YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Daaku Maharaaj (2025) Telugu Proper TRUE WEB-DL - 1080p - AVC - YK(CM).mkv

2.85 GB N/A video/x-matroska 840 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Possession
6

ခရစ်ယာန်သရဲကို ဗမာဘုန်းကြီး နိုင်ပါ့မလားဆိုပြီး ဟီးဟီးဟားဟားနဲ့ ဟာသ ပြောဖူးကြတယ်မို့လား။ ဒီကားထဲက သရဲက အဲ့လို သရဲ။ဘယ်ဘုရားပြေးကပ်ရမှန်း မသိအောင်ကို ကြမ်းတာ။သူတို့ အခေါ်အရတော့ ဂျင်(မကောင်းဆိုးဝါး)ပေါ့။ အဲ့တာကလည်း အကြောင်းရှိတယ်။ ဒီဇာတ်ကား ဇာတ်အိမ်တည်ရာ တူရကီက ဟိုးနှစ်ပေါင်းထောင်ချီ ကတည်းက Abrahamic Religions လို့ခေါ်တဲ့ ဂျူး၊ခရစ်ယာန် နဲ့ အစ္စလာမ်ဘာသာတွေ ထွန်းကားခဲ့တဲ့ နေရာ။ဆိုတော့ သရဲကလည်း ကြမ်းပြီပေါ့။ဘာသာ(၃)ခုလုံးက ဘုရားတွေကို ဆင်းကယ်ကြပါဆို သလိုမျိုးပဲ။အလာရှင်မြတ်ကို တိုင်တည်ပါ၏ ဖြစ်လိုက် ၊သခင်ယေရှု၏ နာမတော်တွင် ဖြစ်လိုက်ရယ်။ဆိုတော့ ဇာတ်ကားအကြောင်း ဆက်ကြရအောင်။ ဒီကားကတော့ Dabbe series တွေထဲမှာ (၄)ကား မြောက်ပေါ့။ ပြီးတော့ အကြမ်းဆုံး ကြောက်စရာအကောင်းဆုံး ကားလို့လည်း ညွှန်းကြတယ်။ ဇာတ်လမ်းအစမှာ ဖရော့အာကတ်လို့ခေါ်တဲ့ ဟောဂျာ(ပရောဂဆရာ) တစ်ယောက်က အက်ဘရူလို့ ခေါ်တဲ့ စိတ်ရောဂါကုဆရာဝန်မ တစ်ယောက်ကို ဖိတ်ပြီး ဂျင်အပူးခံထားရတဲ့ လူနာတစ်ယောက်ကို ပရောဂ နှင်ပြတယ်။စဉ်းစားကြည့်ဗျာ။ပရောဂဆရာက လူနာကို မှော်တို့ ဓာတ်တို့ နတ်တို့နဲ့ ကုတယ်။ဆရာဝန်မက ဆေးတို့ ဘာတို့နဲ့ သိပ္ပံနည်းကျ ကုတယ်။ပရောဂဆရာအမြင်မှာ သရဲပူးတယ်ဆိုပေမယ့် ဆရာဝန်မအမြင် မှာတော့ စိတ်ကစဉ့်ကလျားဖြစ်တယ်။လူတစ်ကိုယ် စိတ်အမျိုးမျိုးဖြစ် တယ်ပေါ့။အဲ့မှာ ပရောဂဆရာ သူ့ကို ဖိတ်ပြီး ကုပြတဲ့ လူနာက ပျောက်သွားရော။ဆရာဝန်မကတော့ လုပ်ဇာတ်ကြီး မယုံဘူးပေါ့။ပြီးတော့ ရှင်ဟာ လူလိမ်မဟုတ်ဘူးဆိုရင် သူခေါ်လာပေးမယ့် လူနာကို ကုပြပါဆိုပြီး စိမ်ခေါ်တယ်။ အဲ့လူနာက သူနဲ့ တူမလိုရင်းနှီးတဲ့ ကလေးမလေး။မင်္ဂလာဆောင်တဲ့နေ့မှာ အကောင်းကြီးကနေ ထဖောက်ပြီး လူရာချီရှေ့မှာ သတို့သားကို ဓားနဲ့ ထိုးသတ်ပလိုက်တာ။ အဲ့နောက်တော့ အရူးထောင်ရောက်သွားရော။အဲ့မှာလည်း ဘယ်ဆရာဝန်မှ ကုလို့မရတဲ့သူ။ ဒါနဲ့ ပယောဂဆရာကလည်း စိမ်လိုက်ပေါ့။နှစ်ယောက်သား ကင်မရာတွေ မှတ်တမ်းတင်ပစ္စည်းတွေနဲ့ အဲ့ကောင်မလေးဆီ ချီတက်ကြရရော။ အဲ့ဒီမှာပဲ ငါးပါးရော သံဃာစင်ရော မှောက်တာပဲ။ ဘာဖြစ်မလဲ သိချင်တော့ ကိုယ့်ဟာကိုယ် ဆက်ကြည့်ကြပါ :3 IMDB လည်း 6.8 ရထားပြီး ဘာသာပြန်တဲ့ ကျွန်တော်လည်း ညဘက်မပြန်ရဲလို့ နေ့ခင်းဘက် ပြန်ထားတဲ့ ကားဆိုတော့ သရဲကားကြိုက်တဲ့သူတွေ သေချာပေါက် အကြိုက်တွေ့ပါလိမ့်မယ်။ ( ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ် ) File size…1.26GB / 472MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 14m Genre ..... Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damein

