YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Dashing Youth E13 1080p WEB-DL CM.mp4

908.51 MB N/A video/mp4 182 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Eastern Promises
7.4

Crime, Thriller ဇာတ်ကားတွေကို ကြည့်ရတာ နှစ်သက်တဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် Eastern Promises ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည် Eastern Promises ထဲက promises (ကတိစကားများ) ဆိုတဲ့ စကားလုံးအတိုင်းပဲ ဒီဇာတ်ကားထဲမှာဆိုရင် လိမ်လည်လှည့်ဖျားတဲ့ ကတိတွေက လူတစ်ယောက်ရဲ့ ဘဝကို ဘယ်လောက်ထိ စုတ်ပြတ်သွားစေနိုင်လဲဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် ရုရှားသူတစ်ယောက်ဟာ ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် နိုင်ငံခြားပြန် သူငယ်ချင်းရဲ့ "အလုပ်ကောင်းကောင်းရမှာ"ဆိုတဲ့ စကားကိုယုံစားပြီး လန်ဒန်ကို လိုက်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူဟာ လန်ဒန်ဆေးရုံမှာ ကလေးမွေးရင်းနဲ့ သေဆုံးသွားခဲ့ရတယ်။ သူ ကလေးမွေးတာကို တာဝန်ယူပေးတဲ့ သားဖွားဆရာမက မထင်မှတ်ဘဲ ဒိုင်ယာရီစာအုပ်တစ်အုပ်ကို တွေ့သွားခဲ့ပါတယ်။ ရုရှားဘာသာစကားနဲ့ ရေးထားတဲ့ ဒိုင်ယာရီစာအုပ်ပါ။ သေဆုံးသွားသူ အမျိုးသမီးရဲ့ မိသားစု ဝင်တွေကို ဆက်သွယ်ဖို့အတွက် ဒိုင်ယာရီစာအုပ်ကို ဘာသာပြန်ဖို့ လူလိုက်ရှာပါတော့တယ်။ သားဖွားဆရာမ မထင်မှတ်ထားတာကတော့ သေဆုံးသူအမျိုးသမီးဟာ သွေးရိုးသားရိုး သေဆုံးခဲ့တာမျိုးမဟုတ်ဘဲ နောက်ကွယ်မှာ လူဆိုးဂိုဏ်းတစ်ဂိုဏ်းနဲ့ ပတ်သက်မိနေခဲ့တာပါ။ အဲဒီလူဆိုးဂိုဏ်းဟာ နာမည်ကြီး လူဆိုးဂိုဏ်းဖြစ်ပြီးတော့ ပြည့်တန်ဆာ လုပ်ငန်းနဲ့ လူကုန်ကူးတာတွေကို ဆောင်ရွက်နေတဲ့ဂိုဏ်းပါ။ အစိုးရဘက်က အသည်းသန် လိုက်ဖမ်းနေတဲ့ဂိုဏ်းဆိုလည်း မမှားပါဘူး။ သေဆုံးသူအမျိုးသမီးဟာ အဲဒီဂိုဏ်းနဲ့ ဘယ်လိုပတ်သက်မိခဲ့တာလဲ၊ သားဖွားဆရာမအနေနဲ့ကရော အဖြစ်မှန်ကို ဖော်ထုတ်သွားနိုင်မလား၊ ဘယ်လိုအန္တရာယ်တွေ ကြုံတွေ့ရမလဲဆိုတာကိုတော့ Eastern Promises ဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ကြပါ။ File size…1.20GB / 485MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Elizabeth Khant

Comedy • Drama • Romance
7.4 2007 101 mins
Eastern Promises
Stigmatized Properties
5

Stigmatized property ဒီကားကတော့ အဆောင် တိုက်ခန်းရှာနေတဲ့သူတွေကြည့်ရင် အခန်းငှားဖို့တွေဝေတွန့်ဆုတ်စေမဲ့ သရဲကားပါ။ ဂျပန်မှာဆိုရင် အခန်းငှားတဲ့အခါ ဒီအခန်းမှာ အရင်က လူသေထားဖူးရင် ပုံမှန်မဟုတ်တဲ့အဖြစ်အပျက်တွေဖြစ်တတ်ရင် အခိုက်ရှိတဲ့အခန်း Stigmatized propertyဖြစ်ကြောင်း ဖော်ပြပေးရပါတယ်။ ဒီမှာဆိုရင်တော့ သရဲရှိမရှိ ကိုယ်မေးမှပြောပြကြမှာဖြစ်ပြီး အထူးတလည်သတိပေးကြမှာမဟုတ်လို့ ဘုံမတူတဲ့ မိတ်ဆွေတွေနဲ့ကြုံရနိုင်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ရာမမဲ လို့ခေါ်တဲ့ ဟာသတင်ဆက်သူက ရုပ်သံလွှင့်လောကထဲမှာ ၁၀နှစ်ရှိပြီဖြစ်ပေမဲ့ ခုထိမအောင်မြင်သေးပါဘူး။ တစ်ခါရယ်ရင် ၁၇၄စက္ကန့် အသက်ပိုရှည်တယ်ဆိုတဲ့စကားကို လက်ကိုင်ထားပြီး လူတွေကို ရယ်အောင်လုပ်ပေးပေမဲ့ သူ့ဟာသတွေကို လူကြိုက်မများပါဘူး။ ဒီလိုနဲ့ သူနဲ့ သူ့သူငယ်ချင်းရဲ့ ၂ယောက်တစ်ဖွဲ့လေးလည်း ဖျက်လိုက်ရပြီး ဘာဆက်လုပ်ရမှန်းမသိဖြစ်နေပါတယ်။ အဲဒီအချိန်မှာ လူသေဖူးတဲ့ ခိုက်တဲ့အခန်းတွေမှာ နေထိုင်ပြီး အဖြစ်အပျက်တွေကို ထုတ်လွှင့်ပေးဖို့ အကြံတစ်ခုရလာပါတယ်။ သရဲရှိလောက်တဲ့အခန်းကိုငှားပြီး စတင်နေထိုင်တဲ့အခါ တကယ်ကိုပဲ သရဲက အကောင်အထည်ပြလာတာကြောင့် သူ့အစီအစဉ်လည်း နာမည်ကြီးလာပါတယ်။ ဒီလိုနဲ့တစ်ခန်းပြီးတစ်ခန်း ပြောင်းနေရင်းနဲ့ သရဲတွေက ကြမ်းသထက်ကြမ်းလာပြီး လူပါခိုက်လာတဲ့အခါမှာတော့ … ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:50:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Adventure • Animation • Comedy • Family
5 2020 111 mins
Stigmatized Properties
An Autumn’s Tale
7.6

