YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Dark.Desire.2020.S02E15.Facing.the.Darkness.1080p.NF.WEB-DLCM.mp4

576.33 MB N/A video/mp4 1148 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Marvin's Room
6.7

အခုနောက်ပိုင်းမှာ Family dramaဆိုတဲ့Genreကိုမြင်တာနဲ့ အလွန်အကြူးဒရာမာချိုးနေတဲ့ emotionally အိုဗာတင်းနေတဲ့ ဇာတ်ကားတွေကိုပဲ မြင်နေမိမှာဆိုတော့ 90s က old but gold family dramaကားကောင်းလေးတစ်ကောင်းကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ Meryl Streep တို့ Leonardo တို့ Diane Keatonနဲ့ Robert De Niro တို့လိုcastတွေကို တစ်စုတစ်စည်းတည်းမြင်နေရတာနဲ့တင် ဒီရုပ်ရှင်ကိုကြည့်ရတာ အတော်တန်နေပြီဖြစ်တာမလို့ plotလေးက ဘယ်လိုလာမလဲဆိုတာ ဆက်လက်ရှုစားကြည့်ပါဦးစို့။ ဇာတ်လမ်းလေးစတင်လာရတာကို ပြောရမယ်ဆိုရင်တော့ Marvinဆိုတဲ့အဘိုးကြီး လေဖြတ်ပြီး အိပ်ရာထဲလဲသွားချိန်မှာတော့ လူမမာအဖေကြီးကို ပြုစုဖို့တာဝန်က Leeနဲ့Bessieတို့ပေါ် ကျရောက်လာတာပေါ့။ ခုမှစူးစမ်းတဲ့အရွယ် အိပ်မက်တွေနောက်လိုက်ချင်တဲ့အရွယ်လေးတွေဖြစ်တဲ့ Bessieနဲ့Leeတို့ညီအစ်မအတွက် လူမမာပြုစုရမယ်ဆိုတာ တစ်သက်တာအိပ်မက်ဆိုးပါပဲ။ ဒီကိစ္စနဲ့ပဲ ညီအစ်မ ၂ ယောက် စကားများကြပြီးတော့ မတူညီတဲ့ခံယူချက်နဲ့ရွေးချယ်မှုအောက်မှာ အစ်မဖြစ်တဲ့Bessieက လူမမာအဖေကြီးကို ပြုစုဖို့ကျန်နေခဲ့ပြီး ညီမဖြစ်သူLeeကတော့ ကိုယ့်အတွက်ကိုယ်ကြည့်လို့ ယောက်ျားနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါတော့တယ်။ ဘာရယ်မဟုတ်တဲ့ အယူအဆနဲ့ဆုံးဖြတ်ချက်ကွဲပြားမှုကြောင့် နှစ် ၂၀ ဝေးကွာခဲ့တဲ့ ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းရဖို့ဖြစ်လာတဲ့အခိုက်အတန့်က အစ်မဖြစ်သူBessieရဲ့ သွေးကင်ဆာဖြစ်နေပြီဆိုတဲ့ သတင်းဆိုးကြီးဖြစ်နေတဲ့အခါ ဆယ်စုနှစ် ၂ ခုကြာအောင် အိမ်ကိုလှည့်မကြည့်ခဲ့တဲ့Leeတစ်ယောက် အစ်မဖြစ်သူခြင်ဆီအစားထိုးဖို့ ဆေးစစ်ဖို့ တစ်ချိန်က သူခေါင်းရှောင်ခဲ့တဲ့ အဖေကြီးကိုပြုစုဖို့ သား ၂ ယောက်နဲ့အတူ အိမ်ပြန်လာဖို့ ဖြစ်လာတဲ့အခါ.... တစ်ဖက်မှာလည်း အမေနဲ့အဆင်မပြေလို့ အိမ်ပါမီးရှို့တဲ့Hankနဲ့ လူမမယ်လေးပဲရှိသေးတဲ့Charlieကတစ်ဖက် သွေးကင်ဆာရောဂါသည်အစ်မBessieနဲ့ အိပ်ရာထဲလဲနေတဲ့ ဖခင်ကြီးMarvinကတစ်ဖက် Leeတစ်‌ယောက် လူမမာပြုစုရတော့မဲ့သူ့ဘဝကို အလွယ်တကူလက်မခံဖြစ်နေတော့တာပေါ့။ အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲကိုတော့ ရုပ်ရှင်လေးမှာပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်ပါ။ Realityဆန်တဲ့ family dramaကားကောင်းရဲ့ ဂုဏ်ပုဒ်‌နဲ့အညီ ပြဿနာတွေလည်းပါ၊ အချစ် အလွမ်းနဲ့ ကြည်နူးစရာ မျက်ရည်ဝဲစရာလေးတွေလည်းပါ၊ ဟာသနဲ့အလွဲလေးတွေ၊ အချင်းများတာလေးတွေပါ သမမျှတအောင် အပိုအလိုမရှိဖြည့်စွက်ထားတဲ့ ဟင်းကောင်းတစ်ခွက်လိုဇာတ်လမ်းလေးဖြစ်တာမလို့ Drama Fanတစ်ယောက်အနေနဲ့ လက်လွတ်မခံသင့်တဲ့Marvin's Roomဆိုတဲ့ ရုပ်ရှင်လေးကိုမြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ File Size :(2.02GB) and (770MB) Quality : Blu-Ray1080p 720p Format…mp4 Duration…01:38:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Jane Encoded by Phyo Pyae

Drama
6.7 1996 98 mins
Marvin's Room
Natural Born Killers
7.1

မစ်ကီနဲ့ မယ်လိုရီ တို့ဟာ ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာကိုယ်စီနဲ့ ကြီးပြင်းလာခဲ့သူတွေဖြစ်ပါတယ် မစ်ကီနဲ့ မယ်လိုရီတို့ အချင်းချင်း တွေ့ဆုံမိချိန်မှာတော့ နှစ်ယောက်ပေါင်းပြီး မယ်လိုရီရဲ့ အနိုင်ကျင့်တတ်တဲ့ မိဘတွေကိုသတ်ကာ နှစ်ယောက်သားထွက်ပြေးခဲ့ကြပါတော့တယ် ဒါပေမယ့် ငယ်ငယ်ကစိတ်ဒဏ်ရာရှိခဲ့သူတွေဖြစ်တာကြောင့် နှစ်ယောက်ပေါင်းမိချိန်မှာတော့ တစ်ဖြည်းဖြည်း စိတ္တဇ လူသတ်စုံတွဲ အဖြစ်ပြောင်းလဲလာပါတော့တယ် သူတို့ဟာ သူတို့ကားရပ်တဲ့ နေရာတိုင်း အနားမှာရှိသမျှလူအကုန်သတ်ပစ်တတ်ကြပြီး သူတို့သတ် သွားတဲ့ဇာတ်လမ်းကိုပြန်ပြောနိုင်ဖို့ လူတစ်ယောက်ကိုတော့ ချန်ခဲ့တတ်တဲ့စုံတွဲအဖြစ် နာမည်ကြီးပါတယ် အဲ့အချိန်မှာပဲ မီဒီယာရဲ့ မြောှက်ထိုးပင့်ကော်လုပ်မှုကြောင့် တစ်နိုင်ငံလုံးဟာ ဒီရာဇဝတ်စုံတွဲကို ထောက်ခံအားပေးလာကြတဲ့အချိန်မှာတော့ မစ်ကီနဲ့မယ်လိုရီတို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရှုရမှာဖြစ်ပါတယ် သရုပ်ဆောင်တွေကတော့ မင်းးသားကြီး Woody Harrelsonနဲ့ မင်းသမီး Juliette Lewisပဲဖြစ်ပါတယ် ဒါ့အပြင် မင်းသား Robert Downey Jrကလည်း သတင်းထောက် ဝိန်းဂေးလ်အနေနဲ့ ပါဝင်အားဖြည့်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. File size…2.81GB / 1.26GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ..... Action / Crime / Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Swan Yi

Action • Drama
7.1 1994 118 mins
Natural Born Killers
A Scanner Darkly
6.8

IMDb  7,,,,, Rotten Tomatoes 68% ဒီရုပ်ရှင်ထဲမှာတော့ အားလုံးသိပြီးသားနာမည်ကြီး သရုပ်ဆောင်များဖြစ်တဲ့ Keanu Reeves, Robert Downey Jr. Woody Harrelson နဲ့ မင်းသမီး Winona Ryder တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Richard Linklater က ပုံဖော်ရိုက်ကူးထားတဲ့ Animated Sci-fi/thriller ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းအကြောင်းကိုမပြောခင်မှာ ဒီဇာတ်ကားရဲ့ ထူးခြားတဲ့ တင်ဆက်ပုံကို အရင်ဆုံးပြောပြချင်ပါတယ်။ ဒီဇာတ်ကားထဲက Scene တွေကို တစ်ကားလုံးရိုက်ပြီးတော့မှ Interpolated Rotoscope လို့ခေါ်တဲ့နည်းပညာကိုသုံးပြီး မူလရုပ်ရှင်ကို ဖရိန်တစ်ခုချင်းဆီ ခြေရာကောက်ပြီး Animation အဖြစ်ပြောင်းထားတာပဲဖြစ်ပါတယ်။ Animation ဖြစ်တာတော့မှန်ပါတယ်.. ဒါပေမယ့် လူအစစ်တွေသရုပ်ဆောင်ထားတာပါ... ဇာတ်လမ်းအညွှန်းကတော့ ဘောပ့်အာတာ(Keanu Reeves)ဟာ မူးယစ်ဆေးအရောင်းအဝယ်လုပ်နေတဲ့ အဖွဲ့တစ်ခုကို စုံစမ်းဖို့အတွက် အသွင်ယူထားတဲ့ ရဲအရာရှိတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် သဏ္ဌာန်လုပ်သရုပ်တူရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိနေတဲ့ ဘောပ့်အာတာဟာ သူကိုယ်တိုင် ဆေးစွဲတဲ့သူတစ်ဦးဖြစ်လာပါတော့တယ်။ ဘောပ့်အာတာအနေနဲ့ သူ့ရဲ့လျှို့ဝှက်သရုပ်ကို မပေါ်အောင်ကြိုးစားရင်းနဲ့ မူးယစ်ဆေးတိုက်ဖျက်မှုကို ဘယ်လိုတွေလုပ်ဆောင်မလဲ သူ့ရဲ့အနားမှာရှိတဲ့ ဂျင်ဘယ်ရစ်(Robert Downey Jr.)နဲ့အာနီလက်မန်း (Woody Harrelson)တို့ရဲ့ အရှုပ်တော်ပုံတွေကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ရုပ်ရှင်ထဲမှာ ကြမ်းတမ်းတဲ့အပြောအဆိုများ၊ မူးယစ်ဆေးသုံးစွဲသူများ၏ နေထိုင်မှုများနဲ့ ချစ်တင်းနှောခန်းလည်း ပါဝင်တာကြောင့် R Rating သတ်မှတ်ခံထားရပါတယ်။ File Size : (1.95 GB) (935 MB) and (222MB) Quality : Blu-Ray 1080p5.1CH, 720p Format…mp4 Duration…01:40:00 Genre : Animation , Crime , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Thriller
6.8 2006 100 mins
A Scanner Darkly
Babli Bouncer
6

