရပ်ဆန်းကြုံရမလဲ ဘယ်လိုရုန်းကန်ကြရလဲ ဘယ်လိုပြဿနာတွေတက်ကြလဲ လူတွေ သေဘေးနဲ့ကြုံရင် ဘယ်လိုပြုမူတတ်လဲဆိုတာကို အပြည့်အဝပုံဖော်ထားတာကိုရှုစားရမှာပဲ ဖြစ်ပါတယ် File size… 1.57 GB / 703 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac

0 2010
Altitude
Where the Devil Roams
5.6

Where the Devil Roams (2023) ~ IMDb – 5.6/10, Rotten Tomatoes – 100% ~ Rotten Tomatoes မှာ ၁၀၀ရာခိုင်နှုန်းအပြည့်ရထားတဲ့ မြင်ရခဲတဲ့ Horror ကားမျိုးပေါ့။ ဒါပေမဲ့ ဒီကားကို သာမန်ပရိသတ်တွေတော့ သိပ်ကြိုက်တဲ့ထဲမပါဘူး။ ဒါလည်း ဖြစ်သင့်ပါတယ်။ ဘာလို့ဆို ဒီကားက မိန်းစထွင်းဟော်ရာကားဆန်ဆန်လိုင်းကို သွားထားတာမဟုတ်ဘူး။ အင်ဒီဆန်ဆန် ဟော်ရာကားမျိုးလို့ပြောရမယ်။ ဟော်ရာဆိုပေမဲ့ သရဲလိုင်းမဟုတ်ဘဲ နတ်ဆိုးလိုင်းပေါ့။ ဒါပေမဲ့ အဲဒီနတ်ဆိုးကို ထည့်သွင်းထားပုံကလည်း တစ်မူထူးခြားနေတယ်။ နတ်ဆိုးပယောဂဆိုတာထက် လူတွေရဲ့ လောဘတရားကို ပိုဇောင်းပေးသလိုလိုတော့ ဖြစ်သွားမယ်။ ပြောသာပြောရတယ် အဲဒီလောက်ရိုးရှင်းနေတဲ့ ဇာတ်လည်းမဟုတ်ပြန်ဘူး။ ဇာတ်ကိုကလည်း နားလည်ရခက်စွာနဲ့ စိတ်ဝင်စားစရာကောင်းနေသလို အပြတွေကလည်း ဘော်ဒီဟော်ရာဆန်ဆန်ကို ရွံစရာကောင်းတာတွေလည်းပါတယ်။ ဒီကားက သမားရိုးကျဟော်ရာကားတွေကြည့်ရတာ ရိုးနေပြီး ကွဲပြားတာလေးကြည့်ချင်တဲ့လူတွေအတွက်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဘာမျှော်လင့်ချက်မှမထားဘဲ ဒီတိုင်းပဲ စိတ်ကိုရှင်းထားပြီးသား ကြည့်လိုက်ပါ။ အနည်းဆုံးတော့ ကြည့်ကောင်းပါလိမ့်မယ်။ ဒီထက်လည်း ပိုပါလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားမြင်နေကျ စံနှုန်းတွေနဲ့ သွားတိုင်းရင်တော့ ဒီရုပ်ရှင်ကို စိတ်ကျေနပ်မယ်လို့တော့မထင်ပါဘူး။ နတ်ဆိုးတောင်မှ အသုံးများတဲ့ နတ်ဆိုးမသုံးဘဲ ဟီဘရူးနတ်ဆိုးကို သုံးသွားတာပါ။ သူ့ကျောရိုးဇာတ်လမ်းကလည်း ဆန်းပြားပါတယ်။ Expressionism, Surrealism ဝတ္တုတောင်ဆန်ပါတယ်။ ဒီကားကို အဒမ်မိသားစုလို့ခေါ်တဲ့ ဂျွန်အဒမ်နဲ့ ဇယ်ဒါအဒမ်တို့က ရိုက်ထားပြီး သူတို့ရဲ့သမိုင်းကြောင်းကို ခြေရာပြန်ကောက်ကြည့်လိုက်ရင်လည်း The Deeper You Dig, Hellbender နဲ့ Halfway To Zen တို့လို ဟော်ရာပေမဲ့ ဝေဖန်ရေးအရအောင်မြင်ခဲ့တဲ့ကားတွေချည်း ရိုက်ခဲ့တဲ့ သူတွေဆိုတော့ ကားကောင်းတွေကြိုက်တတ်တဲ့လူတွေတော့ စိတ်ချလက်ချကြည့်လို့ရပါတယ်။ ထပ်ပြောရရင် သမားရိုးကျ ဟော်ရာကားတွေကို ကြိုက်တတ်တဲ့လူတွေအတွက်တော့ လုံးဝမဟုတ်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 760MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 33Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

