YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Dead Line (2023) Telugu WEB-DL - 1080p - AVC - YK(CM).mp4

1.93 GB N/A video/mp4 88 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Good Night
8

Good Night 2023 ဒီတစ်ခေါက်မှာတော့ IMDb - 8.3/10 ထိရရှိထားတဲ့ တမီးလ် မိသားစုဒရမ်မာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Jai Bhim၊ Vikram Vedha ဇာတ်ကားတွေထဲက မင်းသား Manikandan နဲ့ မင်းသမီးချော Meetha တို့ကအတွဲညီညီသရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းအကျဉ်း မိုဟန်တို့အိမ်ဟာ မိသားစု‌ဝင်တွေအများကြီးနဲ့ သိုက်သိုက်ဝန်းဝန်းရှိလှတဲ့ မိသားစုတစ်ခုပါ။ အချင်းချင်းစည်းလုံးကြပြီး တစ်ယောက် ပြဿနာတစ်ယောက်ဖြေရှင်းကြရင်းပေါ့။ သို့ပေမဲ့မိုဟန်မှာ မိသားစုဝင်တွေ သည်းမခံနိုင်လောက်အောင်ဆိုးတဲ့ အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဟောက်တတ်တာပါပဲ။ အဲအကျင့်ကြောင့်လည်း စော်ငြင်းကောင်ဖြစ်နေရတဲ့သူပါ။ တစ်နေ့မှာ ယောက်ဖဖြစ်သူနဲ့ ရေပိုက်လိုက်ပြင်ရင်း အာနူးဆိုတဲ့သနားစရာကောင်မလေးနဲ့ တွေ့ဆုံပြီး၊ နှစ်ယောက်သားစုံမက်သွားကြတဲ့အခါ အာနူးခင်ဗျာ မိုဟန်ကိုသည်းခံနိုင်ပါဦးမလား၊ နှစ်ယောက်သား ဘယ်လိုနားလည်မှုယူကြမှာလဲ....သူတို့ခင်ဗျာညတိုင်း "Good Night " ဖြစ်နိုင်ပါဦးမလားဆိုတာ "Good Night"ဇာတ်ကားမှာပဲအဖြေရှာပြီး အပန်းဖြေကြည့်ရှုလိုက်ရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ ThaikSan ~ Zwe ~ V~ BpL~ တို့ပဲဖြစ်ပါတယ်။ File size…2.39GB / 1.12GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon ~ ThaikSan ~ Zwe ~ V~ BpL

Comedy • Drama
8 2023 144 mins
Good Night
Tokyo Family
7.5

IMDb Rating - 7.5/10 ငါတို့ဟာ အသုံးမကျတဲ့သားတွေပေါ့။ ဘယ်တော့မှလည်း ကိုယ့်ဘဝ ကိုယ်နိုင်အောင် မကျောင်းနိုင်ခဲ့ကြပြန်။ မရှင်သန်နိုင်အောင် ရှင်သန် နေခြင်းတွေနဲ့ မရေနိုင်အောင် ရာသီတွေဘယ်ရွေ့ကြာပြီလေလဲ၊ ငါ မသိတော့တဲ့ မရေရာခြင်းတွေ။ အိမ်ပြန်မရောက်ဖြစ်တဲ့သားတွေ အတွက် အိမ်ဟာရှိနေသေးလည်း သားတွေအိမ်ပြန်ရောက်မလာဘဲ အိမ်ဟာ မရှိတရှိကလေးပဲ ငွေ့ငွေ့ကျန်။ ကမ်းကုန်အောင် ပေတေလေလွင့်နေသားတစ်ယောက်ကို အိမ်ဟာ ဘယ်တော့မှ ကျောခိုင်းမသွားခဲ့ဘူး။ "နေ့စဉ်မှာပိုက်ဆံထွက်မြဲ ရှာ တော့မလွယ်" သူ့စီးကရက်ဖိုး သူမလောက်လို့ လက်ဖြန့်တဲ့အခါလည်း ဘယ်တော့မှ အဲဒီလက်ဟာ ဗလာမဖြစ်ခဲ့ဘူး။ မမြင်ပေသေချာနေတဲ့ လူပေလူတေလေးရဲ့ ရှုပ်ပွနေတဲ့အခန်းကျဉ်းလေးကိုလည်း မမေ့ခဲ့ဘူး။ ငါ့ရဲ့ခွင့်လွှတ်လို့မရတဲ့အမှားကိုလည်း အဲဒီကမ္ဘာမှာ ငါရှာမတွေ့နိုင်ခဲ့တော့ အမှားများစွာကြား နေသားကျလာခြင်းဟာလည်း ငါယုံကြည်နေတဲ့ လူ ဆန်တဲ့ကမ္ဘာ။ "ဝေးခဲ့သူမို့ " ငါတို့ရဲ့အချစ်တို့ကိုလည်း ငါတို့ရဲ့အပြုံးလို့ ကောင်းချီးပေး ပိုခမ်းနားစေတဲ့အခါ... အခုလိုသိခြင်းနဲ့မဟုတ်ဘဲ ရင်နဲ့နားလည်နိုင်တဲ့အခါ ... အဲဒီအခါ ငါနှောင်းသွားမလား။ တကယ်တမ်းသာဆို အဲဒီအချစ်ဟာ ငါရေစုန်မျှောချင်ခဲ့တဲ့ ဘဝပေါ့။ ဘယ်တော့မှ လိမ္မာမလာနိုင်တဲ့ငါ အဖြေ မရနိုင်မှာကိုလည်း သေချာနေခဲ့ခြင်းတွေ။ "အရိပ်စစ်"ရဲ့အတိတ်ဟာာ အမြဲအသစ်ပဲ။ ဘယ်အရာတွေဘယ်လိုနေမယ် မသေချာနေလည်း ဘယ် လိုပဲ ကွေ့ကောက်စီးစီးပေါ့ ဘယ်တော့မှ နောက်ပြန်မစီးနိုင်တဲ့ အဲဒီမြစ်တွေ...။ ( " " ) - From Songs of Htoo Eain Thin (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.13 GB) / (899 MB) / (504 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........2Hrs 26Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......WiRa Aung Encoder..........Zin Phyo Aung

