YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

CSI S9 6 to 10.zip

2.21 GB N/A application/x-zip-compressed 331 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Princess Protection Program
6.6

Princess Protection Program (2009) Selena Gomez နဲ့ Demi Lovato တို့ရဲ့ ငယ်ရွယ်တက်ကြွတဲ့ ပုံစံကို ပြန်မြင်ရမယ့် ကားဟောင်းလေးပါ။ Selena ကတော့ ကာတာလို့ခေါ်တဲ့ ငါးစာရောင်းတဲ့ သာမန်အထက်တန်းကျောင်းသူလေးဖြစ်ပြီး Demi ကတော့ ရိုဆလင်ဒါလို့ခေါ်တဲ့ မင်းသမီးတစ်ပါးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ကာတာရဲ့အဖေက ခြိမ်းခြောက်ခံရတဲ့ နေရာအနှံ့က မင်းသမီး‌တွေကိုကယ်တင်တဲ့ နိုင်ငံတကာလျှို့ဝှက်အေဂျင်စီမှာ အလုပ်လုပ်တာပါ။ မင်းသမီးရိုဆလင်ဒါနေတဲ့ ကိုစတာလူနာဆိုတဲ့တိုင်းပြည်က ကျွန်းနိုင်ငံလေးဖြစ်ပြီး သူ့ဖခင်ဘုရင်ကြီးနတ်ရွာစံသွားတဲ့အတွက် မင်းသမီးက နောက်တစ်လနေရင် ဘုရင်မအဖြစ် နန်းတက်ရတော့မှာပါ။ နန်းတက်ပွဲအတွက်လေ့ကျင့်နေချိန်မှာ ဗိုလ်ချုပ်ကိန်းက မင်းသမီးငယ်သေးတာကို အကြောင်းပြပြီး အာဏာသိမ်းဖို့လုပ်ပါတော့တယ်။ ကံကောင်းစွာနဲ့ ရိုဆလင်ဒါအမေစီစဉ်ထားမှုကြောင့် ကာတာ့အဖေက ရိုဆလင်ဒါကို ခေါ်ထုတ်လာနိုင်ပါတယ်။ ရိုဆလင်ဒါကို အေဂျင်စီက လုံခြုံတဲ့အချိန်ရောက်တဲ့ထိ နေရာချပေးဖို့လုပ်ရာကနေ ကာတာတို့အိမ်ကို ၀မ်းကွဲညီအမ ရိုစီအဖြစ်ရောက်လာပါတော့တယ်။ ရိုစီကို သာမန်ဆယ်ကျော်သက်ကောင်မလေးလို နေတတ်အောင် ကာတာက သင်ပေးရင်း ကြုံတွေရတဲ့ အဖုအထစ်လေးတွေ ကျောင်းမှာကြုံရတဲ့အခက်အခဲတွေကို တွေ့ရဉီးမှာပါ။ ကျောင်းကပွဲတွေ ဘုရင်မရွေးတာတွေပါ ကြည့်ရမှာဖြစ်ပြီး နောက်ဆုံးမှာ ရိုစီ သူ့တိုင်းပြည်ကို ပြန်နိုင်အောင် ကြိုးစားပုံတွေကိုပါ အားပေးခံစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.75GB, 1.05GB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 30Min Genre - Comedy, Drama, Family Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Comedy • Romance
6.6 2009 89 mins
Princess Protection Program
My Imaginary Country
6.6

၀၁၉ ခုနှစ် အောက်တိုဘာလရဲ့ လမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့တာကစလို့ လူထုအုံကြွမှုဖြစ်စေခဲ့တဲ့ ၂ နှစ်ကြာတဲ့ ချီလီနိုင်ငံရဲ့ တော်လှန်ရေးကို ရိုက်ပြထားတဲ့ Documentary ဇာတ်ကားဖြစ်ပါတယ်။ ရထားစီးခကို တိုးပြီး ကောက်ခံတဲ့ လို့ ကျောင်းသားလူငယ်တွေ မကျေမနပ်ဖြစ်ကာ အဓိကရုဏ်းဖြစ်ရာကစလို့ နှစ်ကြာရှည် ဖိနှိပ်ခံ အမြတ်ထုတ်ခံနေရတဲ့ ပြည်သူလူထုဟာ တစ်စည်း တစ်လုံးတည်း လမ်းမတွေပေါ်ထွက်ကာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ အုပ်ချုပ်ရေးစနစ်ကို ဆန္ဒပြ ဖော်ထုတ်ခဲ့ကြတယ်။ အစပိုင်းမှာတော့ ရဲတွေရဲ့ မျက်ရည်ယိုဗုံးတွေ နံပါတ်တုတ်နဲ့ ရိုက်တာတွေ ကျည်ဆန်အတုနဲ့ ပစ်တာတွေကို ကြုံခဲ့ရပြီး လူဦးရေ ၄၀၀ ကျော် မျက်စိကို ထိခိုက်ပြီး အမြင်အာရုံ ပျောက်ခဲ့ရတယ်။ ဒီလိုနဲ့ တော်လှန်ရေး အရှိန်အဟုန်ဟာ တိုးလာပြီး ပြည်သူလူထုဘက်က ဒိုင်းတွေကာ ခဲတွေပေါက်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်ခဲ့ကြရတယ်။ ဖိုဝါဒီနဲ့ အမျိုးသမီးအခွင့်အရေးတွေကို ဖိနှိပ်ခံထားရတဲ့ အမျိုးသမီးလေးတွေ အိမ်ရှင်မတွေဟာလည်း ဒယ်အိုးကို တီးပြီး လမ်းမတွေပေါ် ထွက်လာကြတယ်။ အဲ့ဒီနောက် စစ်တပ်က ဝင်ပြီး ထိန်းချုပ်တဲ့အခါမှာတော့...သူတို့ဘယ်လိုဆက်ဆန္ဒပြကြမလဲ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့... File Size :(2GB) and (869MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:23:00 Genre : Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by Kit Encoded by Phyo Pyae

Comedy • Drama
6.6 2022 83 mins
My Imaginary Country
The Super Mario Bros. Movie
7.8

