YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Crazy Tsunami (2021) 1080p WEB-DL CM.mkv

1.11 GB 1080p video/x-matroska 251 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cinderella III: A Twist in Time
6.5

စင်ဒရဲလားကာတွန်းတွေရဲ့ တတိယမြောက် နောက်ဆုံး ဇာတ်ကားလေးကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ Rating တွေအနေနဲ့ IMDb မှာ 6/10 ရထားပြီးတော့ Rotten Tomatoes မှာ 75% ရရှိထားပါတယ်။ Personal အမြင်အရတော့ No1 လောက်တော့မဟုတ်သေးပေမဲ့ No2ထက်လည်းအများကြီးပိုကြည့်ကောင်းတာမို့ ကြည့်ရှုလို့ နောင်တရမယ့်အထဲမပါတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ စင်ဒရဲလား နဲ့ မင်းသားလေးဟာ ပျော်ရွှင်စွာပေါင်းဖက်နေထိုင် သွားကြလေသတည်းဆိုပြီး ဇာတ်ကသိမ်းပြီးနေပါပြီ ဒါပေမဲ့ ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ နတ်သမီးဖွားဖွားရဲ့မှော်တုတ် တံဟာ မိထွေးကြီးဆီရောက်သွားရာကနေစပြီး ဒီဇာတ်လမ်းလေး ပေါ်ပေါက်လာရပါတယ်။ စွမ်းအားရှိတဲ့အရာတွေဟာ မကောင်းတဲ့ လူတွေရဲ့လက်ထဲမှာဆိုရင် အရမ်းအန္တာရယ်များတယ် ဆိုတဲ့စကား အတိုင်းပဲ မိထွေးကြီးဆီကိုမှော်တုတ်တံရောက်သွားတဲ့အခါ စင်ဒရဲလားတို့ ဘယ်လိုဒုက္ခမျိုးစုံနဲ့ကြုံတွေ့ရမလဲ ကြွက်ကလေး တွေကဘယ်လိုထပ်ပြီးကူညီပေးကြမလဲ ပြီးတော့ အချစ်စစ်ရဲ့အင်အား ဆိုတာကိုလည်း ဒီဇာတ်လမ်းလေးမှာခံစားကြည့်ရှုရဦးမှာဖြစ်ပါတယ်။ ကဲ ငယ်ဘဝအလွမ်းပြေဖို့ အခုပဲ Download ဆွဲပြီး ခံစားကြည့်ရှု လိုက်ကြပါဦးလို့ CM ပရိတ်သတ်များကိုတိုက်တွန်းလိုက်ရပါတယ်။ File size…1.17GB / 549MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 13m Genre ..... Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Wai Wai Thin

Crime • Documentary
6.5 2007 74 mins
Cinderella III: A Twist in Time
Man of Tai Chi
6

ကျွန်တော်တို့ရဲ့ ကိုကျော်ဝင်းတစ်ယောက် John Wick မလုပ်ခင် တရုတ်ပြည်မှာ ကောင်လေးတွေ မွေးမွေးပြီး စားတဲ့အကြောင်းပါ။ နောက်နေတာပါ ဒီသိုင်းကားကဆိုရင် မင်းသား ကီနူးရိဗ်တစ်ယောက် သူ့ရဲ့ Matrix ဇာတ်ကားထဲက ကွန်ဖူးဆရာကို မြေတောင်မြှောက်ပေးတဲ့ကားဆိုရင် မမှားပါဘူး ဘာလို့လဲဆိုတော့ သူကိုယ်တိုင် ဒါရိုက်တာလုပ်ထားတာ ဖြစ်ပြီး သူကိုယ်တိုင် ဗီလိန်အဖြစ် ပါထားလို့ပဲ ဖြစ်ပါတယ်။ တခြားနာမည်ကြီး တရုတ်သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါသေးတယ်။ ဇာတ်လမ်းက အဓိက အခြေခံထားတာကတော့ ကျွန်တော်တို့ ထိုက်ချိသိုင်းအကြောင်းပဲ ဖြစ်ပါတယ် သူကပြောရမယ်ဆို ရေနဲ့မီး အလင်းနဲ့အမှောင် စတဲ့ဆန့်ကျင်ဖက်တွေ အတူတည်ရှိနေသလိုမျိုး မာကျောတဲ့အရာကို ပျော့ပျောင်းမှုနဲ့ သိမ်းသွင်းတဲ့ ကိုယ်ခံပညာတစ်ခုပါ (နာမည်ကြီးဆို မင်းသားကြီး ဂျက်လီချတာတွေ ရှိပါမယ်)။ ဇာတ်လမ်းအကျဉ်းကတော့ ကိုကျော်ဝင်းဟာ ဟောင်ကောင်မှာ လုံခြုံရေးကုမ္ပဏီ ဟန်ပြလုပ်ပြီး မြေအောက်တိုက်ခိုက်ပွဲတွေ ကျင်းပနေတဲ့လူတစ်ဦး၊ တစ်နေ့ သူ့ဖိုက်တာကောင် အားမရလို့ သတ်ပစ်ပြီး လူသစ်ရှာနေတဲ့အချိန်ပေါ့။ မင်းသား တိုက်ဂါးဆိုတာကျ ထိုက်ချိပညာအမွေယူနေတဲ့ လူတစ်ယောက် လမ်းကြောင်းမှန်မရောက်သေးပဲ ကြိုးစားနေရဆဲပေါ့။ တစ်ဖက်မှာလည်း ကိုကျော်ဝင်းကို ဖမ်းချင်နေကြတဲ့ ရဲမေတစ်သိုက်တို့က ရှိကြပါသေးတယ်။ တစ်ရက်ကျ တိုက်ဂါးအရည်အချင်းတွေကို ကိုကျော်ဝင်း သဘောကျပြီး သူ့ဖိုက်တာလုပ်ဖို့ ဖိတ်ခေါ်ပါတယ် ဒါပေမဲ့ ကိုယ်ခံပညာဟာ ပိုက်ဆံရှာစရာမဟုတ်ဘူးဆိုပြီး ငြင်းခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ဆရာနေတဲ့ ဘုရားကျောင်းအတွက် ပိုက်ဆံတွေ အများကြီး လိုအပ်လာတဲ့အချိန်မှာတော့ တိုက်ဂါးတစ်ယောက်…. ဒီလောကထဲ ဝင်ရောက်ပြီး ဘာတွေဆက်ဖြစ်မလဲ ကိုကျော်ဝင်းရဲ့ ရည်ရွယ်ချက်အမှန်ကရော ဘာလဲ ဘယ်လိုတွေ အဆုံးသတ်မလဲဆိုတာ သိုင်းတွေအမိုက်ချတာကြည့်ပြီး တရုတ်မလေးတွေ ငမ်းရမှာပါ။ (ရဲမေမဟုတ်တဲ့ တရုတ်မင်းသမီးလေးဆို အတော်ချောပါတယ် မင်းသားနဲ့တောင် သိပ်မတန်ချင်ပါဘူး ကြည့်ရတာ တန်စေရပါမယ် ဒါက စကားချပ်…) File size…1.48GB / 639MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 45m Genre ..... Action, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Crime • Drama
6 2013 105 mins
Man of Tai Chi
Ab Tumhare Hawale Watan Saathiyo
4.9

အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီး အမီတာဘဂျမ်း..အရှေးကူမား.. ဘော်ဘီဒိုးတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ Box Office မှာလည်း အိန္ဒိယရူပီ ဘတ်ဂျက် သန်း ၂၀၀ မှာ အိန္ဒိယရူပီ ၃၀၁.၆၆ သန်းအထိ ပြန်လည်ရရှိခဲ့သော ကားလေးတစ်ကားဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ အိန္ဒိယ-ပါကစ္စတန်မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းပေါ့ဗျာ။ ပါကစ္စတန်ဘက်က အကြမ်းဖက်သမားတွေ အိန္ဒိယထဲစေလွှတ်မယ်။ အကြမ်းဖက်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်မယ်။ တရားမဝင်နည်းလမ်းနဲ့ အိန္ဒိယပိုင်နယ်မြေကို သိမ်းပိုက်မယ်။ ဒါကို အိန္ဒိယက ရဲစွမ်းသတ္တိအပြည့်နဲ့ အမိမြေအတွက် သက်စွန့်ဆံဖျား ပြန်လည်ချေပမယ်။ ဒီဇာတ်ကားထဲမှာ အိန္ဒိယစစ်တပ်ရဲ့ရဲစွမ်းသတ္တိရှိမှုတွေကို ဖေါ်ပြထားပြီး စစ်သားတစ်ယောက်ဖြစ်ရခြင်းရဲ့ အဓိပ္ပါယ်ဟာ ဘာလဲဆိုတာကို သေချာအဓိပ္ပါယ်ဖေါ်ပြပေးသွားပါတယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်ဆို တရားသောနည်းလမ်းနဲ့ ရန်အစွယ်စွယ်ကို တွန်းလှန်ပြီး ပြည်သူသာအမိ ပြည်သူသာအဖဆိုတဲ့ သဘောတရားကို ကောင်းကောင်းသရုပ်ဖေါ်သွားနိုင်ခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံကို စောင့်ရှောက်ဖို့မှာ နိုင်ငံသားတိုင်းအတွက် တာဝန်ရှိပါတယ်။ ကိုယ့်အိုးအိမ်ကိုတောင် ဘေးကင်းအောင်မထားနိုင်တဲ့သူဟာ နိုင်ငံ့သားကောင်းဖြစ်မလာနိုင်ပါဘူး။ မိသားစုအတွက် ကိုယ်ဟာ သားကောင်းတစ်ယောက်ဖြစ်သင့်သလို နိုင်ငံ့အတွက်လည်း အကျိုးရှိတဲ့လူတစ်ယောက်ဖြစ်သင့်တယ်ဆိုတာကို ဒီဇာတ်ကားလေးက ကောင်းကောင်းဖေါ်ပြပေးထားလို့ ရှုစားကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File size…4.43GB / 2.14GB Quality…1080p WEB DL /720p Format…mp4 Duration….3h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Drama • Fantasy • Romance
4.9 2004 192 mins
Ab Tumhare Hawale Watan Saathiyo
One Hundred and One Dalmatians
7.3

