YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Delivery Man(2023)EP6.WEB-DL.1080P(CM).mp4.mp4

985.95 MB N/A video/mp4 570 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rushmore
7.4

Rushmore (1998) ~ IMDb - 7.6/10, Rotten Tomatoes - 90% ~ ဒီဇာတ်ကားဟာ Moonrise Kingdom, The Grand Budapest Hotel, Fantastic Mr. Fox တို့နဲ့နာမည်ကြီးတဲ့ဒါရိုက်တာ Wes Anderson ရိုက်ကူးခဲ့တဲ့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ Wes Anderson ရဲ့ဇာတ်ကားတွေက ခေါက်ချိုးညီရိုက်ချက်တွေ၊ လှပတဲ့အရောင်တွေအလှတွေထည့်သွင်းအသုံးပြုတာတွေ၊ ဇာတ်လမ်းဇာတ်ညွှန်းထူးဆန်းမှုတွေနဲ့ နာမည်ကြီးပါတယ်။ ဒီဇာတ်ကားက ၁၉၉၀ ကျော်ကကားလို့မထင်ရအောင်ကိုခေတ်မှီပြီး ပုံစံကလုံးဝကို Unique ဖြစ်ပါတယ်။ ဟာသကားလို့ Genre တပ်ထားပေမဲ့လို့ လုံးလုံးဟာသကားမျိုးဖြစ်နေတာမဟုတ်ဘဲ Deep တဲ့သဘောသဘာဝတွေကိုနှစ်မြှုပ်ထားပါသေးတယ်။ ဒီဇာတ်ကားရဲ့​ကျောရိုးကို ဇာတ်ဆောင်သုံးဦးနဲ့ဖွဲ့စည်းထားပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့မက်စ်က အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားဖြစ်ပြီး ရက်ရှ်မိုးလို့ခေါ်တဲ့ ကိုယ်ပိုင်ကျောင်းမှာ စကောလားရှစ်နဲ့တက်ရောက်နေသူဖြစ်ပါတယ်။ စကောလားရှစ်ရထားတာဆိုပေမဲ့ အသင်းအဖွဲ့တွေ ဘာ Club ညာ Club ဖွဲ့တာတွေစတဲ့ Activity တွေမှာသာအားစိုက်ပြီး စာမှာညံ့ဖျင်းတဲ့ကျောင်းသားမျိုးဖြစ်နေပါတယ်။ အသင်းအဖွဲ့ပေါင်းများစွာဝင်ထားပြီး ပြဇာတ်ရေးတာကိုအားသန်သူပါ။ မက်စ်ဟာ ကျောင်းရဲ့ပင်တိုင်အလှူရှင် ဟာမန်ဘလူးမ်ကိုလေးစားအားကျနေသူဖြစ်ပြီး သွားစကားပြောရင်းကနေ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သွားကြပါတယ်။ မစ္စတာဘလူးမ်ဟာ အသက် ၅၀ အရွယ် ချမ်းသာတဲ့ ကိုယ်ထူကိုယ်ထ ပိုက်ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး ဇနီးမယားနဲ့အတူ အမြွှာသားနှစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ ရက်ရှ်မိုးကျောင်းကို ရို့မေရီခရော့စ်လို့ခေါ်တဲ့ ငယ်ငယ်ခပ်ချောချောဆရာမလေးရောက်လာပါတယ်။ မက်စ်ဟာ စာကြည့်တိုက်ကနေစာအုပ် ငှားဖတ်ရင်း မစ္စခရော့စ်ငှားဖက်ထားတဲ့ စာအုပ်ကိုဖတ်မိပြီး ဆရာမလေးကိုစိတ်ဝင်စားသွားပါတော့တယ်။ ဆရာမလေးနဲ့ ရည်းစားဖြစ်နိုင်ဖို့အတွက် မစ္စတာဘလူးမ်ဆီအကြံဉာဏ်တောင်းခံရင်း မစ္စတာဘလူးမ်ပါ ဆရာမလေးကိုကြိုက်သွားပါတယ်။ မက်စ်တစ်ယောက် သူရယ် မစ္စတာဘလူးမ်ရယ် မစ္စခရော့စ်ဆိုတဲ့ဆရာမလေးတို့ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ... ကျောင်းမှာအမှတ်တွေမကောင်းလို့ ကျောင်းထုတ်ခံရနီးပါးဖြစ်နေတာကကောဘယ်လိုဖြစ်သွားမလဲ... ပြင်ပ Activity တွေလုပ်တာနဲ့ ပြဇာတ်ရေးတာတွေကကောရပ်သွားမှာလား... စတာတွေကို Background Music ကောင်းကောင်းရယ် သူမတူတဲ့ရိုက်ချက်​တွေနဲ့ ရှုမြင်ခံစားရမှာပါ။ ဇာတ်ညွှန်းကို Wes Andersonနဲ့ Owen Wilson တို့ပေါင်းရေးထားတာဖြစ်လို့ သာမန်ဟာသကားတစ်ကားလိုမရိုးရှင်းဘဲ ရယ်ရမောရရင်း အနှစ်သာရတစ်ခုကိုသေချာပေါက်ရရှိခံစားရမှာလို့ပြောရင်း Rushmore ကိုကြည့်ဖြစ်အောင်ကြည့်​ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Dinesh မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 730MB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Dinesh Encoded by Y