အိန္ဒိယမြို့အစွန်က ဘောက်ဆာရွာလေးမှာ လူငယ်တိုင်း ဘောက်ဆာလေ့ကျင့်ကျွမ်းကျင်ကြတယ် ဒီထဲကမှ ဘောက်ဆာဆရာရဲ့ သမီးဖြစ်တဲ့ ဘာဘလီကတော့ ရွာမှာ ဘောက်ဆာကျွမ်းကျင်တဲ့ မိန်းကလေး အတန်းပညာမှာအာရုံမစိုက်ခဲ့တာကြောင့် 10 တန်း တဖုန်းဖုန်းကျပြီး ကျောင်းထွက်ခဲ့ရပေမယ့် ဘောက်ဆာမှာတော့ အမျိုးသားထဲမှာတောင် သူ့ကိုနိုင်သူမရှိဘူး မင်္ဂလာဆောင်တစ်ခုမှာ ကျောင်းတုန်းကဆရာမနဲ့တွေ့ပြီး ဆရာမသားကို သဘောကျမိသွားရာကနေ သူ့ဘ၀မှာ အပြောင်းအလဲတွေ စဖြစ်တော့တာပဲ.... ဒေလီက ညကလပ်တစ်ခုကိုလာတဲ့ မိန်းကလေးတွေ အန်တီကြီးတွေရဲ့ ရစ်ဒဏ်ညစ်ဒဏ်ကို အမျိုးသားဘောက်ဆာ‌၀န်ထမ်းတွေ ဖြေရှင်းဖို့ အခက်တွေ့ရာကနေ အမျိုးသမီး ဘောက်ဆာ၀န်ထမ်းတွေ ခန့်ဖို့ ဖြစ်လာခဲ့တယ် ပညာတတ် လူရည်သန့်လေးဗီရာ့ဂျ်က အမှီအခိုကင်းတဲ့ မိန်းကလေးသဘောကျတယ်ဆိုတာနဲ့ အမှီအခိုကင်း နေထိုင်ပြချင်လို့ ညကလပ်မှာ အမျိုးသမီး ဘောက်ဆာအလုပ်လျှောက်ရင်း ရခဲ့တယ် ဗီရာ့ဂ်ျရဲ့ ‌မွေးနေ့မှာ အမူးလွန်ပြီး ဖွင့်ပြောမိရာကနေ ဗီရာ့ဂ်ျဆီက ခါးခါးသီးသီး ငြင်းခံရလိုက်တဲ့အခါမှာတော့..... ပျော်ပျော်နေတတ်ပြီး ခေတ်လူငယ်တွေကြားအသုံးအနှုန်း အပြုအမူတစ်ခုမှမသိတဲ့ ရိုးသားတဲ့ တောသူမလေးနဲ့ ပညာတတ် ဥစ္စာပေါ ရုပ်ချောလေးတို့ရဲ့ အချစ်ဇာတ်လမ်းက ရှေ့ဆက်နိုင်မှာလား ဒီလိုနဲ့ပဲ ဇာတ်သိမ်းသွားမလားဆိုတာကို ခံစားကြည့်ပါဦး အပန်းပြေကြည့်ချင်တဲ့ကားကောင်းလေး ရှာနေတဲ့ ပရိသတ်တွေအကြိုက်တွေ့မယ့် အချစ်ဇာတ်မြူးလေးပါ File size…2.45GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL & Shwe Pyae &  Lai Laii

Fantasy • Thriller
6 2022 118 mins
Babli Bouncer
Signal: Long-Term Unsolved Case Investigation – The Movie

2021 မှာထွက်လာတဲ့ The signal ဆိုတဲ့ ဇာတ်ကားလေးကတော့ 2018 မှာထွက်ခဲ့တဲ့ ဇာတ်လမ်းတွဲရဲ့ အဆက်ပဲဖြစ်ပါတယ် ဒီကားလေးက thriller ကားအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းကတော့ mysteryတွေနဲ့ပြည့်နေပြီး စုံထောက်ကားကြိုက်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာပါ 2018 ဇာတ်ကားမှာတုန်းက အတိတ်နဲ့ ပစ္စုပ္ပန်မှာ ရှိကြတဲ့ စုံထောက်နှစ်ယောက်ဟာ စကားပြောစက် walkie-talkieလေးကနေ ထူးထူးဆန်းဆန်း ဆက်သွယ်မိကြပါတယ် သူတို့နှစ်ယောက်ဟာဒီလိုဆက်သွယ်ပြီး အနာဂတ်မှာအတိတ်ကဖြစ်ခဲ့တဲ့အမှုတွေမဖြစ်အောင် အတူတူတားဆီးကြတာဖြစ်ပါတယ် ခုဒီဇာတ်ကားမှာလည်း "‌cold case investigate team"က စုံထောက်ဆိုင်ကူဆာနဲ့ အတိတ်ကစုံထောက် အိုယာမာတို့ဟာ အတိတ်နဲ့ပစ္စုပ္ပန်တို့မှာဖြစ်တဲ့ တူညီတဲ့ လုပ်ကြံမှုအကြမ်းဖက်မှုတွေပေါ်မှာ အခြေခံပြီး နှစ်ယောက်သား အမှုမှန်ပေါ်အောင်ဖော်ထုတ်ကြတာပဲဖြစ်ပါတယ် ဇာတ်ကားရဲ့ပုံစံက action scene တွေသိပ်မပါဘဲ ပဟေဠိဆန်ဆန်ပုံစံနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတာပါ ၂၀၁၈ တုန်းက ဇာတ်ကားမကြည့်ရသေးတဲ့သူတွေလည်း ဇာတ်ကားအစမှာ ဇာတ်လမ်းဆက်ကိုအကျဉ်းချုပ်ရှင်းပြထားတာမို့ တန်းကြည့်လို့အဆင်ပြေပါတယ် စုံထောက်ကား ဖန်တွေ အေးဆေး "chill ‌and think"လို့ရပါပြီ အညွှန်း နဲ့ ဘာသာပြန်ကတော့ Loon Swal Eain ပဲ ဖြစ်ပါတယ်။ Genre.....Action, Mystery, Thriller Quality….WEB-DL 1080p and 720p and 360p File size…1.7GB and 1GB and 337MB Format…mp4 Duration….2h 2min Subtitle….Myanmar Subtitle (Hardsub) Translator ..... Loon Swal Eain Encoder .....August