စူပါမာရီယိုဟာ သမိုင်းတလျှောက်ရောင်းအားအကောင်းဆုံး ဂိမ်းပဲဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားနဲ့ ပလက်ဖောင်းများလွန်းလို့ လူသန်းပေါင်းဘယ်လောက်ကစားဖူးလဲတောင် ပြောရခက်ပါတယ်။ အခုတခေါက်ကတော့ ဒီဂိမ်းကို ကာတွန်းအဖြစ်အသက်သွင်းထားတာပါပဲ။ မာရီယိုအဖြစ် ခရစ်ပရက်၊ မင်းသမီးလေးအဖြစ် အာညာတေလာဂျွိုင်း၊ လူဝီးဂျီအဖြစ် ချာလီဒေး နဲ့ လိပ်ကြီးဘောင်ဆာအဖြစ် ဂျက်ဘလက်တို့လို နာမည်ကျော်တွေ သရုပ်ဆောင်ထားပါတယ်။ ထွက်ခဲ့ဖူးတဲ့ မာရီယိုဂိမ်းမျိုးစုံထဲက ကာရိုက်တာတွေ၊ လက်နက်တွေ၊ တီးလုံးတွေ၊ နေရာတွေကို သူ့နေရာနဲ့သူ ပြန်သုံးပေးထားပါတယ်။ ကြည့်ရတာ အပန်းပြေတဲ့ ကာတွန်းကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်း မာရီယိုနဲ့လူဝီးဂျီတို့ ညီအစ်ကိုဟာ လူတိုင်းက အထင်သေးရတဲ့ ဘရွတ်ကလင်းရဲ့ ရေပိုက်ပြင်သမားညီအစ်ကိုနှစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရေပိုက်တစ်ခုကနေ မှော်တိုင်းပြည်ထဲကို‌ရောက်သွားပါတော့တယ်။ လူဆိုးဘုရင်ကြီး ဘောင်ဆာဟာ စူပါကြယ်ကြီးကို ပိုင်ဆိုင်ပြီး သူတို့ရဲ့ မှော်လောကထဲကို တိုင်းပြည်အားလုံးကို သိမ်းပိုက်ဖို့ ကြံစည်ထားတဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူက မှိုတိုင်းပြည်က မင်းသမီးလေးမက်မွန်သီးကို အရမ်းချစ်နေတာမို့ သူနဲ့အတူ ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့ မင်းသမီးလေးကို လက်ထပ်ခွင့်တောင်းဖို့လာခဲ့ပါတယ်။ မင်းသမီးက လက်မခံခဲ့ရင်တော့ မှိုတိုင်းပြည်ကိုဖျက်ဆီးပစ်မှာပါပဲ။ ဒါကိုသိတဲ့ မင်းသမီးလေးဟာ မာရီယိုနဲ့ပူးပေါင်းပြီး ဒန်းကီးကောင်တို့ရဲ့တိုင်းပြည်ကိုစစ်ကူသွားတောင်းခဲ့ပါတယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကာတွန်းထဲမှာ ရှုစားလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Adventure, Comedy Quality…. 4k HEVC | 1080p | 720p | 480p Webrip File size…3.7GB |  1.9GB | 1GB | 500MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Aaron. Thit San Khant

Horror • Romance • Science Fiction
7.8 2023 93 mins
The Super Mario Bros. Movie
(18+)Angel Is Dead
5

ဒီတစ်ခေါက်တော့ အထီးကျန်ရတာကို သေရမှာထက် ပိုကြောက်တဲ့ အမျိုးသမီးအကြောင်းကြည့်ရမှာပါ ကိစ္စတစ်ခုနဲ့ ကျွန်းပေါ်ရောက်လာတဲ့ အဲအမျိုးသမီးက ကျွန်းပေါ်ကကောင်လေးနဲ့ မေတ္တာမျှတော့ လူငယ်သဘာဝ နေရင်းက ကိုယ်ဝန်ရတယ် ဒါပေမဲ့ လက်ထပ်ဖို့ပြောတော့ ကောင်လေးက ငြင်းဆန်တယ် ထပ်ပြီး ထပ်ပြီး ငြင်းနေတော့ ကောင်လေးကို မယူယူအောင်နည်းမျိုးစုံသုံးပြီး ခြိမ်းခြောက်တယ် နောက်ဆုံး‌ေကာင်‌ေလးကသူ့ကိုမယူနိုင်တဲ့အခါ ကောင်လေးအိမ်သွားပြီး သွားပြောရင်းက ကောင်လေးအဖေနဲ့ပါ လင်မယားဖြစ်သွားတဲ့ဇာတ်ပါ ဒီလောက် ရိုးရှင်းလှတဲ့ ဇာတ်လမ်းတော့ မဟုတ်ပါဘူး။ ဇာတ်လမ်းထဲမှာ မြှုပ်ကွက် ကျန်နေသေးတာမို့ ဇာတ်လမ်းကိုသာ ကြည့်ရှုလိုက်ကြပါတော့။ ရှုပ်ရှုပ်ထွေးထွေးရှိလှတဲ့ ဒီဇာတ်လမ်းလေးကတော့ Angel is dead ပါ ၁၈ ယောက် စုကြည့်ရမယ့်အခန်းများ ပါတာမို့ မိသားစုနဲ့ ကြည့်ရှုရန် မသင့်တော်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rookie ပဲ ဖြစ်ပါတယ်။ Genre..... Drama, Romance Quality….  720p | 480p File size… 401MB | 233MB Format… mp4 Duration….1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rookie Encoder ..... August

