YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Dashing Youth E27 1080p WEB-DL CM.mp4

860.53 MB N/A video/mp4 157 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Wandering
7

ဒီကားရဲ့ဒါရိုက်တာ ကိုရီးယားနွယ်ဖွား Lee Sang-il။ သူ့ကား Unforgiven ( 2013 ) နဲ့ Rage ( 2016) တို့က အာရှရုပ်ရှင် ဂျပန်ရုပ်ရှင်ပရိသတ်တွေ တစ်ခုတ်တရထည့်ထည့်ပြောရတဲ့ထဲပါတတ်တော့ သူ့စကေးကိုက လျှော့တွက်လို့တော့မရဘူး။ ဒီကားဆိုလည်း ဇာတ်အိမ်က ရှားရှားပါးပါးဇာတ်အိမ်မျိုးလို့တောင် ပြောလို့ရတယ်။ တစ်သီးတစ်သန့်ပဲနေတတ်တဲ့ အပေါင်းအသင်းသိပ်မရှိတဲ့ လူငယ်လေးနဲ့ အိမ်ကထွက်ပြေးချင်နေတဲ့ ကလေးမပေါက်စနလေးတွေ့ကြတာကနေ သဘောကောင်းတဲ့ လူငယ်လေးက ကလေးမလေးကို ခေါ်ထားရင်း ကလေးတွေကိုမှ လိင်စိတ်တိမ်းညွတ်နေတဲ့လူလို့ စွပ်စွဲခံလိုက်ရပြီး အပြစ်ရှိတယ်လို့ပါ သတ်မှတ်ခံလိုက်ရတဲ့ ဇာတ်။ ဒါပေမဲ့ အဲဒီလူငယ်လေးက ကလေးမလေးကို ဘာမှမလုပ်ခဲ့သလို ကလေးမလေးကလည်း သူ့ကြောင့်ဖြစ်သွားတဲ့ အသိကြီးနဲ့ ရှင်သန်လာခဲ့ရတယ်။ ဒီလိုနဲ့ ကလေးမလေး အရွယ်ရောက်လာတဲ့အခါ သူတို့ပြန်တွေ့ကြရာကနေ ဇာတ်ကို ဆက်အသက်သွင်းထားတယ်။ အများအမြင်တော့ ကလေးမုဒိန်းကောင်နဲ့ သူ့နစ်နာသူကလေးမလေး ချစ်မိကြတယ်လိုလို ဖြစ်လာတဲ့အခါ သူတို့တွေ လူတွေရဲ့တိုက်ခိုက်မှုတွေကို သူတို့နည်းသူတို့ဟန်နဲ့ရင်ဆိုင်ကြရာက ဒီဇာတ်ဖြစ်လာတယ်။ ဒီကားရဲ့ ဇာတ်လိုက်က ၂၀၁၄တုန်းကထွက်ထားတဲ့ ကိုရီးယားကား monster ထဲက Lee Min Kiရဲ့ဇာတ်ကောင်နဲ့ တော်တော်တူတယ်။ တခြားပွိုင့်ကနေ အဲဒီကားကို ပြန်ပြထားသလိုလိုတောင် ဖြစ်နေတယ်။ ဒါပေမဲ့ ဒီထဲက ဇာတ်လိုက်ကတော့ လီမင်ကီကာရိုက်နဲ့ ဆန့်ကျင်ဘက် အရမ်းသနားတတ်တဲ့ကာရိုက်တာမျိုးအဖြစ် အသက်သွင်းထားတယ်။ စီနီမာတို ဂရပ်ဖီတွေလည်း အတိုင်းအတာတစ်ခုအထိ လှတာမို့ ဂျပန်ရုပ်ရှင်ပရိသတ်တွေ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း လက်ရှိဂျပန်ရဲ့ထိပ်တန်းဒါရိုက်တာတွေဖြစ်တဲ့ Hirokazu Koreeda ရဲ့Our Little Sister တို့ The Third Murderတို့ Shunji Iwaiရဲ့ Last Letter တို့လို ကားတွေမှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Suzu Hiroseဆိုတော့ မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre..... Drama, Mystery Quality…. 1080p | 720p | 480p File size… 1.4GB | 773MB | 402MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... W Encoder ..... Aaron

Action • Drama
7 2022 150 mins
Wandering
Chaos
6.3

မင်းသားကြီးJason Statham ပါဝင်တဲ့ အက်ရှင်ကားလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်... ပြန်ပေးဆွဲမှုတစ်ခုမှာ ပြန်ပေးသမားရော ဓားစာခံပါဆုံးပါးသွားရတာကြောင့် တာဝန်ရှိ ရဲအရာရှိနှစ်ယောက်ဖြစ်တဲ့ ကော်နာစ်နဲ့ ယော့ခ်မှာ ယော့ခ်ကို အလုပ်ထုတ်ပြီး ကော်နာစ်ကို တာဝန်က ဆိုင်းငံ့ခဲ့ပါတယ်။ ဒီလိုနဲ့ ကော်နာစ်ကို ပြန်တာဝန်ထမ်းဆောင်ဖို့ ဆင့်ခေါ်စေခဲ့တဲ့အကြောင်းကတော့ အခြားမဟုတ်ပါဘူး။ ဘဏ်ဓားပြမှုတစ်ခုပါပဲ။ အဲဒီအမှုကို ကျူးလွန်တဲ့ ဘဏ်ဓားပြတွေက စုံထောက်ကော်နာစ်ကလွဲရင် ဘယ်သူနဲ့မှ စကားမပြောချင်ဘူးလို့ တောင်းဆိုလာတာကြောင့် ကော်နာစ်တစ်ယောက် အမှုအခင်းတွေကြားကို ပြန်လည်ရောက်ရှိခဲ့ရပါပြီ။ ဒါ့အပြင် စုံထောက်ပေါက်စလေး ရှိန်းဒက်ကာကိုပါ တွဲဘက်အသစ်အဖြစ် ရရှိခဲ့ပါသေးတယ်။ စိတ်အချဉ်ပေါက်နေပေမယ့် အလုပ်မှာ သိပ်တော်လွန်းတဲ့ ကော်နာစ်တစ်ယောက် ရှိန်းနဲ့အတူ ဓားပြတွေကို ဖော်ထုတ်ပြီး မိအောင်ဖမ်းနိုင်ပါ့မလားဆိုတာကတော့…. File Size :(1.96GB) (817 MB) and (253 MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:46:00 Genre : Action , Crime ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Min Wai