Comedy • Romance
7.5 2013 146 mins
Tokyo Family
The Mist
6.9

ဒီလို မိုးအေးတဲ့ ညမျိုးမှာ အကြောင်းတိုက်ဆိုင်စွာဖြင့် တင်ပေးချင်တဲ့ ရုပ်ရှင်တစ်ကားတော့ ရှိပါတယ် နာမည်ကျော် စာရေးဆရာကြီး Stephen King ရဲ့ ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Mist ဆိုတဲ့ ရုပ်ရှင်ကားပါ ဒီဇတ်လမ်းကို ကြည့်မယ်ဆို အရင်ဆုံး မီးတွေ မှိတ်လိုက်ပါ ပြီးရင် လဖ္ဘက်သုပ် ဖြစ်ဖြစ် စားစရာ တစ်ခုခု အနားယူပါ စောင်ကို ကွေးနေအောင် ခြုံပါ (FA ဆိုရင်ပေါ့) :P ကိုယ့်အနားမှာ ဖက်စရာခွေးလေး ကြောင်လေးတွေ ရှိရင် ဖက်ထားပါ ဒါမှမဟုတ် ချစ်သူ ရှိရင် လက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ထားပါ ပြီးရင် ဒီရုပ်ရှင်ကို စ ကြည့်လို့ရပါပြီ... တစ်နေ့သော ညမှာ မြို့ငယ်လေး တစ်ခုရဲ့ ဆိုးရွားလှတဲ့ မုန်တိုင်း ဝင်ရောက် တိုက်ခက်တဲ့ အချိန် ရေကန်ငယ်လေး ရဲ့ နံဘေးက ပန်းချီဆရာ ဒေးဗစ် ရဲ့ အိမ်ကို သစ်ပင်ပိကာ Studio ခန်း ပြိုကျသွားခဲ့ပါတယ် မနက်ခင်း မှာတော့ ဒေးဗစ် တို့ မိသားစု နိုးလာတဲ့ အခါမှာတော့ အရာအားလုံးဟာ မြူခိုးစတွေ ဖုံးလွှမ်းနေတာကို တွေ့ရပြီး အပျက်အစီးတွေကို ရှင်းလင်းကြရပါတယ် သဘာဝ ဘေးကို ရင်ဆိုင်ဖို့ အတွက် အစားအသောက်က အရေးကြီးတာကြောင့် အိမ်နီးချင်း တစ်ဦး ရယ် ဒေးဗစ် နဲ့ သူ့ရဲ့ သားငယ်တို့ မြို့ထဲက တစ်ခုထဲသော စူပါမားကတ် ကို ထွက်လာခဲ့ပါတယ် လူတိုင်းဟာ အလကား ရသကဲ့သို့ တိုးဝှေ့ အလုအယက်ဝယ်နေကြပါတယ် ဒါ့အပြင် မြူခိုးတွေ အကြောင်းနဲ့ မြို့လေးရဲ့ တောင်ထိပ်မှာ စစ်တပ်မှ စမ်းသပ်နေတဲ့ အနုမြူဓါတ်ပေါင်းဖို ပေါက်ကွဲတာ ဖြစ်နိုင်ကြောင်း အထင်အမြင်များ ဖလှယ်ကြ ပြောကြ နဲ့ စကားများ ဖောင်းပွလျက် ရှိပါတယ် ဒီလို နဲ့ သိပ်မကြာခင်ပဲ မြူခိုးများ တစ်ဖြေးဖြေး များလာတော့ တစ်ချို့က အိမ်မပြန်ရဲတော့ပဲ စူပါမားကတ် အတွင်းကသာ မြူခိုးများ ပျောက်မလားဆိုပြီး စောင့်နေကြပါတယ် ဒါပေမယ့် သူတို့ ထင်သလို မြူခိုးများ မပျောက်ပဲ ကြောက်မက်ဖွယ်ကောင်းသော အကောင်များ သူတို့ဆီ ရောက်ရှိလာမယ်ဆိုတာကို မသိခဲ့သော အခါ....

Crime • Drama
6.9 2007 126 mins
The Mist
American Carnage

ဒီနှစ်ထဲ နောက်ဆုံးထွက် thriller ကားကောင်းလေးတစ်ကားနဲ့ CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ် မက္ကစီကိုနိုင်ငံသားတွေဟာ နယ်စပ်ချင်းထိကပ်နေတဲ့အမေရိကန်နိုင်ငံထဲကို နှစ်စဉ်လူပေါင်းများစွာ ခိုးဝင်အခြေချနေထိုင်လေ့ရှိကြပါတယ်။ ဒီခိုးဝင်မက္ကစီကန်တွေဟာ ဒီမိုကရေစီနိုင်ငံကြီးအမေရိကန်ထဲမှာ လွယ်လွယ်ကူကူနေထိုင်ခွင့်တော့ မရပါဘူး။ ခွဲခြားဆက်ဆံမှုတွေ ဖိနှိပ်ချုပ်ချယ်မှု အနိုင်ကျင့်မှုတွေ ကြုံတွေ့ရပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း ခိုးဝင်အခြေချနေထိုင်တဲ့ မက္ကစီကန်မိဘက မွေးဖွားလာတဲ့ ကလေးတွေဟာ အမေရိကန်နိုင်ငံသားဖြစ်သွားပြီ ဆိုပေမဲ့ လူမျိုးရေးခွဲခြားဆက်ဆံခံနေရတုန်းပါပဲ။ ဒီလိုခွဲခြားဆက်ဆံခံရမှုကို အံတုပြီး ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနေတဲ့ ဂျေပီနဲ့ လီလီတို့မောင်နှမနှစ်ယောက်ဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးက အရေးပေါ်ဖမ်းဆီးမိန့်တစ်ခုထုတ်ပြန်ပြီး ခိုးဝင်နေထိုင်သူအားလုံးကို ဖမ်းဆီးခိုင်းလိုက်တဲ့အခါမှာတော့ သူတို့ဘဝတွေဟာ ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲခဲ့ပါတော့တယ်။ Racism ရဲ့အဆုံးစွန်ရူးသွပ်မှုကို ဖော်ပြထားတဲ့ဒီဇာတ်လမ်းဟာ အစပိုင်းမှာတော့ ဒရာမာလို့ထင်ရပေမဲ့ သည်းထိတ်ရင်ဖို thriller အဖြစ်ကို ဖြည်းဖြည်းချင်းပြောင်းလဲသွားတာမို့ ကြည့်ရှုခံစားကြည့်ကြပါဦး။ File size… 1.3Gb /(836MB)/(406MB) Quality…. 1080p /720p / 480p Format…mp4 Duration….01:38:00 Genre…Comedy/ Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SPK

