YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Defying the Storm E15 CM.mp4

295.21 MB N/A video/mp4 157 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Moonfall
6.4

ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ‌ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။ လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ‌ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ နောက် လက သူ့ဂြိုလ်ပတ်လမ်းကနေ ချော်နေတာကို နာဆာကို သတိပေးဖို့လုပ်ပေမဲ့ နာဆာက နားမထောင်ခဲ့ပါဘူး။ ဒီလိုနဲ့ လကြီး ကမ္ဘာပေါ် ပြိုကျဖို့ မှန်းခြေ၃ပတ်ပဲလိုတော့တဲ့ အချိန်ကိုရောက်လာပါတယ်။ ဇာတ်လမ်းက ဒီလောက်တင်ပဲမဟုတ်ပါဘူး။ လကြွေကျတာအပြင် အများကြီးပိုရှုပ်ထွေးတဲ့ အ‌ကြောင်းအရာအလန်းတွေပါပါသေးတယ်။ မြင်သာအောင်ပြောရရင် ကောင်းခြင်းမကောင်းခြင်းကို ဖယ်ပြီး ဇာတ်လမ်းအကျယ်ကိုပဲ ပြောရရင် Don't look up သုံးဆလောက်ကျယ်ပါတယ်။ အက်ရှင်ခန်းတွေလည်းပါတာမို့ ကြည့်ကောင်းတဲ့ရုပ်ရှင်လို့ ဆိုလို့ရပါလိမ့်မယ်။ Conjuring ကားတွေရဲ့မင်းသား Patrick Wilson, နာမည်ကျော်မင်းသမီးဖြစ်တဲ့ Halle Berry, GoT က Samwell Tarly အဖြစ်သရုပ်‌ဆောင်ခဲ့တဲ့ John Bradley တို့က အဓိကသရုပ်ဆောင်ထားပြီး တရုတ်မလှလှလေး Kelly Yu လည်းပါ၀င်ထားပါတယ်။ သိပ္ပံသီအိုရီတစ်ချို့နဲ့ သိပ္ပံယုံတမ်းစကားတစ်ချို့ကို သိရမယ့်အပြင် စိတ်နယ်လွန်အကြောင်းအရာ အဆန်းကြီးတွေပါ အများကြီးပါဦးမှာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ပေါ့ဗျာ... (ဇာတ်ကားကို Jim X နဲ့ 666 တို့မှ ပြန်ဆိုပေးထားပါတယ်) Size - 2.01GB, 1GB, 600MB Quality - Blu-ray 1080p, 720p, 480p IMDb Rating - 5.3/10 Format - mp4 Duration - 2H 10Min Genre - Action, Adventure, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Jim X & 666 Encoded by Y

Drama
6.4 2022 130 mins
Moonfall
Borat Subsequent Moviefilm
6.5

IMDb (7.1) / Rotten Tomatoes (84%) ဒီကားက သိပ်ထွေထွေထူးထူး ညွှန်းပြနေစရာမလိုတော့ပါဘူး။ ပထမကားမှာ အောင်မြင်ခဲ့တဲ့ ဘိုရတ် ရုပ်ရှင်ဇာတ်ကားဟာ ဒုတိယကားမှာ နိုင်ငံရေးသရော်မှုတွေနဲ့အတူ ပြန်လာပါပြီ။ ဒီကားရဲ့အစမှာတော့ ဘိုရတ်ဟာ ပထမကားမှာ အောင်မြင်ခဲ့ပေမဲ့ သူ့နိုင်ငံဖြစ်တဲ့ ကာဇက်စတန်ကတော့ ကမ္ဘာ့အလယ် အဟားခံစရာ နိုင်ငံတစ်နိုင်ငံ ဖြစ်သွားခဲ့ရတာမို့ ဘိုရတ်ဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ခံခဲ့ရပါတယ်။ ပြစ်ဒဏ်ကျခံပြီး ၁၄ နှစ်ကြာပြီးနောက်မှာ ဘိုရတ်ဟာ သမ္မတနန်းတော်ဆီကို ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။ အကြောင်းကတော့ အမေရိကန်မှာ သမ္မတအပြောင်းအလဲတွေ ဖြစ်ခဲ့ပြီး နောက်ဆုံးသမ္မတဖြစ်တဲ့ ဒေါ်နယ်ထရန့်ဟာ ကမ္ဘာ့လူကြမ်းခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ပူတင်တို့ ကင်မ်ဂျုံအွန်းတို့နဲ့ ဘော်ဒါတွေဖြစ်နေပြီး ကာဇက်စတန်ကို အဖက်မလုပ်ဘဲ ပစ်ထားနေတာမို့ ကာဇက်စတန် သမ္မတက သူတို့နိုင်ငံကို ဒေါ်နယ်ထရန့် အရေးလုပ်ဖို့အတွက် လက်ဆောင်ပဏ္ဏာဆက်သဖို့ ဘိုရတ်ကို စေလွှတ်ချင်လို့ပဲဖြစ်ပါတယ်။ ဘိုရတ်ဟာ ၁၄ နှစ် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကျခံရပြီးနောက် အမေရိကန်ကို တစ်ဖန်ပြန်သွားရပါတော့တယ်။ သူရောက်သွားတဲ့အခါမှာတော့ အမေရိကန်ဟာ သူအရင်ကသိခဲ့တဲ့ အမေရိကန်မျိုး မဟုတ်တော့ပါဘူး။ အရမ်းကိုပြောင်းလဲသွားပါပြီ။ ထို့နောက် ဘိုရတ်ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုလိုက်ပါ။ အာမခံချင်တာတစ်ခုကတော့ အရမ်းအရမ်းကို ရယ်ရပါတယ် ပြီးတော့ မိသားစုနဲ့ အတူမကြည့်ပါနဲ့ ဖြစ်နိုင်ရင် ဘယ်သူနဲ့မှ မကြည့်ပါနဲ့ တစ်ယောက်တည်း ကြည့်ပါ။ တစ်ယောက်တည်း ကြည့်ပြီး အားရပါးရခွီလိုက်ပါ ပြီးမှ ကြည့်ပြီးတဲ့သူငယ်ချင်းတွေနဲ့ ပြန်ပြောရင်း ထပ်ခွီပါ။ ဒီဇာတ်ကားထဲမှာ လက်ရှိဖြစ်ပျက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကိစ္စတွေလည်း ပါဝင်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နှင်းနည်းတွေကအစပါဝင်တာမို့ ပညာရတယ်လို့ ပြောရင်း ဒီဇာတ်ကားရဲ့ အညွှန်းကို အဆုံးသတ်လိုက်ပါတယ်။ File size…(999 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Drama • Mystery • Sci-Fi & Fantasy
6.5 2020 96 mins
Borat Subsequent Moviefilm
Spenser Confidential
6.5