Crime • Mystery • Thriller
5 2017 87 mins
(18+)Angel Is Dead
To Leslie
7

ပယင်းရောင် ယစ်ရွှေရည်၊ စူးရှရှ ပြင်းပြပြ၊ မူးယစ်ရီဝေခိုက်မှာ အသူရာတို့ရဲ့ဘုံမှာ ပျော်ဝင်နစ်မြုပ်သွားသလို။ တစ်ခွက်ပြီးရင် နောက်တစ်ခွက်၊ နောက်တစ်ခွက်နောက်မှာ နောက်တစ်ခွက်၊ ပြန်ဖို့အိမ်အသင့်၊ အိပ်ကပ်ထဲမှာ ပိုက်ဆံအပြည့်၊ ကားထဲမ‌ှာ ဆီအပြည့်။ သူရာရည်ရဲ့ မဲဆွယ်ကာလ ယစ်မူးချိုမြိန်မှုတွေကုန်ချိန်၊ သူဟာ လမ်းဘေးက အိမ်ယာမဲ့။ စားစရာမရှိ၊ ခေါင်းချစရာမရှိ၊ ခိုလှုံရာနတ္ထိ။ ချစ်လှပါတယ်ဆိုတဲ့ အခြွေအရံတွေရဲ့ ခါးသီးတဲ့စွန့်ပစ်မှုတွေနောက်၊ ဘဝက အောက်ကျခဲ့ပြီလား။ လက်စလီ ဟာ တစ်ကိုယ်တည်းသမား သားသည်မိခင်။ ဒေါ်လာနှစ်သိန်းနီးပါး ထီဆုကြေးငွေတွေ အပြည့်အသိပ်နဲ့။ ဘာတဲ့၊ ဘဝပြောင်းမယ့် ပိုက်ဆံတွေတဲ့လား။ တကယ်ပဲ ဘဝပြောင်းသွားတယ်။ လူ့အမှိုက်တစ်ယောက်အဖြစ်ကိုပေါ့။ ပိုက်ဆံတွေကို ယစ်ရွှေရည်နောက် တကောက်ကောက်လိုက်ရင်း ချွတ်ခြုံ မွဲပြာကျ၊ လှလှကြီးဒုက္ခရောက်ရသူ။ ၁၃ နှစ်သားလေးကိုစွန့်ပစ်လို့ လောကဒဏ်ရိုက်ချက်တွေကြား အရက်သမားအဖြစ်နဲ့ ဘဝဇာတ်ခုံမှာ ဇာတ်နာလိုက်ပုံများ။ ကိုယ့်ကိုဖျက်ခဲ့တဲ့ အရက်ကိုပဲ တမ်းတမ်းတ စွဲလမ်းရသူ လက်စလီ တစ်ယောက်၊ သားဆီကို အပြန်လမ်း၊ သူရာနတ်မင်းရဲ့ ကလိထိုးကျီစားမှု ကြောင့် သားဖြစ်သူရဲ့ စွန့်ပစ်ခြင်းနဲ့ ဝဋ်တစ်ဖန်ပြန်လည်၊ ပလက်ဖောင်းမင်းသမီး အရင့်စားကြီးပေါ့။ မွေးရပ်မြေကို ပြန်ရောက်၊ တစ်အူထုံဆင်း အစ်မရင်းကပါ အိမ်ကနေနှင်ထုတ်ရလောက်အောင် ဘဝဆိုးရသူ။ လက်စလီ ဘယ်လဲ၊ ဘာလဲ။ ဘာတွေဆက်ဖြစ်မလဲ။ ဘာတေ‌ွကြုံရဦးမလဲ။ ဒီ ၂၀၂၂ နှစ်ထွက် မိသားစုဇာတ်ကားလေးက သင့်ကို တွေးစရာတွေတပုံတပင်နဲ့ အရောင်စုံခံစားချက်တွေ ပေးစွမ်းနိုင်တာမို့ ကြည့်ရှု့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Arr Khun Winchester ပါ ) File Size__(2.7GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.0/10 Format__mp4 Duration__02:00:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

Drama • History • Music
7 2022 119 mins
To Leslie
Office Space
7.7

ဒီရုပ်ရှင်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က ထွက်ရှိခဲ့ပြီး ရုံးခန်းတွေ ကုမ္ပဏီတွေမှာ အလုပ်လုပ်ပုံတွေနဲ့ အမြင်တွေကိုပါ ပြောင်းလဲသွားစေခဲ့တဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ the old time ကိုပြန်လွမ်းဆွတ်သတိရမိစေမဲ့ 20th century fox productionက ထုတ်လုပ်ထားတဲ့ Office Space 1999က အားလုံးနဲ့ရင်းနှီးပီးသားဇာတ်ကားလေးတစ်ကားဖြစ်မှာပါ ဇာတ်လမ်းအစမှာ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ပီတာ ဆမီလ်နဲ့ မိုက်ကယ်တို့ ရုံးအလာကားလမ်းပိတ်ပီး ကိုယ်စီအခက်အခဲဖြစ်နေတာကိုတွေ့ရမှာပါ ပီတာတို့သူငယ်ချင်း ၃ယောက်က Initech လို့ခေါ်တဲ့ software ကုမ္ပဏီမှာ အလုပ်လုပ်ကြပါတယ် Boss ဖြစ်တဲ့ ဘီလ် လမ်ဘာ့ဂ်က အရမ်း bossy ဖြစ်တာကြောင့် ဝန်ထမ်းတွေလဲ လုပ်ရတဲ့အလုပ်ပေါ်မှာ မပျော်ရွှင်ကြပါဘူး တနေ့တော့ပီတာကအလုပ်လုပ်စရာမလိုပဲသူဌေးဖြစ်နိုင်မဲ့နည်းလမ်းတစ်ခုကိုရှာတွေ့သွားရာကနေ ဘယ်လိုတွေဆက်ဖြစ်ကြဦးမလဲဆိုတာ ဟာသလေးတွေနဲ့အလွဲတွေကိုကြည့်ရှုခံစားရမဲ့အပြင် ဝန်ထမ်းကိုယ်စီရဲ့ရှုထောင့်ကနေ မတူညီတဲ့ခံစားချက် ဝန်ထမ်းတို့ရဲ့ဘဝကို ရသမြောက်အောင်ဖော်ကျူးပေးနိုင်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် File size…(1.08GB) / (630MB) / (282MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nyein Lei Wai

