YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Deadpool 2016 - 720p Bluray [RMC].mp4

1.14 GB N/A video/mp4 15 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Center Stage
7.3

တရုတ်အကယ်ဒီမီကစာရင်းလုပ်ခဲ့တဲ့ တရုတ်ပြည်သုံးခြမ်းလုံးမှာ ထွက်ခဲ့တဲ့သမျှ အကောင်းဆုံးကားတစ်ရာထဲ နံပါတ်၄၄နေရာယူထားတဲ့ ရုပ်ရှင်ပါ။ ဒါရိုက်တာကတော့ Rouge (1987)ကားကို ရိုက်ခဲ့တဲ့ Stanley Kwanပါပဲ။ Center Stage ဟာ ၁၉၃၀ပြည့်နှစ်တွေတုန်းက နာမည်ကျော်ခဲ့တဲ့ မင်းသမီးရွမ်လင်းယုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး။ ဒိုကူမန်ထရီလိုလိုတစ်ခြမ်း ဇာတ်အိမ်ဆင်ရိုက်ပြတာတစ်ခြမ်း နှစ်ခြမ်းကို တစ်လှည့်စီပြနေတဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်မှာ ပါဝင်နေသမျှ ဒါရိုက်တာအဆုံး မင်းသားမင်းသမီးတွေအကုန်လုံးဟာ ၁၉၆၀နဲ့ အနီးတစ်ဝိုက်မှာ မွေးခဲ့တဲ့သူတွေဖြစ်ပြီး သူတို့မမွေးခင် နှစ်၃၀လောက်က နာမည်ကျော်ခဲ့တဲ့ မင်းသမီးအကြောင်းကို ၁၉၉၀လောက်မှာ ခြေရာပြန်ကောက်ကြ ဆွေးနွေးကြတာကိုလည်း တစ်လှည့်ရိုက်ပြထားပါတယ်။ ဒီရုပ်ရှင်ထဲ သူတို့ရိုက်ပြထားတဲ့ မင်းသမီးက ၁၉၃၀ဝန်းကျင် အသံတိတ်ခေတ်လောက်က မင်းသမီး ရွမ်လင်းယုပါ။ သူဟာ အသက်၂၄နှစ်မှာတင် အောင်မြင်နေတုန်းမှာတင် သက်သေခဲ့ပေမဲ့ တရုတ်ရုပ်ရှင်လောကရဲ့ အမှတ်သညာတစ်ခု ဖြစ်လာခဲ့တဲ့သူပါ။ သူဟာ ၁၉၂၇မှာ မင်းသမီးစလုပ်ခဲ့ပြီး ၁၉၃၅မှာ သတ်သေခဲ့ပါတယ်။ ၈နှစ်ကာလအတွင်း ရုပ်ရှင်၃၀ကျော်ရိုက်ကူးခဲ့ပြီး သရုပ်ဆောင်စွမ်းရည်လည်း တော်တော်ကောင်းခဲ့တဲ့သူပါ။ သူ့လက်တွေ့ဘဝမှာတော့ သူဟာ သူ့အပြစ်လို့ပြောမရတဲ့ အိမ်ထောင်ရေးအရှုပ်အရှင်းတွေ များခဲ့တဲ့သူဖြစ်ပြီး လူတကာရဲ့အမြင်မှာတော့ ဒီအရှုပ်အရှင်းတွေဟာ သူ့အပြစ်လိုလိုဖြစ်နေခဲ့ပါတယ်။ လူတွေရဲ့ကြောက်စရာကောင်းတဲ့ အတင်းအဖျင်းတွေကို သေရမှာထက်ပိုကြောက်ခဲ့တဲ့ ရွမ်လင်းယုဟာ သူ့ရဲ့အောင်မြင်နေတဲ့ဘဝကို ကျောခိုင်းပြီး သတ်သေသွားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ သူ့အကြောင်းတွေ သူတို့ခေတ်က မင်းသမီးတွေ ဒါရိုက်တာတွေအကြောင်းတွေကို ဒီရုပ်ရှင်ရဲ့ ဝိုင်းတော်သားတွေက ဝိုင်းဆွေးနွေးခဲ့ကြသလို ဇာတ်အိမ်မှာလည်း ၁၉၃၀ဝန်းကျင်က တရုတ်ပြည်ရုပ်ရှင်လောကက အခြေအနေတွေ လူတွေ ရုပ်ရှင်တွေအကြောင်း ပြထားခဲ့ပါတယ်။ Center Stageဟာ မက်ဂီချောင်ရဲ့ အလှည့်အပြောင်းအတွက် အရေးပါတဲ့ ရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။ မက်ဂီကိုယ်တိုင်ကလည်း ဒီရုပ်ရှင်ထဲရွမ်လင်းယုနဲ့ သူက ကံကြမ္မာချင်းတောင် ဆင်တယ်ပြောလို့ရတယ်ပြောပါတယ်။ ဘာလို့ဆို ရွမ်လင်းယုဟာ နည်းနည်းနှောင်းပြီးမှ ဇာတ်ကောင်းဇာတ်လေးတွေရခဲ့သလို မက်ဂီကိုယ်တိုင်လည်း ဝေါင်ကာဝေးကား၂ကားနဲ့ ဒီကားမတိုင်ခင် အစောပိုင်းကာလတွေမှာ ပေါ့ပေါ့ပါးပါးကားတွေပဲ ရိုက်ခဲ့တာ ဖြစ်လို့ပါပဲ။ As tears go by နဲ့ Days of Being Wild ဝေါင်ကာဝေးကား၂ကားက သူ့ဇာတ်ကောင်တွေကလည်း အရမ်းဝန်ပိတဲ့ဇာတ်ကောင်တွေမဟုတ်ခဲ့တာမို့ ပြောချင်ရင် ဒီကားကနေမှ သူ သူ့သရုပ်ဆောင်အစွမ်းကို ပေါ်လွင့်မယ့် ဇာတ်ကောင်းစရခဲ့တယ်လို့ပြောရင်လည်း မမှားလောက်ပါဘူး။ ဒီရုပ်ရှင်နဲ့ မက်ဂီချောင်ဟာ ဘာလင်အပါအဝင် တခြားရုပ်ရှင်ပွဲတော်တွေမှာ သရုပ်ဆောင်ဆုရခဲ့ပါတယ်။ တခြားလူသိများတဲ့ မင်းသားတွေအနေနဲ့ ဘစ်တိုနီလို့ ဟောင်ကောင်ရုပ်ရှင်လောကမှာ လူသိများတဲ့ တိုနီလျောင်ခဖိုင်နဲ့ တိုနီလျောင်ချူဝေရဲ့မိန်းမ ကာရီနာလောင်တို့ပါပါတယ်။ တိုနီလျောင်နှစ်ယောက်ဖြစ်နေလို့ ခဖိုင်ကို ဘစ်တိုနီလို့ နာမည်ပေးထားကြတာပါပဲ။ ရုပ်ရှင်ပွဲတော်အများစုမှာ best actress ဆုတွေရခဲ့ပြီး ရုပ်ရှင်ပွဲတော် ၂ခုမှာတော့ Best Cinematography ,Best Art Direction , Best Original Film Score ,Best Original Film Song ဆုတွေရခဲ့ပါတယ်။ နာမည်ကျော်ဝေဖန်ရေးဆရာတစ်ယောက်ဆို ၁၉၉၀ခုနှစ်ရဲ့ တစ်ကမ္ဘာလုံးမှာ ထွက်ခဲ့သမျှထဲ သူ့အကြိုက်ဆုံးကားလို့ ဆိုခဲ့ဖူးပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.5GB) Quality__720p IMDb Rating__7.5/10 Format__mp4 Duration__02:06:00 Type__Biography, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Romance • TV Movie
7.3 1991 154 mins
Center Stage
Good Deal
6.3