Confidential(2020) အားလုံးစောင့်မျှော်ခဲ့ကြတဲ့ မင်းသား Mark Wahlberg ရဲ့ Spenser Confidential ရုပ်ရှင်ဖြစ်ပါတယ်။ အမေရိကန် comedy-thriller ရုပ်ရှင်အမျိုးအစားပါ။ ဒါရိုက်တာ Peter Berg ရိုက်ကူးထားပြီး Netflix Production က ထုတ်လုပ်ဖြန့်ချီထားပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် Mark Wahlberg ရဲ့ ပထမဦးဆုံး Netflixရုပ်ရှင်ကားပါ။ အမေရိကန်ရက်ပ်ပါ Post Malone တစ်ယောက် ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ဒီဇာတ်လမ်းမှာ ဘော်စတွန်မြို့ရဲ့ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ Spenser ဟာ အကျင့်ပျက်ခြစားနေတဲ့ သူ့အထက်အရာရှိကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ ထောင်ထဲမှာ ငါးနှစ်နေခဲ့ရတယ်။ Spenser က ထောင်ကထွက်လာပြီးတဲ့အချိန်မှာ ဘော်စတွန်မြို့ကနေထွက်သွားပြီး ထရပ်ကားမောင်းသူအဖြစ် ဘဝအသစ်ပြန်စတော့မှာပါ။ ဒါပေမယ့် သူ ထောင်ကထွက်လာပြီးတဲ့ နောက်နေ့မှာ ရာဇဝတ်မှုတစ်ခုရုတ်တရက်ပေါ်ပေါက်လာခဲ့တယ်။ အဲ့ဒီရာဇဝတ်မှုရဲ့ ရှုပ်ထွေးပွေလီမှုကို တွေ့ရှိလိုက်ရတဲ့ Spenser တစ်ယောက် အမှန်တရားကို ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ File Size : (1 GB , 335 MB ) Quality : WEB-DL 720p Running Time : 1 hr 51 min Format : Mp4 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Lucille Encoded by Moe Myint Lwin

Comedy • Drama
6.5 2020 110 mins
Spenser Confidential
The Night House
6.7

IMDb Rating - 6.9/10 ဘတ်သ်နဲ့ အို၀င်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်အိုးတစ်အိမ် ထူထောင်ထားတဲ့ သိပ်ချစ်ကြတဲ့ စုံတွဲတစ်တွဲပါ၊ သူတို့တူတူနေဖို့အတွက် ရေကန်စပ်မှာ အိမ်လေးတစ်လုံးဆောက်ပြီး ဘာအပူအပင်မှ မရှိဘဲ ပျော်ပျော်ရွှင်ရွှင် နေနေကြတာပေါ့။ ဒါပေမဲ့ ဘတ်သ်ရဲ့ ခင်ပွန်း အို၀င်ဟာ ဘာအကြောင်းပြချက်မှမရှိဘဲ ကိုယ့်ကိုကိုယ် အဆုံး စီရင်သွားခဲ့တယ်။ ခင်ပွန်းဖြစ်သူ အို၀င်သေပြီးနောက်ပိုင်း ၀မ်းနည်းနေတဲ့ ဘတ်သ် ဟာ အလုပ်မှာလည်း စိတ်ပင်ပန်း လူပင်ပန်းနဲ့ ဂယောင်ချောက်ခြားဖြစ် ထူးဆန်းတဲ့ အိပ်မက်လိုလို အဖြစ်အပျက်တွေလည်း ဆက်တိုက်ဖြစ်လာခဲ့တယ်။ တစ်ရက်မှာ အို၀င်ရဲ့ဖုန်းကို ဘတ်သ် ယူကြည့်မိရာကနေ အို၀င်ရဲ့ လျှို့ဝှက်ချက်တွေကို ဘတ်သ် တစ်စတစ်စနဲ့ သိလာခဲ့ ရသလို တစ်ဖက်မှာလည်း ဘတ်သ်က သူ့ရဲ့ ကန်စပ်နားက အိမ်မှာ ထူးဆန်းတာတွေတစ်ညပြီးတစ်ညဖြစ်လာပြီး အို၀င်ရဲ့ ဝိညာဥ်က အနားမှာရှိနေတယ်လို့ ဘတ်သ်တစ်ယောက်ယုံကြည်လာပြီးနောက်ပိုင်း.... ဘတ်သ်မသိသေးတဲ့ အို၀င်ရဲ့ လျှို့ဝှက်ချက်တွေက ဘာတွေလဲ၊ အိမ်မှာရှိနေတာ တကယ်ပဲ အို၀င်ရဲ့ ဝိညာဥ်လား၊ အဲ့ဒီ ကန်စပ်နားက အိမ်ကြီးမှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ...ဒီလို လျှို့ဝှက်ချက်တွေနဲ့ Horror ဇာတ်ကားကောင်းလေးကို CM ပရိတ်သတ်တွေအတွက် တင်ဆက်လိုက်ရပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်ကတော့ အားလုံးသိတဲ့ Rebecca Hall ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck Chuck မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRip Duration - 1hr 47min Subtitle – Myanmar Hardsub Format – Mp4 Genre : Horror, Mystery, Thriller Source : 1080p.WebRip Translator – CM Team Encoder – SWM