Crime • Drama • Mystery
7.4 1998 93 mins
Rushmore
Judaa Hoke Bhi

ခုတစ်ခါမှာလည်း အရမ်းကိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဟင်ဒီ Horror/Thriller ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးသည်ဟူ၍မရှိဆိုသလိုပေါ့... ဒီဇာတ်ကားရဲ့ဒါရိုက်တာက ဟိုတလောက cm မှာ တင်သွားတဲ့ Raaz (2002) ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပါပဲ မကြည့်ရသေးရင် cm မှာ ဒေါင်းကြည့်လိုက်ပါ အရမ်းကောင်းပါတယ်... ခုတစ်ခါမှာလည်း ဒီဒါရိုက်တာကနေပဲ အချစ်ရဲ့ရန်သူအကြောင်းကို ကွက်ကွက်ကွင်းကွင်းရိုက်ပြသွားနိုင်ခဲ့သလို ဇာတ်လမ်းလေးကလည်း နှစ်လိုဖွယ်ကောင်းပါတယ်... အမန်းနဲ့ မီရားဆိုတဲ့ လင်မယားနှစ်ယောက်ရှိတယ် အမန်းက တစ်ချိန်တုန်းက နာမည်ကြီးအဆိုတော်တစ်ယောက်... သားဖြစ်သူ ယာဉ်မတော်တဆဖြစ်ပြီး ဆုံးသွားလို့ စိတ်ထိခိုက်ရင်း အရက်နွံထဲနစ်ခဲ့ရတယ်... မီရားကတော့ နာကျင်မှုတွေကို ဘေးတစ်ဖက်ချထားပြီး မိသားစုကို ပြေလည်အောင်ကြိုးစားနေတဲ့ မိန်းမသားတစ်ယောက်ပေါ့... မီရားက စာရေးဆရာမ.. တစ်ရက်တော့ မီရားကို အလုပ်တစ်ခုလာကမ်းလှမ်းတယ် ကိုယ်ရေးအတ္တုပ္ပတ္တိရေးပေးရမယ့်အလုပ် ပိုက်ဆံလည်းမျိုးမျိုးမြတ်မြတ်ရမယ်ပေါ့ ဒါပေမဲ့ မီရားမသိလိုက်တာက သူ့ကိုအလုပ်လာကမ်းလှမ်းတဲ့အလုပ်ရှင်ဟာ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေတယ်ဆိုတာပါပဲ ဒီလိုနဲ့ မီရားတစ်ယောက် နတ်ဆိုးရဲ့ကျော့ကွင်းထဲမှာ ပိတ်မိသွားပြီး ရုန်းမထွက်လာနိုင်တော့တဲ့အခါမှာတော့...။ File size…1.23GB / 563MB Quality…1080p WEB DL / 720p Format…Myanmar Subtitle (Hard Sub) Duration….2h 1m Subtitle….Myanmar Subtitle Encoder….YK Translated by Taylor

Comedy • Drama • Romance
0 2022 114 mins
Judaa Hoke Bhi
Lake Mungo
6.2

ဆယ်ကျော်သက်မလေး အဲလစ်ပါးမားတစ်ယောက် ရုတ်တရက် ရေနစ်ဆုံးတဲ့သတင်းက သူတို့ရပ်ကွက်မှာ ဟိုးလေးတကျော်ပါပဲ။ ကျန်ရစ်သူ ပါးမားမိသားစုဝင်တွေလည်း အတော်လေး ဝမ်းနည်းကြေကွဲနေကြတာပေါ့။ တစ်ရက်မှာတော့ အဲလစ်တစ်ယောက် မကျွတ်လွတ်သေးပဲ သူ့အစ်ကို ရိုက်ကူးတဲ့ပုံတွေထဲမှာ ပါလာတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြန်ပါတယ်။ ဒီလိုနဲ့ သူ့ကိုယ်သူ စိတ်တန်ခိုးရှင်လို့ အမည်ခံတဲ့ ရေးဆိုသူပါ ပါဝင်ပတ်သက်လာပြီး အဲလစ် သေဆုံးခဲ့ရတာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားဆိုတာကို မိသားစုဝင်နဲ့ အသိမိတ်ဆွေတွေကို အင်တာဗျူးလုပ်ထားသလို format နဲ့ ကြည့်ရှုခံစားရမယ့် Horror ကားတစ်ကားမို့ ခံစားကြည့်ကြပါဦး File Size : (4.6GB) and (947MB) Quality : Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:27:00 Genre : Horror, Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Action • Drama • Thriller
6.2 2009 87 mins
Lake Mungo
Mona Lisa and the Blood Moon
6.5

ဒီတစ်ခါ ပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ စိတ်အမောပြေစေမဲ့ ကားလေးတစ်ကားပါပဲ မွန်နာလီဆာ ဆိုရင် မသိတဲ့သူမရှိသလောက်ပါပဲ ဒီကားထဲက မွန်နာလီဆာလေးကတော့ ကိုရီးယားသူလေးဖြစ်နေတာပါ ထူးခြားတာက သူ့မှာ လူတွေရဲ့စိတ်ကို ထိန်းချုပ်ပြီး သူလိုချင်တာကို ခိုင်းနိုင်တဲ့ အစွမ်းသတ္တိရှိနေတာပါပဲ သူ့ကို ဆယ်ကျော်သက် စိတ္တဇရောဂါသည် ထိန်းသိမ်းရေး ဆေးရုံမှာ ၁၂နှစ်ကြာ ထိန်းသိမ်းထားရာကနေ လပြည့်နေ့တစ်ညမှာ သူ့ကို လက်သည်းခြေသည်းညှပ်ပေးတဲ့သူကို စိတ်နဲ့ထိန်းချုပ်ပြီး ကိုယ့်ကိယ်ကို ဓားနဲ့ထိုးအောင်လုပ်ခဲ့တာပါ အဲဒီဆေးရုံးကနေ သူလွတ်သွားလို့ ခြေဦးတည့်ရာလျှောက်သွားရင်း ဖော်ချွတ်ကလပ်က အကမယ် ဘွန်နီဘဲလ်ဆိုတဲ့ တစ်ယောက်ကို ဘာဂါဆိုင်တစ်ဆိုင်မှာ ကူညီပေးရာကနေ အကမယ်က သူ့ကို အိမ်ခေါ်သွားခဲ့တာပါ သူ့ရဲ့ အစွမ်းကိုသိသွားတဲ့ အကမယ် ဟာ သူ့အစွမ်းတွေသုံးပြီး ပိုက်ဆံတွေ လိုက်လိမ်ပါတော့တယ် အဲဒီလိုနဲ့ အလိမ်ခံလိုက်ရတဲ့သူတွေက ရဲစခန်းကိုလာတိုင်တဲ့အချိန်မှာပဲ သူကပျောက်သွားတဲ့ စိတ်ရောဂါသည်ဆိုတာကို သိသွားပြီး ရဲတွေကအသည်းအသန်လိုက်ဖမ်းတော့တာပါပဲ အဲဒီလိုလိုက်ဖမ်းတဲ့အချိန်မှာ သူလွတ်အောင်ပြေးနိုင်မလား အကမယ်ကရော သူ့ကိုကာကွယ်ပေးမှာလား ရဲတွေကရောဘယ်အထိလိုက်ဖမ်းမှာလဲဆိုတာ ကြည့်လို့ကောင်းတဲ့ကားကောင်းလေးပါပဲ File size…(1.91GB/(1GB)/(512MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:46:00 Genre...Fantasy / Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Comedy • Drama
6.5 2022 106 mins
Mona Lisa and the Blood Moon
The Night Beyond the Tricornered Window
5

