YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Dangerous.Romance.S01E03.1080p.CM.mp4

505.18 MB N/A video/mp4 39 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Enchanted
6.8

ဒီကားလေးကတော့ အရင်ကားတွေနဲ့မတူပဲကွဲထွက်အောင်ဖန်တီးထားတဲ့ကားလေးပဲဖြစ်ပါတယ်... ဇာတ်ကားအကြောင်းလေးကိုပြောပြရမယ်ဆိုရင် Animation ကမ္ဘာထဲကမင်းသမီးလေးဟာ သူမရဲ့ ကြင်ယာတော်မင်းသားလေးဆီနန််းတော်ဆီကိုလာတဲ့အချိန်မှာ မင်းသားလေးရဲ့ မိထွေးတော်စုန်းမကြီးကနေပြီးတော့ မင်းသားလေးဆီမရောက်အောင် လူ့ကမ္ဘာရှိရာရေတွင်းကြီးထဲကိုပစ်ချလိုက်ပါတယ်... အဲလိုလူကမ္ဘာရောက်သွားတဲ့ ကာတွန်းကမ္ဘာထဲကမင်းသမီးလေးဟာ အပြင်မှာနဲ့လက်တွေ့မှာဘယ်လိုတွေဖြစ်လာမလဲဆိုတာစိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်.... ဒီကားလေးဟာ Animation အနေနဲ့ကော Movie အနေနဲ့ပါ နှစ်ဖက်အမြင်နဲ့ကြည့်လို့ရမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... နတ်သမီးပုံပြင်တွေနဲ့ စင်ဒရဲလားကားလေးတွေကိုကြိုက်တဲ့ပရိတ်သတ်ကြီးအတွက် အကြိုက်တွေ့စေမယ့်ကားလေးလည်းဖြစ်ပါတယ်.... Quality…..BluRay 720p Duration…..01:47:00 Format…Mp4 File Size…(771 MB , 389 MB) Translator......Ei Nge Encoder…..Moe Myint Lwin

Drama • History • War
6.8 2007 107 mins
Enchanted
Uncle Boonmee Who Can Recall His Past Lives
6.7

