YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Dead Pixels - S01E02 .1080p.AAC5.1CH(CM).mp4

585.19 MB 1080p video/mp4 17 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Captain Fantastic
7.9

ဘန်နဲ့ သူ့ရဲ့အမျိုးသမီး လက်စလီတို့ဟာ မြို့ပေါ်မှာမနေတော့ဘဲ တောထဲမှာသွားရောက်နေထိုင်ပြီး သဘာဝအတိုင်း ခေတ်မီပစ္စည်းတွေမသုံးဘဲနဲ့ ရှင်သန်နေထိုင်ဖို့ရွေးချယ်ခဲ့ပါတယ်။ သူတို့သားဦးလေးငယ်စဉ်ကတည်းက မြို့ကနေထွက်လာခဲ့ကြပြီးတော့ ကလေး ၆ ယောက်ရတဲ့အထိ အားလုံးကိုတောထဲမှာပဲ ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ ကလေးတွေကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင်၊ တိုက်ခိုက်တတ်အောင် တောထဲမှာပုံမှန်လေ့ကျင့်ပေးပြီး စာပေပညာရပ်အားလုံးကိုလည်း သူတို့ကိုယ်တိုင်ပဲသင်ပေးခဲ့ကြပါတယ်။ ကလေးတွေက နည်းပညာ၊ ခေတ်မီပစ္စည်းအသုံးအဆောင်ဘာဆိုဘာမှ သုံးခွင့်၊ သိခွင့်မရကြပါဘူး။ တောထဲမှာပဲနေရင်း သဘာဝအလှအပတွေခံစားတတ်အောင်လေ့ကျင့်ပေးခံခဲ့ရပါတယ်။ တစ်နေ့မှာတော့ နဂိုကတည်းက စိတ်ရောဂါအခံရှိတဲ့သူတို့အမေ လက်စလီဟာ မြို့ပေါ်ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ လက်စလီရဲ့အဖေက သူ့ရဲ့သမီးနဲ့ဘန်တို့တောထဲမှာနေဖို့ဆုံးဖြတ်ခဲ့တာကို အလွန်စိတ်ဆိုးခဲ့တဲ့အတွက် ဘန့်ကို လက်စလီဈာပနပွဲကို တက်ခွင့်မပြုဘူးလို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီးမြို့ပေါ်သွားပြီးဆေးကုရင်းနဲ့ သေဆုံးသွားတဲ့မိခင်ကို ကလေးတွေကလွမ်းနေကြပြီးတော့ ဈာပနပွဲသွားလိုစိတ်ပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘန့်အနေနဲ့ သူတို့ကလေးတွေကို ပုံမှန်ကမ္ဘာကြီးထဲကို ပထမဆုံးခေါ်သွားရပါတော့တယ်။ တကယ့်ကမ္ဘာအစစ်ထဲကိုရောက်တဲ့အခါမှာ ကလေးတွေက သူတို့ကြီးပြင်းခဲ့ရတဲ့ပုံတွေကို စိတ်ကျေနပ်မှုရှိရဲ့လား၊ ဘန်နဲ့လက်စလီတို့ ကလေးတွေကိုလေ့ကျင့်သင်ပြပေးထားတာတွေက သူတို့လေးတွေ တကယ့်ကမ္ဘာမှာရှင်သန်ဖို့ တကယ်လက်တွေ့အသုံးဝင်ရဲ့လား၊ ဘန်ကိုယ်တိုင်ကရော ဖခင်တစ်ယောက်အနေနဲ့ သူ့ကိုယ်သူမှန်တယ်လို့ ဆက်ထင်သေးရဲ့လားဆိုတာတွေကို လွမ်းဆွေးဖွယ်ရိုက်ပြထားတဲ့ ဒရာမာကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(2.3 GB)/(1.1 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

Drama • Mystery • Science Fiction • Thriller
7.9 2016 118 mins
Captain Fantastic
Tokyo Story
8.2

