YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Dangerous.Romance.S01E05.720p.CM.mp4

242.91 MB N/A video/mp4 78 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Hunted
6.2

ဒီကားကတော့ မင်းသားကြီး Tommy Lee Jones နဲ့ Benecio del Toro တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ကားဖြစ်ပါတယ်။ ခြေရာခံကျွမ်းကျင် ဆရာကြီး Bonham(Tommy Lee Jones) ဟာ FBI နဲ့ ပေါင်းပြီး သူ့ရဲ့ အတော်ဆုံး တပည့် ဖြစ်သူ ကို လိုက်လံ ဖမ်းဆီးရမယ့် စိတ်လှုပ်ရှားစရာ Action/Thriller genre ပါ။ The Exorcist တို့ Cruising တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး William Friedkin ရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားပဲ ဖြစ်တာကြောင့် ကားဟောင်းထဲကမှ အက်ရှင်ကားကောင်းကောင်းကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားက ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပါ။ ရှုပ်ရှုပ်ထွေးထွေးဇာတ်လမ်း မဟုတ်ဘဲ ကြည့်ရင်းနဲ့မှ စိတ်လှုပ်ရှားရမယ့် ကားဖြစ်တာမို့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ ( ဘာသာပြန်နဲ့ အညွှန်းကတော့ Khay Mar ပဲ ဖြစ်ပါတယ်) File size…1.74GB / 778MB Quality…Blu-Ray1080p / 720p Format…mp4 Duration….1h 34m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Khay Mar

Drama
6.2 2003 94 mins
The Hunted
Night at the Museum: Battle of the Smithsonian
6.1

~ IMDb Rating - 6/10 ~ သဘာဝသမိုင်းပြတိုက် ညစောင့်လေး လယ်ရီဟာ သူ့ရည်မှန်းချက်အစစ်ဖြစ်တဲ့ သူတီထွင်ထားတဲ့ အိမ်သုံးပစ္စည်းလေးတွေကို ရောင်းချရင်း လူသုံးကုန်ပစ္စည်းကုမ္ပဏီတစ်ခုအဖြစ် ကြီးကျယ်အောင်မြင်သွားပါပြီ။ ပြတိုက်‌ေဟာင်းလေးကိုစွန့်ခွာလို့ CEO ကြီး လယ်ရီ ဒဲလ်လေ အဖြစ်နဲ့ပေါ့၊ လောကလမ်းပေါ်မှာ လျှောက်လှမ်းနေလေရဲ့။ မိသားစုဖြစ်ခဲ့ဖူးတဲ့ အသိုက်အမြုံလေးဆီကို အလည်တစ်ခေါက် ရောက်လာချိန်မှာ သူသိခဲ့ဖူးတဲ့ ကမ္ဘာလေးကပြိုပျက်၊ အားလုံးက တကွဲစီဝေးရမယ့် အခြေအနေကို ရုတ်တရက်တွေ့လိုက်ရတဲ့ လယ်ရီလေးဟာ ရင်ကွဲပက်လက်။ လူကြိုက်မများတော့တဲ့ ပြတိုက်ထဲက ပစ္စည်းတွေကို ခေတ်မီ သုံးဖက်မြင်စက်ပစ္စည်းနဲ့ အစားထိုးမယ့် အစီအစဉ်တွေကြောင့် သမားရိုးကျအရုပ်လေးတွေက ပြည်ထောင်စုမော်ကွန်းတိုက်ရဲ့ မြေအောက်ခန်းထဲမှာ စွန့်ပစ်ခံရတော့မယ့်အချိန်ပါပဲ။ စကားနာထိုးတဲ့သူတွေရယ်၊ မျက်နှာကိုမကြည့်ချင်လို့ အကြည့်လွှဲတဲ့သူရယ်၊ သူ့ရဲ့ စွန့်ခွာထွက်ပြေးမှုကို စိတ်နာကြတဲ့ မိတ်ဆွေတွေကို လယ်ရီက တစ်ညတာအတူဖြတ်သန်းရင်း နှုတ်ဆက်လိုက်ရပါသတဲ့။ ဒါပေမဲ့ မျောက်ကလေး ဒက်ဇ်တာ လက်ဆော့လိုက်တာကစပြီး မော်ကွန်းတိုက်ကြီးအောက်ထပ်ကို ရွှေကျောက်စာ ခိုးယူသွားတော့ ကမ္ဘာ့အကြီးဆုံး ပြတိုက်ကြီး အသက်ဝင်လာပါလေရော။ အသက်ဝင်လာသူတွေထဲမှာ ကမ္ဘာကို အုပ်စိုးချင်တဲ့၊ ဖာရိုဘုရင်မျိုးရိုးကြီး တစ်ယောက်လည်း ပါလာတာပေါ့။ လယ်ရီရဲ့မိတ်ဆွေ အခမ်းရာ့ရှ် ရဲ့ အစ်ကိုတော်၊ ယုတ်ညံ့တဲ့ စိတ်ဓာတ်ကြောင့် ထီးနန်းမအပ်ခံရတဲ့သူ၊ ကမ္ဘာကြီးရဲ့ ကပ်ရောဂါဆိုးပုဂ္ဂိုလ်ကြီးက လယ်ရီလက်ထဲက ကျောက်စာကိုလုယူ၊ တမလွန်မြေအောက်ကမ္ဘာက မိစ္ဆာစစ်တပ်ကြီးကို မြေပေါ်ခေါ်ယူပြီး အုပ်စိုးဖို့ ကြိုးစားချိန်မှာ လယ်ရီလေး ဘာလုပ်မလဲ။ စွန့်စားခရီးမှာ သူနဲ့ ဖဝါးထပ်မကွာ လိုက်ပါလာသူလေးက လေယာဉ်မှူးမိန်းမချောပေါ့။ အတ္တလန္တိတ် သမုဒ္ဒရာကို ပထမဆုံး တောင်ပံအရှင်တပ်လေယာဉ်နဲ့ ဖြတ်ပျံပြခဲ့တဲ့ သတ္တိခဲ မိန်းမလှလေးက လယ်ရီကို မြတ်နိုးတဲ့စိတ်နဲ့ အစအဆုံးလိုက်ပါကူညီရင်း သူတို့တွေရဲ့ မေတ္တာ၊ ခွဲခွာခြင်းမှာ နာကျင်ရတဲ့ မျက်ဝန်းတွေကို ရယ်မောခြင်းတွေနောက် နှလုံးသားကိုထိတဲ့ ဒရမ်မာတစ်ကွက်ကိုလည်း ခံစားရဦးမှာဖြစ်ကြောင်း။ Night At The Museum Trilogy သုံးကားတွဲ ကြည့်ရှူရန် (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.21GB, 876MB Quality - Blu-ray 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 45Min Genre - Adventure, Comedy, Family Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Drama
6.1 2009 105 mins
Night at the Museum: Battle of the Smithsonian
Role Models
6.5