ရုပ်ရှင်ဆုပေးပွဲတွေထဲ အော်စကာထက်တောင် ရုပ်ရှင်ပရိသတ်တွေ အလေးထားရတဲ့ ဆုပေးပွဲကြီးဖြစ်တဲ့ ကိန်းရုပ်ရှင် ဆုပေးပွဲရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆုကို ရထားတဲ့ ရှားရှားပါးပါး ထိုင်းရုပ်ရှင်ပါ။ သူ့အရင် ကိန်းမှာ Palme d'Orရထားတဲ့ အာရှကားဆိုလို့ ဂျပန်ကား၃ကားနဲ့ Farewell My Concubine ဆိုတဲ့ တရုတ်ကားပဲရှိခဲ့ပါတယ်။ သူ့နောက်မှာတော့ Parasite နဲ့ Shoplifters ပဲရှိပါတယ်။ ဒီလိုဆုမျိုးကို ထိုင်းရုပ်ရှင်တစ်ကားက ရတာ ဆန်းတော့ဆန်းပါတယ်။ တခြားကားမရှိလို့ ရတာလား ဆိုရအောင်လည်း Abbas Kiarostami လို ဆရာ့ဆရာကြီးရဲ့ Certified Copy, လီချန်းဒုံလို ဆရာ့ဆရာကြီးရဲ့ Poetry , Alejandro Iñárritu ရဲ့ Biutiful တို့လည်း ဆန်ခါတင်ဝင်ခဲ့သလို Blue Valentine လည်း အဲဒီပွဲကိုရောက်ခဲ့ပါတယ်။ ပြင်သစ်နယူးဝေ့ရဲ့ ပိုင်အိုးနီးယားတစ်ယောက်ဖြစ်တဲ့ Jean-Luc Godard ရဲ့ Socialism တောင်ပါပါသေးတယ်။ အဲဒီလိုကားတွေကို ကျော်ပြီး ရသွားခဲ့တဲ့ ထိုင်းရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Apichatpong Weerasethakul ဟာ Memoria, Tropical Malady နဲ့ Cemetery of Splendor တို့လို တန်းတစ်ခုရှိတဲ့ ရုပ်ရှင်တွေကိုလည်း ရိုက်ခဲ့တဲ့သူလည်း ဟုတ်ပါတယ်။ ဒီရုပ်ရှင်က နာမည်ကတော့ ဆန်းတယ်မလား။ ဒါကိုမှ ပိုစတာကို ထပ်ကြည့်လိုက်ရင်လည်း တစ်မျိုးကြီးပဲမလား။ သေချာတာကတော့ အထဲကရုပ်ရှင်ကတော့ ဒီထက်ပိုဆန်းကြယ်ပါတယ်။ ကျောက်ကပ်ပျက်စီးပြီး သေတော့မယ့် လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်တွေမှာ သေသွားတဲ့ သူ့မိန်းမနဲ့ ပျောက်သွားပြီး လူဝံဖြစ်သွားတဲ့ သူ့သား ပြန်ရောက်လာတာကနေ ဇာတ်လမ်းကို အစပျိုးထားပြီး နောက်ပိုင်းတွေက တော်တော်လည်းဆန်းသလို ဉာဏ်မမီနိုင်အောင်လဲ တော်တော်ဖြစ်ရတဲ့ ရုပ်ရှင်ပါပဲ။ သူ့ပြကွက်တွေက ဆန်းလည်းဆန်းပါတယ်။ ဥပမာဆို တစ်ခန်းမှာ ကောင်လေးတစ်ယောက်နဲ့ မိန်းမကြီးတစ်ယောက် တီဗီထိုင်ကြည့်နေကြတယ်။ ကောင်လေးက အပြင်ထွက်ပြီး တစ်ခုခုသွားစားမယ်ပြောတယ်။ ကောင်လေးနဲ့ မိန်းမကြီးက အပြင်ထွက်ပြီး မုန့်သွားစားကြတယ်။ သို့ပေမဲ့ ကောင်လေးနဲ့ အဲဒီမိန်းမကြီးက အဲဒီအခန်းထဲမှာပဲ တီဗီထိုင်ကြည့်နေကြတယ်။ ဘာကိုပြချင်တာလဲတော့ ဉာဏ်မီသလို ခံယူကြပေါ့။ ရုပ်ရှင်ဆိုတာ နားလည်ဖို့တော့ မလိုဘူးမလား။ ဒီလိုတင် ဆန်းတာလားဆိုတော့ မဟုတ်သေးဘူး။ ၁၈ပလပ်ဆန်ဆန် ဆန်းတာတွေလည်းပါသေးတယ်။ မိန်းမတစ်ယောက်က ရေထဲဆင်းတယ်။ ငါးခူတစ်ကောင်... သာမန်ငါးခူတော့ ဟုတ်ပုံမရပါဘူး။ အဲဒီငါးခူက မိန်းမပေါင်ကြားထဲ တိုးဝင်တယ်။ ခေါင်းပဲတိုးဝင်သလား အဝတင်ပဲ ပတ်တိုးနေသလားတော့ မမြင်ရဘူးပေါ့။ ဒီလို ခပ်ဆန်းဆန်းတွေ နားမလည်နိုင်လောက်အောင်ပြသွားတဲ့ ရုပ်ရှင်မှာ ကျွန်တော့်အကြိုက်ဆုံးအခန်းပြောရရင်တော့ နောက်ဆုံးအခန်းပါပဲ။ ဘာလို့လဲမသိ နောက်ဆုံးအခန်းရယ် တော်တော်နားစွဲတဲ့ အပိတ်သီချင်းသံရယ်ဟာ ကျွန်တော့်အတွက်တော့ အတော်ကြည့်လို့ကောင်းခဲ့တယ်။ ဘာဖြစ်ဖြစ် Palme d'Or ရထားတဲ့ ဘေးချင်းကပ်နိုင်ငံက ဉာဏ်မီရခက်တဲ့ ရုပ်ရှင်ကားကို ထိုင်ကြည့်ပြီး ဆွေးနွေးလိုက်ကြပါဦး။ ကျွန်တော်တော့ ဉာဏ်မမီတာမို့ ဒီလောက်ပဲ ညွှန်းချင်ပါတယ်။ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဘာမှနားမလည်လိုက်ပေမဲ့ တစ်ချို့အခန်းတွေကြောင့် ဒီတိုင်းကြည့်ရတာတင် တော်တော်တန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 750MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 54Min Genre - Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
6.7 2010 114 mins
Uncle Boonmee Who Can Recall His Past Lives
Paayum Oli Nee Yenakku
7

Paayum Oli Nee Yenakku(2023) IMDb-6.5/10 လောလောလတ်လတ်ထွက်ရှိထားတဲ့ အိန္ဒိယတမီးလ်အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အက်ရှင်တွေကြားထဲမှာ အိုင်တီပညာရှင်လေးနဲ့ အခမ်းအနားအပြင်အဆင်တွေတာဝန်ယူလုပ်ကိုင်နေတဲ့ အမျိုးသမီးလေးတို့ကြားက ရိုမန့်စ်လေးကိုလည်း ခံစားကြရမှာပါ။ အိုင်တီပညာရှင် အရာဗင်က ရှားပါးတဲ့အမြင်အာရုံချို့ယွင်းမှုကို ခံစားနေရပြီး အလင်းရောင်ထဲမှာပဲ သူ့မျက်လုံးတွေက မြင်နိုင်စွမ်းရှိတာပါ။အဲဒီအခြေအနေကြောင့်ပဲ ဖြစ်ခဲ့တဲ့ မတော်တဆမှုတခုကနေ သူ့မိဘတွေကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ဦးလေးဖြစ်သူမိသားစုနဲ့အတူနေရင်း ပျော်ရွှင်တဲ့မိသားစုဘ၀လေးပိုင်ဆိုင်ပြီး ချစ်ရသူလေးနဲ့ကလည်း အပေးအယူတွေမျှနေပါပြီ။ ဒီလိုနဲ့တစ်ရက် အိမ်အပြန်လမ်းမှာ မသမာသူလူတစုရဲ့ ပြန်ပေးဆွဲခြင်းခံလိုက်ရတာကနေစ သူ့အဖေဆုံးပါးသွားခဲ့ရတာရော သူ့အလုပ်နဲ့ပတ်သက်တာတွေကရော သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ သိလိုက်ရပါတော့တယ်။မမျှော်လင့်ထားတဲ့ အကူအညီကြောင့် သူပြန်လွတ်မြောက်လာပြီးနောက်မှတော့ ဖြစ်စဉ်တွေအကုန်လုံးကို ပြန်ပြီးဖော်ထုတ်နိင်မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~Cherryတို့ပဲဖြစ်ပါတယ်) File size…1.8GB  / 815MB Quality…1080p True WEB DL /  720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Moon~Cherry