Crime • Drama
0 2022 101 mins
American Carnage
Fortuna 4
5.9

အမြဲတမ်း ကြွားလုံးထုတ်လေ့ရှိတဲ့ ဖခင်ဖြစ်သူကို ပိုင်ဆိုင်ထားသူ ၊ ယခုလက်ရှိမှာ ဆင်းရဲမွဲတေနေခြင်းကို ဖခင်ဖြစ်သူ အသုံးမကျလို့ဟု အမြဲတစေ ပြစ်တင်ပြောဆိုလေ့ ရှိသူ – ဝမ်ကျားချန် တစ်နေ့မှာတော့ ဝမ်ကျားချန်တစ်ယောက်ကြွယ်ဝခြင်းနတ်ဘုရားနဲ့ တွေ့ဆုံခဲ့ပြီး အရင်ဘဝက မိမိဟာ စည်းစိမ်ဥစ္စာတွေကိုဖြန့်ကျက်ခဲ့တဲ့ နတ်ဘုရားဖြစ်တဲ့ အကြောင်း သိရှိလိုက်ရပါတယ် ။ တကယ်လို့ နတ်ဘုံကို ပြန်ရောက်ချင်ရင် မိမိဘဝက အဆုံးစွန်သော ကံကောင်းခြင်းကို ရှာတွေ့မှရမယ်ဆိုတာပါ သိလိုက်ရတဲ့အခါ…? နတ်ဘုရားသခင်ဟာ သူ့ကို အရာအားလုံးပြင်ဆင်ဖို့အတွက် သူတစ်ပါးရဲ့ ကြွယ်ဝချမ်းသာခြင်း ကံကြမ္မာတွေကို ပြုပြင်ပြောင်းလဲပေးနိုင်တဲ့ စွမ်းအားတွေကို ပေးသနားခဲ့ပါတယ် ။ ဒီစွမ်းအားတွေကိုပိုင်ဆ်ိုင်ပြီးနောက်မှာ လူတိုင်းရဲ့ ကြွယ်ဝချမ်းသာခြင်း ကံကြမ္မာတွေကို ပြောင်းလဲပေးခဲ့ပေမဲ့ ဆင်းရဲရခြင်းရဲ့ အကြောင်းခံဟာ ဖခင်ဖြစ်သူဖြစ်တဲ့ အကြောင်း မှတ်ယူထားတဲ့ ဝမ်ကျားချန်တစ်ယောက် ဖခင်ဖြစ်သူရဲ့ ကံကြမ္မာကိုတော့ ပြောင်းလဲပေးခဲ့ခြင်းမရှိပါဘူး ။ ဘာကြောင့်လဲဆိုတာကတော့? ❏ ဝမ်ကျားချန်တစ်ယောက် နောင်တတွေနဲ့ ဘယ်လိုကျန်ရစ်နေရမလဲ ? ❏ ကြိုးစားပြီးတော့ရော ကံကြမ္မာကိုပြောင်းလဲပြစ်နိုင်ပါ့မလား? နတ်ပြည်ကိုရော ပြန်ရောက်သွားနိုင်မလား ? ❏ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေဦးမလဲဆိုတာ ဒီကားလေးကို ကြည့်ရှု အဖြေရှာ လိုက်ရအောင်ပါနော် ။

5.9 2023
Fortuna 4
Love Amongst the Stars
5.6

မနှစ်ကထွက်ရှိထားတဲ့ Love Amongst The Stars ဆိုတဲ့ ကြယ်တာရာတွေကြားက အချစ်ပုံပြင်လေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါတယ်ဗျ။ ဟိုက်ဒီက မြို့ငယ်လေးတစ်မြို့က တက္ကသိုလ်တစ်ခုရဲ့ နက္ခတ္တဗေဒပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကျောင်းသားတွေအတွက် နက္ခတ်တာရာကြည့်မျှော်စင်တည်ဆောက်ဖို့ ရန်ပုံငွေလိုအပ်တာကြောင့် အထက်ဘုတ်အဖွဲ့ကို ဒဏ္ဍာရီလာကြယ်တံခွန်တစ်ခုရဲ့ တည်ရှိမှုအကြောင်း သက်သေပြဖို့ကြိုးစားနေသူဖြစ်ပါတယ်။ ဩဂတ်စ်ကတော့ ဒီတက္ကသိုလ်ကို သမိုင်းဌာနရဲ့ ပရော်ဖက်ဆာရာထူးနဲ့ ရောက်ရှိလာသူဖြစ်ပါတယ်။ ဒါပေမဲ့သူက ရှေးဟောင်းသုတေသီတစ်ယောက်လည်းဖြစ်ပြီး ကမ္ဘာလှည့် စွန့်စားခန်းတွေဖွင့်ဖို့အတွက် နယူးယော့က်မှာ အခြေခိုင်တဲ့အလုပ်တစ်ခုရဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ ဒါကြောင့် နယူး‌‌ယောက်က အထက်လူကြီးတွေရဲ့ စိတ်အာရုံကိုဖမ်းယူနိုင်ဖို့ ဟိုက်ဒီရဲ့ ကြယ်တံခွန်ရှာဖွေရေးမစ်ရှင်ကြီးပါ ပါဝင်ကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာဆို အဓိက‌ဇာတ်ဆောင်တွေက အချစ်ကိုကိုးကွယ်တဲ့အရွယ်မဟုတ်ဘဲ တက္ကသိုလ်တစ်ခုရဲ့ပါမောက္ခတွေအနေနဲ့ ပုံဖော်ထားတာမို့ မျက်စိနောက်စရာ ရင်ခုန်စရာ ဆယ်ကျော်သက်အချစ်ဇာတ်လမ်းပုံစံမဟုတ်ဘဲ ဘဝရဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်နေတဲ့ သက်လတ်ပိုင်းတွေနဲ့ သူတို့ရဲ့အချစ်အပေါ်အမြင်၊ အချစ်တစ်ခုကို သူတို့ဘဝရဲ့ ဘယ်အတိုင်းအတာအထိ ဝင်စွက်ဖက်ခွင့်ပေးမလဲဆိုတာကို ဇာတ်လမ်းလေးတစ်ပုဒ်နဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(720 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mariposa

