YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Darla.In.Space.2024.720p.WEBRip (CM).mp4

720.43 MB N/A video/mp4 14 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] The Brown Bunny

ဒီကားက Experimental ကား ပီပီသသနဲ့ပဲ လိင်ဆက်ဆံခန်းတွေဟာ သာမန် 18+ ကား‌တွေထက်တောင် လက်တွေ့ဆန်အောင်ပြထားတယ်။ ပုံမှန် 18+ ကားတွေပြလေ့မရှိတာတွေကိုပါ ရဲရဲတင်းတင်းပြထားတယ်ဆိုပါစို့။ အဲဒီလိုဆိုလို့ အပေါစား အညှီအဟောက်ဇာတ်ကားတစ်ခုသက်သက်လားဆိုတော့လည်း မဟုတ်နေပြန်ဘူး။ ဘာလို့ဆို ကိန်းရုပ်ရှင်ပွဲတော်မှာပါ ပြခဲ့ရတဲ့ကားဖြစ်နေလို့ပါပဲ။ ဒါပေမဲ့လည်း ဒီကားရဲ့အပြတွေအရ ကိန်းလိုရုပ်ရှင်ပွဲတော်ကြီးနဲ့ မထိုက်တန်ဘူးဆိုပြီး ရုပ်ရှင်ဝေဖန်ရေးဆရာတွေကြား အငြင်းပွားခဲ့ရသလို ဂန္ထဝင်ရုပ်ရှင်‌ဝေဖန်ရေးဆရာကြီး Roger Ebert ကတောင် ကိန်းရုပ်ရှင်ပွဲတော်သမိုင်းပြခဲ့သမျှထဲ အဆိုးဆုံးကား ဆိုပြီးတောင် ထောပနာပြုခဲ့ပါသေးတယ်။ ‌ဒါပေမဲ့ ရုပ်ရှင်ပွဲတော်မှာ မပြခဲ့တဲ့ နောက်ဗားရှင်းကိုတော့ သူလည်း အကောင်းဘက်က ချီးကျူးခဲ့ပါတယ်။ ကားရဲ့ ဇာတ်အိမ်ကလည်း တော်တော်လေးဆန်းတယ်။ လေလွင့်နေတဲ့လူတစ်ယောက်ရဲ့ ခြေရာခံရခက်တဲ့အတိတ်ကို တငွေ့ငွေ့ချင်း ပုံဖော်ရင်း ဒီလူ ဘာလို့လေလွင့်နေလဲဆိုတာကို တစ်စတစ်စချင်း ပုံဖော်ပြသသွားတယ်။ Experimental Road Drama ပီပီသသပဲ လမ်းပေါ်မှာ တကယ်သွားနေတဲ့ အနေအထားနဲ့ တော်တော်ကျအောင်လည်းပြသွားတယ်။ ၁၈အပေါင်းထက် ပိုရင်ပိုလောက်တဲ့ ၂၁အပေါင်းကားပေမဲ့ အနုပညာလည်း မြောက်သလို Experimental ဖလင်ဖန်တွေအကြိုက်တွေ့မယ့်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Abyss မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 750MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Abyss Encoded by RGB

Action • Adventure • Drama • Mystery
null 2003 93 mins
[18+] The Brown Bunny
Philomena
7.4

IMDB – 7.6/10 နှစ် ၅၀ ကျော် ပျောက်ဆုံးနေတဲ့သားကို လိုက်ရှာရတဲ့ မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆို ဖီလိုမီနာဆိုတဲ့ ကောင်မလေးဟာ ပွဲခင်းတစ်ခုမှာ ကောင်လေးရပြီး လူငယ် သဘာဝ ကျူးလွန်ပြီး ကိုယ်ဝန်ရခဲ့ပါတယ်။ သို့သော်လည်း ဒါကို လက်မခံနိုင်တဲ့ ဖခင်က သမီးဖြစ်သူကို သီလရှင်ကျောင်းမှာ စွန့်ပစ်ခဲ့ပါတော့တယ်။ သီလရှင်ကျောင်းမှာပဲ ဒီသားလေးကို မွေးခဲ့တဲ့ ဖီလိုမီနာဟာ အဝတ်လျှော်ဌာနမှာနေရင်း တစ်နေကုန် တစ်နာရီပဲ သားလေးနဲ့ တွေ့ခွင့်ရပါတယ်။ တစ်ရက်ကျ ကား အကောင်းစားကြီးရောက်လာပြီး သူတို့တောင်သိခွင့်မရှိပဲ သားဖြစ်သူကလေးလေးကို လူကုံထံတချို့က မွေးစားသွားကြပါရော….။ ဒီလိုနဲ့ နေထိုင်လာတာ အနှစ် ၅၀ ရှိလို့နေပါပြီ တစ်ရက်မှ သူ့သား လေးကို မမေ့ခဲ့ပါဘူး ဒါကြောင့် နောက်ပိုင်းမှ မွေးတဲ့သမီးဖြစ်သူကို ရင်ဖွင့်မိတော့ သမီးဖြစ်သူက လောကကြီးကိုစိတ်ကုန် ဘဝနာနေတဲ့ ဂျာနယ်လစ်တစ်ယောက်နဲ့ ချိတ်ဆက်ပြီး အမေဖြစ်သူရဲ့ နှစ် ၅၀ ကြာ ပျောက်ဆုံးနေတဲ့သားဖြစ်သူကို လိုက်ရှာဖို့ အကြောင်းဖန် လာပါတော့တယ်။ အဲဒီမှာ သီလရှင်ကျောင်းထွက် အဘွားကြီး တစ်ယောက်နဲ့ ဘုရားသခင်ဆိုတာ မယုံကြည်ကြတဲ့ ဂျာနယ်လစ်တို့ နှစ်ယောက် သားဖြစ်သူရှာပုံတော်ခရီးရှည်ကြီး ထွက်ခဲ့ကြတဲ့အခါ…. ပြန်များတွေ့နိုင်မလား၊ နှစ်ယောက်သား ဘုနဲ့ဘောက်သွားကြရင်း အဆင်ပြေကြပါ့မလား၊ နောက်ကွယ်က မထင်မှတ်ထားတဲ့ လျှို့ဝှက် ချက်ကြီးတွေ သိရတဲ့အခါ ဘယ်လိုတွေ ဆက်လုပ်ကြမလဲဆိုတာ တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံရိုက်ကူးထားတဲ့ မိခင်မေတ္တာဒရမ်မာ ကားကောင်းလေး ဖြစ်ပါတယ်။ ဒရမ်မာဆိုပေမဲ့ ဟာသလေးတွေလည်း မထင်မှတ်ထားသလို ထည့်ထည့်ပေးတာ မြင်ရမှာပါ။ မိခင်နေရာမှာ တော့ ကျွန်တော်တို့ဆရာ ဂျိန်းစ်ဘွန်းရဲ့ အထက်လူကြီးဖြစ်တဲ့ M က သရုပ်ဆောင်ပေးထားပြီး သားပျောက်ဇောနဲ့ စိုးရိမ်ပူပင်တဲ့ အပူသည် အမေကြီးနေရာ သရုပ်ဆောင်ထားတာများ တချို့အခန်းတောင် မျက်ရည်ဝဲချင်ချင်ပါ။ ဂျာနယ်လစ်နေရာက သရုပ်ဆောင်တဲ့ Steve Coogan ဆိုလည်း ဘုရားမယုံတဲ့ ဂွကျကျ ဇွဲမလျှော့တတ်တဲ့ ဂျာနယ်လစ်နေရာမှာ အစွမ်းပြထားပါတယ်။ တကယ့်ဖြစ်ရပ်မှန်ဆိုတော့ ပိုကြည့်ကောင်းပြီး နောက်ကွယ်က သမိုင်းဆိုးတစ်ခုကိုလည်း ဗဟုသုတအနေနဲ့ သိရှိရမှာ ဖြစ်ပါတယ်။ File size…2.06GB / 732MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 38m Genre ..... Biography , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Thriller
7.4 2013 98 mins
Philomena
(18+) Madame Bamboo
3