5.6 2023
Where the Devil Roams
Rebel Moon – Part Two: The Scargiver
6.9

Rebel Moon – Part Two: The Scargiver (2024) ================================= IMDb Rating – 6.9/10 ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စတားဝေါ ဖန်မိတ် ရုပ်ရှင်ကြီးလာပါပြီ။ ဒီဇာတ်လမ်းကို စတားဝေါလူကြီးဆန်ဆန်ဗားရှင်းအဖြစ် ကမ်းလှမ်းခဲ့ပေမဲ့ ဒစ္စနေးနဲ့လူးကပ်ရုပ်ရှင် ကုမ္ပဏီက လက်မခံတာကြောင့် Star Wars ရုပ်ရှင်အဖြစ်မဟုတ်ဘဲ ကိုယ်ပိုင်ရိုက် ကူးဖြစ်သွားတာပါ။ ဒါကြောင့် ဂျဒိုင်းတွေနဲ့အလင်းဓားတွေ မပါဝင်ပေမဲ့ အင်ပါယာ နဲ့ ဖိနှိပ်ခံဂြိုလ်တွေ၊ တော်လှန်ရေးအဖွဲ့တွေ အကုန်ပါဝင်နေပါတယ်။ ဒါ့အပြင် ဇာတ် လမ်းကျောရိုးကိုလည်း ဇက်ရဲ့ အကြိုက်ဆုံးရုပ်ရှင် Seven Samurai (1954) ကို မှီ ငြမ်းထားတာမို့ အာကာသထဲက ဆာမူရိုင်း ၇ ယောက် ဇာတ်လမ်းမျိုးဖြစ်နေပြန်ပါ တယ်။ လက်ရှိ ဝေဖန်ရေးဆရာတွေ အကြိုက်မတွေ့တဲ့အချက်ကလည်း ဒီအချက်ပဲ ဖြစ်ဖို့များပါတယ်။ မူရင်းဖန်တီးချက် ဘာမှမပါသေးဘဲ စတားဝေါ နဲ့ ဆဲဗင်းဆာမူရိုင်း ဒါမှမဟုတ် Magnificent Seven ကြည့်ပြီးသားလူတွေအတွက် မဲပြာပုဆိုးဖြစ်နေလို့ ပါပဲ။ ဒါပေမဲ့ ပထမရုပ်ရှင်ပဲ ရှိသေးတာမို့ နောက်ထွက်လာမဲ့ အပိုင်းတွေမှာ မထင်မှတ် ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ အောင်မြင်နိုင်ပါသေးတယ်။ ဒီအချက်တွေကို မေ့ပစ်ပြီး ကြည့်မယ်ဆိုရင်တော့ ဇက်ရဲ့ထုံးစံအတိုင်း ရိုက်ချက်လှလှ၊ ဒိုင်ယာလော့ကောင်းကောင်း၊ အက်ရှင်ခန်းကြမ်းကြမ်းတွေနဲ့ ကြည့်ပျော်တဲ့ရုပ်ရှင်မို့ လူ တိုင်းကြည့်လို့အဆင်ပြေပါတယ်။ ဇာတ်လမ်းအကျဉ်း – ဗဲ့ဒ်ဆိုတဲ့ ရွာကလေးက လယ်သမားတွေဆီကို အင်ပါယာဗိုလ်ချုပ်တစ်ယောက်ရောက် လာပြီး ရိက္ခာတွေ မတန်တဆ တောင်းတယ်။ ဒါကို ရွာသားတွေကမပေးနိုင်တော့ ပြန်ခု ခံဖို့ အကူအညီတောင်းဖို့ ကြိုးစားတယ်။ သူတို့မှာလည်း ကြေးစားတပ်တွေငှားဖို့ ပိုက်ဆံ မရှိပါဘူး ရိက္ခာအပိုလေးနည်းနည်းပဲပေးနိုင်တာပါ။ ရွာမှာ ခိုအောင်းနေတဲ့ ဝရမ်းပြေးစစ် သည်တော်တစ်ယောက်နဲ့ လယ်သမားလေးတစ်ယောက်တို့ စကြဝဠာထဲမှာ ခြေဆန့်ပြီး မဖြစ်စလောက်ရိက္ခာလေးပေးရုံနဲ့ လယ်သမားတွေဘက်ကနေ ကူတိုက်ပေးမဲ့ စစ်သည် တော်တွေကို လိုက်စုစည်းကြတာက အပိုင်း-၁ ရဲ့ ဇာတ်လမ်းပါပဲ။ အပိုင်း-၂ မှာတော့ ဒီ ဆာမူရိုင်းတွေ အင်အားအရမ်းကြီးတဲ့ အင်ပါယာကြီးကို ဘယ်လိုခုခံတော်လှန်ကြမလဲ ဆိုတာ တွေ့ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(4.8 GB)/(1.79 GB) / (899MB) Quality…………WEB-DL 4K HEVC/1080p / 720p Duration………2Hr 2Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Drama Translator…….Mr.Anderson Encoder……….SWM