Action
6 2012 92 mins
The Possession
The Postman
6.2

သဘာဝဘေးတွေ ကပ်ရောဂါတွေ စစ်ပွဲတွေရဲ့နှိပ်စက်မှုဒဏ်ကြောင့် ကမ္ဘာကြီးပျက်ဆီးသွားခဲ့ပြီ။ လျှပ်စစ်တွေ ဖုန်းတွေ အသင့်စား အစားအစာတွေ ဘာမှမရှိတော့တဲ့ ခေတ်ပျက်ကြီးထဲမှာ လူတွေဟာ မျှော်လင့်ချက်မဲ့စွာ ရှင်သန်နေထိုင်ကြရပါပြီ။ အားလုံး လမ်းပျောက်နေကြတဲ့ ခေတ်ပျက်ကြီးထဲမှာ "တောမီးလောင် တောကြောင်လက်ခမောင်းခတ်" ဆိုသလိုပဲ လူယုတ်မာတစ်ယောက်က အစပျိုးခဲ့ပြီး သူတို့ကိုယ်သူတို့ ပြည်သူ့စစ်လို့ခေါ်တဲ့ "ဟုန်းနစ်" ဆိုတဲ့ အဖွဲ့အစည်းတစ်ခုပေါ်လာခဲ့ပြီး ဒုက္ခသည်အချင်းချင်း ဗိုလ်ကျအနိုင်ကျင့်နေကြတာပေါ့။ ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့ကြီးစိုးတဲ့နေရာကို တစ်ကိုယ်တော်လေလွင့်ပြီး နယ်တစ်ကာလှည့်ကာ ရှိတ်စပီးယားပြဇာတ်တွေကို သရုပ်ဆောင်ပြပြီး ဝမ်းရေးဖြေရှင်းတဲ့လူတစ်ယောက် ရောက်လာပြီး အိပ်မက်တွေပျောက်ဆုံးနေတဲ့ လူတွေအားလုံးကို သူကိုယ်တိုင် မရည်ရွယ်ပါဘဲနဲ့ ဆက်လက်ရှင်သန်ဖို့ မျှော်လင့်ချက်တွေပေးမိသွားတဲ့အခါမှာတော့.... File size…(3.1GB)  / (1.86GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:57:00 Genre...Action / Adventure / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Robin

Drama • Romance • Thriller
6.2 1997 177 mins
The Postman
The Many Saints of Newark
6.4

ဒီဇာတ်လမ်းကတော့ ၁၉၉၉တုန်းကနေ စပြီး ၂၀၀၇အထိ ထွက်ရှိခဲ့တဲ့ The Sopranos Series ရဲ့ Prequel Movie ပဲ ဖြစ်ပါတယ် Prequel တစ်ခု ဖြစ်တဲ့အတွက် ဒီဇာတ်လမ်းကို ကြည့်ပြီးသွားရင်လည်း The Sopranos Series ကို ကြည့်ဖို့ညွှန်းချင်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ နယူးဝက်မြို့ မှာ ဒီမီယို ဆိုတဲ့ မာဖီးယားဂိုဏ်းတစ်ခုရှိပါတယ် အယ်လ်ဒို မော်တီဆန်းတီ က အဲဒီ့ ဒီမီယို မိသားစု နဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ ဒါပေမယ့် သူက ဒီမီယိုမိသားစုက လူတွေထက်တောင် ပိုချမ်းသာပါတယ် သူ့မှာ ဒစ်ကီ မော်တီဆန်းတီ လို့ခေါ်တဲ့ သားတစ်ယောက် ရှိပါတယ် သူက ဒီဇာတ်လမ်းရဲ့ main character ပေါ့ဗျာ ဒစ်ကီ ဟာ သူ့ကိုယ်သူ ကောင်းမှုကုသိုလ်တွေချည်းပဲ လုပ်ပေမယ့် သူ့ဘဝဟာ အမြဲတမ်း ဒုက္ခတွေနဲ့ ပြည့်နှက်နေတယ် လို့ ထင်တဲ့သူတစ်ယောက်ပါ ကျွန်တော်တို့လည်း အများအားဖြင့် ကိုယ့်အပြစ်တွေ ကို ကိုယ်မမြင်တတ်ဘဲနဲ့ ငါဘာလို့ အမြဲ ဒုက္ခရောက်နေတာလဲ လို့ တွေးမိသလိုမျိုးပါပဲ ဒစ်ကီ ဟာလည်း တတ်နိုင်သမျှ အများအမြင်မှာ လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပေမယ့် သူ့ရဲ့ ခံစားချက်တွေကို မထိန်းချုပ်နိုင်တဲ့အခါ ဘာတွေဖြစ်သွားမလဲ ဆိုတာကို " နယူးဝက်ရဲ့ သူတော်ကောင်းအများစု" ရုပ်ရှင်ထဲမှာ ဆက်လက်စောင့်ကြည့်လိုက်ကြပါခင်ဗျ The Godfather လို Vibe မျိုးရစေမယ့် Ganster Movie တစ်ခုဖြစ်ပြီးတော့ Story line ရော Plot အချိတ်အဆက်လည်းကောင်းတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ် ဇာတ်လမ်းကို နောက်ကွယ်ကတော့ ဇာတ်ကြောင်းပြန်ပေးနေမယ့် သူကတော့ ခရစ်စတိုဖာ မော်တီဆန်းတီ ပဲ ဖြစ်ပါတယ် ဇာတ်လမ်းကတော့ ခရစ်စတိုဖာရဲ့ အဖေဖြစ်တဲ့ ဒစ်ကီ မော်တီဆန်းတီ ရဲ့ ဘဝနဲ့ သူ့ရဲ့ဦးလေး တိုနီ ဆိုပရာနို တို့နဲ့ ဘဝ ဆက်နွယ်မှု ၊ ထိုခေတ်အခါက လူမည်းများအပေါ် လူဖြူများရဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှု တို့ကို အဓိက ထား ရိုက်ပြထားပါတယ် ခရစ်စတိုဖာ မော်တီဆန်းတီ နဲ့ တိုနီ ဆိုပရာနို တို့က ဘယ်သူတွေ လဲ ဘယ်လိုပက်သက်လဲ ဆိုတာကိုလည်း ဒီဇာတ်ကားကို ဒေါင်းကြည့်ပြီး အဖြေရှာကြည့်ပေတော့ဗျာ File size…1.26GB / 1.87GB Quality…720p web h264 & 1080p web h264 Format…Mp4 Duration….2h Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by  Lai Laii And Thura Hein

Action • Adventure • Thriller
6.4 2021 120 mins
The Many Saints of Newark
Wrong Turn
6

