YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Delicious Delivery (2015) WEB-DL 720p [DS].mp4

665.12 MB N/A video/mp4 1260 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Back To The Tomorrow
3

နေ့ရက်တစ်ရက်ထဲကိုပဲတစ်ဖန်တလဲလဲဖြတ်သန်းနေရမယ်ဆိုရင် သင်တို့ဘာတွေလုပ်ပြီး ဘယ်လိုဖြတ်သန်းကြမလဲ...... ကိုယ့်ကိုယ်ကိုကံဆိုးတယ်လို့ သတ်မှတ်ထားတဲ့ပေါင်ကျန့်ဟာ ဘာကိုမှအလေးနက်မထားပဲ ကြုံရာလုပ်စားပြီးနေလာခဲ့တယ်။ သူကအိမ်လခတောင်မှန်အောင်မပေးနိုင်ပါဘူး။ တစ်နေ့တာကုန်ဆုံးသွားပြီး နောက်တစ်နေ့ပြန်နိုးလာတဲ့အချိန်မှ ာ သူကဟာ(၁၁)လ (၁၁)ရက်ကိုပဲပြန်ပြန်ရောက်သွားပြီး ကြုံတွေ့ခဲ့တာတွေကို အတိအကျပြန်ကြုံရတာကိုသိလိုက်ရတယ်...... ဒီလိုနဲ့မပြီးဆုံးနိုင်အောင်ဖြတ်သန်းနေရတဲ့(၁၁.၁၁)နေ့ကို ပေါင်ကျန့်ဟာနည်းအမျိုးမျိုးစုံနဲ့ လုပ်ချင်ရာတွေလုပ်ပြီးဖြတ်သန်းရင်း သူလွဲချော်ခဲ့ရတဲ့အရာတွေ အထင်လွဲခဲ့တာတွေကိုနားလည်လာခဲ့တယ်။ အဲဒီလိုနဲ့သူ့ရဲ့(၁၁.၁၁)နေ့ကိုပိုပိုကောင်းအောင်ကြိုးစားရင်း အဲဒီညမှာနှလုံးရောဂါနဲ့သေရမယ့် ကလေးရှိတာကိုသိသွားခဲ့ပါတယ်။ ကံကြမ္မာကိုပြောင်းလဲလို့မရတဲ့အတွက် ကလေးလေးရဲ့ မသေခင်ဆန္ဒတွေကို ဖြည့်စည်းပေးဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ လူသားဆန်မှုတွေနဲ့ ဒီချာလည်ရိုက်နေတဲ့နေ့ရက်တစ်ခုကိုဘယ်လိုအကြိမ်ကြိမ်ဖြတ်သန်းကြမလဲ...... မနက်ဖန်ကိုဘယ်လိုများမှရောက်နိုင်မှာလဲ..ဆိုတာကို ခံစားကြည့်ရှုလိုက်ပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Romance Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK

Drama • Family
3 2023
Back To The Tomorrow
The Reef: Stalked
6.1

The Reef: Stalked The Reef(2010) ရဲ့အဆက်ဖြစ်ပေမယ့် ဇာတ်လမ်းပိုင်းအချိတ်အဆက်တော့မရှိပါဘူး။ နစ်ခ် တို့ညီအစ်မသုံးယောက်မှာ နစ်ခ်နဲ့ကတ်ဟာ ရေငုပ်ရတာကို ဝါသနာပါသူတွေဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာ ကတ်ကို နှိပ်စက်တတ်တဲ့သူ့ယောက်ျားက လက်လွတ်ပြီးသတ်မိသွားတဲ့အခါ နစ်ခ်ဟာ စိတ်ဒဏ်ရာကြောင့် ပြည်ပကိုထွက်သွားပါတော့တယ်။ ၉လကြာပြီးနောက်မှာတော့ နစ်ခ်တို့ညီအစ်မနှစ်ယောက်နဲ့ သူငယ်ချင်းတွေနဲ့ပြန်ဆုံပြီး အရင်လိုစိတ်ပြေလက်​ပျောက် လှေလှော်ရေငုပ်ကြဖို့ ခရီးထွက်ကြပါတယ်။ ပင်လယ်ထဲမှာ လှေငယ်ကိုယ်စီနဲ့ ရေငုပ်ကြ ငါးဖမ်းကြနဲ့ ပျော်ရွှင်နေကြချိန်မှာ ရေပြင်ပေါ်မှာ အနက်ရောင်ဆူးတောင်တစ်ခုထွက်လာတာကို တွေ့လိုက်ရတဲ့အခါ.... File size…(1.68GB)/(MB)/(916MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Thriller / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Pyi T Nyein

Action • Comedy • Romance
6.1 2022 93 mins
The Reef: Stalked
Chip 'n Dale: Rescue Rangers
7