Comedy • Drama
6.3 2005 106 mins
Chaos
I Give My First Love to You
7.4

~ IMDb rating - 7.1/10 ~ ကြည့်ကိုကြည့်သင့်တဲ့ ဂျပန်ရိုမန့်ရုပ်ရှင်‌တွေ စာရင်းထဲမှာ ထိပ်ဆုံးက အမြဲတမ်းပါလေ့ရှိတဲ့ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျပန်ရုပ်ရှင်ချစ်သူအားလုံးနီးပါးကြည့်ဖူးကြပြီး ကြိုက်နှစ်သက်ခဲ့ရတဲ့ ကျောင်းသားကားတစ်ကားဆိုလည်း မမှားပါဘူး။ တကုမ-ခခိနိုအုချိဆိုတဲ့ ကောင်လေးက မွေးရာပါနှလုံးရောဂါအခံရှိတာကြောင့် ဆေးရုံခဏခဏတက်နေရတဲ့ကောင်လေးပါ။ ဆရာဝန်ကြီးက သူ့ရောဂါဟာ အဲဒီခေတ်အခါနဲ့ ကုသလို့မရတဲ့ရောဂါဖြစ်ကြောင်းပြောနေတာကို မထင်မှတ်ဘဲ သိခဲ့ရပါတယ်။ သူ့နှလုံးက အသက်၂၀ထိပဲအသက်ရှင်နိုင်မှာမို့ အစားရှောင် အနေဆင်ခြင်နေခဲ့ရပါတယ်။ ဆရာဝန်ကြီးရဲ့သမီးဖြစ်သူ မယု-တနဲဒကတော့ ဆေးရုံကိုလာကစားရင်း တကုမနဲ့ကစားဖော်ဖြစ်လာတဲ့ကောင်မလေးပါ။ ကလေးတွေဆိုပေမဲ့ သာမန်ထက်ပိုတဲ့အချစ်ဦးတွေဖြစ်ကြပြီး ကျန်တဲ့သူတွေက ကလေးလင်မယားဆိုပြီး ချစ်စနိုးစကြတဲ့အထိ တပူးပူး တတွဲတွဲ ရှိနေခဲ့ကြပါတယ်။ ၁၆နှစ်အရွယ်ရောက်ကြတော့လည်း မယုက တကုမကိုဆက်ချစ်နေဆဲဖြစ်ပြီး ငယ်ငယ်တုန်းက ကတိအတိုင်းလက်ထပ်ချင်နေခဲ့ပါတယ်။ တကုမကတော့ သူက အချိန်တန်ရင်ထွက်သွားရမဲ့သူမို့ ချစ်ပေမဲ့လမ်းခွဲဖို့ကြိုးစားပါတယ်။ ဒီအချိန်မှာတော့ နှလုံးအစားထိုးကုသမှု ပေါ်နေပါပြီ။ တကုမနဲ့ ကိုက်ညီတဲ့သူကိုတွေ့ပြီး နှလုံးအစားထိုးနိုင်ဖို့စောင့်ဆိုင်းနေတဲ့အချိန်ပါ။ တကုမနဲ့မယုတို့ဆက်ဆံရေးဖြောင့်ဖြူးနေတဲ့အချိန်မှာ ဒီကံကြမ္မာကအကြီးအကျယ်စပြောင်းလဲပါတော့တယ်။ မတော်တဆမှုကြောင့် ဦးနှောက်သေသွားတဲ့ကျောင်းသားလေးဆီက နှလုံးကိုအစားထိုးဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကောင်လေးက တကုမတို့ရဲ့ သူငယ်ချင်း ဖြစ်နေတဲ့အခါ..... သူငယ်ချင်းရဲ့နှလုံးကိုယူပြီး အသက်ရှင်ဖို့ စိတ်မသန့်တဲ့တကုမရယ်... ငယ်ငယ်ကမျှော်လင့်ခဲ့တဲ့မိသားစုဘဝလေးကိုလိုချင်တဲ့မယုရယ်... သူတို့ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်သာ ဖီးလ်ရင်း ခံစားကြည့်လိုက်ကြပါတော့.....။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.83GB, 832MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H 2Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

7.4 2009 122 mins
I Give My First Love to You
Aloha
5.4

Emma Stone နဲ့ Rachel McAdams ကို မြင်တာနဲ့တင် ကြည့်ကြတော့မယ်ဆိုတာ သိပေမယ့် ရီဗျူးလေးတော့ ဖတ်သွားပါဦး ညိုကီတို့ ဇာတ်လမ်းကတော့ Romance-Comedy ဖြစ်လို့ ပေါ့ပေါ့ပါးပါးလေးရယ်ပါပဲ။ အပျင်းပြေ အချစ်ဒဿနတွေ ဖွင့်ရင်း မမတွေရဲ့ အလှကို ခံစားလို့ ကောင်းမယ့်ကားလေးပါပဲ။ ဘရိုင်ယန်က စစ်တပ်ကန်ထရိုက်တာ တစ်ယောက်ပါ။ အတိတ်တုန်းက စောင်ပြဿနာတွေ ရှာခဲ့လို့ အော်ပရေးရှင်းအကြောင်းတွေ အခြေခံကစ ထိပ်ဆုံးထိ နားလည်ပါလျက် အလုပ်ပြုတ်ခဲ့ပြီး အခုမှ ဒုတိယ အခွင့်အရေး ထပ်ရသူပေါ့။ ဒီလိုနဲ့ သူ့ရဲ့ မစ်ရှင်အတွက် ဟာဝိုင်အီကို ပြန်ရောက်လာခဲ့တယ်။ ဟာဝိုင်အီမှာ လင်နဲ့သားနဲ့ ဖြစ်နေပြီ ဖြစ်တဲ့ သူ့ရဲ့ ရည်းစားဟောင်း ထရေစီနဲ့ ပြန်ဆုံတယ်။ တစ်ဖက်မှာလည်း သူ့ရဲ့ တွဲဖက်ကောင်မလေး ကပ္ပတိန် အယ်လီဆန် အင်ဆိုတဲ့ ခပ်ချောချော ချာတိတ်မလေးတို့နဲ့ ရေစက်ဆုံလာရာမှာ တာ၀န်တွေနဲ့ အချစ်ရေးကြား လူပျိုကြီး ဗျာများခဲ့ပါတော့တယ် File size…(2.05gb)/(1.07gB)/(562MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre…Comedy / Drama / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yoon Sandi Aung