Action & Adventure • Drama • Mystery • Sci-Fi & Fantasy
6.7 2021 107 mins
The Night House
Whiplash
8.4

IMDb - 8.5/10_____Rotten- 94% Won 3 Oscars. Another 91 wins & 144 nominations. ကြားဖူးတာလေးတစ်ခုရှိတယ်…တရုပ်ကြီးတစ်ယောက်နဲ့မြန်မာအမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျသတဲ့… .အိမ်ထောင်ရေးကအဆင်ပြေတယ်ဆိုပေမယ့် တရုတ်ကြီးက သူ့မိန်းမကိုမကျေနပ်တဲ့အချိန်ရှိတယ်….အဲ့ဒါက ဂရိတ်ဦးဖိုးစိန်ကြောင့်ပဲ. ..ဦးဖိုးစိန်ကြီးလာကတဲ့အချိန်ဆို သူ့မိန်းမက ဘာအလုပ်ပဲရှိရှိ ဖျက်ပြီး သွားကြည့်တာကိုး..တရုပ်ကြီးက တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုတော့ အတော်တင်းသတဲ့…တစ်နေ့တော့ သူ့မိန်းမ ဘာလို့အဲ့လောက်ကြည့်ချင်ရတာလဲဆိုတာသိချင်တာနဲ့ ဦးဖိုးစိန်ကပြတဲ့ပွဲကိုလိုက်ကြည့်သတဲ့.. .ဦးဖိုးစိန်ကြီးက မင်းသမီးတွေနဲ့ကတာကိုး….ဆိုင်းဝိုင်းကလည်းမြိုင်ဆိုင်…ဦးဖိုးစိန်ကြီးကလည်း မင်းသမီးတွေကြားမှာ လှပစွာကနေသတဲ့.. တရုတ်ကြီးအနေနဲ့မြန်မာ့ဆိုင်းဝိုင်းရယ် မင်းသားမင်းသမီးအကရယ်ကိုသိပ်နားမလည်ဘူး…ဒါပေမယ့် ကြည့်နေရင်း လူကမြူးလာတော့ မနေနိုင်မထိုင်နိုင်ထပြောသတဲ့…အမလေး ဦးဖိုးစိန်ကြီးနဲ့ကတဲ့မင်းသမီးသာဖြစ်လိုက်ချင်သတဲ့…အနုပညာဆိုတာဒါပဲနေမယ်…. ကျွန်တော်ဘာလို့ဒါတွေပြောနေလဲဆိုတော့ jazz  drummer ကောင်လေးတစ်ယောက်ကိုရိုက်ပြထားလို့ပါ..ခင်ဗျားတို့တော့မသိဘူး..ကျွန်တော်က jazz အမျိုးအစားနဲ့စိမ်းလွန်းလှတယ်…ဒါပေမယ့်ဒီကားထဲမှာတော့ Miles Teller ရဲ့ အမူအရာတွေ ဒရမ်တီးတဲ့ပုံတွေကြောင့်ရယ်လား J.K. Simmons ရဲ့အားပါပြင်းထန်လွန်းတဲ့ ဟန်ပန်တွေကြောင့်လား တီးဝိုင်းတစ်ခုလုံးရဲ့အသံတွေကြောင့်လားမသိ jazz ဂီတအမျိုးအစားထဲကိုစီးမျောသွားတယ်.. ဒီကားက ကျော်ကြားတဲ့ drummer သမားဖြစ်အောင်ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ ..ကြားဖူးသလောက် တူရိယာတွေတီးခတ်တဲ့သူတွေကို ရုပ်ရှင်ရိုက်တဲ့နေရာမှာ  piano သမား ဂစ်တာသမားတွေကပြသနာသိပ်မရှိဘူးတဲ့… ဘာလို့ဆိုတီးကွက်တွေပြတဲ့နေရာမှာ view ကိုအစားထိုးဖို့လွယ်ကူပါသတဲ့….ဒရမ်သမားကြတော့အဲ့ဒီလို view ပြဖို့မလွယ်ကူပါသတဲ့….ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်  Miles Teller ကတော့ ကိုယ်တိုင်ပဲတီးတာ…သူဟာ ၁၅နှစ်သားအရွယ်ထဲက ဒရမ်တီးတယ်ဆိုပဲ. ..ပြီးတော့ ဒီကားအတွက်ကြိုတင်ပြင်ဆင်မှုအဖြစ် တစ်နေ့ကို ၄နာရီလေ့ကျင့်ပါသတဲ့…..Rating တွေမြင့်တာကလည်း ဒါ့ကြောင့်နေမယ်….ကျန်တာကတော့ spoiler ဖြစ်သွားမှာစိုးလို့မပြောတော့ပါဘူး….. File Size…(903 MB) Quality…BluRay 720p Format…mp4 Duration…01:46:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by  Lyric Lynn Khant