6.9 2024
Rebel Moon – Part Two: The Scargiver
Aranmanai 2
4.4

Aranmanai 2 (2016) ကျိန်စာသင့်ကလဲ့စား Imdb 4.4 လက်ရှိမှာ ၄ကားထိထွက်ရှိထားပြီးတော့ တစ်ခေတ်တစ်ခါက ရုံတင်ကားဖြစ်ခဲ့ပြီး box office အနေနဲ့ ၃၉၀ မီလီယံရရှိခဲ့တဲ့ ဝက်ဝက်ကွဲလူကြိုက်များခဲ့တဲ့ သရဲကားတစ်ကားပါ ‌ဘုရားကျောင်းပြုပြင်ဖို့ မြို့ကိုကာကွယ်ပေးထားတဲ့မယ်တော်ရုပ်ထုကို ခဏရွှေ့ဆိုင်းဖို့အကြောင်းဖန်လာတယ် ၁၀ရက်တာ ရတနာသေတ္တာထဲထည့်ပိတ်ထားရမှာဖြစ်ပြီး ဒီ၁၀ရက်အတွင်းမှာ မယ်တော်ရုပ်ထုကစွမ်းအားတွေပျောက်ဆုံးသွားမှာပါ ဒါအခွင့်အရေးကို အောက်လမ်းနဲ့ကမ္ဘာကြီးကိုအုပ်စိုးချင်ကြတဲ့ဘာဘာတို့အဖွဲ့က အမိအရအသုံးချပါတော့တယ် မယ်တော်ရုပ်ထုကိုဖယ်ပြီဆိုတည်းက အောက်လမ်းသုံးပြီး အိပ်ပျော်နေတဲ့ ပရလောကသားတွေကိုလှုပ်နှိုးခဲ့တယ် နိုးထလာခဲ့တဲ့ပရလောကသားတွေထဲမှာ သူတို့မကိုင်တွယ်နိုင်လောက်အောင်စွမ်းအားကြီးတဲ့မကောင်းဆိုးဝါးတစ်ကောင်ပါလာခဲ့ပါတယ် ထိန်းချုပ်မရတဲ့အဆုံး အုပ်လိုက်ထွက်ပြေးကြရင်း လူ့လောကထဲ ထွက်ပေါ်မလာသင့်တဲ့မကောင်းဆိုးဝါးတစ်ကောင်က ရောက်ရှိလာပါတော့တယ် ဒီ‌မကောင်းဆိုးဝါးကနိုးနိုးချင်းပဲ အိမ်ကြီးတစ်လုံးဆီ ရန်ငြိုးအပြည့်နဲ့ ဒေါသတကြီးထွက်သွားခဲ့တယ် သူတို့ကြားကဇာတ်လမ်းကဘာများဖြစ်မလဲ ဒီမကောင်းဆိုးဝါးကိုနှိမ်နင်းနိုင်သူရော ပေါ်လာပါ့မလားဆိုတာကိုတော့။။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ ToMo ~ V ~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ် )

