YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Decibel.2022.720p.HEVC.WEB-DL.[RMC].mp4

950.89 MB N/A video/mp4 12 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Exorcism of God
7.2

Exocrism ဆိုတာကတော့ လူတွေကိုယ်ထဲကို ဝင်ပူးနေတဲ့ မကောင်းဆိုးရွားကို နှင်ထုတ်တာဆိုပေမဲ့ ဒီဇာတ်ကားရဲ့နာမည်ကတော့ ဘုရားသခင်ကို နှင်တာပါတဲ့။ ဇာတ်လမ်းအကျဉ်းကတော့ မကောင်းဆိုးရွား ပူးကပ်ခံထားရတဲ့ ကောင်မလေးတစ်ယောက်ကို ကယ်ချင်ဇောနဲ့ အတွေ့အကြုံမရှိသေးတဲ့ ဘုန်းကြီးလေးက အပနှင်ဖို့ကြိုးစားပေမဲ့ မကောင်းဆိုးရွားရဲ့ စေ့ဆော်မှုကို မတွန်းလှန်နိုင်ဘဲ အပမှီနေတဲ့ ကောင်မလေးနဲ့ အိပ်မိသွားပါတယ်။ မကောင်းဆိုးရွားကတော့ ဒီအမှုကိုကျူးလွန်ပြီးတော့ ထွက်သွားပါတယ်။ အတွေ့အကြုံမရှိသေးတဲ့ ဘုန်းကြီးလေးက မကောင်းဆိုးရွားကို နှင်နိုင်ခဲ့လို့ သူတော်စင်လို့ နာမည်ကျော်လာပါတယ်။ ဒါပေမဲ့ တကယ်ဖြစ်ပျက်သွားတဲ့ ကိစ္စကိုတော့ သူနဲ့ ဘုရားသခင်နဲ့ နတ်ဆိုးပဲ သိနိုင်တာပေါ့။ နတ်ဆိုးက ဒီအတိုင်းထွက်သွားတာနဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ အစီအစဉ်တွေရှိနေတာကို နောက် ၁၈ နှစ်ကြာမှ သိလာရပါတယ်။ ဒီဇာတ်ကားမှာတော့ ဘုရားသခင်ရဲ့ အစီအစဉ်တွေကိုတင်မဟုတ်ဘဲ နတ်ဆိုးရဲ့အစီအစဉ်တွေကိုလည်း တွေ့ရမှာပါ။ နတ်ဆိုးရဲ့ အစီအစဉ်တွေကဘယ်လိုလဲဆိုတာတော့ ဇာတ်ကားကိုပဲ ကြည့်လိုက်ကြစေချင်ပါတယ်။ ပုံမှန် သရဲပူးလို့ ဖာသာက သရဲနှင် သရဲထွက် ဖာသာနိုင် ဇာတ်လမ်းတွေကနေကွဲထွက်ပြီး ဖာသာရဲ့ ယုံကြည်မှုကို နတ်ဆိုးက ကစားပြီး သူ့ဘက်ပါအောင် သိမ်းသွင်းတဲ့ ထူးထူးခြားခြား ဇာတ်အိမ်မျိုးပါပဲ။ ဗာတီကန်က ဘုန်းတော်ကြီးတွေရဲ့ လိုက်နာရမယ့် နည်းစနစ်တွေ ဥပ‌ဒေ‌တွေကိုတောင်မှ သရော်ပြ မေးခွန်းထုတ်ပြထားတဲ့ Horror ကားကောင်းတစ်ကားပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size - 800MB, 424MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 38Min Genre - Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Action
7.2 2022 98 mins
The Exorcism of God
Aaraattu
4.8

2022ခုနှစ်ထွက် Aaraattuဆိုတဲ့ ကားလေးကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားကတော့ မူသာလက်ကိုတာဆိုတဲ့ ရွာလေးမှာရှိတဲ့ မြေနေရာတစ်ခုကို ငှားရမ်းလိုက်တဲ့ နေရန်တင် ကာရာဂိုပန်ဆိုတဲ့လူတစ်ယောက်နဲ့ ရွာမှာ ရေလွှမ်းမှုဖြစ်တုန်းက ရွာကိုကူညီဖို့ရောက်လာတဲ့ အကြီးအကဲတစ်ယောက်နဲ့ လူလေးယောက်ကြားထဲက ဇာတ်လမ်းကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ ရွာမှာ ရှိနေခဲ့တဲ့ မာသာရီဆိုတဲ့ လူတစ်ယောက်ပိုင်ဆိုင်တဲ့ ရေလွှမ်းနေတဲ့မြေကို အစိုးရက စိုက်ပျိုးရေးလုပ်ခိုင်းတာမို့ အကျိုးအမြတ်ဖြစ်အောင်လုပ်ချင်တဲ့ မာသာရီဟာ ဂိုပန်ကို မြေဖို့ဖို့အတွက် လူငှားလိုက်ပါတော့တယ်။ စီးပွားရေးသမား၊ အလုပ်သာဖြစ်မယ်ဆို ဘယ်သူ့မျက်နှာကိုမှ မငဲ့တဲ့ ဂိုပန်ဟာ အဲဒီမြေကို အခွန်ဦးစီးဌာနမှူးဆီမှာ ငါးမွေးမြူရေးအတွက်​တောင်းရမ်းပါတော့တယ်။ ငွေရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြားက တင်းမာမှုတွေ၊ အကျိူးစီးပွားကိုပဲကြည့်တဲ့လူတွေကြားမှာ ရိုးသားတဲ့ရွာသူရွာသားတွေနဲ့ သာယာပြီး နေထိုင်ချင်စဖွယ်ကောင်းတဲ့ ရွာလေးကရော တောင့်ခံထားနိုင်ပါ့မလား။ အဲဒီအပြင် ဒီရွာကို ရောက်လာခဲ့တဲ့ ဂိုပန်ဟာရော ဒီတိုင်းရောက်လာခဲ့တာလား၊ သူဖုံးကွယ်ထားတဲ့ အတိတ်တစ်ခုခုရှိနေတာလားဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦးနော်။ IMDb 5.3ရထားတဲ့ ကားကောင်းလေးဖြစ်ပြီး ရိုက်ကူးထားသူကတော့ ဒါရိုက်တာ B. Unnikrishnanပဲဖြစ်ပါတယ်။ အခုပဲ CM ပရိသတ်ကြီးကိုတင်ဆက်ပေးလိုက်ပါပြီ File size…3.4GB / 1.6GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 47mins Subtitle….Myanmar Subtitlte (Hard Sub) Encoder….YK Translated by Poe & Yunni & Eaint