One Hundred and One Dalmatians (1961) ~ IMDb – 7.3/10, Rotten Tomatoes – 98% ~ ပထမဆုံးပြောချင်တာကတော့ Animated Movies တွေကို ရှေးခေတ်က ဖန်တီးတဲ့နေရာမှာ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေပေါ့ဗျာ။ ဓာတုဆေးရည်တွေသုံးပြီး အရောင်ခြယ်ပုံတွေ မိတ္တူဆွဲခဲ့ကြတုန်းက အရောင်စိုစိုပြောင်ပြောင်တွေ ရခဲ့တဲ့ခေတ်အပြီးမှာတော့ မင်ခြောက်ကိုသုံးပြီး မိတ္တူဆွဲ Cell ထဲထည့်တဲ့ခေတ်ကို ရောက်လာပါတယ်။ မနှင်းဖြူနဲ့ လူပုလေးတွေ၊ အခုတင်ဆက်မယ့် ဒယ်မေးရှင်း တစ်ရာ့တစ်ကောင် တို့ကစလို့ နှောင်းပိုင်း Animated Movies တွေအထိ ဆင့်ကဲတိုးတက်သုံးစွဲလာတဲ့ နည်းလမ်းတစ်ခုပါ။ မင်ခြောက်ဖြစ်တဲ့အတွက် အရောင်တွေက သဘာဝနဲ့နီးစပ်ပြီး မိတ္တူဆွဲပြီးတာနဲ့ Cell တွေထဲ တစ်ခါတည်းထည့်လို့ Computerized Animation လုပ်လို့လည်း ရသပေါ့လေ။ ဒါပေမဲ့ 101 Dalmatians မှာတော့ Computer ရဲ့ Artificial Intelligence က ဆက်ဆွဲပေးတဲ့ 3D Sensor Automatic Drawing တွေ မပါလို့ တစ်ပုံချင်းဆီကို အသေးစိတ် ဆွဲပေးခဲ့ရပါတယ်။ ဒါ့ကြောင့်မလို့ 101 Dalmatians မှာ ပုံပေါင်း တစ်သိန်းတစ်သောင်းကျော် လက်နဲ့ရေးဆွဲခဲ့ရတာပေါ့ဗျာ။ မျက်လုံးထဲ မြင်အောင်ပြောရရင် ခွေးကလေးက လမ်းလျောက်လာရင်း လမ်းတစ်ဖက်ကို လှည့်ကြည့်လိုက်တဲ့ Cut လေး ဆွဲကြမယ်ဆိုပါတော့။ 3D Sensor နဲ့ ဖတ်ပြီး ဆက်လက်ဆွဲနိုင်ဖို့ မူလ အသေးစိတ်ကျကျပုံ ဆယ်ဂဏန်းလောက် ဆွဲပေးနိုင်ရင် Computer ကနေ အလိုအလျောက် ဆက်ဆွဲပေးပြီး Animated လုပ်ပေးပါတယ်။ လူမပန်းတော့ပါဘူး။ ဒါပေမဲ့ ဒီဇာတ်ကားလုပ်ခဲ့တဲ့နှစ်ကတော့ ပုံတိုင်းကို အသေးစိတ် ရှုတောင့်ပေါင်းစုံကနေ ရေးဆွဲပေးရလို့ လက်ဝင်ပြီး ပင်ပန်းရတာပေါ့။ စာအုပ်တောင့်လေးမှာ ပုံတွေဆွဲပြီး စာရွက်တွေ တဖျပ်ဖျပ်လှန်လိုက်ရင် လှုပ်ရှားလာတဲ့ အခြေခံသဘောတရားပါပဲ။ ဒီဇာတ်ကားမှာ ဒယ်မေးရှင်းတွေရဲ့ ဝိသေသဖြစ်တဲ့ အနက်ရောင် အစက်အပြောက်လေးတွေ သိကြမှာပါ။ ရေးဆွဲသူတွေဟာ ပွန်ဂို အတွက် အစက် ၇၂ စက်၊ ပါဒီတာ အတွက် အစက် ၇၈ စက်၊ ကလေးတစ်ကောင်ချင်းစီအတွက် ၃၂ စက်၊ စုစုပေါင်း ၃၃၁၈ စက် ရှိပါတယ်။ ဒါ့ကြောင့်မလို့ တစ်ရာ့တစ်ကောင်လုံးကို ပြိုင်တူပြတဲ့အခန်းတွေကို မြှောက်ကြည့်လိုက်ရင် အစက်ပေါင်း ၆၄၆၉၉၅၂ စက် ဆွဲခဲ့ရပါတယ်တဲ့။ လူကြီးမင်းကသာ ရေးထားတဲ့ ဂဏန်းတွဲကို ကျော်သွားတာပါ။ တကယ်ရေခဲ့တဲ့သူကတော့ အတည်ကြီး ရေသွားတာဗျ။ အဲဒီအစက်တွေဆွဲဖို့သက်သက်အတွက် အနုပညာအသင်းတစ်ခု ဖွဲ့ခဲ့ရသတဲ့။ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားပြီး ကားထဲက ခွေးဟောင်သံတွေအားလုံးဟာ လူတွေတုပပြီး ဟောင်ထားတဲ့ လူဟောင်သံတွေပါနော်။ သုတ်ဆေး ၉၅၇၉ ပေါင် သုံးစွဲခဲ့ပြီး ဘောလုံးကွင်း ၁၅ ခုကို ဆေးသုတ်ပစ်လို့ရတဲ့ ပမာဏဗျ။ Cruella ကို ဒစ်စနေး က မင်းသမီးတစ်ယောက် နမူနာကြည့်ပြီး ဆွဲထားသတဲ့။ ဘယ်သူလဲ သိချင်ကြလား။ ဒယ်မေးရှင်းအစစ်တွေမှာ အဖြူဆွတ်ဆွတ်ဖြစ်ပေမဲ့လို့ ကာတွန်းထဲမှာတော့ ကာလာသီအိုရီအရ မီးခိုးရောင်ဖျော့ထားရပါတယ်။ ဇာတ်လမ်းကတော့ အားလုံးနီးပါးကြည့်ဖူးကြတဲ့ ‌ဒယ်မေးရှင်းခွေး တစ်ရာ့တစ်ကောင်ဇာတ်ကားအတိုင်းပါ။ Live Action ပြန်ရိုက်ထားပြီး CM မှာလည်း တင်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ မူရင်း Animated ဇာတ်ကားမရှိတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်တာပါ။ ဒယ်မေးရှင်းခွေးအမျိုးအစားဖြစ်တဲ့ ပွန်ဂိုတစ်ကောင် သခင့်အတွက်ဇနီးလောင်းရှာပေးရင်း ကိုယ်တိုင်လည်း ဇနီးချောလေးတစ်ယောက်ရတာကနေ စတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ပွန်ဂိုနဲ့ သူ့ချစ်ဇနီးလေးတို့က ခွေးပေါက်လေး ၁၅ ကောင်မွေးခဲ့ပါတယ်။ အဲဒါကို ဒယ်မေးရှင်း ခွေးသား‌မွေးအင်္ကျီ ချုပ်ဝတ်ချင်တဲ့ သခင်မရဲ့ သူငယ်ချင်း Cruella က ခွေးပေါက်လေးတွေကို လာဝယ်ပါတော့တယ်။ မရောင်းဘူးပြောပြီး မောင်းထုတ်ခံလိုက်ရတဲ့ Cruella က လူမိုက်ငှားပြီး ခွေးလေးတွေကို ခိုးပါတော့တယ်။ ဒီဇာတ်ကားက ခွေးလေးတွေကို ဇာတ်ဆောင်တင်ရိုက်ရလို့ လူတွေကို ညံ့ဖျင်းသူတွေအဖြစ် သိသိသာသာ ဇောင်းပေးထားရပါတယ်။ သခင်လုပ်သူကလည်း ဘာမှမလုပ်တတ်မကိုင်တတ်၊ သီချင်းရေးဆရာဘဝနဲ့ ငွေမရှာနိုင်သူကြီးပါ။ သခင်မကလည်း ခင်ပွန်းကိုပဲမှီခိုပြီး စားဝတ်နေရေးကို ပင်ပန်းစွာ စီမံနေရသူပေါ့။ စီးပွားရေးညံ့ဖျင်းတာထားပါလေ။ ခွေးပေါက်လေးတွေ ပျောက်တဲ့အချိန်မှာ ရဲကိုတိုင်ပြီး အိမ်မှာငုတ်တုတ်ထိုင်စောင့်နေရလောက်အောင်ကို ညံ့ဖျင်းကြသူတွေပါ။ ဒါတင်မက ခွေးလေးတွေကို ပွန်ဂိုတို့လင်မယားနှစ်ယောက် အခက်ခဲတွေကျော်ဖြတ်ပြီး သွားကယ်ရတဲ့အခါမှာတောင် သူတို့ခွေးတွေ အိမ်ကထွက်ပြေးသွားတယ်လို့ ထင်ကြသူတွေပါ။ အံ့ပါရဲ့လေ။ သူတို့အလိုသာဆို ခွေးပေါက်လေး ၁၅ ကောင်ရယ်၊ အခြားနေရာက ဖမ်းလာတဲ့ ခွေးပေါက်လေး ၈၄ ကောင်ရယ်ပါ သားမွေးအင်္ကျီဖြစ်ရဖို့ရှိပါတယ်။ ဒီလိုနဲ့ ခွေးလေးတွေကိုကယ်ဖို့ ခရီးကြမ်းထွက်ခဲ့ရတဲ့ ဒယ်မေးရှင်းလင်မယားရယ်၊ သူတို့ရဲ့ တစ်ရာ့တစ်ကောင်အိမ်အပြန်ခရီးရယ်ကို အရင်အချိန်တွေ ပြန်သတိရရင်း ကြည့်ရှုနိုင်မှာဖြစ်လို့ လက်လွတ်မခံဖို့ အကြံပေးလိုပါတယ်နော်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 740MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 19Min Genre – Animation, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Thriller • Mystery
7.3 1961 79 mins
One Hundred and One Dalmatians
Humming
6.2

