YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Dashing Youth E38 720p WEB-DL CM.mp4

418.65 MB N/A video/mp4 194 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tombstone
7.6

နာမည်ကျော် ငြိမ်းချမ်းရေးထိန်းသိမ်းသူ အရာရှိ ဝိုင်ယက်အာ့ပ်ရဲ့ Tombstone မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ Rambo First Blood က ဒါရိုက်တာနှစ်ဦးဖြစ်တဲ့ George P. Cosmatos နဲ့ Kevin Jarre တို့က ဖန်တီးထားပြီး Kurt Russell နဲ့ Val Kilmer လို ထိတ်ထိတ်ကြဲဘဲနှစ်ဗွေအပြင် Ghost Rider ထဲက မြင်းစီးတဲ့ Ghost Rider ကြီး Sam Elliott တို့လို နာမည်ကျော် သရုပ်ဆောင်တွေနဲ့အတူ တခြား နာမည်ကျော်သရုပ်ဆောင်တွေပါ ပါဝင်နေတာကြောင့် Cast နဲ့တင် တော်တော်ဖြုံချင်စရာကောင်းပါတယ်။ Cowboy Vibe အပြည့်ရသလို Gangster ဇာတ်ကားဆန်ဆန် Vibe မျိုးလည်း ရပါလိမ့်မယ်။ Drama လည်း နည်းနည်းတော့ဆန်တဲ့နေရာလည်း ဆန်တယ်ဗျ။ တကယ့် ဆရာကြီးတွေချည်း စုထားတဲ့ ဇာတ်ကားပဲမို့ သရုပ်ဆောင်ကတော့ လုံးဝ အနှစ်တွေချည်းပဲလို့ဆိုရပါလိမ့်မယ်။ ပစ်ရခတ်ရ လူဆိုးထိန်းရတာ စိတ်ကုန်လာတဲ့ ငြိမ်းချမ်းရေးအရာရှိကြီး ဝိုင်ယက်အာ့ပ်နဲ့ ဒုတိယဇနီးလေးတို့က အာ့ပ်ညီနောင်နှစ်ယောက်နဲ့အတူ Tombstone မှာ သေနတ်ကို အနားပေးပြီး အခြေချဖို့ စိတ်ကူးနဲ့ Tombstone ဆိုတဲ့ မြို့လေးကို ရောက်လာကြတယ်။ မြို့လေးက တိုးတက်သလို နောက်ပြန်ဆွဲနေတဲ့ အကြောင်းအရာတွေလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ ကောင်းဘွိုင်တွေပါပဲ။ အဲဒီမြို့လေးမှာ အနီရောင်ပုဝါကို စည်းထားကြတဲ့ ကောင်းဘွိုင်တွေ ကြီးစိုးနေပြီး ဥပဒေကတော့ သိပ်ပြီး သက်ရောက်မှုမရှိဘူးပေါ့။ အငြိမ်းစားယူထားတဲ့ ဝိုင်ယက်ကလည်း ပစ်တာခတ်တာတွေ နားလိုက်ပြီဆိုတော့ လောင်းကစားဝိုင်း လုံခြုံရေးလုပ်ရင်း စီးပွားရှာနေတယ်။ အဲဒီမှာ ဝိုင်ယက်ရဲ့ မိတ်ဆွေရင်းကြီး ဒေါ့ခ်ဟောလီးဒေးဆိုတဲ့ ဘဲနဲ့ ကောင်းဘွိုင်တွေနဲ့ ငြိကြပါလေရော။ အစကတည်းက ဥပဒေဘက်တော်သားဟောင်း ဝိုင်ယက်ကို မကြည်နေကြတဲ့ ကောင်းဘွိုင်‌တွေပါ ဝိုင်းပြဿနာရှာကြတဲ့အချိန်မှာ လူသာနေပေမဲ့ ပညာကတော့မနေဘူးဆိုတဲ့အတိုင်း ဝိုင်ယက်ကြီးလည်း သေနတ်ကို အနားပေးထားရာကနေ သေနတ်ပြန်ကိုင်ရင်း Tombstone က ကောင်းဘွိုင်ဆိုတဲ့ လူရမ်းကားတစ်စုနဲ့ ရင်ဆိုင်ရတဲ့အကြောင်းကို ခြောက်လုံးပြူးသံ တညံညံနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.8/10 Format - mp4 Duration - 2H 10Min Genre - Biography, Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Adventure • Animation • Family • Mystery
7.6 1993 130 mins
Tombstone
End of Days
6