Drama • Horror • Thriller
7.7 1999
Office Space
Babel
7.4

[Unicode] Babel (2006) IMDB – 7.4 Rotten Tomatoes – 69/100 ဘာသာစကားတွေဟာ လူတွေရဲ့ စိတ်အ‌ခြေအနေ ခံစားချက်တွေကို ဖော်ပြဖို့ တည်ရှိနေတာပါ။ ဒါပေမယ့် တစ်ရံတစ်ခါ အနုပညာမှာဖြစ်ဖြစ် တကယ့်ဘဝမှာဖြစ်ဖြစ် ကျယ်ပြန့်လှတဲ့ ဘာသာစကားတွေတောင် သူ့ထက်ပိုကျယ်ပြောတဲ့ ခံစားချက်တွေကို စီးကူးသယ်‌ဆောင်ဖော်ပြဖို့ရာ မစွမ်းသာတော့ပါဘူး။ ရုပ်ရှင်တစ်ကားကို ညွှန်းဆိုခြင်းမှာ ဇာတ်လမ်းအကြောင်းအရာထက် ရရှိတဲ့ခံစားမှုက ပိုပဓာနကျပါတယ်။တစ်ခါတလေ ဘာသာစကားက ခံစားမှုကို မသယ်ဆောင်နိုင်တဲ့အခါမှာတော့ ရုပ်ရှင်ကရတဲ့ခံစားမှုကို ဖော်ညွှန်းဖို့ မတတ်‌နိုင်တော့ပါဘူး။ ဆိုတော့ကာ အကြောင်းအရာသက်သက်ကိုပဲ ညွှန်းဆိုပါမယ်။ ဘာဘယ်ဆိုတဲ့ နာမည်ဟာ စာသမားတွေနဲ့ မစိမ်းလှတဲ့ နာမည်ပါပဲ။ သမ္မာကျမ်းစာထဲက ရေလွှမ်းမိုးမှုပြီးတော့ နောဧနောက်ပိုင်းလူတွေဟာ မိုးကောင်းကင်ကို မှီနိုင်မယ့် မျှော်စင်ကို ဆောက်ဖို့ကြိုးစားခဲ့ကြတယ်။ အဲ့ဒီမျှော်စင်ဟာ ဘာဘယ်ပါပဲ။ နာမည်ကျော် ဖရန့်ကာဖ်ကာရဲ့ မြို့တော်ရဲ့တံဆိပ်ထဲက လူတွေဆောက်လို့မပြီးကြတဲ့ မျှော်စင်ကြီးဟာ ဘာဘယ်ပါပဲ။ အဲ့ဒီမျှော်စင်ဟာ နာမည်ကျော် ဘေဘီလုံမှာရှိတယ်။ ဒီရုပ်ရှင်ရဲ့ နာမည်ဖြစ‌်နေရုံကလွဲပြီး အစအဆုံးမှာ လေသံစိုးစဉ်းမျှ မကြားရတဲ့ ဒီဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးက ဘာပက်သက်သတုန်းလို့တော့ တွေးမိကြမှာပဲ။ ကမ္ဘာဦးကျမ်းမှာ မြို့တစ်မြို့နဲ့ ဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးကို လူတွေ ဆောက်ကြတော့ ဘုရားသခင်က လူတွေ စည်းလုံးမှုပျက်ပြားပြီး မအောင်မြင်အောင် သူတို့လျှာကထွက်တဲ့ ဘာသာစကားတွေကို ကွဲအောင်လုပ်ပြီး နေရာအရပ်ရပ်ကိုပါ ကွဲပြားစေခဲ့တယ်။ ဒီရုပ်ရှင်မှာ နိုင်ငံသုံးနိုင်ငံပါတယ်။ အမေရိကန် ဂျပန် မော်ရိုကို သူတို့ရဲ့ဘာသာစကားတွေ မတူညီကြဘူး။ ဒါပေမယ့် အဖြစ်အပျက်တစ်ခုဟာ အဲ့ဒီနိုင်ငံသုံးခုက မိသားစုသုံးခုက ကလေးတွေကို ချိတ်ဆက်ပေးလိုက်တယ်။ ဒီချိတ်ဆက် မှုဟာ ကလေးတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေနဲ့ ချိတ်ဆက်ထားတယ် ထင်စရာရှိပေမယ့် ဂျုန်းမိသားစုက ကလေးနှစ်ယောက်ကတော့ ဘာအမှားမှမလုပ်ခဲ့တဲ့အတွက် ဒီရုပ်ရှင်ရဲ့ ဦးတည်ရာက မိဘတွေကိုပါပဲ။ ” ထာဝရဘုရားက၊ ကြည့်ရှုလော့။ လူတမျိုးတည်း။ စကားတမျိုးတည်းရှိသည် ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။ လာကြ။ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနာမလည်စေခြင်းငှာ၊ သူတို့စကားကို ရှုတ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။ ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေ‌ ‌တော်မူသဖွငျ့ သူတို့သည်မြို့ကိုမတည်ဘဲ နေကြ၏။ “ ကမ္ဘာဦးကျမ်း ၁၁ ၆ ၇ ၈ ကမ္ဘာဦးကျမ်းအတိုင်းပြောရရင် ဘုရားသခင်ဟာ လူသားတွေကို ဖန်တီးခဲ့တယ်။ ဘုရားသခင်ဟာ လူသားတွေရဲ့ဖခင်ပါပဲ။ သူဖန်တီးခဲ့တဲ့ သူ့သားသမီးတွေဟာ ဘုရားသခင်ကို အန်တုဖို့ပြင်ဆင်လာကြတယ်။ ကလေးတွေရဲ့ ဘာသာသဘာဝအသစ်အဆန်းကို မြင်ရင် စမ်းသပ်ချင်ကြတယ်။ ဒါကို ဘုရားသခင်က လူသားတွေကို အပြစ်ပေးပြီး ဘာသာစကား အရပ်ဒေသတို့ ကွဲပြားစေခဲ့တယ်။ ဒီရုပ်ရှင်ကို ခင်ဗျားကြည့်ပြီးတဲ့ အခါ ဒီကလေးတွေရဲ့ အမှားတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ ကမ္ဘာဦးက လူတွေရဲ့အမှားအတွက်ရော ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ သိမှာပါ။ ဒီရုပ်ရှင်ဟာ ဒီတစ်လမ်းတည်းတည်းသွားတာတော့ မဟုတ်ပါဘူး။ Brad Pittကိုယ်တိုင်မှာလည်း ကမ္ဘောဒီးယား အီသီယိုးပီးယားနဲ့ ဗီယက်နမ်က ကလေးသုံးယောက်ကို မွေးစားထားပါတယ်။ သူ့သွေးရင်းကလေးသုံးယောက်လည်းရှိတယ်။ ဒီရုပ်ရှင်ဟာ ဘရက်ပစ်ရဲ့ကလေးသုံးယောက်နဲ့ လူမျိုးကွဲ ကလေးသုံးယောက်ကို အဓိကပြထားပါတယ်။ တိုက်ဆိုင်မှုဆိုရင်တောင် အတော်ကြီးတဲ့ တိုက်ဆိုင်မှုပါ။ ဒါရိုက်တာ Alejandro G. Iñárrituကလည်း Revenant တို့ 21 gramsတို့ Birdmanတို့ ရိုက်ထားတဲ့သူပါ။ ့ ဘာသာစကားခြောက် မျိုးကိုသုံးသွားပြီး တစ်ခုသော ဘာသာစကားကတော့ ဆွံ့အနားမကြားကောင်မလေးသုံးတဲ့ Sign Languageပါပဲ။ သေချာတာကတော့ မိဘနဲ့ သားသမီးမှမဟုတ်ပါဘူး။ ဆက်နွယ်ပက်သက်နေတဲ့ လူတွေတိုင်းမှာ ဘယ်လိုဘာသာစကားကိုပဲသုံးသုံး ချစ်ခြင်းရဲ့ အရာရာလိုက်လျောမှုသဘောအပေါ် ခံစားနားလည်မှုမပေါင်းရင် တကယ်တမ်း ကျွန်တော်တို့ တစ်ဖက်သားကို အပြည့်အဝ နားလည်နိုင်မှာမဟုတ်ပါဘူး။ ဒီရုပ်ရှင်ဟာ ပင်လယ်သမုဒ္ဒရာကြီးပါပဲ။ ဘာဘယ်မျှော်စင်ကြီးပေါ်က ကြည့်နေရသလို ကျယ်ပြန့်လှတဲ့ကမ္ဘာထဲက ဘဝတွေကို ခင်ဗျား‌မြင်ရမယ်။ ဘယ်မြစ်ကနေပဲသွားသွား အဆုံးမှာတော့ ဒီရသပင်လယ်ကြီးရဲ့တစ်နေရာကို ရောက်သွားမှာပါပဲ။ ပင်လယ်နီလား ပင်လယ်ဝါလား ဘယ်ပင်လယ်ထဲရောက်သွားမလဲဆိုတာတော့ ခင်ဗျားအပေါ်ပဲမူတည်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ် ) File size__( 2GB ) IMDb Rating__7.4/10 Format__mp4 Duration__02:23:50 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Animation • Family
7.4 2006
Babel
They Live
7.2