5.6 2022
Love Amongst the Stars
The Hours

2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ The hours ဆိုတဲ့ psychological drama အမျိုးအစားဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ တခေတ်တခါကနာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Meryl Steep , Julianne Moore နဲ့ Nicole Kidman တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ သုံးရောက်စလုံးက Oscar ဆုရရှိထားသူတွေပါ။ ဒီရုပ်ရှင်ဇာတ်ကားဟာလည်း IMDb rating 7.5 အထိရရှိထားတဲ့အပြင် Oscar ဆုတစ်ခုနဲ့အခြားဆုပေါင်းများစွာရရှိခဲ့ပါတယ်။ Oscar ဆုကတော့ Nicole Kidman က best actress ဆုကိုရရှိခဲ့တာပါ။ ဒီလောက်ဆုတွေလည်းရထားတယ်၊ rating တွေလည်းကောင်းတယ်ဆိုတော့ တကယ်ကောင်းတဲ့ကားဆိုတာငြင်းလို့မရပါဘူး။ ဒီဇာတ်လမ်းဟာ အင်္ဂလိပ်စာရေးဆရာမ Adeline Virginia Wolf ရေးခဲ့တဲ့ Mrs.Dalloway ဆိုတဲ့စာအုပ်နဲ့ ဆက်စပ်ပြီး စိတ်ကျဝေဒနာကိုခံစားနေကျရတဲ့အမျိုးသမီးသုံးယောက်ရဲ့ဘဝအကြောင်းကိုရိုက်ပြထားတာပါ။ ပထမဇာတ်ဆောင်ဖြစ်တဲ့ Virginia Wolf အနေနဲ့ Nicole Kidman ကသရုပ်ဆောင်ထားပြီး ၁၉၂၃ ခုနှစ် မှာ Mrs.Dalloway စာအုပ်ကိုစရေးနေစဉ်သူမရဲ့စိတ်ခံစားမှုအကြောင်းကိုရိုက်ပြထားပါတယ်။ Virginia Wolf ဟာသူမရဲ့လိင်စိတ်ခံယူမှုကိုစတင်နားလည်လာချိန်ဖြစ်ပြီး ဘဝအပေါ်စိတ်ပျက်မှုနဲ့ခေါင်းကိုက်ဝေဒနာကိုခံစားနေရချိန်ဖြစ်ပါတယ်။ ညီမဖြစ်သူလာလည်စဉ်အတူပါလာတဲ့တူမလေးရဲ့ သေခြင်းတရာနဲ့ပတ်သတ်ပြီးမေးတဲ့မေးခွန်းဟာသူမအပေါ်လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ဒုတိယဇာတ်ဆောင်ဖြစ်တဲ့ Laura Brown အနေနဲ့ Julianne Moore ကသရုပ်ဆောင်ထားပါတယ်။ Laura Brown မှာ သားတစ်‌ယောက်ရှိပြီးနောက်ထပ်ကိုယ်ဝန်လည်းလွယ်ထားရပါတယ်။ သူမဟာဒုတိယကလေးပင်ရတော့မည်ဆိုသော်ငြားလည်း မိမိကိုယ်ကို မိခင်ဖြင်ဖို့မလုံလောက်သေးဘူးဟုထင်ပြီးစိတ်ကျဝေဒနာကိုခံစားနေရတာပါ။ ကြံရာမရတဲ့အဆုံးသူမဘာဆက်လုပ်မလဲဆိုတာကိုတော့ဆက်လက်ခံစားကြည့်ပါ။ တတိယဇာတ်ဆောင်ဖြစ်တဲ့ Clarissa Vaughan အနေနဲ့ Meryl Steep ကသရုပ်ဆောင်ထားပါတယ်။သူမဟာ ၂၀၀၁ ခုနှစ်မှာ New York မြို့မှာနေတဲ့ထုတ်ဝေသူတစ်ယောက်ပါ။ သူမဟာ AIDS ကြောင့်သေရတော့မဲ့သူမရဲ့သူငယ်ချင်း ရစ်ချတ်ကိုစောင့်ရှောက်ပေးနေခဲ့တာပါ။ ပြီးတော့သူမဟာလည်းမိန်းမချင်းကြိုက်နှစ်သက်သူဖြစ်ပြီး တချိန်တုန်းကပတ်သတ်ခဲ့ဖူးတဲ့ရစ်ချတ်အပေါ်စွဲလန်းနေသူပါ။ ဒီရုပ်ရှင်ကပြသချင်တဲ့အဓိကအကြောင်းအရာကတော့ ကိုယ့်ဘဝကိုကိုယ့်‌ပျော်ရွှင်မှုအတွက်ရှင်သန်မလား၊သူတစ်ပါးရဲ့ပျော်ရွှင်မှုအတွက်ရှင်သန်မလားဆိုတာပဲဖြစ်ပါတယ်။ဇာတ်ဆောင်အမျိုးသမီးသုံးယောက်လုံးရဲ့ဘဝတွေကိုသေချာခံစားကြည့်ပါ၊ဒီသဘောထားကိုနားလည်ပါလိမ့်မယ်။ ပြီးတော့ဇာတ်လမ်းသွားကဘာမှသိပ်မရှိပေမဲ့ အဆုံးထိဆွဲခေါ်သွားနိုင်ပါတယ်။နောက်ခံတီးလုံးရဲ့ပံ့ပိုးမှုကြောင့်တချို့ဇာတ်ကွက်တွေဟာဆိုရင် thriller vibe ‌တောင်ရစေပါတယ်။ခံစားကြည့်ကြပါခင်ဗျာ။ File size…(2.7 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Akm

Horror • Thriller
0 2002
The Hours
Fighting

2009 ခုနှစ်က ထွက်ရှိခဲ့တဲ့ underground street fighting ကို အခြေခံထားတဲ့ ကားကောင်းတစ်ကားပါ။ မင်းသား Channing Tatum နဲ့ Terrence Howard တို့ ဦးဆောင် ပါဝင်ထားပါတယ်။ New York လမ်းဘေးမှာ ပစ္စည်းအတုတွေ ခင်းရောင်းပြီး အသက်မွေးနေတဲ့ ကောင်လေး Shawn က တစ်ရက်မှာ အမှတ်မထင် Harvey ဆိုသူနဲ့ ဆုံခဲ့ရပါတယ်။ Harveyကလည်း လမ်းမပေါ်မှာ တပည့်တွေနဲ့အတူ ရုပ်ရှင်လက်မှတ်တွေ ရှူးဖိနပ်တွေကို လက်သိပ်ထိုးရောင်းတဲ့အလုပ်နဲ့ အသက်မွေးပါတယ်။ Shawn ဆီမှာ fighter တစ်ယောက် ဖြစ်နိုင်လောက်တဲ့ အရည်အချင်းကို တွေ့သွားတဲ့ Harveyက Shawnကို underground fighting လောကထဲ ဝင်ရောက်ဖို့ ဆွဲခေါ်သွားပါတော့တယ်။ နှစ်ဦးကြား သံယောဇဥ်တိုးလာတာနဲ့အတူ အချစ်ရေး အချစ်ရာတွေ အတိတ်က မနာလိုမှုတွေ ရောပြွန်းလာပါတယ်။ Street fightတွေ တစ်ပွဲပြီး တစ်ပွဲ ပြိုင်အပြီးမှာ Shawn ရဲ့ ရန်သူဟောင်း Evan ဆိုသူနဲ့ ယှဥ်ထိုးသတ်ရဖို့ ဖြစ်လာပါတယ်။ ဇာတ်လမ်းက လက်ဝှေ့ကားလည်း မဟုတ် နပန်းကားလည်း မဟုတ် ဒီတိုင်း လမ်းဘေးမှာ ရုန်းကန်နေရတဲ့ လူငယ်လေးရဲ့ အကြောင်းကို ပေါ့ပေါ့ပါးပါးပဲ ရိုက်ထားတာဖြစ်လို့ လေးလေးပင်ပင်တွေ ကြည့်ရတာ မကြိုက်ရင် ကြည့်ဖို့ တိုက်တွန်းပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Action,Crime, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