ဇာတ်ကားလေးရဲ့ နာမည်က Good Deal ဆိုတဲ့အတိုင်း အပေးအယူ အရောင်းအဝယ်တွေ လုပ်ကြတဲ့ ကားလေးပေါ့။ ဘယ်သူတွေက ဘာအတွက်ကြောင့် ရောင်းပြီး ဘယ်သူတွေက ဘာလို့ ဝယ်ခဲ့ကြတာလဲ ဆိုတဲ့ အချက်က ဒီဇာတ်ကားကို စိတ်ဝင်စားစရာ ကောင်းစေတယ်။ အပေးအယူ အရောင်းအဝယ်လုပ်ကြတဲ့ ပစ္စည်း ၅မျိုးအ‌ကြောင်းကို တစ်ခန်းပြီး တစ်ခန်းစီ ပြပေးထားတာက သာမန် ဒရာမာတွေနဲ့ မတူဘဲကွဲပြားနေတဲ့အချက်ဖြစ်ပြီး မတူကွဲပြားတဲ့ ပုံစံမျိုးနဲ့ ရိုက်ကူးထားတာကြောင့် အပေးအယူတစ်ခုပြီးသွားတိုင်း စိတ်ထဲ တစ်မျိုးလေး ခံစားရစေမယ့် ဇာတ်ကားမျိုးပါ။ ပုံမှန်နဲ့ မတူညီတဲ့ ပြောပြရခက်တဲ့ ရသတစ်မျိုးကို အသစ်အဆန်း ခံစားကြည့်ချင်တဲ့သူတွေအနေနဲ့ ဒီကား‌ကို သေချာပေါက် ကြည့်သင့်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Miri ပါ။) File Size          : 2.1GB, 723MB, 364MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 58mins Genre              : Drama Translated by Miri Encoded by Kinnov

6.3 2022 118 mins
Good Deal
Boston Strangler
6.7

Boston Strangler 2023 ( ဘော်စတွန် လည်ပင်းညှစ်လူသတ်သမား ) IMDb - 6.5/10, RT - 63% Pirates of the Caribbeanရုပ်ရှင်တွေ၊ Star War Episode 1နဲ့ IV၊ The Imitation Game၊ Begin Againနဲ့ Jack Ryanတို့လို ရုပ်ရှင်ကားကောင်းတွေပါ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ ဝါရင့်မင်းသမီးKeira Knightleyနဲ့အတူ Avenger infinity war, Avenger end gameနဲ့ Animated series What ifတို့မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ Carrie Coonတို့က ဇာတ်လမ်းကို ဦးဆောင်ပြီး ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ 1960ခုနှစ်အစပိုင်း 1962ခုနှစ်က ဖြစ်ရပ်မှန်ကွင်းဆက်လူသတ်မှုအပေါ် အခြေခံထားပါတယ်။ လိုရက်တာမက်လောက်လင်က Record Americaသတင်းဌာနက သာမည သတင်းထောက်မလေးပါ၊ သူက မှုခင်းအမှုတွေကို လုပ်ဆောင်ချင်တာဖြစ်ပြီးတော့ စိတ်ကူးနဲ့လက်တွေ့အကောင်ထည်မဖော်နိုင်သေးသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ လိုရက်တာတစ်ယောက် ကွင်းဆက်လူသတ်မှု ဖြစ်နိုင်တဲ့ အမျိုးသမီးတွေကို လည်ပင်းညှစ်ပြီး လိုက်လံသတ်ဖြတ်နေတဲ့အမှုတစ်ခုကို လမ်းစဖော်လိုက်မိပါတယ်။ သူဒီအမှုကိုစုံစမ်းရင်း စုံစမ်းရင်းနဲ့ အမှုဟာ ဘယ်လိုဖြစ်သွားမလဲ၊ ဒီမိန်းမတွေကို လိုက်သတ်နေတဲ့လူကဘယ်သူလဲ၊ ဘာလို့ လည်ပင်းညှစ်ပြီးပဲသတ်ရတာလဲ၊ လူသတ်မှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုလူတွေရှိနေကြလဲဆိုတာကို ဒီကားထဲမှာ စုံထောက်တစ်ယောက်လို သတင်းထောက်သလောက်လိုPOVနဲ့ကြည့်ရှု့သွားရမှာဖြစ်ပါတယ်။ Disney+ထုတ်ထာမို့လို့ ဇာတ်လမ်းက တစ်ဝက်လောက်မှာ နည်းနည်းလေးအီသလိုဖြစ်ပင်မယ့် အမှုအတွက် လမ်းစခင်းနေတာမို့လို့ နောက်ဆုံးကြမှ အော် အဲလိုလား ဆိုပြီး ဖြစ်မယ့်ရုပ်ရှင်မျိုးပါ။ လူသတ်ကားတွေကြိုက်တဲ့Tasteမျိုးလည်းရှိတယ် စုံထောက်ပုံစံ သတင်းထောက်တွေအလုပ်လုပ်တဲ့ပုံစံမျိုးလည်းကြိုက်တတ်တဲ့tasteရှိတယ်လို့ ဒီကားက အင်မတန်မှ ကြည့်လို့ကောင်းမယ့် " ဖြစ်ရပ်မှန်ပေါ် အခြေခံရိုက်ကူးထားတဲ့ရုပ်ရှင် " တစ်ကားဖြစ်ပါကြောင်း သုံးသပ်ရင်း နိဂုံးချုပ်အိပ်ပါတယ်။ File size…(1 GB)/(600 MB )/(260 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:51:00 Genre...Crime, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Action • Romance • Thriller
6.7 2023 112 mins
Boston Strangler
The Match-Stick Flame 2: Lunada Bay
2