An Autumn’s Tale ( 1987 ) ================== IMDb Rating 7.6/10 An Autumn’s Tale ဟာ Hong Kong Film Awards ကနေပြီး ဟောင်ကောင် , ထိုင်ဝမ် နဲ့ ပြည်မ သုံးခုလုံးက ကားကောင်းတွေကို အကုန်လုံးကို Best 100 Chinese Motion Pictures ဆိုပြီး စာရင်း လုပ်ထားတဲ့အထဲ နံပါတ် ၄၉ ချိတ်ထားတဲ့ရုပ်ရှင်။ 49 လို့ဆိုပေမဲ့ ဒီကားကရိုမန့်ကားစစ်စစ် အဲဒီစာရင်းထဲ သူ့အထက်ကရှိနေတဲ့ ရိုမန့် ကားစစ်စစ်တွေက Comrades: Almost a Love Story , Chungking Expressနဲ့ Days of Being Wildပဲရှိတယ်။ ရိုမန့်ကားတွေပေါပေမဲ့ ရိုမန့်ကားကို မာစတာပိစ်ကားဖြစ်အောင် ရိုက်ဖို့ဆိုတာလည်း အခက်ဆုံး လို့တောင်ပြောချင်ပြောလို့ရတယ်မလား။ ဒီရုပ်ရှင်က အပေါ်က သုံးကား လုံးထက် ရှေးကျသလို အပေါ်ကကားတွေထက်လည်း ရိုမန့်အငွေ့အသက် စစ်စစ်ကိုတော့ ရတယ်။ ပိုသာတယ်လို့ ဆိုလိုတာတော့မဟုတ်ဘူးပေါ့။ An Autumn’s Taleဟာ Mabel Cheung ရဲ့ “migration trilogy”ထဲက ဒုတိယကားပါ။ Mabel Cheungဟာ အဲဒီကားသုံးကားလုံးကို ရေးသား ရိုက်ကူးခဲ့ပြီး သုံးကားလုံး ဇာတ်ညွှန်းဆုတွေရထားသလို ဟောင်ကောင် best picture တွေ ဘာတွေလည်းရထားပါတယ်။ An Autumn’s Tale ကတော့ ဒီသုံးကားထဲက အကောင်းဆုံးလို့ ယူဆလို့ရတဲ့ကားဖြစ်သလို Best Film, Best Cinematography , Best Screenplayဆုတွေရခဲ့ ပါတယ်။ ဒီထဲက မင်းသားကလည်း ဟောင်ကောင်ရဲ့ သက်ရှိထင်ရှား Legend အစစ်ကြီး သရုပ်ဆောင်စွမ်းရည်ရော Personality ရော ဘာမှအပြစ်ပြော စရာမရှိတဲ့ ချောင်ယွန်ဖတ် ။ ဒီကားထဲ သူ့ပုံစံလည်းပေါ်သလို ငပေငတေပုံနဲ့လည်း လိုက်အောင်သရုပ်ဆောင်ပြခဲ့ပေမဲ့ ဒီကားနဲ့တော့ သူ့ best actor ဖြစ်မသွား ခဲ့ပါဘူး။ ဘာလို့ဆို အဲဒီတစ်နှစ်တည်းမှာတင် သူကားသုံးကားနဲ့ best actor ဆုကို ဆန်ခါတင်ဝင်ခဲ့လို့ပါပဲ။ ဒီကားရယ် Prison on Fireရယ် City on Fire ရယ်ပါ။ Prison on Fireနဲ့ ရသွားပါတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို Best of Chow Yun Fatလို့ ပြောကြပါတယ်။ မင်းသမီးဖြစ်တဲ့ Cherie Chung ကလည်း ဆန်ခါတင်တော့ ဝင်ခဲ့ပါတယ်။ သူ့ကိုတော့ သိပ်မရင်းနှီးလောက်ပေမဲ့ ချောင်ယွန်ဖတ်နဲ့ ကားတော်တော်များများရိုက်ခဲ့ပြီး။ မကြာသေးခင်က တင်ခဲ့တဲ့ လတ်စလီချောင်ရဲ့ Fatal love နဲ့ Once a thief ထဲ အဓိကဇာတ်ကောင်အဖြစ် ပါခဲ့ပါတယ်။ အစအဆုံး အမေရိကန်မှာပဲ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး မန်ဟက်တန်တံတား , ဘရွတ်ကလင်းတံတား , ဝီလီယမ်ဘာ့ချ်တံတား ,နယူးယောက်တရုတ်တန်းတို့လို နေရာတွေမှာ ရိုက်ကူးခဲ့ပါတယ်။ စီနီမာတိုဂရပ်ဖီ ဆုရထားတဲ့ကားပီပီသသပဲ ဇာတ်ဝင်ခန်းအများစုက တော်တော်လှပါတယ်။ အထူးသဖြင့် ချောင်ယွန်ဖတ်ရဲ့ ဖိုသီဖတ်သီ ကြေကွဲစုတ်ပြတ်နေတဲ့ ရုပ်ကလပ်ကြီးနဲ့ တွဲရိုက်ပြထားတဲ့ အခါတွေ မှာပေါ့။ ဒီရုပ်ရှင်ရဲ့ Iconic Scene ကတော့ မြန်မာဝတ္တုတိုတစ်ခုထဲတောင် ဖတ်ဖူးတဲ့ အခန်းနဲ့ခပ်ဆင်ဆင်ပါပဲ။ အဲဒီဝတ္တုထဲက အခန်းကို သိပ်တော့မမှတ်မိတော့ပေမဲ့ ဘာပစ္စည်းတွေလဲတော့ သေချာမမှတ်မိတော့ပေမဲ့ အကျဉ်းဖျဉ်းက ကောင်လေးက နာရီကြိုးအသစ်လဲချင်တယ်။ ကောင်မလေးက ကလစ်လားမသိလိုချင်တာထင်ပါ တယ်။ နောက်ကျ ကောင်လေးက နာရီစက်ကိုရောင်းပြီး ကလစ်ပေး၊ ကောင်မလေးက ဆံပင်ရောင်းပြီး နာရီကြိုးပေးတာလားတော့ မသိဘူး။ ဒီထဲက Iconic Scene ကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒီအခန်းကိုမှ ချောင်ယွန်ဖတ်ရဲ့ acting နဲ့ပေါင်းလိုက်တော့ တော်တော်လေး ထိတဲ့ ဇာတ်ဝင်ခန်းအဖြစ်အသက်ဝင်သွားတာပါပဲ။ ရိုမန့်ကားတွေ ကြိုက်တတ်ရင်တော့ ဒီကားဟာ အနှစ်နှစ်အလလ လှည့်မကြည့်ဖြစ်ခဲ့တဲ့ စာအုပ်စင်ပေါ်က ချောင်အကျဆုံးနေရာက စာအုပ်ထဲ ပြန်တွေ့လိုက်ရတဲ့ အချစ်ဦးရဲ့ ဓာတ်ပုံဟောင်းတစ်ပုံလို ဖြစ်နေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(2.34 GB) / (930 MB) / (531 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 38mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….WiRa Aung Encoder……….SWM

