YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Crash.Landing.on.You.S01E14.1080p.NF.WEB-DL.AAC2.0.x264-HBO (1).mp4

1.04 GB N/A video/mp4 823 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Best Friend's Breakfast
6.1

နောက် ၁၅ နှစ်နေရင် ဘယ်လိုတွေဖြစ်ကြမှာလဲ...ဒီဇာတ်ကားလေးရဲ့ အဓိကစာကြောင်းလေးပေါ့။ နောက် ၁၅ နှစ်နေရင် အောင်မြင်မှာလား၊ အခုထက်ပိုဝမှာလား၊ အခုလက်ရှိတွဲနေတဲ့ချစ်သူနဲ့ရော ဆက်တွဲဖြစ်ပါ့မလား... စသည်ဖြင့်မသိနိုင်တဲ့အချိန်ကာလတစ်ခုပေါ့ တွေးရင်း စဉ်းစားရင်းနဲ့ ခံစားလို့ကောင်းဦးမယ့် ထိုင်ဝမ်ကျောင်းသားကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျောင်းသားကားတွေဆို ထိုင်ဝမ်ကားတွေကပဲ ကြည့်လို့ပိုကောင်းတယ်လို့ထင်မိတယ်။ ပိုပြီးလည်း ယုတ္တိဆန်သလို ဆယ်ကျော်သက်အရွယ်ခံစားချက်ကိုလည်း ထိထိမိမိရိုက်ပြနိုင်တတ်ကြပါတယ်။ ဒီကားကလည်း အဲ့ဒီလိုမျိုးပါပဲ။ အစားအသောက်ဆို မီးလိုတောက်တဲ့ ရှန့်ဝေရှင်းကတော့ သူ့သူငယ်ချင်းကို ပိုးကြေးပန်းကြေးနဲ့ လာပို့ပေးတတ်တဲ့ မနက်စာကိုတောင် အကုန်စားပစ်တတ်တဲ့ သူပါ။ အစားအသာက်ရှိနေမှ ဘဝအဓိပ္ပါယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့သူက နောက် ၁၅ နှစ်ကြာရင် ဘယ်လိုဖြစ်လာမလဲဆိုပြီး စဉ်းစားနေရင်းနဲ့ အခုလို အချစ်၊ဒရာမာ၊ လူငယ်ဆန်ဆန်ရုပ်ရှင်ကားလေးဖြစ်တည်လာပါတော့တယ်။ ရိုးရှင်းမလိုလိုနဲ့ ရှုပ်ထွေးတဲ့အထဲမှာ ဒီဇာတ်ကားလည်းပါပါတယ်။ အတွေးစတစ်ခုခုရရှိစေပြီး စာအရှည်ကြီးရေးချင်လာတဲ့ဖီလင်ဖြစ်လာမှာပါ။ ကဲ... ဒီကားလေးကြည့်ရင်းနဲ့ ပရိသတ်ကြီးလည်း နောက် ၁၅ နှစ်နေရင် ဘယ်လိုပုံစံဖြစ်မလဲ စဉ်းစားကြည့်ရအောင်လားဗျာ...။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ ) File Size__(2.1GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.9/10 Format__mp4 Duration__02:01:00 Type__Romance, School Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt

Drama
6.1 2022 119 mins
My Best Friend's Breakfast
Gehraiyaan
5.9

ဘောလီးဝုဒ်မင်းသမီးချော Deepika ပါဝင်ရိုက်ကူးထားတဲ့ အိန္ဒိယဒရာမာဇာတ်ကားသစ်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားရဲ့အကြောင်းအရာကတော့ အခုခေတ် Relationship တွေရဲ့နားလည်ရခက်ပြီး ရှုပ်ထွေးတဲ့သဘောသဘာဝတွေကို ကြည့်ရှုသူတွေပါရင်ခုန်စေမယ့် ရိုမန့်တစ်ဆန်ဆန်ဇာတ်ကွက်တွေနဲ့တင်ဆက်ထားတာပါ။ ယောဂဆရာမလေး Alisha နဲ့ စာရေးဆရာဖြစ်ဖို့ကြိုးစားနေတဲ့ Karan တို့ရဲ့ရည်းစားသက်တမ်းဟာခြောက်နှစ်ဆိုတဲ့ ကာလတစ်ခုကိုရောက်လာခဲ့ပါပြီ။ ဒါပေမယ့်သူတို့ကြားမှာထုတ်မပြောပေမယ့်သိသာနေတဲ့ငွေကြေးပိုင်းဆိုင်ရာ မကျေလည်မှုလေးတွေရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အိမ်ခြံမြေသူဌေးလေး Zain ကသူတို့နှစ်ယောက်ကြားမှာ အဖုအထစ်ဖြစ်စေမယ့်အကြောင်းရင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် Zain ကလည်း Alisha ရဲ့ညီမဝမ်းကွဲဖြစ်သူ Tia နဲ့တွဲနေတာဖြစ်ပြီး သူတို့ကြားမှာလည်း ငွေကြေးနဲ့ပတ်သက်တဲ့သဘောထားမတိုက်ဆိုင်မှုလေးတွေရှိနေခဲ့တာပါ။ ဒါ့အပြင် Alisha၊ Tia နဲ့ Zain တို့ဟာ ဆိုးဝါးလှတဲ့ ငယ်ဘဝတွေ၊ မကောင်းတဲ့မိဘတွေနဲ့ကြုံခဲ့ရတာကြောင့် သူတို့ရဲ့အချစ်ရေးနဲ့သက်ဆိုင်တဲ့ဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်မှုရှိသွားခဲ့တာလားဆိုတာကလည်း စဥ်းစားစရာပါပဲ။ အဲဒီဆုံးဖြတ်ချက်တွေကရော မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေဖြစ်ခဲ့ရဲ့လား။ ရက်စက်ခြင်းနဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းကလည်း လူ့သဘာဝ၊လူသားဆန်ခြင်းတစ်မျိုးပဲမို့ သာမန်အမြင်နဲ့ကြည့်ရင် မှားတယ်လို့ယူဆထားတဲ့အရာတွေကိုလည်း တစ်ခါတစ်ရံမှာအပြစ်တင်လို့မရတဲ့အခါ အက်ကြောင်းတွေရှိနေတဲ့စုံတွဲနှစ်ခုရဲ့ လေးပွင့်ဆိုင်ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မှာလဲ။ အညွှန်းဖတ်ပြီးလောင်စရာချည်းပဲလို့တော့မတွေးလိုက်ပါနဲ့ဦး။ Romantic,Drama ဖြစ်တဲ့အပြင် ရိုက်ကွင်းပြင်ဆင်မှုနဲ့ သရုပ်ဆောင်၊ဒါရိုက်တာတွေရဲ့အားထုတ်မှုကြောင့် အရင်ဘောလီးဝုဒ်ကားတွေလို ပန်းခင်းထဲပတ်ပြေးပြီးကတာမျိုးထက်မိုက်တဲ့ ချစ်ခန်းကြိုက်ခန်းတွေအများကြီးကို စောင်ကိုက်ပြီး တစ်ဝကြီးကြည့်ရှုရဦးမှာပါ။ နိဂုံးချုပ်ရရင်တော့ အိန္ဒိယဒရာမာတွေကြိုက်တတ်တဲ့ပရိသတ်တွေအတွက် အချိန်နှစ်နာရီခွဲကုန်ရကျိုးနပ်မယ့်ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။ File size…1.45GB / 700MB Quality…1080p WEB DL AAC 5.0CH / 720p AAC 2.0CH Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni , Shwe Pwint , Haruko