ဒေါ်လ်တန်မက်ချ်စတစ်က နေဗီဆီးလ်တပ်ဖွဲ့ဟောင်းတစ်ဦးဖြစ်ပြီး အာဖဂန်နစ္စတန်မှာစစ်မှုထမ်းခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့​အဖေဖြစ်သူ မက်ချ်စတစ်က​ မူးယစ်​ဂိုဏ်း​တစ်ခုမှာပါဝင်ပတ်သက်ခဲ့ပြီးနောက် ဂိုဏ်း​ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့​ မစ္စတာ​တန်ရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ ဒေါ်လ်တန်​က​ မစ္စတာ​တန်ကို လက်စား​ချေနှိမ်နင်းနိုင်ခဲ့ပြီးနောက်​ တစ်နှစ်လောက်​ အနားယူနေခဲ့ရပါတယ်။ဖခင်ဖြစ်သူသေဆုံးမှုနဲ့​ စစ်​ပွဲအတွင်းကရခဲ့တဲ့ စိတ်ဒဏ်ရာ PTSD​ ဝေဒနာများကြောင့် တစ်ဦးတည်းဇာတ်မြှုပ်နေထိုင်ခဲ့ရာမှ​ တစ်နှစ်အကြာမှာတော့ ဇာတိ​ဖြစ်တဲ့​ ကယ်လီဖိုးနီးယားကို​ ပြန်​လာခဲ့ပါတယ်။ အဲဒီအချိန်မှာ​ သူ့အဖေ​ မက်ချ်စတစ်မှာ​ တိုက်ဂါးလို့ခေါ်တဲ့သားတစ်ယောက်ရှိသေးပြီး တိုက်ဂါး​ဟာ​ ဟော​လီးဝုဒ်မြို့က​ လူဆိုးဂိုဏ်းတစ်ဦးကိုဦးစီးနေကြောင်း သိလိုက်ရပါတယ်။ တစ်ချိန်​တည်းမှာပဲ လူနာဒါဘေး​ဂိုဏ်း​ဟာ​ ပြည်နယ်​တစ်ခုလုံးက​ ကမ်းခြေ​တွေကိုကြီးစိုးထားပြီး ဂလက်ဆီလို့ ခေါ်တဲ့ မူးယစ်​ဆေးတစ်မျိုးကိုဖြန့်ချိနေတာကို​ သိလို​က်ရချိန်မှာတော့ ဒေါလ်​တန်​တစ်ယောက်​ လူနာဒါဘေး​ဂိုဏ်း​ကို ဖြို​ခွဲဖို့ကြိုးစားရပါတော့တယ်။ ဒီ​ဇာတ်ကား​က​ 2023​ မှာထွက်ရှိခဲ့တဲ့ Action/Drama အမျိုးအစား​ဖြစ်ပါတယ်။ ဘတ်ဂျက်နည်းနည်းနဲ့ ရိုက်ကူး​ထားတဲ့​ဇာတ်ကား​ဖြစ်​ပြီး​ Elite Marketing Excellence​ ကုမ္ပဏီ​က​ ထုတ်လုပ်​ထားတာ​ဖြစ်​ပါတယ်။ သမားရိုးကျ​ အက်ရှင်ကားဖြစ်ပြီး Match-Stick​ Flame 2 ကိုနားလည်ဖို့အတွက်​ ပထမ​ဇာတ်​ကားကိုကြည့်စရာမလိုပါဘူး။

Action • Adventure • Drama
2 2023 92 mins
The Match-Stick Flame 2: Lunada Bay
Dying for a Daughter
5.6