Role Models (2008) - ကတော့ ဟာသနဲ့ဘဝအစိတ်တစ်ပိုင်း (Bromance-Comedy-Slice of Life)အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုရိုက်ကူးတင်ဆက်ထားတာကတော့ Director David Wain ကပဲပုံဖော်ပြသထားတာဖြစ်ပြီးတော့ 2009 ခုနှစ်မှာ အကောင်းဆုံးဟာသကား (Best Comedy) နဲ့ လူငယ်များရဲ့အများဆုံးရွေးချယ်သောရုပ်ရှင် (Teen Choice)ဆိုပြီး ဆုနှစ်ခုရရှိထားပါတယ်။ ဒီကားထဲက Danny ကတော့ မာဗယ်ရဲ့ စူပါဟီးရိုးကြီး Ant Man ဖြစ်တဲ့ Paul Rudd ပါပဲ။ Wheeler အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Sean William ကတော့ Ice Age movie တွေထဲက အသံသရုပ်ဆောင်ကြီးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကိုညွှန်ရမယ်ဆိုရင်တော့ ကိုယ့်အလုပ်နဲ့ ဘဝကိုစိတ်ပျက်နေတဲ့ Danny နဲ့ အဲဒီအလုပ်ကိုပဲလုပ်ပြီး ပျော်ပျော်နေတတ်တဲ့ Wheeler တို့နှစ်ယောက်ကတော့ လုပ်ဖော်ကိုင်ဖက်တွေပါ။ Danny က လက်ပေါက်လည်းကပ်သလို လူတွေကိုလည်း ဆတ်ဆတ်ထိမခံလောက်တဲ့အထိ ဘဝကြီးကို စိတ်ပျက်နေတဲ့သူပါ တနေ့တော့ သူ့ရဲ့ မကောင်းမြင်စိတ်တွေကို သူ့ကောင်မလေး ဘတ် က သည်းမခံနိုင်တော့တာနဲ့ လမ်းခွဲလိုက်ပါလေရော။ နဂိုကတည်းကမှ လောကကြီးကို စိတ်ပျက်နေတဲ့လူက ချစ်သူကပါ လမ်းခွဲသွားတော့.......(ချစ်သူကမုန်း ဖဲကရှုံး) ဆိုသလိုဖြစ်သွားပါလေရော အဲဒီစိတ်နဲ့ပဲ စိတ်ထင်ရာလုပ်မိလို့ အကြီးအကျယ်ပြဿနာတက်ပြီး ထောင်ရက် ၃၀ ကျမဲ့ကိန်းဆိုက်ပါတော့တယ်။ အဲဒီ ထောင် ရက်ပေါင်း ၃၀ အစား လူမှုဝန်ထမ်း ရက် ၃၀လုပ်ပေးဖို့ သူ့ကောင်မလေးဘတ်က တရားသူကြီးဆီမှာ အသနားခံပြီးတောင်းပေးလိုက်တဲ့အခါမှာတော့ Danny နှစ်ယောက်ဟာ ကလေးတွေကို အဖော်လုပ်လမ်းညွှန်ပေးရတဲ့ လူမှုရေးပရဟိတ အဖွဲ့ကြီးဆီ ရောက်သွားပါတော့တယ်။ ဆိုးလှပါပြီဆိုတဲ့ Danny နဲ့ သူထိန်ပေးရမဲ့ ကလေးတွေတွေ့တဲ့အခါ ဘယ်လိုမျိုးလေးတွေဖြစ်မလဲ ကလေးတွေပဲ အဆင်ပြေသွားမလား Danny ကြီးပဲ လိမ္မာသွားမလားဆိုတာ ကြည့်ရမဲ့ ကားကောင်းလေးတစ်ကားပါပဲ....... File size…(2.25 GB)/(1.28 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy Subtitle…. Myanmar Subtitle (Hardsub) Encoder….Garfield Translated by Amber willows