Action • Adventure • Science Fiction
8.4 2014 107 mins
Whiplash
Bruiser
5.9

Bruiser (2022) =========== ဒီဇာတ်ကားကိုတော့ အဖေနှစ်ယောက် သားလုတဲ့ကားလို့ပြောရ မလားပဲဗျ။ လူမည်းမိသားစုတစ်စုရဲ့အကြောင်းပေါ့။ ဒဲရီးယပ်စ်ဆိုတဲ့ ၁၄နှစ်အရွယ်ကောင်လေးတစ်ယောက် ကျောင်းပိတ်ရက်မှာ ဘော် ဒါဆောင်ကနေ အိမ်ပြန်လာရာက ဇာတ်လမ်းစပါတယ်။ သူ့အဖေရင်းကတော့ သူမွေးလာတုန်းက တာဝန်ယူဖို့အဆင်သင့်မဖြစ် သေးလို့ဆိုပြီး ပစ်သွားတာပါ။ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ကျွေးမွေးစောင့်ရှောက်လာတဲ့သူက သူ့အမေရဲ့ခင်ပွန်းဖြစ်တဲ့လက်ရှိ အဖေပေါ့။ အဖေရင်းနဲ့လက်ရှိမိဘတွေက ငယ်သူငယ်ချင်းကြီးတွေ ဖြစ်ကြလေရဲ့။ တစ်ရက်ကျ သူ့အဖေရင်းဟာ ပြန်ရောက်ချလာပြီး ဒဲရီးယပ်စ်ရဲ့မိသားစုဘဝထဲကို ဝင်လာပါလေရော။ သွေးသားရင်းဖြစ်တဲ့ အဖေရင်းဟာ သူ့အပေါ်နားလည်ပေးတယ်လို့ ဒဲရီးယပ်စ်တစ်ယောက် ခံစားလာရပါတယ်။ အဖေရင်းကလည်း သူ့ သားသူမတွေ့ရမနေနိုင်တော့ပါဘူး။ လက်ရှိအဖေကတော့ စည်းကမ်း တင်းကြပ်တာတွေ၊ ဆူဆူပူပူပြောတာတွေကြောင့် ဆယ်ကျော်သက် ဖြစ်တဲ့ ဒဲရီးယပ်စ်နဲ့ အစေးမကပ်ဘူးပေါ့။ လက်ရှိအဖေဟာ ဒဲရီးယပ်စ် အဖေရင်းရဲ့အကျင့်နဲ့ နေပုံထိုင်ပုံကြောင့် သူ့သားကို အဲ့လူနဲ့နီးနီးမှာ နေ ခွင့်မပေးနိုင်ဘူးဖြစ်ပြန်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သူ့ကိုပျော်အောင်လုပ်ပေးနိုင်တဲ့ အဖေရင်းနဲ့ စနစ်တကျ ရှိပြီး အခုချိန်ထိ သူ့ကိုကျွေးမွေးပေးလာတဲ့ လက်ရှိအဖေတို့ကြားမှာ ဒဲရီးယပ်စ်တစ်ယောက် ဝေခွဲရခက်နေပါတယ်။ အဖေနှစ်ယောက်ကလည်း မတည့်ကြတာမို့ သူ့သားငါ့သားဆိုပြီး ငြင်းကြပါတော့တယ်။ ကဲပါ ကြည့်ရှု ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.82 GB) / (757 MB) / (431 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 37Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM

Drama • Romance • Comedy
5.9 2022 101 mins
Bruiser
Casando a mi Ex
5.1

Casando a mi Ex (2023) ================= မိဘဖြစ်သူရဲ့ အိမ်ထောင်ဆက်များတာကြောင့် လက်ထပ် ရမှာကြောက်နေတဲ့ မင်္ဂလာပွဲစီစဉ်သူ မာရီယာနာကို ရည်းစား ဖြစ်သူ စားဖိုမှူး လူးဝစ်ကလက်ထပ်ခွင့်တောင်းရာ ငြင်းဆိုခံ လိုက်ရပါတယ်။ အချစ်ကြီးချစ်ကြပြီးမှ အငြင်းခံလိုက်ရတဲ့ အတွက် လက်စားချေချင်တာကြောင့် ဟန်ဆောင်လက်ထပ် ပေးရင် နိုင်ငံသားဖြစ်မယ်ဆိုပြီး ကိုလံဘီယာသူ lesbian သူငယ်ချင်းလူစီယာ ကို အသုံးချပြီး ရည်းစားဟောင်းဆီ မင်္ဂလာပွဲသွားအပ်ရာကနေ အရင်လို ပြန်အဆင်ပြေကြမလား ပိုဆိုးသွားမလား ဟန်ဆောင်သတို့သမီးကရော သူ့ချစ်သူကောင် မလေးနဲ့ ဘယ်လိုရှင်းကြမလဲ ဆိုတာကို ကြည်ကြည်နူးနူး လေးကြည့်ရမယ့် healing drama လေးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Min Thu ဖြစ်ပါတယ်) File Size……….(1.81 GB) / (764 MB) / (441 MB) Quality…………Blu-Ray 1080p / 720p / 480p Duration………1Hr 32Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Chit Min Thu Encoder……….SWM