They Live (1988) ============= IMDb Rating – 7.2/10 နာဒါဆိုတဲ့ အိမ်ခြေရာမဲ့ဟာ အလုပ်ရှာဖို့ လော့စ်အိန်ဂျလိစ်ကို ထွက်လာခဲ့ ပါတယ်။ အလုပ်သမားရုံးကိုသွားပေမယ့် အလုပ်ရှာမပေးနိုင်ကြပါဘူး။ ဒါနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဝင်လုပ်ခဲ့ရင်း ကံကောင်းစွာနဲ့ ဖရန့်ခ်နဲ့ ဆုံတယ်။ သူက စားစရာ အိပ်စရာ နေရာတစ်ခုကို ခေါ်သွားပေးတယ်။ သူတို့ လိုပဲ အိမ်ခြေရာမဲ့ ယခုခေတ်အခေါ် ကျူးရပ်ကွက်လိုမျိုးပေါ့ ဘေးကပ်ရပ်က ချာ့ခ်ျကျောင်းကို မသင်္ကာလို့ စပ်စုမိရင်း ဓမ္မတေးကို သီဆိုနေကြတာမဟုတ်ဘဲ ကတ်ဆက်နဲ့ဖွင့်ထားတာကို တွေ့လိုက်ရတယ် အထဲမှာလည်း ဓာတ်ခွဲခန်းလိုမျိုး အခင်းအကျင်းတွေနဲ့ပေါ့။ တစ်ညမှာ ထိုကျူးရပ်ကွက်နဲ့ ချာ့ခ်ျကျောင်းကို ရဲတွေအလုံးအရင်းနဲ့ ဝင်လာပြီး စီးနင်းကြပါတော့တယ်။ အကြောင်းပြချက်ကိုတော့ ဘယ်သူမှမသိကြပါဘူး။ နောက်နေ့မှာတော့ နာဒါဟာ ဘုရားကျောင်းထဲ ဝင်နှောင့်ရင်း ထူးဆန်းတဲ့ကတ္ထူ ပုံးကို မ’လာပါတော့တယ်။ အထဲမှာတော့ နေကာမျက်မှန်တွေချည်းနဲ့ ပြည့်လို့နေ တယ်။ မျက်မှန် တစ်လက်ကိုယူပြီး တပ်ကြည့်လိုက်တဲ့အခါမှာတော့ ကမ္ဘာကြီးက သူထင်ထားသလိုမဟုတ်တာကို တွေ့လိုက်ရချိန်မှာတော့… ချာ့ခ်ျကျောင်းကို ဘာကြောင့် ဝင်စီးတာလဲ… ကျောင်းကရော ဘာတွေ လုပ်နေတာလဲ… နေကာမျက်မှန်ကနေတစ်ဆင့် ဘာတွေမြင်လိုက်လဲဆိုတာတော့ ကိုယ်တိုင်သာ ခံစားကြည့်ရှုပါတော့။ သူ့ခေတ်အခါမှာ Rating 7.2 ရရှိထားတဲ့အပြင် Top 1 အဖြစ် ၂ပတ်ဆက်တိုက် ရှိနေခဲ့တဲ့ ဇာတ်ကားဖြစ်တာကြောင့် မကောင်းမှာတော့ ပူစရာမလိုပါဘူး… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size……….(1.5 GB) / (608 MB) Quality…………BLU-RAY 1080p / 720p Duration……..1Hr 34Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Horror, Sci-Fi Translator……Mugiwara Ya Encoder……….SWM

7.2 1988 93 mins
They Live
Your Christmas or Mine 2
5.8

Your Christmas or Mine 2 (2023) ======================== ၂၀၂၂ ခရစ်စမတ်မှာ ရထားချင်းလွဲပြီး အိမ်မှားရောက်သွားခဲ့ကြတဲ့ ဂျိန်းစ်နဲ့ ဟေလေတို့ ချစ်သူနှစ်ယောက် အခု ၂၀၂၃ ခရစ်စမတ်မှာ လည်း လွဲကြပြန်ပါပြီ။ဒီတစ်ခေါက်ကတော့ ဒီလိုပါ။ သူတို့နှစ်ယောက် ခရစ်စမတ်ပိတ်ရက်မှာ နှစ်ဖက်မိသားစုတွေနဲ့ အတူတူ အပ်စ်တောင်တန်းမှာ နှင်းလျှောစီးဖို့ စီစဉ်ထားကြပါတယ်။ လူကုံထံတွေဖြစ်တဲ့ ဂျိန်းစ်တို့ဘက်က နှင်းတောင်တန်းတွေရဲ့ အလယ် မှာရှိတဲ့ ကြယ်လေးပွင့်ဇိမ်ခံဟိုတယ်ကြီးမှာ ဘိုကင်တင်ထားကြပြီး သာမန်မိသားစုလေးဖြစ်တဲ့ ဟေလေတို့ဘက်ကတော့ သက်သာချောင် ချိရေး တည်းခိုအိမ်လေးမှာပဲ ဘိုကင်ယူထားကြတာပါ။ ဒါပေမဲ့ ဖြစ် ချင်တော့ နှစ်ဖက်မိသားစုက ကားချင်းလွဲတက်သွားကြပြီး နေရာတွေ မှားရောက်ကုန်ကြပါပြီ။ မိုးနဲ့မြေလို ကွာခြားတဲ့ နေရာနှစ်ခုကို လွဲပြီး ရောက်သွားကြချိန်မှာတော့ သူတို့တွေ ဘာဆက်ဖြစ်လာမလဲ၊ ဂျိန်းစ်နဲ့ ဟေလေတို့ကရော ဘယ်လိုဆက်နှစ်ပါးသွားကြဦးမလဲဆိုတာကို ပျော် ပျော်ပါးပါးကြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.7 GB) / (700 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….May Thet Khine Soe Encoder……….Zin Phyo Aung