~ IMDb - 8.2/10, RT - 100%, Meta - 100% ~ မျက်ရည်ဝိုင်းခဲ့တဲ့ ကမ္ဘာမှာ တစ်စင်းတည်းစီးနေရတော့ အဲဒီမြစ်ရဲ့ တစ်နေ့တစ်နေ့မှာ နေ့တာညတာတွေ သိပ်ရှည်ခဲ့ရသတဲ့။ သူ့ရဲ့မြစ်လက်တက်တွေကလည်း အဲဒီမြစ်ဆီ တစ်ကွေ့တစ်ကြုံထက်ပိုလို့ လည်ပြန်မစီးခဲ့ကြပါဘူး။ စိတ်ပျက်လက်ပျက် အကျိုးအပျက်နေ့တို့ကို ခဝါချလိုက်တဲ့အခါ အကြွင်းနတ္ထိဖြစ်လာခဲ့တဲ့ဘဝမှာ ငါတို့အတ္တတွေဟာ ကြီးပြီးရင်း ကြီးလာ နှလုံးသားတွေဟာ သေးပြီးရင်းသေးလာ... ။ ငါမမြင်နိုင်ခဲ့တဲ့နေ့တို့ထဲ ငါ့ရဲ့အကြီးဆုံးနောင်တကို မိုက်မဲစွာနဲ့ ငါပြန်တွေ့ရှိလိုက်ရချိန်... တစ်စစီခွဲခဲ့သူဟာ တစ်စစီကွဲခဲ့ရတာပါပဲ။ ကျန်ရစ်သူတို့နဲ့ ချန်ရစ်သူတို့ ဘယ်သူပိုကြေကွဲခဲ့ရစမြဲလဲ။ သံတုတ်နဲ့ရိုက်ရိုက် သစ်သားတုတ်နဲ့ရိုက်ရိုက် နာကျင်သူဟာ ခေါင်းပဲမို့ ထိုစဉ်မှာ လုံလောက်အောင် မချစ်နိုင်ခဲ့တဲ့လူကတော့ တစ်ချိန်မှာ ပိုကြေကွဲပေးရလိမ့်မယ်။ အချိန်တွေပိုကြာလာလေ ငါပိုသေချာလာနေတဲ့အရာက လူဟာ လောက်အောင် မချစ်ပေးနိုင်ခဲ့လို့တော့ နောင်တမရသင့်ပါဘူး။ သိပ်ရက်စက်လွန်းတယ်။ ချစ်တတ်ဖို့ သိပ်လွယ်ရင်း ချစ်တတ်ဖို့ သိပ်ခက်ရင်း ချစ်ခြင်းကိုသာ ပယ်ခဲ့ရင် လူဟာ ဘာမှမဟုတ်တော့တဲ့အခါ ငါဟာ လူမမည်နိုင်လေတော့ဘူး။ အနေကြာလာရင် မင်းသိမှာပါ ဘ၀ဟာ အခိုင်မာဆုံးစိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ခဲ့ကြပါဘူး။ ဒီလိုနဲ့ အနေကြာလာတယ်... ငါလွမ်းမိလာတယ်... လူဖြစ်ခဲ့ဖူးတဲ့ ငါ့ကိုယ်ငါ။ ~ ~ ~ ~ အိုဇုရဲ့ တိုကျိုစတိုရီဟာ ဂျပန်ရွှေခေတ်ရဲ့ အထင်ကရရုပ်ရှင်တွေထဲ တစ်ကားဖြစ်သလို အိုဇုရဲ့မာစတာပိစ်လို့ သတ်မှတ်ထားကြတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး ရုပ်ရှင်တွေထဲက တစ်ကားဆိုလည်းဟုတ်တယ်။ အိုဇုဟာ အသံတိတ်ရုပ်ရှင်ခေတ်နှောင်းလောက်ကတည်းက ရုပ်ရှင်ရိုက်လာတဲ့ ဒါရိုက်တာပေမဲ့ ကူရိုဆာဝါနဲ့ အိုဇုရဲ့ အတောက်ပဆုံးအချိန်တွေက အတူတူပဲဆိုတော့ ခေတ်ပြိုင်မဟုတ်ပေမဲ့ ခေတ်ပြိုင်လို့ပြောလို့ရပေမဲ့ သူတို့ဟန်တွေကတော့ ဆန့်ကျင်ဘက်စီပဲ။ တကယ့်ကို ဆန့်ကျင်ဘက်ဖြစ်လွန်းပါတယ်။ ကူရိုဆာဝါရုပ်ရှင်တွေဟာ အနောက်တိုင်းဆန်တယ်လို့ပြောကြပြီး အိုဇုကျ ဂျပန်အဆန်လွန်နေတယ်လို့ အပြောခံရတယ်။ အခုရုပ်ရှင် တိုကျိုစတိုရီဟာ အင်္ဂလိပ်ကားကို သူ့နည်းသူ့ဟန်နဲ့ မှီးပြီး ပြန်ရိုက်ထားတာပါပဲ။ ဒါပေမဲ့ မမှားပါဘူး။ အနောက်တိုင်းကားကို မှီးပြီးရိုက်ထားတဲ့ ရုပ်ရှင်မှာတောင် အိုဇုဟာ ဂျပန်အဆန်လွန်နေခဲ့တယ်။ အကောင်းဘက်ကပါပဲ။ နောက် ကူရိုဆာဝါရဲ့စတိုင်ဟာ Extrovert အလွန်ဆန်ပြီး အိုဇုကတော့ Introvert အလွန်ဆန်တယ်လို့လည်း နှိုင်းယှဉ်ခံခဲ့ရတယ်။ နောက် ကူရိုဆာဝါဟာ မြင်ကွင်းကျယ်ရိုက်ချက်လှိုင်လှိုင်သုံးပြီး အိုဇုကတော့ အနီးကပ်ရိုက်လှိုင်လှိုင်သုံးတတ်တယ်။ တကယ့် ဆန့်ကျင်ဘက်ပါပဲ။ ဒါပေမဲ့ ဒီနှစ်ယောက်စလုံးက ဂျပန်ရွှေခေတ်ရဲ့ အခရာဖြစ်ခဲ့သလို ဒီနေ့ထိ World Cinema ကို လွှမ်းမိုးထားနိုင်တုန်းလူတွေဆိုတာကတော့ မမှားပါဘူး။ ဂျပန်စီနီမာကို ကြည့်ရင်တော့ အိုဇုက ပိုလွှမ်းမိုးတယ်ပြောရမလားပါပဲ။ နောက်ပိုင်းဒါရိုက်တာတွေထဲ အိုဇုအငွေ့နဲ့ မကင်းတဲ့လူတွေ မနည်းဘူး။ လက်ရှိရဲ့ ထိပ်တန်းဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kore-eda ဆို အိုဇုဟန်ကြီး လုံးလုံးသုံးတတ်ပြီး သူနဲ့ခေတ်သိပ်မကွာလှတဲ့ ဒါရိုက်တာဆိုလည်း တိုကျိုဖမ်မလီဆိုပြီး ဒီကားကိုပြန်ရိုက်ခဲ့ပါတယ်။ သူကတော့ အိုဇုလို ထိန်ကွက်တွေ မချန်သွားဘူး။ ဇာတ်တူပုံစံကွဲပေါ့။ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ပါ... သိပ်တန်ဖိုးကြီးတဲ့ ရုပ်ရှင်တွေကို စာရင်းလုပ်ကြရင် အိုဇုရဲ့ တိုကျိုစတိုရီဟာ မဖြစ်မနေ ထည့်ရမယ့်ရုပ်ရှင်ပါပဲ။ နှစ်ပေါင်းလေးထောင်အတွင်းမှာတောင် လူသားတွေဟာ ဘာကိုမှ သင်ယူမရရှိခဲ့တဲ့နောက် အနုပညာကလည်း သူ့အတ္တနဲ့သူရှင်သန်နေတဲ့ လူတွေကို ဘာမှသင်ပေးနိုင်မှာတော့ မဟုတ်ဘူး။ ရုပ်ရှင်ကနေ ခံစားရုံသက်သက်ထက်ပိုပြီး တစ်စုံတရာ သေသေချာချာရခဲ့မယ်ဆိုရင်လည်း အဲဒီအရာဟာ ချစ်ခြင်းပဲလို့ ကျွန်တော်တော့ သေချာတယ်။ ရုပ်ရှင်ဟာ အသည်းကိုတစ်စစီခွဲပြီးမှ ပိုချစ်တတ်လာအောင် တစ်စချင်းပြန်ဆက်ပေးတတ်တဲ့ အရာပဲမို့လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 950MB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 2H 16Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
8.2 1953 137 mins
Tokyo Story
Dragon Sword
10

ဒီတစ်ခါ အမောလည်းပြေ ခေါင်းလည်းစားစေမယ့် ဟာသကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းအကျဉ်းလေး မိတ်ဆက်ပေးရမယ်ဆိုရင် ဖုယန်ဆိုတဲ့ကောင်လေးဟာ သေဆုံးသွားခဲ့ပါတယ်.... ဟုတ်ပါတယ် ဆေးရုံမှာ ဝိညာဉ်နဲ့ ကိုယ်၊ ရုပ်နဲ့နာမ်ကွဲသွားပြီး အသက်ပျောက်သွားခဲ့တဲ့အချိန်မှာပဲ... သေမင်းလိုလို ဘာလိုလို ဝတ်စုံနက်ကြီးနဲ့လူတစ်ဦးကလွဲပြီး ဘယ်သူမှ သူ့ကိုမမြင်ရဖြစ်နေတာကြောင့် စကားသွားပြောရာကနေ ... ငါနဲ့ မသေမျိုးကျင့်စဉ် ကျင့်မလား ချက်ချင်းငရဲသွားမလားလို့ အမေးခံလိုက်ရတယ်.... ဒီလိုအမေးခံရရင် ဘယ်သူကများ ငရဲတန်းသွားမယ်ဖြေမှာလဲနော်.... ဖုယန်လည်း နောက်ဆုံးမှာ ကျင့်စဉ်ကျင့်ဖို့ ရွေးခဲ့ရာကနေ အချိန်စက်ဝန်းမန္တန်အရ ဘယ်ရောက်မှန်းမသိရောက်သွားရာကနေ... ပထမဆုံး ဓားပျံလေးက ပြောင်းလဲသွားတဲ့ ဓားဝိညာဉ်ကို ကြွေသွားတာက တစ်မျိုး... ဘိုးတော်ဘုရားခေတ်ကိုပြန်ရောက်ပြီး လေ့ကျင့်မှုတွေကို လေ့ကျင့်ရတာက တစ်မျိုး... နောက်ပြီး မသေမျိုး စစ်ဆေးခြင်းစာမေးပွဲ ကျရင် ဝိညာဉ်ပျက်စီးသွားမယ်တာကြီးကလည်းရှိနေတော့... မသေမျိုးဖြစ်အောင် ဘယ်လိုတွေကျင့်မှာလဲ.... သူစာမေးပွဲတွေကို အောင်ပါ့မလား... ဘာစာမေးပွဲတွေလဲ... နောက်ပြီး အဆုံးသတ်တော့မှာ အိပ်မက်ကြီးဆိုပြီးပဲ အဖျားရှူးသွားမလားဆိုတာ ဇာတ်လမ်းလေးဒေါင်းပြီး ပေါက်ပေါက်လေးစားရင်း ကြည့်ပြီး အဖြေထုတ်လိုက်တော့နော်... [ Reviewed by Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Action Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Drama • Romance
10 2018 86 mins
Dragon Sword
Martha Marcy May Marlene
6.8