Adventure • Drama • Mystery
5.9 2022 148 mins
Gehraiyaan
Laxmii
5.1

၂၀၂၀ ကိုဗစ်ကာလမှာ ဇာတ်ကားတွေ ရှားပါးတဲ့အထဲ မင်းသားကြီး အရှေးကတော့ Remakeတစ်ခုဖြစ်တဲ့ Laxmiiက ထွက်လာခဲ့ပါတယ်။ အားလုံးလည်း မင်းသားကြီးကို လွမ်းနေမယ်ဆိုတာ သေချာပါတယ်။ ဇာတ်လမ်းအကြောင်းအရာကတော့ အရင် တာတေကြီးလို့ အများသိတဲ့ Kanchanaနဲ့ မကွာတော့ ထွေထွေထူးထူး ပြောပြနေစရာ မလိုဘူး ထင်ပါတယ်။ အရင်ကားဟောင်းကို မကြည့်ဖူးသူတွေအတွက် ပြောပေးရမယ်ဆိုရင် တစ္ဆေမကြောက်တတ်တဲ့ လူတစ်ယောက်ကို အဖြစ်ဆိုးနဲ့သေဆုံးခဲ့ရတဲ့ လူတစ်ယောက်က ဝင်းပူးတာပါ။ အဖြစ်ဆိုးအတွက် သူ့ရဲ့ တုန်ပြန်မှု၊ သူ့ဘဝနောက်ကြောင်းတွေ၊ သူရဲ့ ကြင်နာသနားတတ်မှုတွေက ကြည့်ရှုသူတိုင်းကို သနားကရုဏာသက်စေမှာပါ။ ဒီတော့ တခြားခန္ဓာကိုယ်တစ်ခုမှာ ဝင်ပူးပြီး သူ ဘာလုပ်မယ် ဆုံးဖြတ်ခဲ့သလဲ ဘယ်လိုတွေ ကြံစည်လာဦးမလဲ ဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမှာပါ။ ဇာလမ်းအညွှန်းနဲ့ဘာသာပြန်သူက Myint Thu နဲ့ Nyi Koeတို့ပဲ ြဖစ်ပါတယ်.... File Size :(1.28GB) and (494MB) Quality : WEB-DL 720p Format…mp4 Duration…02:21:00 Genre : Action,Comedy,Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu & Nyi Koe Encoded by Phyo Pyae

Crime • Drama • Mystery
5.1 2020 141 mins
Laxmii
Black Warrant

Black Warrant (2022) 2022 က ထွက်ရှိထားတဲ့ ခုကားလေးက​တော့ အက်ရှင်ကား​တွေ ကြိုက်တဲ့သူတွေကြည့်သင့်တဲ့ အက်ရှင်သည်းထိတ်ရင်ဖိုကား​လေးပါ။ ကမ္ဘာ​ကို မီးဖျက်ဖို့ကြိုးစား​နေတဲ့ အကြမ်းဖက်သမား​တွေရဲ့အကြံကို တားဖို့ အ​သေဖမ်းဝရမ်းနဲ့ တာဝန်​ပေးခံရတဲ့ အ​ဖေဖြစ်သူနစ်ခ် နဲ့ နှစ်​ပေါင်းများစွာ အ​ဖေဖြစ်သူနဲ့ကွာ​ဝေး​နေပြီး မူးယစ်ရဲ ဖြစ်​နေတဲ့သားဖြစ်သူ အန်တိုနီတို့ မစ်ရှင်တစ်ခုတည်းကို ဘယ်လိုပူး​ပေါင်းပြီး တားမလဲဆိုတာကို အက်ရှင်ဆန်​ဆန်ရိုက်ပြ​ထားတဲ့ ကားလေးပါပဲ။ အ​ဖေနဲ့သားအကြားက နားလည်မှုလွဲတာ​တွေကို ဘယ်လိုပုံစံနဲ့ ​​ဖြေရှင်းကြမလဲ… ​ပေးထားတဲ့မစ်ရှင်ကိုလည်း သားအဖနှစ်​ယောက် ဘယ်လို အကြံ​ကောင်း​ကောင်း နဲ့ရင်ဆိုင်ရမလဲဆိုတာ​​တွေကို ​တွေ့ရမှာမို့လို့ တစ်​ခေါက်​လောက်​တော့ကြည့်သင့်တဲ့ အက်ရှင်ကားလေးတစ်ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 700MB Quality – 1080p, 720p Format – mp4 Duration – 1H 34Min Genre – Action, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