IMDb - 7.3/10, Rotten Tomatoes - 79% ~ Chip 'n Dale ဟာ လက်ရှိမှာ ကြည့်ပြီးတဲ့ လူတိုင်းနီးပါး အားရတဲ့ Fun တော်တော်ဖြစ်တဲ့ ရုပ်ရှင်ဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ဖန်တွေက Rating - 5/5 , 10/10 တွေ ပေးထားကြပါတယ်။ Chip 'n Dale: Rescue Rangers ဆိုတဲ့ ဟိုတုန်းက နာမည်ကျော် Dinsey ကာတွန်းဇာတ်လမ်းတွဲထဲက ရှဉ့်ငရှုပ်နှစ်ကောင်ကို အဓိကထားပြီး တခြား ၉၀ပြည့်နှစ်က ကာတွန်းဇာတ်ကောင်တွေအများကိုလည်း cameo ထည့်ထားသလို လက်ရှိ ရုပ်ရှင်တွေကိုလည်း ဖောင်းထုထားတဲ့ တော်တော့်ကို ကြည့်ပျော်တဲ့ ရုပ်ရှင်ပါပဲ။ Nostalgia ဖြစ်စရာတွေလည်း အပြည့်ပါပဲ။ ဒစ္စနေးကားပေမဲ့ Cameo တွေဟာ ဒစ္စနေးက ကာတွန်းဇာတ်ကောင်တွေချည်းမဟုတ်ဘဲ ဝါနာဘရားသား, Comedy Central, ပါရာမောင့်နဲ့ တခြားကုမ္ပဏီပေါင်းများစွာက ဇာတ်ကောင်များစွာကို ယူသုံးထားပါတယ်။ ဒီဇာတ်ကောင်တွေအတွက် လိုင်စင်ယူရမှာနဲ့တင် တော်တော်မလွယ်ပါဘူး။ တော်တော်ကို အားသွန်ခွန်စိုက်လုပ်ပြီး စိတ်ကြိုက်ထည့်ထားကြပုံပါပဲ။ ဘာတွေ ဘယ်လိုပါပါတယ်‌ပြောရင် အေဖိုး၅မျက်နှာစာလောက်ကုန်မှာမို့ မပြောတော့ပါဘူး။ ဟိုးတုန်းက ကာတွန်းကားတွေကို နည်းနည်းပါးပါး သံယောဇဉ်ရှိရင်တောင် စိတ်ထဲ အကြိုက်တွေ့မိမယ့် ရုပ်ရှင်ပါပဲ။ ဆိုခဲ့သလို ဒီလောက်နေရာတကာက Cameo တွေအများကြီးထည့်ထားတာကိုလည်း ဗရုတ်သုတ်ခထည့်ထားတာမဟုတ်ဘဲ အဲဒီကာတွန်းတွေရဲ့ ကမ္ဘာကြီးကို ဇာတ်အိမ်တည်ထားတာပါ။ ဟာသပေါင်းများစွာနဲ့ တော်တော်လည်းရယ်ရလို့ အားလုံးအကြိုက်တွေ့နေကြတဲ့ ရုပ်ရှင်ပါပဲ။ ရှဉ့်၂ကောင်မှာ တစ်ကောင်ကို မူလအတိုင်းထားပြီး တစ်ကောင်ကို CGI သုံး 3D ဆွဲထားလို့ ခေတ်ဟောင်းအရသာရော ခေတ်သစ်အရသာရော ပေါင်းစပ်ရရှိစေမှာပါ။ အိုင်ဒီယာကောင်းတယ် ဆိုရမှာပါပဲ။ လူတွေလည်းခပ်ပါးပါးပါပါတယ်။ ရိတ်တင်လည်းကောင်းနေသလို တစ်ချို့ကလည်း ဒီနှစ်ရဲ့အကြိုက်ဆုံးရုပ်ရှင်လို့ဆိုတဲ့အထိ အမွှန်းတင်နေကြပါတယ်။ ပုဂ္ဂလိကအမြင်အရတော့ ဇာတ်သိမ်း နည်းနည်းတက်သုတ်ရိုက်ဖြစ်နေတာကလွဲ တော်တော်ရယ်ရပြီး အတော်ကြည့်ကောင်းတဲ့ ရုပ်ရှင်တစ်ကားပေါ့။ Size - 1.51GB, 853MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 37Min Genre - Animation, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung, 666 Encoded by Y

Documentary
7 2022 99 mins
Chip 'n Dale: Rescue Rangers
Nootokka Jillala Andagadu

ဒီတစ်ခေါက်မှာတော့ IMDB မှာ 6.4 အထိရထားတဲ့ ၂၀၂၁ ထွက် အိန္ဒိယကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်... အချစ်ဇာတ်လမ်းလို့ပြောလို့လည်းရသလို ပညာပေးဇာတ်လမ်းလေးလို့လဲ ပြောလို့ရတာမို့ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ညွှန်းချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း... မျိုးရိုးလိုက်တတ်တဲ့ ကိစ္စတစ်ခုကို ရှောင်လွှဲမရနိုင်တဲ့အခါမှာ သူများတွေကို လက်ညှိုးထိုးပြီး သူတို့ကျအားလုံးကောင်းတယ်လို့ မိဘတွေကို အပြစ်တင်လို့မရနိုင်ပါဘူး... မိဘဆိုတာဟာ သူတို့လုပ်နိုင်သမျှ သားသမီးတွေအတွက် အကောင်းဆုံးကိုလုပ်ပေးခဲ့ပြီး ကောင်းမွေဆိုးမွေ ချန်ထားပေးခဲ့စမြဲပါ.. ဒီရုပ်ရှင်က ဇာတ်လမ်းအကျဉ်းရေးပြလိုက်ရင် အကုန်လုံးပေါ်သွားမှာမို့ ဇာတ်လမ်းထဲက ဒိုင်ယာလော့ကိုပဲ ရေးပြနိုင်တဲ့ပုံစံဖြစ်ပါတယ်... ဒီတော့ မိဘတွေချန်ထားတဲ့ကောင်းမွေ ဆိုးမွေတွေကို ဘယ်လိုပိုက်ပြီး ဘယ်လိုအကောင်းဆုံးဖြစ်အောင် ဘ၀ကိုဖြတ်သန်းမယ်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်လိုက်ပါစီးမျောလိုက်ပါ... ဇာတ်လမ်းထဲပါတဲ့ဆေးနည်းကိုတော့ မစမ်းကြဖို့ တိုက်တွန်းရင်း... အညွှန်းကို တော့ Lwin Htoo Aung မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Thura Htet Aung နှင့် Lwin Htoo Aung တို့ပဲဖြစ်ပါတယ် File size…1.6GB / 840MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & ThuRa Htet Aung