Dying for a Daughter (2021) ==================== ဒီတစ်ခေါက်မှာတော့ မိုးအေးအေးမှာ ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် Thriller,Dramma အမျိုးအစား မူဗီလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ ရုပ်ရှင်ရဲ့ နာမည်က Dying For a Daughter ဇြစ်ပေမယ့် A Mother’s Secret လို့လည်း အမည်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း… ကားတာယာပွင့်ထွက်မှုကြောင့် ထိုင်ခုံခါးပတ် မပတ်ထားတဲ့ဆယ်နှစ်အရွယ် သမီးလေး ဒဏ်ရာများစွာရခဲ့ပါတယ်။ အဲ့ဒီကလေးကို မြင်လိုက်တဲ့အချိန်မှာ ဆေးရုံက သူနာပြု စမစ်ဆိုတဲ့အမျိုးသမီးဟာ တစ်စုံတစ်ခုကို ခံစားလိုက် ရပါတယ်။ ဒီလိုနဲ့ ကလေးလေးဆေးရုံက ဆင်းပြီး ကလေးကိုဆက်လက်ပြုစုဖို့ သူနာပြုလိုအပ်နေချိန်မှာ သူနာပြုစမစ်ကလည်း သူခံစားရတဲ့ ခံစားချက်ကို အဖြေရှာဖို့ ကြိုးစားရာကဒီရုပ်ရှင်ဖြစ်လာခဲ့တာပါ။ ဒီကားက Thriller လို့ ပြောပေမယ့် Soft Thriller အမျိုးအစားဖြစ်ပြီး အိမ်တွင်းရေးနဲ့ လူ့သဘာ၀တွေပါ ထည့်ထားတာမို့ မိသားစုနဲ့အတူကြည့်လို့ရတဲ့ ရုပ်ရှင်လေးဖြစ်ပါကြောင်းလည်း ထည့်သွင်းပြောပြချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်) File Size……….(1.32 GB) / (580 MB) Quality…………WebRip 1080p / 720p Duration………1Hr 30mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Lwin Htoo Aung Encoder……….SWM

Action • Crime • Thriller
5.6 2021 90 mins
Dying for a Daughter
Natty Knocks

ဒီဇာတ်ကားက ၂၀၂၃ ထွက် horror / Thriller ဇာတ်ကားသစ်ပါ။ ဇာတ်လမ်းက Slasher themeလည်းပါသလို witch craft​တွေနဲ့ Horrorအ​ငွေ့အသက်​တွေလည်း အစုံပါတယ်လို့ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းက​တော့ ဝိုင်းယက်နဲ့ဂျိုလီ မောင်နှမ၂​ယောက်နဲ့ သူ့ရဲ့က​လေးထိန်း ဘရစ်တို့ဟာ မ​မျှော်လင့်ဘဲနဲ့ လူသတ်မှုတစ်ခုကို မျက်မြင်တွေ့ခဲ့ပြီး​​နောက် လူသတ်သမားရဲ့ လိုက်လံအငြိုးထားမှုကို ခံခဲ့ရပါတယ်။ သူ့လက်​က​ လွတ်​အောင်ကြိုးစားရင်း လူသတ်သမား ဖြစ်သူရဲ့ ဘဝ​ဇာတ်ကြောင်းနဲ့ သူတို့​ရဲ့မြို့​လေးမှာ အရင်ကဖြစ်ခဲ့တဲ့ မှုခင်းတခုအ​ကြောင်းပါ မီးခိုး​ကြွက်​လျှောက်​ပေါ်လာပါ​တော့တယ်။ သူတို့၃​​ယောက် လူသတ်သမားဆီက လွတ်​​အောင်​ ပြေးနိုင်မှာလား။ အဲဒီလူကဘာလို့လူ​သတ်​နေတာလဲ၊ သူ့​နောက်​​ကြောင်းကို သူတို့​တွေ ​​ဖော်ထုတ်နိုင်မှာလားဆိုတာ ကြည့်ရှုရမှာပါ။ File size…1.58 GB / 653MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

Family • Music
0 2023 90 mins
Natty Knocks
My Tempo

My Tempo (2022) 2022 ခုနှစ်က ထွက်ရှိထားတဲ့ BL, Romance လူငယ်ကျောင်းသားဇာတ်ကားလေးကို တင်ဆက်ပေးပါ့မယ်။ Hope နဲ့ Seki က ဂစ်တာတစ်လက်တည်းကို လူနှစ်ယောက် လက်လေးဖက်နဲ့တီးတဲ့အပြင် အရည်အချင်းရှိလို့ဆိုပြီး နာမည်ကြီးနေတဲ့ Four Hands အဖွဲ့ရဲ့ အဖွဲ့ဝင်တွေပါ။ Hope ကကျတော့ သီချင်းနုတ်တွေအတိုင်း အတိအကျလိုက်တီးတတ်ပြီးတော့ Seki ကတော့ ခံစားချက်အတိုင်း တီးချင်တာကြောင့် သူတို့နှစ်ယောက် ကတောက်ကဆဖြစ်ပြီး အဖွဲ့ကွဲသွားတယ်။ ချမ်းသာတဲ့မိသားစုရှိတဲ့ Seki အတွက် ဘာမှပြောင်းလဲမသွားပေမယ့် မိသားစုက မပြည်စုံတဲ့ Hope အတွက်တော့ ပညာသင်ဆုကိုပါ လက်လွှတ်လိုက်ရပြီးတော့ ဒုက္ခရောက်သွားတယ်။ အဲဒီလိုမျိုး စိတ်ဓာတ်ကျနေတဲ့ Hope ဆီကို Tawan ဆိုတဲ့ ကောင်လေးတစ်ယောက် ရောက်လာတယ်။ အဲဒီ Tawan ဆိုတဲ့ကောင်လေးက Producer တစ်ယောက်ဖြစ်ချင်ပေမယ့် လူကြောက်တတ်တော့ စင်ပေါ်ကိုမတက်ဘဲ နောက်ကွယ်ကနေ တခြားသူတွေကို ကူညီပေးတတ်တဲ့သူတစ်ယောက်ပါ။ Hope အဆင်မပြေဖြစ်နေတဲ့အချိန်မှာ သူတို့နှစ်ယောက် ဆုံမိသွားတော့ ကူညီတတ်တဲ့ Tawan က Hope ပြန်အဆင်ပြေအောင် သူတတ်နိုင်သမျှ ကူညီပေးရင်း အချင်းချင်းရင်းနှီးသွားပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ သူငယ်ချင်းတွေကြားက ချစ်ခြင်းမေတ္တာတွေ၊ အချင်းချင်းပံ့ပိုးပေးကြတာတွေကို ကြည်နူးစရာတွေ့မြင်ရမှာမို့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်ပြီးကြည့်လိုက်ကြပါနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. BL, Drama Quality…. 1080p | 720p File size… 1.87GB | 700MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