Comedy • War
0 2009
Fighting
Bleeding Steel
5.1

2018 ခုနှစ်ထွက် မင်းသားကြီးဂျက်ကီချန်းရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက တော့ သိပ္ပံ အက်ရှင်ဒရမ်မာကားလေးပါ ဇာတ်ကားထဲမှာတော့ ဂျက်ကီချန်းက တာဝန်ကျေလွန်းတဲ့ ရဲ ဝန်ထမ်းအဖြစ်သရုပ်ဆောင်ထားပြီးတော့ သူဟာ သူ့ရဲ့ တာဝန်ကို အပျက်ကွက်လုံး၀ မခံဘဲ သူ့သမီးလေး ဆေးရုံမှာ အရေးပေါ်ဖြစ်နေတာတောင်ကျရာတာဝန်ကို မပျက်မကွက်ထမ်းဆောင်ခဲ့ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ ရဲ အရာရှိ လင်း ဟာ သူ့သမီးလေး အရေးပေါ်ဖြစ်နေလို့ဆေးရုံကိုသွားနေတဲ့ အချိန်မှာ သူ့ အထက်အရာရှိက သူ့ကို ဖုန်းဆက်ပြီး တာဝန်ပေးလိုက်လို့အရေးကြီး သက်သေကို ကာကွယ်ဖို့အတွက် သွားလိုက်ပါတယ် ဒါပေမဲ့ သက်သေရော သူပါလုပ်ကြံခံခဲ့ရပြီး အဲ့ဒီသိပ္ပံပညာရှင် စမ်းသပ်ခဲ့တဲ့ နျူကလီးယားရောင်ခြည်သင့် လူသားကလာရောက်လုပ်ကြံခဲ့တာဖြစ်ပြီး တော့ ဂျက်ကီချန်းတယောက် သတိလစ်သွားပါတော့တယ် အဲ့ဒီနောက်မှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာတော့ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာ File size…(3.5 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:49:00 Genre… Action, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Arkar Phyo

5.1 2017
Bleeding Steel
How I Learned to Fly
6.2

IMDb 6.2 / RT 63% ရရှိထားတဲ့ဒရာမာရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်လေးကိုကြည့်မိရင်း “အစ်ကိုကြီးတော့ အဖအရာ”တဲ့စကားလေးကိုတောင် သတိရသွားပါတယ်။ ဒန်နီရယ် နဲ့ အီလိုင်ဆိုတဲ့ အာဖရီကန်-အမေရိကန် ဆယ်ကျော်သက်ညီအစ်ကိုနှစ်ယောက်ဟာ မိဘနှစ်ယောက်ရဲ့ရုတ်တရက်စွန့်ပစ်မှုကို ခံလိုက်ကြရပါတယ်။ အစ်ကိုဖြစ်သူ ဒန်နီရယ်ဟာ အီလိုင်ကို ဖခင်တစ်ယောက်နေရာကနေ အမြဲဂရုစိုက်စောင့်ရှောက်ပေးလာခဲ့သူပါ။ အီလိုင်က ငယ်ဘ၀က မိသားစုထရော်မာတွေကြောင့် စကားက မပြောသလောက်ကို နည်းတဲ့သူတစ်ဦးပါ။ ဒီလိုနဲ့ မိဘနှစ်ပါးမရှိတော့တဲ့နောက် ညီအစ်ကိုနှစ်ယောက်ဟာ အချင်းချင်းဖေးမကူညီရင်း ခက်ခဲကြမ်းတမ်းတဲ့လောကဓံကြီးကို အံတုရင်ဆိုင်ပြီး ဆက်လက်ရှင်သန်နိုင်ကြဖို့ကြိုးစားကြပါတော့တယ်။ ဒီရုပ်ရှင်လေးက တော်တော်လေးကိုနွေးထွေးတဲ့ရုပ်ရှင်လေးပါ။ ညီအစ်ကိုနှစ်ယောက်အကြားက ချစ်ခြင်းမေတ္တာသံယောဇဉ်ကို လှလှပပပုံဖော်ထားတဲ့အပြင် ဘ၀မှာ အမြဲရှောင်ပြေးနေရတဲ့ ပြောမပြနိုင်လောက်အောင် နာကျင်ခဲ့ရတဲ့ ဒဏ်ရာတွေရှိခဲ့ရင်တောင်မှ တချိန်မှာဒါတွေကို ရင်ဆိုင်လက်ခံလိုက်ပြီး ရှေ့ဆက်အသက်ရှင်ဖို့အတွက် ခွန်အားမွေးကြရမယ့်အကြောင်းကို ပြသသွားပါတယ်။ တစ်ကားလုံးမှာ ဂျက်ဇ်တေးသီချင်းတွေနဲ့ ဆိတ်ငြိမ်တဲ့ဇာတ်၀င်ခန်းတွေနဲ့အတူ လှလှပပရိုက်ကူးပုံဖော်ထားတာမလို့ ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…(1.7 GB)/(850 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:44:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Fantasy • Action • Comedy
6.2 2023 104 mins
How I Learned to Fly
Swordsman 2 The Legend of the Swordsman
7.1