Comedy
7.6 1987
An Autumn’s Tale
Ghost Rookie
6

Ghost Rookie (2023) ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ”Ghost Rookie ”ဆိုတဲ့ 2023 ထွက်သရဲကားလေးပါ သူကသရဲကားဆိုပေမယ့်ရုပ်ဆိုးဆိုးသရဲမဟုတ်ပဲ သရဲအလှလေးနဲ့ သရဲအဆင်လေးတွေပါနော် ဝင်း ဆိုတဲ့ ကောင်လေးက မွေးတည်းက ကံဆိုးမှုနဲ့မွေးလာလို့ ဘဝတစ်လျှောက်လုံးအဆင်မပြေဖြစ်နေတဲ့ကောင်လေးပါ တစ်နေ့မှာသူကထုံးစံအတိုင်းအပြင်ထွက်ပြီး အလုပ်လုပ်ရင်းကံဆိုးပြီးမတော်တဆသေ သွားတဲ့အခါ တမလွန်ဘဝမှာ သူ အသက်ရှိစဥ်တုန်းက မိဘနှစ်ပါးအပေါ် တာဝန်မကျေခဲ့ရတဲ့အတွက် ထီပေါက်အောင်လုပ်ပေးဖို့ကြိုးစားပါတော့တယ် ဝင်းတစ်ယောက်မိဘတွေကိုထီပေါက်အောင်လုပ်ပေးပြီး နောက်ဘဝမှာစိတ်ချလက်ချနဲ့ပြန်ပြီးဝင်စားနိုင်ပါ့မလားဆိုတာကြည့်လိုက်ရအောင်နော် အညွန်းနဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1.3GB | 607MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thae Thae Encoder ….. Aaron

Romance
6 2023
Ghost Rookie
Out of The Darkness
6.5

ဒီဇာတ်ကားဟာ 2020 ကထွက်ခဲ့တဲ့ Into the Darkness ဇာတ်ကားရဲ့ နောက်ဆက်တွဲ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ၂ ကားလုံးက ဒုတိယကမ္ဘာစစ်ကို အခြေခံထားတဲ့ မိသားစုဒရမ်မာဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီ ဒုတိယကားဖြစ်တဲ့ Out of the Darkness ကို ပြောရမယ်ဆိုရင် ပထမကားမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ချို့ကို ပြောပြရပါလိမ့်မယ်။ ဒုတိယကမ္ဘာစစ်စဖြစ်တော့ ဒိန်းမတ်နိုင်ငံကို ဟစ်တလာဦးဆောင်တဲ့ နာဇီတွေ ကျူးကျော် အပ်ချုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ စီးပွားရေးလုပ်ငန်းရှင် ကားလ်က မိသားစုအကျိူး အလုပ်သမားတွေရဲ့ အကျိူးအတွက် သစ္စာဖောက်ဆိုတဲ့ နာမည်ဆိုးခံကာ ဂျာမန်တွေနဲ့ အလုပ်တွဲလုပ်ခဲ့ပါတယ်။ အဲ့ဒါအတွက်လည်း သူ့ရဲ့ သားသမီးတွေက တကွဲတပြားစီ ဖြစ်ခဲ့ကြပါတယ်။ ဒီ ဒုတိယဇာတ်ကားမှာတော့ အဲ့ဒီလို တကွဲတပြားဖြစ်နေတဲ့ သားသမီးတွေက အဖိုးကြီးတို့ လင်မယားကို ဘာတွေ ယူဆောင်လာပေးမလဲ စစ်ရဲ့ပြောင်းလဲလာတဲ့ ရေစီးကြောင်းအောက်မှာ ဒီမိသားစုတစ်သိုက် ဘယ်လို ရုန်းကန်ရမလဲ ကျော်ဖြတ်နိုင်မှာလား စတာတွေကို တစ်ကားလုံး စိတ်ဝင်စားဖွယ် ရင်တမမနဲ့ ကြည့်နေရမှာ ဖြစ်ပြီး ဒုတိယကမ္ဘာစစ် ကာလ ရောက်သွားသလိုမျိူး ခံစားရမှာဖြစ်လို့ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ခုဖြစ်ကြောင်း ပြောပါရစေ…. File size…2.22GB / 947MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 32m Genre ….. Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