Horror
4.8 2022 168 mins
Aaraattu
Spider-Man: No Way Home
8

စောင့်မျှော်နေရတဲ့ Spider-Man : No Way Home ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ IMDb 9.1 ရရှိထားပီး Rotten tomatoes : 94% ရရှိထားပြီး နိုင်ငံတကာမှာ ဝက်ဝက်ကွဲ အောင်မြင်နေတယ်ဆိုတာ အကုန်လုံးလည်းသိပြီးသားဖြစ်မှာပါ အညွန်းကတော့... Spider-Man : Far From Home အပြီးမှာ ပီတာရဲ့ Identity ကို Mysterioက ဖေါ်ထုတ်လိုက်တဲ့ cliffhanger နဲ့အဆုံးသတ်ထားတာကိုတွေ့ရမှာပါ..အခုဇာတ်ကားကလည်း အဲ့နေရာကပဲ စတင်ခဲ့ပြီး ပီတာနဲ့ MJ တို့ ထွက်ပြေးကြရတာပေါ့ လူထုရဲ့ရန်သူ နံပါတ် ၁ ဖြစ်လာပီးတဲ့နောက်မှာ ပီတာ တစ်ယောက်အခက်အခဲတွေအများကြီးကြုံတွေ့ပြီး ပီတာရဲ့ အနီးကချစ်ရတဲ့သူတွေပါ အကုန်ထိခိုက်ကုန်ပါတော့တယ်..ချစ်သူ မုန်းသူ ရှိစမြဲဆိုပေမယ့် အခက်အခဲက ပိုများနေတာမို့ ပီတာတစ်ယောက် ကြံရာမရဖြစ်ပြီးတော့ ဒေါက်တာထူးဆန်း ဆီကို အကူအညီတောင်းဖို့သွားပါတော့တယ်..Dr.Strange ကလည်း ပီတာကို ကူညီဖို့အတွက် အန္တရာယ်များတဲ့ Spell တခုကိုလုပ်ဆောင်ရင်း ပီတာရဲ့ ဝင်ရှုပ်မှုကြောင့် spell ဟာ ကပေါက်တိ ကပေါက်ချာတွေဖြစ်ကုန်ပြီး Multiverse က ဧည့်သည်တွေရောက်လာတဲ့အခါမှာတော့ ပီတာတစ်ယောက်ဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာဆက်လက်ခံစားကြည့်လိုက်ရအောင်။ IMDB : 9.1/10 Filesize-3GB/1.3GB/700MB Rotten tomatoes : 94% Quality : BluRay 1080p & 720p & 480p Format : mp4 Genres : Action , Adventure , Fantasy During : 2h 28 mins Release Date : 15 December 2021 Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK, Mr.Anderson

Action • Drama • History
8 2021 148 mins
Spider-Man: No Way Home
A Day and a Half
6

ဆွီဒင်နိုင်ငံရဲ့ မြို့ငယ်လေးတစ်မြို့ရှိ ဆေးရုံတစ်ရုံကို ဒေါသထွက်နေတဲ့ လူတစ်ယောက် ရောက်လာပြီး ဆေးရုံဝန်ထမ်းဖြစ်တဲ့ သူ့မိန်းမနဲ့ တွေ့ခွင့်တောင်းပါတယ်။ ကောင်တာက အမျိုးသမီးဖြစ်သူစောင့်ခိုင်းတာတောင် စိတ်မရှည်ဖြစ်လာပြီး ထိုသူဟာ သေနတ်နဲ့ ထုတ်ချိန်ပြီး သူ့မိန်းမကို အတင်းအကြပ်ခေါ်ခိုင်းပါတော့တယ်။ အဲဒီ နောက် ရဲတွေရောက်လာချိန်မှာတော့ သူ့မိန်းမကို ပြန်ပေးဆွဲပြီး ဓါးစာခံလုပ်ပါတော့တယ်။ ဒီလူ အခုလိုဆေးရုံမှာ အတင်းပြန်ပေးဆွဲတာက ဘာကြောင့်လဲ၊ သူ ဒေါသထွက်စရာအကြောင်းကရော တကယ်ဒေါသ ထွက်စရာလား၊ သူ့ မိန်းမကိုရော သူဘာလုပ်ပစ်မှာလဲ ဆိုတာကို စိတ်ဝင်စားစရာရိုက်ကူးထားပါတယ်။ အစပိုင်းမှာ ဒီလိုလုပ်ရပ်ကို ရှုတ် ချစရာဖြစ်ခဲ့ပေမယ့် ပြန်ပေးသမားရဲ့ ဘဝအကြောင်းကို ပြောရင်း ပြောပြရင်း သူ့နေရာမှာ ငါသာဆို ဒီလိုပဲဖြစ်သွား နိုင်မလားဆိုတဲ့ အတွေးဝင်လာနိုင်အောင် ဖော်ကျူးထားတဲ့ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းမှာ ပြန်ပေးသမား၊ ပြန်ပေးသမားရဲ့မိန်းမနဲ့ ရဲသားတစ်ယောက်ပဲ အဓိကပါဝင်ပါတယ်။ ဒါပေ မယ့် ဒီ ၃ ယောက်တည်းနဲ့ ဇာတ်လမ်းတစ်ခုလုံးဟာ ပြည့်စုံသွားပါတယ်။ သူတို့ ၃ယောက်ရဲ့ ဘဝအနိမ့်အမြင့်တွေ ကိုကြည့်ရှုခံစားရင် ကိုယ့်ကိုယ်တိုင်လည်း သူတို့နေရာရောက်သွားသလို ခံစားရနိုင်တဲ့ ဇာတ်ကားကောင်းလေး ဖြစ် ပါတယ်။ File size…1.69GB / 752MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ko Myo