ငယ်စဉ်တောင်ကျေး ကလေးဘဝက အထိတ်တလန့်ကြီး ကြားလိုက်ရတယ်။ ကမ္ဘာပျက်မယ်တဲ့။ ဟင် ဘာလား။ ပျော်စရာကြီး။ ကမ္ဘာပျက်ရင် သူငယ်ချင်းတွေနဲ့ အတူတူထိုင်ကြည့်မယ်ပေါ့။ တိုင်ပင်ကြ။ ပြင်ဆင်ကြ။ မုန့်တွေ သစ်သီးတွေ စုဆောင်းသိမ်းဆည်းကြ။ အချိုလေးတည်းရင်း ကြည့်ရရင် သိပ်ဇိမ်ရှိမှာကိုးဗျ။ ဒါပေမဲ့ လူကြီးသူမတွေရဲ့မျက်နှာက သိပ်မကောင်းကြဘူး။ လက်ဖက်ရည်ဆိုင်တွေ အိမ်က လက်ဖက်ရည်ကြမ်းဝိုင်းတွေမှာ တိုးတိုး တိုးတိုးနဲ့ ငြင်းခုန်ကြ တိုင်ပင်ကြ။ ကလေးပေမဲ့လို့ သိတတ်တဲ့အရွယ်ဆိုတော့ ကမ္ဘာပျက်မယ့်ကိစ္စက ပျော်စရာမဟုတ်မှန်းသိပြီလေ။ ကိုယ်ဖတ်ရတဲ့ ကာတွန်းလေးတွေ မဂ္ဂဇင်းတွေထဲမှာလည်း အဲဒီအကြောင်း မမြင်ချင်မှအဆုံး။ လူတိုင်း လူတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းက ပူပင်သောကတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ ပြင်ဆင်နေရချိန်ပေါ့လေ။ မျောက်မူးလဲအောင် ဆော့တတ်တဲ့ကိုယ်တွေတောင် လူကြီးတွေမျက်နှာကိုငေးမောပြီး ငြိမ်ငြိမ်လေး ထိုင်နေတတ်လာတယ်။ လူကြီးမင်းတို့ မီတဲ့သူတွေ မီကြမှာပါ။ Y2K တဲ့။ ဘာလဲဟ ဝိုင်တူးကေ။ လူကြီးတွေပြောစကားနားထောင် လက်လှမ်းမီသလောက် စာလေးတွေဖတ်ပြီးသိလာပါတယ်။ Y က year၊ 2K က 2000။ အပြည့်အစုံပြောရရင် သက္ကရာဇ် ၂၀၀၀ ပေါ့ဗျာ။ သက္ကရာဇ် ၂၀၀၀ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ကိစ္စက ၂၀၁၂ ကမ္ဘာပျက်မယ့်ကိစ္စထက် ပိုပြီးကျယ်ကျယ်လောင်လောင်ဖြစ်ခဲ့တယ်။ ပိုပြီး လက်တွေ့ဆန်တဲ့ သီအိုရီတွေရှိခဲ့တယ်။ ဇာတ်ကားအကြောင်းမပြောခင် နည်းနည်းလေပေါဦးမယ်ဗျာ။ သက္ကရာဇ် ၂၀၀၀ ဟာ သိပ္ပံနည်းကျ လက်တွေ့သဘောအရ လူသားတွေ ရင်ဆိုင်ရမယ့် ကပ်ဘေးကြီးနှစ်ခုရှိပါတယ်။ ငွေကြေးဖောင်းပွခြင်းနဲ့ ငွေကြေးတန်ဖိုးမငြိမ်ခြင်း တပြိုင်နက်တည်းဖြစ်ခဲ့တာမလို့ စီးပွားရေးလုပ်ငန်းတွေရဲ့ သင်္ချိုင်းကုန်းကြီးဖြစ်ခဲ့တာပါ။ ကုန်ပစ္စည်းသိုလှောင်ရောင်းချခြင်းနဲ့ လည်ပတ်တဲ့စီးပွားရေးက မတည်ငြိမ်တဲ့ ငွေတန်ဖိုးကြောင့် ဘာမှဆက်လုပ်လို့မရဘဲ ထိုးရပ်သွားတယ်။ နောက်တစ်ခုကတော့ ကွန်ပျူတာတွေပါပဲ။ မောင်းနှင်ထားတဲ့စနစ်က ၁၉၉၉ ခုနှစ်အထိပဲ ကွန်ပျူတာတွေက သိမှာမလို့ သက္ကရာဇ် ၂၀၀၀ အရောက်မှာ ကွန်ပျူတာတွေက ၂၀၀၀ ကိုမသိတော့ဘဲ ၁၉၀၀ ကိုပဲ ဖတ်တော့မှာမလို့ နှစ်တစ်ရာ နောက်ပြန်ရောက်သွားတဲ့အဖြစ်ပေါ့။ အဲဒီအတွက် ပြင်ဆင်နိုင်ဖို့ အသည်းအသန်ကြိုးစားကြပေမဲ့ ၁၉၉၉ နှစ်ကုန်ကာနီးအထိ ဘယ်သူမှ စနစ်သစ်ကို Launch မလုပ်နိုင်သေးလို့ ရုံးသုံးကွန်ပျူတာတွေ ရပ်ဆိုင်းမယ်လို့ သတင်းဌာနတွေကနေ တစ်မိနစ်ကို အကြိမ်တစ်ရာလောက် မြိန်ရေယှက်ရေ ပြောခဲ့ကြချိန်ပေါ့ဗျာ။ ကဲ အဲဒါကတော့ ဝိုင်တူးကေရဲ့ သိပ္ပံနည်းကျ ကမ္ဘာပျက်ခြင်းပေါ့လေ။ အခု ဇာတ်ကားအကြောင်းပြောပါတော့မယ်။ လူစီဖာ ဆိုတဲ့ ဘုရားသခင်ရဲ့ ဒုတိယသားဦး ကောင်းကင်တမန်နတ်က စေတန် ဆိုတဲ့နာမည်နဲ့ အဆိုးဘက်ကို ကူးပြောင်းသွားပြီး ငရဲပြည်မှာ ငရဲမင်းသားအဖြစ် စိုးစံနေတာကို သိကြမှာပါ။ အဲဒီနောက် ကမ္ဘာကိုဖျက်မယ့် အတွေးဆိုးတွေကြောင့် ငရဲရဲ့ အကျဉ်းထောင်ထဲမှာ အကျဉ်းချခံခဲ့ရပါတယ်။ ထောင်စုနှစ်တစ်ခုရဲ့အဆုံးမှာ စေတန်ဟာ အကျဉ်းထောင်ကနေလွတ်မြောက်လာပြီး ကမ္ဘာပေါ်ကိုတက် ကမ္ဘာပျက်နေ့ ကို ယူဆောင်လာမယ်တဲ့။ သမ္မာကျမ်းစာ အခန်း ၂၀ အပိုဒ်ငယ် ၇ မှာ အတိအလင်း ပါပါတယ်။ ကဲ မခက်လားဗျာ။ ကမ္ဘာကိုက ပျက်ချင်နေတာလားမသိပါဘူးနော်။ ဒီတော့ ၁၉၉၉ ခုနှစ်ရဲ့ နှစ်သစ်ကူးအကြိုည။ ကမ္ဘာပျက်မပျက် ငြင်းခုန်ကြတာတွေ ဘေးဖယ်ထား။ လူတွေစိတ်အဝင်စားဆုံးညမလို့ နယူးယောက်မြို့ရဲ့ ညဘက်လမ်းမတွေပေါ်မှာ ကြက်ပျံမကျ စည်ကားနေချိန်ပေါ့ဗျာ။ လူစီဖာက ကမ္ဘာပေါ်ကိုတက်လာမယ်။ ရွေးချယ်ခံမိန်းကလေးကိုရှာဖွေပြီး ကိုယ်လက်နှီးနှောရမယ်။ သူ့ရဲ့မျိုးစေ့ကို ချန်ခဲ့ရမယ်။ ငရဲတံခါးကိုဖွင့်လို့ ကမ္ဘာပျက်နေ့ကိုယူဆောင်လာရမယ်။ အဲဒီအချိန်မှာပဲ မင်းသားကြီးအာနိုး တာဝန်ယူစောင့်ရှောက်ရမယ့် လုပ်ငန်းရှင်ကိုယ်ထဲကို လူစီဖာ ဝင်ပူးသွားတယ်။ အဖြစ်တွေ ဆင့်ကဲဖြစ်လာရင်းနဲ့ ရွေးချယ်ခံမိန်းကလေးကို မင်းသားကြီးကစောင့်ရှောက်ပေးဖို့လိုအပ်တဲ့အဖြစ်ကိုရောက်လာပြီး မိန်းကလေးအနား လူစီဖာ မရောက်နိုင်ဖို့ ပြေးလွှားရှောင်တိမ်းကြရတဲ့အကြောင်းတွေပါ။ လူသားနဲ့ စေတန် နတ်ဆိုးရဲ့ တိုက်ပွဲကြီးပေါ့။ Oldie but Goodie လေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.3GB, 670MB Quality - 1080p, 720p, 480p IMDb Rating - 5.8/10 Format - mp4 Duration - 2H 2Min Genre - Action, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action
6 1999 121 mins
End of Days
Frankie and Johnny
6.7