ဆောင်ကြာမြိုင်ဇာတ်လမ်းလို့ပြောရမှာပေါ့ ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်ဇာတ်လမ်းတော့မဟုတ်ဘူး စိနပြည်ဆောင်ကြာမြိုင်ဇာတ်လမ်းပါ sex and zen တို့လို တရုတ်ကားတွေ ကြိုက်တဲ့သူတွေအတွက်ကတော့ ဒီဇာတ်ကားက တရုတ်တွေရဲ့ထုံးစံအတိုင်း ကွက်ကွက်ကွင်းကွင်း မုန့်တီဟင်းနှယ် ချပြထားတာကြည့်ရမှာပါ ဆောင်ကြာမြိုင်ကိုရောင်းစားခံရတဲ့ ကောင်မလေးတွေ သူတို့ဘဝဇာတ်ကြောင်းတွေ ပြန်ပြောင်းပြောပြတာကို ကြည့်ရှုရင်း တရုတ်ပြည်ရဲ့ ရှေးခတ်မိန်းမတွေကို ပိုးစိုးပက်စက်နှိမ့်ချထားတဲ့ အကြောင်းတွေကို ထုံးစံအတိုင်း မျက်စိပသာဒဖြစ်ဖွယ်လေးနဲ့ နှလုံးသွင်းရှုစားကြတာပေါ့ဗျာ File size…2.1GB / 1GB Quality…1080p HQ WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

3 1991 106 mins
(18+) Madame Bamboo
Farhana
7

Farhana (2023) IMDb 6.4/10 Drama/Thriller ဘာသာရေးအရမ်းကိုင်းရှိုင်းပြီး ရှေးရိုးစွဲလွန်းတဲ့ ဘိုင်ဟာ မိသားစုစီးပွားရေးအနေနဲ့ ဖိနပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ ဒီဖိနပ်ဆိုင်ကြောင့်ပဲ သမီးတွေကို မင်္ဂလာဆောင်ပေးနိုင်ခဲ့ပေမယ့် အိမ်ထောင်အသီးသီးကျပြီး မြေးတွေထပ်ရလာတဲ့အခါမှာတော့ ဒီစီးပွားရေးကျဆင်းလာပြီး မလောက်ငှတော့ပါဘူး။ ချေးငွေယူတာကိုလည်း မကောင်းတဲ့အရာလို့ သတ်မှတ်ထားပါတယ်။ အဲဒါကြောင့် သမီးဖြစ်သူ ဖာဟာနာဟာ ကလေးသုံးယောက်ရဲ့အနာဂတ်လည်းရှိသေးတာမလို့ အလုပ်ထွက်လုပ်ခွင့်ပေးဖို့ တောင်းဆိုပါတော့တယ်။ ရှေးရိုးစွဲလွန်းတဲ့အိမ်ကနေ ခက်ခက်ခဲခဲတောင်းဆိုပြီး အလုပ်ရလာတဲ့အခါ ဖာဟာနာတစ်ယောက် အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဒီလိုနဲ့တဖြည်းဖြည်းအဆင်ပြေလာခဲ့ပေမယ့် သမီးဖြစ်သူ အရေးပေါ်ခွဲစိတ်မှုနဲ့ကြုံလာတဲ့အခါ ဒီ့ထက်ပိုပြီးမက်လုံးပေးတဲ့ အလုပ်တစ်ခုကိုရဖို့ကြံပါတော့တယ်။ ဒါပေမဲ့ ဒီအလုပ်ကနေ မထင်မှတ်ထားတာတွေ ကြုံရ‌တဲ့အခါ ဖာဟာနာဘာတွေဆက်လုပ်မလဲ။ ဘယ်လိုစိတ်ဝင်စားစရာဇာတ်ကြောင်းတွေဖြစ်လာဦးမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Cherry,Zwe,V,BpL,Yunni တို့ပဲဖြစ်ပါတယ်) File size…2.09GB / 858MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by  Cherry~Zwe~V~ BpL~ Yunni