Western • Action • Drama
6 2023
A Day and a Half
96
8.9

96 (2018) ” ငါတို့ ဘယ်ရထားမှာ လွဲခဲ့သလဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ ။ ခင်ခင်ပျိုရေ ….. ငါ စောင့်ခဲ့တယ် ။ ။ #အောင်ချိမ့် အချစ်ဆိုတာလည်း အချိန်ကို စောင့်တတ်တာမျိုး မဟုတ်ပါဘူး။ ဖူးစာဆိုတာဟာလည်း ဦးရာလူပါပဲ။ လွဲရမဲ့ ကံကြမ္မာတွေဟာ လွဲကို လွဲကြရတာပါပဲ။ မဆုံဆည်းဖြစ်ခဲ့တဲ့ ကံကြမ္မာက တစ်ပတ်လည်လို့ မဖြစ်မနေ ပြန်လည် ဆုံဆည်းရမယ် ဆိုပါစို့။ အဲဒီအချိန်တွေကို တန်ဖိုးရှိအောင် အသုံးချရမှာပေါ့။ ဖြူစင်လွန်းတဲ့အချစ်တွေက ပိုင်ရှင်အတွက် တန်ဖိုး ရှိပေမဲ့ လက်ခံသူထားတဲ့တန်ဖိုးပေါ် မူတည်ပြီး တန်ဖိုးတွေက ပြောင်းလဲလို့ နေပါတယ်။ အထက်တန်းကျောင်းသားဘဝကတည်းက အခြေတည်ခဲ့တဲ့အချစ်တစ်ခုဟာ အကြောင်းအမျိုးမျိုးကြောင့် အလွဲလွဲ အချော်ချော်တွေ ဖြစ်ခဲ့ရပြီး ကံကြမ္မာ မျက်နှာသာမပေးလို့ အနီးဆုံးမှာ ရှိနေပေမဲ့ အဝေးကြီး ဝေးခဲ့ရတဲ့အဖြစ်တွေ …. “ငါတို့တွေ ပြန်တွေ့ရတဲ့အချိန် ငါ့မှာလည်း အကြွေးတွေနဲ့ နင့်မှာလည်း ကလေးတွေနဲ့” ဆိုတဲ့ စကားဟာ ကြားရရင် ဟာသစွက်သလို ဆိုပေမဲ့ ခံလိုက်ရတဲ့ကောင်ကတော့ ရင်အနင့်ကြီး နင့်ရသပေါ့။ အချစ်ဦးကို အိမ်ထောင်သည်အဖြစ် ပြန်တွေ့ရတဲ့အခိုက်အတန့် တစ်ညလုံး မအိပ်ဘဲ ကိုယ် မျိုသိပ်ခဲ့ရတဲ့ အချစ်တွေကို ရင်ဖွင့်ခွင့် ရခဲ့တဲ့လူတစ်ယောက်ရဲ့ အရိုးသားဆုံး အဖြူစင်ဆုံး ဝန်ခံချက်တွေကြောင့် ဒီဇာတ်ကားကို ကြည့်တဲ့ သူတွေလည်း နင့်နေ‌အောင် ခံစားကြရမှာပါပဲ။ ၉၆ ဆိုတဲ့ ၁၉၉၆ ခုနှစ်က အထက်တန်းကျောင်းသားလေး နဲ့ ကျောင်းသူလေးရဲ့ နှစ် ၃၀ ကြာမှ ဖြေရှင်းခွင့် မရခဲ့တဲ့ အကြောင်းတွေကို ဖြေရှင်းခွင့် ရခဲ့တဲ့အခါမှာ အရာရာဟာ နောက်ကျသွားခဲ့ပြီ ဆိုပေမဲ့ မပြောဖြစ်ခဲ့တဲ့ စကားတွေကို ပြောခွင့်ရတဲ့ တစ်ညတာက အင်မတန် တန်ဖိုးရှိလှပါတယ်။ တစ်ညလုံးလုံး မအိပ်ဘဲ စကားပြောဖြစ်လောက်အောင်အထိ အတူတူ ရှိနေချိန်တွေက တန်ဖိုး ရှိနေခဲ့တဲ့ ဇာတ်လမ်းလေး။ အချစ်ဦး နဲ့ လွဲခဲ့တဲ့လူတွေ ဒီဇာတ်လမ်းကို ကြည့်ပြီး မငိုရဘူးဆိုရင် ကြိုက်သလို ပြောပါ။ အင်္ဂလိပ်မှာ 500 Days of Summer ကိုရီးယားမှာ On your wedding day တရုတ်မှာ My Love ထိုင်းမှာ One Day ဆိုရင် …. ဒီတောင်ပိုင်းကား 96 ကလည်း အဲဒီအနွယ်ဝင်ပဲ ဖြစ်ပါလိမ့်မယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ August ပဲ ဖြစ်ပါတယ်။ Genre….. Romance, Drama Quality…. 1080p | 720p File size… 2.13GB | 1GB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. August Encoder ….. Aaron