ဒီဇာတ်ကားက ၂၀၁၁ က​ ထွက်ရှိ​ခဲ့တဲ့​ Psychological Drama အမျိုး​အစား​ဖြစ်ပါတယ်။ Marvel​ ထဲက​ Wanda အဖြစ်​သရုပ်ဆောင်​တဲ့​ Elizabeth Olsen ရဲ့ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်ပါတယ်။ အပြင်​မှာ​အမှန်​တကယ်ဖြစ်​ခဲ့တဲ့​ မိန်း​ကလေး​တစ်ယောက်​ရဲ့​ ဖြစ်ရပ်​မှန်​ကိုရိုက်ကူးထားတာပါ။ ဇာတ်လမ်း​အကျဥ်း​ကတော့​ မာသာ (Elizabeth Olsen)​ က​ အစွန်း​ရောက်​ဂိုဏ်းတစ်ခုထဲ​မှာ​ နှစ်ပေါင်း​များစွာ​နေလာခဲ့ရပြီး နောက်ဆုံး​မှာ​ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ရုပ်​ပိုင်း​ဆိုင်​ရာအရ လွတ်မြောက်​လာခဲ့ပေမဲ့ စိတ်ကတော့မလွတ်မြောက်ခဲ့ဘဲ အတိတ်က စိတ်ဒဏ်ရာ​တွေရဲ့ဖိစီးနှိပ်စက်မှုကိုခံနေရပါတယ်။ သူနေခဲ့တဲ့​ အစွန်း​ရောက်​ဂိုဏ်းက​ သူ့ကိုအလွတ်မပေးဘဲ​ နောက်​ကနေလိုက်နေတယ်လို့​ စိတ်​ထဲမှာ​မြင်နေပါတယ်။ ဒီလို​နဲ့​ သူ့ရဲ့​စိတ်​ဝေဒနာတွေက သူ့ကိုယ်သူ​တင်မကဘဲ သူ့ကို​လက်​ခံစောင့်ရှောက်ထားတဲ့​ အစ်မ​ဖြစ်သူနဲ့သူ့ခင်ပွန်းတို့ရဲ့ဘဝကိုပါ​ အကျိုး​သက်ရောက်​လာပါတော့တယ်။ ဇာတ်​ကားက​ စိတ္တဇ​ဒရာမာ​ Thriller အမျိုး​အစား​ Indie​ ​ရုပ်​ရှင်​ဖြစ်ပြီး​ Elizabeth​ Olsen​ က​ အဓိက​သရုပ်ဆောင်​ထားပါတယ်။ Imdb​ rating 6.8 ရှိပြီး​ စိတ္တဇ​ Thriller ဇာတ်ကား​တွေကြိုက်နှစ်သက်တဲ့သူတွေ၊ Elizabeth​ Olsen​ ဖန်တွေကြည့်သင့်တဲ့ဇာတ်ကားပါ။ File size…(1.3 GB)/(677 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

Comedy • Romance
6.8 2011
Martha Marcy May Marlene
Lop Nor Tomb
5.9

BC ၂ရာစုလောက်တုန်းက ပိုးလမ်းမအနီး တိဘက်ဒေသအနီးမှာ လော်လန်ဆိုတဲ့ရှေးဟောင်းနိုင်ငံတစ်ခုရှိခဲ့ဖူးတယ်လို့ဆိုတယ်။ လော်လန်တိုင်းပြည်အကြောင်းကို ရှေးသုပါမောက္ခကြီးယန်က သုတေသနလုပ်ရင် ပျောက်သွားခဲ့တာ ဆယ်နှစ်ကျော်ခဲ့ပါပြီ။ ဒီလိုနဲ့သိုးသားရေပေလိတ်တစ်ခုမှာ လော်လန်အမှန်တကယ်ရှိကြောင့် အထောက်အထားရလာတဲ့အခါ သမီးဖြစ်သူနုဲ့ရှေးသုပါမောက္ခတို့လူတစ်စုဟာ ပျောက်သွားတဲ့ ပါမောက္ခကိုရှာဖို့ လော်လန်ရှေးဟောင်းတိုင်းပြည်ရှိတာ သဲကန္တာရကို ခရီးထွက်လာခဲ့ကြတယ်။ အဆုံးမရှိတဲ့သဲကန္တာပြင်ကြီးမှာ ဘယ်လိုအန္တရာယ်တွေကစောင့်နေမလဲ…… ရှေးဟောင်းလော်လန်တိုင်းပြည်ကြီးမှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ…… ရှေးဟောင်းသုတေသနအဖွဲ့လေးကဘယ်လိုအရာတွေကြုံတွေရမလဲ…… ထူးဆန်းထွေလာ ရှေးသမိုင်းတွေကိုစိတ်ဝင်စားတဲ့သူလေးတွေအတွက် အရမ်းသင့်တော်တဲ့ကားလေးပဲဖြစ်ပါတယ်။