0 2022
My Tempo
Song Lang
7.7

Song Lang (2018) 80 ခုနှစ်လောက်က အပြင်အဆင်တွေကို သဘောကျသူတွေအတွက် 2018ကထွက်ရှိထားတဲ့ Song Langဆိုတဲ့ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်လေးဟာ 80ခုနှစ် operaပြဇာတ်ကိုအခြေခဲရိုက်ကူးထားတဲ့ လူငယ်နှစ်ယောက်ကြားက Bromanceလည်းမဟုတ် brotherhoodကိုလည်း နည်းနည်းအရောင်ဆိုးချင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ မိုးကြိုးသွားဒုန်းဟေ့ဆိုတာနဲ့ တစ်မြို့လုံးက ရွံကြောက်ရတဲ့ အကြွေးသိမ်းတဲ့လူတစ်ယောက်၊ အကြွေးလာသိမ်းပြီဆိုရင် ရက်ရက်စက်စက်နည်းလမ်းမျိုးစုံနဲ့ မသိမ်းနိုင်တဲ့အကြွေးမရှိလို့ နာမည်ကြီးတဲ့အထိ ရက်စက်တတ်သူတစ်ယောက်ပေါ့။ ဒါပေမဲ့ ရက်စက်ခက်ထန်တဲ့မျက်နှာဖုံးအောက်မှာ ဒဏ်ရာအပြည့်နဲ့ နူးညံ့တဲ့နှလုံးသားရှိတာကိုတော့ လူတွေကမသိကြပါဘူး။ ဒီလိုနဲ့တစ်နေ့ ပြဇာတ်အဖွဲ့မှာ အကြွေးသိမ်းဖို့သွားရင်းနဲ့ လင်ဖုန်ဆိုတဲ့လူငယ်လေးနဲ့ဆုံဖို့ ဖြစ်လာပါတော့တယ်။ လင်ဖုန်က ငယ်ငယ်ထဲက operaပြဇာတ်ကိုရူးသွပ်ခဲ့သူတစ်ယောက်၊ စင်မြင့်ထက်မှာ ပရိသတ်ရဲ့အာရုံကိုဖမ်းစားနိုင်သူဖြစ်ပေမဲ့လည်း လက်တွေ့မှာ စကားနည်းပြီး တစ်ကိုယ်တည်းနေတတ်တဲ့ အထီးကျန်နေသူတစ်ယောက်ပါ။ အချစ်ဆိုတဲ့အရာနဲ့ မထိတွေ့ရသေးတဲ့ ရေခဲနှလုံးသားပိုင်ရှင်လေးဆိုရင်လည်း မမှားပါဘူး။ ဒီလို မတူညီတဲ့ကမ္ဘာကလူနှစ်ယောက် အကြွေးကိုအရင်းတည်လို့ ဆုံစည်းဖို့ ဖြစ်လာတဲ့အခါ… အပေါ်ယံမှာ မျက်နှာဖုံးတပ်ထားပေမဲ့ အတွင်းကစိတ်ဒဏ်ရာကိုယ်စီနဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုနှောင်ကြိုးတွေဖြစ်ပေါ်လာမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. BL, Drama, Romance Quality…. 1080p | 720p File size… 1.9GB | 683MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