Action • Fantasy • Thriller
7 2023
Paayum Oli Nee Yenakku
Yoga Class
5

Yoga Class (2009) ============= Horror ကြိုက်သူတွေအတွက် Yoga ဆိုတဲ့ Korea Movie လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရုံတင်ပြသခဲ့တုန်းကလည်း လူကြည့်အများဆုံး ဇာတ်ကား ၁၀ ကားစာရင်းမှာ ၂ပတ်ကြာ နေရာယူနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်း ဟျိုဂျောင်းဟာ ဟုမ်းရှော့ပင်း show တစ်ခုရဲ့ တင်ဆက်သူတစ်ယောက်ဖြစ် ပါတယ်။ တစ်ရက် ဟျိုဂျောင်းရဲ့နေရာကို အသက်ငယ်ငယ်ချောချောကောင် မလေးတစ်ယောက်က လုယူသွားခဲ့တာပေါ့။ ဟျိုဂျောင်းလည်း သူ့ကိုယ်သူ ယုံကြည်မှုမရှိဖြစ်သွားပြီး သူမသူငယ်ချင်းလမ်းညွှန်ပေးတဲ့ ယောဂသင်တန်း ကျောင်းကို သွားခဲ့တယ်။ သင်တန်းကျောင်းမှာ ၇ ရက်တာ အပြင်းအထန်လေ့ကျင့်မှုအတွက် စာရင်းသွင်း ခဲ့ပါတယ်။ ဟျိုဂျောင်းနဲ့ အတူ နောက်ထပ် မိန်းကလေး ၄ ယောက်လည်း ဒီလေ့ ကျင့်မှုမှာပါဝင်ခဲ့ပြီး၊ ဒီ ၅ ယောက်ထဲက အဆုံးအထိ အောင်မြင်အောင်လုပ်နိုင်တဲ့ တစ်ယောက်ကသာ ကွန်ဒါလီနီလို့ခေါ်တဲ့ ထာဝရလှပမှုရဲ့ လျှို့ဝှက်ချက်ကို သိရှိရမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ကွန်ဒါလီနီရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူသိသွားမှာလဲ ဘာတွေဆက်ဖြစ်မှာလဲဆိုတာ Yoga Class (2009) မှာ ကြည့်ရှုနိုင်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားတင်ဆက်ပေးသူကတော့ Hay Thar ဖြစ်ပါတယ်။) File Size……….(1.25 GB) / (509 MB) Quality…………WebRip 1080p / 720p Duration………1Hr 37mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Fantasy, Horror, Mystery Translator…….Hay Thar Encoder……….SWM

Action
5 2009
Yoga Class
The Resident
7.8

ဂျူလိယက်ဟာ သူမရဲ့ရည်းစားဖြစ်သူကို တခြားကောင်မလေးနဲ့။ သူမရဲ့အိပ်ရာပေါ်မှာ ဖောက်ပြန်နေတာကို မိပြီးတဲ့နောက်မှာ သူမရဲ့ရည်းစားနဲ့ လမ်းခွဲလိုက်ပြီး သူမရဲ့ဘဝကို အသစ်စတင်ချင်တာကြောင့် နေရာအသစ်လိုက်ရှာနေတဲ့ အရေးပေါ်ဆရာဝန်တစ်ယောက်ပါ။ အိမ်ခန်းလိုက်ရှာရင်းနဲ့ သူမဟာ နေရာကျယ်ဝန်းပြီး ရှုခင်းကောင်းတဲ့တိုက်ခန်းတစ်ခုကို တွေ့သွားပြီး ထိုတိုက်ခန်းရဲ့ပိုင်ရှင်က ဈေးသက်သက်သာသာနဲ့ ငှားပေးတဲ့အခါမှာ နှစ်ခါမတွေးဘဲ ပြောင်းနေလိုက်ပါတော့တယ်၊ သူမဟာ ရည်းစားဟောင်းကြောင့် စိတ်က ဇဝေဇဝါဖြစ်နေပြီ အိမ်ပိုင်ရှင်ကို နမ်းလိုက်မိပါတော့တယ်၊ အဲကနေစပြီး သူမဟာ မနက် မနက်ဆို အိပ်ရာထနောက်ကျပြီး အမြဲလိုလို ပင်ပန်းနွမ်းနယ်ကာ အလုပ်တွေနောက်ကျလာပါတော့တယ်၊ အကြောင်းအရင်းကို သိရဖို့ CCTV တပ်ဆင်ထားလိုက်တဲ့အခါမှာတော့ အကြောင်းအရင်းက ဘာဖြစ်မလဲ ဒီအကြောင်းအရင်းကိုရော သူဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.3 GB)/(632 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