Comedy • Romance • Drama
5.1 2023
Casando a mi Ex
Twinkle, Twinkle, Lucky Stars
6.2

ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။ ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။ ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။ ဒီဇာတ်ကားက စော်ငြင်းကောင်၊ စောက်ပေါ၊ နှာဘူးဖွန်ကောင်တွေ၊ အတည်ပေါက်နဲ့ နောက်တဲ့ကောင်တွေအပြင် ဇာတ်ကောင်မျိုးစုံပါဝင်တဲ့အတွက် ရှယ်ရယ်ရမှာဖြစ်ပြီး ကြည့်ရတာတန်တဲ့ကားဖြစ်ပါတယ်။ ဒီတော့ if you need a good laugh, you better watch it လို့ သာပြောချင်ပါတယ်….. File size…(2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Family • Drama
6.2 1985 94 mins
Twinkle, Twinkle, Lucky Stars
The Day of the Jackal
7.8

The Day of the Jackal (1973) ~ IMDb – 7.8/10, Rotten Tomatoes – 90% ~ ပြင်သစ်နိုင်ငံရဲ့ ၁၉၆၂ ခုနှစ်ကတော့ နိုင်ငံရေး မုန်တိုင်းထန်တဲ့ အချိန်လို့ပဲပြောပါတော့။ စစ်ရေးဗိုလ်ချုပ်တွေကနေ နိုင်ငံတော်သမ္မတနေရာ ဝင်ယူတာမျိုးတွေ၊ စစ်ဘက်မှာလည်း နိုင်ငံရေးဆန်ချင်တဲ့အဖွဲ့နဲ့ စစ်ရေးအမြင်ကိုသာ ဆုပ်ကိုင်ချင်တဲ့အဖွဲ့တွေဆိုပြီး ဂိုဏ်းကဏ္ဍတွေ ကွဲခဲ့တဲ့အချိန်ပါပဲ။ ဒီလိုနဲ့ ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ နိုင်ငံတော်သမ္မတ ချားလ် ဒီဂေါလ် က အာဂျီးရီးယားကို လုံးဝလွတ်လပ်ရေးပေးလိုက်တယ်။ ရင်ကို မြေကတုတ်လုပ်ပြီး တစ်လက်မချင်းစီကို သွေးချောင်းစီးတိုက်ယူခဲ့ရတဲ့ စစ်ဘက်ရေးရာပုဂ္ဂိုလ်တွေကတော့ ဘယ်ကျေနပ်နိုင်ပါ့မလဲလေ။ ဒီလိုနဲ့ နိုင်ငံတော်သမ္မတကို လုပ်ကြံဖို့ OAS မြေအောက်အဖွဲ့ကို တည်ထောင်ပြီး သမ္မတကို အကြိမ်ကြိမ် လုပ်ကြံခဲ့ကြတယ်။ တစ်ခါ မအောင်မမြင်ဖြစ်တိုင်း ဦးစီးသူတစ်ယောက် အသက်ပေးလာရတဲ့အခါ OAS အဖွဲ့ကြီး ချိနဲ့လာတော့တာပေါ့။ ဒီမှာတင် နိုင်ငံခြားသား ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ကို ငွေအပုံလိုက်ပေးပြီး ငှားရမ်းလိုက်တော့တာပဲ။ သူကတော့ ခေသူမဟုတ်ဘူးပေါ့ဗျာ။ လုပ်ကြံရခက်ခဲတဲ့ နိုင်ငံတော်အဆင့်ခေါင်းဆောင်တွေကို လုပ်ကြံပြီး ခြေရာဖျောက်သွားတတ်တဲ့သူကြီး။ သူကိုယ်တိုင်ဆင်းလာပြီး ပြင်သစ်သမ္မတကို လူ့လောကထဲက မောင်းထုတ်ဖို့ ကြံစည်အားထုတ်သွားတဲ့ ဇာတ်လမ်းကောင်းပါပဲ။ ပြင်သစ်အစိုးရအဖွဲ့နဲ့ OAS အဖွဲ့တို့ကလည်း အပြန်အလှန် နှစ်ဖက်ချွန်သူလျှိုတွေနဲ့ တစ်ယောက်ခြေလှမ်း တစ်ယောက်စောင့်ကြည့်နေကြချိန်ပါ။ ဒီမှာတင် လုပ်ကြံရေးသမား အမည်ဝှက် ဂျက်ကယ်လ် (သဲကန္တာရမြေခွေး) က ပြင်သစ်အစိုးရတစ်ဖွဲ့လုံးနဲ့တစ်ယောက် ဉာဏ်ပြိုင်ပြီး လုပ်ကြံဖို့ကြိုးစားခဲ့ပုံတွေကို ၂ နာရီခွဲနီးပါး အားရပါးရ ကြည့်ရှုရပါမယ်။ သိပ်ကိုကောင်းမွန်တဲ့ ဝေဖန်ချက်တွေရခဲ့တဲ့ ဇာတ်လမ်းပါ။ ခရမ်းချဉ်သီးပုပ် ၉၀ % ရထားတာကိုသာ ကြည့်ပေတော့။ ပရိသတ်ကလည်း ကြိုက်တဲ့ရုပ်ရှင်ပဲ။ IMDb 7.8 အထိ ရထားတဲ့ 1973 ခုနှစ်က ဟောင်းပေမဲ့ ကောင်းနေဆဲဇာတ်ကားကြီးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.6GB, 1GB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 23Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Horror • Romance
7.8 1973 143 mins
The Day of the Jackal
Three Day Millionaire