Drama • Romance
null 2021 122 mins
Signal: Long-Term Unsolved Case Investigation – The Movie
Nebraska
7.7

သင်အိုမင်းလာပြီး ဇရာထောင်းလာတဲ့အချိန်မှာ သင့်ကိုယ်သင် ဘယ်လိုဖြစ်နေမယ်လို့ထင်ပါသလဲ။ ဒီဇာတ်ကားကတော့ အမေရိကန်မြောက်ပိုင်းဒေသမှာ အသက်အရွယ်ရလာပြီး စိတ်သွားတိုင်းကိုယ်မပါတော့တဲ့ တစ်ယောက်တည်းအထီးကျန် မေတ္တာမပေးတတ်တဲ့ ဘောက်ဆတ်ဆတ်အဖိုးကြီးတစ်ယောက်နေရာကနေ စီးမြောခံစားရမှာပါ။ ဝူဒီဂရန့်ဆိုတဲ့ အဖိုးကြီးဟာ နေထိုင်လာတဲ့တစ်လျှောက်မှာ သားနှစ်ယောက်နဲ့ ဇနီးအပေါ် လင်ဝတ္တရား ဖခင်ဝတ္တရား မကျေပွန်တဲ့ အရက်ဂျိုး ယစ်ထုပ်တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူဟာ မဂ္ဂဇင်းစာအုပ်တစ်အုပ်ကနေ သင်ဟာ ဆုကြေးငွေကို ကံထူးပါတယ် ဆိုတဲ့လက်မှတ်တစ်စောင်ကို တွေ့ရှိခဲ့ပြီး အသက်ကြီးပြီး အတိတ်မေ့ချင်ချင်ဖြစ်နေတဲ့ ဝူဒီဟာ သူ့ကိုယ်သူ ဒေါ်လာတစ်သန်းပေါက်တယ်ဆိုပြီး ခံယူလိုက်ပါတော့တယ်။ သူဟာ မိသားစုက ဒေါ်လာတစ်သန်းပေါက်တာ မဟုတ်ကြောင်း ဘယ်လိုပဲရှင်းပြရှင်းပြ ဒီစာရွက်ကိုယူပြီး မွန်တားနားပြည်နယ်ကနေ နဲဗရာစကာပြည်နယ်အထိ ခြေကျင်သွားပြီး ဆုကြေးငွေသွားထုတ်ဖို့ တာဆူနေပါတော့တယ်။ တားမရတဲ့နောက်ဆုံး သားငယ်ဖြစ်သူ ဒေးဗစ်ဟာ အဖေစိတ်ချမ်းသာပါစေဆိုပြီး ကားနဲ့လိုက်ပို့ပါတော့တယ်။ ဒီလိုနဲ့ နဲဗရာစကာသွားတဲ့လမ်းမှာ ဝူဒီငယ်မြို့လေးကို လမ်းကြုံနေတာနဲ့ ဝင်လည်ပါတော့တယ်။ ဒီအချိန်မှာ ဝူဒီတစ်ယောက် ငယ်တုန်းက ဘော်ဒါတစ်ယောက်ဖြစ်တဲ့ ပီဂရင်းကို ဒေါ်လာတစ်သန်း ပေါက်ကြောင်းပြောပြလိုက်တဲ့အချိန်မှာ ဒီသတင်းက တစ်မြို့လုံးကို ပျံ့သွားပါတော့တယ်။ ဒီအချိန်မှာ အသိခေါက်ခက်အဝင်နက်တဲ့ ဝူဒီတစ်ယောက် ဒေါ်လာတစ်သန်း တစ်ကယ်ပေါက်တာမဟုတ်ဘဲ နာမည်ကြီးထမင်းငတ်ဖြစ်နေတဲ့အမှန်တရားကို ဘယ်လိုလက်သင့်ခံရမလဲ၊ သူ့ရဲ့ဆွေမျိုးသားချင်းတွေက ဒေါ်လာတစ်သန်းပေါက်တယ်မှတ်ပြီး သူ့ဆီက ငွေဘယ်လိုတောင်းကြမလဲ၊ သားဖြစ်သူဒေးဗစ်တစ်ယောက် ဒီအချိန်မှာ ယစ်ထုပ်အရှုံးသမားဖြစ်နေတဲ့ ဘယ်တော့မှ မေတ္တာမပေးတဲ့ သူ့အဖေရဲ့ငယ်ရွယ်စဉ်ဘဝကို တဖြည်းဖြည်းနဲ့ သိရှိလာပြီး သားအဖနှစ်ယောက်ကြား ဘယ်လိုနားလည်လာမလဲဆိုတာကို ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(740 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.7 2013 115 mins
Nebraska
Mastergame
6.6