5.9 2023
Lop Nor Tomb
The Retirement Plan
5.2

The Retirement Plan (2023) ~ Rotten Tomatoes – 60% ~ မင်းသားကြီး Nicolas Cage လို့ ပြောလိုက်ရင်တော့ မသိတဲ့သူက မရှိသလောက်ပါပဲ။ ဒီတစ်ခေါက် ဇာတ်ကားမှာတော့ နစ်ကိုလပ်ကေ့ဂ်အပြင် သူ့ရဲ့ ဘော်ဒါရင်းတစ်ယောက်လည်းဖြစ်သလို “Hellboy” ကားတွေနဲ့ လူသိများခဲ့တဲ့ မင်းသားကြီး Ron Perlman လည်း တွဲဖက်အနေနဲ့ တဖန်ပြန်လည်ပါဝင်လာတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ အက်ရှ်လေဆိုတဲ့ အမျိုးသမီးဇာတ်ဆောင်ရဲ့ မိသားစုအပေါ်အခြေခံပြီးရိုက်ကူးထားတာပါ။ အက်ရှ်လေရဲ့ အမျိုးသား ဂျင်မီက လူမိုက်အဖွဲ့ထဲဝင်ထားတဲ့ လျှို့ဝှက်သတင်းပေးတစ်ယောက်ပေါ့။ ဒါပေမဲ့ တစ်နေ့မှာ ဂျင်မီက အထက်အမိန့်နဲ့ သူ့အလုပ်က ထိပ်တန်းလျှို့ဝှက်ချက်တွေပါနေတဲ့ ဟာ့ဒရိုက်တစ်ခုကို ခိုးလာခဲ့ပါတယ်။ ဂျင်မီရဲ့ ဒုစရိုက်အဖွဲ့အစည်းက ခေါင်းဆောင်ဖြစ်တဲ့ ဒွန်နီက ဂျင်မီတို့မိသားစုကို လိုက်ဖမ်းတော့ ဂျင်မီတို့ခဗျာ ထွက်ပြေးရရှာတာပေါ့။ ဒါပေမဲ့ ဂျင်မီရဲ့သမီးဖြစ်သူ ဆာရာကပဲ သူတို့အဘိုးနေတဲ့နေရာကို လေယာဉ်နဲ့လွတ်သွားရှာပါတယ်။ လွတ်သွားတဲ့နေရာကတော့ ကာရေဘီယန်ပင်လယ်ထဲမှာရှိတဲ့ ဂရန်းကေးမန်းလို့ခေါ်တဲ့ အပူပိုင်းကျွန်းဆွယ်တစ်ခုပဲဖြစ်ပါတယ်။ လူဆိုးတွေကလည်း လည်တော့ အကြပ်ကိုင်ဖို့ဆိုပြီး ဆာရာ့အမေနဲ့အတူ ကေးမန်းကျွန်းဆွယ်ကြီးဆီလိုက်လာပါတော့တယ်။ ဒီအချိန်မှာ ကျွန်တော်တို့ နစ်ကေ့ကြီးရဲ့ ဇာတ်ဝင်ခန်း စတာပါပဲ။ ထိပ်တန်းလျှို့ဝှက်စုံထောက်နေရာကနေ ပင်စင်ယူနေပြီဖြစ်တဲ့ ဆာရာ့အဘိုးဖြစ်သူ မတ်ကိုယ်တိုင်က တစ်သုတ်ပြီးတစ်သုတ်ရောက်လာတဲ့ လူဆိုးတွေကို တစ်ယောက်တည်း ဆွမ်းကြီးလောင်း သမတော်မူခန်းတွေကို ရှုမဝနိုင်အောင် ခံစားရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံးမှာ အက်ရှ်လေတို့ မိသားစု ဘယ်လိုဖြစ်သွားမလဲ… ထွေဖြားရှည်လျားနေတဲ့ ဂျင်မီရဲ့ အရှုပ်အရှင်းတွေကရော ဘယ်လိုဖြစ်သွားမှာလဲ… ဆိုတာကို ဒီဇာတ်ကားရဲ့အဆုံးမှာ တွေ့ရဦးမှာလည်းဖြစ်ပါတယ်။ ထွက်တာမကြာသေးပေမဲ့ ဇာတ်ကားဝေဖန်သူ အတော်များများက ရီဗျူးကောင်းတွေပေးထားတာဖြစ်တဲ့အတွက် ကြည့်ရမဆိုးတဲ့ ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ နစ်ကေ့အရင်ကားဟောင်းတွေလောက်‌တော့ ကောင်းလှမှာမဟုတ်ပေမဲ့ မိသားစု Vibe အပြည့်နဲ့ ထိုင်ခွီနေရမှာပဲဖြစ်တဲ့အတွက် Entertain ဖြစ်စေမယ့်ကားစာရင်းထဲပါတဲ့ ဇာတ်ကားတစ်ကားလို့ပြောရင်လည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 880MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 43Min Genre – Action, Comedy, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

5.2 2023 103 mins
The Retirement Plan
Say Anything…
7.3

Say Anything… (1989) ~ IMDb – 7.3/10, RT – 98%, Meta – 86% ~ Say Anything က Ghostတို့ Titanicတို့ 10 Things I Hate About You တို့လို When Harry Met Sally… တို့လို Classic Romance ကားပဲ။ အနီးစပ်ဆုံးအရသာတူတာကတော့ When Harry Met Sally… နဲ့လို့ ပြောရမယ်။ တစ်နှစ်တည်းထွက်တဲ့ ရိုမန့်ဟာသကားချင်းအတူတူကိုး။ သူ့ဇာတ်ကတော့ အထက်တန်းကျောင်း ကျောင်းဆင်းပွဲနေ့ကနေစတယ်။ ကျောင်းက အရာရာတော်နေတဲ့ ထက်မြက်တဲ့ကျောင်းသူလေးကို သွားကြိုက်မိတဲ့ ပေတေတေနေတဲ့ကောင်လေးတစ်ယောက်က သူအဲဒီကောင်မလေးကို ချစ်မိနေတဲ့အကြောင်း သူ့ဘော်ဒါနှစ်ယောက်ကို ပြောရာကစတယ်။ သူ့ဘော်ဒါမတွေကတော့ သူ့ကို မဖြစ်နိုင်တာတွေ မလုပ်နဲ့ ဘာညာ တားကြပေမဲ့ သူကတော့ ရအောင်လိုက်မယ်ဆိုပြီး လိုက်လေရဲ့။ ကောင်မလေးက သူ့ကို စိတ်ဝင်စားပေမဲ့လည်း အဖေတစ်ခုသမီးတစ်ခုနေနေတဲ့ သူတို့ဘဝမှာ သူ့အဖေရဲ့ အတွေးတွေက သူ့ကို လွှမ်းမိုးထားတော့ သူ့စိတ်အတိုင်းသွားရခက်နေခဲ့တယ်။ ဒီလိုနဲ့ကောင်လေးကပဲ ကောင်မလေးကို ပြောင်းလဲပေးနိုင်မလား။ ကောင်မလေးကပဲ ကောင်လေးကို ပြောင်းလဲပေးသွားမလားဆိုတဲ့ ဇာတ်ပေါ့။ A Walk to Remember နဲ့တောင် နည်းနည်းခပ်ဆင်ဆင်ပဲ။ ဒါပေမဲ့ Say Anything ကတော့ ကလပ်စစ်ပိုဖြစ်သလို သူ့ထဲက ကတ်ဆတ်ကြီးအကျယ်ကြီးဖွင့်ပြီး မ,လာပြီး ကောင်မလေးအိမ်ရှေ့ရောက်လာတဲ့အခန်းကတော့ ရိုမန့်ရုပ်ရှင်သမိုင်းရဲ့ Iconic အခန်းတွေထဲပါသလို သူ့ဇာတ်ကလည်း Reality တော်တော်ဆန်တဲ့ဘက်ကို သွားတယ်။ ဇာတ်ကြောင်းက Romanceကားပေမဲ့ Reality မတရားဆန်နေတော့ ဇာတ်ကြောင်းသစ်သလိုဖြစ်နေတယ်။ ရုပ်ရှင်ကတော့ ဆယ်ကျော်သက်ရုပ်ရှင်ဆန်ပေမဲ့ အတွင်းမှာ ပိုနက်နဲခါးသက်တဲ့အရာတွေကိုလည်း ထည့်ထားတဲ့ရုပ်ရှင်လို့ ပြောကြပေမဲ့လည်း တကယ်တမ်း ဒီရုပ်ရှင်ကြည့်ဖို့ ဒါတွေမလိုပါဘူး။ Say Anything ဟာ အတန်းထဲက ကိုယ်ကြိတ် Crushနေတဲ့ ကောင်မလေးကို ရဲရဲတင်းတင်းလိုက်ပိုးရင်း ကောင်မလေးဘက်က အခြေအနေပေးလာတဲ့ အချစ်ဇာတ်လမ်းလေးရဲ့ အခင်းအကျင်းမှာ ဘဝတွေအတိုင်း မိသားစု ကျောင်းစတဲ့ လွမ်းစရာဆွေးစရာ အဖြစ်တွေပေါ်လာတဲ့ ဇာတ်ပါပဲ။ တစ်ခါတလေ ဒါတွေက ကျွန်တော်တို့ငယ်ဘဝတွေပေါ့။ တစ်ခါတလေ လွမ်းစရာအတိနဲ့ ဇာတ်တွေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 930MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 40Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.3 1989
Say Anything…
[18+] Cheaters
5