ဂရင်းစဘီက ငါးဖမ်းသမား နဲ့ ဝန်ထမ်းအမျိုးသမီးတွေဟာ သူတို့ရထားတဲ့ လခတွေကို သုံးရက်တာ သန်းကြွယ်သူဌေးဆိုတဲ့ ဂုဏ်ပုဒ်ရဖို့အတွက်လေးနဲ့ ဟော့ဟော့ရမ်းရမ်းသုံးမိလိုက်တဲ့အချိန် သူတို့နောက်ထပ် သင်္ဘောမတက်ရတော့ဘူးဆိုတာ သိလိုက်ရပါတယ်။ ပိုက်ဆံလည်းပျက် မျှော်လင့်ချက်ကလည်း အင်မတန်နဲပါးလာတဲ့အခါမှာတော့ အကြီးမားဆုံး လုယက်မှုကြီးကျူးလွန်းဖို့ကြိုးစားကြပါတော့တယ် ဒါပေမဲ့ ဆိပ်ကမ်းကိုလည်း မပျက်စီးအောင်ထိန်းသိမ်းရမယ်ဆိုတော့ ဘယ်လိုများ စခန်းသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦးလို့ File size…(1.3 GB)/(725 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Boomer

0 2022
Three Day Millionaire
Mausam
4.8

Mausam (2011) “မုန်တိုင်းကို ရင်ဆိုင်၍” ၂၀၁၁ က ထွက်ရှိခဲ့တဲ့ ဟင်ဒီရိုမန့်ရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်ဗျာ မျက်နှာထားချိုချိုနဲ့ မင်းသား Shahid Kapoor နဲ့ မင်းသမီး Sonam Kapoor တို့ ပါဝင်ထားတဲ့ ဒီဇာတ်လမ်းမှာဆိုရင် ၁၉၉၂ – ၂၀၀၂ ကြား သမိုင်းနောက်ခံဖြစ်ရပ်တွေ အရေးခင်းတွေကိုပါ ထည့်သွင်းဖော်ပြထားပါတယ် ၁၉၉၂ မှာ အာရက်နဲ့ သူ့အဒေါ်ဟာ ကတ်ရှ်မီးယားကနေ Mallukut ကို ထွက်ပြေးလာပါတယ် သူ့အမေကို စစ်သွေးကြွတွေလက်ချက်နဲ့ ဆုံးရှုံးခဲ့ရတာပါ အဲဒီမှာ ပျော်ပျော်နေတတ်တဲ့ တက်တက်ကြွကြွကောင်လေး ဟယ်ရီနဲ့ စတွေ့ပါတယ် ဒီလိုနဲ့ ချစ်သူတွေဖြစ်သွားကြတယ် ဆိုပါတော့ ဒါပေမဲ့ သူတို့တွေအကြောင်းတစ်ခုကြောင့် ခွဲခွာခဲ့ရပြီး နောက်ထပ်ပြန်လည်ဆုံတွေ့ချိန်မှာလည်း နိုင်ငံရေးအခြေအနေတွေက သူတို့နှစ်ယောက်နီးစပ်ရေးကို အမျိုးမျိုးတားဆီးပြန်ပါတယ် မတူညီတဲ့ နောက်ခံမှလာတဲ့ ချစ်သူနှစ်ဦး… စစ်ပွဲ၊ ဘာသာရေးပဋိပက္ခ ခလုတ်ကန်သင်းတွေကြားမှ လွတ်လမ်းကို အတူရှာတွေ့သွားနိုင်မှာလား အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