၁၉၅၆ခုနှစ်မှာ ရုရှား-ဟန်ဂေရီပဋိပက္ခကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အိရှ်ဗန်ဆိုတဲ့ကောင်လေးဟာ တော်လှန်ရေးမှာ ပါဝင်ခဲ့ပြီး သူတို့ရဲ့တော်လှန်ရေးကျရှုံးသွားချိန်မှာတော့ အိရှ်ဗန်ဟာလည်း အခြားတော်လှန်ရေးသမားတွေနည်းတူ အနောက်နိုင်ငံတွေဆီထွက်ပြေးခိုလှုံဖို့ ရွေးချယ်ရပါ တော့တယ်။ ဒါ့ကြောင့် အိရှ်ဗန်ဟာ သူရဲ့ကောင်မလေးဖြစ်သူ စစ်တုရင်ချန်ပီယံမာတာကိုခေါ်ပြီး ထွက်ပြေးဖို့လုပ်ပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ဘုန်းတော်ကြီးဖြစ်သူရီဒါဘာလင့်ဆိုသူဟာ လျှို့ဝှက်ရတနာတွေကိစ္စနဲ့ ဟန်ဂေရီလျှို့ဝှက်ရဲတွေရဲ့ စစ်ကြောခြင်းကိုခံနေရသူပါ။ စစ်ကြောတဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာကိုညှင်းပန်းနှိပ်စက်တာကို ခံနေရသူပေါ့။ တစ်နေ့တစ်နေ့ နေဝင်တာမသိ နေထွက်မသိ ထောင်နံရံကလွဲပြီး ဘာကိုမှမြင်ဖူးတော့တဲ့ ဘာလင့်ဆီကို တစ်ရက်မှာ စစ်တုရင်စာအုပ်လေးတစ်အုပ်ရောက်လာပါတယ်။ ဒီစာအုပ်လေးကြောင့်ပဲ ဘာလင့်တစ်ယောက်အားလုံး ပြောင်းလဲသွားပါတော့တယ်။ ဒီဇာတ်ကားမှာ ဒီလိုကွဲနေတဲ့ Storyline နှစ်ခုကို စစ်တုရင်နဲ့ ချိတ်ဆက်ပြီး တင်ဆက်ထားပုံကစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဇာတ်လမ်းသွားတဲ့ပုံစံနဲ့ မထင်မှတ်တဲ့ အချိုးအကွေ့တွေ ပါနေတာကလည်း ဒီဇာတ်ကားရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်။ ဇာတ်ကားကြည့်ပြီးရင်တော့တစ်ခုခုကျန်ခဲ့မှာသေချာတာမို့လို့ ဒီ Mastergame ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆင်ပေးလိုက်ပါတယ်။ File size…1.03GB / 453MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

Drama • Action • Comedy
6.6 2023 90 mins
Mastergame
Inferno
6.5

ဒီရုပ်ရှင်ကတော့ ၁၉၈၀ ခုနှစ်ထွက် “Inferno” ဖြစ်ပါတယ်။ ဒါရိုက်တာ Dario Argento ရဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်း ရုပ်ရှင်ဖြစ်ပြီးတော့ “Three Mothers” ဇာတ်လမ်းတွဲ၏ ဒုတိယမြောက်ကားဖြစ်ပါတယ်။ ဇာတ်လမ်းက နယူးယောက်မြို့ကို နေရာယူထားပြီး Rose Elliot (Irene Miracle) ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဝင်စားဖွယ် စုံစမ်းမှုနဲ့ စတင်ပါလိမ့်မယ်။ Rose က “The Three Mothers” ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရှာဖွေတွေ့ရှိပြီး အဲဒီစာအုပ်ထဲမှာ ကမ္ဘာ့အမှောင်မိခင်သုံးဦးတွေ့ရှိတဲ့အကြောင်းကို ဖော်ပြထားပါတယ်။ Rose က သူနေတဲ့ အဆောက်အအုံမှာ နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေရာက Mater Tenebrarum (အမှောင်၏မိခင်) နှင့် ဆိုင်တဲ့ ဖြစ်ရပ်ဆန်းတွေကို ရင်ဆိုင်တွေ့လာရတယ်။ Rose အမူအရာထူးထူးဆန်းဆန်း ဖြစ်နေတဲ့အခါမှာတော့သူရဲ့မောင်ဖြစ်သူ Mark (Leigh McCloskey) က ရောမကနေ နယူးယောက်ကို ခရီးထွက်ပြီး Roseရဲ့ သွားရာလမ်းကို စုံစမ်းရင်း ကြောက်ရွံ့မှုများ၊ နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိရမှာ ဖြစ်ပါတယ်။ Keith Emerson ရဲ့ အံ့သြစရာ တေးဂီတတွေနဲ့အတူ Argento ရဲ့ နက်နဲပြီး စိတ်ကူးယဉ်ဆန်သော ရိုက်ချက်တွေကိုတွေ့ရမှာဖြစ်ပါတယ်။ ၁၉၈၀ ​ရဲ့ horror ကားဆိုတော့ အခုခေတ် horror flowနဲ့တော့အတော်လေးကွာခြားတာကိုမြင်ရမှာပါ။ အတိအကျကိုတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုပေးကြပါဦး။ File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:46:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Ye Htut