ဒီကားကတော့ အသစ်စက်စက် ထွက်ထားတဲ့ Wrong Turn ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အရင်ဇာတ်လမ်းတွေနဲ့ ကျောရိုးတူပေမယ့် နောက်ပိုင်း တော်တော်လေးကွဲတယ်လို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အားလပ်ရက် တောင်တက်အပျော်ခရီးထွက်လာတဲ့လူငယ်တစ်စုက တောင်တက်ဖို့မြို့ငယ်တစ်မြို့ကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီမြို့မှာ တည်းခိုနေစဉ် ထူးဆန်းတာတွေလည်း ဖြစ်ပျက်ခဲ့ပြီး အဲ့ဒီကနာမည်ကြီး တောင်ကို တက်ခဲ့ပြီးချိန်မှာတော့ အပြန်လမ်းမရှိခဲ့ပါဘူး။ အဲ့ဒီတောင်တက်အဖွဲ့ထဲပါသွားတဲ့ ဂျန်နီဖာဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့အဖေဖြစ်သူကတော့ သူ့သမီးဖြစ်သူပျောက်ဆုံးတာ ခြောက်ပတ်လောက် အကြာမှာ သူ့သမီးပျောက်ဆုံးတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးဆိုပြီး စုံစမ်းဖို့ရောက်လာခဲ့ပါတယ်။ ဒါပေမယ့်အဲ့ဒီ မြို့ကရဲကတော့ ဒီပျောက်ဆုံးမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် အိမ်ကနေထွက်သွားပြီး အပျော်ရှာနေတဲ့ လူငယ်တစ်စုလို့သာ မြင်ပြီး ရေးကြီးခွင်ကျယ် ရှာဖွေမှုမပြုလုပ်ခဲ့ကြပါဘူး။ အဲ့ဒီအတွက် ခံပြင်းနေတဲ့ ဂျန်နီဖာ အဖေဖြစ်သူ စကော့က ရဲတွေအစား သူကိုယ်တိုင်ရှာဖို့ဆုံးဖြတ်လိုက်ပြီး သူ့သမီးပျောက်ဆုံးသွားတဲ့ တောင်ပေါ်ကို ရှာဖွေဖို့လုပ်ပါတော့တယ်။ ဒီတောင်ကနဂိုတည်းက ပြန်လမ်းမရှိတဲ့တောင် ဆိုပြီး နာမည်ကြီးသလို တောင်ပေါ်တက်သူတိုင်းကလည်း စည်းကမ်းတွေ လိုက်နာရပါတယ်။ တောင်တက်ဖို့လမ်း အမှတ်အသားတွေကို တောင်ပေါ်မှာလုပ်ပေးထားပြီး အဲ့ဒီတောင်တက်အမှတ်အသားလုပ်ထားတဲ့ လမ်းကြောင်းကလွဲပြီး တစ်ခြားနေရာကိုသွားခွင့်မရှိပါဘူး။ ဒါကိုသွေဖယ်ပြီး သွားခဲ့ကြတဲ့ လူငယ်တစ်စုကတော့ ဘယ်လို ကြောက်စရာ အဖြစ်အပျက်တွေနဲ့ကြုံခဲ့တယ်။ အသက်ရော ရှင်နိုင်ခဲ့ရဲ့လား လွတ်မြောက်လာခဲ့တာလားဆိုတာကိုတော့ ဒီကားကြည့်ရင်း တထိတ်ထိတ် တလန့်လန့်နဲ့အဖြေရှာနိုင်ပါတယ်။ Wrong Turn ကားတွေရဲ့ ထုံးစံအတိုင်း သတ်ပုံသတ်နည်းကလည်း ထူးဆန်းသလို သတ်တာတွေကလည်းရက်စက်ပါတယ်။ Jump Scare တချို့လည်းပါသလို အရင်ကားတွေလိုပဲ ကြောက်စရာကောင်းပေမယ့် ဒီကားကတော့ အရမ်းရွံ့ဖို့ မကောင်းဘူးလို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းနဲ့ဇာတ်ကောင်တွေလည်း တော်တော်တိုးတက်လာတာမို့ ကြောက်ရတာ တန်မယ့် နာမည်ကြီးကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… 1.9GB and 898MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 1hr 49min Subtitle….Myanmar Subtitle (Hardsub) Translator ..... Moe Pwint Encoder ..... August

Adventure • Fantasy
6 2021 110 mins
Wrong Turn
BTS: Permission to Dance on Stage – LA
9

BTS Permission To Dance On Stage – LA 2022 ကျွန်မတို ARMY တွေ အလုအယက် မှောင်ခိုကြည့်ခဲ့ရတဲ့ ဒီ LA Concert ကြီးကို သီချင်းတွေက အစ မြန်မာဘာသာပြန်နဲ့ CM မှာ အကြည်အပြည့်အဝကြည့်ရပါတော့မယ် သီချင်းစာသားတွေကအစ ခရမ်းရောင်ကို သုံးပေးထားပါတယ်။ ကိုဗစ်ကာလနားနေခဲ့ရာမှာ ပြန်လည်စတင်ခဲ့တဲ့ BTS ရဲ့ PTD Concert တွေထဲက တစ်ခုဖြစ်ပြီး LA က ARMY ပေါင်းများစွာနဲ့ အကြီးအကျယ်ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲကြီးဖြစ်ပါတယ် သီချင်းပေါင်း များစွာကိုဖျော်ဖြေသွားတဲ့အပြင် အမှတ်တရစကားလေးတွေ ပြောသွားကြတာ အရမ်းကြည်နူးစရာကောင်းပြီး မန်ဘာ ၇ ယောက်နဲ့ ARMY တွေအတွက် မမေ့နိုင်စရာ ပျော်စရာအခိုက်အတန့်လေးတွေဖြစ်ခဲ့တာပေါ့နော် ကျွန်မတိုကိုယ်တိုင် အတူမရှိခဲ့ရပေမဲ့ ဒီပွဲဟာ ကိုယ့်အနားမှာ ဖျော်ဖြေနေသလို ခံစားရစေတဲ့အတွက် (မှောင်ခိုကြည့်ပြီးသားဆိုရင်လည်း) အမှတ်တရဒေါင်းပြီး သိမ်းထားလိုက်တော့နော် BTS ?ARMY BORAHAE!! အညွှန်းကိုတော့ Khaing Khin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM ARMY ပဲ ဖြစ်ပါတယ်။ Genre….. Music Quality…. 1080p | 720p | 480p File size… 5.78GB | 2.74GB | 1.18GB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ….. CM ARMY Encoder ….. August

Action • Adventure • Fantasy • Science Fiction
9 2022
BTS: Permission to Dance on Stage – LA
Street Flow 2