လူဆိုတာကတော့ အမြဲတမ်းရနေတဲ့အရာဆိုရင် ပေါပေါပဲပဲလို့မှတ်ယူသွားပြီး တန်ဖိုးမထားတတ်ကြတာချည်းပါပဲ။ အချစ်မှာလည်း ဘယ်သူ့ဘက်ကစချစ်သည်ဖြစ်စေ အမြဲအလိုလိုက်ခံရ အချစ်ခံရသူဘက်က ငြီးငွေ့သွားတတ်ကြပါတယ်။ သူချစ်ကိုယ်ချစ်နဲ့ အပြန်အလှန် နားလည်ပေးမှ ညီမျှပေမှာပေါ့။ ယခုဇာတ်လမ်းမှာလည်း သိပ္ပံပညာရှင်ပေါက်စ ဂျွန်စောဟာ ၆နှစ်တာအချစ်ရေးကို စိတ်ကုန်လျက်ရှိပါတယ်။ ဒါကြောင့် ချစ်သူနဲ့ဝေးလို့ဝေးငြား တောင်ဝင်ရိုးစွန်း သုတေသနခရီးကို လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အင်တာဗျူးမအောင်ခင်မှာပဲ ချစ်သူဟာ အက်ဆီးဒင့်ကြောင့် ကိုမာဝင်သွားပါတယ်။ ကိုယ့်ဘေးမှာ အမြဲရှိခဲ့တဲ့ချစ်သူဟာ ကိုယ့်အနားကနေပျောက်ကွယ်လုမတက် အသက်အန္တရာယ်ကြုံရတဲ့အခါ ဘယ်လိုအလှည့်အပြောင်းတွေဖြစ်မလဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ File size…1.52GB / 771MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 36m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Crime • Drama
6.2 2008
Humming
The Legend of Drunken Master
7.6

ဒီကားလေးကတော့ ၁၉၉၄ခုနှစ်က ထွက်ထားတဲ့ ဂျက်ကီချန်းရဲ့ ကားကောင်းလေးတွေထဲကတစ်ကားပါ…… ဒီဇာတ်ကားမှာတော့ ဂျက်ကီချန်းက ခပ်ဆိုးဆိုးကောင်လေး လူလည်ကျတတ်တဲ့ ကောင်လေးတစ်ယောက်ပါ။ သူ့အဖေနဲ့အတူ ခရီးတစ်ခုကနေအပြန် ရထားဘူတာမှာ သူတို့ဝယ်လာတဲ့ ဂျင်ဆင်းဘူးကို အခွန်မဆောင်ချင်တာနဲ့ ပြီးမှပြန်လိုက်ရှာမယ်ဆိုပြီး သူများသေတ္တာထဲခိုးထည့်လိုက်ပါရော….. အဲဒီလိုနဲ့ ရထားပေါ်ရောက်တော့ သူတို့ခိုးထည့်လာတဲ့ ဂျင်ဆင်းဘူးကို လိုက်ရှာရင်း ထုံးစံအတိုင်းအလွဲတွေဖြစ်တာကနေ ဂျင်ဆင်းဘူးအစား ရှေးဟောင်းပစ္စည်းကြီးကို မှားသယ်မိသွားပါလေရော….. အဲဒီမှာပဲ သူတို့နိုင်ငံကနေ ရှေးဟောင်းအမွေအနှစ်တွေကို ခိုးထုတ်နေတဲ့ အဖွဲ့နဲ့ပတ်သက်မိပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့……. File size…(2.3 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre…Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Lyric Lynn Khant