The night beyond the tricornered window စာအုပ်ဆိုင် တစ်ဆိုင်ရဲ့ စာရေးလေး “မိကဒို”မှာ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပါတယ်။ အဲဒါကတော့ သူငယ်ငယ်တည်းက သရဲတွေကို အချိန်တိုင်းမြင်နေရတာဖြစ်ပြီး ဒီကနေ ရှောင်လွှဲလို့မရသလို မမြင်ရတော့အောင်လည်း လုပ်လို့မရပါဘူး။ တစ်နေ့မှာတော့ “ဟိရခဝါ”လို့ခေါ်တဲ့ ပယောဂနှင်ဆရာက မိကဒိုကို ရှာတွေ့ခဲ့တဲ့နောက်မှာတော့ အခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။ ဟိရခဝါက မိကဒိုကို သူ့ရဲ့လက်ထောက်အဖြစ်ခန့်ပြီးတော့ သရဲမြင်တဲ့အစွမ်း အကူအညီနဲ့ ဖြေရှင်းရခက်တဲ့ မှုခင်းတွေကို ရှာဖွေဖော်ထုတ်ကြပါတယ်။ ဒီလိုနဲ့ သူတို့လိုက်နေရတဲ့အမှုတွေက “ဟိအူရ”လို့ခေါ်တဲ့ အထက်တန်းကျောင်းသူရဲ့ နှုတ်ထွက်စကားတွေနဲ့ သက်ဆိုင်နေမှန်းသိလိုက်ရတဲ့အခါ ဖြေရှင်းဖို့ ကြိုးစားကြပါတယ်။ ၂၀၁၃ကနေ ၂၀၂၀အထိထုတ်ဝေခဲ့တဲ့ Yaoi mangaကို adaptionလုပ်ထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းကျောရိုးနဲ့ Japanese BL ကားကောင်းတစ်ကားကို ကြည့်ရှုရမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.4GB) / (700MB) Quality__WEB-DL_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:45:00 Type__Mystery, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

5 2021 102 mins
The Night Beyond the Tricornered Window
Detective Dee’s Ghost Blood Hand
6

ဖုံလိုင်ခရိုင်မှ ခရိုင်မှူး ၃ ဦးဆက်တိုက် ထူးခြားစွာသေဆုံးသွားကြရာမှာ သက်သေရှာမရလိုက်လို့ အစိုးရတစ်ခုလုံး တုန်လှုပ်နေခဲ့တယ်။ အဲ့အချိန်မှာပဲ အမှုလိုက်ရာမှာ နာမည်ကြီးတဲ့ ဒီးရန်ကျယ်က တလီစစ်မှ ထွက်ခွါပြီး ဖုံလိုင်ခရိုင်မှာ ဒီအမှုကို စစ်ဖို့ ရောက်လာပါတယ်။ ဖုံလိုင်ခရိုင်သို့ ရောက်ရှိပြီးနောက်မှာလဲ တူညီတဲ့ သေဆုံးပုံနဲ့ နောက်ထပ် လူတွေ သေနေပါသေးတယ်။ ထို့အပြင် ထိုလူသတ်သမားက ဒီးရန်ကျယ်ရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာပါတယ်။ ဖုံလိုင်ခရိုင်က ထူးခြားတဲ့ သေဆုံးမှုတွေနဲ့ မိစ္ဆာဒဏ္ဍာရီတွေနဲ့ ပြည့်နှက်နေတဲ့ မြူဝင်္ကပါတောကြီးနဲ့ ဒီးရန်ကျယ်တစ်ယောက် လူသတ်တရားခံကို ဘယ်လို ရှာတွေနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ အဖြေရှာလိုက်ရအောင်နော်။

Drama
6 2020
Detective Dee’s Ghost Blood Hand
[18+] Patikim-tikim
5.8

Patikim-tikim (2023) မီယိုဟာ ဟိုတယ်တစ်ခုရဲ့ ဧည့်ကြိုဌာနမှာ အလုပ်လုပ်ပြီး ဧပရယ်ဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။ သူ့ချစ်သူ ဧပရယ်ဟာ တဏှာပိုင်းမှာအရမ်းထန်ပြီး သူလုံးဝမထနိုင်တဲ့အထိ အလွတ်မပေးတတ်တဲ့အတွက် ဧပရယ်ကိုလမ်းခွဲပြီး တည်ငြိမ်တဲ့မိန်းကလေးတစ်ယောက်နဲ့အိမ်ထောင်တစ်ခုကိုတည်ထောင် သားတွေသမီးတွေမွေးဖို့ ဆုံးဖြတ်ချက်ကိုချခဲ့ရပါတယ်။ အဆင်သင့်ဆိုသလိုပဲ သူ့ကိုဌာနကြီးကြပ်ရေးမှူးအဖြစ် ရာထူးတိုးပေးဖို့ သူ့အထက်အရာရှိက လျာထားတယ်ဆိုတာကို သိလိုက်ရတဲ့အချိန် ငယ်ချစ်ဦးတစ်ယောက်ဖြစ်တဲ့အိုင်ဗီကပါ သူ့ဟိုတယ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အခါ အထက်က နိမိတ်ပြတာပဲလို့ယူဆပြီး အိုင်ဗီကို ချဉ်းကပ်ခွင့်ရဖို့ လုံးပန်းပါတော့တယ်။ ဒါပေမဲ့ အိုင်ဗီဟာ သူတို့ ဟိုတယ်ပိုင်ရှင်အစ်မကြီးဖြစ်တဲ့ ဘီရန်ကာနဲ့ ချစ်ကျွမ်းဝင်ပြီး ဟိုတယ်မှာလာဒိတ်နေတာကိုသိလိုက်ရတဲ့အချိန်မှာတော့… မီယိုတစ်ယောက် ရာထူးတိုးဖို့လမ်းကိုရွေးမလား… နှလုံးသားနောက်ကိုလိုက်မလား… ဧပရယ်တစ်ယောက်ကရော သူ့ကို လွယ်လွယ်နဲ့လမ်းခွဲပေးပါ့မလား… ဆိုတာကိုဆက်လက်ရှုစားကြပါ။ Thriller တွေ အထွက်များခဲ့တဲ့နောက် ရှားရှားပါးပါးထွက်လာတဲ့ အချစ်ဟာသဇာတ်လမ်းလည်းဖြစ်၊ ဒရာမာ မချိုး၊ ဗီလိန်မပါတဲ့ ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လမ်းလေးဖြစ်တဲ့အတွက် ကြည့်ရှုအားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 751MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 32Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