Swordsman 2 (1992) The Legend of the Swordsman IMDb Rating (7.1) ဒီဇာတ်ကားကတော့ သိုင်းလောကစိန်ခေါ်သံထဲက လင့်ဟူချုန်းနဲ့ တုန်ဖန်းပုပိုက်တို့ရဲ့ ဇာတ်လမ်းပါပဲ။ ဂျက်လီက လင့်ဟူချုန်းအဖြစ်ပါဝင်ထားပြီး တုန်ဖန်းပုပိုက်အဖြစ်အားလုံးရဲ့ရင်ထဲအစားထိုးမရတဲ့ထိ ကြမ်းချသွားတာကတော့ မင်းသမီး Brigitte Lin ပဲဖြစ်ပါတယ်။ တုန်းဖန်းပုပိုက် သိုင်းလောကသားတွေကို ဒီနေ့ မျှဝေပေးချင်တာက မိန်းမလျာသိုင်းသမားကြီး တုန်းဖန်းပုပိုက်ရဲ့ အကြောင်းပါ။ တုန်းဖန်းပုပိုက် (Dongfang Bubai) ဟာ စာရေးဆရာ ကျင်းယုံရဲ့ သိုင်းလောက၏ စိန်ခေါ်သံ (The Smiling၊ Proud Wanderer) ဝတ္ထုထဲက နာမည်ကျော် ဇာတ်ကောင်တစ်ယောက်ဖြစ်ပါတယ်။ The Smiling၊ Proud Wanderer ကို တက္ကသိုလ်ဝင်းကြွယ်က ၁၉၈၁ ခုနှစ်မှာ “သိုင်းလောကပြက်လုံး” လို့ ဘာသာပြန်ဆို ထုတ်ဝေခဲ့ပြီး တက္ကသိုလ်နေလင်းအောင်ကလည်း ၁၉၈၁ ခုနှစ်မှာပဲ “သိုင်းလောက၏ စိန်ခေါ်သံ” လို့ ဘာသာပြန်ဆိုထုတ်ဝေခဲ့ပါတယ်။ [တုန်းဖုန်းပုပိုက် ဆိုတဲ့ အမည်ကိုတော့ တက္ကသိုလ်ဝင်းကြွယ်က “တုန်းဝှမ်းပုပိုက်” လို့ ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်ကတော့ “တုံးဖန်းပု” လို့ ဘာသာပြန်ပါတယ်] သိုင်းလောကထဲမှာ ကုန်းကုန်းလို့ ခေါ်တဲ့ နန်းတွင်းမိန်းမစိုး (Eunuch) တွေ ပေါများပေမယ့် တုန်းဖန်းပုပိုက်လို LGBT ဇာတ်ကောင်မျိုးကတော့ ရှားပါတယ်။ နာမည်ကျော် နေကြာသိုင်းကျမ်း (Sunflower Manual) ကို လေ့ကျင့်အောင်မြင်ထားသူ တုန်းဖန်းပုပိုက်ဟာ နေလဂိုဏ်းရဲ့ (Sun Moon Holy Cult) ဂိုဏ်းချုပ် ဖြစ်ပါတယ်။ [နေလဂိုဏ်းကို တက္ကသိုလ်ဝင်းကြွယ်က “သူရိန်မျက်နှာမူဂိုဏ်း” လို့ ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်ကတော့ “နေမင်းသခင်ဂိုဏ်း” လို့ ဘာသာပြန်ပါတယ်] ကနဦးမှာ လက်ထောက်ဂိုဏ်းချုပ်အဖြစ် နေလဂိုဏ်းချုပ် လိမ့်ဝေါ်ရှင်း (Ren Woxing) ရဲ့ လက်အောက်မှာ အမှုထမ်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဆရာဖြစ်သူကို အကျဥ်းချပြီး ဂိုဏ်းချုပ်နေရာ ရယူခဲ့သူပါ။ [လိမ့်ဝေါ်ရှင်းကို “လင့်ဝေါစိမ်” လို့ တက္ကသိုလ်ဝင်းကြွယ်က ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်က “လင်းရှင်” လို့ သုံးပါတယ်] ပြီးတော့ ဂိုဏ်းချုပ်ဟောင်း လိမ့်ဝေါ်ရှင်းရဲ့ ဘက်တော်သားတွေနဲ့ သူ့ကို သစ္စာမခံကြသူတွေကို ဘိန်းမည်းရောစပ်ထားတဲ့ အဆိပ်ဆေးကျွေးပြီး ထိန်းချုပ်ခဲ့သူ ဖြစ်ပါတယ်။ တုန်းဖန်းပုပိုက်ဟာ နေကြာသိုင်းကျမ်း (Sunflower Manual) ကို လေ့ကျင့်ဖို့အတွက် ယောက်ကျားဘဝကို စွန့်လွှတ်ခဲ့ပြီး အမျိုးသမီးတစ်ယောက်သဖွယ် ပြုမူ နေထိုင်ခဲ့ပါတယ်။ ဂိုဏ်းချုပ်ဟောင်း လိမ့်ဝေါ်ရှင်းကတော့ နေကြာသိုင်းကျမ်းရဲ့ အစွမ်းထက်မှုကို သိရှိထားပေမယ့် ယောက်ကျားဘဝကို မစွန့်လွှတ်နိုင်တာကြောင့် ကြယ်ငင်မိစ္ဆာသိုင်း (Star-Absorbing Skill) ကိုပဲ အထူးပြု လေ့ကျင့်ခဲ့သူပါ။ [နေကြာသိုင်းကျမ်းကို တက္ကသိုလ်ဝင်းကြွယ်က “ပန်းနေကြာစွယ်စုံသိုင်း” လို့ ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်ကတော့ “နေကြာပန်းသိုင်းပေါင်းချုပ်” လို့ ဘာသာပြန်ပါတယ်] နေကြာသိုင်းကျမ်းကို လေ့ကျင့်အောင်မြင်သွားပြီးတဲ့နောက် အနီရောင်အပ်ချည်နဲ့ ပန်းထိုးအပ်ဟာ တုန်းဖန်းပုပိုက်ရဲ့ ထူးခြားတဲ့ လက်နက်ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ချစ်သူကတော့ နေလဂိုဏ်းသား တစ်ဦးဖြစ်သူ ရန်လျန့်ထင်း (Yang Lianting) ဖြစ်ပါတယ်။ တုန်းဖန်းပုပိုက်ဟာ ရန်လျန့်ထင်းနဲ့ ချစ်ကြိုက်ခဲ့ပြီးနောက် ဂိုဏ်းကိစ္စအားလုံးကို ရန်လျန့်ထင်းရဲ့ လက်ထဲ ပုံအပ်ခဲ့ပါတယ်။ [“ယန်းလျန်ထိန်” လို့ တက္ကသိုလ်ဝင်းကြွယ်က ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်က “ရန်လင်း” လို့ သုံးပါတယ်] နောက်ဆုံးမှာတော့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဂိုဏ်းချုပ်ဟောင်း လိမ့်ဝေါ်ရှင်းဟာ လင့်ဟူချုန်း (Linghu Chong) နဲ့တွေ့ပြီး လွတ်မြောက်လာခဲ့တယ်။ အဲဒီနောက် တုန်းဖန်းပုပိုက်နဲ့ ရင်ဆိုင်ခဲ့ကြတယ်။ အဲဒီတိုက်ပွဲဟာ လွယ်လွယ်ကူကူတော့ မဟုတ်ခဲ့ပါဘူး။ လင့်ဟူချုန်း၊ လိမ့်ဝေါ်ရှင်းနဲ့ ရှန်းဝိန့်ထျန်း (Xiang Wentian) တို့ သုံးယောက်ပေါင်းပြီး အပြင်းအထန် ဝိုင်းဝန်းတိုက်ခိုက်ရတဲ့အပြင် လိမ့်ယဥ်ယဥ်ကပါ ဉာဏ်ကူပြီး ရန်လျန့်ထင်းကို တိုက်ခိုက်တော့မှ အာရုံများသွားရတဲ့ တုန်းဖန်းပုပိုက် တစ်ယောက် သေဆုံးသွားခဲ့ပါတယ်။ ဒါတောင် တုန်းဖန်းပုပိုက်ရဲ့ လက်ချက်ကြောင့် လိမ့်ဝေါ်ရှင်းလည်း မျက်လုံးတစ်ဖက် ကန်းသွားခဲ့ရပါတယ်။ တုန်းဖန်းပုပိုက် ဆိုတာ “အရှေ့ကျွန်း အရှုံးမရှိ” လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီခေတ် အဲဒီအခါက သိုင်းလောကမှာ တုန်းဖန်းပုပိုက်ကို တစ်ယောက်ချင်း ယှဥ်နိုင်သူ မရှိပါဘူး။ ဒါကြောင့် လင့်ဟူချုန်း နဲ့ လိမ့်ဝေါ်ရှင်းတို့ကိုယ်တိုင်က တစ်ယောက်ချင်း မယှဥ်နိုင်တဲ့အကြောင်း၊ သိုင်းလောက ပထမဘွဲ့ကို ရသင့်ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ကြရပါတယ်။ တုန်းဖန်းပုပိုက်ဟာ ထက်မြက်သူ၊ ရက်စက်သူ ဆိုပေမယ့် တစ်ဖက်မှာလည်း ချစ်တတ်တဲ့ နှလုံးသားရှိသူပါ။ သူ သေဆုံးခဲ့ရတာဟာ ရန်လျန့်ထင်း အပေါ် ငဲ့ညှာတဲ့ အချစ်စိတ်ကြောင့်လို့ ပြောနိုင်ပါတယ်။ သေဆုံးကာနီး အချိန်မှာတောင် ရန်လျန့်ထင်းကို လွှတ်ပေးဖို့ တဖွဖွ တောင်းဆိုနေခဲ့ပါသေးတယ်။ သိုင်းလောက၏ စိန်ခေါ်သံ (The Smiling၊ Proud Wanderer) ဝတ္ထုထဲမှာ တုန်းဖန်းပုပိုက်ရဲ့ အခန်းကဏ္ဍက ဒီလောက်ပဲဖြစ်ပေမယ့် သူ့အကြောင်းကို အသားပေးပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေကြောင့် နာမည်ပိုကျော်ပါတယ်။ ၁၉၉၂ ခုနှစ်ထွက် Swordsman 2 ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ လင်ချင်းရှာ (Brigitte Lin Ching-Hsia) ဟာ တုန်းဖန်းပုပိုက် ဇာတ်ကောင်နဲ့ အလိုက်ဖက်ဆုံး ဖြစ်ခဲ့ပါတယ်။ အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည် တည်တံ့ပါစေ။ #တုန်းဖန်းပုပိုက် #DongfangBubai #wikiwuxiathinelawka (တုန်ဖုန်းပုပိုက်အကြောင်းကိုတော့ သိုင်းလောက FB Page ကနေ ကူးယူဖော်ပြထားပါတယ်။)