Crime, Drama ဇာတ်ကားဖြစ်တဲ့Street Flow 2 ကတော့ ဒမ်ဘာတစ်ယောက် ပြန်လည်နိုးထလာပြီး 2နှစ် အကြာကိုရိုက်ကူးထားတာဖြစ်ပါတယ် ဒမ်ဘာဟာ လက်စားချေချင်စိတ်ကို သည်းခံပြီး ကောင်းကောင်းမွန်မွန် ကြိုးစားနေထိုင်ပါတော့တယ်။ ဆူလေမန်းဟာလည်း ရှေ့နေတစ်ယောက်အဖြစ် လုပ်ကိုင်နေပြီဖြစ်ပြီး နိုမူခဲဟာလည်း ထောင်ထဲက ထွက်လာပြီး ကျောင်းပြန်တက်နေပါပြီ တရက်မှာ နိုမူခဲ ဟာ ရန်ပွဲတစ်ခုတည်းပါသွားပြီး အိမ်ပြန်မလာခဲ့ပါဘူး။ အဲ့ဒါအပြင် ရန်ပွဲထဲမှာ သေနတ်ဖောက်သံပါကြားတာကြောင့် ဒမ်ဘာဟာ အရင်က အဆက်အသွယ်နဲ့ နိုမူခဲကို လိုက်ရှာရင်း သူ့အရင်က လုပ်ဖော်ကိုင်ဘက်တွေဆီကို ရောက်သွားပါသေးတယ်။ လက်စားချေချင်စိတ်တွေ အမြဲကြီးစိုးနေတဲ့ ဒမ်ဘာတစ်ယောက် လူကောင်းလေးအဖြစ် တကယ်ပဲနေနိုင်သွားမှာလား ညီအစ်ကိုသုံးယောက် ဘယ်လိုရှေ့ဆက်ကြမှာလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ….. File size…(1.55 GB)/(875 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

0 2023
Street Flow 2
The Hours

2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ The hours ဆိုတဲ့ psychological drama အမျိုးအစားဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ တခေတ်တခါကနာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Meryl Steep , Julianne Moore နဲ့ Nicole Kidman တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ သုံးရောက်စလုံးက Oscar ဆုရရှိထားသူတွေပါ။ ဒီရုပ်ရှင်ဇာတ်ကားဟာလည်း IMDb rating 7.5 အထိရရှိထားတဲ့အပြင် Oscar ဆုတစ်ခုနဲ့အခြားဆုပေါင်းများစွာရရှိခဲ့ပါတယ်။ Oscar ဆုကတော့ Nicole Kidman က best actress ဆုကိုရရှိခဲ့တာပါ။ ဒီလောက်ဆုတွေလည်းရထားတယ်၊ rating တွေလည်းကောင်းတယ်ဆိုတော့ တကယ်ကောင်းတဲ့ကားဆိုတာငြင်းလို့မရပါဘူး။ ဒီဇာတ်လမ်းဟာ အင်္ဂလိပ်စာရေးဆရာမ Adeline Virginia Wolf ရေးခဲ့တဲ့ Mrs.Dalloway ဆိုတဲ့စာအုပ်နဲ့ ဆက်စပ်ပြီး စိတ်ကျဝေဒနာကိုခံစားနေကျရတဲ့အမျိုးသမီးသုံးယောက်ရဲ့ဘဝအကြောင်းကိုရိုက်ပြထားတာပါ။ ပထမဇာတ်ဆောင်ဖြစ်တဲ့ Virginia Wolf အနေနဲ့ Nicole Kidman ကသရုပ်ဆောင်ထားပြီး ၁၉၂၃ ခုနှစ် မှာ Mrs.Dalloway စာအုပ်ကိုစရေးနေစဉ်သူမရဲ့စိတ်ခံစားမှုအကြောင်းကိုရိုက်ပြထားပါတယ်။ Virginia Wolf ဟာသူမရဲ့လိင်စိတ်ခံယူမှုကိုစတင်နားလည်လာချိန်ဖြစ်ပြီး ဘဝအပေါ်စိတ်ပျက်မှုနဲ့ခေါင်းကိုက်ဝေဒနာကိုခံစားနေရချိန်ဖြစ်ပါတယ်။ ညီမဖြစ်သူလာလည်စဉ်အတူပါလာတဲ့တူမလေးရဲ့ သေခြင်းတရာနဲ့ပတ်သတ်ပြီးမေးတဲ့မေးခွန်းဟာသူမအပေါ်လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ဒုတိယဇာတ်ဆောင်ဖြစ်တဲ့ Laura Brown အနေနဲ့ Julianne Moore ကသရုပ်ဆောင်ထားပါတယ်။ Laura Brown မှာ သားတစ်‌ယောက်ရှိပြီးနောက်ထပ်ကိုယ်ဝန်လည်းလွယ်ထားရပါတယ်။ သူမဟာဒုတိယကလေးပင်ရတော့မည်ဆိုသော်ငြားလည်း မိမိကိုယ်ကို မိခင်ဖြင်ဖို့မလုံလောက်သေးဘူးဟုထင်ပြီးစိတ်ကျဝေဒနာကိုခံစားနေရတာပါ။ ကြံရာမရတဲ့အဆုံးသူမဘာဆက်လုပ်မလဲဆိုတာကိုတော့ဆက်လက်ခံစားကြည့်ပါ။ တတိယဇာတ်ဆောင်ဖြစ်တဲ့ Clarissa Vaughan အနေနဲ့ Meryl Steep ကသရုပ်ဆောင်ထားပါတယ်။သူမဟာ ၂၀၀၁ ခုနှစ်မှာ New York မြို့မှာနေတဲ့ထုတ်ဝေသူတစ်ယောက်ပါ။ သူမဟာ AIDS ကြောင့်သေရတော့မဲ့သူမရဲ့သူငယ်ချင်း ရစ်ချတ်ကိုစောင့်ရှောက်ပေးနေခဲ့တာပါ။ ပြီးတော့သူမဟာလည်းမိန်းမချင်းကြိုက်နှစ်သက်သူဖြစ်ပြီး တချိန်တုန်းကပတ်သတ်ခဲ့ဖူးတဲ့ရစ်ချတ်အပေါ်စွဲလန်းနေသူပါ။ ဒီရုပ်ရှင်ကပြသချင်တဲ့အဓိကအကြောင်းအရာကတော့ ကိုယ့်ဘဝကိုကိုယ့်‌ပျော်ရွှင်မှုအတွက်ရှင်သန်မလား၊သူတစ်ပါးရဲ့ပျော်ရွှင်မှုအတွက်ရှင်သန်မလားဆိုတာပဲဖြစ်ပါတယ်။ဇာတ်ဆောင်အမျိုးသမီးသုံးယောက်လုံးရဲ့ဘဝတွေကိုသေချာခံစားကြည့်ပါ၊ဒီသဘောထားကိုနားလည်ပါလိမ့်မယ်။ ပြီးတော့ဇာတ်လမ်းသွားကဘာမှသိပ်မရှိပေမဲ့ အဆုံးထိဆွဲခေါ်သွားနိုင်ပါတယ်။နောက်ခံတီးလုံးရဲ့ပံ့ပိုးမှုကြောင့်တချို့ဇာတ်ကွက်တွေဟာဆိုရင် thriller vibe ‌တောင်ရစေပါတယ်။ခံစားကြည့်ကြပါခင်ဗျာ။ File size…(2.7 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Akm