Drama • Romance
0 2021 119 mins
Nootokka Jillala Andagadu
A Wonderful Cloud
5.8

A Wonderful Cloud 2015 IMDB 5.8/10 ကိတ်နဲ့ ယူဂျင်းဆိုတာက အကွဲကွဲအပြဲပြဲနဲ့ ပြတ်သွားခဲ့ကြတဲ့ရည်းစားဟောင်းနှစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကိတ်တယောက် ရည်းစားဘ၀တုံးက အတူထောင်ခဲ့တဲ့ ကုမ္ပဏီကိုလက်လွှဲယူဖို့အတွက် ယူဂျင်းရှိရာ လော့စ် အိန်ဂျလိစ်မြို့ကို အလည်ခရီးလာဖို့အကြောင်းဖန်လာပါတော့တယ်။ ကိတ်ကို မပြတ်နိုင်သေးတဲ့ ယူဂျင်းရဲ့ ပြန်သိမ်းသွင်းမယ့် ဉာဏ်နီဉာဏ်နက် အစီအစဉ်တွေကို ကိတ်တယောက်ရိပ်မိသွားတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ဘ၀အနာဂတ်တခု တကယ်ရှိနိုင်ပါ့မလားဆိုတာ 72နာရီအတွင်းအဖြေရှာဖို့ဖြစ်လာပါတော့တယ်။ ယူဂျင်းတယောက် ကိတ်ကို ပြန်စည်းရုံးနိုင်ပါမလား။ ကိတ်ကလည်း ဘာကိုရွေးချယ်သွားမလဲ။ ဒီအလည်ခရီးရဲ့ အဆုံးမှာ သူတို့နှစ်ယောက်ရဲ့ ထူးထူးခြားခြား ဇာတ်လမ်းလေးက ဘယ်လိုမျိုးနိဂုံးချုပ်သွားမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ ဒီ အချစ်ဒရာမာ ဇာတ်ကားရဲ့ထူးခြားချက်အနေနဲ့ကတော့ မင်းသား/ ဒါရိုက်တာ ယူဂျင်းကိုယ်တိုင်က တကယ့်ရည်းစားဟောင်းဖြစ်တဲ့ ကိတ်နဲ့ပဲ ဇာတ်လမ်းကို အမည်နာမပြောင်းလဲခြင်းမရှိ ရေးသားရိုက်ကူးထားတာဖြစ်ပါတယ်။ File size… 1.7 GB / 790 MB Quality… Webrip 1080p / 720p Format… mp4 Duration…. 1h 21m Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

Romance • Comedy
5.8 2015 80 mins
A Wonderful Cloud
Inside the Yellow Cocoon Shell
6.7

ဒီဇာတ်ကားက ဗီယက်နမ်​စကား​ပြောရုပ်ရှင်ဖြစ်ပြီး ဗီယက်​နမ်​ဒါရိုက်တာ​ Phạm Thiên Ân ရဲ့ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပါတယ်။ သဘာဝတရား၊ ယုံကြည်ခြင်းနဲ့ စိတ်​ဝိညာဉ်​ကိုပြန်လည်ရှာဖွေခြင်း အငွေ့အသက်​တွေထုံလွှမ်းထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Cannes ရုပ်​ရှင်​ပွဲတော်မှာ Camera d’or ဆုကိုဆွတ်ခူးခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ ဆိုင်းဂုံမြို့ (ဟိုချီမင်းမြို့)​မှာနေတဲ့ Thiên ဆိုတဲ့လူငယ်တစ်ယောက်ဟာ မရီး​ဖြစ်သူ အက်ဆီးဒင့်တစ်ခုမှာသေဆုံးပြီးနောက် ရုပ်အလောင်းကိုမွေးရပ်မြေတောင်တန်းဒေသကို ပြန်ပို့ပေးဖို့အကြောင်းဖန်လာပါတယ်။ Thiên​ ကလေးဘဝမှာနေထိုင်ခဲ့တဲ့တောင်ပေါ်ကျေးလက်ဒေသကို မရီးရဲ့ကျန်ရစ်သူ သားဖြစ်တဲ့ ငါးနှစ်သားကလေးငယ်နဲ့အတူ ပြန်​သွားပြီးခေတ္တနေထိုင်ဖြစ်ခဲ့ပါတယ်။ ဒီအတောအတွင်းမှာ ဒေသခံ​တွေရဲ့ဘာသာရေးယုံကြည်မှုတွေနဲ့သဟဇာတဖြစ်ဖို့ ရုန်းကန်​နေရတဲ့ Thiên​ ရဲ့ အဇ္ဈတ္တ​လွန်​ဆွဲမှုနဲ့အတူ ကွယ်​လွန်သူမရီးရဲ့ ခင်ပွန်းဖြစ်တဲ့ Thiên​ ရဲ့ပျောက်ဆုံးနေတဲ့အစ်ကိုကို စုံစမ်း​ရပုံတို့ကို ရိုး​ရှင်း​စွာတင်ဆက်ထားတာဖြစ်ပါတယ်။ ကြားထဲမှာ အဆက်အစပ်သိပ်မရှိလှတဲ့ အဖြစ်အပျက်တွေနဲ့အတူ အတိတ်​ကိုတူးဆွခြင်း ယုံကြည်​မှုကိုပြန်လည်ရှာဖွေခြင်းသဘောတရားတွေကို ထည့်သွင်း​ပုံဖော်ထားပါတယ်။ ဇာတ်လမ်း​က ရိုးရှင်းပေမဲ့ Cinematography ကတော့ဆန်းပြားလှပပြီး ရုပ်ရှင်​ဝေဖန်​သူတွေ ချီးမွမ်း​ခံရတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Cannes အပြင်​ တခြား​သောရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရရှိခဲ့ပါတယ်။ ဇာတ်လမ်း​အမျိုး​အစားက Drama/Narrative ဖြစ်ပါတယ်။ ဒိုင်​ယာလော့ဂ်နည်းပြီး visual ပိုင်းကိုအသားပေးထားတာဖြစ်သလို ရှည်လျား​တဲ့ရိုက်ချက်တွေနဲ့ သမာရိုးကျမဟုတ်တဲ့တင်ပြပုံကြောင့်လည်း ဒီဇာတ်ကားကို ရုပ်ရှင်​ဝေဖန်​သူတွေအကြိုက်တွေ့ခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ်​တောင်ပေါ်​ကျေးလက်ဒေသရဲ့ လှပတဲ့ရှုခင်းတွေကိုလည်းမြင်တွေ့​ရမှာပါ။ ဇာတ်​လမ်းက တချို့​ပရိသတ်​တွေအတွက် ပျင်း​ရိ​စရာ​ကောင်းနိုင်ပေမဲ့ Cinematography​ နဲ့တင်ကြည့်ရတန်နေပြီလို့ဆိုနိုင်ပါတယ်။ Art​ House ရုပ်ရှင်​တွေကို​နှစ်သက်​သလို အချိန်​လည်းပေးပြီး စိတ်​အေးလက်အေးကြည့်ရှုခံစားနိုင်တဲ့ပရိသတ်တွေ ကြည့်ရှူသင့်တဲ့ဇာတ်ကားပါ။ File size…(3 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:59:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader

6.7 2023 179 mins
Inside the Yellow Cocoon Shell
Rajni
8.1

Rajni 2023 (သရဲတစ်ကောင်၏ကလဲ့စား) IMDb 9.2 လူသတ်မှုသတင်းပေးချက်ဝင်လာလို့ ရဲတွေ မှုခင်းဆေးစစ်တွေနဲ့ ပျာယာခတ်နေတဲ့ ဆေးရုံတစ်ရုံမှာ.. သတင်းပေးတဲ့လူတွေက ကျောင်းသားလေး၃ယောက် ၃ယောက်စလုံး “သရဲသတ်တာ” “သရဲပုံစံဖြစ်နေတဲ့မိန်းမ” “မိန်းမပုံစံဖြစ်နေတဲ့သရဲ” ဆိုပြီး တောင်စဉ်ရေမရတွေပြောနေကြလေရဲ့ သတ်ပုံကလည်း ယောကျာ်းရင့်မာကြီးကိုကားခေါင်မိုးပေါ်ဆွဲတင်ပြီးသတ်ထားတာ တရားခံကမိန်းမဆိုတော့ မိန်းမတစ်ယောက်အနေနဲ့ ဒီလောက်အားကြီးဖွယ်ရာမရှိနိုင်တော့ ပဟေဠိတစ်ခု အဖြေညှိဖို့ လမ်းတွေက CCTV တွေ အနီးနားကလူတွေပတ်မေးရင်း ပွက်လောရိုက်သွားတဲ့လူသတ်မှုတစ်ခုဖြစ်သွားလေရဲ့ အနီးနားကလူတွေကလည်း ဒီလိုညဘက်ကြီး အဲဒီကိုဘယ်သူမှမသွားကြဘူး သရဲလုပ်တာပဲဆိုပြီးပြောနေလေတော့ တကယ်ပဲသရဲကသတ်သွားတာလား ဒီလိုလျှို့ဝှက်ဆန်းကြယ်တဲ့ လူသတ်မှုနောက်ကွယ်မှာ ဘာရှိနိုင်မလဲဆိုတာကိုတော့…. (အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး CM Bollywood Team မှ ဘာသာပြန်ဆိုထားပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8.1 2023
Rajni
True Story
6.3

127 Hours တို့ Rise of the Planet of the Apes တို့လိုမျိုး နာမည်ကြီးရုပ်ရှင်တွေရဲ့မင်းသားဖြစ်ခဲ့တဲ့ James Franco နဲ့ နာမည်ကြီးဟာသရုပ်ရှင်မင်းသားကြီး Jonah Hill တို့ပါဝင် သရုပ်ဆောင်ထားတဲ့ 2015 ကထွက်ရှိခဲ့တဲ့နာမည်ကြီးဇာတ်ကား တစ်ကားဖြစ်တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား True Story ကိုတင်ဆက် ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကို ကြားကတည်းက ထူးထူးဆန်းဆန်း ဖြစ်ရပ်မှန် ဇာတ်လမ်းဆိုတဲ့အတိုင်း နယူးယောက် တိုင်းမ်သတင်းစာက သတင်းထောက် မိုက်ကယ်ဖင်ကယ်နဲ့ သူ့နာမည်ကို ယူသုံးခဲ့တဲ့ခရစ်ယာန်လွန်ဂိုဆိုတဲ့ လူသတ်သမားတို့ ကြားကဖြစ်ရပ်မှန် အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ IMDb Rating 6.3 ရရှိထားပြီး ကြည့်ရှုသူကို ဇာတ်ကားအစကနေ အဆုံးအထိ ဆွဲငင်ညှို့ယူထားနိုင်မဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ မိုက်ကယ်ဖင်ကယ်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ခရီးဝေးတွေ သွားပြီး သတင်းတွေလိုက်ယူကာ သတင်းရေးတဲ့ သတင်းထောက် တစ်ယောက်ဖြစ်ပါတယ်။သူရေးတဲ့ သတင်းဆောင်းပါးတွေက လက်ရာကောင်းမွန်ပြီးတော့ သေသပ်တဲ့အတွက် သူ့အနေအထားနဲ့ သူတစ်နေရာတော့ ရောက်နေတဲ့ သတင်းထောက်တစ်ယောက်ပဲ ဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာအမှားတစ်ခုကြောင့် အလုပ် ပြုတ်ခဲ့ပြီး ရှေ့ဆက်ဘာလုပ်ရမလဲ မသိဘဲလမ်းပျောက်နေပါ တော့တယ်။အဲ့ဒီအချိန်မှာ ကိုယ့်မိသားစု တစ်ခုလုံးကိုသတ်ခဲ့တဲ့ လူသတ်သမားတစ်ယောက်က သူ့နာမည်ကိုယူသုံးခဲ့တယ်ဆိုတာ ကိုသိလိုက်ရတဲ့အချိန်မှာ အဲ့ဒီလူသတ်သမားနဲ့ ကိုယ်တိုင်သွားတွေ့ ခဲ့ပါတယ်။သူတို့နှစ်ယောက် စကားပြောပြီးတဲ့ အချိန်မှာတော့ ဒီဇာတ်လမ်းက သူ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့ ဇာတ်လမ်းတွေထဲမှာ အကောင်းဆုံး ဖြစ်နိုင်တယ်ဆိုပြီးတော့ နှစ်ယောက်သား စာအုပ်ထုတ်ဖို့ အတူတူလုပ်ကြရင်းနဲ့ ကြုံတွေ့လာရမဲ့ စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ File size…1.75GB / 751MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre ….. Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.3 2015 99 mins
True Story
Art of Love