Comedy • Romance
7.1 1992 107 mins
Swordsman 2 The Legend of the Swordsman
Height of the Wave

Height of the Wave (2019) ************************* IMDb….. 6.4 Juvenile Justice ဇာတ်လမ်းတွဲမှာ ကောင်လေးအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Lee Yeonရဲ့ ကားဟောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအညွှန်း- ရဲအရာရှိ နမ်ယွန်းဆူဟာ ခင်ပွန်းသည်နဲ့ ကွာရှင်းထားပြီးတော့ သမီး ဖြစ်သူနဲ့ ‌ဆက်ဆံရေး ပြေလည်ဖို့ ကြိုးစားနေရင်း ပင်လယ်ဘက် ရဲစခန်းကို တာဝန်ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲဒီရွာမှာ ယယ်အွန်းဆိုတဲ့ မိဘမဲ့ ကောင်မလေး တစ်ယောက် ရှိပြီး‌တော့ တစ်ရွာလုံးက သူ့ကို စောင့်ရှောက်ထားပါတယ်။ ရွာဘက်ကို တာဝန်ကျလာတဲ့ အထိမ်းအမှတ်အဖြစ် ကြိုဆိုပွဲလုပ်တဲ့ ညမှာပဲ အရာရှိနမ်ဟာ ယယ်အွန်းနဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခုကို သိလိုက်ရပါတော့တယ်။ တစ်ဖက်မှာလည်း ရွာရဲ့ အကျိုးအမြတ်အတွက် ယယ်အွန်းကို ရွာကနေ မောင်းထုတ်ချင်နေတဲ့ ရွာသူကြီးကလည်း ရှိနေပြန်ပါတယ်။ ယယ်အွန်း ကြုံတွေ့နေရတဲ့ အခြေအနေက ဘာများဖြစ်မလဲ… အရာရှိနမ်ကရော ယယ်အွန်းကို ကာကွယ်ပေးနိုင်မှာလား.. ပဟေဠိဆန်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ပင်လယ်ရွာလေးအကြောင်းကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက် ကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Treasure Htet ပဲ ဖြစ်ပါတယ်။) File Size : 1.26GB/ 580MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:35:18 Genre : Mystery, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet Encoded by Tiff