Frankie and Johnny ဆိုတာကတော့ အမေရိကန်ရဲ့ နာမည်ကျော် ရှေးသီချင်းတစ်ပုဒ်ဖြစ်ပြီး လွန်လေပြီးသော King of Rock & Roll ကြီး Elvis Presley တောင် သူ့ရုပ်ရှင်မှာ ထည့်သွင်းသီဆိုခဲ့ပါသေးတယ်။ မူရင်းသီချင်း‌က‌တော့ ဖရန်ကီဆိုတဲ့ မိန်းမတစ်ယောက်နဲ့ ဂျွန်နီဆိုတဲ့ ယောက်ျားတစ်ယောက်ကြားက ဇာတ်လမ်းတစ်ပုဒ်ကို သီဆိုထားတာပါ။ ဒီကားကလည်း ဖရန်ကီဆိုတဲ့ စားပွဲထိုးမလေးနဲ့ ဂျွန်နီဆိုတဲ့ သက်လတ်နှောင်းပိုင်းစားဖိုမှူးတို့ကြားက ချစ်ခြင်းမေတ္တာပါ။ သီချင်းထဲမှာတော့ တခြားမိန်းမတစ်ယောက်နဲ့ဖောက်ပြန်နေတဲ့ ဂျွန်နီ့ကို ဖရန်ကီက သေနတ်တစ်လက်နဲ့ အဆုံးသတ်ပေးလိုက်ပါတယ်။ တကယ့်လူသတ်မှုတချို့ကိုအခြေခံထားတယ်လို့လည်း ပြောကြပါတယ်။ အခုဒီရုပ်ရှင်ကားဟာလည်း ဒီသီချင်းနာမည်ပေါ် လုံးလုံးအခြေခံထားပေမယ့် သီချင်းထဲကအကြောင်းအရာနဲ့တော့ လားလားမှ မဆိုင်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကို စလိုက်မယ်နော်... ထောင်ကလွတ်လာကစ ဂျွန်နီဟာ နယူး‌ယော့ခ်မြို့ကြီးကိုသွား၊ ထောင်တွင်းမှာတုန်းက တတ်ကျွမ်းခဲ့တဲ့ အချက်အပြုတ်ပညာနဲ့ အလုပ်တစ်ခု စ,ရှာပါတော့တယ်။ ရုပ်ကလေးလှသလောက် ဘဝရဲ့ ပျော်စရာကို ရှာမတွေ့တော့တဲ့ ဖရန်ကီကတော့ ဂျွန်နီအလုပ်လာလျှောက်ဖြစ်သွားတဲ့ စားသောက်ဆိုင်လေးရဲ့ စားပွဲထိုးပါ။ တစ်ခါတလေ တိုက်ဆိုင်မှုဆိုတာ တိုက်ဆိုင်မှုသက်သက်မဟုတ်ဘဲ လူ၂ဦးကြားက မြှားနတ်မောင်ပါပဲ။ သီချင်းခေါင်းစဉ်မှာပါတဲ့ နာမည်ပိုင်ရှင်၂ဦးလုံးဟာ နေရာလေးတစ်ခုမှာ လာတွေ့ဖြစ်ကြတယ်ဆိုတာကိုက ကံကြမ္မာပါ။ ဒီလိုနဲ့ ဖရန်ကီ့ကို ချစ်မိသွားတဲ့ ဂျွန်နီနဲ့ နှလုံးသားကို ဖွင့်ပြဖို့ လူတွေကို ယုံကြည်ဖို့ခက်ခဲနေတဲ့ ဖရန်ကီဆိုတဲ့ မိန်းကလေးတို့ရဲ့ ဇာတ်လမ်းလေးကို တွေ့ရမှာဖြစ်ပါတယ်။ တခြားရှည်ရှည်ဝေးဝေး မစဉ်းစားတောင် ပါတဲ့သရုပ်ဆောင်တွေစာရင်း ကြည့်လိုက်ရင်ကို ဒီကားကြည့်ရတာ တန်နေမှာအမှန်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 930MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 58Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action • Adventure • Thriller
6.7 1991 118 mins
Frankie and Johnny
Watcher
6.6