Horror • Thriller
0 2002
The Hours
Naked Fear

Naked Fear (2007) Genre – Thriller, Horror ဒွိုက်ဆိုတဲ့အရာရှိဟာ မြို့ပြောင်းလာပါတယ် သူ ပြောင်းလာတဲ့မြို့မှာ လူပျောက်တွေ အတော်များပေမဲ့လည်း ဘယ်သူမှ အဖတ်မလုပ်ကြပါဘူး။ တစ်ဖက်မှာလည်း ဒိုင်ယာနာဆိုတဲ့ကောင်မလေးဟာ နယ်မြို့လေးကနေ အလုပ်လုပ်ဖို့ဆိုပြီး မြို့ထဲကို ရောက်ရှိလာပါတယ်။ ထင်ထားသလိုမဟုတ်ပဲ အဖော်အချွတ်မယ်အဖြစ် လုပ်ကိုင်ရလို့ စိတ်ညစ်နေပေမဲ့လည်း အကြွေးတွေကြောင့် ကြိတ်မှိတ်သည်းခံနေရတာပေါ့။ ဒီလိုနဲ့ တစ်ရက်ကျ ပိုက်ဆံပိုဝင်အောင်ဆိုပြီး ဖောက်သည်လိုက်သွားရာကနေ လာခေါ်တဲ့လူက အမဲလိုက်ဝါသနာသူဖြစ်ပြီး တိရစ္ဆာန်တွေကို လိုက်ရတာ သဘောကျသူမဟုတ်ပဲ ကောင်မလေးတွေ တုံးလုံးပြေးတာကို သဘောကျနေတဲ့လူ ဖြစ်နေသောအခါ…။ (ဇာတ်ကားနာမည်အတိုင်းပါပဲ အမျိုးသမီး ကိုယ်လုံးတီးခန်းတွေ ပါဝင်သောကြောင့် ကြည့်ရှုသူများ သတိပြုစေလိုပါတယ်) File size… 3.4 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ….. Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

0 2007
Naked Fear
Seize Them!
5.1

2024 ခုနှစ်ထွက် အသစ်စက်စက် ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့လို ခေတ်ဟောင်း မင်းညီမင်းသား ဘုရင်တွေအုပ်စိုးတဲ့ခေတ်ကို နောက်ခံထားပြီး ကြိုက်တတ်တဲ့လူတွေ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်သင့်တဲ့ ဇာတ်ကောင်းကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင် ဒေဂန်ဆိုတဲ့ ဘုရင်မငယ်ငယ်လေးတစ်ယောက်ရှိပါတယ်။ တစ်ဦးတည်းသောသမီးဖြစ်ပြီး တိုင်းရေးပြည်ရေးလေး ဘာမှသေချာမသိတဲ့ မိန်းမငယ်လေးတစ်ယောက်ဖြစ်တာနဲ့အညီ ထုတ်ထားတဲ့ ဥပဒေတွေဟာလည်း ပြည်သူတွေကိုအတော်လေးအကြပ်ရိုက်နေစေခဲ့တာပါ။ အဲဒီအချိန်မှာပဲ ကြောင်သူတော်လုပ်ပြီး ပြည်သူတွေကိုကယ်တင်ဖို့ တော်လှန်တာပါဆိုပြီး ဟမ်းဘဲဂျုန်းဆိုတဲ့ အမျိုးသမီးက ဦးဆောင်ပြီးတော်လှန်တာ အောင်မြင်သွားခဲ့ပါတယ်။ ဆိုတော့ ထီးနန်းကျပြီး သတ်မှာစိုးလို့ ထွက်ပြေးသွားတဲ့ ဘုရင်မဒေဂန်ဟာ သူ့ကိုကယ်တင်ပေးမယ်ဆိုတဲ့ အိမ်နီးချင်းဘုရင် ၂ပါးဆီအကူညီတောင်းဖို့ မိုင်တစ်ရာ့လေးဆယ်ရှိတဲ့ ခရီးကို ကုန်းကြောင်းလျှောက်သွားပြီး စွန့်စားခန်းဖွင့်ပါတော့တယ်။ အဲဒီတော့ ဘယ်သူတွေက သူ့ကိုကူညီပေးမှာလဲ ဘယ်လိုလူတွေနဲ့တွေ့ပြီး ဘယ်လိုတွေဆက်ဖြစ်မှာလဲ။ သူ့ရဲ့ထီးနန်းရော ပြန်ရမှာလားဆိုတာကိုတော့ ဒီဇာတ်ကားလေးကို ဒေါင်းလုပ်ဆွဲပြီးကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ File size…(1.5 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ko Wunna