0 2022
Black Warrant
The New World
6.7

The New World (2005) Pocahontas နဲ့ Captain John Smith တို့ရဲ့ ဇာတ်လမ်းလေး တင်ဆက်ပေးပါရစေ။ အင်္ဂလိပ်ကိုလိုနီအဖွဲ့တွေဟာ နယ်ချဲ့ရင်းနဲ့ အမေရိကတိုက်ကိုရောက်ရှိလာပါတယ်။ အမေရိကတိုက်ရဲ့ ယခုဗာဂျီးနီးယားလို့ခေါ်ဆိုတဲ့နေရာမှာ အမေရိကန်လူမျိုးစစ်စစ်တွေဖြစ်တဲ့ အင်ဒီးယန်းလူမျိုးစုတွေ နေထိုင်ပါတယ်။ အင်ဒီးယန်းတွေနဲ့ အင်္ဂလိပ်နယ်ချဲ့တွေအကြား ပဋိပက္ခဖြစ်ပွားရာမှာ Captain Smith အသတ်ခံရမယ့်အရေးကို အင်ဒီးယန်းလူမျိုးစုမင်းသမီး Pocahontasက ကယ်ဆယ်လိုက်ပါတယ်။ မင်းသမီး Pocahontasဟာ ဖခင်ရဲ့ အရေးအပေးခံရဆုံး သမီးတော်လည်းဖြစ် ထူးလည်းထူးခြားတာကြောင့် သမီးတော်သဘောကိုလိုက်ကာ Captain Smith ကို မသတ်ဘဲလွှတ်ထားလိုက်ပါတယ်။ ဒီလိုနဲ့ Pocahontas နဲ့ Captain Smith ဟာ တွယ်ငြိသွားကြပါရော။ ရန်သူနှစ်ဖက်ကြား ပဋိပက္ခတွေနဲ့ သူတို့ချစ်သူနှစ်ယောက်ဟာ ဘယ်လိုနှစ်ပါးသွားကြမလဲ? ဘယ်လိုအလှည့်အပြောင်းတွေကြုံကြဦးမလဲ? ဆိုတာ … ဇာတ်လမ်းသွားက အေးအေးနဲ့မို့ အစပိုင်းပျင်းဖို့ကောင်းနိုင်ပေမဲ့ ငြိမ့်ငြိမ့်လေးနဲ့ အရသာရှိရှိထိုင်ကြည့်လို့ကောင်းမဲ့ဇာတ်ကားတစ်ကားပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Jane ပါ။) File Size : 4GB, 1.8GB, 994MB Quality : 1080p Blu-ray, 720p Blu-ray, 480p Format : mp4 Duration : 2hr 15mins Genre : Drama Translated by Jane Encoded by Kinnov