Comedy • Mystery
8.9 2018 159 mins
96
The Constant Gardener
7.4

အခုတစ်ခါမှာတော့ ပရိတ်သတ်ကြီးကို The Constant Gardener ဆိုတဲ့ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးမှာတော့ Harry Potter ထဲက ဗိုဒါမော့ကြီးနဲ့အတူ The Mummy ထဲက မင်းသမီးလေးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ဒီဇာတ်ကားလေးက Drama Mystery လေးပါ IMDB rating လည်း 7.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းလေးပါ ဇာတ်လမ်းအကျဥ်းလေးကတော့ ကန်ယာမြောက်ပိုင်းကဝေးလံလှတဲ့နေရာမှာ တက်ကြွလှုပ်ရှားသူ တက်ဆာနဲ့သူမရဲ့သူငယ်ချင်း ဒေါက်တာအာနိုးဘလွန်းတို့အသတ်ခံခဲ့ရပါတယ် အဲ့နောက်မှာ တက်ဆာရဲ့ခင်ပွန်းဖြစ်သူ ဂျင်စတင်ဟာသူ့ဇနီးသည်သေဆုံးမှုကို လိုက်လံစုံစမ်းကြည့်တဲ့အခါမှာ တက်ဆာဟာ အာဖရိကမှာ ဘေးဖြစ်စေတဲ့ဆေးတွေကိုစမ်းသပ်နေတဲ့အတွက် ​ဆေးကုမ္ပဏီတွေကို တိုင်ကြားစာရေးခဲ့တာကိုသိခဲ့ရပါတယ် သူ့ဇနီးရဲ့သေဆုံးမှုဟာ အဲ့ဆေးကုမ္ပဏီတွေနဲ့ပက်သက်နေမလားဆိုတာကို ဂျက်စတင်တစ်ယောက် အန္တရာယ်တွေကြားကနေ မရပ်မနားစုံစမ်းပါတော့တယ် ဂျက်စတင်တစ်ယောက်အမှုမှန်ကိုရှာဖွေနိုင်မလား ရှာမဖွေနိုင်ခင်မှာပဲ သုတ်သင်ခံလိုက်ရမလားဆိုတာကိုဇာတ်ကားလေးထဲမှာကြည့်ရှုနိုင်မှာပါ ဒီဇာတ်ကားလေးမှာ ဂျက်စတင်နဲ့တက်ဆာရဲ့ချစ်ခြင်းမေတ္တာနဲ့ ဆေးဖြန့်ချီရေးကုမ္ပဏီတွေရဲ့ အကျိုးအမြတ်ရဖို့ဘာကိုမှမငဲ့ကြည့်တာတွေ အာဖရိကလူမည်းတွေအပေါ်မှာ ဘယ်လိုရက်စက်ကြလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.9 GB)/(1.8 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:09:00 Genre…Drama, Mystery, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

7.4 2005 129 mins
The Constant Gardener
Háromezer számozott darab(Three Thousand Numbered Pieces)
6.6

အခုတင်ဆက်မယ့်ဇာတ်ကားကတော့ review ရေးမယ်ဆိုရင် plot ကိုအကျဉ်းရေးပြလို့ကောင်းတဲ့ ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းဇာတ်ကွက် plot ပိုင်းကိုဦးစားပေးတည်ဆောက်ထားတဲ့ ရုပ်ရှင်မျိုးမဟုတ်လို့ပါပဲ။ Reality Show တစ်ခု၊ ပြဇာတ်တစ်ခုကို အဓိကမူတည်တင်ဆက်ပြီးမှ drama ရောမွှေထားတဲ့ ရုပ်ရှင်ကားမျိုးဖြစ်ပါတယ်။ ဇာတ်ကောင်တွေရဲ့ နောက်ခံအကြောင်းအရာတွေကိုလည်း အဓိကအသားကိုပံ့ပိုးပေးတဲ့ ဟင်းခတ်အမယ်တွေကို တို့ကနန်းဆိတ်ကနန်း ဖြူးထည့်ထားတဲ့ ဟင်းတစ်ခွက်လို အစီအစဥ်တကျမဟုတ်ဘဲ အလျဉ်းသင့်သလို တင်ပြထားပါတယ်။ ဒါရိုက်တာအနေနဲ့ သူတင်ပြချင်တဲ့ အကြောင်းအရာနဲ့ ပေးချင်တဲ့သင်ခန်းစာ၊ သတင်းစကားကို သူ့စိတ်ထဲရှိသလို တင်ဆက်ထားတာဖြစ်လို့ ကြည့်ရှုသူအနေနဲ့တော့ သဘောတွေ့ချင်မှ တွေ့ပါလိမ့်မယ်။ သူအဓိကပြောချင်တဲ့ ဟန်ဂေရီက လူမျိုးရေးခွဲခြားမှု (အထူးသဖြင့် ဂျစ်ပစီ) လူမျိုးများရဲ့ ခံစားချက်တွေ၊ ကြေကွဲစရာအဖြစ်တွေနဲ့ နစ်နာမှုတွေကို ပြဇာတ်အသွင်ပြောင်းပြီး တင်ဆက်ထားတာဖြစ်လို့ တမူထူးခြားတဲ့ ရသမျိုးခံစားရမှာပါ။ ဒီဇာတ်ကားကိုကြည့်ပြီး လူမျိုးရေးခွဲခြားမှုဆိုတာ တစ်ကမ္ဘာလုံးအနှံ့ ဘယ်နေရာမဆိုရှိနေနိုင်တဲ့ အယူဝါဒတစ်ခုဖြစ်တယ်ဆိုတာ သဘောပေါက်လာနိုင်မှာဖြစ်ပါတယ်။ လူမျိုးတစ်မျိုးဟာ မိမိကိုယ်ကိုအရမ်းမြင့်မြတ်တယ်၊ တော်တယ်လို့ ထင်နေခြင်းဟာ လူမျိုးရေးခွဲခြားမှုကို ဦးတည်စေနိုင်သလို ခွဲခြားခံရတယ်လို့ထင်နေသူလူမျိုးစုဟာလည်း အငုံ့စိတ်အားကြီးပြီး တစ်ခုခုဆိုတိုင်း ငါတို့ဟာခွဲခြားခံနေရပါတယ်ဆိုပြီး အရမ်းကာရောသိမ်ငယ်နေခြင်းဟာလည်း လူမျိုးရေးခွဲခြားမှုကို ပုံစံတစ်မျိုးနဲ့ အားပေးနေသလိုဖြစ်တယ်ဆိုတာကို သုံးသပ်တွေ့ရှိနိုင်ပါတယ်။ ဇာတ်လမ်းအကြမ်းဖျဉ်းကတော့ ဟန်ဂေရီပြဇာတ်ဆရာတစ်ယောက်က ဂျစ်ပစီလူငယ်ငါးယောက်နဲ့ Reality Show တစ်ခုတင်ဆက်တဲ့အကြောင်းပါ။ လူငယ်ငါးယောက်က အရင်က ဆေးသမား၊ ပြည့်တန်ဆာ၊ ရာဇဝတ်ကောင်၊ အနိုင်ကျင့်ခံရသူ စသဖြင့် စိတ်ဒဏ်ရာတစ်ခုခု ရှိထားကြသူတွေ ဖြစ်ပါတယ်။ သူတို့ကြုံတွေခဲ့ရတဲ့ အဖြစ်မှန်တွေ၊ အတွေအကြုံတွေကို တင်ဆက်ရမယ့်အစား အံချော်ပြီး ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေ၊ နာကျင်မှုတွေ၊ မညီမျှတွေကို ထုတ်ဖော်ပြသမိကြတဲ့အခါ ပြဇာတ်ဟာ စီစဉ်ထားသလို မဟုတ်တော့ဘဲ တလွဲတချော်တွေ ဖြစ်ကုန်ပါတယ်။ ဇာတ်လမ်းဟာ ပြဇာတ်ရဲ့ပြကွက်တွေဘက်ကို ပြလိုက်၊ တကယ့်လက်တွေ့ဘဝဘက်ကို ပြန်သွားလိုက်နဲ့ အတော်လေးတော့ သောင်းပြောင်းထွေလာနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်တင်ဆက်နေကျ ဇာတ်ကြောင်းပြောဟန်ကနေခွဲထွက်ပြီး ရသတစ်မျိုးကိုကွဲပြားစွာခံစားလိုတဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေနိုင်မှာပါ။ ဟန်ဂေရီစကားပြော ဟန်ဂေရီဇာတ်ကားဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာစတင်ပြသခဲ့ပါတယ်။ ဒါရိုက်တာကတော့ Adam Csaszi ဖြစ်ပြီး Kristof Horvath၊ Agota Benedek၊ Fraciska Farkas၊ Romeo Papai၊ Csaba Gerner စတဲ့ဟန်ဂေရီသရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။ European Film Festival Palic 2023 မှာ အကောင်းဆုံးဒါရိုက်တာဆုရထားပြီး Tallinn Black Nights Film Festival 2022 မှာလည်း ဆန်ကာတင်နှစ်ဆုရခဲ့ပါတယ်။ IMDb rating ကတော့ 6.6 ရထားပါတယ်။ File size…(1.1 GB)/(749 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Action • Romance • Thriller
6.6 2022 97 mins
Háromezer számozott darab(Three Thousand Numbered Pieces)
Fleet of Time
5.6