6.5 2022
Out of The Darkness
Good Egg
5.6

Good Egg (2023) မကြာခင် အသက်၄၀ပြည့်တော့မယ့် ဂျက်ဆီကာက သူ့အရွယ်အမျိုးသမီးတို့ထုံးစံအတိုင်း ကလေးယူဖို့ခက်ခဲတာကို ကြိုးပမ်းရင်း ခင်ပွန်းဖြစ်သူနဲ့အတူ မမျှော်လင့်ဘဲ စွန့်စားခန်းကြုံလိုက်ရတဲ့ ဟာသရုပ်ရှင်ဖြစ်ပါတယ်။ ဂျက်ဆီကာက ဆရာမဖြစ်ပြီး ခင်ပွန်းဂေါ်ဒန်ကတော့ ဘဏ်တစ်ခုက အိုင်တီသမားဖြစ်ပါတယ်။ သူတို့လင်မယားက ကလေးယူဖို့ နည်းမျိုးစုံကြိုးစားပေမဲ့ ဂျက်ဆီကာရဲ့အသက်ကြောင့် အဆင်မပြေခဲ့ပါဘူး။ ဆရာ၀န်ရော ဂေါ်ဒန်ကပါ အလှူရှင်ဆီက မျိုးဥ၀ယ်ဖို့ တိုက်တွန်းပေမဲ့ ဂျက်ဆီကာက သူတို့ကလေးကို အမျိုးကောင်းသားလေးဖြစ်ချင်တာရော စာရွက်စာတမ်းပေါ်က အချက်အလက်ပဲသိရပြီး အပြင်မှာ မရင်းနှီးတဲ့သူဆီက မလိုချင်တာကြောင့်ပါ ကြန့်ကြာနေခဲ့ပါတယ်။ နောက်တော့ မထင်မှတ်ဘဲ ဘရစ်ဂျစ်ဆိုတဲ့မိန်းကလေးကို လူဆိုးတွေလက်က ကယ်မိရာကနေ သူ့ဆီက မျိုးဥ၀ယ်ဖို့ဖြစ်သွားပါတယ်… ဘရစ်ဂျစ်က ငွေ အရေးတကြီးလိုနေပြီး တရား၀င်မျိုးဥ၀ယ်ရင် အရမ်းဈေးကြီးတာကြောင့်ပါ။ ကံဆိုးတာကတော့ ဂျက်ဆီကာတစ်ယောက် ဘရစ်ဂျစ်နဲ့ပတ်သက်မိရာက သူ့ပြဿာနာထဲ‌ ရောပါသွားပြီး လူဆိုးတွေပြန်ပေးဆွဲတာခံရပါတော့တယ်။ တစ်ဖက်မှာလည်း ဂေါ်ဒန်က မိန်းမပျောက်လို့လိုက်ရှာရင်း လူဆိုးတွေလက်ကနေ ဂျက်ဆီကာကို ကယ်ထုတ်တာကို ဟာသလေးတွေနဲ့အတူ ရှုစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 955MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 33Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Thriller • Drama • Mystery • Crime
5.6 2023 93 mins
Good Egg
Naa Saami Ranga
5.6