Documentary • Music
7.6 1994
The Legend of Drunken Master
SAS: Red Notice
5.5

SAS အဖွဲ့ဝင်ဟောင်း Andy McNab ရဲ့ရောင်းအားအကောင်းဆုံး ဝတ္တုကိုအခြေခံပြီး ဒါရိုက်တာ Magnus Martens က ရိုက်ကူးပေးထားပါတယ်။ ဗြိတိန်အက်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ SAS: Red Notice မှာ Sam Heughan ၊ Ruby Rose နဲ့ Hannah John-Kamen တို့ပါဝင်သရုပ်ဆောင်ထားပြီး အရေးပေါ်စစ်ဆင်ရေးတစ်ခုကို လက်တွေ့ဆန်ဆန်ပုံဖော် ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ဗြိတိန် SAS အထူးအဖွဲ့ဝင်တွမ်ဘက်ကင်ဟမ်ဟာ ဒေါက်တာမလေးဆိုဖီဟာ့တ်ကို လက်ထပ်ခွင့်တောင်းဖို့ လန်ဒန်ကနေ ပါရီကိုရထားနဲ့အသွား ဂရေ့စ်လူးဝစ္စ ခေါင်းဆောင်တဲ့ စစ်ရာဇဝတ်သားတွေဖြစ်တဲ့ငန်းမည်းအဖွဲ့က ချန်နယ်တန်နယ်ဥမင်တစ်နေရာအရောက်မှာ ရထားကို ပြန်ပေးဆွဲလိုက်ပါတယ်။ ဂရေ့စ်က သူတောင်းဆိုတဲ့ ပြန်ရွေးငွေကိုသာမပေးရင် ဗြိတိန်အစိုးရရဲ့ညစ်ညမ်းတဲ့ လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြီး ဥမင်ကိုပါဖောက်ခွဲပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒီအချိန်မှာ ရထားပေါ်မှာလိုက်ပါ လာတဲ့တွမ်က လက်နက်နဲ့လူအင်အားမပါဘဲ ချစ်သူဆိုဖီနဲ့ ခရီးသည်တွေကိုကယ်တင်နိုင်အောင် ကြိုးပမ်းရပါတော့တယ်။ File size…2.07GB / 995MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 24m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama
5.5 2021
SAS: Red Notice
The Image of You

၂၀၂၄ကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ လျှို့ဝှက်သည်းဖိုအပြင် ရိုမန်တစ်ဆန်တဲ့ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ identical twins ညီအစ်မဖြစ်တဲ့ အန်နာနဲ့ဇိုဝီကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းတူပြီး သံယောဇဥ်လည်းရှိကြသော်လည်းမတူညီတဲ့ စရိုက်သွင်ပြင်လက္ခဏာတွေရှိတဲ့အန်နာနဲ့ ဇိုဝီ တို့ အမြွှာညီမရဲ့ အတိတ်ကအကြောင်းတွေကဘယ်လိုဖြစ်မလဲဆိုတာအပြင် ဒီဇာတ်ကားမှာဆိုရင်တော့ မင်းသမီး Sasha Pieterseရဲ့ မတူညီတဲ့ ဇာတ်ကောင်၂ခုကို ငြိမ့်ငြိမ့်လေးနဲ့ကွဲနေအောင်သရုပ်ဆောင်သွားပုံကို ရင်တမမနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ တစ်ကားလုံးဇာတ်ရှိန်မပျက်ရ‌‌၊မပျင်းရအောင် ခေါ်ဆောင်သွားနိုင်စွမ်းရှိတဲ့ ဒီကားလေးကို Channel Myanmar ပရိသတ်ကြီးအတွက် တင်ဆင်ပေးလိုက်ပါတယ်။ File size…(1.7 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Theint