Box office တန်းဝင်တဲ့ သည်းထိပ်ရင်ဖို ဇာတ်ကားမျိုး ကြည့်ရှုချင်တဲ့ ပရိသတ်တွေအတွက်ပါ။ ဇာတ်လမ်းအညွှန်းလေးကတော့ ... ဂျူလီယာက သူ့ရဲ့ ချစ်ခင်ပွန်းနဲ့ ရိုမေးနီးယားကို ပြောင်းရွှေ့လာခဲ့တဲ့ အမေရိကန်သူလေးပေါ့။ ရိုမေးနီးယားစကားမပြောတတ်တော့ တိုင်းတစ်ပါးကို ရောက်ခါစမှာ သူ အတော်လေး အထီးကျန်ရပါတယ်။ အထီးကျန်ရတဲ့ကြားထဲမှာမှ သူ့ကို စောင့်ကြည့်နေတဲ့ သူ တစ်ယောက်က ရှိနေပြန်ပါတယ်။ အဲဒီအကြောင်း သူ့ယောက်ျားကို ပြောပြပေမဲ့ အလုပ်များတဲ့ horror ရုပ်ရှင်တို့ရဲ့ ထုံးစံအတိုင်း ယောက်ျားဖြစ်သူက မယုံပြန်ပါဘူး။ တကယ်တမ်း စောင့်ကြည့်နေတဲ့ အဲဒီလူရဲ့ ရည်ရွယ်ချက်က ဘာလဲ? လူကောင်းလား? လူဆိုးလား? ဂျူလီယာတစ်ယောက် ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမလဲ? ဆိုတာကို ဇာတ်ကောင် ဂျူလီယာ နဲ့အတူ အသည်းတယားယား စောင့်ကြည့်လိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 1.2GB, 471MB & 236MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 31mins Genre : Drama, Horror, Thriller Translated by May Myat Thu Encoded by Kinnov

Action • Adventure • Drama • History • Romance • War
6.6 2022 96 mins
Watcher
On the Line
5.3

On the Line (2022) စကားလေးတစ်ခုရှိပါတယ်။ ” အပျော်ကနေ အပျက် ” တဲ့ ။ ဒီဇာတ်ကားလေးကတော့ အဲဒီစကားလေးနဲ့ပတ်သက်ပြီး မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားလေးပါ။ Elvis ဟာ သန်းခေါင်ယံချိန်မှာ တင်ဆက်လေ့ရှိတဲ့ “On the Line ” လို့ ခေါ်တဲ့ ရေဒီယိုရှိုးရဲ့ host တစ်ယောက်ပါ။ ရှိုးရဲ့သဘောသဘာ၀ကတော့ နောက်ပြောင်ကျီစယ်တာတွေ သူများတွေကို ဖဲ့တာနှက်တာတွေ ပယ်ပယ်နယ်နယ် ပြောတာတွေကို အဓိကထားတင်ဆက်တာပါ။ ဒီလို ရေပန်းစားရှိုးတစ်ခုကို ကိုင်တွယ်ရတဲ့ Elvis ကိုယ်တိုင်ကလည်း ဘ၀င်ခေါင်ခိုက်တတ်တဲ့ပုံစံရှိပြီး ‌ နောက်ပြောင်ကျီစယ်မှုတွေမှာ ကန့်သတ်ချက်မထားတတ်တဲ့သူမျိုးပါ။ အဲဒီလို သူ့ရဲ့အမူအကျင့်ကပဲ တစ်ညမှာ သူ့ကို ပြန်လည် ဒုက္ခပေးဖို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာပါတော့တယ်။ မထင်မှတ်ထားတဲ့ လူတစ်ဦး သူတို့ရှိုးကို ဖုန်းခေါ်လာပြီး အဲဒီညမှာ သူတို့အားလုံးကို ဒုက္ခပေးဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့…..။ အဲဒီလို ဒုက္ခပေးတဲ့သူက ဘယ်သူပါလဲ? Elvis ကရော ဘာတွေများလုပ်ခဲ့မိလို့ သူက Elvis ကို ဒုက္ခပေးဖို့ တန်းတန်းမတ်မတ်ကြီးရောက်လာတာလဲ ? ဒီလို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းလေးနဲ့ ဇာတ်ကားကို မထင်မှတ်ထားတဲ့ လှည့်ကွက်လေးတွေထည့်ပြီး ဖန်တီးထားတာမို့လို့ ကြည့်ရတာတန်မယ့် ဇာတ်ကားတစ်ကားဖြစ်ကြောင်း အသိပေးလိုက်ပါရစေ…။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Chuck ပဲ ဖြစ်ပါတယ်။ Genre….. Thriller Quality…. 1080p | 720p | 480p File size… 1GB | 567MB | 344MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Chuck Encoder ….. August

Drama • Romance
5.3 2022 104 mins
On the Line
[21+] Ken Park
5.8

Ken Park (2002) ဒီကားက တော်တော်ထူးခြားတဲ့ကားလို့ပြောရမယ်။ ဘာလို့ဆို ဒီကားနာမည်ကို ကန်ပတ်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ရဲ့နာမည်ကိုပေးထားတယ်။ ဒါပေမဲ့ အဲဒီကောင်လေးရဲ့အကြောင်းကို အစနဲ့အဆုံးမှာပဲ ပြောသွားပြီး တစ်ကားလုံး သူတို့သူငယ်ချင်းတွေတစ်ယောက်ချင်းစီအကြောင်းကို Coming of Age ဆန်ဆန်ပြထားတယ်။ ဒီလိုပြထားတာတွေကလည်း လိင်ကိစ္စတွေကို အဓိကအသားပေးပြထားတဲ့အပြင် ကလေးတွေဖြစ်တတ်တဲ့ ခပ်ကြောင်ကြောင်ကိစ္စတွေလည်း မနည်းမနောပြထားတယ်။ ဒါပေမဲ့ အခန်းအများစုကတော့ ဒီက ယဉ်ကျေးမှုနဲ့ မလျော်ညီသလို အင်္ဂါဇာတ်တွေကိုလည်း ကွက်ကွက်ကွင်းကွင်းကိုပြတတ်တာမို့ မိသားစုနဲ့တော့ မကြည့်စေချင်ဘူး။ ဒါပေမဲ့လည်း ဒီကားဟာ သာမန်၂၁ကားမဟုတ်ဘဲ ထူးထူးခြားခြားနဲ့ကို ကြည့်ကောင်းနေတဲ့ ဇာတ်အိမ်လေးနဲ့ တည်ဆောက်ထားတဲ့ ရုပ်ရှင်ဆိုတာကတော့ အမှန်ပါပဲ။ ဇာတ်ကလည်းထူးခြား အခန်းတွေကလည်း ကြမ်းပေ့ဆိုတာတွေမှ ကြည့်ချင်တဲ့လူတွေအတွက် ကြည့်သင့်တဲ့ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို s မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 680MB Quality – 720p ,480p IMDb Rating – 5.8/10 Format – mp4 Duration – 1H 33Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by s Encoded by RGB