Naa Saami Ranga (2024) “ရွာလူမိုက်” တေလဂူး အက်ရှင်/ဒရာမာ ဇာတ်ကားကြမ်းကြမ်းလေး တင်ပေးလိုက်ပါတယ် ၂၀၁၉ က မလေယာလမ် ရုပ်ရှင် Porinju Mariam Jose ကို ပြန်ပြီးရိုက်ထားတာ ဖြစ်ပါတယ် ၂၀၂၄ ရဲ့ ဝင်ငွေအကောင်းဆုံး ၇ ကားမြောက်အိန္ဒိယရုပ်ရှင် ဖြစ်ခဲ့ပြီး တတိယ ဝင်ငွေအများဆုံး တေလဂူးကား ဖြစ်ပါတယ် ဇာလ်လမ်းအကျဥ်းကတော့ ၁၉၆၃ ရွာတစ်ရွာမှာ ကစ်ရှ်တေယာ ဆိုတဲ့ မိဘမဲ့ကောင်လေးကို အန်ဂျီရဲ့ အမေက မွေးစားခဲ့ပြီး သူတို့နှစ်ယောက် ညီအစ်ကိုရင်းပမာ အတူတူကြီးပြင်းခဲ့ပါတယ် တစ်နေ့ သူတို့အမေ ဆုံးတော့ အလောင်းမချသေးခင် အကြွေးနဲ့အိမ်လာသိမ်းတဲ့ ကြွေးရှင်ရဲ့ ရန်ကနေ “ပက်ဒေယာ” ဆိုတဲ့ ကျေးရွာခေါင်းဆောင်က ကယ်တင်ပေးခဲ့တဲ့နေ့ကစပြီး ကစ်ရှ်တေယာ တစ်ယောက် ရွာသူကြီးကို ကျေးဇူးရှင်တစ်ယောက်လို သဘောထားခဲ့ပါတယ် ငယ်စဥ်ကလေးဘဝကတည်းက ချစ်ခဲ့ရတဲ့ ကောင်မလေးကိုလည်း အကြောင်းကြောင်းကြောင့် လက်မထပ်နိုင်သေးပဲ သူကြီးခိုင်းတာမှန်သမျှ ပြဿနာအဝဝကို လူယုံတစ်ယောက်လို ဖြေရှင်းပေးနေရပါတယ် ဒီလို ကစ်ရှ်တေယာကို အရေးပေးခြင်းအပေါ် သူကြီးရဲ့သားအရင်းတွေက မနာလိုကြပါဘူး တစ်နေ့တော့ သူချစ်ခင်တွယ်တာတဲ့ သူတွေအပေါ် အန္တရာယ်ကျရောက်လာတဲ့ အချိန်မှာ မားမားမတ်မတ်ဘယ်လို ကာကွယ်ပေးသွားမလဲ ဆယ်နှစ်တာချစ်ခဲ့ရတဲ့ ကောင်မလေးနဲ့ရော ကံကြမ္မာက ဆုံဆည်းခွင့်ပေးပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

5.6 2024
Naa Saami Ranga
J.Baby
8.6

J Baby (2024) “မေမေ” IMDb 8.7 စိတ်နှလုံးချမ်းမြေ့စေမယ့် မိခင်မေတ္တာဖွဲ့ ဒရာမာကားလေးတစ်ကား တင်ပေးလိုက်ပါတယ် ရှုပ်ထွေးဆန်းပြားတဲ့ တည်ဆောက်ပုံတွေ မပါဝင်ပဲ ပရိသတ်ရင်ဘတ်ရောက်အောင် ရိုးရိုးရှင်းရှင်း ဆွဲခေါ်နိုင်မယ့် ဇာတ်လမ်းသွားမျိုးပါ ဘဝမှာ ပထမဆုံးချစ်ဖူးတဲ့ အမျိုးသမီးက အမေ မဟုတ်လား မိခင်မေတ္တာဆိုတာကို မပြောလည်း လူတိုင်း ခံစားရဖူးတာပါပဲ ဒါတွေသိသည့်တိုင် ကိုယ့်အမေရဲ့စိတ်ထဲ ဘာတွေတွေးနေမှာလဲဆိုတာကိုတော့ အမှုမှတ်အမဲ့မှတ် မတွေးမိပဲရှိတတ်ပါတယ် ဇာတ်လမ်းအစမှာဆိုရင် ညီအစ်ကိုနှစ်ယောက်ကို သူတို့အမေ အဝေးကြီးက ကောလ်ကတ္တားမြို့ကို ရောက်နေကြောင်း ရဲစခန်းက အကြောင်းကြားလာတယ် သူတို့ညီအစ်ကိုကလည်း နှစ်ပေါင်းများစွာ စကားမပြောတော့တဲ့ ညီအစ်ကိုပေါ့ ဒါပေမဲ့လည်း ဒီတစ်ခါမှာတော့ နယ်မြေတစ်မျှော်တစ်ခေါ်ကို အတူတူသွားပြီး အမေ့ကိုပြန်ခေါ်ရဖို့ဖြစ်လာတယ် သူတို့ညီအစ်ကို အတိတ်တုန်းက ဘယ်လိုများ ပြဿနာဖြစ်ခဲ့လို့ စကားမပြောကြတာလဲ သားသမီးတွေကို အရိပ်တကြည့်ကြည့် ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ အမေက​ရော ဘာဖြစ်လို့ ရုတ်တရက် ထွက်သွားရတာလဲ ဇာတ်လမ်းအစ ဒိုင်ယာလော့တွေထဲမှာပဲ ပြောနေကြတဲ့ အမေ့ရဲ့ တကယ့်ဇာတ်လမ်းကရော ဘယ်လိုဖြစ်လာမှာလဲ ​ဆိုတာကို ရိုးရိုးရှင်းရှင်း ပုံဖော်ထားတဲ့ ကားကောင်းလေးတစ်ကားပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