Art of Love (2024) Synopsis ပေါ့ပေါ့ပါးပါးရုပ်ရှင် ကြည့်ချင်သူများအတွက် Drama, Romance, Thriller ရုပ်ရှင်ကားကောင်းလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ တူရကီနိုင်ငံက ရိုက်ကူးထားပြီး Netflix ကနေ ဖြန့်ချီပေးထားပါတယ်။ Netflix ကားတွေ ပေါချင်းတိုင်း ပေါနေတဲ့အချိန်မှာ ဥရောပနိုင်ငံတွေက ရိုက်တဲ့ ရုပ်ရှင်တွေကတော့ အဆင့်အတန်းတစ်ခုမှာ ရှိနေပါသေးတယ်။ အခုဇာတ်ကားဟာလည်း ဇာတ်လမ်း၊ဇာတ်အိမ်မှာ အဆင့်တစ်ခုရှိပြီး ဥရောပနိုင်ငံတွေရဲ့ အလှအပတွေ၊ ရှုခင်းတွေကိုပါ တပါတည်း ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အာလင်းဟာ အင်တာပိုလ်ရဲ့ အနုညာမှုခင်းအဖွဲ့မှာ အလုပ်လုပ်နေတဲ့ ရဲအရာရှိတစ်ယောက်ပါ။ ပြတိုက်တွေ၊ ပြခန်းတွေကနေ တန်ဖိုးအရမ်းမကြီးတဲ့ ပန်းချီကားတွေအခိုးခံရမှုကို လိုက်လံစုံစမ်းဖို့ တာဝန်ပေးခြင်းကို ခံရတဲ့သူပါ။ ဒီလိုနဲ့ ပန်းချီကားအခိုးခံရမှုတွေကိုစုံစမ်းရင်း အရင်က အဆက်ဟောင်းဖြစ်တဲ့ ဂူနေးဆိုတဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့ ပြန်ဆုံပါတယ်။ အာလင်းဟာ ပန်းချီကားတွေ အခိုးခံရမှုမှာ ဂူနေး ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိနေပါတယ်။ တကယ်ပဲ ဂူနေးက ပတ်သက်နေတာလားဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားလိုက်ပါဦး။ အညွန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Romance, Drama, Thriller Quality…. 1080p | 720p File size… 1.2GB | 659MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

0 2024
Art of Love
Música

အသစ်ထွက်ရှိလာတဲ့ ရွှေရင်အေး Musical/ အချစ်ကားလေး ဖြစ်ပြီး rating တွေလည်း ကောင်းတာမို့ ကြည့်ပျော်ရှုပျော် ဖြစ်မှာပါ ရူဒီမန်ကူဆို ဆိုတဲ့ youtuber တစ်ယောက်ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ပြီး သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ သူ့ဘဝ ဇာတ်လမ်းလေးပါပဲ မင်းသမီးကလည်း သူ wifey ပဲပေါ့ ရူဒီ ဆိုတဲ့ New Jersey ရောက် ဘရာဇီးသားလေးက ဂီတကို ဝါသနာထုံပြီး ရထားလမ်းဘေးမှာ ရုပ်သေးပြတဲ့ အလုပ်ကိုလည်း လုပ်ပါသေးတယ် ကျောင်းပြီးတော့မှာ ဖြစ်ပေမယ့် မေမေ့အိမ်မှာ အတူနေတုန်း၊ မာမားဘွိုင်းလေးပေါ့ သူ့မှာ ပတ်ဝန်းကျင်က သာမန်အသံမျိုးစုံကို ဂီတနုတ်အဖြစ် ပြောင်းလဲပြီး Melody တွေပါ ဖန်တီးနိုင်တဲ့ အစွမ်းတစ်ခုလည်း ရှိပါသေးတယ် အမေရိကန်သူ ရည်းစားကောင်မလေးကတော့ သူနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်တဲ့ သူဌေးသမီးတစ်ယောက်ပါ ဒီလို ဆန့်ကျင်ဘက်စရိုက်နဲ့ သူတို့နှစ်ယောက် ပြဿနာတက်ရင်းကနေ ပြတ်သွားတဲ့အချိန်မှာ ငါးရောင်းတဲ့ ဘရာဇီးသူလေး “Isabella” ဆိုသူ၊ ပေါ့ပေါ့ပါးပါးနေတတ်ပြီး ဂုဏ်ဒြပ်တွေ မလေးမထားတဲ့ မိန်းကလေးကို ဆုံတွေ့မိတဲ့ အခါမှာဆိုရင်တော့…. ဇာတ်လမ်းလေးက တက်တက်ကြွကြွရှိပြီး rating လည်း ကောင်းတာမို့ ပရိသတ်ကြီး အပျင်းပြေခံစားနိုင်ဖို့ တင်ဆက်လိုက်ရပါတယ်….. File size…(1.7 GB)/(890 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Romance, Comedy, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2024
Música
Saved!

ဆယ်ကျော်သက်အရွယ် မေရီက အမေရိကန်အီးဂဲလ်ခရစ်ယာန်အထက်တန်းကျောင်းမှာ တက်ရောက်နေပြီးတော့ ယုံကြည်သက်ဝင်သူတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမနဲ့ သူမရဲ့ ရည်းစား ဒင်းတို့ ရေတူတူကူးနေတဲ့အချိန် သူမရဲ့ရည်းစားက သူ့ကိုယ်သူ ဂေးနေတယ်လို့ ထင်ကြောင်း ဝန်ခံလာပါတော့တယ်။ အထိတ်တလန့်နဲ့ မေရီက ခေါင်းဆောင့်မိပြီး ဘုရားသခင်ကို မြင်လိုက်တဲ့အပြင် ဘုရားသခင်က ဒင်းကိုကူညီပေးဖို့ သူ့ကိုပြောလိုက်တယ်လို့ ထင်လာပါတော့တယ်။ ဘုရားသခင်က သူမကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ ယုံကြည်ပြီး ဒင်းကို ကူညီဖို့အတွက် သူမရဲ့ အပျိုစင်ဘဝကို ပေးအပ်လိုက်ပါတော့တယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ သူမကိုယ်ဝန်ရှိလာတဲ့အခါ ဘာသာရေးကို ယုံကြည်သက်ဝင်သူအသိုင်းအဝိုင်းအကြား သူမဘယ်လိုရုန်းကန်မလဲ။ သူမသူငယ်ချင်းတွေကရော သူမအပေါ် ဘယ်လိုမြင်ကြမလဲ။ သူမသူငယ်ချင်းတွေထဲ ဘယ်သူတွေက သူမကို ကူညီမလဲ။ ဘယ်သူတွေက သူမကို ဝိုင်းပယ်လိုက်မလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ မေရီအဖြစ် Jena Malone၊ မေရီရဲ့ သူငယ်ချင်း ဟယ်လာရီအဖြစ် Mandy Moore နဲ့ Home Alone ရဲ့ အဓိကဇာတ်ဆောင် ဖြစ်တဲ့ Macaulay Culkin က ဟယ်လာရီရဲ့ အစ်ကို ရိုလန်အဖြစ် သရုပ်ဆောင်ထားပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ nway oo k zaw ဖြစ်ပါတယ်။ File size…(1.9 GB)/(955 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2004
Saved!
Full Metal Jacket
8.3