5.8 2023
Your Christmas or Mine 2
Sweethurt
7.3

ဒီတစ်ခါမှာတော့ IMDb 7.4 အထိရရှိထားတဲ့ comedy ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးသွားမှာပါ ဂျေကော့ ဟာသူ့ကောင်မလေးကို ကိုယ်တိုင်ဖြတ်ခဲ့ပြီး ၂နှစ်ကြာတဲ့အထိ မေ့မရနိုင်ဖြစ်နေသူပါ တရက်မှာတော့ ဆုံးသွားတဲ့ သူ့အဖိုးအိမ်ကိုရောင်းဖို့ သူ့သူငယ်ချင်းတွေနဲ့အတူ တခြားမြို့ကို သွားကြ‌ပါတော့တယ် ဂျေကော့ဟာ သူငယ်ချင်းဖြစ်သူ ဂျက်နဲ့ ဘားမှာထိုင်ရင်း သူမေ့မရနေတဲ့ ရည်းစားဟောင်းလေးနဲ့ပြန်လည် တွေ့ရှိတဲ့အခါ ဂျက်ကိုထားပြီး ရည်းစားဟောင်းလေးနဲ့ အပြင်ကိုသွားပါတော့တယ် ဂျေကော့တစ်ယောက် ရည်းစားဟောင်းနဲ့ အပြင်သွားနေတုန်း သူ့သူငယ်ချင်းတွေဟာ သူ့အဖိုးအိမ်မှာ ပါတီပွဲ အကြီးအကျယ် ကျင်းပနေကြပါတယ် ဂျက်တစ်ယောက် ရည်းစားဟောင်းလေးနဲ့ ပြန်အဆင်ပြေမှာလား သူငယ်ချင်းတွေကရော ဘာတွေမွှေဦးမှာလဲ သူငယ်ချင်းတွေအကြား ညီအစ်ကိုလို ဆက်ဆံရေးနဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့် အချိန်အကြာကြီး နောင်တနဲ့ နေထိုင်ရတာတွေကို ဟာသနှောပြီး ရိုက်ကူး တင်ဆက်ထားတာဖြစ်ပါတယ် File size…(1.5 GB)/(735 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

Adventure • Action • Thriller • Science Fiction
7.3 2020
Sweethurt
Moonlight Warrior
5.8

လူငယ်လေးတွေမှာ ငယ်ဘဝတုန်းကစွဲလမ်းခဲ့ရတဲ့ မမတစ်ယောက်တော့ရှိတတ်တယ်မဟုတ်လား။ သူနာပြုမမကိုစွဲလမ်းမိတဲ့ ကောင်လေးတစ်ယောက်အကြောင်း ဒရာမာကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ အမေတစ်ခုသားတစ်ခုနုဲ့ ဘဝလေးကိုသမာရိုးကျ ရှင်သန်လာတဲ့ကောင်လေးတစ်ယောက်ဟာ တစ်နေ့မှာတော့ သူတို့မြို့လေးရဲ့အလှဆုံးမမနဲ့ဆုံတွေ့ခဲ့တယ်။ မမရဲ့ဘဝကခက်ခဲတယ်။ မမရဲ့ယောင်္ကျားက မမကိုနှိပ်စက်ပြီး သူများနဲ့ဖောက်ပြန်တယ်။ ကောင်လေးကမမကိုကာကွယ်ပေးတဲ့သူရဲကောင်းတစ်ယောက်ဖြစ်ချင်ခဲ့တယ်။ တစ်နေ့ကျတော့ မမကဂျပန်ကိုသွားဖို့ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့မမနဲ့ကောင်လေးကွဲခဲ့ရတာပေါ့။ မမကိုစာတွေပို့ပေမယ့် စာတွေကပြန်ပြန်ပို့ခံရတယ်။ မမကသူ့ကိုမေ့သွားပါပြီလို့ ထင်မိလာတယ်။ သူ့ဘဝနဲ့သူနေထိုင်နိုင်ဖို့ကြိုးစားခဲ့တယ် ဒါပေမယ့် မအောင်မြင်ပါဘူး မမကပဲကြီးစိုးနေတာကိုး…… မမတစ်ယောက်ကိုစွဲလမ်းမိတဲ့မောင်လေးရဲ့ ဇာတ်လမ်းလေးဟာဘယ်လိုအဆုံးသတ်မလဲ။ မမပေးတဲ့စိတ်ဒဏ်ရာတွေနဲ့ကောင်လေးတစ်ယောက်အကြောင်းကို ခံစားကြည့်လိုက်ပါဦးနော်။