6.5 1980
Inferno
Daddio
6.7

Fifty Shades of Grey မင်းသမီး Dakota Johnson ပါဝင်ထုတ်လုပ်ထားပြီး ကိုယ်တိုင်လည်းသရုပ်ဆောင်ထားတဲ့ Daddio ရုပ်ရှင်မှာ ခရီးတစ်ခုထွက်ရာကနေအိမ်ပြန်လာတဲ့ အမျိုးသမီးလေးနဲ့ ကားသမားတို့ရဲ့ တက္ကစီပေါ်မှာ အပြန်အလှန် ရင်ဖွင့်ဖြစ်ကြပုံတွေကို တစ်ကားလုံးကြည့်ရှု့ရမှာဖြစ်ပါတယ်။ မင်းသမီး Dakota Johnson နဲ့မင်းသားကြီး Sean Penn တို့ နှစ်ဦးတည်းသာ ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်မှာ လူနှစ်ဦးရဲ့ အပြန်အလှန်စကားပြောတွေကတစ်ဆင့် အဲဒီလူနှစ်ဦးရဲ့ လျှို့ဝှက်ချက်တွေနဲ့ ဘဝတွေကို တစ်ရစ်ပြီးတစ်ရစ်ဖော်ထုတ်သွား တာကို စိတ်ဝင်စားဖွယ်ရာကြည့်ရှု့ရမှာဖြစ်ပါတယ်။ အဖေလို့အဓိပ္ပါယ်ရတဲ့ဇာတ်ကားနာမည်အတိုင်း ဖခင်တစ်ယောက်က သမီးတစ်ယောက်ကိုဆုံးမနေတဲ့၊ နှစ်သိမ့်နေတဲ့၊ အားပေးနေတဲ့ နွေးထွေးမှုမျိုးကိုလည်း ခံစားမိစေနိုင်မှာပါ။ File size… 1.41GB / 680MB Quality… WEB-DL 1080p 5.1CH / 720p Format… mp4 Duration…. 1h 40m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by JULY

6.7 2023
Daddio
Mayavanam

Mayavanam (2024) ဆေးကျောင်းသားလေးယောက်စွန့်စားခန်းဆေးကောလိပ်တစ်ခုက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ‌ဖြစ်ကြတဲ့ ရှန်ကူ ၊ မာလူ ၊ တိုင်ဆက် ၊ လာချူးတို့ လူငယ်လေးယောက်က ကျောင်းသားအရေး ကျောင်းအရေးတွေမှာ တက်တက်ကြွကြွလှုပ်ရှားကြတဲ့ လူငယ်လေးယောက် ။ တစ်နေ့ဆေးနဲ့ပတ်သတ်တဲ့ ကမ်ပိန်းသွားလုပ်ရင်း လူမိုက်တစ်ဖွဲ့နဲ့ပြဿနာဖြစ်လာတယ် ၊ အဲဒီလူမိုက်အဖွဲ့ထဲမှာ အကောင်ကြီးကြီးအနွှယ်တွေပါနေတာကြောင့် ကျောင်းအုပ်ကြီးက ပြဿနာတွေရှုပ်မလာအောင် သူတို့လေးယောက်ကို သူ့သူငယ်ချင်းရဲ့ အပန်းဖြေအိမ်ကို ခဏပို့လိုက်တယ် အဲဒီသွားတဲ့လမ်းမှာလည်း မဟုတ်မခံဇာတ်ဇာတ်ကြဲလေးလာချူးက သူ့လာကြောင်တဲ့အကောင်တစ်ကောင်နဲ့ ပြဿနာထပ်ဖြစ်ရော ။ ရှောင်တယ်လို့မတွေးဘဲ ကျေးလက်မှာခဏပျော်ကြမယ်လို့တွေးပြီးရောက်လာတဲ့ သူတို့လေးယောက်ဆီ မထင်မှတ်ထားတဲ့‌အန္တရာယ်တွေရောက်လာချိန်မှာတော့……. အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ်

0 2024 103 mins
Mayavanam
Inside Out 2
7.8

2015 တုန်းက အကောင်းဆုံးကာတွန်းရုပ်ရှင် အော်စကာဆုရခဲ့တဲ့ နာမည်ကျော် ကာတွန်းကားရဲ့ နောက်ဆက်တွဲ ထွက်လာပါပြီ။ ၁၀ နှစ်နည်းပါး ကြာခဲ့ပေမဲ့ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေက စောင့်ရတာ တန်တယ်လို့ ပြောနိုင်လောက်အောင် ကောင်းနေပါတယ်။ Rating လည်း 7.8 ထိ ရောက်နေတာမို့ ဘော်ချက်ရုံသက်သက် ကာတွန်းအဆက်တွေ စွတ်ထုတ်နေတာထက်တော့ သာပါတယ်။ Inside Out 2015 မှာ ပြခဲ့တဲ့ကလေးတစ်ယောက်ရဲ့ ဦးနှောက်သဘောတရားတွေကို ပုံဖော်မှုက အတော်ပြောင်မြောက်ခဲ့သလို အခု ရုပ်ရှင်မှာလည်း ကလေးဘဝကနေ ရင့်ကျက်မလာခင် ခံစားချက်မျိုးစုံနဲ့ ဦးနှောက်ရဲ့သဘောကို ပီပီပြင်ပြင် ပြထားနိုင်လိုက်တာပါပဲ။ “သူ့ကို ငါ့အစား လဆီ ခေါ်သွားပေးပါ” ဆိုတဲ့ ဘင်းဘောင်ရဲ့ အခိုက်အတန့်မျိုးကိုတော့ ပြန်ဖန်တီးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီရုပ်ရှင်ထဲမှာ Joy ရဲ့အိပ်ရာဘေးမှာ ဘင်းဘောင်အရုပ်လေးကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လိုက်မလေး ရိုင်လီဟာ ဆယ်ကျော်သက်ဖြစ်လာပြီး အလယ်တန်းကျောင်းရဲ့ ဟော်ကီအသင်းမှာ ကစားနေပါပြီ။ ဟော်ကီကစားတာ တော်တာကြောင့် အထက်တန်းကျောင်းနည်းပြက သူ့ရဲ့ ၃ ရက် စခန်းသွင်းလေ့ကျင့်ရေးကို ဖိတ်လိုက်ပါတယ်။ အဲဒီမှာသာ အရွေးခံရရင် အထက်တန်းဟော်ကီအသင်းမှာ ပါရမဲ့အပြင် ပညာသင်ဆုပါ ရနိုင်မှာမို့ ရိုင်လီ့အတွက် အခွင့်အရေးကောင်းကြီးပါပဲ။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရွယ်ရောက် ခံစားချက်တွေဖြစ်တဲ့ စိတ်ပူတာ၊ စိတ်ကုန်တာ၊ အားကျတာ၊ ရှက်တာ စတဲ့ ခံစားချက်တွေက ဌာနချုပ်ကို အသစ်ရောက်လာပြီး အရင်တုန်းက ပျော်ရွှင်၊ ဝမ်းနည်း၊ ဒေါသ၊ ကြောက်ရွှံ့၊ ရွံရှာ တို့တွေနဲ့ ပြဿနာတွေဖြစ်ကြပါတယ်။ သူ့ရဲ့ခံစားချက်တွေကို နားမလည်နိုင်တော့တဲ့အခါ ကိုယ့်ကိုယ်ကိုယ်သိစိတ် ပျောက်လာတဲ့ ရိုင်လီတစ်ယောက် ဟော်ကီလေ့ကျင့်ရေးမှာ ဘာအမှားတွေလုပ်ပြီး Joy တို့ တစ်စု အတွင်းထဲကနေ ဘယ်လို ပြင်ဆင်ကြမလဲဆိုတာ ကြည့်ရပါလိမ့်မယ်။ File Size : 5.4 GB / 1.8 GB / 1 GB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 36min Format : Mkv and Mp4 Audio : AAC and AC-3 Genre : Animation/Drama / Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Mr.Anderson Encode by : Thit San Khant