Comedy • Horror
5.4 2015 105 mins
Aloha
Our Little Sister
7.5

Our Little Sister ( 2015 ) ————————- Directed by Hirokazu Koreeda IMdb – 7.5 / Rotten Tomatoes – 94% ( ပထမဆုံးအပိုဒ်ဟာ ရုပ်ရှင်အကြောင်းမဟုတ်ဘဲ ဂျပန်စီနီမာက မျက်မှောက်ခေတ်ဒါရိုက်တာတွေအကြောင်းမို့ ကျော်ချင် ကျော်ဖတ်လို့ရပါတယ် ) ( ဂျပန်ရုပ်ရှင်တွေဟာ Ozu , Akira Kurosawa အပါအဝင် တခြားဒါရိုက်တာတွေနဲ့ သမိုင်းအစဉ်အလာတော်တော်ကြီးခဲ့သလို Contemporary Japanese Directorsတွေဖြစ်တဲ့ Shunji Iwai , Takashi Miike , Sion Sono , Kiyoshi Kurosawa , Tetsuya Nakashima , Yōjirō Takita, Yôji Yamada , Hirokazu Koreeda တို့တွေဟာလည်း မျက်မှောက်ခေတ်အထိ ဒီသမိုင်းအစဉ်အလာကို ထိန်းသိမ်းထားနိုင်တုန်းပါပဲ။ ဂျပန်ဟာ ကိုရီးယားထက် နောက်ကောက်ကျသွားပြီပြောကြပေမဲ့ လက်ရှိထိရှိနေတဲ့ ဇာတ်ကားကောင်းတွေထုတ်ပေးနိုင်တဲ့ ဒါရိုက်တာ အင်အားဟာ တော်တော်အားကောင်းတုန်းပါပဲ။ ထွက်လည်းထွက်နေကြတုန်းပါပဲ။ မကျော်တောင် နောက်ကောက်တော့မကျတာ သေချာပါတယ်။ Takashi Miikeတို့ Kiyoshi Kurosawaတို့လို Extremeဆန်တဲ့ ဒါရိုက်တာတွေကလည်း သူ့လိုင်းနဲ့သူအောင်မြင်သလို Hirokazu Koreeda တို့ Shunji Iwaiတို့ကလည်း အသိမ်မွေ့ဆုံး အလှပဆုံး ရုပ်ရှင်တွေကို ထုတ်ပေးနေတုန်းပါ။ Sion Sonoတို့ဆို မနှစ်က နစ်ကေ့နဲ့ ဘိုကားသွားရိုက်ခဲ့သလို Koreedaဆိုလည်း အီသန်ဟန့်နဲ့ ရိုက်ဖူးတဲ့သူပါ။ Kiyoshi Kurosawaရဲ့ cureကိုတော့ david Fincherရဲ့ Se7enထက်တောင် သာတယ်လို့ပြောတဲ့သူတွေမနည်းပါဘူး။ Shunji Iwaiရုပ်ရှင်တွေကတော့ လူ့ပြည်ကနိဗ္ဗာန်ဘုံလို့တောင် ဆိုကြပါတယ်။ ဒီထဲတော့ Personallyအရတော့ Hirokazu Koreedaနဲ့ Shunji Iwaiတို့ရဲ့ ရုပ်ရှင်အေးအေးလေးတွေကိုတော့ သဘောအကျဆုံးပါပဲ။ ဂျပန်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်ကိုလည်း သူတို့ဆီ အပြည့်အဝတွေ့ရပါတယ်။ ဒါကြောင့်ပဲ Shunji Iwaiဟာ last letterကို တရုတ်တွေနဲ့ အရင်ရိုက်ကြည့်တုန်းက မအောင်မြင်ခဲ့သလို korredaရဲ့ Brokerဟာလည်း ထင်သလောက်တော့ မဖြစ်သွားခဲ့တာနေပါမယ်။ သူတို့ရုပ်ရှင်တွေဟာ ဂျပန်အငွေ့အသက်နဲ့ပဲ လုံးဝပနဲပနံသင့်လှပနေတဲ့ ဂျပန်ရုပ်ရှင်အစစ်တွေပါပဲ။ ) Our Little Sisterဟာ korredaရဲ့ ကားကောင်းတွေများစွာထဲက တစ်ကားပါပဲ။ သူ့တခြားကားကောင်းတွေဖြစ်တဲ့ Nobody Knowsတို့ Like Father, Like Sonတို့ Brokerတို့ Air Dollတို့ Shopliftersတို့ Still Walkingတို့ကိုတော့ စီအမ်မှာတင်ထားဖူးတော့ သူ့မသိတောင် ဒီထဲက တစ်ကားကားကို အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ Koreedaဟာ ozuရဲ့အငွေ့အသက်မကင်းတဲ့သူဖြစ်တာနဲ့အညီပဲ ရုပ်ရှင်အများစုဟာ ရိုးရိုးရှင်းရှင်းလေးပဲ မိသားစုတစ်ခုထဲက အဖြစ်အပျက်တို့ ဘာတို့ကို ချပြပြီး ဘာမှအဆန်းတကြယ်အဖြစ်အပျက်တွေမပါဘဲနဲ့ကို ဒိုင်ကြောင်တွေမဟုတ်နဲ့ သာမန်စကားလုံးတွေနဲ့ပဲ အဲဒီမိသားစုရဲ့ နောက်က အစိုင်အခဲတွေ သံယောဇဉ်တွေ ချစ်ခြင်းတွေ နားမလည်ခြင်း နားလည်ခြင်းတွေကို ပရိသတ်ရင်ထဲ အရောက်ပို့ပေးနိုင်တဲ့ရုပ်ရှင်တွေပါပဲ။ ကျွန်တော်ကြည့်ဖူးသလောက် သူ့ရုပ်ရှင်တွေထဲ ဒီဓာတ်ရဲ့အသိမ်မွေ့ဆုံးရုပ်ရှင်က still walkingပါပဲ။ နောက်ပိုင်းသိရတာတော့ still walkingဟာ သူ့မိသားစုကို အခြေတည်ရိုက်ထားတယ်ဆိုပါတယ်။ ဒါကြောင့်လည်း ဒီလိုဖြစ်နေတာပဲနေမှာပါ။ our little sisterကတော့ ညီအစ်မသုံးယောက်ဘဝထဲကို သူတို့အဖေရဲ့ နောက်မိန်းမရဲ့ သမီးလေး ရောက်လာတဲ့အကြောင်း ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ သူ့ဟန်အတိုင်း သိမ်သိမ်မွေ့မွေ့လေးနဲ့ပဲ မပြထားတဲ့ နောက်ကြောင်းတွေကို တငွေ့ငွေ့မြင်လာအောင် ပြထားတယ်။ Koreedaပေးတဲ့ အရသာကိုကြိုက်တဲ့သူတွေအတွက် စိတ်ကျေနပ်မှုအပြည့်ရစေမယ့် ရုပ်ရှင်လို့ ပြောလို့ရပါတယ်။ ဂျပန်အကယ်ဒမီမှာ စီနီမာတိုဆု လိုက်တင်ဆု ဒါရိုက်တာဆုတွေအပြင် တက်သစ်စသရုပ်ဆောင်ဆုနဲ့ အကောင်းဆုံးရုပ်ရှင်ဆုကိုလည်း ရရှိခဲ့ပါတယ်။Palme d’Or ပြိုင်ဖို့လည်းအရွေးခံခဲ့ရသလို ပုဂ္ဂလိအမြင်အရတော့ Masami Nagasawaရဲ့ ဆွဲဆောင်မှုကလည်း ဒီရုပ်ရှင်ကို ပိုလှပစေခဲ့တဲ့ တစ်ချက်လို့ပြောရင်မမှားပါဘူး။ Our Little Sisterဟာ ဘာမှအလွန်အကျူးတွေမပါဘဲ သာမန်အဖြစ်အပျက်တွေ သာမန်ပျော်စရာတွေ သာမန်ဝေဒနာတွေနဲ့ကို ထူးထူးခြားခြားလှပနေတဲ့ KOREEDAရဲ့ မာစတာပိစ်တစ်ကားပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.2GB) / (1.1GB) Quality__BluRay_1080p, 720p IMDb Rating__7.5/10 Format__mp4 Duration__02:07:00 Type__Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Adventure • Fantasy
7.5 2015
Our Little Sister
Tinker Bell and the Legend of the NeverBeast
7.1