5.8 2023
[18+] Patikim-tikim
Blue Valentine
7.3

Blue Valentine (2010) ~ IMDb – 7.3/10, RT – 86%, Meta – 81% ~ မပြေလည်ခြင်းများဟာ အနီရောင်နေ့ရက်တစ်ချို့ရဲ့အတွင်းသားထဲ စီးဆင်းသွားတဲ့နောက် ခရမ်းရောင်တစ်ခုက အရောင်ဗေဒတွေအတိုင်း ငါ့သွေးကြောထဲလှည့်ပတ်နေခဲ့ရင်း အခုဆိုဘယ်နှရာသီ။ ဘဝဟာ ချောကလက်ဘူးတစ်ဘူးနဲ့ သဏ္ဍာန်တူကြောင်း ရုပ်ရှင်ထဲက ခပ်အအ,ကာရိုက်တစ်ကောင်ပြောဖူးတာ ကြားဖူးမှာပါ။ ကိုကိုး၈၀ရာခိုင်နှုန်း ကိုကိုး၉၀ရာခိုင်နှုန်း ကိုကိုး၉၉ရာခိုင်နှုန်း။ များများစားစား မျှော်လင့်စရာဟာ အခါးဓာတ်နဲ့ အသားကျသွားဖို့ပေါ့။ အောင်မြင်တဲ့အချစ်ကို ဘဝတစ်ကွေ့မှာ ငါတို့ပက်ပင်းတွေ့ဖူးကြမှာပဲ။ ကမ္ဘာအဆက်ဆက်က ဖူးစာလို့ ထင်ကောင်းထင်ခဲ့ကြဖူးလိမ့်မယ်။ “ကြည်ဖြူနိုင်သူ နှစ်ဦး”လည်း ဖြစ်ခဲ့ကြဖူးတယ်။ မင်းအရိပ်မှာငါခို ငါ့သီချင်းမှာကခဲ့ဖူးတဲ့ ဆံပင်တွေလည်းမရှည်သေးဘူး။ ချိုသော နွေးသော မဖြောင့်တန်းသော လေမသွေးလက်များ ကံတော်မကုန်ခင်အထိတော့ တံလျှပ်တို့က အစစ်ပဲ အချစ်ရယ်။ နေဝင်သွားတဲ့ တံတားကြီးရဲ့ဟိုးတစ်ဘက်က ညနေဟာ ငါသိတဲ့ကဗျာတစ်ပုဒ်ကို လှိုက်စားသွားဖူးတယ်။ ဒါဟာ ရွှေရင်ပြုံးတုံ့အခါလည်ပေါ့။ မျက်ရည်တွေတောင်မှ ခမ်းနားလို့ ဟိုးတုန်းကတော့ အဲဒီနေ့တို့က ကောင်းကင်ပြာခြင်းတို့ရဲ့အပြာ။ အနောက်ဘက်တစ်ခြမ်းမှာတော့ ကျရှုံးခန်းတွေ ကျောက်စာထူထားတဲ့ စစ်မြေပြင်မှာ အားလုံးတိတ်ဆိတ်နေခဲ့တယ်။ ငါတို့သိတဲ့အချစ်များပြန်ရှာရင်း ငါတို့မသိတဲ့ငါတို့ကို ငါတို့ပြန်တွေ့ရှိခဲ့ရ။ ဟိုအရင်ကလိုပဲ ချက်ကော့ရဲ့သေနတ်ဟာ ချစ်သူတို့ရဲ့နေ့ရက်တိုင်းကို ချိန်ရွယ်ထားတုန်းပဲ။ ချက်ကော့ရဲ့သေနတ်ဟာ ချက်ကော့ရဲ့သေနတ်ဖြစ်နေလို့ပဲ ငါတို့တည့်တည့်ကြီးမှန်လို့ ငါတို့ကလည်စင်းခံ။ အမှတ်မထင် ကျည်ဆန်တွေရဲ့ ထိပ်ဖူးကို ငါတွေ့လိုက်ရတဲ့နေ့က အဲဒီကျည်ဟာ ခရမ်းရောင်ပကတိ။ “ပုံစံသဏ္ဍာန်ကွဲ အဖြစ်အပျက်နှစ်ရပ်တို့ ထပ်တူကျဖို့လည်း သီအိုရမ်တွေ အခုထိထွက်မလာသေး”။ ဒီလိုနဲ့ နေမလောင်ထားတဲ့ အရစ်ကြောင်းကို ငါမြင်နေခဲ့ရတယ်။ သီချင်းဟာ ဒီမှာရှုံးသွားတယ်။ ကပွဲဟာ ဒီမှာဆုံးသွားတယ်။ အောင်မြင်တဲ့အချစ်ဟာလည်း တစ်ကွေ့ကွေ့တော့ ရှုံးရမှာပါပဲ။ အားလုံးဟက်တက်ကွဲဖူးကြလိမ့်မယ်။ ကံကြမ္မာဟာ ငါတို့မြင်ချင်တဲ့ကမ္ဘာကြီးကို ပြလို့ ငါတို့မမြင်ချင်တဲ့ကမ္ဘာကြီးကို ပေးလိမ့်ဦးမယ်။ The Holdovers နဲ့ Election တို့ရဲ့ ဒါရိုက်တာ အလက်ဇန္ဒားပိုင်းန်ကို သူ့ရုပ်ရှင်တွေမှာ ဘာလို့ အကျအရှုံးတွေ ဒီလောက်များနေတာလဲလို့ မေးတော့ သူဖြေတာက ဘဝမှာ ဒီပြင်ဘာများရှိသေးလို့လဲတဲ့။ Blue Valentine ဟာ အောင်မြင်ခဲ့တဲ့အချစ်တစ်ခုရဲ့ ကျရှုံးခန်းအကြောင်းပါပဲ။ ဘယ်စစ်ဘုရင်ရဲ့ ကျရှုံးခန်းကမှတော့ ဒီကျရှုံးခန်းထက် ကြီးကျယ်ခမ်းနားမယ်မထင်ဘူး။ ကျွန်တော်တို့သိသမျှမှာ ဘယ်အချစ်ကရော မခမ်းနားဖူးလို့လဲ။ ” “– ဘဝဆက်တိုင်းအတူ – ကိုမောင်မောင် ” “– တစ်ပင်တည်း ရင်ထဲကနွယ် – ဖိုးချို (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.9GB, 1.25GB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 52Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.3 2010
Blue Valentine
April Story
7.1