0 2024
The Image of You
Tainted Soul

Tainted Soul (2023) ============== Genre – Horror ခုနောက်ပိုင်း ထိုင်းခေတ်ပြီးတဲ့နောက် သရဲကားတွေကို တွင်တွင်ကျယ်ကျယ် ဖန်တီးရိုက်ကူးနိုင်လာကြတဲ့ အင်ဒိုနီးရှား သရဲကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက သရဲကားဆိုပေမဲ့လည်း အချစ်ဆန်ဆန် ဒရမ်မာလေးလည်း ပါသေးတာမို့ ရသတစ်မျိုးပဲ ပေးစွမ်းနိုင်တာ မဟုတ်ပါဘူး။ ဇာတ်လမ်းလေးကို ပြောပြပေးရမယ်ဆို ရာကာဆိုတဲ့ အထက်တန်းကျောင်းသားလေးက မျိုးရိုးစဉ်ဆက် အကြားအမြင်ပညာသည်ဖြစ်နေတော့ ငယ်စဉ်ကတည်းက သရဲပေါင်းစုံကို မြင်တွေ့နေရပြီး လိုအပ်တဲ့အခါတိုင်း အလျဉ်းသင့်သလို ကူညီပေးနေရတဲ့ လူငယ်လေးပါ။ ဒါပေမဲ့ ဆိုးကျိုးအနေနဲ့ ကျောင်းတွေမှာ အပေါင်းအသင်းမရှိပဲ အမြဲတမ်း အထီးကျန် အနိုင်ကျင့်ခံလေး ဖြစ်ပါတယ်။ ဒါကြောင့် ရာကာတစ်ယောက် ဦးလေးရှိရာ ငယ်ဘဝကနယ်မြို့လေးကို ပြန်လာပြီး ကျောင်းပြောင်းတက်ပါတယ်။ ဒီလိုနဲ့ ပြန်လာတဲ့အခါမှာတော့ ရာကာတစ်ယောက် အထက်တန်းကျောင်းသူ သရဲမချောချောလေးနဲ့ သူငယ်ချင်းဖြစ်ပြီး အထီးကျန်နေတဲ့ ဘဝလေးကို ကြည်နူးစွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ရာကာတက်နေတဲ့ကျောင်းမှာ သူများတွေကို အနိုင်ကျင့်နေကြဖြစ်တဲ့ ကျောင်းသားတစ်သိုက်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ မျက်နှာဖုံးသရဲတစ်ကောင်က သေတဲ့ထိ တစ်ယောက်ပြီးတစ်ယောက် လိုက်လံ သတ်ဖြတ်နေတဲ့အချိန်မှာတော့ ရာကာတစ်ယောက် ဘယ်လိုမျိုး သရဲမလေးနဲ့အတူ ဖြေရှင်းမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သူကတော့ သရဲကားဆန်ဆန် အငွေ့အသက်တွေလည်း ပါသလို လူသတ်ကား အရသာမျိုးတွေလည်း တွေ့ရမှာဖြစ်ပြီး ဖူးသစ်စ ကျောင်းသားကျောင်းသူလေးတွေရဲ့ နုနုနယ်နယ် အချစ်ဇာတ်လမ်းဆန်ဆန်လေးလည်း ပါဝင်သေးတာကြောင့် စုံစီနဖာ ခံစားရမှာ ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်ထားကြတာကတော့ အင်ဒိုဇာဏ်ခီနဲ့ အင်ဒို ချစ်သူဝေတို့ပဲ ဖြစ်ပါတယ်ဗျ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thura Aung ပါ ) File size_(1.3GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:46:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thura Aung

0 2023
Tainted Soul
Deliver Us

“Deliver Us” ဆိုတဲ့ ခေါင်းစဉ်အတိုင်း ဒီဇာတ်ကားက ကလေးနှစ်ယောက်ကို မီးဖွားပေးတဲ့နေရာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ခရစ်ယာန်သမ္မာကျမ်းစာထဲမှာ “ယေရှုခရစ်တော်” က ယောင်္ကျားနဲ့မိန်းမ ပေါင်းဖက်ခြင်းကမဟုတ်ဘဲ ဘုရားသခင်ရဲ့တန်ခိုးတော်အားဖြင့် အပျိုစင်ကညာတစ်ဦးဖြစ်တဲ့ “မာရိ” ထံကနေ လူ့ဇာတိခံခဲ့တာဖြစ်ပါတယ်။ နောက်တစ်ချက်က သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းထဲမှာဆိုရင် ဒီကမ္ဘာပေါ်ကို ယေရှုခရစ်တော် နောက်တစ်ဖန်ပြန်ကြွလာမယ်လို့ ပရောဖက်ပြုထားပါတယ်။ ဒါပေမဲ့ အဲဒီကာလမတိုင်ခင်မှာပဲ “အန္တိခရစ်” ဆိုတဲ့ ခရစ်တော်ကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တစ်ဦးက ကမ္ဘာပေါ်မှာအရင်မွေးဖွားလာပြီး လူသားတွေကို လှည့်စားမှုပေါင်းများစွာနဲ့ အုပ်စိုးမှာပဲဖြစ်ပါတယ်။ အခုဇာတ်ကားထဲမှာတော့ သမားရိုးကျစိတ်ကူးယဉ်ဇာတ်လမ်းတွေလိုမဟုတ်ဘဲ ခရစ်ယာန်သမ္မာကျမ်းစာထဲက အကြောင်းအရာတွေအပေါ်ကိုအခြေခံပြီးတော့ ဆင့်ကဲကွန့်မြူးပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ရပ်ဝေးဒေသတစ်ခုမှာရှိတဲ့ သီလရှင်စစ္စတာတစ်ယောက်ကနေပြီးတော့ သံဝါသမပြုဘဲ ကိုယ်ဝန်လွယ်ထားရပါတယ်လို့ သတင်းထွက်လာပါတယ်။ ဒီကိစ္စက ကျမ်းစာထဲမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စ သမိုင်းတစ်ကျော့ပြန်လာတာလားဆိုတာကို ဟုတ်မဟုတ်အတည်ပြုဖို့အတွက် ဗာတီကန်ကနေ ဘာသာဗေဒပညာရှင် ခရစ်ယာန်ဘုန်းကြီးတွေကိုစေလွှတ်လိုက်ပါတယ်။ တကယ်ကတော့ စစ္စတာယူလီယာက ကလေးတစ်ယောက်မဟုတ်ဘဲ ကလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားရတာပါ။ သူကနေပြီးတော့ လာရောက်အတည်ပြုတဲ့ဘုန်းကြီးတွေကို သူ့ခေါင်းထဲကနေ ရူပါရုံတွေရနေတယ် ကလေးတွေရဲ့စကားပြောနေသံကိုလည်းကြားရပါတယ်လို့ ပြောခဲ့ပါတယ်။ အဲဒါကြောင့် ဘုန်းကြီးတွေက သူပြောတဲ့အကြောင်းအရာနဲ့ ရှေးဟောင်းကျမ်းတွေကို တိုက်စစ်ကြည့်လိုက်တဲ့အချိန်မှာ ကျမ်းတွေအရဆိုရင် ယူလီယာလွယ်ထားရတဲ့ကလေးတစ်ယောက်ဟာ သံဝါသမပြုဘဲရလာတဲ့ “မေရှိယ – လူတွေကိုအပြစ်ကနေ ကယ်ချွတ်မည့်လူ” လို့ ပရောဖက်ပြုထားတဲ့ကလေးနဲ့ လူလူချင်းပေါင်းသင်းဆက်ဆံပြီးမှရလာတဲ့ “သားရဲ” ဆိုတဲ့ လူတွေကို အနုနည်းနဲ့ အုပ်စိုးမယ့်အန္တိခရစ်ရဲ့အပေါင်းအပါဖြစ်တယ်ဆိုတာကို သိသွားကြပါတယ်။ ဒီလိုနဲ့ပဲ ဘုန်းကြီးတွေဟာ ယူလီယာကိုမေ့ဆေးပေးပြီး ကလေးကိုမမွေးပေးဘဲ ဆေးထိုးပြီးဖျက်ချဖို့ ကြိုးစားပါတော့တယ်။ အဲဒီအချိန်ကစပြီးတော့ အနိဌာရုံတွေတစ်ခုပြီးတစ်ခု စဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ ကလေးနှစ်ယောက်လုံးမွေးနိုင်ခဲ့လား… ကလေးတွေကရော နောက်ဆုံးကျဘယ်လိုဖြစ်သွားမှာလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာစိတ်ဝင်တစားကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 890MB Quality – 1080p, 720p Format – mp4 Duration – 1H 43Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