6.7 2005
The New World
Kick-Ass
7.6

Kick-Ass (2010) IMDb Rating (7.6) / Rotten Tomatoes (77%) ကျွန်တော် အမြဲလိုလို မေးခဲ့တဲ့ မေးခွန်းတစ်ခုကို သူမေးခဲ့တယ်။ Superheroes ရုပ်ရှင်ကားတွေ စာအုပ်တွေထဲက သူရဲကောင်း စူပါဟီးရိုးဆိုသူတွေ တစ်ကယ့်လက်တွေ့ဘဝမှာ ဘာလို့မရှိကြရတာလဲ။ လူတစ်ယောက်က ဦးဆောင်ပြီး ဘာလို့စ မလုပ်ကြတာလဲ။ ဦးဆောင်သူတစ်ယောက်ကို လူသားတွေက စောင့်နေကြတာလား။ ဒါမှမဟုတ် စိတ်ကူးတွေထဲမှာပဲ Batman တို့ Iron Man တို့ကို အားကျပြီး လက်တွေ့ဘဝမှာတော့ မိမိတို့ရဲ့ရိုးရှင်းလှတဲ့ ဘဝမှာပဲ နေ့စဉ်ဘဝကို ဖြတ်သန်းနေကြတာလား။ Kick-Ass ကတော့ လူသားတွေ Superheroes ဇာတ်ကားတွေ အားပေးကြည့်ရှုကြပြီး တစ်ကယ့်အပြင် လက်တွေ့ဘဝမှာတော့ ဘာကြောင့် တစ်ယောက်တစ်လေမှ ဝတ်စုံဝတ် မျက်နှာဖုံးလေးတပ် ကျရာလက်နက်လေးတစ်ခု ဆွဲကိုင်ပြီး လောကကြီးကို မထွက်လာကြတာလဲဆိုတဲ့မေးခွန်းထုတ်ပြီး ဇာတ်လမ်းစခဲ့ပါတယ်။ ကျွန်တော်တို့တွေ Superheroes ရုပ်ရှင်တွေ ကြည့်ကြတယ်။ ဆွေးနွေးကြတယ်။ ရင်ခုန်ကြတယ်။ နှစ်သက်ကြတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ ဘယ်သူမှ ဒီလို လုပ်ရပ်မျိုးတွေ မလုပ်ကိုင်ကြဘူးလေ။ ဒီလိုသူရဲကောင်းအလုပ်တွေကို ဘယ်သူကစမလဲ….. ဒါတွေကို သူမေးခဲ့ပြီး သူကိုယ်တိုင် လုပ်ရပ်တွေနဲ့ပြန်ဖြေခဲ့တယ်။ သူဟာလဲ သာမာန်လူငယ်တစ်ယောက်ပါပဲ။ Spiderman လို ပင့်ကူအကိုက်ခံရလို့ မဟုတ်ဘူး။ ဒါပေမဲ့ လူ့လောကရဲ့ မတရားခြင်းတွေရဲ့အကိုက်ခံခဲ့ရတယ်။ ကြီးနိုင်ငယ်ညှင်းတွေ နေရာတိုင်းမှာ ရှိတယ်။ မြို့ထဲက လမ်းကြားတွေမှာ ဒုစရိုက်သမားတွေဟာ ရိုးအတဲ့ လူတစ်ချို့ဆီက ပိုက်ဆံတွေ မတရားတောင်းမယ်။ သတ်ဖြတ်ခြင်းတွေ ရှိမယ်။ အမျိုးသမီးတွေကို လှောင်ပြောင်ရာကစလို့ ကိုယ်ထိလက်ရောက်စော်ကားခြင်းတွေထိ ရှိမယ်။ ဒါတွေကို ရဲဆိုသူတွေက အကုန်လုံးကို မသုတ်သင်နိုင်ကြဘူး။ တစ်ချို့ကို လျစ်လျှူရှုထားတတ်ကြတယ်။ ဒါဆို ဒီအားနည်းတဲ့သူတွေကို ဘယ်သူတွေက ကယ်တင်မှာလဲ။ ဒီလိုနဲ့ Kick Ass ဆိုတဲ့ လူတစ်ယောက် မြို့ထဲကို မသိမသာ ရောက်ရှိလာတော့တယ်။ ဝတ်စုံကို online ကဝယ်တယ်။ လက်နက်ဆိုယုံ တုတ်လေး 2 ချောင်းကို ကျောမှာ သယ်ပြီး ညဘက်ဆို လမ်းမတွေပေါ်မှာ လျှောက်သွားပြီး ကူညီရမယ့်သူတွေကိုတွေ့ရင် ကြောင်ကို လိုက်ရှာပေးရတာကအစ လုပ်ပေးတဲ့ သူမျိုး။ မတရားမှုတွေနဲ့ပြည့်ကျပ်နေတဲ့ လောကကြီးကို မိမိတတ်စွမ်းသလောက် ကယ်တင် ကူညီချင်တဲ့ စိတ်ပေါ့။ လူပုံစံကကြည့်တော့ ငပိန်ငကြောက်လေး ဘာစွမ်းအားမှမရှိတဲ့ hero ဖြစ်နေပေမယ့် လက်မရွံ့လူသတ်သမားတွေကို သူ့ဝတ်စုံလေးဝတ်လိုက်တာနဲ့ မနိုင်မှန်းသိနေတာတောင်အသေခံချတဲ့ လူစားမျိုး ဒဏ်ရာတွေကြောင့် ဆေးရုံမှာအကြာကြီးသတိလစ် ဒဏ်ရာတွေသေလောက်အောင် အမြဲရနေလည်း သူ့ဝတ်စုံလေးဝတ်လိုက်တာနဲ့ အားတွေပြန်ပြည့်လာတာမျိုး Super hero တစ်ယောက်ဖြစ်ဖို့ ပင့်ကူကိုက်စရာ လက်နက်ပစ္စည်းအထောက်အပံ့တွေယူစရာ စွမ်းအားတွေရှိစရာမလိုပါဘူး…. ဝတ်စုံလေးတစ်ခုရယ် လက်နက်တစ်ခုရယ်နဲ့ ကူညီချင်တဲ့စိတ်တစ်ခုရယ်နဲ့ အဲ့ဒီဟီးရိုးကတော့ Kick Ass။ (ရုပ်ရှင်အညွှန်းကို Moe Myint Lwin မှ တင်ဆက်ထားပါတယ်။) 4K Quality ကိုတော့ ကာလာပိုလှတဲ့ HDR Version နဲ့ တင်ဆက်ထားတာမလို့ 4K ဖိုင်ကို HDR Play နိုင်တဲ့ ခေတ်ပေါ် Device များသာကြည့်ရှုလို့ရမှာဖြစ်ပြီး 1080p နဲ့ 720p ဖိုင်တွေကိုတော့ ပုံမှန်အတိုင်း ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။

7.6 2010
Kick-Ass
Silver and the Book of Dreams
5.4

ဒီဇာတ်ကားဟာ ၂၀၂၃ခုနှစ်ထွက် Adventureဇာတ်လမ်းဖြစ်ပြီး Amazon prime က ဖြန့်ချိထားတာပါ။ စိတ်ကူးယဉ် စွန့်စားခန်း ဇာတ်လမ်းမျိုးဖြစ်ပြီး IMDb 5.4 ရရှိထားပါတယ်။ အ​မေဖြစ်သူ ​နောက်အိမ်​ထောင်ပြုမှာမို့ လန်ဒန်ကို​ ပြောင်း​ရွှေ့လာတဲ့ လစ်ဗ်နဲ့ မီယာ ညီအစ်မနှစ်​ယောက်မှာ လစ်ဗ်က ကိုယ့်ရဲ့အိပ်မက်​တွေကို ထိန်းချုပ်နိုင်တဲ့ lucid dreamer ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ညမှာ လစ်ဗ်တစ်​ယောက် အိပ်မက်ထဲမှာ သူ့ပ​ထွေးဘက်က သားဖြစ်တဲ့ ဂ​ရေဆင်နဲ့ သူငယ်ချင်းအဖွဲ့ကို တွေ့ခဲ့ပါတယ်။ သူတို့အဖွဲ့က တခြားသူ​တွေရဲ့အိပ်မက်​ထဲမှာ လျှောက်သွားနိုင်တဲ့ Book of Dreamဆိုတဲ့ စာအုပ်ကို လက်ဝယ်ရထားတာပါ။ အဲဒီ စာအုပ်​ကြောင့် သူတို့​တွေက အိပ်မက်ခရီးသွားနိုင်တဲ့ အစွမ်း​တွေ ရထားတာပါ။ အဲဒီလိုနဲ့ပဲ သူတို့အဖွဲ့ထဲမှာ လစ်ဗ်လည်းပါသွားပြီး စာအုပ်ကို အသုံးချဖို့ ကြိုးစားရင်း မထင်ထားတဲ့ သက်​ရောက်မှု တစ်ခုဖြစ်လာပါတယ်။ သူတို့ရဲ့အိပ်မက်​တွေကို အပြင်​လောကမှာ အ​ကောင်အထည်​ဖော်ရင်း အပြန်အလှန်အ​နေနဲ့ သူတို့ရဲ့အဆိုးဆုံး အိပ်မက်​တွေပါ လက်​တွေ့ဖြစ်လာတာပါ။ ​အဖွဲ့သား​တွေထဲမှာ ကောင်းတဲ့အိပ်မက်​ရော ဆိုးဝါးတဲ့အိပ်မက်​ပါ တကယ်ဖြစ်လာတဲ့​နောက် အဲဒီစာအုပ်ရဲ့ကျိန်စာအစွမ်းကို ဖျက်ဖို့ ကြိုးစားရပါ​တော့တယ်။ ဒါ​ပေမဲ့ သူတို့လွယ်လွယ်ကူကူပဲ ကျိန်စာ ပျက်​အောင် လုပ်နိုင်မလား၊ ဘယ်လိုမြုပ်ကွက် အတားအဆီး​တွေ ရှိ​နေမလဲဆိုတာ ကြည့်ရှုရမယ့် Mystery,adventureရုပ်ရှင်ပါ။ File size…1.38GB / 611MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Drama , Mystery, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