April Story (1998) ~ IMDb – 7.1/10, Rotten Tomatoes – 81% ~ Directed by “Shunji Iwai” ဂျပန်စီနီမာရဲ့ အားသာချက်က ဘာမှမဟုတ်တဲ့ တစ်နေ့တာအဖြစ်လေးတွေမှာ အလှတရားထင်ဟင်အောင် အလှဆုံးပြနိုင်တာလို့ ဆိုကြတယ်။ ဂျပန်ရုပ်ရှင်တွေကို ကြိုက်တတ်တဲ့ အိုဇုကို သိပ်ချစ်တဲ့ Wim Wenders တောင် Perfect Days ကို အဲဒီဘောင်ထဲ ဝင်အောင် ရိုက်ပြသွားနိုင်ခဲ့တယ်။ အင်တာနေရှင်နယ်ရုပ်ရှင်လောကမှာ အီတလီတို့ ပိုလန်တို့ ပြင်သစ်တို့ ဟောင်ကောင်တို့ ထိုင်ဝမ်တို့က ဘဲတွေ ဟောလိဝုဒ်တက်ရိုက်လိုက်၊ ဂျပန်က ဘဲတွေ ကိုရီးယားကားရိုက်လိုက်၊ ဂျာမန်ကဘဲက ဂျပန်တက်ရိုက်လိုက်ဖြစ်တာက ဆန်းတော့မဆန်းပါဘူး။ ပြဿနာက အဲဒီလိုရိုက်လိုက်တဲ့အခါတိုင်း သူတို့အငွေ့အသက်တွေကျန်ရင်တောင် အပြည့်အဝမရတော့တာပဲ။ ဂျွန်ဝူးတို့ ဝေါင်ကာဝေးတို့ အန်းလီတို့တက်ရိုက်လိုက်တဲ့ ဟောလိဝုဒ်ကားတွေ၊ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားနဲ့ အီဝေကိုယ်တိုင် ရိုက်ထားတဲ့ တရုတ်ကားကို ကြည့်ရင်ကို ဒါက မြင်သာတယ်။ ကျွန်တော်တို့ရဖူးတဲ့ သူတို့အရသာတွေ အပြည့်အဝမရတော့ဘူး။ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားကားဆို ဂျပန်ကားလို့ပြောရမှာလည်း အဆင်မပြေသလို ကိုရီးယားလို့တပ်ဖို့လည်း မဖြစ်နိုင်ဘူး။ Wim Wenders ကတော့ ဂျပန်ကားကို အောင်မြင်အောင်ရိုက်နိုင်ခဲ့တယ်။ အိုဇုနဲ့ ဂျပန်စီနီမာကို ချစ်တာကြောင့် ဒီစီနီမာနဲ့သိပ်ရင်းနှီးနေတာကြောင့်လားတော့ မသိနိုင်ဘူး။ ဆိုလိုရင်းကတော့ ဂျပန်ရုပ်ရှင်တွေရဲ့ အငွေ့အသက်က သီးခြားရပ်တည်နေတယ်။ တခြားနိုင်ငံက သရုပ်ဆောင်တွေသုံးပြီး ဂျပန်ရဲ့ထိတ်ထိတ်ကြဲ ဒါရိုက်တာတွေရိုက်တောင် ဂျပန်ရုပ်ရှင်အငွေ့အသက် အပြည့်ရမှာမဟုတ်ဘူး။ Shunji Iwai ကတော့ အဲဒီဂျပန်ရုပ်ရှင်ရဲ့ အငွေ့အသက်ကို အပေးနိုင်ဆုံး ဒါရိုက်တာလို့ ကျွန်တော်တော့ ပုဂ္ဂလိက အမြင်အရ မြင်တာပဲ။ အီဝေရဲ့ ရုပ်ရှင်အားလုံးနီးပါးဟာ ရိုးရှင်းတယ်။ လှပတယ်။ ဒါပေမဲ့ ထိခတ်တယ်ဆိုတဲ့ အမျိုးအစားတွေပဲ။ ဧပရယ်စတိုရီမှာဆိုလည်း ဇာတ်လမ်းကြာချိန်က ၆၇မိနစ်။ အကြောင်းအရာက ကောင်မလေးတစ်ယောက် အေးချမ်းအေးစိမ့်တဲ့ ဟော့ခိုင်ဒိုကနေ နွေးထွေးစည်ကားတဲ့ တိုကျိုကို တက္ကသိုလ်သွားတက်တဲ့ ကနဦးအချိန်ကို ရိုက်ပြထားတာ။ တိုကျိုရောက်တယ်။ နေရာချတယ်။ ကျောင်းတက်တယ်။ သူငယ်ချင်းတွေတွေ့တယ်။ ကျောင်းမှာနည်းနည်းဖြတ်သန်းပြတယ်။ တိုကျိုမှာ တစ်ကိုယ်ရေနေနေတဲ့ သူ့ဘဝကိုပြတယ်။ ဒါပဲ။ ဘာမှမပိုဘူး။ အဲဒီကောင်မလေးနေရာက Takako Matsu က သရုပ်ဆောင်ထားတယ်။ သူ့ရဲ့ဓာတ်ရယ် အီဝေရဲ့ဓာတ်ရယ် ပေါင်းလိုက်တဲ့အခါ ဒီရိုးရှင်းတဲ့ဇာတ်လမ်းက ဘာမှပြစရာမရှိတော့တာတောင် တိုလွန်းတယ် ခံစားရတဲ့အထိ အရသာပေါ်လာတယ်။ တစ်ခန်းမှာ ကျွန်တော်ပြေးမြင်တာက ကိုရီးယားရိုမန့်တွေထဲ ကျွန်တော်အကြိုက်ဆုံးဖြစ်ဖူးတဲ့ဖြစ်နေဆဲဖြစ်တဲ့ The Classic က အလှဆုံးအခန်းကိုပဲ။ အဲဒီအခန်းဟာ The Classic ကို အလှပဆုံးဖြစ်စေခဲ့သလိုပဲ ဧပရယ်စတိုရီမှာလည်း အလားတူအခန်းက ဒီဇာတ်လမ်းကို ကြည့်လို့မဝနိုင်ဖြစ်သွားစေတယ်။ ၂ကားလုံးကြည့်ဖူးရင်တော့ သတိထားမိကြမှာပါပဲ။ သေချာတာတော့ April Story (1998) ဟာ အီဝေရဲ့အပြတွေကို လူ့ပြည်မှာ နိဗ္ဗာန်တည်ထားသလိုလို့ ပြောကြတာမလွန်ကြောင်း သက်သေတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 650MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 7Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Drama
7.1 1998 67 mins
April Story
Merry Good Enough
5.6