Drama
7.7 2018 101 mins
Song Lang
Passion
6.8

Passion ( 2008 ) Direceted By Ryusuke Hamaguchi “ရုပ်ရှင်တွေအားလုံးဟာ တစ်ချိန်တည်းမှာ ဖစ်ရှင်လည်းဆန် ဒိုကူမန်ထရီလည်းဖြစ်နေကြတယ်။ ဒိုကူမန်ထရီသန့်သန့်ဆိုတာလည်း မရှိသလို ဖစ်ရှင်သန့်သန့်ဆိုတာလည်း မရှိဘူး”လို့ ရူဆုခဲဟမဂုချိက ပြောဖူးတယ်။ Passion ( 2008 )ဟာလည်း ကျွန်တော်တို့ဘဝထဲရှိနေတဲ့ ဖစ်ရှင်တစ်ခုလို့ပြောရမလားပဲ။ သူ့ကိုယ်ပိုင်ပွဲဦးထွက်ရုပ်ရှင်လို့ပြောလည်းရတယ်။ ဒီမတိုင်ခင် ၂၀၀၇က ထွက်ခဲ့တဲ့ သူ့ပွဲဦးထွက်အစစ် Solarisက သူ့ဆရာ ခိရိုရှိကူရိုဆာဝါရဲ့ စီမံပေးမှုနဲ့ တာကော့စကီးရဲ့ ဆိုလာရစ်ကို ပြန်ရိုက်ထားတာဆိုတော့ ဒါကို ကျွန်တော်တော့ ထည့်မတွက်ချင်ဘူး။ သေချာတာတော့ ဟမဂုချိဟာ ပွဲဦးထွက်မှာတင် တော်တော်ကြမ်းခဲ့ပါတယ်။ Passion ( 2008 )ဟာလည်း သူ့ထုံးစံအတိုင်းပဲ လူ့အတွင်းစိတ်ရဲ့ မရေရာခြင်း ဝေဝါးခြင်းတွေကို မြင်သာထင်သာရှိအောင် ပြထားတဲ့ ရုပ်ရှင်ပါပဲ။ သူ့ဇာတ်က ရှင်းရှင်းလေး‌တော့ ရှင်းရှင်းလေး။ သူငယ်ချင်းတစ်အုပ်ရှိတယ်။ ကောင်လေးသုံးယောက်ပေါ့။ ကောင်မလေး၂ယောက်လည်းပါမယ်လို့ ယူဆရတယ်။ အဲဒီအုပ်ထဲက ကောင်လေးနဲ့ကောင်မလေးတစ်တွဲက အတူတူနေနေတဲ့အတွဲတွေ။ နောက်သူငယ်ချင်းကောင်လေးက အိမ်ထောင်ရှိတယ်။ ကလေးလည်းမွေးတော့မယ်။ နောက်သူငယ်ချင်းကောင်လေးကတော့ လူလွတ်။ လူလွတ်ကောင်လေးက ခုနအတွဲထဲက ကောင်မလေးကို တစ်ဖက်သတ်ချစ်နေတာ တော်တော်ကြာပြီ။ ရုပ်ရှင်ဟာ သူတို့သူငယ်ချင်းတစ်အုပ် ဆုံဖြစ်ကြတာနဲ့စတယ်။ ညနက်လာတော့ မိန်းကလေးတွေကို ပြန်ပို့လိုက်ပြီး ယောက်ျားလေးတွေချည်းနေခဲ့ကြတယ်။ တစ်ကောင်က သူတို့သူငယ်ချင်းထဲက မလာဖြစ်တဲ့ ကောင်မလေးတစ်ယောက်အိမ်ကို သွားကြမယ်ပြောတယ်။ အဲဒီကောင်မလေးကလည်း လူလွတ်ပဲ။ အဲဒီလူလွတ်ကောင်မလေးနဲ့ ခုနလူလွတ်ကောင်လေးက အိပ်ဖူးတယ်။ လူလွတ်ကောင်လေးကတော့ သူ့ကို မချစ်ဘူး။ မချစ်ဘဲ အိပ်တယ်ပေါ့။ ဒီတော့ သူတို့ သူ့အိမ်ကိုသွားကြတယ်။ သူတို့သုံးယောက်အိမ်ကိုရောက်တော့ လူလွတ်ကောင်မလေးအကြောင်းသိရတာက ကောင်မလေးက သူ့အဒေါ်အိမ်မှာနေနေတာ။ သူ့အဒေါ်က နာမည်ကြီးစာရေးဆရာမ ဒါပေမဲ့ ဒီအိမ်ကို သူ့ကြောင်လေးအတွက် ဆက်ထားထားတာ။ သူကကြောင်လေးကိုကြည့်ပေးရင်း အလကားနေနေတာ။ သူတို့သွားတဲ့နေ့မတိုင်ခင်တုန်းက ကြောင်လေးက သေသွားတယ်။ အဲဒီအကြောင်းပြောရင်း ကြောင်လေးအတွက် အရက်သောက်နေတုန်း သူ့အဒေါ်စာရေးဆရာမက သူ့ကြောင်လေးအတွက် ရတက်မအေးလို့ ရောက်ချလာတယ်။ ဒီမှာ အိမ်ထောင်သည်ကောင်နဲ့ သူ့အဒေါ်နဲ့ ဇာတ်လမ်းဖြစ်ကြတယ်။ နောက်ပိုင်းလည်း အတွဲရှိတဲ့ကောင်လေးနဲ့ အဲဒီအိမ်က ကောင်မလေးနဲ့ဖြစ်ကြတယ်။ ဒီတစ်ကားလုံး ဒီလိုဖြစ်နေတာတွေချည်းပြသွားတယ်။ နောက်ဆုံး လူလွတ်ကောင်မလေးရယ်။ ရည်းစားရှိတဲ့ကောင်လေးရယ်။ အိမ်ထောင်ရှိတဲ့ကောင်လေးရယ်။ သုံးယောက်သား တစ်ခုမှမလိမ်ဘဲ အမှန်တွေချည်း တစ်နာရီပြောကြမယ်ဆိုပြီး ဂိမ်းဆော့ကြတယ်။ ဒီတစ်ကားလုံးရဲ့ အဓိကနေရာလို့ပြောလည်းရတယ်။ အဲဒီကစားပွဲကို စတဲ့ ရည်းစားရှိတဲ့ကောင်လေးကတော့ သူဘယ်လိုလူလဲ သူ့ကိုယ်သူမသိနေလို့ ။ သူဘယ်လိုလူလဲ အဖြေရှာဖို့ ဒီကစားနည်းကို ကစားတာလို့ပြောတယ်။ တကယ်လည်းဟုတ်တယ်။ သူတို့အားလုံးမှာ တူညီနေတဲ့အချက်က သူတို့ဘာဖြစ်ချင်လည်း သူတို့မသိနေကြဘူး။ ဒါကြောင့်မို့ သူတို့ဘာဖြစ်ချင်လဲ သူတို့တောင်မသိတာမို့ သူတို့လုပ်သမျှကလည်း အရမ်းရှုပ်ထွေးလွန်းနေခဲ့တယ်။ သူတို့ကိုယ်သူတို့တောင် လုံးစေ့ပတ်စေ့နားလည်နေမှာမဟုတ်ဘူး။ ဒီပြဿနာမျိုးကို ဒီလိုပွိုင့်ကပြတဲ့ ရုပ်ရှင်ကို ကျွန်တော်မမြင်ဖူးဘူးလို့ပဲ ပြောရမယ်။ ကိုယ်တိုင်လည်း ဒီလိုကိစ္စမျိုး ကြုံဖူးတော့ သူပြောသွားသမျှ ပြသွားသမျှဟာ ဟုတ်တော့ဟုတ်နေတာကိုလည်း ခံစားမိနေတယ်။ ဒါပေမဲ့ ဟမဂုချိရုပ်ရှင်အများစုလိုပဲ သူတို့အတွက် အဖြေမရှိပါဘူး။ သူတို့ဘယ်သူတွေလဲ သူတို့သေချာမသိသွားကြသလို ကျွန်တော်တို့ မြင်ရတာလည်း တော်တော်ဝေဝါးတယ်။ ဒါလည်းလက်တွေ့တောာ့ကျပါတယ်။ ဒီဇာတ်ကောင်သုံးကောင်ပြင်ပက နောက်ထပ် အဓိကဇာတ်ကောင်၂ကောင်ဖြစ်တဲ့ လူလွတ်ကောင်လေးနဲ့ ခုနအတူတူနေနေတဲ့အတွဲက ကောင်မလေး နှစ်ယောက်ကလည်းတူတယ်။ သူတို့က ခုနပုစ္စာရဲ့ အဖြေလို့တော့ ပြောချင်လည်း ပြောလို့ရပေမဲ့ ကျွန်တော်တော့မထင်ဘူး။ သူတို့၂ယောက်ကိုက ခုနတစ်အုပ်နဲ့မတူတဲ့ တခြားလူတစ်အုပ်အဖြစ် မြင်နေရတယ်။ ကိုယ်ဘာဖြစ်ချင်လဲ ကိုယ်သိနေတဲ့လူတွေပေါ့။ သေချာသိတယ်လို့တော့ မသုံးနှုန်းချင်ဘူး။ လူလွတ်ကောင်လေးက ဟိုအတွဲက ကောင်မလေးကိုချစ်သလို အဲဒီအတွဲက ကောင်မလေးကလည်း သူ့ကောင်လေး ဖောက်ပြန်နေတာကို သိသိရက်နဲ့တောင် ခွင့်လွှတ်ပေးနိုင်တဲ့အထိ ချစ်တယ်။ ဒီတော့ သူတို့ကတော့ လုံးဝရိုးရှင်းတယ်။ သူတို့ချစ်ရမယ့်သူကိုပဲ ဘာာဖြစ်ဖြစ် ချစ်နေကြတဲ့သူတွေပဲ။ ဒီရုပ်ရှင်ဟာ ဘာရုပ်ရှင်လဲဆို ဒီလူအုပ်စု၂မျိုုးလို့ပြောရမလား လူ့စိတ်အခြေအနေ၂မျိုးလို့ပြောရမလား ခံစားချက်၂မျိုးလို့တော့ပြောရမလားမသိတဲ့ အဲဒီ၂မျိုးကို တစ်ပေါင်းတည်း Presentationလုပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ ဒီလောက်ဇာတ်ရှုပ်နေတာက ဖစ်ရှင်ဖြစ်ပြီး သူတို့စိတ်အခြေအနေတွေက လက်တွေ့ကျနေတယ်။ ဟမဂုချိပြောသလို ရုပ်ရှင်ဟာ ဖစ်ရှင်ရော ဒိုကူရော ပေါင်းစပ်ထားတဲ့အရာဆိုသလိုပေါ့။ ဘဝမှာ အချစ်ရေးနဲ့ပတ်သက်ပြီး ကိုယ်ဘာဖြစ်ချင်လဲ ကိုယ့်ဘာသာတောင် နားမလည်နိုင်တဲ့ အခြေအနေမျိုး ကြုံခဲ့ဖူးရင် ကြုံနေရရင် ကြည့်ကြည့်ပေါ့။ နောင်တတရားနဲ့ တစ်လမ်းတည်းမသွားမိသရွေ့တော့ အားလုံးမမှားကြဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.5GB | 594MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

