YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

CSI.Vegas.S01E02.720p {CM}.mp4

352.07 MB 720p video/mp4 975 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Memory of a Killer
6.8

အယ်(လ်)ဇိုင်းမားဆိုတဲ့ရောဂါ အကြောင်းကြားဖူးလား။ မှတ်ဉာဏ်တွေပျောက်သွားတဲ့ ရောဂါပေါ့။ တံခါးပိတ်ခဲ့ပြီလား ၊သော့ဘယ်နားထားလဲ စတဲ့ အကြောင်းအရာသေးသေးလေးတွေကနေစပြီး လူတွေ၊ နာမည်တွေ၊လမ်းတွေ မမှတ်မိတော့တာမျိုးအထိဖြစ်တတ် တယ်။ပြီးတော့ အဲ့ရောဂါရရင် အနီးစပ်ဆုံး(လတ်တလော) ဖြစ်ထားတဲ့ အဖြစ်အပျက်တွေက စပြီး မေ့တတ်တယ်တဲ့။ တစ်ကိုယ်တည်းရှင်သန်ရတာ တော်တော်ခက်ခဲမယ့် ရောဂါမျိုးပေါ့။ သာမာန်လူတစ်ယောက်အတွက်တောင် ဘဝရှင်သန်မှုကို ကပြောင်းကပြန်ဖြစ်အောင် လုပ်နိုင်တဲ့ ဒီရောဂါက လူသတ်သမား တစ်ယောက်မှာ ရှိနေမယ်ဆိုရင်ရော၊၊ဘယ်လိုဖြစ်မယ်ထင်လဲ၊၊ ဒီဇာတ်ကားက အန်ဂျလို လဲဒါ ဆိုတဲ့ အယ်(လ်)ဇိုင်းမားရောဂါရှိတဲ့ လူသတ်သမားအဘိုးကြီးတစ်ယောက် အကြောင်းရိုက်ထားတာ၊၊ သူ့ခေတ်သူ့အခါက သျှမ်းသျှမ်းတောက် ကြေးစားဆိုပေမယ့် ရောဂါဖိတဲ့ဒဏ်ကိုခံလာရတော့ အနားယူဖို့ စဉ်းစားရတာပေါ့၊၊ ဒါပေမယ့် သူအနားမယူခင်မှာ အလုပ်တစ်ခုလာအပ်တယ်၊၊ ဘယ်(လ်)ဂျီယံနိုင်ငံကို သွားပြီး လူသတ်ပေးဖို့တဲ့၊၊အနားယူဖို့ စဉ်းစားထားပေမယ့် နောက်ဆုံးအနေနဲ့လုပ်ပေးပါကွာဆိုတဲ့ တောင်းဆိုချက်ကြောင့် အဘိုးကြီးလည်း လက်ခံလိုက်တယ်၊၊ ဒီနေရာမှာ ဖြတ်ပြောရရင် အန်ဂျလိုဟာ လူသတ်သမားဆိုပေမယ့် သူ့စည်းနဲ့ သူရှိတယ်၊၊(၁၃)နှစ်အောက်ကလေးတွေကို မသတ်ဘူး၊၊ ကလေးတွေကို လိင်ပိုင်းအရဖိနှိပ်တာတွေ အကြမ်းဖက်တာတွေဆို လက်မခံဘူး၊၊ ဖြစ်ချင်တော့ အခုနောက်ဆုံးဆိုပြီး သူလက်ခံလိုက်တဲ့ အလုပ်မှာ ကလေးတစ်ယောက်ကို သတ်ပေးဖို့ဖြစ်လာတယ်၊၊ အလုပ်အပ်တဲ့လူတွေကလည်း ဘယ်(လ်)ဂျီယံမှာ အာဏာရှိ ပါတယ်ဆိုတဲ့ ထိပ်တန်းနိုင်ငံရေးသမားမိသားစု၊၊ အန်ဂျလို လဲဒါတစ်ယောက် ဘာဆက်လုပ်မလဲ၊၊ သူ့ရဲ့ရပ်တည်ချက်စည်းမျဉ်းတွေကို နောက်ဆုံးတစ်ခေါက်မှာ ဖောက်ဖျက်လိုက်မလား၊၊ အယ်(လ်)ဇိုင်းမားရောဂါနဲ့ သူ့လူသတ်သမားအလုပ်နဲ့ရော ဘယ်လို နှစ်ပါးသွားမလဲ၊ စတာတွေကို ဒီဇာတ်ကားမှာ ကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Dutch စကားပြော အက်ရှင်ကားဖြစ်ပါတယ်၊၊ IMDB မှာလည်း 7.2/10 ရရှိထားပြီး Leon : The Professional နဲ့တောင် ယှဉ်လို့ရတယ်ဆိုတဲ့ အထိညွှန်းကြတာကြောင့် ကြည့်ရှုကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်၊၊ ( ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ် ) File size…2.44GB / 904MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….2h 3m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien

Action • Crime • Thriller
6.8 2003 114 mins
The Memory of a Killer
The Best is Yet to Come
6.5

"မိမိကြိုးစား‌‌လျှောက်လှမ်းသလောက် ပန်းတိုင်ကိုမရောက်သေးရင် လမ်းခရီးဟာအဆုံးမဟုတ်သေးလို့ပါတဲ့" ဒီလိုပါပဲ... ဒီ"အဆုံးမဲ့ပန်းတိုင်"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးမှာတော့.... ဘဝရေးပြဿနာတွေကြောင့် ပိုက်ဆံချို့ယွင်းပြီး အထက်တန်းမှာတင်ကျောင်းနားလိုက်ရတဲ့-ဟန်သုန်းဟာ ပေကျင်းကိုသူ့ကောင်မလေးရှောင်ကျူးနဲ့အတူ တက်လာပြီး အလုပ်ရှာပါတော့တယ်။ အဲ့အချိန်က တရုတ်နိုင်ငံကြီးဖွံ့ဖြိုးတိုးတက်ဆဲ 2003ခုနှစ်လောက်မှာပေါ့၊ ပညာအရည်အချင်းအပြင်အဆက်သွယ်ကောင်းရှိမှ လူရာဝင်မဲ့ခေတ်မှာ ဟန်သုန်းတစ်ယောက် နှစ်ဝက်ကြာတာတောင် အလုပ်ရှာမရဖြစ်နေဆဲပါပဲ။ တစ်ချိန်တည်းမှာပဲ ဟန်သုန်းဟာ ခန္ဓာကိုယ်လုံးပန်းနေပေမဲ့ စိတ်ကတော့ခိုင်မာဆဲဖြစ်နေခဲ့တယ် ၊ဒီလိုနဲ့ သတင်းစာဌာနတစ်ခုကိုပန်းတိုင်အဖြစ်ထားလိုက်တဲ့အခါ... ∆လူ့အသိုင်းဝိုင်းရဲ့မျက်နှာသာပေးမှုနဲ့လောကဓံက သူ့အပေါ်မှာ ဘယ်လိုရေလှိုင်းအသွင်နဲ့ တိုက်စားသွားမလဲ? ကြိုးစားတိုင်းအောင်မြင်မှာမသေချာပေမဲ့ မကြိုးစားရင် ဘာမှမရလာမှာ‌ေတာ့‌ေသချာတဲ့သဘောတရားကို သူနားလည်သွားပြီး တစ်ခြားသူ့လိုဒုက္ခရောက်နေသူတွေကရော နားလည်လက်ခံနိုင်ပါ့မလားဆိုတာ.စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated By CM Team Reviewed By Clytie Encoded by LK