5.1 2024
Seize Them!
Guruvayoor Ambalanadayil
6.9

Guruvayoor Ambalanadayil (2024) “ရည်းစားဟောင်း” IMDb 7.0 ရထားတဲ့ အသစ်ထွက် မလေယာလမ်း ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ် သရုပ်ဆောင်တွေအဖြစ် Prithviraj Sukumaran နဲ့ Basil Joseph တို့ ဦးဆောင်ပါဝင်ပြီး ဟာသသရုပ်ဆောင် ယိုဂီဘာဘူပါ အားဖြည့်ထားတဲ့ ဒီကားလေးမှာဆိုရင် ဗီနူးဟာ တစ်ချိန်ကစွန့်ခွာသွားတဲ့ အဆက်ဟောင်းကို မေ့မရနိုင်နေ့ရက်တွေကို ဖြတ်သန်းခဲ့ရပြီးနောက်မှာတော့ ယောက်ဖလောင်း အာနန်ဒန်ရဲ့ အစ်ကိုလို၊ သူငယ်ချင်းလို ဖေးမအားပေးမှုကြောင့် သူ့ညီမ အန်ဂျလီနဲ့ လက်ထပ်မယ့်အရေး အရာအားလုံး အဆင်ပြေချောမွေ့တော့မယ့်ဟန် ရှိပေမယ့် ကံဆိုးချင်တော့ ချစ်ယောက်ဖရဲ့ ဇနီး တနည်းအားဖြင့် သူ့မရီးဟာဖြင့် သူ့ကိုသိပ်ကိုမုန်းလှချည့်ဆိုတဲ့ ရည်းစားဟောင်း ပါဗာသီဖြစ်နေတဲ့ အခါမှာတော့ … အမုန်းတရားတွေကနေ ဖြစ်လာတဲ့ မိသားစုပြဿနာတွေမှသည် ဘယ်လိုတွေဆက်ဖြစ်မလဲ ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

6.9 2024
Guruvayoor Ambalanadayil
Fake Dad
5.7

CM ချစ်ပရိသတ်တို့ကို ဟာသကားလေး မိတ်ဆက်ပေးလိုက်ပါတယ်နော်… ဒီနေ့ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ကားက အဖေအရင်းကို ဆေးကုဖို့အတွက် အဖေအတုနဲ့ မြို့ပတ် သီချင်းဆို ဖျော်ဖြေတဲ့အကြောင်းလေး ရိုက်ကူးထားတာပါ.. လူတူမရှား နာမည်တူမရှားဆိုသလိုပဲ… တစ်ခေတ်က အောင်မြင်ခဲ့တဲ့ ဟောက်လျန်အဆိုတော်ကြီးက အခုတော့ တိုက်ခန်းသေးလေးနဲ့ ဆန်ကုန်မြေလေး သားတစ်ယောက်အပြင် ဘာမှမကျန်တော့ပါဘူး… အပိုဆုလေးက ဦးနှောက်အကျိတ်ပါပဲ… ဒီတော့ သူ့သားက သူ့အဖေကို ခွဲစိတ်ပေးဖို့အတွက် ငွေရှာဖို့ကြိုးစားရင်း… နောက်ဆုံးမှာတော့ သူ့အဖေနဲ့ ရုပ်ခွဲမရအောင်တူပြီး သီချင်းဆိုကောင်းတဲ့သူကို ရှာတွေ့ခဲ့ပါတော့တယ်… ဒီလိုနဲ့ပဲ သူ့အဖေရဲ့နာမည်ကိုသုံးပြီးတော့ နယ်ပွဲတွေကို လက်ခံခဲ့ပြီး ခွဲစိတ်ခကို စုဆောင်းပါတော့တယ်… ဖျော်ဖြေရင်းကြုံတွေ့တဲ့ အလွဲပေါင်းသောင်းခြောက်ထောင်တယ်… အဖေအရင်းရယ် အဖေတုရယ် သားငတုံးရယ် ကြားက အလွဲတွေနဲ့ ဘဝအမောကို ဖြေဖျောက်ဖို့ ဒီကားလေးအတူ ကြည့်လိုက်ရအောင်နော်…

5.7 2025
Fake Dad
Tiyaan
6.4

Tiyaan (2017)”ဗျာဒိတ်” ==================== ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော ဘာသာရေး လျှို့ဝှက်သည်းဖို အက်ရှင်ရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ နာမည်ကြီး မာလျာလမ်မင်းသားတွေဖြစ်ကြတဲ့ အင်ဒရာဂျိသ်ဆူကူမာရန်နဲ့ ပရီသ်ဗီရာ့ဂျ်ဆူကူမာရန်တို့အပြင် မင်းသားကြီး မိုဟန်လာလ်ကလည်း နောက်ခံစကားပြောသူအနေနဲ့ ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ အေဒီ ၉ ရာစုလောက်တုန်းက တောင်တန်းတွေပေါ်မှာ တရားကျင့်နေတဲ့ ဂုရုကြီးတွေရဲ့ ဂုရုကြီးက သူသိထားတဲ့တရားတွေဟောဖို့ အိန္ဒိယမြောက်ပိုင်းလွင်ပြင် ကန္တာရထဲကို ဆင်းလာတယ်။ အဲဒီကန္တာရထဲမှာ သူ့အဆုံးအမကိုလိုက်နာတဲ့သူတွေရဲ့ မျိုးနွယ်တွေ နေထိုင်ကြတယ်။ ဂီရီကတော့ အဲဒီမျိုးနွယ်ထဲကဆင်းသက်လာတဲ့ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ယောက်၊ သူ့ကို တစ်ရွာလုံးက လေးစားကြတယ်။ ဘာသာပေါင်းစုံ အတူတူနေကြတဲ့ သူတို့ရွာလေးကို မဟာရှေဆိုတဲ့ဘုရားကို ကိုးကွယ်တဲ့ လူကုန်ထံတစ်ယောက်က ဘုရားကျောင်းဆောက်ဖို့အတွက်ဆိုပြီး လူမိုက်တွေနဲ့ တစ်ရွာလုံးကို ရွှေ့ခိုင်းတယ်။ ဂီရီက အဲဒီပြဿနာကို ဖြေရှင်းဖို့ကြိုးစားရင်းနဲ့ မိုဟာမက်ဆိုတဲ့ မူဆလင်လူငယ်တစ်ယောက်နဲ့အတူ ဘာသာရေးအဓိကရုဏ်းတစ်ခုထဲ အတူပိတ်မိသွားပြီး လွတ်မြောက်ဖို့ ကြိုးစားကြရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