Comedy • Drama • Fantasy • Horror • Mystery
8.6 2024
J.Baby
Fengshui
6.1

ဖုန်းရွှေပညာရပ်အရ မင်္ဂလာမြေဟာ လူသားတွေရဲ့ကံဇာတာကို တိုးတက်စေဖို့ များစွာကူညီပေးတယ်ဆိုတာကိုတော့ တော်တော်များများကြားဖူးကြမှာပါ။ ဒီကားလေးထဲမှာတော့ အထက်တန်းစားမျိုးနွယ်ဖြစ်တဲ့ ကင်မျိုးနွယ်စုဟာ မိမိတို့ အလိုပြည့်ဖို့ ဖုန်းရွှေပညာနဲ့ မြေရဲ့စွမ်းအားတွေကို မသမာတဲ့နည်းလမ်းနဲ့အသုံးပြုကြသူတွေဖြစ်ပြီး သူတို့လမ်းမှာ ဝင်နှောင့်ယှက်သူတွေကိုလည်း ရှင်းပစ်ဖို့ဝန်မလေးတဲ့သူတွေပါ။ တိုင်းပြည်အပေါ်သစ္စာစောင့်သိတဲ့ သာမာန်ဖုန်းရွေပညာရှင်လေး ပတ်ဂျေဆန်း ကတော့ အမတ်ကြီးရဲ့မျက်မုန်းကျိုးခံရပြီး မိသားစုကို ဆုံးရှုံးခဲ့ရပြီးနောက် ကင်မိသားစုရဲ့ မသမာမှုတွေကို တားဆီးဖို့ကြိုးစားရင်း ဖုန်းရွှေပညာကို လူသားတွေအကျိုးအတွက်သာအသုံးပြုချင်သူပဲဖြစ်ပါတယ်။ မြေစွမ်းအားကို အသုံးပြုပြီး တော်ဝင်မိသားစုကို ကြိုက်သလို ခြယ်လှယ်နေတဲ့ ကင်အမတ်ကြီး အုပ်စိုးမှုအောက်မှာ ရူးချင်ယောင်ဆောင်ခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် သူ့ရဲ့အပေါင်းအပါတွေနဲ့အတူ တူတော်မင်းကြီးကို ကူညီရင်း ဖုန်းရွှေပညာရှင်လေးနဲ့ ပူးပေါင်းမိကြပါတယ်။ သူကိုယ်တိုင် အနှိမ်ခံတော်ဝင်ခွေးအဖြစ်နဲ့ ကြီးပြင်းခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် မျိုးဆက်နှစ်ဆက် မင်းဖြစ်စေနိုင်တယ်ဆိုတဲ့ မြေစွမ်းအားကို တပ်မက်မိတဲ့အခါမှာတော့…. ဂျိုဆွန်းပြည်ကြီး ဘယ်လို အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရမှာလဲ… ? ဆိုတဲ့ အဖြစ်အပျက်လေးတွေကို ဒီကားလေးထဲမှာ ပရိသတ်ကြီး စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်….. ဒီလို မင်းမျိုးနွယ်တွေရဲ့ အရှုပ်အထွေးတွေကြား နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ Moon Chae-won ကလည်း ဒီကားလေးထဲမှာ ဖခင်အတွက် လက်စားချေဖို့ ကြိုးစားနေသူ ဂေဟာမယ်ခေါင်းဆောင် ချိုဆန်းအဖြစ် ပါဝင်သရုပ်ဆောင်ထားသေးပါတယ်နော်…. ပညာရှင် ပတ်ဂျေဆန်း အဖြစ် Cho Seung-woo ဟုန်ဆိုးမင်းသားအဖြစ် Ji Sung ချိုဆန်းအဖြစ် Moon Chae-won တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ ကြာဖြူလွင်ပါ) File size… 1.8 GB / 896 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 2h 13m Genre ….. Drama/History Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kyar Phyu Lwin

6.1 2018
Fengshui
Sab Kushal Mangal
4.2

Sab Kushal Mangal (2020)”ရွာလည်ဖူးစာ” ================================== ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့.. ပါပူဟာ ရုပ်သံချန်နယ်တစ်ခုက ကိုယ့်ဒုက္ခကိုယ်ရှာဆိုတဲ့ ပရိုဂရမ်ရဲ့ တင်ဆက်သူတစ်ယောက်ပါ။ သူဟာ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ အတွင်းရေးတွေကို ဟောဟောဒိုင်းဒိုင်း ဖွင့်ချတတ်သူဖြစ်ပြီး ပရိသတ်အတော်အသင့်ရထားတဲ့သူလည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ကို သူ့ရဲ့ပရိုဂရမ်ကနေ အရှက်ခွဲမိသလိုဖြစ်ပြီး နောက်ဆက်တွဲပြဿနာတွေ ကြုံတွေ့လာရပုံကို ရိုးမန့်စ်ပြကွက်တချို့နဲ့အတူ ဒီရုပ်ရှင်ထဲမှာ ရယ်ရယ်မောမော မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

4.2 2020 132 mins
Sab Kushal Mangal
Wag the Dog
7.1

ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Special Jury Prize ဆုကို ရရှိထားတဲ့ နာမည်ကျော် ဒါရိုက်တာ ဘယ်ရီလီဗစ်ဆန် ရိုက်ကူးထားတဲ့ နိုင်ငံရေးဟာသရုပ်ရှင် Wag the dog… ရွေးကောက်ပွဲမတိုင်မီ နှစ်ပတ်အလိုမှာ ထွက်ရှိလာခဲ့တဲ့ အမေရိကန်သမ္မတရဲ့ လိင်အကြမ်းဖက်မှု သတင်းတစ်ခု ဒီသတင်းကို တားဆီးဖို့ သမ္မတရဲ့ လက်ထောက် ဝင်နီဖရတ်အေမီနဲ့ နိုင်ငံရေးကျွမ်းကျင်သူ ကောနတ်ဘာရန်တို့ ပူးပေါင်းပြီး စစ်ပွဲအတုတစ်ခု ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ရာကနေ ဟောလိဝုဒ်ပရိုဂျူဆာ စတန်လေမို့စ်နဲ့ တွေ့ဆုံပြီး အယ်ဘေးနီးယားမှာ စစ်ပွဲတစ်ခုဖန်တီးခဲ့ရာ ဘယ်လိုအလွဲတွေဖြစ်ပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် စိတ်ဝင်စားစရာဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:57:00 Genre… Dark Comedy, Satire, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Mon

Action • Thriller • Horror
7.1 1997
Wag the Dog
The Spy: Undercover Operation
6.2