Action • Crime • Thriller
6.5 2023 114 mins
The Best is Yet to Come
Miller's Crossing
7.5

IMDb 7.7/10 ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ Miller's crossing ဆိုတဲ့ ဂန်းစတားရုပ်ရှင်ပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ မြို့မှာအကြီးဆုံးဂိုဏ်းရဲ့ ခေါင်းဆောင် Leo ဟာ တခြားဂိုဏ်းခေါင်းဆောင် Caspar တောင်းဆိုတာကို ငြင်းလွှတ်လိုက်တာကနေစထားပါတယ်။ Caspar တောင်းဆိုတာကတော့ Leo ကောင်မလေးရဲ့မောင်ဖြစ်သူ Bernie က သူ့ကို သစ္စာဖောက်သွားလို့ သူ့လက်ထဲထည့်ဖို့ပါ တောင်းဆိုတာပါ။ အဲတော့ Leo ကမပေးဘူးပေါ့။ Leo ရဲ့ အယုံကြည်ရဆုံး Tom ကတော့ တခြားဂိုဏ်းခေါင်းဆောင်တစ်ယောက်ကို စိတ်ကွက်အောင်လုပ်ဖို့ထက် Bernie ကိုပေးလိုက်ဖို့ အကြံပေးပါတယ်။ အဲလိုနဲ့ Tom တစ်ယောက် ဂိုဏ်းနှစ်ဂိုဏ်းကြားက ပါဝါဘက်ညီမှု ပြိုပျက်သွားတာကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာကြည့်ရှုခံစားကြရမှာပါ File size…(1.9 GB)/(900 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:55:00 Genre...Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho

Action • Thriller
7.5 1990 115 mins
Miller's Crossing
The Roundup
7.2

အထွေအထူး မိတ်ဆက်နေစရာမလိုတော့တဲ့ သရုပ်ဆောင် Ma Dong-Seok နဲ့ My Libration Note ထဲက မင်းသား Son Seok-Koo တို့ရဲ့ The Roundup: The Outlaws 2 လွန်ခဲ့တဲ့ 4 နှစ်...Garibong က အမှုကို စုံထောက်မာဆော့ဒိုတို့အဖွဲ့ ဖြေရှင်းနိုင်ခဲ့ပြီးတဲ့နောက် သူတို့အဖွဲ့အတွက် နောက်ထပ်ဖြေရှင်းစရာတွေပေါ်ပေါက်လာခဲ့တဲ့ The Roundup! တရားခံတစ်ဦးကို စုံစမ်းစစ်ဆေးဖို့အတွက် ဗီယက်နမ်ကို သွားရောက်ခဲ့ကြတဲ့ စုံထောက်မာဆော့ဒိုနဲ့ အဖွဲ့ခေါင်းဆောင်ဂျောင်အီမန်တို့ နှစ်ယောက်ဟာ ဗီယက်နမ်ကိုရောက်ပြီး မကြာခင်မှာပဲ ထူးဆန်းတဲ့ကွင်းဆက်လူသတ်မှုတစ်ခုကို အဖြေရှာဖို့ ဖြစ်လာပါတယ် ကိုရီးယားထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ သားဖြစ်သူကိုတောင် ပြန်ပေး-ဆွဲပြီး သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ဂန်ဟယ်ဆန်းနောက်ကို လိုက်ကြရင်း စုံထောက်မာတို့ ဘာတွေကြုံကြိုက်ရမလဲ “လက်ထဲကချော်ထွက်သွားတဲ့ ငါးရှဉ့်”လို ဖမ်းမမိနိုင်ဖြစ်နေတဲ့ ဂန်ဟယ်ဆန်းကို စုံထောက်မာတို့အဖွဲ့အနေနဲ့ ဖမ်းဆီးနိုင်ပြီး တရားဥပဒေဘောင်ပေါ် တင်ပေးနိုင်ပါ့မလားဆိုတာ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရှုရမယ့် Crime/Action ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ် အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Action, Crime Quality…. 1080p | 720p | 480p File size… 2.6GB | 775MB | 350MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... August