0 2023 102 mins
Deliver Us
The Architecture of Love
6.9

ဒီတစ်ခါမှာတော့ IMDb မှာ Rating ကောင်းကောင်းရရှိထားတဲ့ Indonesian Romance Drama ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကြီးစာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Ika Natassa ရဲ့ ဝတ္ထုစာအုပ်ကို ရုပ်ရှင်အဖြစ်ဖန်တီးထားတာဖြစ်ပါတယ်။ အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ နာကျင်စရာအဖြစ်အပျက်တွေကြောင့် Trauma တွေရှိနေကြတဲ့လူနှစ်ယောက် အဲဒီဒဏ်ရာတွေကို ကုစားဖို့အတွက် အဝေးတစ်နေရာကို ထွက်ပြေးလာကြရင်း တစ်ယောက်ကိုတစ်ယောက် ရှာတွေ့သွားပြီးတော့ ချစ်မိသွားကြတဲ့အကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဝတ္ထုစာအုပ်ကို အခြေခံထားတာနဲ့အညီ ဇာတ်လမ်းကတော့ အပြစ်ပြောစရာ မရှိလောက်အောင် ကောင်းမွန်ပါတယ်။ Main character နှစ်ယောက်ကြားက chemistry ကလည်း အရမ်း လိုက်ဖက်ပြီးတော့ ဇာတ်လမ်းကို အဆုံးအထိရောက်အောင် ဆွဲခေါ် ပေးသွားပါတယ်။ Drama Genre ဖြစ်တာနဲ့အညီ အချစ်၊အမုန်း ရသမျိုးစုံကို ခံစားရမှာဖြစ်ပြီးတော့ Rating တွေကလည်း အရမ်းကောင်းတာကြောင့် ကြည့်ကြည့်ဖို့ကို recommend ပေးပါတယ်။ File size…1.24GB / 725MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Drama
6.9 2024 110 mins
The Architecture of Love
I Can’t Live Without You
5.5

အခုခေတ်မှာနည်းပညာတိုးတက်လာပြီး လူကြီးလူငယ်မရွေးဖုန်းတွေ အလွယ်တကူကိုင်လာနိုင်တဲ့အချိန်မှာ ဖုန်းကိုပဲအာရုံစိုက်တာများပြီး ကိုယ်ချစ်တဲ့လူတွေကိုဘေးမှာထားပြီးမေ့နေတတ်ကြတာများကြပါတယ်။ ဖုန်းဆိုတာအချိန်မရွေးပြန်ဝယ်ကိုင်လို့ရပေမဲ့ ဖုန်းကြောင့်ပျက်စီးဆုံးရှုံး လိုက်ရတဲ့ ဆက်ဆံရေးတွေကတော့ လွယ်လွယ်ကူကူနဲ့ ပြန်ဝယ်ယူလို့ မရနိုင်တော့ပါဘူး။အဲ့ဒါကိုပညာပေးတဲ့အနေနဲ့ I Can’t Live Without You ဆိုတဲ့ ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ကားလို့စ်က စီးပွားရေးကုမ္ပဏီမှာရာထူးကြီးတဲ့ သူတစ်ယောက်ဖြစ်ပြီး ဖုန်းနဲ့ လက်နဲ့မပြတ်အလုပ်လုပ်ကိုင်နေရတဲ့သူဖြစ်ပါတယ်။အဲ့ဒီရလာဒ်အနေနဲ့ စားလည်းဖုန်း သွားလည်းဖုန်း အိပ်လည်းဖုန်းနဲ့ဖုန်းမသုံးပဲမနေနိုင်တဲ့ လူတစ်ယောက် ဖြစ်လာပြီး မိန်းမနဲ့ကလေးတွေကိုပစ်ထားမိလာတာဆယ်စုနှစ်နဲ့ ချီကြာလာပါ တော့တယ်။ အဲ့ဒီဖုန်းနဲ့အလုပ်ကြောင့်ပဲ မိသားစုအပေါ်ပျက်ကွက်တာတွေများလာတဲ့အခါမှာ မိန်းမဖြစ်သူက သည်းမခံနိုင်တော့ပဲ ကွာရှင်းဖို့အထိဖြစ်လာကြပါတော့တယ်။ အဲ့ဒီအခါကျမှကားလို့စ်ကဖုန်းဖြတ်ဖို့အတွက် ဖုန်းဖြတ်ကုထုံးတွေခံယူခဲ့ပြီး မိသားစုနဲ့ မိန်းမကိုပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက်ကြိုးစားပုံတွေကိုကြည့်ရင်း ကိုယ်တွေရဲ့ဘ၀မှာလည်း ဖုန်းကိုကိုယ်ချစ်ရတဲ့လူတွေထက် ရှေ့တန်းတင်မိ နေပြီလားဆိုတာကို ပြန်လည်သုံးသပ်ရင်း ပြင်ဆင်နိုင်ဖို့ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.54GB / 817MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 52m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024 98 mins
I Can’t Live Without You
Gifted Hands: The Ben Carson Story
7.5