Comedy • Crime • Mystery • Thriller
7 2023 140 mins
Farhana
Loving Vincent
8

သက္ကရာဇ်ကာလအားဖြင့် ၁၈၈၀ကျော်.. ဒီကာလမှာ အပြောင်းအလဲတွေ အရမ်းများခဲ့တယ်။ သရုပ်မှန်ပန်းချီကနေ သင်္ကေတဗေဒ (symbolism) ဘက် အချို့တွေ ကူးပြောင်းလာကြတယ်...။ အရောင်အယူအဆ အသစ်တွေလည်း ပေါ်ပေါက်လာခဲ့တယ်။ ပန်းချီရဲ့ တော်လှန်ရေးကာလတစ်ခုလို့ ဆိုလို့ရတယ်။ ဒါပေမဲ့ သရုပ်မှန်ကလည်း မပျက်သုဉ်းသေးပါဘူး။ မပျက်သုဉ်းသေးတဲ့အပြင် သရုပ်မှန်တွေပဲ ဈေးရတဲ့ ကာလဆိုရင်လည်း မမှားသေးပါဘူး။ ယုံကြည်ချက် အနုပညာနဲ့ မသေရုံတမယ် ရှင်သန်ကြရတဲ့ခေတ်.. ဂေါ်ဂင် ဗန်ဂိုးတို့မှာ ဒုက္ခအနာတွေ ပင်လယ်ဝေ ခဲ့တဲ့ခေတ်..။ ဒီခေတ်ကြီးမှာ အဆန်းသစ်ဆုံး အနုပညာအမြင်ရှိခဲ့တဲ့ ဗင်းဆင့်ကတော့ သူတို့ နားမလည်နိုင်တာကို မနှစ်မြို့ကြတဲ့ လူတကာရဲ့ တံတွေးခွက်မှာ ပက်လက်ကို မျောခဲ့ပါတယ် အရှုံးလဲများခဲ့ပါတယ်.. ဗန်ဂိုးရဲ့ အနုပညာဟာ.. သူ့ခေတ်သူ့အခါနဲ့ဆို ကြောင်တောင်တောင်တွေပါပဲ။ ဒါပေမဲ့ အနုပညာတော့ စစ်မှန်ခဲ့တယ်။ သူ့ခေတ် သူ့ ကာလအကြောင်းပြောပြီးတော့.. ဗန်ဂိုးဆိုတာကရော ဘယ်သူလဲ... ဝယ်သူမရှိတဲ့ ပန်းချီကားတွေအတွက် တပြားတစ်ချပ်မှ ဝင်ငွေမရပဲ ပန်းချီပစ္စည်းတွေအတွက် ငွေကုန်ပေါက် အပြည့်နဲ့ ပေမဲ့ သူချစ်တဲ့ အနုပညာကို ဆယ်နှစ်တိုင် သူသေသည်အထိ မစွန့်လွှတ်ခဲ့တဲ့ အခမ်းနားဆုံး အနုပညာရှင်....။ ကိုယ့်နားရွက် ကိုယ်ဖြတ်ပြီး ပြည့်တန်ဆာမတစ်ယောက်ကို လက်ဆောင်ပေးခဲ့တဲ.. ကိုယ့်ကို သတ်သေခဲ့တဲ့ စိတ္တဇပန်းချီဆရာ..။ " လက်ထဲ ငွေရှိရင် အရင်ဆုံး ဆာလောင်တာ အစာစားဖို့ မဟုတ်ပဲ ပန်းချီဆွဲဖို့ စာလောင်တယ်" ဆိုတဲ့ ပန်းချီဆရာ... ကိုးနှစ်တာ ပန်းချီဆွဲသက်အတွင်း ပန်းချီကား ၉၀၀ ပုံကြမ်းနဲ့ ရုပ်ပုံ ၁၁၀၀ နေ့မနား ညမနား ဆွဲသွားတဲ့ ပန်းချီဆရာ.. အဆုံးသတ်တစ်နေ့မှာ.. ပန်းချီဆရာတစ်ယောက်အတွက် သေခြင်းက ဆိုးဝါး ပြင်းထန်လောက်အောင် ခံရခက်တဲ့ အရာဟုတ်ဘူးဆိုတဲ့ သူ့ စကားအတိုင်း သေပြခဲ့သူ။ ဗင်းဆင်းရဲ့ ပန်းချီကားတွေဟာ.. အပေါ်ယံအမြင်နဲ့ ရေးဆွဲထားတာ မဟုတ်ပါဘူး။ မြင်ရတဲ့ အရာတွေပေါ် ခံစား သိရှိနားလည် သလို ရေးဆွဲထား၏။ စိတ်ကူးယဉ်ရေးဆွဲထားဟန် ရှိပေမဲ့ နားလည်နိုင်အောင် ရေးထားသည်။ သဘာဝနဲ့ကင်းကွာခြင်းမရှိ။ ထိုကဲ့သို့ ဝေဖန်သူများက သုံးသပ်ကြ၏၊ ဗင်းဆင့်ဗန်ဂိုးဟာ အနုပညာကို ခံစားတက်သူတိုင်းရဲ့ သူငယ်ချင်းပါပဲ...။ ဒီတော့ ဒီကားမှာ သူ့ဘဝ သူ့အနုပညာ သူ့အခက်အခဲ သူ့အတွေးအခေါ်တွေကို သူငယ်ချင်းတစ်ယောက်ရဲ့ အကြောင်းလို ကျွန်တော်တို့ ခံစားကြရမှာပါ။ တစ်ချို့ မရေရောတဲ့ အချက်တွေကို ဒွိဟ ပြသွားပေမဲ့.. သေချာတာကတော့ ဗင်းဆင့်ကို ကျွန်တော်တို့ လုံးဝ ခံစားမိစေမှာပါ။ ဒီ ဇာတ်လမ်းရဲ့ ဇာတ်လိုက်က ဗင်းဆင့် ဗန်ဂိုး မဟုတ်ပါဘူး။ ဗင်းဆင့် သေပြီး ကာလတစ်ခုမှာ... ဗင်းဆင့်ကို နားမလည်တဲ့ ကောင်လေးတစ်ယောက် သူ့အဖေ ဆန္ဒအရ..ဗင်းဆင့် ကျန်ခဲ့တဲ့စာကို ပို့်ရာက ဗင်းဆင့်ကို စာနာသွားတာကို ဇာတ်အိမ်တည်ထားတာပါ။ ဒီဇာတ်ကားမှာ ဗင်းဆင်းရဲ့ ပန်းချီဟန်တွေ အပြင် ဗင်းဆင့်ရဲ့ တကယ့် ပန်းချီကားတွေ အများကြီး ထည့််သုံးထားပါတယ်.. ကြယ်တွေစုံတဲ့ည.. ဂျုံခင်းထဲက ကျီးကန်းများ.. ပန်းအိုးထဲက နေကြာ၁၂ပွင့် ညလုံးပေါက်ကဖေး တဲရေ့စ်ကဖေးရဲ့ ညရှုခင်း အစရှိတဲ့ နာမည်ကျော် ပန်းချီတွေ ပါပါတယ်..။ ထူးခြားတာကတော့ ဒီကားကို အစအဆုံး ဆီဆေးပန်းချီကားပေါင်း ၆၅၀၀၀ကို Animationအနေနဲ့လုပ်ထားပြီး အဲ့ဒီပန်းချီကားတွေကို ကမ္ဘာအနှံ့ကအနုပညာရှင် တစ်ရာကျော်က ရေးဆွဲပေးခဲ့ပါတယ်။ ဒီကားရဲ့ အဓိက ဇာတ်ကောင် အာမန်ရော်လင် အပါအဝင် ဒေါက်တာ ဂါးချက်.. ပီရီ တန်ဂျိုင်း ဇာတ်ကောင်တွေဟာလည်း ဗင်းဆင့် ဆွဲခဲ့တဲ့ ပုံတူတွေကို သုံးထားတာပါ..။ ဗင်းဆင့် ဘာကြောင့် သေဆုံးသွားရခဲ့သလဲ.. အဖြေရှာနေတဲ့ ကောင်လေးတစ်ယောက်နဲ့ အတူ ဗင်းဆင့် ဘဝကို ရှာပုံတော် ဖွင့်ရမှာပါ.. Live Longer.. You'll see.. Life can even bring down the strong.. ဘဝမှာ အနေကြာလာရင် ဘဝဟာ အခိုင်အမာဆုံး စိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်ပါတယ်... ဗင်းဆင့်ရဲ့ ရင်နင့်စရာ ပြိုလဲမှု အကြီးကျယ်ဆုံး အနုပညာရှင်တစ်ယောက်ရဲ့ ပြိုလဲမှုကို ခြေရာကောက် ကြည့်ချင်ရင် ဒီကားထက် ပိုပြောပြနိုင်မဲ့ကား ရှိမယ် မထင်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 810 MB) and ( 300 MB) Quality__BR-Rip 720p IMDb Rating__7.8/10 Format__mp4 Duration__01:34:43 Type__Animation , Biography , Crime Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action & Adventure • Drama • Sci-Fi & Fantasy
8 2017 95 mins
Loving Vincent
Silver Man
6.7

