YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Cyber.Vaar.S01E06.1080p.VOOT.WEB.DL.AAC5.1CH.Hindi(CM).mp4

386.34 MB N/A video/mp4 174 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Control
5.6

~ Rotten Tomatoes - 71% ~ သိပ္ပံကားတွေ စူပါပါဝါကားတွေကို ကြိုက်တဲ့သူတွေ အကြိုက်တွေ့မယ့် ကားလေးပါ။ Thriller ဆန်ဆန်လည်း ရင်တသိမ့်သိမ့်တုန်ရသလို မင်းသမီးကလည်း ဝိုဗာရင်းထဲက ကလေးမလေးရုပ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဘတ်ဂျက်သိပ်မသုံးထားပေမဲ့ အတော်လေးဆန်းပြီး လှပအောင်ရိုက်ပေးထားပါတယ်။ စူပါပါဝါကားပေမဲ့ Saw လိုလို ဘာလိုလိုနဲ့ ရင်ဖိုစရာလည်း တော်တော်ကောင်းပါတယ်။ စိတ်နဲ့ အရာဝတ္တုတွေကို ထိန်းချုပ်နိုင်တဲ့ စူပါပါဝါရှိတဲ့ မိန်းမတစ်ယောက်ရှိတယ်။ သူ့မှာ အဲဒီအစွမ်းရှိလို့ ရှိမှန်းတောင် သူမသိရှာဘူး။ ဒီလိုနဲ့ သူ့ကို အခန်းတစ်ခန်းထဲထည့်ပြီး မလုပ်နိုင်ရင် သူ့သမီးကို သတ်မယ်လို့ ခြိမ်းခြောက်ပြီး အမျိုးမျိုး စမ်းသပ်တယ်။ ခုံမှာ သံကြိုးနဲ့ချည်ပြီး ခဲတံကို ချိုးခိုင်းတာတို့ ဘာတို့ပေါ့။ အဲဒီလိုစမ်းသပ်ခံရရင်း သူ့အစွမ်းက ကြီးသည်ထက်ကြီးလာတာပါပဲ။ ဒီလိုနဲ့ သူ့အစွမ်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်လာတဲ့အခါမှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 924MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Drama
5.6 2022 89 mins
Control
Give Me Five
4.8

မိန်းမသေဆုံးသွားပြီးနောက် မုဆိုးဖိုဘဝနဲ့ သားဖြစ်သူကို စောင့်ရှောက်ပြီးနေထိုင်လာခဲ့တဲ့အပြင် လွယ်လွယ်နဲ့ မှတ်ဉာဏ်တွေကို မေ့ပျောက်တတ်သည့် အယ်ဇိုင်းမားရောဂါကို ခံစားနေရသူ - ဝူဟုန်ချီ(လောင်ဝူ) ❏ မိခင်သေဆုံးပြီတဲ့နောက် ဖခင်နှင့်အတူ သဘောထားကွဲလွဲမှုများစွာနဲ့နေထိုင်လာခဲ့ပြီး ဖခင်ဖြစ်သူကို စောင့်ရှောက်လာခဲ့သူ - ရှောင်ဝူ တစ်နေ့မှာတော့ အယ်ဇိုင်းမားရောဂါကို ခံစားနေရသူ လောင်ဝူဟာ အသိစိတ်မဲ့ပြီး မြစ်ထဲကို ခုန်ချခဲ့ရာမှ အစပြုကာ ဆေးရုံကို တင်လိုက်ရပါတော့တယ် ဖခင်ရဲ့ ဆေးရုံစရိတ်တွေကို ပေးဆောင်ဖို ဖခင်သိမ်းဆည်းထားတဲ့ ဘဏ်စာအုပ်ကို ရှာဖွေရင်း မတော်တဆ မိခင်ဖြစ်သူရဲ့ ဒိုင်ယာရီစာအုပ်ကိုတွေ့ရှိသွားခဲ့ပါတယ် အဲဒီအချိန်မှာပဲ ရှောင်ဝူတစ်ယောက် ထူးဆန်းစွာနဲ့ ၁၉၈၀ ခုနှစ် အချိန်ကို အချိန်ခရီးသွားခဲ့ပြီး ဖခင်ဖြစ်သူနဲ့ မိခင်ဖြစ်သူတို ပထမဦးဆုံးအကြိမ် တွေ့ဆုံမှုကို နှောင့်ယှက်မိခဲ့ပါတယ် သူနှောင့်ယှက်မိခဲ့တဲ့ လွဲမှားမှုကိုပြန်လည်ပြင်ဆင်ဖိုအတွက် အတိတ်ကိုပြန်သွားဖို ကြိုးစားတဲ့အခါမှာတော့ - ❏ ဘာထူးဆန်းမှုတွေများထပ်ဖြစ်ကြမှာလဲ? ❏ သူနှောင့်ယှက်ခဲ့မိတဲ့ ဖခင်နဲ့မိခင်တိုရဲ့ လွဲမှားမှုကိုရော သူပြင်ဆင်ပေးနိုင်ပါ့လား? ဆိုတာ ဟာသနှောပြီး ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်ရှင် ဟာသကားလေးဖြစ်တာမိုစိတ်ညစ်နေတဲ့ အချိန်လေးမှာ ကြည့်ရှုဖို တိုက်တွန်းလိုက်ရပါတယ်ရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 480p,1080p Format : mp4 Genres : Comedy, Romance, Drama, Science Fiction Duration : 1hr 52min per Episode Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy • Drama • Romance
4.8 2022 112 mins
Give Me Five
19(1)(a)
6

IMDB Rating မှာ 6.1 ရထားပြီး လူကြိုက်များတဲ့တောင်ပိုင်းမင်းသား ဗီဂျေးဆီသူပသီရဲ့ မာလာရာလမ်း ဘာသာစကားပြောရုပ်ရှင်လေးတစ်ပုဒ် တင်ဆက်ဖို့အချိန်ရောက်လာခဲ့ပြန်ပါပြီခင်ဗျာ။ ဇာတ်လမ်းအကျဉ်း မြို့လေးတစ်မြို့မှာ အထီးကျန်စွာနေနေရတဲ့ သားအဖနှစ်ယောက် သမီးဖြစ်သူက မိတ္ထူဆိုင်လေးဖွင့်ထားပြီး ဖခင်ဖြစ်သူက အငြိမ်းစားယူပြီးရိုးရှင်းလှတဲ့ဘဝကို ဖြတ်သန်းနေတဲ့အချိန်၊ သူတို့နိုင်ငံမှာက မီဒီယာနဲ့စာနယ်ဇင်းဖိနှိပ်မှုတွေများလာပြီး စာပေနယ်က စာရေးဆရာတွေ အသတ်ခံနေရတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးမှုလှိုင်းလုံးတွေသူတို့အပေါ်ရိုက်ခတ်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်မယ်ဆိုတာ ရုပ်ရှင်ထဲမှာဆက်လက်စီးမျောခံစားပေးပါ။ ဇာတ်အိမ်ခိုင်မှု့ကတော့ မာလာရာလမ်းကားမို့အပြစ်ပြောစရာမရှိသလောက်ပါပဲဗျာ။ File size…1.57GB /737MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 47min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo & Hoeney & Kevin