Drama • Mystery
6.5 2008 99 mins
Role Models
The Day of the Jackal
7.8

The Day of the Jackal (1973) ~ IMDb – 7.8/10, Rotten Tomatoes – 90% ~ ပြင်သစ်နိုင်ငံရဲ့ ၁၉၆၂ ခုနှစ်ကတော့ နိုင်ငံရေး မုန်တိုင်းထန်တဲ့ အချိန်လို့ပဲပြောပါတော့။ စစ်ရေးဗိုလ်ချုပ်တွေကနေ နိုင်ငံတော်သမ္မတနေရာ ဝင်ယူတာမျိုးတွေ၊ စစ်ဘက်မှာလည်း နိုင်ငံရေးဆန်ချင်တဲ့အဖွဲ့နဲ့ စစ်ရေးအမြင်ကိုသာ ဆုပ်ကိုင်ချင်တဲ့အဖွဲ့တွေဆိုပြီး ဂိုဏ်းကဏ္ဍတွေ ကွဲခဲ့တဲ့အချိန်ပါပဲ။ ဒီလိုနဲ့ ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ နိုင်ငံတော်သမ္မတ ချားလ် ဒီဂေါလ် က အာဂျီးရီးယားကို လုံးဝလွတ်လပ်ရေးပေးလိုက်တယ်။ ရင်ကို မြေကတုတ်လုပ်ပြီး တစ်လက်မချင်းစီကို သွေးချောင်းစီးတိုက်ယူခဲ့ရတဲ့ စစ်ဘက်ရေးရာပုဂ္ဂိုလ်တွေကတော့ ဘယ်ကျေနပ်နိုင်ပါ့မလဲလေ။ ဒီလိုနဲ့ နိုင်ငံတော်သမ္မတကို လုပ်ကြံဖို့ OAS မြေအောက်အဖွဲ့ကို တည်ထောင်ပြီး သမ္မတကို အကြိမ်ကြိမ် လုပ်ကြံခဲ့ကြတယ်။ တစ်ခါ မအောင်မမြင်ဖြစ်တိုင်း ဦးစီးသူတစ်ယောက် အသက်ပေးလာရတဲ့အခါ OAS အဖွဲ့ကြီး ချိနဲ့လာတော့တာပေါ့။ ဒီမှာတင် နိုင်ငံခြားသား ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ကို ငွေအပုံလိုက်ပေးပြီး ငှားရမ်းလိုက်တော့တာပဲ။ သူကတော့ ခေသူမဟုတ်ဘူးပေါ့ဗျာ။ လုပ်ကြံရခက်ခဲတဲ့ နိုင်ငံတော်အဆင့်ခေါင်းဆောင်တွေကို လုပ်ကြံပြီး ခြေရာဖျောက်သွားတတ်တဲ့သူကြီး။ သူကိုယ်တိုင်ဆင်းလာပြီး ပြင်သစ်သမ္မတကို လူ့လောကထဲက မောင်းထုတ်ဖို့ ကြံစည်အားထုတ်သွားတဲ့ ဇာတ်လမ်းကောင်းပါပဲ။ ပြင်သစ်အစိုးရအဖွဲ့နဲ့ OAS အဖွဲ့တို့ကလည်း အပြန်အလှန် နှစ်ဖက်ချွန်သူလျှိုတွေနဲ့ တစ်ယောက်ခြေလှမ်း တစ်ယောက်စောင့်ကြည့်နေကြချိန်ပါ။ ဒီမှာတင် လုပ်ကြံရေးသမား အမည်ဝှက် ဂျက်ကယ်လ် (သဲကန္တာရမြေခွေး) က ပြင်သစ်အစိုးရတစ်ဖွဲ့လုံးနဲ့တစ်ယောက် ဉာဏ်ပြိုင်ပြီး လုပ်ကြံဖို့ကြိုးစားခဲ့ပုံတွေကို ၂ နာရီခွဲနီးပါး အားရပါးရ ကြည့်ရှုရပါမယ်။ သိပ်ကိုကောင်းမွန်တဲ့ ဝေဖန်ချက်တွေရခဲ့တဲ့ ဇာတ်လမ်းပါ။ ခရမ်းချဉ်သီးပုပ် ၉၀ % ရထားတာကိုသာ ကြည့်ပေတော့။ ပရိသတ်ကလည်း ကြိုက်တဲ့ရုပ်ရှင်ပဲ။ IMDb 7.8 အထိ ရထားတဲ့ 1973 ခုနှစ်က ဟောင်းပေမဲ့ ကောင်းနေဆဲဇာတ်ကားကြီးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.6GB, 1GB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 23Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Horror • Romance
7.8 1973 143 mins
The Day of the Jackal
April Story
7.1