5.8 2024
Moonlight Warrior
Exiled
7.2

Exiled (2006) ~ IMDb – 7.2/10, RT – 80%, Meta – 73% ~ Directed by “Johnnie To” ဂျွန်နီတိုရဲ့ ဒါရိုက်တာဘဝအစောပိုင်းမှာ ခုလို Crime Action ရုပ်ရှင်တွေကို စရိုက်ခဲ့တာတော့မဟုတ်ဘူး။ ကနဦးသူ့ရုပ်ရှင်တွေမှာ ဟာသနဲ့အက်ရှင်အရောကားတွေ ချောင်ကားတွေအထိ ရိုက်ခဲ့တယ်။ နောက်ကျ မှုခင်းအက်ရှင်ဘက် ပိုကူးလာတာတွေ့ရတယ်။ ဒါပေမဲ့ နှောင်းပိုင်းမှာတော့ Crime Action ကားတွေပဲ အရိုက်များလာခဲ့သလို အဲဒီကားတွေကလည်း သူ့မာစတာပိစ်ဖြစ်လာခဲ့တယ်။ ကနဦးအားဖြင့်တော့ သူက စတားတွေအသုံးများခဲ့တယ်။ ဒါပေမဲ့ သူ့တကယ့်မာစတာပိစ်ဆိုတာတွေကတော့ စတားတွေ မသုံးထားတာတွေပဲ။ သို့ပေမဲ့ သရုပ်ဆောင်ကောင်းတဲ့ သူသုံးနေကျလူတွေပါပဲ။ The Misson နောက်ပိုင်းကတည်းက ဒီလိုပုံစံမျိုးမှာ ဒီလူတွေကို သူခဏခဏသုံးလာခဲ့တယ်။ သူ့ကားတွေများပေမဲ့ ဒီလူတွေပါရင်ကို သူ့မာစတာပိစ်ကားလို့သတ်မှတ်လိုက်လို့ရတယ်။ Exiled (2006) ကလည်း ဂျွန်နီတို့ တစ်ချို့ရုပ်ရှင်တွေလိုမျိုး ရဲတွေဝင်မပါရဲတာကို ကောင်းကောင်းအသုံးချပြထားတဲ့ ဂျွန်နီတိုရုပ်ရှင်ပဲ။ ဒီဇာတ်အဖြစ်အပျက်တစ်ခုလုံးရဲ့ကြာချိန်ကို ဂိုဏ်းတွေပစ်ခတ်တဲ့ ကြားရောက်ရောက်လာတတ်တဲ့ ပင်စင်ယူတော့မယ့်ရဲအဘိုးကြီးကို သုံးပြီးပြသွားတယ်။ ဘယ်လိုပြလဲဆို‌တော့ သူတို့ပြဿနာစဖြစ်တဲ့အချိန်မှာ ရဲအဘိုးကြီးက သူပင်စင်ယူဖို့ ၃ရက်ပဲလိုတော့တယ် သူ့ဘာသာလေးနေပါရစေလို့ပြောတာကနေ စတယ်။ ဒီကနေ သူက ဂိုဏ်းတွေချပြီဆိုပေါ်လာတတ်တယ်။ သူပင်စင်ယူဖို့ ဘယ်နှနာရီပဲလိုတော့တယ် ထထအော်ပြီး လစ်လစ်သွားတယ်။ သူပင်စင်ယူမယ့်ညမှာ ဒီဇာတ်က ဆုံးသွားတယ်။ ဆိုတော့ အဖြစ်အပျက်တွေများပေမဲ့ ဒီဇာတ်က တကယ်တမ်း ၃ရက်ပဲ။ Exiled မှာ Anthony Wong, Francis Ng, Lam Suet, Nick Cheung, Richie Jen, Simon Yam တို့ပါထားတယ်။ ဒီလူတွေနဲ့ ဒီလိုကားတွေ လိုက်တယ်ဆိုတာ ထပ်ပြောဖို့မလိုလောက်တော့ဘူး။ Nick Cheung ရဲ့ ဇာတ်ကောင်က သူတို့ဘော့စ် Simon Yam ကို သတ်ဖို့ကြိုးစားခဲ့တယ်။ ဒီတော့ သူတို့ဘော့စ်က နစ်ရဲ့ဇာတ်ကောင်ကို သူ့လူတွေကို သတ်ခိုင်းတယ်။ သူ့လူတွေဆိုတာလည်း နစ်ရဲ့ ဘော်ဒါတွေချည်းပဲ။ ဒီတော့ သူတို့တွေ သတ်ဖို့သွားပေမဲ့ တကယ်တမ်းမသတ်ရက်ဘဲ အတူတူထွက်ပြေးကြဖို့ အကြောင်းဖန်လာတယ်။ ဒီမှာတစ်ခုရှိတာက ဒီအဖြစ်က ကိုရီးယားက ရိုက်တဲ့ Jang Dong-gun ပါတဲ့ Friend (2001) လို အဖြစ်မျိုးပဲ။ အဲဒီမှာတော့ ဘော်ဒါကိုသတ်လိုက်ပေမဲ့ ဒီမှာတော့ တော်တော်အားရစရာကောင်းတယ်။ နှစ်ခုယှဉ်ကြည့်လိုက်ရင် ဒီဇာတ်က တော်တော်အားရစရာကောင်းလိမ့်မယ်။ ဆိုခဲ့သလို သူတို့တွေ ပြေးဖို့ကြံရင်း ငွေရအောင် နောက်ဆုံးအလုပ်ကိုလုပ်ကြတယ်။ အဲဒီအလုပ်အဆင်မပြေသွားရာကနေ ဒီသုံးရက်အတွင်း ဘယ်လို ဂြိုဟ်တွေ ဝင်စီးလဲ ပြတယ်။ ဒါပဲ။ သူ့ထုံးစံအတိုင်း ဇာတ်အချိန်ကျဉ်းတယ်။ ကကျိုးကကြောင်အဖြစ်တွေလည်းပါတယ်။ ဂျွန်နီတိုအရသာအပြည့်ရတယ်။ ဒါမဲ့ တချို့အချက်တွေကြောင့် ဒီကားကို ဂျွန်နီတိုရဲ့အကောင်းဆုံးကားလို့ သတ်မှတ်ချင်မိတာမျိုးတော့ ရှိတယ်။ ဥပမာဆို နောက်ဆုံးပစ်ခန်း ပစ်ကြခတ်ကြတာတွေကို ကျွန်တော်တို့ကိုပြရင် အနည်းဆုံး ၅မိနစ်ဝန်းကျင်လောက်တော့ ကြည့်ရတယ်။ လူအုပ်လိုက်ကြီးပစ်ခတ်နေကြတာဆိုတော့ ထောင့်ပေါင်းစုံက ပတ်ပြနေတာကိုး။ ဒါပေမဲ့ ပစ်ခတ်ကြတဲ့အချိန်ဟာ ခဏလေးဆိုတာကို ကြည့်တဲ့သူ မြင်သာ‌အောင် ဂျွန်နီတိုက လှလှလေးပြသွားတယ်။ ဆိုင်မွန်ယန်းရဲ့ ဇာတ်ကောင် ဘော့စ်က ကျွဲရိုင်းဘူးကို ဝရန်တာက ပစ်ချပြီး သူ့လူတွေကို ပစ်ဖို့အချက်ပြတယ်။ ဘူးမကျခင် တစ်ကောင်က ဘူးကိုကန်ချလိုက်တယ်။ ပြီးတော့နောက်တစ်ကောင်ကကန်တယ်။ နောက်ဆုံးအန်သိုနီဝေါင်ထပ်ကန်လိုက်လို့ ဘူးလေထဲပြန်မြောက်သွားတဲ့အချိန်မှာ စပစ်ကြတယ်။ ပစ်တာခတ်တာကတော့ အကြာကြီးလိုလိုပဲ။ ဟိုကောင်ကပစ်တာပြလိုက် ဒီကောင်ကပစ်တာပြလိုက်နဲ့ပဲ။ အကုန်လည်းသေပြီးရော ဘူးက ကြမ်းပေါ်ပြုတ်ကျတာကိုပြတယ်။ တကယ်တမ်း သူတို့ပစ်နေကြတဲ့အချိန်က စက္ကန့်ပိုင်းပဲရှိခဲ့တာကို ဂျွန်နီတိုက ဇာတ်ထဲရှိနေပြီးသား အရာကိုပဲသုံးပြီး လှလှပပကို ပြသွားခဲ့တယ်။ Exiled (2006) ဟာ ကြည့်လို့တော်တော်အရသာရှိတဲ့ ဂျွန်နီတိုရုပ်ရှင်တွေထဲမှာတောင် ကြည့်လို့တော်တော်အရသာရှိနေတဲ့ ရုပ်ရှင်ပဲ။ ခုကြည့်ပြီး ခုနောက်တစ်ခေါက်ပြန်ကြည့်ချင်လောက်အောင်ကို ကြည့်ရ အရသာရှိလွန်းခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 910MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 50Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2006 108 mins
Exiled
Night of the Zoopocalypse

