YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Creation Of The God 2 Demon Force (2025) 1080p HEVC WEB-DL 5.1 [RMC].mp4

2.94 GB N/A video/mp4 37 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Land of Gold
7

ဒီ Land of Gold ဆိုတဲ့ ဇာတ်ကားလေးကတော့ 2022 ခုနှစ်ကထွက်ရှိထားတဲ့ ဒရာမာကားလေးတစ်ကားဖြစ်ပါတယ်။ IMDB 6.9/10 ရရှိထားတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် 2021 မှာပြုလုပ်ခဲ့တဲ့ Tribeca ရုပ်ရှင်ပွဲတော်ကြီးမှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို ရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ အမေရိကန်-ပန်ချာဘီ လူမျိုးဖြစ်တဲ့ ကီရန်ဆိုတဲ့ အမျိုးသားနဲ့ သူ့ရဲ့မိသားစုအပေါ်အခြေခံပြီး ရိုက်ကူးထားတာပါ။ ကီရန်က မိသားစုအခြေအနေကြောင့် မိမိကိုယ်ကိုအနစ်နာခံပြီးတော့ အလုပ်အမြဲကြိုးစားနေတဲ့သူတစ်ယောက်ပါ။ ဒီလိုနဲ့ သူ့မိသားစုကိုသေချာအချိန်မပေးနိုင်ပဲ သူ့မိခင်ကော သူ့အမျိုးသမီးနဲ့ပါ စကားအခြေအတင်ဖြစ်ခဲ့ပါတယ်။ သူ့အမျိုးကတော့ ကလေးမွေးလုဆဲဆဲဖြစ်နေတော့ သူလည်း မိသားစုအတွက် ပိုက်ဆံရှာဖို့ ဘော်စတွန်ကို ကုန်မောင်းပို့ရာကနေဇာတ်လမ်းစပါတော့တယ်။ လမ်းတစ်လျှောက်မှာ အယ်လီနာဆိုတဲ့ မိန်းကလေးတစ်ယောက် သူ့ကုန်ကားပေါ်ပါလာတာကိုတွေ့ပြီး သူ့ကိုကူညီပေးဖို့အကြောင်းဖန်လာတော့တယ်။ ဒီဇာတ်ကားလေးမှာ လက်တွေ့လောကမှာဖြစ်လေ့ဖြစ်ထရှိတဲ့ မိသားစုပြဿနာ၊ ဇနီးမောင်နှံတွေကြားက မပြေလည်မှုတွေ၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ပုတ်မှုတွေက ကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှုအပေါ် ဘယ်လောက်အထိလွမ်းမိုးမှုရှိသွားနိုင်လဲဆိုတာကို ပေါ်လွင်အောင် ရိုက်ကူးပေးထားလို့ ရသပေါင်းများစွာပေးစွမ်းနိုင်တဲ့ ဒရာမာဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ အားပေးကြည့်ရှုဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်ဗျ။ File size…(1.8 GB)/(870 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mark

Action • Adventure • Science Fiction
7 2023 110 mins
Land of Gold
Nope
6.9

စိတ်ကူးတွေ ဟာသဉာဏ်တွေ အမြဲဆန်းသစ်တဲ့ ကီးနဲ့ပီလီဆိုတဲ့ ဟာသသရုပ်ဆောင်အတွဲကို အတော်များများကြည့်ဖူးကြမှာပါ။ ပီလီက သာမန် ဟာသတိုလေးတွေတင်ရိုက်တာမဟုတ်ပါဘူး။ Get Out လို ထူးဆန်းတဲ့ရုပ်ရှင်ကောင်းမျိုးကိုလည်း ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တဲ့သူပါ။ အခုတော့ သူကိုယ်တိုင်ဇာတ်ညွှန်းထပ်ရေးပြီး ရိုက်ကူးထားတဲ့ သိပ္ပံဟော်ရာ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ မင်းသားကတော့ Get Out ဇာတ်ကားကတည်းက သူနဲ့အတွဲညီခဲ့တဲ့ မင်းသားပါပဲ။ ဒီဇာတ်လမ်းအကျဉ်းမှာတော့ ရုပ်ရှင်ရိုက်ဖို့မြင်းတွေကို လေ့ကျင့်ပေးတဲ့ ခြံပိုင်ရှင်ကြီးတစ်ယောက်ဟာ ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ တိုလီမုတ်စပစ္စည်းတွေထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့သား အိုဂျေက အဲဒီမြင်းခြံကို မပြုတ်အောင် မနည်းကျားကန်ပြီးဆက်ရုန်းကန်နေရတာပါပဲ။ သူ့ရဲ့ညီမကတော့ ဒါရိုက်တာ သရုပ်ဆောင် အဆိုတော်ရူးလေးဖြစ်ပြီး မြင်းခြံကိုစိတ်မဝင်စားလှပါဘူး။ တစ်နေ့မှာတော့ အိုဂျေ ဟာ သူတို့ခြံဘက်ကနေ ပန်းကန်ပြားပျံလိုအရာကြီးတစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရပါတယ်။ ဒီတော့ သူတို့မောင်နှမနှစ်ယောက်က အဲဒီပန်းကန်ပြားပျံကို သက်သေရိုက်ကူးပြီးသူဌေးဖြစ်ဖို့ ကြံစည်ကြပါတော့တယ်။ ဒါပေမဲ့ သူတို့ထင်တာထက် ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ကိစ္စတွေဖြစ်လာတဲ့အခါ... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Horror, Mystery, Sci-fi Quality…. 1080p | 720p | 480p File size… 1.766GB | 908MB | 340MB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Drama • Horror • Mystery • Thriller
6.9 2022 130 mins
Nope
The Enforcer
7.3

ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးမှာတော့ အမှားတွေကြားထဲကနေ ကိုယ့်သမီးလေးကိုချစ်တဲ့ ဖခင်တစ်ယောက်ရဲ့ စိတ်ထားလေးအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါပဲ အဖေဆိုတာဟာ သူများတွေအပေါ်မှာသာ ကြမ်းတမ်းချင်ကြမ်းတမ်းမယ် သားတွေသမီးတွေပေါ်မှာတော့ တကယ့်ကိုနူးညံ့တဲ့သူမျိုးတွေပါ တချို့ခြွင်းချက်ကတော့ ခြွင်းချက်ပေါ့လေ အဲဒီလိုပဲ သားသမီးတွေကိုဖြည့်ဆည်းဖို့အတွက် ဘယ်အရာမဆို သတ္တိအပြည့်နဲ့လုပ်ပေးနိုင်တာလည်းအဖေတွေပါပဲ မိဘရယ်လို့ဖြစ်လာရင် အဖေရော အမေရောဆိုတာက ဘယ်အချိန်ဖြစ်ဖြစ်သားသမီးတွေအတွက် အမြဲတမ်းရှိနေပေးတဲ့သူတွေပါပဲ အဲဒီအကြောင်းလေးတင်ဆက်ထားတဲ့ ကားလေးကိုကြည့်ရှုလိုက်ကြပါဦး ဇာတ်လမ်းအကျဉ်း စထရေးဆိုတဲ့ လမ်းဘေးတိုက်ခိုက်ရေးသမားတစ်ယောက်ဟာ ပြိုင်ဘက်တွေကြားမှာတော့ တကယ့်ကိုနာမည်ကြီးဖိုက်တာတစ်ယောက်ပါ မိုင်ယာမီကိုအုပ်စိုးထားတဲ့ မြေအောက်အဖွဲ့ကြီးရဲ့ ခေါင်းဆောင် အက်စတယ်ကလည်း အဲဒီလိုလူမျိုးကိုလိုက်ရှာရင်းနဲ့ ပြိုင်ပွဲတစ်ခုမှာတွေ့သွားခဲ့ပါတယ် အဲဒါနဲ့ စထရေးလည်း အက်စတယ်ဆီမှာအလုပ်လုပ်ဖြစ်သွားတာပေါ့ သူ့ကို သင်ကြားပေးမဲ့သူကတော့ အက်စတယ်ရဲ့ လူယုံကြီး ကူဒါဆိုတဲ့သူပါပဲ ကူဒါကတော့ ထောင်ကျပြီးပြန်ထွက်လာတဲ့ထောင်ထွက်ကြီးပေါ့ သူ့ဆီမှာလည်း ၁၆နှစ်ပြည့်တော့မဲ့ လိုလာဆိုတဲ့သမီးလေးတစ်ယောက်ရှိနေတာပါ လိုလာက သူ့အဖေထောင်ကျပြီး တာဝန်မကျေခဲ့တာတွေအတွက် စိတ်ခုနေတာပေါ့ အဲဒီလိုနဲ့တစ်နေ့မှာ ကူဒါကမြို့ထဲသွားရင်း ကောင်မလေးတစ်ယောက်အလစ်သုတ်တာကို ဆိုင်ရှင်မြင်သွားလို့ပြဿနာတက်နေတာကိုဝင်ရှင်းပေးရင်း ကောင်မလေးနဲ့ခင်သွားတာပါ ကောင်မလေးကခိုကိုးရာမဲ့ဖြစ်နေတော့ နေဖို့ထိုင်ဖို့စားဖို့သောက်ဖို့ပါပြင်ဆင်ပေးရင်း သမီးလေးတစ်ယောက်လိုသံယောဇဉ်ဖြစ်မိသွားတာပေါ့ အဲဒီလိုနဲ့ တစ်နေ့မှာ ကောင်မလေးကပျောက်သွားပါလေရော အဲဒါနဲ့ ကူဒါနဲ့ စထေရေးလိုက်ရှာရင်းအမှတ်မထင်တွေ့လိုက်ရတဲ့ သဲလွန်စကြောင့်ပဲ ကောင်မလေးရဲ့နေရာကိုသိသွားခဲ့တာပါ အဲဒီတော့ ကောင်မလေးကိုဘယ်သူတွေကဖမ်းသွားတာလဲ ကူဒါနဲ့ စထရေးကရောဘာတွေလုပ်ကြမှာလဲ ကောင်မလေးကိုရောကယ်တင်နိုင်မှာလား သူ့သမီးအရင်း လိုလာအတွက်ရောဘာလုပ်ပေးနိုင်မှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာပါခင်ဗျာ File size…(1.29GB/(689MB)/(452MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre... Action / Crime / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Drama • Romance • War
7.3 2022 91 mins
The Enforcer
The Leopard
7.7

၁၈၆၀ ခုနှစ်ဝန်းကျင် အီတလီ ဆီစီလီမှာ ဆာလီနာမင်းသားလို့ခေါ်တဲ့ ဒွန်ဖာဘရီဇီယို ကော်ဘယ်ရာ ရှိပါတယ်။ သူက ဘိုးဘွားဘီဘင်အဆက်ဆက် ချမ်းသာကြွယ်ဝခဲ့တာကို ခံစားနေတဲ့ သူကြွယ်တစ်ဦးပေါ့။ အဲဒီအချိန် အီတလီပေါင်းစည်းမှုလို့ခေါ်တဲ့ ဖြစ်ရပ်ကြီး ဖြစ်ပွားခဲ့ပါတယ်။ ဖရန်စစ် ၂ တို့ စစ်တပ်နဲ့ အနီရောင်အကျီဝတ် ဂါရီဘာဒီတို့ တော်လှန်ရေးတွေ စစ်ဖြစ်ကြတာပါ။ အဲဒီမှာ ဂါရီဘာဒီတွေ ဆီစီလီကို အနိုင်ရပြီး အလယ်လတ်တန်းစားတွေကလည်း ဆာလီနာမင်းသားတို့လို ပထမတန်းတွေနဲ့ ယှဉ်ပြိုင်လာတဲ့အခြေအနေမျိုး ဖြစ်လာပါတယ်။ သူ့ရဲ့တူတော်စပ်သူ တက်ခရန်ဒီဟာလည်း တော်လှန်ရေးတပ်ထဲက ဖြစ်ပြီး သူနဲ့ ပြိုင်ဖက်လိုဖြစ်တဲ့ ချမ်းသာပေမဲ့ အဆင့်အတန်းတစ်ဆင့်လောက်နိမ့်တဲ့ ဒွန်ကာလိုဂျီယိုရဲ့ သမီးချောကို ကြိုက်ခဲ့ပါတယ်။ အဲဒီမှာ ဆာလီနာမင်းသားတစ်ယောက် ဒီလိုမျိုး နိုင်ငံရေးအတက်အမြင့် အနိမ့်အကျတွေကြား အသားကျအောင် နေထိုင်ပြီး ဘယ်လိုတွေ လှုပ်ရှားသွားမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။

Drama • Mystery • Science Fiction
7.7 1963 186 mins
The Leopard
The Maze Runner
7.2