ဂျူနိုနဲ့ ဧပရယ်တို့ဟာ အိမ်မက်တွေအကြီးကြီးနဲ့လူငယ်တွေဖြစ်ပြီး နှစ်ဦးစလုံးမှာ သူဌေးသား၊သူဌေးသမီး ချစ်သူတွေ ကိုယ်စီရှိကြပါတယ်။ အတွေးအခေါ် အယူအဆ အဆင့်အတန်းကွာခြားမှုတွေကြောင့် ချစ်သူတွေနဲ့ပြဿနာတွေ တက်လေ့ရှိကြပြီး အဆင်မပြေဖြစ် စိတ်ညစ်နေချိန်မှာ သူတို့နှစ်ယောက်တွေ့ဆုံခဲ့ကြပါတယ်။ ဘ၀တူတွေဖြစ်သလို အချင်းချင်းလည်းနားလည်မှုရှိကြတဲ့သူတို့နှစ်ယောက်ဟာ ဖောက်ပြန်ဇာတ်လမ်းစခဲ့ကြပြီး ဘယ်အချိန်မှာရပ်လိုက်ရမလဲ မသိနိုင်တော့တဲ့အခါမှာတော့..။ Angeline Aril နဲ့ Kara Fernandez ဆိုတဲ့မင်းသမီးအသစ်စက်စက်လေးနှစ်ဦးကိုပထမဆုံးမိတ်ဆက်ပေးထားတဲ့ဇာတ်ကားပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(800MB)/(400MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:53:00 Genre_Adult, Asian Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 2024
[18+] Cheaters
Sayen: The Huntress (aka) Sayen: La Cazadora

အသစ်ထွက်ရှိထားတဲ့ ‌စပိန်အက်ရှင်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်က ရှေ့မှာထွက်ရှိထားတဲ့ Sayen နဲ့ Sayen : Desert Road တို့ရဲ့အဆက်ပါ။ ချီလီနိုင်ငံမှာ ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချီလီနိုင်ငံမှာ ရေသယံဇာတနဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာဖြစ်ရပ်တွေဖြစ်ပေါ်နေပြီး ဒီဖြစ်ရပ်တွေကိုထိန်းပေးဖို့အတွက် ချီလီသမ္မတနိုင်ငံ အထက်လွှတ်တော်ကနေ ရေသယံဇာတအတွက် ဥပဒေမူကြမ်းတစ်ခုကို တင်သွင်းပြဠာန်းဖို့ရှိနေပါတယ်။ ဒီကိစ္စထဲမှာ ဂရင်းကော်ပိုရေးရှင်းလို့ခေါ်တဲ့ နိုင်ငံတကာကုမ္ပဏီတစ်ခုက ပါ၀င်ပတ်သက်နေပြီး ရေသယံဇာတကိုလက်ဝါးကြီးအုပ်အမြတ်ထုတ်ချင်တဲ့ ဒီကုမ္ပဏီဟာ ချီလိီအထက်လွှတ်တော်ရဲ့ အမတ်တွေကို လာဘ်ထိုးပြီး မဲခွဲဆုံးဖြတ်တဲ့နေရာမှာ အနိုင်ရဖို့အတွက် မသာမာတဲ့နည်းနဲ့ကြိုးစားနေပါတယ်။ ဆာယန်းဆိုတဲ့အမျိုးသမီးကတော့ ချီလီနိုင်ငံရဲ့ ဂေဟ-အကြမ်းဖက်သမားလို့ အမည်တပ်ခံထားရတဲ့ တိုက်ခိုက်ရေးသမားတစ်ဦးပါ။ ဆာယန်းဟာ သူမအပေါ် မှားယွင်းစွပ်စွဲပြောဆိုခံရမှုတွေကို ပြန်လည်ဖြေရှင်းဖို့ နဲ့ ဂရင်းကော်ပိုရေးရှင်းရဲ့ မသာမာတဲ့လုပ်ရပ်တွေကို တားဆီးနိုင်ဖို့အတွက် နည်းပညာရှင် ဟက်ကာအဖွဲ့တစ်ခုနဲ့ပေါင်းပြီး ဂရင်းကော်ပိုရေးရှင်းရဲ့အကြံအစည်တွေကို လိုက်လံစုံစမ်းရင်း အမှန်တရားကိုဖော်ထုတ်ဖို့ရာ ကြိုးစားပါတော့တယ်။ File size…(1.7 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 2024
Sayen: The Huntress (aka) Sayen: La Cazadora
Boiling Point
7.6

စားသောက်ဆိုင်တစ်ဆိုင်ကို စီမံရတဲ့စားဖိုမှူးခေါင်းဆောင်တစ်ယောက်လုပ်ရတာက တစ်ကယ်ပဲလွယ်ကူမှုရှိရဲ့လား စားသောက်ဆိုင်တစ်ဆိုင်လည်ပတ်ရတာကရော ရိုးရှင်းရဲ့လား စားဖိုမှူးတစ်ယောက်က အစားအသောက်လေးကိုချက်ပြုတ်ရုံလေးပဲလို့ထင်မိလား ဒီလိုထင်မိရင်တော့ ဒီကားလေးကိုကြည့်လိုက်ပါ။ အန်ဒီဆိုတဲ့ စားဖိုမှူးခေါင်းဆောင်နဲ့အတူ စားသောက်ဆိုင်ရဲ့လည်ပတ်ပုံတွေကို ကိုယ်တိုင်လိုက်ပါကြည့်ရှုလိုက်ပါ။ မိသားစုပြဿနာတွေကြားဗျာများနေရပေမယ့်အန်ဒီတစ်ယောက် ခရစ်စမတ်အကြိုသောကြာနေ့ညအတွက် စားဖိုဆောင်မှာအကောင်းဆုံးတာဝန်ထမ်းဆောင်နေပုံတွေ စားသောက်ဆိုင်အလုပ်ရဲ့ ဖိအားတွေပြဿနာတွေကို ကိုယ်တိုင်စားသောက်ဆိုင်ထဲမှာရောက်နေသယောင်ဖြစ်အောင် Single Shot နဲ့ပဲရိုက်ကူးထားပြီး ဆုလေးဆုရကာ ဆု(၁၄)ဆုမှာဇကာတင်စာရင်းဝင်ထားတဲ့ဇာတ်ကားဆိုတော့ ကြည့်လိုက်မိလို့နောင်တရစရာမရှိမှာတော့သေချာပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ ) File Size__(1.66GB) / (850MB) Quality__1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__01:36:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by a hao