Comedy
7.8 2011
The Resident
The Christmas Pledge
4.9

The Christmas Pledge (2023) ===================== ခရစ်စမတ်ရာသီရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ နှင်းတွေနဲ့ အတူ လွင့်ပါလာခဲ့ပါပြီ။ ဂျွန်ကတော့ ငယ်စဉ်ကတည်းက မိဘနှစ်ပါး ကွာရှင်းခဲ့ကြပြီး ဓနရှင်ဖခင်ဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်မှာပဲ နေလာ ခဲ့ရတဲ့ကောင်မလေးပါ။ လေယာဉ်တည်ဆောက်မှုပညာရပ်ကို အရမ်း စိတ်ဝင်စားပြီး ထဲထဲဝင်ဝင်လေ့လာသင်ယူထားတဲ့သူလေးပေါ့။ တစ် ရက်မှာတော့ သူကျောင်းကိုအသွား ပြုတ်ကျလာတဲ့ လေယာဉ်ပုံစံငယ် လေးနဲ့ ဆုံ‌တွေ့ခဲ့တယ်။ အဲဒီလေယာဉ်လေးကို ပစ်လိုက်တဲ့သူကတော့ ဒက်ကလန်ဆိုတဲ့ ကောင်လေးတစ်ယောက်တဲ့။ စာမေးပွဲမှာ အဆင့်ကောင်းဖို့လောက်ပဲတွေးပြီး လေယာဉ်ကို အဖြစ်သာ တည်ဆောက်ထားတဲ့သူပေါ့။ ဒီလိုနဲ့ပဲ လေယာဉ်တည်ဆောက်ရေးပညာ ဆရာမလေးဂျွန်ဆီကနေ တွေ့တွေ့ချင်း လက်ချာတွေ ပေးခံရတယ်ဆိုပါ တော့။ ဘုနဲ့ဘောက်ဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်က ကံကြမ္မာက ဖန်တီး လာလေတော့ ဘွဲ့ယူတာတောင် ဘေးချင်းကပ်ထိုင်ခဲ့ကြရပြီး ရေစက်လေး က အလုပ်ခွင်ထဲထိ ပါလာခဲ့ပြန်ပါတယ်။ ‘ချစ်ခြင်းအစ မုန်းခြင်းက’ဆိုတဲ့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းထဲမှာ လိပ်ပြာလေးတွေ ဘယ်လိုပျံလာကြ မလဲဆိုတာကိုတော့ စောင်လေးခြုံရင်း ကြည့်လိုက်ကြရအောင်ပါပေါ့။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာ ပြန်ရေးသားပေးသူများကတော့ May Thet Kine Soe, June တို့ ဖြစ်ပါတယ်) File Size……….(1.49 GB) / (569 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….May Thet Kine Soe, June Encoder……….SWM

Action • Adventure • Thriller
4.9 2023 95 mins
The Christmas Pledge
Atlas

ဒီရုပ်ရှင်ကတော ဂျေလို ခေါင်းဆောင်ပါဝင်ထားတဲ့ သိပ္ပံ စိတ်ကူးယဉ် စွန့်စားခန်း ရုပ်ရှင်အသစ်ပါ။ ဒါရိုက်တာကတော့ San Andreas တို့ Rampage တို့ရဲ့ ဖန်တီးရှင် Brad Peyton ပါပဲ။ ဇာတ်လမ်းအကျဉ်း လူသားတွေ တီထွင်ခဲ့တဲ့ စက်အသိဉာဏ် အေအိုင်တွေထဲက ဟာလန်ဆိုတဲ့ စက်ရုပ်တစ်ရုပ်က ဉာဏ်အလင်းပွင့်သွားပြီး ကမ္ဘာကို ဒုက္ခပေးနေတဲ့ လူသားတွေကို မျိုးတုံးအောင်လုပ်ဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ အေအိုင်စက်ရုပ် အင်အားက နည်းသေးလို့ စစ်ရှုံးပြီး အခြားကမ္ဘာကို ထွက်ပြေးသွားရတယ်။ နှစ်ပေါင်းများစွာကြာတဲ့အထိ ဟာလန်ကို ရှာနေကြပြီးနောက်မှာတော့ အက်တလက်ဆိုတဲ့ ဟာလန်ရဲ့ ငယ်သူငယ်ချင်း မိန်းကလေးက တည်နေရာကိုတွေ့သွားပြီး အထူးတပ် ရိမ်းဂျားတွေက ဟာလန်ကို ဖမ်းဆီးဖို စစ်ဆင်ရေးထွက်လာကြပါတယ်။ အဲဒီခရီးမှာ အက်တလက်လည်း ပါလာပြီး ဟာလန်ရဲ့ဂြိုလ်ကို ရောက်ရောက်ချင်း ဆီးပြီး တိုက်ခိုက်ခံရတဲ့အခါ အသက်ရှင်ဖို့ကြိုးစားရင်း ဟာလန်ကိုလည်းနှိမ်နင်းဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့ သိပ္ပံကားကြိုက်သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်အမျိုးအစားပါပဲ။ File size…(4.2 GB)/ (1.96 GB)/ (1 GB ) Quality….Webrip 4K HEVC / 1080p / 720p Format…mp4 Duration….02:00:00 Genre…Science Fiction, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson And Ka Naung Translated by Mr. Anderson