Crime • Drama • Thriller
6 2022 107 mins
19(1)(a)
The Channel
7.2

The Channel (2023) ~ Rotten Tomatoes - 67% ~ Crime, Thriller အမျိုးအစားကိုမှ ညီအကို မိသားစုသံယောဇဉ်တွေနဲ့ ဒရာမာပါးပါး ရောထည့်ထားတဲ့ Action ဇာတ်ကြမ်းတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ New Orleans မှာ အခြေတည်ပြီး ရိုက်ထားတာပါ။ ဂျိမ်းနဲ့ မစ်တို့ ညီအကို ၂ယောက်က Irish Channel မှာ ကြီးပျင်းခဲ့ပြီး အမေရိက မရိန်းတပ်ဖွဲ့က စစ်သားဟောင်းတွေဖြစ်ပါတယ်။ ဂျိမ်းက ဉာဏ်ပြေးပြီး ဆင်ခြင်နိုင်တဲ့ ညီဆိုရင် မစ်ကတော့ သွေးဆူလွယ်ပြီး ထိန်းချုပ်ရခက်တဲ့ အကိုလို့ပြောရမှာပါ။ စစ်ကထွက်လာပြီးတဲ့‌‌ နောက်ပိုင်းမှာလည်း ပြစ်မှုတွေ ကျူးလွန်ထားပါတယ်။ ဂျိမ်းမှာက ‌ဘဏ်၀န်ထမ်း ဇနီး အေဗာ နဲ့ မွေးရာပါနှလုံးရောဂါသည် လသားအရွယ် သမီးလေးရှိပါတယ်။ နှလုံးခွဲစိတ်ဖို့ ကုန်ကျစရိတ်က ဈေးကြီးလွန်းတဲ့အတွက် ဘဏ်ခွဲတစ်ခုကို အဖွဲ့လိုက် ဓားပြတိုက်ရာကနေ ဇာတ်လမ်းစပါတယ်။ ဓားပြတိုက်တာက ထင်သလိုဖြစ်မလာဘဲ ရဲတွေရောက်လာတဲ့အတွက် ပိုက်ဆံတွေနဲ့အတူ သေလုမျောပါးထွက်ပြေးရပါတယ်။ နှစ်ဖက် အကျအဆုံးရှိပြီး အမှုက ကြီးတဲ့အတွက် New Orleans ရဲတပ်ဖွဲ့နဲ့ FBI နှစ်ဖွဲ့ပေါင်းပြီး တရားခံတွေကို ဖမ်းဖို့ စီစဉ်ပါတော့တယ်။ FBI ရဲ့ အထူးအေးဂျင့် ရော့စ်က သတင်းပေးသူဆီကနေ ညီအကို ၂ယောက်အကြောင်းသိရပြီး ဆက်လက်စုံစမ်းရင်း စစ်သားဟောင်းတွေဆိုတာပါ အကြောင်းစုံသိသွားပါတယ်။ တစ်ဖက်မှာလည်း ညီအကို ၂ယောက်နဲ့ အေဗာတို့ ထွက်ပြေးကြရင်း ဒေါသမထိန်းနိုင်တဲ့ အကို မစ်ကြောင့် ဂန်းစတားတွေပါ ပါလာပြီး ပိုရှုပ်လာတဲ့အခါ သူတို့ ၃ယောက်လုံး FBI လက်က လွတ်မြောက်နိုင်မလား... ဘယ်လို အလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာကို Nonstop Action ခန်းတွေနဲ့ မျက်တောင်မခတ်တမ်း အားပေးရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 810MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 35Min Genre - Action, Crime, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Comedy • Romance
7.2 2023 101 mins
The Channel
[18+] Role Play
5.6

စာရေးဆရာတစ်ယောက်ရဲ့ စိတ်ကူးယဉ်မှုနဲ့ သဝန်တိုတတ်တဲ့ မိန်းမအကြောင်းကို ရိုက်ကူးပြထားတဲ့ အကောင်းစား ကိုရီးယားဇာတ်ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့… ပါမောက္ခစာရေးဆရာကြီး ဂျောင်ဟို ဟာ စာရေးရင်းနဲ့ စာအုပ်ထဲကအကြောင်းတွေကို အိပ်မက်ဆိုးတွေအဖြစ်မက်နေခဲ့တဲ့ သူတစ်ယောက်ပါ တစ်နေ့ သူ့မိန်းမ အလုပ်လုပ်တဲ့ ကောလိပ်ကို လိုက်သွားရင်းနဲ့ ကျောင်းသူလေးတစ်ယောက်ကို တွေ့ရင်း စွဲလန်းမိသွားပါတော့တယ် အဲဒီကျောင်းသူလေးက သူ့အိပ်မက်ထဲမှာ မက်နေတဲ့ ကောင်မလေးဖြစ်နေပြီး ကျောင်းသူလေးကိုယ်တိုင်ကလည်း သူ့ရဲ့ ပရိသတ်အကြီးစားကြီးဖြစ်နေပါတယ် အဲဒီလိုနဲ့ ကျောင်းသူလေးက သူ့အိမ်ကိုလက်မှတ်ထိုးခိုင်းဖို့ ရောက်လာပါရော သူမရှိတဲ့အချိန်ဖြစ်နေလို့ သူ့မိန်းမနဲ့တွေ့သွားတာကနေ သူ့မိန်းမကလည်း မယုံသင်္ကာတွေဖြစ်လာပေါ့ အဲဒီလိုနဲ့ တစ်နေ့ သူ့မိန်းမ ကျောင်းကနေ ခွင့်ယူပြီးအိမ်ပြန်လာတဲ့အချိန် အိမ်မှာ အဲဒီကောင်မလေးနဲ့ သူ့ယောကျာ်းရှိနေတာကိုတွေ့သွားတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ကောင်မလေးကရော ပါမောက္ခကြီးရဲ့ အလိုကိုလိုက်ရောမှာလား သူ့မိန်းမကရော ဘယ်လိုတွေလက်စားချေချင်နေလဲ သူမက်တဲ့အိပ်မက်ဆိုးတွေကဘာများဖြစ်မလဲ ဇာတ်လမ်းတစ်ခုလုံးက ဝတ္ထုပဲလား တကယ်ဖြစ်နေတာလားဆိုတာကိုတော့ တစ်ယောက်တည်းမကြည့်ဘဲ ၁၈ယောက် တိုင်တိုင်ပင်ပင် အဖြေရှာရင်း ကြည့်ပြီးခံစားလို့ကောင်းမဲ့ ကားကောင်းလေးတစ်ကားမို့ တင်ဆက်ပေးလိုက်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။