ဒီ Animation လေးကတော့ Horror , Comedy အမျိုးအစားလေးဖြစ်ပြီး မိသားစုတွေ အပန်းဖြေပေါ့ပေါ့ပါးပါးလေး ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းလေးကတော့ တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်ရုံ ပေါင်းစုံကနေ မထင်မှတ်ထားပဲ Zombie လိုမျိုး အကောင်တွေပျံနှံသွားတာကို ဝံပုလွေမလေး ဂရေစီနဲ့ တိရစ္ဆာန်ရုံ ပေါင်းစုံက တားဆီးတာကို Zombie Apocalypse ဆန်ဆန်လေး ရိုက်ပြထားတာပါ။ ဒီထဲက အဓိကဇာတ်ကောင် တစ်ယောက်ဖြစ်တဲ့ တောင်ခြင်္သေ့ကြီး နေရာမှာလဲ Stranger Things ထဲက Jim Hopper နေရာကသရုပ်ဆောင်တဲ့ David Harbour ကဝင်ရောက်အားဖြည့်ပေးထားပါတယ် ကြည့်ရတာ fun ဖြစ်ပြီး ဝေဖန်ချက်တွေလေးကောင်းတာမလို့ ကလေးတွေ မိသားစုတူတူကြည့်ရှူမယ်ဆိုရင် တော်တော်လေးအဆင်ပြေတဲ့ ကာတွန်းကားလေးပါ။၊

Comedy • Romance
0 2024 92 mins
Night of the Zoopocalypse
Happiness
7

Happiness (2007) ***************** IMDb….. 7.0 ဒီတစ်ခါမှာတော့ Hwang Jung-min၊ Im Soo-jung နဲ့ Gong Hyo-jin တို့လို တကယ့် ထိပ်တန်းသရုပ်ဆောင်တွေ ပါဝင်ထားပြီး သူ့ခေတ်သူ့အခါတုန်းက ရုံဝင် အရမ်းကောင်းခဲ့တဲ့ Happiness ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ပြိုးပြိုးပြက်ပြက် မီးရောင်တွေအောက်က ကလပ်ပိုင်ရှင် ယောင်းဆူ… ကလပ်ပိုင်ရှင်ပီပီ အရက်၊ဆေးလိပ် အကုန်သောက်ရာကနေ အသည်းခြောက်ရောဂါကဖြစ် စီးပွားရေးကလည်း တစ်စတစ်စ ဆုတ်ယုတ်လာပြီး နောက်ဆုံး နယ်မြို့လေးမှာရှိတဲ့ စောင့်ရှောက်ရေးဂေဟာမှာ နေဖို့ဖြစ်လာတော့တယ်။ ယောင်းဆူ စောင့်ရှောက်ရေးဂေဟာကို ရောက်လာပြီးနောက်မှာပဲ အဲဒီမှာရှိနေတဲ့ နာတာရှည်အဆုတ်ရောဂါသည်လေး အွန်ဟီးနဲ့ လူငယ်ချင်း သဘောကျရာကနေ နှစ်ယောက်အတူ အပြင်ထွက်နေဖို့ လုပ်ပါတော့တယ်။ ရောဂါသည်နှစ်ယောက် တစ်အိုးတစ်အိမ် ထူထောင်တာ အဆင်ပြေပါ့မလား.. မြို့ကြီးသားယောင်းဆူကရော နယ်ဘက်မှာ သူနေခဲ့တဲ့ ဘဝနဲ့ လုံးဝ မတူတော့တဲ့ ဘဝတစ်ခုမှာ နေနိုင်မှာလား.. ယောင်းဆူရဲ့ ရည်းစားဟောင်း ဆူယွန်းပေါ်လာတဲ့အခါမှာရော ဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာတွေကို သရုပ်ဆောင်ချက် အမိုက်စားတွေနဲ့ လှလှပပ ပုံဖော်ထားတဲ့ကားလေးဖြစ်တဲ့အတွက် ကြည့်ကြည့်လိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ MMyo ပဲ ဖြစ်ပါတယ်။) File Size : 3.10GB/ 1.23GB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…02:04:13 Genre : Romance, Life, Melodrama Subtitle : Myanmar Subtitle (Hard Sub) Translated by MMyo Encoded by Tiff

Drama • Adventure
7 2007 124 mins
Happiness
Kundo: Age of the Rampant
6.8

Kundo: Age of the Rampant(2014) ********************************** IMDb…6.8 (၂၀၁၄)ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားကို ပြန်တင်ဆက်ပေးရတဲ့ အကြောင်းအရင်းက Ma Dong-seok ကြောင့်ဆိုရင်လည်းမမှားပါဘူး…. ဗလခပ်တောင့်တောင့်ဒီမင်းသားဟာ Along with the Gods, Unstoppable , The Outlaws တို့မှာ ပါဝင်ခဲ့ပြီးတော့ သရုပ်ဆောင်စဉ်မှာလည်း ရိုးသားဟန်တွေပေါ်နေတဲ့ သူ့အမူအရာကြောင့် မြန်မာပရိတ်သတ်တွေအကြိုက်ဖြစ်ခဲ့သလို တစ်ချက်တစ်ချက် ထိုးလိုက်ရင် အုန်းသီးခပ်ကြီးတစ်လုံးလောက်ရှိတဲ့ သူ့လက်သီးကြောင့် ခုနှစ် ခုနှစ်လီ ၄၉ပေလောက် လွင့်သွားတာလည်း အားရစရာကြီးပါပဲ… ဒီကားထဲမှာလည်း သံလုံးကြီးတွေကိုလက်နက်အဖြစ်အသုံးပြုတဲ့သိုင်းသမားအဖြစ်ပါဝင်ထားပါတယ်… နောက်ပြီးတော့ ခေါင်းဆောင်မင်းသားဖြစ်တဲ့ Jung-woo Ha ကိုတော့ အထွေအထူးမိတ်ဆက်စရာမလိုပါဘူး.. သူရိုက်သမျှကားတိုင်းဟာ ကောင်းမွန်တယ်လို့တောင်မှတ်ကျောက်တင်ခံရတဲ့သူပါ…. ဒီကားက ဂျိုဆွန်းခေတ်က အရင်းရှင်တွေ မင်းမှုထမ်းတွေက တောင်သူလယ်သမားတွေအပေါ်နဲ့ ချို့တဲ့သူတွေကိုအနိုင်ကျင့်တဲ့အတွက်ကြောင့် သိုင်းပညာတော်တဲ့သူတွေစုပြီး တွန်းလှန်တဲ့အကြောင်းကို ရိုက်ပြထားတာပါ… ဇာတ်လမ်းဇာတ်ကွက်လည်းကောင်းသလို ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း ကိုရီးယားရဲ့ နာမည်ကျော်တွေကြီးပဲစုရိုက်ထားသလားမှတ်ရပါတယ်… ပြီးတော့ အက်ရှင်ခန်းပေါင်းများစွာ ပါဝင်တဲ့အတွက်ကြောင့် Action ကားကောင်းကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါဘူး… (အညွှန်းကို Megumi မှ ရေးသားထားပါတယ်) File size…1.72GB / 878MB Quality… Blu-Ray 1080p/ 720p Format…mp4 Duration….2h 17m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Megumi Encoded by AHtet

Drama
6.8 2014 137 mins
Kundo: Age of the Rampant