Tinker Bell and the Legend of the NeverBeast (2014) ===================================== IMDb Rating – 7.1/10 အတောင်ပံတစ်စုံနဲ့နတ်သမီးလေးတွေအများစုနေတဲ့နေရာလေးတစ်ခု သူတို့ဗိမ္မန် မှာ ဘုရင်မတစ်ပါးအုပ်ချုပ်တယ်။ ကာကွယ်ရေးအဖွဲ့တစ်ခု ရှိသလို ကန့်သတ်စည်းမျဉ်းစည်းကမ်းမြောက်များစွာလည်းရှိတယ်။ အထူးသဖြင့်နတ်သူငယ်တွေကိုရန်ပြုမဲ့တိရစ္ဆာန်တွေကိုကြိုတင်ကာ ကွယ်ခြင်းအနေနဲ့ သူတို့နေတဲ့အနားကိုအကပ်တောင်မခံတာပါပဲ။ ဒါက လည်း ရှေးရိုးအစဉ်အဆက်လက်ဆင့်ကမ်းရေးသားခဲ့တဲ့ မူတွေ အကြောင်း အရာတွေကြောင့် လုပ်နေရတာပါပဲ။ ဒီထဲမှာတမူကွဲထွက်လာတာက FAWNလို့ခေါ်တဲ့နတ်သမီးလေးတစ်ပါးပါပဲ။ ရက်စက်တယ်လို့သတ်မှတ် ထားတဲ့အကောင် ကြီးတွေမှာလည်း သူတို့လိုနှလုံးသားရှိလေတော့ သိမ် မွေ့နူးညံခြင်းတွေရှိမှာပဲလို့သူခံစားနေရတယ်။ အဲ့ဒါကြောင့် ရှေးအစဉ် အလာသတ်မှတ်ချက်တွေကို ဆန့်ကျင်ပြီး ရက်စက် ပါတယ်ဆိုတဲ့အကောင်တွေကိုလက်ပွန်းတနီးနေကြည့်တယ်။ အဲ့ဒါကြောင့် ကာကွယ်ရေးအဖွဲ့တွေရဲ့အမြင်စောင်းမှုခံရသလို ဘုရင်မ သတိထားမိစရာ လည်းဖြစ်လာတယ်။ ဒါပေမဲ့သူလက်မလျှော့ခဲ့ပါဘူး တစ်နေ့တော့ အလွန် တရာကြီးမားတဲ့ ခြေ၄ချောင်းနဲ့အကောင်ကြီးကို ဂူတစ်ဂူမှာတွေ့ခဲ့တယ်။ အဲ့ဒီအကောင်ကြီးရဲ့အခက်အခဲ ကိုဖြေရှင်းပေးတော့ သံယောဇဉ်တွေတွယ် မိကြတယ်ပေါ့။ ဒါပေမဲ့ အဲ့ဒီအကောင်ကြီးဟာ ရှေးကရေးခဲ့တဲ့စာတွေအရ အန္တရယ်အရှိဆုံး အကောင်ကြီးဖြစ်နေတဲ့အပြင် သဘာဝလွန်ဖြစ်ရပ်တွေနဲ့ သူတို့နတ်ဘုံလေးကိုဖျက်ဆီးမဲ့သူဖြစ်နေတယ်ဆိုပါတယ်။ ကာကွယ်ရေးအဖွဲ့ တွေရယ် FAWNလို့ခေါ်တဲ့နတ်သမီးလေးရယ် ခြေ၄ချောင်းပါကြောက်စရာ အကောင်ကြီးရယ် ဆက်ဖြစ်မဲ့အကြောင်းအရာတွေက တကယ့်ကို စိတ်ဝင် စားစရာပါ ဒီကားက ANNIMATIONကားဆိုပေမဲ့ ကလေးတွေအတွက်ရော လူကြီးတွေအတွက်ရောပါ ဆင်ခြင်စရာတွေပေးတဲ့ဇတ်ကားလေးပါ။ ရှေးရိုး စွဲအယူအဆတွေကို တစ်ဖက်ပိတ်အမြင်တွေနဲ့ဆုံးဖြတ်တာတွေရယ်၊ ဖြူစင် တဲ့နှလုံးသားစေရာအတိုင်းလုပ်ခဲ့တာတွေ၊ စူးစမ်းဆင် ခြင်စိတ်လေးတွေရဲ့ ကောင်းကျိုးအဖြစ် Messageပေးတဲ့ဇာတ်ကားလေးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Phyo Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ရေး သားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်) File Size……….(1.49 GB) / (674 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 16Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Family Translator…….Hnin Wut Yi Myaing Encoder……….SWM

Family • Music • Comedy • Adventure • Animation
7.1 2014
Tinker Bell and the Legend of the NeverBeast
A Royal Christmas Crush
5.5

ခရစ်စမတ်ရာသီလည်း နီးလာပြီဆိုတော့ Romance ကားကောင်းတွေ ထွက်နေကျ Hallmark က ရိုက်ကူးထုတ်လုပ်ထားတဲ့ ဆွတ်ပျံ့ကြည်နူးဖွယ် ခရစ်စမတ် အချစ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မြောက်ဝင်ရိုးစွန်းနဲ့ အလှမ်းမဝေးတဲ့ ဖရီအိုလန်းဆိုတဲ့ မြောက်ပိုင်းနော်ဒစ်နိုင်ငံလေး တစ်နိုင်ငံမှာ ပျိုတိုင်းကြိုက် မင်းသားချောလေး တစ်ယောက်ရှိပါတယ်။ ခရစ်စမတ်ကပွဲအတွက် ဆောင်းနန်းတော်ရဲတိုက်ကြီး တည်ဆောက်တဲ့နေရာမှာ အတွင်းပိုင်းပြင်ဆင်ရေးအတွက် အေဗာဆိုတဲ့ ကောင်မလေးက ဖရီအိုလန်းကို ရောက်လာခဲ့ပါတယ်။ မတူညီတဲ့ နောက်ခံအခြေအနေတွေနဲ့ သူတို့နှစ်ဦး အမှတ်မထင် ဘယ်လိုတွေ့ဆုံကြမလဲ ဘယ်လိုအခက်အခဲမျိုးတွေ ရင်ဆိုင်ရမလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားပါတယ်။ နတ်သမီးပုံပြင်လေးထဲကလို နှင်းတွေ တဖွဲဖွဲကျ ဖုံးလွှမ်းနေတဲ့ ရှုခင်းတွေနဲ့ Xmas Vibe အပြည့် ကြည့်ရှုရမှာပါ၊ File size…1.24GB / 574MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….2h Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Horror
5.5 2023
A Royal Christmas Crush
Indigo
5.5

Indigo (2023) ဒီကားလေးကတော့ MIDb 5.5 ထိရရှိထားတဲ့ ၂၀၂၃ ခုနှစ်ထွက် Horror/Thriller အမျိုးအစား အင်ဒိုဇာတ်ကားကောင်းလေးပါ တစ်ခြားအပနှင်ကားတွေနဲ့ နည်းနည်းလေးကွဲထွက်ပြီးတော့ ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့တည်ဆောက်ထားတာပါ ဇာတ်ကားထဲမှာ ဇိုရာဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးနဲ့ သူ့ညီမလေးတို့ဟာ သူတို့မိဘတွေဆုံးသွားလို့ အိမ်ကြီးထဲမှာ နှစ်ယောက်ထဲနေကြရတယ် သူတို့ညီမနှစ်ယောက်လုံးမှာ အင်ဒီဂိုဆိုတဲ့ သူများတွေမမြင်ရ မကြားရတဲ့ ပရလောကသားတွေကိုမြင်ရကြားရတဲ့အစွမ်းကိုပိုင်ဆိုင်ထားကြတယ် တကယ့်ကိုစွမ်းအားကြီးတဲ့ နတ်ဆိုးတစ်ကောင်က သူတို့ညီမနှစ်ယောက်ထဲက တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုလိုချင်လို့ လိုက်သောင်းကျန်းနေတာကို သူတို့တွေ ဘယ်လိုသည်းထိပ်ရင်ဖို ခုခံကာကွယ်ကြလဲဆိုတာ စိတ်ဝင်စားစရာအရမ်းကောင်းပါတယ် ဒါရိုက်တာ Rocky Soraya ရိုက်ကူးထားပြီးတော့ Main cast အဖြစ် အင်ဒို မင်းသမီးချောလေး Amada Manopo သရုပ်ဆောင်ထားပါတယ် မင်းသမီးလေးချောချက်ကလဲ သူနဲ့တင်ကြည့်ရတန်နေပါပြီ စိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးဖြစ်ပြီး အာရှပရလောကကားတွေကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Horror Quality…. 1080p | 720p File size… 1.15GB | 647MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