Drama • Romance
5.6 2012
[18+] Role Play
Curry & Cyanide: The Jolly Joseph Case
6

Curry & Cyanide – The Jolly Joseph Case (2023) ကူဒါသာရီဆိုင်ယာနိုဒ်လူသတ်မှု IMDb – 6.7/10 Documentary ဇာတ်လမ်းတွေကို သဘောကျတဲ့CMပရိသတ်တို့အတွက် အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ၂၀၁၉ ခုနှစ်က Koodathayi Cyanide Killings(ကူဒါသာရီဆိုင်ယာနိုဒ်လူသတ်မှု)ဆိုပြီး အိန္ဒိယတစ်ခွင်မှာ ဖိန့်ဖိန့်တုန်သွားစေတဲ့ Netflixဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ပြည်သူတွေကြားမှာ ဟိုးလေးတကျော်ဖြစ်ပြီး အတော်လေးဂယက်ရိုက်သွားတဲ့အတွက် ဒီအကြောင်းကို ဇာတ်လမ်းတွဲတွေ ရုပ်ရှင်တွေ ရိုက်ကူးထားတာတွေရှိခဲ့ပေမဲ့ အခုတစ်ခါမှာတော့ မတူညီတဲ့ပုံစံနဲ့တင်ဆက်ထားတဲ့ Netflix version လေးကို ရှုစားကြည့်ကြပါဦး။ 2019 ခုနှစ် အောက်တိုဘာလ နံနက်ခင်းဝေလီဝေလင်းအချိန်၊ အိမ်တိုင်းမှာ လူတိုင်းတောင်မနိုးထသေးတဲ့ ဒီအချိန်မှာ ကူဒါသာရီဆိုတဲ့မြို့လေးမှာတော့ ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ရပ်ကြီး ဖြစ်သွားပါတယ်။ လူအများကလေးစားရတဲ့ လူတိုင်းနဲ့အဆင်ပြေတဲ့ နည်းပညာတက္ကသိုလ်က ဆရာမတစ်ယောက်ဖြစ်တဲ့ ဂျိုလီဂျိုးဆပ်ဆိုတဲ့အမျိုးသမီးဟာ သူ့ရဲ့မိသားစုဝင် ၆ ယောက်ကို Cyanide လို့ခေါ်တဲ့ အဆိပ်ပြင်းတစ်မျိုးနဲ့ သတ်ခဲ့တဲ့ လူသတ်တရားခံအဖြစ်နဲ့ ရဲဘက်က လာရောက်ဖမ်းဆီးသွားခဲ့လို့ပါပဲ။ မီဒီယာထုံးစံအရ ဒီလိုအမှုဖြစ်ပြီဆိုတာနဲ့ သတင်းသမားတွေက အမှန်တရားနဲ့ ကောလာဟလကိုရောယှက်လို့ ကိုယ့်ရဲ့ထင်မြင်ချက်တွေပါစွက်ပြီး သတင်းတွေဖောင်းပွအောင်ရေးကြတော့တာပါပဲ။ ဂျိုလီဟာ လေးစားအပ်တဲ့ သဘောကောင်းတဲ့ အမျိုးသမီးလို့ ပြောသူကပြော၊ ပြည့်တန်ဆာအလုပ်နဲ့ဆက်စပ်နေတယ်ပြောသူကပြောနဲ့ အမှားကအမှန် အမှန်ကအမှားဖြစ်အောင် တစ်စိတ်ကိုတစ်အိတ်လုပ်နေကြတာပေါ့။ ဒါပေမဲ့ လူတွေပြောနေတဲ့ ဂျိုလီဂျိုးဆပ်ဆိုတဲ့ ဒီအမျိုးသမီးကဘယ်သူလဲ။ ၂၀၀၂ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၁၄ နှစ်တာကာလအတွင်းမှာ ၂ နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် ကိုယ့်ရဲ့မိသားစုဝင် ၆ ယောက်တိတိကို သူတကယ်ပဲ‌ သွေးအေး‌စွာနဲ့ သတ်ဖြတ်ခဲ့တာလား။ အမှန်တော့ ဂျိုလီက ကတ္တပန်နာဆိုတဲ့မြို့လေးက လယ်သမားမိသားစုမှာ ကြီးပြင်းလာခဲ့တဲ့သူပါ။ လက်လုပ်လက်စားမိသားစုမှာမွေးပေမဲ့ ဝံ့ဝံ့ကြွားကြွားနဲ့ ကျော့ကျော့လေးနေချင်တဲ့ဂျိုလီဟာ ကူဒါသာရီက လူရိုသေရှင်ရိုသေမိသားစုဖြစ်တဲ့ ပူနာမာတမ်မိသားစုရဲ့ချွေးမဖြစ်လာဖို့ သူဟာ MComဘွဲ့ရပညာတတ်ဖြစ်တယ်လို့ လိမ်လည်ပြီး မျက်နှာကောင်းရဖို့လုပ်ပါတော့တယ်။ ဒီလုပ်ကြံထားတဲ့ MComဘွဲ့ကပဲ သူ့ကို ပူနာမာတမ်ရဲ့သားကြီးဖြစ်တဲ့ရွိုင်နဲ့နီးစပ်နိုင်ဖို့ တွန်းအားပေးခဲ့သလို လူသတ်မှု ၆ ခုစဖြစ်လာဖို့ ကနဦးအစဆိုရင်လည်းမမှားပါဘူး။ ဘာလို့လဲဆိုတော့ လက်ထပ်ပြီး အသားကျတာနဲ့ ယောက္ခမဖြစ်သူ အန်နမ်မာက MComဘွဲ့ယူထားပြီး အိမ်မှာအလကားမနေဖို့ ပညာရေးကိုတန်ဖိုးထားတဲ့မိသားစုပီပီ တတ်သိပညာကိုအသုံးချဖို့ တဖွဖွတိုက်တွန်းတော့တာပါပဲ။ ဒီဘာမဟုတ်တဲ့ ဘွဲ့လေးတစ်ခုကို လိမ်ညာတာကနေစလို့ လူသတ်မှု ၆ ခုဖြစ်ပွားခဲ့ရတဲ့ အမှိုက်ကစပြာသာဒ်မီးလောင်ပြီး လူသတ်မှုတွေအထိ ဘယ်လိုဖြစ်လာခဲ့သလဲ။ တခြားဘယ်သူတွေ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေခဲ့သလဲ။ ဘာမဟုတ်တဲ့ အလိမ်အညာလေးတစ်ခုကိုဖုံးကွယ်ဖို့အတွက်နဲ့ ပေးဆပ်လိုက်ရတဲ့တန်ကြေးတွေ ဘယ်လောက်ထိကြီးမားသွားမလဲဆိုတာ အားလုံးအတူ ရှုစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ BpL ~ Yunni ~ Alexတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