Full metal Jacket ( 1987 ) IMDb Rating (8.3) / Rotten Tomatoes (90%) အမေရိကန်ဒါရိုက်တာတွေထဲ အတော်ဆုံးဆိုတဲ့ ဒါရိုက်တာတွေ တော်တော်တော့များတယ်ပေမဲ့ စတန်လေကူးဘရစ်ကတော့ အဲဒီအတော်ဆုံးတွေရဲ့ အတော်ဆုံးထဲကမှ အတော်ဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ Genre ပေါင်းစုံရိုက်ခဲ့ပြီး ရိုက်ခဲ့သမျှလဲ သူ့Genreမှာသူ အနုပညာအရထိပ်ဆုံးက အောင်မြင်နေတဲ့ ရုပ်ရှင်တွေချည်းရိုက်ထားတဲ့သူပါပဲ။ သူ့ရုပ်ရှင်တွေဟာ ဟောလိဝုဒ်နယူးဝေ့ရဲ့ အရေးပါတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့သလို ၂၀ရာစု ကမ္ဘာ့ရုပ်ရှင်ရဲ့ အရေးအပါဆုံး ရုပ်ရှင်တွေလည်းဖြစ်ခဲ့တယ်။ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးရုပ်ရှင်လို့လည်း ပြောကြတဲ့ Citizen Kaneရဲ့ ပဲ့ကိုင်ရှင် အော်ဆန်ဝဲလ်က သူ့အောက်မျိုးဆက်မှာ ကူးဘရစ်ဟာ တော်တော်အထင်ကြီးစရာကောင်းတယ်လို့ ပြောခဲ့ဖူးတယ်။ စပီးဘာ့ချ်, စကောဆေးစိ,ကော်ပိုလာ,လူးကတ်စ်,ကလင့်အိစ်ဝုဒ်, ကင်မရွန်း,ဝူဒီအယ်လန်, တင်ဘာတန်, တာရတန်တီနို ,ဒေးဗစ်လင်း, ပေါလ်သောမတ်အန်ဒါဆန်, ဝက်စ်အန်ဒါဆန်, အာရွန်နော့စကီး, နိုလန်, ရစ်ချက်လင့်လိတ်တာ, မိုက်ကယ်မန်း, ဒယ်တိုရို, ဂျော့အေရိုမီရို ဆက်ရေးရင် အေဖိုးတစ်မျက်နှာပြည့်မှာမို့ ဒီနားပဲထားလိုက်တာပေါ့။ ဒီလူတွေဟာ လိုင်းပေါင်းစုံက ကိုယ်ပိုင်ဟန်အပြည့်နဲ့ ဒါရိုက်တာတွေပါ။ ရိုမီရိုဆို zombieရုပ်ရှင်တွေရဲ့ ဖခင်ကြီးပါပဲ။ ဒီလိုလူတွေက ကူးဘရစ်က သူတို့ရဲ့ inspirationဖြစ်စေတဲ့ ရင်းမြစ်လို့ ပြောခဲ့ပါတယ်။ ဟုတ်လည်းဟုတ်မှာပါ။ ကူးဘရစ်မရိုက်ဖူးတဲ့ ရုပ်ရှင်အမျိုးအစားကလည်း ခပ်ရှားရှားပါပဲ။ ပြောရရင် ကျွန်တော်တို့သိတဲ့ အမေရိကန်ဒါရိုက်တာတွေအားလုံးနီးပါးက ကူးဘရစ်ကို ချစ်တဲ့သူတွေ ကူးဘရစ်နဲ့ မကင်းတဲ့လူတွေချည်းပါပဲ။ IMDBက The Top 50 Greatest Directors of All Timeစာရင်းမှာလည်း ကူးဘရစ်က ထိပ်ဆုံးကနေရာယူထားပါတယ်။ ၂ကတော့ အကီရာကူရိုဆာဝါပါပဲ။ ဒါက ကူးဘရစ်ရဲ့ခမ်းနားမှုနဲ့ သူ့ကို တန်ဖိုးထားကြပုံကို ပြောရုံသက်သက်ပါပဲ။ ကိုယ့်ရင်ဘတ်နဲ့ ကိုယ်တိုင်းပြီး ကိုယ့်အကြိုက်ဆုံး ရုပ်ရှင်ကိုတော့ ဆုံးဖြတ်လို့ရပေမဲ့ အကောင်းဆုံးရုပ်ရှင်ကိုတော့ သွားဆုံးဖြတ်လို့မရသလိုပဲ ဘယ်ဒါရိုက်တာက ဘယ်ဒါရိုက်တာထက်ပိုတော်ပါတယ်လို့လည်း ကျွန်တော်တို့ သွားပြောလို့မရဘူး။ အနုပညာမြောက်နေတဲ့အနုပညာပစ္စည်းတွေကို တစ်ခုနဲ့တစ်ခု ဘာက ဘာထက်ပိုသာတယ်လို့ သွားပြောလို့မရသလိုပဲပေါ့။ Full metal Jacket ဟာ ကူးဘရစ်မသေခင် ရုံတင်ခဲ့တဲ့ကူးဘရစ်ရဲ့ နောက်ဆုံးကားဆိုလည်းဟုတ်တယ်။ သူရိုက်ခဲ့တဲ့နောက်ဆုံးကားကတော့ Eyes Wide Shut။ ဝေဖန်ရေးသမားတွေဆုံးဖြတ်ထားတဲ့ အကောင်းဆုံးစစ်ကားတွေစာရင်းထဲတော့ ထိပ်ဆုံးကားက ကူးဘရစ်ရဲ့ကားဖြစ်သလို Full metal Jacketကလည်း အဲဒီစာရင်းမှာ နံပါတ်၃နေရာကိုယူထားတယ်။ သူရိုက်ခဲ့တဲ့ နောက်စစ်ကား ၂ကားမှာ တစ်ကားကလည်း စစချင်းရိုက်ခဲ့တာပေမဲ့ အခြေအနေတစ်ခုမှာရှိနေသလို Dr. Strangelove ဆိုလည်း နောက်ထပ်မာစတာပိစ်တစ်ကားပါပဲ၊။ ဇာတ်ကတော့ အမေရိကန်တွေရဲ့ ပြဿနာတော်တော်ကြီးခဲ့တဲ့ ဗီယက်နမ်စစ်ပွဲအကြောင်းပဲ။ ဒါမဲ့ ကူးဘရစ်ရိုက်ပြပုံက သူများနဲ့တော့ နည်းနည်းထူးတယ်။ သူက ဗီယက်နမ်စစ်ပွဲကို အရင်မပြဘူး။ စစ်သင်တန်းဝင်တာကနေ အရင်စပြတယ်။ စစ်သင်တန်းမှာ ဘယ်လိုရက်စက်ခက်ထန်ပြီး ဘယ်လိုလူတွေဖြစ်လာအောင် ပုံသွင်းခံခဲ့ရလဲက အရင်ပြတယ်။ ဒါကလည်း နောက်လာမယ့် အခန်းတွေအတွက် တော်တော်လေးတာသွားတယ်။ ဒီလောက်ရက်စက်ခက်ထန်တတ်အောင်‌ လူကိုလူလို့မမှတ်ဘဲအုပ်ချုပ်ခဲ့တဲ့ သွေးခွဲအုပ်ချုပ်တဲ့အထိ လုပ်ခဲ့တဲ့ လေ့ကျင့်ရေးစခန်းကို ဖြတ်သန်းပြီးတဲ့ မရိန်းတပ်သားတွေရဲ့ပြောင်းလဲသွားပုံနဲ့ အဲဒီလိုပြောင်းလဲပေးပြီးတာတောင် ဗီယက်နမ်စစ်ပွဲကို လက်တွေ့ရင်ဆိုင်ရတဲ့အခါ ဆောက်တည်ရာမရဖြစ်သွားတဲ့ပုံစံတွေကို ယှဉ်ပြထားတယ်လို့တောင် ပြောရမယ်။ ဒီကားရဲ့တစ်ဝက်လောက်အထိကို စစ်သင်တန်းက ပေးတဲ့ထရော်မာတွေရဲ့ ရက်စက်ပုံကို ပြထားပြီးတဲ့နောက် ပိုဆိုးတာမရှိလောက်တော့ဘူးလို့ အားလုံးထင်နေတဲ့အချိန်မှာပဲ လောကကြီးက ပိုရက်စက်တတ်ကြောင်း ပြက်ရယ်ပြုသွားတဲ့ရုပ်ရှင်ပါပဲ။ ကူးဘရစ် ဗီယက်နမ်တိုက်ပွဲကို ပြတဲ့ပုံစံက ကော်ပိုလာတို့ အိုလီဗာစတုန်းတို့လို ခမ်းကြီးနားကြီးမဟုတ်ဘူး။ ယုတ်စွအဆုံး ဖောရပ်ဂန့်စ်ထဲကလောက်တောင် ကြီးကျယ်တဲ့ တိုက်ပွဲမဟုတ်နေဘူး။ သူ့ကိုကလည်း ဟိုးအောက်ဆုံးအဆင့်အထိ တမင်ခေါ်ပြီး သရော်ထားတာပါပဲ။ ကူးဘရစ်မှာ စစ်ပွဲကို သရော်တတ်တဲ့အကျင့်လေးတော့ ပါလာပုံရတယ်။ ကူးဘရစ်ရဲ့တင်ဆက်ပုံဟာ ဇာတ်က ဘာမှမရှိဘူးလို့ထင်ရတယ်။ ဘာမှအရေးမပါလှတဲ့ အကြောင်းအရာလို့လည်းထင်ရတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီဘာမှမရှိတဲ့ဇာတ်ကိုက ခင်ဗျားခေါင်းထဲ စွဲသွားမယ့်ဇာတ်ဖြစ်သွားပြီး ဘာမှအရေးမပါတဲ့အကြောင်းအရာကိုက ဗီယက်နမ်စစ်ပွဲနဲ့စစ်သားတွေရဲ့အခြေအနေတွေအားလုံးကို ကိုယ်စားပြုနေတယ်။ ဒါတော့ ကူးဘရစ်အတွက် မဆန်းလှတော့ပါဘူး။ The Shiningလို ဟော်ရာကားမျိုးကို သူရိုက်ခဲ့တာကိုပဲ ကြည့်ပေါ့။ ကူးဘရစ်ရဲ့ Full Metal Jacketဟာ စစ်ကားတစ်ကားဆိုတာထက် စစ်ပွဲထဲက လူတွေအကြောင်းလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဒီရုပ်ရှင်မှာ စုတ်ပြတ်သတ်နေတဲ့ လောကကြီးတစ်ခုရှိတယ်။ အဲဒီလောကကြီးမှာ ရှင်နေကြတဲ့လူတွေရှိတယ်။ အဲဒီလူတွေထဲ ကိုယ့်ကိုယ်ကိုယ်လိမ်လိုက်ပြီး အဲဒီလောကကြီးကို ရင်ဆိုင်နိုင်ခဲ့ကြသူတွေရှိတယ်။ အဲဒီလောကကြီးကို ရင်မဆိုင်နိုင်တော့တဲ့သူတွေလည်းရှိတယ်။ အဲဒီလောကကြီးကတော့ ဘာမှမပြောင်းလဲသွားပေမဲ့ တပ်သားဂျိုကာရဲ့အဆုံးပိတ်စကားလိုပဲ အဲဒီလောကကြီးကို ရင်ဆိုင်နိုင်သွားတဲ့လူတွေကတော့ အသက်နဲ့ကိုယ် အိုးစားမကွဲသွားတာကိုပဲ ကျေးဇူးတင်ရင်း ဘာကိုမှမကြောက်တတ်ကြတော့ဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