Action • Crime
7.8 2024 97 mins
Inside Out 2
Mukkam Post Devach Ghar
7.1

Mukkam Post Devach Ghar (2025) “တို့ဖေဖေ” ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် အရမ်းကောင်းတဲ့ မိသားစုဒရာမာဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျေးလက်လူနေမှုဘ၀ကို နောက်ခံထားပြီး မူလတန်းအရွယ်ကလေးမလေးတစ်ယောက်ရဲ့ဘ၀ကို ချစ်စရာဖြစ်အောင်ရော သနားစရာဖြစ်အောင်ပါ ပုံဖော်ထားရိုက်ကူးထားပါတယ်။ ရွာလေးတစ်ရွာမှာ ဂျီဂျာဆိုတဲ့ ချစ်စရာမူလတန်းကျောင်းသူလေးရှိပါတယ်။ ဂျီဂျာလေးဟာ အမေရယ် အဘွားရယ်နဲ့အတူနေပါတယ်။ အဖေဖြစ်သူကတော့ ဆုံးပါးသွားပြီး ဂျီဂျာတောင်မမြင်ဖူးလိုက်ပါဘူး။ ဂျီဂျာလေးဟာ ကလေသဘာ၀အတိုင်း စားလိုက် ဆော့လိုက်နဲ့ ပျော်ပျော်နေပေမဲ့ စိတ်ထားလေးကောင်းပြီ ကူညီတတ် သနားတတ်သူလေးပါ။ တစ်ခါမှမမြင်ဖူးလိုက်တဲ့ သူ့အဖေ့ကိုလည်း သတိရရကောင်းမှန်း မသိပါဘူး။ တစ်နေ့တော့ ကျောင်းအုပ်ဆရာကြီးကဂျီဂျာ့ကို ကျောင်းပြိုင်ပွဲတစ်ခုမှာ “တို့ဖေဖေ” ခေါင်းစဉ်နဲ့ ယှဉ်ပြိုင်ရမယ်လို့ ပြောလိုက်ရာကစလို့ ဂျီဂျာတစ်ယောက် သူ့အဖေအကြောင်း သိချင်လာခဲ့ပါတယ်။ သူ့အမေကိုမေးပေမဲ့လည်း အရှင့်အိမ်မှာဆိုတာကလွဲပြီး သေချာအဖြေမရခဲ့ပါဘူး။ နောက်တော့ ဂျီဂျာလေးဟာ ဘယ်ရောက်နေမှန်းမသိတဲ့ သူ့အဖေဆီ စာတိုက်ကနေစာပို့ဖို့ အကြံရလာခဲ့ပါတယ်။ ဒီလိုနဲ့ ဂျီဂျာပို့လိုက်တဲ့စာတွေဟာ ဘယ်ကိုရောက်သွားမလဲ… ဂျီဂျာတစ်ယောက် သူ့အဖေအကြောင်းကိုသိခွင့်ရမလား၊ ပြိုင်ပွဲမှာ “တို့ဖေဖေ” အကြောင်း ဘာတွေပြောသွားမလဲ ဆိုတာကို ကျေးလက်‌နောက်ခံနဲ့ ချစ်စရာကလေးသဘာ၀ကိုကြည့်ရှုခံစားရင်း… ပျော်စရာ၊ ရယ်စရာ၊ ငိုစရာ၊ လွမ်းမောစရာအဖြစ် ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။)