Action • Comedy • Drama
7.2 2022 106 mins
The Roundup
[18+] Daughters of Eve
5.6

ဒီကားကတော့ ဂန္တဝင်ဖိလစ်ပိုင်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်....လူသားတို့ရဲ့ရမ္မက်နဲ့လိုအင်လောဘ ကြမ်းကြုတ်ရက်စက်တဲ့သဘောသဘာဝတွေကို ကွက်ကွက်ကွင်းကွင်းပုံဖော်ရိုက်ကူးထားပြီး အသက်ဝင်လွန်းတာကြောင့်ရယ် သရုပ်ဆောင်တွေကြောင့်ရယ် ဘာဆင်ဆာမှာမဖြတ်ထားတာကြောင့်ရယ် နာမည်ကြီးခဲ့ပါတယ်။ အီလိုကိုစ်ပြည်နယ်အစွန်အဖျားက ရွာလေးတစ်ရွာမှာရွာသူရွာသားတွေဟာလိင်မှုကိစ္စမှာပွင့်လင်းစွာ ဖြစ်ချင်တိုင်းဖြစ်နေကြပါတယ်။ အဲ့ဒီထဲမှာမှ အများသူငါလို ရမ္မက်စိတ်တွေကိုမျိုသိပ်ပြီး ရွာကကလေးတွေကိုဓမ္မပုစ္ဆာတွေ သင်ပေးနေတဲ့ တွန်ညာဆိုတဲ့မိန်းမလှလေးရှိပါတယ်။ အများလက်မခံနိုင်တဲ့အယူအဆတွေကိုသင်ကြားနေတဲ့ သူ့အပေါ်လိုသူတွေရှိသလို သူ့အလှအပကြောင့်မလိုသူတွေလဲရှိပါတယ်။ တစ်နေ့တော့ရွာကနေထွက်ခွာသွားတာကြာပြီဖြစ်တဲ့ သူ့သူငယ်ချင်းဟောင်းအလှပဂေးတစ်ဦးလဲဖြစ်တဲ့ ဆယ်လ်ဒါဟာ အမေရိကန်သားချစ်သူတစ်ယောက်နဲ့အတူပြန်ရောက်လာချိန်မှာ ဒဏ်ရာဟောင်းတွေ အတိတ်ဇာတ်လမ်းဟောင်းတွေနဲ့အတူ ငြိမ်သက်နေတဲ့ တွန်ညာရဲ့ဘဝအပြင် သူတို့နှစ်ဦးရဲ့ အတိတ်ဇာတ်လမ်းထဲက အမျိုးသားတစ်ဦးဖြစ်တဲ့ ဆိုင်မွန်တို့ရဲ့ ဘဝတွေပါ လှုပ်ခတ်ဖို့ဖြစ်လာပါတော့တယ်။ ဆယ်လ်ဒါကတော့ တွန်ညာရဲ့စရိုက်နဲ့ဆန့်ကျင်စွာပွင့်လင်းမြင်သာရှိလွန်းလို့ပါပဲ။ Silip: Daughters of Eve ဟာအဲ့ဒီခေတ်အခါမှာခေတ်စားနေတဲ့ လိင်အသားပေး Sexploitation films တွေထဲကအထင်ရှားဆုံးဥပမာ တစ်ခုဖြစ်ပြီး၊ ၁၉၈၂ ဖိလစ်ပိုင်ကိုယ်စားပြု Miss Universe ပြိုင်ပွဲဝင် Maria Isabel Lopez,နာမည်ကျော်အချိုရည်ကြေငြာအလှမယ် Sarsi Emmanuelle တို့အကြမ်းပတမ်းခေါင်းဆောင်ပါဝင်ထားပါတယ်။ ရုပ်ရှင်ကားကြီးတစ်ကားလို့ မထင်နိုင်စရာပွင့်လင်းလွန်းတဲ့ လိင်ဆက်ဆံခန်းတွေ၊ ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရဲ့မဖွယ်မရာ စကားပြော၊ အပြ၊ အပြုအမူတွေအပြင် သွေးထွက်သံယို သတ်ခန်းဖြတ်ခန်းတွေ ကြမ်းကြမ်းတမ်းတမ်းပါဝင်ပါတယ်။ 2007 dvd အနေနဲ့ထွက်ရှိအပြီး ကာလသားတွေကြားနာမည်ကြီးခဲ့တဲ့ဇာတ်ကားဖြစ်လို့ တစ်ချို့အခန်းတွေမှတ်မိတဲ့သူတွေမှတ်မိကြပါလိမ့်မယ်။ ဖိလစ်ပိုင်ရဲ့ခေတ်ဟောင်းရုပ်ရှင်ကားဆိုပေမယ့် အကောင်းဆုံး BluRay Quality နဲ့ သေချာတင်ဆက်လိုက်ပါတယ်.. File size…(4 GB)/(999 MB) Quality….BluRay HEVC 1080p/720p Format…mkv/mp4 Duration….02:06:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Action • Adventure • Crime • Drama
5.6 1985 125 mins
[18+] Daughters of Eve
Only
5.1

ကျွန်တော်တို့ ကိုဗစ်ကာလကို ပြန်တွေးကြည့်ကြရအောင် တစ်နေရာရာကို သွားမယ်ဆို Mask တွေတပ်ကြ၊ တစ်ခုခုကိုင်ပြီးရင် လက်ကို HandGel နဲ့ အရေလန်မတတ်ပွတ်ကြ၊ ပြင်ပက ပစ္စည်းတစ်ခုခု ရောက်လာရင် ပိုးသတ်ဆေးနဲ့ တရှူးရှူး ဖြန်းကြနဲ့။ တစ်နေ့တစ်နေ့ တဝီဝီမြည်နေတဲ့ ဆေးရုံကားသံတွေ၊ ဘယ်သူတော့ ဆုံးသွားပြီ ဆိုတဲ့ သတင်းတွေကြားထဲမှာ အိမ်မှာ ကိုယ့်ဟာကိုယ် ပြန်အကျဉ်းချထားရတာလည်း အသက်ရှင်မဝစရာ၊ ရူးချင်စရာပေါ့၊၊ ဒီကားထဲက ဗိုင်းရပ်(စ်)ကတော့ အဲ့ထက်ဆိုးတယ်၊၊ အဲ့ထက်လည်း ရက်စက်ပြင်းထန်တယ်၊၊ ကမ္ဘာပေါ်ကို ကြယ်တံခွန်တစ်ခုဖြတ်သန်းအပြီးမှာ ဘ ာမှန်းမသိတဲ့ မြူမှုံတွေဟာ ကမ္ဘာ့လေထုကိုဖုန်းလွှမ်းသွားတယ်၊၊ အဲ့ဒီ မြူမှုံတွေထဲမှာ HNV 21 လို့ခေါ်တဲ့ ဗိုင်းရပ်(စ်)တစ်မျိုးပါပြီး အဲ့ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသမီးတွေကို ဦးတည်ထိခိုက်စေတယ်၊၊ ဘယ်လောက်ပြင်းထန်လဲဆို ပိုးကူးခံရတဲ့ အမျိုးသမီးဟာ (၄)ရက်အထိ အသက်ရှင်နိုင်ရင် ကံကောင်းတယ်လို့ ဆိုရတဲ့အထိပဲ၊၊ ဒါပေမယ့် ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသားတွေကိုတော့ ကြီးမားတဲ့ အန္တရာယ်မပေးနိုင်ဘူး၊၊ ဒီလိုနဲ့ ဗိုင်းရပ်(စ်)လက်ချက်နဲ့ ကမ္ဘာပေါ်က အမျိုးသမီးတွေ နေ့စဉ် သန်းနဲ့ချီသေဆုံးပြီး မျိုးသုဉ်း လုဖြစ်ကုန်တယ်၊၊ မိန်းမဆိုတာ ဘယ်လိုမျိုးလဲလို့ မေးယူရတဲ့အထိ ဖြစ်ကုန်တယ်၊၊ အစိုးရတွေအနေနဲ့လူဦးရေပြန်လည်တိုးပွါးရေးအတွက် အမျိုးသမီးတွေကို ဖမ်းပြီး စမ်းသပ်ရတဲ့အထိ ဖြစ်လာတယ်၊၊ အမျိုးသမီးတစ်ဦးကို ဖမ်းမိရင် ဒေါ်လာနှစ်သန်းအထိ ထုတ်ထားတာကြောင့် အမျိုးသမီးတွေကို အသဲအသန်လိုက်ရှာကြတဲ့ အမျိုးသမီးမုဆိုးတွေလည်း ပေါ်လာကြတယ်၊၊ အဲ့ဒီရိုက်ခတ်မှုတွေကို တစ်ကမ္ဘာလုံးက စုံတွဲတွေနည်းတူ ဝီ(လ်)နဲ့ အေဗာဆိုတဲ့ စုံတွဲလေးတစ်တွဲကလည်း ခံရတယ်၊၊ ကမ္ဘာပျက်ကိန်းစကတည်းက သတိကြီးတဲ့ ဝီ(လ်)ဟာ အေဗာကို ရောဂါပိုး အန္တရာယ်၊အစိုးရရဲ့ စမ်းသပ်မှုတွေ အန္တရာယ်၊ လူသားမုဆိုးတွေအန္တရာယ်ကနေ ဖွက်ထားပြီး ကာကွယ်ပေးခဲ့တယ်၊၊ ဒါပေမယ့် နှစ်တွေချီကြာလာတဲ့ အခါမှာ အေဗာတစ်ယောက် မွန်းကြပ်လာတယ်၊၊ ဝီ(လ်)အနေနဲ့လည်း ရောဂါပိုး carrier ဖြစ်နေတာကြောင့် အေဗာနဲ့ ဝီ(လ်)ဟာ တစ်အိမ်ထဲ နေရပေမယ့် စည်းတွေခြားနေကြတယ်၊၊ ဒီစုံတွဲလေး ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့လား၊သူတို့ ဆက်ဆံရေးဟာ လေးလံတဲ့ဝန်ထုပ်ဝန်ပိုးတွေနဲ့ ဘယ်လိုခရီးဆက်ကြမလဲစတာတွေကို ဒီဇာတ်ကားမှာ past apocalyptic romance အနေနဲ့ ခံစားတွေ့ရှိရမှာဖြစ်ပါတယ်၊၊ File size… 1.36 GB / 570 MB Quality… Web-Dl 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Drama, Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Action • Adventure • Thriller • Crime
5.1 2019
Only
Richie Gadi Pelli
8.7