8.3 1987
Full Metal Jacket
Hit List
6.2

Hit List (2024) “အပြစ်ဒဏ်” IMDb 6.2 ရက်ရက်စက်စက် ပြကွက်ခပ်ကြမ်းကြမ်းတွေနဲ့ တမီးလ် လျှို့ဝှက်သည်းဖို ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ် ဗီဂျေးက အနေအေးတဲ့ လူငယ်တစ်ယောက် သားသတ်လွတ် လှုံ့ဆော်သူလည်းဖြစ်တဲ့အပြင် ကြွက်ကလေးတစ်ကောင်ကိုတောင်မှ စာနာတတ်တဲ့ ကရုဏာရှင် ဒီလို နှလုံးလှဗီဂျေးရဲ့ အမေနဲ့ ညီမလေးကိုမှ အမည်မသိ မျက်နှာဖုံးစွပ် ဆိုက်ကိုကောင်တစ်ကောင်က ပြန်ပေးဆွဲသွားလေရဲ့ သူများတကာကို နာကျင်မှုပေးရတာ နှစ်ခြိုက်သူ၊ ငွေနဲ့ အာဏာလို ရုပ်ဝတ္ထုတွေကို မက်မောလို့မဟုတ်ဘဲ စေ့ဆော်မှု ရည်ရွယ်ချက်တစ်ခုရှိနေတဲ့ မျက်နှာဖုံးစွပ် မိစ္ဆာကောင်က … ဗီဂျေးကို အကြပ်ကိုင်ပြီး ရက်စက်ကြမ်းကြုတ်လာအောင် ဘယ်လိုတွေခိုင်းစေမှာလဲ… သူ့ရဲ့ ခန့်မှန်းရခက်တဲ့ ရည်ရွယ်ချက်ကရော ဘယ်လိုဖြစ်မှာလဲ မညှာစတမ်း ပြကွက်တွေနဲ့ ရင်တမမ အူလှိုက်သည်းလှိုက် ကြည့်ရမယ့် တမီးလ်ရုပ်ရှင်လေးတစ်ကားပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Crime • Thriller • Action
6.2 2024 128 mins
Hit List
Emakku Thozhil Romance
6

Emakku Thozhil Romance (2024)”ချစ်လိပ်ပြာ” ==================================== Por Thorzhil တို့ Blue Star တို့လို ရုပ်ရှင်ကောင်းတွေရိုက်ကူးခဲ့တဲ့ မင်းသား အာရွှတ်ခ်ဆယ်လ်ဗန်ရဲ့ တမီလ်စကားပြော ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဘရတ်ပစ်နဲ့ အိန်ဂျလီနာဂျိုလီတို့လည်း cameo ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့.. အူမာဆိုတဲ့ လက်ထောက်ဒါရိုက်တာလေးဟာ တမီလ်ရုပ်ရှင်လောကမှာ နာမည်ရစပြုနေတဲ့ ဒါရိုက်တာအလောင်းလျာတစ်ယောက်ပါ။ သူကူညီရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားတချို့ဆိုရင် ပရိသတ်တွေက ခုံတွေရိုက်ချိုးပစ်ပေါက်ကြတဲ့ထိ အားပေးကြပါတယ်။ အဲဒီလို အောင်မြင်မှုတွေရနေတဲ့ အူမာဟာ ကိုယ်တိုင်ဒါရိုက်တာဖြစ်မှ မိန်းမယူမယ်လို့လည်း သံဒိဌာန်ချထားပါသေးတယ်။ ဒါပေမဲ့ လီယိုဆိုတဲ့ မိန်းမလှလေးတစ်ယောက် အူမာ့ဘဝထဲဝင်လာတဲ့အချိန်မှာတော့ အဲဒီသံဒိဌာန်တွေ ပျောက်ဆုံးပြီး အဖြစ်အပျက်မျိုးစုံ ကြုံတွေ့ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

6 2024
Emakku Thozhil Romance
Hotel Bitcoin
4.9

Hotel Bitcoin (2024) IMDb Rating (4.9) Hotel Bitcoin ဇာတ်ကား‌လေးကတော့ အလွဲလွဲအချော်ချော် ပြဿနာမျိုးစုံတွေ့နေကျ သူငယ်ချင်းတစ်စုနဲ့ သူတို့ရရှိထားတဲ့ Virtual Currency အကြောင်းကိုရိုက်ကူးထားတဲ့ စပိန်ဟာသဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဘာလုပ်လုပ် လွဲလိုက် မှားလိုက်ဖြစ်နေကျ သူငယ်ချင်းလေးယောက်မှာ အမြဲတမ်းတလွဲအကြံထွက်တဲ့ Alejo က ခေါင်းဆောင်ကြီးပေါ့။ တစ်နေ့ Alejo က အကြွေးရှင်တွေကို‌ရှောင်ဖို့ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Laptop ပျက်တာနဲ့ ကြုံခဲ့ရပြန်ပါတယ်။ အဲလိုနဲ့ သူတို့အရင်လုပ်ခဲ့တဲ့လုပ်ငန်းအတွက် သုံးဖို့ဝယ်ထားတဲ့ Laptop ကို ပြင်ပြီးသုံးဖို့ သူငယ်ချင်းကို အကူအညီတောင်းတဲ့အခါမှာတော့… သူတို့သူငယ်ချင်းတစ်စု ဘယ်လိုကံကြမ္မာအလှည့်အပြောင်းတွေကြုံကြရမလဲ… ဆက်ပြီးတော့ ကံဆိုးကြဦးမလား… ရထားတဲ့ကံကောင်းခြင်းကိုရော ထပ်ပြီး လက်လွှတ်ရဦးမလား… ဆိုတာကို အလွဲလေးတွေနဲ့အတူ ရယ်မောရင်း ကြည့်ရှုရမယ့် Comedy ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vivien Cho ဖြစ်ပါတယ်။) File size…(1.8 GB) / (850 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:41:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Vivien Cho

Horror • Mystery
4.9 2024 100 mins
Hotel Bitcoin