6 2023
Curry & Cyanide: The Jolly Joseph Case
Saving Grace

ဆာရာဆိုတဲ့ အမျိုးသမီးလေးက ကလေးဘ၀က နာကျင်စရာတွေနဲ့အတူ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ပေးရတဲ့ လူနာစောင့်အဖြစ်လုပ်ကိုင်နေတဲ့သူ။ စွန့်စားမှုအသစ်တစ်ခုအနေနဲ့ လူတွေတဲ့ဝေးတဲ့ ကျွန်းလေးတစ်ခုပေါ်က ဂရေ့စ်ဆိုတဲ့ အမျိုးသမီးကြီးကို သွားပြီးစောင့်ရှောက်ပေးဖို့ တာဝန်ယူလိုက်တဲ့အခါမှာတော့။ တစ်အိမ်လုံးမှာ တစ်ယောက်တည်းရှိတဲ့ ဂရေ့စ်ဆိုတဲ့အဘွားအိုကြီးက မလှုပ်မရှား ခံစားချက်မဲ့နေတဲ့အပြင် နောက်ဖေးအိမ်မှာကလည်း ဂရေ့စ်နဲ့ အမျိုးမကင်းတဲ့ သက်လတ်ပိုင်းလူကြီးတစ်ယောက်ရှိနေပြန်ရော။ စိတ်ဒဏ်ရာတွေအများကြီးနဲ့ ဆာရာတစ်ယောက် ဒီတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မှာလား။ ထိတ်လန့်စရာကောင်းလို့ လူနာစောင့်တွေ တပတ်တောင်မခံဘူးဆိုတဲ့ ဒီအိမ်လေးမှာရော ဆာရာ့ကို ဘာတွေက စောင့်မျှော်နေမှာလဲ။ ဇာတ်လမ်းနာမည်အတိုင်း ဆာရာတစ်ယောက် ဂရေ့စ်ကို ဘယ်အရာဆီက ကယ်တင်ရမှာလဲဆိုတာ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.4 GB)/(786 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2022
Saving Grace
Neighbors
6.3

Neighbors (2014) IMDb-6.3/10 Rotten Tomatoes-73% CM ပရိတ်သတ်ကြီးအတွက် 2014က ထွက်ရှိခဲ့တဲ့ ဟာသကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Seth Rogen, Zac Efron နဲ့ Rose Byrne စတဲ့ သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မက်ခ်နဲ့ ကယ်လီတို့ဟာ အခုမှကလေးရထားတဲ့ စုံတွဲလေးဖြစ်ပြီး သူတို့ရဲ့ လူငယ်ဘဝကုန်ဆုံးသွားခဲ့ပြီလို့ ခံစားနေကြရတဲ့ စုံတွဲလေးပါ ဆိတ်ငြိမ်ရပ်ကွက်လေးမှာ အိမ်လေးတစ်လုံးဝယ်ပြီး မိသားစုသုံးယောက်အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။ တစ်နေ့မှာတော့ သူတို့ ဘေးအိမ်ကို ဒယ်တာ ဆိုင်လ်ဆိုတဲ့ တက္ကသိုလ်ကလပ်က ကျောင်းသားတွေအပြုံလိုက် ပြောင်းချလာပါတော့တယ်။ မက်ခ်နဲ့ ကယ်လီတို့လည်း အနှောက်အယှက်မဖြစ်အောင် ပြောဆိုထားပေမဲ့ နေ့တိုင်း ရက်ဆက်ပါတီတွေပေးပြီး ဆူညံနေကြတာမလို့ ရဲကိုတိုင်လိုက်တဲ့ကိစ္စကနေစပြီး ဒယ်တာဆိုင်လ်အဖွဲ့ဝင်တွေနဲ့ သူတို့နှစ်ယောက်ကြားမှာ အချင်းချင်းဒုက္ခတွေပေးကြရင်း နောက်ဆုံးဘယ်ဘက်ကနိုင်သွားမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး။ File size… 1.8 GB / 921 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT

Fantasy • Comedy
6.3 2014 97 mins
Neighbors
Kill Me If You Dare

Kill me if you dare (2024) ပိတ်ရက်မှာ ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေး ကြည့်ရင်း အပန်းဖြေနိုင်ဖို့ ပိုလန်နိုင်ငံက ရိုက်ကူးပြီး Netflix က ဖြန့်ချီထားတဲ့ Romance/ Comedy ရုပ်ရှင်လေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ပိုလန်နိုင်ငံက ရိုက်ကူးတာမို့ မြင်နေကျ Hollywood ရုပ်ရှင်တွေနဲ့ ကွဲထွက်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပျော့တ်နဲ့ နာတာလီယာတို့ဟာ ရုန်းကန်နေရတဲ့ သာမန်လင်မယားတွေပါ။ ငွေကြေးလည်း မချမ်းသာသလို စားနိုင်ရုံသောက်နိုင်ရုံပါပဲ။ အိမ်ထောင်သက်ကြာပြီဖြစ်တာမို့ ယောကျ်ားက မိန်းမကို ဂရုမစိုက်နိုင်တာ၊ ပိုက်ဆံနှမြောတာ အစရှိသဖြင့် ပြဿနာအသေးအမွှားတွေတော့ ရှိပေမယ့် အဆင်ပြေတဲ့ အိမ်ထောင်ရေးတစ်ခုပါပဲ။ နှစ်ပတ်လည်နေ့မို့လို့ ညစာထွက်စားရင်း ခဲခြစ်ကံစမ်းမဲလာရောင်းတဲ့ အဘွားကြီးဆီကနေ ခဲခြစ်ကံစမ်းမဲ ဝယ်ပြီး ကံစမ်းရာကနေ ပိုက်ဆံ ၅ သန်း မဲပေါက်သွားပါတယ်။ ဒီလိုနဲ့ လင်မယား ၂ ယောက်ကြား ငွေကြေးဝင်လာပြီး တစ်ယောက်ကို တစ်ယောက်ကများ သတ်ပစ်ပြီး ပိုက်ဆံတွေ လုမလားဆိုတဲ့ သံသယတွေ ဝင်လာကြလို့ တလွဲတွေဖြစ်တာကို ဟာသတွေနဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားလေးပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.4GB | 786MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

0 2024
Kill Me If You Dare
Escape And Trace
5.8

လုချန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွာတဲ့ယာဉ်မတော်တဆမှုကိုစုံစမ်းစစ်ဆေးရာက ကွင်းဆက်အမှုတွဲအနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတစ်ခုပါ ပါလာခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်‌ရေးဂိုဏ်းရဲ့ ခေါင်းဆောင်က လွန်ခဲ့တဲ့ ၅ နှစ်က လုချန်ယာဥ်ထိန်းရဲဌာနက ဒုအဖွဲ့မှူးလီယုံဖုန်းရဲ့ ဆရာကို သတ်သွားခဲ့တဲ့သူဖြစ်နေခဲပါတယ် လီယုံဖုန်းတစ်ယောက် ယာဥ်မတော်တဆမှုရဲ့ တရားခံကို စုံစမ်းရင်း တစ်ဖက်မှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်‌ရေးဂိုဏ်းရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေချိန်မှာ သူ့သမီးရှင်းရှင်းပါ ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုအားပေးကြပါဦး

Horror • Mystery
5.8 2024
Escape And Trace
Lost Horizon
7.6

Lost Horizon (1937) ~ IMDb – 7.6/10, Rotten Tomatoes – 93% ~ James Hilton ရဲ့ Lost Horizon ဟာ စာသမားတွေနဲ့ တော်တော်ရင်းနှီးပြီးသား ပဟေဠိဆန်တဲ့နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြတဲ့ ရှန်ဂရီလာ ခေါ် ရှမ်ဘဲလားရဲ့ ရင်းမြစ်စာအုပ်ပါပဲ။ James Hilton ဟာ ဒီစာအုပ်မှာ ရှန်ဂရီလာဆိုတဲ့ တိဘက်က လျှို့ဝှက် လားမားကျောင်းတော်တစ်ခုကို ဖန်တီးခဲ့တယ်။ ဒီစာအုပ်ကိုပဲ မောင်ထွန်းသူက ရှန်ဂရီလာဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ခဲ့ဖူးတယ်။ မင်းသိင်္ခကလည်း စနေမောင်မောင်တို့ မဟာမြိုင်ခရီးသည်တို့ထဲ ခဏခဏယူသုံးခဲ့ဖူးတယ်။ ဘယ်တစ်အုပ်ထဲလဲတော့ မမှတ်မိပေမဲ့ ဒီ Lost Horizon ရဲ့ ဇာတ်ကို တစ်ထပ်တည်းနီးပါးတူအောင် ဦးကျော်ဒွန်း ဘုရားရှိခိုးစာအုပ်ရေးနည်းနဲ့ ရေးထားတာလည်းရှိတယ်။ တခြားရေးတဲ့သူတွေလည်း များပါတယ်။ ဆိုတော့ ရှမ်ဘဲလား ရှန်ဂရီလာဘာညာက ကျွန်တော်တို့နဲ့ တော်တော်ရင်းနှီးပြီးသားအရာပါပဲ။ Lost Horizon ကတော့ အဲဒီရှန်ဂရီလာရဲ့ မူလဇစ်မြစ်ပေါ့။ ငယ်ငယ်ကတော့ မောင်ထွန်းသူ ဘာသာပြန်တဲ့ ရှန်ဂရီလာက ကျွန်တော့်အကြိုက်ဆုံးဘာသာပြန်စာအုပ်တွေထဲပါဖူးတယ်။ အခုပြန်ဖတ်တော့လည်း အရင်တုန်းက မတွေးမိတဲ့အတွေးတွေတွေးမိပြီး ပိုတောင်ကြိုက်နေမိပြန်တာပါပဲ။ အရင်က အဓိကကြိုက်တာကတော့ ဇာတ်ကောင် ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုပဲ။ အဲဒီတုန်းကတော့ ကျွန်တော့်မှတ်စုစာအုပ်ထဲ ကွန်ဝေးပြောခဲ့တဲ့စကားကို မှတ်ထားခဲ့ဖူးတယ်။ ဒီစာအုပ်မှာ ထင်နေတဲ့ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကို ပေါ်လွင်တဲ့ စကားပေါ့။ “တကယ်လို့ပေါ့လေ ငါ့အတွေ့အကြုံမျိုးသာ မင်းမှာရှိနေမယ်ဆို လူ့ဘဝမှာ အသက်သာဆုံးဖြစ်အောင် ဘာမှမလုပ်ဘဲနေမှဖြစ်မယ့် အချိန်အခါမျိုးတွေ ရှိတတ်တယ်ဆိုတဲ့ သဘောကို မင်းနားလည်မှာပါ။ ဖြစ်ချိန်တန်တဲ့အခါမှာ ဖြစ်စရာ အကြောင်းတွေဟာ ဖြစ်လာတတ်တယ်။ မင်းကြိုက်ကြိုက် မကြိုက်ကြိုက် ဖြစ်မှာပဲ။ မင်းဘာမှလုပ်လို့မရဘူး။ အဲဒီလိုအခါမျိုးကတော့ သူ့ဘာသာသူ ဖြစ်ချင်တာဖြစ်ပါစေ‌တော့ ဆိုပြီး လွှတ်ပေးထားရတယ်။ ကမ္ဘာစစ်ကြီးရဲ့ အဖြစ်ဟာ ဒီသဘောပဲ။ အေး တစ်ခုတော့ရှိတယ်။ တို့ အခုကြုံနေရသလိုပေါ့။ ကိုယ်ကြုံနေရတဲ့ အဖြစ်အပျက်အသစ်အဆန်းနဲ့ထိတွေ့မှုက မသာယာမှုကို အထိုက်အလျောက် သက်သာအောင်လုပ်ပေးတယ် ဆိုရင်တော့ ဒါကံကောင်းတယ်လို့ပြောရမှာပဲ” တဲ့။ ရုပ်ရှင်မှာတော့ ဒီဒိုင်ယာလော့ကိုတော့ ထည့်မပြောသွားပေမဲ့ လေယာဉ်ပြန်ပေးဆွဲခံရတဲ့အချိန်မှာ ကွန်ဝေးက ဘာမှမှလုပ်မရတာ ဆက်အိပ်ကြတာပေါ့ ဆင်းမှနှိုးဆိုပြီး ပြောသွားပြီး ကွန်ဝေးကို ဒီလိုအမြင်စရိုက်မျိုး ရှိတဲ့သူဆိုတာကိုတော့ ပုံဖော်သွားခဲ့တယ်။ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုတော့ စာအုပ်က စကားလုံးတွေမသုံးဘဲ အပြုအမူတွေနဲ့ ပုံဖော်သွားလို့ စာအုပ်နဲ့မကွဲလွဲသွားဘူး။ သူ့စိတ်နေစရိုက်ကလည်း ဒီဇာတ်ရဲ့ အဓိကကျတဲ့အရာပဲမို့ ကွဲလွဲလို့လည်း မဖြစ်နေဘူး။ ဒါပေမဲ့ ရုပ်ရှင်နဲ့ဝတ္တုရဲ့ကွဲလွဲချက်က တော်တော်တော့များတယ်။ ရှန်ဂရီလာကိုရောက်သွားတဲ့ သူတို့အုပ်ကလည်း ၄ယောက်မဟုတ်ဘဲ ၅ယောက်ဖြစ်သွားသလို ကွန်ဝေးရဲ့ အရေးပါပုံကိုလည်း ပိုထင်ရှားအောင်လုပ်ပြသွားတယ်။ နောက် စာအုပ်ထဲ ကွန်ဝေးနဲ့အတူတူ ရှန်ဂရီလာက ပြန်သွားခဲ့တဲ့လူနေရာမှာ စာအုပ်ထဲတော့ သူ့လုပ်ဖော်ကိုင်ဖက်သက်သက်ပေမဲ့ ဒီမှာတော့ သူမပြန်ချင်ပေမဲ့ သူ့ညီကို စိတ်မချလို့ လိုက်ပြန်လိုက်တဲ့ပုံဖြစ်အောင်လုပ်ချင်တဲ့ အချက်ကြောင့်လားမသိ သူ့ညီ ဂျော့ကွန်ဝေးဆိုပြီး ပြောင်းပစ်ခဲ့တယ်။ ပြောရရင် ရှန်ဂရီလာကိုရောက်သွားတဲ့လူတွေက စာအုပ်ထဲရော ဒီကားရော ၁၉၇၃ကားမှာရော မတူဘူး။ စာအုပ်ထဲမှာ သူတို့ရှန်ဂရီလာက ထွက်လာပြီးနောက်ပိုင်း ကြုံခဲ့ရတဲ့လမ်းခရီးကို မပြောပြထားပေမဲ့ ရုပ်ရှင်ထဲတော့ အဲဒီလမ်းခရီးကို သရုပ်ဖော်ထားခဲ့တယ်။ ကွဲလွဲသွားတာတွေ များပေမဲ့ သူ့အနှစ်သာရတော့ မပျက်သလို ရုပ်ရှင်အနေနဲ့လည်း တော်တော်ကြည့်လို့ကောင်းတဲ့ထဲပါနေတယ်။ စာအုပ်မှာမပါတာတွေကိုတောင် ဖြည့်စွက်ပေးထားတယ်။ ဒီလိုဇာတ်မျိုးကို ရိုက်ရတာက တော်တော်အန္တရာယ်များမှာပေမဲ့လည်း ၁၉၃၇ဗားရှင်းကို ရိုက်တဲ့လူက It’s a Wonderful Life တို့၊ It Happened One Night တို့ကို ရိုက်ခဲ့တဲ့ Frank Capraဆိုတော့လည်း ဒီလောက်ကောင်းနေတာ မဆန်းသလိုလိုပါပဲ။ Best Picture အထိပါ အော်စကာဆန်ခါတင်ဝင်ခဲ့သလို Academy Award for Best Film Editing နဲ့ Academy Award for Best Art Direction ဆုတွေကို ရရှိခဲ့တယ်။ တခြား၅ဆုလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ရှန်ဂရီလာဆိုတဲ့ တိဘက်က တောင်တွေပတ်လည်ဝိုင်းနေတဲ့ ကမ္ဘာကြီးကနေ ကွယ်ဝှက်ထားတဲ့နေရာကို ရောက်သွားတဲ့လူတွေအကြောင်းပါပဲ။ ဗမာဝတ္တုတွေမှာတော့ ရှန်ဂရီလာကို အထက်လမ်းပညာတွေနဲ့ ချိတ်ဆက်ပြတတ်ပေမဲ့ ဒီမူရင်း ရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ကတော့ တော်တော်လေး လှပတယ်။ ဒီထဲမှာ ရှန်ဂရီလာကိုတည်ထောင်ခဲ့တဲ့ ဖာသာပါးရော့က ရှန်ဂရီလာကို သူဘာလို့ တည်ဆောက်ခဲ့လဲ ရှင်းပြသွားခဲ့တာမှာ ငြိမ်းချမ်းရေးနဲ့ အနုပညာဆီကိုပဲ ဦးတည်နေခဲ့တယ်။ ရုပ်ရှင်ရော စာအုပ်ရောထွက်တဲ့အချိန်တွေမှာ ဒုတိယကမ္ဘာစစ်မစသေးသလို နျူလည်းမပေါ်သေးပေမဲ့ ဖာသာပါးရော့ပြောတဲ့စကားတွေမှာ ဒဲ့တော့ မဟုတ်ပေမဲ့ နျူလိုလက်နက်အထိ ပေါ်လာပြီး ကမ္ဘာကြီးစုတ်ပြတ်သတ်သွားနိုင်၊ စာအုပ်တွေ အနုပညာလက်ရာတွေ ယဉ်ကျေးမှုတွေ ပျက်စီးသွားနိုင်တဲ့ အကြောင်းပါခဲ့တယ်။ (စာအုပ်ထဲတော့ ရှေးက ပျက်စီးသွားခဲ့ဖူးတဲ့ စာအုပ်တစ်ချို့ကို ထည့်ပြောထားပေမဲ့ ရုပ်ရှင်ထဲတော့ ဘာရယ်လို့ထည့်မပြောထားဘူး) ပထမကမ္ဘာစစ်နဲ့ မဝေးတဲ့ကာလဆိုတော့ ပထမကမ္ဘာစစ်အခြေအနေကိုကြည့်ပြီး စာရေးဆရာမှန်းချလိုက်တာလည်း ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ဖာသာပါးရော့က ကမ္ဘာကြီးစုတ်ပြတ်သတ်သွားပြီးတဲ့နောက် အချိန်တန်လို့ အာဏာရှင်တွေ သူ့ဇာတ်နဲ့သူသိမ်းသွားတဲ့အခါ ကမ္ဘာကြီးက လောကအသစ်ကိုစရှာတဲ့အခါ ပျက်စီးသွားတဲ့ အနုပညာလက်ရာတွေ ယဉ်ကျေးမှုတွေဟာ ကမ္ဘာကြီးကနေဝှက်ထားတဲ့ သူတို့ရှန်ဂရီလာမှာ ကျန်နေအောင် လုပ်ချင်ခဲ့တယ်။ အဲဒီလိုရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ဟာ တော်တော်လေးလှပခဲ့တယ်။ နောက် ရှန်ဂရီလာက လူတွေက တရားဆိုတာထက် မဇ္စိုမပဋိပဋာကို ကျင့်ကြံကြပုံကို ပြောပြထားတာလည်း သဘောကျချင်စရာပါပဲ။ ကွန်ဝေးရဲ့ စိတ်နေစရိုက်နဲ့ ရှန်ဂရီလာရဲ့ အတွေးအခေါ်က ထပ်တူနီးပါးဖြစ်နေတယ်။ ဒါပေမဲ့ အေးချမ်းမှုနဲ့ အနုပညာပဲရှိတဲ့နေရာဆိုတာ လူတိုင်းအတွက် သည်းခြေကြိုက်မဟုတ်လောက်တော့ ကွဲလွဲကြတာတွေကို ပြထားတယ်။ ရုပ်ရှင်ရဲ့အဆုံးသတ်မှာ ဆာဂိုင်းစဖို့ဒ်က ကျုပ်တို့အားလုံး ကျုပ်တို့ရှန်ဂရီလာကို ရှာတွေ့ဖို့ မျှော်လင့်တယ် လို့ ပြောရင်း အဆုံးသတ်သွားခဲ့တယ်။ ဖာသာပါးရော့ပြောသလိုဆို အားကြီးတဲ့လူတွေ အချင်းချင်းဝါးမျိုပြီးတဲ့အခါ လူတွေရဲ့ ကျင့်ဝတ်တရားက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်လာတဲ့အခါ လူကောင်းတွေက ကမ္ဘာကြီးကို အမွေခံကြလိမ့်မယ်တဲ့။ အဲဒီအခါမှာတော့ ကျွန်တော်တို့ ရှန်ဂရီလာကို ကျွန်တော်တို့ရောက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.7GB, 1.45GB Quality – BluRay 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 2H 12Min Genre – Adventure, Drama, Fantasy, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 1937
Lost Horizon
Unbreakable
7.3