Drama
4.4 2016
Aranmanai 2
Sniper: Reloaded
5.5

Sniper Reloaded ဇာတ်ကားဟာ ၂၀၁၁ ခုနှစ်ထွက် Rating R ရှိတဲ့ Sniper အသားပေး အက်ရှင်ဒရမ်မာကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Sniper နဲ့ military အက်ရှင်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားပါပဲ။ အတိုက်အခိုက် အပစ်အခတ်တွေက ကြမ်းတမ်းရက်စက်သလို ဇာတ်လမ်းကလည်း မဆိုးလှပါဘူး။ တချိန်က နာမည်ကျော် Sniper သမားတစ်ယောက်ရဲ့သား မရိန်းတပ်သားတစ်ယောက်လည်း ဖြစ်တဲ့ မင်းသား Brandon ဟာ သူတာဝန်ကျရာ ကွန်ဂိုနိုင်ငံမှ သူပုန်နှိမ်နင်းရေး တာဝန်ထမ်းဆောင်ရင်း သူ့ရဲ့အဖွဲ့သားအားလုံးဟာ Sniper သမားတစ်ယောက်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရပြီး သူတစ်ယောက်ပဲ ကံသီပြီး အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ သူ့ဘော်ဒါတွေအတွက် လက်စားချေချင်တဲ့ မင်းသားတစ်ယောက် သတ်တဲ့သူကို အစရှာ လိုက်လံစုံစမ်းတဲ့အခါမှာ ထွက်လာတဲ့အစက ဘယ်လောက်ထိ ရှည်လျားပါဝင်ပတ်သက်နေမလဲ မင်းသားအနေနဲ့ ရုန်းထွက်နိုင်ပါ့မလား ကြားထဲမှာ မိတ်ဆွေတွေ ချစ်သူခင်သူတွေကရော ထိခိုက်သွားမှာလား စတာတွေကို ရင်ခုန်စွာ စောင့်ကြည့်ရမဲ့ အက်ရှင်ကားကောင်းဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်း လိုက်ပါတယ်……….. File size…1.97GB / 1.05GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 31m Genre ….. Action , Thriller , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Drama
5.5 2011
Sniper: Reloaded
The Outrun
7

The Outrun (2024) IMDb Rating (7.0) / Rotten Tomatoes (81%) ရိုနာဟာ ပညာတတ်တစ်ယောက်ဖြစ်ပေမယ့် အရက်စွဲနေသူလဲဖြစ်ပါတယ်။ အမေဖြစ်သူက ဘာသာရေးကိုင်းရှိုင်းပေမယ့် အဖေကတော့ bipolar disorder လို့ခေါ်တဲ့ စိတ်ကျစိတ်ကြွမြန်ရောဂါသည်ပါ ။ သူမဟာ အရက်စွဲနေသလို အရက်ဖြတ်ဖို့ကြိုးစားလိုက်၊ ပြန်သောက်ဖြစ်လိုက် သံသရာလည်နေသူပါ။ ချစ်သူကလဲ အဲဒါကြောင့်ပဲ ထားသွားခဲ့ပါတယ်။ သူမရဲ့ဘဝဟာလဲ ပြဿနာပေါင်းစုံနဲ့ အမြဲပူလောင်နေရပါတယ်။ နောက်ဆုံးမှာတော့ မိတ်ဆွေကောင်းတွေရဲ့ ဖေးမမှုတွေကြောင့် သူမရဲ့ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိသွားပုံကို စကော့တလန်ရဲ့ သဘာဝရှုခင်းတွေ၊ အော့ကနေးကျွန်းရဲ့ အလှတွေ၊ Random facts တွေနဲ့ ကြည့်ရှုရမှာပါ။ Hanna, Atonement, The Lovely Bones တို့နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Saoirse Ronan က ဦးဆောင်ပါဝင်ထားပြီး သူကိုယ်တိုင်လဲ ထုတ်လုပ်သူလုပ်ခဲ့တာပါ။ သူမဟာ Telluride Film Festival နဲ့ Evolution Mallorca International Film Festival တို့မှာ ဒီကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတွေရခဲ့ပါသေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TLone ဖြစ်ပါတယ်။) File size…(1.7 GB) / (980 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:58:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by TLone