လူငယ်တစ်ဦးဟာ ရွေ့လျားနေတဲ့ ဓာတ်လှေကားတစ်ခုထဲမှာပိတ်မိနေပြီး သွေးပျက်ကြောက်ရွံ့စွာ ဓာတ်လှေကားရဲ့ခေါ်ဆောင်ရာနောက်ကို လိုက်ပါနေရပါတယ်။ ဓာတ်လှေကားရဲ့ ခရီးအဆုံးမှာတော့ သူမသိတဲ့ လူငယ်တစ်ချို့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြန်တယ်။ ထိတ်လန့်တုန်လှုပ်စွာနဲ့ပဲ သူထွက်ပြေးချိန်မှာ ဘယ်သူမှသူ့ကို လိုက်မဖမ်းပဲ အော်ဟစ်ရယ်မောနေကြပါတယ်။ မကြာခင်မှာပဲ သူ့ကိုဘာ့ကြောင့်လိုက်မဖမ်းသလဲဆိုတဲ့အဖြေကို သူသိရှိသွားပါတော့တယ်။ သူရောက်ရှိနေတဲ့နေရာဟာ ပတ်ပတ်လည်မှာ နံရံကြီးတစ်ခု ကာဆီးထားလို့ပါပဲ။ အရှေ့က ရောက်ရှိနေတဲ့ လူငယ်လေးတွေဟာလည်း သူ့လိုပဲ ဖမ်းဆီးခံရပြီး ဒီနေရာကို ပို့ဆောင်ခြင်းခံခဲ့ရသူတွေပါ။ ကောင်လေးဟာ သူ့ရဲ့နာမည်သောမတ်ဆိုတာကလွဲပြီး ဘာကိုမှ မမှတ်မိပါဘူး။ ရုတ်တရတ် နံရံကြီးကနေ အသံတွေကြားလာရပြိ်း တံခါးတစ်ချပ်ကိုတွေ့ရှိသွားချိန်မှာ ဝမ်းသာအားရနဲ့ သူပြေးထွက်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် ရောက်နှင့်ပြီးသား လူငယ်တွေရဲ့ တားဆီးခြင်းကို ခံရပါတော့တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီဂိတ်တံခါးဟာ တစ်နေ့မှာ တစ်ကြိမ်သာပွင့်ပြီး အလွန်အန္တရာယ်များလှတဲ့ ဝင်္ကဘာတစ်ခုဆိ်ကို သွားရာဝင်ပေါက်ဖြစ်နေလို့ပါပဲ။ လူငယ်တွေဟာ သူတို့ရောက်ရှိနေတဲ့နေရာကို Glade လို့အမည်ပေးထားပြီး သူတို့ကိုယ်သူတို့ Gladers လို့ ခေါ်ကြပါတယ်။ စောင့်ရှောက်သူ keeper ရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်အသီးသီးကိုခွဲဝေထမ်းဆောင်ကြရပါတယ်။ တောင်နံရံတွေကို ဝင်္ကဘာကြီးတစ်ခုက ကာရံထားပြီး အတွင်းမှာ Grievers လို့ခေါ်တဲ့ စက်ပစ္စည်းတွေထပ်ဆောင်းတပ်ဆင်ထားတဲ့ ပင့်ကူလိုသတ္တဝါဆိုးကြီးတွေရှိနေပါတယ်။ ရောက်ရှိခဲ့ပြီးသား Glader တွေရဲ့ နှစ်နှစ်ကျော်ကြာအောင် ဒီဝင်္ကဘာထဲက လွတ်မြောက်ဖို့ လေ့လာတွေ့ရှိထားသမျှကို သောမတ်စ်ဟာ သင်ယူရပါတယ်။ ဝင်္ကဘာထဲကို runner လို့ခေါ်တဲ့ သွားရောက်လေ့လာသူတွေဟာ မနက်စောစောတံခါးဖွင့်ချိန်မှာ ဝင်ရောက်ပြီး ာနေတံခါးမပိတ်မီမှာ ပြန်လာကြရပါတယ်။ ဝင်္ကဘာထဲကနေ ပြန်ထွက်မလာနိုင်တော့တဲ့ runner တွေလည်း အများကြီးရှိခဲ့ပါတယ်။ တစ်ရက်မှာတော့တံခါးပိတ်ချိန်အထိ ရောက်မလာကြသေးတဲ့ runner နှစ်ယောက်အတွက် အားလုံးစိတ်ပူနေကြချိန်မှာ သောမတ်စ်ဟာ အန္တရာယ်များလှတဲ့ ဝင်္ကဘာထဲကို ဝင်ရောက်သွားပါတော့တယ်။ တောမတ်စ်ရဲ့ဖြတ်ထိုးဉာဏ်နဲ့ runner နှစ်ဦးကို ကယ်တင်နိုင်ခဲ့ပေမယ့် စည်းကမ်းဖောက်ဖျက်တဲ့အတွက် တစ်ညအချုပ်ထဲထည့်ခံလိုက်ရပါတယ်။ နောက်တစ်နေ့မှာတော့ သောမတ်စ်ကို runner အသစ်အဖြစ်တာဝန်ပေးခြင်းခံရပါတော့တယ်။ သောမတ်စ်တစ်ယောက် ဒီဝင်္ကဘာထဲက ရုန်းထွက်နိုင်မှာလား? ဒီဝင်္ကဘာကြီးကို ဘယ်သူတွေ တည်ဆောက်ခဲ့တာလဲ? ဝင်္ကဘာကြီးရဲ့ နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိနေသလဲဆိုတာကိုတော့ ကိုယ်တိုင်သာကြည့်ရှုခံစားကြပါလို့။ ဒီဇာတ်လမ်းအဆုံးမှာတော့ ဘာကိုမှ မယုံရဘူးလို့ ရေရွတ်မိလောက်အောင် အပြောင်းအလဲ၊ လှည့်ကွက်လေးတွေနဲ့တင်ဆက်ထားပြီး လူသားဆန်မှု၊ ဉာဏ်ပညာ၊ စည်းလုံးခြင်းရဲ့အင်အား၊ ခင်မင်မှုနဲ့ ယုံကြည်မှုတို့ကို ကောင်းကောင်းဖော်ညွှန်းထားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း မှတ်ချက်ချပါရစေ။ ဒီဇာတ်ကားကို Dylan O’Brien, Alm Ameen နဲ့ ကိုရီးယားသရုပ်ဆောင် Ki Hong Lee တို့က ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်ရင်ကို ထိရှစေခဲ့တဲ့ ကလေးသရုပ်ဆောင် Blake Copper က ချက်ခ်ဆိုတဲ့နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ imdb rating 7.5/10 ရရှိထားပြီး ဒါရိုက်တာကတော့ Wes Ball ဖြစ်ပါတယ်။ အားလုံး စိတ်ချမ်းမြေ့ပါစေ။ Movie Preview Credit- MMmovie Guide File Size : (900 MB) and (398 MB) Quality : Blu-Ray 720p Running Time : 1hr 53min Format : Mp4 Genre : Action, Mystery, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPARKS Translated by ကျော်ကျော် (CU-Mdy) Encoded by Thanhtike Zaw