Silver Man (2023) ***************** အသက် ၆၁ နှစ်အရွယ် Lee Soon Chulက ပင်စင်စား အစိုးရဝန်ထမ်းတစ်ယောက် ဖြစ်ပြီးတော့ဇနီးဖြစ်သူ သေဆုံးသွားပြီးတဲ့ နောက်ပိုင်းမှာ တစ်ယောက်တည်း အသက်မရှင်ချင်တော့တာကြောင့် သတ်သေဖို့ စိတ်ကူးနေသူဖြစ်တယ် … တစ်နေ့တော့ ဆေးလ်ဗားမန်းဆိုတဲ့ အမြန်ချောပို့ စင်တာအကြောင်းကို စိတ်ဝင်စားပြီး စိတ်ပြေလက်ပျောက် အလုပ်လျှောက်ဖို့သွားခဲ့တယ်… ဆေးလ်ဗားမန်းစင်တာက အလုပ်အကိုင်ရှာဖွေရ ခက်ခဲတဲ့ အသက် ၆၀ ဝန်းကျင် လူကြီးတွေကို အမြန်ချောပို့ အလုပ်ပေးတဲ့ စင်တာဖြစ်တယ် Lee Soon Chulက အလုပ်သွားလျှောက်ရာမှ အောင်ခဲ့ပေမဲ့ စာချုပ်ချုပ်ရမှာ ငွေကြိုသွင်းရမယ့် အချက်ကို မကြိုက်လို့ မလုပ်ခဲ့ဘူး… ဒါပေမဲ့ သိချင်စိတ်ကို ထိန်းမရတဲ့ အကျင့်ရှိတာကြောင့် အဲဒီမှာ အလုပ်လုပ်နေတဲ့ ချောပို့သမားနောက်ကို ငွေ ၁သောင်းပေးပြီး နောက်က တောက်လျှောက်လိုက်ကြည့်ခဲ့တဲ့အခါမှာတော့…. အသက် ၆၁နှစ်အရွယ် သိချင်စိတ်ပြင်းပြပြီး ဘာမဆို ဝင်ပါတတ်တဲ့ Lee Soon Chulနဲ့ အသက်ကြီးနေပြီဖြစ်သော်လည်း ပိုက်ဆံ အတွက် ချောပို့လုပ်ငန်းကို လုပ်ကိုင်နေရရှာတဲ့ ဆေးလ်ဗား ချောပို့သမားတို့ရဲ့ ပစ္စည်းသွားပို့ရင်း ကြုံတွေ့ခဲ့ရတဲ့ ပြဿနာ အဖြစ်အပျက်လေးတွေကို ကြည့်ရှုရမှာမို့ စိတ်ဝင်စားစရာကောင်းမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ် File Size :(2.07GB)& (777MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:38:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Miri Encoded by Phyo Pyae