April Story (1998) ~ IMDb – 7.1/10, Rotten Tomatoes – 81% ~ Directed by “Shunji Iwai” ဂျပန်စီနီမာရဲ့ အားသာချက်က ဘာမှမဟုတ်တဲ့ တစ်နေ့တာအဖြစ်လေးတွေမှာ အလှတရားထင်ဟင်အောင် အလှဆုံးပြနိုင်တာလို့ ဆိုကြတယ်။ ဂျပန်ရုပ်ရှင်တွေကို ကြိုက်တတ်တဲ့ အိုဇုကို သိပ်ချစ်တဲ့ Wim Wenders တောင် Perfect Days ကို အဲဒီဘောင်ထဲ ဝင်အောင် ရိုက်ပြသွားနိုင်ခဲ့တယ်။ အင်တာနေရှင်နယ်ရုပ်ရှင်လောကမှာ အီတလီတို့ ပိုလန်တို့ ပြင်သစ်တို့ ဟောင်ကောင်တို့ ထိုင်ဝမ်တို့က ဘဲတွေ ဟောလိဝုဒ်တက်ရိုက်လိုက်၊ ဂျပန်က ဘဲတွေ ကိုရီးယားကားရိုက်လိုက်၊ ဂျာမန်ကဘဲက ဂျပန်တက်ရိုက်လိုက်ဖြစ်တာက ဆန်းတော့မဆန်းပါဘူး။ ပြဿနာက အဲဒီလိုရိုက်လိုက်တဲ့အခါတိုင်း သူတို့အငွေ့အသက်တွေကျန်ရင်တောင် အပြည့်အဝမရတော့တာပဲ။ ဂျွန်ဝူးတို့ ဝေါင်ကာဝေးတို့ အန်းလီတို့တက်ရိုက်လိုက်တဲ့ ဟောလိဝုဒ်ကားတွေ၊ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားနဲ့ အီဝေကိုယ်တိုင် ရိုက်ထားတဲ့ တရုတ်ကားကို ကြည့်ရင်ကို ဒါက မြင်သာတယ်။ ကျွန်တော်တို့ရဖူးတဲ့ သူတို့အရသာတွေ အပြည့်အဝမရတော့ဘူး။ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားကားဆို ဂျပန်ကားလို့ပြောရမှာလည်း အဆင်မပြေသလို ကိုရီးယားလို့တပ်ဖို့လည်း မဖြစ်နိုင်ဘူး။ Wim Wenders ကတော့ ဂျပန်ကားကို အောင်မြင်အောင်ရိုက်နိုင်ခဲ့တယ်။ အိုဇုနဲ့ ဂျပန်စီနီမာကို ချစ်တာကြောင့် ဒီစီနီမာနဲ့သိပ်ရင်းနှီးနေတာကြောင့်လားတော့ မသိနိုင်ဘူး။ ဆိုလိုရင်းကတော့ ဂျပန်ရုပ်ရှင်တွေရဲ့ အငွေ့အသက်က သီးခြားရပ်တည်နေတယ်။ တခြားနိုင်ငံက သရုပ်ဆောင်တွေသုံးပြီး ဂျပန်ရဲ့ထိတ်ထိတ်ကြဲ ဒါရိုက်တာတွေရိုက်တောင် ဂျပန်ရုပ်ရှင်အငွေ့အသက် အပြည့်ရမှာမဟုတ်ဘူး။ Shunji Iwai ကတော့ အဲဒီဂျပန်ရုပ်ရှင်ရဲ့ အငွေ့အသက်ကို အပေးနိုင်ဆုံး ဒါရိုက်တာလို့ ကျွန်တော်တော့ ပုဂ္ဂလိက အမြင်အရ မြင်တာပဲ။ အီဝေရဲ့ ရုပ်ရှင်အားလုံးနီးပါးဟာ ရိုးရှင်းတယ်။ လှပတယ်။ ဒါပေမဲ့ ထိခတ်တယ်ဆိုတဲ့ အမျိုးအစားတွေပဲ။ ဧပရယ်စတိုရီမှာဆိုလည်း ဇာတ်လမ်းကြာချိန်က ၆၇မိနစ်။ အကြောင်းအရာက ကောင်မလေးတစ်ယောက် အေးချမ်းအေးစိမ့်တဲ့ ဟော့ခိုင်ဒိုကနေ နွေးထွေးစည်ကားတဲ့ တိုကျိုကို တက္ကသိုလ်သွားတက်တဲ့ ကနဦးအချိန်ကို ရိုက်ပြထားတာ။ တိုကျိုရောက်တယ်။ နေရာချတယ်။ ကျောင်းတက်တယ်။ သူငယ်ချင်းတွေတွေ့တယ်။ ကျောင်းမှာနည်းနည်းဖြတ်သန်းပြတယ်။ တိုကျိုမှာ တစ်ကိုယ်ရေနေနေတဲ့ သူ့ဘဝကိုပြတယ်။ ဒါပဲ။ ဘာမှမပိုဘူး။ အဲဒီကောင်မလေးနေရာက Takako Matsu က သရုပ်ဆောင်ထားတယ်။ သူ့ရဲ့ဓာတ်ရယ် အီဝေရဲ့ဓာတ်ရယ် ပေါင်းလိုက်တဲ့အခါ ဒီရိုးရှင်းတဲ့ဇာတ်လမ်းက ဘာမှပြစရာမရှိတော့တာတောင် တိုလွန်းတယ် ခံစားရတဲ့အထိ အရသာပေါ်လာတယ်။ တစ်ခန်းမှာ ကျွန်တော်ပြေးမြင်တာက ကိုရီးယားရိုမန့်တွေထဲ ကျွန်တော်အကြိုက်ဆုံးဖြစ်ဖူးတဲ့ဖြစ်နေဆဲဖြစ်တဲ့ The Classic က အလှဆုံးအခန်းကိုပဲ။ အဲဒီအခန်းဟာ The Classic ကို အလှပဆုံးဖြစ်စေခဲ့သလိုပဲ ဧပရယ်စတိုရီမှာလည်း အလားတူအခန်းက ဒီဇာတ်လမ်းကို ကြည့်လို့မဝနိုင်ဖြစ်သွားစေတယ်။ ၂ကားလုံးကြည့်ဖူးရင်တော့ သတိထားမိကြမှာပါပဲ။ သေချာတာတော့ April Story (1998) ဟာ အီဝေရဲ့အပြတွေကို လူ့ပြည်မှာ နိဗ္ဗာန်တည်ထားသလိုလို့ ပြောကြတာမလွန်ကြောင်း သက်သေတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 650MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 7Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Drama
7.1 1998 67 mins
April Story
Butchers Book Two: Raghorn

ဒီတစ်ခါ ၂၀၂၀ က ထွက်ခဲ့တဲ့ Butchers ရဲ့ နောက်ဆက်တွဲ Butchers Book : Raghorn ကို ကြည့်ရှုရမှာပါ။ ပထမ ကားတုန်းက ဒါရိုက်တာ ဆုရခဲ့သလို ဒုတိယဇာတ်ကားမှာလည်း ၂၀၂၃ Nightmare ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဇာတ်ပို့ဆု ရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း အကျဉ်း **************** ပြန်ပေးသမားတစ်စု လူချမ်းသာ သူဌေးသမီးတစ်ယောက်ကို ကောလိပ် ကျောင်းသားဆောင်ကနေ ပြန်ပေးဆွဲပြီး နယ်ဘက်ကို မောင်းခေါ်လာခဲ့ပါတယ်။ ကံဆိုးချင်တော့ လမ်းမှာသမင်ကို ဝင်တိုက်မိ ကားမတော်တဆမှု ဖြစ်သွားခဲ့ပြီး မတော်တဆဖြစ်တဲ့ အနီးမှာ လူသားစား စိတ္တဇလူသတ်သမားတွေ နေတဲ့အိမ် ဖြစ်နေတာပါ။ ဒီလူတွေက ဖမ်းမိတဲ့သူတွေ မှန်သမျှကို တစ်စစီ ခုတ်ထစ် ဖြတ်ထုတ်ပြီး သူများနာကျင်မှုကို အရသာခံတတ်တဲ့ လူသားစားတွေပါ။ ဒီလူတွေ လက်က လွတ်အောင် ပြေးနိုင်ပါ့မလား။ ဖမ်းမိသူတွေကို ဘယ်လိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်မလဲ ဆိုတာကို ကြည့်ရှုရမှာပါ။ နှိပ်စက်ညဉ်းပန်း၊ သွေးထွက်သံယိုမှုတွေနဲ့ သွေးပျက်ဖွယ် ရိုက်ကူးချက်တွေ ပါတဲ့ အတွက် နှလုံးမကောင်းတဲ့သူတွေ မကြည့်သင့်ပါဘူးနော်။ File size…1.44GB / 685MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Horror • Mystery
0 2024 88 mins
Butchers Book Two: Raghorn
A Most Atrocious Thing