Comedy
5.4 2023 92 mins
Silver and the Book of Dreams
Above the Shadows
6.1

Holly ဆိုတဲ့ကောင်မလေးဟာ မိသားစုတစ်စုက အလတ်မလေးပေါ့..တစ်အိမ်လုံးနဲ့သူနဲ့က အကြောမတည့်ပေမယ့် အမေဖြစ်သူနဲ့တော့ အတော်လေးရင်းနှီးရှာတယ် တစ်နေ့အမေဖြစ်သူ ဆုံးသွားအပြီးမှာ သူမဘဝရုတ်ချည်းပြောင်းလဲခဲ့တယ်… ဖြစ်ပုံကတော့ တစ်မနက်ခင်းနိုးထလာတဲ့အချိန်မှာ သူမဟာကိုယ်ပျောက်သွားတာပါ.. ဒီလိုနဲ့ရှင်သန်လာရင်း တစ်နေ့မှာ သူ့ကိုမြင်နိုင်တဲ့ တစ်ဦးတည်းသောယောကျာ်း Shayne နဲ့တွေ့ဆုံခဲ့ပါတယ်.. Shayne ဟာလည်းတစ်ချိန်က လက်ဝှေ့ချန်ပီယံ ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့အမေ့ခံဖြစ်နေပါပြီ ဒီလိုမျိုး အကူအညီလိုနေကြတဲ့နှစ်ယောက်သားတွေ့ ကြချိန်မှာ တစ်ဦးကိုယ်တစ်ဦးဘယ်လိုကူညီကြမလဲဆိုတာ… File size…1.6GB / 754MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre …..Drama , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric

Thriller • Mystery • Science Fiction
6.1 2019
Above the Shadows
Tainted Soul

Tainted Soul (2023) ============== Genre – Horror ခုနောက်ပိုင်း ထိုင်းခေတ်ပြီးတဲ့နောက် သရဲကားတွေကို တွင်တွင်ကျယ်ကျယ် ဖန်တီးရိုက်ကူးနိုင်လာကြတဲ့ အင်ဒိုနီးရှား သရဲကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက သရဲကားဆိုပေမဲ့လည်း အချစ်ဆန်ဆန် ဒရမ်မာလေးလည်း ပါသေးတာမို့ ရသတစ်မျိုးပဲ ပေးစွမ်းနိုင်တာ မဟုတ်ပါဘူး။ ဇာတ်လမ်းလေးကို ပြောပြပေးရမယ်ဆို ရာကာဆိုတဲ့ အထက်တန်းကျောင်းသားလေးက မျိုးရိုးစဉ်ဆက် အကြားအမြင်ပညာသည်ဖြစ်နေတော့ ငယ်စဉ်ကတည်းက သရဲပေါင်းစုံကို မြင်တွေ့နေရပြီး လိုအပ်တဲ့အခါတိုင်း အလျဉ်းသင့်သလို ကူညီပေးနေရတဲ့ လူငယ်လေးပါ။ ဒါပေမဲ့ ဆိုးကျိုးအနေနဲ့ ကျောင်းတွေမှာ အပေါင်းအသင်းမရှိပဲ အမြဲတမ်း အထီးကျန် အနိုင်ကျင့်ခံလေး ဖြစ်ပါတယ်။ ဒါကြောင့် ရာကာတစ်ယောက် ဦးလေးရှိရာ ငယ်ဘဝကနယ်မြို့လေးကို ပြန်လာပြီး ကျောင်းပြောင်းတက်ပါတယ်။ ဒီလိုနဲ့ ပြန်လာတဲ့အခါမှာတော့ ရာကာတစ်ယောက် အထက်တန်းကျောင်းသူ သရဲမချောချောလေးနဲ့ သူငယ်ချင်းဖြစ်ပြီး အထီးကျန်နေတဲ့ ဘဝလေးကို ကြည်နူးစွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ရာကာတက်နေတဲ့ကျောင်းမှာ သူများတွေကို အနိုင်ကျင့်နေကြဖြစ်တဲ့ ကျောင်းသားတစ်သိုက်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ မျက်နှာဖုံးသရဲတစ်ကောင်က သေတဲ့ထိ တစ်ယောက်ပြီးတစ်ယောက် လိုက်လံ သတ်ဖြတ်နေတဲ့အချိန်မှာတော့ ရာကာတစ်ယောက် ဘယ်လိုမျိုး သရဲမလေးနဲ့အတူ ဖြေရှင်းမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သူကတော့ သရဲကားဆန်ဆန် အငွေ့အသက်တွေလည်း ပါသလို လူသတ်ကား အရသာမျိုးတွေလည်း တွေ့ရမှာဖြစ်ပြီး ဖူးသစ်စ ကျောင်းသားကျောင်းသူလေးတွေရဲ့ နုနုနယ်နယ် အချစ်ဇာတ်လမ်းဆန်ဆန်လေးလည်း ပါဝင်သေးတာကြောင့် စုံစီနဖာ ခံစားရမှာ ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်ထားကြတာကတော့ အင်ဒိုဇာဏ်ခီနဲ့ အင်ဒို ချစ်သူဝေတို့ပဲ ဖြစ်ပါတယ်ဗျ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thura Aung ပါ ) File size_(1.3GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:46:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thura Aung