Action • Drama • History
5.5 2023
Indigo
Urban Legend
5.6

Urban Legend (1998) =============== အမြို့မြို့အနယ်နယ်မှာ ပါးစပ်ရာဇဝင်လို့ခေါ်ကြတဲ့ ဇာတ်လမ်းတွေ၊ အချင်းချင်း လက်ဆင့်ကမ်းလာခဲ့တဲ့ပုံပြင်တွေကိုယ်စီရှိတတ်ကြပါတယ်။ အဲ့ဒါတွေဟာ အမှန် တကယ်လား စိတ်ကူးယဉ်လား ဆိုတာ ဘယ်သူမှစေ့စေ့စပ်စပ်စုံစမ်းလေ့မရှိကြ ပေမယ့် ပြောတဲ့သူတိုင်းကတော့ ကိုယ်တွေ့ကြုံသလိုပြောလေ့ရှိကြတာပါပဲ။ အဖြစ်အပျက်တွေက ပန်ဒယ်တန်တက္ကသိုလ်ကျောင်းသူ မီချယ်မန်စီနီဆိုတဲ့ကောင် မလေးတစ်ယောက် ကားနောက်ခုံမှာ ပါလာတဲ့လူသတ်သမားရဲ့ခေါင်းဖြတ်သတ်ခံ လိုက်ရချိန်မှာစတင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ကျောင်းဝင်းတစ်ခုလုံးကို တုန်လှုပ်သွား စေခဲ့ပေမယ့် ထုံးစံအတိုင်းယုံကြည်တဲ့သူတွေ မယုံကြည်ပဲလှောင်ပြောင်သူတွေနဲ့ဝိဝါဒ ကွဲပြားနေကြတုန်းပါပဲ။ အဲ့ဒီမီချယ်နဲ့အထက်တန်းကျောင်းတုန်းက သူငယ်ချင်းဖြစ်ခဲ့တဲ့သူ နက်တလီကတော့ ဒီဖြစ်ရပ်ကြောင့်အထူးတုန်လှုပ်သွားခဲ့ရပါတယ်။ သူ့ဘေးက လက်လှမ်းမီသူတွေကို သတိပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ သူ့သူငယ်ချင်း တွေ တစ်ယောက်ပြီးတစ်ယောက် ပါးစပ်ရာဇဝင် ဇာတ်လမ်းတွေထဲက အတိုင်း ဆင်တူနည်းလမ်းတွေနဲ့ အသတ်ခံလာရတဲ့အချိန်မှာတော့ နက်တလီတစ်ယောက် ကိုယ့် အားကိုယ်ကိုးပြီးလူသတ်သမားကိုဖော်ထုတ်ဖို့ကြိုးစားရပါတော့တယ်။ ဂန္ဓဝင် Slasher Films တွေထွက်ခဲ့တဲ့ 90s ကာလက နာမည်ကျော်တွေထဲက တစ်ကားဖြစ်ပါတယ်။ Horror ပရိသတ်တွေအတွက်အချိန်ပေးရကျိုးနပ်မယ့်ဇာတ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.76 GB) / (751 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Mystery, Thriller Translator…….Alias Encoder……….SWM

Adventure • Animation • Family
5.6 1998 100 mins
Urban Legend
Funny Couple
6.3

Funny Couple (2024) Pasutri Gaje ********************************* သိပ်မကြာသေးခင်ကတင် အသစ်ထွက်ထားတဲ့ အင်ဒိုမိသားစုဟာသကားလေးနဲ့မိတ်ဆက်ပေးပါစေ. ဒီကားလေးတော့ နာမည်ကြီး webtoon တစ်ခုဖြစ်တဲ့ Pasutri Gaje ကိုဇာတ်ကားအနေနဲ့အသက်သွင်း ထားတာလည်းဖြစ်ပါတယ် ဇာတ်လမ်းပုံစံလေးကတော့ အဒီးမတ်စ်နဲ့ အဒီလီယာဆိုတဲ့ ကြင်စဦးဇနီမောင်နှံနှစ်ယောက် တစ်ဦးထံတစ်ဦးကိုချစ်ပြီး ချစ်ဇာတ်ကြောင်းတွေကို ရယ်ရမြူးရစေတဲ့ ဇာတ်လမ်းလေးပါ ဒါပေမယ့် လင်မယားနှစ်ဦးကိုပတ်ဝန်းကျင်က ကလေးယူဖို့ အတွက် ဖိအားတွေပေးလာတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ အခါမှာတော့……………. မိသားစု ဟာသကားလေးတင်မဟုတ်ပဲ အင်ဒိုတွေရဲ့ ယဉ်ကျေးမှုပတ်ဝန်းကျင်ကိုလည်းတွေ့မြင်ရမှာဖြစ်ပြီး မြန်မာပရိတ်သတ်တွေအကြိုက်ဆုံးပွဲတော်တစ်ခုကိုလည်း ဇာတ်ကားထဲမှာတွေ့မြင်ရမှာပါ ဒီခေတ်ကြီးထဲ အမောပြေစေတဲ့ အချစ်ရေးနဲ့ပတ်သတ်ရင် healing ဖြစ်စေမဲ့ ဇာတ်ကားလေးတစ်ကားကြည့်ချင်ရင်တော့ ဒီကားလေးကိုမလွတ်တမ်းကြည့်ဖို့ ညွန်းလိုက်ရပါတယ်.. File size…1.74GB / 898MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing

Comedy
6.3 2024 109 mins
Funny Couple
A Holy Conspiracy
7.6

A Holy Conspiracy (2022) “ဘာသာရေးနဲ့ သိပ္ပံကြားက တရားခွင်” IMDb-7.6/10 အိန္ဒိယတရားခွင်ဇာတ်ကားတွေထဲကမှ ဒီတစ်ခါရှုစားရမှာတော့ သိပ္ပံပညာနဲ့ ဘာသာရေးရဲ့ အားပြိုင်မှုတရားခွင်ပဲဖြစ်ပါတယ်။ ခရစ်ယာန်အထက်တန်းကျောင်းတစ်ခုမှာ ချားစ်ဒါဝင်ရဲ့ သီအိုရီကို မသင်ခင် သမ္မာကျမ်းစာမှာပါတဲ့ ကမ္ဘာဦးကျမ်းအခန်းကြီး အရင်သင်ဖို့ စည်းကမ်းသတ်မှတ်တာကို လက်မခံတဲ့ ကျောင်းဆရာတစ်ယောက်။ လူနည်းစုဘာသာရေးအသိုင်းအဝိုင်းကို စော်ကားတယ်၊ ကျောင်းပိုင်ပစ္စည်းတွေကို ဖျက်ဆီးတယ်၊ ကျောင်းအုပ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တယ်ဆိုတဲ့စွဲချက်တွေနဲ့ အဖမ်းခံပြီးတဲ့နောက် နှစ်လကြာတဲ့ထိ ဘာစစ်မေးမှုမှလည်းမရှိသလို အသနားခံစာတွေလည်း ပယ်ချခံရ၊ အစားအသောက်ကောင်းကောင်းမစားရနဲ့ ပြစ်မှုကြီးရာဇဝတ်သားလို ခံစားနေရတဲ့ ကျောင်းဆရာတစ်ယောက်။ ဒီအမှုအတွက် တရားလိုရှေ့နေလိုက်မဲ့သူက နယူးဒေလီက ခရစ်ယာန်တွေရဲ့ အလေးထားကိုးကွယ်ကြတဲ့ဘုန်းတော်ကြီး ဘာဆန်တာကူးမားချက်တာဂျီး…။ ကျောင်းဆရာဘက်ကလိုက်ပေးမဲ့ရှေ့နေကတော့ တစ်ချိန်က အထူးတရားရုံးက အမှုတွေထိဖြေရှင်းခဲ့တဲ့ အငြိမ်းစားရှေ့နေကြီး အန်တွန်ဒီဆူဇာ…..။ ဘုန်းတော်ကြီးဘက်မှာက ဘာသာရေးသမားက နိုင်ငံရေးသမားအလယ် ဝန်ကြီးအဆုံး အကြီးအကဲအစုံရှိတယ်။ ဒီအမှုမှာလည်း ရုံးတင်စစ်ဆေးတာနဲ့ချက်ချင်း သူပဲ အနိုင်ရမယ်လို့ ယုံကြည်နေတာပေါ့။ ရှေ့နေကြီးဒီဆူဇာကလည်း သူ့ရဲ့ပညာနဲ့ အမှန်တရားကို တထစ်ချယုံကြည်သူဆိုတော့ ဒီနှစ်ယောက်ကြားမှာ တရားခွင်ပေါ်က အမှန် အမှား ပြတ်ပြတ်သားသားဆုံးဖြတ်လို့မရတဲ့ သိပ္ပံနဲ့ ဘာသာရေးရဲ့ အားပြိုင်မှုတွေအပြင် ပညာနဲ့ သိက္ခာအားပြိုင်မှု၊ အမှန် နဲ့ အမှားဆိုတာထက် ပိုရှုပ်ထွေးတဲ့ နိုင်ငံရေးလှည့်ကွက်တွေကိုပါ ငြင်းခုံယှဉ်ပြိုင်ကြတာကို ရှုစားရမှာဖြစ်ပါတယ်။ (***များစွာ‌သော ဘာသာရေးအကြောင်းအရာများပါဝင်တာမို့ ဘာသာရေးဆိုင်ရာ အသုံးအနှန်းတစ်ခုခု မှားယွင်းခဲ့တာရှိရင် ခွင့်လွှတ်နားလည်ပေးပါဖို့ မေတ္တာရပ်ခံအပ်ပါတယ်***) အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

7.6 2022 122 mins
A Holy Conspiracy
Mr. Crocket

Horror ကားတွေ ကြိုက်နှစ်သက်တဒ့သူတွေအတွက် မကြာသေးခင်က ထွက်ရှိထားတဲ့ Mr. Crocket နဲ့ မိတိဆက်ပေးပါရစေ။ Hulu က ထွက်ရှိထားတာဖြစ်ပြီး run timeကလည်း သိပ်မကြာမြင့်ပါဘူး။ Mr. Crocket ဆိုတာ တကယ်တော့ ကလေးတွေအကြိုက် show တင်ဆက်သူ ဖြစ်ပါတယ်။ Mr. Crocket ဟာ ငယ်ဘဝမှာ ဖခင်ဖြစ်သူဆီက နှိပ်စက်မှုကို ခံခဲ့ရသူပါ။ အရွယ်ရောက်လာချိန်မှာ ကလေးတွေအားလုံးကို မိဘဆိုးတွေလက်ထဲက ကယ်တင်ပြီး ပျော်အောင်လုပ်ပေးချင်တဲ့အတွက် Mr. Crocket ဆိုတဲ့ show ကို စတင်ခဲ့ပါတယ်။ သိူ့ပေမယ့်လည်း ရဲတွေရဲ့ ဖမ်းဆီးခြင်းခံရပြီး ဆုံးပါးသွားပါတယ်။ သူမသေခင်မှာ ငရဲဘုံတစ်ခုကို ဖန်တီးပြီး အလဲအထပ်အနေနဲ့ မိဘဆိုးတွေကို ငရဲပြည်ပို့ကာ ကလေးတွေကို သူ့အနားမှာ ခေါ်ထားခဲ့ပါတယ်။ Summer ဆိုတဲ့ အမျိုးသမီးဟာလည်း သူ့ရဲ့သားလေး ဖြစ်တဲ့ Major ကို Mr. Crocket ဆီ ဆုံးရှုံးလိုက်ရပါတယ်။ ဒီလိုနဲ့ Summer တစ်ယောက် သားဖြစ်သူ Major ကို Mr. Crocket လက်ထဲက ဘယ်လို ကယ်တင်မယ်ဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ။ File size…(1.9 GB)/(932 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