Horror
6.8 2008
Passion
Inside I’m Dancing / Rory Oshea Was Here

မင်္ဂလာပါ ရုပ်ရှင်ချစ်သူတို့ရေ! ဒီနေ့မှာ “Rory O’Shea Was Here” ဆိုတဲ့ ၂၀၀၄ ခုနှစ်ထွက် ရုပ်ရှင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ လူ့ဘဝရဲ့ အားမာန်နဲ့ ပြည့်စုံမှုကို ရင်ထိုးရင်နာဖြစ်စေမယ့် ဒရာမာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ Michael (Steven Robertson) ဟာမွေးစဥ်ကတည်းကမသန်စွမ်းသူ ဖြစ်ပြီး အပြင်းအထန်ကြံ့ကြံ့ခံစိတ်ဓာတ်နဲ့ ဘဝကို ကြုံကြုံဆန်ဆန် ရင်ဆိုင်နေသူတစ်ဦးပါ။ သူဟာ တစ်ချိန်မှာ Rory O’Shea (James McAvoy) နဲ့ တွေ့ဆုံခဲ့ပြီး အကျွမ်းတဝင်ဖြစ်လာပါတော့တယ်။ Rory ကသွားလာရခတ်တဲ့ဒုက္ခတတစ်ယောက် ဖြစ်သော်လည်း သူ့ရဲ့ စိတ်အားမာန်နဲ့ ဘဝကို ပြန်လည်စတင်ဖို့ကြိုးစားနေသူဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဘဝကို အခွင့်အရေးရဖို့ ကြိုးစားနေကြတဲ့ လူငယ်နှစ်ဦးပါ။ Rory ရဲ့ ကူညီမှုနဲ့ Michael က ပိုမိုလွတ်လပ်တဲ့ ဘဝကို ရယူဖို့ကြိုးစားပါတော့တယ်။ သူတို့အခက်အခဲတွေကို ရင်ဆိုင်ရင်း ဘဝရဲ့ အနုပညာနဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိရမှာပါ။ “Rory O’Shea Was Here” ရုပ်ရှင်ဟာ လူ့ဘဝရဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖို့ အားမာန်ပေးတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့ လက်မလွတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းပါတယ်။ ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.4 GB)/(809 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Ye Htut