ဒီဇာတ်ကား​လေးက ခရစ္စမတ်ကာလကို အ​ခြေခံထားတဲ့ မိသားစု ဇာတ်ကား​​သစ်လေးပဲဖြစ်ပါတယ်။ IMDb 5.6,RT 95%ရထားပြီး မိသားစု​​တွေကြားမှာ ဖြစ်တတ်တဲ့ ပဋိပက္ခ​​တွေ၊ နားလည်မှုလွဲတဲ့ ပြဿနာ​တွေကို ပုံ​ဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ လူစီဟာ မိသားစုနဲ့ အ​စေးသိပ်မကပ်တဲ့ သမီးလတ်တစ်ဦးပါ။ ခရစ္စမတ် အချိန် ရောက်လာ​တော့ မိသားစုနဲ့အတူ ပိတ်ရက်ကိုဖြတ်သန်းဖို့ အိမ်ပြန်လာရင်း ခရစ္စမတ်မတိုင်ခင်မှာပဲ အ​မေနဲ့စကားများခဲ့ကြ ပါတယ်။ ​နောက်တစ်​​နေ့မှာ​တော့​ အ​မေဖြစ်သူ အိမ်​ပေါ်က ဆင်း​ သွားတဲ့အတွက် ညီအစ်မသုံး​ယောက်နဲ့ အရင်​ယောကျ်ား​ဟောင်း သူတို့အ​ဖေပါ ​ပေါင်းပြီး အ​​​မေဖြစ်တဲ့ ကာရိုးလ်ကို လိုက်ရှာရင်း မိသားစုတွေကြားက မ​ကျေလည်မှု​၊ ပြဿနာ​တွေကို တစ်ခုချင်း ​ပြေလည်​အောင် ညှိယူ​သွားပုံ၊ ဖြေရှင်းသွားပုံ​တွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size…1.56GB / 741MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

5.6 2023 98 mins
Merry Good Enough
Love Without End

တော်တော်လည်းဟောင်းနေတဲ့ ဟောင်ကောင်ကားပါ။ ရှားရှားပါးပါးကြည့်ရတာလို့တောင် ပြောရမယ်။ ထူးထူးခြားခြားတော့ မရှိလှတဲ့ ချစ်ခြင်းမေတ္တာတစ်ခုသက်သက်ကိုပဲ ဖော်ကျူးထားတဲ့ရုပ်ရှင်ပေမဲ့ အဖြူအမည်းနဲ့ ရှေးသရုပ်ဆောင်တွေနဲ့ ရှေးကားတစ်ကားရဲ့ ဇာတ်အိမ်မျိုးနဲ့။ ရှေးတော်တော်ကျတဲ့ အာရှရုပ်ရှင်ဟောင်းတစ်ခုကို ကြည့်ရတဲ့အရသာကတော့ ထူးတယ်လို့ပြောရမယ်။ ဒီကားက ရှေးတုန်းက မြန်မာကားတွေကို ကြည့်ရတဲ့အရသာနဲ့တောင် ခပ်ဆင်ဆင်တူလိမ့်မယ်။ ဒါပေမဲ့ ကြည်ကြည်လင်လင်တော့ ကြည့်ရတာပေါ့။ ဇာတ်လမ်းတည်ဆောက်ပုံတို့ဘာတို့ကတော့ ချက်ကော့ရဲ့ သေနတ်ကို ပစ်ကိုပစ်ရမယ်ဆိုတဲ့ အယူအတိုင်းပဲ သွားထားတယ်။ ဒီလိုမသွားလိုက်ရင်တော့ ဒီရုပ်ရှင်က မတူတဲ့အရသာတစ်ခုတော့ ပေးနိုင်မှာပဲ။ အခုဇာတ်လမ်းကတော့ အချစ်ဆိုတဲ့ အသိရအခက်ဆုံးအရာကို သစ္စာတရားတွေနဲ့ အနစ်နာခံခြင်းတွေနဲ့သက်သက် ဖော်ကျူးသွားတယ်။ ဒါပေမဲ့လည်း အချစ်နဲ့စစ်ကပဲ ကဗျာတွေစလာခဲ့သလို အချစ်နဲ့စစ်ကပဲ ရုပ်ရှင်တွေစလာခဲ့သလို အကြောင်းအရာပေါင်းစုံဆီ မစီးကူးသွားသေးခင် ကျော်ဖြတ်ရတဲ့ကာလတစ်ခုရဲ့ ခေတ်အခါပေါ့။ ဒီလိုပုံစံနဲ့ ယုံကြည်ခဲ့ကြတဲ့အချစ်တွေဆီကနေ ပိုနားလည်လာရင်း ပိုအသိရခက်လာရင်းဖြစ်လာတဲ့အရာဆိုတာကို တင်ပြလာကြတဲ့ အချိန်တစ်ခုမရောက်လာခင် ကျော်ဖြတ်ခဲ့ရတဲ့ မှတ်တိုင်တစ်ခုပေါ့။ File Size : 1.6 GB / 825 MB Quality : WEB-DL 1080p / 720p Running Time : 1hr 57min Format : Mp4 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