The Spy: Undercover Operation (2013) **************************************** Chul-Soo ဆိုတဲ့ အေးဂျင့်တစ်ယောက်ဟာ ထူးချွန်ထက်မြက်တဲ့အတွက် အရေးကြီးစစ်ဆင်ရေးတွေ တိတ်တဆိတ်သုတ်သင်ရေး ကိစ္စတွေမှာဆို အထူးတာဝန်ပေးအပ်ခြင်းခံရတယ်…… အေးဂျင့်တစ်ယောက်မှာရှိတဲ့ အရည်အချင်းအားလုံးရှိသလို စည်းမျဉ်းစည်းကမ်းတွေကိုလည်း တစ်သွေမတိမ်းလိုက်နာလေ့ရှိတယ်… အထူးအေးဂျင့်ဖြစ်နေတော့ သူ့အလုပ်ကို အိမ်သူသက်ထားကိုတော့ အသိပေးထားခြင်းမရှိဘူး….. သိပ်တော်တဲ့အေးဂျင့်ဖြစ်ပေမယ့် သူ့မှာ အားနည်းချက်တစ်ခုတော့ရှိတယ်… အိမ်က လေဒီကို မဟားတရား နင်းကန် ကြောက်ရပါတယ်…. ရန်သူတွေရဲ့ကျည်ဆန် မိုးသီးမိုးပေါက်တွေလိုကျနေတာတောင် ဖုန်းမကိုင်ဘဲ မနေရဲပါဘူး………………….. ဒီလိုနဲ့ အထူးစစ်ဆင်ရေးတွေတာဝန်ထမ်းရင်း မိန်းမကလည်း အိမ်ထောင်ဦးစီးမပီသလိုဖြစ်နေတဲ့သူ့ကို ကြာတော့ စိတ်ပျက်လာဟန်တူပါတယ်…. ဒီလောက်အခြေအနေဆိုးတဲ့ကြားထဲ ကိုးရီးယားတစ်နိုင်ငံလုံးကို ဒုက္ခရောက်စေမယ့် အကြမ်းဖက်အဖွဲ့ကို နှိမ်နှင်းဖို့စုံစမ်းထောက်လှမ်းရတဲ့အခြေအနေကိုရောက်လာတဲ့အခါမှာတော့ .. Chul-Soo တစ်ယောက် ဘယ်လိုတွေရှေ့ဆက်ဖြတ်သန်းမလဲ … ဒီကားက မင်းသားကြီး Kyung-gu Sol အဓိကသရုပ်ဆောင်ထားပြီး အက်ရှင်ခန်းတွေလည်း မိုက်သလို ရိုက်ချက်တွေလည်း အတော်ကိုလန်းပါတယ်… ရယ်လည်းရယ်ရသလို ရင်ခုန်စိတ်လှုပ်ရှားရတဲ့ အက်ရှင်ခန်းပေါင်းများစွာလည်းပါလေတော့ ခံစားကြည့်လိုက်ဦးဗျို့…. (အညွှန်းကို Alias မှ ရေးသားထားပါတယ်) File size…2.37GB / 0.99GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Action, Comedy, Crime Subtitle….Myanmar Subtitle (Hard Sub) Translated by Alias Encoded by AHtet