ဒီ indie ရုပ်ရှင်ကားကို ရုပ်ရှင်ထဲမှာ ပါတဲ့ cast တွေကပဲ ဇာတ်ညွှန်းရေး Direct လုပ်ထားတာပါ။ ဒေါ်လာ ၅၀၀၀ ပဲ သုံးထားတဲ့ ဘက်ဂျက်ကားပေမယ့် ပြီးစလွယ် အဖြစ်ရိုက်ထားတာမဟုတ်ဘဲ သပ်သပ်ရပ်ရပ် ရှိပါတယ်။ Plotကလည်း Colorado တောထဲက အပန်းဖြေအိမ်ကို ဘွဲ့ခရီး သွားကြတဲ့ လူငယ်တစ်စု အကြောင်း ရိုက်ထားတာပါ။ သမင် လိုက်ထွက်ကြရင်းနဲ့ ရလာတဲ့ သမင်သားကို ချက်စားကြရင်း ဘာဆက်ဖြစ်ကြမလဲဆိုတာ ရင် တမမနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ horror ဆိုပေမယ့်လည်း ပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေနှောထားတာမို့လို့ ကြည့်ပျော်စေမယ့် ရုပ်ရှင်ကားဖြစ်ပါတယ်။ File size…(1.1 GB)/(585 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2024
A Most Atrocious Thing
Once Upon a Time in China III
7.3

ဒီဇာတ်လမ်းအဆက်လေးမှာတော့ ဝမ်ဖေးဟုန်ဟာ ဒေါ်လေးရီနဲ့အတူ အဖေဖြစ်သူရဲ့ ဆေးဝါးလုပ်ငန်းကိုလည်း ကြည့်ရင်း အဖေနဲ့လည်း တွေ့ချင်တဲ့အတွက် ကန်တုံကို ပြန်ခဲ့ပါတယ်။ သူပြန်ရောက်တဲ့အခါမှာတော့ ရုရှားတွေက တရုတ်ပြည်ကို ရောက်ရှိနေပြီး ဘုရင်မကြီးက တရုတ်ပြည်ဟာ တိုင်းတပါသားတွေကို မလိုအပ်ကြောင်းနှင့် စစ်အင်အားကို တစ်ဖက်လှည်နဲ့ ပြသချင်တဲ့အတွက် ခြင်္သေ့ဘုရင်ပြိုင်ပွဲကို ကျင်းပဖို့ စေခိုင်းထားပါတယ်။ ရုရှားသံတမန်တွေကလည်း အကြံအစည်နဲ့လာတာဖြစ်ပြီး တစ်ဖက်မှာလည်း တိုင်ပေဆီလုပ်ငန်းပိုင်ရှင်တဖြစ်လည်း တိုင်ပေဂိုဏ်းခေါင်းဆောင်ဖြစ်သူ ကျူထန်ပါးက တခြားအဖွဲ့အစည်းတွေ ခြင်္သေ့ဘုရင် ပြိုင်ပွဲမှာ ဝင်မပြိုင်နိုင်အောင် အစွမ်းကုန်ဖျက်လိုဖျက်ဆီး လုပ်နေပါတော့တယ်။ ဒီတော့ ရုရှားနှင့် တိုင်ပေဂိုဏ်းကြားထဲမှာ ဘယ်လိုဆက်နွယ်မှုတွေရှိနေလဲ၊ ရုရှားတွေရဲ့ အကြံအစည်ကရော ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာကို ဝမ်ဖေးဟုန်တစ်ယောက် မိသားစု တပည့်တပန်းတွေနဲ့အတူ ရှာဖွေ ဖော်ထုတ် တားဆီးသွားမှာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(3.2 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:53:00 Genre… Action, Adventure, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.3 1993 112 mins
Once Upon a Time in China III
Ask the Dust
5.7

ဒီဇာတ်လမ်းကတော့ သူကြိုက်နေတဲ့ ကောင်မလေးကိုမှ စတွေ့ကတည်းက မချေမငံပြောပြီး စော်ကားတတ်တဲ့ မိန်းမတွေအကြောင်းနားမလည်တဲ့ စာရေးဆရာ Arturo Bandini နဲ့ သတ္တိရှိတဲ့ ခပ်စွာစွာ စားပွဲထိုးမလေး Camilla ရဲ့ အချစ်ဇာတ်လမ်းလေးပါ ။ Arturo က Colorado ကနေ LA ကို ဝတ္ထုရေးဖို့ပြောင်းလာတဲ့ အီတလီလူမျိုးစာရေးဆရာဖြစ်ပြီး ဘားတစ်ခုက စားပွဲထိုး မက္ကဆီကန်မလေး Camilla ကို မြင်မြင်ချင်းချစ်မိသွားပါတယ်။ ဒါပေမဲ့ သူချစ်တာက အဆန်းသား။ Camilla ကို ကော်ဖီသောက်မကောင်းလို့ ရန်တွေ့ပြီး ကော်ဖီကိုသွန်ပစ်ပြီး ထွက်သွားခဲ့တယ်။ ဆင်းရဲတဲ့စာရေးဆရာဖြစ်တဲ့ Arturo နဲ့ ချမ်းသာတဲ့သူကိုမှလက်ထပ်ချင်နေတဲ့ Camilla တို့ နှစ်ယောက် တွေ့တိုင်းရန်ဖြစ်နေရာက တဖြည်းဖြည်း ခံစားချက်တွေပေါက်ဖွားလာရာမှာတော့ နဂိုရှုပ်ပြီးသား သူတို့အချစ်ရေးက လူမျိုးရေးခွဲခြားတတ်တဲ့ခေတ်ရဲ့ ပြဿနာတွေကြောင့် ဘယ်လိုအခက်အခဲတွေ ဆက်ပြီးရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမဲ့ Romance ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော Thwal Htoo Zin ပါ ) File size_(2.7GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