Romance • Drama
6.7 2023
Silver Man
Anything for Her
7.9

ဇာတ်လမ်းနာမည်လေးအတိုင်း ဇနီးအတွက် ဘာမဆိုလုပ်ပေးမယ့် ယောကျာ်းတစ်ယောက်ကိုမြင်တွေ့ရမှာမယ့် ပြင်သစ် Crime Drama Thrillaကားလေးဖြစ်ပါတယ်… ဂျူလီယန် နဲ့ လီဆာဟာ ကလေးတစ်ယောက်နဲ့ သာမန်ပျော်စရာမိသားစု ဘဝလေးကို နေထိုင်နေကြသူတွေပါ…။ တစ်နေ့ကျတော့ သူတို့တိုက်ခန်းကို ရဲတွေ ဝင်စီးပြီး လီဆာကို ဖမ်းခေါ်သွားပါတယ်။ အမှု‌မေးတော့ လူသတ်မှုတဲ့…လီဆာမကျူးလွန်တဲ့လူသတ်မှု။ ဖြစ်နိုင်စရာမရှိပါဘူး။ ဘာလို့ဆို သူတို့က ရိုးရိုးအေးအေးနေတဲ့ လင်မယားစုံတွဲ၊ တစ်ယောက်က ကျောင်းဆရာ တစ်ယောက်က ရုံးဝန်ထမ်း…။ ပြစ်မှုကျူးလွန်ဖို့ ပူလောင်သောကရောက်စရာလည်းမရှိသူတွေပါ။ ဒါပေမဲ့ ကိုယ်ကျင့်တရားတွေ ဘယ်လောက်ကောင်းကောင်း ဥပဒေက အနိုင်ရစမြဲပဲ ဖြစ်နေတော့ လီဆာဟာ ထောင် နှစ် ၂၀ကျသွားပါတယ်။ ကိုယ်ချစ်တဲ့သူ တစ်ဦးတစ်ယောက် အပြစ်မရှိဘဲ ထောင်ထဲရောက်သွားရင် ဘယ်လိုနေမလဲ… ဘယ်လိုခံစားရမလဲ… ဘာတွေပြန်ကြိုးစားပေးမလဲ…။ ဒါကို လက်မခံနိုင်တဲ့ ယောကျာ်းဖြစ်သူ ကျောင်းဆရာက ဇနီးဖြစ်သူကို ထောင်ထဲက ခေါ်ထုတ်ဖို့အကွက်ချစီစဥ်ပါတော့တယ်… လူမိုက်လည်းမဟုတ် ဂိုဏ်းစတားလည်းမဟုတ်တဲ့ ရိုးရိုးသာမန်ကျောင်း ဆရာတစ်ယောက်က ဘယ်လိုတွေ အသေးစိတ်စီစဥ်ပြီး ဇနီးဖြစ်သူကို ကယ်တင်မလဲဆိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။ File size…1.56GB / 583MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