Richie Gadi Pelli (2023) နောက်ကွယ်က အမှန်တရား IMDb 8.7/10 ဝေးကွာနေတဲ့ သူငယ်ချင်းဟောင်းတွေပြန်တွေ့ဆုံဖို့ဆိုတာ မင်္ဂလာဆောင်ဖိတ်စာကြောင့်မဟုတ်ရင် ပိုက်ဆံချေးဖို့ပါပဲတဲ့ ငယ်ပေါင်းကြီးရဲ့မင်္ဂလာပွဲကိုအစပြုလို့ အလုပ်ကိုယ်စီ တစ်နယ်တစ်ကျေး တစ်နေရာ တစ်ဒေသမှာရောက်နေကြတဲ့ ငယ်ပေါင်းကြီးဖော်တွေ ပြန်လည်ဆုံတွေ့ကြဖို့ အကြောင်းဖန်လာပါတယ် အချင်းချင်းရုပ်မမြင်ချင်အောင်မုန်းတီးသူတွေရှိလင့်ကစား ပြန်ဆုံတွေ့ဖြစ်ကြတဲ့ မင်္ဂလာပွဲမတိုင်ခင်တစ်ည ညစာစားပွဲမှာ အကြွေးတစ်ခုအကြောင်းပြုပြီး ဘော်ဒါတစ်ယောက်က အဖဲ့ခံလိုက်ရပါလေရော ဒီတော့သူကစပြီး ဂိမ်းတစ်ခုထွင်လိုက်ပါတော့တယ် ဘာဂိမ်းလဲဆိုတော့ လာသမျှဖုန်းတွေကို စပီကာဖွင့်ပြီးပြောဖို့ပါပဲ ဆိုတော့ တစ်ဖက်လူကမသိဘဲ အသံဖွင့်ပြောရမဲ့ဂိမ်းမှာ သူတို့အဖွဲ့ ဘယ်လိုအမှန်တရား လိမ်ဆင်တွေပေါ်ထွက်လာမလဲ IMDb ကလည်း 8.7 ထိရရှိထားတာဖြစ်လို့ ကြည့်ပျော်တဲ့ဇာတ်လမ်းတစ်ခုဖြစ်နေမှာပါ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.7 2023 114 mins
Richie Gadi Pelli
Tales from the Darkside: The Movie

Tales from the Crypt တို့ Creepshow တို့လို နာမည်ကျော် Horror anthology series တွေကိုအခြေခံတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ ဇာတ်ကားကိုလည်း ဇာတ်လမ်းတိုသုံးခုနဲ့ဖွဲ့စည်းထားပါတယ်။ စုန်းမတစ်ယောက်ကဖမ်းပြီး ပါတီပွဲအတွက်သတ်စားဖို့ ကြံစည်ခံထားရတဲ့ ကောင်လေးတစ်ယောက်က အချိန်ဆွဲတဲ့အနေနဲ့ Tales from the Darkside ဆိုတဲ့စာအုပ်ထဲကစိတ်ဝင်စားစရာအကောင်းဆုံးဇာတ်လမ်းသုံးခုကို ပြန်ပြောပြတဲ့ပုံစံနဲ့ ဇာတ်လမ်းကို စတင်ထားတာဖြစ်ပါတယ်။ Lot 249 ဘယ်လင်တန်ဆိုတဲ့စာကြမ်းပိုး၊ ဆင်းရဲတဲ့ကောလိပ်ကျောင်းသားလေးတစ်ယောက်ဟာ ကျောင်းထောက်ပံ့ကြေးလျှောက်တဲ့အချိန်မှာ သူဌေးသားကျောင်းသူကျောင်းသားတစ်စုရဲ့ လှည့်ဖျားမှုကိုခံလိုက်ရပြီး နောက်ကောက်ကျခဲ့ပါတယ်။ အဲ့ဒါကိုပြန်ကလဲ့စားချေတဲ့အနေနဲ့ ရှေးဟောင်းမံမီတစ်ကောင်ကိုအသက်သွင်းပြီး သူ့ကိုညစ်ခဲ့တဲ့သူတွေကို လိုက်သတ်ခိုင်းတဲ့အခါ..။ The Cat from Hell ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တဲ့ ဟော်စတန်ဟာ ရှေးဟောင်းစံအိမ်ကြီးတစ်ခုကိုဖိတ်ခေါ်မှုကြောင့်ရောက်လာခဲ့ပါတယ်။ စံအိမ်ကြီးရဲ့ပိုင်ရှင်ကတော့ သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်ပြီး သူ့ကိုကြေးကြီးကြီးနဲ့ငှားလိုက်ရတဲ့အကြောင်းရင်းက သူ့အိမ်မှာရှိနေတဲ့ ကြောင်နက်တစ်ကောင်ကိုသတ်ဖို့ဆိုတာ သိလိုက်ရပါတယ်။ တကယ်ပဲ အဲ့ဒီကြောင်နက်က အဘိုးကြီးထင်နေသလို ဒုက္ခပေးနိုင်တဲ့ ငရဲကလာတဲ့ကြောင်တစ်ကောင်ဖြစ်နေမလား။ Lover’s Vow ပရက်စတန်က ကြိုးစားနေဆဲအနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့လက်ရာတွေကို လူတွေအားမပေးတဲ့အတွက် ငွေပြတ်ပြီး စိတ်ဓာတ်ကျနေပါတယ်။ ဘားတစ်ခုကအပြန် နောက်ဖေးလမ်းကြားမှာ အမည်မသိသတ္တဝါကြီးတစ်ကောင်ရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပြီး အဲ့ဒီသတ္တဝါကြီးက သူနဲ့တွေ့ခဲ့တဲ့အကြောင်းကို ဘယ်သူ့ကိုမှပြန်မပြောဖို့ကတိတောင်းပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ အဲ့ဒီညမှာပဲ သူ့ဘ၀ကို ကံကောင်းခြင်းတွေယူဆောင်လာမယ့် မိန်းကလေးတစ်ယောက်နဲ့တွေ့ပြီး သူ့ဘ၀အကောင်းဘက်ကို ဦးတည်ပြောင်းလဲသွားခဲ့ပေမယ့် နောက်ဆယ်နှစ်အကြာမှာတော့..။ ဂန္ဓဝင် Horror ရုပ်ရှင်တွေထွက်ခဲ့တဲ့ ခေတ်ကာလကဆိုတော့ မကောင်းမှာမပူရတဲ့ genre ပရိသတ်တွေ လက်လွတ်မခံသင့်တဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File size…(1.8 GB)/(952 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre… Comedy, Fantasy , Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