Horror • Thriller
5.8 2002
[21+] Ken Park
Jules
7.1

Jules (2023) ~ IMDb – 7.1/10, Rotten Tomatoes – 83% ~ ဂြိုဟ်သားတစ်ကောင် အဘိုးကြီးတစ်ယောက်ရဲ့ အိမ်နောက်ဖေးကို ပန်းကန်ပြားပျံ ပျက်ကျပြီးရောက်လာတယ်။ အဘိုးကြီးက တစ်ယောက်တည်းနေရတာဖြစ်ပြီး သူ့အိမ်ထဲ ပန်းကန်ပြားပျံပျက်ကျပြီး ဂြိုဟ်သားရောက်နေတယ်ဆိုတာလည်း သူတို့မြို့လေးက ဘယ်သူမှ မယုံပါဘူး။ အဘိုးကြီးကလည်း အသက်ရလာတော့ မှတ်ဉာဏ်လည်း ယိုယွင်းလာပြီး သူ့သမီးကတောင် စိတ်ပူနေရတာမို့ ပိုမယုံကြတာပါ။ ဒါပေမဲ့ သူ့ရဲ့ အသိ အဘွားကြီးတစ်ယောက်က အိမ်လာရင်း ဂြိုဟ်သားနဲ့မတော်တဆ တွေ့သွားတယ်။ နောက်ထပ် အဘွားကြီးတစ်ယောက်လည်း ထပ်တွေ့သွားရင်း သူတို့သုံးယောက်ပေါင်းပြီး ဂြိုဟ်သားကို ပြန်ပို့နိုင်ဖို့ ကူညီကြတဲ့အကြောင်းပါ။ ဟာသ၊ ဒရာမာ၊ Sci-Fi အမျိုးအစားဖြစ်ပြီး ဖျော်ဖြေရေးအတွက် သင့်တော်တဲ့ ရုပ်ရှင်တစ်ခုပါ။ ဇာတ်သိမ်းကတော့ မချင့်မရဲဖြစ်စရာပါပဲ။ ကိုယ်သာဆို ဒီလိုမလုပ်ဘူးဆိုပြီး တွေးမိစရာမျိုးပေါ့။ ဒီရုပ်ရှင်ဟာ Little Miss Sunshine ရဲ့ ပရိုဂျူဆာ Marc Turtletaub ရိုက်ကူးထားခဲ့တာပါ။ ခေါင်းဆောင်မင်းသားအဖြစ် အိုင်ရွန်းမန်းထဲက လူဆိုးအဖြစ်၊ မဟတ္တမဂန္ဓီအဖြစ် လူသိများကြတဲ့ မင်းသားကြီး Ben Kingsley ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ထဲက ဂြိုဟ်သားဟာ စကားမပြောပါဘူး။ နားပဲထောင်ပါတယ်။ သူ့ကိုဗဟိုပြုရင်းနဲ့ အဘိုးကြီးအဘွားကြီးသုံးယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ပိုနားလည်လာတယ်၊ အချင်းချင်းလည်း ပိုရင်းနှီးလာကြတယ်။ တစ်ခါတလေမှာ နားထောင်ပေးနေသူသက်သက်အဖြစ်ပဲ လုပ်ပေးနေရုံနဲ့ လူတွေရဲ့ဘဝကို အဓိပ္ပါယ်ရှိသွားစေနိုင်တယ်ဆိုတာမျိုးကို ပြလိုက်သလိုပါပဲ။ အထူးသဖြင့် သားတွေသမီးတွေနဲ့ မတွေ့ရတော့တဲ့ အဘိုးကြီးအဘွားကြီးတွေရဲ့ဘဝမှာ နားထောင်ပေးတဲ့သူတစ်ယောက်ဟာ အရာရာပါပဲ။ သက်ကြီးရွယ်အိုတွေစကားကို ထိုင်နားထောင်ဖို့ စိတ်မရှည်မိတဲ့သူတွေတောင် ဒီရုပ်ရှင်ကြောင့် အမြင်ပြောင်းသွားနိုင်ပါတယ်။ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 27Min Genre – Comedy, Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Horror • Mystery • Thriller
7.1 2023 87 mins
Jules
The Hunger Games: Mockingjay – Part 1
6.6