7.9 2008
Anything for Her
Martyrs
7

သေဆုံးခြင်းနောက်ကွယ်က တမလွန်ဘဝဟာ ဘယ်လိုရှိမယ်ဆိုတာ မိတ်ဆွေတို့ တွေးကြည့်ဖူးကြလားခင်ဗျ။ ဘာသာတိုင်းမှာ သေလွန်ပြီးရင် ရောက်ရှိမယ့် နိဗ္ဗာန်၊ ကောင်းကင်ဘုံ၊ ငရဲ၊ နတ်ပြည်၊ ဗြမ္မာပြည် အစရှိသဖြင့် ဘုံအမျိုးမျိုးရှိကြပါတယ်။ ဒါပေမဲ့ တစ်ကယ်တမ်းတွေးကြည့်ရင် သေခါနီးအသက်ငင်နေချိန်မျိုးမှာ လူတွေဘာမြင်ရမလဲ သေဆုံးခြင်းက အဆုံးသတ်လား၊ ဒါမှမဟုတ် စတင်ခြင်းလား ဆိုတဲ့မေးခွန်းတွေပေါ်လာပါတယ်။ ဒီဇာတ်ကားအစမှာတော့ လူစီဆိုတဲ့ကလေးမလေးဟာ ဒဏ်ရာဒဏ်ချက်ဗရပွနဲ့ ဆောက်လုပ်ရေးဆိုဒ်တစ်ခုကနေ ထွက်ပြေးလာပြီး လူတွေက တွေ့ရှိရာကနေ စတင်ထားပါတယ်။ သူမကို မုဒိန်းကျင့်ထားတာမျိုးတော့မရှိပေမယ့် ခန္ဓာကိုယ်တစ်ခုလုံးကို စုတ်ပြတ်သပ်နေအောင် နှိပ်စက်ထားပါတယ်။ ဒီလိုနှိပ်စက်မှုမျိုးကြောင့် စိတ်ဒဏ်ရာရရှိသွားတဲ့ လူစီဟာ တစ်ကယ်မရှိတဲ့သရဲလိုလိုအကောင်ကို မြင်နေရပြီးတော့ သူ့ကိုယ်သူ ဒဏ်ရာရအောင်လုပ်တာမျိုးတွေ ရှိလာပါတယ်။ ဒီလိုနဲ့ သူမကို တွေ့ရှိပြီးတဲ့နောက်မှာ မိဘမဲ့ဂေဟာတစ်ခုကို ပို့လိုက်တဲ့အခါမှာ အန်နာဆိုတဲ့ကောင်မလေးနဲ့ ခင်မင်သွားပါတော့မယ်။ ဆယ့်ငါးနှစ်အကြာမှာတော့ လူစီဟာ သူမကိုနှိပ်စက်ခဲ့တဲ့လူကို ခြေရာခံနိုင်ခဲ့ပြီး တစ်မိသားစုကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ပြီးတာနဲ့ သူဟာ အန်နာကို ဖုန်းခေါ်တဲ့အချိန်မှာ သူငယ်ချင်းကောင်းဖြစ်တဲ့ အန်နာက လိုက်လာခဲ့ပြီး အပြစ်မဲ့တဲ့မိသားစုကို သတ်ပစ်လိုက်တဲ့အတွက် မခံစားနိုင် သူ့သူငယ်ချင်းထောင်ကျမှာကိုလည်း မကြည့်ရက်ဘဲ အလောင်းတွေကို လက်စဖျောက်ပစ်ဖို့လုပ်ပါတော့တယ်။ ဒီလိုလက်စဖျောက်နေရင်းနဲ့ အဲဒီအိမ်မှာ စနစ်တကျတည်ဆောက်ထားတဲ့ လျှို့ဝှက်မြေအောက်ခန်းကို တွေ့လိုက်ရပြီး ဆင်းသွားတဲ့အခါမှာ အမှောင်ခန်းထဲမှာ အလုံပိတ်ပြီး နှိပ်စက်ခံထားရတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ပြီး ဒီမိသားစုဟာ သူထင်သလို အပြစ်မကင်းဘဲ လူစီပြောတာ မှန်နေခဲ့ကြောင်းသိလိုက်ရပြီး ထိုကောင်မလေးကို ကယ်ထုတ်လာပါတော့တယ်။ အန်နာတစ်ယောက် ဒီပြဿနာ ဒီမိသားစုနဲ့ ပြီးပြီထင်ခဲ့ပေမယ့် နောက်ထပ်လူတွေထပ်ရောက်လာပါတော့တယ်။ ဒီအချိန်မှာ ဒီကိစ္စဟာ မိသားစုတစ်စုဆိုက်ကိုဖောက်ပြီး လူတွေဖမ်းဆီးနှိပ်စက်နေတာမဟုတ်ဘဲ နောက်ကွယ်မှာ (နည်းစနစ်တကျ ညှင်းပန်းနှိပ်စက်ခြင်းအားဖြင့် နာကျင်မှုခံနိုင်ရည်ကိုကျော်လွန်ပြီး သေလွန်ပြီးကာလအပိုင်းအခြားကို ရှုမြင်နိုင်သူ) မာတာဆိုတဲ့ဖြစ်တည်မှုကို မွေးဖွားလာစေပြီး သေလွန်ပြီးရင် ဘာဆက်ဖြစ်မယ်ဆိုတာကို သိချင်ကြတဲ့ ယုံကြည်မှုတစ်ခုကို စွဲကိုင်ထားကြတဲ့ လူကုံထံအသိုင်းအဝိုင်းက ကြေးရတတ်တွေပါဝင်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခုလုံး ရှိနေမှန်း သိလိုက်ရပါတော့တယ်။ ဒီလိုနဲ့ အန်နာဟာ သူလူစီ့ကိုကယ်ချင်ခဲ့တဲ့ငရဲတွင်းထဲကို သူပါ ကျရောက်သွားပါတော့တယ်။ ဒီတော့ သူမဟာ ဘယ်လိုမွန်းကြပ်စရာကောင်းအောင် နှိပ်စက်ခံရမလဲ၊ ဒီငရဲတွင်းထဲကနေ လွှတ်မြောက်နိုင်မလား၊ ဒီမာတာဆိုတဲ့ဖြစ်တည်မှုကရော တစ်ကယ်တည်ရှိတာလားဆိုတာကို စိတ်ကျဉ်းကြပ် ဖိစီးဖွယ် အသက်ရှုမဝကြည့်ရမယ့် Horror ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ IMDb မှာ Rating 7/10 ရရှိထားပြီး စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်နဲ့ တည်ဆောက်ထားပြီး နိုင်ငံတကာက အကြီးအကျယ်အားပေး ဆွေးနွေးကြတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် မြန်မြန်သာ ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7 2008
Martyrs
14 Blades
6.3