Drama • Sci-Fi & Fantasy
7.2 2014 113 mins
The Maze Runner
In the Line of Fire
7.2

In the Line of Fire (1993) ~ IMDb – 7.2/10, Rotten Tomatoes – 96% ~ ဒီဇာတ်ကားကို 1993 မှာ ပြသခဲ့တာဖြစ်ပြီး Troy နဲ့ Air Force One ဇာတ်ကား​တွေရဲ့ ဒါရိုက်တာ Wolfgang Petersen ရဲ့ လက်ရာကိုမှ မင်းသားကြီး Clint Eastwood နဲ့ John Malkovich တို့ အားဖြည့်ထားတဲ့ Old but Gold လို့ဆိုရနိုင်တဲ့ Thriller Action ဇာတ်ကားပါ။ IMDb မှာ 7.2/10 နဲ့ RT ဆို 96% ထိရရှိထားပါတယ်။ ​ဒီဇာတ်ကားမှာ မင်းသားကြီး Clint Eastwood က သမ္မတ​က​နေဒီရဲ့ သက်​တော်​စောင့်ဟောင်း ဖရန့်ခ်ဟောရီဂန်အဖြစ် ပါဝင်ထားပါတယ်။ က​နေဒီလုပ်ကြံခံရတဲ့အချိန် သက်​တော်​စောင့်အဖြစ်ရှိခဲ့တဲ့ ဖရန့်ခ်ဟာ အဲဒီကိစ္စ​နောက်ပိုင်း လျှို့ဝှက်​အေးဂျင့်အ​နေနဲ့ပဲ လုပ်ကိုင်​နေရင်း တစ်​နေ့မှာတော့ လက်ရှိသမ္မတ​ကို လုပ်ကြံမယ်ဆိုတဲ့ ဖုန်း​​​ခေါ်ဆိုမှုတစ်ခု ဖရန့်ခ်ဆီ ရောက်လာပါတယ်။ အဲဒီအချိန်ဟာ ​​ရွေး​ကောက်ပွဲအတွက် မဲဆွယ်မှု​တွေ ပြုလုပ်​နေတဲ့အချိန်ဖြစ်လို့ သမ္မတကလည်း မဲဆွယ်ဖို့ နိုင်ငံအနှံ့ သွားလာ​နေရတဲ့အချိန်ပါ။ က​​နေဒီကို မကာကွယ်နိုင်ခဲ့တဲ့ ဖရန့်ခ်ဟာ လက်ရှိသမ္မတကို ကာကွယ်ဖို့ ဆုံးဖြတ်ပြီး ကိုယ်ရံ​တော်အဖွဲ့ထဲ ပြန်ဝင်ပြီး လုပ်ကြံမယ်လို့ ခြိမ်း​ခြောက်ထားသူနဲ့ ရင်ဆိုင်ဖို့ ​ရွေးချယ်လိုက်ပါ​တော့တယ်။ မင်းသားကြီး ၂​ယောက်ရဲ့သရုပ်​ဆောင်ပုံ​​တွေက ပီပြင်တာ​ကြောင့် Thriller စစ်စစ် အရသာကို ​ပေးစွမ်းနိုင်ရုံတင်မက သက်​တော်​စောင့်နဲ့ လူသတ်သမားကြား ဘယ်သူအသာရသွားမလဲဆိုတဲ့အားပြိုင်မှုကို ဇာတ်လမ်းပြီးကာနီးအထိ ရင်တထိတ်ထိတ်ကြည့်ရမယ့် ၉၀ခုနှစ် ဝန်းကျင်ရဲ့ အက်ရှင်ကား​ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 770MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 8Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by X Encoded by Y

7.2 1993
In the Line of Fire
Yaaro

Yaaro (2022) “မဖိတ်ခေါ်ထားသော ဧည့်သည်” ထိုင်ခုံအစွန်းက မခွာပဲ ရင်တမမ ထိုင်ကြည့်ရမယ့် တမေးလ် psychological-horror/ thriller တစ်ကားတင်ဆက်ပေးလိုက်ပါတယ် “ဂျွန်” က ခန့်မှန်းရခက်တဲ့လူ သူပိုင်တဲ့အိမ်က အကြီးကြီး ဒါပေမယ့် အလုပ်ထဲမှာ သူဌေးမငယ်ငယ်တစ်ယောက် ဆူတာ အမြဲခံရတဲ့ ဝန်ထမ်း တစ်ချိန်က ချမ်းသာတဲ့မိဘတွေလည်း ဦးလေးဖြစ်သူရဲ့ သစ္စာဖောက်မှုကြောင့် ရှိသမျှကုန်ပြီး သားလေးအတွက် အိမ်တစ်လုံးပဲ ကျန်ခဲ့တယ် အမေဖြစ်သူကလည်း စိတ်ရောဂါနဲ့ဆုံး အဖေကလည်း ဇနီးဇောနဲ့ စိတ်ဒဏ်ရာရပြီး အိမ်က ပျောက်သွားလို့ “ဂျွန်” တစ်ယောက် အိမ်ကြီးထဲမှာ တစ်ကိုယ်တည်းနေရတယ် ချန်နိုင်းမြို့ကြီးမှာ တစ်နေ့တခြား ကွင်းဆက်လူသတ်မှုတွေ များလာတယ် သတင်းတွေမှာတော့ “အိမ်ပြင်မထွက်ပါနဲ့ သူစိမ်းအဝင်မခံပါနဲ့” စသဖြင့် တောက်လျှောက် တက်နေတာပဲ တစ်နေ့ ညဘက်ကြီး ခြံထဲကို လူစိမ်းတစ်ယောက် ဝင်လာပြီး “ရေတိုက်ပါ” လို့ ဂျွန်ကို ပြောတယ် ဂျွန်လည်း ပထမ တော့ အတင်းငြင်းလွှတ်ပေမယ့် နောက်ဆုံးတော့ သူစိမ်းအတွက် ရေသွားယူနေတုန်း ပြန်လာတော့ အဲဒီလူ မရှိတော့ဘူး အဲဒီအချိန် အမှတ်တမဲ့ သူ့အိမ်ပေါ်ထပ် ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တဲ့ အခါမှာတော့ သူ့အိမ်ပေါ်မှာ လူစိမ်းတစ်ယောက်ရှိနေတာကို သိလိုက်ရတော့တယ် Therapy နဲ့ ပြရတဲ့အထိ အိပ်မက်ဆိုးတွေ တောက်လျှောက်မက်လာတယ် အိပ်မက်ထဲကို ညဘက် ရေလာတောင်းတဲ့ ကြောင်တောင်တောင်လူ ပြန်ရောက်လာတယ် အိမ်မက်ထဲမှာ အက်ဆီးဒင့်တစ်ခုကလည်း ထပ်တလဲလဲပြန်ပေါ်လာတယ် နောက်နေ့တစ်ညမှာလည်း အိမ်ထဲမှာ “တစ်စုံတစ်ယောက်” ရှိနေတာကို ထပ်ကြုံရတဲ့အခါမှာတော့ ဂျွန်တစ်ယောက် မနေနိုင်မထိုင်နိုင် ကြောက်လန့်ပြီး သူစိမ်းတစ်ယောက်ကို အကူအညီတောင်းရပါတော့တယ် ဆောင်းရာသီညနေခင်းမှာ နွေးနွေးထွေးထွေးဝတ် ကော်ဖီပူပူတစ်ခွက်ဖျော်ပြီး မိသားစုနဲ့ ဖြစ်ဖြစ် တစ်ကိုယ်တည်းဖြစ်ဖြစ် chill ဖို့ “jump scare” ကောင်းကောင်းနဲ့ slasher တစ်ကားရှာနေသူတွေ အတွက် ထိုင်ရာမထ ကြည့်လို့ရမယ့် တမီလ်ကား လေးပါ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က Yunni ~ Dee ~ KKKZ ~ Alex ~ Cherry တို့ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