TV Movie • Drama • History
0 2024
Atlas
Ultraman: Rising
7.1

Ultraman:Rising ဇာတ်ကားဟာ ၂၀၂၄ ခုနှစ်ထွက် Netflix က ရိုက်ကူးထားတဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝ စူပါဟီးရိုး Ultraman animated ဇာတ်ကားပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ငယ်ဘဝ Ultraman ကို မြင်နေကျ တိုက်ခိုက်တာချည်းပဲ မဟုတ်ဘဲ လူကြီးဆန်ဆန် family drama လေးနဲ့ပါ တွဲထားတာမို့ ဒါက ကလေးကားလို့တောင် မခေါ်နိုင်ပါဘူး။ ဇာတ်လမ်းလေးကို ပြောရရင်တော့ Ken Sato ဆိုတဲ့ ကျွန်တော်တို့ရဲ့ အဓိက ဇာတ်ကောင်က အိုလာတဲ့သူ့အဖေ အရင် Ultraman နေရာကို ဝင်ဖို့အတွက် သူ ဘေ့စ်ဘောနဲ့ အောင်မြင်နေတဲ့ အမေရိကန်ကနေ ဂျပန်ကို ပြန်လည် ပြောင်းရွှေ့အခြေချခဲ့ပါတယ်။ သူ ဂျပန်ပြန်ရောက်လာတဲ့ အချိန်မှာ သူ့ရဲ့ Ultraman တာဝန်၊ ဘေ့စ်ဘော ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ရဲ့ တာဝန်တွေ ပိနေတဲ့အချိန်မှာပဲ မထင်မှတ်ထားတဲ့ မိသားစုတာဝန်တွေပါ ရောက်လာတဲ့အခါမှာ သူ ဘယ်လို ဒီတာဝန်တွေကြား ရုန်းကန်ရမလဲ။ အဆုံးသတ်မှာ သူ့အတွက် ဘယ်လို ဇာတ်သိမ်းမှာလဲ။ သူ့ရဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေကရော ဘယ်လို ကူညီစောင့်ရှောက်ပေးနိုင်မှာလဲ စတာတွေကို အရမ်းမိုက်တဲ့ animation style နဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ငယ်ငယ်က nostalgic feeling လေးပြန်ရဖို့ ကြည့်လိုက် ကြရအောင်နော်…. File size…2.34GB / 1.03GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Drama
7.1 2024
Ultraman: Rising
Clickbait: Unfollowed
5.2

ဆိုရှယ်ပလက်ဖောင်းတစ်ခုရဲ့ တီထွင်သူတစ်ဦးက နယ်ပယ်အသီးသီးမှာ followers 250k စီရှိတဲ့ Influencers ငါးယောက်ကို အိမ်ကြီးတစ်ခုထဲမှာ ဂိမ်းလာကစားဖို့ ဖိတ်ကြားလိုက်ပါတယ်။ သူချပေးတဲ့ ခေါင်းစဉ်နဲ့အညီ contents တွေကို မြန်မြန်ဆန်ဆန် ဗီဒီယိုရိုက်တင်ကာ ပြိုင်ဆိုင်ရတာဖြစ်ပြီး အိမ်ကြီးထဲကနေ အနိုင်ရသူတစ်ဦးတည်းကသာ ထွက်သွားနိုင်မှာဖြစ်ပါတယ်။ လာရောက်ပြိုင်ဆိုင်တဲ့ Influencers ငါးယောက်ထဲက ဘယ်သူက အနိုင်ရပြီး ဘယ်သူတွေကတော့ ကြောက်မက်ဖွယ် ပြစ်ဒဏ်တွေကို ခံရမလဲဆိုတာကို ဆက်လက်မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre… Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