0 1990
Tales from the Darkside: The Movie
The Embroidered Sword
5.9

တရုတ်ပြည်ရဲ့ ရှေးပဒေသရာဇ်ခေတ်မှာ ဘုရင့်အာဏာကို နောက်ကွယ်ကနေချုပ်ကိုင်တတ်ကြတာ မိဖုရားတွေဖြစ်ပြီး နောက်လူတစ်မျိုးကတော့ ရှင်ဘုရင်နားမှာအနီးကပ်နေတဲ့ မိန်းမစိုးကုန်းကုန်းတွေပဲဖြစ်ကြတယ်။ ဒီဇာတ်ကားမှာ တိုင်းပြည်ကိုပုန်ကန်ဖို့ကြိုးစားနေတဲ့ မိန်းမစိုးအဖွဲ့အစည်းကို ကိုယ်ရံတော်တပ်ကသစ္စာရှိ ကိုယ်ရံတော်တွေက တွန်းလှန်ဖို့ကြိုးစားတဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်။ အလေအလွင့်ဓားပြတစ်ယောက်ဟာ မဟုတ်မခံ မတရားမှုကို လက်ပိုက်မကြည့်နေနိုင်တဲ့အကျင့်တစ်ခုရှိတယ် သူကအကြောင်းတိုက်ဆိုင်ပြီး ကိုယ်ရံတော်တပ်ထဲကိုရောက်သွားခဲ့ပါတယ်။ မကောင်းတဲ့လမ်းဟောင်းကိုစွန့်ပြီး တရားသောလမ်းကိုသူလျှောက်နိုင်မလား…… တရားသောလမ်းမှာသူ့ကိုဘယ်လိုအန္တရာယ်တွေကစောင့်ကြိုနေမလဲ…… စိန်ခေါ်မှုတွေကိုဖြတ်ကျော်နိုင်ပါ့မလားဆိုတာ……. သေသပ်တဲ့ရိုက်ချက်တွေနဲ့ အရည်အသွေးကောင်းတဲ့ သိုင်းကားအက်ရှင်ကားလေးကို အားပေးလိုက်ကြပါဦး။

5.9 2024
The Embroidered Sword
A Beautiful Life
6.4

ဒီရုပ်ရှင်လေးကတော့ musical romance ကားလေးဖြစ်တာမို့ သီချင်းသံငြိမ့်ငြိမ့်လေးတွေကြားမှာ စီးမျှောချင်သူတွေအကြိုက်တွေ့ဦးမယ့်ကားလေးပါပဲ…။ ဇာတ်လမ်းထဲမှာပါဝင်တဲ့ သီချင်းတိုင်းကလည်း ဇာတ်ဆောင်မင်းသားအဆိုတော်Christopherကိုယ်တိုင်‌ ရေးသားဖန်တီးထားတဲ့သီချင်းတွေချည်းပါတဲ့ဗျာ….။ ဂစ်တာသံစဥ်ငြိမ့်ငြိမ့်လေးနဲ့ သီချင်းအေးအေးလေးနဲ့ ခံစားကြည့်ချင်သူတွေအတွက်တော့ ကွက်တိကျမယ့် ဇာတ်ကားလေးတစ်ပုဒ်ပါပဲ…။ ဇာတ်အိမ်လေးကို အကျဥ်းပြောပြရမယ်ဆိုရင် ဒိန်းမတ်ဆိပ်ကမ်းလေးတစ်ခု ငါးဖမ်းသမားလေး တစ်ယောက်ဘဝကနေ သီချင်းအဆိုရှင်ဖြစ်လာတဲ့ လူငယ်လေးတစ်ယောက်အကြောင်းပါ..။ အီလီရော့ဟာ ဘဝအခြေအနေကြောင့် ငါးဖမ်းသမားဘဝနဲ့ ရုန်းကန်နေရပေမယ့် ပင်ကိုယ်အသံကလည်း သီချင်းဆိုဖို့ ပါရမီပါသလို သီချင်းရေးရာမှာလည်း ထူးချွန်သူပါ…။ တစ်နေ့ မွေးနေ့ပွဲတစ်ခုမှာ ဂစ်တာအငှားလိုက်တီးရင်း နာမည်ကျော်ထုတ်လုပ်သူတစ်ယောက်က မျက်စိကျသွားတဲ့နောက်…. ငါးဖမ်းသမားလေးဘဝကနေ အဆိုတော်ဘဝကို ဘယ်လိုတွေရောက်ရှိလာလဲဆိုတာကို သံစဥ်လေးတွေနဲ့ နားဆင်ကြည့်ရှုရမှာဖြစ်ပါတယ်…။ File size…1.36GB / 635MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Drama , Music , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Comedy
6.4 2023
A Beautiful Life
Not Another Church Movie