7 2024 118 mins
The Outrun
Eternal For evigt
5.4

Eternal (2024) ကြီးမားတဲ့ငလျင်တစ်ခုကြောင့် ပင်လယ်သမုဒ္ဒရာကြမ်းပြင်အောက်မှာ အက်ကွဲကြောင်းကြီးတစ်ခုပေါ်လာပါတယ်။ အဲ့ဒီအက်ကွဲကြောင်းကြီးဟာ ကမ္ဘာမြေပေါ်က ရာသီဥတုအ​​ပြင်းအထန်ပြောင်းလဲမှုတွေအတွက် အချက်အချာကျလာလိမ့်မယ်လို့ သုတေသီများကယူဆကြပါတယ်။ အဲ့ဒါကြောင့်ပဲ အက်ကွဲကြောင်းကြီးကိုအ​မြန်ဆုံးပိတ်ပစ်ဖို့အဖွဲ့အစည်းတွေဖွဲ့ပြီး ပရောဂျက်တွေရေးဆွဲ​ကြပါတော့တယ်။ အမြန်ဆုံးဆိုပေမဲ့လည်း ဆယ်စုနှစ်တစ်ခု သို့မဟုတ် နှစ်ခုစာလောက်ကြာဦးမှာပါ။ အယ်လီယာဆိုတဲ့ကောင်လေးဟာ ရာသီဥတုနဲ့မိုးလေဝသသုတေသီတစ်​ယောက်ဖြစ်ချင်ပြီး အဲ့အက်ကွဲကြောင်းကြီးကိုပိတ်ပစ်နိုင်တဲ့သူဟာ သူကိုယ်တိုင်ဖြစ်နေဖို့က သူ့ရဲ့အိပ်မက်ပါ။ ဒါပေမဲ့ အဲ့လိုကြိုးစားနေတဲ့အချိန်မှာပဲ အယ်လီယာရဲ့ဘဝထဲကို အာနီတာဆိုတဲ့ကောင်မလေးတစ်ယောက်ဝင်ရောက်လာပါတယ်။ သူတို့ရဲ့အချစ်ရေးဟာပျော်ရွှင်စရာတွေနဲ့ပြည့်နေပြီး သာယာဖြောင့်ဖြူးနေပေမဲ့ သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်မယ့် ပရိုဂရမ်တစ်ခု အမေရိကားမှာဖွင့်လှစ်တာကြောင့် အမေရိကားကိုသွားရဖို့ဖြစ်လာပါတယ်။ သူ့ရဲ့တစ်ဘဝလုံးကိုနှစ်မြှုပ်ပြီးကြိုးစားခဲ့ရတဲ့အိပ်မက်ကိုရွေးချယ်မှာလား သူအရမ်းချစ်ရတဲ့ချစ်သူလေးကိုရွေးချယ်မှာလား ကမ္ဘာမြေရဲ့ရာသီဥတုကိုအကြီးအကျယ်ပြောင်းလဲစေနိုင်တဲ့အက်ကွဲကြောင်းကြီးကိုလည်း ပညာရှင်တွေအချိန်မှီပိတ်ပစ်နိုင်ပါ့မလားဆိုတာ ခံစားကြည်ရှု့လိုက်ကြပါဉီး.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။) File size…(1.5 GB) / (730 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Sci-Fi Duration….01:42:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Rubyjane

Comedy • Drama
5.4 2024 99 mins
Eternal For evigt
The Cursed Land
6

The Cursed Land (2024) ************************* ထိုင်းသရဲကားထဲမှာမှ မူကွဲပုံစံအသစ်လေးနဲ့ အင်ဒိုသရဲကားနဲ့ခပ်ဆင်ဆင်တူတဲ့ horror movie သစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ကျိန်စာသင့်ဖုန်းဆိုးမြေပေါ်မှာရှိနေတဲ့ အိမ်ကြီးတစ်လုံးရဲ့ ရာဇဝင်အကြောင်းလေးပေါ့ .. ။ အင်ဂျင်နီယာချုပ်မစ်တစ်ယောက် စက်ရုံမှာ ကြီးကြပ်ပေးဖို့အတွက် နုံကျုပ်မှာရှိတဲ့ မွတ်စလင်ရပ်ကွက်က စက်ရုံနဲ့နီးတဲ့ အိမ်လေးတစ်အိမ်မှာ သမီးဖြစ်သူမေနဲ့ နေရဖို့ဖြစ်လာပါတော့တယ်။ အိမ်ဟောင်းဆိုပေမဲ့ အိမ်ပိုင်ရှင်တွေက သူတို့ကို အိမ်ကိုပြုပြင်ရုံပဲပြုပြင်ပြီး ဘာပစ္စည်းကိုမှ မထိဖို့ မလွှင့်ပစ်ဖို့တော့ အတန်တန်မှာခဲ့ပါသတဲ့။ နဂိုကတည်းက သူ့ရဲ့ပယောဂမကင်းတဲ့ ဇနီးသည်ဆုံးပါးမှုကြောင့် စိတ်မတည်မငြိမ်ဖြစ်ပြီး အကြောင်းအရင်းမရှိ ခေါင်းကိုက်ဝေဒနာ ခံစားခံနေရတဲ့ထဲ ဘာသာမတူတဲ့ မွတ်စလင်ရပ်ကွက်ကလည်းဖြစ် ဘေးအိမ်မှာကလည်း ပယောဂဆရာလိုလို အောက်လမ်းဆရာလိုလို ဟင်ဆိုတဲ့လူတစ်ယောက်လည်းရှိနေတော့ မသိုးမသန့်ခံစားနေရတဲ့ မစ်ဟာ အိမ်မှာကပ်ထားတဲ့ ဘာမှန်းမသိတဲ့အဆောင်တွေကို အကုန်ဖြဲပြီးလွှင့်ပစ်ပြီးတော့ နတ်ကွန်းလေးတစ်ခုဆောက်လိုက်ပါတယ် .. ။ အဲဒီချိန်ကနေစလို့ မစ်တစ်ယောက် ထူးထူးဆန်းဆန်းတွေမြင်ရ ကြားလာရတဲ့အခါမှာတော့…. (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.8GB / 727MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 11 min. Genre ….. Horror, Supernatural Subtitle….Myanmar Subtitle (Hard Sub) Translated by CharOu & Mary Christ Encoded by AHtet