ဒီတစ်ခါမှာတော့ တရုတ် romance ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားနာမည်ကတော့ fleet of time လို့ခေါ်ပြီးတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ၁၉၉၀ – ၂၀၀၀ ပြည့်နှစ်ကြားမှာ အထက်တန်းကျောင်းသားဘဝကို ဖြတ်သန်းခဲ့ကြတဲ့ သူငယ်ချင်းတစ်ဖွဲ့အကြောင်းကို အဓိက ရိုက်ကူးထားတာဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်တွေအနေနဲ့ မင်းသား Eddie Peng က ချန်ရွှင်အဖြစ်နဲ့ နာမည်ကြီးရုပ်ရှင် Lost in the Stars ထဲက မင်းသမီး Ni Ni က ဖန်းဟွေအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဖန်းဟွေဟာ တခြားကျောင်းကနေ ပြောင်းလာတဲ့ ကျောင်းသူအသစ်ပါ။ အမြဲတမ်း တစ်ယောက်တည်း သီးသန့်နေတတ်ပြီး ဘယ်သူနဲ့မှလည်း စကားမပြောပါဘူး။ ချန်ရွှင်က ဖန်းဟွေကို စစတွေ့ချင်းနေ့မှာတင် စိတ်ဝင်စားသွားခဲ့ပြီးတော့ ဖန်ဟွေရဲ့ အာရုံစိုက်မှုကိုရဖို့ နည်းမျိုစုံသုံးတော့တာပေါ့။ ချန်ရွှင်တို့ သူငယ်ချင်းအဖွဲ့ထဲက လင်းကျားမော့ဆိုတဲ့ ကောင်မလေးရဲ့ ဖန်တီးပေးမှုကြောင့် ဖန်းဟွေလည်း ချန်ရွှင်တို့အဖွဲ့ထဲကို ရောက်လာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ချန်ရွှင်ဟာ ဖန်းဟွေရဲ့ နာကျင်စရာ အတိတ်စိတ်ဒဏ်ရာကို သိသွားရင်းကနေ ချစ်မိသွားခဲ့ပါတယ်။ ဖန်းဟွေကလည်း ချန်ရွှင်ကို ပြန်ချစ်နေခဲ့တာမလို့ နှစ်ယောက်ဟာ ရည်းစားတွေဖြစ်သွားခဲ့ကြပါတယ်။ ဒါပေမဲ့လည်း တစ်ခါတလေမှာ အချစ်ဆိုတဲ့အရာက ဒီလူတစ်ယောက်နဲ့စခဲ့ပြီး ဒီလူနဲ့ပဲ အဆုံးသတ်မယ်လို့ တပ်အပ်မပြောနိုင်တဲ့ အရာတစ်ခုပါပဲ။ အထူးသဖြင့် အထက်တန်းဘဝမှာ စတင်တွေ့ရှိခဲ့တဲ့ အချစ်ဟာ တစ်သက်စာ အတူရှိသွားနိုင်ဖို့က လက်တွေ့မှာ မလွယ်ကူခဲ့ပါဘူး။ ချန်ရွှင်နဲ့ ဖန်းဟွေဟာလည်း အချိန်ရေစီးကြောင်းထဲမှာ ဖြတ်သန်းနေတဲ့ လူတွေပဲဖြစ်တာမလို့ သူတို့နှစ်ယောက်ကရော အချိန်ရဲ့ စမ်းသပ်မှုတွေကို ကျော်လွှားနိုင်ပါ့မလား။ အထက်တန်းဘဝမှာ ထားရှိခဲ့တဲ့ ကတိတွေကိုရော တစ်သက်စာ တည်သွားနိုင်လိမ့်မလားဆိုတာကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ကြည့်ရှုလိုက်ပါ။ ဇာတ်လိုက်နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းအပြင် ကျောင်းသားဘဝမှာ တွေ့ကြုံလေ့ရှိတဲ့ အချစ်မေတ္တာတွေ၊ လွဲချော်သွားခဲ့တဲ့ ရေစက်တွေ၊ ချစ်တိုင်းလည်း မနီးစပ်နိုင်တာတွေ…. ဒါတွေအားလုံးကို ရိုက်ပြထားတာမလို့ ရင်ထဲမှာ ခပ်ဆွေးဆွေးဖြစ်စေမယ့် ရုပ်ရှင်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ ပရိသတ်ကြီးတို့လည်း လက်မလွတ်တမ်း ကြည့်ရှုလိုက်ပါဦးနော်။ File size… 2.4 GB / 660MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 59m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