Not Another Church Movie (2024) ခင်ဗျားတိုအတွက် ပေါ့ပေါ့ပါးပါးနဲ့ ပြုံးရယ်စေမဲ့ အနုပညာလောကနဲ့ ဥပဒေလောကကိုသရော်ထားတဲ့ အမေရိကန်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီထဲမှာ Jamie Foxxကြီးက ဘုရားသခင်နေရာကနေပါဝင်ထားပြီး နပန်းသမားကြီး Mickey Rourkeကတော့ နတ်ဆိုးနေရာကပါဝင်ထားပါတယ်။ ဟိုပရာဆိုတဲ့ နာမည်ကျော်အမျိုးသမီးတစ်ယောက် talk showတစ်ခုမှာ ပရိသတ်တွေ သူ့ကိုငြီးငွေ့လာကြပြီဆိုတာသိတော့ အမျိုးသမီးတွေကို ခွန်အားပေးနိုင်မဲ့သူကို သူ့ရဲ့ဆက်ခံသူအဖြစ်သတ်မှတ်မယ်လို ကြေငြာလိုက်ပါတယ်။ အဲဒီမှာ ဘုရားသခင်ဆီကို တိုက်ရိုက်ဖုန်းဆက်ပြီး သူ့နေရာဆက်ခံနိုင်မဲ့သူကို ရှာခိုင်းပါတော့တယ်။ ကောင်းကင်ဘုံမှာ တော်ကီလေးဖုတ်လိုက် ဆိုင်ကယ်လျောက်ပတ်စီးလိုက်လုပ်နေတဲ့ ဘုရားသခင် အငြိမ်မနေရတော့ဘဲ ကမ္ဘာမြေပေါ်မှာ ဆက်ခံသူနေရာနဲ့ ထိုက်တန်မဲ့သူလိုက်ရှာရပါတော့တယ်။ အဲဒီမှာပဲ ခွဲစိတ်ဆရာဝန်အစ ရှေ့နေအလယ် ရေပိုက်ပြင်သမားအဆုံးလုပ်တဲ့ ကြိုးစားတဲ့လူငယ်လေး တေလာအယ်ရီကိုသွားတွေ့ပါတော့တယ်။ တေလာတစ်ယောက် ဆက်ခံသူနေရာနဲ့ ကိုက်မကိုက် မစ်ရှင်တွေပေးပါတော့တယ်။ ဒီမှာပဲ နတ်ဆိုးကလည်း ဘုရားသခင်ရဲ့ဆန္ဒကို ကဖျက်ကယက်လိုက်လုပ်ရင်း အပျော်သဘောနဲ့ ဟာသနှောရိုက်ကူးထားတာကို ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Comedy Quality…. 1080p WEB-DL | 720p WEB-DL File size… 1.6GB |897MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

0 2024
Not Another Church Movie
Declaration of War
7

‘ချစ်ခြင်းဖြင့်ဖွဲ့သီသော’ CM ပရိတ်သတ်ကြီးရေ ဇာတ်လမ်းထဲက မိဘတစ်ယောက်ရဲ့ သောကဗျာပါဒမီးဟာ ကြည့်ရှုသူကိုကူးစက်လာအောင်အထိ ရိုက်ပြတဲ့ဇာတ်လမ်းမျိုးမြည်းစမ်းကြည့်လိုပါသလား။ မိဘတွေဟာ သားသမီးအပေါ်ဘယ်လိုပေးဆပ်ကြောင်း မိနစ် ၁၀၀ လောက် ကောင်းကောင်းကြီးတွေ့ကြုံလိုပါသလား။ ဒါဆိုရင်တော့ ဒီရုပ်ရှင်လေးနဲ့ကိုယ်တိုင်ခံစားကြည့်ပါလို့ပြောပါရစေ။ ဇာတ်ကားနာမည်က စစ်ကြေညာစာတမ်းတဲ့ ဒါပေမယ့် ဘယ်စစ်ပွဲမှလည်းမတိုက်သလို သတ်တာပုတ်တာလည်းတစ်ခုမှမပါပါဘူး။ ရှိတ်စပီးယားရဲ့ရိုမီယိုနဲ့ဂျူးလိယက်ဟာ အချစ်အတွက်မိဘတွေကိုစစ်ခင်းခဲ့ကြသလိုပဲ (တင်စားပြောတာဟ) ဒီတစ်ခေါက် IMDB 7 ရရှိထားပြီး ၂၀၁၁ ခုနှစ်ထွက် ပြင်သစ်ရုပ်ရှင်ထဲက ရိုမီယိုနဲ့ဂျူးလိယက်တို့ဟာလည်း သူတို့သားလေးအတွက် Brain Tumor နဲ့စစ်ခင်းရင်း မေတ္တာဆိုတာဘာလဲနဲ့ သစ္စာတွေ ယုံကြည်မှုတွေဆိုတဲ့ စကားလုံးတွေကိုနောက်ခံတေးဂီတကောင်းကောင်းနဲ့ ဆွတ်ပျံ့ဖွယ်ဖော်ကျူးထားတာကိုရှုစားရမှာပဲဖြစ်ပါတယ်။ တင်ပြပုံကောင်းသလို ပိုပြီးအံ့သြဖို့ကောင်းတာက ဒီရုပ်ရှင်ထဲကမင်းသားမင်းသမီးဟာ အပြင်မှာတကယ့်လင်မယားတွေဖြစ်ပြီး ဒီရုပ်ရှင်ထဲကအဖြစ်အပျက်တွေဟာလည်း တကယ့်လက်တွေ့ဘဝက သူတို့ရဲ့ကင်ဆာရောဂါရှင်သားဦးလေးနဲ့အတူ ဘဝဖြတ်သန်းခဲ့ရပုံဖြစ်ရပ်မှန်တွေကိုရိုက်ပြထားတာဖြစ်ပါတယ်။ ဒီတော့ အများကြီးမညွှန်းတော့ဘူး။ တစ်ခုပဲသတိပေးချင်တာက ပြင်သစ်ရုပ်ရှင်တို့ရဲ့ထုံးစံအတိုင်း အသံက ရုတ်တရက်ဆောင့်ဆောင့်ထွက်လာတတ်တာလေးတစ်ခုပါပဲ။ ကျွန်တော်ကတော့ Alex666 ပါ။ ရှုစားလိုက်ကြပါဦး။ File size…(1.6 GB)/(800 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:40:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alex666