5.2 2024 90 mins
Clickbait: Unfollowed
The White Storm 3: Heaven or Hell
6.3

The White Storm ရဲ့တတိယမြောက်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားသုံးကားလုံးကိုဒီနေရာမှာရှာနိုင်ပါတယ် ဒီကားမှာတော့ အရင်ဇာတ်ကားကမင်းသားကြီးဖြစ်တဲ့ Louis Kooတစ်ယောက်ပဲပြန်ပါလာပြီး မင်းသားကြီး Aaron Kwok နဲ့ Sean Lau တို့ထပ်ပါဝင်လာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဟောင်ကောင်ရဲ့မူးယစ်ရာဇာကြီးခန်းစုချိုင်းဟာ ဟောင်ကောင်မှာ မရှုမလှနှိမ်နင်းခံရတဲ့အတွက် အသက်ဘေးလွတ်မြောက်အောင်ပြေးရင်း ရွှေတြိဂံဒေသ ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေရပါတယ်။ နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် လက်နက်ကိုင်တပ်ကကြီးစိုးတဲ့ ဘိန်းချက်တဲ့ရွာမှာပဲ လုပ်ကိုင်နေရင်း ရွှေတြိဂံဒေသကိုကြီးစိုးနိုင်ဖို့ ကြံစည်ပါတယ်။ ထိုင်းကိုလွတ်မြောက်သွားတဲ့ မူးယစ်ရာဇာကြီးကိုဘယ်လိုပြန်ဖမ်းကြမလဲဆိုတာကို တင်ဆက်ပြထားတာပဲဖြစ်ပါတယ်။ မင်းသားကြီးတွေရဲ့ အက်ရှင်တွေ အိုက်တင်တွေကပြောစရာမရှိအောင်ပါပဲဆိုတဲ့အတွက် မူးယစ်ဂိုဏ်းသူလျိုကားတွေကိုကြိုက်နှစ်သက်တဲ့ အက်ရှင်ပရိသတ်ကြီးအတွက် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

6.3 2023
The White Storm 3: Heaven or Hell
Family Pack
5.8

Jumanji ရုပ်ရှင်တွေလိုမျိုး လက်တွေ့ကမ္ဘာကနေ ဂိမ်းထဲကို ရောက်သွားမဲ့ ပြင်သစ် Fantasy ရုပ်ရှင်တစ်ကားကိုတင်ဆက် ပေးလိုက်ချင်ပါတယ်။ ဂျာဟုမ်းတို့မိသားစုဟာ အားလပ်ရက်မှာ သူတို့အဖေဆီသွားလည် ကြရင်း မိသားစုဝင်တွေစုံတုန်း Werewolves of Miller’s Hollow ဆိုတဲ့ Board gameကို ဆော့ဖို့လုပ်ကြပါတယ်။ အဲဒီဂိမ်းကတော့ တော်တော်များများသိကြတဲ့ မာဖီးယားဂိမ်းလို imposter ရှာရတဲ့ဂိမ်းပါ။ ကစားသမားတွေမှာ ကိုယ်ပိုင် ကာရိုက်တာတွေရှိကြပြီး မတူညီတဲ့ အစွမ်းတွေရှိပါတယ်။ အဲဒီအစွမ်းတွေကိုအသုံးချပြီး ညဘက် ရောက်တိုင်း ရွာထဲကလူတွေကိုအမဲလိုက်စားသုံးတဲ့ လူယောင်ဆောင် Werewolves တွေရဲ့သရုပ်မှန်ကိုဖော်ထုတ်ရမဲ့ဂိမ်းမျိုးပါ။ ဂျာဟုမ်းတစ်ယောက်ကတော့ ငယ်ငယ်က သူ့အဖေနဲ့ဆော့ခဲ့တဲ့ ဒီ ဘုတ်ဂိမ်းကို ဆော့ဖို့စိတ်အားထက်သန်နေပေမဲ့ ကျန်တဲ့ မိသားစုဝင်တွေကတော့ မဆော့ချင်ကြပါဘူး။ အသက်အရွယ်ကြီးလို့ မှတ်ဉာဏ်ချို့တဲ့နေပြီဖြစ်တဲ့ ဂျာဟုမ်းရဲ့ အဖေကလည်း ဂိမ်းရဲ့စည်းမျဉ်းတွေကို ဘာတစ်ခုမှမမှတ်မိတော့လို့ ကာရိုက်တာကတ်တွေပဲ ဝေပြီး ဆက်မဆော့ဖြစ်ဘဲ ကစားပွဲ ပျက်သွားပါတယ်။ ဂျာဟုမ်းတစ်ယောက် ကတ်တွေကို သိမ်းနေတုန်းမှာ ရုတ်တရက် Board game boxကြီးက လှုပ်ခါလာပြီး ငလျင်တွေလှုပ်လာပါ တော့တယ်။ ငလျင်လှုပ်လို့ မိသားစုဝင်တွေအကုန် မြေအောက်ခန်းထဲ ရောက်သွားပြီး အပြန်အထွက်မှာ 1497 ခုနှစ်ဆီကိုရောက်သွား ကြပါတော့တယ်။ အဲဒီကနေမှသိရလိုက်တာက သူတို့ဟာ ဆော့လက်စ board gameထဲကိုရောက်နေတာဖြစ်ပြီး မီလာဟောလိုးက သမန်း ဝံပုလွေတွေကိုရှာဖွေသတ်ဖြတ်နိုင်မှ ဂိမ်းထဲကထွက်နိုင်မယ်ဆိုတာပါပဲ။ ဒီလိုနဲ့ ဂျာဟုမ်းတို့မိသားစု ကိုယ်စီအစွမ်းတွေနဲ့အတူ အလယ်ခေတ်ကနေ လွတ်မြောက်အောင်ကြိုးစားကြပါတော့တယ်။ Jumanji နဲ့တူမယ်လို့ ထင်ထားခဲ့ပေမဲ့ သူတို့ရောက်သွားတဲ့ timeline ကအလယ်ခေတ်ဖြစ်ပြီး မိသားစုကိုအသားပေးရိုက်ပြ‌ထားပုံက ဒီရုပ်ရှင်ကိုထူးခြားစေတာပါ။ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…1.71GB / 910MB Quality…NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Adventure , Comedy , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5.8 2024 95 mins
Family Pack
Gladiator
8.5