Crime • Romance • Drama
5.6 2014
Fleet of Time
Laila Majnu
7.7

Laila Majnu (2018) ကိန္ဒရီ ကိန္ဒရာ ဒဏ္ဍာရီ Genre – Drama, Romance IMDB – 7.7/10 ၇ ရာစုလောက်မှာ Layla and Majnun ဆိုတဲ့ အာရေဗျ အချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့တယ်။ ခုထက်ထိ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပြီး ပါရှားဒေသ၊ အာရေဗျဒေသနဲ့ အာရှတစ်လွှား လူတိုင်းက ပြောဆိုခဲ့ကြတဲ့ ရှေးဟောင်းရိုးရာ ပုံပြင်လေးတစ်ပုဒ်ပေါ့။ အချစ်ပုံပြင်လေးသာဆိုတာပါ ပျော်ရွှင်စရာအတိချည်းပဲတော့ ဖြစ်မနေပါဘူး ဆရာကြီး ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူးလိယက်ဆန်ဆန်ပဲ ပြောရမှာပေါ့လေ။ ဒါပေမဲ့ ဒီပုံပြင်လေးဟာ ကြီးမားလှတဲ့ အချစ်စွမ်းအားတွေ၊ ကွဲကွာခြင်းရဲ့ သေလုမတတ် နာကျင်ရခြင်းတွေ၊ အသိုင်းအဝိုင်းတွေရဲ့ ကန့်သတ်မှု ပညတ်ချက်တွေကို မီးမောင်းထိုးပြထားတာပါ။ ဒီ ရိုးရာပုံပြင်လေးကိုပဲ အိန္ဒိယနိုင်ငံရဲ့ အေးချမ်းသာယာလှပတဲ့ ကက်ရှမီးယားပြည်နယ်မှာ အခြေပြုပြီး ယနေ့ခေတ်ကာလအတိုင်း ပြန်လည် ဆန်းသစ်ထားတဲ့ အချစ်ရုပ်ရှင်လေး ဖြစ်ပါတယ်။ လိုင်လာဆိုတာက စိတ်ကူးယဉ်ဆန်ဆန် အချစ်ရဲ့အကြောင်းတွေကို တွေးတောမှိန်းမောပြီး ရင်ခုန်နေတဲ့ လှပချောမောတဲ့ မိန်းမပျိုလေးတစ်ယောက်။ ထူးဆန်းတဲ့ အိပ်မက်တစ်ခုကိုလည်း ထပ်ခါတလဲလဲ မက်လို့ပေါ့လေ။ တစ်မြို့လုံးက ကာလသားတွေကလည်း အရူးအမူး ဝိုင်းပိုးပန်းတာခံရပြီး အလှဂုဏ်လေးတဝင့်ဝင့်နဲ့ ရှိနေတဲ့သူ။ ဒီအချိန်မှာ လိုင်လာ့အချစ်ဆိုတဲ့ ပြိုင်ပွဲလေးထဲကို ဝင်ရောက်လာသူက သူများတွေနဲ့ မတူပဲ တစ်မူထူးခြားသူ ဖြစ်နေခဲ့တယ်။ မြို့မျက်နှာဖုံးရဲ့ သားတစ်ယောက်၊ ချမ်းသာကြွယ်ဝပြီး အလိုလိုက်ခံထားလို့ ပျက်စီးနေတယ်၊ မူးယစ်ဆေး မိန်းမ လောင်းကစား အကုန်လုပ်တယ် စသဖြင့် မကောင်းသတင်း ကောလဟာလတွေနဲ့ နာမည်ဆိုး ရထားသူ ကာစီပေါ့။ ဒီလိုနဲ့ ထူးခြားသစ်လွင်တဲ့ အချစ်ဇာတ်လမ်းလေး ဖူးပွင့်လာမယ့်အချိန်မှာ မိဘပတ်ဝန်းကျင် အခြေအနေ အဆင့်အတန်း အာဃာတ ပညတ်ချက် စတဲ့ ဒေဝါမုန်တိုင်းတွေ ဝင်ရောက်လာခဲ့ချိန်မှာတော့…….။ ကက်ရှမီးယားပြည်နယ်ရဲ့ သာယာလှပတဲ့ ရှုခင်းတွေ ရှုမငြီးလှတဲ့ မင်းသား မင်းသမီးလေးတွေကို သာယာနာပျော်ဖွယ် သံစဉ်လေးတွေနဲ့အတူ ချိုခါးခါး ဖျော်စပ်ထားတဲ့ အချစ်တစ်ခွက်ကို သောက်သုံးကြည့်လိုက်ရအောင်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)