0 2023
Tainted Soul
Come Drink with Me

Come Drink with Me ( 1966 ) IMDb: 6.9/10 Genre: Action/Crime Come Drink with Me ခေါ် Great Drunken Heroကို one of the greatest wuxia films of all time လို့ သတ်မှတ်ထားကြတယ်။ သိုင်းကားတွေနဲ့ပတ်သက်ရင် နာမည်ကျော်တဲ့ ရှောဘရားသားကထုတ်ပြီး ကင်းဟူက ရိုက်ထားတယ်။ ကင်းဟူနဲ့ ရှောဘရားသားဟာ ဒီကားအပြီးမှာ ခွာပြဲပြီး ကင်းဟူက ဒရာဂွန်အင်းတွေ ဘာတွေဆက်ရိုက်ခဲ့တယ်။ ဒီကားအပြီးမှာ သူတို့ခွာပြဲကြတယ်ဆိုပေမဲ့လည်း ဒီကားက မညံ့ခဲ့တဲ့အပြင် ခရမ်းချဉ်းသီး အလုံးတစ်ရာရထားတယ်။ရထားတာနဲ့တန်အောင်လည်း ကောင်းပါတယ်။ ပုဂ္ဂလိကအမြင်အရဆို သူ့ရဲ့ ဒရာဂွန်အင်းတို့ဘာတို့ထက်တောင် ပိုကြိုက်တယ်။ ဘာလို့ဆို ကျွန်တော့်အနေနဲ့ အကြိုက်ဆုံးဖြစ်သိုင်းဝတ္တုဆရာ ကျင်းယုံရဲ့ ဇာတ်ကောင်တွေကို မတူညီတဲ့ပုံစံနဲ့မြင်နေရတာကို သဘောကျလို့လို့ပဲဖြေရမယ်။ ဒီကားထဲက အဓိကဇာတ်ကောင်က အမူးသမား သူတောင်းစား။ သိုင်းမတတ်သလိုလို ပေါသလို ကြောင်သလိုနေနေတဲ့ကောင်။ သူက မကောင်းတဲ့ သူ့ဆရာတူအစ်ကိုလက်ထဲ သူ့ဆရာရဲ့အမွေအနှစ်ဖြစ်တဲ့ ဝါးတုတ်ပါမသွားအောင်ကာကွယ်ရင်း ပညာလျှိုရင်း သူတောင်းစားလေးတွေနဲ့ ရောရောနှောနှော ပေါတောတောနေရင်း တောင်းစားနေတဲ့လူ။ ပြောရရင် သူ့ဆရာက‌ရှောင်လင်ကလိုလိုပြောလို့ရတော့ သူ့ဇာတ်ကောင်က ချောင်ဖုန်းနဲ့ ဟုန်ချီကုန်းကို ပေါင်းထားသလို ဇာတ်ကောင်မျိုးပဲ။ မင်းသမီးကတော့ လူဆိုးထိန်းသဘောမျိုး။ လူဆိုးတွေက သူ့ကိုကြောက်ကြတယ်။ သူ့နာမည်က ရွှေပျံလွှား။ ဇာတ်အစမှာ လူဆိုးဂိုဏ်းကမြို့တော်ဝန်ရဲ့သားကို ဖမ်းပြီး အဖမ်းခံထားရတဲ့ သူတို့ဆရာနဲ့လဲဖို့လုပ်တယ်။ မြို့တော်ဝန်ရဲ့သားကို ကယ်ဖို့ ရွှေပျံလွှားက လူဆိုးဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရင်း အမူးသမား သူတောင်းစားတစ်ယောက်နဲ့ မိတ်ဆွေဖြစ်သွားတယ်။ ဒီလိုနဲ့ ရွှေပျံလွှားနဲ့လူဆိုးဂိုဏ်ကကောင်တွေရဲ့ တိုက်ပွဲထဲကို သူတောင်းစားက ဝင်ပါလာရာကနေ ဘာတွေဆက်ဖြစ်မလဲကြည့်ရမယ့်ဇာတ်ပဲ။ Drunken Heroဆိုတဲ့နာမည်နဲ့ Remakeတွေ ဘာတွေ ပြန်ရိုက်ထားသေးတော့ မမှားရင်တော့ ဒီကားက ပထမဆုံး အရက်မူးသိုင်းသမားကားဖြစ်ချင်ဖြစ်လိမ့်မယ်။ နောက် Mask of Zorroထဲက ဓားသိုင်းချရင်း အဝတ်ချွတ်တဲ့အကွက်က ဒီကလာတာဖြစ်ဖို့ ရာနှုန်းတော်တော်များတယ်။ ဒီကားထဲက မင်းသားရဲ့ Life Stlyleက သဘောကျချင်စရာတော်တော်ကောင်းတယ်။ ဒါကြောင့်ပဲ ကျွန်တော်တော့ ကင်းဟူကားတွေထဲ Come Drink with Meကို သဘောအကျမိဆုံးပဲ။ သိုင်းကားကြိုက်တဲ့လူတွေအတွက်တော့ ကြည့်ကိုကြည့်ရမယ်ကားဖြစ်သလို သိုင်းကားရယ်လို့ တကူးတကမကြိုက်တောင် Come Drink with Meဟာ တော်တော်ကောင်းတဲ့ရုပ်ရှင်ပါပဲ။ File size… 1.8 GB / 943 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Action/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