Thriller • Horror
7 2001 100 mins
Declaration of War
The Door in the Floor

သားလေးနှစ်ယောက်နဲ့ သာယာပျော်ရွှင်သောဘဝလေးကို ဖြတ်သန်းနေတဲ့ စာရေးဆရာတက်ဒ်ကိုးလ်တို့ မိသားစုဟာ သားနှစ်ယောက် မတော်တဆမှုနှင့်သေဆုံးပြီးနောက်မှာတော့ အေးစက်သွားခဲ့ပါတယ်။ လင်မယားနှစ်ယောက် တစ်ယောက်တစ်လှည့်စီ သမီးဖြစ်သူနှင့်နေထိုင်ရင်း ဖြတ်သန်းလာရာမှ တစ်နေ့ သားဖြစ်သူနှင့် ရုပ်ချင်းဆင်သော အက်ဒ်ဝပ်ဆိုသူ လူငယ်လေးတစ်ယောက်မှ နွေရာသီကျောင်းပိတ်ရက်အတွင်း စာရေးဆရာကိုးလ်ရဲ့အိမ်တွင် လက်ထောက်အဖြစ် အလုပ်သင် လုပ်ကိုင်ရန် အကြာင်းဖန်လာပါတော့တယ်။ အက်ဒ်ဝပ်ရောက်ရှိလာမှုက မိသားစုအတွင်း ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲ သူတို့ အိမ်ထောင်ရေး ဘာကြောင့် ယခုလိုအေးစက်သွားရသလဲ စသည်တို့ကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ဆွဲခေါ်သွားမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(837 MB) Quality….Webrip 720p Format…mp4 Duration….01:51:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

0 2004
The Door in the Floor
(2024)
6.9

1995 (2024) IMDb Rating (6.9) 1995 ခုနှစ်ဆိုတဲ့ခုနှစ်က တချို့သောသူတွေအတွက် အမှတ်တရတွေ အောင်မြင်မှုတွေ ကျရှုံးမှုတွေ ဝမ်းနည်းစရာတွေ ဝမ်းသာစရာတွေရှိခဲ့ဖူးတဲ့ နှစ်တစ်နှစ်ဖြစ်နိုင်သလို အဲ့ဒီအချိန်ကာလမှာမမွေးဖွားသေးတဲ့လူတွေလည်းအများကြီးရှိပါတယ်။ ဒါပေမယ့် ရီကာဒိုထရိုဂျီဆိုတဲ့ ကနေဒါ ရုပ်ရှင်ရိုက်ကူးသူတစ်ယောက်အတွက်ကတော့ အဲ့ဒီခုနှစ်က အထက်မှာပြောခဲ့သမျှအရာတွေအားလုံးဖြစ်ခဲ့ပြီး သူ့ဘ၀တစ်ဆစ်ချိုးခဲ့တဲ့ခုနှစ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုပဲ သူကိုယ်တိုင် ဒါရိုက်တာလုပ် သူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး 1995 ဆိုတဲ့နာမည်နဲ့ပဲ Documentary ပုံစံမျိုးပေမဲ့ လုံး၀ကွဲထွက်နေပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းအသွားအလာမျိုးနဲ့တင်ဆက်ပေးခဲ့ပါတယ်။ IMDb မှာလည်း လက်ရှိ Rating 6.9 အထိရရှိထားပြီး သူကိုယ်တိုင်ကလည်းအရည်အချင်းရှိတဲ့ရိုက်ရှင်ရိုက်ကူးရေးသမားတစ်ယောက်ဖြစ်တဲ့အတွက် ကြည့်လို့ကောင်းပြီး ကိုယ့်ဘ၀အတွက် စိတ်ခွန်အားတက်ကြွစရာတစ်ခုခုကိုပေးစွမ်းနိုင်မယ်ဆိုတာကတော့အမှန်ပါပဲ။ ရီကာဒိုထရိုဂျီက ငယ်ငယ်လေးကတည်းက အနုပညာကိုဝါသနာပါခဲ့ပေမဲ့ အနှောင့်အယှက်တွေများပြီး ဝင်ရောက်ဖို့ဆိုတာကလည်းခက်ခဲတဲ့လောကတစ်ခုဖြစ်နေတဲ့အတွက် အသက် ၂၀ ကျော်အထိ သူလိုချင်တဲ့ဘ၀ကိုမရရှိနိုင်ဘဲ သာမန်လူတွေထဲကသာမန်လူတစ်ယောက်အဖြစ် သာမန်အလုပ်လေးပဲလုပ်ပြီး နေခဲ့ရပါတယ်။ ဒါပေမယ့် ပတ္တမြားမှန်ရင်နွံမနစ်ဘူးဆိုတဲ့အတိုင်း အဲ့ဒီခေတ်အခါက ရုပ်ရှင်ရိုက်ကူးသူတွေရဲ့အိပ်မက်လိုဖြစ်နေတဲ့ နာမည်ကြီး The Race ဆိုတဲ့ ရှိုးပွဲကနေ သူ့ကိုအင်တာဗျူးလာဖြေဖို့ဆက်သွယ်လာပါတော့တယ်။ အဲ့ဒီအချိန်မှာတင် ရီကာဒိုရဲ့ဘ၀က စတင်တစ်ဆစ်ချိုးပြောင်းလဲသွားပြီး သူချစ်တဲ့အလုပ်ကို အောင်မြင်အောင်လုပ်နိုင်ဖို့ ဘယ်လိုတွေကြိုးစားခဲ့ရတယ် ဘယ်လိုအခက်အခဲတွေကြုံတွေ့ခဲ့ရတယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းကောင်းနဲ့ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Saw Lay ဖြစ်ပါတယ်။) File size…(1.6 GB) / (760 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:59:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Saw Lay