0 2022
Yaaro
One and Only
7

CM ပရိသတ်ကြီးတွေကို ဉာဏ်ကွန့်မြူးလို့ကောင်းတဲ့ လူငယ်ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်တယ်။ နာမည်ကတော့ One and Only ဖြစ်ပြီးတော့ ဒီနှစ်မှ ရုံတင်ခဲ့တဲ့ ဇာတ်ကားပါ။ ဒီကားထဲမှာဆိုရင် အဓိက သရုပ်ဆောင်တွေအနေနဲ့ စီနီယာဟွမ်ပေါ်နဲ့ နာမည်ကြီးတရုတ်မင်းသား ဝမ်ရိပေါ်တို့က တင်းလေ့နဲ့ ချန်ရှိုးတို့အဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ တင်းလေ့က ချန်ရှိုးကို တွေ့ရာကနေ စပါတယ်။ ချန်ရှိုးက လူငယ်အကသမားဖြစ်ပြီးတော့ အိပ်မက်တွေနောက်ကို လိုက်နေတဲ့ကောင်လေးပါ။ တစ်နေ့မှာ သူက တင်းလေ့ရဲ့ အကအဖွဲ့ထဲ ဝင်ခွင့်ရသွားတဲ့အခါ မတူညီတဲ့ အရည်အချင်းအမျိုးမျိုးရှိတဲ့ အကကျွမ်းကျင်သူတွေနဲ့ ဆုံတွေ့ခဲ့ရတယ်။ ချန်ရှိုးအနေနဲ့ အကပြိုင်ပွဲတွေမှာ ပါဝင်ချင်တာက တစ်ဘဝစာအိပ်မက်လိုမျိုးဖြစ်ခဲ့ပြီးတော့ အဲဒီအတွက် ကြိုးစားရာမှာ သူ မျှော်လင့်သလို မချောမွေ့ခဲ့ပါဘူး။ မိသားစုနဲ့ အိပ်မက်တွေကြားမှာ ရောက်နေရတဲ့အခါ သူ့အနေနဲ့ ဘာကို ရွေးချယ်မလဲ၊ အိပ်မက်တွေနောက် လိုက်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ဟောဒီ One and Only ရုပ်ရှင်ထဲမှာပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါနော်။ မြူးကြွကြွ ကကွက်တွေကို ကြည့်ရှုရမှာဖြစ်တဲ့အပြင် လူငယ်တစ်ယောက်ရဲ့ ရုန်းကန်လှုပ်ရှားပုံတွေကို တွေ့မြင်ရမှာဖြစ်တဲ့အတွက် inspiration ယူလို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်တာမလို့ အားလုံးကြည့်ရှုကြဖို့ recommend ပေးပါတယ်နော်။

7 2023
One and Only
Pattaya Heat
6.1

Pattaya Heat ( 2024 ) ဒီ Action, Thrillerအမျိုးအစား 2024ထွက် ထိုင်းရုပ်ရှင်အသစ်က မြင်နေကျ ထိုင်းရုပ်ရှင်တွေနဲ့ ကွဲတော့ကွဲတယ်။ ကားကတော့ ဂန်းကားပဲ။ မြေအောက်လောကနဲ့ မကောင်းတဲ့ရဲတွေနဲ့ ဒုစရိုက်လောကက ပြဿနာတွေအကြောင်းပေါ့။ Color Tone တွေ ဘာတွေတော့ပုံမှန်မြင်နေကျ ထိုင်းဂန်းကား အက်ရှင်ကားတွေလိုပဲပေမဲ့ သူ့တင်ဆက်ပုံရော ကာရိုက်တာတည်ဆောက်ပုံရောက ထိုင်းရုပ်ရှင်ထက်စာရင် ဟောင်ကောင်အငွေ့အသက်ပိုရတယ်။ ဇာတ်ကို ဇာတ်ကြောင်းပြောပြတဲ့ ရဲက ဒုစရိုက်လောကက အကြီးစားပြဿနာကြီးတစ်ခုဖြစ်လာပုံကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း အချိုးအကွေ့တွေနဲ့ ACTတွေခွဲပြီး ဇာတ်ကြောင်းပြောပြနေတဲ့ပုံနဲ့ တင်ဆက်ထားတာ။ မထင်ထားလောက်တာတွေကိုလည်း ဒီရုပ်ရှင်မှာပြပြီး အဲဒါတွေကိုသုံးပြီးပဲ ဇာတ်ကိုအရှိန်တင်သွားတာလည်း ကြောင်သလိုလို ဂေါ်သလိုလိုပဲ။ ဒါပေမဲ့ အဲဒီအချက်ကလွဲ တော်တော်ကြည့်ကောင်းတဲ့ ဂန်းကားပါပဲ။ ဇာတ်ကတော့ ပတ္တရားတစ်မြို့လုံးကို သူ့လက်ထဲထည့်ထားတဲ့ လူဆိုးဂိုဏ်းက ဆရာကြီးတစ်ယောက်ရှိတယ်။ သူ့ကို အဲဒီဒေသက ရဲတွေကအစရှောင်ထားကြတယ်။ တစ်နေ့ သူက ဘန်ကောက်ကို သူ့လုပ်ငန်းကရတဲ့ငွေတွေပို့ပြီး ရွှေတွေနဲ့လဲပြီး ယူလာဖို့ ရဲတစ်ယောက်ကို ခိုင်းလိုက်တယ်။ အဲဒီရွှေတွေကို ဖြတ်လုဖို့ အကွက်ချတဲ့မာစတာမိုင်းက မိန်းမတစ်ယောက်။ သူက‌ ဗေဒင်ဆရာလုပ်သလို လူဆိုးဂိုဏ်းမှာလည်းလုပ်တယ်။ သူက သူ့အစီအစဉ်ကို အထမြောက်အောင်လုပ်ဖို့ လူတွေစုခဲ့တယ်။ တစ်ယောက်က ၁၀မိနစ်အတွင်း လူ၁၀ယောက်လောက်ကို သွေးအေးအေးနဲ့သတ်နိုင်တဲ့ ထောင်ထွက်လူသတ်သမား။ တစ်ယောက်က ခုနဆရာကြီးနဲ့ အညှိုးရှိတဲ့သူ။ အဲဒီလူတွေကိုသုံးပြီး ဒီရွှေတွေကိုယူဖို့ကိစ္စအောင်မြင်အောင် သူဘယ်လိုအကွက်ချလဲဆိုတာကို Twistတွေနဲ့ အခန်းတွေခွဲပြီး တော်တော်ကြည့်ကောင်းအောင်ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ ဂန်းစတားကား ငတ်နေတဲ့လူတွေ အကြိုက်တွေ့ကြမယ့် ရုပ်ရှင်လို့လည်း ပြောလို့ရတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Comedy Quality…. 1080p | 720p File size… 1.9GB | 801MB Format… mp4 Duration…. 1h 57min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