6.4 2017 168 mins
Tiyaan
Beau Travail

ဇာတ်လမ်းက ဂျီဘူတီဆိုတဲ့ အာဖရိကနိုင်ငံမှာ ပြင်သစ်နိုင်ငံခြားသားတပ် (French Foreign Legion) ထဲက စစ်သားတွေအကြောင်း ဖြစ်ပါတယ်။ ဇာတ်လိုက်ကတော့ တပ်ရင်းမှူး Galoup (Denis Lavant သရုပ်ဆောင်)။ သူက သူ့ရဲ့ စစ်သားဘဝကို ပြန်တွေးရင်း ပြင်သစ်နိုင်ငံ Marseille မှာ မှတ်တမ်းရေးနေတဲ့ပုံစံနဲ့ ဇာတ်ကို ပြောပြတယ်။ ဂျီဘူတီမှာ သူ့ဘဝက စည်းကမ်းတင်းကြပ်ပြီး စိတ်ကျေနပ်စရာကောင်းတယ်။ သူက သူ့တပ်မှူး Bruno Forestier ကို အရမ်းသဘောကျပြီး သူ့လက်အောက်က စစ်သားတွေကိုလည်း စစ်ရေးလေ့ကျင့်မှုတွေနဲ့ တင်းတင်းကြပ်ကြပ် ထိန်းသိမ်းထားတယ်။ ဒါပေမယ့် ပြဿနာက တပ်ထဲကို Gilles Sentain ဆိုတဲ့ လူငယ်တစ်ယောက် (Grégoire Colin) ရောက်လာတာက စတယ်။ Sentain က သတ္တိရှိတဲ့သူဖြစ်တော့ တပ်မှူး Forestier ရဲ့ အာရုံစိုက်ခံလာရတယ်။ ဒါက Galoup ရဲ့ မနာလိုစိတ်ကို နှိုးဆွပြီး သူ့ရဲ့ အတွင်းစိတ်ထဲက မဖော်ပြထားတဲ့ ဆန္ဒတွေကို ပိုဆိုးသွားစေတယ်။ Galoup က Sentain ကို မသိမသာ ဒုက္ခပေးဖို့ ကြံစည်ပြီး နောက်ဆုံးမှာ သူ့ရဲ့ မနာလိုမှုက သူ့ကိုယ်သူရော Sentain ကိုပါ ပျက်စီးစေတဲ့ အကျိုးဆက်တွေဆီ ဦးတည်သွားတယ်။ ဒီဇာတ်ကားက စကားလုံးတွေ သိပ်မသုံးဘဲ ရုပ်ပုံတွေ လှုပ်ရှားမှုတွေ နဲ့ ဂီတတွေနဲ့ ခံစားချက်ကို ဖော်ပြတယ်။ အထူးသဖြင့် စစ်သားတွေရဲ့ လေ့ကျင့်ခန်းတွေက လက်တွေ့ဆန်ပြီး ဂျီဘူတီရဲ့ သဲကန္တာရှုခင်းနဲ့ ပင်လယ်ကမ်းခြေတွေက ရုပ်ရှင်ကို အိပ်မက်ဆန်တဲ့ အလှတရားမျိုး ပေးထားတယ်။ နောက်ဆုံး ဇာတ်သိမ်းခန်းမှာ Galoup ရဲ့ တစ်ကိုယ်တော် အကမျိုးက ရုပ်ရှင်ရဲ့ အထွတ်အထိပ်ဖြစ်ပြီးတော့ “The Rhythm of the Night” သီချင်းနဲ့ လုံးဝ လိုက်ဖက်နေတာပါ။ ရိုးရိုးဇာတ်လမ်းမျိုးထက် ပိုပြီး အနုပညာဆန်တာကို ဦးစားပေးတဲ့ ရုပ်ရှင်ကြိုက်ရင် “Beau Travail” က လုံးဝကြည့်သင့်တယ်။ ဒါပေမယ့် အက်ရှင်ဒါမှမဟုတ် သာမန်ဇာတ်ကွက်မျိုးမျှော်လင့်ထားရင်တော့ နည်းနည်းထူးဆန်းသလို ခံစားရနိုင်တယ်နော်။ File size…(2.5 GB)/(1.3 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