4.8 2011
Mausam
The Emperor’s New Groove
7.3

IMDb…7.3 ,,,,,Rotten 85 ဘုရင်တစ်ပါး. ရှိတယ်.. သူဟာ လက်ဖြောက်တစ်ချက်တီးလိုက်ရုံနဲ့လိုရာအကုန်ရတယ်..လက်ညှိုးညွှန်ရာရေဖြစ်တဲ့သူ.. အရာအားလုံးဟာ သူလိုချင်တဲ့အတိုင်းဖြစ်နေတော့ ဘုရာဟာ အောက်ခြေလွပ်သလိုဖြစ်နေတယ်.. သူဟာ ဘယ်သူ့ကိုမှလည်း အထင်မကြီးဘူး… သူသည်သာ အတော်ဆုံး အတတ်ဆုံးဆိုတဲ့ ဝါဒလက်ကိုင်ထားတယ်.. ဒီလို အပြုအမူတွေကြောင့်ပဲ သူ့ရဲ့ရွှေရောင်နေ့ရာက်တွေဟာ သိပ်ကြာကြာမခံပါဘူး… တစ်နေ့မှာတော့ သူဟာ သူ့လူယုံတော်တွေရဲ့လုပ်ကြံမှုကြောင့် လူစင်စစ်ကနေ လားမားတစ်ကောင်ဘဝကိုရောက်သွားပါတော့တယ်။ အဲဒီအခြေအနေကိုသူဘယ်လိုကိုင်တွယ်မလဲ။အပေါင်းအသင်းယုံကြည်စရာတစ်ယောက်မှမရှိတဲ့ သူ့ဘဝထဲမှာ သူဘာဆက်လုပ်မလဲ။ လူ့ဘဝကိုပြန်ရောက်ဖို့ သူဘယ်လိုကြိုးစားမှာလဲ…ဇာတ်လမ်းကောင်းကောင်း Rating မြင့်မြင့် ကြည့်ရှုခံစားရမယ့် Animation ကားလေးပါ။ Imdb 7.3 Rotten Tomatoes 85% ရထားပြီး ဆုပေါင်းများစွာလည်း ရရှိထားလေတော့ Classic ကားကောင်းတစ်ကားလို့တောင်ပြောလို့ရပါတယ်။ ကိုင်း ခံစားကြည့်လိုက်ပါဦး…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ဖြစ်ပါတယ်။ File Size : 1.30GB & 560MB Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:20:00 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Tiff

Drama • Family
7.3 2010
The Emperor’s New Groove
Mother Mafia
3.3

Mother Mafia (2024) နိုင်းလ်ရဲ့ ညီအစ်မတော်တွေလို့ခေါ်တဲ့ဂိုဏ်းနဲ့ ဘုရင်ကြီးတွေလို့ခေါ်တဲ့ဂိုဏ်းနှစ်ခုကြားက ရန်ငြိုးနဲ့ တိုက်ပွဲတွေ။ ဘုရင်ကြီးတွေဂိုဏ်းကပိုင်တဲ့ လက်ဆွဲအိတ်တစ်လုံးကို ညီအစ်မတော်တွေဂိုဏ်းက ကြားဖြတ်ယူသွားရာကစလို့ တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်းကြား သွေးချောင်းစီးတိုက်ပွဲတွေ ဆက်တိုက်ဖြစ်လို့နေချိန်။ နှစ်ဂိုဏ်းလုံးအကြောင်းကို မသိဖူးမကြားဖူးတဲ့ ဆိုင်မုန်ဆိုတဲ့ မိဘမဲ့ကောင်မလေးတစ်ယောက် ကြားညပ်ပါလာပြီး သူသိမထားတဲ့ဂိုဏ်းနှစ်ခုလုံးက သူ့ဘ၀နောက်ကြောင်းနဲ့ ပတ်သက်နေတဲ့အခါမှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File size… (1.6 GB) / (790 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action Duration….01:21:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

Drama • Fantasy • History
3.3 2024 80 mins
Mother Mafia
Deadly Retreat
5

အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ လူမဲသရုပ်ဆောင်အများစုနဲ့ ရိုက်ကူးထားတဲ့ Comedy/Horror အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်.. ဒီဇာတ်ကားလေးမှာတော့ သူငယ်ချင်းစုံတွဲ ၃ ယောက်တို့ရဲ့ အပျော်ခရီးမှာ ကြုံရတဲ့ကြောက်လန့်ဖွယ် အဖြစ်အပျက်များကိုကြည့်ရှုရမှာဖြစ်ပါတယ်.. သူငယ်ချင်းစုံတွဲ ၃ တွဲတို့ဟာ အားလပ်ရက်ခရီးအဖြစ် လူဖြူအများစုနေထိုင်တဲ့ ဘလူးရစ်ဂျ်တောင်တန်းကို သွားရောက်လည်ပတ်ကြရင်း သူငယ်ချင်းတစ်ယောက် ဆန်းကြယ်စွာပျောက်ဆုံးသွားရာမှတဆင့် အကုန်လုံးနီးပါး အဖြစ်ဆိုးပေါင်းစုံနဲ့ ကြုံတွေ့ရပုံအကြောင်းကို ထိတ်လန့်ခြောက်ခြားဖွယ်တင်ဆက်ထားလို့ Horror ကား ချစ်သူပရိသတ်များအတွက် နှစ်သိမ့်မှုပေးနိုင်တဲ့ ကားလေးဖြစ်ပါတယ်… ထို့အပြင် သူငယ်ချင်း ၆ ယောက်တို့ရဲ့ ပျော်ပျော်ရွှင်ရွှင် ဟာသများကိုလည်း ပြုံးရွှင်ဖွယ်ရောစပ်ထားတာကြောင့် ပေါ့ပေါ့ပါးပါး လေးလေးပင်ပင် ရသကို ခံစားနိုင်စေဖို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ….. File size… (854 MB) / ( 434 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….46m Genre …..Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Action • Animation
5 2025 47 mins
Deadly Retreat
The Suicide Forecast
7