6.1 2024
Pattaya Heat
The Lover

The Lover (1992) IMDb: 6.8/10 Genre: Biography, Drama, Romance erotic romantic drama ဖြစ်တာကြောင့် လှပလွန်းတဲ့ အနုစိတ်ရိုက်ချက်တွေနဲ့ ဗလာကျင်းအခန်းတွေ အများကြီးပါတာမို့ အသက်မပြည့်သေးတဲ့သူတွေ မကြည့်မိဖို့ မိသားစုနဲ့အတူမကြည့်မိဖို့တို့ သတိလေးချပ်စေချင်ပါတယ်။ ဗီယက်နမ်ဟာ ပြင်သစ်ကိုလိုနီဖြစ်နေဆဲ ကာလတုန်းကပေါ့ … ဗီယက်နမ်မှာပဲ အခြေချနေထိုင်တဲ့ အသက်မပြည့်သေးတဲ့ အခြေမွဲအနေမွဲ ပြင်သစ်ကျောင်းသူလေးတစ်ဦးဟာ တရုတ်လူမျိုး ကြေးရတတ်‌အမျိုးသားတစ်ဦးနဲ့ ငြိစွန်းခဲ့ကြပါတယ်။ တရုတ်ဆိုတာ အထင်သေးစရာ လူမျိုးတစ်ခုအနေနဲ့ မြင်တဲ့ လူမျိုးစုပြဿနာကို လက်ကိုင်ထားတဲ့ ပြင်သစ်မိသားစုက တစ်ဖက်၊ လူဖြူဖြစ်တယ်ဆိုတဲ့ မဆိုစလောက်ဂုဏ်ကလေးပိုက်ပြီး သွေးကြီးနေသလောက် ကုန်းကောက်စရာမရှိတဲ့ ဥရောပမိသားစုကို အထင်ကိုမကြီးတဲ့ တရုတ်ဖခင်ကြီးက တစ်ဖက်နဲ့ ရှေ့ဆက်စရာမရှိမှန်း ကိုယ်စီသိပြီးသား အခြေအနေတစ်ရပ်မှာ နှစ်ကိုယ်တူအိပ်မက်ဆိုတာကို မရှိသလိုသဘောထားပြီး ပစ္စုပ္ပန်မှာပဲ အာရုံပြုလို့ ရမ္မက်မီးပွားတွေကိုသာ အစွမ်းကုန်လောင်ကျွမ်းစေခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ပြင်သစ်စာရေးဆရာမ Marguerite Duras ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိဝတ္ထုကို အခြေခံထားတာဖြစ်ပါတယ်။ ကိုယ်ရေးအတ္ထုပ္ပတ္တိ ဖြစ်တာကြောင့် ဒီထဲက မိန်းမငယ်လေးဟာ ဆရာမရဲ့ ငယ်ဘဝဖြစ်ပြီး တစ်ခါက သူချစ်ခဲ့ရဖူးတဲ့ တရုတ်အမျိုးသားနဲ့ သူ့အကြားက လျှို့ဝှက်အပ်တဲ့ အိပ်ခန်းတွင်းဆက်ဆံရေးအကြောင်းကို အိတ်သွန်ဖာမှောက်ဖွင့်ချထားတာပဲဖြစ်ပါတယ်။ ရုပ်ရှင်ထဲက ဇာတ်ကြောင်းပြောသူအဖြစ်လည်း ဆရာမကပဲ ကိုယ်တိုင်ပါဝင်ထားပါတယ်။ တစ်ခုရှိတာကတော့ ရုပ်ရှင်ထဲက မိန်းမငယ်လေးဟာ ဆရာမရဲ့ ငယ်ဘဝ သူ့အကြောင်းသူ ပြန်ပြောတာဖြစ်တာကြောင့် တစ်ခါတစ်လေ ‘ကျွန်မ’ လို့ သုံးနှုန်းပေမဲ့ သူကိုယ်တိုင်က သူ့စာအုပ်ရဲ့ ဇာတ်ကောင်ဖြစ်ပြန်တာကြောင့် တစ်ခါတစ်လေ ‘သူမ’ လို့ သူ့ကိုယ်သူ သုံးနှုန်းတတ်တာလေးကိုတော့ မျက်စိရှုပ်သွားမှာစိုးလို့ ကြိုလို့ ပြောပြထားချင်ပါတယ်။ တရုတ်လူမျိုးနဲ့ ပတ်သတ်မိလို့ အပြောအဆိုခံ အကျဉ်ခံရတဲ့ အသက်မပြည့်သေးတဲ့ ပြင်သစ်မိန်းကလေးအဖြစ်သရုပ်ဆောင်တဲ့ Jane Marchဟာ တကယ်တမ်း အပြင်မှာတော့ ဗြိတိန်မှာမွေးတဲ့ တရုတ်ဗီယက်နမ်နွယ်ဖွားပဲဖြစ်ပါတယ်။ ဒီကားရိုက်တဲ့အချိန်မှာ ၁၈ တော့ ပြည့်ပြီးခဲ့ပါပြီ။ ဒီဇာတ်ကားဟာ ထွက်တုန်းက ဂယက်တစ်သိန်းထခဲ့ပါသေးတယ်။ ဒါရိုက်တာ Jean-Jacques Annaud က ရုပ်ရှင်ပေါက်ချင်တာ တစ်ခုပဲကြည့်ပြီး ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်းတွေဟာ အတုအယောင်မဟုတ်ဘဲ သရုပ်ဆောင် ၂ယောက် အမှန်အကန် ဟိုဒင်းဟိုဝှာပြုကြတာပါလို့ ပြောလိုက်တာကြောင့် လူပြိန်းကြိုက် လိင်ကိစ္စအသားပေးစာစောင်တွေရဲ့ ရှေ့ဖုံးမှာ ဒီအကြောင်းဟာ ရက်အတော်ကြာ ဟိုလေးတကျော်ဖြစ်သွားခဲ့ပြီး မင်းသမီးငယ်ငယ်လေးနဲ့ သူ့မိသားစုခမျာ အတော်လေး စိတ်ပင်ပန်း ဖိဆီးခဲ့ရပါတယ်။ မင်းသမီးငယ်လေးဟာ နောက်ဆုံးမှာ ဆီရှဲလ်ကျွန်းတွေဆီ တိမ်းရှောင်နေရတဲ့အထိကို ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာမှ ဒါရိုက်တာက သူပြောခဲ့တာမဟုတ်မှန်ကြောင်းကို ပြန်ကြေညာပေးခဲ့တာပါ။ အညွှန်းရေးသူကတော့ Z ပါ။ File size… 3.1 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ….. Biography / Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Z