၂၀၀၀ ခုနှစ်က ထွက်ခဲ့တဲ့ Gladiator … ရဲစွမ်းသတ္တိအပြည့်နဲ့ စစ်သူကြီး မက်စီမက်ဟာ အင်ပါယာပြည့်ရှင် အားကိုး ချစ်မြတ်နိုးရတဲ့ လက်ရုံးတစ်ဦးပါ။ တိုက်ပွဲတိုင်းကို အနိုင်ယူပေးခဲ့လို့ လက်အောက်ငယ်သား အားလုံးကပါ လေးစားရတဲ့သူပေါ့။ ပြည့်ရှင်မင်း ဆီဇာက အင်ပါယာကြီးကို ထူထောင်ခဲ့ပေမဲ့ ရောမကို အာဏာရှင်စနစ်နဲ့ မအုပ်ချုပ်ချင်ပါဘူး။ သမ္မတနိုင်‌ငံတော်ဆိုတဲ့ စနစ်ကို ပြန်ပြောင်းချင်တဲ့သူ။ သူ့သားတော်ကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာ သိထားရတဲ့အတွက် မက်စီမက်ကိုပဲ နန်းမွေလွှဲခဲ့ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက်မှာတော့…. ဒီဇာတ်ကားက သွေးသံရဲရဲ ကြည့်ချင်သူတွေအတွက်တော့ အကြိုက်တွေ့မှာ သေချာပါတယ်။ ရောမရဲ့ မပါမဖြစ်တဲ့ အရီနာသတ်ကွင်းတွေထက်က သတ်ပုတ်ကြတဲ့ ပွဲတွေဆိုတာ ဘယ်လိုဆိုတာ သိထားပြီး ဖြစ်ကြမှာပါ။ IMDb 8.5 ရထားတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File Size : (7.5 Gb) (3.3GB) and ( 1.6GB) Quality : Bluray 2160p, 1080p, 720p Running Time : 2hr 32min Format : Mp4 Genre : Drama, Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by El’ Moh Encoded by Ka Naung

8.5 2000 155 mins
Gladiator
Spirit in the Blood
4.8

Spirit in the Blood (2024) IMDb Rating (4.8) အမ်မာဆန်ဆိုတဲ့ ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေးက သူ့အဖေရဲ့မွေးရပ်မြေလေးကို မိသားစုလိုက် ပြန်လာခဲ့ကြတယ်။ သူပြန်ရောက်ပြီးမကြာခင်မှာ အဲ့ဒီမြို့က ရီဘာကာဆိုတဲ့ ကောင်မလေးတစ်ယောက် ပျောက်ဆုံးသွားခဲ့တယ်။ ပျောက်ဆုံးသွားတဲ့ ကောင်မလေးရဲ့ တစစီဖြစ်နေတဲ့ အလောင်းကို တွေ့ရှိကြတဲ့အခါမှာ တစ်မြို့လုံးက သားရဲကောင်တစ်ကောင်ကောင် သတ်ခဲ့တာလို့ ယူဆထားချိန်မှာ အမ်မာဆန်က မကောင်းဆိုးရွားလုပ်တာလို့ ယုံကြည်နေခဲ့တယ် ရီဘာကာကို သတ်လိုက်တာက မကောင်းဆိုးရွားတစ်ကောင်ပဲလို့ ယုံကြည်နေတဲ့ အမ်မာဆန်တို့ အဖွဲ့က သူတို့ကိုယ်ထဲက စိတ်ဝိဉာဉ်ဆိုးကို ခေါ်ထုတ်ပြီး ဒီမကောင်းဆိုးရွားနဲ့ ရင်ဆိုင်ဖို့ လုပ်ကြတဲ့အခါ…. ရီဘာကာကို သတ်လိုက်တာက တစ်မြို့လုံးထင်ထားတဲ့ သားရဲကောင်လား ဒါမှမဟုတ် အမ်မာဆန်တို့ထင်နေတဲ့ မကောင်းဆိုးရွားကောင်လားဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.9 GB) / (930 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:38:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Su Mon