War • Drama
7.1 2025 119 mins
Mukkam Post Devach Ghar
Love Strange Love
5.7

“Love Strange Love” ဟာ ဘရာဇီးလ်စာရေးဆရာနဲ့ ဇာတ်ညွှန်းဆရာ Alfredo Sirkis ရေးသားခဲ့တဲ့ “Os Carbonários” ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ၁၉၈၂ ခုနှစ်ထုတ် ဘရာဇီးလ်ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ဒါရိုက်တာ Walter Hugo Khouri က ရိုက်ကူးခဲ့တာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေကို ပွင့်ပွင့်လင်းလင်း တင်ဆက်ထားတဲ့အတွက် ထွက်ရှိစဉ်က အတော်လေး အငြင်းပွားဖွယ် ဖြစ်ခဲ့တဲ့ ၁၈ယောက်စုကြည့်ရမယ့် ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းက Paul (Paulo Figueiredo) ဆိုတဲ့ ချမ်းသာတဲ့ စီးပွားရေးသမားတစ်ယောက်ရဲ့ အကြောင်းကို အဓိကထားပြီး တင်ဆက်ထားပါတယ်။ Paul ဟာ သူ့အဖေရဲ့အိမ်ကြီးဆီကို အလည်ပြန်ရောက်လာပြီး အဲဒီမှာ သူ့ရဲ့ငယ်ဘဝအမှတ်တရတွေ၊ အထူးသဖြင့် သူ့အဖေရဲ့ လက်အောက်ငယ်သားဖြစ်ခဲ့တဲ့ လှပတဲ့ Anna နဲ့ သူ့ရဲ့ လိင်ပိုင်းဆိုင်ရာ ဆက်နွှယ်မှုတွေကို ပြန်လည်အမှတ်ရလာပါတယ်။ ဇာတ်လမ်းက ပစ္စုပ္ပန်နဲ့ အတိတ်ကို ဒွန်တွဲပြီး ပြသထားပြီး Paul ရဲ့ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေ၊ လိင်ပိုင်းဆိုင်ရာ စွဲလမ်းမှုတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ ကန့်သတ်ချက်တွေကို ဖောက်ထွက်ချင်တဲ့ ဆန္ဒတွေကို ပေါ်လွင်အောင် ရိုက်ပြထားတာ ဖြစ်ပါတယ်။ File size… 1.4 GB / 1.1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 2h 2m Genre ….. Drama/History Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by JimX

Drama • Comedy
5.7 1982 123 mins
Love Strange Love
Little Men
6.7

Little Men (2016) ************************ ငယ်ဘဝက childhood friend တစ်ဖြစ်လည်း best friend ကိုပြန်အမှတ်ရစေမဲ့ Little Men ရုပ်ရှင်ဟာ ၂၀၁၆ ကထွက်ရှိခဲ့ပြီး ညီအစ်ကိုလိုခင်ကြတဲ့ ၁၃ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေး ၂ ယောက်ရဲ့ လွမ်းဆွတ်ဖွယ် ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ရရှိခဲ့သောဆုများ – Berlin International Film Festival: Grand Prix of the International Jury (Generation Kplus) – Sundance Film Festival: Official Selection – New York Film Critics Circle Awards: Best Supporting Actress (runner-up, Paulina García) – National Board of Review: Top 10 Independent Films သရုပ်ဆောင်များ – Theo Taplitz (Jacob Jardine အဖြစ်) – Michael Barbieri (Antonio Calvelli အဖြစ်) – Greg Kinnear (Brian Jardine အဖြစ်) – Jennifer Ehle (Kathy Jardine အဖြစ်) – Paulina García (Leonor Calvelli အဖြစ်) ဇာတ်လမ်းအကျဥ်း Jacob ရဲ့ မိသားစုဟာ ဘရွတ်ကလင်က ဆုံးပါးသွားတဲ့ အဖိုးရဲ့အိမ်ကို ပြောင်းရွှေ့လာချိန်၊ ဘရွတ်ကလင်မှာ သူတို့ ငှားရမ်းထားတဲ့အပ်ချုပ်ဆိုင်က Antonio ဆိုတဲ့ ကောင်လေးနဲ့ သူငယ်ချင်းဖြစ်လာပါတယ်။ သူတို့ဟာ ဝါသနာတွေတူတာကြောင့် ချက်ချင်းဆိုသလို ခွဲမရအောင် ရင်းနှီးသွားကြပြီး အနုပညာရှင်တွေ ဖြစ်လာဖို့ အိပ်မက်တွေ မျှဝေကာ နာမည်ကြီး အနုပညာသင်တန်းကျောင်းတစ်ခုကို အတူတက်ရဖို့ မျှော်လင့်ထားကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ပျော်ရွှင်စရာ ခင်မင်ရင်းနှီးမှုနောက်ကွယ်မှာတော့ ဆိုင်ရှင်နဲ့ ဆိုင်ငှားဖြစ်တဲ့ မိသားစုနှစ်ခုကြား အငြင်းပွားမှုတွေဟာ သူတို့နှစ်ယောက်ကို ကွဲသွားစေနိုင်လောက်အောင် ဆိုးဝါးလာပါတယ်။ ကလေးနှစ်ယောက်ဟာ မခွဲခွါရဖို့ မိဘတွေကိုပါ အသံတတိတ်ဆန္ဒပြရင်း သူငယ်ချင်း ၂ ယောက်ကြား ဖြူစင်မှု၊ အချင်းချင်း သစ္စာရှိမှုနဲ့ ကလေးဘဝကနေ လူကြီးဘဝကို ကူးပြောင်းရချိန် နာကျင်ဖွယ်ကောင်းတဲ့ လက်တွေ့ဘဝ စတာတွေကို ကြည့်ရှုခံစားကြရမှာလည်း ဖြစ်ပါတယ်။ File Size – 1.53 GB/ 727 MB Quality – BluRay 1080p/ 720p Duration – 1h 25m Format – mp4 Genre – Drama Subtitle – Myanmar Subtitle (Hard Sub)

Thriller • Crime • Drama
6.7 2016 85 mins
Little Men