0 1992
The Lover
6 Bridges to Cross
6.7

ဒီကားလေးကတော့၁၉၅၅ခုနှစ်ကထွက်ရှိခဲ့တဲ့ crime/Drama ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ် Great Brink’s Robbery လို့ခေါ်တဲ့အဲ့ဒီအချိန်ကဖြစ်ပွားခဲ့တဲ့ဓားပြတိုက်မှုကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ် အဲ့ဒီဓားပြတိုက်မှုက၁၉၅၀ဇန်နဝါရီ၁၇မှာဖြစ်ပွားခဲ့ပြီးအမေရိကန်ဒေါ်လာ၂သန်းခွဲကျော်ပါသွားခဲ့ပါတာကြောင့်အဲ့ဒီအချိန်မှာအမေရိကန်ပြည်ထောင်စုရဲ့သမိုင်းမှာ”the crime of the century”လို့ခေါ်ရလောက်အောင်အကြီးအမားဆုံးဓားပြတိုက်မှုကြီးဖြစ်ခဲ့ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့…. Boston မြို့မှာရဲအသစ်ဖြစ်တဲ့ Eddie Gallagher က Jerry Florea နဲ့သူ့အဖွဲ့ဆိုင်တစ်ဆိုင်ကိုဖောက်ထွင်းခိုးယူမှုကိုတားဆီးရင်းနဲ့ Jerry ကိုသေနတ်နဲ့ပစ်မိတာကြောင့်ဒဏ်ရာရခဲ့တာကနေစတင်ပါတယ် အဲ့ဒီနောက်သူတို့နှစ်ယောက်ခင်မင်သွားပြီးတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ကူညီရင်းနဲ့ဖြစ်ပေါ်လာတဲ့ရဲတစ်ယောက်နဲ့သူခိုးတစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဥ်ကိုကြည့်ရူရမှာဖြစ်ပါတယ် File size…(1.9 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:36:00 Genre… Film Noir, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin

Horror • Thriller
6.7 1955
6 Bridges to Cross
Scooby-Doo! Adventures: The Mystery Map
5.2

ဒီဇာတ်လမ်းမှာတော့ စကူဘီဒူးနဲ့ ရှက်ဂီတို့နှစ်ယောက် ပီဇာဝယ်စားရင်း ပီဇာမုန့်ထဲက ရတနာသိုက်မြေပုံတစ်ခု ရလာပြီး အဲဒီမြေပုံအတိုင်း ရတနာသိုက်ကို လိုက်ရှာဖို့ ပြင်ဆင်ကြပါတော့တယ်။ အဲဒီမြေပုံက နာမည်ကျော် ပင်လယ်ဓါးပြကြီးတစ်ယောက်ရဲ့ မြေပုံကြီးဖြစ်နေတာမို့ ရတနာတွေအများကြီးရှိမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ရှာပုံတော်ဖွင့်ကြတာပါ။ ဒါပေမဲ့ သူတို့ရဲ့ရှာပုံတော်ခရီးမှာ ပင်လယ်ဓါးပြကြီးနဲ့ သူ့လက်စွဲတော် ကြက်တူရွေးကြီးရဲ့ ဝိညာဉ်တွေရဲ့ နှောင့်ယှက်မှုတွေ၊ သူတို့လိုပဲ ရတနာသိုက် လာရှာတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေ စသဖြင့် အနှောင့်အယှက် မျိုးစုံကြားကနေ ရတနာသိုက်ကြီးကို ရှာတွေ့သွားမလား၊ ဘယ်လိုပြဿနာမျိုး ပဟေဠိမျိုးတွေ ကြုံရဦးမလဲဆိုတာ Stop Motion Puppet အန်နီမေးရှင်းပုံစံမျိုးနဲ့ ကြည့်ရှုရမှာပါ။ File Size : 998 MB, 473 MB Quality : WEB-DL 1080p / 720p Running Time : 44min Format : Mp4 Genre : Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