7.6 2023 95 mins
Boiling Point
Taken from Rio Bravo

Taken from Rio Bravo 2024 ‌ခါးကြားထဲသေနတ်လေးထိုးပြီး သက္ကလပ်ဦးထုပ်နဲ့ ဖိနပ်မှာဆူးလေးတပ်ထားတဲ့ ခပ်မိုက်မိုက်ကောင်းဘွိုင်ကြီးအဖြစ် ငယ်ငယ်က စိတ်ကူးယဉ်ဖူးခဲ့ကြလား သိတဲ့အတိုင်း ကောင်းဘွိုင်ဆိုတာမျိုးက ဘာမှန်းသာမသိပေမယ့် စတိုင်ကကျ အထာကလန်းနေတော့ မသိလည်း ကြိုက်ခဲ့ရတာပေါ့… အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကလည်း လုံးဝကောင်းဘွိုင်အရသာအပြည့်အဝနဲ့ ဖီလင်ကိုပေးမှာပါ ဇာတ်အိမ်တည်ထားတာက ၁၈၀၀ ပြည့်နှစ်ဝန်းကျင် အမေရိကန်ပြည်တွင်းစစ်ပြီးစပေါ့ တရားဥပဒေဆိုတာစိုးမိုးဖို့ ကြိုးစားနေကကြပေမယ့် ခါးကြားထဲကခြောက်လုံးပြူးနဲ့လူတိုင်း သောင်းကျန်းနေကြတဲ့ခေတ်ပေါ့ အဲ့အချိန် ဇာတ်လိုက်ကျော်ရဲ့မိတ်ဆွေရဲမှူးရဲ့ဇနီးလောင်းညီအမကို လူကုန်ကူးဖို့ ဂိုဏ်းတစ်ခုကဖမ်းသွားတဲ့အခါမှာ နောက်ကလိုက်ကယ်ဖို့ ကြိုးစားရပါတော့တယ် အပစ်အခတ်ကတော့ ပြောစရာမလို တဒိုင်းဒိုင်းနဲ့ကို ကောင်းဘွိုင်ကားအစစ်ပါပဲ ဇာတ်လိုက်ကျော်ကလည်း အပြင်ကတကယ့်လူကို မှီငြမ်းပြီးပုံဖော်ထားတာဖြစ်ပြီး သူကရုရှားနိုင်ငံသားကနေ အမေရိကန်ရွှေ့ပြောင်းလာပြီး ပြည်တွင်းစစ်မှာဗိုလ်ချုပ်ဖြစ်သွားတဲ့သူဆိုတော့ စိတ်ဝင်စားစရာဇာတ်ကောင်ပါပဲ… အဲ့တော့ ပရိသတ်ကြီးပဲအပန်းဖြေကြည့်ရှုကြဖို့ တင်ဆက်ပေးလိုက်ရပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ဖြစ်ပါတယ် Genre….. Action, Western Quality…. 1080p WEB-DL | 720p WEB-DL File size… 1.3GB | 628MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

0 2024
Taken from Rio Bravo
The Face of Another
7.9

The Face of Another (1966) ~ IMDb – 7.9/10, Rotten Tomatoes – 86% ~ Woman in the Dunes ရဲ့ စာရေးဆရာဖြစ်တဲ့ Kōbō Abe ရဲ့ ဝတ္တုကိုပဲ Hiroshi Teshigahara က ရိုက်ထားတာ Pitfall, Woman in the Dunes, The Face of Another, The Man Without a Map စသဖြင့် စုစုပေါင်း လေးကားရှိခဲ့တယ်။ ဒီကားတွေကြည့်ဖူးတဲ့လူတွေတော့ သိကြမှာပါ၊ ခိုဘိုအဘဲဟာ ဂျပန်ရဲ့ဖရန့်ကာဖ်ကာလို့ အနှိုင်းခံရတဲ့ စာရေးဆရာမို့ သူ့စာတွေကို ရိုက်ထားတဲ့ ဒီရုပ်ရှင်တွေက Metaphor တွေချည်း လှိမ့်သုံးထားတဲ့ နားလည်ရမခက်ပေမဲ့ မလွယ်တဲ့ကားတွေလို့ ပြောလို့ရတယ်။ ဒါကို ဂျပန်နယူးဝေ့ ဒါရိုက်တာဖြစ်ခဲ့တဲ့ ဟိရိုရှိကလည်း ဒီဇာတ်လမ်းတွေကို အောင်မြင်အောင်ရိုက်နိုင်ခဲ့ပါတယ်။ ပထမ၃ကားလုံးက သူ့အအောင်မြင်ဆုံးရုပ်ရှင်တွေထဲပါခဲ့ပြီး နောက်ဆုံးတစ်ကားပဲ နည်းနည်းချာသွားခဲ့တယ်။ ဂျပန်နယူးဝေ့ဟာ ၁၉၅၆လောက်ကစခဲ့ပေမဲ့ ၁၉၆၀မတိုင်ခင်အထိ နယူးဝေ့ကားနည်းခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ Nagisa Ōshima ကစလို့ Seijun Suzuki တို့အဆုံး နယူးဝေ့ဒါရိုက်တာတွေ ဆက်တိုက်ဆိုသလိုရိုက်ခဲ့ကြတယ်။ ကျွန်တော်သတိထားမိသလောက်တော့ ဒီနယူးဝေ့ကားတွေမှာ အိုဇုတို့ ကူရိုဆာဝါတို့လိုမဟုတ်ဘဲ လိင်မှုခန်းတွေ လူ့စိတ်ရဲ့အမှောင်ဘက်ခြမ်းတွေကိုသာ ရဲရဲဝံ့ဝံ့ကို မြင်သာထင်သာ တင်ဆက်လာကြတယ်။ ဒီနယူးဝေ့ဟာ ဒါရိုက်တာက သူ့ရုပ်ရှင်ကို သူကိုယ်တိုင်လွတ်လပ်စွာ တင်ဆက်နိုင်ခွင့်ရှိတယ်ဆိုတဲ့ သီအိုရီကို ဂျပန်မှာ စမိတ်ဆက်ခဲ့တဲ့ ကာလဖြစ်ခဲ့တော့ ဒါရိုက်တာတွေ တော်တော်တော့ခက်ခဲခဲ့မှာပေမဲ့ Ōshima တို့၊ Suzuki တို့၊ Yoshishige တို့ဆို တော်တော်ရဲရဲတင်းတင်းကို ပြခဲ့ကြတယ်။ တချို့ဆို သူတို့ကားတွေကို အပြာကားလို့တောင် ထင်ခဲ့ကြတယ်။ Hiroshi Teshigahara ကတော့ ကြားကျကျပဲနေသွားခဲ့ပုံပါပဲ။ ပြတော့ပြပေမဲ့ ဟိုဘဲတွေလောက်တော့ မဟုတ်ဘဲ လိုအပ်တယ်လို့ သေချာတဲ့နားလောက်ပဲ ထည့်ခဲ့တယ်။ Hiroshi Teshigahara ရဲ့ The Face of Another ဟာ Woman in the Dunes လောက်တော့ မကောင်းဘူးလို့ ဆိုကြပေမဲ့ Tatsuya Nakadai ရဲ့ သရုပ်ဆောင်ချက်ကိုပါ ထည့်တွက်ရင် ကျွန်တော်တော့ Woman in the Dunes ထက်တော့ မညံ့ဘူးလို့မြင်တယ်။ ဇာတ်လမ်းကတော့ စက်ရုံပေါက်ကွဲမှုကြောင့် မျက်နှာစုတ်ပြတ်သတ်သွားတဲ့ အင်ဂျင်နီယာတစ်ယောက်ကနေ စတယ်။ သူ့မျက်နှာက ရစရာမရှိအောင် စုတ်ပြတ်သတ်သွားပြီးတဲ့နောက် သူ့မိန်းမကတောင် သူ့ကိုအလိုမပါတော့ဘဲ လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာ သူ့အတွက် တော်တော်ခက်ခဲနေခဲ့တယ်။ ဒီတော့ သူက သူ့စိတ်ကို သူအဖက်ဆည်ဖို့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်နဲ့ ပြတယ်။ ဒီဆရာဝန်က စိတ်ရောဂါကုဆရာဝန်ပေမဲ့ စစ်အတွင်းက လက်ပြတ်သွားတဲ့လူတွေကို လက်ချောင်းအသစ်တွေ လုပ်ပေးတာတို့ ဘာတို့လုပ်နေတဲ့ ဆရာဝန်။ သူက မျက်နှာမရှိတော့တဲ့လူကို မျက်နှာဖုံးတစ်ခုလုပ်ပေးခဲ့တယ်။ လူ့မျက်နှာလို တစ်ပုံစံတည်းဖြစ်နေတဲ့ မျက်နှာဖုံးပေါ့။ သူ့သီဝရီအရတော့ သူက မျက်နှာမရှိတဲ့လူဟာ လူတောတိုးဖို့ မျက်နှာလိုချင်တာလို့ပြောပေမဲ့ မျက်နှာဖုံးက သူ့စိတ်နဲ့ ခန္ဓာကိုပြန်ကြီးစိုးသွားမယ်လို့ ယူဆတယ်။ ဒီနောက်မှာတော့ မျက်နှာဖုံးကမျက်နှာလား၊ မျက်နှာက မျက်နှာဖုံးလား၊ မျက်နှာက မျက်နှာလား၊ မျက်နှာဖုံးက မျက်နှာဖုံးလား ဆိုတဲ့ အဖြေကို ကိုယ်တိုင်ရှာယူရမယ့် အခြေအနေကို ဆွဲခေါ်သွားတယ်။ ဒီရုပ်ရှင်မှာ ဒီဇာတ်နဲ့အပြိုင် သူ့အစ်ကိုနဲ့ပြန်အိပ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းလည်းပါခဲ့ပါတယ်။ မူရင်းဝတ္တုမှာတော့ ဒီဇာတ်လမ်းဟာ အဓိကဇာတ်ကောင်က ရုပ်ရှင်ရုံမှာ ကြည့်ခဲ့တဲ့ဇာတ်လမ်းဖြစ်ပြီး ဒီဇာတ်လမ်းအကြောင်းလည်း သူပြန်ပြောပြခဲ့တယ်။ အဓိကဇာတ်ကောင်က ဒီဇာတ်လမ်းကိုသိနေတယ်ဆိုတဲ့ အချက်ဟာ ဇာတ်ကောင်ကို အကဲဖြတ်ဖို့ ကျွန်တော်တို့အတွက်လိုတဲ့တစ်ချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 600MB Quality – WEBRip 720p, 480p IMDb Rating – 7.9/10 Format – mp4 Duration – 2H 4Min Genre – Drama, Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror • Mystery • Thriller
7.9 1966 122 mins
The Face of Another
Susheela Sujeet
5.5