5.7 2006 117 mins
Ask the Dust
Project Makeover
5.9

Project Makeover (2007) ဒီဇာတ်ကားလေးဟာ ၂၀၀၇ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီးဒါရိုက်တာ-ကင်ချန်လေးရဲ့ ကိုရီးယားအချိန်ခရီးသွားဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်အချစ်မှာ နစ်မျောမိသူ နာဂျောင်ဂျူဟာ အသက် ၃၀ အရွယ်ကိုရောက်လာတဲ့အချိန်မှာ အဝတ်အစားဒီဇိုင်းနာလက်ထောက်အဖြစ်နဲ့ ဘဝကို ခက်ခဲစွာရုန်းကန်နေရသူဖြစ်ပါတယ်။ သူ့ကိုတစ်ကြိမ်သာ ဒိတ်ခဲ့ပြီး စွန့်ပစ်သွားတဲ့ အချစ်ဦး ဂျိုဟာနီ(နာမည်ကြီးအဆိုတော်)နဲ့ ဂျောင်ဂျူကို တစ်ဖက်သတ် ချစ်ခဲ့သူ အိုတေးဟွန်း(HiTECHကုမ္ပဏီရဲ့CEOသန်းကြွယ်သူဌေး)တို့နဲ့ တစ်နေ့မှာ မတော်တဆပြန်ဆုံမိခဲ့ကြပါတယ်။ ‌ ဂျောင်ဂျူဟာ သူ့လက်ရှိဘဝအပေါ် စိတ်ပျက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ အချစ်ဦးဂျိုဟာနီကြောင့် သူ့ဘဝဒီလိုမျိုး ခက်ခဲစွာရုန်းကန်နေတာလို့ သတ်မှတ်ထားသူလည်းဖြစ်ပါတယ်။ သူ့ဘဝကို ပြန်လည်ပြင်ဆင်ချင်တဲ့စိတ်တွေနဲ့ မိခင်ရဲ့အောက်မေ့ဖွယ်နေ့မှာ အရက်သောက်ပြီး အိပ်ပျော်သွားခဲ့မိပါတယ်။ နိုးလာတဲ့အချိန် ကွန်ပြူတာကို ဖွင့်လိုက်တဲ့အခါမှာ ကွန်ပြူတာဖန်သားပြင်မှာ အတိတ်ကို ပြန်သွားနိုင်တဲ့ ထူးဆန်းတဲ့ ခလုတ်ရှိတာကိုတွေ့ပြီး အချိန်ခရီးသွားလို့ရတာကို သိသွားပါတော့တယ်။ ဒါကြောင့် အတိတ်ကအချိန်ကို ပြန်သွားပြီး သူ့ဘဝကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ဂျောင်ဂျူ ကြိုးစားပါတော့တယ်။ အသက် ၃၀ အရွယ် ဂျောင်ဂျူဟာ အသက် ၁၈နှစ်အရွယ် ဂျောင်ဂျူကို သူ့အချစ်ဦး ဂျိုဟာနီနဲ့ မတွဲမိစေဖို့ တကယ်ပဲ တားမြစ်နိုင်မှာလား…. ဒါမှမဟုတ် သူ့ကိုတစ်ဖက်သက်ချစ်နေသူ အိုတေးဟွန်းနဲ့ လက်တွဲသွားအောင် လုပ်ပေးနိုင်မလား… အတိတ်မှာသူဖြစ်ချင်တဲ့ ဘဝပုံစံမျိုးကို ပြင်ဆင်နိုင်ပြီး လက်ရှိဘဝမှာ သူ့ဘဝကို တိုးတက်အောင်မြင်အောင်နိုင်မလားဆိုတာ… အညွှန်း နဲ့ ဘာသာပြန်ကတော့ Dao Phyo ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 720p WEB-DL File size… 1.1GB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

5.9 2007
Project Makeover
Queen of the Damned

Vampire ကြိုက်သူတွေအတွက်British Vampire ဇာတ်ကားလေးပါ တစ်ချိန်ကအင်အားကြီးခဲ့တဲ့ Vampire လက်စတတ်ဟာ နှစ်ပေါင်းများစွာအိပ်ပျော်နေရာကနေ ဂီတသံတွေကြောင့်နိုးထလာခဲ့တယ် သူဟာ သွေးစုပ်ဖုတ်ကောင်တို့သဘာဝ အမှောင်ရိပ်ထဲမှာပဲမရှင်သန်ချင်သူ လူတွေနဲ့ယှဥ်တွဲပြီး ဝါသနာကြီးခဲ့တဲ့ဂီတကို ထုတ်ဖော်ပြချင်သူ မျိုးနွယ်စုရဲ့စည်းမျဥ်းတွေကိုချိုးဖောက်ပြီး လူရှေ့ရုပ်လုံးထွက်ပြ သူ့ဝေဒနာတွေကို ဂီတနဲ့ဖောက်ခွဲပစ်တဲ့အခါ….. တစ်ချိန်ကကမ္ဘာမှာအင်အားအကြီးဆုံးအရက်စက်ဆုံး Vampireတွေရဲ့ထိပ်ခေါင်ဘုရင်မကြီး အကာရှာရုပ်ထုကိုအသက်ဝင်လာအောင် သူ့ဂီတက နှိုးလိုက်တဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ကြပါနော်….. File size…(1.3 GB)/(705 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre…Fantasy, Horror, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shwe Eain Si