7.7 2018 139 mins
Laila Majnu
A Song from the Dark
6.6

IMDb Rating(6.6/10) နိုင်ဂျီးရီးယားကရှေးခေတ်အယူအဆတွေအပေါ်မှာ အခြေခံထားတဲ့ သာဘာဝလွန်ဖြစ်ရပ်ကားလေးပါ၊ ဆုတောင်းသံတွေကြောင့် ဝိညာဉ်တွေဟာ သက်ရှိလောကစွပ်ဖက်နိုင်စွမ်းရှိပြီး ဒီလိုစွပ်ဖက်မှုကိုလည်း ကာကွယ်ပေးတဲ့သူတွေကလည်းရှိပါတယ်၊ Ashionye တို့မျိုးရိုးဟာ seers လို့ခေါ်တဲ့ သက်ရှိတွေကို ဝိညာဉ်တွေလက်ထဲကနေကာကွယ်ပေးတဲ့သူတွေပါ၊ Ash ကလည်းဒီပါရမီကိုဆက်ခံခဲ့ရပြီး ငယ်ငယ်ထဲက သူ့အဖေဟာ ဝိညာဉ်တွေရဲ့ခေါ်ဆောင်သွားခြင်းကိုခံခဲ့ရတာမို့ တကောင်ကြွက်ဖြစ်ခဲ့ရတာပါ၊ အဲ့ဒီနောက်မှာ Magnus နဲ့ Isioma တို့လင်မယားက England ကိုခေါ်သွားတာကြောင့် England မှာဘဝအသစ်စခဲ့ရပါတယ်၊ အရွယ်ရောက်လာတဲ့အခါ သူ့ရဲ့ပါရမီကိုအသုံးချပြီး ငွေရှာနေခဲ့ပါတယ်၊ Magnus နဲ့ Isioma တို့ကလည်းအတူမနေကြတော့ပဲ Isioma ကသူကလေးတွေနဲ့အတူ သူ့သတို့သားလောင်း Russell နဲ့အတူနေထိုင်နေကြတာပါ၊ Magnus ကနိုင်ဂျီးရီးယားနိုင်ငံရေးသမားတယောက်ဖြစ်လာခဲ့ပြီး တရက်မှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့ ကိုယ့်ဟာကိုသတ်သေသွားခဲ့ပါတယ်၊ ဒါဟာသမရိုးကျသေဆုံးခဲ့ရတာမျိုးမဟုတ်ဘဲ ‌အမှောင်ထုကဝိညာဉ်‌တွေနဲ့ဆက်စပ်နေခဲ့ပါတယ်၊ Isioma နဲ့ သူ့ကလေး၃ယောက်မှာလည်း အမှောင်ထုနဲ့နီးကပ်လာတဲ့ အရိပ်အယောင်တွေဖြစ်လာပြီး Ash တယောက်ကဒါတွေကိုဖြေရှင်းပေးဖို့ဖြစ်လာပါတယ်၊ Ash တယောက်ကရင်ဆိုင်ရမယ့် ဝိညာဉ်ကဘယ်သူလဲ၊ Magnus တို့ကဘာတွေများလုပ်ခဲ့လို့ ဒီဝိညာဉ်က မိသားစုတခုလုံးကိုပစ်မှတ်ထားခဲ့ရတာလဲ၊နောက်ဆုံးမှာကော Isioma နဲ့ ကလေး၃ယောက်က အသက်ရှင်သွားနိုင်ပါ့မလား File size…(1.7 GB)/(850 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:45:00 Genre… Drama, Fantasy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Myat Kyaw

6.6 2024 105 mins
A Song from the Dark
Love and Shukla
7.3

Love and Shukla (2017) “ကြင်စဦးမောင်နှံ” ဒီတစ်ခါမှာ ရီဗျူးကောင်းလေးတွေရရှိထားတဲ့ အချစ်/ဒရာမာ ရုပ်ရှင်အဟောင်းလေးကို CM ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ရှူကလာဟာ သုံးဘီးမောင်းသမား ဖြစ်ပြီး မိန်းမအတွေ့အကြုံလုံးဝမရှိတဲ့သူပါ မိန်းကလေးတစ်ယောက်ကို စိုက်ကြည့်လို့တောင် မသင့်ဘူးလို့ ငယ်ငယ်ကတည်းက မှတ်ထားတာကြောင့် ဘော်ဒါတွေကြားမှာ သူ့အတွေ့အကြုံက ဝိုင်းနောက်စရာဖြစ်နေပါတယ် ဖြစ်ချင်တော့ လူကြီးတွေ ပေးစားလို့ ရလာတဲ့ ဇနီးသည် လက်ရှ်မီးကလည်း သိပ်ကိုရှက်တတ်တဲ့ မိန်းကလေးဖြစ်နေပြန် … သူ့အဖေနဲ့အမေကပါ ပုဏ္ဏားဟောထားတဲ့ အတိုင်း အချိန်မသင့်သေးဘူးလို့ ယုံကြည်ထားတာကြောင့် ကြင်စဦးလင်မယားအိမ်မှာ ညလုံးပေါက် တီဗွီကြည့်ကြ၊ အိပ်တဲ့အခါမှာလည်း လေးယောက်သား အတူတူအိပ်ကြရတဲ့အခါ … ကိုယ်ရေးကိုယ်တာ လွတ်လပ်ဖို့ရန်နှင့် နှလုံးသားချင်းနီးစပ်နိုင်ဖို့ရော ဘယ်လိုကြိုးစားသွားကြမလဲဆိုတာကတော့ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ ToMo ~ Thura ~ Yunni ~ Linn တို့ ဖြစ်ပါတယ်