0 1961
Love Without End
The Curse of the Necklace
5.5

ကြောက်ဖို့ကောင်းတဲ့ Horror movie ကြည့်ချင်တယ် The Exorcist ရဲ့ Themes လိုမျိုး ကြည့်ချင်တယ် ဆိုတဲ့သူတွေအတွက် Warner Bros. က ရိုက်ကူးထုတ်လုပ်လိုက်တဲ့ The Curse of the necklace ဇာတ်ကားက စိတ်ကျေနပ်မှု ရစေမှာပါ။ ၁၉၆၀ ဝန်းကျင် ခေတ်အနေအထားကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ သရုပ်ဆောင် တွေကလည်း Horror Genre နဲ့ အသားကျပြီးသား သရုပ်ဆောင်တွေမို့ အပိုအလိုမရှိ အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်ကြပါတယ်။ (ဖရန့်ခ်- Pet Sematary၊ လော်ရာ – Shevenge ၊ အယ်လင်- M3GAN) ဇာတ်လမ်းကတော့ အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတဲ့ မိသားစု တစ်စုမှာ ဖခင်လုပ်သူ ဖရန့်ခ်က ရဲဝန်ထမ်း တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ လော်ရာက ဆေးရုံမှာ နာ့စ်လုပ်ပါတယ်။ လင်မယား ရန်အကြီးအကျယ် ဖြစ်ပြီးနောက်ပိုင်း ယောကျ်ားက အိမ်မှာမနေတော့ဘဲ ဟိုတယ်တစ်ခုမှာ နေနေရတာပါ။ ဆယ်ကျော်သက်အရွယ် သမီးကြီး ဂျူးဒစ်နဲ့ သမီးအငယ် အယ်လင်ကတော့ မိခင်ဖြစ်သူနဲ့ အတူ အိမ်မှာပဲ နေထိုင်ပါတယ်။ တစ်နေ့တော့ ဖရန့်ခ်က သက်သေခံ ပစ္စည်းအခန်းထဲက အနှစ်သုံးဆယ်ကျော် အမှုပိတ်ပြီးသား လူသတ်မှုတစ်ခုရဲ့ သက်သေခံပစ္စည်းပုံးကို ဖွင့်ကြည့်မိတဲ့ အခါမှာ ရတနာပစ္စည်း လည်ဆွဲလေးကို တွေ့သွားပါတယ်။ ပိတ်ပြီးသား အမှုမို့ ပြဿနာ တက်စရာမရှိလို့ ယူဆပြီး သူ့ရဲ့ ဇနီး လော်ရာကို မျက်နှာလုပ်ဖို့အတွက် အိမ်ကို ယူသွားခဲ့ပါတယ်။ လော်ရာက လက်မခံဘဲ ဒီလည်ဆွဲကို အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့ပေမယ့် သမီးငယ် အယ်လင်က ကောက်ယူထားလိုက်ပါတယ်။ အဲဒီကနေ စပြီး သူတို့အိမ်မှာ ထူးဆန်းတာတွေ မြင်ရကြားရသလို၊ ဂျူးဒစ်မှာ ညတိုင်း အိပ်မက်ဆိုးတွေ မက်နေပါတော့တယ်။ ဒီကျိန်စာသင့် လည်ဆွဲရဲ့ သမိုင်းကြောင်းက ဘယ်လိုတွေ ရှိခဲ့လဲ၊ သူတို့အိမ်လေးမှာ ဘယ်လိုတွေ ဖြစ်လာဦးမလဲဆိုတာ…..။ File size…939MB / 500MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2024
The Curse of the Necklace
Amy
7.8