6 2024 131 mins
The Cursed Land
Betrayed by Love
5.4

Betrayed by Love (2024) IMDb Rating (5.4) October 6, 2024 Date နဲ့အသစ်စက်စက်ထွက်ရှိထားတဲ့ Drama/Mystery ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Director Marla Sokoloff ရိုက်ကူးထားပြီး မင်းသမီးချော Sara Ball အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ခင်ပွန်းနဲ့သားတစ်ယောက်ကို ကားမတော်တဆမှုကြောင့် ရုတ်တရက်ထားခဲ့လိုက်ရတဲ့ ရိုင်လီ ရဲ့သေဆုံးမှုကို မသင်ကာလို့ဆိုပြီး…… “မှုခင်းစောင့်ကြည့်သူများ” ဆိုတဲ့ဝဘ်ဆိုဒ်မှာအလုပ်လုပ်နေတဲ့ ညီမဖြစ်သူ ကယ်ရီ ဟာ မရမကလိုက်စုံစမ်းပါတော့တယ်။ ငယ်သူငယ်ချင်းဖြစ်တဲ့ စုံထောက် ဒိုင်လန် ကလည်း မတော်တဆမှုဟုတ်/မဟုတ်ဆိုတာကို ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ရသမျှအကူအညီပေးပြီးစုံစမ်းပေးရာကနေ ကယ်ရီ ဟာဇာတ်ရှုပ်ကြီးတစ်ခုလုံးကို တစ်စပြီးတစ်စမြေလှန်ပါတော့တယ်။ ရိုင်လီ ဟာတကယ်ပဲမတော်တဆမှုကြောင့်သေသွားရတာလား။ ဒါမှမဟုတ် အကွက်ကျကျလုပ်ခံလိုက်ရတာလား။ တကယ်လို့လုပ်ကြံခံရတာဆိုရင်လည်း ဘယ်သူလုပ်ခဲ့တာလဲ ကယ်ရီ ကလည်းလိုက်စုံစမ်းရင်းနဲ့ဘယ်လိုအန္တရာယ်မျိုးတွေတွေ့ကြုံရဦးမလဲဆိုတာကိုတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leo ဖြစ်ပါတယ်။) File size…(1.6 GB) / (650 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery,TV Movie Duration….01:25:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Leo