Thriller • Horror
6.2 2013
The Spy: Undercover Operation
Secret Sunshine
7.5

Secret Sunshine (2007) ************************* နောင်များဆိုရုပ်ရှင်ဇာတ်ကောင်တွေထဲ အမုန်းဆုံးဇာတ်ကောင်ကို ပြောပါဆို Secret Sunshineထဲက Shin Aeဇာတ်ကောင်ကိုပြောရလိမ့်မယ်။ ဒီဇာတ်ကောင်က ဘာမှထူးထူးခြားခြားတော့ ဆိုးယုတ်နေတာတော့ မဟုတ်ဘူး။ ခံစားမှုလားရာမတူရင် အထူးသဖြင့် မဝါဒီတစ်ယောက်ဆိုရင်တော့ အမြင်တူမယ်မထင်ဘူး။ ဒီဇာတ်ကောင်တစ်ကောင်တည်းမှာကို လီချန်းဒုံပြချင်တဲ့ အချက်က သိပ်များတယ်။ သူ့ဇာတ်လမ်းရဲ့ကျောရိုးထက် ဒီအမျိုးသမီးကအများကြီးပိုအရေးပါတယ်။ ဇာတ်အိမ်ဘက်ကိုပြောရရင်လည်း လီချန်းဒုံရဲ့ ရုပ်ရှင်ပီသစွာပဲ သူပြသချင်တဲ့ Main Pointဆိုတဲ့ အရာက ရှိမနေခဲ့ဘူ။ သူ့ရဲ့ အမြစ်တွေအများကြီးနဲ့သစ်ပင်မှာ အားလုံးဟာရေသောက်မြစ်တွေချည်း။ ဇာတ်အိမ်ဟာ အစနာရီဝက်လောက်မှာတင် ဘာမှဆက်ဖြစ်စရာ မရှိတော့သလိုပဲ။ အဲ့ဒီဆက်ဖြစ်စရာမရှိတာကိုဆက်ဖြစ်နေတာက ဒီရုပ်ရှင်ရဲ့ ထူးခြားမှုလို့ထင်ရတယ်။ ရိုက်ပြသွားတာကလည်း အကုန်ရိုးရိုးရှင်းရှင်းလေးတွေ လီချန်းဒုံဟာ စာပေသမားကနေ ဒါရိုက်တာဖြစ်လာတဲ့ လူပီပီပဲ သူ့ဇာတ်လမ်းဟာ လက်တွေ့ထက် လက်တွေ့ပိုဆန်တယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ဆေးလိပ်သောက်တဲ့အခန်းတွေပဲ။ ရုပ်ရှင်တော်တော်များများမှာ ဆေးလိပ်သောက်တာကိုထည့်ရင် လက်တွေ့ကျတာ ရှားတယ်။ စမတ်အရမ်းကျလွန်းတဲ့ ဟန်ဖြစ်နေတတ်တယ်။ လီချန်းဒုံရဲ့ ရုပ်ရှင်တွေက ဆေးလိပ်သောက်ခန်းတွေဟာ အဲ့ဒီလိုဖြစ်မသွားဘူး။ နိစ္စဓူဝတစ်ခုလို သူ့ဇာတ်ကောင်တွေသောက်နေကြတဲ့ဟန်ကို အပြည့်အဝခံစားရတယ်။ ကျန်တဲ့အခန်းတွေမှာလည်း သူဟာ ရုပ်ရှင် မဆန်ပါဘူး။ ရုပ်ရှင်ရိုက်ပြထားတာနဲ့မတူဘဲ တကယ့်ကမ္ဘာကြီးလိုဖြစ်နေတာကိုက။သူ့ဟန်ပါပဲ။ လီချန်းဒုံဟာ ကဗျာဆရာဖြစ်တဲ့အတွက် ကဗျာဆန်နေပြီး ဝတ္တုရေးတဲ့လူဖြစ်တဲ့အတွက် အရမ်းလက်တွေ့ကျတယ်။ သူဟာ ကဗျာဆန်တဲ့ လူဖြစ်ကြောင်းကို သူ့ရုပ်ရှင်နာမည်တွေကတင် သက်သေပြနေတယ်။ Peppermint Candy,Secret Sunshine, Poetry,Oasis စတဲ့ ချစ်စရာနာမည်လှလှလေးတွေ သူသုံးတတ်တယ်။ Novelist ပီသစွာပဲ အထဲကဇာတ်လမ်းတွေဟာ လက်တွေ့ထက် လက်တွေ့ဆန်နေတယ်။ စိတ်ပျက်စရာကောင်းတဲ့ကမ္ဘာကြီးနဲ့ စိတ်ပျက်စရာလူတွေကို တင်ပြတဲ့နေရာမှာ သူဟာ သိပ်ကဗျာဆန်တယ်။ ဒီလိုထူးခြားတဲ့တင်ပြမှုကြောင့်လည်း သူ့ရုပ်ရှင်ကားတိုင်ဟာ ပြည်တွင်းပြည်ပ ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုတွေတန်းစီရတယ်။ ကိုရီးယားရုပ်ရှင်လောကမှာ Kim Ki-duk, Park Chan-wook Kwak jae yong, Bong Joon-Ho, Kim Jee-woon, Im Sang-so၀ တို့လို ဒါရိုက်တာကောင်းတွေ ဆယ်စုနှစ်စုလောက်ရှိပေမယ့် ခြောက်ကားပဲရိုက်ထားပြီး တစ်ကားတလေမှ ညံ့မသွားခဲ့တဲ့ Art Filmအစစ်ပဲရိုက်တဲ့ ဒါရိုက်တာကတော့ ကိုရီးယား ရုပ်ရှင်လောကမှာ သူပဲရှိမယ်။ ( အညွှန်းရေးသားထားသူကတော့ WiRa Aung ဖြစ်ပါတယ် ) File size…3.44GB / 1.29GB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 22 min. Genre ….. Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by S Su Yee Encoded by AHtet

7.5 2007
Secret Sunshine
Housekeeping for Beginners
6.9

Housekeeping for Beginners (2024) IMDb Rating (6.9) / Rotten Tomatoes (93%) သာမန်ဇာတ်လမ်းဇာတ်ကွက်မျိုးမဟုတ်ဘဲ လက်တွေ့မှာရှိနိုင်ချေနည်းတဲ့ မိသားစုတစ်စုအကြောင်း ဒရာမာဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ မက်စီဒိုးနီးယားဖွား ဩစတြီးယားမှာ ကြီးပြင်းခဲ့တဲ့ ဒါရိုက်တာ Goran Stolevski ရဲ့ masterpiece တစ်ခုလို့ပြောလို့ရပါတယ်။ IMDB 6.9 နဲ့ Tomatometer 93% အထိရထားတဲ့အပြင် သက်ဆိုင်ရာနယ်ပယ် ဆုပေါင်းများစွာ ရထားတဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ခုလို့ ဆိုရပါမယ်။ ဇာတ်လမ်းထဲမှာတော့သွေးသားတော်စပ်တဲ့ လူငါးယောက်ဟာ တစ်မိုးအောက်မှာအတူနေခဲ့ကြတာပါ။ ဇာတ်ဆောင်ဖြစ်သူ ဒီတာဟာ အမေဖြစ်ချင်လျှက်နဲ့ ဖြစ်ခွင့်မရတဲ့အခါမှာ သူ့ရဲ့ အသိမိတ်ဆွတွေထဲက ခိုကိုးရာလိုနေသူတွေအတွက် မိခင်သဖွယ်ကြည့်ရှစောင့်ရှောက်တဲ့သူဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့အလျောက် မျောက်ကို မဖိထားရင် မိုးပေါ်တက်ကတတ်တယ် ဆိုတဲ့ စကားအတိုင်း သက်ရွယ်စုံနေတဲ့ ဒီတာတို့မိသားစုကြီးဟာ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်လာခဲ့ပါတယ်။ ပြဿနာကိုယ်စီရှိကြပေမယ့်လည်း ဒါကို ဒီတာက မညည်းမညူပဲကြိုးစားဖြေရှင်းပေးရှာပါတယ်။ အခုလို သွေးသားမတော်စပ်ဘဲ စရိုက်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့ မိသားစုကြီးအကြောင်းကို House Keeping for Beginners ဆိုပြီးတော့ ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.7 GB) / (1.3 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:49:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

6.9 2024 107 mins
Housekeeping for Beginners