6.9 1995 120 mins
(2024)
Crows Zero Kurôzu zero
7

Crows Zero (2007) IMDb Rating (7.0) / Rotten Tomatoes (78%) ဘယ်လိုပဲ ခေတ်ကိုစိုးထားစိုးထား ရှေ့သမိုင်းနဲ့တော့ ကင်းကြတာ မရှိဘူးမဟုတ်လား။ ရုပ်ရှင်တွေမှာ ရှေ့သမိုင်းမကင်းကြပုံကလည်း အဆက်ဆက်အနွယ်နွယ်တွေချည်း။ ဂျပန်ရဲ့နာမည်ကျော်မန်ဂါတွေကို ပြန်အသက်သွင်းကြတာတွေလည်းမနည်းဘူး။ အဲဒီမန်ဂါတွေကိုယ်တိုင်ကလည်း တရုတ်ရဲ့ တစ်ချို့ဇာတ်လမ်းတွေက အနည်းနဲ့အများ ပါလာတာလည်းရှိတယ်။ ဟောင်ကောင်တွေကျတော့လည်း အနောက်ကိုယူလိုက် အနောက်ကနေ ဟောင်ကောင်ကိုပြန်ယူလိုက် သံသရာလည်။ ကေတွေကျလည်း စီးရီးတွေဆို အနောက်က နာမည်တွေယူလိုက် ဇာတ်လမ်းကျောရိုးတွေယူလိုက် ဂျပန်တွေရဲ့ ဇာတ်လမ်းကျောရိုးတွေယူလိုက် မူဗီတွေဆိုလည်း အများအားဖြင့် မှုခင်းကားတွေမှာ ဟောင်ကောင်ကိုပြန်ယူလိုက် ။ တရုတ်ကလည်း ဟိုးတုန်းကတော့ ဂျပန်ကနေယူလိုက် ခုတော့ မိန်းစထွမ်းမှာတော့ ကေဟာတွေပါ ပြန်ယူတာလည်းရှိတယ်။ အိန္ဒိယတို့ ဘာတို့ကတော့ ကိုယ်ပိုင်လည်းရှိပေမဲ့ ပတ်ယူတာလည်း ကုန်သလောက်ပဲ။ ဒါက ဒီအရှေ့အာရှနားကိုပဲ ဝေ့ပြီးပြောရုံပါပဲ။ တကယ်တမ်းဆို တစ်ကမ္ဘာလုံးမကုန်ဘူး။ ဂျပန်ရဲ့ high school delinquent မန်ဂါတွေရဲ့ စတိုင်ကိုလည်း ဒီနေ့ခေတ် ကိုရီးယားမန်ဟွာတွေ ဇာတ်လမ်းတွဲတွေက ယူသုံးကြ အောင်မြင်ကြတာပဲ။ Crowsကတေ့ high school delinquent မန်ဂါတွေထဲ မန်ဂါ အန်နမဲပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့သလို အဆက်တွေ အတွဲတွေပေါင်းများစွာလည်း ထွက်ခဲ့တယ်။ ရုပ်ရှင်မှာဆိုလည်း High and Low တွေနဲ့ပါ ချိတ်ထားခဲ့သေးတယ်။ ပြီးခဲ့တဲ့လတွေက နာမည်ကြီးခဲ့တဲ့ Study Groupတို့ဆိုလည်း ဒီ Crowsတွေနဲ့ ကျောရိုးတော့ တော်တော်ဆင်တယ်ပြောရမယ်။ Crowsဟာ မန်ဂါအနေနဲ့ တော်တော်အောင်မြင်ခဲ့ပြီး ရုပ်ရှင်အနေနဲ့တော့ Crows Zeros 1, 2 ပြီးတော့ Crows Explode ဆိုပြီး သုံးကားထွက်ခဲ့တယ်။ Crowsရဲ့ ဇာတ်လမ်းမတိုင်ခင် အဓိကဇာတ်ကောင် Bōyaမတိုင်ခင် ဖြစ်ခဲ့တာတွေကို ပြထားတာပါပဲ။ မူရင်းမန်ဂါဇာတ်ကို တိုက်ရိုက် ရိုက်ပြထားတာမဟုတ်ဘူး။ ဒါကြောင့်လည်း Crows: Episode 0 လို့ ပေးထားတာနေမယ်။ ဒီ၂ကားက တော်တော်တော့ ကြမ်းတဲ့ လန်းတဲ့ထဲတော့ ပါတယ်ပြောရမယ်။ လန်းဆို ရိုက်တာကလည်းTakashi Miike။ Auditionလို ကားမျိုးရဲ့ ဒါရိုက်တာကိုး။ ၃ကတော့ သူရိုက်တာမဟုတ်တော့သလို အဓိကဇာတ်ကောင်တောင်မတူတော့ဘူး။ ဒီ၂ကားလောက်လည်း မအောင်မြင်ခဲ့ပါဘူး။ ဇာတ်လမ်းကတော့ ဆိုးသွမ်းလူငယ်တွေနဲ့ ပြည့်နေတဲ့ ကျောင်းတစ်ကျောင်းရှိတယ်။ အဲဒီကျောင်းမှာ ကျောင်းရဲ့ခေါင်းဆောင်နေရာ ထိပ်ဆုံးကိုရောက်ဖို့ တစ်ခန်းပြီးတစ်ခန်း တစ်နှစ်ပြီးတစ်နှစ် လိုက်စိန်ခေါ်ပြီး ချလိုက် အခန်းသိမ်းလိုက် လုပ်ကြတဲ့ ကျောင်းရဲ့ထိပ်ဆုံးဖြစ်ချင်တဲ့ လူငယ်တွေရော။ အခန်းပေါင်းစုံက ဂိုဏ်းပေါင်းစုံရောရှိတယ်။ အဓိကဇာတ်ကောင် ဂန်ဂျိ ကျောင်းကိုအသစ်ရောက်လာပြီး ကျောင်းရဲ့ထိပ်ဆုံးဖြစ်ဖို့ လိုက်တိုက်ခိုက်ရာကနေ ဒီဇာတ်လမ်းကိုစထားတယ်။ ဒီကျောင်းကိုသိမ်းနိုင်ရင် သူ့အဖေယာကူဇာကြီးရဲ့နေရာကို ဆက်ခံရမယ်ဆိုပြီး လာသိမ်းတာပေါ့။ တိုက်ပွဲပေါင်းစုံကို မင်းသားပေါင်းစုံရဲ့ ခပ်မိုက်မိုက်မျက်နှာပေးတွေနဲ့ ကြည့်ရတာ အရသာတော်တော်ရှိတဲ့ ရုပ်ရှင်ပါပဲ။ ကျွန်တော့်ပုဂ္ဂလိကအမြင်အရတော့ သရုပ်ဆောင်တွေရဲ့ လိုက်ဖက်မှုတင် ကေစီးရီးတွေက ဂျပန်တွေကို ဘယ်လိုမှ မမှီလောက်ဘူး။ ဒီထဲမှာ Crowsမန်ဂါထဲက အဓိကဇာတ်ကောင်တော့ မပါဝင်ပေမဲ့ Crows ယူနီဗာ့စ်ရဲ့ အသန်မာဆုံးလို့ပြောကြတဲ့ Rindamanနဲ့ အခန်းတွေတော့ တစ်ဖြတ်နှစ်ဖြတ်တော့ ထည့်ပေးထားတယ်။ ဆက်ကြည့်ချင်ရင်တော့ ၁၉၉၄မှာထုတ်ထားတဲ့ Original Video Animations၂ကားရှိပြီး ဒါလည်း မန်ဂါမတိုင်ခင်ပဲပြထားတာပါ။ ဒီထက်စိတ်ဝင်စားရင်တော့ မန်ဂါဖတ်ဖို့ပဲရှိပါတယ်။ စာရေးဆရာက သူ့တခြားမန်ဂါတွေနဲ့လည်း ချိတ်ထားတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(3.5 GB) / (1.5 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Comedy,Crime Duration….02:10:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Fantasy • Adventure • Drama • Action
7 2007 130 mins
Crows Zero Kurôzu zero