0 2002
Queen of the Damned
Toofan
7.5

Toofan (2024)”မုန်တိုင်း” ================= အသစ်ထွက်ထားတဲ့ IMDb 8/10 ရ ဘင်္ဂလားဒေ့ရှ် ရုပ်ရှင်ကောင်းတစ်ခုကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ အိန္ဒိယမှာ K.G.F တို့ Animal တို့လို ဂိုဏ်းစတား အကြမ်းပတမ်းကားတွေ အောင်မြင်မှုတွေရပြီးတဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ်ကလည်း အဆင့်မီ ဂိုဏ်းစတားအက်ရှင်ကားကောင်းတစ်ခုကို ပထမဆုံးအကြိမ် ထုတ်လုပ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် ရုပ်ရှင်လောကက အိန္ဒိယလောက် နာမည်မကြီးပေမဲ့ ဇာတ်လမ်းအင်မတန်ကောင်းတဲ့ရုပ်ရှင်တွေ၊ သရုပ်ဆောင်ကောင်းတွေ တော်တော်လေးများတဲ့ Underrated ဖြစ်တဲ့ Industry ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ဘင်္ဂလားဒေ့ရှ်ရဲ့ နာမည်ကြီးမင်းသား ရှာကစ်ဘ်ခန်းက လက်ရဲဇက်ရဲ ဂိုဏ်းစတားတစ်ယောက်နဲ့၊ တက်သစ်စသရုပ်ဆောင်လေးတစ်ယောက်နေရာကနေ စရိုက်နှစ်မျိုးနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့.. ရှာဖိတ်ဆိုတဲ့ ရုပ်ရှင်မင်းသားရူးလေးတစ်ယောက် သူနဲ့ရုပ်ချင်းဆင်တူတဲ့လူတစ်ယောက်ကိုရှာတွေ့ပြီး ဘဝအလှည့်အပြောင်းတွေကြုံရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို တင်ဆက်မှုကောင်းကောင်းနဲ့ တင်ပြထားတဲ့အပြင် ဇာတ်လမ်းကလည်း အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတာမလို့ စီအမ်အိန္ဒိယရုပ်ရှင်ပရိသတ်တွေ ဘင်္ဂလားဒေ့ရှ်အက်ရှင်အရသာကို မြည်းစမ်းနိုင်ဖို့အတွက် CM Bollywood Team ကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

7.5 2024 143 mins
Toofan
The Treacherous
6.1

The Treacherous (2015) IMDb Rating (6.1) / Rotten Tomatoes (62%) နာမည်ကြီး မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ Kingdom မှ Ju Ji-Hoon , Wonderful World မှ Kim Kang-Woo , The Glory မှ Lim Ji Yeon နဲ့ Dare To Love Me မှ Lee Yoo-Young တို အဓက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားဟောင်းလေး< The Treacherous > ကို တင်ဆက်ပေးလိုက်ပါတယ်… ? 18+ ဇာတ်ဝင်ခန်းတွေ တော်တော်များများ ပါဝင်တာမလို့ အသက်ပြည့်ပြီးသူများသာ ကြည့်ကြဖို့ အကြံပြုပါရစေ – ဇာတ်လမ်းအကျဉ်း – ဘုရင်ယွန်းဆန်းက သူ့ရဲ့မိခင် မိဖုရားယွန်းကို မိဖုရားရာထူးကနေ ဖြုတ်ချရေးမှာ ပူးပေါင်းပါဝင်ခဲ့တဲ့သူအားလုံးကို သုတ်သင်ရှင်းလင်းပစ်ပြီးနောက်မှာ အရူးတစ်ပိုင်းလို ဖြစ်သွားပါတော့တယ်.. ဒီသုတ်သင်ပွဲကို တမင်ဖြစ်မြှောက်အောင် နောက်ကွယ်ကနေ သွေးထိုးပေးနေသူကတော့ အမတ်အင်ဆုန်းဂျယ်တို့ သားအဖနှစ်ယောက်ဖြစ်ပါတယ်.. သူတို့နှစ်ယောက်ဟာ ဘုရင်အကြိုက်လိုက်ပြီး သူတို့ရှင်းလင်းလိုသူတွေကို တဖက်လှည့်နဲ့ ရှင်းလင်းဖို့ အကွက်ချစီစဉ်ခဲ့ကြတာပါ… နန်းတွင်းထဲမှာလဲ ဘုရင်က ကာမဂုဏ်အာရုံမှာပဲ ထွေပြားနေပြီး စိတ်ပါမမှန်တော့တာမလို့ အမတ်အင်ဆုန်းဂျယ်တို့သားအဖက ဘုရင့်အမိန့်ဆိုပြီး သူတို့လုပ်ချင်ရာကို လုပ်နေကြပါတော့တယ်။ ဘယ်လောက်ထိယုတ်မာကြလဲဆိုရင် ဘုရင်ယွန်းဆန်းကို ခစားပြုစုပေးဖို့ဆိုတဲ့ခေါင်းစဉ်တပ်ကာ တနိုင်ငံလုံးက မိန်းမပျိုတွေကို အတင်းအဓမ္မစုဆောင်းတဲ့ “မိန်းမလှစုဆောင်းရေးတပ်ဖွဲ့” ကို ဖွဲစည်းဖို့ဘုရင်ကိုနားချပါတော့တယ်။ ဘုရင်ကလဲ မူမမှန်တော့ စိတ်ကြိုက်သာချပါဆိုပြီး အဆိုပါတပ်ဖွဲ့ကို အမတ်အင်ဆုန်းဂျယ်ကို ဦးဆောင်စေခိုင်းလိုက်တဲ့အခါမှာတော့… အင်ဆုန်းဂျယ်တို့အကြိုက်တွေ့သွားပြီး သူတို့အိမ်နိမ့်စံဘဝမှာ နှိပ်ကွပ်ခဲ့တဲ့ အမတ်တွေ လူတွေအိမ်က မိန်းမပျိုတွေအကုန်လုံးကို အတင်းအဓမ္မနန်းတွင်းသို့စုဆောင်းပါတော့တယ်။ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ အင်ဆုန်းဂျယ်တယောက် အကုန်လုံးကို ဒုက္ခပေးနေရင်းနဲ့ လှပတဲ့ သားသတ်သမလေး (Lim Ji-Yeon) ကို တွေ့သွားတဲ့အခါမှာတော့…. ချစ်ခြင်းနဲ့အာဏာကြားမှာ ဘယ်လိုတွေဗျာများသွားရမလဲဆိုတာ…..။ ဒီရုပ်ရှင်က ကိုရီးယားသမိုင်းထဲက ဖြစ်ရပ်မှန်တခုကိုအခြေပြုလို့ရိုက်ကူးထားတာဖြစ်ပါတယ်။