0 1966 91 mins
Come Drink with Me
18×2 Beyond Youthful Days
6.6

CM ချစ်ပရိသတ်တို့ကို ဒီနေ့ ဂျပန်-ထိုင်ဝမ် ဖက်စပ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ထိုင်ဝမ်မင်းသားချောလေး Greg Hsu က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ရိုက်ကူးထားတဲ့အပြင် Michieda Shunsuke ကလည်း ဧည့်သရုပ်ဆောင်အဖြစ် ပံ့ပိုးကူညီထားပါသေးတယ်… ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင်တော့ ထိုင်ဝမ် အိုင်တီပညာရှင်တစ်ယောက် ဖြစ်တဲ့ ဂျင်မီဟာ ကုမ္ပဏီတွင်း ပြဿနာတွေဖြစ်ပြီး ကုမ္ပဏီကနားပြီး တစ်ကိုယ်တော် ခရီးထွက်မယ်ဖြစ်လာခဲ့တယ်… ဒီလိုနဲ့ ဂျပန် ဖူခူရှီမာကို ခရီးထွက်ဖို့ဖြစ်လာတဲ့ ဂျင်မီစိတ်ထဲမှာ လွန်ခဲ့တဲ့ ၁၈ နှစ်ကတည်းက တင်ရှိနေတဲ့ အစိုင်အခဲလေးတစ်ခုရှိပါတယ်… သူ့နာမည်က အာမီတဲ့… သူအထက်တန်းကျောင်းသားအရွယ်မှာ သူရှိတဲ့ ထိုင်ပေကို တစ်ယောက်တည်းလာခဲ့တဲ့ ခရီးသွားဂျပန်မလေးပေါ့… အာမီနဲ့ ဆုံရတဲ့အကြောင်းအရင်းကတော့ အာမီတစ်ယောက် ပိုက်ဆံအိတ်ပျောက်ပြီး… ထိုင်ဝမ်မှာနေဖို့စရိတ်မရှိသလို ဂျပန်ပြန်ဖို့လည်း စရိတ်မတတ်နိုင်တော့လို့ အလုပ်ရှာရင်း… ဂျင်မီအလုပ်လုပ်တဲ့ အချိန်ပိုင်းအလုပ်မှာ အလုပ်လာလျှောက်ရင်းဆုံတာပေါ့… အားလုံးမှန်းမိမှာပါ ဂျင်မီတစ်ယော်က အာမီကို စိတ်ဝင်စားခဲ့တယ်… အချစ်ဦးလို့ပြောရလောက်အောင် ကြိုက်ခဲ့တယ်.. ဒါပေမယ့် ဖွင့်ပြောခွင့်မရဘဲ အာမီတစ်ယောက် ဂျပန်ပြန်သွားခဲ့တယ်… ၁၈ နှစ်အရွယ်မှာလွဲခဲ့တဲ့ အာမီကို ၃၆ နှစ်အရွယ်ဂျင်မီတစ်ယောက် ပြန်ရှာနိုင်မလားဆိုတာ ဇာတ်လမ်းအဆုံးသတ်လေးက ပြောပြပါလိမ့်မယ်…

Drama • Romance
6.6 2024
18×2 Beyond Youthful Days
The Wild Robot
8.5

DreamWorks Animation ရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ တောရိုင်းစက်ရုပ်ဆိုတဲ့ ကာတွန်းရုပ်ရှင်ပါ။ Mulan, How to Train your dragon တို့လို အကောင်းဆုံး ကာတွန်းတွေကို ဖန်တီးခဲ့တဲ့ Chris Sanders ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ စက်ရုပ် ရော့ဇ် အဖြစ် Black Panther ထဲက Lupita Nyong’o ပါဝင်ထားပြီး၊ မြေခွေး ဖင့်အဖြစ် Pedro Pascal က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း လူသားတွေအတွက် အကူအညီပေးတဲ့ စက်ရုပ်အမျိုးအစားတစ်ခုဖြစ်တဲ့ ရော့ဇမ်အမျိုးအစား စက်ရုပ်တစ်ရုပ်ဟာ လူမရှိတဲ့ ကျွန်းတစ်ကျွန်းအပေါ်ကို ပြုတ်ကျလာခဲ့ပါတယ်။ အဲဒီကျွန်းပေါ်က တိရစ္ဆာန်တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားရင်းကနေ မတော်တဆ ငန်းမိသားစုတစ်စုကို သေစေမိလိုက်ပါတယ်။ အဲဒီငန်းမိသားစုမှာ ငန်းပေါက်လေးတစ်ကောင် ကျန်ခဲ့ပြီး အဲဒီငန်းလေးကို မသေအောင်စောင့်ရှောက်ရမဲ့ တာဝန်ကို ပရိုဂရမ်ကနေ လက်ခံမိလိုက်ပါတယ်။ အဲဒီငန်းကို သူနဲ့အတူစောင့်ရှောက်ချင်ယောင်ဆောင်ပြီး အမြတ်ထုတ်ဖို့ ကြိုးစားတဲ့ မြေခွေးတစ်ကောင်နဲ့လည်း တွေ့လိုက်ရပါတယ်။ စက်ရုပ်နဲ့မြေခွေးဟာ ငန်းပေါက်လေးကို အတူစောင့်ရှောက်ရင်းနဲ့ အချိန်တွေကြာလာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာရယ်… စက်ရုပ်ရဲ့ မူလကုမ္ပဏီက ဘယ်လိုတွေ တုံ့ပြန်လာမလဲဆိုတာရယ်ကို ကြည့်ရမှာပါ။ ကာတွန်းကောင်းတွေရဲ့ ထုံးစံအတိုင်း အသေငိုခိုင်းလိုက် ပြန်ပြုံးခိုင်းလိုက် ဖြစ်မှာမို့ တစ်ရှုးလေးတွေ ဆောင်ပြပြီး ကြည့်ကြဖို့ မမေ့ကြပါနဲ့လို့ ပြောချင်ပါတယ်။ File size… 5.2 GB / 2.4 GB / 1.2 GB Quality… Web-Rip 4K / 1080p / 720p Format… mp4, mkv Audio… AAC , E-AC3 Duration…. 1h 42m Genre ….. Family/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mr.Anderson

8.5 2024 102 mins
The Wild Robot
Iron Monkey Siu nin Wong Fei Hung chi: Tit ma lau
7.5