The Hunger Games: Mockingjay – Part 1 (2014) IMDb Rating (6.6) / Rotten Tomatoes (70%) ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ ။ ကတ်နစ်တစ်ယောက်ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းက တကယ့်ကိုပဲပြိုင်ပွဲကိုအဆုံးသတ်စေခဲ့ရပါတယ်။ အရာအားလုံးကိုပြန်ပြီးတော့ သတိရနိုးထလာတဲ့အချိန်မှာ သူ့အနားမှာပီတာမရှိတော့ပါဘူး။ သူကိုယ်တိုင်လဲ နယ်မြေ၁၃ရဲ့အရိပ်အောက်မှာခိုလှုံနေရပါပြီ။ ပီတာနဲ့ ဂျိုဟန်နာတို့ကိုကတ်ပီတယ်ကနေခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာကို ကတ်နစ်တစ်ယောက်ယူကြုံးမရဖြစ်ခဲ့ရပါတယ်။ တော်လှန်ရေးစတင်ဖို့အတွက်ပုံရိပ်တစ်ခုဖြစ်တဲ့မော့ကင်းဂျေနေရာမှာ ကတ်နစ်ကိုပါဝင်အားဖြည့်စေဖို့အတွက်တိုက်တွန်းမှုတွေများစွာလုပ်ခဲ့ရပါတယ်။ နယ်မြေ ၁၂ကိုပြန်လည်သွားရောက်ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ ကတ်နစ်ဟာတော်လှန်ရေးထဲကိုပါဝင်တော့မယ်ဆိုပြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ပီတာနဲ့တခြားသောအောင်နိုင်သူတွေကိုကယ်တင်ဖို့ကလဲရှိပါသေးတယ်။ ဒီအပိုင်း မှာတော့တိုက်ခိုက်မှုနည်းနည်းနဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ရိုက်ကူးထားတဲ့အကြောင်းကိုကြည့်ရှုရမှာပါ။ ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ ပီတာမယ်လာ့ခ်တို့ရဲ့ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့ တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။ The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။

Romance • Crime • Thriller
6.6 2014 123 mins
The Hunger Games: Mockingjay – Part 1
Ondu Sarala Prema Kathe
8.3

Ondu Sarala Prema Kathe (2024) “ရိုးရှင်းသော အချစ်ဇာတ်လမ်းတစ်ပုဒ်” IMDb – 8.4/10 ဇာတ်လမ်းနာမည်အတိုင်းပါပဲ အချစ်ဇာတ်လမ်းရိုးရိုးလေး တစ်ပုဒ်ကို အလှပအသေသပ်ဆုံးနဲ့ တင်ဆက်သွားတဲ့ ကန်နာဒါရုပ်ရှင်တစ်ကားပေါ့။ မင်းသားကြီးရာ့ဂျ်ကူးမားရဲ့မြေးလည်းဖြစ် သရုပ်ဆောင်ပိုင်းမှာလည်း အဘိုးခြေရာနင်းပြီး အင်မတန်ထူးချွန်တဲ့ မင်းသား ဗီနေးရာ့ဂျ်ကူးမားရဲ့ ရုပ်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ မြူးဇစ်ဒါရိုက်တာဖြစ်ချင်တဲ့ ဂီတကိုမြတ်နိုးတဲ့ကောင်လေးတစ်ယောက်။ သူ့ရင်ခုန်သံနဲ့တစ်ထပ်တည်းကျမဲ့ လက်တွဲဖော်ကိုပဲ မျှော်လင့်နေတဲ့သူ။ သူချစ်တွေ ကိုယ်ချစ်တွေဆိုတာထက် ဘ၀ကိုအကောင်းဆုံးရှင်သန်ပြီး သံစဉ်တွေနောက်ကိုလိုက်ရင်း ရင်ခုန်သံနဲ့ တစ်သားတည်းကျမဲ့ချစ်သူကို ရှာဖွေနေခဲ့ပါတယ်။ တစ်ရက်မှာတော့ စတူဒီယိုက ဆရာဖြစ်သူနဲ့ဖုန်းပြောနေရင်း ဆရာ့ဘက်က သီချင်းဆိုနေတဲ့ အသံချိုလွင်လွင်လေးကို ကြားလိုက်တဲ့အခါမှာ သူ့ရင်ခုန်သံနဲ့ တစ်သားတည်းကျနေတာကို သိလိုက်ရတဲ့နောက်။ အသံပိုင်ရှင်ကို လိုက်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ရိုးရှင်းတဲ့ ဒီအချစ်ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုကြပါစို့လားဗျာ။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V ~ Zwe ~ Saii ~ KKKZ ~ Yunniတို့ဖြစ်ပါတယ်)

Horror
8.3 2024
Ondu Sarala Prema Kathe
How to Make Millions Before Grandma Dies Lahn Mah
8.4