Unbreakable (2000) IMDb Rating (7.3) / Rotten Tomatoes (70%) Mr.glassဆိုတဲ့လူကိုကြားဖူးကြလားဗျ မကြားဖူးသေးရင်တော့2019 ဇန်နဝါရီလရဲ့ပထမအပတ်မှာရုံတင်တော့မယ့် Glass ကိုသွားကြည့်ရင် အဆင်ပြေလှမှာမဟုတ်ပါဘူး။ Mr.glassဆိုတာ Osteogenesis Imperfecta လို့ခေါ်တဲ့ အရိုးကြေမွလွယ်ရောဂါဖြစ်နေတဲ့လူမမာလေးပါ။ ငယ်ငယ်ထဲကဆေးရုံမှာပဲကြီးပျင်းလာတာဖြစ်ပြီး သူ့အမေ ယူယူလာပေးတဲ့ ကာတွန်းစာအုပ်တွေနဲ့သာကြီးပျင်းလာတဲ့ကလေးလေးတစ်ယောက်ပါ။ ခန္ဓာကိုယ်ကိုသိပ်မသုံးနိုင်တဲ့သူ့ရဲ့ ဦးနှောက်ဟာအစွန်းတစ်ဖက်ရောက်တဲ့အထိစွမ်းဆောင်ရည်ရှိနေပါတယ်။ သူအဲ့ဦးနှောက်ကိုပြန်အသုံးချဖို့တော့ကာတွန်းစာအုပ်တွေကလွဲပြီးမရှိခဲ့ပါဘူး။ ကလေးဘဝကလုပ်ဆောင်နိုင်စွမ်းတွေဟာအသက်ရလာတာနဲ့အတူပိုပိုပြီးတိုးလာခဲ့ပါတယ်။ သူ့ကိုယ်သူဘယ်သူလဲဆိုတာလည်းအရမ်းရှာချင်ခဲ့ပါတယ်။ အရွယ်ရောက်လာတာနဲ့အမျှသူ့ကိုယ်သူရှာတဲ့ကိစ္စကလည်းပိုပြီးတွင်ကျယ်လာခဲ့ပါတယ်။ ကာတွန်းစာအုပ်တွေထဲကလိုပဲ သူ့ရဲ့အစွန်းတစ်ဖက်ကိုသူရှာခဲ့ပါတယ်။ Dunnလို့ခေါ်တဲ့လူအာဂဟာ အယောက်၁၃၁ယောက်ကိုသေသွားစေတဲ့ ရထားမတော်တဆမှုမှာခြစ်ရာမထင်ပဲကျန်ခဲ့ပါတယ်။ အိမ်ထောင်ရေးအဆင်မပြေတဲ့ပုံမှန်အခြေခံလူတန်းစား Dunn ဟာ အဲ့အဖြစ်အပျက်တွေဖြစ်ပြီးသိပ်မကြာခင်မှာပဲ လူထူးဆန်းတစ်ယောက်နဲ့မဖြစ်မနေရင်ဆိုင်ရပါတော့တယ်။ အဲ့လူကတော့ Mr.glassဖြစ်ပြီး Dunn ရဲ့ဘဝတစ်ခုလုံးကိုပြောင်းသွားစေမယ့်comic factsတွေနဲ့ သွေးအေးတဲ့လူသတ်မှုတွေကိုအရသာရှိရှိကြည့်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lin Kyaw Swar Aung ဖြစ်ပါတယ်။) File size…(6.5 GB) / (1.5 GB) / (630 MB) Quality….Blu-Ray 4K HEVC /1080p HEVC /720p Format…. mkv/mp4 Genre….Drama,Mystery,Thriller Duration….01:47:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Lin Kyaw Swar Aung

Comedy
7.3 2000 106 mins
Unbreakable
It Feeds
5.6

It Feeds (2025) IMDb Rating (5.6) / Rotten Tomatoes (84%) စင်သီယာနဲ့ဂျော်ဒန်တို့သားအမိဟာ ပရလောကကိုမြင်နိုင်စွမ်းရှိသူတွေဖြစ်ပြီး အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့်အခုချိန်မှာတော့ ကုထုံးပညာရှင်အဖြစ်အသက်မွေးနေပေမယ် သူတို့ကူညီနိုင်လောက်တဲ့ ပေါ့ပေါ့ပါးပါးကိစ္စလေးတွေကိုတော့ကူညီလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူတို့အိမ်ကို ရိုင်လီဆိုတဲ့ မိန်းကလေးတစ်ယောက် ရုတ်တရက်ရောက်လာခဲ့ပြီး သူ့ကိုကူညီဖို့ဇွတ်အတင်းတောင်းဆိုခဲ့ပေမယ့် သူ့အဖေဖြစ်သူရဲ့ဆွဲခေါ်မှုကြောင့်ပြန်ပါသွားခဲ့ပါတယ်။ ကောင်မလေးကို ပူးကပ်နေတဲ့အရာ/မကောင်းဆိုးဝါးဟာ အလွန်ကြမ်းတမ်းပြီးကြောက်စရာကောင်းတဲ့သူဆိုတာပညာပိုရင့်သန်တဲ့ စင်သီယာက မြင်လိုက်ရလို့ဆက်မလုပ်ဖို့တားပေမယ့် ပြောဆိုရခက်တဲ့ ဆယ်ကျော်သက်အရွယ်ဂျော်ဒန်ကရှေ့ဆက်တိုးရင်း သူကိုယ်တိုင်မကောင်းဆိုးဝါးရဲ့သားကောင်ဖြစ်သွားချိန်မှာတော့ စင်သီယာတစ်ယောက်အကြောက်တရားကိုဘေးချိတ်ပြီး သမီးဖြစ်သူကို ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ ထင်မှတ်မထားပဲ ကြည့်ကောင်းနေတဲ့ ဇာတ်ကားပါပဲ။ နာမည်ကျော် ဟော်ရာကားတစ်ချို့ရဲ့အငွေ့အသက်တွေမြင်ရတာမျိုးလိုတစ်ချို့ဟာကွက်လေးတွေ ဖယ်ကြည့်မယ်ဆိုရင် သရုပ်ဆောင်ကောင်းကောင်း၊ Jump scare ကောင်းကောင်းတစ်ချို့နဲ့ဟော်ရာအရသာကောင်းကောင်းခံစားရစေမယ့် ဟော်ရာချစ်သူတွေအတွက် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1 GB) / (480 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:42:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