Horror • Action • Science Fiction
0 1999
Beau Travail
Cheer to Life
6

“အတွေ့အကြုံဆိုတာ ကျွန်မတိုရဲ့အမှားတွေကို လူကြားကောင်းအောင်လို သုံးနှုန်းတဲ့ ဝေါဟာရတစ်ခုပါပဲ။ အဲ့ဒီအတွေ့အကြုံလိုခေါ်နေကြတဲ့ အမှားတွေကြောင့်ပဲ ကျွန်မတိုရဲ့ဘဝဟာ ထူးခြားသွားတယ်.. တန်ဖိုးရှိသွားတယ်။ ကျွန်မတိုရဲ့အမှားတွေကြောင့် ကျွန်မတိုနာကျင်ခံစားရမယ်.. ဒါပေမယ့် အဲ့ဒီအမှားတွေကနေပဲ ကျွန်မတိုသင်ယူစရာတွေရလိုက်တယ်။ ပြင်စရာရှိတာပြင်ပြီး ရှေ့ဆက်ကြရတယ်လေ..။” ဟုတ်ပါတယ်.. တကယ်တော့ ကျနော်တိုရဲ့အတွေ့အကြုံတွေကိုပြောတဲ့အခါ ကျနော်တိုလွဲဖူးတဲ့အလွဲလေးတွေကိုလည်း ချန်ထားပြီးပြောလိုမရပါဘူး။ Viva a Vida(Cheers to Life)တဲ့ ရုပ်ရှင်နာမည်က..။ Viva a Vida ဆိုတာက ပေါ်တူဂီဘာသာစကားပါ။ အခက်အခဲတွေကိုရင်ဆိုင်ဖိုကြုံလာတဲ့အခါမှာလည်း အချင်းချင်းအားပေးစကားအနေနဲ့ Viva a Vida ဆိုပြီးပြောကြတယ်။ သူတိုရဲ့ပျော်ပွဲရွှင်ပွဲတွေ ရိုးရာအထိမ်းအမှတ်ပွဲတွေမှာလည်း ဖန်ခွက်ချင်းတိုက်တဲ့အခါ “Cheers”ဆိုတဲ့အဓိပ္ပာယ်နဲ့ သုံးကြတယ်။ ဆုတောင်းပေးတဲ့သဘောကိုလည်းဆောင်သလို အားပေးနှစ်သိမ့်ပေးတဲ့သဘောကိုလည်းဆောင်တယ်။ “ရှင်သန်နေသ၍ ပျော်ရွှင်နေပါစေ”လို အနီးစပ်ဆုံး ဗမာမှုပြုလိုရပါတယ်။ ဇာတ်လမ်းကိုပြောပြရရင် ဇာတ်လမ်းက ရိုးရိုးလေးနဲ့ဆန်းပါတယ်။ ဂျက်ဆီကာဆိုတဲ့ ဘရာဇီးနိုင်ငံသူ တစ်ကောင်ကြွက်မလေးက ရှေးဟောင်းပစ္စည်းအရောင်းဆိုင်မှာအလုပ်လုပ်နေတဲ့ အရောင်းစာရေးမလေးတစ်ဦးပါ။ သူ့ရဲ့ခံယူချက်ကတော့ရှင်းတယ်.. လူတွေကအနှေးနဲ့အမြန်ပဲ သူတိုသရုပ်မှန်တွေပေါ်လာမှာတဲ့.. ဒါကြောင့်မို တစ်ယောက်တည်းနေတာပဲကောင်းတယ်.. တစ်ယောက်တည်းအထီးကျန်နေတယ်ဆိုတာ လူကြိုက်မများသေးတဲ့ အရသာကောင်းတစ်ခုပဲတဲ့။ တစ်နေ့ကျတော့ သူတိုဆိုင်ကို ပိုလိုက်တဲ့ ရှေးဟောင်းပစ္စည်းတွေကိုစစ်ရင်း လည်ဆွဲလေးတစ်ခုကိုအမှတ်မထင်သွားတွေ့လိုက်ရတယ်။ အဲ့ဒီလည်ဆွဲလေးက သူကလေးဘဝတုန်းက သူ့အဘွားပေးခဲ့တဲ့ လည်ဆွဲလေးနဲ့ သွားတူနေတယ်။ အဲ့ဒီပစ္စည်းတွေပိုလိုက်တဲ့သူဆီ ဆက်သွယ်စုံစမ်းကြည့်တော့ သူ့ဝမ်းကွဲအစ်ကိုတော်နေမှန်းသိလိုက်ရတယ်။ အဲ့လိုနဲ့ သူတိုနှစ်ယောက် ဒီလည်ဆွဲရဲ့ရာဇဝင်ကို အတူတူပြန်တူးဆွဖိုအတွက် လည်ဆွဲပိုင်ရှင်ကိုရှာဖွေဖို အစ္စရေးနိုင်ငံအထိ ခရီးနှင်ခဲ့ကြပါတယ်။ ဟုတ်ပါတယ် ဇာတ်လမ်းက ရိုးရိုးလေးပါ။The Hero’s Journey Archetype တွေအတိုင်းပဲ ဇာတ်ကောင်တွေရဲ့ ခရီးတစ်လျှောက်မှာ ရင်သပ်ရှုမောစရာတွေ.. ရယ်စရာတွေ..နာကျင်စရာတွေ..ဝမ်းနည်းစရာတွေ..ကြုံရမယ်။ အခက်အခဲတွေကိုကျော်ဖြတ်မယ်။ ဒါပေမယ့် တခြားရုပ်ရှင်တွေနဲ့မတူတာက ဒီရုပ်ရှင်ကတော်တော်လေး လက်တွေ့ဆန်ပါတယ်။ အလွဲလွဲအချော်ချော်တွေနဲ့ ပရမ်းပတာတွေဖြစ်လေ့ဖြစ်ထရှိတာကိုလည်း သေသေချာချာကြီးပြထားတယ်။ ကျနော်တိုရဲ့ ဘဝတွေကိုပုံမှန်လည်ပတ်ဖိုကြိုးစားရင်း ကျနော်တိုရဲ့စွန့်စားလိုစိတ်တွေ တဖြည်းဖြည်းခမ်းခြောက်လာတယ်။ အဲ့လိုဖြစ်လာတဲ့အခါ အချိန်နည်းနည်းလောက် ကိုယ့်ဘာသာကိုယ်ပြန်သုံးသပ်ဖိုလိုအပ်တယ်ဆိုတာကိုလည်း ဒီရုပ်ရှင်က ပြောပြသွားပါတယ်။ နောက်ပြီး လူမှုစံနှုန်းတွေရဲ့လောင်းရိပ်အောက်ကနေ.. ရှင်သန်ပွင့်လန်းလာတဲ့ အချစ်..မေတ္တာ..သံယောဇဉ်တိုအကြောင်းကိုလည်း ပါးပါးလေးမြင်ရပါလိမ့်မယ်။ ကျနော်တို ဘယ်လိုလူတွေလဲဆိုတာကို သတ်မှတ်ပေးနေတာက ကျနော်တိုဘာတွေလုပ်ခဲ့လဲဆိုတဲ့အရာတွေပါပဲ။ ကျနော််တို ဖန်တီးပြုလုပ်လိုက်တဲ့အရာတွေကပဲ ကျနော်တိုရဲ့အနာဂတ်ကိုပုံဖော်သွားပါလိမ့်မယ်။ ဒီလို Random(ဖြစ်ချင်တိုင်း)ဖြစ်နေတဲ့ လောကကြီးရဲ့ အဖြစ်အပျက်တွေတိုင်းမှာ သူ့ရည်ရယ်ချက်နဲ့သူရှိပါတယ်။ “လူတွေက သူတိုဘယ်ကနေလာခဲ့လဲဆိုတာကိုတောင်မသိရင် သူတိုဘယ်ကိုဆက်သွားရမလဲဆိုတောကို ဘယ်လိုလုပ်ပြီးသိနိုင်တော့မှာလဲ..။ ကျွန်မတိုရဲ့ အတိတ်ကိုကောင်းကောင်းကြီးနားလည်ထားမှသာ ကျွန်မတိုရဲ့ အနာဂတ်ကို ခပ်ရေးရေးမြင်နိုင်မှာမလား..။” ( အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Hein Kyaw ဖြစ်ပါတယ်) File Size… (1.61 GB) / ( 938 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 44m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Pyae Hein Kyaw

Action • Horror • Thriller
6 2024
Cheer to Life