Horror
5.4 2024
Betrayed by Love
The Wild

The Wild (2006) *************** ဒီဇာတ်ကားလေးကတော့ Walt Disney ကထုတ်လုပ်ထားတဲ့ animated adventure-comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်… ၂၀၀၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ အဓိကအသံသရုပ်ဆောင်တွေအဖြစ် Kiefer Sutherland, Jim Belushi နဲ့ Eddie Izzard တို့က ပါဝင်ပေးထားပါတယ်… ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ နယူးယောက်မြို့တိရိစ္ဆာန်ရုံကနေ အာဖရိကကိုပို့ဖို့ပါသွားတဲ့ ခြင်္သေ့ပေါက်လေး Ryan ကို သူ့အဖေ Samson က သူ့သူငယ်ချင်းအုပ်စုနဲ့အတူ လိုက်ကယ်ကြပါတယ်… အဲဒီအဖွဲ့ထဲမှာ ကိုအာလာဝက်ဝံလေး Nigel…သစ်ကုလားအုတ်မလေး Bridget… အူကြောင်ကြောင်နိုင်တဲ့မြွေလေး Larryနဲ့ ရှဉ့်လေး Benny တို့ပါပြီးတော့ သူတို့ရဲ့ကယ်ဆယ်ရေးမစ်ရှင်တစ်လျှောက် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသဆန်ဆန် ကြည့်ရှုကြရမှာပါ… IMDb rating မှာ 5.2/10 ရရှိထားပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ animation ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းကို Austin မှ ရေးသားပေးထားပါတယ်… File Size : 1.91GB / 930MB Quality : BluRay 1080p / 720p Duration : 1 hr. 22 min. Genre : Family, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Austin Encoded by Heather Oo

Action • Romance • Drama
0 2006 82 mins
The Wild
Black Diamond
6.2

နှစ်ယောက်တည်းခရီးသွားလေ့ရှိတဲ့ စုံတွဲတွေအတွက် ပညာပေးကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ခေတ်ကြီးကောင်းကောင်း မကောင်းကောင်း မသမာသူတွေ ဆိုတာကနေရာတိုင်းမှာရှိနေတတ်တဲ့အတွက် ကိုယ်နဲ့မရင်းနှီးတဲ့ နေရာဒေသတွေသွားရင် ပိုလို့တောင်သတိကြီးကြီးထားသင့်ကြောင်းကို ရှုပ်ထွေးလွန်းတဲ့ဒရာမာ သည်းထိပ်ရင်ဖိုဇာတ်လမ်းလေးနဲ့ ထိမိအောင်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးရဲ့နာမည်ကတော့ Black Diamond ဖြစ်‌ပြီး လက်ရှိ IMDb Rating 6.2 အထိ ရရှိထားပါတယ်။ ဇာတ်လမ်းလေးရဲ့အစမှာတော့ အယ်လီနာဆိုတဲ့အမျိုးသမီး တစ်ယောက်က သူ့ချစ်သူကောင်လေးနဲ့အတူတူ အပန်းဖြေခရီးထွက်ဖို့ နှင်းတွေဖုံးလွှမ်းနေတဲ့ တောင်တွေပေါ်က အကောင်းစားသစ်လုံး အိမ်တစ်လုံးဆီထွက်လာပါတော့တယ်။ အယ်လီနာ အဲ့ဒီကိုရောက်အောင်ဂျက်ဆီဆိုတဲ့ကားသမားက လိုက်ပို့ ပေးခဲ့ပြီး ဂျက်ဆီက ပစ္စည်းတွေပါပြုပြင်တတ်တဲ့အတွက် အိမ်မှာ လိုအပ်နေတာတွေကိုပြင်ဆင်ဖို့ ဂျက်ဆီ့ကိုလိုရင်လိုသလိုခေါ်ခဲ့ ပါတော့တယ်။ဇာတ်လမ်းရဲ့လှည့်ကွက်ကအခုမှစတင်တာပဲဖြစ်ပါတယ်။ အယ်လီနာက သူ့ဘဲကို ပိုက်ဆံရှိလို့တွဲနေတာသာဖြစ်ပြီး ဂျက်ဆီ ကလည်း စွယ်စုံရနေတဲ့ဘဲကြီးဆိုတော့ အဲ့ဒီမှာတင်ငြိသွားခဲ့ကြ ပါတော့တယ်။ဒီလိုနဲ့ဂျက်ဆီနဲ့အယ်လီနာတို့ တိုးတိုးတိတ်တိတ် ကြိတ်ပုန်းခုတ်လာရင်းကနေ အခြေအနေတွေကပိုပိုဆိုးလာတဲ့ အခါမှာတော့ အယ်လီနာ့ဘဲလည်းရိပ်မိကုန်ပြီး ဘာတွေကွိုင်ကာ ဘာတွေဘယ်လိုဆက်ဖြစ်ကြမယ်ဆိုတာကို ဒရာမာပေါင်းစုံနဲ့ ရှုစားရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size… (1.08 GB) / (642 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Crime • Drama • Thriller
6.2 2025 89 mins
Black Diamond