5.6 2025 102 mins
It Feeds
Happyend
7.4

Happyend (2024) *************** ဒီတစ်ခေါက် CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ 2024 မှာထွက်ရှိခဲ့ပြီး International festival တွေမှာ အကောင်းဆုံးရုပ်ရှင်ဆု ၇ ကြိမ်ရရှိထားပြီးတော့ ဆန်ခါတင် ၁၃ ကြိမ်ဝင်ထားတဲ့ ဂျပန်ဇာတ်ကားလေး ဖြစ်ပါတယ်။ ယူတာနဲ့ ခိုအုဟာ မကြာခင်အနာဂတ်တစ်ခုမှာ ဘွဲ့ယူတော့မယ့် သိပ်ကိုရင်းနှီးတဲ့ အထက်တန်း ကျောင်းသားနှစ်ယောက်ဖြစ်ပါတယ်။ သူတို့နေထိုင်တဲ့ တိုကျိုမြို့မှာဆိုရင် အနှစ် ၁၀၀မှာ တစ်ကြိမ်ပဲဖြစ်တဲ့ အဓိကမြေငလျင်ဘေးအန္တရာယ်ကို ရင်ဆိုင်ဖို့ နေ့စဉ်ကြိုးစားနေရပါတယ်။ တစ်ညမှာတော့ လူမျိုးရေးခွဲခြားတဲ့ ကျောင်းအုပ်ဆရာကြီးကို စနောက်ကြရင်း မမျှော်လင့်ထားတဲ့ အကျိုးဆက်အဖြစ် ကျောင်းမှာ စောင့်ကြည့်ရေးစနစ်ကို တပ်ဆင်ခံခဲ့ရပါတယ်။ ငလျင်ခပ်ကြမ်းကြမ်း တစ်ခါလှုပ်ပြီးတဲ့နောက် စတိုးဆိုင်တွေက ဈေးတွေလျှော့ရောင်းကြ၊ အစိုးရက နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာကြနဲ့ အုတ်အော်သောင်းနင်းပါပဲ။ ဝန်ကြီးချုပ်ခိတိုကို ဆန့်ကျင်တဲ့ “ဂျပန်ဂုဏ်သိက္ခာကို ပြန်လည်မွမ်းမံမယ်” ဆိုတဲ့ဆန္ဒပြပွဲတွေလည်း ဆက်တိုက်ဖြစ်လာပါတယ်။ လုံခြုံရေးအရ အရေးယူမှုတွေ များလာတဲ့အချိန်မှာ နိုင်ငံရေးအခြေအနေကလည်း မလိုလားအပ်တဲ့ ပွက်လောရိုက်မှုတွေ များလာပါတယ်။ ဒီအရာတွေကို ခိုအုဟာ စိတ်ထဲထည့်ပြီး စဉ်းစားလာ‌ပေမဲ့ ယူတာကတော့ အရာအားလုံးကို ဘာသိဘာသာဖြစ်နေဆဲပါ။ ခိုအုဟာ နိုင်ငံရေးသမားခပ်ဆန်ဆန် တက်ကြွတဲ့ ကျောင်းသူတစ်ဦးနဲ့ တွေ့တဲ့အချိန်မှာ သူ့ရဲ့ နိုင်ငံရေးအမြင်က စတင်ပြီး ပေါ်ထွက်လာပါတော့တယ်။ ယူတာက ဒီလိုအရာတွေကို နားမလည်နိုင်ဘူးလို့ ယုံကြည်လာတဲ့ ခိုအုနဲ့… ယူတာတို့ရဲ့သူငယ်ချင်း ဆက်ဆံရေးဟာ အေးစက်စက်ကွာဝေးလာပါတော့တယ်… အမြဲတမ်းအတူရှိခဲ့တဲ့ သူငယ်ချင်းနှစ်ဦးဟာ ပထမဦးဆုံးအကြိမ်အဖြစ် ထင်မြင်ချက်ကွာခြားမှုတွေကို မျက်နှာချင်းဆိုင်လာရတဲ့အခါ…. ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.46GB / 544MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 53 min. Genre ….. Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy & Dao Phyo Encoded by AHtet

Drama
7.4 2024 113 mins
Happyend
Old Miss Diary
6.5

Old Miss Diary (2006) ********************* IMDb… 6.5 ဒီတစ်ခါတင်ဆက်ပေးမယ့် ပေါ့ပေါ့ပါးပါးနဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌ရယ်ရစေတဲ့ ရုပ်ရှင်ကားလေးမှာတော့ “Beauty and Mr.Romantic”ဇာတ်ကားမှ မင်းသား Ji Hyun Woo, “Still 17, The Heavenly Idol”စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ မင်းသမီးကြီး Ye Ji Wonတို့အပြင် ဝါရင့်သရုပ်ဆောင်ကြီးတွေလည်း အများကြီးပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့- ချွဲမီဂျာ (Ye Ji Won) ဟာ အဘွား၃ယောက်ရယ် မုဆိုးဖိုအဖေရယ် လူပျိုကြီးဦးလေးရယ်နဲ့အတူ နေထိုင်နေတဲ့ အသက်၃၂နှစ်အရွယ် အပျိုကြီးမမပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ချွဲမီဂျာဟာ ကိုရီးယားမှာ ပြန်လည်ထုတ်ဝေမယ့် ဂျပန်သရဲကားမှာ နောက်ခံစကားပြောသူအဖြစ် အလုပ်ကမ်းလှမ်းခံရပြီး အတူအလုပ်လုပ်ရမယ့် ပီဒီကတော့ ရုပ်သံလွှင့်ဌာနမှာ လူ့ဂွစာအဖြစ် နာမည်ကြီးတဲ့ ပီဒီ ဂျီဟျွန်းအူ (Ji Hyun Woo) ပါ။ အမြဲတမ်း အလွဲတွေ လုပ်နေတတ်တဲ့ မီဂျာတစ်ယောက် ရုပ်ချောပြီး လူ့ဂွစာပီဒီကို စိတ်ဝင်စားမိသွားတဲ့အခါမှာတော့…. အဘွား၃ယောက်ရဲ့တွဲဖက်ညီမှုနဲ့ ဟာသအလွဲလေးတွေရယ်၊ မနမ်းရ‌တာ နှစ်အတော်ကြာနေပြီဖြစ်တဲ့ အပျိုကြီးမမ ချွဲမီဂျာရဲ့ အချစ်ဇာတ်လမ်းက‌ရော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Toe Toe Aung ပဲ ဖြစ်ပါတယ်။) File Size : 3.16GB/ 1.25GB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:50:06 Genre : Comedy, Romance, Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Toe Toe Aung Encoded by Tiff

Action • Comedy • Crime
6.5 2006 108 mins
Old Miss Diary