Susheela-Sujeet (2025) – အခန်းထဲက ကံကြမ္မာ Imdb -5.6 ဒီကားကတော့ လတ်တလောထွက်ရှိထားတဲ့ အိန္ဒိယမာရသီဘာသာစကား ရုပ်ရှင် ဖြစ်ပြီး ကြည့်ရှုသူတွေကို ပေါ့ပေါ့ပါးပါး ရယ်မောစေနိုင်တဲ့ ဟာသဒရာမာ တစ်ကားအဖြစ် ဖန်တီးတင်ဆက်ထားပါတယ် နေ့စဉ်ဘဝရဲ့ ရိုးရှင်းတဲ့ အခြေအနေတစ်ခုကနေ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို ဖော်ကျူးထားတာကြောင့် အချစ်ကား ဒရာမာကားကြိုက်သူတိုင်းအတွက် သင့်တော်ပါတယ်ရှင် ဇာတ်လမ်းအကျဉ်းကတော့ ရိုးသားတဲ့ အိမ်ရှင်မ ဆူရှီလာနဲ့ အတွေ့အကြုံနည်းပါးသေးတဲ့ ရေပိုက်ပြင်သမားလေး ဆူဂျိတို့နဲ့ အစပြုထားပါတယ် ဆူရှီလာရဲ့ ရေချိုးခန်းပြွန် ပေါက်ပြဲနေတာကို ပြင်ဆင်ဖို့ ဆူဂျစ်ရောက်လာချိန်မှာ လက်ကိုင်တံခါးကပါမကောင်းနေတာကြောင့် မထင်မှတ်ဘဲ သူတို့နှစ်ဦးက အခန်းတစ်ခန်းထဲမှာ အတူပိတ်မိသွားပါတော့တယ် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီး ဖုန်းတွေလည်း မပါကြတဲ့ အခြေအနေမှာ အချိန်တွေကြာလာတာနဲ့အမျှ သူတို့နှစ်ယောက်ဟာ အပြင်ထွက်ဖို့ နည်းလမ်းမျိုးစုံနဲ့ကြိုးစားပုံတွေကို အူနာအောင်ရယ်နေရမှာပါ ရေပိုက်ပြင်သမားလေး ဆူဂျစ်က ပုံမှန်အားဖြင့်တော့ ရိုးအအနိုင်ပြီး ဆူရှီလာကတော့ အိမ်ရှင်မပီပီ စိတ်ရှုပ်ထွေးတတ်သူတစ်ဦးပါ ကနဦးမှာတော့ တစ်ယောက်နဲ့တစ်ယောက် စိမ်းကားခဲ့ကြပြီး အမြင်မကြည်လင်မှုတွေ ရှိခဲ့ကြပေမဲ့ အခန်းထဲမှာ ပိတ်မိနေတဲ့ အချိန်တွေကြာလာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦးရဲ့ အတွေးအမြင်တွေ ခံစားချက်တွေနဲ့ နေ့စဉ်ဘဝ အတွေ့အကြုံတွေကို ဝေမျှရင်း ပိုမိုနားလည်လာကြပါတယ် ဒီလို မထင်မှတ်တဲ့ အခြေအနေကနေ ဖြစ်ပေါ်လာတဲ့ ပေါ့ပါးတဲ့ ဟာသဇာတ်ဝင်ခန်းတွေ စိတ်ခံစားမှုလှိုင်းဂယက်တွေနဲ့ မမျှော်လင့်ထားတဲ့ အချစ်ရေးရာ လှည့်ကွက်တွေက ဇာတ်ကားကို ပိုမိုဆွဲဆောင်မှုရှိစေပါတယ် သူတို့နှစ်ဦးရဲ့ ဘဝနဲ့ ဆက်ဆံရေးအပေါ် ဒီဖြစ်ရပ်က ဘယ်လို သက်ရောက်မှုရှိလာမလဲ ဘယ်လိုပြန်လွတ်မြောက်ပြီး ဘာဆက်ဖြစ်မလဲဆိုတာကို ရယ်မောပျော်ရွှင်ဖွယ် တင်ဆက်ထားတာပဲ ဖြစ်ပါတယ်ရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Horror
5.5 2025 92 mins
Susheela Sujeet
Hitch
6.6