Iron Monkey (1993) IMDb Rating (7.5) / Rotten Tomatoes (91%) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၁၉၉၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ တရုတ်သိုင်းကားလေးပဲဖြစ်ပါတယ်။ နာမည်ကြီးမင်းသား မင်းသမီးတွေဖြစ်တဲ့ Donnie Yan , Rongguang Yu, Jean Wang တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDB rating 7.5 ရရှိထားပြီး ဆန်ခါတင်စားရင်နှစ်ခါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ရောဘင်ဟုဒ်လိုစတိုင်မျိုးပါ။ ပြည်သူတွေသဘာဝဘေးအန္တရာယ်တွေ ရောဂါဆိုးတွေ ဆင်းရဲမွဲတေမှုတွေခံစားနေရပေမဲ့ အကျင့်ပျက်ခြစားတဲ့အရာရှိကဘာမှမလုပ်ပေးတဲ့အတွက် သိုင်းပညာလည်းတတ်ကျွမ်းတဲ့ ဆရာဝန်ဖြစ်သူဒေါက်တာယန်ဟာ သံမဏိမျောက်ဆိုတဲ့နာမည်ကိုသုံးပြီးတော့ အကျင့်ပျက်အရာရှိတွေဆီကနေ ရွှေငွေရတနာတွေပြန်ခိုးပြီး ပြည်သူတွေကိုဝေပေးနေခဲ့ပါတယ်။ အရာရှိကသံမဏိမျောက်ကိုဖမ်းမမိတဲ့အခါ ခရီးသွားရင်းရောက်လာတဲ့ ဝမ်ကျိယင်နဲ့ဝမ်ဖေးဟုန်တို့သားအဖကို သံမဏိမျောက်ကိုဖမ်းခိုင်းပါတော့တယ်။ နဂိုအရာရှိကအသုံးမကျတဲ့အတွက် သူတို့မြို့ကို စစ်ဆေးရေးမှူးအနေနဲ့ရောက်ရှိလာတဲ့ ဘုန်းကြီးဟင်ဟုန်ရောက်ရှိလာပါတယ်။ ဘုန်းကြီးဟင်ဟုန်က ဝမ်ကျိယင်နဲ့ရှောင်လင်ကျောင်းတော်မှာအတူနေထိုင်ခဲ့သူဖြစ်ပြီး ရှောင်လင်ကျောင်းတော်ကိုသစ္စာဖောက်ပြီးမီးရှို့ခဲ့တဲ့သူပါ။ ထိုအခါဝမ်ကျိယင်နဲ့သံမဏိမျောက်ကပူးပေါင်းပြီး ဘုန်းကြီးဟင်ဟုန်နဲ့ရင်ဆိုင်တိုက်ခိုက်ကြပါတော့တယ်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ AKM ဖြစ်ပါတယ်။) File size…(10 GB) / (2.5 GB) / (1.4 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Drama Duration…..01:32:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by AKM

7.5 1993 90 mins
Iron Monkey Siu nin Wong Fei Hung chi: Tit ma lau
Turn Me On
5.7

Turn Me On (2024) IMDb Rating (5.7) ဒီရုပ်ရှင်ကတော့ thought-provoking ဖြစ်တဲ့ Dystopian/Indie Drama အမျိုးအစား ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ မဝေးတော့တဲ့ အနာဂတ်ကာလမှာ လူ့အဖွဲ့အစည်းတစ်ခုဟာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ၊ ချစ်ခြင်းမေတ္တာ၊ အလိုရမ္မက်တွေက လောကကြီးရဲ့ ဒုက္ခနဲ့ နာကျင်မှုတွေရဲ့ ရင်းမြစ်လို့ယူဆပြီး ဒီခံစားချက်တွေကို ချိုးနှိမ်ထားနိုင်တဲ့ ဗိုက်တာမင်ဆေးဝါး တစ်မျိုးကို Our Friends လို့ အမည်ရတဲ့ အဖွဲ့အစည်းတစ်ခုက တီထွင်ခဲ့ပါတယ်။ Joy နဲ့ William တို့ဟာ Our Friends က ဖန်တီးထားတဲ့ လူမှုအဖွဲ့အစည်းတစ်ခုက စုံတွဲဖြစ်ပြီး ဘဝကို ပုံမှန်အတိုင်း ခံစားချက်မရှိ၊ စက်ရုပ်လို ဖြတ်သန်းနေရာမှ တစ်နေ့မှာ Joy ဟာ နေ့စဉ်သောက်နေကျ ဗိုက်တာမင်ဆေးပြားကို တစ်ရက်တာ မသောက်ဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီအခါမှာ ခါတိုင်းနဲ့မတူတဲ့ လူသားတွေရဲ့ ပင်ကိုယ်ခံစားချက်တွေ၊ အချစ်၊ ရမ္မက်နဲ့ ရှုပ်ထွေးတဲ့ စိတ်အခြေအနေတွေကို ရင်ဆိုင်ခံစားမိလာတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကုန်မလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းသဘောတရားက Matrix နဲ့ အနည်းငယ်ဆင်တူပေမဲ့ ပိုပြီး သဘာဝကျတဲ့ ရှုထောင့်တစ်ရပ်ပို ဦးတည်ထားပြီး ကြည့်ရှုပြီးချိန်မှာ စဥ်းစားစရာ အတွေးစတွေကို ချန်ထားခဲ့နိုင်တဲ့ ရုပ်ရှင်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ခံစားချက်တွေ၊ အလိုရမ္မက်တွေ၊ နာကျင်ခံစားရမှုတွေက စစ်ပွဲတွေ၊ ဒုက္ခတရားနဲ့ နာကျင်မှုတွေကို စေ့ဆော်ပေးတယ် ဆိုပေမဲ့လည်း တစ်ချိန်တည်းမှာ ဒီသိမ်မွေ့တဲ့ ခံစားချက်တွေကြောင့်ပဲ လူ့ဘဝမှာ အဓိပ္ပာယ်တစ်စုံတစ်ရာ ရှိလာနိုင်တယ်ဆိုတာကို ပြသထားပါတယ်။ ဒီတင်ပြမှု သဘောတရားကို လက်ခံ၊ မခံ ဆိုတာကတော့ ကြည့်ရှုသူရဲ့ အမြင်နဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wolfenheim ဖြစ်ပါတယ်။) File size… (910 MB) / (530 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance, Sci-Fi Duration….01:36:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Wolfenheim

5.7 2024 99 mins
Turn Me On