CM ပရိသတ်ကြီးတို့ကို wuxia ကား ကောင်းကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ 14 blades လို့ခေါ်ပြီးတော့ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တာပါ။ တရုတ်ကားကောင်းကောင်း ကြည့်ချင်ရင် ကားအဟောင်းတွေ ပြန်ကြည့်ရတယ်ဆိုသလိုမျိုးပဲ ဒီဇာတ်ကားကလည်း ကားကောင်းတွေထဲက တစ်ကားပါ။ အဓိက ဇာတ်ဆောင်အနေနဲ့ကတော့ မြန်မာပြည်က တရုတ်ကားပရိသတ်တိုင်း သိကြတဲ့ မင်းသားကြီး Donnie Yen က ပါဝင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မင်မင်းဆက်ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရရင်တော့ မင်မင်းဆက် နှောင်းပိုင်းမှာ နန်းတွင်းခုံရုံးက အကျင့်ပြက်ခြစားသူတွေ စာရိတ္တပျက်ပြားတဲ့ အမတ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဒါ့အပြင် အဲဒီခေတ်ကာလမှာ လမ်းဘေးလေလွင့်နေတဲ့ မိဘမဲ့ကလေးတွေကို ဖမ်းဆီးပြီး ကျင်းယိဝေ့လို့ခေါ်တဲ့ အထူးစစ်သည်တော်တွေအဖြစ် လေ့ကျင့်ပေးတာမျိုးလည်း ရှိခဲ့တယ်။ ကျင်းယိဝေ့တွေက လျှို့ဝှက်တာဝန်တွေကို ထမ်းဆောင်ကြရတာပါ။ ကျင်းယိဝေ့တွေရဲ့ခေါင်းဆောင် ချင်းလုံ (မင်းသား Donnie Yen) က တာဝန်ထမ်းဆောင်ဖို့ ဓား ၁၄ လက် အပ်နှံခံထားရသူပါ။ တစ်နေ့မှာတော့ သူဟာ ဧကရာဇ်ရဲ့ အနီးကပ်လူယုံဖြစ်တဲ့ ကျားကုန်းကုန်းက ဦးရီးတော်ဖြစ်တဲ့ ချင်းမင်းသားနဲ့ ပူပေါင်းပြီး ပုန်ကန်ဖို့ လုပ်နေတာကို သိသွားခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ ချင်းလုံက ကျင်းယိဝေ့ထဲမှာ မနေတော့ဘဲ ထွက်ပြေးတိမ်းရှောင်ရင်း ပုန်ကန်မှုကို လိုက်လံတားဆီးဖို့ ကြိုးစားပါတော့တယ်။ ဒီလိုဆိုရင် ချင်းလုံအနေနဲ့ ပုန်ကန်မှုကို ဖြစ်စေမယ့် ဧကရာဇ်တံဆိပ်တော်ကို ရန်သူတွေလက်ထဲ မရောက်အောင် ဘယ်လိုလိုက်တားဆီးမလဲ၊ သူ ထွက်ပြေးတဲ့ လမ်းတစ်လျှောက်မှာ ဘယ်လိုလူတွေနဲ့ ကြုံတွေ့ရမလဲ၊ ကျားကုန်းကုန်းနဲ့ ချင်းမင်းသားတို့ရဲ့ ပုန်ကန်မှုကိုရော တားဆီးလိုက်နိုင်ပါ့မလားဆိုတာကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ဒီကားလေးထဲမှာ ကြည့်ရှုလိုက်ပါ။ File size… 1.6 GB / 722 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Action/History Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Nyein Khant

Comedy • Crime • Mystery • TV Movie
6.3 2010 114 mins
14 Blades
Nightmare Pageant Moms
5.1

Thriller ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမ်မလီနဲ့ ဆိုဖီတို့က သားအမိတွေပါ။ အမေဖြစ်သူ အမ်မလီက စီးပွားရေးလုပ်ငန်းတစ်ခုစဖို့ ပြင်ဆင်နေပြီး သမီးဖြစ်သူဆိုဖီကတော့ ကောလိပ်ဆက်တက်ရမယ့်ကျောင်းသူတစ်ဦးပါ။ ဒါပေမဲ့ အမ်မလီတို့သားအမိဟာ စီးပွားရေးကျပ်တည်းနေကြပါတယ်။ တစ်ရက်မှာတော့ သူတို့သားအမိဟာ သူတို့ရဲ့အကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းတစ်ခုကိုရှာတွေ့သွားပါတယ်။ ဒါကတော့ အမေနဲ့သမီး တွဲလျက်ပြိုင်ရတဲ့ အလှမယ်ပြိုင်ပွဲကို ၀င်ပြိုင်ပြီး ဆုကြေးငွေရယူဖို့ပါ။ ဒါပေမဲ့ အမ်မလီတို့သားအမိ သတိမထားမိလိုက်တာက ပြိုင်ပွဲက သူတို့ရဲ့ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ အက်ဒါလိုင်းလို့အမည်ရတဲ့အမေတစ်ဦးဟာ ဒီပြိုင်ပွဲကိုနိုင်ရဖို့အတွက် ဘာမဆိုလုပ်မယ့်သူတစ်ယောက်ဖြစ်နေတာကိုပါ။ ဒီလိုနဲ့ အလှမယ်ပြိုင်ပွဲကို၀င်ပြိုင်ကြရင်းနဲ့ အက်ဒါလိုင်းရဲ့ မကောင်းတဲ့လုပ်ရပ်တွေနဲ့ လျှို့ဝှက်ချက်တွေကိုပါ ဖော်ထုတ်ရဖို့ကြုံလာရတဲ့အခါမှာတော့… File size…(1.6 GB)/(800 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:26:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Comedy • Romance
5.1 2023 90 mins
Nightmare Pageant Moms
Chain of Fools
6