7.3 2017 117 mins
Love and Shukla
7 Hours to Go
5.6

7 Hours To Go! (2016) “ကျည်ခုနစ်တောင့် လူခုနစ်ယောက်” IMDb – 5.6/10 2016ခုနှစ်ကထွက်ရှိခဲ့တဲ့ အိန္ဒိယမှုခင်းဒရာမာဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးပါရစေ။ မင်းသား ရှစ်ဗ်ပန်ဒစ်နဲ့ မင်းသမီး ဆန်ဒီပါဒါးတို့ အဓိကသရုပ်ဆောင်ထားတဲ့ဇာတ်လမ်း။ အာဂျွန်ဆိုတာ နယ်မြို့လေးကရဲတစ်ယောက်။ ချစ်သူနဲ့တွေ့ဖို့ မွမ်ဘိုင်းကိုအလာ ချစ်သူက မွမ်ဘိုင်းတရားရုံးချုပ်မှာရောက်နေတဲ့အတွက် ချစ်သူရှိရာကိုအသွား…။ ဇာတ်အလှည့်အပြောင်းတွေကြောင့် ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ အာဂျွန်ကနေ မွမ်ဘိုင်းတရားရုံးချုပ်မှာ ဓားစာခံခုနစ်ဦးဖမ်းထားတဲ့ ပြန်ပေးသမားဖြစ်သွားခဲ့ပါတယ်။ သူနဲ့ညှိုနှိုင်းဖို့အတွက် အာဂျွန် တောင်းဆိုတာကတော့ မွမ်ဘိုင်းရဲ့ ခပ်ကြမ်းကြမ်းရဲအရာရှိအမျိုးသမီး ရှုကလာ။ ရှုကလာရောက်လာချိန်မှာ အာဂျွန်တောင်းဆိုတာက သူ့အတွက်အမှုတစ်ခုလိုက်ပေးဖို့ ဓားစာခံခုနစ်ယောက်နဲ့ အလဲအလှယ်လုပ်ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Alex ~ KKKZတို့ပဲဖြစ်ပါတယ်)

5.6 2016
7 Hours to Go
The Initiated: Written from the Shadows
5.8

The Initiated: Written from the Shadows (2024) IMDb Rating (5.8) ဒီဇာတ်ကားဟာ လျှို့ဝှက်ဆန်းကြယ်နဲ့ သည်းထိပ်ရင်ဖိုဇာတ်ကား အမျိုးအစားနှစ်ခုရောထားသည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဂျာနယ်လစ်ဟောင်းတစ်ယောက်ဖြစ်သူ ဖရန့်ခ်က အတိတ်ကအကြောင်းအရာအချို့ကိုလည် မေ့ပျောက်နေပြီး ဇာတ်မြှုပ်ကာ ပုန်းကွယ်နေရာမှ တစ်နေ့ သူ၏အိမ်ရှေ့တွင် ဖောက်ထုတ်ခံထားရသည့် မျက်လုံးတစ်စုံနှင့် သွေးစွန်းထားသော စာတစ်စောင်ရောက်လာပါတော့တယ်။ ထို့အတူ လူသတ်နည်းဆင်တူသော လူသတ်မှုတွေလည်း တစ်နေ့တစ်ခြားတိုးလာရာ ဖရန့်ခ်တစ်ယောက် တရားခံရှာဖို့ကြိုးစားရင်း မေ့ပျောက်နေသော အတိတ်များပြန်လည်ပေါ်လာသောအခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှူခံစားရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size…(1.1 GB) / (650 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller Duration….01:40:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Eunice

Family • Comedy
5.8 2024 100 mins
The Initiated: Written from the Shadows
Mood of the Day
6.7

Mood of the Day (2016) *********************** IMDb Ratting 6.7 ရရှိထားပြီး ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီကားလေးမှာတော့ .. When the Phone Rings , Hospital Playlist တို့နဲ့ လူသိများတဲ့ မင်းသား Yoo Yeon Seok နဲ့ Flower of Evil ဇာတ်ကားထဲမှ မင်းသမီး Moon Chae won တို့ ပါဝင်သရုပ်ဆောင်ထားပါတယ် .. အချစ်ဆိုတဲ့အရာဟာ ရက်တွေ လတွေ နှစ်တွေကြာကြာ ချစ်ကြသည့်တိုင်အောင် အချစ်စစ်ဆိုတာ တကယ်ဖြစ်လာနိုင်သလား…… အချစ်စစ်ဆိုတာဟာ .. အဲဒီလောက် အချိန်တွေအများကြီး မကြာနိုင်ပေမဲ့လည်း တစ်ရက်တည်းနဲ့ တကယ့်အချစ်ဖြစ်သွားနိုင်တာမျိုးလား …. ဇာတ်လမ်းအကျဉ်းကတော့ .. မိန်းကလေးတွေဆိုရင်အပျော်သာ သဘောထားပြီး အချစ်ဆိုတာကို အလေးမထားတဲ့ Kim Jae Hyun (Yoo Yeon Seok) နဲ့ တစ်ယောက်တည်းကိုသာ လေးလေးနက်နက်ထားချစ်တတ်ပြီး ၁၀နှစ် သက်တမ်းကြာ relationship တစ်ခုရှိတဲ့ Bae Soo Jung(Moon Chae won)တို့ဟာ ဆိုးလ်ကနေ ဘူဆန်ကိုသွားတဲ့ ရထားပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင်တွေ့ဆုံခဲ့ကြပါတယ် … တစ်ရက်တည်းပဲ တွေ့ဆုံပြီး တဒင်္ဂလေးအတွင်းမှာပဲ တစ်ယောက်နဲ့တစ်ယောက် ဖွင့်ပြောပြလို့မရတဲ့ သံယောဇဉ်တွေဖြစ်သွားတဲ့အခါမှာတော့… Jae Hyun ကရော သူ့ရဲ့အကျင့်ဆိုးတွေကို ပြင်နိုင်မှာလား… Soo Jung ကရော သူ့ရဲ့အနှစ်နှစ်အလလ ချစ်ရတဲ့ချစ်သူကို စွန့်လွှတ်နိုင်မှာလားဆိုတာကို Romance ဆန်ဆန်နဲ့ ကြည်ကြည်နူးနူးကြည့်ရှုရမဲ့ Drama ကားကောင်းလေးမို့လို့ ခံစားကြည့်လိုက်ပါဦးနော် .. File size…1.37GB / 605MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 43 min. Genre ….. Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Kyoun Encoded by AHtet

Drama • Romance
6.7 2016 103 mins
Mood of the Day