Drama • Action • Horror
4.8 2024 98 mins
Spirit in the Blood
Cornell’s Box
6.6

Cornell’s Box (2025) ******************** IMDb….. 6.6 လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိမှု သိမ်ငယ်မှုတွေက သူ့ကို ဘယ်လောက်ထိ ဆွဲချသွားနိုင်လဲဆိုတာကို သည်းထိပ်ရင်ဖိုစွာနဲ့ ပဟေဠိဆန်ဆန် ကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- ငယ်စဉ်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြတဲ့ ထယ်အီနဲ့ အွန်ဝူးဟာ ပန်းချီကို ချစ်မြတ်နိုးသူတွေဖြစ်ကြပြီး ယခုလက်ရှိမှာလည်း ပန်းချီပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ ကြိုးစားနေသူတွေပါ။ ဒါပေမဲ့လည်း အွန်ဝူးရဲ့ ပန်းချီလက်ရာတွေဟာ ထယ်အီ့ထက် အမြဲတမ်း သာလွန်နေခဲ့တာကြောင့် ထယ်အီဟာ အွန်ဝူးနဲ့ယှဉ်လိုက်ရင် သိမ်ငယ်နေခဲ့ရတာပေါ့။ တစ်ရက်… ထယ်အီ့ရဲ့ ရည်းစားဖြစ်သူ ယူဂျင်းဟာ ရုတ်တရက် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ ဒါကို လက်မခံနိုင်တဲ့ ထယ်အီနဲ့ ယူဂျင်းရဲ့ညီမဖြစ်သူ ယူရင်းတို့ဟာ ယူဂျင်းရဲ့ အဆုံးစီရင်ခဲ့ရတဲ့ အကြောင်းပြချက်နဲ့ အမှန်တရားကို အတူတူ လိုက်လံစုံစမ်းကြပါတော့တယ်။ သူတို့တွေ ဖော်ထုတ်လေလေ ယူဂျင်းရဲ့အတိတ်နဲ့ပက်သက်ပြီး ကိစ္စတွေဟာ ပိုပြီး နက်နဲလာခဲ့ပြီးတော့ အဆုံးမှာတော့ ဘယ်လိုအကြောင်းအရာတွေရှိနေမလဲဆိုတာကို လျှို့ဝှက်နက်နဲပြီး စိတ်ဝင်စားဖို့လည်း ကောင်းတာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Yati Naing မှ ‌ရေးသားထားပေးပါတယ်။) File Size : 1.15GB/ 550MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:37:17 Genre : Thriller, Mystery, Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lai Laii, Yati Naing & Yee Wai Encoded by Tiff

Crime • Comedy • Action
6.6 2025
Cornell’s Box
Kundannoorile Kulsitha Lahala
6.8

Kundannoorile Kulsitha Lahala (2024) “ကွန်ဒါနောရွာ အရှုပ်တော်ပုံ” ================================ မာလျာလမ်စကားပြော ကျေးလက်ဟာသရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိ ဒါရိုက်တာ အက်ရှေးအာရှော့ခ်က ကိုင်တွယ်ထားတာဖြစ်ပြီး ကွန်ဒါနောဆိုတဲ့ရွာတစ်ရွာထဲက ဗရုတ်သုတ်ခအဖြစ်အပျက်တွေကို ရိုက်ကူးပုံဖော်ထားတာပါ။ မာလျာလမ်လူမျိုးတွေနေကြတဲ့ ကွန်ဒါနောဆိုတဲ့ရွာတစ်ရွာမှာ အမျိုးသမီးအလုပ်ရအာမခံအဖွဲ့ နှစ်ဖွဲ့ရှိပါတယ်။ သူတို့ဟာ ဘာအဖွဲ့ညာအဖွဲ့ဆိုပြီး နာမည်တပ်ထားကြပေမဲ့ တကယ်တမ်းတော့ဘာအလုပ်မှမလုပ်ဘဲ ရွာထဲကကိစ္စတွေကို ကြမ်းပိုးကို လိပ်ဖြစ်တဲ့ထိ အတင်းအဖျင်းပတ်ပြောနေကြတာပါ။ သူတို့ရဲ့ မဟုတ်ကဟုတ်ကအတင်းတွေကြောင့် ပြဿနာတက်ကြတဲ့သူတွေလည်း မနည်းမနောပါပဲ။ အဲဒီလို မိန်းမကြီးတွေရဲ့ အတင်းအဖျင်းတွေကြောင့် ပြဿနာတွေကြုံနေရတဲ့ရွာထဲမှာ ထူးဆန်းစွာပဲ အတွင်းခံတွေ တစ်ထည်ပြီးတစ်ထည်ပျောက်လာကြတဲ့အခါမှာတော့…။ အတင်းပြောတဲ့ဘွားတော်တွေကြောင့် ဘယ်သူတွေ ဘယ်လိုတိုင်ပတ်မလဲ၊ အတွင်းခံတွေပျောက်တာ ဘယ်သူ့လက်ချက်လဲ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရ၊ ခွီကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Comedy • Romance
6.8 2024 146 mins
Kundannoorile Kulsitha Lahala