Chain of Fools (2000) IMDB: 6 Rotten Tomatoes: 40% Genre: Comedy/Crime Chain of Fools (2000) ကတော့ ဘယ်လိုပြောရမလဲ အတော်လေးသဘောကျဖို့ကောင်းတဲ့ ဟာသကားတစ်ကားလို့ပဲပြောချင်ပါတယ်။ မင်းသား၊ မင်းသမီးတွေကလည်းပရိသတ်နဲ့မစိမ်းတဲ့လူတွေဖြစ်တာကြောင့် ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း၊ Kresk ဆိုတာကတော့ ဘဝကို အောင်မြင်မှုဆိုတာဘာမှန်းမသိပဲ ဖြတ်သန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဆံသဆရာဆိုပေမယ့် မိန်းမကလည်းကွာရှင်းတော့မယ် ဝင်ငွေကလည်းမကောင်း ဘဝကြီးကို ယက်ကန်၊ ယက်ကန် ပတ်လက်လေး ဖြတ်သန်းနေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ Avnet ဆိုတဲ့လူတစ်ယောက် Kresk ရဲ့ ဆိုင်ထဲကိုတည့်တည့်မတ်မတ်ဝင်လာပြီး ဆံပင်ညှပ်ခဲ့ပါတယ်။ Kresk မသိခဲ့တာက Avnetဟာ လက်ရှိနာမည်ကြီးနေတဲ့ တန်ကြေးမြင့် တရုတ်ဒင်္ဂါးပြားတွေကို ဓားပြတိုက်သွားတဲ့ လူတစ်ယောက်ဖြစ်လာပါတော့တယ်။ ဖြစ်ချင်တော့ ကတ်ကြေးနဲ့ Avent ရဲ့လည်မြိုကိုစိုက်မိပြီး Avent တစ်ယောက် ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီးလျှောသွားပါတော့တယ်။ ဒင်္ဂါးတွေဟာလည်း Kresk ရဲ့လက်ထဲကိုရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ထင်သလောက်မရိုးရှင်းပဲ လုပ်ကြံရေးသမား Mikey နဲ့ ရဲတပ်ကြပ်ကြီး Kolko တို့ပါပါလာခဲ့ပါတယ်။ ကဲဘယ်လိုများ အရှုပ်ထုပ်တွေဖြစ်လာမှာလဲ ဆိုတာကိုတော့ကြည့်လိုက်ကြပါ။ Kolko အဖြစ်မင်းသမီး Salma Hayek Avnet အဖြစ်မင်းသား Jeff Goldblum Mikey အဖြစ်မင်းသား Elijah Wood Kresk အဖြစ်မင်းသား Steve Zahn တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ File size… 1.3 GB / 600 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

Action
6 2000 96 mins
Chain of Fools
Dawn of the Dead
7.3

ကြောက်တက်သူများ ကြည့်ဖို့မသင့်တော်ပါဘူး သွေးသံရဲရဲတွေနဲ့ သဘာဝကျစွာ ပုံဖေါ်ထားတာဖြစ်လို့ Horror ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ။ ဇွန်ဘီကားဆိုပေမဲ့ ဖြစ်သလိုဇာတ်အိမ်ဖွဲ့ထားတာမျိုးမဟုတ်ပဲ သဘာဝကျကျ ဖွဲ့ထားပါတယ်။ သေချာခံစားပြီးကြည့်ရင် သင်ကိုယ်တိုင် ဇာတ်လမ်းထဲမှာ စီးမျောနေသယောင်ခံစားရပါလိမ့်မယ်။ ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေတဲ့ သူနာပြုမလေးတစ်ယောက်။ တစ်နေ့ဂျူတီပြီးလို့ အိမ်အပြန် ညနေပိုင်းလောက်မှာ မိန်းကလေးတစ်ယောက် တံခါးဝမှာရပ်နေပါတယ်… ကလေးရဲ့ ပါးစပ်မှာသွေးတွေပေနေပြီး လူကလောက်ကျောက်ရုပ်လိုငြိမ်သက်နေပါတယ် ဂါဝန်အဖြူမှာလည်း သွေးတွေစွန်းထင်းနေပါတယ်။ သူမကိုမြင်တော့ အကူညီလိုနေတယ်ထင်လို့ အကူညီခေါ်ပေးဖို့ အနားသွားလိုက်တဲ့အခါမှာတော့.. ကမောက်ကမတွေဖြစ်ကုန်ပါတယ်… အသက်ရှင်ကျန်ရစ်သူ သူနာပြုမလေးကတော့ ခြေဦးတည့်ရာ ပြေးရင်းလွှားရင်း လူတစ်စုနဲ့ပေါင်းမိပြီး မောလ်ကြီးတစ်ခုထဲကို ရောက်ရှိသွားပါတယ်။ အဲဒီမောလ်ကြီးဟာ အသက်ရှင် ကျန်ရစ်တဲ့သူတွေအတွက် မှီခိုရာနေရာလေးဖြစ်သွားပါတော့တယ်..။ တစ်ကယ်တော့ သူတို့တွေအားလုံးက ဇွန်ဘီကောင်တွေရဲ့ သဘောသဘာဝကို မသိကြပါဘူး ဘယ်လိုကူးစက်လဲဆိုတာကိုလည်းမသိကြပါဘူး..။ တစ်နေ့မှာ မောလ်ထဲကို လူသစ်တွေထပ်ရောက်လာပါတယ် သူတို့ထဲက တစ်ယောက်က အကိုက်ခံထားရပြီး အခြေနေက အတော်ဆိုးရွားနေပါပြီ။ သူ..သေသွားပြီး တစ်ဖန်ပြန်ထလာကာ တွေ့တဲ့လူကို လိုက်ကိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ အကိုက်ခံရရင် ကူးစက်တယ်ဆိုတာ သိရှိကြပါတော့တယ်…။ ဒါပေမဲ့ သူတို့သိတာနောက်ကျခဲ့ပါပြီ…။ တစ်ကယ်လို့များ အဲဒါကို အစကတည်းကသိခဲ့ကြရင်…။ ရင်တစ်ထိတ်ထိတ် သဲတဖိုဖိုနဲ့ အူယားစရာကောင်းအောင်းကြည့်ရှု့ခံစားရမဲ့ ဟောင်းပေမဲ့ ကောင်းနေဆဲ ဇာတ်ကားလေးဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်။

7.3 2004 101 mins
Dawn of the Dead