6.1 2015
The Treacherous
The Glassworker
7.5

အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုပေမဲ့ အချစ်နဲ့ စစ်နဲ့ရောလာတဲ့အခါမှာတော့ ချစ်ရသူနဲ့ ကွေကွင်းရဖိုက သေချာလာပါတော့တယ်။ စစ်ပွဲတွေကဘယ်တော့မှမကောင်းဘူးဆိုတဲ့ စစ်ဆန့်ကျင့်ရေးဝါဒကြောင့် မြိုထဲက အတော်ဆုံး ဖန်လုပ်သမား သားအဖဖြစ်တဲ့ ဗင်းဆင့်တို သားအဖဟာ လူတိုင်းဖယ်ကျဉ်တာကို ခံရတဲ့ မိသားစုဖြစ်နေပါတယ်။ ဒီဇာတ်လမ်းက ထူးထူးခြားခြား ပါကစ္စတန် အန်နီမေးရှင်းဇာတ်ကားလေးပါ။ ဝေဖန်သူတွေကြားမှာလည်း အန်နီမေးရှင်းစတိုင်ကောင်းတာရယ် ဇာတ်လမ်းအသွားအလာရယ်ကြောင့် နာမည်ကောင်းတော်တော်လေး ရထားပါတယ်။ စစ်ကာလအတွင်းမှာဗိုလ်ချုပ်ကြီး ရဲ့သမီးလေးတစ်ယောက်ကို မှ ချစ်ကျွမ်းဝင်မိတဲ့ စစ်ဆန့်ကျင်ရေး ဝါဒီ တစ်ယောက်ရဲ့ သားကတော့ စစ်ထောက်ခံတဲ့လူတွေကြားမှာ မျက်နှာပန်းမလှခဲ့ပါဘူး။ ဒီဇာတ်လမ်းက တစ်နည်းနည်းတဖုံဖုံနဲ့ Anti – War ဖြစ်နေပြီးတော့ တစ်နည်းနည်းနဲ့ပဲ အချစ်ဇာတ်လမ်းလည်း ဖြစ်နေပါတယ်။ စစ်ကာလမှာ ဖန်လုပ်သားဖြစ်တဲ့ ဗင်းဆင့်တိုသားအဖကဘယ်လိုရုန်းကန်ရမလဲ ဘယ်လို ကံကြမ္မာဆိုး‌တွေဝင်လာပြီးတော့ ဗင်းဆန့်ရဲ့ အချစ်ရေးကရော စစ်ကြီးအတွင်းမှာ သူကိုယ်တိုင်လုပ်ထားတဲ့ ဖန်ထည်တွေလို လှပ ပါ့မလားဆိုတာကို ဒီ ဇာတ်လမ်းလေးထဲမှာ ကြည့်စေချင်ပါတယ်။

7.5 2024 98 mins
The Glassworker
I Am A Fighter
5.7

ဘားက ကြေးစားလက်ဝှေ့ပြိုင်ပွဲက နာမည်ကြီး ညဉ့်နတ်ဘုရားဟာ… ထူးထူးခြားခြား တစ်ခါမှ တကယ့်လက်ဝှေ့ပြိုင်ပွဲတွေမှာ မပါဝင်တဲ့အပြင်မှာ… သရုပ်မှန်လည်းမပေါ်အောင် မျက်နှာလည်းဖျက်ထားသေးတယ်… တကယ်တော့ သူက တခြားမဟုတ်ဘူး တစ်ချိန်က လျိုလက်ဝှေ့ကျော်ကြီးရဲ့ တစ်ဦးတည်းသောသားပါ… ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ချန်ပီယံဖိုင်နယ်ပြိုင်ပွဲမှာ အဖေ့အသက်ကို ဆုံးရှုံးခဲ့ရတာကြောင့်ပါ…. ဒါကြောင့်လည်း အမေကလည်း သူ့ကို လက်ဝှေ့ပေးမထိုးခိုင်းသလို သူကိုယ်တိုင်ကလည်းဒီပြိုင်ပွဲတွေကို စိတ်ပျက်နေခဲ့တာပဲ… ဒါပေမယ့်လည်း ကောင်မလေးတစ်ယောက်အတွက်နဲ့ သူ့ဟာ ညဉ့်နတ်ဘုရားဆိုတဲ့ သရုပ်မှန်ကို ထုတ်ဖော်ဖို့ကြိုးစားခဲ့တယ်… စိတ်ကူးထဲကအတိုင်းတော့မဖြစ်ခဲ့ဘူးပေါ့… ဘယ်လိုကိစ္စကြောင့် သူ့စိတ်ကူးတွေမဖြစ်ခဲ့တယ်ဆိုတာကတော့ ဇာတ်ကားလေးသာ ကြည့်လိုက်ပါတော့

Drama
5.7 2025
I Am A Fighter