Thriller • Mystery
0 2004
Inside I’m Dancing / Rory Oshea Was Here
One Fast Move

ဝက်စ်ဆိုတဲ့လူငယ်လေးဟာ မိခင်ဆုံးပြီးနောက်မှာ ဆိုင်ကယ်မောင်းသမားဖြစ်ချင်တဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆိုင်ကယ်မောင်းသမားတစ်ယောက်ဖြစ်တဲ့ သူ့ကို ငယ်စဉ်ကတည်းက စွန့်ပစ်သွားခဲ့တဲ့ ဖခင်ဖြစ်သူဆီကို ထွက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဆိုင်ကယ်ဆိုင်ပိုင်ရှင် အေဘယ်လ်နဲ့ ဖခင်ဖြစ်သူ ဒင်းန်တို့ရဲ့ ပံ့ပိုးပေးမှုနဲ့ အတူတူ ဝက်စ်တစ်ယောက် ဆိုင်ကယ်ပြိုင်သမားတစ်ယောက်ရဲ့ လမ်းကြောင်းပေါ်ကို ဘယ်လိုတက်လှမ်းနိုင်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် လူငယ်ကြိုက်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်) File size…(1.9 GB)/(996 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Action, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura

Comedy • Drama • Romance
0 2024
One Fast Move
21 Jump Street
7.2

21 Jump Street (2012) IMDb Rating (7.2) / Rotten Tomatoes (85%) ဒီတစ်ခေါက်ကတော့ ဟာသဇာတ်လမ်းတွေကြားမှာ နာမည်ကြီးပြီးသားရုပ်ရှင်ဖြစ်တဲ့ 21 jump street ရုပ်ရှင်ပဲဖြစ်ပါတယ်။ ရှမစ် နဲ့ ဂျန်ကို တို့နှစ်ယောက်ဟာ အထက်တန်းကျောင်းတုန်းက အစေးမကပ်ခဲ့ကြပေမယ့် နှစ်ယောက်လုံး ရဲ ဖြစ်လာတဲ့အခါမှာတော့ ပါတနာတွေ အဖြစ် အတူတာဝန် ထမ်းဆောင်ရပါတော့တယ်။ စိတ်ထင်ရာနင်းကန်ချကြလို့ အထက်လူကြီးက တကယ့်နေရာကိုပို့လိုက်ပါတော့တယ်… ဒါကတော့ အထက်တန်းကျောင်းတစ်ခုမှာ ပျံ့နေတဲ့ မူးယစ်ဆေးအသစ်တစ်မျိုးအတွက် တာဝန်ရှိတဲ့သူကို ရှာဖွေရမှာဖြစ်ပါတယ်။ အဲ့အတွက် ရှမစ် နဲ့ ဂျန်ကိုတို့ဟာ အထက်တန်းကျောင်းကို ကျောင်းသားအသစ်အဖြစ် ဟန်ဆောင်ဝင်ရောက်ပြီး လျှို့ဝှက်ထောက်လှမ်းရေး လုပ်ရပါတော့တယ်။ ရုပ်ရှင်ကြည့် ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ Jonah Hill နဲ့ Channing Tatum တို့ ဦးဆောင်ပါဝင်ထားပြီး ဘော်ဒါနှစ်ကောင် အထက်တန်းကျောင်းမှာ ဘယ်လိုတလွဲတချော်တွေ ဖြစ်မလဲဆိုတာ ရယ်မောရင်းကြည့်ရှုရမှာပါ။ Brie Larson , Dave Franco , Ice Cube , Dakota Johnson တို့လို နာမည်ကြီးသရုပ်ဆောင်တွေလဲကူညီအားဖြည့်ထားတာမလို့ တကယ့်ကိုကြည့်ပျော်တဲ့ရုပ်ရှင်ပါပဲ။ 21 jump street(2012) နဲ့ 22 Jump Street (2014) ဆိုပြီး ၂ ကားထွက်ခဲ့ပြီးတော့ ၂ ကားလုံးတခွီးခွီးနဲ့ ရယ်နေရပါတယ်။ Jump Street ရုပ်ရှင်တွေကြည့်ပြီးသွားရင် Jonah Hill နဲ့ Channing Tatum တို့ ပရိတ်သတ်ဖြစ်သွားနိုင်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Marco မှတင်ဆက်ထားပါတယ်။)

Horror • Comedy • Thriller
7.2 2012 109 mins
21 Jump Street
Help! I’m a Fish
6

လူကြီးတွေမရှိတုန်း ဖလိုင်းတို့မောင်နှမတစ်‌တွေ အိမ်ကခိုးထွက်ပြီး ငါးသွားမျှားကြရင်းနဲ့ ပရော်ဖက်ဆာကြီးရဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းထဲကိုရောက်သွားခဲ့ကြပါတယ် အငယ်ဆုံးညီမလေး စတယ်လာက ပရော်ဖက်ဆာကြီးရဲ့ ငါးဖြစ်ဆေးရည်ကို မထင်မှတ်ပဲ သောက်မိပြီးကြယ်ငါးလေး ဖြစ်သွားပါတယ် အဲဒီနောက်မောင်နှမတွေတစ်တွေ ပင်လယ်ထဲမှာဘယ်လိုစွန့်စားခန်းတွေဖွင့်ပြီး လူပြန်ဖြစ်အောင် ကြိုးစားကြရသလဲဆိုတာကို ပင်လယ်ရေအောက်ရှုခင်းတွေနဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် ၂၀၀၀ခုနှစ်ကထွက်တဲ့ animationကားလေးဖြစ်ပါတယ် ဟယ်ရီပေါ်တာကားထဲက ပရော်ဖက်ဆာစနိတ်ကြီးကလည်း ဗီလိန်နေရာကနေအသံသရုပ်ဆောင်ထားပါသေးတယ် သီချင်းမြူးမြူးလေးတွေနဲ့ healဖြစ်စေတဲ့ဇာတ်ကားကောင်းလေးမို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ File size… 1.5 GB / 712 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Animation, Comedy, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Na Ei

6 2000 80 mins
Help! I’m a Fish