How to Make Millions Before Grandma Dies (2024) Lahn Mah IMDb Rating (8.4) ဒီရုပ်ရှင်ကတော့ ရုံတင်ကတည်းက ငိုရတယ်ဆိုပြီး လူပြောများကြသလို ရုံတင်ဝင်ငွေတွေလဲ သောက်သောက်လဲရရှိခဲ့တဲ့ ထိုင်းရုပ်ရှင်ကားလေးဖြစ်ပါတယ်။ GDH Production က ထုတ်တဲ့ ထိုင်းရုပ်ရှင်ကားတိုင်း Rating မြင့်တဲ့ Quality Product တွေဖြစ်ပြီး တစ်နှစ်မှ ၁ ကား ၂ ကားသာ ထုတ်တတ်လို့ ပရိတ်သတ်တွေအနေနဲ့ နှစ်ပေါက်အောင်စောင့်ရတာလဲ အစဉ်အလာဖြစ်နေပါပြီ။ How to Make Millions Before Grandma Dies (2024) ရုပ်ရှင်ကားဟာ အရှေ့တောင်အာရှနိုင်ငံများရဲ့ ရုံတင်ဝင်ငွေစံချိန်ချိုးခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပြီး Box Office စုစုပေါင်း $27 million ထိ ရရှိခဲ့တာကြောင့် အားလုံးရဲ့အံ့ဩခြင်းကိုပါ ရယူနိုင်ခဲ့ပါတယ်။ အနုပညာအရလဲ အောင်မြင်မှုကြီးမားခဲ့ပြီး ကြည့်ဖူးတဲ့လူတိုင်းနီးပါးက နှလုံးသားချင်းနီးစပ်တဲ့ရုပ်ရှင်လို့သတ်မှတ်ကြသလို IMDb Rating မှာလဲ လူပေါင်း ၃ထောင်ကျော်မှ Rating (8.4/10) ထိ ပေးထားကြပါတယ်။ ဇာတ်လမ်းကတော့…. M ဆိုတဲ့ ကောင်လေးဟာ ဂိမ်းပဲစိတ်ဝင်တစားဆော့နေတတ်တဲ့ ခေတ်လူငယ်တစ်ယောက်ဖြစ်ပြီး လူငယ်ပီပီ ဘာကိုမှအလေးအနက်သိပ်မထားတတ်ဘဲ ပေါ့ပေါ့နေပေါ့ပေါ့စားဘဝကိုဖြတ်သန်းနေသူပါ။ တစ်နေ့တော့ သူ့သူငယ်ချင်းတယောက် အမွေရတာကိုအားကျပြီး ကင်ဆာနောက်ဆုံးအဆင့်ရောက်နေပြီဖြစ်တဲ့ သူ့အဘွားရဲ့နောက်ဆုံးအချိန်တွေကို သွားပြုစုဖို့ကြံစည်ပါတော့တယ်။ ဒါမှ အဘွားဖြစ်သူရဲ့အမွေတွေကို သူရရှိနိုင်မယ်လို့ယူဆခဲ့လို့ပါပဲ။ ဘဝရဲ့နောက်ဆုံးအချိန်တွေကို သိသိကြီးနဲ့ဖြတ်သန်းတော့မယ် အဘွားဖြစ်သူရဲ့ ဆန္ဒတွေကရော ဘာတွေဖြစ်မလဲ…. လူ့လောကကြီးထဲကို ရောက်လာပြီး မိသားစုတစ်ခု အိမ်တစ်အိမ်ကိုတည်ထောင်ခဲ့ပြီး အိုမင်းလာချိန်မှာ လူ့လောကထဲကနေထွက်ခွာရတော့မယ့် လူတစ်ယောက်အတွေးမှာ ဘယ်လိုအရာတွေရှိနေမလဲ…. လူ့လောကထဲကိုခုမှကျင်လည်မယ့် မြေးနဲ့ လူ့လောကကိုနှုတ်ဆက်တော့မယ့် အဘွားတို့ရဲ့ကြားက မေတ္တာတရားတွေ မေ့လျော့နေကြတဲ့ မိသားစုအကြောင်းတွေ …ရင်နာနာနဲ့ရယ်ရမယ့် လူ့လောကအကြောင်းတွေ ဒါတွေဒါတွေနဲ့ ဒီရုပ်ရှင်ကားက ရုပ်ရှင်ဆိုတာထက် မိမိတို့ရဲ့ဘဝကိုပါ ထင်ဟပ်သလိုဖြစ်လာခဲ့တဲ့အခါမှာတော့….။ အားလုံးတစ်ရှူးလေးတွေသုတ်ပြီး ငိုကြရတဲ့ မေတ္တာဖွဲ့ဘဝဇာတ်လမ်းဖြစ်လာပါတော့တယ်။ M အဖြစ် မင်းသားချော Billkin က သရုပ်ဆောင်ထားပြီး သဘာဝကျလွန်းတာကြောင့် အားလုံးရဲ့ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ ရုံတင်တုန်းက မကြည့်လိုက်ရတဲ့ CM ပရိတ်သတ်တွေအတွက် Netflix က ထွက်ထွက်ချင်း ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ Engsub ကနေကြည့်ပြီး ဘာသာပြန်ထားရလို့ ထိုင်းဘာသာစကားအရလိုအပ်ချက်ရှိခဲ့ရင် နားလည်ကြည့်ရှုခံစားပေးကြပါဦးလို့ မေတ္တာရပ်ခံပါတယ်။

8.4 2024
How to Make Millions Before Grandma Dies Lahn Mah
Ramnagar Bunny
7.4

Ramnagar Bunny (2024) “လူရှုပ်ဘန်နီ” အခုတင်ဆက်ပေးလိုက်တာကတော့ တလေဂူးအချစ်ဟာသရုပ်ရှင်ကားလေးပါ။ ဘန်နီဆိုတဲ့ကောင်က သူငယ်ချင်းတွေနဲ့ လတ်လျားလတ်လျားသွားလာနေပြီး တာဝန်ယူမှုဆိုတာမရှိတဲ့ ကောလိပ်ကျောင်းသားတစ်ယောက်။ အဖေဖြစ်သူက သုံးဘီးမောင်းပေမဲ့ အိမ်မှာ စေတနာနဲ့လာကူညီပေးတဲ့ ဆိုင်လူဆိုတဲ့ ကောင်မလေးကတော့ ဘန်နီ့ကို တိတ်တခိုးလေးချစ်မိနေပါတယ်။ ဘန်နီကတော့ ဆိုင်လူ့ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မထင်တဲ့အပြင် အိမ်အကူလောက်ပဲသဘောထားတဲ့ကောင်။ ကြုံလာသမျှမိန်းကလေးတိုင်းကို ဖွန်ကြောင်ရင်း ညီမဖြစ်သူအတွက် အဖေစုထားတဲ့ပိုက်ဆံကိုပါ ခိုးသုံးပြီး ချစ်သူမိန်းကလေးတိုင်းကလည်း သူ့ကိုထားခဲ့ကြတဲ့နောက်မှာတော့ ဘန်နီတစ်ယောက် ပြဿနာပေါင်းသောင်းခြောက်ထောင် ကြုံရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Drama
7.4 2024 148 mins
Ramnagar Bunny
True Grit
7.4