Drama
0 2019 95 mins
Height of the Wave
A Long Visit
7.5

A Long Visit (2010) ******************** CM ပရိတ်သတ်ကြီးတို့အတွက် ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ မိခင် မေတ္တာဖွဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် .. ပြည်သူ့မိခင်ကြီးလို့တောင် တင်စားခေါ်ဝေါ် ရလောက်တဲ့ မင်းသမီးကြီး Kim Hae-Sook နဲ့ မင်းသမီး Park Jin-Hee တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် .. ။ – ဇာတ်လမ်းအကျဉ်း – ******************** အန်ဟယ်ဆု (Kim Hae-Sook) ကတော့ သမီးကြီးကို ၂ နှစ်သားအရွယ်မှာတင် ဆုံးရှုံးလိုက်ရတာဖြစ်လို့ သမီးလတ်ဖြစ်သူ ဂိုဂျီဆု (Park Jin-Hee) အပေါ် အထူးတလည် တွယ်တာစိတ်ကြီးမားပြီး သမီးလေးစိတ်တိုင်းကျ ဘာမဆို ဖြည့်ဆည်းပေးတတ်တဲ့ အမေတစ်ယောက်ပါ။ ဒါပေမဲ့ ဂျီဆုကတော့ အိမ်ထောင်ရက်သားကျလို့ ကလေးမွေးပြီးနောက်မှာတောင် အမေက သူ့ကို ကလေးလိုပဲ ဆက်ဆံနေဆဲဖြစ်လို့ တစ်ခါတလေ အမေ့အပေါ် ပြန်ညည်းညူပြတတ်တဲ့ သမီးဆိုးလေးပေါ့ ။ ဒီလိုနဲ့ တစ်နေ့မှာ ဂျီဆုက သူ့ဆီမှာ ကင်ဆာရောဂါရှိနေတယ်ဆိုတာကို သိလိုက်ရပြီးတဲ့နောက် သူ့မှာ ရောဂါရှိနေတာကို ဖုံးကွယ်ပြီး အမေနဲ့ နောက်ဆုံးအကြိမ်အဖြစ် အချိန်အတူကုန်ဆုံးဖို့ အမေနေတဲ့ရွာလေးဆီ ပြန်ဆင်းသွားပါတော့တယ်… ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းလေးပေမဲ့ သမီးဖြစ်သူ အရင်ထွက်သွားရတော့မှာကို သိလိုက်ရတဲ့အခါ ခံစားရတဲ့ အမေတစ်ယောက်ရဲ့ ခံစားချက်ကို ရင်ထဲနင့်နေအောင် ပုံဖော်ရိုက်ကူးပြထားတာဖြစ်လို့ မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားလို့ ညွှန်းဆိုလိုက်ပါရစေ .. ။ (အညွှန်းကို Hnin Wai Oo မှ ရေးသားထားပါတယ်) File size…1.92GB / 640MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 49m Genre ….. Adventure, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by AHtet

Thriller • Crime • Drama
7.5 2010 109 mins
A Long Visit
Mukden Funeral Shop
6.2

“ဒီလောကကြီးမှာ သရဲ တစ္ဆေဆိုတာမရှိပါဘူးလူတွေရဲ့ စိတ်နှလုံးထဲမှာ ကြောက်စိတ်ကိန်းအောင်း နေလို့သာ သရဲ တစ္ဆေနဲ့ပတ်သတ်တဲ့ လှည့်စားမှုပေါင်းများစွာက ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ် ”တရုတ်ပြည်သူ့သမ္မတနိုင်ငံပေါက်ပေါက်လာချိန် အချိန်ကာလ / တရုတ်ရိုးရာ တစ္ဆေပွဲတော်နေ့တစ်နေ့ …..ထိုက်ဖျင် တရားရုံးရဲ့ မှောင်ပျပျ ပြဇာတ်ရုံတစ်ခုမှာ “ယင်းတောင်ရဲ့ နတ်ဆိုးအရှင်” ပြဇာတ်ကို ကပြလို့နေခဲ့ပါတယ် တစ်ဆက်ထဲမှာပဲ အဲဒီနေ့က စစ်ဆေးရေးမှူးချုပ် ဖန်းကျန့်ရူ ရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်လို့နေခဲ့ပါတယ် ဖန်းကျန့်ရူရဲ့ သားဖြစ်သူဟာ ပြဇာတ်ရုံကို ရုတ်ရုတ်သဲသဲဖြစ်သွားစေဖို့ လူလွှတ်လိုက်ပြီးတော့ ဖခင်ဖြစ်သူရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ ပြဇာတ်ရုံကို သိမ်းပိုက်လိုက်ပါတော့တယ် လူတွေအားလုံး ပျော်ရွှင်မှုရဲ့ အငွေ့အသက်တွေကြားမှာ နစ်မြောနေချိန်အတွင်း ……မီးတောက်များစွာနဲ့ လောင်ကျွမ်းနေတဲ့ လူတစ်ယောက်က စင်မြင့်ထက်ကနေပြီး ပြုတ်ကျလာခဲ့ပါတော့တယ် အဲ့ဒီမြင်ကွင်းက တစ္ဆေပွဲတော်နေ့ရက်မှာမှ နတ်ဆိုးအရှင်ကို မီးရှို့ခံရတဲ့မြင်ကွင်းနဲ့ သွားတူလို့နေပါတယ် သိကြတဲ့အတိုင်း လူသားတွေဆိုတာ တစ်ခုခုဆိုရင် အယူသည်းကြတဲ့ အထဲမှာပါလေ့ရှိပါတယ် စင်အောက်က စက္ကူရုပ်တွေနဲ့ အထိန်းအမှတ်ကျောက်တိုင်တွေအားလုံးက မီးကျွမ်းလောင်သွားခဲ့တာမို့ နတ်ဆိုးအရှင် ဒေါသထွက်သွားပြီ ဆိုတဲ့ ကောလဟာလတွေကတစ်ဟုန်ထိုးဆိုသလို ပျံ့နှံ့လို့သွားပါတော့တယ် ဖန်းကျင့်ရူဟာလဲ ဒေါသပုန်ထပြီး ဒီကိစ္စကို စတင်စုံစမ်းခဲ့ပါတယ် ဖုန့်ထျန်း စျာပနပစ္စည်းအရောင်းဆိုင်က ဆိုင်ပိုင်ရှင်ဖြစ်သူ ရွှီစစ်ကျို ဟာလဲ ဖိအားပေးခံရကာ ဒီအမှုကိစ္စမှာ ပါဝင်လာခဲ့ပါတော့တယ် အမှုကိစ္စကဟာ တစ်ဖြည်းဖြည်း နက်နဲလာသည်နှင့်အမျှ ဇာတ်လမ်းရဲ့ ဇာတ်ဆောင်ဖြစ်သူ ရွှီစစ်ကျို ဟာလည်း အဖြစ်ဆိုးတစ်ခုကို မျက်မြင်ကိုယ်တွေ ကြုံတွေ့လာရတဲ့အခါ….? ❏ ဘာတွေဆက်ဖြစ်ကြမလဲ ❏ ဒီကိစ္စရဲ့ နောက်ကွယ်မှာရှိတဲ့ အဖြေကိုရော သူတို့တွေရှာတွေ့နိုင်ကြမလားဆိုတာ အသည်းတထိတ်ထိတ်ရင်တဖိုဖို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်လို့ Horror Movie ကိုကြိုက်နှစ်သက်တဲ့ သူတွေအနေနဲ့ကတော့ လုံးဝကို အကြိုက်တွေ့စေမှာ အသေချာပါပဲ

Drama • Family • Comedy
6.2 2022
Mukden Funeral Shop