Romance • Drama
0 2024
Mr. Crocket
Two Days, One Night Deux jours, une nuit
7.3

Two Days, One Night (Aka) Deux jours, une nuit (2014) IMDb Rating (7.3) Allied , Inception, Taxi စတဲ့ရုပ်ရှင်တွေနဲ့နာမည်ကြီးတဲ့ ပြင်သစ်မင်းသမီး Marion Cotillard ရဲ့ Rating မြင့်တဲ့ ဒရမ်မာရုပ်ရှင်ကားပါ။ ဇာတ်လမ်းကတော့… ဆန်ဒရာဆိုတဲ့ အမျိုးသမီးဟာ သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီကနေ အလုပ်ပြုတ်တော့မယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒါဟာလဲ စိတ်ဓာတ်မကောင်းတဲ့ အလုပ်သမားခေါင်းဆောင်ရဲ့ လုပ်ကြံမှုကြောင့်တစ်စိတ်တစ်ပိုင်းပါနေပါတယ်။ ဆန်ဒရာ့ကို အလုပ်ထုတ်ဖို့ မဲမပေးရင် သူတို့အလုပ်ထွက်ရမယ်ဆိုပြီး ကျန်တဲ့အလုပ်သမားတွေကို ခြိမ်းခြောက်ခဲ့တဲ့အတွက် အားလုံးဟာ ဆန်ဒရာ့ကို အလုပ်ထုတ်ဖို့ မဲပေးခဲ့ခြင်းပါ။ ကံကောင်းစွာနဲ့ ဆန်ဒရာဟာ သူတို့ရဲ့ သူဌေးရဲ့ ခွင့်ပြုချက်နဲ့ လျှို့ဝှက်မဲပေးစနစ်ကို နောက်တစ်ကြိမ်ထပ်လုပ်ဖို့အခွင့်အရေးရခဲ့ပါတယ်။ သူ့အလုပ်မထွက်ရစေဖို့ သူ့ဘက်ကမဲမေးဖို့ ကျန်တဲ့သူ တွေကို သူလိုက်ပြီး အကူအညီတောင်းရပါတော့တယ်။ အလုပ်သမားအများစုက သူ့အတွက် မဲပေးခဲ့ရင် ဆန်ဒရာဟာ အလုပ်ထွက်စရာမလိုတော့ပါဘူး။ သို့ပေမယ့် ဒီအတွက် အကူညီလိုက်တောင်းဖို့ရာ ဆန်ဒရာမှာ နှစ်ရက်နဲ့တစ်ညသာ အချိန်ရှိပါတော့တယ် …… နှစ်ရက်နဲ့တစ်ညအတွင်းမှာ လုံလောက်တဲ့မဲအရေအတွက်ရဖို့ သူစည်းရုံးနိုင်ပါ့မလားဆိုတာ…။

Comedy • Action • Fantasy
7.3 2014 95 mins
Two Days, One Night Deux jours, une nuit
Pani
6.8

Pani 2024 (သရီဆူမှ ဂိုဏ်းခေါင်ဆောင်ကြီးဂီရိ) သရုပ်ဆောင် ပရိုဂျူဆာကြီး Joju George ကိုယ်တိုင် ဒါရိုက်တာလုပ်ရိုက်ကူးထားရုံမက သူကိုယ်တိုင်ပါ ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဂီရိလိုခေါ်တဲ့ သရီဆူက နာမည်ကြီးဂိုဏ်းတစ်ခုက ဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက်၊ လက်အောက်ငယ်သားတွေအပေါ်မှာ သေချာဂရုစိုက်ပေးတတ်တဲ့ ခေါင်းဆောင်ကြီးဆိုလည်း မမှားပါဘူး။ သူ့မှာ ဇနီးချောလေးတစ်ယောက်လည်းရှိပါသေးတယ်။ ဒီအချိန်မှာ ရဲဌာနဘက်ကနေ သရီဆူမှာရှိတဲ့ ဂိုဏ်းတွေကို ဖြိုဖျက်ဖိုအတွက် လုပ်ဆောင်ဖို အမိန့်တွေ ကျလာပါတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီလိုအချိန်မှာပဲ ဆိုင်ကယ်ပြင်ဆိုင်တစ်ခုမှာ အလုပ်လုပ်တဲ့ ဒွန်ဆိုတဲ့ ကောင်လေးနဲ့ သူ့သူငယ်ချင်းဟာ လစာရတာနည်းတဲ့အတွက်နဲ့ အလုပ်ကထွက်လာပြီး အလုပ်သစ်ရှာဖို ထွက်လာပါတော့တယ်။ ဂျိုရှီဆိုတဲ့သူကတော့ ဂီရိတိုနဲ့ အပြိုင် လူဆိုးဂိုဏ်းတစ်ခုဆိုပေမယ့် ဂီရိနဲ့မတူညီတာကတော့ သူက မြေတွေကို အာဏာသုံးပြီး အလကားနီးပါး လိုက်လံသိမ်းဆည်းနေတာ ဖြစ်ပါတယ်။ အဲဒီမှာ ဆူရက်ရှ်ဆိုတဲ့သူရဲ့ မြေကို အလကားနီးပါးလိုချင်ရာကနေ ဆူရက်ရှ်က ဂီရိကို အားကိုးတိုင်ပင်ဖို လုပ်တဲ့အချိန် အလုပ်သစ်ရှာဖိုထွက်လာခဲ့တဲ့ လူမိုက်လက်သစ်လေး ဒွန်တိုကို ဆူရက်ရှ်အား သတ်ခိုင်းလိုက်ပါတော့တယ်။ ဒီလူသတ်မှုကနေ စတင်ပြီးတော့ သရီဆူမြိုကြီး လှုပ်ခတ်သွားရာကနေ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို ဆက်လက်ရှုစားပေးကြပါဦး……… (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

Comedy
6.8 2024 141 mins
Pani
Am Ah
6.8

Am Ah (2025)”အ.. မေ” ================== အသစ်ထွက်ရှိထားတဲ့ မာလျာလမ်စကားပြော ကြည်နူးစရာ မိဘမေတ္တာဖွဲ့ ရုပ်ရှင်ကောင်းလေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ ရိုးရိုးရှင်းလေးပါပဲ။ ဝေးလံခေါင်ဖျားပေမဲ့ အရမ်းလှတဲ့ ကာဗန်သာဆိုတဲ့ရွာလေးကို ကတ္တရာလမ်းခင်းတဲ့စီမံကိန်းမှာ ကြီးကြပ်သူအဖြစ်တာဝန်ကျပြီး ကာဗန်သာရွာလေးကို ရောက်လာတဲ့ စတီဖန်တစ်ယောက်၊ ရွာမှာနေထိုင်တဲ့ သားအမိနှစ်ယောက်ကြားက ဆွတ်ပျံ့ကြည်နူးစရာ ချစ်ခြင်းမေတ္တာတွေကို မြင်တွေ့ခံစားရပုံတွေကို အင်မတန်လှပတဲ့ တောင်ပေါ်ရှုခင်းတွေနဲ့အတူ ပရိသတ်တွေ ကြည့်ရှုခံစားခွင့်ရမယ့် ရုပ်ရှင်ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Fantasy • Drama
6.8 2025 113 mins
Am Ah