ဒီတစ်ခါ မိတ်ဆက်ပေးမှာက 1969 က ရိုက်ကူးခဲ့တဲ့ ကောင်းဘွိုင်ဆန်ဆန် ဇာတ်ကားပဲ ဖြစ်ပါတယ်။ အဲဒီခေတ်ရဲ့ နာမည်ကြီး John Wayne ဦးဆောင်ထားတဲ့ ကားပါ။ 2010 မှာ remake ရှိခဲ့ပေမယ့် ဒါကတော့ တကယ့် classic ပါပဲ။ မက်တီရော့စ်ရဲ့ အဖေက သူ့အိမ်က အိမ်အကူ တွမ်ချေနီနဲ့ ဖို့ဒ်စမစ်မြို့မှာ မြင်းပု အဝယ်ထွက်ပါတယ်။ ရည်ရွယ်ချက်ကတော့ သားဖောက်ပြီး သမင်လိုက်ဖို့ပါပဲ။ မြို့ကိုအသွားမှာပဲ သူ့အကူ ချေနီရဲ့ သတ်ဖြတ်တာကို ခံရပြီး ပိုက်ဆံရော မြင်းပါ အခိုးခံလိုက်ရပါတယ်။ စျာပနလုပ်ဖို့ အလောင်းလာယူရင်း မြို့မှာ လူဆိုးတွေကို ကြိုးပေးတာနဲ့ ကြုံပါတယ်။ သူအဖေကို သတ်တဲ့လူကိုလဲ အဲ့လိုပဲ ကြိုးပေးခံစေရမယ်လို့ ဆုံးဖြတ်ပြီး ချေနီနောက်ကို လိုက်ဖို့ မာရှယ် တစ်ယောက်ကိုရှာပါတော့တယ်။ မြို့ရဲ့ အကြမ်းဆုံး သတ္တိအရှိဆုံး မာရှယ်က ရူစတာ ဆိုတာ သိလိုက်ရလို့ ရူစတာ့ကို ဆုကြေးငွေနဲ့ စည်းရုံးပါတော့တယ်။ ချေနီ့ကိုရော မိမှာလား ဘာတွေ ကြုံကြရမလဲဆိုတာကိုတော့ သေနတ်ပစ်ခန်းတွေနဲ့အတူ ကြည့်ရှုလိုက်ပါဦး File size…(2.6 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:08:00 Genre… Adventure, Drama, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Boomer

7.4 1969 128 mins
True Grit
Keluang Man
6.3

Keluang Man (2025) IMDb Rating (6.3) ကူလောင်မန်းဆိုတဲ့ ဒီကားလေးကတော့ မလေးရှားဘတ်မန်း(လင်းနို့လူသား)ကားလို့ ပြောလို့ရပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၀ခုနှစ်ဝန်းကျင်က ထွက်ရှိခဲ့တဲ့ ကူလောင်မန်းဆိုတဲ့ မလေးရှားစူပါဟီးရိုး animated series ကို ၂၀၂၅ မှာ live action ပြန်လည်ရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။ ဇာတ်လမ်းသဘောကတော့ ဘိုဟန်ဟာ စိတ်ကျန်းမာရေးကုသပေးတဲ့စင်တာတစ်ခုမှာနေထိုင်နေသူပါ။ ဒေါက်တာမာလီနီရဲ့ ဆေးကုထုံးတွေကြောင့် သူ့ရဲ့မှတ်ဉာဏ်တစ်ပိုင်းတစ်စကို ပြန်ရလာခဲ့ပါတယ်။ သူရဲ့တစ်ပိုင်းတစ်စ မှတ်ဉာဏ်အရ သူဟာငယ်စဉ်က ကလေးမှောင်ခိုဂိုဏ်းတစ်ခုတွင် မိဘများ၏ရောင်းစားခြင်းကို ခံခဲ့ရတယ်။ သို့သော် အားမက်ဒ်ဆိုတဲ့လူတစ်ယောက်ဟာ သူတို့ကိုကယ်တင်ပေးခဲ့ပြီး မိဘမဲ့ဖြစ်နသည့် သူနဲ့အတူ ရှန်မ်ဆေးဆိုသည့်သူငယ်ချင်းကိုပါ ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ သူတို့သူငယ်ချင်းနှစ်ဦးဟာ မွေးစားဖခင်ဖြစ်တဲ့ အားမက်ဒ်ရှိရာ အစိုးရရဲ့ အထူးလျှို့ဝှက်တပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့ပါတယ်။ နောက်ထပ်သူမှတ်မိသလောက်ကတော့…. ရှန်မ်ဆေး… သစ္စာဖောက်ကောင်။ အားမက်ဒ်ကို သူလုပ်ကြံခဲ့တယ်၊ ဘိုဟန်ကိုလည်း သေနတ်နဲ့ပစ်သတ်ခဲ့ပေးမယ့် ကံအားလျော်စွာ အသက်မသေခဲ့ဘဲ နဖူးက ကျည်ဆံဒါဏ်ရာကြောင့် မှတ်ဉာဏ်ပျောက်ဆုံးခဲ့ရသည်။ ဘိုဟန်အနေနဲ့ ဒါတွေကို နာကျင်ရလို့ ဆက်မတွေးချင်ခဲ့ပါ။ ဒါပေမယ့် တစ်ချိန်မှာတော့ ရှန်မ်ဆေးကို စိတ်ကျန်းမာရေးစင်တာမှာ တွေ့လိုက်ရပါတယ်။ နောက်ဖြစ်လာမယ့်အရာတွေဟာ ပြည်သူလူထုပါ ထိခိုက်မှုတွေရှိလာတဲ့အတွက် ဘိုဟန်ရဲ့ လက်စားချေချင်စိတ်ဟာ ပြန်လည်နိုးထလာခဲ့ပါတယ်။ ဒီလိုနဲ့ ဘိုဟန်ဟာ မျက်နှာဖုံးဝတ်ထားတဲ့ ညဉ့်နက်သူရဲကောင်းဖြစ်လာခဲ့ပါတော့တယ်။ DCက ဘတ်မန်းလိုအတည်ပေါက်မဆန်ပဲနဲ့ ရူးကြောင်ကြောင်ဘတ်မန်းကိုတွေ့မြင်ရမယ့် Comedy Action ကားလေးဖြစ်ပါတယ်။ budget အနေနဲ့ RM 13million လောက်သုံးထားတဲ့အတွက် မလေးရှားနိုင်ငံအတွက်ဆိုရင် High production တစ်ခုဖြစ်ပါတယ်။ ဇာတ်အိမ်ကလည်း မြင်နေကျမဟုတ်ဘဲ plot twist များလည်း ပါတဲ့အတွက် entertainment တစ်ခုကို ကောင်းကောင်းခံစားရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ZMT ဖြစ်ပါတယ်။) File size… (2.1 GB) / (950 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Adventure,Comedy,Science Fiction Duration…. 02:11:49 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by ZMT

Horror • Thriller
6.3 2025 137 mins
Keluang Man