(Warning – FA များ၊ ရည်းစားမရှိသူများ စိတ်မခိုင်လျှင် မကြည့်သင့်ပါ။ အခန့်မသင့်လျှင် ဤကားကြည့်ပြီး မကြာခင် ရည်းစားရသွားနိုင်ပါသည် ? ရည်းစားရှိသော်လည်း မိန်းကလေးတွေအကြောင်း အထာမနပ်သူများ ကြည့်သင့်ကြည့်ထိုက်သော ကားကောင်းတစ်ကားဖြစ်သည်) ဒီကားလေးကို ကြည့်ပြီးသွားကြရင်တော့… ယောက်ျားလေး အများစု မိန်းကလေးတွေနဲ့ ပတ်သတ်ပြီး “ငါမဖြစ်နိုင်ပါဘူးကွာ၊ ငါ့ပုံစံကြီးက သူနဲ့မကိုက်လောက်ပါဘူးကွာ” ဆိုတဲ့ ခံယူချက်၊ ခံစားချက်တွေ လျော့ပါးသွားမှာတော့အသေအချာပါပဲ ဒီကားထဲမှာ ကျွန်တော်တို့ ယောက်ျားလေးအများစုအတွက် ကိုယ်ချစ်ကြိုက်နေတဲ့ ခွက်နေတဲ့ မိန်းကလေးတစ်ယောက်ကို ရည်းစားစကားပြောဖို့ဆိုတာ ဘယ်လောက်တောင်မလွယ်လိုက်လဲဆိုတာ တွေ့ရပါလိမ့်မယ်…(လွယ်လွယ်ကြိုက် လွယ်လွယ်ပြတ် ခေတ်ကြီးထဲမှာ ဒီစကားက ရယ်စရာလဲ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်) ဒီဇာတ်ကားလေးထဲမှာ… * မိန်းကလေးတစ်ယောက်ကိုတကယ်ချစ်ကြိုက်မိသွားရင် မိန်းမကျမ်းကျေပါတယ်ဆိုတဲ့သူတောင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်တတ်ပုံတွေ… >>> မိန်းကလေးတွေ ဘယ်လိုပြုမူပြီ ဘယ်လိုပြောဆိုပြီဆို အဲ့တာဘာကိုဆိုလိုချင်တာ… >>> ပထမဆုံးအနမ်းတစ်ခုအပေါ်မှာ မိန်းကလေးအများစုရဲ့သဘောထား… >>> အချစ်တစ်ခုဖြစ်ပေါ်လာဖို့ဆိုတာ မလွယ်ကြောင်းတွေ အစုံအလင်တွေ့ရပါလိမ့်မယ် * ဇာတ်လမ်းအကျဉ်းလေး ပြောရရင်… >>> အဲလပ်စ်ဟစ်ရှ်(Will Smith)ဆိုတာ Date doctor တစ်ယောက်ပါ(ဖူးစာရေးနတ် သဘောမျိုးပေါ့) မိန်းကလေးတွေနဲ့ပတ်သတ်ပြီး မိမိကိုယ်ကိုသိမ်ငယ်တတ်သူတွေ မဖြစ်နိုင်ပါဘူးဆိုပြီး မြိုသိပ်နေရတဲ့ ယောကျ်ားလေးတွေအတွက်တော့ အားကိုရာဆရာတစ်ပါးပေါ့… >>> ဆာရာမီးလပ်စ်(Eva Mendes)…. ဆိုတာကတော့ ဂျာနယ်တိုက်တစ်ခုက အတင်းအဖျင်းကဏ္ဍအတွက် ပင်တိုင်ဆောင်းပါးရှင်တစ်ယောက်ပါ သူကတော့ အပျိုကြီး မမတစ်ယောက်… ယောက်ျားတွေကို ဖောက်ပြန်တတ်တဲ့သူတွေလို့ပဲ တထစ်ချမှတ်ထားတာ… အပျိုကြီးတွေမှာရော ချစ်တတ်တဲ့ နှလုံးသားရှိပါ့မလား? ? ? အဲလက်စ်ဟစ်ရှ် လို မိန်းမကျမ်းကျေတဲ့ ယောက်ျားမျိုးနဲ့ ဆာရာမီးလပ်စ်လို ယောက်ျားမုန်းဝါဒီသဘောမျိုး လက်ကိုင်ထားသူနှစ်ယောက်တွေ့ပြီး ဘာတွေများဆက်ဖြစ်ကြမလဲ…. အဲလက်စ်ဟစ်ရှ် ရဲ့အလုပ်က လျှို့ဝှက်ပြီးလုပ်ရတဲ့အလုပ် ဆာရာမီးလပ်စ် အလုပ်က ဖော်ကောင်အလုပ်… သူတို့နှစ်ယောက်ဘယ်လိုများ စခန်းသွားကြမှာလဲ? ? ? ဒီနေရာမှာ ဇာတ်ကားတစ်ခုလုံး မပျင်းရလေ အောင် အဆုံးထိခေါ်ဆောင်သွားပေမဲ့ ဇာတ်ကောင်တစ်ဦးရှိပါသေးတယ်… >>> အဲလ်ဘတ်ဘရန်နာမင်း(Kevin James) – သူကတော့ ကျွန်တော်ပြောခဲ့သလိုပဲ”မမှီတဲ့ပန်းကို တုံးခုလှမ်းချင်မိတဲ့တစ်ယောက်” မဝံ့မရဲစိတ်တွေနဲ့ အားငယ်စိတ်တွေနဲ့ ဟစ်ရှ်ဆီရောက်လာရတဲ့အခါ ဟစ်ရှ်တစ်ယောက်အဆင်ပြေအောင် ကူညီပေးနိုင်ပါ့မလား အမြဲတမ်းအလွဲလွဲအချော်ချော်တွေပဲဖြစ်နေတတ်တဲ့ အဲလ်ဘတ်တစ်ယောက်ရော သူချစ်မိသွားတဲ့ အယ်လီဂရာ(Amber Valletta)ဆိုတဲ့ သူရဲ့အလုပ်ရှင် သူဌေးမအကျော်အမော်လေးရဲ့ အချစ်ကို ပိုင်ဆိုင်နိုင်ပမလား? ? ? မင်းသားကြီး Will Smith ရဲ့ရုပ်ရှင်ကားတွေကို တော့ အားလုံးမှတ်မှတ်ရရဖြစ်လောက်မှာပါ… ဒါ့ကြောင့် ဟာသမင်းသားကြီး Kevin James ရဲ့ ကျွန်တော်တို့နဲ့ရင်းနှီးပြီးသားလူသိများတဲ့ကား အချို့ကို ဖော်ပြပေးလိုက်ပါတယ် >>>Paul Blart:Mall Cop, >>>Hotel Transylvania(Frankenstein နေရာ အသံသရုပ်ဆောင်), >>>Zoo Keeper, >>>Pixels, >>>Grown ups … **(ဒီဇာတ်ကားမှာ Idioms အသုံးအချို့ Proverbs အချို့ကို သင့်လျော်သလို အတတ်နိုင်ဆုံးအဓိပ္ပါယ်လဲ မလွဲအောင် ပြန်ထားပါတယ်… အမှားတစ်စုံတစ်ရာရှိခဲ့ရင် ဘာသာပြန်သူကျွန်တော်၏ အမှားသာဖြစ်ပါတယ် ခင်ဗျာ)

Drama
6.6 2005 118 mins
Hitch