5.2 2013 42 mins
Scooby-Doo! Adventures: The Mystery Map
Tòkunbọ̀
5

Tòkunbọ̀ (2024) *************** ဒီတစ်​ခေါက်ဇာတ်လမ်း​လေးက​တော့ Nigeria နိုင်ငံက ဇာတ်လမ်း​လေးတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းက​တော့ Tokunboလို့​ခေါ်တဲ့ ​ကားမှောင်ခိုသမားတစ်​ယောက် က​​လေးရလာတဲ့အခါမှာ အလုပ်က​နေအနားယူလိုက်ပါတယ်။ ဒါ​ပေမဲ့ ​ငွေး​ကြေးအကျပ်အတည်းဖြစ်လာတဲ့အခါမှာ အရင်အလုပ်ပြန်လုပ်ဖို့ကြိုးစားရင်း သူတင်သွင်းဖို့ပစ္စည်းက က​လေးမ​လေးတစ်​ယောက်ဖြစ်လာပါတယ်။ Tokunbo တစ်​ယောက် က​လေးမ​လေးကို ပို့ဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲ​တွေ ရင်ဆိုင်ရမလဲ က​​လေးမ​လေးက​ရော ဘယ်သူလဲ ဆိုတာကို​တော့ ဇာတ်လမ်း​လေးမှာရှု့စားကြပါဦးခင်ဗျား။ (အညွှန်းကို Jack မှ ရေးသားထားပါတယ်) File size…1.66GB / 750MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 52m Genre ….. Action, Crime, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Jack Encoded by AHtet

5 2024 113 mins
Tòkunbọ̀
Enter the Fat Dragon
6

ဒီဇာတ်ကားက တော့မင်းသားကြီး Donnie Yenရဲ့ february 1 2020မှာ ထွက်ရှိလာတဲ့ Action,Adventure,Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်းကတော့ဟောင်ကောင်ရဲအရာရှိတစ်ယောက်ဟာ အရမ်းကြိုးစားပြီးလုပ်ကိုင်ပေမယ့် လွဲချော်မှုတွေကြုံရရင်းရာထူးချခံရတဲ့အပြင် ချစ်ရသူရဲ့လမ်းခွဲခြင်းကိုပါခံလိုက်ရတဲ့အခါ…စိတ်ဓာတ်ကျသွားပြီးအစားအလွန်စားရင်းကနေ ၁၀၀ကီလိုကျော်ဝတဲ့ဖက်တီးတစ်ယောက်ဖြစ်လာပါတယ်… ဒီလိုနဲ့ ဂျပန်ရဲတပ်ဖွဲ့ကအလိုရှိနဲ့သူတစ်ယောက်ကိုသွားပို့ပြီး ရာထူးပြန်ရဖို့အခွင့်အလမ်းရလာတဲ့အခါ မထင်မှတ်ပဲလူဆိုးဂိုဏ်းတစ်ခုနဲ့ပတ်သက်ဖို့ရာဖြစ်လာပါတယ်…. ဂျပန်မှာဘယ်လိုလွဲချော်မှုတွေကြုံတွေ့ရမှာလဲ…မသမာမှုလုပ်ရပ်တွေကိုဖော်ထုတ်နိုင်ပါ့မလား…

6 2020
Enter the Fat Dragon
Titan: The OceanGate Submersible Disaster
6.7

“Titan: The OceanGate Disaster 2025” ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ Titan ရေငုပ်ယာဉ် ပေါက်ကွဲနစ်မြုပ်မှုရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို နက်နက်နဲနဲ ဖော်ထုတ်ထားပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်က ဖြစ်ရပ်ဆိုးကြီး ဘာကြောင့်ဖြစ်ပွားခဲ့ရသလဲ…ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတာကို ပေါ်လွင်အောင် တင်ပြထားပါတယ်။ ဒီဇာတ်ကားဟာ OceanGate ကုမ္ပဏီရဲ့ CEO ဖြစ်သူ Stockton Rush ရဲ့ တိုက်တန်းနစ်သင်္ဘောပျက်ကို ကြည့်ရှုဖို ကြိုးပမ်းခဲ့မှု…သူ့ရဲ့ အန္တရာယ်ရှိတဲ့ ဆုံးဖြတ်ချက်တွေဟာ ဘယ်လိုဘယ်ပုံ လူ ၅ ဦးရဲ့ အသက်ကို ဆုံးရှုးစေခဲ့လဲ။ မှတ်တမ်းရုပ်ရှင်ထဲမှာ ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်းတွေရဲ့ ထွက်ဆိုချက်တွေ…အသံမှတ်တမ်းတွေ… OceanGate နဲ့ပတ်သက်တဲ့ ဗီဒီယိုဖိုင်တွေနဲ့ ဥပဒေပိုင်းဆိုင်ရာ စစ်ဆေးမှုတွေကနေ ရရှိတဲ့ အချက်အလက်တွေကို အတိအကျ ဖော်ပြထားပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ဟာ ဖြစ်ရပ်ဆိုးကြီးကိုသာ အဓိကထားပြီး ပြသတာမဟုတ်ဘဲ…မဖြစ်သင့်တဲ့ ဒီလိုအဖြစ်အပျက်မျိုး ဘာကြောင့်ဖြစ်လာရသလဲဆိုတဲ့ မေးခွန်းကိုပါ မီးမောင်းထိုးပြထားပါတယ်။ ကုမ္ပဏီရဲ့ လုံခြုံရေးစည်းမျဉ်းတွေကို ဘယ်လို လစ်လျူရှုခဲ့သလဲ…သတိပေးချက်တွေကို ဘယ်လို ပစ်ပယ်ခဲ့သလဲ။ Titan ရေအောက်ယာဉ်ရဲ့ ကာဗွန်ဖိုက်ဘာ ဒီဇိုင်းအပါအဝင် ဘေးကင်းရေးဆိုင်ရာ အားနည်းချက်တွေနဲ့ ပတ်သက်ပြီး ဝန်ထမ်းဟောင်းတွေရဲ့ သတိပေးချက်တွေကို CEO က ဘယ်လိုပယ်ချခဲ့သလဲဆိုတာတွေကိုပါ ကြည့်ရှုရမှာပါ… ဒီဇာတ်ကားဟာ အဖြစ်ဆိုးကြီးဖြစ်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး… တာဝန်မဲ့မှု…လျစ်လျူရှုမှုတွေကြောင့် အသက်တွေ ဘယ်လိုဆုံးရှုးခဲ့ရတယ်ဆိုတာကို ပြသထားပါတယ်။ ကြည့်ရှုသူတွေကို စိတ်ဝင်စားအောင် ဖန်တီးထားပြီး ဖြစ်ရပ်မှန်ကို သိရှိနားလည်နိုင်ဖို အားကောင်းတဲ့ မှတ်တမ်းရုပ်ရှင်တစ်ကားလို ဆိုနိုင်ပါတယ်။ ဖြစ်ရပ်မှန်ကို ပွင့်ပွင့်လင်းလင်းနဲ့ အသေးစိတ် ဖော်ပြထားတဲ့အတွက် ကြည့်ရှုသင့်တဲ့ မှတ်တမ်းရုပ်ရှင်တစ်ကား ဖြစ်ပါတယ်…

Drama • Science Fiction • Thriller
6.7 2025 112 mins
Titan: The OceanGate Submersible Disaster