ဒီဇာတ်လမ်းက အမေရိကန်က နာမည်ကျော် အာရုံကြောခွဲစိတ် ဆရာဝန်ဘန်ကာဆင်ရဲ့အတ္ထုပ္ပတ္တိကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး IMDb 7.5နဲ့ RT 85%ထိ rating ကောင်းတွေ ရရှိထားတာပဲ ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်ကြီး ဘင်ကာဆန်တစ်ဖြစ်လဲ ဘင်ဂျမင်ကာဆန်ဟာ တစ်ကိုယ်တော်မိခင်ရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာခဲ့ရသူဖြစ်ပြီး ငယ်စဉ်က အတန်းထဲမှာ နောက်ဆုံးကရေရင် ထိပ်ဆုံးရတဲ့အထိ ပညာရေးပိုင်းမှာအားနည်းခဲ့သူပါ။ ဒါပေမဲ့ ကိုယ်တိုင် ပညာမတတ်လို့ ရုန်းကန်ခဲ့ရတဲ့ မိခင်ဖြစ်သူက သူ့သားနှစ်ယောက်ကို ပညာတတ်ဖြစ်စေချင်တာကြောင့် ငယ်ငယ်ကတည်းက ပုံသွင်းလေ့ကျင့်ရင်း တဖြည်းဖြည်းနဲ့ ထူးချွန်တဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မိဘအစုံအလင်မရှိတဲ့ သားသမီးတွေရဲ့ ထုံးစံအတိုင်း ဘင်မှာ ဒေါသမထိန်းနိုင်တဲ့ ဉာဉ်ဆိုးတစ်ခုရှိသလို အဲဒီစိတ်ကြောင့်ဘဝပျက်နိုင်တဲ့အထိ ဖြစ်သွားတဲ့ အခြေအနေတွေလည်းအများကြီးကြုံခဲ့ရတဲ့သူပါ။ ဒီလိုမျိုး ငွေကြေးပိုင်း လူမျိုးရေးပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ ပြဿနာပေါင်းစုံ ကြုံတွေ့ခဲ့ရတဲ့ ဘင်ကာဆန်ဘဝကနေ တစ်ချိန်မှာခေါင်းချင်းဆက်အမြွှာနှစ်ဦးကို အသက်ရှင်လျက် အောင်မြင်စွာခွဲစိတ်ပေးနိုင်ခဲ့တဲ့ ခွဲစိတ်ဆရာဝန်ကြီး ဘင်ကာဆန် ဖြစ်လာတဲ့အထိဘဝဇာတ်ကြောင်းကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ အားကျအတုယူစရာ ကောင်းလောက်အောင် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မိဘမေတ္တာတွေ၊ မိသားစုကြားကချစ်ခြင်းမေတ္တာတွေကို ပေါ်လွင်ထင်ရှားအောင် ရိုက်ကူးထားသလို မှတ်သားစရာ ဆေးပညာဆိုင်ရာ ဗဟုသုတ‌တွေလည်းပါတာမို့ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ File Size : 1.8 GB, 777 MB Quality : WEB-DL 1080p / 720p Running Time : 1hr 30min Format : Mp4 Genre : Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

7.5 2009
Gifted Hands: The Ben Carson Story
Idiot Girls and School Ghost: School Anniversary
6.5

Idiot Girls and School Ghost: School Anniversary (2024) ******************************************************* I.O.Iရဲ့ Kim Do Yeon, WJSNရဲ့ Eunseoတို့ ပါဝင်ထားတဲ့ ကျောင်းတွင်း သရဲ ဟာသ ဇာတ်ကား အသစ်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်ရှင်။ စီနီယာ ကျောင်းသူတွေ ဖြစ်ကြတဲ့ ဂျီယွန်း အွန်းဗြောနဲ့ ဟျွန်းဂျောင်းတို့ သူငယ်ချင်း ၃ယောက်ဟာ ကျောင်းတွင်း သရဲဇာတ်လမ်း တစ်ပုဒ်ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ကျောင်းရဲ့ နှစ်ပတ်လည်နေ့မှာ သရဲနဲ့ တူတူပုန်းတမ်း ကစားရင်း အနိုင်ရရှိခဲ့မယ်ဆိုရင် သူတို့ဟာ တက္ကသိုလ်ဝင် စာမေးပွဲကို အမှတ်ပြည့်နဲ့‌ အောင်မြင်ကြမှာ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ သူတို့ ၃ယောက်ဟာ ဂျပန် နတ်ဘုရားကို မြင်ဖူးတဲ့ ဂျူနီယာမလေး မင်ဂျူရဲ့ အကူအညီကို ရယူပြီး ကျောင်းထဲက သရဲနဲ့ တူတူပုန်းတမ်း ကစားကြပါတော့တယ်။ ကျောင်းနှစ်ပတ်လည်နေ့မှာ သရဲနဲ့ တူတူပုန်းတမ်း ကစားရင်း ကောင်မလေးတွေ အနိုင်ရရှိသွားမှာလား..။ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 1.03GB/ 450MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:30:00 Genre : Comedy, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Miri, Treasure Htet, Stary Encoded by Tiff

6.5 2024
Idiot Girls and School Ghost: School Anniversary