The Suicide Forecast (2011) *************************** IMDb-7 လူတွေအများကြီးနဲ့ ဇာတ်အိမ်တည်ထားပြီးတော့ ဘဝဆိုတဲ့အရာကို တန်ဖိုးထားရကောင်းမှန်းနားလည်အောင် ရိုက်ကူးတင်ပြထားတဲ့ ၂၀၁၁ ခုနှစ်ထွက်ဇာတ်ကားပဲဖြစ်ပါတယ်။ Main Cast အနေနဲ့ကတော့ Moving ထဲမှာ Frank နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Ryoo Seung-Bum ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း *************** ဘယ်ဗြောင်းဝူ (Ryoo Seung-Bum) ဟာ ကျွမ်းကျင်ဘေ့စ်ဘောကစားသမားအဖြစ်မှ အနားယူထားရပြီးတော့ အခုချိန် ဂျယ်အီအသက်အာမခံကုမ္ပဏီမှာ ထိပ်တန်း salesman အဖြစ် အလုပ်လုပ်ကိုင်နေသူတစ်ဦးပါ။သူဟာ ကိုရီးယားရဲ့ Top 1% ပဲ ရှိတဲ့လူချမ်းသာတွေရဲ့ ငွေကြေးကိုပါ စီမံပေးရလောက်တဲ့ထိ ထူးချွန်တဲ့သူဖြစ်ပေမဲ့လည်း အောင်မြင်ဖို့ ချမ်းသာဖို့အရေးကိုသာ ကြည့်ပြီးနေလာခဲ့တာကြောင့် အရင်ကနဲ့မတူတော့ဘဲ ဘုဂလန့် လူ့ဂွစာတစ်ယောက်ဖြစ်လာခဲ့တာပေါ့။ တစ်ရက်…ဘယ်ဗြောင်းဝူရဲ့ဧည့်သည်တွေထဲကတစ်ယောက်ဟာ အသက်အာမခံအဖွဲ့ဝင်ပြီးနောက် ရည်ရွယ်ချက်ရှိရှိနဲ့ အာမခံငွေအတွက် သတ်သေသွားခဲ့ပါတယ်။ဒါ့အပြင် ကျန်ရစ်သူမိသားစုကပါ ဘယ်ဗြောင်းဝူကို သတ်သေဖို့အတွက် လှုံ့ဆော်အားပေးမှုနဲ့ တရားစွဲလိုက်တဲ့အခါ အာမခံကုမ္ပဏီဘက်က ဘယ်ဗြောင်းဝူရဲ့ အရင် မှတ်တမ်းတွေကိုပါ ပြန်လည် စာရင်းစစ်ဝင်ပါတော့တယ်။ ဧည့်သည်တွေထဲမှာ နောက်ထပ် သတ်သေသူတစ်ယောက်သာတိုးလာရင် ဘတ်ဗြောင်းဝူရဲ့ အသက်မွေးဝမ်းကျောင်း ပျက်သုဉ်းသွားတော့မဲ့ အခြေအနေမှာ ဘယ်ဗြောင်းဝူဟာ သူ့ရဲ့အရင်ဧည့်သည်တွေထဲက သတ်သေနိုင်ခြေရှိတဲ့လူတွေ ရည်ရွယ်ချက်ရှိရှိ အသက်အာမခံအဖွဲ့ဝင်ခဲ့တဲ့လူတွေကို ပြန်လည် အမှတ်ရသွားပါတော့တယ်။ တစ်ဘို့တည်းသာ တွေးပြီး လူတကာကို သနားကြင်နာမှုမရှိတဲ့ လူ့ဂွစာ ဘယ်ဗြောင်းဝူတစ်ယောက် အဲဒီဧည့်သည်တွေနဲ့ တွေ့ဆုံပြီး အသက်အာမခံကနေ ပင်စင်အာမခံကို ပြောင်းဖို့တိုက်တွန်းရန် ကြံပါတော့တယ်။မိသားစုဝင်တွေအားလုံး နိုင်ငံခြားမှာ ရောက်ရှိနေပြီး အကြွေးတစ်ပုံတစ်ပင် ရှိနေတဲ့သူ… အကြောလိုက်ရောဂါရှိနေတဲ့ အိမ်ခြေရာမဲ့တစ်ယောက်…အမှိုက်သိမ်းတဲ့အလုပ်ကို လုပ်ကာ သားသမီးလေးယောက်ကို ရှာဖွေကျွေးမွေးနေရတဲ့အမေ…အကြွေးရှင်တွေကိုရှောင်ရင်း ဘားမှာသီချင်းဆိုကာ မောင်လေးရဲ့ဝမ်းစာကို ဖြေရှင်းနေတဲ့အစ်မဖြစ်သူ…သူတို့ရဲ့ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝတွေထဲကို ဘယ်ဗြောင်းဝူဆိုတဲ့လူတစ်ယောက် ပါဝင်ပက်သက်မိသွားတဲ့နောက်မှာ သူတို့အားလုံးရဲ့ဘဝဟာ ဘယ်လိုဆက်ဖြစ်သွားမလဲ…လူ့ဂွစာတစ်ယောက်ရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ သနားကြင်နာမှုနဲ့ သူတစ်ပါးကို ဖေးမကူညီမှုတို့ကရော ဘယ်လိုနည်းဟန်တွေနဲ့ ထွက်ပေါ်လာမလဲ…။ အသက်ရှင်နေရတဲ့ဘဝရဲ့ တဒင်္ဂအခိုက်အတန့်လေးတောင်မှ ဘယ်လောက်တောင် တန်ဖိုးရှိသလဲဆိုတာကို ထိထိမိမိ ရိုက်ကူးတင်ပြထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Yati Naingက ရေးသားထားပါတယ်) File Size – 1.83 GB/ 766 MB Quality – WEB-DL 1080p/ 720p Duration – 2h 2m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Yati Naing Encoded by – Treasure Htet

Romance • Comedy • Drama
7 2011 124 mins
The Suicide Forecast