“Amy Winehouse” ရိုးရှင်းမှုနဲ့ အင်အားကြီးမားမှုတို့ ပေါင်းစပ်ထားတဲ့ နာမည်တစ်ခုက ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်စေဖို့ သာမန်မိသားစုလေးတစ်စုကနေ Amy Winehouse ကို ၁၉၈၃ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ မွေးဖွားပေးခဲ့ပါတယ်။ Documentary Film တွေရဲ့ ထုံးစံအတိုင်းပဲ သူ့ရဲ့အင်တာဗျူးတွေ၊ မိသားစု၊ သူငယ်ချင်းမိတ်ဆွေ တွေရဲ့ အင်တာဗျူးတွေ၊ ဗီဒီယိုမှတ်တမ်းတွေ၊ တီဗီအစီအစဉ်တွေကနေတစ်ဆင့် Amy ရဲ့ ဘဝဖြစ်စဉ်ကို နောက်ခံစကား‌ပြောပုံစံမျိုးနဲ့ တင်ဆက်ထားပါတယ်။ ဂျက်ဇ်ဂီတကို ခုံမင်တဲ့ Amy ရဲ့ ငယ်ဘဝဟာ တီးဝိုင်းအဖွဲ့တွေထက် တစ်ကိုယ်တော်ဖျော်ဖြေရေးသမားတွေရဲ့ သီချင်းတွေကို နားထောင်ရင်း ကြီးပြင်းခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံး မန်နေဂျာဖြစ်လာခဲ့သူ Nicky Shymansky ရဲ့ တိုက်တွန်းမှုကြောင့်ပဲ သီချင်းတွေကို စတင်ရေးသားဖြစ်ခဲ့ပါတယ်။ ကိုယ်ပိုင်ခံစားချက်သီးသန့်ကိုပဲ သီချင်းအဖြစ် ဖန်တီးတတ်သူ Amy ဟာ ငယ်ရွယ်တဲ့အချိန်မှာပဲ ကိုယ်ဆိုမယ့်သီချင်းကို ကိုယ်တိုင်ရေးစပ်နိုင်တဲ့ Musical Genius တစ်​ယောက်ဖြစ်နေခဲ့ပါပြီ။ စကားပြောပွင့်လင်းပြီး ချိုသာတဲ့အပြုံးနဲ့ လူတွေကို ရင်ဖွင့်ဆက်ဆံတတ်တဲ့ Amy ဟာ သူ့ရဲ့ ကိုယ်ပိုင်စတိုင်၊ ကိုယ်ပိုင်သီချင်းဆိုဟန်တွေနဲ့ပဲ ပရိသတ်ရဲ့ အသည်းနှလုံးကို ဖမ်းစားယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပရိသတ်ထောင်ပေါင်းများစွာရဲ့ ရှေ့မှာဖျော်ဖြေရလောက်တဲ့အထိ အောင်မြင်ဖို့က သူ့ရဲ့ ရည်ရွယ်ချက်မဟုတ်ခဲ့ပါဘူး။ ဂျက်ဇ်ကလပ်တွေထဲက လူနည်းစုလေးတွေရဲ့ လက်ခုပ်သံကိုပဲ ခုံမင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ပွဲဦးထွက်အယ်လ်ဘမ် ဖြစ်တဲ့ “Frank” ဟာ ဝေဖန်ရေးအရရော၊ ငွေကြေးအရရော အထိုက်အလျောက် အောင်မြင်ခဲ့တာကြောင့် Amy ဟာ လူထုရဲ့အမြင်မှာ စောင့်ကြည့်ခံရတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ Amy ဟာ သူ့ဘဝမှာ အခန်းကဏ္ဍ ကြီးကြီးမားမား တစ်ခုအနေနဲ့ ချယ်လှယ်နိုင်စွမ်းရှိတဲ့ Blake နဲ့ မတွေ့ခင်အထိ အချစ်ရေးမှာ အပြောင်းအလဲမြန်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့လက်ရှိရည်းစားကို မစွန့်လွှတ်နိုင်တဲ့ Blake ဟာ Amy ဆီကို လမ်းခွဲဖို့ မက်ဆေ့ပို့လာခဲ့ပါတယ်။ အချစ်ရေးကို လျင်လျင်မြန်မြန် ပြောင်းလဲနိုင်ခဲ့တဲ့ Amy ဟာ Blake နဲ့ လမ်းခွဲချိန်ကာလတွေမှာတော့ စိတ်ခံစားချက်တွေ ပြိုလဲကြေကွဲပြီး အရက်စွဲရောဂါ စွဲကပ်လာခဲ့ပါတယ်။ သူ့ရဲ့ ပရိုဂျူဆာတွေက Amyကို အရက်ဖြတ်ပေးဖို့ ကြိုးစားလာခဲ့ပေမယ့်. ဖခင်ဖြစ်သူရဲ့ ခွင့်ပြုချက်မရတာကြောင့် ရှေ့ဆက်မရခဲ့ပါဘူး။ ဒီအခိုက်အတန့်က သူ့အတွက် အရေးအကြီးဆုံးအချိန်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ Amy အရက်ဖြတ်တာ အောင်မြင်သွားခဲ့ရင် စိတ်ထိခိုက်စရာတွေတော့ ဖြစ်မလာနိုင်ဘူး။ ကမ္ဘာကြီးကတော့ “Back to Black” အယ်လ်ဘမ်ကို ဘယ်တော့မှ နားမထောင်ခဲ့ရတာလည်း ဖြစ်သွားနိုင်တယ်။ ၂၀၀၆ ခုနှစ်မှာ Amy က သူ့ရဲ့ပရိသတ်အတွက် “Back to Black” အယ်လ်ဘမ်ကို ကြိုးစားချပြပေးနိုင်ခဲ့ပါတယ်။ “Back to Black” အယ်လ်ဘမ်ရဲ့ အောင်မြင်မှုက Amy ဆီကို ဂရမ်မီ (၅) ဆု ယူဆောင်လာပေးနိုင်တဲ့အပြင် ပါပါရာဇီတွေရဲ့ အချိန်ပြည့်အာရုံစိုက်မှုကိုပါ တစ်ပါတည်း ယူလာပေးခဲ့တာဖြစ်ပါတယ်။ အောင်မြင်ပြီးစကာလမှာ ဝိုင်းဝန်းချီးမြှောက်ခဲ့ကြတဲ့ မီဒီယာတွေကပဲ အောင်မြင်မှုရဲ့သားကောင် ဖြစ်လာခဲ့တဲ့ Amy ကို သူတို့အတွက် လှောင်ပြောင်ရှုံ့ချစရာ အဖြစ် မြင်လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ အရက်အဆိပ်သင့်မှုကြောင့် Amy ဟာ လန်ဒန်က နေအိမ်မှာပဲ သူ့ရဲ့ပရိသတ်ကြီးရော ချစ်ရတဲ့သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုတွေကိုပါ စွန့်ခွာပြီး လောကကြီးထဲက အပြီးအပိုင်ထွက်သွားခဲ့ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးပါးခဲ့ရပေမယ့် Amy ဟာ ဂီတချစ်သူပရိသတ်တွေတင်မကဘဲ ဂီတဖန်တီးသူ၊ အဆိုတော်အချင်းချင်းကပါ လေးစားပြောစမတ်တွင်လောက်မယ့် သီချင်းတွေ၊ ဂီတအမွေအနှစ်ခြေရာတွေကိုပါ ချန်လှပ်ထားခဲ့နိုင်သူဖြစ်ပါတယ်။ File size… 3.3 GB / 1.7 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 8m Genre ….. Biography, Documentary, MUsic Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

7.8 2015 128 mins
Amy
Beyond the Sin
6

ဒီနေ့မှာတော့ မှုခင်းကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်… ဒီကားလေးမှာတော့ ဘယ်ခြေမသန်တဲ့ မိန်းကလေးတွေကို အထူးဒုက္ခပေးပြီး သတ်ပစ်ခဲ့တဲ့ အမှုတစ်ခုအကြောင်းပေါ့… ဒုက္ခပေးခံရတဲ့သူများတော့ ကွင်းဆက်လူသတ်မှုလို့လည်း ထင်ကြေးပေးနေကြတယ်… တစ်ဖက်မှာလည်း ဒီအမှုက အတော်လေး နာမည်ကြီးလာခဲ့တယ်… အကြောင်းကတော့ ရဲအရာရှိဟောင်းတစ်ယောက်ရဲ့ သမီးလေး သေဆုံးသွားတာကြောင့်ပါပဲ… အလုပ်ဟောင်းကြောင့်ကတစ်ကြောင်း… ကလေးဇောကြောင့်ကတစ်ကြောင်းနဲ့… လဲ့အရာရှိကတော့ ရဲတွေရဲ့ စုံစမ်းမှုကို အားမလိုအားမရဖြစ်ပြီး သူကိုယ်တိုင်ရှာဖွေခဲ့တဲ့အထိပါပဲ… ဒီအပြင်မှာ ရဲတွေဖက်က တစ်ဦးတည်းသော သံသယရှိသူကိုပါ လွှတ်ပေးလိုက်သေးတာကြောင့်… ရဲအဖွဲ့ထက် သူ့ကိုယ်သူ ပိုယုံကြည်ပြီး သူတစ်ဦးတည်း အမှုမှန်ဖော်ထုတ်ဖို့ကြိုးစားခဲ့တာပေါ့ ဒီလိုနဲ့ အမှုတစ်ပိုင်းတစ်စချင်းစီ ရှာဖွေရင်း ဖော်ထုတ်ရင်းနဲ့… အဆုံးသတ်မှာ တရားခံကိုရှာတွေ့မှာလား… နောက်ပြီး ဒီအမှုက ဒီလောက်ပဲရိုးရှင်းနေပါ့မလား… စိတ်အပန်းဖြေရင်း ဒီကားလေးကိုကြည့်လိုက်ကြရအောင်နော်

Thriller • Science Fiction • Action • Adventure
6 2025
Beyond the Sin